အခန်း (၃၆၇-၃၆၈)
Vol. 37 Ch. 367-368
အခန်း (၃၆၇) ပြန်ပေးဆွဲခြင်း
"အဲဒီမျက်နှာဖုံးစွပ်က ဘယ်လိုလုပ်လိုက်လဲတော့ မသိဘူး၊ သူက ဝိညာဉ်စွမ်းအင်ကို သုံးပြီး သူ့ကိုယ်သူ ကာကွယ်ဖို့ ဒိုင်းတစ်ခု ဖန်တီးလိုက်တယ်။ ပြီးတော့ သူက စပြီး တိုက်ခိုက်တော့တာပဲ။ သူက အရမ်းမြန်လွန်းလို့ ကျွန်တော် ဘာမှသေချာမမြင်လိုက်ရခင်မှာပဲ အဲဒီ ၃ ယောက်လုံး သေသွားပြီ။ မျက်နှာဖုံးစွပ်က ဝတ်ရုံခြုံထားတဲ့ နောက်တစ်ယောက်နဲ့အတူ ထွက်သွားတယ်" ဟု သက်သေက ဖြေကြားလိုက်သည်။
"ဝိညာဉ်နက်ဂိုဏ်း မင်းတို့ကို ငါ ဘယ်တော့မှ ခွင့်မလွှတ်ဘူး" ရုရှန်က အံကြိတ်ရင်း ဟိန်းဟောက်လိုက်သည်။
မုန့်က ရုရှန်ကို ကြည့်ကာ ထိုမျက်နှာဖုံးစွပ်သည် ဝိညာဉ်နက်ဂိုဏ်းကမှန်း သူ ဘယ်လိုသိသနည်းဟု တွေးတောမိသည်။ ထို့ကြောင့် သူမက မေးလိုက်သည်။
"ရှင် သူဖော်ပြတဲ့လူကို သိလို့လား"
"သူက ဘယ်သူလဲဆိုတာ ငါမသိပေမဲ့ ဝိညာဉ်စွမ်းအင်နဲ့ ပစ္စည်းတွေ ဖန်တီးတဲ့ စွမ်းရည်အကြောင်းတော့ ငါသိတယ်။ အဲဒါက ဝိညာဉ်နက်ဂိုဏ်းရဲ့ ထိပ်တန်းစွမ်းရည် ၃ ခုထဲက တစ်ခုပဲ" ရုရှန်က ပြန်ဖြေသည်။
"သူ ငါ့ရှေ့ကို ပေါ်လာမယ့်နေ့ကို ငါ မစောင့်နိုင်တော့ဘူး၊ သူတို့ကို သတ်ပစ်မယ်။ သူတို့ရှိတဲ့နေရာကို ငါသိချင်တယ်။ သူတို့ မြို့ထဲမှာ ရှိနေမှာ သေချာတယ်" ရုရှန်က မုန့်ကို ပြောလိုက်သည်။
"ဟုတ်ပါပြီ။ တော်ဝင်အစောင့်တွေကို ရှာခိုင်းလိုက်ပါ့မယ်။ သူတို့ ဖော်ပြချက်နဲ့ ကိုက်ညီတဲ့သူကို ရှာတွေ့နိုင်မှာပါ။ အခုလောလောဆယ်တော့ အလောင်းတွေကို အရင် ပြန်သယ်သွားကြရအောင်။ သူတို့က ရှင့်ရဲ့ ညီအစ်ကိုတွေလိုပဲလေ။ အလောင်းတွေကို စနစ်တကျ သင်္ဂြိုဟ်ပေးရအောင်ပါ" မုန့်က အကြံပြုသည်။
ရုရှန်က ခေါင်းညိတ်ကာ ရှေ့သို့ လျှောက်သွားပြီး အလောင်းများကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူ၏ အဖွဲ့ဝင်များနှင့်အတူ ရထားလုံးများပေါ်သို့ တက်ကာ ထွက်ခွာသွားကြသည်။ မုန့်သည် အစောင့်များကို လုပ်ဆောင်ရမည့်အရာများ မှာကြားရန် ကျန်ရစ်ခဲ့ပြီးမှ ရထားလုံးပေါ်သို့ လိုက်ပါသွားတော့သည်။
ရထားလုံးမှာ တော်ဝင်နန်းတော်သို့ ဦးတည်ထွက်ခွာသွားပြီး အစောင့်များကလည်း မျက်နှာဖုံးစွပ်ထားသူကို စတင်ရှာဖွေကြတော့သည်။ အစောင့်ခေါင်းဆောင်အား မျက်နှာဖုံးစွပ်အား တွေ့ပါက အသုံးပြုရန် ဆက်သွယ်ရေး အဆောင်တစ်ခုကို ပေးအပ်ထားသည်။
အဆောက်အအုံတစ်ခု၏ အမိုးပေါ်တွင် လူငယ်နှစ်ဦး ရပ်နေပြီး ထွက်ခွာသွားသော ရထားလုံးများကို ကြည့်နေကြသည်။
"စိတ်ဝင်စားဖို့ ကောင်းသားပဲ။ အစွမ်းထက်ဓားဂိုဏ်းက ၄ ယောက်ကို သတ်ရဲတဲ့သူ ရှိတယ်ပေါ့။ သူတို့အဖွဲ့ရဲ့ ထက်ဝက်နီးပါးလောက်က အသတ်ခံလိုက်ရပြီ။ သူတို့က အသန်မာဆုံး အဖွဲ့တွေထဲက တစ်ခု ဖြစ်သင့်တာ၊ အခုတော့ အားအနည်းဆုံးအဖွဲ့ ဖြစ်သွားပြီ" ဟု သားရဲခန်းမ အဖွဲ့၏ ဒုတိယခေါင်းဆောင် ဝူတန်က ရယ်မောရင်း ပြောလိုက်သည်။
"မဟုတ်ဘူး၊ အဲဒီအဖွဲ့ရဲ့ တကယ့်အစွမ်းက သူတို့ခေါင်းဆောင် ရုရှန်နဲ့ ဒုတိယခေါင်းဆောင် လင်းမွန်းဆီမှာပဲ ရှိတာ။ အခုသေသွားတဲ့သူတွေ အားလုံးရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ပေါင်းလိုက်ရင်တောင် ရုရှန်ရဲ့ တကယ့်စွမ်းအား ၁၀ ရာခိုင်နှုန်းလောက်တောင် ရှိမှာမဟုတ်ဘူး" သားရဲခန်းမအဖွဲ့ခေါင်းဆောင် ကျိချွမ်းက ရှင်းပြသည်။
"အဖွဲ့တိုင်းက ဒီလိုပဲ ထင်ပါရဲ့။ ငါတို့အဖွဲ့က အားနည်းတဲ့ အဖွဲ့ဝင်တွေလည်း မင်းရဲ့ အစွမ်းနားတောင် မကပ်နိုင်ကြသလိုပေါ့။ အဖွဲ့အားလုံးရဲ့ အင်အားမျှခြေက ဒီလိုပဲ ဖြစ်မှာပါ။ ဂိုဏ်းတစ်ဂိုဏ်းမှာ အလားအလာ အရှိဆုံးနဲ့ ဂရုစိုက်မှု အခံရဆုံး ထိပ်တန်းတပည့်က တစ်ယောက်ပဲ ရှိတာလေ" ဝူတန်က ဆိုသည်။
"ငါက ဂိုဏ်းချုပ်ရဲ့ တပည့်ဖြစ်လို့ပဲ သန်မာလာတာလို့ မင်း ဆိုလိုတာလား" ကျိချွမ်းက ဝူတန်ကို စောင်းကြည့်ကာ မေးလိုက်သည်။
"အာ... မဟုတ်ပါဘူး။ မင်းကတော့ ထူးခြားပါတယ်။ ဂိုဏ်းချုပ်ရဲ့ အကူအညီ မပါရင်တောင် မင်းက သန်မာလာမှာပါ" ဝူတန်က ကပျာကယာ ရှင်းပြရသည်။
"ထားလိုက်ပါတော့။ အဓိကအချက်ကိုပဲ အာရုံစိုက်ရအောင်။ ရုရှန်က ဝိညာဉ်နက်ဂိုဏ်းရဲ့ နာမည်ကို အော်ဟစ်သွားတာကြည့်ရင် ဒါဟာ သူတို့တပည့်တွေရဲ့ လက်ချက်ပဲ ဖြစ်ရမယ်။ ဆိုလိုတာက သူတို့ မြို့ထဲ ရောက်နေပြီပေါ့။ ကဲ... အမဲလိုက်ထွက်ရအောင်။ သူတို့ကို ရှာပြီး ဖမ်းမယ်... ပြီးရင် သူတို့ အရိုးအချို့ကို ချိုးပစ်မယ်" ကျိချွမ်းက ပြုံးစစဖြင့် ဆိုလိုက်သည်။
"ဒါပေါ့။ ဒီနေ့ ငါတို့မှာ အချိန်တွေ အများကြီး ရှိတာပဲ။ ဝိညာဉ်နက်တွေကို အမဲလိုက်တာထက် ပိုကောင်းတဲ့ အချိန်ဖြုန်းနည်း ရှိပါဦးမလား" ဝူတန်က ရယ်မောရင်း ပြန်ဖြေသည်။
"ဒါကို ဘယ်လိုမျိုး အမှတ်တရဖြစ်အောင် လုပ်ရမလဲဆိုတဲ့ အကြံတစ်ခု ငါရပြီ" လုံချန်းက ပြုံးလျက် ဆိုလိုက်သည်။
"ဟင်... ဘယ်လိုမျိုးလဲ" မန်ရှန်းလီက စိတ်ဝင်တစား မေးသည်။
"ဒီနေရာကနေ အရင်ထွက်ရအောင်။ အပြင်ရောက်မှ ငါ့အစီအစဉ်ကို ပြောပြမယ်" လုံချန်းက မတ်တတ်ရပ်ကာ တံခါးဆီသို့ လျှောက်သွားသည်။
"ဟေး... နေဦး" မန်ရှန်းလီသည် သူ၏ သောက်လက်စ အရက်ခွက်ကို အကုန်သောက်လိုက်ပြီးမှ လုံချန်းနောက်သို့ ပြေးလိုက်သွားသည်။
မိနစ်အနည်းငယ် လမ်းလျှောက်ပြီးနောက် တိတ်ဆိတ်သော လမ်းတစ်ခုသို့ ရောက်ရှိလာကြသည်။
"ဟေး... ဘယ်လောက်အထိ လျှို့ဝှက်ထားဦးမှာလဲ။ ပြောပြတော့လေ" မန်ရှန်းလီက စိတ်မရှည်စွာ မေးသည်။
"ငါ သတို့သမီးကို ပြန်ပေးဆွဲမယ်" လုံချန်းက ပြန်ဖြေလိုက်သည်။
"ပြန်ပေးဆွဲမယ် ဟုတ်လား။ ပြီးရင်ရော၊ သူမနဲ့ မင်းရဲ့ ထူးဆန်းတဲ့ ဆန္ဒတွေကို ဖြည့်ဆည်းမှာလား။ အဲဒီလိုမျိုး လုပ်ရပ်ကို စုံတွဲကျင့်စဉ်ဂိုဏ်းက လူတွေဆီကပဲ ငါ မျှော်လင့်ထားတာ၊ မင်းဆီက မဟုတ်ဘူး" မန်ရှန်းလီက စိတ်ပျက်ဟန်ဖြင့် ဆိုသည်။
"ငါ မုန်းတဲ့ မိန်းမနဲ့ ဘာလို့ အဲဒီလို လုပ်ရမှာလဲ။ ငါ့ရဲ့ ထူးဆန်းတဲ့ ဆန္ဒတွေကို ငါချစ်တဲ့ မိန်းကလေးတွေနဲ့ပဲ ငါ ဖြည့်ဆည်းတာ။ အရင်ဆုံး အစီအစဉ် တစ်ခုလုံးကို ဆုံးအောင် နားထောင်ဦး" လုံချန်းက စိတ်အနှောင့်အယှက် ဖြစ်ဟန်ဖြင့် ပြောလိုက်သည်။
"ဪ... ငါ မင်းကို အထင်လွဲသွားတာပဲ။ တောင်းပန်ပါတယ်ကွာ။ ဒါဆို တကယ့် အစီအစဉ်က ဘာလဲ" မန်ရှန်းလီက မေးသည်။
"တကယ့် အစီအစဉ်က ဒီညမှာ အဲဒီမိန်းကလေးကို ပြန်ပေးဆွဲမယ်။ အဲဒီနောက်မှာ ငါက..." လုံချန်းက သူ၏ အစီအစဉ်ကို စတင် ဖော်ပြတော့သည်။
"ဘာ... မင်း အတည်ပြောနေတာလား။ ဟားဟားဟား... အဲဒါ တကယ်ကို ကောင်းတဲ့ အစီအစဉ်ပဲ။ ငါ သဘောကျတယ်" မန်ရှန်းလီက ပြုံးရွှင်စွာ ဆိုသည်။
"မင်း သဘောကျတာ ကောင်းတယ်။ ဘာလို့လဲဆိုတော့ အဲဒီအတွက် မင်းရဲ့ အကူအညီ ငါ လိုအပ်မှာမို့လို့ပဲ။ ဒီအစီအစဉ်မှာ မင်းရဲ့ အခန်းကဏ္ဍက တကယ်ကို အရေးကြီးတယ်" လုံချန်းက ဆိုသည်။
"ပျော်ဖို့ကောင်းတာပဲ။ ဒါပေါ့... ငါ ပါမှာပေါ့"
"ညမရောက်ခင် ၈ နာရီလောက် လိုသေးတယ်။ အဲဒီအချိန်အထိ မင်း ဘယ်မှာ နေမှာလဲ" လုံချန်းက မေးလိုက်သည်။
"ဘယ်မှာ နေရမှာလဲဆိုတော့... မင်းနဲ့အတူ နေမှာပေါ့" မန်ရှန်းလီက အပြစ်ကင်းစင်သော မျက်နှာဖြင့် ပြန်ဖြေသည်။
"ကောင်းပြီ။ ငါနဲ့ လိုက်ခဲ့။ မင်း ဒီနေ့ နားနေဖို့ အခန်းတစ်ခန်း ငှားပေးမယ်။ အစွမ်းထက်ဓားဂိုဏ်းက ၄ ယောက် အသတ်ခံလိုက်ရတော့ ဒီနေ့က တော်တော်လေး ဆူညံပွက်လောရိုက်မယ့်နေ့ပဲ။ ညမရောက်ခင်မှာ ရန်ပွဲတွေ မဖြစ်ချင်သေးဘူး" လုံချန်းက ပြောရင်း လျှောက်လာခဲ့သည်။
သူသည် သူ၏ မူလတည်းခိုခန်းနှင့် အတော်ဝေးသော အခြားတည်းခိုခန်းတစ်ခန်းသို့ သွားလိုက်သည်။ သူတို့ နှစ်ယောက်လုံး တည်းခိုခန်းထဲသို့ ဝင်သွားကြပြီး လုံချန်းက အခန်း ၂ ခန်း ငှားလိုက်သည်။ သူသည် အစီအစဉ် မပြီးမချင်း တည်းခိုခန်းဟောင်းသို့ ပြန်မသွားချင်သေးပေ။
သူတို့သည် ဘေးချင်းကပ်အခန်းများကို ရရှိခဲ့ကြသည်။ နှစ်ယောက်လုံး သူတို့၏ အခန်းထဲသို့ ဝင်ကာ အချိန်ကုန်စေရန် ကျင့်ကြံနေကြတော့သည်။
အချိန်များမှာ ဖြည်းညှင်းစွာ ကုန်ဆုံးသွားသည်။ အစောင့်များသည် မျက်နှာဖုံးစွပ်ကို နေရာအနှံ့ ရှာဖွေနေကြသော်လည်း မတွေ့ကြပေ။ လုံချန်း လက်ရှိ ရှိနေသော တည်းခိုခန်းမှ ဝန်ထမ်းကိုပင် မေးမြန်းခဲ့ကြသည်။
လုံချန်းသည် ဤတည်းခိုခန်းသို့ ဝင်လာစဉ်က မျက်နှာဖုံး ဝတ်မထားပေ။ အကြောင်းမှာ မျက်နှာဖုံးများကို ခဏခဏ လဲနေရခြင်းမှာ အလုပ်ရှုပ်သည်ဟု သူ ခံစားရသောကြောင့် ဖြစ်သည်။
မိုးကြိုးဘီလူးဂိုဏ်းမှ မဟာအကြီးအကဲမှာ သူ၏ဂိုဏ်းမှ ထွက်လာနိုင်ခြေ အလွန်နည်းပါးသလို သူနှင့် တွေ့ဆုံနိုင်ခြေမှာလည်း ပို၍ပင် နည်းပါးသည်။ ထို့အပြင် လုံချန်းသည် လွန်ခဲ့သော တစ်ခေါက်ကကဲ့သို့ အားနည်းသူ မဟုတ်တော့ပေ။ ထိုစဉ်က သူသည် တိုက်ခိုက်ခြင်းပင် မပြုဘဲ ဟင်းလင်းပြင် ဖြတ်သန်းခြင်းကို သုံး၍ ထွက်ပြေးခဲ့ရခြင်း ဖြစ်သည်။
ယခုမူ လုံးဝ ကွဲပြားသွားပြီ။ လုံချန်းသည် အရင်ကထက် များစွာ သန်မာလာပြီဖြစ်ရာ ထိုမဟာအကြီးအကဲ အစွမ်းကုန် ကြိုးစားလျှင်ပင် သူ့ကို အသာစီး ရနိုင်လိမ့်မည် မဟုတ်ဟု သူ ယုံကြည်သည်။
ထို့ကြောင့်ပင် သူသည် တိတ်ဆိတ်သော လမ်းတစ်ခုတွင် မျက်နှာဖုံးကို ချွတ်လိုက်ခြင်း ဖြစ်သည်။ မန်ရှန်းလီကိုလည်း သူ၏ ဝတ်ရုံမှာ မျက်နှာဖုံးကဲ့သို့ပင် လူအာရုံစိုက်မှုကို ခံရနိုင်သဖြင့် ချွတ်လိုက်ရန် ပြောခဲ့သည်။ လုံချန်းက လူများမှာ မျက်နှာဖုံးစွပ်ကို ရှာနေလိမ့်မည်ဟု ကြိုတင် ခန့်မှန်းထားပြီးသား ဖြစ်သည်။ မန်ရှန်းလီနှင့် အရက်ဆိုင်သို့ သွားစဉ်ကပင် သူ မျက်နှာဖုံး ဝတ်မထားခဲ့ပေ။
ဝန်ထမ်းက မျက်နှာဖုံးစွပ်ကို မမြင်မိကြောင်း ငြင်းဆိုလိုက်သောအခါ အစောင့်များသည် အခြားလူအချို့ကို မေးမြန်းပြီးနောက် တည်းခိုခန်းမှ ထွက်သွားကြသည်။ သူတို့၏ ရှာဖွေမှုကို ဆက်လက် လုပ်ဆောင်နေကြသည်။
အစောင့်များ ရှာဖွေနေစဉ်မှာပင် မျက်နှာဖုံးစွပ်ထားသော လူ ၅ ဦး အတူတူ လမ်းလျှောက်နေသည်ကို တွေ့လိုက်ရသည်။ ထို ၅ ဦးထဲမှ တစ်ဦးမှာ လုံချန်း ဝတ်ဆင်ခဲ့သော မျက်နှာဖုံးနှင့် တူညီသော မျက်နှာဖုံးကို ဝတ်ဆင်ထားလေသည်။
အခန်း (၃၆၈) အဲဒီအမှိုက်က မင်းရဲ့ညီလား
တော်ဝင်အစောင့်တပ်မှူးသည် ဆက်သွယ်ရေးအဆောင်ကို အသုံးပြု၍ မုန့်ထံသို့ သတင်းချက်ချင်း ပေးပို့လိုက်သည်။ မုန့်သည် ထိုသတင်းကို ရုရှန်ထံ ပြန်လည်ပြောကြားရာ ရုရှန်နှင့် ကျန်တပည့်များသည် နန်းတော်မှ ချက်ချင်း ထွက်ခွာလာခဲ့ကြသည်။
"ဟေး... အဲဒီမှာ ရပ်လိုက်စမ်း။ မင်းတို့ကို သွားခွင့်မပြုဘူး" အစောင့်တပ်မှူးသည် မျက်နှာဖုံးစွပ်ထားသူများ ထွက်ခွာသွားသည်ကို မြင်သောအခါ လှမ်းအော်တားလိုက်သည်။
"ဟင်... အဲဒီအမှိုက်က ငါတို့ကို စကားပြောနေတာလား" ပထမဆုံး မျက်နှာဖုံးစွပ်ထားသူက ကျန်သူများကို မေးလိုက်သည်။ သူ၏အသံအရ သူသည် အသက်သိပ်မကြီးသေးသော လူငယ်တစ်ဦးဖြစ်ကြောင်း သိသာလှသည်။
"ဟဲဟဲဟဲ... ဒီနိုင်ငံက တကယ်ကို အံ့သြဖို့ကောင်းတာပဲ။ အစောင့်တွေကတောင် ငါတို့ကို ဒီလို စကားပြောရဲတယ်ပေါ့" နောက်ထပ် မျက်နှာဖုံးစွပ်တစ်ယောက်က ဆိုသည်။
"ဟဲဟဲ... အစ်ကိုလျောင်၊ ကျွန်မကတော့ အဲဒီလူရဲ့ သတ္တိကို တော်တော်သဘောကျမိတယ်။ သူ့ကို ကျွန်မနဲ့အတူ ခေါ်သွားလို့ ရမလား။ သူ့ကို ကျင့်စဉ်အတွက် ခုတုံးအဖြစ် သုံးချင်လို့။ သူ့ကို ကုတင်ပေါ်မှာ ထားချင်တယ်။ သူ့ရဲ့ အဆီအနှစ်တွေကို ကုတင်ပေါ်မှာ စုပ်ယူရမယ့် အရသာကို အခုကတည်းက စိတ်ကူးကြည့်လို့ ရနေပြီ" တတိယမြောက်လူက ပြောလိုက်သည်။ ဤတစ်ကြိမ်တွင်မူ မိန်းကလေးအသံ ထွက်ပေါ်လာသည်။
"ညီမလင်း၊ သူက ညီမနဲ့ ကုတင်ပေါ်မှာ ၅ မိနစ်တောင် ခံနိုင်မှာ မဟုတ်ဘူး ထင်တယ်။ သူ့ကို သတ်ပြီး အေးအေးဆေးဆေး ဇာတ်သိမ်းလိုက်တာ ပိုကောင်းမယ်" ဒုတိယ မျက်နှာဖုံးစွပ်က ဆိုသည်။
"ဟွန်း... ကောင်းပြီလေ။ ဒီတစ်ခါတော့ အစ်ကို့သဘောအတိုင်း လုပ်ခွင့်ပေးမယ်၊ ဒါပေမဲ့ အဲဒီအစား အစ်ကိုက ကျွန်မနဲ့ ကုတင်ပေါ်မှာ အချိန်ဖြုန်းပေးရမယ်နော်" မိန်းကလေးက ဆိုသည်။
"ဟဲဟဲ... ဘာလို့ မရရမှာလဲ။ ဆွဲဆောင်မှုရှိတဲ့ ညီမလင်းက ယောကျ်ားတိုင်းရဲ့ အိပ်မက်ပဲလေ။ ဘယ်သူက ညီမလင်းနဲ့ ချစ်တင်းမနှောချင်ဘဲ နေမှာလဲ။ ငါတို့က ကျင့်စဉ်တူလို့ အဆီအနှစ် အချင်းချင်း ခိုးယူလို့မရပေမဲ့ ပျော်ပျော်ပါးပါးတော့ ကစားလို့ရတာပဲ" ထိုလူက ပြုံးစစဖြင့် ပြန်ဖြေသည်။
"ညီမငယ် မီမီ၊ ညီမလည်း ငါတို့နဲ့ လာပူးပေါင်းပါလား။ မင်းတို့ နှစ်ယောက်လုံးကို ငါ သေချာ ဂရုစိုက်ပေးချင်တယ်" ထိုလူက စတုတ္ထမြောက် မျက်နှာဖုံးစွပ်ထားသည့် မိန်းကလေးကို ကြည့်ကာ ပြောလိုက်သည်။
တော်ဝင်အစောင့်တပ်မှူးမှာ ထူးဆန်းသော မျက်နှာထားဖြင့် ရပ်နေမိသည်။ 'ငါက သူတို့ကို တားဖို့ ကြိုးစားနေတာ၊ သူတို့ကတော့ လိင်ကိစ္စတွေအကြောင်း ပြောနေကြတာလား' သူ တွေးလိုက်မိသည်။
"အစ်ကို လျောင်၊ အစ်ကိုက ကျွန်မတို့ နှစ်ယောက်လုံးကို တာဝန်ယူနိုင်မယ် မထင်ဘူး။ ညီမလင်း တစ်ယောက်တည်းကိုတောင် စိတ်ကျေနပ်အောင် လုပ်ဖို့ ခက်လိမ့်မယ်၊ ကျွန်မတို့ နှစ်ယောက်ဆိုရင်တော့ ဝေးသေးတယ်" မီမီက ပြန်ဖြေသည်။
"မစမ်းကြည့်ဘဲနဲ့တော့ မသိနိုင်ဘူးလေ။ ပြန်ရောက်ရင် ကြည့်ကြတာပေါ့။ တကယ်လို့ ငါနိုင်ရင် မင်းတို့ နှစ်ယောက်လုံး ငါ့ရဲ့ ကျွန်အဖြစ် ၁၀ ရက် နေပေးမလား" လျောင်က ဆိုသည်။
"စီနီယာ အစ်ကိုလျောင်၊ အဲဒါတွေကို နောက်မှ ပြောလို့ ရတာပဲ။ တစ်ခုခု မေ့နေပြီ မဟုတ်လား။ ဒီလူတွေကို သတ်ပြီးမှ သွားကြစို့။ တခြားသူတွေ ကျုပ်တို့ကို စောင့်နေကြလိမ့်မယ်" ပဉ္စမမြောက် မျက်နှာဖုံးစွပ်က ဆိုသည်။ သူသည်လည်း ယောကျ်ားလေး တစ်ဦးဖြစ်သည်။
"ဟူး... စီနီယာ အစ်ကို ရှောင်လီ၊ အစ်ကိုက ဘာလို့ သူ့ကို အခုထိ မသတ်သေးတာလဲ။ ကဲပါ... အစ်ကိုက ဒီလို ပျင်းစရာကောင်းတဲ့ အလုပ်တွေကို ကျုပ်ဆီပဲ အမြဲပုံချတာပဲ။ ကောင်းပြီ... ကျုပ် မြန်မြန် လုပ်လိုက်ပါ့မယ်" လျောင်က ပြောရင်း အစောင့်တပ်မှူးဘက်သို့ လှည့်လိုက်သည်။
"ငါ့ရဲ့ လှပတဲ့ ညီမငယ်လေးတွေနဲ့ လောင်းကြေးထပ်ဖို့ အမြန်သွားချင်နေပြီမို့ မင်း သေလိုက်တော့" လျောင်က ဆိုကာ သူ၏ ညာဘက်လက်ဖဝါးကို အစောင့်တပ်မှူးဆီသို့ ချိန်လိုက်သည်။ "ပြာဖြစ်သွားစမ်း"
သူ၏ လက်ဖဝါးရှေ့တွင် မီးလုံးတစ်လုံး ပေါ်လာပြီး အစောင့်တပ်မှူး မတုံ့ပြန်နိုင်မီမှာပင် တိုက်ခိုက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ စတင်လောင်ကျွမ်းပြီး ဘယ်လိုပဲ ငြှိမ်းသတ်ပါစေ မီးက မငြိမ်းပေ။
လမ်းမပေါ်ရှိ လူတိုင်းမှာ သူ၏ ကြောက်မက်ဖွယ် အော်ဟစ်သံများကို ကြားနေရသည်။ အစောင့်တပ်မှူးကို အလွန်လွယ်ကူစွာ သတ်လိုက်ပုံကို မြင်တွေ့ရသောအခါ လူတိုင်း တုန်လှုပ်ကုန်ကြသည်။ ပြည်သူများ၏ အမြင်တွင် တပ်မှူးမှာ အစွမ်းထက်သူ ဖြစ်သော်လည်း ဤသူများ၏ အမြင်တွင်မူ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အလွယ်တကူ အသတ်ခံလိုက်ရခြင်း ဖြစ်သည်။
"မင်းတို့ အကုန်လုံးကရော ဘာလာလုပ်တာလဲ။ သေချင်လို့လား။ ထွက်သွားကြစမ်း" လျောင်က ကျန်ရှိသော အစောင့်များကို အော်ပြောလိုက်သည်။ အစောင့်များမှာ ထွက်ပြေးချင်သော်လည်း ဤမြို့ကို ကာကွယ်ရန် တာဝန်ရှိသူများ ဖြစ်သဖြင့် မပြေးရဲကြပေ။ အကယ်၍ ထွက်ပြေးပါက သူတို့နှင့်အတူ မိသားစုများပါ အသတ်ခံရမည် ဖြစ်သည်။
"ရ... ရပ်လိုက်၊ သခင်လေး ရုရှန် မကြာခင် ရောက်လာတော့မယ်။ မင်းတို့ မရပ်ရင် သူ မင်းတို့ကို သတ်လိမ့်မယ်" အစောင့်တစ်ဦးက သတ္တိမွေးကာ ပြောလိုက်သည်။
"မင်းလည်း သေချင်နေတာပဲ။ မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးပါ့မယ်" လျောင်က ပြုံးလျက် ဆိုကာ သူ၏ လက်ကို ထပ်မံ မြှောက်လိုက်သည်။ သို့သော် သူ မတိုက်ခိုက်မီမှာပင် အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်သည်။ ရထားလုံး နှစ်စီး သူတို့ဆီသို့ လာနေသည်ကို မြင်လိုက်ရသည်။
"ဟင်... ပွဲကို လူတွေ ပိုရောက်လာကြပြီပဲ။ ငါတို့တော့ နောက်ကျတော့မယ် ထင်တယ်" လျောင်က ဆိုသည်။
ရထားလုံးမှာ သူတို့ရှေ့တွင် ရပ်တန့်သွားပြီး လူငယ် ၆ ဦး ထွက်လာခဲ့သည်။
"ဟင်... အစွမ်းထက်ဓားဂိုဏ်းလား။ မင်းတို့က ဒီအစောင့်တွေကို ငါတို့နောက် လိုက်ခိုင်းတာလား" ပထမဆုံး မျက်နှာဖုံးစွပ် ရှောင်လီက ရုရှန်ကို သူ၏ နက်မှောင်သော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။
"အဲဒီတံဆိပ်တွေ... မင်းတို့က စုံတွဲကျင့်စဉ်ဂိုဏ်းကလား" ရုရှန်သည် ရှောင်လီ၏ ရင်ဘတ်ပေါ်ရှိ ကျင့်စဉ်ခုတုံး ပုံသဏ္ဌာန် တံဆိပ်ကို မြင်သောအခါ မေးလိုက်သည်။
"ဟုတ်တယ်။ ငါ မမှားဘူးဆိုရင် မင်းက ရုရှန် ဖြစ်ရမယ်။ ငါတို့က ဘယ်သူလဲဆိုတာတောင် မသိဘဲ အစောင့်တွေကို လွှတ်လိုက်တာလား။ သူတို့က ငါတို့ကို တစ်ခုခု လုပ်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား။ မင်းတို့ အစွမ်းထက်ဓားဂိုဏ်းက ဘယ်သူ့ကိုမှ မျက်စိထဲ မထည့်တော့ဘူး ထင်တယ်။ တကယ်လို့ ဂိုဏ်းပေါ်မယ့်နေ့ မတိုင်ခင် တစ်ခုခု ဖြစ်ချင်တယ်ဆိုရင်တော့ မင်းတို့ကို ထာဝရ အိပ်ပျော်သွားအောင် လုပ်ပေးဖို့ ငါ စိတ်မရှိပါဘူး" ရှောင်လီက ဆိုသည်။
"ငါ့ရဲ့ ညီငယ်တွေကို သတ်ခဲ့တာ မင်းတို့လား" ရုရှန်က အလေးအနက် မေးလိုက်သည်။
"ဟဲဟဲဟဲ... အဲဒီအစောင့်က မင်းရဲ့ညီလား။ မင်းတို့ဂိုဏ်းက တော်တော် အမှိုက်ဆန်တာပဲ။ အခုခေတ်မှာ ဘယ်သူ့ကိုမဆို ရွေးနေတာကိုး" ရုရှန်၏ စကားကို ကြားသောအခါ လျောင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ပါးစပ်ပိတ်စမ်း" ရုရှန်က ဒေါသတကြီး ဟိန်းဟောက်ရင်း သူ၏ဓားကို ဝှေ့ယမ်းလိုက်သည်။ တောက်ပသော အလင်းတန်းတစ်တန်း သူ၏လှပသော ဓားမှ ထွက်ပေါ်လာပြီး လျောင်ဆီသို့ ပြေးဝင်သွားသည်။ ဤတိုက်ခိုက်မှုမှာ ထိမှန်ပါက လျောင်ကို သေစေနိုင်သော်လည်း တိုက်ခိုက်မှုမှာ ရပ်တန့်သွားသည်။
ရှောင်လီက သူ၏ဓားကို ထုတ်ယူကာ ပြန်လည် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ သူတို့၏ တိုက်ခိုက်မှုနှစ်ခုမှာ တစ်ခုနှင့်တစ်ခု ထိတွေ့ကာ ပျက်စီးသွားကြသည်။
"ရုရှန်၊ မင်း ဘာလို့ ငါ့ရဲ့ ညီငယ်ကို တိုက်ခိုက်တာလဲ။ မင်းနဲ့ အဆင့်တူတဲ့သူနဲ့ပဲ တိုက်သင့်တာပေါ့။ ငါ မင်းနဲ့ တိုက်ဖို့ ဝန်မလေးပါဘူး။ ငါတို့ဂိုဏ်း အချင်းချင်းကလည်း မင်းကို သတ်လိုက်လို့ ပျက်စီးသွားရမယ့် ဆက်ဆံရေးမျိုး မရှိပါဘူး" ရှောင်လီက ရုရှန်ကို စိုက်ကြည့်ကာ ဆိုသည်။
"ငါ့ကို အရင်ဖြေ။ ဒီနေ့ နေ့လယ်က ငါ့ညီတွေကို သတ်ခဲ့တာ မင်းတို့လား" ရုရှန်က ထပ်မံ မေးသည်။
"မင်းညီတွေကို သတ်ခဲ့တာ ငါတို့ မဟုတ်ဘူး။ ဒါပေမဲ့ မင်း ငါတို့ကို ဆက်ပြီး စိတ်အနှောင့်အယှက် ပေးနေမယ်ဆိုရင်တော့ မင်းကို သတ်မယ့်သူက ငါတို့ပဲ ဖြစ်လိမ့်မယ်။ ဒါကို ငါ့ရဲ့ နောက်ဆုံးသတိပေးချက်လို့ မှတ်ယူပြီး ထွက်သွားလိုက်ပါ။ အချင်းချင်း လုံးဝ ရန်သူဖြစ်ရမယ့် အချိန် မဟုတ်သေးဘူး" ရှောင်လီက ရုရှန်ကို ပြောလိုက်သည်။
"အစ်ကို... သူ့စကားကို မယုံနဲ့။ သူက လိမ်နေတာ သေချာတယ်။ အဲဒီလူရဲ့ ကိုယ်လုံးကိုယ်ပေါက်က ငါတို့ကို ပြောထားတဲ့အတိုင်းပဲ။ သူ့မှာ ဆံပင်အရှည် အနက်ရောင်လည်း ရှိတယ်။ သူဖြစ်တာ သေချာတယ်။ ငါတို့ ညီငယ်တွေအတွက် ကလဲ့စားချေဖို့ အချိန်တန်ပြီ" ရုရှန်၏ ဘေးတွင် ရပ်နေသော အစွမ်းထက်ဓားဂိုဏ်း၏ ဒုတိယခေါင်းဆောင် တုချန်က ပြောလိုက်သည်။
"ငါလည်း သူတို့ပဲလို့ ထင်ပါတယ်၊ ဒါပေမဲ့ သေချာတော့ မသိသေးဘူး။ ဝိညာဉ်စွမ်းအင်နဲ့ လက်နက်တွေ ဖန်တီးတဲ့ စွမ်းရည်က ဝိညာဉ်နက်ဂိုဏ်းရဲ့ စွမ်းရည်လေ" ရုရှန်က မျက်မှောင်ကြုတ်ကာ ဆိုသည်။
"သူတို့အားလုံးက မိစ္ဆာဂိုဏ်းတွေပဲလေ။ သူတို့က အချင်းချင်း နီးစပ်ကြတာပဲ။ ဝိညာဉ်နက်ဂိုဏ်းက သူတို့ရဲ့ စွမ်းရည်ကို စုံတွဲကျင့်စဉ်ဂိုဏ်းက တခြားစွမ်းရည်တစ်ခုနဲ့ လဲလှယ်ပြီး ဝေမျှပေးတာမျိုးက အံ့သြစရာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဒီကောင်တွေ အဲဒီစွမ်းရည်ကို ရနေတာပေါ့" တုချန်က ဆိုသည်။
"မှန်တယ်... အဲဒါဆိုရင်တော့ အရာအားလုံးက အဓိပ္ပာယ်ရှိသွားပြီ။ မျက်နှာဖုံးရော၊ စွမ်းရည်ရောပဲ" ရုရှန်က စဉ်းစားဟန်ဖြင့် ရေရွတ်လိုက်သည်။
"ကောင်းပြီ။ မင်းတို့က ငါတို့ညီအစ်ကိုနဲ့ ဟိုအစောင့်ကို သတ်တဲ့ ပြစ်မှု ကျူးလွန်ထားတယ်။ ငါကိုယ်တိုင် မင်းတို့ကို သတ်ချင်ပေမဲ့ မင်းတို့ရဲ့ အပြစ်ဒဏ်ကိုတော့ ငါတို့ရဲ့ အကြီးအကဲကပဲ ဆုံးဖြတ်ရမယ်။ မင်းတို့ ငါတို့နဲ့ လိုက်ခဲ့ရမယ်" ရုရှန်က အမိန့်ပေးလိုက်လေတော့သည်။