အခန်း (၃၇၅-၃၇၆)
Vol. 38 Ch. 375-376
အခန်း (၃၇၅) သားရဲများနှင့် တိုက်ခိုက်ခြင်း
"မင်း အရင်က မင်းရဲ့ခွန်အားကို ဖုံးကွယ်ထားတာပဲ။ တော်တော်ပါးနပ်တာပဲ" ကျိချွမ်းက လုံချန်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"မင်းကြိုက်သလိုသာ ထင်" လုံချန်းက ပြန်ပြောပြီးနောက် ကျိချွမ်းကို စတင်တိုက်ခိုက်တော့သည်။ ကျိချွမ်းက ဓားမသုံးသဖြင့် သူလည်း ဓားမသုံးဘဲ လက်သီးချင်းသာ ယှဉ်ပြိုင်ကြရာ ကျိချွမ်းမှာ အရေးနိမ့်သည့်ဘက်တွင် ရှိနေသည်။
တိုက်ပွဲမှာ ၁၀ မိနစ်ကျော် ကြာလာသောအခါ ကျိချွမ်းသည် သာမန်ခွန်အားဖြင့် လုံချန်းကို မနိုင်နိုင်မှန်း သိသွားသဖြင့် သိုင်းပညာများကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
"လျှို့ဝှက်မီးမိုး" ကျိချွမ်းက အော်ဟစ်လိုက်ရင်း လုံချန်းထံသို့ လက်ညှိုးညွှန်လိုက်သည်။ မီးလုံးများမှာ တစ်လုံးပြီးတစ်လုံး လုံချန်းထံသို့ ကျရောက်လာရာ မီးလုံးမိုးရွာနေသကဲ့သို့ ဖြစ်နေသည်။
လုံချန်းသည် နောက်ဆုံးတွင် သူ၏ဓားကို ထုတ်လိုက်သည်။ ၎င်းမှာ တောင်ဖြိုဓား မဟုတ်သလို ဘုရင်ဓားလည်း မဟုတ်ပေ။ ၎င်းမှာ သူ ဝိညာဉ်ဝင်္ကပါနိုင်ငံ၏ ဘဏ္ဍာတိုက်မှ ရရှိခဲ့သော ကမ္ဘာမြေအဆင့် ဓားတစ်လက် ဖြစ်သည်။
ထိုဓားတွင် ရွှေရောင်ဓားရိုးနှင့် ငွေရောင်ဓားသွား ရှိသည်။ လုံချန်းက ထိုဓား၏ အမည်ကို မသိသဖြင့် ငွေရောင်ဒေါသဟု အမည်ပေးထားသည်။ သူသည် ဓားကို ဝှေ့ယမ်းကာ မီးလုံးများကို ဖယ်ရှားလိုက်သည်။ သူ၏ ခြေလှမ်းများမှာ လေနုအေးနှင့်အတူ ကနေသကဲ့သို့ အလွန်ပင် ဖျတ်လတ်လှသည်။
"စိတ်ဝင်စားစရာပဲ" မန်ရှန်းလီက ဘေးမှနေ၍ ရေရွတ်လိုက်သည်။
သူ၏သိုင်းပညာ မအောင်မြင်သဖြင့် ကျိချွမ်းသည်လည်း သူ၏ဓားကို ထုတ်လိုက်သည်။ "မြေပြင်ရိုက်ခတ်မှု" သူက ဓားကို ဝှေ့ယမ်းကာ ဟိန်းဟောက်လိုက်သည်။
"သူတော်စင်ဓား ခုနစ်သွယ်၊ ပဉ္စမပုံစံ၊ ဖရိုဖရဲ" လုံချန်းကလည်း လေထဲတွင် ဝှေ့ယမ်းကာ တုံ့ပြန်လိုက်သည်။ တောက်ပသော အလင်းတန်းတစ်တန်းက ကျိချွမ်း၏ တိုက်ကွက်ကို ဖြတ်တောက်သွားပြီး ကျိချွမ်းထံသို့ ဆက်လက်တိုးဝင်သွားသည်။
ကျိချွမ်း၏ မျက်နှာမှာ ပျက်သွားပြီး လုံချန်း၏ အားနည်းသွားသော အလင်းတန်းကို ဓားဖြင့် ပြန်လည်ကာကွယ်လိုက်သည်။ သို့သော် ထိုအချိန်မှာပင် လုံချန်း၏ဓားက သူ၏လည်ပင်းနားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် လုံချန်း၏ တိုက်ကွက်ကိုသာ အာရုံစိုက်နေမိသဖြင့် လုံချန်းကိုယ်တိုင် အနားရောက်လာသည်ကို မမြင်လိုက်ပေ။ နောက်ဆုံးအချိန်မှ ဓားကို မြှောက်ကာ ကာကွယ်လိုက်ရသော်လည်း သူသည် လေထဲတွင် လွင့်ထွက်သွားကာ မီတာ ၅၀ ခန့်အကွာသို့ ပြုတ်ကျသွားတော့သည်။
ကျိချွမ်းသည် ပြန်ထလာပြီး လုံချန်းကို ထပ်မံတိုက်ခိုက်သည်။ ဓားချင်း အပြန်အလှန် တိုက်ခိုက်နေကြသော်လည်း ကျိချွမ်းမှာသာ အမြဲတမ်း အရေးနိမ့်နေသည်။ လူတိုင်းက ကျိချွမ်းမှာ ဤတိုက်ပွဲတွင် အားနည်းသူဖြစ်ကြောင်း သိမြင်နေကြသည်။
"မိစ္ဆာကိုးကွယ်ခြင်းဂိုဏ်းက ကောင်လေးက ပိုသန်မာတာတော့ ရှင်းနေတာပဲ၊ ဒါပေမဲ့ ကျိချွမ်းက ဘာလို့ သူ့ရဲ့ တကယ့်အစွမ်းကို မသုံးသေးတာလဲ။ သားရဲခန်းမက သားရဲသခင်တွေအနေနဲ့ နာမည်ကြီးတာလေ။ သူတို့ရဲ့ သားရဲတွေက သူတို့အင်အားရဲ့ တစ်ဝက်လောက် ရှိတာပဲဥစ္စာ" နိဗ္ဗာန်ဂိုဏ်း အကြီးအကဲက အကြီးအကဲကုကို မေးလိုက်သည်။
"ငါလည်း သေချာမသိဘူး။ ကျိချွမ်းက သူ့ရဲ့ အကန့်အသတ်ကို စမ်းသပ်ချင်တာ ဖြစ်နိုင်သလို သားရဲမသုံးဘဲ အနိုင်ယူချင်နေတာလည်း ဖြစ်နိုင်တယ်" အကြီးအကဲကုက ပြန်ဖြေသည်။
နာရီဝက်ခန့် ထပ်မံကြာသွားပြီးနောက် ကျိချွမ်းမှာ သူ၏ ချီစွမ်းအင်များ ကုန်ခမ်းလာသည်ကို ခံစားရသည်။ ဤအတိုင်းဆိုလျှင် သူ ရှုံးနိမ့်တော့မည်ကို သိလိုက်သည်။
"မင်းက စစ်သည်တစ်ယောက်အနေနဲ့ သန်မာပါတယ်၊ ဒါပေမဲ့ သားရဲခန်းမရဲ့ အရေးကြီးဆုံးအရာကို မင်းမေ့နေပြီ။ ငါတို့ရဲ့ တကယ့်အင်အားက သားရဲတွေပဲ။ ထွက်လာခဲ့ကြစမ်း" ကျိချွမ်းက သူ၏ သားရဲအိတ်ကို ပုတ်လိုက်သည်။
ယဉ်ပါးပြီးသား သားရဲ ၃ ကောင် ထွက်လာသည်။ ပထမတစ်ကောင်မှာ ၅ မီတာခန့် ရှည်လျားသော အဆိပ်ပြင်း မြေဖွတ် ဖြစ်သည်။ ဒုတိယတစ်ကောင်မှာ နဂါးဂျိုပါသော အတောင်ပံဖြတ် ကျားသစ် ဖြစ်သည်။ တတိယတစ်ကောင်မှာတော့ အသန်မာဆုံးဟု ထင်ရသည့် ၄ မီတာခန့် မြင့်သော မြေလှုပ်ကမ္ဘာဦး ဆင်ကြီး ဖြစ်သည်။
"ငါ့ရဲ့ တကယ့်အစွမ်းကို သုံးခိုင်းနိုင်တဲ့အတွက် မင်းကိုယ်မင်း ဂုဏ်ယူလိုက်တော့" ကျိချွမ်းက ပြုံးလျက် ဆိုသည်။ "ကဲ... မင်းကို ငါ့သားရဲတွေထဲက ဘယ်သူက သတ်ပေးစေချင်လဲ"
"အခု သားရဲတွေနဲ့ တိုက်ကြတော့မှာပေါ့။ မင်းက အဲဒီဘက်ကို သွားချင်တယ်ဆိုရင်လည်း ငါက မငြင်းပါဘူး" လုံချန်းက အေးအေးဆေးဆေးပင် ပြောလိုက်သည်။ သူ၏စကားကြောင့် ကျိချွမ်းမှာ စိတ်ထဲတွင် တစ်ခုခု မတင်မကျ ဖြစ်သွားသည်။
"ထွက်လာခဲ့ကြစမ်း... အချိန်တန်ပြီ" လုံချန်းက တိုးတိုးလေး ရေရွတ်ရင်း သူ၏ သားရဲ ၃ ကောင်ကို ခေါ်လိုက်သည်။ ၎င်းတို့မှာ ဦးချိုနက် သံချပ်ကာ ကြံ့၊ မိစ္ဆာမုဆိုးသားရဲနှင့် နောက်ဆုံးမှာတော့ မြွေဘုရင်တို့ ဖြစ်ကြသည်။
"ဟေး... ကောင်လေး။ ဘာလို့ ငါ့ကို ခေါ်တာလဲ။ ငါတို့ စုံတွဲနှစ်တွဲ ချိန်းတွေ့မလို့လား။ ငါက အချောလေးကို ယူမယ်၊ မင်းက ရုပ်ဆိုးတဲ့သူကို ယူလိုက်၊ အဆင်ပြေလား" မြွေဘုရင်က လုံချန်းကို ကြည့်ကာ ပြောလိုက်သည်။
'ဘာလဲဟ၊ အဲဒီမြွေက စကားပြောနိုင်တာလား။ ဒါက တော်တော်ရှားပါးတဲ့ သားရဲပဲ' အကြီးအကဲ ကုမှာ ထိုမြွေကို လုံချန်းဆီမှ ရယူလိုစိတ်ဖြင့် တံတွေးပင် မျိုချလိုက်မိသည်။
"ဦးချိုနက် သံချပ်ကာ ကြံ့ရယ်၊ ရှားပါးတဲ့ မိစ္ဆာမုဆိုးသားရဲရယ်၊ ပြီးတော့ ငါတစ်ခါမှ မမြင်ဖူးတဲ့ မြွေတစ်ကောင်ရယ်။ ဒီကောင်လေးကလည်း သားရဲသခင်လား။ ဒီလောက် အံ့သြစရာကောင်းတဲ့ သားရဲတွေကို ဘယ်လိုရခဲ့တာလဲ" အစွမ်းထက်ဓားဂိုဏ်း အကြီးအကဲက ရေရွတ်လိုက်သည်။
"လျှောက်ပြောနေတာ ခဏရပ်ဦး။ ငါ တိုက်ပွဲဖြစ်နေတာ။ မင်းကို ကူညီခိုင်းဖို့ ခေါ်တာ" လုံချန်းက မြွေဘုရင်ကို ပြောလိုက်သည်။
"ဘယ်သူကများ ငါ့သူငယ်ချင်းကို တိုက်ရဲတာလဲ။ ငါ ကြည့်ပါရစေဦး" မြွေဘုရင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကျိချွမ်းဘက်သို့ လှည့်ကြည့်လိုက်သည်။
"သူလား။ ဒီကြက်ဥပြုတ်နဲ့တူတဲ့ ကောင်လေးက မင်းကို တိုက်ရဲတာလား။ သူ့အမေက ဆုံးမ မထားဘူးလား။ ငါ့မှာ သူ့လို အသုံးမကျတဲ့သားမျိုး မရှိတာ ဝမ်းသာဖို့ကောင်းတယ်။ သူ့မျက်လုံးတွေကို ကြည့်လိုက်ဦး၊ သူက လူကောင်းမဟုတ်တာ ရှင်းနေတာပဲ။ သူက မြို့ထဲမှာ သူများမိန်းမတွေကို ကြာကူလီလုပ်နေတဲ့ကောင် ဖြစ်ရမယ်။ ဒီလို အရှက်မရှိတဲ့ကောင်က ငါ့သူငယ်ချင်းကို တိုက်ရဲတယ်ပေါ့။ ကောင်လေး... သေချာနားထောင်။ မင်းမမွေးခင်ကတည်းက ငါက နဂါးငွေ့တန်းတွေကို ဖြတ်သန်းပြီး နတ်မိမယ်လေးတွေကို ငမ်းနေခဲ့တာ။ မယုံရင် မင်းအမေကို မေးကြည့်လိုက်ဦး။ သူမက အဲဒီအချောအလှတွေထဲက တစ်ယောက်ပဲ။ ဒီလောက်လှတဲ့ မိန်းကလေးကနေ ဘယ်လိုဖြစ်ပြီး မင်းလို အကျည်းတန်တဲ့ ကောင်လေး မွေးလာရလဲ ငါ နားမလည်ဘူး။ ဟင်း... ဘဝက တကယ်ကို မတရားပါဘူး" မြွေဘုရင်က ကျိချွမ်းကို တစ်စက္ကန့်မျှ မနားဘဲ ဆဲဆိုပြောဆိုလိုက်လေသည်။
ကျိချွမ်းမှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းနေပြီး သွေးအန်ချင်စိတ်ပင် ပေါက်သွားသည်။
"မင်း... ခွေးကောင်။ မြေလှုပ် ကမ္ဘာဦးဆင်၊ အဲဒီကောင်ကို နင်းခြေပစ်စမ်း" ကျိချွမ်းက ဒေါသတကြီး ဟိန်းဟောက်လိုက်လေတော့သည်။
အခန်း (၃၇၆) သားရဲအသွင်ပြောင်းခြင်း
မြေလှုပ် ကမ္ဘာဦး ဆင်ကြီးသည် မြွေဘုရင်ထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
"အိုး... ဒီဘုရင်ကို အရွယ်အစားနဲ့ အနိုင်ကျင့်ချင်တာလား။ ဒီလောက် မိုက်မဲတာ တစ်ခါမှ မမြင်ဖူးဘူး။ တစ်ယောက်ယောက်ကို ခြေမွပစ်တယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ဒီဘုရင်က ပြပေးရတာပေါ့" မြွေဘုရင်က ပြောပြောဆိုဆိုဖြင့် သူ၏ ခန္ဓာကိုယ်ကို စတင် ကြီးထွားလာစေသည်။
လူတိုင်း၏ မျက်လုံးများမှာ ပြူးကျယ်သွားကြသည်။ မြွေဘုရင်သည် တဖြည်းဖြည်း ကြီးထွားလာရာ နောက်ဆုံးတွင် နဂါးတစ်ကောင်နှင့်ပင် ဆင်တူလာပြီး မြေလှုပ် ကမ္ဘာဦးဆင်ကြီးမှာ သူနှင့်ယှဉ်လျှင် သေးငယ်သွားတော့သည်။ သူသည် ကမ္ဘာဦးဆင်ကြီးကို သူ၏ ခန္ဓာကိုယ်ဖြင့် ရစ်ပတ်ထားလိုက်သည်။
"မင်းက ဒီဘုရင်ကို တိုက်ခိုက်ရဲတယ်ပေါ့ ဟုတ်လား။ မင်းအဖေတောင် ငါ့ကို အဖိုးလို့ ခေါ်ရတာ၊ မင်းက ငါ့ကို ပြန်တိုက်တယ်ဆိုတော့ မင်းရဲ့ ဦးနှောက်ထဲမှာ ဘာမှမရှိဘူးလား" မြွေဘုရင်က ဆဲဆိုလိုက်သည်။ ကမ္ဘာဦးဆင်ကြီးသည် ရုန်းကန်သော်လည်း မရပေ။
"မင်းတို့နှစ်ကောင်လည်း သွားကြစမ်း" ကျိချွမ်းက အဆိပ်ပြင်း မြေဖွတ် နှင့် အတောင်ပံဖြတ် ကျားသစ် ကို အမိန့်ပေးလိုက်သည်။
၎င်းတို့ ပြေးဝင်လာစဉ်မှာပင် လုံချန်း၏ မိစ္ဆာမုဆိုးသားရဲက လျှပ်စီးကဲ့သို့ မြန်ဆန်စွာဖြင့် အတောင်ပံဖြတ် ကျားသစ်ကို လက်သည်းဖြင့် ကုတ်ဖဲ့လိုက်သည်။ အတောင်ပံဖြတ် ကျားသစ်မှာ မြန်သော်လည်း မိစ္ဆာမုဆိုးသားရဲကို မမီပေ။ မိစ္ဆာမုဆိုးသားရဲသည် အရိပ်အဖြစ် ပြောင်းလဲကာ ရှောင်တိမ်းပြီးနောက် သူ၏ပါးစပ်မှ အမှောင်ထု စွမ်းအင်လုံးဖြင့် ပစ်ခတ်လိုက်ရာ အတောင်ပံဖြတ် ကျားသစ်မှာ နေရာတင် ပွဲချင်းပြီး သေဆုံးသွားတော့သည်။
"သားရဲသခင်တွေက မိစ္ဆာမုဆိုးသားရဲကို ဘာလို့ အိမ်မက်ထဲက သားရဲလို့ ခေါ်ကြတာလဲဆိုတာ မဆန်းတော့ဘူးပဲ။ အရမ်းမြန်ပြီး အံ့သြဖို့ကောင်းလောက်အောင် အစွမ်းထက်တာပဲ" အကြီးအကဲ ကုက အံ့သြတုန်လှုပ်စွာ ရေရွတ်မိသည်။
တစ်ဖက်တွင်လည်း ဦးချိုနက် သံချပ်ကာ ကြံ့က အဆိပ်ပြင်း မြေဖွတ်ကို ရင်ဆိုင်နေသည်။ မြေဖွတ်၏ အဆိပ်က ပြင်းသော်လည်း ကြံ့၏ ခံစစ်က ပို၍ ခိုင်မာသည်။ ကြံ့သည် သူ၏ အစွမ်းထက်ဆုံး တိုက်ကွက်ဖြစ်သော တောင်ဖြိုနင်းခြေခြင်းဖြင့် မြေဖွတ်၏ ကျောကုန်းကို နင်းခြေလိုက်ရာ မြေဖွတ်မှာ သေဆုံးသွားခဲ့ရသည်။
မြေလှုပ် ကမ္ဘာဦးဆင်မှာမူ မြွေဘုရင်၏ ရစ်ပတ်မှုအောက်တွင် အရိုးများ ကျိုးကြေမတတ် နာကျင်နေရသည်။ "မင်းရဲ့ သခင်က ဘယ်လောက် အသုံးမကျလဲ ကြည့်စမ်းဦး။ မင်းတို့ သေနေတာတောင် သူက ဒီအတိုင်း ကြည့်နေတုန်းပဲ။ သူ့မျက်နှာကို ကြည့်ကတည်းက ဒီကမ္ဘာပေါ်မှာ သောက်သုံးမကျတဲ့ အမှိုက်ဆိုတာ ငါ သိပြီးသားပါ" မြွေဘုရင်က ထပ်မံ လှောင်ပြောင်လိုက်သည်။
"မင်း... ခွေးကောင်။ မင်းကို ငါ သတ်မယ်ကွ" ကျိချွမ်းသည် ဒေါသအမျက်ချောင်းချောင်းထွက်ကာ မြွေဘုရင်ထံသို့ ပြေးဝင်သော်လည်း လုံချန်းက ကြားဖြတ် တားဆီးလိုက်ပြန်သည်။
"ကောင်းပြီ၊ မင်းကို အရင် သတ်မယ်" ကျိချွမ်းက လုံချန်းကို တိုက်ခိုက်ပြန်သည်။
"ငါနဲ့အတူရှိတဲ့ ဒီလူသားကို ကြည့်စမ်း။ သူက နှာဘူးကြီးဖြစ်ပြီး ဒီဘုရင်လောက် ရုပ်မချောပေမဲ့ အနည်းဆုံးတော့ သူက လူကောင်းတစ်ယောက်ပါ" မြွေဘုရင်က ပြောလိုက်သည်။
"မင်း... အရူးကောင်။ ငါ့ကို ဆဲနေတာ ခဏလောက် ရပ်လို့မရဘူးလား" လုံချန်းက တိုက်ပွဲကြားမှ လှမ်းအော်လိုက်သည်။
"ဪ... ဟုတ်သားပဲ။ ငါ့စကားကို ပြန်ပြင်ပါရစေ။ သူက နှာဘူးကြီးဖြစ်ပြီး ဒီဘုရင်လောက် ရုပ်မချောပေမဲ့ အနည်းဆုံးတော့ သူက လူကောင်းတစ်ယောက်ထက် ပိုသာပါတယ်" မြွေဘုရင်က ထပ်ပြောသည်။ လုံချန်းမှာတော့ စိတ်ပျက်လွန်း၍ မျက်နှာကို လက်ဖြင့် အုပ်ချင်စိတ်ပင် ပေါက်သွားသည်။
မန်ရှန်းလီကတော့ ဘေးကနေ ရယ်မောနေသည်။ "တကယ် စိတ်ဝင်စားစရာပဲ။ သူ မုကျိန်းထက် ဘယ်လို သာသွားလဲဆိုတာ ငါ နားလည်သွားပြီ။ သူက ထူးခြားတယ်"
ကျိချွမ်းသည် လုံချန်းကို ယှဉ်ရန် ခက်ခဲနေသည်။ သူ၏ အဓိက အင်အားဖြစ်သော သားရဲ ၃ ကောင်လုံးမှာလည်း အရေးနိမ့်နေပြီဖြစ်သည်။ "ငါ ဘယ်တော့မှ အရှုံးမပေးဘူး" ကျိချွမ်းက အော်ဟစ်လိုက်သည်။
အကြီးအကဲ ကု၏ မျက်နှာ ပျက်သွားပြီး "မလုပ်နဲ့ ကျိချွမ်း။ အဲဒါကို မသုံးနဲ့" သူ တားဆီးလိုက်သည်။ သို့သော် နောက်ကျသွားပြီဖြစ်သည်။
"သားရဲအသွင်ပြောင်းခြင်း"
ကျိချွမ်း၏ ခန္ဓာကိုယ်မှာ စတင် ပြောင်းလဲလာသည်။ မျက်လုံးများမှာ နီရဲလာပြီး အရပ်မှာ ၆ ပေမှ ၈ ပေအထိ မြင့်တက်လာသည်။ ခန္ဓာကိုယ်မှာလည်း ပိုမို ကြံ့ခိုင်လာကာ အင်္ကျီလက်စများမှာ စုတ်ပြဲသွားသည်။ ဝံပုလွေ တစ်ကောင်ကဲ့သို့ အညိုရောင် အမွှေးအမျှင်များ ခန္ဓာကိုယ်အနှံ့ ပေါက်လာပြီး နဖူးတွင်လည်း ဦးချိုနက် သံချပ်ကာ ကြံ့၏ ဦးချိုနှင့် ဆင်တူသော ဦးချိုတစ်ချောင်း ထွက်လာသည်။
"မင်း ငါ့ကို ဒီလိုလုပ်အောင် တွန်းအားပေးခဲ့တာပဲ၊ အခုတော့ ငါ့ရဲ့ ဒေါသကို ရင်ဆိုင်လိုက်တော့" ကျိချွမ်းက လုံချန်းကို ကြည့်ကာ ဟိန်းဟောက်လိုက်ပြီး ဓားဖြင့် ပိုင်းချလိုက်သည်။ ယခုတစ်ကြိမ်တွင်မူ လုံချန်းမှာ နောက်သို့ ၅ လှမ်းခန့် လွင့်ထွက်သွားသည်။
"စိတ်ဝင်စားစရာပဲ။ ဒီပညာရပ်က သူ့ရဲ့ ခွန်အားကို နှစ်ဆ တိုးပေးလိုက်တာပဲ။ ဒါက သားရဲခန်းမရဲ့ အဓိက တပည့်တွေကိုပဲ သင်ပေးတဲ့ အထူး ပညာရပ် ဖြစ်ရမယ်" လုံချန်းက သတိထားလိုက်သည်။
"အမိတ္တဘ... သားရဲတစ်ကောင်ရဲ့ စစ်မှန်တဲ့ ဝိညာဉ်က လူသားထဲမှာ ဝှက်ထားတဲ့ စွမ်းအားကို နိုးထစေနိုင်ပေမဲ့ အဲဒါက တန်ဖိုးတစ်ခုတော့ ပြန်ပေးဆပ်ရလိမ့်မယ်" ဗုဒ္ဓကျောင်းတော် အကြီးအကဲက ဆိုသည်။
အကြီးအကဲ ကုမှာတော့ စိတ်ထဲမှ ကြိတ်ကာ ဆဲဆိုနေမိသည်။ 'ဒီကောင်... နတ်ကောင်းကင်ဘုံဂိုဏ်း ရောက်မှ သုံးရမယ့်ဟာကို အခု သုံးပစ်ရတယ်လို့'
"အဲဒီကောင်လေးတော့ သေပြီပဲ။ ကျိချွမ်း ဒီအသွင်နဲ့ဆိုရင် ငါ့လောက်နီးပါး သန်မာသွားပြီ" အကြီးအကဲ ကုက အခြားအကြီးအကဲများကို ပြောလိုက်သည်။
"မင်းလောက် သန်မာသွားတာလား။ ဒါဆိုရင်တော့ အဲဒီကောင်လေး သေဖို့ပဲ ရှိတော့တာပေါ့" နိဗ္ဗာန်ဂိုဏ်း အကြီးအကဲက ဆိုလိုက်လေတော့သည်။