အခန်း (၂၂၃-၂၂၄)
Vol. 23 Ch. 223-224
အခန်း (၂၂၃) - ဝိညာဉ်သုံးပါး ၊ လိပ်ပြာခုနစ်ပါး
တင်းရုံ အနည်းငယ် အံ့ဩသွားပြီး
“စိတ်မိစ္ဆာ ”
“မှန်တယ် ”
လီယန်ချူက ခေါင်းအနည်းငယ် ညိတ်လိုက်သည်
“ဗုဒ္ဓဘာသာနဲ့ တာအိုဘာသာတွေမှာ၊ ပြီးတော့ တာအိုဂိုဏ်းခွဲ အမျိုးမျိုးမှာ စိတ်မိစ္ဆာနဲ့ ပတ်သက်ပြီး သိမြင်ပုံတွေ မတူကြဘူး ”
“သာမန်လူတွေမှာ ဝိညာဉ်သုံးပါး နဲ့ လိပ်ပြာခုနစ်ပါး ရှိတယ် ဝိညာဉ်သုံးပါး ဆိုတာကတော့ ထိုင်ကွမ် ၊ ရှောင်လင် နဲ့ ယိုကျင်း တို့ပဲ ”
“ထိုင်ကွမ် ကတော့ ငြိမ်းချမ်းမှုကို ဦးဆောင်ပြီး ယန်ဓာတ်အငွေ့အသက် ဖြစ်တယ် ”
“ရှောင်လင် ကတော့ ယင်ဓာတ်ကို ဦးဆောင်ပြီး လူကို ကြံစည်လိုစိတ် ဖြစ်ပေါ်စေပြီး စိတ်ပင်ပန်း လူပင်ပန်းဖြစ်စေတာ အရာအားလုံးကို လိုချင်တပ်မက်စေတယ် ”
“ယိုကျင်း ကတော့ လူကို ရောထွေးရှုပ်ထွေးစေပြီး ကာမစိတ်၊ တပ်မက်စိတ်၊ ညစ်ညမ်းတဲ့ အတွေးတွေကို ဖြစ်ပေါ်စေတယ် ”
“ဒီကျန်းထင်ရှန်း နတ်ဘုရားနယ်မြေမှာ နာမည်မသိရတဲ့ တည်ရှိမှုတစ်ခု ရှိနေတယ် သူက လူတွေရဲ့ ဝိညာဉ်သုံးပါး နဲ့ လိပ်ပြာခုနစ်ပါးကို ဆွဲဆောင်လှုံ့ဆော်နိုင်ပြီး လူတွေကို မိစ္ဆာလမ်းစဉ်ထဲ ကျဆုံးသွားစေနိုင်တယ် ”
တင်းရုံ၏ အကြည့်တို့ အနည်းငယ် ပြောင်းလဲသွားပြီး တုန်လှုပ်စွာဖြင့်
“ဝိညာဉ်သုံးပါး နဲ့ လိပ်ပြာခုနစ်ပါးကို ဆွဲဆောင်တာလား”
ဒီလို နည်းလမ်းမျိုးက တကယ်ကို မယုံနိုင်စရာ ကောင်းလွန်းသည်။
လီယန်ချူက ဆက်ပြောသည်
“မှန်တယ် ဝိညာဉ်သုံးပါးက လူ့ခန္ဓာကိုယ်ထဲမှာ ပုန်းကွယ်နေပြီး ဟန်ချက်ညီတဲ့ အခြေအနေမှာ ရှိနေတာမို့ လုံးဝ အထိန်းချုပ် မခံရဘူး ဒါပေမဲ့ ဒီနတ်ဘုရားနယ်မြေထဲက တည်ရှိမှုကိုတော့ စိတ်မိစ္ဆာ လို့ပဲ ခေါ်ကြစို့ ”
“စိတ်မိစ္ဆာက ကျင့်ကြံသူရဲ့ ဝိညာဉ်တစ်ခုခု ဒါမှမဟုတ် ဝိညာဉ်အစိတ်အပိုင်းတစ်ခုခုကို အားကောင်းလာအောင် လုပ်ပေးပြီး လူ့စိတ်ကို သိမ်းပိုက်လိုက်တာ အဲဒီအခါမှာ စိတ်ရော ကိုယ်ပါ လွှတ်ချလိုက်ပြီး မိစ္ဆာလမ်းစဉ်ထဲ အပြီးအပိုင် ကျဆုံးသွားတော့တာပဲ ”
“ဇူဖူကွေ့ ကို ဆွဲဆောင်ခံလိုက်ရတာက ရှောင်လင် ဖြစ်ပြီး ကြံစည်လိုစိတ်တွေ ပေါ်လာတာ နတ်ဘုရားအခွင့်အရေးကို လုယူဖို့ ကြိုးစားရင်း နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့တဲ့ သန့်စင်အရှိန်ဝါတွေကို ဖျက်ဆီးပစ်ခဲ့တယ် ”
“ကုန်းရှူပေ့ယွီ ကို ဆွဲဆောင်ခံလိုက်ရတာက ယိုကျင်း ဖြစ်ပြီး တပ်မက်စိတ်တွေ ပေါ်လာကာ မင်းကို မြင်တာနဲ့ မကောင်းတဲ့စိတ်တွေ ဖြစ်ပေါ်လာတာပဲ ”
“မင်းအတွက်ကတော့ စောစောက လိပ်ပြာခုနစ်ပါးလထဲက စတုတ္ထမြောက် ဝိညာဉ်ဖြစ်တဲ့ ထွမ်းကျဲ ကို ဆွဲဆောင်ခံလိုက်ရတာ ဒါက ခုနစ်ပါး စိတ်ခံစားချက်ထဲက ကြောက်စိတ် နဲ့ သက်ဆိုင်တယ် ”
“အဲဒါကြောင့် ကြောက်စိတ်တွေ ဖြစ်ပေါ်လာတာပဲ၊ ဒါကလည်း မင်း ဒီနတ်ဘုရားနယ်မြေထဲ ဝင်လာပြီးကတည်းက ကြုံခဲ့ရတဲ့ အခြေအနေတွေနဲ့ သက်ဆိုင်တယ်၊ ဘေးဒုက္ခတွေ များလွန်းလို့ ကြောက်လန့်နေတာကို စိတ်မိစ္ဆာက အခွင့်ကောင်းယူလိုက်တာပဲ ”
တင်းရုံ တိတ်ဆိတ်သွားသည်။
စကားတစ်ခွန်းမှ မပြောဘဲ ကြာရှည်စွာ ငြိမ်သက်နေသည်။
အရင်က နားမလည်ခဲ့တဲ့ နေရာတွေကို အခုတော့ အကုန်လုံး သဘောပေါက်သွားပြီ ဖြစ်သည်။
သူမကတော့ ဒီနတ်ဘုရားနယ်မြေထဲ ရောက်လာမှပဲ လူတွေရဲ့ စိတ်ရင်းအမှန်တွေ ပေါ်လာတယ်လို့ ထင်ခဲ့တာ။
ဒီလောက်ထိ အကွက်ချခံရလိမ့်မယ်လို့ မထင်ခဲ့မိပေ။
လီယန်ချူက ဆက်ပြောသည်
“ဒီလို နည်းလမ်းမျိုးရဲ့ ကြောက်စရာကောင်းတဲ့ အချက်ကတော့ အသံတိတ် လှုပ်ရှားတာပဲ၊ အတင်းအကျပ် မလုပ်ဘဲ မင်းရဲ့ စိတ်ဆန္ဒအမှန်အတိုင်း လိုက်လုပ်ခိုင်းတာမျိုး ဖြစ်တဲ့အတွက်ပဲ ”
တင်းရုံက ရှည်လျားစွာ အသက်ရှူထုတ်လိုက်သည်။
“တကယ်လို့ စောစောက ဒီအကြောင်းတွေကို ရှင်သာ ပြောပြခဲ့ရင်၊ ကျွန်မ တကယ်ပဲ လန့်ပြီး သေတော့မှာပဲ ”
တင်းရုံက ပြုံးလျက် ပြောသည်။
“မဟုတ်ရင် ဘာလို့ အခုမှ ပြောပြတာလဲ”
လီယန်ချူက အသာအယာ ပြုံးလိုက်သည်
“မင်း အန္တရာယ်တွေ ကြုံရများလာတဲ့အခါ စိတ်ခံစားချက်တွေမှာလည်း အပေါက်အပြဲတွေ ဖြစ်လာတယ်၊ အဲဒီမှာမှ စိတ်မိစ္ဆာက အခွင့်ကောင်းယူတာပဲ”
“ဒီကိစ္စကို မြင်အောင်ကြည့်ပြီး ကိုယ့်စိတ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ရင် မိစ္ဆာလမ်းစဉ်ထဲ မကျရောက်တော့ဘူး ”
တင်းရုံက ခေါင်းညိတ်လိုက်သည်။
“ရှင်က ဘာလို့ ထိခိုက်မှု မရှိတာလဲ၊ ပြီးတော့ ဒီကိစ္စကို မြင်အောင်ကြည့်နိုင်တာလဲ ”
သူမ အနည်းငယ် သိချင်စိတ် ဖြစ်နေသည်။
“ငါက ပိုက်ဆံသုံးပြီး ကစားတဲ့သူမို့လို့လေ”
လီယန်ချူက ခပ်အေးအေး ပြောလိုက်သည်
“တစ်ခုကတော့ မှော်ပစ္စည်းတွေက စိတ်ကို ကာကွယ်ပေးထားလို့ပဲ နောက်တစ်ခုကတော့ အဲဒီ နတ်ဘုရားရဲ့ လက်ဆောင်ကြောင့်ပဲ ဖြစ်ရမယ် ”
အရင်က နတ်ဘုရား ကောင်းချီပေးစဉ်တုန်းက ဇူဖူကွေ့ နဲ့ တင်းရုံ တို့ နှစ်ယောက်လုံး မြင်ခဲ့ကြသည်။
လီယန်ချူလည်း ဒီအကြောင်းကို ဖုံးကွယ်မထားခဲ့ပေ။
တင်းရုံက သက်ပြင်းချရင်း
“ရှင်က စိတ်နှလုံး ကျောက်ခဲလို မာကျောပြီး ပြင်ပအဆိပ်သင့်မှုတွေ မရှိလို့ ဖြစ်မှာပါ ”
လီယန်ချူ ခဏမျှ မှင်တက်သွားပြီး ဘာမှ မပြောတော့ပေ။
တင်းလေးရဲ့ အကြည့်က မမှားပါဘူး။
ဟုတ်တယ်။ အဲဒါ ငါပဲ
ဟူးးးး
ပြင်းထန်သော လေတိုက်သံ တစ်ခု ထွက်ပေါ်လာသည်
သွေးစွန်းနေသော တာအိုဆရာတော် အလောင်းကြီး တစ်ခုသည် တာအိုနန်းတော် ဘေးတိုက်ခန်းမ အမိုးပေါ်မှ ပြုတ်ကျလာသည်။
သူ့တစ်ကိုယ်လုံးမှာ မိစ္ဆာဆန်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။
သူ့မျက်လုံး နှစ်ဖက်မှာ အဖြူရောင် ဖြစ်နေပြီး မျက်နှာပေါ်တွင် သွေးကြောကဲ့သို့ အမည်းရောင် အစင်းကြောင်းများ ရှိနေသည်။
မျက်နှာမှတစ်ဆင့် လည်ပင်း၊ ရင်ဘတ်အထိ ပျံ့နှံ့နေသည်။
ချက်ချင်းပင် လေပြင်းများ တိုက်ခတ်လာသည်
မည်းမှောင်သော တိမ်တိုက်များ လှိမ့်ဝင်လာသည်
အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ ကလေး အမြောက်အမြား၏ ငိုကြွေးသံများ ထွက်ပေါ်လာသည်။
မိစ္ဆာသံများက နားထဲတွင် ပဲ့တင်ထပ်နေသည်
စိတ်ဝိညာဉ်ကို လှည့်စားနေသည်
ဒီလို အမိုက်စား အရှိန်အဝါမျိုးနဲ့ ထွက်လာတာဆိုတော့ ခန့်မှန်းကြည့်စရာမလိုဘဲ အကြီးအကဲ မိစ္ဆာအလောင်းမှန်း သိသာသည်။
ဘုန်း ဘုန်း ဘုန်း
လီယန်ချူနှင့် ထိုထူးဆန်းသော တာအိုဆရာတော် အလောင်းတို့ (၁၀) ကြိမ်ကျော် တိုက်ခိုက်လိုက်ကြသည်။
အသံများမှာ မိုးခြိမ်းသံကဲ့သို့ပင်
လေပြင်းများ တိုက်ခတ်လာပြီး သွေးကြောများကိုပင် စားပစ်နိုင်သည့် အရိုးထဲအထိ စိမ့်ဝင်သော အအေးဓာတ် ပါဝင်နေသည်။
ပြီးတော့ ဒီထောင်စုနှစ် တာအိုဆရာတော် မိစ္ဆာအလောင်းကို အလွန် ကြောက်မက်ဖွယ် ကောင်းနေအောင် ပုံဖော်ထားသည်။
လီယန်ချူ၏ မျက်လုံးများမှာ အေးစက်နေသည်။
စိတ်ကို စုစည်းလိုက်သည်။
လေငြိမ်ပုတီးစေ့
မူလက လေပြင်းများဖြင့် ဖုံးလွှမ်းထားသော တာအိုဆရာတော် အလောင်း ပတ်ဝန်းကျင်မှ လေပြင်းများ ချက်ချင်း ပျောက်ကွယ်သွားသည်။
ထိုတာအလောင်းသည် အနည်းငယ် ခေတ္တမျှ တန့်သွားပြီး ခြေလှမ်း ရပ်သွားသည်။
ထွက်လာတုန်းက ဒီလောက် စတိုင် ကျနေလို့ ဘယ်ဖြစ်မလဲ လီယန်ချူက သူ့ရှေ့မှာ ဒီလောက် အထာကျတဲ့ မိစ္ဆာမျိုး လျှောက်သွားနေတာကို သည်းမခံနိုင်ပေ။
သူ့ကိုယ်ပေါ်တွင် မိုးကြိုးအတတ်ဖြင့် ရေးထိုးထားသော တာအိုအဆောင်များ လင်းလက်လာသည်။
သွေးချီများ ဆူပွက်လာသည်
တာအိုဂိုဏ်း၏ နတ်ဘုရားပစ္စည်း
အစီရင်ဝတ်စုံ
သူ ခြေတစ်လှမ်း လှမ်းလိုက်ရာ မြေကြီးများပင် တုန်ခါသွားပြီး လက်ဝါးချက်များ ဟိန်းထွက်လာသည်။
ဘုန်း
ထိုတာအလောင်းမှာ ပြင်းထန်သော လက်ဝါးချက်ကြောင့် နောက်သို့ လွင့်ထွက်သွားသည်။
တင်းရုံ၏ မျက်လုံးများ စုစည်းသွားသည်။
ဒီလောက်တောင် ကြမ်းတာလား
တစ်ချိန်တည်းမှာပင် လီယန်ချူ၏ အတွေ့အကြုံ၊ အမြင်၊ ဦးနှောက်ကို အလွန် အံ့အားသင့် လေးစားသွားမိသည်။
ဒီတာအိုအလောင်းက နောက်ဆုံး အပြင်ဘက်ကို ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့သူ ဖြစ်ရမယ်။
လီယန်ချူက အစီရင်ဝတ်စုံကို အကုန်လုံး ဖြည်ချလိုက်ရာ ရှေးဟောင်း၊ ခိုင်ခံ့သော အစီရင်ဝတ်စုံ က သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်သွားသည်။
သွေးချီများမှာ ပင်လယ်ကဲ့သို့ ပြည့်လျှံနေသည်။
“လူ့စိတ်ကို လှည့်စားနိုင်တဲ့ ကလေး ကစားစရာ အကွက် တွေနဲ့ ငါ့ရှေ့ကို လာပြရဲတယ်ပေါ့ ”
လီယန်ချူ၏ အသံမှာ မိုးခြိမ်းသံကဲ့သို့ပင်
အရင်က တာအိုရှေ့ဆောင်ကြီးတွေရဲ့ ဝိညာဉ်ခန္ဓာတွေက ပြန်မလာနိုင်ခဲ့တာ သေချာတယ်၊ ဝိညာဉ်သုံးပါး နဲ့ လိပ်ပြာခုနစ်ပါးကို လှည့်စားခံရပြီး မိစ္ဆာလမ်းစဉ်ထဲ ကျဆုံးသွားတာ ဖြစ်ရမယ်။
ဒီအကြောင်းကို တွေးမိလိုက်တော့ လီယန်ချူ၏ အကြည့်တို့မှာ ပို၍ပင် အေးစက်သွားသည်။
ဘုန်း
ထျန်းကန်း လက်ဝါး
ပစ်ကူး လက်ဝါး
ထိုတာအလောင်းမှာ ပြင်းထန်သော လက်ဝါးချက်များကြောင့် အပိုင်းပိုင်း ပြတ်ထွက်သွားသည်။
ချွန်းးး
ကျန့်ကျောင်းဓား ဓားအိမ်မှ ဆွဲထုတ်လိုက်သည်။
ထက်မြက်လွန်းသော နတ်ဘုရားလက်နက်က ထိုကြောက်မက်ဖွယ်ကောင်းသော တာအိုဆရာတော် မိစ္ဆာအလောင်းကို အပိုင်းပိုင်း ဖြတ်တောက်လိုက်သည်။
ဒီဘေးတိုက်ခန်းမထဲက ပုန်းကွယ်နေတဲ့ ထောင်စုနှစ် မိစ္ဆာအလောင်း ပေါ်လာကတည်းက လီယန်ချူ သတ်ဖြတ်လိုက်တဲ့အထိ။
ခဏလေးအတွင်းမှာပဲ ပြီးဆုံးသွားသည်။
ပြင်းထန်သော အရှိန်အဝါဖြင့် ထိုမိစ္ဆာကို နှိမ်နင်းလိုက်သည်။
ဓားအလင်းတန်းတွင် သွေးချီများ၊ နေရောင်ခြည်စွမ်းအင်များ ပါဝင်နေသည်။
မကြာခင်မှာပဲ ထိုတာအလောင်းကို မီးလောင်ပြာကျသွားစေသည်။
ဝိညာဉ်ခန္ဓာ ပျက်စီးသွားပြီ
ကုသိုလ်မှတ် ၈၀၀၀
လီယန်ချူ အစီရင်ဝတ်စုံ ကို ချွတ်လိုက်ပြီး စိတ်ထဲတွင် တိုက်ခိုက်လို စိတ်များ တောက်လောင်နေသည်၊ ဒါက မြေပြင်နတ်ဘုရား တစ်ယောက် အစီရင်ဝတ်စုံ ကို ပြုလုပ်ခဲ့တဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီလှသည်။
ထို တာအိုပညာရှင်ကြီးက သိုင်းပညာဖြင့် တာအိုသို့ ဝင်ရောက်ပြီးနောက် ကောင်းကင်နှင့် မြေကြီးကိုပင် ဖောက်ထွက်နိုင်ခဲ့သူ ဖြစ်သည်။
ဒါကြောင့် မိစ္ဆာတွေကို သတ်တာကလည်း ဟင်းသီးဟင်းရွက် လှီးသလိုပဲ လွယ်ကူလှသည်။
တင်းရုံမှာ လီယန်ချူ၏ ရဲရင့်သော အပြုအမူကြောင့် စိတ်ဓာတ်တက်ကြွသွားပြီး စိတ်ထဲမှာ အေးချမ်းသွားသည်။
သူ့မျက်လုံးထဲမှာ ကြောက်ရွံ့မှုဆိုတာ နည်းနည်းလေးမှ မတွေ့ရပေ။
ထောင်စုနှစ် မိစ္ဆာအလောင်း ပေါ်လာသည့်တိုင်အောင် ရှေ့တိုးတက်ပြီး ပြင်းထန်စွာ နှိမ်နင်းလိုက်ခြင်းမှာ တင်းရုံကို အံ့ဩတုန်လှုပ်သွားစေသည်။
သို့သော်
တင်းရုံ သတိမထားလိုက်မိလိုက်။ မြေကြီးထဲမှ အရိပ်တစ်ခုသည် သူမ၏ ကျောနောက်ဘက်တွင် ပေါ်လာသည်။
ရုတ်တရက်
ထိုအရိပ်က သူမ၏ ခြေချင်းဝတ်ကို ဆုပ်ကိုင်လိုက်သည်။
ပြင်းထန်စွာ ဆွဲချလိုက်သည်
တင်းရုံ လန့်သွားပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်သည့် မှော်ဂါထာကို ရွတ်လိုက်သည်။
“အို လီ....”
သူမသည် အလွန်ရင်းနှီးသော ထိုနာမည်ကို ခေါ်လိုက်မိသည်။
ဘုန်း
တောက်ပသော ဓားအလင်းတန်း တစ်ခု ကောင်းကင်မှ ကျရောက်လာသည်။
မြေကြီးမှာ ချက်ချင်းပင် ကွဲအက်သွားသည်
တင်းရုံ၏ ခြေချင်းဝတ်ကို ဆုပ်ကိုင်ထားသော ထူးဆန်းသည့် အရိပ်မှာ ပြင်းထန်စွာ ထိခိုက်သွားသည်။
ချက်ချင်းပင် ဝေးရာသို့ ထွက်ပြေးသွားသည်။
ရေစီးသကဲ့သို့ လျင်မြန်စွာ ဘေးတိုက်ခန်းမ တံခါးပေါက်ဆီသို့ ပြေးသွားသည်။
မြန်ဆန်လွန်းလှသည်၊ တစ်ခဏအတွင်းမှာပင် တံခါးပေါက်နား ရောက်သွားသည်။
“ငါ့ဆီမှာပဲ ကျန်ခဲ့စမ်း ”
လီယန်ချူ အော်ဟစ်လိုက်သည်။
လက်ချောင်း ငါးချောင်းကို ဖြန့်လိုက်သည်။
ထျန်းကန်း လက်ဝါး
လေလှိုင်းဖြင့် ဖမ်းယူခြင်း
ပြင်းထန်သော အရှိန်အဝါက အရိပ်ကို ဆွဲထားလိုက်ပြီး ဆွဲကြိုးလို ဖြစ်သွားသည်။
ဘုန်း
လီယန်ချူ ပျံသန်းလိုက်လာပြီး ထိုအရိပ်ကို ချိန်ရွယ်ကာ ဓားဖြင့် အားကုန် ထိုးချလိုက်သည်။
မြေကြီးမှာ သူရှိနေတဲ့ နေရာကို ဗဟိုပြုပြီး ကြီးမားတဲ့ တွင်းနက်တစ်ခု ပေါ်လာသည်။
တာအိုနန်းတော် ဘေးတိုက်ခန်းမတစ်ခုလုံး တုန်ခါသွားပြီး ဖုန်မှုန့်များ ပြုတ်ကျကာ ပြိုကျလုနီးပါး ဖြစ်သွားသည်။
ထိုအရိပ်မှာ တိုက်ရိုက် သတ်ဖြတ်ခြင်း ခံလိုက်ရသည်။
ပြာအတိ ဖြစ်သွားသည်
လီယန်ချူ မျက်မှောင်ကြုတ်လိုက်သည်၊ ဒါက ဘယ်လို ကောင်မျိုးလဲ
ဘယ်ကနေ ပေါ်လာတာလဲ
အခန်း (၂၂၄) - ရှစ်ပါးသော နတ်ဘုရားမန္တန်
လီယန်ချူသည် အရှိန်အဝါကြည့်သည့်အတတ်ကို အသုံးပြုကာ နန်းဆောင်အတွင်းကို စတင် ကြည့်ရှူလိုက်သည်။
စောစောက အရိပ်၏ အရှိန်အဝါမှလွဲ၍ အခြား ထူးခြားသော အရှိန်အဝါမျိုး မရှိပေ။
“ဒီနတ်ဘုရားနန်းတော် အပျက်အစီးတွေထဲမှာ တကယ်ပဲ မိစ္ဆာတွေ ဘယ်လောက်တောင် ပုန်းကွယ်နေတာလဲ ”
လီယန်ချူ စိတ်ထဲတွင် တွေးလိုက်သည်။
သူတို့နှစ်ယောက်သည် ဘေးတိုက်ခန်းမများကို အနှံ့ရှာဖွေခဲ့သော်လည်း မည်သည့်အရာမှ ရှာမတွေ့ခဲ့ပေ၊ ဘာမှ မရလိုက်ဘူးလို့ ပြောရမလိုပင် ။
လီယန်ချူအတွက်မူ မိစ္ဆာတွေကို သတ်ဖြတ်ခြင်းဖြင့် ရရှိလာသော ကုသိုလ်မှတ်တွေကသာ အဖိုးတန်ဆုံးအရာ ဖြစ်သည်။
အရာအားလုံးကို အဆင့်မြင့်ပေးလိုက်မည်
သူတို့နှစ်ယောက်သည် ဆက်တိုက်ဆိုသလို ဘေးတိုက်ခန်းမ အချို့ကို ရှာဖွေခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။
ဘေးတိုက်ခန်းမ တစ်ခုတွင်မူ တိုက်ပွဲ ဖြစ်ပွားထားသည့် အရိပ်အယောင် ရှိသည်။
နေရာအနှံ့တွင် ပြိုကျနေသော နံရံများနှင့် အပျက်အစီးများ ရှိသည်။
အထဲကို အရင်ဝင်လာသူများ ဤနေရာတွင် အန္တရာယ်နှင့် ကြုံတွေ့ရပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ပြသနေသည်။
ဟုတ်ပါသည်။
ရတနာလုရင်းနဲ့ပဲ အချင်းချင်း တိုက်ခိုက်မိကြတာလည်း ဖြစ်နိုင်သည်။
“ဒီလူတွေက တကယ်ပဲ ရက်စက်တာပဲ၊ ဘာပစ္စည်းမှကို ချန်မထားဘူး ”
လီယန်ချူက ပြောသည်။
တင်းရုံက တိုးတိုးလေး ရေရွတ်သည်
“ဒီ ဖူဆန်းသစ်ပင် က တကယ်ပဲ ဘယ်နေရာမှာ ရှိတာလဲ မသိဘူး၊ တကယ်လို့ နတ်ဘုရားအခွင့်အရေး ရှိမယ်ဆိုရင်တော့ ဒီဒဏ္ဍာရီလာ နတ်သစ်ပင်နဲ့ မကင်းနိုင်လောက်ဘူး ”
“ငါလည်း သိချင်တယ်၊ အဲဒီ ဖူဆန်းသစ်ပင်က ဘယ်လို ပုံစံမျိုးလဲ၊ တကယ်ပဲ ရွှေကျီးကန်းတွေ နေထိုင်တာလား ”
လီယန်ချူသည် ကြီးမားခမ်းနားသော နတ်ဘုရားနန်းတော်အတွင်းရှိ အခန်းများကို ရှာဖွေရင်း ပြောလိုက်သည်။
စန်းဟိုင်ကျမ်း တွင် မှတ်တမ်းတင်ထားသည်။
“ထန်ကူးချိုင့်ဝှမ်းတွင် ဖူဆန်းပင် ရှိသည် နေ (၁၀) စင်း ရေချိုးရာနေရာ ဖြစ်ပြီး ရေထဲတွင် နေထိုင်သည်၊ နေ (၉) စင်းမှာ အောက်ကိုင်းတွင် နေထိုင်ပြီး၊ နေ (၁) စင်းမှာ အပေါ်ကိုင်းတွင် နေထိုင်သည် ”
လီယန်ချူသည် လှေလှော်သမား ပေးခဲ့သည့် သတင်းအချက်အလက်ထဲတွင် ဖူဆန်းသစ်ပင်အကြောင်း ဘာကြောင့် ဖော်ပြထားမှန်း မသိပေ။
သို့သော်လည်း ဤကဲ့သို့ နတ်ဘုရားပစ္စည်းမျိုးကိုတော့ အလွန် စိတ်ဝင်စားမိသည်။
ချွမ် လား လား
သူတို့နှစ်ယောက်သည် မှောင်မိုက်ရှည်လျားသော စင်္ကြံလမ်းကို ဖြတ်ကျော်လိုက်ရာ စင်္ကြံလမ်းအဆုံးတွင် ရုတ်တရက် ရေစီးသံများ ထွက်ပေါ်လာသည်။
သူတို့နှစ်ယောက် အချင်းချင်း ကြည့်လိုက်သည်။
“ဒီထဲမှာ တကယ်ပဲ စီးဆင်းနေတဲ့ ရေ ရှိတာလား”
လီယန်ချူက ပြောသည်။
ဤနတ်ဘုရားနန်းတော် အပျက်အစီးမှာ သေဆုံးနေသကဲ့သို့ အသံအစရှိနားမရှိ ငြိမ်သက်နေပြီး၊ ယခုမှ ရုတ်တရက် ရေစီးသံများ ပေါ်လာခြင်း ဖြစ်သည်။
လီယန်ချူကို အနည်းငယ် အံ့ဩသွားစေသည်။
နှစ်ယောက်သား ကြီးမားနက်ရှိုင်းသော စင်္ကြံလမ်းကို ဖြတ်ကျော်လိုက်ရာ ရှေ့တွင် ရုတ်တရက် လင်းလက်သွားသည်။
ဤနေရာသည် အလွန် ကျယ်ဝန်းသော နန်းဆောင်ကြီး တစ်ခု ဖြစ်သည်
ဧရိယာ အလွန် ကျယ်ပြန့်သည်။
အထဲရောက်သည်နှင့် မိမိကိုယ်ကို သေးနုပ်သွားသလို ခံစားရသည်။
ထိုနေရာရှိ ဗိသုကာ လက်ရာများမှာ အလွန် ကြီးမားလှသည်။
အပြင်ဘက်မှ ကြည့်လျှင် သာမန် အပျက်အစီး နန်းတော်များနှင့် ကွာခြားမှု မရှိပေ။
သို့သော်လည်း အထဲဝင်လိုက်သောအခါ။
ကျယ်ဝန်းလှသော နေရာသစ်တစ်ခုထဲ ရောက်သွားသလို ခံစားရသည်။
ရုတ်တရက် ကြည်လင်တောက်ပသွားသည်
ထိုကျယ်ဝန်းသော နန်းဆောင်အတွင်းတွင် ကြီးမားသော နတ်ဘုရား ရုပ်တုကြီးကို ပူဇော်ထားသည်။
ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ရုံသာမက။
အရောင်များမှာလည်း မမှိန်သွားဘဲ အသက်ဝင်နေသလိုပင်
၎င်းမှာ ကျန်းထင်ရှန်း နတ်ဘုရားနယ်မြေမှ မြေပြင်နတ်ဘုရား မာနတ်ဘုရား ပင် ဖြစ်သည်။
သို့သော်
ထိုအပြင် ဘာမျှ မရှိဘဲ လွတ်လပ်နေသည်။
နက်ရှိုင်းပြီး
ကျယ်လွန်းလှသည်
“အဲ ”
“ရေက ဘယ်ရောက်သွားတာလဲ”
တင်းရုံ အနည်းငယ် အံ့ဩသွားသည်။
လီယန်ချူလည်း ထိုအတိုင်းပင် တွေးမိသည်။
သူတို့နှစ်ယောက်သည် ရေစီးသံများကို အတိအကျ ကြားခဲ့ရသော်လည်း၊ ယခု မြင်တွေ့နေရသည်မှာ ကျယ်ဝန်းသော နတ်ဘုရားနန်းဆောင်သာ ဖြစ်နေသည်။
တကယ်ကို အံ့ဩစရာ ကောင်းလှသည်။
လီယန်ချူနှင့် တင်းရုံတို့ ထိုနန်းဆောင်ထဲသို့ ခြေချလိုက်သည်နှင့် မြေပြင်ပေါ်ရှိ ကျောက်ပြားများမှာ ရေလှိုင်းကဲ့သို့ ချက်ချင်း လှုပ်ခတ်သွားသည်။
အေးစက်သော ရေထဲသို့ ခြေချလိုက်သကဲ့သို့ပင်။
ဖိနှိပ်ထားသော အေးစက်သည့် အငွေ့အသက်မှာ ခြေဖဝါးမှတစ်ဆင့် ဦးခေါင်းထိပ်အထိ တက်သွားသည်။
“အရမ်းအေးတယ် ”
တင်းရုံ မျက်မှောင်ကြုတ်လိုက်သည်။
လီယန်ချူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးချီများ ချက်ချင်း လှုပ်ရှားသွားပြီး အလွန် ပူပြင်းသွားသည်
ဤကဲ့သို့ အရိုးထဲထိ စိမ့်ဝင်သော အေးစက်မှုကို အစပိုင်းတွင်သာ အနည်းငယ် ခံစားလိုက်ရခြင်း ဖြစ်သည်။
“ဒီရေက ပြဿနာရှိတယ်၊ လူ့ခန္ဓာကိုယ်ရဲ့ သွေးကြောတွေကို စားပစ်ပြီး တာအိုလမ်းစဉ်ကို ဖျက်ဆီးလိမ့်မယ် ”
လီယန်ချူ၏ အာရုံခံနိုင်စွမ်းမှာ အလွန် ထက်မြက်သည်။
တုံ့ပြန်မှုလည်း မြန်ဆန်သည်
ချက်ချင်းပင် တင်းရုံ၏ လက်မောင်းကို ဆွဲကိုင်ကာ နောက်သို့ ဆုတ်လိုက်သည်
သို့သော်လည်း စောစောက သူတို့နောက်ကွယ်ရှိ လူ (၃) (၄) ယောက်စာ မြင့်မားသော တံခါးကြီးမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
အသံမထွက်ဘဲ ခိုင်မာသော နံရံကြီး ဖြစ်သွားသည်။
“ဒါက သရဲတစ္ဆေတွေ လုပ်တဲ့ တစ္ဆေတံတိုင်း လား ”
တင်းရုံ အံ့ဩစွာ ပြောသည်။
နယ်မြေပိတ်ဆို့ခြင်း ဆိုတာ မိစ္ဆာတွေက လူတွေကို အထဲမှာ ပိတ်လှောင်ပြီး အသက်ကုန်ဆုံးတဲ့အထိ ညှဉ်းပန်းတဲ့ နည်းလမ်းပဲ
လီယန်ချူ၏ မျက်နှာမှာ တည်ငြိမ်နေပြီး အကြည့်တို့မှာ ထက်မြက်နေသည်။
သူတို့ကို မသိမသာနဲ့ အကွက်ချသွားတာပဲ။
သူ့တွင် တစ္ဆေတံတိုင်းထဲ၌ အိပ်မက်ဆိုးများ ကြုံတွေ့နေမည့် စိတ်ကူး မရှိပေ။
“ပြောင်းလဲမှုတွေ မရှိစေရ ”
“မိစ္ဆာတွေကို နှိမ်နင်းပြီး၊ အသက်ကို ကာကွယ်ပေးပါ ”
လီယန်ချူသည် လက်နှစ်ဖက်ကို ပေါင်းစပ်ကာ ရှစ်ပါးသော နတ်ဘုရားမန္တန်ထဲမှ တစ်ခုဖြစ်သည့် စိတ်ကြည်လင်ခြင်း မန္တန် ကို ရွတ်ဆိုလိုက်သည်။
“ဖွင့် ”
လီယန်ချူ အေးစက်စက် အော်ဟစ်လိုက်သည်။
သူသည် လုံဟူရှန်းက နတ်ဆရာ ပေးအပ်ထားသည့် ကျောက်စိမ်းပြား၏ စွမ်းအားကို ငှားယူလိုက်ခြင်း ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ အခြေအနေများမှာ တကယ်ပင် ရေလှိုင်းကဲ့သို့ ပုံစံပြောင်းသွားသည်။
အပျက်အစီးများ ဖြစ်နေသည့် နန်းဆောင်တစ်ခု ပေါ်လာသည်။
တိုင်ပေါ်တွင် ပူဇော်ထားသည်မှာ ကျန်းထင်ရှန်းမှ မြေပြင်နတ်ဘုရား မဟုတ်တော့ပေ။
ကြီးမားသော မိစ္ဆာကြီး တစ်ကောင် ဖြစ်သည်။
ကျောက်သား ဖြစ်နေပြီး မီးခိုးရောင် သမ်းနေကာ ပုံစံမှာ ဝါးတားတားနှင့် ထူးဆန်းနေသည်။
တင်းရုံမှာ လီယန်ချူ၏ ရှစ်ပါးသော နတ်ဘုရားမန္တန်ကို အလွန် လွယ်ကူစွာ သုံးနိုင်ခြင်းကို အံ့ဩသွားသည်။
ပြီးတော့ အစွမ်းလည်း ထက်မြက်သည်။
နောက်တစ်ခုက။
နတ်ဘုရား နန်းဆောင်အတွင်းမှာ လူစားတဲ့ မိစ္ဆာကို ပူဇော်ထားသည်။
ဒါက တကယ်ကို အံ့ဩစရာ ကောင်းလွန်းသည်။
နားလည်ရခက်လှသည်
လီယန်ချူ၏ မျက်လုံးထဲတွင် ခရမ်းရောင် ရွှေရောင် အငွေ့အသက်များ ဖြတ်ပြေးသွားသည်။
တာအိုဂိုဏ်းဝင် တစ်ဦးအနေဖြင့် ရှစ်ပါးသော နတ်ဘုရားမန္တန်ကို သူ တတ်မြောက်ထားသည်မှာ သဘာဝကျသည်။
သို့သော် လူတိုင်း၏ အသုံးပြုပုံပေါ်မူတည်၍ အကျိုးသက်ရောက်မှု မတူညီကြပေ။
စိတ်ကြည်လင်ခြင်း မန္တန်မှာ ရှစ်ပါးသော နတ်ဘုရားမန္တန်ထဲတွင် ထိပ်ဆုံး ဖြစ်ပြီး ဝိညာဉ်ကို ကာကွယ်ပြီး စိတ်ကို စုစည်းစေသည့် အစွမ်း ရှိသည်။
စိတ်တည်ငြိမ်မှ ဝိညာဉ်အေးချမ်းသည်
နယ်မြေပိတ်ဆို့ခြင်း ကဲ့သို့သော လှည့်စားခြင်းများသည် လူ၏ မျက်လုံးနှင့် ဝိညာဉ်ကို လှည့်စားခြင်း ဖြစ်ရာ။
အတိအကျပင် ထိခိုက်စေနိုင်သည်။
စိတ်ကြည်လင်ခြင်း မန္တန်ကို တာအိုဂိုဏ်း၏ အမှန်တရားစကားလုံးနှင့် ကျောက်စိမ်းပြားကို ပေါင်းစပ်လိုက်သောအခါ စွမ်းအားမှာ ကြီးမားလှသည်။
မြေပြင်ပေါ်တွင် ရေများ ပြည့်နှက်နေသည်။
စီးဆင်းနေသော ရေစီးသံများ ပျောက်ကွယ်သွားသည်။
ထိုနေရာရှိ ရေမှာ အရိုးထိ စိမ့်ဝင်အောင် အေးစက်နေပြီး နန်းဆောင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။
ခြေချင်းဝတ်အထိ ရှိသည်။
ကျယ်ဝန်းသော နတ်ဘုရားနန်းဆောင်၊ အမြင့်တွင် ပူဇော်ထားသော လူစားသည့် မိစ္ဆာ၊ မြေပြင်ပေါ်ရှိ အေးစက်သော ရေများ။
နန်းဆောင်တစ်ခုလုံး၏ အငွေ့အသက်မှာ အလွန် ဖိနှိပ်စရာ ကောင်းနေသည်။
“သွားကြစို့ ”
“ဒီနေရာက ထွက်သွားကြစို့ ”
လီယန်ချူ အလေးအနက် ပြောလိုက်သည်။
ချက်ချင်းပင် နောက်ဆုတ်ရန် ဆုံးဖြတ်လိုက်သည်
သူ အခု ကျန်းထင်ရှန်း နတ်ဘုရားနယ်မြေထဲ ရောက်နေစဉ်မှာ အခက်ခဲဆုံးကတော့ အဲဒီ ကျောက်ရုပ်တွေပဲ
ဘာလို့လဲဆိုတော့ သူတို့က သက်မဲ့တွေ မဟုတ်ဘဲ အသက်ပြန်ရှင်နိုင်တဲ့ လူစားသည့် မိစ္ဆာတွေ ဖြစ်နေလို့ပဲ
လီယန်ချူ၌ ကြိုတင် ခံစားချက် တစ်ခု ရှိနေသည်၊ သူနှင့် တင်းရုံသာ ဆက်နေနေပါက။
ဒီလူစားသည့် မိစ္ဆာမှာ ရာနှုန်းပြည့် အသက်ဝင်လာလိမ့်မည်
အပျက်အစီး နန်းဆောင်တွေကို ရှာဖွေတဲ့အခါ သတိမရှိရင် နတ်ဘုရားအခွင့်အရေး လွဲချော်တတ်သည်။
ဒါပေမဲ့ အရမ်း ရမ်းပြီးလည်း မလုပ်ရဘူး
မဟုတ်ရင် ကြောက်စရာကောင်းတဲ့ အန္တရာယ်တွေနဲ့ ကြုံပြီး သေလမ်းတန်းတန်း သွားသလို ဖြစ်သွားလိမ့်မယ်။
ငိုးးးပဲ စိတ်ရှုပ်စရာပဲ
လီယန်ချူသည် ပြဿနာ မရှာ၊ ပြဿနာ တက်လာရင်လည်း မကြောက်ဆိုသည့် မူဝါဒကို ကျင့်သုံးကာ နန်းဆောင်ထဲမှ ချက်ချင်း ပြန်ထွက်လာခဲ့သည်။
ရှူး
ပြင်းထန်သော လေကို ခွင်းသွားသည့် အသံ ထွက်ပေါ်လာသည်
ပြင်းထန်သော အရှိန်အဝါ တစ်ခုက လီယန်ချူကို လော့ခ်ချထားလိုက်သည်
ကျောရိုးထဲထိ စိမ့်ဝင်သွားသည်။
သူ့ကို အန္တရာယ်နှင့် ကြုံတွေ့ရစေသည်။
လီယန်ချူ စိတ်ကို စုစည်းလိုက်ပြီး အစီရင်ဝတ်စုံကို ချက်ချင်း ဖြည်ချလိုက်ရာ သွေးချီများ ဆူပွက်လာပြီး ရှေးဟောင်း ဝတ်စုံမှာ သူ့ကိုယ်ပေါ်တွင် ပေါ်လာသည်။
ဟွန့်ယွမ် သိုင်းပညာ၏ အကာအကွယ် စွမ်းအားမှာလည်း သူ့ရှေ့တွင် လေအကာအကွယ် တစ်ခုကို ဖန်တီးပေးလိုက်သည်။
ထိုနတ်ဘုရားလေးမြားမှာ လေအကာအကွယ်ကို တိုက်ရိုက် ထိုးဖောက်သွားသည်။
ချွန်း
ကျန့်ကျောင်းဓားကို ဓားအိမ်မှ ဆွဲထုတ်လိုက်သည်
ဘုန်း
လီယန်ချူသည် အချိန်မီ အရှိန်အဟုန်ပြင်းသော နတ်ဘုရားလေးမြားကို ဓားဖြင့် ခုတ်လိုက်သည်။
သူ့ကို ဗဟိုပြု၍ ရေလှိုင်းကဲ့သို့ စွမ်းအင်အလွှာမှာ အပြင်ဘက်သို့ ပြန့်ကားသွားသည်။
တင်းရုံမှာ အဓိက တိုက်ခိုက်ခြင်း ခံလိုက်ရသည်။
ချက်ချင်းပင် သွေးတစ်ပွက် အန်ထုတ်လိုက်ပြီး ရင်ဘတ်ရှိ အင်္ကျီမှာ သွေးစွန်းသွားကာ အသက်ရှူနှုန်း ချက်ချင်း အားပျော့သွားသည်။
လီယန်ချူ၏ မျက်လုံးများမှာ အေးစက်နေပြီး အဝေးကို ကြည့်လိုက်သည်။
အရှိန်အဝါမှာ နတ်ဘုရားကဲ့သို့ လွင့်မြောနေပြီး နတ်လူသား တစ်ဦးနှင့် တူသော လူငယ် တစ်ဦး ပေါ်လာသည်။
လက်တွင် ရှေးဟောင်း ကြီးမားသော လေးတစ်လက်ကို ကိုင်ထားသည်။
သတ်ဖြတ်လိုစိတ်များ အပြည့်ပင်