အခန်း (၂၁၃-၂၁၄)
Vol. 22 Ch. 213-214
အခန်း ၂၁၃ - ဝရမ်းစာရင်းနှင့် လမ်းလျှောက်နေသော နိဗ္ဗာန်ဆေးလုံး ဘီလီယံနှစ်ဆယ်
ယင်းဟွမ်ဟွမ်၏ မျက်နှာထက်တွင် စိုးရိမ်ရိပ်များ လွှမ်းမိုးနေ၏၊ လက်ရှိ အခြေအနေမှာ အလွန်ပင် အန္တရာယ်ကြီးမားလွန်းနေသည်။
စုလေ ပေါ်လာခြင်းက နတ်ဆိုးအမှတ်အသား အဖွဲ့ တစ်ဖွဲ့လုံး ရောက်ရှိနေပြီ ဖြစ်ကြောင်း သက်သေပြနေသလိုပင်။
“နတ်ဆိုးအမှတ်အသား အဖွဲ့မှာ အဓိက အဖွဲ့ဝင် ခြောက်ယောက် ရှိတယ်၊ အားလုံးက ဂိုဏ်းရဲ့ ဝရမ်းစာရင်းထဲမှာ ပါနေတာ၊ စုလေနဲ့ သူတို့ ခေါင်းဆောင် ယောင်လင် အပြင် ကျန်တဲ့ လေးယောက်လုံးကလည်း နိဗ္ဗာန်အဆင့်ခုနှစ်မှာ ရှိကြတယ်”
ယင်းဟွမ်ဟွမ် ပြောသဖြင့် ဝူယွမ် စုလေ၏ နောက်ကွယ်မှ လူများကို ကြည့်လိုက်ရာ ထိုသူလေးဦးမှာ နိဗ္ဗာန်အဆင့်ခုနှစ်တွင် ရှိနေသည်ကိုတွေ့လိုက်ရလေသည်။
“သူတို့ ခေါင်းဆောင်ကလွဲလို့ အားလုံး ရောက်နေကြပြီပေါ့”
“ယောင်လင်က အရမ်းကို ကောက်ကျစ်စဉ်းလဲတတ်တဲ့သူ၊ နတ်ဆိုးအမှတ်အသား အဖွဲ့က ဒီလောက် အင်အား အလုံးအရင်းနဲ့ လှုပ်ရှားလာပြီဆိုမှတော့ သူလည်း အမှောင်ထဲမှာ ပုန်းအောင်းနေမှာ အသေအချာပဲ” ဟု ယင်းဟွမ်ဟွမ်က မျက်မှောင်ကြုတ်လျက် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။
နတ်ဆိုးအမှတ်အသား အဖွဲ့တစ်ဖွဲ့တည်းနှင့်ပင် သူတို့အဖွဲ့အတွက် ရင်ဆိုင်ရခက်ခဲနေပြီ ဖြစ်သည်။ ထိုစဉ် လေတိုးသံများ ပြန်လည် ပဲ့တင်ထပ်လာပြီး အဝေးမှ အမည်းစက်များက သူတို့ထံသို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာကြသည်။
မကြာမီ လူရိပ်များစွာ ရောက်လာကြပြန်ရာ ဖန်းယွမ်က လေးနက်သော လေသံဖြင့် “ဒီကောင်တွေလည်း ရောက်လာကြပြီပဲ၊ ပြဿနာက ပိုကြီးလာပြီ” ဟု ဆိုလိုက်သည်။
“ဒီကောင်တွေဆိုတာ ဘယ်သူတွေလဲ” လင်းတုန်ကကြောင်အအဖြင့် မေးလိုက်သည်။
“မြောက်ဘက်က အစိမ်းရောင် ဝတ်စုံနဲ့ တစ်ယောက်ကတော့ ရှောင်ထျန်းပဲ၊ သူ့ကို နတ်ဆိုးလက်ဝါးလို့ လူသိများကြပြီး ဝရမ်းစာရင်းရဲ့ အဆင့်ငါးမှာ ရှိနေတဲ့သူ၊ နိဗ္ဗာန်အဆင့်ရှစ် ခွန်အား ရှိတယ်”
“တောင်ဘက်က တစ်ယောက်ကတော့ လူသတ်သမားလို့ လူသိများတဲ့ လော့ရိပဲ၊ သူက ဝရမ်းထုတ်ခံစာရင်းရဲ့ အဆင့်ခြောက်မှာ ရှိနေပြီး သူလည်း နိဗ္ဗာန်အဆင့်ရှစ်မှာပဲ”
ဖန်းယွမ်က ရောက်ရှိလာသူများကို မိတ်ဆက်ပေးနေခဲ့သည်။ ထိုသူများမှာ သွေးကျောက်မြေရိုင်း၏ နာမည်ကြီး အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြပြီး အားနည်းဆုံးသူပင် နိဗ္ဗာန်အဆင့် ခုနှစ်တွင် ရှိပေသည်။
“ဝူယွမ်၊ ဘယ်လိုပဲဖြစ်ဖြစ် မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်ရဲ့ မျိုးစေ့ကို ဂိုဏ်းဆီ ပြန်ယူသွားမှရမယ်” ဟု ယင်းဟွမ်ဟွမ်က ဝူယွမ်၏ နားအနီးသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်၏။ “ကျွန်မ သူတို့ကို အစွမ်းကုန် တားဆီးထားပေးမယ်”
သူမသည် အသက်ပေးကာ တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေဟန် ရပေသည်။
“စိတ်မပူပါနဲ့၊ ငါရှိတယ်”
ဝူယွမ်က အကျိုးအကြောင်း အထူးတလည် ရှင်းမပြဘဲ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောလိုက်သည်။
ယင်းဟွမ်ဟွမ်၏ စရိုက်မှာ ကျန်းယွဲ့နှင့် အတန်ငယ် တူပေသည်။ သိန်းငှက်သိုင်းခန်းမက သွေးလင်းတ သိုင်းခန်းမ၏ ခြိမ်းခြောက်မှုကို ခံခဲ့ရစဉ်က ကျန်းယွဲ့သည် ဝူယွမ်က သိန်းငှက်သိန်းခန်းမ ကူညီနိုင်ရန် မျှော်လင့်ချက်ဖြင့် သူမကိုယ်သူမ စတေးရန်ပင် ဝန်မလေးခဲ့ပေ။
သူတို့၏ နှလုံးသားထဲတွင် ဂိုဏ်းသည် အိမ်ကဲ့သို့ ဖြစ်နေပြီး ဂိုဏ်း၏ အကျိုးအတွက်ဆိုလျှင် မည်သည့်အရာကိုမဆို စတေးရန် အသင့်ရှိနေကြသည်။ ယင်းဟွမ်ဟွမ်သည်လည်း ထိုသို့ပင် ဖြစ်ပြီး မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်၏ မျိုးစေ့ကို ဂိုဏ်းထံ ရောက်ရှိစေရန် သူမ အစွမ်းရှိသမျှ ပေးဆပ်ရန် ဆန္ဒရှိနေပေသည်။
ဝူယွမ်၏ တည်ငြိမ်သော အမူအရာက ယင်းဟွမ်ဟွမ်ကိုလည်း စိတ်အေးသွားစေခဲ့သည်။
သူမသည် ဝူယွမ်ကို အမြဲတမ်း နားလည်ရခက်သောသူဟု ထင်မြင်ခဲ့ဖူးပြီး ဤအခိုက်အတန့်တွင် သူမ၏ မျှော်လင့်ချက်ကို သူ၏အပေါ်၌ ပုံအောထားလိုက်သည်။
ကောင်းကင်ယံထက်တွင် လူသတ်သမားဟု လူသိများသော လော့ရိက ဝတ်စုံဖြူကို ဝတ်ဆင်ထားပြီး ဖန်းယွမ်နှင့် အခြားသူများကို ပြုံးလျက် ကြည့်ကာ “ဟားဟား... ဒီမှာ ဘာတွေ ဖြစ်နေတာလဲဆိုတာ ဘယ်သူများ ပြောပြနိုင်မလဲ၊ ပြီးတော့ စောစောက အစိမ်းရောင် အလင်းတန်းကရော ဘာလဲ” ဟု မေးလိုက်လေ၏။
ဖန်းယွမ်၏ မျက်နှာမှာ အေးစက်နေသော်လည်း မျက်နှာချင်းဆိုင်ရှိ စုလေက ရယ်မောကာ “အော်... ဘာမှ မဟုတ်ပါဘူး၊ မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်ရဲ့ မျိုးစေ့ တစ်စေ့ပါပဲ” ဟု ပြန်ပြောလိုက်သည်။
သူတို့၏ နတ်ဆိုးအမှတ်အသား အဖွဲ့သည် ဤဒေသတွင် အင်အားအကြီးဆုံး ဖြစ်သဖြင့် ထိုသူများက သူတို့ထံမှ လုယူသွားမည်ကို မစိုးရိမ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လူများလေလေ တောင်ဂိုဏ်းထံမှ လာမည့် ဖိအားများကို ခွဲဝေယူနိုင်လေလေ ဖြစ်သည်ဟု ယူဆထားလေသည်။
“မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်ရဲ့ မျိုးစေ့”
ထိုစကားကို ကြားလိုက်ရသည်နှင့် ရောက်ရှိလာသူများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး သူတို့၏ မျက်လုံးများထဲတွင် လောဘရိပ်များ လွှမ်းမိုးသွားတော့သည်။
လော့ရိက ဖန်းယွမ်ကို စိုက်ကြည့်ရင်း ပြုံးကာ “ဒီလော့ရိ တစ်သက်သာမှာ မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်ရဲ့ မျိုးစေ့ကို တစ်ခါမှ မမြင်ဖူးသေးဘူး၊ မင်းသမီးလေး ဖန်းယွမ်၊ အဲဒါလေးကို ထုတ်ပြပြီး လူတိုင်းကို ကြည့်ခွင့်ပေးရင်ရော ဘယ်လိုလဲ” ဟု ပြောလိုက်လေသည်။
ဖန်းယွမ်၏ မျက်နှာမှာ အလွန်အေးစက်သွားခဲ့၏။ သွေးကျောက်မြေရိုင်းမှ ရက်စက်ကြမ်းကြုတ်သော ဤလူများနှင့် ရင်ဆိုင်ရချိန်တွင် သူမအနေဖြင့် အားနည်းသလို ခံစားနေရခဲ့သည်။
ထိုစဉ် ဝူယွမ်က သူမ၏ ရှေ့သို့ ရုတ်တရက် လှမ်းတက်လာပြီး မျက်နှာချင်းဆိုင်မှ ပြုံးနေသော လော့ရိကို စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ “မင်း... တကယ်ပဲ မြင်ချင်တာလား” ဟု မေးလိုက်လေသည်။
“မင်းက ဘယ်သူလဲ ငါ့ကောင်...” ဝူယွမ်၏ အကြည့်အောက်တွင် လော့ရိမှာ စိတ်မသက်မသာ ဖြစ်သွားပြီး အေးစက်စွာ ပြောလိုက်၏။
“တောင်ဂိုဏ်းက ဝူယွမ်ပဲ”
“ဟားဟား... ဂိုဏ်းထဲက အသစ်ထွက်လာတဲ့ တပည့်လေးထင်တယ်၊ သွေးကျောက်မြေရိုင်းရဲ့ အန္တရာယ်တွေကို မသိသေးဘူးနဲ့ တူတယ်၊ နိဗ္ဗာန်အဆင့် ခြောက် လေးနဲ့ ငါ့ကို ဒီလို စကားပြောရဲတယ်ပေါ့”
လော့ရိက ဝူယွမ်ကို လောကအကြောင်း မသိသေးသည့် အတွေ့အကြုံမရှိသေးသူဟုဆ ထင်မှတ်ကာ နိဗ္ဗာန်အဆင့်ရှစ် ဖိအားများကို ဝူယွမ်ထံသို့ အရှိန်အဟုန်ဖြင့် ထုတ်လွှတ်လိုက်သည်။
“ငါ တောင်ဂိုဏ်းက အခုမှ ထွက်လာတာ မှန်တယ်၊ ဒါပေမဲ့ မင်းကို စကားပြောဖို့အတွက် သီးသန့် ယဉ်ကျေးပျူငှာနေရမယ့် စည်းကမ်းတွေ ရှိလို့လား”
ဝူယွမ်ကလည်း စူးရှသော အရှိန်အဝါများကို ချက်ချင်းပြန် ထုတ်ဖော်လိုက်ကာ လော့ရိ၏ ဖိအားများကို ရိုက်ခွဲလိုက်ရုံသာမက သူ့ကိုပင် နောက်ဆုတ်သွားစေတော့သည်။
“ငါ့ကောင်... မင်းက မရိုးပါလား” လော့ရိက ဝူယွမ်ကို လေးလေးနက်နက် ကြည့်လိုက်မိ၏။
“မင်းတို့လို ဝရမ်းထုတ်ခံထားရတဲ့ ရာဇဝတ်ကောင်တွေက ပုံမှန်ဆိုရင် ရှာရခက်တယ်၊ ဒီနေ့တော့ မင်းတို့ ကံဆိုးသွားပြီ၊ ငါနဲ့ လာတိုးတာပဲ၊ အမကြီး ဟွမ်ဟွမ်၊ သူတို့က အရမ်းသန်မာတော့ ဆုကြေးကလည်း အတော်များမှာ မဟုတ်လား” ဝူယွမ်က ယင်းဟွမ်ဟွမ်ဘက်သို့ လှည့်ပြီး မေးလိုက်ရာ လူအားလုံး ကြောင်အသွားကြသည်။
လော့ရိ၊ ရှောင်ထျန်း၊ စုလေနှင့် အခြားသူများမှာ ဝူယွမ်၏ စကားကြောင့် ရယ်ချင်ပတ်ကျိ ဖြစ်သွားကြသည်။
“ဒီကောင်လေးက ငါတို့ကို ဖမ်းပြီး ဆုကြေးထုတ်ဖို့ တကယ်ပဲ စဉ်းစားနေတာလား...”
“ဒီလို အပြောမခံရတာ ကြာပြီပဲ...”
“စိတ်ဝင်စားဖို့ ကောင်းလိုက်တာ၊ တောင်ဂိုဏ်းကနေ ဒီလို ငတုံးတပည့် ထွက်လာလိမ့်မယ်လို့ မထင်ထားဘူး...”
“တစ်ယောက်ယောက် ပြောပြစမ်းပါဦး၊ သူက အမြဲတမ်း ဒီလိုပဲ သတ္တိတွေရှိ တက်ကြွနေတာလား...”
ထိုသူများမှာ ဝူယွမ်ကို ငတုံးတစ်ယောက်ကဲ့သို့ လှောင်ပြောင် ရယ်မောနေကြတော့သည်။ ဤနေရာရှိ လူတိုင်းမှာ အင်အားကြီးဂိုဏ်းများ၏ ဝရမ်းစာရင်းတွင် နာမည်ကျော်သူများ ဖြစ်ကြပြီး မည်သူမဆို နိဗ္ဗာန်အဆင့် ခုနှစ်တွင် ရှိကာ ဆုကြေးမှာလည်း သန်းတစ်ရာ ကျော်နေလေသည်။
သို့သော် သွေးကျောက်မြေရိုင်းတွင်မူ သူတို့ကသာ ဇာတ်လိုက်များ ဖြစ်ကြသည်။
ယင်းဟွမ်ဟွမ်သည်လည်း ဝူယွမ်၏ အတွေးကို အမှီမလိုက်နိုင်ဖြစ်နေရသည်။ အခြားသူများမှာ ထိတ်လန့်နေကြသော်လည်း သူကမူ ဆုကြေးများကိုသာ စိတ်ပူနေပေသည်။
သို့သော် ဝူယွမ်၏ တည်ကြည်သော အကြည့်ကို မြင်သောအခါ ယင်းဟွမ်ဟွမ်က “ဆုကြေးတွေက တကယ်ကို များတယ်၊ အားလုံးက နိဗ္ဗာန်ဆေးလုံး သန်းတစ်ရာ အထက်မှာ ရှိကြတယ်၊ လော့ရိ တစ်ယောက်တည်းတင် သန်းသုံးရာ ရှိတာ” ဟု ဖြေပေးလိုက်လိုက်သည်။
“ဒါဆိုရင်... ဒါက သုံးရာ၊ လေးရာ၊ ငါးရာ... သန်းပေါင်း တစ်ထောင်ကျော်နေပြီပေါ့” ဝူယွမ်က ဝမ်းသာအားရဖြင့် သူနှင့် မျက်နှာချင်းဆိုင်မှ ခေါင်းများကို လက်ညှိုးထိုးကာ စတင် ရေတွက်နေတော့သည်။
လင်းတုန်ကလည်း စိတ်လှုပ်ရှားစွာဖြင့် ဝူယွမ်နှင့်အတူ သေချာ တွက်ချက်ပေးလိုက်၏။
“အစ်ကိုကြီး၊ အစ်ကိုကြီး တွက်တာ မှားနေတယ်၊ ဒီလော့ရိက ဝရမ်းထုတ်ခံစာရင်းရဲ့ အဆင့်ခြောက်ပဲ ရှိသေးတာ သန်းသုံးရာ ဆိုရင်၊ အဆင့်ငါးက ရှောင်ထျန်း၊ ပြီးတော့ စုလေ၊ ပြီးတော့ နတ်ဆိုးအမှတ်အသား အဖွဲ့ရဲ့ ခေါင်းဆောင်ဆိုရင် အဆင့်လေးမှာ ကိုးယွမ် နိဗ္ဗာန်အဆင့်ဆိုတော့ သန်းသုံးရာထက် ကျိန်းသေ ပိုမှာပဲ၊ ကြည့်ရတာ နိဗ္ဗာန်ဆေးလုံး ဘီလီယံနှစ်ဆယ်လောက်တောင် ဖြစ်သွားနိုင်တယ်”
သူတို့နှစ်ယောက်မှာ လော့ရိနှင့် အခြားသူများကို လောဘတကြီး ကြည့်နေကြပုံမှာ စောစောက မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်၏ မျိုးစေ့ကို ကြည့်နေကြသည့် ပုံစံအတိုင်းပင် ဖြစ်သည်။
“ဂိုဏ်းကြီးတွေက ဒီလောက်တောင် ရက်ရောလိမ့်မယ်လို့ မထင်ထားဘူး၊ ဒီကောင်တွေကို ဖမ်းဖို့ နိဗ္ဗာန်ဆေးလုံးတွေ အများကြီး အကုန်ခံထားတာပဲ”
ဝူယွမ်က အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။ ထိုမျှ များပြားသော နိဗ္ဗာန်ဆေးလုံးများက ရှေးဟောင်းစစ်မြေပြင်တွင် ရရှိခဲ့သည်ထက် များစွာ သာလွန်ပြီး ဆေးမြစ်တစ်ခုကို အချိန်အကြာကြီး လည်ပတ်စေရန် လုံလောက်ပေသည်။
“အော်... ဟုတ်သားပဲ၊ မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်ရဲ့ မျိုးစေ့က ငါ့ဆီမှာ ရှိတာ၊ အင်း... ဒီမှာ ရှိတယ်၊ အားလုံး ကြည့်ထားကြဦး၊ ငါ မင်းတို့ကို လိမ်တယ်လို့ မပြောအောင်”
ဝူယွမ်က ပြောပြောဆိုဆိုနှင့် သိမ်းဆည်းထားသော မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင် မျိုးစေ့ကို ထုတ်ပြလိုက်ရာ စူးရှသော အစိမ်းရောင် မျိုးစေ့ထံမှ ပြင်းထန်သော ဇီ၀သက်စောင့်စွမ်းအင်များ ထွက်ပေါ်လာပြီး လော့ရိနှင့် အခြားသူများ၏ မျက်လုံးများကို နီမြန်းသွားစေသည်။
“မျိုးစေ့က ဒီမှာပဲ ရှိတယ်၊ ထွက်ပြေးဖို့တော့ မစဉ်းစားနဲ့ဦး၊ ငါတို့ မိုးလင်းတဲ့အထိ တိုက်ကြမယ်”
ထို့ေနာက် သူက ရယ်မောလျက် မျိုးစေ့ကို ပြန်သိမ်းလိုက်၏။ ယင်းဟွမ်ဟွမ်နှင့် အခြားသူများမှာ ဝူယွမ်၏ လုပ်ရပ်ကြောင့် ပို၍ပင် ဇဝေဇဝါ ဖြစ်နေကြရသည်။
“အစ်ကိုကြီး... ဒါက နည်းနည်း များမသွားဘူးလား...” လင်းတုန်က တိုးတိုးလေး မေးလိုက်လေသည်။
“နိဗ္ဗာန်ဆေးလုံး ဘီလီယံနှစ်ဆယ်ဆိုတာ ငါတို့ နိဗ္ဗာန်အဆင့် ကိုး အထိ တက်ဖို့ လုံလောက်တယ်”
ဝူယွမ်က လင်းတုန်ကို ပြုံးပြလိုက်ပြီး “စိတ်မပူနဲ့၊ မင်းက သုံးပုံတစ်ပုံလောက်ကို ကိုင်တွယ်ပေးရင် ရပြီ”
သူ့တွင် ဝူတောင် သိထားသော မဟာရှေးဟောင်းကျောက်တိုင်ကဲ့သို့ စင်ကြယ်သော ယွမ်ရတနာ ရှိနေသဖြင့် ဤရန်သူများကို ရင်ဆိုင်နိုင်ခြင်းမှာ ကျိုးကြောင်းဆီလျော်ပေသည်။
“တစ်ဝက်လောက်ဆိုရင်လည်း ပြဿနာမရှိပါဘူး” လင်းတုန်က ရယ်မောလိုက်၏။
“ဒီငတုံးနှစ်ယောက်ကို ငါ နောက်ထပ် တစ်စက္ကန့်တောင် မမြင်ချင်တော့ဘူး၊ အားလုံးပဲ တိုက်ကြမယ်၊ ဝရမ်းထုတ်ခံရကတည်းက ငါ့ကို ဒီလို အစော်ကားခံရတာ တစ်ခါမှ မရှိဖူးဘူး”
လော့ရိသည် ဒေါသကို မထိန်းနိုင်တော့ဘဲ ဘေးပတ်ဝန်းကျင်မှ လူများကို ကြည့်ကာ ပြောလိုက်လေသည်။ ထိုသူများမှာလည်း ခေါင်းညိတ်ပြလိုက်ကြပြီး ဝူယွမ်နှင့် လင်းတုန်၏ လုပ်ရပ်ကြောင့် သူတို့ အမှန်တကယ် ဒေါသထွက်နေကြပြီ ဖြစ်သည်။
“ဒီခေတ်ကြီးမှာ သေရမှာမကြောက်တဲ့ ငတုံးတွေ အများကြီး ရှိနေတာပဲ” လော့ရိက သူ၏ ဖြူဖွေးသော သွားများကို ဖြဲပြလျက် ရက်စက်သော အကြည့်များဖြင့် ကြည့်လိုက်လေ၏။
သူ၏ မျက်နှာပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အမူအရာတစ်ခု ပေါ်လာပြီး သူ့ပုံရိပ်မှာ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
ထို့နောက် သွေးနီရောင် အရှိန်အဝါများ လွှမ်းခြုံထားသော လက်ဝါးမှာ ချွန်ထက်သော ဓားတစ်စင်းကဲ့သို့ လင်းတုန်၏ ပုခုံးထံသို့ အရှိန်အဟုန် ပြင်းပြင်းဖြင့် ကျဆင်းလာခဲ့သည်။
“အစ်ကိုကြီး... ဒီလူသတ်သမားကို ငါပဲအရင်ဆုံး ရှင်းလိုက်မယ်၊ ဒီခေတ်ကြီးမှာ လူသတ်သမားဆိုတဲ့ နာမည်ခံထားတဲ့သူတွေ အများကြီးပဲ၊ ငါ့ကိုယ်ငါ ဘာလို့ ခေါ်ရမလဲ... လူသတ်သမားတွေကို သတ်ဖြတ်သူလို့ ခေါ်ရမလား”
လင်းတုန်က အားရပါးရ ရယ်မောလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထံမှ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
တိန်...
လော့ရိ၏ လက်ဝါးမှာ သံမဏိကို ရိုက်မိသကဲ့သို့ လင်းတုန်၏ ခန္ဓာကိုယ်ကိုထိသည်နှင့် တုန်ခါသွားပြီး သူ၏ လက်ပင် နောက်သို့ ပြန်ကန်ထွက်သွားသည်။
“လိပ်နက် ကောင်းကင်လဲလှယ်တံဆိပ်”
လင်းတုန်က လက်ဟန်များ ပြောင်းလဲလိုက်ရာ လိပ်နက်တစ်ကောင်၏ ပုံရိပ်ကြီးမှာ သူ့နောက်တွင် ပေါ်လာပြီး ဧရာမ လက်ဝါးရိုက်ချက်ကြီးမှာ လော့ရိထံသို့ ပြင်းထန်စွာ ကျရောက်သွားသည်။
ဘုန်း…
လော့ရိမှာ ထိုလက်ဝါးရိုက်ချက်ကြောင့် နောက်သို့ လွင့်ထွက်သွားရသည်။ ထိုတစ်ကွက်ကြောင့် သူက လင်းတုန်ကို အံ့အားသင့်စွာ ကြည့်လိုက်မိ၏။
သူ၏ နိဗ္ဗာန်အဆင့် ရှစ် စွမ်းအားဖြင့် တိုက်ခိုက်မှုမှာ နိဗ္ဗာန်အဆင့် ခြောက် မှာသာရှိသော ပြိုင်ဘက်၏ အကာအကွယ်ကို မဖောက်နိုင်ရုံသာမက လက်ဝါးရိုက်ချက် တစ်ချက်တည်းနှင့်ပင် နောက်သို့ ဆုတ်သွားခဲ့ရသည်။
“အားလုံး အတူတူ တိုက်ကြစမ်း” သူက အော်ဟစ်လိုက်ရာ နိဗ္ဗာန်အဆင့် ခုနှစ် ကျင့်ကြံသူ အတော်များများ လင်းတုန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြတော့သည်။
“ဟေ့ကောင်... မင်း စောစောက စကားတွေ အများကြီး ပြောနေတယ်မလား၊ အခု မင်းကို ဘယ်တော့မှ စကားမပြောနိုင်အောင် လုပ်ပေးမယ်”
စုလေက ဝူယွမ်ကို စိုက်ကြည့်လျက် သူ၏ လက်ထဲမှ ဓားကြီးဖြင့် ခုတ်ပိုင်းလိုက်သည်။
“အမကြီး... ဝရမ်းစာရင်းမှာ သေရမယ်လား ရှင်ရမယ်လား သတ်မှတ်ထားတာ ရှိလား” ထိုစိုးရိမ်ဖွယ်ရာ အခိုက်အတန့်တွင် ဝူယွမ်က ယင်းဟွမ်ဟွမ်ဘက်သို့ လှည့်ကာ မေးလိုက်ပြန်သည်။
“သီးသန့် သတ်မှတ်ထားတာ မရှိပေမဲ့ ဖြစ်နိုင်ရင် ဒုက္ခိတဖြစ်အောင် လုပ်တာ အကောင်းဆုံးပဲ၊ အရှင်ဖမ်းမိရင် ဆုကြေး ပိုရတယ်” ယင်းဟွမ်ဟွမ်က လေးလေးနက်နက် ပြန်ပြောလိုက်သည်။ ထိုအခိုက်အတန့်တွင် ဝူယွမ်က နောက်ပြောင်နေခြင်း မဟုတ်ဘဲ အမှန်တကယ် လုပ်ဆောင်နိုင်စွမ်း ရှိသည်ဟု သူမ ခံစားလိုက်ရသည်။
“ဒုက္ခိတဖြစ်အောင်ပေါ့... ဟုတ်လား” ဝူယွမ်က ထပ်ဆင့်ပြောလိုက်ပြီး ကောင်းကင်ယံသို့ ပျံတက်ကာ စုလေ၏ ဓားကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။
“ဟိုယွမ်... သူတို့ကို ကာကွယ်ပေးထားလိုက်”
ဝူယွမ်က စုလေကို တိုက်ခိုက်ရင်း အောက်ဘက်ရှိ မီးပုံဆောင်ခဲ မိစ္ဆာမျောက်ဝံဘုရင် ညွှန်ကြားလိုက်၏။
ဝရမ်းစာရင်း၏ အဆင့်ငါးတွင် ရှိသော ရှောင်ထျန်းမှလွဲ၍ ကျန်တဲ့သူများ အားလုံးမှာ ဝူယွမ်နှင့် လင်းတုန်ထံသို့ တိုး၀င် တိုက်ခိုက်လာကြသည်။ ရှောင်ထျန်းက ယင်းဟွမ်ဟွမ်ကို ကြည့်ကာ “မင်းက ယင်းဟွမ်ဟွမ် မဟုတ်လား” ဟု မေးလိုက်လေသည်။
ယင်းဟွမ်ဟွမ်က ဘာကြောင့်မေးမှန်း မသိသော်လည်း ခေါင်းညိတ်ပြလိုက်၏။
“ငါ မင်းရဲ့အစ်မ ယင်းရှောင်ရှောင်ကို ကျေးဇူးကြွေး တစ်ခု တင်ဖူးတယ်၊ မူလက ငါဒီကိစ္စထဲမှာ ၀င်မပါဖို့ စဉ်းစားထားတာ၊ ဒါပေမဲ့ မင်းတို့ တောင်ဂိုဏ်းက ဒီကောင်နှစ်ယောက်က အရမ်းကို မောက်မာလွန်းတယ်၊ ငါ မင်းကို ဒုက္ခမပေးဘဲ နေနိုင်ပေမဲ့ ဒီနှစ်ယောက်ကတော့ ဒီနေ့ ဒီမှာပဲကျန်ခဲ့ရမယ်”
ရှောင်ထျန်းက အေးစက်စက် ပြောလိုက်လေသည်။ သူက ယင်းရှောင်ရှောင်ကို လေးစားသောအားဖြင့် ဝင်မပါရန် စဉ်းစားခဲ့သော်လည်း ဝူယွမ်က သူ့ကို ဒေါသထွက်အောင် လုပ်ခဲ့ခြင်း ဖြစ်သည်။
“တိုက်ချင်ရင်လည်း တိုက်စမ်းပါ၊ ဝရမ်းပြေးတစ်ယောက်က ဒီမှာ လာပြီး ဟိတ်ဟန်ထုတ်နေတယ်၊ မင်းနဲ့အတူပါလာတဲ့ သူတွေ အားလုံးက ဘုံရန်သူကို တိုက်ဖို့ ပေါင်းနေတာကို မမြင်ဘူးလား၊ မင်းက ခွေးတစ်ကောင်လိုပဲ ဟိတ်ဟန်ထုတ်နေတုန်းလား၊ ဝရမ်းပြေးတစ်ယောက်အနေနဲ့ ရှိသင့်တဲ့ သိက္ခာလေးတော့ ထားပါဦး”
ဝူယွမ်က တိုက်ခိုက်နေရင်းမှ ရှောင်ထျန်းဘက်သို့ အေးစက်စက် တုံ့ပြန်လိုက်သည်။
ရှောင်ထျန်းမှာ လုံးဝ ဒေါသထွက်သွားတော့သည်။ သူက ကောင်းကင်သို့ ပျံတက်ကာ ဝိညာဉ်ဓားတစ်စင်းကို ထုတ်ဖော်လျက် ဝူယွမ်ထံသို့ ပစ်လွှတ်လိုက်သည်။
သူသည် နိဗ္ဗာန်အဆင့် ရှစ်တွင် ရှိနေသော်လည်း ဝရမ်းစာရင်း၏ အဆင့်ငါးတွင် ရှိသဖြင့် နိဗ္ဗာန်အဆင့် ကိုး ကျင့်ကြံသူတစ်ဦးနှင့်ပင် ရင်ဆိုင်နိုင်စွမ်း ရှိပေသည်။
“ဒီလိုကမှ ဟုတ်သေးတယ်၊ မင်းကတော့ သန်းငါးရာလောက် တန်မယ် မဟုတ်လား” ဝူယွမ်က သူ့ကို ပြုံးပြလိုက်ပြီး လက်ထဲတွင် မိုးကြိုးဝိညာဉ် ကောင်းကင်ဓား ပေါ်လာတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးဓားစွမ်းအင်များမှာ သူ၏ လှုပ်ရှားမှုများနှင့်အတူ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ ထိုအချိန်မှာပင် ဝူယွမ်က ‘ဂျယ်’ အက္ခရာ လျှို့ဝှက်ချက်ကို အသုံးပြုကာ ဆယ်ဆ ထိုးနှက်ချက်များကို ရံဖန်ရံခါ ထုတ်ဖော်နေသည်။ သူ၏ ကျောကုန်းတွင် နတ်ဆိုးတောင်ပံများ ရှိနေပြီး အရှိန်အဟုန်ကို အဆုံးစွန်အထိ မြှင့်တင်ထားသဖြင့် ရန်သူများ၏ တိုက်ခိုက်မှုမှာ သူ့ကို မထိနိုင်ပေ။
သူ့တွင် ‘ရှင်း’ အက္ခရာ လျှို့ဝှက်ချက်လည်း ရှိနေသဖြင့် နတ်ဆိုးတောင်ပံများနှင့် ပေါင်းစပ်လိုက်သောအခါ ရန်သူများ၏ အလယ်တွင် ကစားနေသကဲ့သို့ ဖြစ်နေတော့သည်။ သူက မိုးကြိုးဝိညာဉ် ကောင်းကင်ဓားကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်ရာ ‘ဂျယ်’ အက္ခရာ လျှို့ဝှက်ချက်ကြောင့် သာမန် ဓားကွက်များကပင် အဆုံးသတ် တိုက်ကွက်များကဲ့သို့ ဖြစ်နေပေသည်။
ဆယ်ဆ ထိုးနှက်ချက်များကြောင့် နိဗ္ဗာန်အဆင့်ခုနှစ်မှာရှိသော ကျင့်ကြံသူများမှာ ဓားတစ်ချက်တည်းနှင့်ပင် အလဲလဲအကွဲကွဲ ဖြစ်နေကြရသည်။ နိဗ္ဗာန်အဆင့်ရှစ်မှာရှိသော စုလေနှင့် ရှောင်ထျန်းတို့ပင် ထိုတိုက်ခိုက်မှုများကို ရင်ဆိုင်ရန် အလွန် ခက်ခဲနေခဲ့ကြသည်။
လင်းတုန်မှာမူ ‘ဂျယ်’ အက္ခရာ လျှို့ဝှက်ချက် မရှိသော်လည်း ဝိညာဉ်တံဆိပ် ရှိနေသည်။
သူက ဝိညာဉ်တံဆိပ် အဆင့်သုံးခုကို တစ်ပြိုင်နက်တည်း ဖွင့်လိုက်ရာ ပြင်းထန်သော ယွမ်စွမ်းအင်များမှာ သူ၏ ခန္ဓာကိုယ်ထံသို့ စုစည်းလာခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာ ရွှေခေါင်းလောင်း ကိုယ်ခန္ဓာနှင့် လိပ်နက် ကိုယ်ခန္ဓာတို့နှင့် ပေါင်းစပ်ထားသဖြင့် ဝိညာဉ်တံဆိပ်များ၏ ဖိအားကို ခံနိုင်ရည် ရှိပေသည်။
သူ၏ ခွန်အားမှာ နိဗ္ဗာန်အဆင့်ရှစ်၏ အထွတ်အထိပ်သို့ တိုက်ရိုက် ရောက်ရှိသွားတော့သည်။
လင်းတုန်ကလည်း အစွမ်းကုန် တိုက်ခိုက်နေပြီး သူ၏ နိဗ္ဗာန်အဆင့် ရှစ် ပြိုင်ဘက်မှာ လော့ရိ ဖြစ်ကာ ကျန်သူများမှာ နိဗ္ဗာန်အဆင့်များ ဖြစ်ကြသည်။
သူက တိုက်ခိုက်နေရင်း မဟာကန္တာရ မိစ္ဆာမျက်လုံးကို အသုံးပြုလိုက်၏။
“မဟာကန္တာရ မိစ္ဆာမျက်လုံး... မဟာကန္တာရ သားရဲဝိညာဉ်”
လင်းတုန်က အော်လိုက်ဟစ်ရာ သူ၏ မျက်လုံးများထဲတွင် ရက်စက်တော့မည့် ဟန်များ ပေါ်ထွက်လာခဲ့သည်။
သူ၏ လက်ဟန်များ ပြောင်းလဲသွားပြီးနောက် နဖူးတွင် မျက်လုံးတစ်ခုပွင့်လာပြီး နတ်ဆိုးမျက်လုံးထံမှ သွေးနီရောင် လိုင်းများ ထွက်ပေါ်လာကာ မီးခိုးရောင် စွမ်းအင်များမှာ ကောင်းကင်ယံသို့ ပျံ့နှံ့သွားတော့သည်။
မီးခိုးရောင် စွမ်းအင်လှိုင်းများနှင့်အတူ ရှေးဟောင်း သားရဲကြီးတစ်ကောင်၏ ဟိန်းသံမှာ အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ဤကမ္ဘာသို့ ဆင်းသက်လာသကဲ့သို့ ထွက်ပေါ်လာခဲ့သည်။
မီးခိုးရောင် စွမ်းအင်များမှာ တိမ်တိုက်များကဲ့သို့ ကောင်ကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ဧရာမ သားရဲကြီးတစ်ကောင်၏ ပုံရိပ်ကြီးမှာ ပေါ်ပေါက်လာတော့သည်။ ထိုသားရဲကြီး၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက ကောင်းကင်ယံထက်တွင် ပျံ့နှံ့သွားပြီး အောက်ဘက်ရှိ သစ်တောများပင် ပျက်စီးသွားခဲ့သည်။
ဟင်း...
ထိုလျှို့ဝှက်ဆန်းကြယ်သော သားရဲကြီး ပေါ်လာသည်နှင့် လူတိုင်းမှာ အသက်ရှူမှားသွားကြပြီး ယင်းဟွမ်ဟွမ်နှင့် အခြားသူများ၏ မျက်နှာများမှာလည်း ပြောင်းလဲသွားတော့သည်။
“မဟာကန္တာရ သားရဲဝိညာဉ် တစ်ကောင်တည်းနဲ့ မလောက်သေးဘူး ထင်တယ်၊ အမှောင်ထဲက ကြွက်စုတ်ကိုပါ ဆွဲထုတ်ရမှာဆိုတော့ နောက်တစ်ကောင် ထပ်ခေါ်ရတာပေါ့” ဝူယွမ်က လင်းတုန်၏ သားရဲဝိညာဉ်ကို ကြည့်ကာ ပြုံးလျက် သူ၏ နဖူးမှ မျက်လုံးကိုလည ဖွင့်လိုက်ပြန်သည်။
အလားတူ မြင်ကွင်းတစ်ခု ထပ်မံ ပေါ်ပေါက်လာပြန်သည်။ ကြောက်မက်ဖွယ်ကောင်းသော ယွမ်စွမ်းအင်များမှာ ပဲ့တင်ထပ်လာပြီး ကန္တာရသားရဲ၏ အစွမ်းများကြောင့် အောက်ဘက်ရှိ သစ်တောမှာ ချက်ချင်းပင် ညှိုးနွမ်းခြောက်သွေ့သွားတော့သည်။
“နောက်ထပ် မဟာကန္တာရ သားရဲဝိညာဉ် တစ်ကောင်”
ယင်းဟွမ်ဟွမ်နှင့် အခြားသူများအားလုံး မျက်လုံးများ ပြူးကျယ်သွားကြရသည်။
ဝူယွမ်၏ သားရဲဝိညာဉ်မှာ လင်းတုန်ထက်ပို၍ ခိုင်မာပုံရပြီး ၎င်း၏ အရှိန်အဝါမှာလည်း ပို၍ ကြောက်မက်ဖွယ် ကောင်းလွန်းပေသည်။
“အမှောင်ထဲမှာ ပုန်းနေတဲ့ ကြွက်စုတ်... အခုတော့ မင်း ထွက်လာရမယ့် အချိန်ပဲ”
အခန်း (၂၁၄) - အစုလိုက်အပြုံလိုက် တိုက်ပွဲ၊ လေမိုးကြိုးကပ်ဘေးအား တစ်ဖန်ရင်ဆိုင်ခြင်း
ဝူယွမ်၏ အေးစက်စက် အသံမှာ ကောင်းကင်ယံတစ်ခွင် ဟိန်းထွက်သွားလေသည်။
“ဟဲဟဲ... တောင်ဂိုဏ်းကနေ ဒီလောက် ပါရမီထူးတဲ့ လူငယ်နှစ်ယောက် ထွက်ပေါ်လာလိမ့်မယ်လို့ ငါမထင်ထားမိဘူး၊” အသံတစ်သံက ဝူယွမ်၏စကားကို တုံ့ပြန်လိုက်လေသည်။
“ဒါပေမဲ့ မင်းတို့လို လူငယ်လေးနှစ်ယောက်တည်းနဲ့တော့ မလုံလောက်သေးဘူး။ ဒီနေ့မှာ မသေမျိုးအနှစ်သာရ ရှေးဟောင်းမျိုးစေ့က ငါ့အပိုင်ပဲ။ ငါ့ခေါင်းပေါ်က ဝရမ်းဆုလာဘ်ကိုတော့ မင်းတို့ ခံစားခွင့်ရမှာ မဟုတ်ပါဘူး၊”
ထိုအသံနှင့်အတူ ကောင်းကင်ယံရှိ တိမ်တိုက်များကြားမှ ဝတ်ရုံနက်ဝတ်ထားသည့် လူတစ်ယောက် ထွက်ပေါ်လာခဲ့သည်။
သူကား နတ်ဆိုးအမှတ်အသားအဖွဲ့၏ ခေါင်းဆောင်၊ ဂိုဏ်းပေါင်းစုံ၏ ဝရမ်းစာရင်းတွင် အဆင့် လေး ချိတ်ထားသော ရက်စက်ကြမ်းကြုတ်သူ ‘ယောင်လင်’ ပင် ဖြစ်သည်။ သူသည် ဤနေရာ၌ အစကတည်းက ရှိနေခဲ့ခြင်းပင်။
နတ်ဆိုးအမှတ်အသားအဖွဲ့ဝင် မဟုတ်ကြသည့် လော့ရိ၊ ရှောင်ထျန်းနှင့် အခြားသူများမှာလည်း ထိုသူ့ကို မြင်လိုက်ရသည့်အခါ မျက်နှာပျက်သွားကြပြီး သူတို့၏ အကြည့်များထဲတွင် စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်သွားခဲ့သည်။
သူတို့၏ အဆင့်သတ်မှတ်ချက်မှာ ယောင်လင်းထက် အနည်းငယ်သာ နိမ့်သော်လည်း တကယ်တမ်း တိုက်ခိုက်ကြလျှင် သူတို့အားလုံး ပေါင်းလိုက်လျှင်ပင် ယောင်လင်ကို ယှဉ်နိုင်မည်မဟုတ်ကြောင်း ကောင်းကောင်း နားလည်ထားကြသည်။
ယောင်လင်က အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသူဖြစ်သလို နိဗ္ဗာန်အဆင့် ကိုး နှင့် နိဗ္ဗာန်အဆင့် ရှစ် ကြားတွင် ကြီးမားလှသော ကွာဟချက်တစ်ခုကလည်း ရှိနေလေသည်။
“ခေါင်းဆောင်၊” ဟု စုလေနှင့် အခြားသူများက ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။ စုလေတို့တစ်သိုက် သူတို့၏ ခေါင်းဆောင် ပေါ်လာပြီဖြစ်၍ နည်းနည်း စိတ်အေးသွားကြသည်
ယင်းဟွမ်ဟွမ်နှင့် အခြားသူများမှာမူ မျက်နှာအမူအရာများ လေးနက်သွားကြသည်။ ထိုသူက သူတို့ အစိုးရိမ်ဆုံး ပုဂ္ဂိုလ်ပင် ဖြစ်သည်။
ယောင်လင်သည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဦးထုပ်ဖြင့် မျက်နှာကို ဖုံးကွယ်ထားကာ သူ၏ကိုယ်မှ အေးစက်စက် အရှိန်အဝါများ တိုးထွက်နေသည်။
သွေးကျောက်တောင်တန်းနယ်မြေတွင် ယောင်လင်၏ အမည်မှာ အလွန်ကျော်ကြားပြီး ဂိုဏ်းပေါင်းစုံ ဝရမ်းစာရင်း၏ အဆင့်ေလး ဆိုသည့် ဂုဏ်ပုဒ်ကပင် လူသတ်သမားများစွာကို တုန်လှုပ်သွားစေရန် လုံလောက်သည်။
သို့သော် ယခုအခါ ဝူယွမ်က သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် ယောင်လင် ရှိရာကို အတိအကျ ရှာဖွေတွေ့ရှိသွားခဲ့ပြီး ဝူယွမ် ဆင့်ခေါ်ထားသော နတ်ဆိုးသားရဲဝိညာဉ်ကလည်း ယောင်လင်းကို စိုက်ကြည့်နေသောကြောင့် သူသည် ပုန်းကွယ်နေ၍ မရတော့ဘဲ ထွက်လာခဲ့ရခြင်း ဖြစ်သည်။
ဝူယွမ်က ရန်သူအားလုံးကို တစ်ချက်တည်းနှင့် အပြတ်ရှင်းရန် အားအင်အကြီးမားဆုံး တိုက်ကွက်ကို ပြင်ဆင်နေခြင်း ဖြစ်သည်
ဝူယွမ်နှင့် လင်းတုန်တို့က မဟာကန္တာရ မိစ္ဆာမျက်လုံးကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်ကြရာ သားရဲဝိညာဉ်များ ပေါ်ထွက်လာခဲ့သည်။
အောက်ဘက်ရှိ တောအုပ်၏ သက်စောင့်ဇီ၀စွမ်းအင်များမှာ ချက်ချင်းပင် ပျက်စီးသွားပြီး ခြောက်သွေ့သော ကန္တာရမြေအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ကောင်းကင်ယံတွင် ဝဲပျံနေသော နတ်ဆိုးသားရဲပုံရိပ်ယောင်နှစ်ခုက ယောင်လင်းနှင့် အခြားသူများကို အထက်စီးမှ ငုံ့ကြည့်နေသည်။
“မဟာကန္တာရ သားရဲဝိညာဉ်... ကန္တာရတိုက်စားခြင်း၊”
ဝူယွမ်နှင့် လင်းတုန်တို့က တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြရာ သူတို့၏ အရှိန်အဝါများက ယောင်လင်၊ ရှောင်ထျန်းနှင့် အခြားသူများအပေါ်သို့ တရှိန်ထိုး ကျရောက်သွားသည်။ မိစ္ဆာမျက်လုံးများမှ မီးခိုးရောင် အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး လူအားလုံးဆီသို့ ဦးတည်သွားလေသည်။
“မြန်မြန်ဆုတ်ကြ၊” ဟု လော့ရိက ကြောက်လန့်တကြား အော်ဟစ်လိုက်လေသည်။
ကြောက်မက်ဖွယ်ကောင်းလှသော လေပြင်းစွမ်းအင်များက လေထုထဲတွင် ပျံ့နှံ့သွားခဲ့သည်။
ဝူယွမ်နှင့် လင်းတုန်တို့က သူတို့၏ စွမ်းအားအပြည့်ကို အသုံးပြု၍ ဤသိုင်းပညာရပ်ကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ လင်းတုန်က ဝိညာဉ်တံဆိပ်ကို အသုံးပြုထားပြီး ဝူယွမ်ကမူ သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု စွမ်းအားကို အသုံးပြုထားသည်။
ဤစွမ်းအားသည် တောင်ဂိုဏ်း၏ လေပြင်းခန်းမ ပြိုင်ပွဲတွင် သူတို့ ထုတ်ဖော်ခဲ့သည့် စွမ်းအားထက် အဆပေါင်းများစွာ ပိုပြင်းထန်လှသည်။
မီးခိုးရောင်အလင်းတန်းများ ပျံ့နှံ့သွားပြီး လူတိုင်းအပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် ကျရောက်သွားသည်။ လေပြင်းစွမ်းအားများ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်နှင့် သူတို့၏ သက်စောင့်ဇီ၀စွမ်းအင်များကို စတင်တိုက်စားလေတော့သည်။
နိဗ္ဗာန်အဆင့်ခုနှစ် ဝရမ်းပြေးများမှာ လေပြင်းစွမ်းအား၏ ဝါးမျိုမှုကို ခံနေရသဖြင့် အလွန်အမင်း နာကျင်နေခဲ့ကြသည်။
“စီနီယာ... ဝရမ်းဆုလာဘ်တွေ လဲလှယ်ဖို့အတွက် သူတို့ဆီက အမှတ်အသားတွေကို သိမ်းဆည်းပေးဖို့ အကူအညီတောင်းပါရစေဦး” ဟု ဝူယွမ်က တိုက်ပွဲကြားမှ ယင်းဟွမ်ဟွမ်ကို လှမ်းပြောလိုက်သည်။
မဟာကန္တာရ မိစ္ဆာမျက်လုံး၏ တိုက်ခိုက်မှုကြောင့် နိဗ္ဗာန်အဆင့် ရှစ် အောက်ရှိ ရန်သူအားလုံးမှာ ချက်ချင်းပင် အပြတ်ရှင်းခြင်း ခံလိုက်ရသည်။
အများအပြားမှာ သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာအပြင်းအထန် ရရှိကာ ကန္တာရမြေအဖြစ် ပြောင်းလဲသွားသော အောက်ဘက်ရှိ တောအုပ်ထဲသို့ ပြုတ်ကျသွားကြသည်။
ခဏအကြာတွင် နတ်ဆိုးသားရဲဝိညာဉ်ပုံရိပ်များ ပျောက်ကွယ်သွားပြီး ကောင်းကင်ယံ၌ ယောင်လင်၊ လော့ရိ၊ ရှောင်ထျန်းနှင့် စုလေ တို့ လေးယောက်သာ ကျန်တော့သည်။ နိဗ္ဗာန်အဆင့်ရှစ် ကျင့်ကြံသူ သုံးယောက်နှင့် နိဗ္ဗာန်အဆင့် ကိုး ကျင့်ကြံသူ တစ်ယောက်ပင်။
“ကောင်းပြီ... မင်းတို့က ငါ့ကို ဒေါသထွက်အောင် အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တယ်၊” ယောင်လင်၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းနေပြီး အေးစက်စက် အသံဖြင့် “အားလုံးပဲ... အခုအချိန်မှာတော့ ငါတို့ လက်တွဲပြီး ဒီကောင်လေးနှစ်ယောက်ကို ဒီမှာတင် အပြတ်ရှင်းရလိမ့်မယ်”
“ခေါင်းဆောင်ယောင်... ခင်ဗျား ပြောနေစရာ မလိုပါဘူး။ ကျွန်တော့် ညီနောင်တွေ အကုန်သေကုန်ပြီ၊ သူတို့ကို မသတ်ရရင် ကျွန်တော် မကျေနပ်နိုင်ဘူး၊” ဟု လော့ရိက ဆိုလိုက်သည်။
“ငါတို့ ပူးပေါင်းလို့ရတယ်၊ ဒါပေမဲ့ သူ့ဆီက ဝိညာဉ်တံဆိပ်ကတော့ ငါ့အပိုင်ပဲ၊” ဟု ရှောင်ထျန်းက လင်းတုန်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
“ပြဿနာမရှိဘူး၊ ငါက မသေမျိုးအနှစ်သာရ ရှေးဟောင်းမျိုးစေ့ကိုပဲ လိုချင်တာ၊ ကျန်တာတွေက မင်းတို့အပိုင်ပဲ၊” ယောင်လင်က ခေါင်းညိတ်ပြလိုက်သည်။
ဝူယွမ်နှင့် လင်းတုန်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် သူတို့၏ သိုလှောင်အိတ်ထဲမှ ဆေးပုလင်းများကို ထုတ်ကာ ဆေးလုံးများကို မြိုချလိုက်ကြသည်။ ဝူယွမ်တွင် လက်ဖဝါးထဲက ကောင်းကင်ပုလင်းရှိခြင်းကြောင့် သူတို့အတွက် အင်အားကုန်ခမ်းသွားမည်ကို စိုးရိမ်စရာမလိုပေ။
“သူတို့ကို အင်အားပြန်ဖြည့်ဖို့ အချိန်မပေးနဲ့... တိုက်ခိုက်ကြစို့၊”
ယောင်လင်က ပြောပြီးသည်နှင့် ဝူယွမ်ထံသို့ တိုး၀င်သွားတော့သည်။ ယောင်လင်၏ လက်ဝါးရိုက်ချက်မှာ ဝူယွမ်ထံသို့ တရှိန်ထိုး ဦးတည်သွားပြီး စုလေကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။ ရှောင်ထျန်းနှင့် လော့ရိတို့မှာမူ လင်းတုန်ကို ဝိုင်းဝန်းတိုက်ခိုက်ကြလေသည်။
“အားလုံးပဲ အကာအကွယ်ကို သေချာလုပ်ထားကြ၊ ငါ သူတို့ကို သွားကူညီလိုက်ဦးမယ်၊” ယင်းဟွမ်ဟွမ်က သူမ၏ ကောင်းကင်အဆင့် ဝိညာဉ်ရတနာ ဖြစ်သော စောင်းကို ထုတ်ယူကာ လေထုထဲသို့ ပျံတက်သွားခဲ့သည်။
ဤနေရာ၌ နိဗ္ဗာန်အဆင့်ရှစ် ကျင့်ကြံသူများကို ရင်ဆိုင်နိုင်ရန်မှာ သူမ တစ်ယောက်တည်းသာ တတ်နိုင်ပေသည်။
“ဒင်...” ယင်းဟွမ်ဟွမ်သည် စောင်းကြိုးများကို တီးခတ်လိုက်သည်။
“ဝိညာဉ်မဲ့ ဗောဓိသံစဉ်”
သူမ၏ သွယ်လျသော လက်ချောင်းထိပ်လေးများမှ သွေးစက်များ ထွက်လာကာ စောင်းကြိုးတစ်လျှောက် စီးဆင်းသွားပြီး ဖြူဖွေးသော ပိုးကြိုးများကို သွေးနီရောင်အဖြစ် ပြောင်းလဲပစ်လိုက်သည်။
စောင်းသံစဉ်မှာလည်း သွေးနီရောင် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ယောင်လင်းနှင့် စုလေ တို့ကို ပြင်းထန်စွာ ရိုက်ခတ်သွားလေရာ စုလေမှာ သွေးတစ်လုပ် အန်ပြီး နောက်သို့ လွင့်ထွက်သွားတော့သည်။
ယောင်လင်က ယင်းဟွမ်ဟွမ်ကို လေးလေးနက်နက် ကြည့်ကာ “မင်းက တောင်ဂိုဏ်းရဲ့ လျှို့ဝှက်ကျမ်းလေးပါးပြီးရင် အစွမ်းအထက်ဆုံးလို့ ဆိုကြတဲ့ ‘ဝိညာဉ်မဲ့ ဗောဓိသံစဉ်’ ကို တကယ်ပဲ အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ခဲ့တာလား၊” ဟု အနည်းငယ် အံအားသင့်သွားပြီး ရေရွတ်လိုက်မိသည်။
ယင်းဟွမ်ဟွမ်၏ စောင်းသံကြောင့် သွေးကျောက်မြေရိုင်းတစ်ခွင်တွင် ထူးဆန်းသော အသံလှိုင်းများ ပျံ့နှံ့သွားပြီး ယောင်လင်တို့ လေးယောက်လုံး၏ လှုပ်ရှားမှုများမှာ ခဏတာ တန့်သွားလေသည်။
“ညီနီစ်... သွားကြစို့၊ အားနည်းတဲ့သူကို အရင်ရှင်းမယ်၊”
ဝူယွမ်က လင်းတုန်ကိုပြောပြီးသည်နှင့် ရှေ့တက်သွားကာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ခရမ်းရောင်အလင်းတန်းများနှင့်အတူ “အာဏာရှင်လက်သီး” ကို ထုတ်ဖော်လိုက်သည်။
ပြင်းထန်လွန်းသော လက်သီးချက်က စောင်းအသံလှိုင်းကြောင့် ခဏတာရပ်တန့် နေသော စုလေ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ဖောက်ထွက်သွားပြီး သူ၏ ဒန်တျန်ကို ဖျက်ဆီးပစ်လိုက်သည်။
အခြားတစ်ဖက်တွင်လည်း လင်းတုန်က နဂါးနက်ဝိညာဉ်ဖြင့် လော့ယီကို တိုက်ခိုက်ကာ သူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို အပြီးတိုင် ချေမှုန်းပစ်လိုက်လေသည်။
ယောင်လင်မှာ သူ၏ လက်အောက်ငယ်သား စုလေ သေဆုံးသွားသည်ကို မြင်သောအခါ မျက်လုံးများ သွေးနီရောင်သန်းလာပြီး “နတ်ဆိုးယွမ် ကျိန်စာသင့်ခန္ဓာ” ဟု ဟိန်းဟောက်လိုက်လေသည်။
ထိုကျင့်စဉ်က သူ၏ ခန္ဓာကိုယ်ကို နှစ်ဆခန့် ကြီးထွားလာစေကာ အနက်ရောင် ရူန်းများသည် သူ့အရေပြားပေါ်တွင် ပေါ်ထွက်လာပြီး သူ၏ အရှိန်အဝါမှာလည်း ယခင်ကထက် သုံးဆာ် ရာခိုင်နှုန်းခန့် ပိုအားကောင်းလာခဲ့သည်။
“ဝူယွမ်... သတိထား၊ ဒါက ယွမ်ဂိတ်ရဲ့ ထိပ်တန်းသိုင်းပညာရပ်ပဲ၊” ဟု ယင်းဟွမ်ဟွမ်က သတိပေးလိုက်သည်။
“ခန္ဓာကိုယ် ကြံ့ခိုင်မှုချင်း ယှဉ်ပြိုင်ချင်တာလား... ငါ့ခန္ဓာကိုယ်ရဲ့ အကန့်အသတ်က ဘယ်နားမှာလဲဆိုတာကိုလည်း ငါလည်းသိချင်နေတာပဲ၊” ဝူယွမ်၏ မျက်လုံးများတွင် တိုက်ပွဲဝင်လိုစိတ်များ လောင်မြိုက်နေခဲ့သည်။
သူက “အာဏာရှင်ကိုယ်ခန္ဓာ နှင့် နဂါးပြာပုံသဏ္ဌာန်” ကို ထုတ်ဖော်ကာ ယောင်လင်းနှင့် အပြင်းအထန် ရင်ဆိုင်လေတော့သည်။
“ဒုန်း... ဒုန်း... ဒုန်း...” ပြင်းထန်သော တိုက်ခိုက်မှုများအပြီးတွင် ယောင်လင်းမှာ ဒဏ်ရာအပြင်းအထန် ရရှိသွားသော်လည်း ဝူယွမ်မှာမူ ဒဏ်ရာတစ်စုံတစ်ရာ မရရှိဘဲ ပိုမိုအားကောင်းလာဟန် ရှိသည်။
အခြားတစ်ဖက်တွင် ရှောင်ထျန်းသည်လည်း လင်းတုန်၏ ခံစစ်ကို မဖောက်နိုင်ဘဲ ယောင်လင်းမှာလည်း ရှုံးနိမ့်တော့မည့်အခြေအနေကို မြင်သောအခါ ဆုတ်ခွာရန် ကြိုးစားလေတော့သည်။
“အခုမှ ဆုတ်ခွာဖို့ စဉ်းစားတာ နောက်ကျမသွားဘူးလား၊” လင်းတုန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်လေသည်။ “အစ်ကိုကြီး ပြောတာ မှန်တယ်၊ ခင်ဗျားက ကြွားရတာ သိပ်ဝါသနာပါတာပဲ။ ကြွားလွန်းရင် မိုးကြိုးပစ်ခံရတတ်တယ်ဆိုတာ ခင်ဗျားကို ကျွန်တော်ပြပေးမယ်၊”
လင်းတုန်က ဝိညာဉ်စွမ်းအင် မြှင့်တင်ပေးသည့် ဆေးပုလင်းကို ထုတ်ယူကာ ချက်ချင်းပင် မော့ချလိုက်သည်။ ထို့နောက် သူက ကောင်းကင်အဆောင်သခင် အဆင့်ခုနှစ် “လေ၊ မိုးကြိုးကပ်ဘေး” ကို ဆင့်ခေါ်လိုက်လေတော့သည်။
“ဝုန်း...”
ကောင်းကင်ယံ၌ မိုးကြိုးများ ဝုန်းဒိုင်းကြဲလာကာ လင်းတုန်မှာ လျှပ်စီးများ ဝန်းရံလျှက် ရှောင်ထျန်းနောက်သို့ အမီလိုက်လေတော့သည်။
ကြောက်မက်ဖွယ် ကောင်းလှသော ဝိညာဉ်စွမ်းအင်များက ရှောင်ထျန်းကို ပိတ်မိသွားစေကာ ကောင်းကင်မိုးကြိုး၏ အဓိကပစ်မှတ်အဖြစ်သို့ ရောက်ရှိသွားစေခဲ့သည်။
“လေ၊ မိုးကြိုးကပ်ဘေး... မင်းက တကယ့် အရူးပဲ၊” ဟု ရှောင်ထျန်းက ကြောက်လန့်တကြား အော်ဟစ်လိုက်လေတော့သည်။