← Chapters

အခန်း (၄၁၉-၄၂၀)

Vol. 42 Ch. 419-420

အခန်း (၄၁၉-၄၂၀)

Vol. 42 Ch. 419-420

အခန်း (၄၁၉) လျှို့ဝှက်ဆန်းပြားသော သီချင်း

​လုံချန်း ရေထဲမှ ထွက်လာသည်နှင့် ချူးမြောင်က လှမ်း၍ ကြိုဆိုလိုက်သည်။ ချူးမြောင်သည် သူမ၏ အဝတ်ဟောင်းများ စိုရွှဲသွားသဖြင့် ယခုအခါ အဝတ်အစား အသစ်တစ်စုံကို လဲလှယ်ဝတ်ဆင်ထားသည်။

​"နင် ပြန်လာပြီပဲ။ ဘာမှမဖြစ်ဘူးမလား" လုံချန်းကို မြင်သောအခါ ချူးမြောင်က မတ်တပ်ရပ်ရင်း မေးလိုက်သည်။

​"အင်း... ဘာမှမဖြစ်ပါဘူး။ အအေးဒဏ်ကို ခံနိုင်ရင် ဒီရေက အန္တရာယ်မရှိပါဘူး" လုံချန်းက ပြန်ဖြေလိုက်သည်။ သူသည် ရေစိုရွှဲနေသော မိမိ၏ အဝတ်အစားများကို ငုံ့ကြည့်လိုက်သည်။

​"ခဏလောက် နောက်လှည့်ပေးထားလို့ ရမလား။ ငါ အဝတ်လဲဖို့ လိုနေလို့" သူက သူမကို ပြောလိုက်သည်။

​ချူးမြောင်က ခေါင်းညိတ်ပြကာ လုံချန်းကို ကျောခိုင်း၍ လှည့်ပေးလိုက်သည်။ လုံချန်းသည် ရေစိုနေသောအဝတ်များကို ချွတ်ကာ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ခြောက်သွေ့သော အဝတ်တစ်စုံကို ထုတ်ယူကာ ဝတ်ဆင်လိုက်သည်။

​"ပြီးပြီ။ လှည့်လာလို့ ရပြီ" အဝတ်လဲပြီးနောက် သူ သူမကို လှမ်းပြောလိုက်သည်။

​ချူးမြောင် ပြန်လှည့်လာပြီးနောက် "ရေထဲမှာ တစ်ခုခု ရှိနေလို့လား။ နင့်ရဲ့ သားရဲက ဘာလို့ ရေထဲကို ခုန်ချသွားတာလဲ။ ပြီးတော့ သူက သားရဲအိတ် ထဲကနေ ဘယ်လိုလုပ် အပြင်ကို ထွက်လာနိုင်တာလဲ။ ငါလည်း ငါ့ရဲ့သားရဲကို ခေါ်ကြည့်သေးတယ်၊ ဒါပေမဲ့ မရဘူး" သူမ စိတ်ထဲတွင် ရှိနေသော မေးခွန်းများကို စတင်မေးမြန်းတော့သည်။

​"ဂိုဏ်းရဲ့ ကန့်သတ်ချက်က သားရဲအမျိုးအစားနဲ့ အင်အားအပေါ်မှာ မူတည်နေတာ ဖြစ်နိုင်တယ်။ အဲဒါကြောင့် ငါ့ရဲ့ တခြားသားရဲတွေ ခေါ်မရပေမဲ့ သူကတော့ သက်ရောက်မှု မရှိတာ ဖြစ်ရမယ်။ သူက အားနည်းလွန်းသေးတာလည်း ပါမှာပေါ့"

​"ပြီးတော့ ရေကန်ထဲမှာ ဘာမှမရှိပါဘူး။ သူက ရေကြိုက်လို့ ခုန်ချသွားတာ ဖြစ်မှာပါ" သူ ဆင်ခြေတစ်ခု ပေးလိုက်သည်။ သူမကို နတ်သုခငါးနှင့် ဘုရင်နတ်ဘုရား သားရဲများအကြောင်း အသိပေးဖို့ မလိုအပ်ပေ။

​"ငါလည်း နင့်နောက်ကနေ ခုန်ချခဲ့သေးတယ်၊ ဒါပေမဲ့ ရေက အရမ်းအေးလွန်းလို့ ငါ့ခန္ဓာကိုယ်က တောင့်တင်းသွားတာပဲ။ အပေါ်ယံက သွေးလို နီနေပေမဲ့ အထဲက ရေတွေက တကယ်ကို ကြည်လင်နေတာ တွေ့ရတာ ထူးဆန်းတယ်နော်" သူမက ဆိုသည်။

​"ငါ့မှာတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ နည်းလမ်းတွေ ရှိတယ်လေ။ ဒါပေမဲ့ နင်ကတော့ အတင်းအကျပ် လုပ်ခဲ့ရင် သေသွားနိုင်တယ်။ အဲဒါက နင့်အတွက်ရော ငါ့အတွက်ရော ဘာမှ အကျိုးမရှိဘူး။ အခြေအနေကို ပိုဆိုးသွားစေမှာပဲ။ အချိန်မှန်မှာ ပြန်ထွက်လာခဲ့တာက မှန်ကန်တဲ့ ရွေးချယ်မှုပဲ" လုံချန်းက သူမကို ချီးကျူးလိုက်သည်။

​"ဘာပဲဖြစ်ဖြစ်... ဆက်သွားကြစို့။ အချိန်က ကုန်တာ မြန်တယ်။ အချိန်ဖြုန်းနေလို့ မဖြစ်တော့ဘူး။ ကြည့်စရာ နေရာတွေ အများကြီး ကျန်သေးတယ်" လုံချန်းက ပြောရင်း သိုလှောင်လက်စွပ်ထဲမှ ဝိညာဉ်ဓားကို ထုတ်လိုက်သည်။

​"နင် ထပ်မအိပ်တော့ဘူးလား" သူမက မေးသည်။

​"ရပါတယ်။ ဒီအတွက် စိတ်မပူနဲ့။ ဒီနေရာက ငါ့ကို အေးအေးဆေးဆေး အိပ်ခွင့်ပေးမယ့်ပုံ မရဘူး။ အချိန်ဖြုန်းနေမယ့်အစား ရတနာတွေ ထပ်ရှာတာက ပိုကောင်းလိမ့်မယ်။ ငါတို့ သူတို့ရဲ့ ပညာရပ်ခန်းမနဲ့ တခြား ဆုလာဘ်ပေးတဲ့ နေရာတွေကို ရှာဖို့ ကျန်သေးတယ်" လုံချန်းက ပြန်ဖြေသည်။

​"ပညာရပ်ခန်းမကတော့ ရတနာခန်းမလိုမျိုး မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရမယ်။ ဒီအသုံးမကျတဲ့ လက်အိတ်တွေလိုမျိုး အသုံးမဝင်တဲ့ ပညာရပ်တစ်ခု ထပ်မရချင်တော့ဘူး" သူ ဝတ်ဆင်ထားသော လက်အိတ်ကို ကြည့်ကာ ဖြည့်စွက်ပြောလိုက်သည်။

​ထိုလက်အိတ်အကြောင်း တွေးမိလေလေ သူ ပိုပြီး စိတ်တိုလေလေပင်။

​"ဒါတွေက နည်းနည်းလေးတောင် အသုံးမဝင်တဲ့အပြင် ငါက ဒါတွေအကြောင်း ဘာမှလည်း မသိရသေးဘူး။ သာမန် လက်အိတ်တွေထက်တောင် ဆိုးသေးတယ်။ ဒါတွေက ငါ့လက်ကိုတောင် နွေးအောင် မလုပ်ပေးနိုင်ဘူး။ ရတနာခန်းမက ငါ့ရဲ့ အဖြေတွေကို သဘောမကျလို့ ဒီအမှိုက်တွေကို ပစ်ပေးလိုက်တာ ထင်တယ်။ ငါ ဒါတွေကို ဘာလို့ ဝတ်ထားမိလဲတောင် မသိတော့ဘူး" သူ ညည်းတွားလိုက်သည်။

​"တချို့ အရာဝတ္ထုတွေက ငါတို့ မသိနိုင်တဲ့ လျှို့ဝှက်ချက်တွေနဲ့ အသုံးဝင်မှုတွေ ရှိနိုင်ပါတယ်၊ အဲဒီအတွက် စိတ်မပူပါနဲ့။ အဆိုးဆုံး ဖြစ်ခဲ့ရင်တောင် ဒါက ကြည့်ကောင်းတဲ့ အဆင်တန်ဆာတစ်ခုပေါ့။ ပြောရမယ်ဆိုရင် ဒါက နင်နဲ့ တကယ် လိုက်ဖက်ပါတယ်" ချူးမြောင်က မြှောက်ပင့်ပေးလိုက်သည်။

​"ဒါကပဲ သူ့ရဲ့ တစ်ခုတည်းသော အသုံးဝင်မှု ဖြစ်မှာပေါ့" လုံချန်းက မချိပြုံးဖြင့် ရေရွတ်လိုက်သည်။

​"ဘာပဲဖြစ်ဖြစ်... ငါတို့ သွားကြစို့။ အနားကို လာခဲ့ဦး" လုံချန်းက ချူးမြောင်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။

​ချူးမြောင် ခေါင်းညိတ်လိုက်ပြီး ဖြည်းညှင်းသော ခြေလှမ်းများဖြင့် သူ့အနီးသို့ တိုးလာသည်။ သူတို့နှစ်ဦးကြား အကွာအဝေးမှာ မီတာဝက်ခန့်သာ ကျန်တော့သည်အထိ သူမ အနားတိုးလာသောအခါ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေပုံရသည်။

​လုံချန်းက ကျန်ရှိသော အကွာအဝေးကို ဖြည့်ဆည်းလိုက်ပြီး သူမ၏ ပခုံးတစ်ဖက်နှင့် ဒူးအောက်မှ လက်ထည့်ကာ သူမကို မင်းသမီးလေးတစ်ပါးကဲ့သို့ ပွေ့ချီလိုက်သည်။ ဝိညာဉ်ဓားသည် မြေပြင်အထက် လက်မအနည်းငယ်ခန့်တွင် ပျံဝဲနေသည်။ သူသည် ဓားပေါ်သို့ တက်လိုက်ရာ ဓားသည် လေထဲသို့ မြင့်တက်သွားပြီး လုံချန်းနှင့် ချူးမြောင်ကို တင်ဆောင်ကာ ရှေ့သို့ ပျံသန်းသွားတော့သည်။

​ရွှင်းသည် သူတို့၏ ဘေးနားမှ ကပ်၍ ပျံသန်းနေသည်။ လုံချန်းအတွက် ထူးဆန်းနေသည်မှာ ရွှင်းသည် ချူးမြောင်ကိုသာ ခဏခဏ လှမ်းကြည့်နေခြင်းပင်။

​'တစ်ခုခု မှားနေလို့လား။ ငါ နင့်ကိုပါ ပွေ့ချီထားပေးရမလား' လုံချန်းက ထူးဆန်းသော မျက်နှာဖြင့် ရွှင်းကို စိတ်ထဲမှ မေးလိုက်သည်။

​"မလိုပါဘူး... အရူးရဲ့" ရွှင်းက ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်သည်။

​'ဒါဆို ဘာလို့ သူ့ကို အဲဒီလို ကြည့်နေရတာလဲ။ သူ့ဆီမှာ ထူးဆန်းတာ တစ်ခုခု တွေ့လို့လား။ သူ့ကို ဝိညာဉ်တစ်ကောင်ကောင် ပူးနေပြန်ပြီလား'

​ရွှင်းက မဟုတ်ကြောင်း ခေါင်းခါပြလိုက်သည်။ "သူ့ကို တစ်ခုလောက် မေးပေးပါဦး။ အဲဒီသီချင်းကို သူ ဘယ်လိုလုပ် သိတာလဲဆိုတာကို" ရွှင်းက ပြောသည်။

​'ဘယ်သီချင်းလဲ'

​"နင် အိပ်ပျော်နေတုန်းက သူ ဆိုနေတဲ့ သီချင်းလေ။ အဲဒီသီချင်းကို သူ ဘယ်လို သိတာလဲဆိုတာ မေးကြည့်စမ်းပါ"

​လုံချန်းသည် ချူးမြောင်ကို လှမ်းကြည့်လိုက်ပြီး ရွှင်းကို အံ့သြသွားစေလောက်အောင် ထိုသီချင်းမှာ ဘာများ ထူးခြားနေသလဲဟု တွေးတောနေမိသည်။ ထိုသီချင်းတွင် မည်သည့် လျှို့ဝှက်ချက်တွေ ရှိနေသနည်း။

​"ငါ အိပ်နေတုန်းက နင် သီချင်းဆိုနေတာလား" လုံချန်းက သူမကို မေးလိုက်သည်။

​ချူးမြောင်သည် သူ၏ မေးခွန်းကြောင့် အံ့သြသွားပုံရသည်။ သူမသည် လုံချန်း အိပ်ပျော်နေပြီဟု သေချာမှသာ ထိုသီချင်းကို ဆိုခဲ့ခြင်း ဖြစ်သည်။ သူ ထိုသီချင်းအကြောင်း ဘယ်လိုသိသွားလဲဆိုတာ သူမ နားမလည်နိုင်ပေ။

​"နင် ဘယ်လိုလုပ် သိတာလဲ" သူမ အံ့သြတကြီး မေးလိုက်သည်။ "နင် အိပ်နေတာ မဟုတ်ဘူးလား"

​"အိပ်တော့ အိပ်နေတာပေါ့၊ ဒါပေမဲ့ နှစ်နှစ်ခြိုက်ခြိုက်တော့ မဟုတ်ဘူး။ ငါ့အိပ်မက်ထဲမှာ သီချင်းသံ ကြားလိုက်ရသလိုပဲ။ အဲဒီသီချင်းကို နောက်တစ်ခေါက်လောက် ထပ်ဆိုပြလို့ ရမလား။ ငါ ထပ်ကြားချင်လို့" လုံချန်းက ပြောလိုက်သည်။

​သူမ ထိုသီချင်းကို ဘယ်က ကြားခဲ့သလဲဆိုသည်ကို မမေးခင် ရွှင်းကို အံ့သြသွားစေသည့် ထိုသီချင်းကို သူကိုယ်တိုင် အရင် နားထောင်ကြည့်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

​"အာ... ငါ ဘယ်သူ့ရှေ့မှာမှ ဒါကို မဆိုဖူးဘူး။ ငါ့ရဲ့ အခြေအနေနဲ့ ငါရှိနေတဲ့ ဂိုဏ်းကို ကြည့်ရင် ဒါက နည်းနည်းတော့ ရှက်ဖို့ကောင်းတယ်" သူမက ရှက်ကိုးရှက်ကန်း မျက်နှာပေးဖြင့် ပြောသည်။

​"စိတ်မပူပါနဲ့။ ငါက စိတ်သဘောထား ကြီးပါတယ်။ ဘာမှ ဝေဖန်မှာ မဟုတ်ဘူး။ ပြီးတော့ နင့်သီချင်းကို ငါ သဘောကျလို့ ထပ်ကြားချင်တာပါ" လုံချန်းက သူမကို နှစ်သိမ့်လိုက်သည်။

​"အင်း... ကောင်းပါပြီ။ ဒါက ငါတို့လို မိစ္ဆာကျင့်ကြံသူတွေ ဆိုလေ့ရှိတဲ့ သာမန်သီချင်းမျိုးတော့ မဟုတ်ဘူးနော်" သူမက ရှင်းပြပြီးနောက် စတင် သီဆိုလိုက်သည်။

​လုံချန်းသည် သီချင်းစာသားများကို နားထောင်ရင်း သီချင်းထဲမှတစ်ဆင့် ပုံပြင်တစ်ပုဒ်ကို ပြောပြနေသကဲ့သို့ ခံစားလိုက်ရသည်။ ထိုပုံပြင်ကို စိတ်ကူးယဉ်ကြည့်ရန် မခက်ခဲပေ။ သီချင်းကို ကြားလိုက်ရသည်နှင့် မြင်ကွင်းများမှာ လူတစ်ယောက်၏ စိတ်ထဲတွင် အလိုအလျောက် ပေါ်လာသကဲ့သို့ပင်။

​ချူးမြောင်သည် သူမ၏ ခေါင်းကို လုံချန်း၏ ရင်ဘတ်ပေါ် မှီထားရင်း သီချင်းကို ဆိုနေသည်။ ပုံပြင်လေး တိုးတက်လာသည်နှင့်အမျှ သီချင်းသံမှာလည်း ဆက်လက် စီးမျောနေသည်။ ခဏအကြာတွင် သီချင်း ပြီးဆုံးသွားသည်။

​"ဘယ်လိုလဲ... ကောင်းရဲ့လား" ချူးမြောင်က မေးသည်။

​"တကယ်ကို ကောင်းပါတယ်။ ငါ ကြားဖူးသမျှထဲမှာ အကောင်းဆုံး သီချင်းတစ်ပုဒ်ပဲ။ ပြီးတော့ နင့်ရဲ့ အသံကလည်း အရမ်းကောင်းတော့ နားထောင်ရတာ တကယ့်ကို စိတ်အေးချမ်းတယ်" လုံချန်းက ချီးကျူးလိုက်သည်။

​"ကျေးဇူးတင်ပါတယ်"

​"နင် သီချင်းအပေါ် စပ်စုချင်တာတွေ ပြီးပြီဆိုရင် သူမ ဒါကို ဘယ်က ကြားခဲ့တာလဲဆိုတာ မေးတော့လေ" ရွှင်းက လုံချန်းကို သတိပေးလိုက်သည်။ သူမသည် အဓိကအချက်ကို သိရန် စောင့်ဆိုင်းနေဆဲ ဖြစ်သည်။

​"ဒီသီချင်းကို နင် ဘယ်က ကြားခဲ့တာလဲ" လုံချန်းက ချူးမြောင်ကို မေးလိုက်သည်။

​"ငါ ငယ်ငယ်တုန်းက ငါ့အမေက ငါ့ကို အိပ်ပျော်အောင် ချော့သိပ်တဲ့အခါ ဒီသီချင်းကို အမြဲဆိုပြလေ့ရှိတယ်။ ကြားဖူးတာ များလွန်းလို့ ငါ အလွတ်ရနေတာ" ချူးမြောင်က ပြန်ဖြေသည်။

​"သူ့ရဲ့ အမေကကော ဘယ်သူ့ဆီက ကြားခဲ့တာလဲဆိုတာကို မေးကြည့်ဦး" ရွှင်းက လုံချန်းကို ထပ်ပြောသည်။

​လုံချန်းသည် ရွှင်းကို လှမ်းကြည့်လိုက်ရာ သူမ၏ တည်ကြည်လေးနက်နေသော မျက်နှာထားကြောင့် သူ မချိပြုံး ပြုံးလိုက်မိသည်။

​'ငါ ဒီသီချင်းကို နားထောင်ကြည့်တော့ တကယ်ကောင်းတဲ့ သီချင်းဆိုတာ ဟုတ်ပါတယ်၊ ဒါပေမဲ့ ဒီလောက်အထိ အသည်းအသန် ဖြစ်နေဖို့ လိုလို့လား' သူ ရွှင်းကို မေးလိုက်သည်။

​"နင်က ဒီသီချင်းရဲ့ သမိုင်းကြောင်းကို မသိလို့ နားမလည်နိုင်တာပါ။ ငါပြောတာကိုပဲ မေးပေးပါ" ရွှင်းက ဆိုသည်။

​"ဒီသီချင်းကို နင့်အမေကို ဘယ်သူသင်ပေးခဲ့တာလဲဆိုတာ နင် သိလား။ သူ အဲဒီအကြောင်း ပြောဖူးလား" လုံချန်းက ချူးမြောင်ကို မေးလိုက်လေတော့သည်။

အခန်း (၄၂၀) ပညာရပ်ခန်းမ

​"ငါလည်း မသိဘူး။ ငါ့အမေကပဲ ဒီသီချင်းကို ကိုယ်တိုင် ရေးခဲ့တယ် ထင်တာပဲ" ချူးမြောင်က လုံချန်းကို ပြောပြသည်။

​"အဲဒါ မဟုတ်နိုင်ဘူး။ ဒီပုံပြင်အကြောင်း တခြားတစ်ယောက်က ဒီသီချင်းနဲ့ ထပ်တူကျအောင် ဖန်တီးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာ။ ဒါဟာ အဲဒီလူနဲ့ သေချာပေါက် ပတ်သက်နေတာပဲ" ရွှင်းက ချက်ချင်း တုံ့ပြန်လိုက်သည်။

​လုံချန်းသည် ရွှင်းကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။

​'ဘယ်သူ့ကို ပြောတာလဲ။ အနည်းဆုံးတော့ ဒီသီချင်းက ဘာအကြောင်းလဲ၊ ဘာလို့ ဒီလောက် အရေးကြီးနေရတာလဲဆိုတာ ငါ့ကို ပြောပြလို့ မရဘူးလား။ ချူးမြောင်ကတော့ သူ့အမေကို ဘယ်သူသင်ပေးခဲ့လဲဆိုတာ မသိတာ ရှင်းနေပြီပဲ။ ပြီးတော့ အဲဒါက ဘာလို့ အရေးကြီးနေရတာလဲဆိုတာ ငါလည်း နားမလည်ဘူး' လုံချန်းက ရွှင်းကို စိတ်ထဲမှ ပြောလိုက်သည်။

​ရွှင်းသည် အောက်သို့ ငုံ့ကြည့်ရင်း ခေါင်းခါပြကာ ပျောက်ကွယ်သွားတော့သည်။

​"ဘာမှမဟုတ်ပါဘူး။ ငါ ဟိုးအရင်တုန်းက သိခဲ့တဲ့ လူတစ်ယောက်ကို ပြန်တွေ့ရနိုးနိုးနဲ့ တွေးမိသွားလို့ပါ။ ထားလိုက်ပါတော့... ဒါက မဖြစ်နိုင်ပါဘူး" ရွှင်း၏ အသံမှာ လုံချန်း၏ နားထဲတွင် ပဲ့တင်ထပ်လာသည်။

​လုံချန်းသည် သူမ၏ စကားများကို တွေးတောကြည့်ရင်း ၎င်းမှာ သူမ မပြောချင်သော ကိစ္စတစ်ခု ဖြစ်နေကြောင်း ခံစားမိလိုက်သည်။ ၎င်းမှာ သူနှင့်လည်း သက်ဆိုင်သော ကိစ္စမဟုတ်သလို ဘာအကြောင်းလဲဆိုသည်ကိုလည်း သူ မသိပေ။

​'စိတ်မပူပါနဲ့။ ဆုံစည်းဖို့ ကံပါလာရင်တော့ ဒီသီချင်းကို ဖန်တီးခဲ့တဲ့သူနဲ့ ငါတို့ တွေ့ရမှာပါ' လုံချန်းက သူမကို နှစ်သိမ့်လိုက်သည်။

​နောက်ထပ် နာရီဝက်ခန့်အတွင်း မည်သူမျှ စကားမပြောဖြစ်ကြဘဲ ရှေ့သို့သာ ဆက်လက် ချီတက်ခဲ့ကြသည်။ လမ်းခရီးတွင် အဆောက်အဦး အချို့ကို တွေ့ခဲ့သော်လည်း အထဲသို့ ဝင်ကြည့်သောအခါ ဘာမှမရှိဘဲ အလွတ်များသာ ဖြစ်နေသည်ကို တွေ့ရသည်။

​နတ်ကောင်းကင်ဘုံဂိုဏ်း၏ အရေးကြီးသော နေရာများကို ရှာဖွေရင်း ထိုအဆောက်အဦးများအား ကျော်ဖြတ်ခဲ့ကြသည်။ အတော်ကြာပြီးနောက်မှသာ ချူးမြောင်က တိတ်ဆိတ်မှုကို စတင် ဖြိုခွင်းလိုက်သည်။

​"ငါတို့ ဂိုဏ်းရဲ့ နေရာတော်တော်များများကို ရောက်ခဲ့ပြီးပြီ၊ ဒါပေမဲ့ နတ်ကောင်းကင်ဘုံဂိုဏ်း တပည့်တွေရဲ့ ဝင်းခြံတွေရယ်၊ ပညာရပ်ခန်းမတွေကိုရယ် မတွေ့သေးဘူး။ နတ်ကောင်းကင်ဘုံဂိုဏ်းက ဒါတွေကို ရတနာခန်းမနဲ့ ဒီလောက်အထိ ဝေးဝေးမှာ ထားလိမ့်မယ်လို့ ငါမယုံဘူး။ ငါတို့ လမ်းကြောင်း မှားနေတာများလား" သူမက လုံချန်းကို မေးလိုက်သည်။ သူမ ဤအကြောင်းကို တွေးနေသည်မှာ ကြာပြီဖြစ်သည်။

​"ငါလည်း မသိဘူး။ ငါတို့မှာက လမ်းကြောင်းတစ်ကြောင်းတည်းပဲ သွားလို့ရတာလေ။ အခု သွားနေတဲ့ လမ်းကြောင်းကတော့ တန်ဖိုးရှိတဲ့ အရာအချို့ကို တွေ့ခဲ့ရတာဆိုတော့ မှန်တယ်လို့ ပြောလို့ရပေမဲ့ ရှေ့မှာ ဘာမှ အသုံးဝင်တာ မတွေ့ရတော့တာလည်း ဖြစ်နိုင်တာပဲ" လုံချန်းက ပြန်ဖြေသည်။

​"မိစ္ဆာကိုးကွယ်ခြင်းဂိုဏ်းက လူတွေကတော့ ငါတို့နဲ့ မတူတဲ့ လမ်းကြောင်းကို သွားကြတာ။ သူတို့ကတော့ ပညာရပ်ခန်းမကို တွေ့သွားလောက်ပြီ ထင်တယ်" ချူးမြောင်က ရေရွတ်လိုက်သည်။

​"တကယ်လို့ သူတို့ တွေ့သွားတယ်ဆိုရင်တော့ သူတို့ ကံကောင်းတာပေါ့။ ငါတို့ဆီမှာ ရှိတဲ့ ဂိုဏ်းရဲ့ မြေပုံတွေက မပြည့်စုံတဲ့အပြင် အချို့နေရာတွေမှာ မှားတောင် မှားနေသေးတာ။ အဲဒါကြောင့် ဒီလိုနေရာမျိုးတွေကို ရှာတွေ့ဖို့ဆိုတာ ကံတရားပေါ်မှာပဲ အများကြီး မူတည်တယ်။ ငါတို့လည်း ကံကောင်းခဲ့သလို သူတို့လည်း ရတနာအချို့ တွေ့နိုင်တာပဲလေ" လုံချန်းက ဆိုသည်။

​"ဟူး... ငါလည်း တစ်ခုခု တွေ့ဖို့ တကယ် မျှော်လင့်မိပါတယ်။ အခုထိ ငါ ဘာမှ မရသေးဘူး။ ဆွဲအားမျှော်စင်တွေထဲမှာတောင် ငါ သေမလို ဖြစ်ခဲ့ရတယ်" ချူးမြောင်က သက်ပြင်းချရင်း ပြောသည်။ သူမ ပုံစံမှာ စိတ်ပျက်အားလျော့နေပုံရသည်။

​"နင် လိုချင်တယ်ဆိုရင် ငါ့ဆီမှာ ရှိတဲ့ တန်ဖိုးရှိတဲ့ ရတနာအချို့ကို ပေးနိုင်ပါတယ်" လုံချန်းက သူမကို ပြောလိုက်သည်။

​သူသည် ပထမအဆင့် တိုင်းပြည်တစ်ပြည်၏ ဘုရင်ထံမှ ရတနာတိုက် တစ်တိုက်လုံးကို ခိုးယူခဲ့သဖြင့် သူ့ထံတွင် ရတနာများစွာ ရှိနေသည်။ ထိုအရာအများစုမှာ သူ့အတွက် သိပ်ပြီး အသုံးမဝင်လှသဖြင့် ပြန်ရောက်လျှင် သူ၏ အဖိုးကို ပေးရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

​အချို့ကို ချူးမြောင်အား ပေးလိုက်ခြင်းကလည်း မဆိုးလှဟု သူ တွေးလိုက်မိသည်။ သူမသည် သူ့ကို ကူညီခဲ့သလို ဆေးဖက်ဝင်အပင်များ တွေ့ရှိစဉ်ကလည်း သူမ၏ ဝေစုကို မတောင်းခဲ့ပေ။ ထို့အပြင် တခြားကိစ္စများတွင်လည်း သူမက အတော်လေး နားလည်မှု ရှိခဲ့သည်။

​သူမ သဘောတူမည်ဆိုလျှင် သူ၏ မိသားစုအတွက် ကျန်ရှိသော အရာများကို ချန်လှပ်ထားပြီး အချို့ကို သူမအား ပေးရန် ဆုံးဖြတ်လိုက်သည်။

​"ရပါတယ်... ငါ အဲဒီလို အရာတွေကို မလိုချင်ပါဘူး။ ရှေ့မှာ ငါ့ဘာသာ တစ်ခုခု ရှာတွေ့နိုင်မယ်လို့ မျှော်လင့်တာပဲ" ချူးမြောင်က ငြင်းလိုက်သည်။

​"အင်း... ငါတို့ ဆေးပင်တွေကို အတူတူ ရှာတွေ့ခဲ့တာပဲ၊ ဒါပေမဲ့ နင်က မယူခဲ့ဘူး။ အဲဒီတော့ ငါ အဲဒီအပင်တွေကနေ ဖော်စပ်မယ့် ဆေးလုံးအချို့ကို ပေးရင်ကော" လုံချန်းက အကြံပြုလိုက်သည်။

​"အဲဒါဆိုရင်တော့ ဖြစ်နိုင်တယ်။ အဲဒါကိုတော့ ငါ လက်ခံနိုင်ပါတယ်။ ဆေးလုံးတွေက တကယ့်ကို အသုံးဝင်တာ။ ငါ အာရုံစူးစိုက်မှု ဆေးလုံးတွေက ဝယ်ဖို့ စဉ်းစားနေတာ ကြာပြီ။ နင် အဲဒီဆေးလုံးတွေကို ဖော်စပ်နိုင်လား" သူမက မေးသည်။

​"ဖော်နိုင်တာပေါ့။ အဲဒါတွေက ဖော်စပ်ရတာ လွယ်ပါတယ်။ ငါတို့ ဒီကိစ္စတွေ ပြီးသွားတဲ့အခါ နင့်အတွက် ငါ ဖော်ပေးမယ်" လုံချန်းက သူမကို ကြည့်ကာ ပြန်ဖြေလိုက်သည်။

​"နေဦး... ဟိုမှာ တစ်ခုခု တွေ့ပြီ!" ချူးမြောင်က ရှေ့ကို ညွှန်ပြရင်း အော်လိုက်သည်။ သူမ၏ လေသံမှာ ရုတ်တရက် ပြောင်းလဲသွားပြီး အလွန် စိတ်လှုပ်ရှားနေပုံရသည်။

​လုံချန်းသည် သူမ ညွှန်ပြရာသို့ လှည့်ကြည့်လိုက်ရာ ရတနာခန်းမနှင့် ဆင်တူသော အဆောက်အဦးတစ်လုံးကို တွေ့လိုက်ရသည်။

​"နောက်ထပ် ရတနာခန်းမ တစ်ခုလား" လုံချန်းက မျက်မှောင်ကြုတ်ရင်း အံ့သြသွားသည်။

​"ဒါက ရတနာခန်းမနဲ့ တူနေတဲ့ ပညာရပ်ခန်းမ ဖြစ်မှာပါ။ သူတို့ဆီမှာ ရတနာခန်းမ နှစ်ခု ရှိစရာ အကြောင်းမရှိဘူးလေ" ချူးမြောင်က သုံးသပ်ပြသည်။

​"ဖြစ်နိုင်တယ်၊ မကြာခင် သိရမှာပေါ့"

​သူတို့သည် ထိုမျှော်စင်အနီးသို့ ရောက်ရှိလာပြီး မြေပြင်ပေါ်သို့ ဆင်းလိုက်ကြသည်။ လုံချန်းသည် အနားအထိ ပျံသန်းမသွားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင်လည်း ဆွဲအားတိုးမြင့်မှုများ ရှိနေပါက ထိုသက်ရောက်မှုကြောင့် သူတို့ မြေပြင်ပေါ်သို့ ပြုတ်ကျသွားနိုင်သည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

​ဆွဲအား သက်ရောက်မှုရှိသော နေရာများတွင် လမ်းလျှောက်ခြင်းမှာ အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။ ထိုအခါမှသာ လူတစ်ဦးသည် မိမိ၏ ခန္ဓာကိုယ် ခွန်အားတစ်ခုလုံးကို သုံး၍ ဆွဲအားကို တွန်းလှန်နိုင်မည် ဖြစ်သည်။

​"ဆွဲအား ပြောင်းလဲမှု ရှိမရှိ ငါ အရင် စစ်ကြည့်လိုက်မယ်" လုံချန်းက ချူးမြောင်ကို မြေပြင်ပေါ်သို့ ချပေးရင်း ပြောလိုက်သည်။ ချူးမြောင်က ခေါင်းညိတ်ပြကာ လုံချန်း ရှေ့သို့ လှောက်သွားသည်ကို အနောက်မှ စောင့်ကြည့်နေသည်။

​လုံချန်းသည် ရတနာမျှော်စင်မှာကဲ့သို့ ဆွဲအားပြောင်းလဲမှုမျိုးကို တွေ့ရမလားဟု တွေးတောရင်း မျှော်စင်အနီးသို့ တိုးသွားလိုက်သည်။ သူသည် ဆက်လက် လျှောက်လှမ်းခဲ့ရာ မကြာမီမှာပင် မျှော်စင်၏ အဝင်ဝသို့ ရောက်ရှိသွားသော်လည်း ထူးခြားမှု ဘာမှမခံစားရပေ။

​"စိတ်ချလက်ချ လာခဲ့လို့ ရပြီ။ ဒီမှာတော့ ဆွဲအားက ပုံမှန်ပဲ" လုံချန်းက ချူးမြောင်ကို လှမ်းပြောလိုက်သည်။

​"ဝမ်းသာလိုက်တာ" ချူးမြောင်က ပျော်ရွှင်စွာ ပြုံးပြရင်း မျှော်စင်ဆီသို့ ပြေးလာခဲ့သည်။

​လုံချန်းသည် မျှော်စင်၏ တံခါးများကို တွန်းဖွင့်လိုက်ရာ အတွင်းဘက်ရှိ ခန်းမကြီးကို မြင်လိုက်ရသည်။ သူသည် ချူးမြောင်နှင့်အတူ မျှော်စင်အတွင်းသို့ ဝင်လိုက်သည်။

​ခန်းမအတွင်းသို့ ရောက်သောအခါ သူသည် တစ်ပတ် ဝေ့ကြည့်လိုက်သည်။ ထိုနေရာရှိ နံရံများပေါ်တွင် သူ ဖတ်မရသော စာလုံးများ ပြည့်နှက်နေသည်။ ခန်းမ၏ ရှေ့တည့်တည့်တွင် တံခါးနှစ်ချပ် ရှိသည်။ ထိုတံခါးနှစ်ချပ်လုံးတွင်လည်း စာလုံးအချို့ ရေးသားထားသည်။ ထိုတံခါးများပေါ်ရှိ စာလုံးများကိုသာ သူ ဖတ်နိုင်သည်။

​ညာဘက်တံခါးတွင် မိန်းကလေးများဟု ရေးထားပြီး၊ ဘယ်ဘက်တံခါးတွင်မူ ယောက်ျားလေးများဟု ရေးသားထားသည်။

​'ရွှင်း... နံရံပေါ်မှာ ဘာတွေ ရေးထားတာလဲ' လုံချန်းက ရှေးဟောင်းဘာသာစကားများကို ပိုမိုကျွမ်းကျင်သော ရွှင်းကို မေးလိုက်သည်။

​"ဘာမှမဟုတ်ပါဘူး။ အောင်မြင်ဖို့အတွက် ကြိုးစားအားထုတ်ပါ ဆိုတာမျိုးလို အသုံးမဝင်တဲ့ စကားပုံလေးတွေ နံရံမှာ ရေးထားတာပါ။ ဒါက တက်ကြွလာအောင် လုပ်ပေးတာပဲ ဖြစ်မှာပါ" ရွှင်းက ပြန်ဖြေသည်။

​လုံချန်းသည် တံခါးများအနီးသို့ လျှောက်သွားလိုက်သည်။

​"ဒါက ငါ အရင်ဝင်ခဲ့တဲ့ ရတနာခန်းမနဲ့ မတူဘူး။ ဒါက တကယ်ပဲ ပညာရပ်ခန်းမ ဖြစ်လောက်တယ်" လုံချန်းက တံခါးများကို ကြည့်ကာ ရေရွတ်လိုက်သည်။

​"ဘယ်ဘက်တံခါးက နင့်လို ယောက်ျားလေးတွေအတွက်၊ ညာဘက်တံခါးကတော့ မိန်းကလေးတွေအတွက် ဖြစ်ရမယ်။ အဲဒါကို မူတည်ပြီး ရမယ့်ပညာရပ်တွေကို ဆုံးဖြတ်ပေးတာများလား" ချူးမြောင်က အကြံပြုသည်။

​"ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ အန္တရာယ်လည်း ရှိနိုင်တယ်နော်" လုံချန်းက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

​"ရပါတယ်... နတ်ကောင်းကင်ဘုံဂိုဏ်းက ဒီလောက်အထိတော့ မတရားလောက်ပါဘူး။ တကယ်လို့ ဒါက ငါတို့ရမယ့် ပညာရပ်အတွက် စမ်းသပ်မှုတစ်ခုဆိုရင် သူတို့ရဲ့ တပည့်တွေရဲ့ ဘေးကင်းရေးကိုတော့ သူတို့ လျစ်လျူရှုထားမှာ မဟုတ်ဘူး" ချူးမြောင်က ဆိုသည်။

​"မှန်ပါတယ်။ ဒါပေမဲ့ အခုထိတော့ နတ်ကောင်းကင်ဘုံဂိုဏ်းကလူတွေ စိတ်ပုံမှန်ရှိတယ်လို့ ငါ မယုံသေးဘူး" လုံချန်းက ပြောလိုက်သည်။

​"စိတ်မပူပါနဲ့။ ငါ့ဆီ ရောက်လာမယ့် ဘယ်လိုအရာကိုမဆို ငါ ရင်ဆိုင်နိုင်ပါတယ်" ချူးမြောင်က ပြောရင်း တံခါးကို တွန်းဖွင့်ကာ အတွင်းသို့ ဝင်သွားတော့သည်။

​"အဲဒီလိုပဲ မျှော်လင့်ရတာပေါ့" လုံချန်းကလည်း ရေရွတ်ရင်း သူ၏ဘက်မှ တံခါးကို ဖွင့်ကာ အတွင်းသို့ လှမ်းဝင်လိုက်သည်။

​လုံချန်းသည် အစေခံများ၏ အခန်းထက်ပင် ပိုမိုသေးငယ်သော အခန်းငယ်လေး တစ်ခန်း အတွင်းသို့ ရောက်ရှိသွားသည်။ ကြမ်းပြင်ပေါ်တွင် ဝင်္ကပါ တစ်ခု ရှိနေပြီး သူ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းမှာ စတင်တောက်ပလာတော့သည်။

​လုံချန်း၏ ပုံရိပ်မှာလည်း ပျောက်ကွယ်သွားလေတော့သည်။

All Chapters