← Chapters

အခန်း (၃၇၁-၃၇၂)

Vol. 38 Ch. 371-372

အခန်း (၃၇၁-၃၇၂)

Vol. 38 Ch. 371-372

အခန်း (၃၇၁) သေတ္တာထဲကအရာ

​"ပြီးတော့ ငါအလိုမရှိဘဲနဲ့တော့ မင်းအသက်မသေဘဲ အဲဒီပိုးကောင်ကို ထုတ်လို့မရဘူး။ ဒါကြောင့် အော်ဖို့ မကြိုးစားပါနဲ့။ မင်းရဲ့အော်သံ တံခါးဝကိုတောင် မရောက်ခင်မှာပဲ အဲဒီကောင်လေးက မင်းကို သတ်ပစ်လိမ့်မယ်" လုံချန်းက ဆက်ပြောပြီးမှ သူမပါးစပ်ကို ပိတ်ထားသည့် လက်ကို ဖယ်လိုက်သည်။

​"နင် အသက်ရှင်နေသေးတာပဲ။ အဲဒီပိုးကောင်နဲ့ ငါ့ကို သတ်ချင်တာလား။ ရွမ်ကို သတ်ခဲ့တာလည်း နင်ပဲမလား" သူမက လုံချန်းကို စိုက်ကြည့်ရင်း မေးလိုက်သည်။

​"မှန်တယ်။ ငါပဲ" လုံချန်းက ပြန်ဖြေသည်။

​"နင် ဘယ်လိုများ အသက်ရှင်ကျန်ခဲ့တာလဲ။ ပြီးတော့ ငါ့ကို ဘာလို့ ဒီပိုးကောင်နဲ့ ထိန်းချုပ်ရတာလဲ။ သတ်ချင်ရင် တိုက်ရိုက်ပဲ သတ်လိုက်ပါလား" မုန့်က ဆိုသည်။ သူမ သတ္တိမွေးပြီး ပြောနေသော်လည်း အမှန်စင်စစ် ကြောက်ရွံ့နေသဖြင့် နှလုံးခုန်သံများ မြန်နေသည်။

​သူမ ကြောက်နေသော်လည်း လုံချန်းပြောသကဲ့သို့ ထိုပိုးကောင်ကို ထုတ်၍မရမှန်း သိသဖြင့် အဖြေများကိုသာ သိလိုစိတ်ပြင်းပြနေသည်။

​"မင်းကို ငါက ဘာလို့ သတ်ချင်ရမှာလဲ။ မင်းဆီက တစ်ခုတည်းသော အရာကိုပဲ ငါ လိုချင်တာပါ" လုံချန်းက ပြုံးလျက် ဆိုသည်။

​"နင် ငါနဲ့ အိပ်ချင်တာလား။ အဲဒါလား" သူမက လုံချန်းမျက်နှာကို စိုက်ကြည့်ကာ မေးလိုက်သည်။

​"ငါက ဟုတ်တယ်လို့ ပြောရင်ကော" လုံချန်းက သူမကို စိတ်ဝင်တစား ကြည့်ကာ မေးလိုက်သည်။

​မုန့်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူမ၏လက်ကို လှုပ်ရှားလိုက်သည်။ သူမ၏ အပေါ်အင်္ကျီကို ချွတ်လိုက်ပြီး သူမ၏ ဝင်းပလှပသော ရင်သားများကို ဖော်ပြလိုက်သည်။

​"နင် အလိုရှိသလို လုပ်နိုင်တယ်" သူမက ဆိုသည်။

​"မင်းမှာ အရှက်ဆိုတာ လုံးဝမရှိဘူးပဲ။ မင်းကို မိန်းမအဖြစ် သိမ်းပိုက်မယ့် လူကိုတောင် ငါ သနားမိတယ်။ ဒါနဲ့... မင်းက ရုပ်ရည်မဆိုးပါဘူး။ ငါတို့ကို သေတွင်းထဲတွန်းပို့ဖို့ မကြိုးစားခင်ကဆိုရင်တော့ မင်းနဲ့ အချိန်ဖြုန်းရတာကို ငါ သဘောကျမိမှာပဲ။ ဒါပေမဲ့ မင်းရဲ့ တကယ့်မျက်နှာဖုံးကို သိသွားတဲ့နောက်မှာတော့ ငါက မင်းနဲ့ အိပ်ချင်စိတ် ရှိလိမ့်မယ်လို့ တကယ်ပဲ ထင်နေတာလား" လုံချန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

​လုံချန်း၏ စကားကြောင့် မုန့်၏ မာနမှာ ထိခိုက်သွားရသည်။ သူမကဲ့သို့ ချောမောလှပသူကို လုံချန်း မသတ်ခြင်းမှာ သူမနှင့် တစ်ညတာ ကုန်ဆုံးလို၍ ဖြစ်မည်ဟု တွေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် နှလုံးစားပိုးကောင်ကို သုံးသည်ဟု ထင်ခဲ့ခြင်းဖြစ်သော်လည်း ယခုကဲ့သို့ ငြင်းပယ်ခံရမှုက သူမကို အထင်သေးခံရသလို ခံစားရစေသည်။ သူမသည် ရင်သားများကို ပြန်မဖုံးဘဲ ထိုအတိုင်းပင် လုံချန်းရှေ့၌ ထိုင်နေလိုက်သည်။

​"ဒါဆို နင် ဘာလိုချင်တာလဲ"

​"ဘာမှ အများကြီးမဟုတ်ပါဘူး။ ငါ့အတွက် တစ်ခုခု လုပ်ပေးစေချင်တာပါ။ မနက်ဖြန် မင်းရဲ့ မင်္ဂလာဆောင် မဟုတ်လား" လုံချန်းက အနည်းငယ် ပြုံးကာ မေးသည်။

​"ဟုတ်တယ်။ အဲဒါ ဘာဖြစ်လို့လဲ"

​"ငါ့မှာ သူငယ်ချင်းတစ်ယောက် ရှိတယ်။ သူ့နာမည်က မန်ရှန်းလီတဲ့။ သူ မနက်ဖြန် မင်္ဂလာဆောင်မတိုင်ခင် ဒီကို လာလိမ့်မယ်။ မင်းလုပ်ရမှာက သူပြောသမျှကို သဘောတူရုံပဲ။ မင်းက သရုပ်ဆောင်ကောင်းတဲ့သူဆိုတော့ ဒါကို လုပ်နိုင်မှာပါ။ တကယ်လို့ မင်း သေချာမလုပ်ဘူးဆိုရင် ဒါမှမဟုတ် မင်းရဲ့ လုပ်ရပ်က ဟန်ဆောင်နေတာမှန်း တစ်ယောက်ယောက်က သိသွားရင် အဲဒီ နှလုံးသားစားပိုးကောင်က မင်းကို သတ်လိမ့်မယ်။ ဪ... ဒါတွေကို တစ်ယောက်ယောက်ကို ပြောပြရင်လည်း မင်း သေမှာပဲ" လုံချန်းက ရှင်းပြသည်။

​"ငါ အဲဒါကို လုပ်ရင် ငါ့ကိုယ်ထဲက ပိုးကောင်ကို ထုတ်ပေးမှာလား"

​"အေးပေါ့။ ကိစ္စတွေ ပြီးသွားရင် ပိုးကောင်ကို ငါ ပြန်ယူသွားမယ်။ ပြီးရင် မင်းကို နောက်ထပ် ဘယ်တော့မှ ဒုက္ခမပေးဘူး။ သတ်ဖို့လည်း စိတ်ကူးမှာ မဟုတ်ဘူး" လုံချန်းက အလေးအနက် ဆိုသည်။

​"ကောင်းပြီ။ ငါ လုပ်မယ်" သူမ ခေါင်းငြိမ့်လိုက်သည်။

​"အဲဒါမှပေါ့။ ဒါနဲ့ နောက်မေးခွန်းတစ်ခု... ငါတို့ကို သေအောင် သတ်ပြီး မင်းယူသွားတဲ့ သေတ္တာအသေးလေးထဲမှာ ဘာရှိတာလဲ"

​"အဲဒီထဲမှာ ဘာမှမရှိဘူး။ အခွံပဲ။ ငါရထားတဲ့ သတင်းအရဆိုရင် အဲဒီထဲမှာ ပုံရိပ်ယောင် နိယာမကို နားလည်စေဖို့ အထောက်အကူပြုတဲ့ ထူးခြားတဲ့ ခရစ်စတယ်ရှိရမှာ။ ဒါပေမဲ့ ဂုဏ်ကျက်သရေ ပွင့်လန်းခြင်းဂိုဏ်းမှာ သေတ္တာကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ ဘာမှမရှိတာ တွေ့လိုက်ရတယ်။ အဲဒါကြောင့် ငါ စိတ်ပျက်ပြီး အဲဒီဂိုဏ်းကနေ ချက်ချင်း ထွက်လာခဲ့တာ" သူမက ဖြေသည်။

​'ငါ့အထင် မှန်တာပဲ။ သေတ္တာက တကယ်ကို ဗလာဖြစ်နေတာပဲ။ သူမစကားအရဆိုရင် နိယာမ ရတနာလုံးက အဲဒီထဲမှာ ရှိရမှာ။ ဒါပေမဲ့ ငါတို့ထက် အရင် တစ်ယောက်ယောက်က အဲဒီလိုဏ်ဂူကို ရှာတွေ့ပြီး ယူသွားတာ ဖြစ်ရမယ်။ အဲဒီလူက ငါတည်းခိုခဲ့တဲ့ အိမ်ကြီးမှာ နေခဲ့တဲ့သူ ဖြစ်ရမယ်။ အဲဒါကြောင့် နိယာမ ရတနာလုံးကို ငါ အဲဒီမှာ ရှာတွေ့ခဲ့တာပဲ' လုံချန်းက အချက်အလက်များကို ဆက်စပ်တွေးတောလိုက်သည်။

​"ဗလာဖြစ်နေတဲ့ သေတ္တာတစ်လုံးကြောင့် ငါတို့ကို သေတွင်းထဲ တွန်းပို့ခဲ့တယ်ဆိုတာ ကြားရတာ တော်တော် ထူးဆန်းတာပဲ။ မင်းရဲ့ စီနီယာအစ်ကို ရွမ်လည်း အဲဒီ သေတ္တာအလွတ်ကြောင့်ပဲ သေခဲ့ရတာပေါ့" လုံချန်းက ရယ်မောရင်း ဆိုသည်။

​"ဪ... နောက်တစ်ခု။ လင်းက မင်းတို့အစီအစဉ်မှာ ပါသလား။ မင်းတို့ ငါတို့ကို သတ်ချင်နေတာ သူမ သိသလား"

​"မသိဘူး။ သူမကို ငါတို့ မပြောပြခဲ့ဘူး။ လင်းက အူကြောင်ကြောင်နိုင်တော့ သူမကနေတစ်ဆင့် ပေါက်ကြားသွားနိုင်တဲ့ အခြေအနေ ရှိတယ်။ ပြီးတော့ တစ်ယောက်ယောက်ကို သတ်ဖို့ ကိစ္စမှာ သူ့ကို ပါဝင်ပတ်သက်စေဖို့ မလိုဘူးလေ" မုန့်က ဖြေသည်။

​"အင်း... သူမက တကယ်ကို အူကြောင်ကြောင်ပါပဲ။ ငါမမှားဘူးဆိုရင် သူ့ကို စေ့စပ်ပွဲ ဖျက်ခိုင်းတဲ့သူကလည်း မင်းပဲ မဟုတ်လား"

​"သူက နင်ကို အဲဒီလို ပြောပြတာလား။ ဟုတ်ပါတယ်။ စေ့စပ်ပွဲ ဖျက်ဖို့ သူ့ကို ငါပဲ တိုက်တွန်းခဲ့တာ။ သူက တစ်ခါမှ မတွေ့ဖူးတဲ့သူနဲ့ လက်ထပ်ရမှာကို အမြဲတမ်း စိတ်ဓာတ်ကျနေတာလေ။ သူက အင်ပါယာကြီးရဲ့ အကောင်းဆုံးဂိုဏ်းက ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး ဟိုလူက ဒုတိယတန်းစား နိုင်ငံငယ်လေးက ဆင်းရဲတဲ့ ကောင်လေးတစ်ယောက် ဖြစ်နေတာကိုး"

​"သူကိုယ်တိုင်ကလည်း ဖျက်ချင်နေတာ။ ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ သတ္တိမရှိဘူး။ ငါက သူ့ကို သတ္တိရှိလာအောင် နည်းနည်း တွန်းအားပေးလိုက်ရုံပါပဲ" မုန့်က ဆက်ပြောသည်။

​"အဲဒီအတွက်တော့ ငါ မင်းကို ကျေးဇူးတင်ရမယ် ထင်တယ်" လုံချန်းက ရယ်မောရင်း မတ်တတ်ရပ်လိုက်သည်။ မုန့်ကမူ လုံချန်းက သူမကို ဘာကြောင့် ကျေးဇူးတင်သည်ကို နားမလည်သဖြင့် ဇဝေဇဝါ ဖြစ်နေသည်။

​"ကဲ... ငါ သွားပြီ။ မမေ့နဲ့ဦး။ မနက်ဖြန်... မန်ရှန်းလီ"

​"ဪ... ခုနကတော့ ကြည့်ကောင်းပါတယ်။ ဒါပေမဲ့ အခုတော့ ရင်ဘတ်ကို ပြန်ဖုံးထားလို့ ရပါပြီ" လုံချန်းက ပြောပြီး အခန်းထဲမှ ထွက်လာခဲ့သည်။

​သူသည် အရိပ်အသွင်ပြောင်းခြင်းကို ပြန်သုံး၍ နန်းတော်မှ ထွက်ခွာလာခဲ့သည်။

​"မနက်ဖြန်တော့ ပျော်စရာကြီးပဲ" လုံချန်းက ရေရွတ်ရင်း သူနှင့် မန်ရှန်းလီတို့ အခန်းငှားထားသည့် တည်းခိုခန်းသို့ ပြန်လာခဲ့သည်။

​ညဉ့်ဦးယံ ၂ နာရီခန့်တွင် သူ၏အခန်းထဲသို့ ဝင်ကာ ကုတင်ပေါ်သို့ လှဲချလိုက်ပြီး ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။

​မနက် ၇ နာရီခန့်တွင် တံခါးကို အပြင်းအထန် ခေါက်သံကြောင့် သူ နိုးလာခဲ့သည်။ တံခါးဖွင့်လိုက်ရာ မန်ရှန်းလီကို တွေ့လိုက်ရသည်။

​"အကုန်လုံး ပြင်ဆင်ပြီးပြီလား" မန်ရှန်းလီက မေးသည်။

​"အေး... အားလုံး အဆင်သင့်ပဲ။ အခု ဟိုကို သွားဖို့ပဲ ကျန်တော့တယ်" လုံချန်းက ပြန်ဖြေသည်။

​"ကောင်းလိုက်တာ။ သွားကြစို့။ သူတို့မျက်နှာတွေကို မြင်ရဖို့ မစောင့်နိုင်တော့ဘူး" မန်ရှန်းလီက စိတ်လှုပ်ရှားစွာ ဆိုသည်။

​"မလောပါနဲ့ဦး။ မင်္ဂလာအခမ်းအနားက နေ့လယ် ၁၂ နာရီမှ စမှာ။ ၅ နာရီလောက် လိုသေးတယ်။ မင်းအခန်းမှာ ခဏ ထပ်စောင့်ဦး။ သွားရမယ့်အချိန်ကျရင် ငါ လာခေါ်မယ်"

​"ကောင်းပြီ။ မြန်မြန်လုပ်နော် ဟုတ်ပြီလား" မန်ရှန်းလီက ပြောပြီး သူ၏အခန်းသို့ ပြန်သွားသည်။

​လုံချန်းသည် တံခါးကို ပြန်ပိတ်လိုက်သည်။ "ဒီကောင်ကတော့ တကယ်ကို စိတ်လှုပ်ရှားနေတာပဲ။ ကလေးတစ်ယောက်ကျနေတာပဲ" လုံချန်းက ပြုံးလျက် ရေရွတ်လိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်ခဲ့သည်။

​ရေချိုးပြီးနောက် လုံချန်းသည် ဆံပင်များကို တဘက်ဖြင့် သုတ်ကာ အဝတ်အစားများ ဝတ်ဆင်လိုက်သည်။ ထို့နောက် ကုတင်ပေါ်တွင် တရားထိုင်သည့် ပုံစံဖြင့် ထိုင်ကာ ကျင့်ကြံနေလိုက်သည်။

​မနက် ၁၁ နာရီခန့်အထိ ကျင့်ကြံပြီးနောက် မင်္ဂလာပွဲ စတင်ရန် ၁ နာရီသာ လိုတော့သည်။ သူသည် အခန်းထဲမှ ထွက်ကာ မန်ရှန်းလီ၏ တံခါးကို ခေါက်လိုက်သည်။

​"အချိန်တန်ပြီပေါ့" မန်ရှန်းလီက ပြုံးရွှင်စွာဖြင့် တံခါးဖွင့်ပေးလိုက်လေတော့သည်။

အခန်း (၃၇၂) သူတို့ကို ထွက်လာခိုင်းလိုက်

​လုံချန်းနှင့် မန်ရှန်းလီတို့သည် တည်းခိုခန်းမှထွက်ကာ တော်ဝင်နန်းတော်သို့ ဦးတည်လျှောက်လှမ်းလာကြသည်။ လမ်းတလျှောက်တွင် နန်းတော်ဆီသို့ ဦးတည်သွားနေကြသော လူအုပ်ကြီးကိုလည်း တွေ့မြင်နေရသည်။

​"ငါတို့ မျက်နှာဖုံးစွပ်ဖို့ မလိုဘူးလား" မန်ရှန်းလီက မေးသည်။

​"မလိုပါဘူး။ ငါတို့ ဘယ်သူဘယ်ဝါဆိုတာ သူတို့ကို သိစေချင်တယ်။ ပြီးတော့ သူတို့က ငါတို့ သူငယ်ချင်းတွေမှ မဟုတ်တာ။ နတ်ကောင်းကင်ဘုံဂိုဏ်း ရောက်ရင်လည်း သူတို့နဲ့ တိုက်ကြရမှာပဲဆိုတော့ အခုကတည်းက ရင်းနှီးအောင် ဟန်ဆောင်နေလို့လည်း ဘာမှ ထူးခြားမှာမဟုတ်ဘူး" လုံချန်းက ပြန်ဖြေသည်။

​"နောက်ပြီး ငါ့မျက်နှာကို မြင်လိုက်ရတဲ့အချိန်မှာ တစ်စုံတစ်ယောက်ရဲ့ မျက်နှာအမူအရာ ဘယ်လိုဖြစ်သွားမလဲဆိုတာကိုလည်း ငါ မြင်ချင်သေးတယ်။ အဲဒီလူ ဒီမှာ ရှိနေဖို့တော့ မျှော်လင့်ရတာပဲ" လုံချန်းက ရယ်မောရင်း ဆိုသည်။

​မြောက်ပိုင်းလအင်ပါယာ၏ တော်ဝင်နန်းတော်မှာ ဤထူးခြားသော အခမ်းအနားအတွက် ခမ်းနားစွာ ပြင်ဆင်မွမ်းမံထားသည်။ ခန်းမဆောင်ကြီးအတွင်း၌ မုန့်နှင့် ရုရှန်တို့ ထိုင်ရန် အထူးစင်မြင့်တစ်စင်ကို ပြင်ဆင်ထားပြီး ဧည့်သည်တော်များအတွက်လည်း နေရာများစွာ စီစဉ်ထားသည်။

​တော်ဝင်မင်္ဂလာပွဲ ဖြစ်သော်လည်း လူတိုင်းကို အထဲသို့ ဖိတ်ကြားထားခြင်း မဟုတ်ပေ။ ထိပ်တန်းဂိုဏ်းကြီးများမှ ဧည့်သည်တော်များ၊ အရေးပါသော ဝန်ကြီးများနှင့် စစ်သူကြီးများကိုသာ တက်ရောက်ခွင့်ပြုထားခြင်း ဖြစ်သည်။

​လူအုပ်ကြီးမှာမူ နန်းတော်အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည်။ မင်္ဂလာအခမ်းအနား ပြီးဆုံးသည်နှင့် အောင်ပွဲအထိမ်းအမှတ်အဖြစ် တစ်ဦးလျှင် ကြေးပြားတစ်ပြားစီ ပေးကမ်းမည်ဖြစ်ပြီး ကံကောင်းသူအချို့မှာ ငွေပြားများပင် ရရှိနိုင်သည်ဟု သတင်းထုတ်ပြန်ထားသည်။ နန်းတော်အပြင်ဘက်တွင် လူထောင်ပေါင်းများစွာ ရှိနေသော်လည်း တော်ဝင်အစောင့်များက စနစ်တကျ ထိန်းသိမ်းထားသဖြင့် ဧည့်သည်တော်များ ဝင်ထွက်သွားလာရာတွင် အနှောင့်အယှက် မရှိပေ။

​ထိုစဉ် မိုးပျံ သားရဲ ၁၁ ကောင်မှာ နန်းတော်ရှေ့သို့ ရုတ်တရက် ဆင်းသက်လာသည်။ အကြီးအကဲကု၊ ကျိချွမ်းနှင့် သားရဲခန်းမမှ တပည့်များ ဆင်းသက်လာကာ နန်းတော်အတွင်းသို့ ဝင်ရောက်သွားကြသည်။ မကြာမီမှာပင် အခြား အဖြူရောင်ဂိုဏ်းကြီးတစ်ဂိုဏ်းမှ တပည့်များလည်း ထပ်မံရောက်ရှိလာကြသည်။

​ယခုအခါ နန်းတော်အတွင်း၌ ထိပ်တန်း အဖြူရောင်ဂိုဏ်းကြီး ၅ ဂိုဏ်းဖြစ်သော အစွမ်းထက်ဓားဂိုဏ်း၊ သားရဲခန်းမ၊ ဗုဒ္ဓကျောင်းတော်၊ နိဗ္ဗာန်ဂိုဏ်း နှင့် လေလိုက်ဂိုဏ်းတို့မှ လူများ စုံလင်စွာ ရောက်ရှိနေပြီ ဖြစ်သည်။

​"ဒီကောင်တွေကတော့ တကယ်ကို ကြွားချင်နေတာပဲ" လေလိုက်ဂိုဏ်းမှ လူများ သားရဲများကို စီးနင်းကာ နန်းတော်သို့ ပျံသန်းဝင်ရောက်သွားသည်ကို မြင်သောအခါ မန်ရှန်းလီက မှတ်ချက်ပေးလိုက်သည်။

​"ငါတို့လည်း အဲဒီလိုပဲ ကြွားကြမလား" သူက လုံချန်းကို မေးသည်။

​"အဲဒါ အစီအစဉ်ပဲလေ။ ငါတို့က မိစ္ဆာဂိုဏ်းတွေရဲ့ သံတမန်အနေနဲ့ သွားမှာပဲဥစ္စာ" လုံချန်းက ပြောရင်း သူ၏ သားရဲအိတ်ထဲမှ အတောင်ပံပါ ခြင်္သေ့ကို ထုတ်လိုက်သည်။

​"ဟားဟား... မင်း အဲဒီလိုပြောမှာကို ငါ စောင့်နေတာ။ ဘုရင်တွေလို ဝင်သွားရတာက ပိုပြီး ခန့်ညားတာပေါ့" မန်ရှန်းလီက သူ၏ သားရဲအိတ်ကို ပုတ်လိုက်ရာ အတောင်ပံ ၄ ခုပါ လင်းယုန် တစ်ကောင် ထွက်လာပြီး သူ့ရှေ့၌ ဆင်းသက်သည်။

​"အတောင်ပံ ၄ ခုပါ လင်းယုန်လား။ ဒါ တော်တော် ရှားပါးတဲ့ သားရဲပဲ။ အမြန်နှုန်း တော်တော်ကောင်းတယ်လို့ ကြားဖူးတယ်"

​"ဟုတ်တယ်။ ဝိညာဉ်နက်ဂိုဏ်းက အတောင်ပံပါခြင်္သေ့တွေထက်တောင် နည်းနည်းလောက် ပိုမြန်သေးတယ်။ ဒါပေမဲ့ တိုက်ခိုက်ရေးစွမ်းရည်မှာတော့ မင်းရဲ့ အတောင်ပံပါခြင်္သေ့က ပိုပြီး အထောက်အကူပြုမှာပါ" မန်ရှန်းလီက ပြန်ဖြေရင်း သူ၏ သားရဲပေါ်သို့ တက်လိုက်သည်။

​လုံချန်းသည်လည်း အတောင်ပံပါခြင်္သေ့ပေါ်သို့ တက်လိုက်ပြီး သားရဲနှစ်ကောင်လုံး ကောင်းကင်သို့ ပျံတက်သွားကြသည်။

​"ကဲ... ကောင်လေး၊ ငါတို့ ရောက်ပြီဆိုတာ သူတို့ကို သိအောင် လုပ်လိုက်စမ်း" လုံချန်း၏ အမိန့်ပေးမှုအောက်တွင် အတောင်ပံပါခြင်္သေ့မှာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်တော့သည်။ ထိုပြင်းထန်သော ဟိန်းဟောက်သံက လူအုပ်ကြီးနှင့် အစောင့်များ၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။

​လူတိုင်း ကောင်းကင်သို့ မော့ကြည့်လိုက်ကြရာ သားရဲကြီးနှစ်ကောင် နန်းတော်ရှေ့သို့ ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။ လုံချန်းနှင့် မန်ရှန်းလီတို့ သားရဲပေါ်မှ ဆင်းလိုက်ကြသည်။

​"သခင်လေးတို့... ဘယ်ဂိုဏ်းက လာတာလဲဆိုတာ သိပါရစေ" အစောင့်ခေါင်းဆောင်က ရှေ့သို့တိုးကာ မေးမြန်းသည်။

​"ပါးစပ်ပိတ်ထားစမ်း။ ငါတို့က ဖိတ်ကြားခြင်း မခံရဘဲ မင်္ဂလာပွဲလာမယ့်သူတွေလို့ မင်း ထင်နေတာလား။ ဒါမှမဟုတ် ဒါက ငါတို့ဂိုဏ်းကို စော်ကားဖို့ အစွမ်းထက်ဓားဂိုဏ်းက ကြံစည်ထားတဲ့ အစီအစဉ်လား။ သူတို့ကို ထွက်လာခိုင်းလိုက်။ အခုချက်ချင်း အဖြေပေးရမယ်" မန်ရှန်းလီက အစောင့်ကို စိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။ သူသည် သူ၏ အရှိန်အဝါကိုပါ ထုတ်လွှတ်လိုက်ရာ အစောင့်များမှာ ကြောက်ရွံ့တုန်လှုပ်ကုန်ကြသည်။

​"အာ... တ... တောင်းပန်ပါတယ် သခင်လေး။ ကျွန်တော် အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး အထဲကို ကြွပါ" အစောင့်ခေါင်းဆောင်က သူတို့ကို အမြန်ပင် လမ်းဖယ်ပေးလိုက်သည်။

​"ဟွန်း" မန်ရှန်းလီက နှာခေါင်းရှုံ့ကာ လုံချန်းနှင့်အတူ နန်းတော်အတွင်းသို့ ဝင်ခဲ့သည်။ အစေခံ တစ်ဦးက သူတို့ကို ပင်မခန်းမဆောင်သို့ လမ်းပြခေါ်ဆောင်သွားသည်။

​ပင်မခန်းမဆောင်အတွင်း၌ ဧကရာဇ်မှာ မုန့်နှင့် ရုရှန်တို့၏ ဘေးတွင် ရပ်နေကာ တက်ရောက်လာကြသော ဧည့်သည်တော်များကို ကျေးဇူးတင်စကား ပြောကြားနေသည်။

​"ကျွန်တော့်သမီးတော် မုန့်နဲ့ မိတ်ဆွေလေး ရုရှန်တို့ ဒီနေ့ လက်ထပ်ကြတော့မှာ ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး သူတို့ကို ကောင်းချီးပေးကြပါ။ မုန့်၊ ရုရှန်... စကြရအောင်" ဧကရာဇ်က ဆိုသည်။

​အစေခံတစ်ဦးသည် လင်ဗန်းတစ်ချပ်ကို ကိုင်ကာ ရှေ့သို့ ထွက်လာသည်။ လင်ဗန်းပေါ်တွင် အပြာရောင် အရည်များပါသော ဇလုံနှစ်လုံး ရှိနေသည်။ ထိုအရည်ကို ထာဝရပေါင်းစည်းခြင်း စွပ်ပြုတ်ဟု ခေါ်ဆိုကြပြီး လက်ထပ်ခြင်းမှတစ်ဆင့် လူနှစ်ဦး၏ ကမ္မကြိုးများကို ချည်နှောင်ပေးသည့် ကောင်းကင်ဘုံမှ လက်ဆောင်ဟု ယူဆကြသည်။ မင်္ဂလာမောင်နှံနှစ်ဦးက တစ်ဦးကိုတစ်ဦး တစ်ပြိုင်နက်တည်း ခွံ့ကျွေးမှသာ မင်္ဂလာပွဲက ပြီးမြောက်ခြင်း ဖြစ်သည်။

​"မင်းတို့က ဒီကို ရတနာရှာဖို့ မဟုတ်ဘဲ မင်္ဂလာဆောင်ဖို့ လာကြတာလို့ ငါ လုံးဝ ထင်မထားခဲ့ဘူး" သားရဲခန်းမမှ အကြီးအကဲ ကုက အစွမ်းထက်ဓားဂိုဏ်းမှ အကြီးအကဲ ဆွီရုကို ပြောလိုက်သည်။

​"မူလကတော့ ဒီလို အစီအစဉ် မရှိပါဘူး။ ဒါပေမဲ့ မုန့်က အရမ်းကို သဘောကောင်းလွန်းလို့ ရုရှန်က သူမကို မြင်မြင်ချင်း ချစ်မိသွားပြီး လက်ထပ်ချင်တယ်လို့ ပြောလာတာ။ အဲဒါကြောင့် ရတနာရှာပုံတော် မထွက်ခင်မှာပဲ မင်္ဂလာပွဲကို အရင်ကျင်းပဖို့ ဆုံးဖြတ်လိုက်ရတာပါ" ဆွီရုက ပြန်ဖြေသည်။

​"ဆိုလိုတာက သူတို့က ဒီကို မလာခင်က အချင်းချင်း မသိကြဘူးပေါ့" လေလိုက်ဂိုဏ်းမှ အကြီးအကဲက အံ့သြစွာ မေးသည်။

​"ဟုတ်ပါတယ်။ တကယ်တော့ သူတို့ ပထမဆုံး စတွေ့ခဲ့တာ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကမှပါ။ ဒီလောက်မြန်မြန် ဖြစ်သွားတာကို ကျွန်မကိုယ်တိုင်တောင် မယုံနိုင်ပေမဲ့ သူတို့ ချစ်ကြိုက်သွားတာကိုတော့ ဝမ်းသာပါတယ်။ မုန့်က တကယ်ကို သဘောကောင်းပြီး ကြင်နာတတ်တဲ့ မိန်းကလေးပါ။ ရုရှန်က သူလို မိန်းကလေးမျိုးကို ရခဲ့တာ ကံကောင်းတာပဲ"

​"ဒါက တကယ့်ကို အံ့သြစရာပဲ" အကြီးအကဲ ကုက ခေါင်းညိတ်ကာ ဆိုသည်။ "ငါတို့ ကျိချွမ်းလည်း မကြာခင် လက်ထပ်ရမယ် ထင်တယ်။ သူလည်း သူ့ကို ဂဏာမငြိမ်ဖြစ်အောင် လုပ်နိုင်တဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့နေပြီ။ ဒီတာဝန်ပြီးလို့ တောက်ပသော နေအင်ပါယာကို ပြန်ရောက်ရင်တော့ ဘယ်လိုဆက်ဖြစ်မလဲ ကြည့်ရမှာပဲ"

​ဧည့်သည်တော်များ စကားပြောနေကြစဉ် ရုရှန်က ဇလုံကို မြှောက်လိုက်ပြီး မုန့်ကလည်း ထိုအတိုင်းပင် ပြုလုပ်လိုက်သည်။

​မုန့်သည် လုံချန်း သူမအတွက် ဘာတွေ ကြံစည်ထားသလဲဟု တွေးတောကာ တစ်ချိန်လုံး ကြောက်ရွံ့နေခဲ့သော်လည်း ယခုအချိန်အထိ သူ့ကိုရော သူပြောသောလူကိုရော မတွေ့ရသေးပေ။

​'သူ ငါ့ကို ခြောက်လှန့်နေတာပဲ ဖြစ်ရမယ်။ ဒီနေ့ သူ ဘာမှ လုပ်မှာမဟုတ်ဘူး။ ငါ လက်ထပ်ပြီးမှ ပိုးကောင်ကို သုံးပြီး ငါ့ကို ခြိမ်းခြောက်တာမျိုး၊ ဒါမှမဟုတ် အစွမ်းထက်ဓားဂိုဏ်းမှာ သူလျှိုလုပ်ခိုင်းတာမျိုး ဖြစ်လိမ့်မယ်။ ဒါမှမဟုတ် ငါ လက်ထပ်ပြီးမှ ငါနဲ့ အိပ်ပြီး ရုရှန်ကို အရှက်ခွဲချင်တာလည်း ဖြစ်နိုင်တာပဲ' သူမ တွေးနေမိသည်။

​"တစ်ခုခု ဖြစ်လို့လား၊ မုန့်" သူမ မျက်မှောင်ကြုတ်နေသည်ကို မြင်သောအခါ ရုရှန်က လှမ်းမေးလိုက်လေသည်။

All Chapters