← Chapters

အခန်း (၃၆၃-၃၆၄)

Vol. 37 Ch. 363-364

အခန်း (၃၆၃-၃၆၄)

Vol. 37 Ch. 363-364

အခန်း (၃၆၃) စကြာဝဠာတစ်ခုလုံး၏ အသက်ကို နုတ်ယူမည့်သူ

​"နင် အဲဒီလို အာမခံလို့ မရဘူး။ တကယ်လို့ နင်က အဲဒီလိုမျိုး အပြင်ထွက်ချင်နေတယ်ဆိုရင် နတ်ကောင်းကင်ဘုံဂိုဏ်း ရဲ့ တံဆိပ်ကို တခြားတစ်ယောက်ကို ပေးခဲ့ဖို့ ငါ အကြံပေးချင်တယ်။ မုကျိန်း ကို ပေးလိုက်၊ ပြီးရင် နင် သေချင်သလိုသွားသေ... ငါ ဂရုမစိုက်ဘူး၊ ငါတို့ရဲ့ တာဝန်ကို လာပြီး မဖျက်ဆီးနဲ့" မီယောင်က လုံချန်းကို ပြောလိုက်သည်။

​"ငါ ပြောပြီးပြီပဲ၊ ငါ သေဖို့ အစီအစဉ်မရှိပါဘူး။ ဒါကြောင့် ငါ့ဆီက တံဆိပ်ကို ယူဖို့ အရမ်း စိတ်မစောပါနဲ့ဦး။ ဘယ်သူ့ကိုမှလည်း ပေးမှာမဟုတ်ဘူး" လုံချန်းက ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေသည်။

​"ဒါဆိုရင် အပြင်မထွက်နဲ့။ ပြီးတော့ နင့်ကို ပြောစရာရှိလို့ စောင့်နေတာ။ နတ်ကောင်းကင်ဘုံဂိုဏ်း ပေါ်လာမယ်လို့ ခန့်မှန်းထားတဲ့ နေရာအတိအကျကို ငါ သွားကြည့်ခဲ့တယ်။ အဲဒီနေရာက သဘာဝချီစွမ်းအင်တွေ ကမောက်ကမ ဖြစ်နေတာကို ကြည့်ရသလောက် နောက်ထပ် ၉၆ နာရီ အတွင်းမှာ အဲဒီနေရာ ပေါ်လာလိမ့်မယ်။ ဒါကြောင့် အဆင်သင့် ပြင်ထားပါ" သူမက ဆိုသည်။

​"ဟင်... နင် အစက ခန့်မှန်းထားတဲ့ အတိုင်းပဲပေါ့။ ငါ့အထင်တော့ ငါတို့ အဲဒီကို စောစောသွားသင့်တယ် ထင်တယ်၊ နင် ဒီတစ်ခါလည်း မှားနိုင်တာပဲလေ" လုံချန်းက စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။

​"ဪ... ဒါနဲ့၊ ငါ သားရဲခန်းမနဲ့ အစွမ်းထက်ဓားဂိုဏ်းက လူတွေကို တွေ့ခဲ့ပြီးပြီ။ တခြား အဖြူရောင် ဂိုဏ်းတွေလည်း အများကြီး လာဦးမယ် ထင်တယ်။ သူတို့အားလုံးနဲ့ တိုက်ခိုက်မနေရဘဲ နတ်ကောင်းကင်ဘုံဂိုဏ်းထဲကို ဝင်လို့ရပါ့မလား။ အဖြူရောင် ဂိုဏ်းတွေက ငါတို့ကို အထဲဝင်ခွင့်တောင် မပေးဘဲ ဝိုင်းတိုက်ကြမယ့် အခွင့်အရေး ရှိနေတယ်" သူက ထပ်လောင်း မေးမြန်းသည်။

​"မှန်တယ်၊ အဖြူရောင် ဂိုဏ်းတွေက ငါတို့ကို မြင်တာနဲ့ ရူးသွပ်သွားကြမှာ သေချာတယ်။ ဒါပေမဲ့ ငါတို့က တစ်ဖွဲ့တည်း မဟုတ်ဘူးလေ" မီယောင်က ပြုံးစိစိဖြင့် ပြောလိုက်သည်။

​"ဘာကို ဆိုလိုတာလဲ"

​"ငါ ဆိုလိုတာက ဒီကမ္ဘာမှာ ငါတို့တစ်ဖွဲ့တည်းပဲ မိစ္ဆာဂိုဏ်း မဟုတ်ဘူးလို့ ပြောတာ"

​"တခြား မိစ္ဆာဂိုဏ်းတွေလည်း လာနေကြတာလား။ ဘယ်နှစ်ဖွဲ့လဲ" လုံချန်းက အံ့အားသင့်စွာ မေးသည်။

​"ဒီကမ္ဘာမှာ နတ်ကောင်းကင်ဘုံဂိုဏ်းရဲ့ ကျေးဇူးတင်လွှာ တံဆိပ် ၂၀ ရှိတယ်။ အဲဒီ ၂၀ ထဲမှာ ကိုးခုက မိစ္ဆာဂိုဏ်းတွေဆီမှာ ရှိပြီး ၁၀ ခုက အဖြူရောင် ဂိုဏ်းတွေဆီမှာ ရှိတယ်" သူမက ဖြေသည်။

​"အဲဒါဆို ၁၉ ခုပဲ ရှိသေးတာပဲ၊ နောက်ဆုံးတစ်ခုကရော"

​"နံပါတ် ၂၀ မြောက် တံဆိပ်ကိုတော့ လွန်ခဲ့တဲ့ နှစ် ၁၀၀၀ အတွင်း ဘယ်သူမှ မတွေ့ဖူးကြဘူး၊ ဒါကြောင့် ဘယ်သူ့လက်ထဲမှာ ရှိနေလဲဆိုတာ ငါမသိဘူး"

​"ဒါဆိုရင် ၁၀ ဖွဲ့နဲ့ ၉ ဖွဲ့ပေါ့။ ငါ အစက ထင်ထားတဲ့ ၁ ဖွဲ့နဲ့ ၁၉ ဖွဲ့ထက်စာရင်တော့ ပိုကောင်းတာပေါ့" လုံချန်းက ရယ်မောကာ ဆိုသည်။

​"အဲဒီလောက်လည်း မဟုတ်ဘူး။ မိစ္ဆာဂိုဏ်း ၉ ဖွဲ့ထဲမှာ သွေးစုပ်ဂိုဏ်း၊ စုံတွဲကျင့်စဉ်ဂိုဏ်းနဲ့ ယင်ဓာတ်လုဂိုဏ်းတွေက ငါတို့နဲ့ လုံးဝ မတည့်ကြဘူး။ တကယ်တော့ ငါတို့ကြားမှာ ရန်ငြိုးတွေ ရှိနေတယ်လို့ ပြောရင်တောင် မမှားဘူး" မီယောင်က ဆိုသည်။

​"ဟားဟား... ကောင်းရော။ မိစ္ဆာဂိုဏ်း အချင်းချင်းတောင် မတည့်ကြဘူးပေါ့။ ငါ ဒါကို မျှော်လင့်ထားသင့်တာပါ။ ဒါနဲ့ စုံတွဲကျင့်စဉ်ဂိုဏ်း ဆိုတာ ငါ ထင်နေတဲ့အတိုင်းလား"

​"နင် ဘာထင်နေလဲတော့ ငါမသိဘူး၊ ဒါပေမဲ့ အဲဒီဂိုဏ်းက တပည့်တွေက သူတို့ရဲ့ ကျင့်ကြံဆင့် တိုးတက်ဖို့အတွက် ကာမဂုဏ်ခံစားတဲ့ လမ်းစဉ်ကို ရွေးချယ်ကြတယ်။ ငါ အဲဒီဂိုဏ်းကို နည်းနည်းလေးမှ မကြိုက်ဘူး။ သူတို့က အရမ်း အောက်တန်းကျပြီး ဆိုးဝါးကြတယ်။ သာမန်လူတွေကို ဖမ်းဆီးပြီး ကျင့်စဉ်အတွက် ခုတုံးအဖြစ် သုံးကြတယ်။ ယောကျ်ားလေးတွေက မိန်းကလေးတွေကို သူတို့ သေတဲ့အထိ ကျင့်စဉ်အတွက် သုံးပြီး မိန်းကလေးတွေကလည်း ယောကျ်ားလေးတွေကို အဲဒီလိုပဲ လုပ်ကြတယ်"

​"ဝိညာဉ်နက်ဂိုဏ်းကလည်း လူတွေကို သတ်တာပဲ မဟုတ်လား။ နင်ကိုယ်တိုင်လည်း သာမန်လူတွေ အများကြီးကို သတ်ခဲ့မှာပဲ" လုံချန်းက ဆိုသည်။ သူ၏ အမြင်တွင် သူတို့အားလုံးမှာ လူသတ်သမားများသာ ဖြစ်သည်။ ကွာခြားချက်လေးမှာ စုံတွဲကျင့်စဉ်ဂိုဏ်း၏ လုပ်ရပ်များက သူ့ကို ပို၍ ရွံရှာစေခြင်းပင်။

​"ငါတို့ဂိုဏ်းက ဘယ်လောက်ပဲ ဆိုးဆိုး၊ ငါတို့ ကျင့်ကြံဆင့်တိုးဖို့အတွက် လူပေါင်းထောင်ချီကို ဖမ်းဆီးပြီး အသက်တွေကိုတော့ မနုတ်ယူဘူး" မီယောင်က ဂုဏ်ယူဟန်ဖြင့် ဆိုသည်။

​"ဖြစ်နိုင်တာပဲ၊ ဒါမှမဟုတ် မဖြစ်နိုင်တာလည်း ဖြစ်နိုင်တယ်။ ဝိညာဉ်နက်ဂိုဏ်းမှာ လူတွေ အများကြီး ရှိတာပဲ။ အဲဒီလိုမျိုး တစ်ယောက်မှ မလုပ်ဘူးလို့ နင် အသေအချာ ပြောနိုင်မလား" လုံချန်းက ပေါ့ပေါ့ပါးပါး ပြောရင်း ပြတင်းပေါက်နားသို့ လျှောက်သွားကာ လမ်းမပေါ်သို့ ငုံ့ကြည့်လိုက်သည်။

​"နင်က ဘာလို့ ငါတို့ဂိုဏ်းကို အဲဒီလို စွပ်စွဲနေတာလဲ။ နင်သာ ဂိုဏ်းရဲ့ အဓိကတပည့် မဟုတ်ရင် ဒီလို စော်ကားမှုအတွက် နင့်ခေါင်းကို ငါ ဖြတ်ပစ်လိုက်ပြီ" မီယောင်က လုံချန်း၏ ကျောပြင်ကို ကြည့်ကာ ဟိန်းဟောက်လိုက်သည်။

​"ငါ့ကို အထင်မလွဲပါနဲ့။ ဂိုဏ်းက ဆိုးတယ်လို့ ငါ မပြောပါဘူး။ နင်ပြောတဲ့အတိုင်းဆိုရင် ငါတို့ဂိုဏ်းက စုံတွဲကျင့်စဉ်ဂိုဏ်းထက် အဆတစ်ရာ ပိုကောင်းပါတယ်။ ဒါပေမဲ့ ငါ ပြောချင်တာက နောက်ဆုံးမှာတော့ ငါတို့အားလုံးက မကောင်းတဲ့သူတွေချည်းပဲ။ ငါတို့က သူတို့လောက် မဆိုးရင်တောင်မှ မကောင်းတဲ့သူတွေ ဖြစ်နေတုန်းပဲ" လုံချန်းက ဆိုသည်။

​"အဲဒါ ဘာဖြစ်လဲ။ အဖြူရောင်ဂိုဏ်းက လူတွေတောင် အပြစ်မဲ့သူတွေကို သတ်တာပဲလေ" သူမက ပြန်ချေပသည်။

​"မှန်ပါတယ်။ ဂိုဏ်းတွေတင် မကဘူး၊ ကျင့်ကြံသူ အများစုက အသက်တစ်ချောင်းကို နုတ်ဖူးကြတာပဲ။ သာမန်လူတွေတောင် တခြားသာမန်လူတွေကို သတ်ကြသေးတာပဲ။ ဒီကမ္ဘာကြီးက ဒီလိုပါပဲ... အမှားတွေနဲ့ ပြည့်နေတယ်။ ဒါက မှားတယ်ဆိုတာ အားလုံးသိပေမဲ့ ဘယ်သူမှ မပြောင်းလဲနိုင်ကြဘူး။ အကြွင်းမဲ့ အစွမ်းထက်တဲ့ အင်အား မရှိရင်ပေါ့" လုံချန်းက ဆိုသည်။

​"ခစ်ခစ်... နင်က ပညာရှိတစ်ယောက်လို စကားပြောနေတာပဲ။ ကမ္ဘာကြီးကို ပြောင်းလဲချင်လို့လား" မီယောင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

​"ငါ မပြောင်းလဲနိုင်ပါဘူး။ အခုချိန်မှာ ငါ့မှာ အဲဒီလို အစွမ်းမရှိသေးဘူး။ ဒါပေမဲ့ တစ်နေ့နေ့မှာတော့ ဖြစ်နိုင်တာပေါ့" လုံချန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

​"ငါတို့ကို ဖန်တီးတဲ့ နတ်ဘုရားက ဒါမျိုး ဖြစ်စေချင်တယ်လို့ နင် ထင်လား။ လူသားတွေက မသေမျိုးဖြစ်ဖို့ နောက်ကို လိုက်ကြတယ်၊ နာမည်ကျော်ကြားဖို့၊ အာဏာရဖို့နဲ့ လောဘတွေအတွက် တခြားသူတွေကို သတ်ကြတယ်။ တစ်ခုလုံးက ကမောက်ကမတွေ ဖြစ်နေတာ။ ဒီလို ပျက်စီးနေတဲ့ ကမ္ဘာကြီးမှာ ဘယ်သူမှ တကယ် မပျော်ရွှင်ကြဘူး" လုံချန်းက ဆိုသည်။

​"ပျော်ရွှင်နေတယ်လို့ ထင်နေတဲ့သူတွေက ပျော်ရွှင်မှု အတုအယောင်အောက်မှာ ရှိနေကြတာပါ။ သူတို့သာ မျက်လုံးကို သေချာဖွင့်ကြည့်ရင် အစစ်အမှန်ကို မြင်ကြလိမ့်မယ်။ ဘယ်သူမှ အစစ်အမှန် မပျော်ရွှင်ကြဘူး။ လူတွေ မွေးဖွားလာတယ်၊ သေဆုံးကြတယ်၊ သတ်ကြတယ်၊ အသတ်ခံကြရတယ်။ တစ်ခုတည်းသော တန်ဖိုးရှိတာက မိသားစုပဲ၊ ဒါပေမဲ့ မိသားစုဝင် အချင်းချင်း ပြန်သတ်ဖို့ ကြိုးစားကြတဲ့အခါ အဲဒါကလည်း ပျက်စီးသွားတာပဲ" လုံချန်းက သူ ကြုံတွေ့ခဲ့ရသမျှကို ပြန်တွေးကာ ပြောလိုက်သည်။

​"မှန်တယ်။ ငါတို့အားလုံးက ကိုယ့်အတွက်ကိုယ် မှန်တယ်ထင်တာကို လုပ်ရင်း ပျော်ရွှင်မှု အတုအယောင်အောက်မှာ ရှင်သန်နေကြတာ။ နေ့စဉ်နေ့တိုင်း ငါတို့ဘဝ ပိုကောင်းလာဖို့ ကြိုးစားနေကြတာ။ မသေမျိုးဖြစ်ဖို့ ကျင့်ကြံကြတယ်၊ ရှင်သန်ဖို့အတွက် သတ်ဖြတ်ကြတယ်။ ဒီကမ္ဘာကြီးက မပြည့်စုံဘူးဆိုတာ ငါ သဘောတူပါတယ်၊ ဒါပေမဲ့ ဒါက ငါတို့မှာရှိတဲ့ တစ်ခုတည်းသော အရာပဲလေ" မီယောင်က အလေးအနက် ပြန်ဖြေသည်။

​"တကယ်လို့ နင်သာ နတ်ဘုရားတစ်ပါး ဖြစ်လာရင် အရာအားလုံးကို ပြောင်းလဲပစ်မလား" လုံချန်းက မေးလိုက်သည်။

​"ငါလား၊ အဲဒါက မဖြစ်နိုင်တာ။ ငါက ကောင်းကင်ဘုံ အဆင့် ရောက်ဖို့တောင် အိပ်မက်မမက်ရဲဘူး၊ ဒီစကြာဝဠာရဲ့ နတ်ဘုရားဖြစ်ဖို့ဆိုတာ ဝေးသေးတယ်"

​"စိတ်ကူးကြည့်ရုံပေါ့။ တကယ်လို့ နင်သာ အောင်မြင်ခဲ့ရင် ဒီကမ္ဘာကြီးကို ပြောင်းလဲဖို့ တစ်ခုခု လုပ်မလား"

​"ငါ ဘာလုပ်နိုင်မှာလဲ။ ဒီကမ္ဘာကြီးကို ပြောင်းလဲဖို့ တကယ်ရော ဖြစ်နိုင်လို့လား"

​"ဖြစ်နိုင်မှာပါ။ လူတိုင်းက မသေမျိုး ဖြစ်နေတယ်လို့ စိတ်ကူးကြည့်လိုက်။ လူတွေ ထာဝရ ရှင်သန်နိုင်မယ်။ ဘယ်သူမှ ကျင့်ကြံဆင့်နောက်ကို လိုက်နေမှာ မဟုတ်တော့ဘူး။ အဲဒီကမ္ဘာကြီးက အံ့သြစရာ မကောင်းပေဘူးလား"

​"ခစ်ခစ်... အဲဒါဆိုရင်တော့ တကယ် ကောင်းမှာပဲ။ ငါလည်း မသေမျိုးဖြစ်ရတာကို စိတ်မဆိုးပါဘူး"

​"ဒါမှမဟုတ် ဒီစကြာဝဠာကြီး တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်တာက ပိုကောင်းမလား။ ဒီလို ဆင်းရဲဒုက္ခတွေကို အဆုံးသတ်ပစ်ဖို့လေ" လုံချန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

​"နင်သာ အဲဒီလိုလုပ်ရင်တော့ နင်က အဆိုးဝါးဆုံး မိစ္ဆာကြီး ဖြစ်သွားမှာပေါ့။ စကြာဝဠာတစ်ခုလုံးရဲ့ အသက်တွေကို နုတ်ယူသွားတဲ့သူ... မဆိုးတဲ့ ဘွဲ့အမည်ပဲ" မီယောင်က ပြုံးစစဖြင့် ဆိုသည်။

​"စကားတွေ အများကြီး ပြောမိသွားတဲ့အတွက် တောင်းပန်ပါတယ်။ ငါ လျှောက်တွေးနေမိလို့ပါ" လုံချန်းက ပြန်လှည့်ကြည့်ကာ ပြုံးလျက် ဆိုသည်။

​"စိတ်မထဲပါနဲ့။ လူတိုင်းက တစ်ခါတစ်လေမှာ ထူးဆန်းတာတွေ တွေးမိတတ်ကြတာပဲ။ နင်က အဲဒီလို လုပ်နိုင်မယ့် အစွမ်းမှ မရှိတာ" မီယောင်က ရယ်မောရင်း ပြောသည်။

​"ဖြစ်နိုင်တာပဲ" လုံချန်းက ပြန်ဖြေလိုက်သည်။

​"ဪ... ဒါနဲ့၊ ဒီနေ့ ဘယ်မှ မသွားနဲ့ဦး။ အခန်းထဲမှာပဲ နေပြီး ကျင့်ကြံနေပါ" ထိုသို့ ဆိုကာ မီယောင်က အခန်းထဲမှ ထွက်သွားသည်။

​"အခန်းထဲက မထွက်ရဘူး ဟုတ်လား။ စိတ်မကောင်းပါဘူး... ငါ ရှာရမယ့်သူ ရှိသေးတယ်" လုံချန်းက ပြတင်းပေါက်ဘက်ကို ပြန်ကြည့်ရင်း ပြောလိုက်လေတော့သည်။

အခန်း (၃၆၄) လက်ထပ်ပွဲ

​လုံချန်းသည် တည်းခိုခန်းအတွင်း၌ သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကျက်ပြီး မီယောင် တစ်ယောက် သူမ၏ အခန်းထဲသို့ ဝင်သွားခြင်း ရှိ၊ မရှိ စစ်ဆေးလိုက်သည်။

​သူမ အခန်းထဲရောက်နေသည်ကို မြင်ရ၍ စိတ်အေးသွားသော်လည်း မမြင်ချင်သည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသဖြင့် သူ မနှစ်မြို့ဖြစ်သွားသည်။ မုကျိန်းနှင့် ဆူကျန်းတို့ နှစ်ယောက်လုံး တစ်ခန်းတည်းမှာ ရှိနေကြခြင်းဖြစ်သည်။ ဆူကျန်းက နံရံကို မှီရပ်နေပြီး မုကျိန်းက သူမ၏ နောက်ဘက်မှနေ၍ အားပါးတရ ပျော်ပါးနေလေသည်။

​"ဒီကောင်တွေ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ကြဘူးပဲ" လုံချန်းက ရေရွတ်ရင်း အာရုံကို လွှဲလိုက်သည်။

​"ဟင်... အစွမ်းထက်ဓားဂိုဏ်းက လူတွေ ဘယ်ရောက်ကုန်တာလဲ" လုံချန်းက အံ့သြတကြီး ရေရွတ်မိသည်။ အစွမ်းထက်ဓားဂိုဏ်းမှ လူများကို သူ မတွေ့ရတော့ပေ။

​"သူတို့ကို ဒီမှာ အခန်းမပေးတာလား။ မဖြစ်နိုင်ပါဘူး။ အခန်းတွေ အများကြီး ကျန်နေတာပဲ။ ဘာလို့ ထွက်သွားကြတာလဲ" လုံချန်းက မျက်မှောင်ကြုတ်ရင်း စဉ်းစားခန်း ဝင်သွားသည်။

​ဘယ်လိုပဲ စဉ်းစားစဉ်းစား သူ အဖြေမထုတ်နိုင်ပေ။ နောက်ဆုံးတွင်မူ သူတို့က ဤတည်းခိုခန်းကို မကြိုက်၍ ထွက်သွားခြင်း ဖြစ်နိုင်သည်ဟုသာ ကောက်ချက်ချလိုက်သည်။ အစွမ်းထက်ဓားဂိုဏ်းမှ လူများသည် နှိမ့်ချတတ်သည်ဟု ဆိုကြသော်လည်း သူတို့ မနှစ်သက်သည့် နေရာမျိုးတွင် တည်းခိုလေ့မရှိကြပေ။

​"တည်းခိုခန်းက ကောင်းပေမဲ့ သူတို့ အကြိုက်နဲ့ မတွေ့တာ ဖြစ်မှာပါ" လုံချန်းက ရေရွတ်လိုက်သည်။ 'ဘာပဲဖြစ်ဖြစ်... နောက်ရက်ပိုင်းအတွင်း သူတို့ကို တွေ့ရမှာပါပဲ'

​"အခုတော့ ငါ ဟိုမုန့်ဆိုတဲ့ ကောင်မကို ရှာရမယ်။ ငါ့မှာ သိချင်တဲ့ အဖြေတွေ ရှိတယ်" လုံချန်းက ရေရွတ်ကာ အခန်းထဲမှ ထွက်လာခဲ့ပြီး စင်္ကြံလမ်းမှတစ်ဆင့် တည်းခိုခန်းပြင်ပသို့ တိတ်တဆိတ် ထွက်ခွာခဲ့သည်။

​သူသည် မြို့ထဲတွင် လမ်းလျှောက်သည့်အခါ သူ၏မျက်နှာကို ဖုံးကွယ်ရန် သာမန်မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားသည်။ သူ၏မျက်နှာကို မြင်ဖူးသူ အနည်းငယ် ရှိနေသည်။ ထိုအထဲတွင် မုန့်၊ လင်း နှင့် ရွမ် တို့၏ ဆရာလည်း ပါဝင်သည်။ လုံချန်းက သူ၏တပည့် ရွမ်ကို သတ်ပြီး ထွက်ပြေးစဉ်က မိုးကြိုးဘီလူးဂိုဏ်း၏ မဟာအကြီးအကဲမှာ လုံချန်း၏ ရှေ့တည့်တည့်တွင် ရှိနေခဲ့ခြင်းဖြစ်သည်။

​ထိုမဟာအကြီးအကဲက သူ့ကို အသေအလဲ မုန်းတီးနေမည်မှာ သေချာသည်။ သူ၏မျက်နှာကိုလည်း မေ့လိမ့်မည် မဟုတ်ပေ။

​"အခု ငါ သူ့ကိုရှာဖို့ မြို့အနှံ့ ဝိညာဉ်အာရုံ သုံးရတော့မှာလား။ သူမရဲ့ ပုံလေးသာ ရှိရင် ပိုလွယ်မှာပဲ" လုံချန်းက ရေရွတ်နေစဉ်မှာပင် နံရံပေါ်ရှိ ပိုစတာတစ်ချပ်ကို တွေ့လိုက်ရသည်။

​"ဒါ ဘာကြီးလဲ" လုံချန်းက ပိုစတာနားသို့ လျှောက်သွားရင်း အာမေဍိတ် ထွက်မိသွားသည်။

​ပိုစတာတွင် ကုလားထိုင်ပေါ်၌ ထိုင်နေသော မုန့် နှင့် သူမ၏ နောက်တွင် ရပ်နေသော လူငယ်တစ်ဦး၏ ပုံပါရှိသည်။ သူတို့က လက်ထပ်ထားသော ဇနီးမောင်နှံနှင့် တူနေသည်။ အထူးဆန်းဆုံးအချက်မှာ သူမနောက်တွင် ရပ်နေသောသူမှာ လွန်ခဲ့သော ၂ ရက်က သူတွေ့ခဲ့သောသူ ဖြစ်နေခြင်းပင်။

​ထိုလူငယ်မှာ အစွမ်းထက်ဓားဂိုဏ်းမှ လူတစ်ယောက် ဖြစ်သည်။ သူ၏ ရင်ဘတ်တွင် အခြားအဖွဲ့ဝင်များနှင့် မတူသည့် တံဆိပ်တစ်ခုကို တပ်ဆင်ထားသည်။ လုံချန်းက ထိုစဉ်ကပင် ထိုလူငယ်မှာ သူတို့အဖွဲ့၏ ခေါင်းဆောင်ဖြစ်မည်ဟု ခန့်မှန်းခဲ့ဖူးသည်။ အစွမ်းထက်ဓားဂိုဏ်း၏ ထိပ်တန်းတပည့်က မုန့်နှင့်အတူ ရှိနေလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။ သူ ပိုစတာကို ဆက်ဖတ်လိုက်သည်။

​"မြောက်ပိုင်း လအင်ပါယာ၏ မင်းသမီးကို အစွမ်းထက်ဓားဂိုဏ်း၏ သခင်လေးနှင့် စေ့စပ်လိုက်ပြီ ဖြစ်သည်။ သူတို့၏ လက်ထပ်မင်္ဂလာပွဲကို လပြည့်ညတွင် တော်ဝင်နန်းတော်၌ ခမ်းနားစွာ ကျင်းပမည် ဖြစ်သည်။ ဤမင်္ဂလာအခါသမယတွင် လာရောက်ဆင်နွှဲကြသော နိုင်ငံသားတိုင်းအား တော်ဝင်နန်းတော်မှ ကြေးပြားတစ်ပြားစီ ဝေငှပေးမည်ဖြစ်သဖြင့် အားလုံးကို ဖိတ်ကြားအပ်ပါသည်"

​'လပြည့်ည ဟုတ်လား။ အဲဒါ နောက် ၂ ရက်နေရင် မဟုတ်လား။ သူတို့က လက်ထပ်ကြတော့မယ်ပေါ့။ ငါ နားမလည်ဘူး။ အစွမ်းထက်ဓားဂိုဏ်းက ဒီကိုလာတာ နတ်ကောင်းကင်ဘုံဂိုဏ်းကို ရှာဖို့လား၊ ဒါမှမဟုတ် လက်ထပ်ဖို့လား' လုံချန်းက မျက်မှောင်ကြုတ်ရင်း တွေးလိုက်သည်။

​"အစွမ်းထက်ဓားဂိုဏ်းက လူတွေက အရေးကြီးတာကို ဦးစားမပေးတတ်ကြဘူး ထင်တယ်" လုံချန်းက ရေရွတ်လိုက်သည်။

​"ဟေး... မင်း အစွမ်းထက်ဓားဂိုဏ်းအကြောင်း ပြောနေတာ ငါ ကြားလိုက်တယ်နော်" နောက်ကွယ်မှ တစ်စုံတစ်ယောက်က လှမ်းခေါ်လိုက်သည်။

​လုံချန်း လှည့်ကြည့်လိုက်ရာ အသက် ၁၉၊ ၂၀ ခန့်ရှိမည့် လူငယ်တစ်ဦး ရပ်နေသည်ကို တွေ့ရသည်။ သူ၏ ကျောတွင် လေးလံသော ဓားတစ်လက် ရှိနေပြီး အစွမ်းထက်ဓားဂိုဏ်း တပည့်များ ဝတ်ဆင်သည့် အဝတ်အစားကို ဝတ်ထားသည်။

​"အေး... ငါ ကြေညာချက်ကို ဖတ်နေတာပါ" လုံချန်းက ပြန်ဖြေလိုက်သည်။

​"မင်းက အစွမ်းထက်ဓားဂိုဏ်းက လူတွေက အရေးကြီးတာကို ဦးစားမပေးတတ်ဘူးလို့ ပြောလိုက်တာနော်။ ငါ ဘယ်လိုပဲ စဉ်းစားစဉ်းစား မင်းက ငါတို့ဂိုဏ်းကို အထင်သေးနေသလိုပဲ" ထိုလူငယ်က လုံချန်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

​"ဒါပေါ့... ငါ ပြောတာပေါ့။ မင်းတို့က ဒီလောက်အဝေးကြီးကနေ ဒီလိုမိန်းကလေးမျိုးနဲ့ လက်ထပ်ဖို့ပဲ လာခဲ့ကြတာလား။ အဲဒါကို ငါက အထင်မသေးဘဲ ဘာလုပ်ရမှာလဲ" လုံချန်းက ရယ်မောရင်း ပြောလိုက်သည်။

​"ရာရာစစ" ထိုလူငယ်က ဟိန်းဟောက်ရင်း သူ၏ဓားကို ဆွဲထုတ်ကာ လုံချန်းကို ချိန်လိုက်သည်။

​"ကဲပါ သူငယ်ချင်းရာ... အမှားတွေ မလုပ်ပါနဲ့။ ငါ ကြည့်ရသလောက် မင်းရဲ့ အဖွဲ့ဝင်တွေလည်း အနားမှာ မရှိကြဘူး" လုံချန်းက ခပ်အေးအေးပင် ဆိုလိုက်သည်။ သူ၏ မျက်နှာဖုံးကြောင့် သူ၏ အထင်သေးသော အပြုံးကို တစ်ဖက်လူ မမြင်ရပေ။

​"အဲဒါ ဘာဖြစ်လဲ။ မင်းကို ဆုံးမဖို့ သူတို့ မလိုပါဘူး"

​"သတင်းစကားတွေက သတင်းစကားတွေ သက်သက်ပဲ ဖြစ်မှာပါ" လုံချန်းက သက်ပြင်းချလိုက်သည်။

​"ဘာကို ဆိုလိုတာလဲ" ထိုလူငယ်က မျက်မှောင်ကြုတ်ကာ မေးသည်။

​"အစွမ်းထက်ဓားဂိုဏ်းက တပည့်တွေက တရားမျှတမှု အရှိဆုံးလို့ လူတွေ ပြောတာ ငါ ကြားဖူးတယ်။ ဒါပေမဲ့ မင်း အခုလုပ်နေတာက အဲဒီလို မဟုတ်ဘူး။ မင်းတို့ကလည်း တခြားသူတွေလိုပဲ မောက်မာတဲ့သူတွေပါပဲ" လုံချန်းက ပြန်ဖြေသည်။

​ထိုလူငယ်၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွားပြီး "မင်း... ငါတို့က တရားမျှတတဲ့သူတွေပဲ။ ငါ မင်းကို ဓားနဲ့ချိန်တာက အဲဒါကို မထိခိုက်ဘူး။ မင်း ငါတို့ဂိုဏ်းကို စော်ကားခဲ့တယ်၊ တပည့်တစ်ယောက်အနေနဲ့ ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့က ငါ့တာဝန်ပဲ။ မင်း ငါ့ကိုရော ငါ့ဂိုဏ်းကိုရော တောင်းပန်မယ်ဆိုရင်တော့ ငါ ခွင့်လွှတ်ပေးနိုင်သေးတယ်"

​"တောင်းပန်ရမယ် ဟုတ်လား။ ငါ့ရဲ့ ရိုးသားတဲ့ ထင်မြင်ချက်ကို ပြောမိလို့ ဘယ်သူ့ကိုမှ တောင်းပန်လေ့ မရှိသလို ဒီနေ့လည်း လုပ်မှာ မဟုတ်ဘူး။ ငါ့ကို ပြဿနာ မရှာဘဲ သွားခွင့်ပေးပါ၊ ဒီနေ့ ငါ လူမသတ်ချင်ဘူး" လုံချန်းက ပြောကာ ထိုလူ၏ အနားမှ ထွက်ခွာရန် ပြင်လိုက်သည်။

​"ရပ်စမ်းလို့ ငါ ပြောနေတယ်" ထိုလူငယ်က အော်ဟစ်ရင်း လုံချန်းနောက်သို့ ပြေးလိုက်ကာ သူ၏ လေးလံသော ဓားဖြင့် လုံချန်း၏ ကျောပြင်ကို ဝှေ့ယမ်း တိုက်ခိုက်လိုက်သည်။

​"ဟူး..."

​လုံချန်းက သက်ပြင်းချရင်း ရပ်လိုက်သည်။ သူသည် ထိုလူ၏ နောက်ကျောဘက်သို့ ချက်ချင်း ရောက်ရှိသွားပြီး နောက်ကျောကို ကန်လိုက်သည်။ လူငယ်မှာ ရှေ့သို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ ဓားမှာလည်း လက်ထဲမှ လွတ်ထွက်သွားသည်။

​လူငယ်က အလန့်တကြား ထရပ်ကာ ပြန်လှည့်ကြည့်သော်လည်း လုံချန်း၏ လက်တစ်ဖက်က သူ၏ လည်ပင်းကို ဖမ်းဆုပ်ထားပြီးသား ဖြစ်သည်။ လုံချန်းသည် ထိုလူငယ်၏ လည်ပင်းကို တင်းတင်းကျပ်ကျပ် ညှစ်ကာ မြှောက်လိုက်သည်။

​"ငါ ဒီနေ့ မလိုအပ်တဲ့ ပြဿနာတွေထဲ မပါချင်ဘူးလို့ ပြောခဲ့သားပဲ၊ ဒါပေမဲ့ မင်းက ငါ့စကားကို မယုံဘူး ထင်တယ်" လုံချန်းက ရေရွတ်ရင်း ထိုလူငယ်ကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်သည်။

​"အု..."

​လူငယ်မှာ နာကျင်စွာ ညည်းညူလိုက်မိသည်။ မြေပြင်မှာ သူ၏ဒဏ်ကြောင့် အက်ကြောင်းများပင် ထသွားသည်။ လုံချန်းက ထိုလူငယ်ကို လေထဲသို့ နောက်တစ်ကြိမ် မြှောက်လိုက်ပြီး မြေပြင်ပေါ်သို့ ထပ်မံ ဆောင့်ချလိုက်ပြန်သည်။ ဘေးပတ်ဝန်းကျင်တွင် လူအများအပြား ရှိနေသော်လည်း မည်သူမျှ ဝင်မပါရဲကြပေ။

​"ငါ့မှာ မူဝါဒတစ်ခု ရှိတယ်။ ငါနဲ့ ရန်ငြိုးဖွဲ့ထားတဲ့သူကို ဘယ်တော့မှ အရှင်မထားဘူး။ ဒါကြောင့် မင်းကို သတ်ရတာ ငါ စိတ်မကောင်းပေမဲ့ မင်း သေကို သေရမယ်" လုံချန်းက ကြောက်လန့် တုန်လှုပ်နေသော လူငယ်ကို ပြောလိုက်သည်။

​လုံချန်းက သူ၏ သိုလှောင်လက်စွပ်ထဲမှ ဓားကို ဆွဲထုတ်လိုက်သည်။

​"မဟုတ်ဘူး။ လွှတ်ပေးပါ။ ငါက အစွမ်းထက်ဓားဂိုဏ်း..." လူငယ်က အော်ဟစ်တောင်းပန်ရန် ကြိုးစားသော်လည်း စကားမဆုံးမီမှာပင် ဓားက သူ၏ နှလုံးသားကို ထိုးဖောက်သွားတော့သည်။

​လုံချန်းက အလောင်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီးနောက် ထိုလူငယ်၏ ခေါင်းကို ကိုယ်ထည်မှ ဖြတ်ပစ်လိုက်သည်။ လုံချန်းသည် အလောင်းများကို ခေါင်းနှင့် ကိုယ်ထည် မပြတ်ဘဲ အမြဲတမ်း မချန်ထားခဲ့ပေ။

​"မင်း ငါတို့ရဲ့ ညီလေးမင်ကို သတ်လိုက်တယ်ပေါ့၊ မင်းကို ငါ ပြန်သတ်မယ်" နောက်ကွယ်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ လုံချန်းသည် လူတစ်ယောက်ထက်မကသည့် ခြေသံများကို ကြားလိုက်ရလေတော့သည်။

All Chapters