← Chapters

အခန်း (၄၈၁-၄၈၂)

Vol. 25 Ch. 481-482

အခန်း (၄၈၁-၄၈၂)

Vol. 25 Ch. 481-482

အပိုင်း(၄၈၁) ပက်ပင်းမိခြင်း

နာရီဝက်ခန့်အကြာတွင် ထျန်ကျင်းဖိန်က ရုံးခန်းထဲမှထွက်လာပြီး တံခါးကို ဖွဖွလေး ပိတ်သွားလေ၏။

ထို့နောက်တွင်တော့ အလုပ်လာရောက်တင်ပြသူများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။

ဤရုံးခန်းထဲတွင် ထိုင်နေလိုက်ရသည်မှာ ညဉ့်နက်သည်အထိပင်။

အတွင်းရေးမှူးကို အလုပ်ဆင်းခိုင်းပြီးနောက် လော်ယွမ်က စာရွက်စာတမ်းများကို သိမ်းဆည်းလိုက်သည်။

ထို့နောက် အဝတ်အစားကို သပ်ရပ်အောင်ပြင်ဆင်ကာ မြို့တော်ခန်းမထဲမှ ထွက်လာခဲ့၏။

လမ်းခရီးတွင် အချိန်ကို ကြည့်လိုက်ရာ ညဆယ်နာရီပင် ထိုးတော့မည်ဖြစ်သည်။ ချန်ရှင်းကျယ်တစ်ယောက် အိပ်လောက်ပြီလား သူ မသိပေ။

သို့သော်လည်း ညဘက်သွားမည်ဟု ချိန်းဆိုထားပြီးဖြစ်ရာ လမ်းတစ်ဝက်မှ လှည့်ပြန်ရမည့် အကြောင်းပြချက်တော့ လုံးဝမရှိချေ။

ဤချိန်းဆိုမှုက တစ်ဖက်သတ် အကျပ်ကိုင်ထားသည့် ရလဒ်သက်သက်မျှသာ ဖြစ်နေလျှင်တောင်မှပေါ့။

လော်ယွမ်က နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့် ချိတ်ဆွဲလိုက်ရင်း ချန်ရှင်းကျယ်၏ အိမ်ဆီသို့ သွက်လက်သော ခြေလှမ်းများဖြင့် လျှောက်သွားလိုက်သည်။

မကြာမီမှာပင် သူမ၏ တံခါးရှေ့သို့ ရောက်ရှိသွား၏။ ချန်ရှင်းကျယ်က စောစောစီးစီး ပြင်ဆင်ထားပုံရသည်။

တံခါးကို ခပ်ဖွဖွ နှစ်ချက်သုံးချက်ခန့် ခေါက်လိုက်သည်နှင့် သူ၏ အာရုံခံနိုင်စွမ်းထဲတွင် လူရိပ်တစ်ခု ချဉ်းကပ်လာသည်ကို ခံစားလိုက်ရသည်။

နောက်တစ်စက္ကန့်အကြာတွင်တော့ တံခါးက ဂျိမ်းခနဲ ပွင့်သွားပြီး ချန်ရှင်းကျယ်၏ အေးစက်စက် မျက်နှာလေး ပေါ်လာလေ၏။

သူမက ရိုးရိုးယဉ်ယဉ် မီးခိုးရောင် ချည်ကြမ်း ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားသည်။

သို့သော် ထိုဝတ်စုံက သူမ၏ အလှတရားကို ဖုံးကွယ်မထားနိုင်သည့်အပြင် ဆီးနှင်းလို ဖြူဝင်းနူးညံ့နေသော အသားအရေကိုပင် ပို၍ ပေါ်လွင်စေသည်။

သူမ၏ ရင်အုပ်ဝန်းယံလေးက မို့မောက်နေပြီး လော်ယွမ်ကို လှမ်း၍ ဆုပ်နယ်ပစ်ချင်စိတ်များပင် ပေါ်လာစေတော့သည်။

သို့ရာတွင် မည်သို့ပင် ဆန္ဒပြင်းပြနေပါစေ၊ အလောတကြီး လုပ်ဆောင်ခြင်းက လူကြီးလူကောင်း ပီသမည်မဟုတ်ပေ။

ထို့ကြောင့် သူက သောင်းကျန်းချင်နေသော စိတ်ဆန္ဒများကို ဖိနှိပ်လိုက်ပြီး အမူအရာမပျက်ဘဲ အကြည့်ကို ပြန်ရုပ်လိုက်သည်။

ထို့နောက် ဖြည်းဖြည်းချင်း အကောင်အထည်ဖော်ရန် ကြံစည်ရင်း သူမ၏ အိမ်ထဲသို့ ဝင်ရန် ခြေလှမ်းလိုက်၏။

သို့သော် ချန်ရှင်းကျယ်က လုံးဝ သဘောတူပုံမရပေ။ တံခါးကို အားကုန်သုံးကာ တွန်းပိတ်ထားပြီး အေးစက်သော မျက်နှာထားဖြင့် စကားတစ်ခွန်းမျှ မဟချေ။

မိန်းမတစ်ယောက်၏ အားပျော့လှသော ခုခံမှုကို ခံစားလိုက်ရသည့်အခါ လော်ယွမ်က နောက်ပြောင်လိုက်သည်။

"ငါလာတာကို ဒီလောက်တောင် မကြိုဆိုတာလား... တစ်ညတာ လင်မယားဖြစ်ခဲ့ရင်တောင် ရက်ပေါင်းရာချီ သံယောဇဉ်ရှိရတယ်လို့အဆိုရှိတာပဲ... အဲ့လောက်ကြီး ရက်စက်ဖို့ မလိုပါဘူး"

အရှက်အကြောက်ကင်းမဲ့နေသော ဤအမျိုးသားကို ကြည့်ရင်း ချန်ရှင်းကျယ်က စိတ်ထဲမှ တံတွေးထွေးချလိုက်သည်။

သူမ၏ မျက်နှာလေးက အနည်းငယ် နီရဲသွားသော်လည်း ချက်ချင်းပင် အေးစက်စက် အမူအရာကို ပြန်လည်ထိန်းသိမ်းလိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်၏။

"ဒီနေ့ အဆင်မပြေဘူး... ကျွန်မဆီ ဧည့်သည် ရောက်နေတယ်... ရှင် ပြန်တော့"

ဤမျှ ယုတ္တိမတန်သော အကြောင်းပြချက်ကို ကြားလိုက်ရချိန်တွင် လော်ယွမ်က အံ့ဩသွားသည်။

သူက ချက်ချင်းပင် သူ၏ အာရုံခံနိုင်စွမ်းဖြင့် စစ်ဆေးကြည့်လိုက်ရာ မည်သူမျှမရှိကြောင်း တွေ့လိုက်ရ၏။

ဤမျှ ရိုးရှင်းသော လှည့်ကွက်မျိုးက သာမန်လူများကိုသာ လှည့်စား၍ ရပေလိမ့်မည်။ လော်ယွမ်၏ အာရုံခံနိုင်စွမ်းရှေ့တွင် မည်သည့် ဖုံးကွယ်မှုမျိုးမဆို လွတ်ကင်းနိုင်မည် မဟုတ်ပေ။

သူမ၏ အကြံအစည်က သိပ်ကို ကလေးဆန်လွန်းလှသည်ဟုသာ ဆိုရမည်။

လော်ယွမ်က သူမကို ချက်ချင်း ထုတ်မပြောသေးဘဲ တောင်းဆိုမှုကို လျှော့ချလိုက်သည်။

"အဲဒီလိုဆိုရင်တောင် ငါက ဒီလောက်အဝေးကြီးကနေ လာရတာ... အိမ်ထဲဝင်ပြီး ရေတစ်ခွက်လောက်တော့ တိုက်သင့်တာပေါ့"

အချိန်အတိုင်းအတာတစ်ခုအထိ အတူတကွ နေထိုင်ခဲ့ပြီးနောက် ချန်ရှင်းကျယ်၏ စရိုက်ကို သူ အတော်လေး နားလည်လာခဲ့ပြီဖြစ်သည်။

သူမက မူဝါဒကို အလွန်စွဲကိုင်တတ်သူတစ်ယောက် ဖြစ်၏။

အဖွဲ့အစည်းက အချိန်ကြာမြင့်စွာ ပြုစုပျိုးထောင်ပေးခဲ့သော ထောက်လှမ်းရေးအရာရှိတစ်ဦးအနေဖြင့် သူမတွင် ပြင်းထန်သော တရားမျှတမှုစိတ်ဓာတ်နှင့် စွန့်လွှတ်အနစ်နာခံလိုစိတ်များ ရှိနေသည်။

အမျိုးသမီးတစ်ဦးအတွက် အလွန်ရှက်ရွံ့စရာကောင်းလှသော အထူးတာဝန်မျိုးကိုတောင်မှ သူမက လုံးဝ ငြင်းဆန်ခဲ့ခြင်းမရှိပေ။

သို့သော် ဤသည်မှာ သူမ၏ စရိုက်လက္ခဏာ တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး အားလုံးတော့ မဟုတ်ချေ။

သူမ၏ ရင်တွင်းနက်ရှိုင်းသောနေရာတွင် မာနကြီးသော အမျိုးသမီးတစ်ဦး ရှိနေပြီး ပြင်းထန်သော ကိုယ့်ကိုယ်ကိုယ် လေးစားမှုလည်း ရှိသည်။

ထို့ကြောင့် သူမက သံယောဇဉ်ကြောင့် အရှုံးပေးကာ အလိုက်သင့် နေသွားမည့်သူမျိုး လုံးဝ မဟုတ်ပေ။ သူမအတွက်တော့ တာဝန်က တာဝန်၊ သံယောဇဉ်က သံယောဇဉ်သာ ဖြစ်သည်။

တာဝန်လုပ်ဆောင်နေစဉ်အတွင်း ပေါ်ပေါက်လာခဲ့သော ဤပုံမှန်မဟုတ်သည့် ခံစားချက်များကို ရေအေးတစ်ပုံးဖြင့် အပက်ခံလိုက်ရပြီး စော်ကားခံလိုက်ရပြီးနောက်တွင်တော့ သူမက လုံးဝ သတိဝင်လာခဲ့ပြီး နယ်နိမိတ်မျဉ်း ရှင်းရှင်းလင်းလင်း သတ်မှတ်ရန် ပြင်ဆင်နေခဲ့သည်။

သူမက သူ့အပေါ် တကယ်ပဲ သံယောဇဉ်မရှိဘူးလား။ အဲ့ဒီလိုတော့ မဟုတ်ပေ။ ယခင်က အတူရှိနေစဉ်အတွင်း နွေဦးကာလက အပျိုပေါက်လေးတစ်ယောက်လို သေးငယ်သော အမူအရာလေးများက သူ့ကို လုံးဝ ဖုံးကွယ်ထား၍ မရနိုင်ချေ။

ယခုအချိန်တွင် သူမ၏ မျက်နှာပေါ်၌ တစ်ခါတစ်ရံ ပေါ်လာတတ်သည့် တွေဝေနေမှုများကပင် သူမ လုံးဝ မမေ့နိုင်သေးကြောင်း သက်သေပြနေသည်။

ထိုသို့သော အမျိုးသမီးမျိုးအတွက် သူမ၏ ရွေးချယ်မှုကိုသာ ကိုယ်က လေးစားလိုက်မည်ဆိုပါက တစ်ခုတည်းသော ရလဒ်မှာ တဖြည်းဖြည်း ဝေးကွာသွားပြီး နောက်ဆုံးတွင် သူစိမ်းများလို ဖြစ်သွားရန်သာ ရှိတော့သည်။

သို့သော် ဤသည်မှာ လော်ယွမ် လိုချင်သော ရလဒ်မဟုတ်ပေ။ ပြန်လည်တည်ဆောက်ရေးဇုန်ကြီး ပျက်စီးသွားသည်နှင့်အမျှ ယခင်က ရှိခဲ့ဖူးသော မကျေနပ်ချက်များမှာလည်း လွင့်ပါးပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

တစ်ချိန်က သူ့ကို အပြင်းအထန် စွဲလမ်းစေခဲ့သော ဤအမျိုးသမီးကို အခြားသူတစ်ယောက်၏ ရင်ခွင်ထဲသို့ အရောက်ခံလိုက်ရမည်လား။

အခြားသူတစ်ယောက်က သူ့ကို ဂျိုလာတပ်သွားမည်ကို သူ လုံးဝ အဖြစ်မခံနိုင်ပေ။

ထိုသို့တွေးရင်း လော်ယွမ်က ဖွဖွလေး တွန်းလိုက်သည်။ ချန်ရှင်းကျယ်၏ အင်အားက အနည်းငယ်မျှပင် တားဆီးနိုင်စွမ်းမရှိဘဲ တံခါးက အလွယ်တကူ ပွင့်သွားလေ၏။

ချန်ရှင်းကျယ်မှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။ သူမ၏ ရင်ထဲတွင် ရှက်ရွံ့ဒေါသထွက်မှုများ ဖြစ်ပေါ်လာပြီး အံကြိတ်ကာ တိုးတိုးလေး ပြောလိုက်၏။

"အဆင်မပြေပါဘူးလို့ ပြောနေတာကို... ရှင်က ဘာလို့ ဒီလိုလုပ်ရတာလဲ"

လော်ယွမ်က တံခါးကို ပိတ်လိုက်သည်။ အကြံအစည် ပျက်စီးသွား၍ ဒေါသထွက်နေသော သူမကို ကြည့်ရင်း သူ၏ ရင်ထဲတွင် ရယ်ချင်စိတ်များ ပေါ်လာ၏။

"ဘာလို့ ဒီလောက် တိုးတိုးလေး ပြောနေရတာလဲ... ဒီအခန်းက အသံလုံတာပဲ မဟုတ်လား... ပြီးတော့ သူများတွေ ကြားသွားရင်တောင် ဘာမှမဖြစ်ပါဘူး"

သူက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ပြောရမည်ဆိုလျှင် ဤသည်မှာ သူမ၏ အိမ်ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခြင်းပင်။

သူမအိမ်၏ ဧည့်ခန်းက သိပ်မကျယ်ဝန်းလှသလို အလှဆင်ထားသည်ဟုလည်း ပြော၍မရပေ။ သို့သော် အလွန်ပင် အနုပညာဆန်လှသည်။

ထောင့်ချိုးနံရံများရှိ နေရာတိုင်းတွင် ကိုယ်တိုင်ဖန်တီးထားသော အလှပြပစ္စည်းများ ရှိနေ၏။

လှပသော ငှက်တောင်အချို့နှင့် သတ္တုရိုင်းများ ကပ်ထားသော ပန်းချီကားများ၊ သွေ့ခြောက်နေသော သစ်ကိုင်းများနှင့် သဲကန္တာရထဲတွင် နေရာတိုင်း၌ တွေ့ရလေ့ရှိသည့် ကျောက်စိမ်းရောင် ကျောက်စရစ်ခဲများဖြင့် ပြင်ဆင်ထားသော ပန်းအိုးများ၊ ထို့အပြင် နံရံပေါ်ရှိ ဆေးရောင်များဖြင့် ဖန်တီးထားသော စိတ္တဇပန်းချီကားများလည်း ရှိနေသည်။

ဤအရာများက အခန်းတစ်ခုလုံးကို အနုပညာရနံ့များဖြင့် ပြည့်နှက်နေစေသည်။

"ဒါတွေအကုန်လုံး မင်းကိုယ်တိုင် လုပ်ထားတာလား" လော်ယွမ်က အနည်းငယ် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

"အားတဲ့အချိန်လေးတွေမှာ လုပ်ထားတာပါ... မြို့တော်ဝန်ယွမ် အတွက်တော့ အမြင်မှာ အဆင်ပြေမှာ မဟုတ်ဘူး... ကြည့်လို့ဝပြီမလား... ကြည့်လို့ဝရင် အမြန် ပြန်တော့"

လော်ယွမ်ကို အနည်းငယ် ထူးဆန်းသွားစေသည်မှာ ချန်ရှင်းကျယ်၏ မျက်နှာက အနည်းငယ် စိုးရိမ်တကြီး ဖြစ်နေပုံရခြင်းပင်။

သို့သော် လော်ယွမ်က သူမသည် စိတ်မရှည်သယောင် ဟန်ဆောင်နေခြင်းဖြစ်မည်ဟုသာ ယူဆလိုက်ပြီး အများကြီး ဆက်မတွေးတော့ချေ။

"မင်းရဲ့ လက်ရာတွေက ဒီလောက်တောင် ကောင်းမယ်လို့ မထင်ထားဘူး... ပြောရမယ်ဆိုရင် ငါက မင်းအကြောင်း သိပ်မသိခဲ့ဘူးပဲ... ဒါပေမဲ့ အခု သိရလည်း နောက်မကျသေးပါဘူးလေ"

ထိုသို့ပြောရင်း အချိန်အတော်ကြာအောင် ထိန်းချုပ်ထားခဲ့ရသော လော်ယွမ်က နောက်ဆုံးတွင်တော့ လူကြီးလူကောင်း မျက်နှာဖုံးကို ခွာချလိုက်ပြီး ချန်ရှင်းကျယ်ဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်သွားလေ၏။

ချန်ရှင်းကျယ်၏ မျက်နှာက ရုတ်တရက် ထိတ်လန့်သွားပြီး အနောက်သို့ ဆက်တိုက် ဆုတ်သွားကာ

"ရှင် ဘာလုပ်မလို့လဲ... ကျွန်မဆီ ဧည့်သည် ရောက်နေတယ်လို့ ပြောထားတယ်လေ" ဟု ပြောလိုက်သည်။

"ငါ ဘာလုပ်ချင်တယ်လို့ ထင်လဲ" လော်ယွမ်က အသံကို နှိမ့်ကာ ပြန်မေးလိုက်၏။

များမကြာမီမှာပင် ချန်ရှင်းကျယ်မှာ နံရံထောင့်သို့ ရောက်သွားပြီး လော်ယွမ်၏ လက်နှစ်ဖက်က သူမ၏ ခါးသိမ်သိမ်လေးကို ဖက်တွယ်လိုက်သည်။

ချန်ရှင်းကျယ်က ထိတ်လန့်တကြားဖြင့် အသနားခံလိုက်၏။

"လော်ယွမ်... မလုပ်ပါနဲ့... ဒီမှာ မလုပ်ပါနဲ့... မနက်ဖြန်... မနက်ဖြန်မှ ရှင် ပြန်လာခဲ့ပါ... ဒီနေ့ ကျွန်မသူငယ်ချင်း တကယ် ရှိနေလို့ပါ... တကယ်ကို အဆင်မပြေလို့ပါ"

သူမ၏ စိုစွတ်နေသော နှုတ်ခမ်းလွှာလေးကို ကြည့်ရင်း လော်ယွမ်က နမ်းရန် ပြင်လိုက်စဉ်မှာပင် ဘေးခန်းမှ တိုးညင်းသော လှုပ်ရှားမှုအသံကို ရုတ်တရက် ကြားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် သူ၏ အာရုံခံနိုင်စွမ်းကလည်း အိပ်ခန်းထဲမှ လူတစ်ယောက် ထလာပြီး ဤဘက်သို့ လျှောက်လာနေကြောင်း အာရုံခံမိလိုက်၏။

သူ၏ မျက်နှာက အံ့ဩမှင်တက်သွားပြီး ခေါင်းပေါ်သို့ ရေခဲရေ တစ်ပုံးလောင်းချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ခန္ဓာကိုယ်အတွင်းရှိ ရမ္မက်ဆန္ဒများက လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ချန်ရှင်းကျယ်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်ကာ မေးလိုက်၏။

"သူငယ်ချင်း... မင်းဆီကို တကယ်ပဲ သူငယ်ချင်း ရောက်နေတာလား"

"ကျွန်မ အစကတည်းက ပြောသားပဲ... ရှင်ကမှ လုံးဝ မယုံတာ... စကားကို တိုးတိုးပြောပါ... သူ နိုးသွားဦးမယ်"

ချန်ရှင်းကျယ်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။ ထိုသို့ပြောရင်း လော်ယွမ်ကို အားကုန်သုံးကာ ဆွဲလိမ်လိုက်သေး၏။ သူမ၏ အင်အားဖြင့်ဆိုလျှင် လော်ယွမ်၏ အရေပြားကိုပင် လိမ်ဆွဲ၍ မရနိုင်သည်ကတော့ အမှန်ပင်ဖြစ်သည်။

"နောက်ကျသွားပြီ ထင်တယ်..." လော်ယွမ်က ခါးသီးစွာ ပြုံးရင်း ပြောလိုက်သည်။ သူ စကားပင် မဆုံးသေးခင်မှာပင် အိပ်ခန်းတံခါးက ပွင့်လာခဲ့၏။

"ရှင်းရှင်း... ဒီလောက် ညဉ့်နက်နေပြီကို မအိပ်သေးဘူးလား..."

ညအိပ်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ဦး ထွက်လာသည်။ သူမ၏ မျက်လုံးများက တစ်ဝက်ပွင့် တစ်ဝက်ပိတ်ဖြစ်နေပြီး အိပ်မှုန်စုံမွှားဖြင့် ယခုလေးတင်မှ နိုးလာပုံရသည်။

ထိုစဉ် သူမက လော်ယွမ်ကို ရုတ်တရက် မြင်လိုက်ရ၏။ သူတို့နှစ်ယောက်၏ အကြည့်များ စက္ကန့်အနည်းငယ်ခန့် ဆုံသွားပြီးနောက် သူမက မျက်လုံးများကို ပြူးကျယ်သွားကာ မျက်နှာကို အားရပါးရ ပွတ်သပ်လိုက်သည်။

လော်ယွမ်၏ မျက်နှာကို သေချာမှတ်မိသွားချိန်တွင်တော့ သူမ တစ်ကိုယ်လုံး တုန်ယင်သွားပြီး မျက်လုံးပြူး ပါးစပ်ဟဖြစ်ကာ လိပ်ပြာလွင့်မတတ် လန့်ဖျပ်သွားလေတော့သည်။

"မြို့... မြို့... မြို့တော်ဝန်ကြီး... ရှင်... ရှင်... ရှင်က ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ" သူမက ဗလုံးဗထွေးဖြင့် ပြောလိုက်ရာ ခေါင်းထဲတွင်လည်း ဟာလာဟင်းလင်း ဖြစ်သွား၏။

အချိန်အတော်ကြာပြီးမှသာ သူမ၏ စက်ရုပ်လို ဖြစ်နေသော ဦးနှောက်က တဖြည်းဖြည်း ပြန်လည်အလုပ်လုပ်လာသည်။ သူမမှာ ငိုချင်လျက်နှင့် မျက်ရည်မထွက်နိုင်ဘဲ တစ်ကိုယ်လုံးလည်း တုန်ယင်နေ၏။

"ကျွန်မ... ကျွန်မ တမင်တကာ လုပ်တာ မဟုတ်ပါဘူး... ကျွန်မ ဘာမှ မမြင်လိုက်ပါဘူး!"

သူမက တံခါးကို ဝုန်းခနဲ ပိတ်လိုက်သည်။ သို့သော် ထိတ်လန့်နေမှုကြောင့် သူမကိုယ်တိုင် အခန်းအပြင်ဘက်သို့ ရောက်နေသည်ကို သတိထားမိလိုက်၏။

သူမ၏ မျက်နှာက ဖြူရော်သွားပြီး တုန်ယင်နေသော လက်နှစ်ဖက်ကို အလျင်အမြန် ဆန့်ထုတ်ကာ တံခါးကို ပြန်ဖွင့်လိုက်သည်။

ထို့နောက် ယိမ်းယိုင်နေသော ခြေလှမ်းများဖြင့် အိပ်ခန်းထဲသို့ ဝင်သွားလေတော့သည်။

သို့သော် ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် သူမက ပြန်လှည့်လာကာ အိပ်ခန်းတံခါးကို ပြန်ပိတ်လိုက်သည်။ ဤတံခါးတစ်ချပ်က အပြင်ကမ္ဘာကို လုံးဝ အဆက်အသွယ်ဖြတ်လိုက်သကဲ့သို့ပင်။

နောက်ဆုံးတွင် သူမက သက်ပြင်းတစ်ချက် ချလိုက်နိုင်ပြီး ရင်ဘတ်ထဲမှ ခုန်ထွက်တော့မတတ် ဖြစ်နေသော နှလုံးသားကို ဖိထားရင်း အားပျော့စွာ ညည်းတွားလိုက်၏။

"ဒီနေရာမှာ မြို့တော်ဝန်ယွမ် ကို တွေ့လိုက်ရမယ်လို့ မထင်ထားဘူး... ရှင်းရှင်းနဲ့ မြို့တော်ဝန်ယွမ် ကများ... တကယ် သေချင်တော့တာပဲ" သူမက သက်ပြင်းချရင်း ကုတင်ပေါ်သို့ ခွေခေါက်လျက် လှဲချလိုက်သည်။

ချန်ရှင်းကျယ်မှာလည်း တစ်ကိုယ်လုံး တောင့်တင်းနေပြီး တစ်ဖက်လူ အိပ်ခန်းထဲပြန်ဝင်ကာ တံခါးပိတ်သွားမှသာ သတိပြန်ဝင်လာခဲ့သည်။

"အဲ့တာရှင့်ကြောင့်... ကျွန်မဆီ ဧည့်သည် ရောက်နေပါတယ်လို့ ပြောသားပဲ... နောက်ဆို ကျွန်မ ဘယ်မျက်နှာနဲ့ အလုပ်ဆက်လုပ်ရတော့မှာလဲ"

သူမက ရှက်ရွံ့ဒေါသထွက်စွာဖြင့် ပြောလိုက်သည်။ သူမတို့၏ လျှို့ဝှက်ဇာတ်လမ်းကို သူငယ်ချင်းဖြစ်သူက ပက်ပင်းမိသွားသဖြင့် သူမ၏ ရင်ထဲတွင် အလွန်ပင် ရှက်ရွံ့နေမိသည်။

နောက်ခဏနေလျှင် ဤသူငယ်ချင်းကို မည်သို့ မျက်နှာပြရမည်မှန်း သူမ မသိတော့ချေ။

လော်ယွမ်က ထိုသူမှာ ချန်ရှင်းကျယ်၏ လုပ်ဖော်ကိုင်ဖက်ဖြစ်ကြောင်း မှတ်မိသွားပြီဖြစ်သည်။

သို့သော် သူ့လို မျက်နှာပြောင်တိုက်တတ်သူအတွက် ဤကိစ္စက သူ၏ ရင်ထဲတွင် အနည်းငယ်မျှပင် ဂယက်ရိုက်စေမည်မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူက သူမကို တဖန်ပြန်အပြစ်တင်လိုက်၏။

"ဒါကို ငါ့အပြစ်လို့ ပြောလို့ရမလား... ဒီည ငါလာမယ်ဆိုတာ မင်း သေချာပေါက် သိနေတာပဲ... အဲ့ဒါကို သူငယ်ချင်းကို အိမ်မှာ လာအိပ်ခိုင်းတယ်ဆိုကတည်းက ဒီလိုဖြစ်လာမယ်ဆိုတာ မင်း ကြိုသိထားသင့်တာပေါ့"

"ရှင်က ဒီလောက် မျက်နှာပြောင်တိုက်မယ်လို့ ဘယ်သူက ထင်မှာလဲ... ဘယ်လိုပြောပြော မယုံဘဲ အတင်းဝင်လာတာကိုး"

ချန်ရှင်းကျယ်က အနည်းငယ် အရှိုက်ထိသွားကာ အေးစက်စက် နှာခေါင်းရှုံ့ရင်း ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်သည်။ မူလက သူမကလည်း ဤမျှလောက်အထိ မတွေးထားခဲ့ပေ။

အမျိုးသမီးလုပ်ဖော်ကိုင်ဖက်ကို လာအိပ်ခိုင်းခြင်းမှာ လော်ယွမ်ကို အခက်တွေ့ပြီး နောက်ဆုတ်သွားစေရန်သာ ဖြစ်သည်။ ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်လာလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။

ခဏအကြာတွင် သူမက စိတ်ညစ်ညူးစွာဖြင့် ထပ်မေးလိုက်၏။

"ပြောပါဦး... အခု ဘယ်လိုလုပ်ကြမလဲ"

"အဲ့ဒီတစ်ယောက်ကို ကိစ္စတုံးပြီး နှုတ်ပိတ်လိုက်ရင်ရော" လော်ယွမ်က ရက်စက်ဟန်ဆောင်ကာ ပြောလိုက်သည်။

"အဲ့ဒီလို နောက်ပြောင်တာမျိုး မလုပ်ပါနဲ့"

ချန်ရှင်းကျယ်က ဆွဲဆောင်မှုရှိစွာဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။ လော်ယွမ်က ချန်ရှင်းကျယ်ကို နားလည်သကဲ့သို့ ထောက်လှမ်းရေးအဖွဲ့အစည်းမှ သတင်းအချက်အလက်များကို ရယူနိုင်သော ချန်ရှင်းကျယ်ကလည်း လော်ယွမ်၏ အကြောင်းကို ပို၍ နားလည်ထားသည်။

သူမသိထားသည့် သူက လူ့အသက်ကို သစ်ရွက်လေးတစ်ရွက်လို သဘောထားပြီး ပေါ့ပေါ့တန်တန် သတ်ဖြတ်မည့်သူမျိုး လုံးဝ မဟုတ်ပေ။

"ဒါက စိုးရိမ်စရာ မလိုပါဘူး... မင်းသူငယ်ချင်းက ဉာဏ်ကောင်းတဲ့သူတစ်ယောက်ဆိုတော့ ဒီကိစ္စရဲ့ အတိမ်အနက်ကို သိမှာပါ... မင်းရဲ့ အလုပ်ကိုလည်း ထိခိုက်မှာ မဟုတ်ပါဘူး"

ချန်ရှင်းကျယ်တစ်ယောက် စိတ်ရှုပ်ထွေးနေပုံကို မြင်လိုက်ရသဖြင့် လော်ယွမ်က အနည်းငယ် တည်ကြည်စွာ ပြောလိုက်သည်။

အစိုးရဝန်ထမ်း ဖြစ်လာနိုင်သူများထဲတွင် အရူးတစ်ယောက်မျှ မပါဝင်ပေ။ သူမကလည်း မည်သို့ လုပ်ဆောင်ရမည်ကို ရှင်းရှင်းလင်းလင်း သိထားသင့်သည်။

"ဒါပေမဲ့..." ချန်ရှင်းကျယ်က တွေဝေနေဆဲပင်။

"ဒါပေမဲ့တွေ ဘာတွေ လုပ်မနေနဲ့တော့... မင်းက လင်ရှိမယားမှ မဟုတ်တာ... သွေးသားဆန္ဒရှိတဲ့ ယောကျ်ား မိန်းမတွေပဲလေ... ဒီလိုကိစ္စတွေက ပုံမှန်ပါပဲ" လော်ယွမ်က နှစ်သိမ့်ပေးလိုက်သည်။

ချန်ရှင်းကျယ်၏ စိတ်ထဲတွင် ခေါင်းကိုက်သွားရသည်။ အကယ်၍ လော်ယွမ်သာ သာမန်လူတစ်ယောက်ဆိုလျှင် ဤကိစ္စက ပြဿနာမရှိပေ။

အဓိကအချက်မှာ လော်ယွမ်၏ ရာထူးက အခြားသူများအတွက် အလွန်ပင် ကြောက်ရွံ့စရာကောင်းနေခြင်း ဖြစ်သည်။

သူက မျှော်လင့်ချက်မြို့တော်၏ အငြင်းပွားဖွယ်ရာမရှိသော အကြီးအကဲချုပ်ကြီး ဖြစ်နေ၏။

သာမန် ယောကျ်ား မိန်းမ သံယောဇဉ်မျှဖြင့် လူအများကို ယုံကြည်အောင် ဖြောင်းဖျနိုင်စွမ်း လုံးဝ မရှိပေ။

ဥပမာအားဖြင့် ငယ်ရွယ်လှပသော အမျိုးသမီးတစ်ဦးက လူလတ်ပိုင်း သူဌေးကြီးတစ်ဦးကို လက်ထပ်လိုက်သည့်အခါ လူအများ၏ ပထမဆုံး ခံစားချက်မှာ အချစ်ကြောင့် မဟုတ်ဘဲ ငွေကြောင့်သာ ဖြစ်မည်ဟု ထင်မြင်ကြသကဲ့သို့ပင်။

လော်ယွမ်ကို မြှူဆွယ်သော အမျိုးသမီးဆိုသည်နှင့် မည်သည့် ကောင်းမွန်သော သုံးသပ်ချက်မျိုးမှ ရရှိမည် မဟုတ်ချေ။

မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသော အမျိုးသမီးတစ်ဦးအနေဖြင့် သူတို့နှစ်ဦးကြားရှိ ကြီးမားလှသော အဆင့်အတန်း ကွာဟမှုက သူမ၏ ရင်ထဲရှိ ပဋိပက္ခများနှင့် တွေဝေမှုများ၏ အဓိက အကြောင်းရင်းတစ်ခု ဖြစ်နေပေသည်။

ချန်ရှင်းကျယ်၏ ရင်ထဲတွင် အားအင်ကုန်ခန်းသွားသလို ခံစားလိုက်ရပြီး အသနားခံသော လေသံဖြင့် "ရှင် မြန်မြန်သာ ပြန်ပါတော့... ကျွန်မ အရမ်း စိတ်ညစ်နေပြီ" ဟု ပြောလိုက်သည်။

လော်ယွမ်ကလည်း ဒီနေ့အတွက်တော့ ဇာတ်လမ်းပြတ်သွားပြီဆိုတာကို ရှင်းရှင်းလင်းလင်း သိလိုက်သည်။

ထို့အပြင် သူမ၏ စိတ်အခြေအနေကို ပြန်လည်တည်ငြိမ်စေရန် အချိန်ပေးဖို့ လိုအပ်နေသေး၏။

ထို့ကြောင့် သူမကို သေချာအနားယူရန် မှာကြားပြီးနောက် ချန်ရှင်းကျယ်၏ အိမ်မှ ထွက်ခွာလာခဲ့တော့သည်။

ဆက်ရန်...

အပိုင်း(၄၈၂) ဝါသနာနှင့် စိတ်ဝင်စားမှု

နောက်တစ်နေ့ နံနက် ၃ နာရီပင် မထိုးသေးမီ လော်ယွမ်က စောစောထကာ တောရိုင်းဒေသဆီသို့ နောက်တစ်ကြိမ် အထူးရှာဖွေရေး ထွက်ခဲ့သည်။

သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ သူက မည်သည့်အရာကိုမျှ ထပ်မံမတွေ့ရှိခဲ့ရပေ။ မနေ့က သူရှာတွေ့ခဲ့သည့် ကိုယ်ပွားခလေးများမှာ နောက်ဆုံးကျန်ရစ်သော အသက်ရှင်ကျန်ရစ်သူများ ဖြစ်ကောင်းဖြစ်နိုင်သည်။

မျှော်လင့်ချက်မြို့တော်သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် လော်ယွမ်က ထိုကိုယ်ပွားခလေးမလေးကို လင်းဖေးယန်နှင့် ဝူချင်းယုတို့လက်ထဲမှ ချက်ချင်း ပြန်ခေါ်လာခဲ့သည်။

အမျိုးသမီးနှစ်ဦးက အလွန်တရာ တွန့်ဆုတ်နေခဲ့ကြသော်လည်း လော်ယွမ်၏ အာဏာစက်အောက်တွင် သူတို့၏ အားပျော့သော ဆန့်ကျင်မှုက အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

သူမ၏ နံပါတ်စဉ်ကို မေးမြန်းပြီးနောက်၊ ဤကိုယ်ပွားခလေးမလေးက ကိုယ်ပွားအုပ်စုထဲတွင် အစွမ်းသုံးမျိုး ပိုင်ဆိုင်ထားသည့် အလွန်ရှားပါးသော အထူးကိုယ်ပွားဖြစ်နေကြောင်း လော်ယွမ်က အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရသည်။

အနုမြူ ပေါင်းစပ်ခန္ဓာကိုယ်အပြင် သူမက ဒြပ်စင်ပြိုကွဲစေခြင်းနှင့် ပလာစမာ ကာကွယ်ရေး အစွမ်းများကိုပါ ပိုင်ဆိုင်ထားသေးသည်။

ဤအစွမ်းနှစ်ခုကို ပိုင်ဆိုင်ထားသောကြောင့် သူမက ဤကပ်ဘေးကြီးထဲတွင် အသက်ရှင်ကျန်ရစ်ခဲ့ခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။

၎င်းတို့၏ အစွမ်းများကို စမ်းသပ်ရန် လော်ယွမ်က နေ့တစ်ဝက်ခန့် အချိန်ပေးကာ ဤကိုယ်ပွားအုပ်စုအား တောရိုင်းဒေသသို့ ခေါ်ဆောင်သွားခဲ့သည်။

ကလေးတစ်စု အတူတကွ ရပ်နေချိန်တွင် လော်ယွမ်က "လော်ယွီ" ဟု အမည်ပေးထားသည့် ထိုကိုယ်ပွားခလေးမလေးက ကျန်ငါးဦးထက် သိသိသာသာ အရပ်ပိုရှည်နေခဲ့သည်။

သူမ၏ ကိုယ်လုံးကိုယ်ပေါက်က သာမန်ကလေးငယ်တစ်ဦးနှင့် ဘာမှမကွာခြားဘဲ အနည်းငယ်သာ ပိန်ပါးနေသည်။

တကယ်တမ်းတွင် ဤသည်ကလည်း သဘာဝကျပေသည်။ အနည်းဆုံးတော့ လွန်ခဲ့သည့် လအနည်းငယ်အတွင်း လော်ယွီက ကျန်ငါးဦးနှင့်မတူဘဲ အစားအစာ အနည်းငယ်ကို ရံဖန်ရံခါ ရှာဖွေနိုင်ခဲ့သည်။

ရေတစ်ခွက်လောက် သောက်ရုံဖြင့်ပင် အသက်ရှင်သန် နိုင်ခဲ့သည်။ ကျန်ငါးဦးမှာမူ အံကြိတ်တောင့်ခံခဲ့ရခြင်း ဖြစ်သည်။

ကံကောင်းသည်မှာ ပေါင်းစပ်ခန္ဓာကိုယ်၏ ကြောက်မခန်းလိလိ ပြန်လည်ကောင်းမွန်နိုင်စွမ်းကြောင့် ဤအရာအားလုံးက ယာယီသာ ဖြစ်သည်။

တစ်ရက်တာ အနားယူခြင်းနှင့် လုံလောက်သော အစားအစာများ ရရှိပြီးနောက် ကျန်ငါးဦး၏ ခြောက်သွေ့နေသော ခန္ဓာကိုယ်များက သိသိသာသာ ပြည့်ဖြိုးလာခဲ့သည်။

ဒုက္ခသည်များကဲ့သို့ ပိန်ချုံးနေဆဲ ဖြစ်သော်လည်း အနည်းဆုံးတော့ မံမီခြောက်လေးများကဲ့သို့ မဟုတ်ဘဲ အသက်ရှင်နေသော လူသားများနှင့် တူလာပြီဖြစ်သည်။

လော်ယွမ်က ပထမဆုံး စမ်းသပ်သည့် အရာမှာ သူတို့၏ ပြေးလွှားနိုင်စွမ်း ဖြစ်သည်။ သို့သော် ပြေးရန် အမိန့်ပေးလိုက်ချိန်တွင် သူတို့က တွေဝေကာ စိုးရိမ်ပူပန်နေကြပုံရသည်။

သူက အကြိမ်ကြိမ် အားပေးတိုက်တွန်းပြီးမှသာ သူတို့က စမ်းသပ်ပြေးလွှားကြည့်ရန် စတင်ခဲ့ကြသည်။

ရလဒ်ကတော့ ဗြောင်းဆန်သွားခြင်းပင်။ အနည်းငယ် ပိုကောင်းသော လော်ယွီမှလွဲ၍ ကျန်ကလေးများက လုံးဝ မပြေးတတ်သကဲ့သို့ ဖြစ်နေသည်။

သူတို့ထဲမှ သုံးဦးဆိုလျှင် ခြေလှမ်းအနည်းငယ်သာ ပြေးရသေးသည်၊ အကြောင်းပြချက်မရှိဘဲ လဲကျသွားကြသည်။

ပြေးရန် စတင်သင်ယူနေသည့် ကလေးငယ်များနှင့်ပင် တူနေသေးသည်။

သူတို့၏ ဆိုးရွားလှသော စွမ်းဆောင်ရည်များကို ကြည့်ရင်း လော်ယွမ်က မျက်မှောင်ကြုတ်သွားပြီးနောက် တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။

သီအိုရီအရဆိုလျှင် သူတို့က အသက်တစ်နှစ်ပင် မပြည့်သေးသော ကလေးငယ်များ ဖြစ်သည်။ သို့သော် သူတို့က သာမန်လူများ မဟုတ်ကြပေ။

သူတို့က မွေးရာပါ အံ့မခန်း ခွန်အားနှင့် ဟန်ချက်ထိန်းနိုင်စွမ်းများ ရှိကြသည်။ ပုခက်ထဲတွင် ရှိနေစဉ်ကတည်းက သံတိုင်များကို လိမ်ချိုးနိုင်ပြီး မွေးဖွားပြီး ရက်အနည်းငယ်အကြာမှာပင် လမ်းလျှောက်တတ်နေပြီ ဖြစ်သည်။

မည်သူမျှ သင်ပေးစရာမလိုဘဲ သူတို့က အလွန်လျင်မြန်စွာ ပြေးလွှားတတ်လာရမည် ဖြစ်သည်။

ယခုကဲ့သို့ အခြေအနေမျိုးဖြစ်နေခြင်းနှင့် စောစောက ကိုယ်ပွားများ၏ တွေဝေကြောက်ရွံ့နေသော အမူအရာကို ပေါင်းစပ်စဉ်းစားကြည့်ရာ စမ်းသပ်ခန်းက သူတို့၏ လှုပ်ရှားနိုင်စွမ်းကို တမင်တကာ ဖိနှိပ်ထားခဲ့ခြင်းဖြစ်မည်ဟု လော်ယွမ်က ခန့်မှန်းမိလိုက်သည်။ သူက မေးမြန်းကြည့်လိုက်သောအခါ သူထင်သည့်အတိုင်းပင် ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

စမ်းသပ်ခန်းက သူတို့အတွက် စည်းမျဉ်းစည်းကမ်းများစွာ သတ်မှတ်ထားပြီး သူတို့၏ အပြုအမူများကို တင်းကျပ်စွာ ထိန်းချုပ်ကာ စည်းကမ်းလိုက်နာတတ်စေရန် လေ့ကျင့်ပေးခဲ့သည်။

ဥပမာအားဖြင့် သာမန်အတိုင်းသာ လမ်းလျှောက်ရမည်၊ ရန်ဖြစ်ဆော့ကစားခြင်း လုံးဝမပြုလုပ်ရ၊ မငိုရ၊ မပြေးရ၊ အစွမ်းများ အသုံးပြုခွင့်မရှိ... စသည်တို့အပြင် ပြစ်ဒဏ်ပေးသည့် နည်းလမ်းများစွာကိုလည်း ပြဋ္ဌာန်းထားခဲ့သည်။

အပေါ့စားပြစ်ဒဏ်အဖြစ် နှုတ်ဖြင့် ဝေဖန်ဆူပူခြင်းမှစ၍ အလေးစားဆုံးပြစ်ဒဏ်အဖြစ် အခန်းပိတ်လှောင်ခြင်းများအထိ ရှိခဲ့သည်။

ကိုယ်ထိလက်ရောက် အပြစ်ပေးခြင်းမျိုး မရှိခဲ့သော်လည်း စိတ်ပိုင်းဆိုင်ရာ မရင့်ကျက်သေးသော ဤကလေးငယ်များအတွက် အကြောက်တရား သွင်းပေးရန် လုံလောက်နေပြီဖြစ်သည်။

ထို့အပြင် ဤကလေးများက စမ်းသပ်ခန်းထဲတွင် ကြီးပြင်းလာခဲ့ရပြီး စာရွက်ဖြူလေးများကဲ့သို့ သန့်စင်နေသည်။

မည်မျှပင် ကြီးမားသော ခွန်အားများ ရှိနေစေကာမူ ထိုပတ်ဝန်းကျင်မျိုးတွင် ကျိုးနွံစွာ နာခံတတ်သူများသာ ဖြစ်လာခဲ့ရသည်။

တကယ်တမ်း စဉ်းစားကြည့်လျှင်လည်း ဤသို့ပြုလုပ်ရခြင်းကို နားလည်ပေး၍ ရနိုင်သည်။ စမ်းသပ်ခန်းက ထိုမျှသာ ကျယ်ဝန်းပြီး လှုပ်ရှားနိုင်သော နေရာက အကန့်အသတ်ရှိသည်။

အကယ်၍ ဤသဘာဝလွန် ကလေးငယ်များကိုသာ စိတ်ကြိုက် ပြေးလွှားခွင့်ပေးလိုက်လျှင် သတ္တုဖြင့် တည်ဆောက်ထားသော စမ်းသပ်ခန်းပင်လျှင် သူတို့ဖျက်ဆီးမှုဒဏ်ကို ခံနိုင်မည်မဟုတ်ပေ။

ထို့အပြင် စမ်းသပ်ခန်းထဲတွင် သုတေသီများနှင့် သာမန်လူများစွာ ရှိနေသောကြောင့် တစ်ကြိမ်တစ်ခါ တိုက်မိရုံဖြင့် အရိုးကျိုးကာ ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်။

သို့သော် ယခုပြေးလွှားခြင်းက သူတို့စိတ်ထဲရှိ အတားအဆီးများကို ချိုးဖျက်ပေးလိုက်ပုံရသည်။

အစပိုင်းတွင် အနည်းငယ် ထိတ်လန့်စိုးရိမ်နေခဲ့သော်လည်း မကြာမီမှာပင် သူတို့က ပြေးလေလေ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်လာခဲ့သည်။

လွတ်ထွက်သွားသော မြင်းရိုင်းများကဲ့သို့ ကိုယ်ဟန်အမူအရာ မလှပဘဲ မကြာခဏ လဲကျသွားတတ်သော်လည်း သူတို့ရင်ထဲရှိ စိတ်လှုပ်ရှားပျော်ရွှင်မှုကိုတော့ အနည်းငယ်မျှ လျော့ကျမသွားစေခဲ့ပေ။

သူတို့၏ ဟန်ချက်ထိန်းနိုင်စွမ်းနှင့် သင်ယူနိုင်စွမ်းက တကယ်ပင် အားကောင်းလှသည်။ မျက်စိဖြင့်မြင်နိုင်သော နှုန်းဖြင့်ပင် သူတို့က တိုးတက်လာခဲ့သည်။

အစပိုင်းက ပြေးရန် ကြိုးစားနေသည့် ကလေးငယ်လေးများသာ ဖြစ်သော်လည်း မိနစ်အနည်းငယ်အတွင်းမှာပင် သူတို့က ပီပီပြင်ပြင် ပြေးလွှားတတ်လာသည်။

အရှိန်ကလည်း ပို၍ပို၍ မြန်လာကာ လော်ယွမ်က ရပ်ရန် အော်ဟစ်လိုက်ချိန်တွင် အမြန်ဆုံးပြေးနိုင်သော လော်ယွီ၏ အမြန်နှုန်းက တစ်စက္ကန့်လျှင် ပေ ၂၆၀ ကျော်အထိ ရှိနေပြီဖြစ်သည်။

ဤသည်က အမြင့်ဆုံး ကန့်သတ်ချက်တော့ မဖြစ်နိုင်သေးပေ။

ဤကဲ့သို့ လေတိုက်ခတ်မှုဒဏ် မြင့်မားသော အမြန်နှုန်းဖြင့် ပြေးလွှားရာတွင် နည်းစနစ်များက ပို၍ ရှုပ်ထွေးသောကြောင့် အချိန်တိုအတွင်း လိုက်လျောညီထွေ မဖြစ်နိုင်သေးခြင်းသာ ဖြစ်သည်။

ထို့အပြင် ပေါ့ပါးသော ကိုယ်အလေးချိန်ကြောင့် မြန်နှုန်းမြင့်ချိန်တွင် ဖြစ်ပေါ်လာသော လေပင့်အားက သူတို့ကို ပို၍ အရှိန်တင်ရန် ဟန့်တားထားခဲ့သည်။

ထို့နောက် လော်ယွမ်က သူတို့၏ ခွန်အားကို စမ်းသပ်ခဲ့သည်။ ဤတစ်ကြိမ်တွင်မူ ပြေးခြင်းထက် များစွာ ပိုမို လွယ်ကူသွားခဲ့သည်။

ထင်ထားသည့်အတိုင်းပင် ခွန်အားအကြီးမားဆုံးသူမှာ လော်ယွီ ဖြစ်သည်။ သူမ၏ ခွန်အားက ပေါင် ၂၄,၀၀၀ ခန့်အထိ ရှိသည်။

ကျန်ငါးဦးမှာမူ ခန္ဓာကိုယ်များ ပြန်လည်မကောင်းမွန်သေးသောကြောင့် သူမနှင့် ယှဉ်လျှင် ကွာဟချက် ကြီးမားနေသေးသည်။

သို့သော် အားအနည်းဆုံးသူပင်လျှင် ပေါင် ၆,၆၀၀ ကျော် အလေးချိန်ကို ထမ်းနိုင်ပြီး အားအကောင်းဆုံးသူက ပေါင် ၈,၈၀၀ ခန့်အထိ ထမ်းနိုင်သည်။

အသက်ငယ်ရွယ်သေးပြီး သီးသန့်လေ့ကျင့်ထားခြင်း မရှိသောကြောင့် သူတို့အချင်းချင်းကြားတွင် ကွာဟချက် သိပ်မကြီးမားဘဲ အစွမ်းအသီးသီးက မျှတနေသည်။

အလွန် ထူးချွန်နေသူ မရှိသကဲ့သို့ အလွန် အားနည်းနေသူလည်း မရှိပေ။

သို့သော် အစွမ်းများကို စမ်းသပ်သည့်အခါတွင်မူ ထိုကွာဟချက်က ပေါ်လွင်လာခဲ့သည်။

အချို့က မိမိတို့၏ ဆင့်ကဲပြောင်းလဲမှု အစွမ်းများကို လုံးဝ မသိရှိဘဲ တွေဝေနေကြသည်။ ဤအမျိုးအစားထဲတွင် ပါဝင်သူ အတော်များများ ရှိသည်။

ဥပမာအားဖြင့် လော်လဲ့၊ လော်ကွမ်း နှင့် လော်ယန် တို့ ဖြစ်သည်။ သူတို့က အခြားအစွမ်းများ ရှိနေသေးကြောင်းကိုပင် မသိကြပေ။

သေချာသည်မှာ အစွမ်းအသုံးပြုခြင်းကို ယဉ်ပါးနေသူများလည်း ရှိသည်။ ဥပမာအားဖြင့် လော်ခုန်း ဖြစ်သည်။ သူက မွေးဖွားပြီး မကြာမီမှာပင် မိမိကိုယ်တိုင် နေရာရွှေ့ပြောင်းနိုင်စွမ်း ရှိကြောင်း မတော်တဆ သိရှိခဲ့သည်။

လော်ယွီကမူ ကပ်ဘေးကြုံတွေ့ရချိန် သေရေးရှင်ရေး အန္တရာယ်ကြားတွင်မှ အစွမ်းကို အလိုအလျောက် ထုတ်ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် မသေချာမရေရာဖြင့် အသက်ရှင်လာပြီးနောက်တွင် သူမက နောက်ထပ်တစ်ကြိမ် စမ်းသပ်ရန် မကြိုးစားခဲ့သလို ထိုသို့လုပ်ရန် စိတ်ကူးလည်း မရှိခဲ့ပေ။

ဤကိုယ်ပွားများက သူတို့၏ မရှာဖွေရသေးသော ဆင့်ကဲပြောင်းလဲမှု အစွမ်းများအပေါ် အထူးတလည် စိတ်ဝင်စားမှုမရှိဘဲ တွေဝေမှုနှင့် နားမလည်နိုင်မှုများသာ ရှိနေကြောင်း လော်ယွမ်က သတိပြုမိလိုက်သည်။

မွေးရာပါ အစွမ်းပိုင်ရှင်များဖြစ်သော ဤကလေးများအတွက် အစွမ်းဆိုသည်မှာ ရေသောက်ခြင်း၊ အသက်ရှူခြင်းတို့ကဲ့သို့ပင် သဘာဝကျသော အရာတစ်ခုသာ ဖြစ်ကောင်းဖြစ်နိုင်သည်။

ထို့အပြင် အမြဲတမ်း ငြိမ်းချမ်းသော ပတ်ဝန်းကျင်တွင် နေထိုင်ခဲ့ရခြင်းနှင့် စမ်းသပ်ခန်း၏ တမင်ရည်ရွယ် သင်ကြားမှုများကြောင့် သူတို့က အစွမ်းအပေါ် ပြင်းပြသော ဆန္ဒ လုံးဝမရှိခဲ့ကြပေ။

အစွမ်းတစ်ခု ပိုလာခြင်း သို့မဟုတ် လျော့သွားခြင်းက သူတို့အတွက် ဘာမှ မကွာခြားပေ။

အစွမ်း၏ အရေးပါပုံကို သူတို့အား သွတ်သွင်းသင်ကြားပေးရန် လော်ယွမ်က စိတ်ကူးခဲ့သော်လည်း နောက်ဆုံးတွင် ဘာမျှမပြောရန် ဆုံးဖြတ်လိုက်သည်။

ခေတ်ကာလက ပြောင်းလဲသွားပြီဖြစ်သည်။

သန္ဓေပြောင်းသားရဲများ၏ ခြိမ်းခြောက်မှုများ ပျောက်ကွယ်သွားပြီး လူသားများကလည်း အာကာသထဲသို့ ဝင်ရောက်တော့မည် ဖြစ်သည်။

လော်ယွမ်၏ အဆင့်အထိ မရောက်နိုင်ပါက သူတို့တစ်ဦးချင်းအစွမ်း၏ အသုံးဝင်မှုမှာ ပို၍ပို၍ အားနည်းလာတော့မည် ဖြစ်သည်။

လော်ယွမ်၏ အဆင့်အထိ ရောက်ရှိရန်ဆိုသည်မှာလည်း မလွယ်ကူလှပေ။ ကြိုးစားအားထုတ်မှု၊ ပါရမီ နှင့် ကံတရား အားလုံး ပြည့်စုံရန် လိုအပ်သည်။

ဤကလေးများက လော်ယွမ်၏ ကိုယ်ပွားများဖြစ်နေလျှင်ပင် ဖြစ်နိုင်ခြေက အလွန်နည်းပါးလှသည်။

သူ၏ စွမ်းအားက အရည်အသွေးများ သို့မဟုတ် ဆင့်ကဲပြောင်းလဲမှု အစွမ်းများဖြင့်သာ တိုင်းတာ၍ရနိုင်သည် မဟုတ်တော့ပေ။

ကြံ့ခိုင်သော စိတ်စွမ်းအားနှင့် လေးဘက်မြင် အမြင်အာရုံသာမရှိလျှင် သူက ဟင်းလင်းပြင်ကွေးညွတ်ပျံသန်းခြင်းးကို ပြုလုပ်နိုင်မည် မဟုတ်ပေ။

ကြိုတင်သိမြင်နိုင်စွမ်းသာ မရှိခဲ့လျှင် မကြာသေးမီက ဖြစ်ပွားခဲ့သော အာကာသ စစ်ပွဲတွင် သူသည် ပြာအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ဤအစွမ်းများ တစ်ခုချင်းစီတိုင်းက သူ၏ စွမ်းအားကို ဖွဲ့စည်းထားသော အရေးကြီးသည့် အစိတ်အပိုင်းများ ဖြစ်သည်။

တစ်ခုခု လိုအပ်သွားပါက သူ၏ စွမ်းအားများ အလွန်အမင်း ကျဆင်းသွားမည် ဖြစ်သည်။

ဤကိုယ်ပွားများက သူ့အဆင့်အထိ ရောက်လာရန်ဆိုသည်မှာ မျှော်လင့်ချက် နည်းပါးလှသည်။

ထို့ကြောင့် သူတို့ကို အသုံးမဝင်သော စစ်သည်တော်များဖြစ်လာရန် အတင်းအကျပ် လေ့ကျင့်ပေးမည့်အစား သူတို့၏ ဝါသနာပါရာကိုသာ လွတ်လပ်စွာ လုပ်ဆောင်ခွင့်ပေးလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

ထို့နောက်တွင် လော်ယွမ်က "သားအဖ" သံယောဇဉ် တိုးပွားစေရန်အတွက် သူတို့နှင့်အတူ တောရိုင်းဒေသတွင် လွတ်လပ်စွာ လိုက်ပါကစားပေးခဲ့သည်။

မွန်းတည့်ချိန်ရောက်မှသာ ကလေးတစ်စုက မျှော်လင့်ချက်မြို့တော်သို့ မပြန်ချင်ပြန်ချင်ဖြင့် ပြန်လာခဲ့ကြသည်။

"ဖေဖေ ခဏနေရင် အလုပ်သွားရတော့မယ်... ညဘက်မှ ပြန်ရောက်မယ်... သားတို့သမီးတို့ အိမ်မှာ လိမ်လိမ်မာမာနဲ့ နေခဲ့ကြနော်... အော်... ဘာလက်ဆောင် လိုချင်ကြလဲ... ဖေဖေ ပြန်လာရင် ဝယ်ခဲ့ပေးမယ်" အိမ်ပြန်ရောက်၍ မခွဲခွာမီ လော်ယွမ်က သူတို့ကို မေးလိုက်သည်။

"ဖေဖေ... သမီးတို့ကို စာအုပ်လေး နည်းနည်းလောက် ဝယ်ခဲ့ပေးလို့ရမလား... သမီးတို့ အခန်းထဲမှာ စာအုပ် တစ်အုပ်မှ မရှိဘူး" ကလေးများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် လော်ယန်က သတ္တိမွေးကာ ပြောလိုက်သည်။

အမျိုးသမီးများ၏ ပင်ကိုယ်အာရုံခံနိုင်စွမ်းအရ ဖေဖေက သားယောကျ်ားလေးများထက် သူမနှင့် လော်ယွီတို့အပေါ် ပို၍ ဂရုစိုက်ကြောင်း သူမက သိသာစွာ ခံစားသိရှိနေသည်။

"စာအုပ်လား" လော်ယွမ်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"သမီးတို့က ဘာစာအုပ်တွေ လိုချင်လို့လဲ"

"ဘယ်စာအုပ်ဖြစ်ဖြစ် ရပါတယ်... အထက်တန်းကျောင်း သင်ရိုးညွှန်းတမ်း စာအုပ်တွေဆို ပိုကောင်းတယ်" လော်ယန်က မျက်လုံးပြူးလေးဖြင့် ပြောလိုက်သည်။

သူမ၏ ကြီးမားဝိုင်းစက်သော မျက်လုံးကြီးများနှင့် အရိုးပေါ် အရေတင်နေသော မျက်နှာလေး ပေါင်းစပ်လိုက်သောအခါ ဂြိုဟ်သားတစ်ကောင်နှင့်တူနေပြီး သနားစဖွယ် ကောင်းနေသည်။

သာမန်ရုပ်ရှိသော ယောကျ်ားလေး ကိုယ်ပွားများနှင့် နှိုင်းယှဉ်လျှင် လူနည်းစုဖြစ်သော အမျိုးသမီး ကိုယ်ပွားများ၏ ရုပ်ရည်ဗီဇကို လော်ယွမ်က တမင်တကာ ပိုမို ကောင်းမွန်အောင် ဖန်တီးထားခဲ့သည်။

ဥပမာ - လော်ယန်ဆိုလျှင် အလွန်ပိန်နေသောကြောင့် သိပ်မသိသာသေးသော်လည်း သူမ၏ မျက်နှာပေါက်အရ လှပမည့် ကလေးမလေးဆိုသည်မှာ အသေအချာပင်။

လော်ယွမ်မှာ အံ့သြမှင်တက်သွားသည်။ ဤကလေးများက ငယ်ရွယ်လှသေးသည် မဟုတ်ပါလား။

"သမီးတို့က အထက်တန်းကျောင်း သင်ခန်းစာတွေကို သင်နေကြပြီလား... ဒါပေမဲ့ သမီးတို့က သိပ်ငယ်သေးတယ်လေ"

"ပါမောက္ခပြောတာတော့ သမီးတို့အားလုံးက ပါရမီရှင်တွေတဲ့... သမီးဆိုရင် ဒသမတန်း သင်ခန်းစာတွေကိုတောင် သင်နေပြီ" လော်ယွီကလည်း ဝင်ပြောလိုက်သည်။

"ဟမ့်... သားက ဆယ့်တစ်တန်းတောင် ရောက်နေပြီ... ပါမောက္ခက သားက ဉာဏ်အကောင်းဆုံးပဲလို့ ပြောတယ်" လော်ခုန်းကလည်း အလျော့မပေးဘဲ ဝင်ကြွားလိုက်သည်။

လော်ယွမ်က သူ့အသက် တစ်နှစ်မပြည့်သေးချိန်က ဘာတွေလုပ်နေခဲ့သလဲဟု ပြန်စဉ်းစားကြည့်လိုက်သည်။

ကောင်းမွန်သော မှတ်ဉာဏ်များကျေးဇူးကြောင့် ထိုအချိန်က သူနို့စို့နေဆဲဖြစ်ပြီး စကားပင် မပြောတတ်သေးကြောင်း မှတ်မိနေသည်။

သူ့ရှေ့ရှိ အမည်ခံ "သားသမီးများ" ကို သူက ပြန်ကြည့်လိုက်မိသည်။

ဒါက လောကနိယာမကိုတောင် ပြောင်းပြန်လှန်ပစ်နေတာပဲ...

ဆက်ရန်...

All Chapters