← Chapters

အခန်း (၃၇၃-၃၇၄)

Vol. 38 Ch. 373-374

အခန်း (၃၇၃-၃၇၄)

Vol. 38 Ch. 373-374

အခန်း (၃၇၃) ငါ့ကို အကွက်ဆင်တာလား

​"ဪ... မဟုတ်ပါဘူး။ အားလုံး အဆင်ပြေပါတယ်" မုန့်က အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။

​"ကောင်းပြီ။ မင်္ဂလာပွဲအတွက် အကောင်းဆုံးအချိန်ကတော့ နောက် ၁၀ စက္ကန့်အတွင်းမှာပဲ။ ၈... ၇... ၆... ၅... ၄..." ဧကရာဇ်က ရေတွက်ပြောကြားနေသည်။

​မုန့်နှင့် ရုရှန် နှစ်ဦးလုံးမှာ အဆင်သင့်ဖြစ်နေကြပြီး ဇလုံကို တစ်ဖက်လူ၏ နှုတ်ခမ်းနားသို့ တေ့ကာ အချိန်ကောင်းကို စောင့်နေကြသည်။ ဘုရင်ကြီး၏ အမိန့်အတိုင်း တစ်ဦးကိုတစ်ဦး ခွံ့ကျွေးတော့မည့်ဆဲဆဲမှာပင် ခန်းမတံခါးကြီး ရုတ်တရက် ပွင့်သွားပြီး လူတစ်ယောက်၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။

​"နေဦး" မန်ရှန်းလီ၏ အော်ဟစ်သံက လူတိုင်းကို တုန်လှုပ်သွားစေသည်။

​ရုရှန်၊ မုန့်နှင့် တက်ရောက်လာသူအားလုံး ထိုလူရှိရာသို့ လှည့်ကြည့်လိုက်ကြသည်။

​"မင်းက ဘယ်သူလဲ။ ငါ့သမီးရဲ့ မင်္ဂလာပွဲကို ဘာလို့ လာနှောင့်ယှက်တာလဲ" ခန်းမထဲသို့ ဝင်လာသည့် လူငယ် ၃ ဦးကို ကြည့်ကာ ဧကရာဇ်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

​လူတိုင်း ဇဝေဇဝါ ဖြစ်နေသော်လည်း မုန့်ကတော့ ကြောက်လန့်နေသည်။ မန်ရှန်းလီ၏ ဘေးတွင် ရပ်နေသော လုံချန်းကို သူမ မှတ်မိလိုက်သည်။ ဒုတိယလူမှာ လုံချန်းပြောခဲ့သည့် မန်ရှန်းလီ ဖြစ်ရမည်ဟု သူမ ခန့်မှန်းလိုက်မိသည်။

​"သူက ခင်ဗျားကို ခြိမ်းခြောက်နေရုံနဲ့ ကျုပ်ချစ်သူကို တခြားတစ်ယောက်နဲ့ အတင်းအကျပ် ပေးစားရက်တယ်ပေါ့။ ခင်ဗျားမှာ သိက္ခာဆိုတာ မရှိဘူးလား" မန်ရှန်းလီက ဆိုလိုက်သည်။

​'ဘာလဲ...' မန်ရှန်းလီ၏ အရှက်မရှိသော စကားကို ကြားသောအခါ မုန်းမှာ သွေးအန်ချင်စိတ်ပင် ပေါက်သွားသည်။ တခြားဂိုဏ်းများမှ အကြီးအကဲများမှာလည်း အစွမ်းထက်ဓားဂိုဏ်းမှ အကြီးအကဲ ဆွီရုကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

​"တော်တော် ရဲတင်းတဲ့ စွပ်စွဲချက်ပဲ။ နင်က ဘယ်သူလဲ။ မိန်းကလေးတစ်ယောက်ကို အတင်းအကျပ် လက်ထပ်ခိုင်းတယ်ဆိုတဲ့ ဒီလို အောက်တန်းကျတဲ့ ကိစ္စမျိုးကို ငါတို့ဂိုဏ်းက လုပ်တယ်လို့ စွပ်စွဲရဲတယ်ပေါ့။ ငါ့ကို ကျေနပ်လောက်တဲ့ အဖြေမပေးနိုင်ရင် နင် ဒီကနေ အသက်ရှင်လျက် ပြန်ထွက်သွားရမှာ မဟုတ်ဘူး" အကြီးအကဲ ဆွီရုက မတ်တတ်ရပ်ကာ ကြုံးဝါးလိုက်သည်။

​"ခင်ဗျားတို့တွေက ဒီလိုအလုပ်မျိုးတွေ လုပ်ပြီးမှ ကိုယ့်ကိုယ်ကိုယ် အဖြူရောင်ဂိုဏ်းလို့ ခေါ်ရဲသေးတယ်ပေါ့။ လောကမှာ တခြားဂိုဏ်းတွေ မရှိတော့ဘူးလို့ ထင်နေတာလား။ ဒီနေ့ ကျုပ်ပဲ အဖြေတောင်းရမှာ" မန်ရှန်းလီက ခံစားချက်အပြည့်ဖြင့် ဟိန်းဟောက်ရင်း သူ၏ဓားကို ဆွဲထုတ်လိုက်သည်။

​လုံချန်းသည် မန်ရှန်းလီ၏ သရုပ်ဆောင်ကောင်းမှုကို စိတ်ထဲမှ ချီးကျူးနေမိသည်။ သူကိုယ်တိုင်သာ ဤအစီအစဉ်ကို မဆွဲခဲ့လျှင် မန်ရှန်းလီမှာ တကယ်ပင် မုန်း၏ ချစ်သူဖြစ်သည်ဟု ယုံမိပေလိမ့်မည်။

​အကြီးအကဲအချို့နှင့် တပည့်အချို့မှာ သူ၏ဓားပေါ်ရှိ အမှတ်အသားများကို သတိပြုမိသွားကြသည်။

​"စိတ်ဝင်စားစရာပဲ" ကျိချွမ်းက ထိုလူကို အကဲခတ်ရင်း ရေရွတ်လိုက်သည်။

​"ဓားပေါ်က အမှတ်အသားတွေလား။ မင်းက မိစ္ဆာ ကိုးကွယ်ခြင်းဂိုဏ်းကလား" အကြီးအကဲ ကုက အလေးအနက် မေးလိုက်သည်။

​မိစ္ဆာကိုးကွယ်ခြင်းဂိုဏ်းမှာ မိစ္ဆာဂိုဏ်းတစ်ဂိုဏ်း ဖြစ်သော်လည်း အစွမ်းအထက်ဆုံး ထိပ်တန်းဂိုဏ်းကြီးများထဲမှ တစ်ဂိုဏ်းလည်း ဖြစ်သည်။

​"ဪ... မိစ္ဆာကိုးကွယ်ခြင်းဂိုဏ်းကကိုး။ မိစ္ဆာဂိုဏ်းဆိုတဲ့အတိုင်းပဲ။ ငါတို့ရဲ့ ဂုဏ်သတင်းနဲ့ မင်္ဂလာပွဲကို ဖျက်ဆီးဖို့ နင့်ကို လွှတ်လိုက်တာပေါ့" ဆွီရုက မန်ရှန်းလီကို စိုက်ကြည့်ကာ ဆိုသည်။

​"ဟားဟားဟားဟား" မန်ရှန်းလီက ရယ်မောလိုက်သည်။ "ခင်ဗျားက ကျုပ်တို့ကို မိစ္ဆာဂိုဏ်းလို့ ခေါ်နေပေမဲ့ ကျုပ်အမြင်မှာတော့ ခင်ဗျားတို့ကမှ တကယ့်မိစ္ဆာဂိုဏ်းပဲ။ မချစ်တဲ့သူနဲ့ လက်ထပ်ဖို့ မိန်းကလေးတစ်ယောက်ကို ဘယ်လိုများ အတင်းအကျပ် လုပ်ရက်တာလဲ"

​"မင်း ရူးကြောင်ကြောင် စကားတွေ ပြောနေတာပဲ။ သူက ငါ့ကို ချစ်တယ်၊ ငါလည်း သူ့ကို ချစ်တယ်။ ငါတို့ သူ့ကို အတင်းအကျပ် လုပ်စရာ မလိုဘူး။ မင်း ဆက်ပြီး လျှောက်ပြောနေမယ်ဆိုရင် မင်းကို ငါ သတ်မယ်" ရုရှန်က အော်ဟစ်လိုက်သည်။

​"ဪ... ဟုတ်လား။ ဒါဆို အရာအားလုံးကို လူတိုင်းရှေ့မှာ ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ရအောင်၊ မုန့်လေး... မင်း သူ့ကို မချစ်ဘူး မဟုတ်လား" မန်ရှန်းလီက မုန့်ကို ကြင်နာသောအကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။

​မုန့်သည် ခြေထောက်များ တုန်ယင်နေသော်လည်း သူမ၏ နှလုံးသားထဲရှိ ပိုးကောင်ကိုလည်း ခံစားနေရသည်။ လုံချန်း ခိုင်းသည့်အတိုင်း မလုပ်လျှင် သူမ သေရမည်ဟု ထိုပိုးကောင်က သတိပေးနေသယောင် ရှိသည်။

​"ကျွန်မ... သူ့ကို မချစ်ဘူး" မုန့်၏ စကားကြောင့် ခန်းမထဲရှိ လူတိုင်း ဆွံ့အသွားကြသည်။ အံ့သြဆုံးသူများမှာ ရုရှန်၊ ဆွီရု၊ ဧကရာဇ်နှင့် အမှန်တရားကို သိထားသည့် ဂိုဏ်းတပည့်များ ဖြစ်ကြသည်။

​"ဒါဆို တကယ်ပေါ့။ အစွမ်းထက်ဓားဂိုဏ်းက အချိန်အတော်ကြာအောင် အဖြူရောင်ဂိုဏ်းလို ဟန်ဆောင်နေခဲ့တာ၊ အခုတော့ သူတို့ရဲ့ အမည်းစက်တွေ ပေါ်လာပြီပဲ" ဗုဒ္ဓကျောင်းတော်မှ အကြီးအကဲက ဆိုသည်။

​နိဗ္ဗာန်ဂိုဏ်းမှ အကြီးအကဲမှာလည်း ဆွီရုကို စိတ်ပျက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။

​"တွေ့တာ ၂ ရက်ပဲ ရှိသေးတဲ့သူတွေ ဒီလောက်မြန်မြန် လက်ထပ်ဖို့ ဆုံးဖြတ်ကြတာ ငါတောင် အံ့သြနေတာ။ မိန်းကလေးကို အတင်းအကျပ် လုပ်မှသာ ဒါက ဖြစ်နိုင်တာကိုး" လေလိုက်ဂိုဏ်း အကြီးအကဲက သက်ပြင်းချရင်း ဆိုသည်။

​"နင်... နင် လိမ်နေတာ။ ဒါ နင့်ရဲ့ အကွက်ပဲ" ဆွီရုက မန်ရှန်းလီကို စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။ သူမမှာ ဖြစ်ပျက်နေသည်ကို ယုံရခက်နေဆဲပင်။

​"ဪ... ကျုပ်က သူ့ရဲ့ချစ်သူဆိုတာ မယုံဘူးလား။ မုန့်... ငါတို့က ချစ်သူတွေ မဟုတ်လား။ ငါတို့ အတူတူ ညပေါင်းများစွာ အချိန်ကုန်ဆုံးခဲ့တာကို သူတို့ကို ပြောပြလိုက်စမ်းပါ။ ငါ မှတ်မိသလောက်ဆိုရင် ၁၀ ကြိမ်ထက်မနည်း ရှိနေပြီနော်" မန်ရှန်းလီက ဆိုသည်။

​'ဒီခွေးကောင်၊ ငါ့ကို အရှက်ခွဲဖို့ ဒါတွေအားလုံးကို ကြံစည်ထားတာပဲ။ ငါကလည်း အမှန်တရားကို ပြောလို့မရဘူး' မုန်းက စိတ်ထဲမှ ကျိန်ဆဲနေမိသည်။

​"ဟုတ်တယ်... ကျွန်မတို့က ချစ်သူတွေပါ။ ကျွန်မတို့ အတူတူ ညပေါင်းများစွာ ရှိခဲ့ဖူးတယ်။ ၁၀ ကြိမ်ထက်တောင် ပိုပါတယ်" မုန့်က ပြန်ဖြေလိုက်သည်။

​ထိုစကားကို ကြားသောအခါ ရုရှန်၏ မျက်နှာမှာ သွေးမရှိသလို ဖြူလျော်သွားသည်။

​"အဲဒီအကြီးအကဲနဲ့ ရုရှန်တို့က မင်းကို အတင်းအကျပ် လက်ထပ်ခိုင်းတာ မဟုတ်လား။ သူတို့ မင်းကို ခြိမ်းခြောက်ခဲ့ကြတာလား" မန်ရှန်းလီက ထပ်မေးသည်။

​"ဟုတ်တယ်... သူတို့ ငါ့ကို အတင်းအကျပ် လက်ထပ်ခိုင်းတာ။ သူတို့ ငါ့ကို အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့တယ်" မုန်းက ဖြေလိုက်သည်။

​'မင်္ဂလာဆောင်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး။ အစွမ်းထက်တဲ့လူနဲ့ လက်ထပ်ရမယ့် အခွင့်အရေးကောင်းကြီး ဆုံးရှုံးသွားပြီ။ ဒါတွေအားလုံး လုံချန်းကြောင့်ပဲ။ ငါ သူ့ကို သေချာပေါက် သတ်မယ်' မုန့်က ခေါင်းငုံ့ကာ ကြုံးဝါးနေမိသည်။

​"မင်း... ဖာသည်မ။ မင်း ငါ့ကို အကွက်ဆင်ရဲတယ်ပေါ့။ မင်းကို ငါ သတ်မယ်ကွ" ရုရှန်သည် ဒေါသကို မထိန်းနိုင်တော့ဘဲ သူ၏ဓားကို မြှောက်ကာ မုန့်၏ လည်ပင်းအား ပိုင်းချလိုက်လေတော့သည်။

​မုန့်သည် သေဆုံးသွားသည့်တိုင်အောင် ယုံနိုင်ပုံမရပေ။ သူမ၏ ခေါင်းနှင့် ကိုယ်ပြတ်မသွားမီ နောက်ဆုံး မြင်လိုက်ရသည့်အရာမှာ လုံချန်း၏ လှောင်ပြုံးတစ်ခုသာ ဖြစ်သည်။

​'တကယ့်ကို တရားမျှတတဲ့ အစီအစဉ်ပဲ။ မင်းက တခြားသူရဲ့လက်ကို သုံးပြီး ငါ့ကို သေတွင်းထဲ တွန်းပို့ခဲ့တယ်၊ အခုတော့ ငါက တခြားသူရဲ့လက်ကို သုံးပြီး မင်းကို သေတွင်းပို့လိုက်ပြီ။ မင်းက မင်းရဲ့စီနီယာအစ်ကိုကို သုံးခဲ့တယ်၊ ငါကတော့ မင်းရဲ့ အနာဂတ်ခင်ပွန်းလောင်းကို သုံးလိုက်တယ်။ ဒါနဲ့ဆို အရင်က ရန်ငြိုးတွေ အားလုံး ပြီးဆုံးသွားပြီပေါ့' လုံချန်းက မြေပြင်ပေါ်ရှိ မုန့်၏ အလောင်းကို ကြည့်ကာ တွေးလိုက်သည်။

​"မင်း... မင်း ငါ့သမီးကို သတ်လိုက်ပြီ" ဧကရာဇ်မှာ တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။ သူ ရုရှန်ကို သတ်ချင်သော်လည်း တိုက်ခိုက်ရန်ပင် မဝံ့ရဲပေ။ သူသည် အစွမ်းထက်ဓားဂိုဏ်း၏ အကြီးအကဲထက် ပိုသန်မာသော်လည်း ထိုဂိုဏ်းမှာ ပိုမို ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှု ဖြစ်သည်။ အကယ်၍ ထိုဂိုဏ်းက အကြီးအကဲတစ်ဦးကို လက်စားချေရန် လွှတ်လိုက်လျှင် သူ၏ အင်ပါယာတစ်ခုလုံး တစ်ညတည်းနှင့် ပျောက်ကွယ်သွားနိုင်ပေသည်။

​"ဆွီရု၊ အဲဒီမိန်းကလေး ပြောတာ မှန်နေတာပဲ။ မင်းတို့ အမှန်တရားကို ဖုံးကွယ်ဖို့ သူမကို သတ်လိုက်ကြပြီပေါ့" ဗုဒ္ဓကျောင်းတော် အကြီးအကဲက ဆိုသည်။

​"သူပြောခဲ့တာတွေအပြီးမှာ သံသယရှိစရာ မလိုတော့ပါဘူး။ ဒီလူတွေက တော်တော်ဆိုးတာပဲ။ သူတစ်ပါးရဲ့ ချစ်သူကို လုယူပြီး အတင်းအကျပ် လက်ထပ်ခိုင်းတယ်။ ဒါက တကယ့်ကို ရွံစရာကောင်းတယ်။ မင်းတို့ဆီက ဒီထက် ပိုကောင်းတာကို ငါ မျှော်လင့်ထားခဲ့တာ" နိဗ္ဗာန်ဂိုဏ်း အကြီးအကဲက သက်ပြင်းချကာ ဆိုသည်။

​"အစွမ်းထက်ဓားဂိုဏ်းက တရားမျှတမှု အရှိဆုံးဂိုဏ်းလို့ နာမည်ကြီးခဲ့ပေမဲ့ ဒီသတင်းသာ အပြင်မှာ ပျံ့သွားရင်တော့ အဲဒီဂုဏ်သတင်းက ချက်ချင်း ပျက်စီးသွားမှာပဲ" လေလိုက်ဂိုဏ်း အကြီးအကဲက ဆွီရုကို ကြည့်ကာ ဆိုသည်။

​ဆွီရုမှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းပူထူနေသည်။ ထိုအရာ အားလုံးက အလိမ်အညာများ ဖြစ်နေခြင်းက သူမကို ပိုပြီး စိတ်ပျက်စေသည်။ သူမ တတ်နိုင်လျှင် ဤနေရာတွင် ရှိနေသူ အားလုံးကို သတ်ပစ်ချင်သော်လည်း အကြီးအကဲ ၄ ဦးကို သတ်ရန် အင်အားမရှိသလို၊ ထိုသို့လုပ်လျှင်လည်း အခြေအနေက ပိုဆိုးသွားပေလိမ့်မည်။ လူများက သူမ၏ ပြစ်မှုအား ဖုံးကွယ်ရန် အားလုံးကို နှုတ်ပိတ်သည်ဟုသာ ဆိုကြပေလိမ့်မည်။

​"ရုရှန်၊ မင်း ငါ့ချစ်သူကို သတ်ခဲ့တယ်။ မင်းလည်ပင်းကို အဆင်သင့်ပြင်ထားလိုက်။ နောက်ရက်နည်းနည်းလောက်ကြာရင် ငါတို့ ပြန်တွေ့တဲ့အခါ မင်းကို ငါ သတ်မယ်။ ဒီနေ့တော့ မင်းရဲ့အကြီးအကဲ ရှိနေလို့ အသက်ချမ်းသာရာရတယ်လို့သာ မှတ်လိုက်" မန်ရှန်းလီက ဆိုကာ လူတိုင်း မှင်သက်နေစဉ်မှာပင် မုန့်၏ အလောင်းကို သွားကောက်လိုက်သည်။ ထို့နောက် လုံချန်းနှင့်အတူ အပြင်သို့ ထွက်လာခဲ့ကြသည်။ သူတို့၏ အလုပ်မှာ ပြီးဆုံးသွားပြီ ဖြစ်သည်။

​"ခဏလေး နေပါဦး" နောက်ကွယ်မှ တစ်စုံတစ်ယောက်က လှမ်းခေါ်လိုက်လေသည်။

အခန်း (၃၇၄) ခေါင်းဆောင်တပည့်နှင့် တိုက်ပွဲ

​"မင်းက ဘာလို့ မင်းရဲ့ချစ်သူကို သတ်ခဲ့တဲ့လူကို ပြန်မတိုက်ဘဲ အလောင်းကိုပဲ ယူသွားချင်ရတာလဲ။ မင်းရဲ့အချစ်က ဒီလောက်ပဲလား" ကျိချွမ်းက မတ်တတ်ရပ်ရင်း လှမ်းမေးလိုက်သည်။

​မန်ရှန်းလီသည် ခြေလှမ်းများကို ရပ်တန့်ကာ နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။

​"ငါ ချစ်ခဲ့တာ သူ့ရဲ့ ခန္ဓာကိုယ်မဟုတ်ဘူး၊ ဝိညာဉ်ကို ချစ်ခဲ့တာ။ အခု သူ့ဝိညာဉ်က ကောင်းကင်ဘုံကို ရောက်သွားပြီဆိုတော့ ဒီခန္ဓာကိုယ်ကို ငါ ဘာလုပ်ရမှာလဲ။ ဒါပေမဲ့လည်း ငါ့အချစ်ကို ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးချင်သေးတယ်။ အဲဒါပြီးမှပဲ ဟိုကောင်နဲ့ ငါ ရှင်းမယ်" မန်ရှန်းလီက ပြောပြီး ပြန်လှည့်ထွက်ရန် ပြင်သည်။

​လုံချန်းမှာတော့ မန်ရှန်းလီ၏ ချက်ချင်းလက်ငင်း တုံ့ပြန်ပုံနှင့် သရုပ်ဆောင်ကောင်းမှုကို စိတ်ထဲမှ အကြီးအကျယ် ချီးကျူးနေမိသည်။

​"မင်း ဒီမိန်းကလေးနဲ့ အတူတူ ကြံစည်ထားတာပဲ။ ငါတို့ရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးဖို့ လုပ်တာ မဟုတ်လား။ မင်းကို ငါ အရှင်ထွက်သွားခွင့်ပေးမယ် ထင်နေလား" ရုရှန်က သူ၏ဓားကို ဆွဲထုတ်ရင်း အော်ဟစ်လိုက်သည်။

​"ကောင်လေး... သေဖို့ အဲဒီလောက် မလောပါနဲ့ဦး။ မင်းတို့က စုံတွဲကျင့်စဉ်ဂိုဏ်းနဲ့ တိုက်ရင်း အဖွဲ့ဝင် ၆ ယောက်တောင် ဆုံးရှုံးထားတာ။ တကယ့်ပွဲကြီး မစခင်မှာပဲ မင်းတို့အဖွဲ့ တစ်ဖွဲ့လုံး အပြတ်ရှင်းခံရမှာကို အဲဒီလောက်တောင် မြင်ချင်နေတာလား။ ဒါမှမဟုတ် ငါတို့ မိစ္ဆာကိုးကွယ်ခြင်းဂိုဏ်းကို အထင်သေးနေတာလား" မန်ရှန်းလီက ရုရှန်ကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။

​ထိုစကားများက ရုရှန်၏ နှလုံးသားကို အပ်ဖြင့် ထိုးသကဲ့သို့ နာကျင်စေသည်။ တကယ့် နတ်ကောင်းကင်ဘုံဂိုဏ်းကိုပင် မရောက်သေးဘဲ သူ့တပည့် ၆ ဦး သေဆုံးခဲ့ရသည်မှာ အမှန်တရားပင် ဖြစ်သည်။

​"တော်တော့၊ မင်းတို့က မိစ္ဆာဂိုဏ်းကဆိုတာ မေ့နေတာလား။ ငါတို့က အဖြူရောင်ဂိုဏ်းတွေလေ။ မင်းကို ဘယ်လိုလုပ် အရှင်ထွက်သွားခွင့် ပေးနိုင်မှာလဲ" ကျိချွမ်းက ထပ်မံ ပြောဆိုလာသည်။

​အကြီးအကဲ ကုပင်လျှင် ကျိချွမ်း လုပ်နေသည့် အရာအား အံ့သြနေမိသည်။ အခုအချိန်မှာ မလိုအပ်ဘဲ ရန်စရန် မလိုပေ။ အကယ်၍ မိစ္ဆာကိုးကွယ်ခြင်းဂိုဏ်းနှင့် ဝိညာဉ်နက်ဂိုဏ်းတို့ ပေါင်းတိုက်လျှင် သူတို့ ဒုက္ခရောက်နိုင်သည်။

​"မင်းက ဘယ်သူလဲ။ သူတို့လိုပဲ ကိုယ့်ကိုယ်ကိုယ် တရားမျှတမှုရဲ့ ကယ်တင်ရှင်လို့ ဟန်ဆောင်နေတဲ့ နောက်တစ်ယောက်လား" မန်ရှန်းလီက ကျိချွမ်းကို မေးသည်။

​"ငါ့ကိုယ်ငါ ကယ်တင်ရှင်လို့ မပြောပါဘူး။ ဒါပေမဲ့ မင်းက အဖြူရောင် ကျင့်ကြံသူတွေ အများကြီးရှိတဲ့ နေရာကို လာခဲ့တာ။ မင်းရဲ့ အကြောင်းပြချက်က မမှားဘူးဆိုရင်တောင် မင်းက မိစ္ဆာကျင့်ကြံသူပဲ၊ အဲဒီတော့ မိစ္ဆာကို နှိမ်နင်းဖို့က ငါတို့ရဲ့ တာဝန်ပဲ" ကျိချွမ်းက ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။

​"မင်း သိလား။ မင်း ပါးစပ်ပိတ်နေရင် မင်းမျက်နှာကို ကြည့်ပြီး လူတွေက မင်းကို အူကြောင်ကြောင်လို့ပဲ ထင်ကြမှာ။ ဒါပေမဲ့ သက်သေတော့ ရှိမှာမဟုတ်ဘူး။ အခုတော့ လူတိုင်းကို သက်သေပြဖို့ တကယ်ပဲ လိုအပ်လို့လား" မန်ရှန်းလီက လှောင်ပြောင်လိုက်သည်။

​"မင်း... ခွေးကောင်၊ ငါ့ကို အူကြောင်ကြောင်လို့ ပြောတယ်ပေါ့" ကျိချွမ်းသည် မန်ရှန်းလီထံသို့ ခုန်ဝင်ကာ သူ၏မျက်နှာကို လက်သီးဖြင့် ထိုးလိုက်သည်။

​မန်ရှန်းလီသည် မုန့်၏ အလောင်းကို ပွေ့ချီထားသဖြင့် လက်နှစ်ဖက်လုံး မအားသော်လည်း စိုးရိမ်ပုံမပေါ်ပေ။ လုံချန်း ဝင်ပါလာမည်ကို သူ ယုံကြည်နေသည်။ လုံချန်း၏ လက်စွမ်းကို ပြန်မြင်ရတော့မည်ဖြစ်သဖြင့် သူ စိတ်လှုပ်ရှားနေသည်။

​သူ ထင်ထားသည့်အတိုင်းပင် လုံချန်းသည် ကြားဖြတ်ဝင်လာကာ လက်သီးချင်း တိုက်ခိုက်လိုက်သည်။ ထိုအခါ ကျိချွမ်းမှာ နောက်သို့ ခြေတစ်ဝက်ခန့် လွင့်သွားပြီး လုံချန်းမှာမူ နောက်သို့ ၂ လှမ်းခန့် ဆုတ်လိုက်ရသည်။ လုံချန်းသည် သူ၏ မိစ္ဆာဘုရင် ခန္ဓာကိုယ်ကို အသုံးမပြုသေးဘဲ သာမန်ဂိုဏ်းခေါင်းဆောင် တပည့်တစ်ဦးနှင့် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှု မည်မျှ ကွာခြားသလဲဆိုသည်ကို စမ်းသပ်လိုနေခြင်း ဖြစ်သည်။

​ကျိချွမ်းသည် ကမ္ဘာမြေ အဆင့် ၇ ရှိသူဖြစ်သော်လည်း လုံချန်းက အမီလိုက်နိုင်နေသည်။ ၎င်းမှာ သူ၏ အထူးသွေးမျိုးဆက်ကြောင့် ဖြစ်သည်။ သွေးမျိုးဆက်၏ စွမ်းအားက ၄ ပုံ ၁ ပုံပင် အသုံးမပြုနိုင်သေးသော်လည်း ၎င်း၏ လွှမ်းမိုးမှုမှာ သိသာနေပြီဖြစ်သည်။

​"မင်းက သန်မာသားပဲ၊ ဒါပေမဲ့ ငါ့ကို ယှဉ်ဖို့တော့ မလုံလောက်သေးဘူး" ကျိချွမ်းက ရယ်မောလိုက်သည်။

​"ငါ့သူငယ်ချင်းနဲ့ တိုက်ချင်လို့လား" မန်ရှန်းလီက မေးသည်။

​"သူက မထိုက်တန်ပါဘူး၊ သူက အားနည်းလွန်းတယ်" ကျိချွမ်းက ဖြေသည်။

​"ဟင်" မန်ရှန်းလီက ပြုံးလိုက်မိသည်။ လုံချန်းမှာ ခုနက လုံးဝ အလေးအနက် မထားသေးသည်ကို သူ သိနေသည်။ "ဒါဆိုရင်ကော... မင်းသာ သူ့ကို အနိုင်ရရင် ငါ ဒီမှာ မင်းရဲ့ အကျဉ်းသားအဖြစ် နေခဲ့မယ်၊ ငါ့အသက်က မင်းလက်ထဲမှာပဲ" မန်ရှန်းလီ၏ စကားကြောင့် လုံချန်းပင် အံ့သြသွားရသည်။

​'ဒီကောင်... ဇာတ်ညွှန်းပြင်ပက ဟာတွေ လုပ်နေပြီ' လုံချန်းက မျက်မှောင်ကြုတ်ကာ တွေးလိုက်သည်။

​"ကောင်းပြီ၊ ငါ သဘောတူတယ်" ကျိချွမ်းက ပြုံးလျက် ဆိုသည်။

​"မလောပါနဲ့ဦး။ မင်းနိုင်ရင် ငါက မိစ္ဆာကိုးကွယ်ခြင်းဂိုဏ်းရဲ့ ခေါင်းဆောင်တပည့် ဖြစ်ပေမဲ့ မင်းရဲ့ အကျဉ်းသားအဖြစ် နေမယ်။ ဒါပေမဲ့ မင်းရှုံးရင် ငါက ဘာရမှာလဲ" မန်ရှန်းလီက မေးသည်။

​'ငါထင်တဲ့အတိုင်းပဲ၊ သူက မိစ္ဆာကိုးကွယ်ခြင်းဂိုဏ်းရဲ့ ခေါင်းဆောင်တပည့် မန်ရှန်းလီကိုး။ ဒါဆို ဟိုတစ်ယောက်က အဖွဲ့ခေါင်းဆောင် မဟုတ်လို့ အားနည်းနေတာပဲ ဖြစ်ရမယ်' ကျိချွမ်းက တွေးတောလိုက်သည်။

​"မင်း ဘာလိုချင်လဲ"

​"တန်ဖိုးတူညီတဲ့အရာပဲပေါ့။ ငါနိုင်ရင် မင်း ငါတို့နဲ့အတူ အကျဉ်းသားအဖြစ် လိုက်ရမယ်၊ မင်းရဲ့ အသက်က ငါ့လက်ထဲမှာပဲ"

​"ငါ သဘောတူတယ်" ကျိချွမ်းက မဆင်မခြင်ပင် လက်ခံလိုက်သည်။ ဤမျှ အားနည်းပုံရသော လူငယ်က သူ့ကို နိုင်လိမ့်မည်ဟု သူ လုံးဝ မထင်ထားပေ။

​"ဟားဟားဟား... ဒီလိုမှပေါ့။ မင်းက သူရဲဘောကြောင်တဲ့လူ မဟုတ်တာ ကောင်းတယ်။ ဒါပေမဲ့ မင်းရဲ့ အကြီးအကဲကို အရင် မေးရဦးမယ်" မန်ရှန်းလီက ဆိုသည်။ "အဖြူရောင် ဂိုဏ်းတွေက အကြီးအကဲတို့... ဒီလောင်းကြေးကို ခင်ဗျားတို့အားလုံး ရှေ့မှာပဲ လုပ်တာပါ။ ကန့်ကွက်စရာရှိရင် အခုပြောပါ။ သူရှုံးပြီးမှတော့ ဘာမှလာမပြောနဲ့တော့။ အစွမ်းထက်ဓားဂိုဏ်းလို ဖောက်ပြန်တဲ့ဂိုဏ်းတွေ ရှိနေပေမဲ့ ခင်ဗျားတို့ကတော့ သူရှုံးလို့ ငိုယိုမနေဘဲ သိက္ခာကို ထိန်းနိုင်လိမ့်မယ်လို့ ကျုပ် ယုံကြည်ပါတယ်"

​"ကျိချွမ်း" အကြီးအကဲ ကုက စိုးရိမ်တကြီး ကြည့်ကာ မေးသည်။

​"မစိုးရိမ်ပါနဲ့ အကြီးအကဲကု။ ဒါက အလွယ်လေးပါ။ ကျွန်တော့်မျက်လုံးထဲမှာတော့ မိစ္ဆာကိုးကွယ်ခြင်းဂိုဏ်းရဲ့ ခေါင်းဆောင်တပည့်ဆိုတဲ့ အစေခံအသစ်တစ်ယောက် ရထားပြီလို့ပဲ မြင်တယ်"

​"ကောင်းပြီ။ ငါလည်း ဒီလောင်းကြေးကို သဘောတူတယ်" အကြီးအကဲ ကုက ဆိုသည်။ အခြားဂိုဏ်းများမှ အကြီးအကဲများကလည်း သက်သေအဖြစ် လက်ခံလိုက်ကြသည်။

​နေရာမှာ ကျဉ်းမြောင်းသဖြင့် နန်းတော်အတွင်းရှိ သိုင်းလေ့ကျင့်ကွင်းသို့ အားလုံး ရွှေ့ပြောင်းခဲ့ကြသည်။ ထိုကွင်းမှာ မီတာ ၉၀၀ ပတ်လည်ခန့် ကျယ်ဝန်းသည်။

​ဂိုဏ်း ၅ ဂိုဏ်းမှ အကြီးအကဲများနှင့် တပည့်များ၊ ဧကရာဇ်တို့က ကွင်း၏ ဘေးတစ်ဖက်တွင် ရပ်နေကြပြီး လုံချန်းနှင့် ကျိချွမ်းတို့က အလယ်တွင် ရင်ဆိုင်ရပ်လိုက်ကြသည်။

​"ငါနဲ့ တိုက်ဖို့ စဉ်းစားတာကိုက မင်း တော်တော် သတ္တိရှိတာပဲ။ မင်း သေရမှာပေမဲ့ ငါ့လက်နဲ့ သေရတာက မဆိုးပါဘူး" ကျိချွမ်းက လုံချန်းကို ကြည့်ကာ ဆိုသည်။

​"ဟင်း... မင်းက သောက်စကား တော်တော် များတာပဲ" လုံချန်းက ရေရွတ်လိုက်သည်။

​"ရာရာစစ" ကျိချွမ်းသည် လုံချန်းထံသို့ ပြေးဝင်ကာ လက်သီးဖြင့် ထိုးလိုက်ပြန်သည်။

​ယခုတစ်ကြိမ်တွင်မူ လုံချန်းသည် သူ၏ မိစ္ဆာဘုရင် ခန္ဓာကိုယ်ကို အသုံးပြုလိုက်ပြီး အရှိန်အဟုန်အပြည့်ဖြင့် ပြန်လည်ထိုးနှက်လိုက်သည်။ လက်သီးချင်း တိုက်မိသောအခါ ရလဒ်က ယခင်နှင့် လုံးဝ ကွာခြားသွားသည်။

​လုံချန်းမှာ တောင်ကြီးတစ်လုံးကဲ့သို့ မတုန်မလှုပ် ရပ်နေသော်လည်း ကျိချွမ်းမှာမူ နောက်သို့ ၆ လှမ်းခန့် လွင့်ထွက်သွားပြီးမှ အနိုင်နိုင် ဟန်ချက်ထိန်းလိုက်ရသည်။

​ကျိချွမ်းသည် သရဲတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ လုံချန်းကို ထိတ်လန့်တကြီး ကြည့်နေမိသည်။ လုံချန်းက ဤမျှ အင်အားကြီးလိမ့်မည်ဟု သူ မထင်ထားပေ။ သူ၏လက်မှာလည်း အပြင်းအထန် နာကျင်နေသည်။

​အကြီးအကဲများပင်လျှင် ထိုရလဒ်ကြောင့် အံ့အားသင့် သွားကြလေတော့သည်။

All Chapters