← Chapters

အခန်း (၃၈၅-၃၈၆)

Vol. 39 Ch. 385-386

အခန်း (၃၈၅-၃၈၆)

Vol. 39 Ch. 385-386

အခန်း (၃၈၅) - သဘာဝ ချီစွမ်းအင်ကန်

​လုံချန်းနှင့် သူ၏အဖွဲ့ငယ်လေးသည် ဂိုဏ်း၏ အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာခဲ့ကြသည်။

​"တကယ်ကို လှတာပဲ။ မြက်ပင်တွေရော သစ်ပင်တွေရော။ တချို့သစ်ပင်နဲ့ ပန်းတွေကို တစ်ခါမှ မမြင်ဖူးဘူး။ ဒါတွေက ရှေးခေတ်ကျင့်ကြံသူတွေ ကြိုက်နှစ်သက်ခဲ့တဲ့ အပင်တွေ ဖြစ်ရမယ်" ချူးမြောင်က နူးညံ့သော မြက်ခင်းပြင်ပေါ် လမ်းလျှောက်ရင်း ရေရွတ်လိုက်သည်။

​"အံ့သြစရာပဲ။ ဒီလို ရှားပါးသစ်ပင်တွေက အပြင်လောကမှာ မျိုးတုံးနေလောက်ပြီ၊ ဒီထဲမှာပဲ ရှိတော့တာနေမှာ" တိုင်ဟူက ဆိုသည်။

​သူတို့သည် ၄ နာရီခန့် ဆက်တိုက် လမ်းလျှောက်ခဲ့ကြသော်လည်း မြက်ခင်းများ၊ အပင်များနှင့် သစ်ပင်များမှလွဲ၍ ဘာမျှမတွေ့ရသေးပေ။

​"ဒီနေရာက ဘယ်လောက်တောင် ကျယ်တာလဲ။ ငါတို့ လမ်းလျှောက်တာ အရမ်းကြာနေပြီ။ တခြားဂိုဏ်းတွေက ဒီကို ခဏခဏ လာနေကျပဲကို၊ ဘယ်လောက် လမ်းလျှောက်ရမယ်ဆိုတာကို ငါတို့ကို ကြိုပြောထားသင့်တာ" ချူးမြောင်က ဇဝေဇဝါဖြင့် ညည်းတွားလိုက်သည်။

​"သူတို့ မပြောတာက အခြေအနေက အမြဲတမ်း တူညီမနေလို့ပဲ။ ဂိုဏ်းဝင်ပေါက်က လူတွေကို ကောင်းကင်ဘုံလှေကားဆီ ပို့ပေးတာ မှန်ပေမဲ့ အဲဒီလှေကားက ဂိုဏ်းရဲ့ နေရာအမျိုးမျိုးမှာ ပေါ်တတ်တာလေ။ ဒီတစ်ခါတော့ ငါတို့ကို ပန်းခြံလိုနေရာမျိုးကို ပို့ပေးလိုက်ပုံရတယ်" လုံချန်းက ရှင်းပြသည်။

​ဆယ်မိနစ်ခန့် ထပ်မံ လျှောက်လှမ်းပြီးနောက် လုံချန်းတို့အဖွဲ့သည် အဖြူရောင် မျှော်စင်အမြင့်ကြီး တစ်စင်ရှေ့သို့ ရောက်ရှိလာသည်။ ထိုမျှော်စင်မှာ သုံးထပ်ရှိပြီး ထူးဆန်းသည်မှာ အောက်ထပ်တွင် မည်သည့် တံခါးပေါက်မျှ မရှိခြင်းပင်။

​"ဒါ ဘာကြီးလဲ။ တံခါးလုပ်ဖို့ မေ့သွားကြတာလား" ချူးမြောင်က တံခါးမရှိသော မျှော်စင်ကိုကြည့်ကာ ကျိန်ဆဲလိုက်သည်။

​"တံခါး ရှိပါတယ်" လုံချန်းက ပြန်ပြောလိုက်သည်။

​"ဘယ်မှာလဲ"

​"အပေါ်ကို ကြည့်လိုက်" လုံချန်းက မျှော်စင်၏ ထိပ်ပိုင်းကို ညွှန်ပြလိုက်သည်။ တံခါးကို တတိယထပ်တွင် တပ်ဆင်ထားခြင်း ဖြစ်သည်။

​"ဟယ်... သူတို့တွေ ရူးနေတာလား။ ဘာလို့ တံခါးကို အောက်ထပ်မှာ မလုပ်ဘဲ တတိယထပ်မှာ သွားလုပ်ထားတာလဲ"

​"သူတို့သာ အသက်ရှင်နေသေးရင် နင့်ကို ဖြေပေးကြမှာပါ" တိုင်ဟူက ရယ်မောရင်း ဆိုသည်။

​သူတို့သည် ပျံသန်းနိုင်သည့် အဆင့်သို့ မရောက်သေးသဖြင့် လုံချန်းက အပေါ်သို့ ခုန်တက်ကာ တံခါးလက်ကိုင်ကို ဆွဲပြီး အထဲသို့ အရင်ဝင်သွားသည်။ ထို့နောက် သိုလှောင်လက်စွပ်ထဲမှ ကြိုးတစ်ချောင်းကို ထုတ်ကာ ချူးမြောင်နှင့် တိုင်ဟူတို့ တက်လာနိုင်ရန် အောက်သို့ ချပေးလိုက်သည်။

​တတိယထပ်တွင် ဘာမျှမရှိသဖြင့် သူတို့သည် လှေကားမှတစ်ဆင့် ဒုတိယထပ်သို့ ဆင်းလာခဲ့ကြသည်။ ဒုတိယထပ်၏ နံရံများပေါ်တွင် ဆေးရောင်စုံများဖြင့် ရေးဆွဲထားသော ပုံတူပန်းချီကားများနှင့် ရှုခင်းကားများစွာ ရှိနေသည်။

​လုံချန်းသည် လူတစ်ဦး၏ ပန်းချီကားတစ်ချပ်အနားသို့ တိုးသွားသည်။ ထိုလူမှာ အဖြူရောင်ဝတ်စုံနှင့် ကြယ်တာရာပုံစံပါသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်ဝန်းများတွင် ပျော်ရွှင်ရိပ်များ ယှက်သန်းနေသည်။ လုံချန်းသည် ထိုပန်းချီကားမှာ တစ်ခုခု ထူးခြားနေသည်ဟု ခံစားရသဖြင့် သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။

​နောက်ထပ် ပန်းချီကားတစ်ချပ်မှာ ဓားတစ်လက်၏ ပုံဖြစ်သည်။ ပန်းချီကားမျှသာ ဖြစ်သော်လည်း လုံချန်းမှာ ထိုဓား၏ ထက်မြက်မှုနှင့် ဓားဆန္ဒကို ခံစားနေရသည်။ လုံချန်းသည် ခန်းမအတွင်းရှိ ထိုကဲ့သို့သော ပန်းချီကား ၁၂ ချပ်စလုံးကို သိမ်းဆည်းလိုက်သည်။

​"ဒီပန်းချီကားတွေကို ယူနေတာလား။ ဒါတွေက ရတနာတွေနဲ့ မတူပေမဲ့ အခန်းထဲမှာ ချိတ်ထားရင်တော့ ကြည့်ကောင်းမှာပါ" ချူးမြောင်က ပြုံးစစဖြင့် ဆိုသည်။

​သူတို့ ပထမထပ်သို့ ဆက်လက်ဆင်းလာရာ ထိုနေရာတွင်လည်း အစွမ်းထက် သားရဲကြီးများ၏ ပန်းချီကား ၉ ချပ်ကို တွေ့ရပြန်သည်။ လုချန်းသည် ကျားဖြူ၊ လိပ်နက်၊ နဂါးပြာ၊ ဖီးနစ်၊ အမြီးကိုးချောင်းမြေခွေး စသည့် နတ်ဘုရားသားရဲ ၉ ပါး၏ ပန်းချီကားများကိုလည်း သိမ်းလိုက်သည်။

​"ဒီနေရာက အသုံးမကျပါဘူး။ ပန်းချီကားတွေပဲ ရှိတာ။ အောက်ဆုံးထပ်မှာရော ဘာတွေ ရှိဦးမလဲ မသိဘူး" ချူးမြောင်က မျက်မှောင်ကြုတ်ကာ ဆိုသည်။

​သို့သော် သူတို့ အောက်ဆုံးထပ်သို့ ရောက်သွားသောအခါ မြင်လိုက်ရသည့် အရာကြောင့် အားလုံး မှင်သက်သွားကြသည်။ ထိုနေရာတွင် ပြာလဲ့သော အရည်များဖြင့် ပြည့်နှက်နေသည့် ရေကန်ကြီး တစ်ကန် ရှိနေသည်။

​"ဒါ... ဒါ သဘာဝ ချီစွမ်းအင်ကန်ပဲ။ ငါတို့ ရှာတွေ့တာ မယုံနိုင်ဘူး" ချူးမြောင်က ဝမ်းသာအားရ ခုန်ပေါက်လိုက်သည်။

​"အံ့သြစရာပဲ၊ ဒီကန်ထဲက သဘာဝ ချီစွမ်းအင်တွေကို စုပ်ယူပြီး ကျင့်ကြံရင် အဆင့်တွေ အများကြီး တက်နိုင်တယ်လို့ ကြားဖူးတယ်။ ငါတို့ တကယ် ကံကောင်းတာပဲ" တိုင်ဟူကလည်း ပြုံးရွှင်စွာ ဆိုသည်။

​"တကယ်ကို ကောင်းတာပဲ။ ငါလည်း ဒီလိုမျိုးတစ်ခုခု လိုအပ်နေတာ။ ကဲ... ကန်ထဲဆင်းပြီး ကျင့်ကြံကြစို့" လုံချန်းသည် အဝတ်အစားပင် မချွတ်ဘဲ ကန်ထဲသို့ ဆင်းလိုက်သည်။ ကျန်နှစ်ယောက်လည်း ထိုနည်းတူပင် လိုက်ဆင်းကြသည်။

​သူတို့အားလုံး မျက်လုံးများကို မှိတ်ကာ စွမ်းအင်များကို စတင်စုပ်ယူကြသည်။ လုံချန်း၏ စွမ်းအင်စုပ်ယူမှု အရှိန်မှာမူ အခြားသူများထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်နေလေတော့သည်။

အခန်း (၃၈၆) - ဆေးဥယျာဉ် (၁)

​လုံချန်း၏ စွမ်းအင်စုပ်ယူမှုအရှိန်မှာ ချူးမြောင်နှင့် တိုင်ဟူတို့ထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်လှသည်။ သူသည် ရေကန်ထဲမှ စွမ်းအင်များကို အရှိန်အဟုန်ဖြင့် စုပ်ယူနေသဖြင့် အပြာရောင်ရေမျက်နှာပြင်မှာ တဖြည်းဖြည်း နိမ့်ဆင်းသွားသည်။

​လုံချန်းသည် ကမ္ဘာမြေ အဆင့် ၃ တွင် ရှိနေသော်လည်း တစ်နာရီမပြည့်မီမှာပင် အဆင့် ၄ သို့ တက်လှမ်းနိုင်ခဲ့သည်။ သူ၏ အဆင့်တက်မှုမှာ ထိုမျှနှင့် ရပ်မသွားဘဲ ညအချိန်သို့ ရောက်သောအခါ အဆင့် ၅ သို့ ထပ်မံရောက်ရှိသွားပြန်သည်။

​ချူးမြောင်သည်လည်း အဆင့် ၄ မှ အဆင့် ၅ သို့ ရောက်ရှိသွားပြီး တိုင်ဟူမှာမူ အဆင့် ၃ မှ အဆင့် ၄ သို့ တက်လှမ်းနိုင်ခဲ့သည်။ လုံချန်းသည် မနားတမ်း ဆက်လက်စုပ်ယူခဲ့ရာ နောက်တစ်နေ့ မနက်တွင် အဆင့် ၆ သို့ ရောက်ရှိသွားလေသည်။ ထိုအချိန်မှာပင် အပြာရောင် စွမ်းအင်ရည်များမှာ သာမန်ရေအဖြစ် ပြောင်းလဲသွားသဖြင့် သူ ကျင့်ကြံခြင်းကို ရပ်လိုက်ရသည်။

​"အင်း... ဒီထက်ပိုရမယ်လို့ မျှော်လင့်ထားတာ။ ဒါပေမဲ့ ဒီလောက်ရတာလည်း မဆိုးပါဘူး" လုံချန်းက ရေကန်ထဲမှ ထွက်ရင်း ရေရွတ်လိုက်သည်။ "ငါထင်တာ မမှားဘူးဆိုရင် ဒီကန်ထဲမှာ စွမ်းအင်တွေ ဒီထက်မက ရှိသင့်တာ။ အရင်တုန်းက ဒီဂိုဏ်းပေါ်လာတုန်းက တစ်စုံတစ်ယောက်က စုပ်ယူသွားတာ ဖြစ်ရမယ်"

​သူတို့သည် မျှော်စင်ပေါ်မှ ပြန်ဆင်းလာခဲ့ကြသည်။ လုံချန်းက အပေါ်ထပ်မှ မြေပြင်ပေါ်သို့ အေးအေးဆေးဆေး ခုန်ဆင်းသွားသော်လည်း ချူးမြောင်နှင့် တိုင်ဟူမှာမူ ကြိုးကိုသုံးကာ တုန်တုန်ရင်ရင်ဖြင့် ဆင်းလာကြသည်ကို မြင်သောအခါ လုံချန်းက ဆူပူလိုက်သည်။

​"မင်းတို့က ကျင့်ကြံသူတွေပဲလေ။ နည်းနည်းလောက် သတ္တိရှိစမ်းပါ။ ကမ္ဘာမြေအဆင့် ကျင့်ကြံသူတွေက ဒီလောက်အမြင့်ကို ကြောက်နေတာ မြင်ရတာ တကယ် ရှက်ဖို့ကောင်းတယ်"

​"ငါတို့က ကျင့်ကြံသူတွေလေ၊ နတ်ဘုရားတွေမှ မဟုတ်တာ။ တတိယထပ် အမြင့်ကနေ ခုန်ချဖို့ဆိုတာ မလွယ်ဘူးလေ" ချူးမြောင်က ခပ်နွမ်းနွမ်း အပြုံးဖြင့် ပြန်ပြောသည်။

​သူတို့သည် မြောက်ဘက်အရပ်သို့ ဆက်လက် ထွက်ခွာလာခဲ့ကြသည်။ အခြားဂိုဏ်းသားများကိုလည်း မတွေ့ရသဖြင့် အခြားသူများမှာ ဥယျာဉ်၏ တခြားတစ်ဖက်သို့ ရောက်နေကြမည်ဟု ခန့်မှန်းရသည်။

​ဂိုဏ်း၏ အခြားတစ်ဖက်တွင်မူ...

​ကောင်းကင်သတ်ဖြတ်ခြင်းဂိုဏ်း မှ လူများသည် လေ့ကျင့်ရေးခန်းမတစ်ခုထဲသို့ ရောက်သွားပြီး အင်အားကြီးသော ဝင်္ကပါ တစ်ခုနှင့် ရင်ဆိုင်နေရသည်။ မုကျိန်း နှင့် စုကျန်း တို့အဖွဲ့မှာမူ တောအုပ်တစ်ခုထဲတွင် ဧရာမ နတ်ဆိုး နကျယ်ကောင်များ၏ တိုက်ခိုက်ခြင်းကို ခံနေရသဖြင့် အသက်လုပြေးနေကြရသည်။

​"တကယ် စိတ်ပျက်ဖို့ကောင်းတာပဲ။ ရတနာရှာဖို့ လာတာကို အခုတော့ သားရဲတွေနောက်က လိုက်တာပဲ ခံနေရတယ်" ဆူကျန်းက ငိုချင်ရက် လက်တို့ဖြစ်နေသည်။ "ဟိုဂိုဏ်းရဲ့မိစ္ဆာလည်း သေနေလောက်ပြီ ထင်တယ်"

​"မင်း သူ့ကို အထင်မသေးနဲ့။ ခွန်အားစမ်းသပ်ပွဲမှာ နံပါတ်တစ် ရခဲ့တယ်ဆိုတာ မလွယ်ဘူး။ သူက တော်တော်တော့ အစွမ်းထက်မှာပဲ။ ဒါပေမဲ့ အခုတော့ ငါက မင်းရဲ့ အကူအညီနဲ့ အရင်ကထက် ပိုသန်မာလာပြီဆိုတော့ သူ့ကို မကြောက်တော့ပါဘူး" မုကျိန်းက ပြန်ပြောလိုက်သည်။

​မန်ရှန်းလီ တို့အဖွဲ့မှာမူ မြစ်တစ်စင်း၏ အနားတွင် ရှိနေပြီး ရေထဲမှ အလွန်တန်ဖိုးရှိသော စိန်သလင်းကျောက်များကို စုဆောင်းနေကြသည်။

​လုံချန်းတို့အဖွဲ့ဘက်တွင်မူ...

​သူတို့သည် ဖန်အမိုးခုံးပုံစံ အဆောက်အဦးတစ်လုံးကို တွေ့ရှိလိုက်သည်။ လုံချန်း တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်လိုက်သည်နှင့် အလွန်အမင်း စိတ်လှုပ်ရှားသွားရသည်။ သူသည် ဆေးပညာရှင်တစ်ဦး ဖြစ်သည့်အတွက် သူ့ရှေ့တွင် မြင်နေရသည့် အရာမှာ ဆေးပညာရှင်များအတွက် နိဗ္ဗာန်ဘုံပင် ဖြစ်သည်။

​၎င်းမှာ နတ်ကောင်းကင်ဘုံဂိုဏ်း၏ ဆေးဥယျာဉ် ဖြစ်ပြီး ထောင်ပေါင်းများစွာသော ရှားပါး စိတ်ဝိညာဉ်အပင်များနှင့် ဆေးဖက်ဝင်အပင်များဖြင့် ပြည့်နှက်နေသည်။

​"အံ့သြစရာပဲ၊ ဒီအပင်တွေ အကုန်လုံးပဲ။ ငါက ဆေးပညာရှင် မဟုတ်ပေမဲ့ ဒါတွေက အရမ်းရှားပါးတယ်ဆိုတာ ငါသိတယ်" တိုင်ဟူက ရေရွတ်လိုက်သည်။

​"နင်က ဆေးပညာရှင် မဟုတ်လား။ ဒါတွေကို အကုန်သိမ်းလိုက်လေ" ချူးမြောင်က လုံချန်းကို တိုက်တွန်းသည်။

​လုံချန်းသည် အပင်များကို သိုလှောင်လက်စွပ်ထဲသို့ တစ်ပင်ချင်း အမြန်သိမ်းဆည်းနေခဲ့သည်မှာ ၃ နာရီခန့် ကြာသွားသည်။ ဥယျာဉ်၏ တစ်ဝက်ခန့်ကို သိမ်းဆည်းပြီးချိန်တွင် တစ်စုံတစ်ခု လှုပ်ရှားသွားသည်ကို သူ တွေ့လိုက်ရသည်။ လုံချန်းသည် မျက်မှောင်ကြုတ်လျက် မတ်တတ်ရပ်ကာ ရှေ့သို့ လှမ်းကြည့်လိုက်လေတော့သည်။

All Chapters