← Chapters

အခန်း (၂၁၇-၂၁၈)

Vol. 22 Ch. 217-218

အခန်း (၂၁၇-၂၁၈)

Vol. 22 Ch. 217-218

အခန်း (၂၁၇) - ရွှမ်းစု။ ။စကားတွေအများကြီးပြောမနေနဲ့၊ ဒီကိုလာခဲ့(၂)

ဝူယွမ်က ရုတ်တရက် အတွေးတစ်ခု ရသွားသည်၊၊ သူသည် တောက်ပသော မျက်လုံးများဖြင့် ကမ္ဘာသစ်ပင်ကို ကြည့်ကာ ပြုံးလိုက်ပြီး ... “ငါ့မှာ ရဲတင်းတဲ့ အတွေးတစ်ခု ရှိတယ်၊ မင်းက ဒီဆေးဥယျာဉ်ထဲက ဆေးပင်တစ်မျိုးစီကို ယူပြီး ဝါးမျိုလိုက်၊ ပြီးရင် ခွဲခြမ်းစိတ်ဖြာကြည့်ပါ၊၊ အဲဒီနောက်မှာ ဆေးဖော်စပ်တဲ့ နည်းလမ်းတွေလိုမျိုး သူတို့ရဲ့ ဆေးဖက်ဝင် အာနိသင်တွေကို ပေါင်းစပ်ပြီး ငါလိုချင်တဲ့ ဆေးလုံးတွေကို တိုက်ရိုက် ထုတ်ပေးနိုင်မလား...”

ကူမိုသည် ခဏမျှ စဉ်းစားပြီးနောက် ... “ဒါက ဖြစ်နိုင်ခြေ ရှိပါတယ် သခင်၊ ဒါပေမဲ့ ဒါက ဆေးပင်တစ်မျိုးချင်းစီရဲ့ ဆေးဖက်ဝင် အာနိသင်တွေကို ဖြည်းဖြည်းချင်း စမ်းသပ်ဖို့ လိုအပ်ပြီး ပေါင်းစပ်ပြီးနောက် ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှုတွေကိုလည်း ကြည့်ရပါလိမ့်မယ်...” ဟု ဆိုလိုက်သည်၊၊

ဝူယွမ်က ပြုံးကာ ပျော်ရွှင်စွာဖြင့် ... “ရပါတယ်၊ မင်း အေးအေးဆေးဆေး သုတေသန လုပ်ပါ၊ ဒီဆေးဥယျာဉ် တစ်ခုလုံးကို မင်း စီမံခန့်ခွဲဖို့ ပေးလိုက်မယ်၊၊ယ ဆေးပင်တွေကိုလည်း မင်းစိတ်ကြိုက် သုံးစွဲနိုင်တယ်...”

“မင်းမှာ မရှိသေးတဲ့ ဆေးပင်တွေနဲ့ ဆေးဖော်စပ်နည်းတွေကို ငါ ရှာပေးမယ်၊ ဒါဆိုရင် မင်းအတွက် စမ်းသပ်ဖို့ လမ်းကြောင်းတစ်ခု ရှိလာလိမ့်မယ်...”

“ဘာပဲဖြစ်ဖြစ် မင်းက ဒီမှာ ပျင်းနေတာပဲ၊၊ ဒါက အလုပ်တစ်ခု လုပ်ဖို့ အခွင့်အရေးကောင်းပဲ၊ ဆေးပင်တစ်မျိုးချင်းစီရဲ့ ဂုဏ်သတ္တိတွေကို မှတ်တမ်းတင်ပါ၊ ပြီးတော့ ဘယ်ဆေးပင်တွေကို ဘယ်လိုအချိုးအစားနဲ့ ပေါင်းစပ်ရင် ဘယ်လိုဆေးလုံးတွေ ရနိုင်မလဲဆိုတာကိုလည်း မှတ်တမ်းတင်ပါ၊ အဲဒါတွေကို စာအုပ်တွေအဖြစ် ပြုစုလို့ ရတယ်...”

“ပြောမရဘူး… မင်းက ဆေးဝါးဧကရာဇ် တစ်ယောက် အဆင့်ထိတောင် တိုက်ရိုက် ဖြစ်လာနိုင်တယ်”

ဝူယွမ်က အသိစိတ်ရှိသော ကမ္ဘာသစ်ပင်တစ်ပင်မှာ သဘာဝ ဥယျာဉ်မှူး၊ ဆေးဝါးကျွမ်းကျင်သူနှင့် ဆေးဖော်စပ်သူ ဖြစ်နေသည်ကို ရှာဖွေတွေ့ရှိသွားသည်၊၊

ဤနည်းအားဖြင့် အနာဂတ်တွင် ကမ္ဘာသစ်ပင် ရှိနေလျှင် လင်းတုန် ကဲ့သို့သော အလုပ်သမားမျိုးပင် မလိုအပ်တော့ပေ၊၊

ကူမို : “...”

ကူမိုက ပြေားရာ စကားမဲ့သွားရသည်၊၊ သူသည် ဤအကြံပြုချက်ကို သူ၏ သခင်အား ပေးခဲ့မိသည်ကိုပင် အနည်းငယ် နောင်တရသွားလေသည်၊၊

ဝူယွမ်၏ စကားများအရ သူ၏ အနာဂတ် အလုပ်တာဝန်များမှာ အစဆုံး မရှိတော့ဘဲ အိပ်စက်နားနေရန် အချိန်ပင် ရတော့မည် မဟုတ်ပေ ...

ဝူယွမ်သည် သူရရှိထားသော မသေမျိုးအနှစ်သာရ ဝိညာဉ်အသီး တစ်ထောင်ကျော်ကို ကိုင်ဆောင်ကာ ဂိုဏ်းချုပ်အဆောင်သို့ ရောက်ရှိလာသည်၊၊

ရွှမ်းစု၊ ပိုင်ယွမ်၊ ကျန်းယွဲ့၊ မုချန်ချန်နှင့် အခြားသူများမှာ ထိုနေရာတွင် ရှိနေကြသည်၊၊

“ဒါတွေက မသေမျိုးအနှစ်သာရ ဝိညာဉ်အသီးတွေပဲ၊၊ အသီးတစ်လုံးက နိဗ္ဗာန်ဆေးလုံး တစ်သန်းရဲ့ စွမ်းအင်နဲ့ ညီမျှတယ်၊၊ ဒါတွေက နိဗ္ဗာန်အဆင့် ကျင့်ကြံသူတွေအတွက် အကောင်းဆုံး ဝိညာဉ်အသီးတွေပဲ၊၊ ဒါတွေနဲ့ဆိုရင် မင်းတို့ရဲ့ ကျင့်ကြံမှုနှုန်းက အများကြီး တိုးတက်လာလိမ့်မယ်”

ဝူယွမ်သည် ဝိညာဉ်အသီးများ ထည့်ထားသော သိုလှောင်အိတ်ကို အမျိုးသမီး လေးဦးအား ပြသလိုက်သည်၊၊

ထို့နောက် သူက မသေမျိုးအနှစ်သာရ ဝိညာဉ်အသီးကို မှန်ကန်စွာ အသုံးပြုနည်းကို ရှင်းပြလိုက်သည် ...

“မဟာရှေးဟောင်းဂိုဏ်းက တပည့်တွေ၊ ပြည်ထောင်တစ်ရာတိုက်ပွဲမှာ ပါဝင်ခဲ့ပေမဲ့ ဂိုဏ်းတစ်ခုခုထဲကို မဝင်ရသေးတဲ့ မဟာယန်ပြည်ထောင်စုက ပါရမီရှင်တွေ အပါအဝင်၊ နိဗ္ဗာန်အဆင့်မှာရှိတဲ့ အစွမ်းထက် ကျင့်ကြံသူတိုင်းကို မသေမျိုးအနှစ်သာရ ဝိညာဉ်အသီး တစ်လုံးစီ ပေးမယ်...”

“ဒါက မဟာရှေးဟောင်းဂိုဏ်းနောက်ကို လိုက်ဖို့ ရွေးချယ်ခဲ့တဲ့အတွက် ဆုလာဘ်တစ်ခုပဲ...”

“ကျန်တဲ့ အသီးတွေကိုတော့ ဂိုဏ်းအတွက် ထူးထူးခြားခြား စွမ်းဆောင်နိုင်သူတွေနဲ့ အကျိုးပြုသူတွေအတွက် ဆုလာဘ်အနေနဲ့ သုံးမယ်၊၊ သူတို့တွေကို ကြိုးစားရင် လတိုင်းမှာ ဝိညာဉ်အသီး တစ်လုံးစီ ရနိုင်တယ်ဆိုတာကို သိအောင် ခွန်အားပေးတဲ့အနေနဲ့ပေါ့”

ဝူယွမ်က ကြေညာလိုက်သည်၊၊

သူ့နောက်သို့ လိုက်ပါလာသူများမှာ အခြေခံအားဖြင့် သူနှင့် ရင်းနှီးသူများ ဖြစ်ကြရာ ဝူယွမ်က သူတို့ကို အလွန် ရက်ရက်ရောရော ပေးကမ်းလေသည်၊၊

ထို့အပြင် လက်ရှိ သူတို့၏ မဟာရှေးဟောင်းဂိုဏ်းတွင် နိဗ္ဗာန်အဆင့်သို့ ရောက်ရှိသူမှာ တစ်ရာပင် မပြည့်သေးပေ၊၊

ဝိညာဉ်အသီးများ၏ ထောက်ပံ့မှုမှာ လိုတာထက်ပင် ပိုလျှံနေသည်၊၊

သူတို့ကို လျှင်မြန်စွာ ကြီးထွားလာစေရန်အတွက် အရင်းအမြစ်များ ပိုမို ရင်းနှီးမြှုပ်နှံရန် လိုအပ်လေသည်၊၊

အတိုင်းအတာတစ်ခုအထိ ပြောရလျှင် အစွမ်းထက် ကျင့်ကြံသူများမှာ အရင်းအမြစ်များဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်၊၊ ဝူယွမ်နှင့် လင်းတုန်တို့ ဤမျှအထိ အစွမ်းထက်နေရခြင်းမှာ သူတို့ စားသုံးလိုက်သော အရင်းအမြစ်များသည် အခြားသော ကျင့်ကြံသူများထက် ဆယ်ဆ၊ အဆ တစ်ရာမက များပြားသောကြောင့်ပင် ဖြစ်သည်၊၊

ဤဝိညာဉ်အသီးများဖြင့်ဆိုလျှင် သူတို့၏ ကြီးထွားမှု ကာလကို အများကြီး တိုတောင်းစေပေလိမ့်မည်၊၊

ရွှမ်းစု၊ ပိုင်ယွမ်နှင့် အခြား လေးဦးတို့မှာ အလွန်ပင် စိတ်လှုပ်ရှားသွားကြသည်၊၊

ဝူယွမ်အနေဖြင့် ဤမျှ အစွမ်းထက်သော ဝိညာဉ်အသီးများကို ရရှိလာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ၊၊

“ရှောင်တျောင်းနဲ့ ရှောင်ယန်တို့ကတော့ အပြင်မှာ ကျင့်ကြံနေကြတာဆိုတော့၊ ငါတို့နဲ့ ပြန်တွေ့တဲ့အခါကျရင် သူတို့က ငါတို့ရဲ့ နောက်မှာ ကျန်နေခဲ့တော့မယ်ထင်တယ်...” ဟု ပိုင်ယွမ်က ရယ်မောရင်း ပြောလိုက်သည်၊၊ ရှောင်တျောင်း ထွက်ခွာသွားစဉ်က သူသည် ပိုင်ယွမ်အား ... “အစ်ကိုကြီးရဲ့ ဘေးမှာ အမြဲရှိနေတာက ကြီးထွားဖို့ ခက်ခဲစေတယ်၊ မင်းက ရှောင်ယန်ရဲ့ နောက်မှာ ကျန်နေခဲ့မှာ သေချာတယ်...” ဟု ယုံကြည်ချက်အပြည့်ဖြင့် ပြောခဲ့ဖူးသည်၊၊

ဝူယွမ်သည် ပိုင်ယွမ်၏ အမွေးပွပွနားရွက်လေးများကို ပွတ်သပ်ပေးလိုက်ကာ အလိုလိုက်သော လေသံဖြင့် ... “မင်းတို့အားလုံး ကြိုးကြိုးစားစား ကျင့်ကြံကြပါ၊ ဒုတိယအသုတ် အသီးတွေ မမှည့်ခင်မှာ ဒီအသီးတွေကို အကုန်စားနိုင်အောင် ကြိုးစားကြ” ဟု ပြောလိုက်သည်၊၊

“ကျွန်မက နိဗ္ဗာန်အဆင့်ကို မရောက်သေးတော့ ဒီဝိညာဉ်အသီးကို စားသုံးခွင့် မရှိသေးတာ နှမြောစရာပဲ...” ဟု ရွှမ်းစုက အနည်းငယ် မကျေမနပ်ဖြစ်နေသော လေသံဖြင့် ပြောလိုက်သည်၊၊

သူမ၏ ကျင့်ကြံမှုမှာ အလွန်ပင် နိမ့်ပါးနေသေးသည်၊၊ ဝူယွမ်နှင့် စတင်တွေ့ဆုံစဉ်က သူမသည် ယွမ်ဒန်အဆင့်တွင်သာ ရှိလေသည်၊၊

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဝူယွမ်နောက်သို့ လိုက်ပါခဲ့ခြင်းကြောင့် ကျင့်ကြံမှု အရင်းအမြစ်များစွာ ရရှိခဲ့ပြီး သူမ၏ ကျင့်ကြံမှုမှာ အံ့မခန်း တိုးတက်လာခဲ့သော်လည်း သူမ၏ ပါရမီမှာ ပိုင်ယွမ်တို့နှင့် မယှဉ်နိုင်ပေ၊၊ ယခုအခါ သူမသည် ဖန်တီးခြင်းအဆင့် သာရှိသေးသည်။ ဖန်တီးခြင်းအဆင့်ကိုတောင် မနည်းကုတ်ခြစ်တက်လာရသည်ဟု ပြော၍ရပေသည်။

“အစ်မရွှမ်းစု၊ စိတ်မပူပါနဲ့ ... ကျွန်တော် ကူညီပေးပါ့မယ်...”

“လာပါ ... ကျွန်တော့်အခန်းထဲကို သွားရအောင်...”

ဝူယွမ်သည် ရွှမ်းစုကို ဆွဲခေါ်ကာ မသေမျိုးအနှစ်သာရ ဝိညာဉ်အသီး နှစ်လုံးကို ယူဆောင်ပြီး ဒုတိယထပ်ရှိ အိပ်ခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်၊၊

ရွှမ်းစုသည် ထက်မြက်သူဖြစ်ပြီး ထူးချွန်သော စီမံခန့်ခွဲသူတစ်ဦးလည်း ဖြစ်ပြီး သူမက မဟာရှေးဟောင်းဂိုဏ်းကို စနစ်တကျ စီမံခန့်ခွဲပေးနေသည့် ရှားပါးသော အတွင်းရေးမှူးကောင်းတစ်ဦးပင် ဖြစ်သည်၊၊

ဝူယွမ်၏ အစွမ်းနှင့်ဆိုလျှင် သူက ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အစွမ်းထက်သူများကို မလိုအပ်သော်လည်း ရွှမ်းစုကဲ့သို့သော ပါရမီရှင်များမှာမူ သူ့အတွက် အလွန်ပင် အဖိုးတန်လှသည်၊၊

ဂိုဏ်းတစ်ခု တိုးတက်ရန်အတွက် အစွမ်းထက်ရုံနှင့် မလုံလောက်ဘဲ စီမံခန့်ခွဲမှုမှာလည်း မှန်ကန်ရန် လိုအပ်သည်၊၊

ရွှမ်းစု၏ အစွမ်းမှာ အမှန်တကယ်ပင် နိမ့်ပါးလွန်းနေပြီး မဟာရှေးဟောင်းဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုကို မမီနိုင်တော့ပေ၊၊ သူမသည် ဝူယွမ်၏ ကိုယ်စား ဂိုဏ်းကို စီမံခန့်ခွဲနေသော်လည်း ဤမျှ အစွမ်းနည်းနေပါက သူမ၏ စကားမှာ တန်ဖိုး ရှိမည်မဟုတ်ပေ၊၊

ဝူယွမ်သည် ယခင်ကတည်းက သူမ၏ အစွမ်းကို တိုးတက်အောင် ကူညီပေးရန် စဉ်းစားခဲ့သော်လည်း အချိန် ဒါမှမဟုတ် အခွင့်အရေးကောင်း မရခဲ့ပေ၊၊

ယခုမူ မသေမျိုးအနှစ်သာရ ဝိညာဉ်အသီးမှာ အကောင်းဆုံး အခွင့်အရေး ဖြစ်လာခဲ့လေသည်၊၊

ဤအသီးများသည် ကမ္ဘာမြေရှိယွမ်စွမ်းအင်များကို စုပ်ယူကာ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အလွန် စင်ကြယ်ကာ စုပ်ယူရ လွယ်ကူလှသည်၊၊

သို့သော်လည်း စွမ်းအင်မှာ အလွန်ပင် ကြီးမားလှရာ ရွှမ်းစုတစ်ယောက်တည်း ကိုင်တွယ်နိုင်မည် မဟုတ်ပေ၊၊

ဝူယွမ်အနေဖြင့် သူမအား ၎င်းကို ချေဖျက်စုပ်ယူနိုင်အောင် ကူညီပေးရန် လိုအပ်သည်၊၊

“ဂိုဏ်းချုပ် ... ကျွန်မကို ဘယ်လိုမျိုး ကူညီပေးဖို့ စဉ်းစားထားတာလဲ...”

အခန်းထဲတွင် နှစ်ယောက်တည်း ရှိနေစဉ် ရွှမ်းစုက မျက်စပစ်ပြလျက် မေးလိုက်သည်၊၊

“သဘာဝအတိုင်းပေါ့ ... အစ်မကို ဒါကို ချေဖျက်ပြီး စုပ်ယူနိုင်အောင် ကူညီပေးမှာပါ၊၊ အစ်မရွှမ်းစု... အစ်မ သိတဲ့အတိုင်း ကလေးတွေ ငယ်ငယ်တုန်းက မိဘတွေက အစားအစာတွေကို ဝါးပြီးမှ ကျွေးရသလိုမျိုးပေါ့... ကျွန်တော် ကူညီမယ့်ပုံစံကလည်း အဲဒါနဲ့ ဆင်တူတယ်၊ ကျွန်တော်က ဒီဝိညာဉ်အသီးကို အရင် ချေဖျက်ပေးပြီးမှ အစ်မရဲ့ ခန္ဓာကိုယ်ထဲကို ထည့်ပေးမှာပါ” ဟု ဝူယွမ်က ရှင်းလင်းသော ဥပမာတစ်ခုဖြင့် ရှင်းပြလိုက်လေသည်၊၊

ရွှမ်းစု၏ ဖြူဝင်းသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားကာ ... “ဂိုဏ်းချုပ် ... ရှင်က ဘယ်လို ဥပမာမျိုးကို ပေးနေတာလဲ၊၊ အဲဒါဆိုရင် ရှင်က ကျွန်မရဲ့ အဖေ ဖြစ်သွားမှာပေါ့...”

“အဟမ်း ... အဟမ်း ... စကားတွေ လျှောက်မပြောပါနဲ့၊ အဲဒါက အဲ့လိုရည်ရွယ်ချင်တာ မဟုတ်ပါဘူး” ဝူယွမ်က ရှက်ကိုးရှက်ကန်း ပြုံးလျက် ငြင်းဆိုလိုက်သည်။

“ကောင်းပါပြီ ... ဒါဆိုရင် စလိုက်ရအောင်၊၊ ကျွန်မ ရှင်တို့အတွက် အလုပ်လုပ်ပေးခဲ့တာ ကြာပြီ၊၊ ဒီနေ့တော့ ရှင်က အစ်မကို ပြန်ပြီး ပြုစုပေးရမယ့် အလှည့်ပဲ”

ရွှမ်းစုက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြီး သူမ၏ အပေါ်ဝတ်ရုံကိုပင် ချွတ်ချလိုက်တော့သည်၊၊

ဝူယွမ်ပ ရွှမ်းစု၏ အနားသို့ တိုးသွားကာ ... “ဒီလုပ်ငန်းစဉ်မှာ ခန္ဓာကိုယ်ချင်း ထိတွေ့မှုတွေ ရှိနိုင်တယ်၊ အစ်မရွှမ်းစု ... စိတ်ထဲ မထားနဲ့၊ ဒါတွေအားလုံးက အစ်မရဲ့ အစွမ်းကို မြန်မြန် တိုးတက်လာအောင် ကူညီပေးဖို့ပါ...”

“ရှင်က လူဆိုးလေးပဲ... ကျမက တကယ်ပဲ ဂိုဏ်းကို စီမံခန့်ခွဲရတာ ဝါသနာပါပြီး ပိုကြီးတဲ့ အစွမ်းကို လိုချင်နေတယ်လို့ ထင်နေတာလား၊ ကျမ ဘာကြောင့် ရှင်ခိုင်းတာတွေကို ဒီလောက်အထိ ကြိုးကြိုးစားစား လုပ်ပေးနေတယ်လို့ ထင်လို့လဲ...”

ရွှမ်းစုက ဝူယွမ်၏ ရင်ဘတ်ကို သူမ၏ လက်သီးလေးဖြင့် ရုတ်တရက် ခပ်ဖွဖွ ထိုးလိုက်လေသည်၊၊

ဝူယွမ်အနေဖြင့် သူမ၏ ခံစားချက်ကို နားလည်သင့်သည်ဟု သူမ ခံစားနေရသည်၊၊

သူမသည် အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း လူငယ်လေးတစ်ဦး မဟုတ်တော့ပေ၊၊ သို့သော် သူမက အဘယ်ကြောင့် ဝူယွမ်ကို ဤမျှအထိ ဆက်ကပ်အပ်နှံထားရသနည်း၊၊

အကယ်၍ ဤမောင်လေးအပေါ် သူမ၏ သံယောဇဉ်ကြောင့်သာ မဟုတ်လျှင်၊ သူမသည် အဘယ်ကြောင့် ဤမျှအထိ လိုလိုလားလား ကူညီပေးနေမည်နည်း၊၊

ယခုမူ သူတို့ နှစ်ယောက်တည်း ရှိနေချိန်တွင် ရွှမ်းစုသည် သူမ၏ ရင်ထဲမှ စကားများကို မပြောဘဲ မနေနိုင်တော့ပေ၊၊

သူမ၏ စိတ်ထဲတွင် အမြဲတစေ တွန်းအားတစ်ခု ရှိနေခဲ့ပြီး ၎င်းကို ထုတ်ဖော်ပြသရန် အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်၊၊

“အဲ ... “

“အစ်မရွှမ်းစု ... အစ်မ တကယ်ကို ပင်ပန်းခဲ့ရပီ” ဝူယွမ်က သူ၏ ခေါင်းကို ကုတ်လျက် အနေရခက်စွာ ပြန်ဖြေလိုက်သည်။

ရွှမ်းစု : “စကားတွေ အများကြီး ပြောမနေနဲ့ ... ဒီကိုလာခဲ့...”

“အခု အစ်မရဲ့ စိတ်တွေက မငြိမ်မသက် ဖြစ်နေတယ်၊ ကျင့်ကြံဖို့အတွက် စိတ်ကို တည်ငြိမ်အောင် မလုပ်နိုင်သေးဘူး ... ရှင်က အရင်ဆုံး အစ်မရဲ့ မငြိမ်မသက်ဖြစ်နေတဲ့ နှလုံးသားကို တည်ငြိမ်အောင် လုပ်ပေးနိုင်မယ့် နည်းလမ်းကို ရှာရမယ်...”

“ကျင့်ကြံတဲ့ ကိစ္စကတော့ ... အဲဒီနောက်မှ ဆက်ပြောတာပေါ့”

အခန်း (၂၁၈) - ယင်းရှောင်ရှောင်နှင့် ပထမဆုံးတွေ့ဆုံခြင်းနှင့် ဂိုဏ်းချုပ်ယင်းရွှမ်းဇီ

ရွှမ်စုသည် ရင့်ကျက်တည်ငြိမ်သော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သို့သော် တစ်ချိန်တည်းမှာပင် သူမသည် လောကအကြောင်းကို ကောင်းကောင်းမသိသေးသည့် ဖြူစင်သူတစ်ဦးလည်း ဖြစ်နေပြန်သည်။

အပေါ်ယံကြည့်လျှင် အရာအားလုံးကို နားလည်သဘောပေါက်နေသယောင် ရှိသော်လည်း ဝူယွမ်ကမူ သူမသည် ဘာမျှမသိသေးသော အတွေ့အကြုံနုနယ်သူတစ်ဦးသာ ဖြစ်သည်ဟု ကောက်ချက်ချလိုက်သည်။ သူမသည် ရုပ်ရည်နှင့် ခန္ဓာကိုယ် ရင့်ကျက်သော်လည်း လောက၏ အခါးသီးဆုံးဒဏ်ကိုမူ မခံစားဖူးသေးပေ။

ဝူယွမ်အတွက်မူ ရွှမ်စုကို မသေမျိုးအနှစ်သာရ ဝိညာဉ်အသီးများ သန့်စင်စုပ်ယူနိုင်ရန် ကူညီပေးခြင်းမှာ အလွန်လွယ်ကူသော ကိစ္စရပ်ပင် ဖြစ်သည်။ ရွှမ်စု၏ စိတ်လှုပ်ရှားမှုများ ငြိမ်သက်သွားချိန်တွင် မသေမျိုးအနှစ်သာရ ဝိညာဉ်အသီး နှစ်လုံးမှာ သူမ၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်ပျံ့နှံ့သွားခဲ့လေပြီ။

တစ်ညတာအတွင်းမှာပင် ရွှမ်စုသည် ဖန်တီးခြင်းအဆင့်မှ နိဗ္ဗာန်အဆင့် ကျင့်ကြံသူတစ်ဦးအဖြစ်သို့ တစ်ဟုန်ထိုး ထိုးတက်သွားခဲ့သည်။

“ဂိုဏ်းချုပ်... ရှင် သွားစရာရှိရင် သွားလို့ရပါပြီ၊ ကျွန်မ ခန္ဓာကိုယ်ထဲက စွမ်းအင်သစ်တွေကို အေးအေးဆေးဆေး ခံစားကြည့်ချင်လို့ပါ”

ရွှမ်စုသည် သူမ၏ တည်ငြိမ်မှုကို မပျက်စီးစေရန် ကြိုးစားရင်း လဲလျောင်းလျက် ပြောလိုက်လေသည်။

“ကောင်းပါပြီ... အနားယူလိုက်ပါဦး”

ဝူယွမ်က ခေါင်းငြိမ့်ပြပြီး အိပ်ခန်းထဲမှ ထွက်လာခဲ့သည်။

‘ဒီစွမ်းအင်တွေက အရမ်းပြင်းထန်တာပဲ၊ ငါ့ ခန္ဓာကိုယ်တစ်ခုလုံး ပြည့်လျှံနေသလိုပဲ... ဟင်း... ဝူယွမ်ရဲ့ နောက်ကို အမှီလိုက်နိုင်ဖို့ မြန်မြန် ကြိုးစားရမယ်၊ မဟုတ်ရင် နောက်ဆိုရင် သူ ကြိုးစားအားထုတ်နေတာကိုပဲ ဘေးကနေ ထိုင်ကြည့်နေရပြီး ဘာမှ ကူညီနိုင်မှာ မဟုတ်တော့ဘူး၊"

“ငါက အသုံးမကျတဲ့ မိန်းမတစ်ယောက် မဖြစ်ချင်ဘူး၊ ငါ… ရွှမ်စုဆိုတာ တခြားသူတွေရဲ့ ကြိုးစားအားထုတ်မှု အသီးအပွင့်တွေကို ထိုင်စားနေမယ့် မိန်းမစားမျိုး မဟုတ်ဘူး’ ဟု ရွှမ်စုက စိတ်ထဲမှ ကြုံးဝါးနေမိသည်။

သို့သော် နောက်တစ်စက္ကန့်တွင်မူ သူမသည် မခံမရပ်နိုင်အောင် အိပ်ချင်လာသဖြင့် အိပ်ပျော်သွားခဲ့ရသည်။ သူမ၏ ခန္ဓာကိုယ်သည် သူမခံနိုင်ရည်ထက်‌ ကျော်လွန်နေသည့် စွမ်းအင်များကို လက်ခံရရှိခဲ့သဖြင့် အလွန်အမင်း ဝန်ပိသွားခဲ့ခြင်း ဖြစ်သည်။

ဝူယွမ်က ခန်းမဆောင်သို့ ရောက်ရှိလာချိန်တွင် ပိုင်ယွမ်က သူ့ကို စောင့်ကြိုနေသည်ကို တွေ့လိုက်ရသည်။ ကျန်းယွဲ့နှင့် မုချန်ချန်တို့မှာမူ မသေမျိုးအနှစ်သာရ ဝိညာဉ်အသီးများကို နိဗ္ဗာန်အဆင့်သို့ ရောက်ရှိပြီးသော မဟာရှေးဟောင်းဂိုဏ်း တပည့်များထံသို့ ခွဲဝေပေးရန် ထွက်သွားကြလေပြီ။

“ပိုင်ယွမ်... မင်းကရော မသေမျိုးအနှစ်သာရ ဝိညာဉ်အသီးရဲ့ အာနိသင်ကို စမ်းမကြည့်ချင်ဘူးလား” ဟု ဝူယွမ်က ပြုံးရွှင်စွာ မေးလိုက်သည်။

သို့သော် ပိုင်ယွမ်ကမူ မပြုံးနိုင်ရှာပေ။ သူမ၏ မျက်ဝန်းများထဲတွင် အားငယ်စိတ်နှင့် မျှော်လင့်ချက်တို့ ရောယှက်နေပြီး ဝူယွမ်ကို ကြည့်ကာ -

“သခင်... ကျွန်မတို့ မျိုးနွယ်စုရဲ့ ကြီးမြတ်တဲ့ တာဝန်ကို ဘယ်တော့မှ အကောင်အထည်ဖော်ပေးမှာလဲ” ဟု မေးမြန်းလာခဲ့သည်။

ဝူယွမ်၏ မျက်နှာမှာ အနည်းငယ် တောင့်တင်းသွားရသည်။ ပိုင်ယွမ်သည် မျိုးနွယ်စု မျိုးဆက်ပြန့်ပွားရေး တာဝန်ကို သူ့အား အကြိမ်ကြိမ် ပြောဖူးသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သူသည် တောင်ဂိုဏ်း၏ လေပြင်းစွမ်းအင်ကို လေ့ကျင့်နေရသဖြင့် အလွန်အလုပ်ရှုပ်နေခဲ့ပြီး ပိုင်ယွမ်ကို အနည်းငယ် ပစ်ပယ်ထားမိသည်မှာ အမှန်ပင်။

“သခင်... ကျွန်မ ရှေးဟောင်းကျမ်းတွေ စာပေတွေ အများကြီး ဖတ်ဖူးတယ်၊ သိုင်းပညာကျင့်ကြံသူတစ်ယောက်က ပိုပြီး အစွမ်းထက်လာလေလေ... မျိုးဆက်ပြန့်ပွားဖို့ ပိုခက်ခဲလေလေပဲလို့ ဆိုကြတယ်၊ အလားတူပဲ သွေးမျိုးဆက်က ပိုပြီး အစွမ်းထက်နေရင် ရင်သွေးရဖို့ ပိုပြီး ခဲယဉ်းသွားတတ်တယ်တဲ့”

“ကျွန်မတို့ အခုကတည်းက အလျင်စလိုမလုပ်ဘူးဆိုရင်... နောက်ပိုင်း ကျွန်မတို့ရဲ့ အစွမ်းတွေက ဒီထက်မက မြင့်တက်လာတဲ့အခါ... ကြားဖြတ်ကျားဖြူလေးတွေ ရဖို့ ပိုခက်သွားလိမ့်မယ်”

ပိုင်ယွမ်က အလေးအနက် ဆွေးနွေးနေခြင်း ဖြစ်သည်။ သူမက ဤကိစ္စကို သူမ ဘဝ၏ အရေးကြီးဆုံး ရည်မှန်းချက်တစ်ခုအဖြစ် မှတ်ယူထားပုံရသည်။ ထျန်းရွှမ်တိုက်ကြီးတွင် နတ်ဆိုးများ ကျူးကျော်တိုက်ခိုက်သည့် စစ်ပွဲကြီးပြီးကတည်းက ကျားဖြူမျိုးနွယ်စုဟူ၍ မရှိတော့ပေ။

ပိုင်ယွမ်သည်လည်း ဝူယွမ် လက်မှတ်ထိုးရာမှ ရရှိခဲ့သည့် ကျားဖြူသွေးမျိုးဆက်ကြောင့်သာ ကျားဖြူတစ်ကောင် ဖြစ်လာခဲ့ခြင်း ဖြစ်သဖြင့် သူမသည် ကျားဖြူမျိုးနွယ် ဆက်ခံနိုင်ရေးအတွက် တစ်ဦးတည်းသော မျှော်လင့်ချက် ဖြစ်နေခဲ့သည်။

“အင်း... မပူပါနဲ့၊ ခက်ခဲမယ်ဆိုရင်တောင် ငါတို့မှာ အချိန်တွေ အများကြီး ရှိပါသေးတယ်၊ အခု အလုပ်ရှုပ်နေတဲ့ ကာလလေး ပြီးသွားတာနဲ့... ငါတို့ ဒီကိစ္စကို အသေအချာ အတူတူ လေ့လာကြတာပေါ့၊ စိတ်ဓာတ် ခိုင်မာတဲ့သူအတွက် ဒီလောကမှာ ခက်ခဲတဲ့အရာဆိုတာ မရှိပါဘူး၊”

“ငါ့ကို ယုံပါ... မင်းသာ အပင်ပန်းခံဖို့ မကြောက်ဘူးဆိုရင်... စတင်ဖို့အတွက် ဆယ်နှစ်၊ ရာနှစ်ချီ ကြာဦးတော့... နောက်ထပ် နှစ်ထောင်၊ နှစ်သောင်း ကြာတဲ့အခါ ကျားဖြူမျိုးနွယ်စုက သေချာပေါက် ဖွံ့ဖြိုးစည်ပင်လာမှာပါ”

ဝူယွမ်က ပိုင်ယွမ်ကို နှစ်သိမ့်လိုက်ရင်း သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

ခဏတာ ချစ်ကြည်နူးပြီးနောက် ဝူယွမ်က မဟာရှေးဟောင်း ကျောက်တိုင်နယ်ပယ်အတွင်းမှ ထွက်ခွာလာခဲ့သည်။ တောင်ဂိုဏ်းသည် သွေးကျောက်မြေရိုင်းမှ မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်နှင့် ပတ်သက်သည့် သတင်းစကားနှင့် အကူအညီတောင်းခံချက်ကို ရရှိပြီးနောက် စစ်ကူပေးရန်အတွက် အကြီးအကဲတစ်ဦးကို ချက်ချင်း စေလွှတ်လိုက်သည်။

ယင်းရှောင်ရှောင်သည်လည်း သူမ ညီမလေး၏ ဘေးကင်းရေးကို စိတ်ပူသဖြင့် သူတို့နှင့်အတူ လိုက်ပါလာခဲ့သည်။ ဆန်းကြယ်သေခြင်း အဆင့်ရှိ အကြီးအကဲတစ်ဦးနှင့် တောင်ဂိုဏ်း၏ ထိပ်တန်း ပါရမီရှင်တစ်ဦးဖြစ်သူ နိဗ္ဗာန်အဆင့်ကိုး ယင်းရှောင်ရှောင်တို့ သွားရောက်မည်ဆိုလျှင် နတ်ဆိုးအမှတ်အသား အဖွဲ့လောက်ကို ရင်ဆိုင်ရန်မှာ မည်သို့မျှ အခက်အခဲ ရှိနိုင်မည် မဟုတ်ပေ။

“အကြီးအကဲမု... ကျွန်မတို့ မြန်မြန်သွားကြရအောင်၊ ဒီတစ်ခါ ရင်ဆိုင်ရမှာက ယောင်လင်းလို ရက်စက်တဲ့ ရာဇဝတ်ကောင်တွေ ဖြစ်နေတော့... ဟွမ်ဟွမ်နဲ့ တခြားသူတွေရဲ့ ဘေးကင်းရေးကို ကျွန်မ တကယ် စိတ်ပူမိတယ်”

ယင်းရှောင်ရှောင်က သူမ၏ ဓားပျံပေါ်တွင် ရပ်လျက် ကောင်းကင်ယံ၌ အရှိန်အကုန်မြှင့် ပျံသန်းရင်း ပြောလိုက်သည်။ ယင်းဟွမ်ဟွမ်တို့ ရင်ဆိုင်နေရမည့် ရန်သူများအကြောင်းကို တွေးမိတိုင်း သူမ စိတ်မအေးနိုင်ဖြစ်နေရသည်။ သူမက ဝရမ်းစာရင်းဝင်သူများနှင့် ရင်ဆိုင်ဖူးသဖြင့် သူတို့၏ အစွမ်းကို ကောင်းစွာ သိသည်။

ထိုသူများသည် မူလကပင် ထိပ်တန်းဂိုဏ်းကြီးများမှ ပါရမီရှင်များ ဖြစ်ကြပြီး သေရေးရှင်ရေး တိုက်ပွဲများစွာကို ဖြတ်သန်းလာခဲ့သူများ ဖြစ်သောကြောင့် သူတို့၏ အစွမ်းနှင့် နည်းလမ်းများမှာ သာမန်ဂိုဏ်းသားများထက် များစွာ သာလွန်လှသည်။ အထူးသဖြင့် ယွမ်ကျောင်းတော်၏ အကြီးအကဲဟောင်း တစ်ဦးဖြစ်ခဲ့သူ ယောင်လင်မှာမူ ပို၍ပင် စိုးရိမ်စရာ ကောင်းလှသည်။

“အင်း...”

အကြီးအကဲမုကလည်း အလေးအနက် ခေါင်းငြိမ့်လိုက်သည်။ ပုံမှန်အားဖြင့် ထိုရာဇဝတ်ကောင်များက တောင်ဂိုဏ်း၏ ဂုဏ်သတင်းကို ကြောက်ရွံ့ကြသဖြင့် တောင်ဂိုဏ်းသားများကို အလွယ်တကူ ရန်မမူရဲကြပေ။ သို့သော် ယခုမူ မသေမျိုးအနှစ်သာရ မျိုးစေ့ကဲ့သို့သော ရတနာမျိုးနှင့် ရင်ဆိုင်ရချိန်တွင် တောင်ဂိုဏ်း၏ ဟန့်တားနိုင်စွမ်းမှာ များစွာ လျော့ပါးသွားနိုင်ပေသည်။

အကြီးအကဲမုကို ပို၍ သတိထားစေသည့်အချက်မှာ မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်ကြောင့်သာမက ယင်းဟွမ်ဟွမ်ကြောင့်လည်း ဖြစ်သည်။ ထိုရာဇဝတ်ကောင်များသည် ယင်းဟွမ်ဟွမ်မှာ တောင်ဂိုဏ်းချုပ် ယင်းရွှမ်းဇီ၏ သမီးမှန်း မသိနိုင်သဖြင့် ညှာတာမှု ရှိလိမ့်မည် မဟုတ်ပေ။

ဤခရီးစဉ်တွင် သူသည် မသေမျိုးအနှစ်သာရ မျိုးစေ့ကို ပြန်ယူလာရန်ထက် ယင်းဟွမ်ဟွမ်ကို ဘေးကင်းစွာ ပြန်လည်ခေါ်ဆောင်လာနိုင်ရန်မှာ အရေးကြီးဆုံး ဖြစ်သည်။

သူတို့နှစ်ဦးသည် စိုးရိမ်စိတ်များ ပြင်းပြစွာဖြင့် ခရီးနှင်လာကြရာ နောက်ဆုံးတွင် သွေးကျောက်မြေရိုင်းသို့ ရောက်ရှိလာခဲ့သည်။ အဝေးမှပင် ပြင်းထန်သော သွေးနံ့များကို ရရှိနေရသဖြင့် သူတို့နှစ်ဦး၏ မျက်နှာများမှာ ပို၍ ညှိုးငယ်သွားခဲ့သည်။

တောင်ဂိုဏ်း စခန်းချရာ မြို့သုံးမြို့မှာ တိုက်ပွဲကြီး ဖြစ်ပွားခဲ့ပုံရပြီး အခြေအနေမှာ သူတို့ ထင်ထားသည်ထက် ပို၍ ဆိုးရွားနေသည်။ သူတို့ ရောက်ရှိလာတာ နောက်ကျသွားပြီလားဟု စိုးရိမ်စိတ်ဖြင့် ရင်တလှပ်လှပ် ဖြစ်နေကြသည်။

“ဟွမ်ဟွမ်ရဲ့ အငွေ့အသက်ကို ကျွန်မ ခံစားမိပြီ၊ ဒီဘက်ကပဲ”

ယင်းရှောင်ရှောင်က ဝမ်းသာအားရဖြင့် မြို့တစ်မြို့၏ အမြင့်ဆုံး ခန်းမဆောင်ဆီသို့ ဦးတည်ပျံသန်းသွားသည်။ နောက်ဆုံးတွင် သူမသည် ညီမဖြစ်သူကို ဘေးကင်းစွာ တွေ့လိုက်ရလေသည်။

“ဟူး...”

ညီမဖြစ်သူကို ဘေးကင်းကင်းနှင့် တွေ့လိုက်ရသဖြင့် ယင်းရှောင်ရှောင်သည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်မိသည်။

“အို... အစ်မကြီးနဲ့ အကြီးအကဲမု ပါလား၊ အစ်မတို့ကိုယ်တိုင် စစ်ကူလာပေးလိမ့်မယ်လို့ မထင်ထားဘူး” ဟု ယင်းဟွမ်ဟွမ်က သူမ၏ အစ်မကို မြင်သောအခါ အတိုင်းမသိ ဝမ်းသာသွားခဲ့သည်။

“အားလုံး ဘေးကင်းကြရဲ့လား”

ယင်းရှောင်ရှောင်က ခန်းမအတွင်းရှိ လူများကို လှည့်ပတ်ကြည့်ရင်း မေးလိုက်သည်။

“ကျွန်မတို့ အဆင်ပြေပါတယ်၊ အစ်မတို့က နောက်ကျသွားပြီ... ပြဿနာတွေကို ကျွန်မတို့ဘာသာ ဖြေရှင်းပြီးသွားပြီ” ဟု ယင်းဟွမ်ဟွမ်က ဂုဏ်ယူစွာ ပြောလိုက်သည်။

သူမသည် သူမ၏ အစ်မ မည်မျှ စိုးရိမ်နေမည်ကို နားလည်သော်လည်း သူတို့ အန္တရာယ်ကို ကျော်လွှားနိုင်ခဲ့သည်ကို အစ်မဖြစ်သူ ထင်ထားလိမ့်မည် မဟုတ်ကြောင်း သိနေသည်။

ဝူယွမ်နှင့် လင်းတုန်တို့၏ ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းရည်ကို တွေးမိတိုင်း သူမ၏ အစ်မဖြစ်သူ ဆုပ်ကိုင်ထားသော ‘တောင်ဂိုဏ်း၏ စီနီယာအစ်မကြီး’ ဟူသည့် ဘွဲ့ထူးမှာ ပြုတ်ကျသွားနိုင်သည်ဟု သူမ ခံစားနေရသည်။ ယောင်လင်ကို သတ်ဖြတ်ခဲ့သည့် ဝူယွမ်၏ စွမ်းဆောင်ရည်မှာလည်း သူမ၏ အစ်မထက် မည်သို့မျှ မနိမ့်ကျပေ။

“တကယ်တမ်း ဘာတွေဖြစ်ခဲ့တာလဲ၊ ဒီမြို့သုံးမြို့လုံးမှာ သွေးနံ့တွေ အရမ်းပြင်းနေတယ်... မကြာခင်ကပဲ တိုက်ပွဲကြီး ဖြစ်ခဲ့ပုံရတယ်” ယင်းရှောင်ရှောင်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

ယောင်လင်တို့ ဘယ်ရောက်သွားသနည်း။ အဘယ်ကြောင့် ယင်းဟွမ်ဟွမ်တို့သည် ဤနတ်ဆိုးအမှတ်အသားမြို့ထဲသို့ ရောက်နေသနည်း။ ဤနေရာသည် မည်သို့ကြောင့် တောင်ဂိုဏ်း၏ နယ်မြေ ဖြစ်သွားသနည်းဟူသော မေးခွန်းပေါင်းများစွာ သူမ၏ ခေါင်းထဲ၌ ဝဲ၀ဲလည်နေသည်။

“ဟွမ်ဟွမ်... ဘာတွေဖြစ်ခဲ့လဲဆိုတာ မြန်မြန်ပြောပြပါဦး၊ ပြီးတော့ မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်ကရော ဘယ်မှာလဲ” ဟု အကြီးအကဲမုကလည်း အမြန်သိလိုစိတ်ဖြင့် မေးလိုက်ပြန်သည်။

“မလောပါနဲ့... ကျွန်မ အေးအေးဆေးဆေး ပြောပြပါ့မယ်”

ထို့နောက် ယင်းဟွမ်ဟွမ်က အဖြစ်အပျက်အားလုံးကို ပြန်လည်ပြောပြလိုက်လေသည်။ ဝူယွမ်နှင့် လင်းတုန်တို့၏ တိုက်ပွဲဖြစ်စဉ်များကို အဓိကထား၍ သူတို့၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပြောပေးလိုက်သည်။

“သူတို့က အဲ့လောက်တောင် အစွမ်းထက်တာလား”

“သူတို့နှစ်ယောက်တည်းနဲ့... နဝမအဆင့် နိဗ္ဗာန်ပညာရှင် တစ်ယောက်၊ အဋ္ဌမအဆင့် နိဗ္ဗာန်ပညာရှင် သုံးယောက်နဲ့ တခြား သတ္တမအဆင့် ပညာရှင် အမြောက်အမြားကို သတ်ပစ်လိုက်တယ်ပေါ့”

“မီးပုံဆောင်ခဲ မိစ္ဆာမျောက်ဝံဘုရင်နဲ့ မိစ္ဆာမျောက်ဝံတွေကိုတောင် ဝူယွမ်က အနိုင်ယူပြီး သူ့အမိန့် လိုက်နာစေခဲ့တယ်လား”

“ပြီးတော့ ဒီမြို့သုံးမြို့ကိုလည်း မင်းတို့ သိမ်းပိုက်လိုက်ပြီပေါ့”

အကြီးအကဲမုနှင့် ယင်းရှောင်ရှောင်တို့မှာ အံ့အားသင့်လွန်းသဖြင့် ဆွံ့အသွားကြသည်။

ဤသည်မှာ တပည့်အသစ် နှစ်ယောက် လုပ်ဆောင်နိုင်မည့်အရာ မဟုတ်ပေ။ ခန်းမသခင် အဆင့်ရှိ ပညာရှင်တစ်ဦး၏ စွမ်းဆောင်ရည်မျိုး ဖြစ်သည်။

“သူတို့နှစ်ယောက်ရော ဘယ်မှာလဲ” ဟု အကြီးအကဲမုက မေးလိုက်သည်။

“ဪ... သူတို့ အထဲက အခန်းထဲမှာပါ၊ ဒဏ်ရာတွေ ကုသရင်း ကျင့်ကြံနေတယ်လို့ ပြောတယ်” ဟု ယင်းဟွမ်ဟွမ်က အတွင်းခန်းကို ညွှန်ပြလိုက်သည်။

ဝူယွမ်နှင့် လင်းတုန်တို့သည် မြို့သုံးမြို့ကို သိမ်းပိုက်ပြီးကတည်းက အခန်းထဲသို့ ဝင်သွားကြသည်မှာ တစ်ညတာ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

“ကျွီ...”

ထိုစဉ်မှာပင် အတွင်းခန်းတံခါး ပွင့်လာပြီး ဝူယွမ်နှင့် လင်းတုန်တို့ ထွက်လာကြသည်။ ယင်းရှောင်ရှောင်တို့ ရောက်လာသည်ကို လင်းတုန်က အာရုံခံမိသဖြင့် ရှေးဟောင်းကျောက်တိုင်နယ်ပယ်ထဲရှိ ဝူယွမ်အား အမြန်အကြောင်းကြားခဲ့ခြင်းပဲဖြစ်သည်။

“မင်းတို့နှစ်ယောက် အဆင်ပြေရဲ့လား”

အကြီးအကဲမုက သူတို့တွင် ဒဏ်ရာရရှိထားခြင်း ရှိမရှိ စိုးရိမ်တကြီး ကြည့်လိုက်သည်။

“ဪ... ကျွန်တော်တို့ အဆင်ပြေပါတယ်၊ စွမ်းအင်တွေ အရမ်း သုံးလိုက်ရလို့ နည်းနည်း ပင်ပန်းသွားတာပါ... အခုတော့ ပြန်ကောင်းသွားပါပြီ” ဟု ဝူယွမ်က ခေါင်းခါရင်း ပြောလိုက်သည်။

အကြီးအကဲမုမှာ တံတွေးတစ်ချက် မြိုချမိသွားသည်။ မိမိထက် အဆင်ပေါင်းများစွာ သာလွန်သည့် ရန်သူများကို သတ်ဖြတ်ပြီး ဒဏ်ရာမရဘဲ ရှိနေသည့် ဤတပည့်နှစ်ဦးကို သူ အလွန်ပင် စိတ်ဝင်စားသွားမိသည်။

“မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင် မျိုးစေ့ကရော ဘယ်မှာလဲ” ယင်းရှောင်ရှောင်က မေးလိုက်သည်။

ဝူယွမ်သည် ထိုအချိန်မှ ယင်းဟွမ်ဟွမ်နှင့် ရုပ်ချင်းဆင်သော်လည်း အရပ်အနည်းငယ် ပိုရှည်ပြီး ဆံနွယ်ရှည်များကို လှပစွာ စည်းနှောင်ထားသည့် ဤလှပသော အမျိုးသမီးကို သတိထားမိသွားသည်။

“ဒီမှာပါ”

ဝူယွမ်က စိမ်းမြမြ အရောင်တောက်နေသည့် မျိုးစေ့ကို ထုတ်ပေးလိုက်သည်။

“ရပါပြီ... စီနီယာအစ်မ”

ယင်းရှောင်ရှောင်က ခေါင်းငြိမ့်ပြလိုက်သည်။ ဝူယွမ်ကို သူမ တစ်ခါမျှ မတွေ့ဖူးသော်လည်း ‘စီနီယာအစ်မ’ ဟု ခေါ်ဆိုသဖြင့် သူမ မည်သူမည်ဝါဖြစ်ကြောင်းကို သူသိနေသည်ဟု မှတ်ယူလိုက်သည်။

သူမသည် ဤတပည့်သစ်ကို စိတ်ဝင်တစား ကြည့်နေမိသည်။ သူမသည် သူ့ကို အကဲခတ်ကြည့်သော်လည်း မည်သည့် စွမ်းအင်အငွေ့အသက်ကိုမျှ ခံစား၍ မရပေ။ စွမ်းအားကို ဖုံးကွယ်ထားရာတွင် သူသည် သူမထက်ပင် ပို၍ ကျွမ်းကျင်နေပုံရသည်။

“ဂျူနီယာ ဝူယွမ်... ဂျူနီယာ လင်းတုန်... မင်းတို့ ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး၊ ယောင်လင်နဲ့ ရှောင်ထျန်းတောင် မင်းတို့ကို မယှဉ်နိုင်ဘူးပဲ၊ ဒီတစ်ခါတော့ ငါတို့ တောင်ဂိုဏ်းအတွက် ထူးခြားတဲ့ အပြောင်းအလဲတွေ ရှိလာတော့မယ် ထင်တယ်၊ မင်းတို့နှစ်ယောက်က တောင်ဂိုဏ်းရဲ့ အနာဂတ်ပဲ”

“အရင်က မင်းတို့ရဲ့ ပါရမီက အတော်ကောင်းတယ်လိာ့ ငါထင်ခဲ့ပေမယ့်... အခုတော့ မင်းတို့ရဲ့ အစစ်အမှန် စွမ်းအားတွေကို ဖုံးကွယ်ထားခဲ့မှန်း ငါ သိလိုက်ရပြီ၊ လေပြင်းခန်းမက တပည့်တွေဟာ မင်းတို့ရဲ့ အစစ်အမှန် အစွမ်းကို ထုတ်သုံးဖို့တောင် မတန်ခဲ့ဘူးပဲ”

“တကယ့်ကို အောင်းနေတဲ့ နဂါးနဲ့ ပုန်းနေတဲ့ ဖီးနစ်တွေပဲ၊ ဂိုဏ်းထဲက ထွက်လာတာနဲ့ ကောင်းကင်ယံမှာ ပျံသန်းနိုင်နေကြပြီ”

ယင်းရှောင်ရှောင်က သူတို့ကို အဆက်မပြတ် ချီးကျူးလိုက်သည်။ မသေမျိုးအနှစ်သာရ မျိုးစေ့ကို ကြည့်ရင်း သူမ၏ အေးစက်သော မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။ “ဒီတစ်ခါတော့ မင်းတို့နှစ်ယောက် ဂိုဏ်းအတွက် အကြီးအကျယ် အကျိုးပြုလိုက်တာပဲ”

“ဂိုဏ်း အကျိုးပြုဖို့ရာက ကျွန်တော်တို့ရဲ့ တာဝန်ပါပဲ” ဟု ဝူယွမ်နှင့် လင်းတုန်တို့က လက်အုပ်ချီ၍ ရိုသေစွာ ပြန်ပြောလိုက်ကြသည်။

“ဒါနဲ့... မသေမျိုးအနှစ်သာရ မျိုးစေ့အပြင် တခြား ရလာဒ်တွေလည်း ရှိပါသေးတယ်၊ အကြီးအကဲမုနဲ့ စီနီယာအစ်မ... ဒီအိတ်ထဲမှာ ယောင်လင်၊ လော့ရိနဲ့ တခြား ဝရမ်းစာရင်းဝင်တွေရဲ့ ဦးခေါင်းတွေ ရှိပါတယ်၊ ဒီရှောင်ထျန်းလည်း ပါတယ်... သူတို့က ဆုကြေး အများကြီး ရနိုင်တယ်မလား၊ အဲ့ဒါ ဘယ်လို လဲလှယ်ရမလဲဆိုတာ သိချင်လို့ပါ”

ဝူယွမ်က သိုလှောင်အိတ်တစ်ခုကို ထုတ်ပြလိုက်ပြီး မျောက်ဝံဘုရင်ကို ဒဏ်ရာအပြင်းအထန် ရထားသည့် ရှောင်ထျန်းကို သယ်ထုတ်ခိုင်းလိုက်သည်။

“ဒီရှောင်ထျန်းကို ငါ တစ်ခါ လွှတ်ပေးခဲ့ဖူးတယ်၊ အခုတော့ မင်းတို့လက်ထဲ ပြန်ရောက်နေပြီပေါ့” ဟု ယင်းရှောင်ရှောင်က အနည်းငယ် ရယ်ချင်ပတ်ကျိဖြင့် ပြောလိုက်လေသည်။

“အာ... ဒီကောင်က နိဗ္ဗာန်ဆေးလုံး သန်းငါးရာ တန်တာကို၊ စီနီယာအစ်မက တကယ်ကြီး လွှတ်ပေးခဲ့တာလား” ဝူယွမ်က အံ့သြသွားဟန်ဖြင့် ပြောလိုက်ပြီး ယင်းရှောင်ရှောင်ကို ကြည့်ကာ - “ကျွန်တော်ကတော့ အဲ့ဒီလောက် ရက်ရောနိုင်မှာ မဟုတ်ဘူး၊ တကယ်လို့ စီနီယာအစ်မက ဒီကောင့်ကို ထပ်လွှတ်ပေးချင်ရင်... ကျွန်တော်တို့ကို နိဗ္ဗာန်ဆေးလုံးတွေ ပေးရလိမ့်မယ်နော်”

ယင်းရှောင်ရှောင်က - “မလွှတ်ပေးပါဘူး၊ ဒီတစ်ခါ သူက ငါတို့ တောင်ဂိုဏ်းကို ရန်မူချင်ခဲ့တာ ဆိုတော့... သေထိုက်ပါတယ်၊ မင်းတို့ ဖမ်းမိခဲ့တာ ဆိုတော့ သူ့ရဲ့ အသက်ကို မင်းတို့ပဲ ဆုံးဖြတ်နိုင်ပါတယ်၊ တကယ်တော့ အရင်က ငါ သူ့ကို လွှတ်ပေးခဲ့တာ မဟုတ်ဘူး... အဲ့ဒီတုန်းက ငါက နဝမအဆင့်ကို မရောက်သေးတော့... သူ့ကို အတင်းအကျပ် ဖမ်းဆီးဖို့က ငါ့အတွက် တစ်ခုခု ရင်းနှီးရမှာ စိုးလို့ လွှတ်ပေးလိုက်တာပါ”

“သူ သေတာ ရှင်တာ ကျွန်တော့်အတွက် အရေးမကြီးပါဘူး၊ နိဗ္ဗာန်ဆေးလုံးတွေ အများကြီးနဲ့ လဲလို့ရရင် ရပါပြီ” ဟု ဝူယွမ်က အေးအေးလူလူ ပြောလိုက်သည်။

“ဒါဆိုရင် ဂိုဏ်းကို အရင်ပြန်ကြစို့၊ ဒီဦးခေါင်းတွေနဲ့ ရှောင်ထျန်းကို ငါ့ကိုပေးထားခဲ့... ဆုကြေးတွေ လဲလှယ်ပြီးရင် မင်းတို့ဆီ ငါ ပို့ပေးမယ်”

“ဒီနေရာက ကိစ္စတွေကိုတော့ ဂိုဏ်းကနေ အစောင့်တစ်ယောက် လွှတ်ပြီး တာဝန်ယူခိုင်းလိုက်မယ်”

“သွားကြစို့... မသေမျိုးအနှစ်သာရ မျိုးစေ့ကို ဂိုဏ်းဆီ အရင်ဆုံး ပြန်ယူသွားရမယ်”

ယင်းရှောင်ရှောင်က ချက်ချင်း ဆုံးဖြတ်လိုက်သည်။ ယခုမှသာ သူမ၏ စိတ်ထဲရှိ ဝန်ထုပ်ဝန်ပိုးကြီး ကင်းစင်သွားတော့သည်။

ငါးရက်ကြာပြီးနောက်….

ဝူယွမ်နှင့် တခြားသူများ ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာကြသည်။ ဤတစ်ကြိမ်တွင် ဝူယွမ်နှင့် လင်းတုန်တို့က လေပြင်းခန်းမသို့ အရင်မပြန်ဘဲ ယင်းညီအစ်မတို့နောက်သို့ လိုက်ပါသွားကြသည်။

သူတို့က ဤခရီးစဉ်၏ သူရဲကောင်းများ ဖြစ်သဖြင့် တောင်ဂိုဏ်းချုပ်နှင့် သူတို့ကို တွေ့ဆုံပေးလိုသဖြင့် ခေါ်ထားခဲ့ခြင်းပင်။

တောင်ထိပ်များစွာကို ဖြတ်ကျော်ပြီး အလယ်ဗဟိုသို့ ရောက်သောအခါ ဝူယွမ်သည် အလွန်ခန့်ညားထည်ဝါပြီး မြင့်မားလှသော တောင်ဂိုဏ်း၏တောင်ထိပ်ကို မြင်လိုက်ရသည်။

“ရှင်တို့နှစ်ယောက် ဒီကို ပထမဆုံး ရောက်ဖူးတာမလား၊ ဒါက ကျွန်မတို့ ဂိုဏ်းချုပ် နေထိုင်ရာ တောင်ဂိုဏ်းတောင်ထိပ်ပဲ၊ ဂိုဏ်းရဲ့ အရေးကြီးတဲ့ ကိစ္စတွေကိုလည်း ဒီမှာပဲ ဆုံးဖြတ်ကြတာ” ဟု ယင်းဟွမ်ဟွမ်က ပျော်ရွှင်မြူးထူးစွာဖြင့် ရှင်းပြနေခဲ့သည်။

ဤခရီးစဉ်အပြီးတွင် သူမက ဝူယွမ်အပေါ် ထားရှိခဲ့သည့် အနည်းငယ် မောက်မာသော အမူအရာများ ပျောက်ကွယ်သွားခဲ့သည်။ ထို့အပြင် ဆန့်ကျင်ဘက်အနေဖြင့် ဝူယွမ်ကို ရင်ဆိုင်ရချိန်တွင် သူမ အနည်းငယ် ရင်ခုန်စိတ်လှုပ်ရှားနေမိသည်။

သူမသည် သူ့ကို ဂျူနီယာမောင်လေး တစ်ယောက်ကဲ့သို့ မဆက်ဆံနိုင်တော့ဘဲ အစ်ကိုကြီးတစ်ယောက်ကဲ့သို့ အားကိုးလိုစိတ်များပင် ဖြစ်ပေါ်နေမိသည်။ ဝူယွမ်ကို မြင်နေရရုံနှင့်ပင် သူမအတွက် လုံခြုံမှုရှိသည်ဟု ခံစားနေရသည်။

သို့သော် ဝူယွမ်ကမူ ယင်းဟွမ်ဟွမ်၏ အပြောင်းအလဲများကို သတိမပြုမိဘဲ ရှေ့မှ ခန့်ညားသော တောင်ထိပ်ကြီးကိုသာ အကဲခတ်နေလေသည်။

အပေါ်ယံကြည့်လျှင် ထိုတောင်ထိပ်မှာ ထူးခြားမှု မရှိသယောင် ရှိသော်လည်း သူ၏ ပင်ကိုယ်အသိစိတ်အရ ထိုနေရာသည် အလွန်အန္တရာယ်ကြီးပြီး တစ်စက္ကန့်အတွင်းမှာပင် သူ့ကို အငွေ့ပျံသွားစေနိုင်သည့် စွမ်းအားမျိုး ရှိနေသည်ကို ခံစားနေရသည်။

အစီအရင်များ... အလွန်ပြင်းထန်သော အစီအရင်များပင်။ သူက သူ၏ ဝိညာဉ်စွမ်းအင်ကိုပင် အပြင်သို့ မထုတ်ရဲပေ။

တောင်ထိပ်ပေါ်ရှိ ချောက်ကမ်းပါးမှ ထိုးထွက်နေသော ကျောက်ဆောင်တစ်ခုပေါ်တွင် မီးခိုးရောင် ဝတ်စုံဝတ် အဖိုးအို နှစ်ဦးမှာ ငြိမ်သက်စွာ ထိုင်နေကြသည်။

ထိုအဖိုးအို နှစ်ဦးထိုင်နေကြသည်မှာ အသက်ရှူသံပင် မရှိတော့သယောင် ထင်ရသည်။ သို့သော် ယင်းညီအစ်မတို့မှာမူ သူတို့ကို ရိုသေစွာ နှုတ်ဆက်လိုက်ကြလေသည်။

ယင်းရှောင်ရှောင်က - “အကြီးအကဲနှစ်ဦးကို ဂါရဝပြုပါတယ်၊ ကျွန်မတို့ မသေမျိုးအနှစ်သာရ မျိုးစေ့ကို ပြန်ယူလာနိုင်ခဲ့ပါပြီ၊ ဒီနှစ်ယောက်ကတော့ လေပြင်းခန်းမက တပည့်သစ်တွေဖြစ်တဲ့ ဝူယွမ်နဲ့ လင်းတုန်တို့ပါ၊ သူတို့ရဲ့ အကူအညီကြောင့်သာ မျိုးစေ့ကို ထိန်းသိမ်းနိုင်ခဲ့တာပါ၊ ယောင်လင်၊ ရှောင်ထျန်းနဲ့ တခြားသူတွေကိုလည်း သူတို့ကပဲ သတ်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်၊ ဒီလို ကြီးကျယ်တဲ့ စွမ်းဆောင်ရည်အတွက် ဂိုဏ်းချုပ်နဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုပါတယ်”

“ဪ...”

အဖိုးအို နှစ်ဦး၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး စွမ်းအင်လှိုင်းများမှာ ဝူယွမ်နှင့် လင်းတုန်တို့ထံသို့ ရိုက်ခတ်လာခဲ့သည်။

“နိဗ္ဗာန်အဆင့် ခြောက်... ကောင်းကင်အဆောင်သခင် အဆင့်ခုနှစ်... အဆင့်ရှစ် ဝိညာဉ်တံဆိပ်... နိဗ္ဗာန်အဆင့်ကိုးမှာရှိတဲ့ ယောင်လင်ကိုတောင် သတ်နိုင်တယ်ဆိုတော့... ဒီလူငယ်လေးတွေရဲ့ အလားအလာက အကန့်အသတ် မရှိဘူးပဲ၊ လေပြင်းခန်းမကနေ ကျိုးထုံလို ပုဂ္ဂိုလ်မျိုး နောက်တစ်ယောက် ထွက်ပေါ်လာတော့မှာ ထင်တယ်” ဟု အဖိုးအိုတစ်ဦးက စိတ်လှုပ်ရှားစွာ သက်ပြင်းချရင်း ပြောလိုက်သည်။

“ဝင်သွားကြတော့”

ယင်းညီအစ်မတို့က ဝူယွမ်နှင့် လင်းတုန်ကို အတွင်းသို့ ခေါ်ဆောင်သွားကြသည်။

ခန်းမဆောင်ကြီးအတွင်း၌ ခမ်းနားထည်ဝါမှုထက် သဘာဝတရား၏ ဆွဲဆောင်မှုများဖြင့်သာ ပြည့်နှက်နေခဲ့သည်။

အတွင်းသို့ ဆက်ဝင်သွားရာ ကျောက်စရစ်ခဲ လမ်းလေးတစ်ခုသို့ ရောက်ရှိသွားပြီး လမ်းဘေးတစ်ဖက်တစ်ချက်တွင် ကြည်လင်သော ရေကန်ငယ်လေးများ ရှိနေကာ အပေါ်ယံတွင် မြူနှင်းများ ဝဲလည်နေသည်။ ရံဖန်ရံခါတွင် ရေမျက်နှာပြင်မှာ လှိုင်းထသွားတတ်ပြီး တစ်စုံတစ်ခု ဖြတ်သန်းသွားသယောင် ရှိသည်။

လမ်းအတိုင်း လျှောက်သွားရင်း နောက်ဆုံးတွင် သူတို့၏ ခြေလှမ်းများမှာ နှေးကွေးသွားပြီး ရပ်တန့်သွားကြသည်။ ထိုနေရာတွင် မြင်ကွင်းမှာ ကျယ်ပြောသွားပြီး ရေကန်ငယ်လေးများမှာ ရေကန်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ရေကန်၏ အလယ်တွင် စိမ်းလန်းစိုပြေနေသော ကြာပန်းအရွက်ကြီး တစ်ခု ပေါ်နေပြီး ထိုကြာရွက်ပေါ်တွင် ပုဂ္ဂိုလ်တစ်ဦးမှာ တရားထိုင်နေသည့် ရဟန်းအိုတစ်ပါးကဲ့သို့ ငြိမ်သက်စွာ ရှိနေသည်။

ထိုပုဂ္ဂိုလ်ထံမှထိုပုဂ္ဂိုလ်ထံမှ ထွက်ပေါ်နေသော အေးချမ်းမှုမှာ ဤဟင်းလင်းပြင်ကြီး တစ်ခုလုံးကိုပင် တည်ငြိမ်သွားစေနိုင်သည့် အစွမ်းရှိပုံရသည်။

ဝူယွမ်က ထိုပုဂ္ဂိုလ်ကို မြင်လိုက်ရသည့် ပထမဆုံးအကြိမ်မှာပင် သူ၏ မျက်ဝန်းများမှာ လေးနက်တည်ကြည်သွားခဲ့သည်။

ဤပုဂ္ဂိုလ်သည် ယခင်က နဂါးပြာနန်းတော်တွင် တွေ့ခဲ့ရသည့် ချင်းကျီနှင့် ယှဉ်နိုင်လောက်အောင် အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းသူ ဖြစ်သည်ကို သူခံစားလိုက်ရသည်။

ဤပုဂ္ဂိုလ်မှာ တောင်ဂိုဏ်း၏ ဂိုဏ်းချုပ် ယင်းရွှမ်းဇီပင် ဖြစ်ရပေမည်။

All Chapters