← Chapters

အခန်း (၁၁၇၃-၁၁၇၄)

Vol. 118 Ch. 1173-1174

အခန်း (၁၁၇၃-၁၁၇၄)

Vol. 118 Ch. 1173-1174

အခန်း (၁၁၇၃) မဟာလောက မသေမျိုးလမ်းစဉ်

ဒီနှစ်တွေအတွင်း ဝိညာဥ်နတ်ဘုရားဂိုဏ်း ကျင့်ကြံသူတွေကို တစ်ယောက်ပြီးတစ်ယောက် နှိမ်နင်းလာနိုင်တာနဲ့အမျှ ဖန့်ချန်ဟာ ဝိညာဉ်ကျောက်တုံး တော်တော်များများကို သိမ်းဆည်းရမိခဲ့ပါတယ်။

အဆင့်နိမ့် ၊ အလယ်လတ်နဲ့ အဆင့်မြင့် ကျောက်တုံးတွေ ပါဝင်ပြီး၊ တစ်စိတ်တစ်ပိုင်းကိုတော့ တာအိုသုံးထောင်ဂိုဏ်း ကို ပေးခဲ့ကာ ကျန်တာတွေကိုတော့ သူ့ရဲ့ တခြားသော ဝိညာဉ်ခွဲ ၉ ခုကို ခွဲဝေပေးခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီအထဲမှာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး အရေအတွက်က သိပ်မများပါဘူး။

မှန်လေးက စပြောကတည်းက အဆင့်မြင့်ကျောက်တုံး ၁၀၀ တောင်းလိုက်တော့ ဖန့်ချန်က တိုက်ရိုက်ပဲ ငြင်းဆိုလိုက်ပါတယ်။

သူ့ဆီမှာရှိတဲ့ အဆင့်မြင့်ကျောက်တုံး စုစုပေါင်းကတောင် ၁၀၀ မပြည့်ပါဘူး။

အရင်က ရှိခဲ့တဲ့ မသေမျိုးကျောက်တုံး တချို့ဆိုရင်လည်း အဖိုးအိုရွှင်ဆီကို ပေးလိုက်တာ ကြာပါပြီ။

"အစ်ကို ငါက ဈေးကြီးပေးခိုင်းတာ မဟုတ်ပါဘူး ဒါက နတ်ဆေးပင်နဲ့ ပတ်သက်နေတာဆိုတော့ ကံကြမ္မာ အကျိုးဆက် က အရမ်းကြီးလို့ပါ"

မှန်လေးက ရှင်းပြရှာပါတယ်။

"ငါ နားလည်ပါတယ် ဒါပေမဲ့ အခု လောလောဆယ် ငါ့ အိတ်ကပ်ထဲမှာ ပြတ်နေလို့ ခဏလောက် မမေးတော့ဘူး"

"အဲဒါဆိုလည်း ပြီးရောလေ..."

အခု ဖန့်ချန်အတွက် အချိန် တစ်လပဲ ကျန်ပါတော့တယ်။

တစ်လအတွင်း ယွီရွှီဂြိုဟ်ကို မရောက်ဘူးဆိုရင် ဟွမ်ချင်းကျွဲဘက်က ပြဿနာအနည်းငယ် ရှိလာနိုင်ပါတယ်။

'နတ်ဆေးပင်ရဲ့ အနံ့အသက်က အရိပ်ထဲမှာ ပုန်းနေချိန်ကလွဲရင် အပြင်မှာဆိုရင်တော့ ကရင်ရန်ဂိုဏ်းဘိုးဘိုးရဲ့ အဆင့် ၄ ကျင့်ကြံမှုနဲ့ဆိုရင် မကြာခင်မှာပဲ သတိထားမိပြီး နောက်က လိုက်လာမှာ အသေအချာပဲ'

ဖန့်ချန်က စိတ်ကူးရတာနဲ့ နယ်နိမိတ်ဗူးသီး ထဲကို နတ်ဆေးပင် ထည့်ကြည့်ပါတယ်။

ဒါပေမဲ့ မရပါဘူး။

နတ်ဆေးပင်မှာ တစ်စုံတစ်ရာသော ထူးခြားချက် ရှိနေပုံရပြီး ဒီလို သိုလှောင်နယ်မြေတွေကို တွန်းကန်နေပါတယ်။

'အခုတော့ မီးလိပ်ခွံဂြိုဟ်ကနေ အမြန်ဆုံး ထွက်ခွာပြီး၊ အဆင့်မြင့် ကျင့်ကြံသူတွေ မရှိတဲ့နေရာကို သွားပြီး နတ်ဆေးပင်ကို လုံခြုံအောင် ထားရမယ် ဒါပေမဲ့... အခုအချိန်မှာ တည်နေရာရွှေ့ပြောင်းခြင်းအစီရင် တွေ အားလုံးကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေမှာပဲ၊ ထွက်ခွင့်တောင် ပိတ်ထားနိုင်တယ်'

ရက်အနည်းငယ်အကြာမှာ ဖန့်ချန်ဟာ တည်နေရာရွှေ့ပြောင်းခြင်း အစီရင် တစ်ခုရဲ့ အနီးကို ရောက်သွားတဲ့အခါမှာတော့ တကယ်ပဲ ကရင်ရန်ဂိုဏ်း ကျင့်ကြံသူတွေက ပိတ်ဆို့ထားပြီး အဝင်ပဲ လက်ခံကာ အထွက်ကို ပိတ်ထားတာ တွေ့လိုက်ရပါတယ်။

ဒါတင်မကသေးဘဲ ဒီနေရာမှာ လွတ်လပ်သောမသေမျိုး ကိုယ်တိုင်က အစီရင်တွေ ခင်းကျင်းထားတာပါ။

ရှေးဦးနတ်ဘုရားမျက်လုံး ကို သုံးရင်တောင် အချိန်တိုအတွင်းမှာ ဟာကွက်ကို ရှာဖို့ မလွယ်ပါဘူး။

ဆိုလိုတာက လမ်းက ပွင့်နေရင်တောင် သူက အရိပ်ထဲမှာ ပုန်းပြီး ထွက်သွားလို့ မရဘဲ တရားဝင်နည်းလမ်းနဲ့ပဲ ထွက်လို့ ရမှာပါ။

သူ့ကို အချိန် တစ်လ၊ နှစ်လလောက် ပေးရင်တော့ အစီရင်ရဲ့ ဟာကွက်ကို ရှာပြီး အေးအေးဆေးဆေး ဖြတ်သွားလို့ ရနိုင်ပေမဲ့ သူ့မှာ အဲဒီလောက် အချိန်မရှိပါဘူး။

သူ့မှာ တစ်လတောင် မပြည့်တော့တဲ့ အချိန်ပဲ ရှိတာပါ။

ချီထျန်းရန်က ယင်လောကက နေ့ကင်းလှည့် လညကင်းလှည့် တွေကို သုံးပြီး မီးလိပ်ခွံဂြိုဟ်ပေါ်က တည်နေရာ အားလုံးကို စုံစမ်းခိုင်းပြီးနောက် ဖန့်ချန်ဆီကို သတင်းဆိုးတစ်ခု ယူလာပါတယ်။

သူတို့ ရှာတွေ့သမျှ နေရာအားလုံးကို ကရင်ရန်ဂိုဏ်းက ပိတ်ဆို့ထားပါတယ်။

ဒီနတ်ဆေးပင်ဟာ ဒီနယ်မြေက လွတ်လပ်သောမသေမျိုးတွေအတွက် ဘယ်လောက်အထိ အဖိုးတန်သလဲဆိုတာ သိသာပါတယ်။

သူတို့ နတ်ဆေးပင်ကို မတွေ့မချင်း အစီရင်တွေကို ဖွင့်ပေးမှာ မဟုတ်ပါဘူး။

"စိတ်ဝင်စားစရာပဲ အခု နတ်ဆေးပင်က လက်ထဲမှာ ရှိနေပေမဲ့ အပြင်ကို သယ်လို့မရဘူး ဖြစ်နေတယ်..."

ဖန့်ချန်က တိုးတိုးလေး ရေရွတ်လိုက်ပြီး ချီထျန်းရန်ကို ကြည့်ကာ

"မင်းသွားပြီး ဒီနတ်ဆေးပင်ရဲ့ ဇာတ်ကြောင်းကို စုံစမ်းဦး ကရင်ရန်ဂိုဏ်းက ဒီဆေးပင်ကို ဘယ်လိုမျိုး နားလည်ထားလဲဆိုတာ သိချင်တယ်"

"ဟုတ်ကဲ့ပါ"

ရက်အနည်းငယ်ကြာပြီးနောက်မှာ ချီထျန်းရန် ပြန်ပေါ်လာပြီး ရိုရိုသေသေ ဆိုပါတယ်။

"သခင်လေး... အကုန် စုံစမ်းပြီးပါပြီ ဒီနတ်ဆေးပင်ကို ကရင်ရန်ဘိုးဘိုးက ဂါလံမျိုးစေ့နတ်ပင် လို့ ခေါ်ပါတယ် ဒါက အဆင့် ၄ မဟာလောက မသေမျိုး လမ်းစဉ်ရဲ့ နတ်ဆေးပင်ပါ"

"မဟာလောက မသေမျိုးလမ်းစဉ်၊ အဆင့် ၄ နတ်ဆေးပင်... ဆိုလိုတာက အဆင့် ၃ လွတ်လပ်သောမသေမျိုးက ဒါကို စားလိုက်ရင် အဆင့် ၄ မဟာလောက မသေမျိုးအဖြစ် အဆင့်တက်ဖို့ အခွင့်အရေး ရှိတာပေါ့"

ဖန့်ချန်ရဲ့ မျက်လုံးတွေက လှုပ်ရှားသွားပါတယ်။

လောလောဆယ် ယင်လောက နတ်ဘုရားဝိညာဥ်တွေထဲမှာ လူ့လောကမှာ ခန္ဓာကိုယ် ရှိနေသေးပြီး အဆင့် ၃ လွတ်လပ်သောမသေမျိုး ဖြစ်နေတာက ယွီထင်ကျဲ နဲ့ ရွှီချန်ရှီး နှစ်ယောက်ပဲ ရှိပါတယ်။

ဒုတိယလူက ဝိညာဥ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူဖြစ်ပြီး ယင်လောက နတ်ဘုရားဝိညာဥ် ဖြစ်လာတာ မကြာသေးပါဘူး။

နတ်ဆေးပင် ရှိရင်တောင် သူ့အလှည့် မရောက်သေးပါဘူး။

ဒါဆိုရင် ယွီထင်ကျဲကသာ ဒီဆေးပင်ကို စားဖို့ အသင့်တော်ဆုံး လူပါပဲ။

နတ်ဆေးပင်ကို ဒီနေရာကနေ သယ်သွားလို့ မရဘူးဆိုရင် အရင်က ဟွမ်ချင်းကျွဲနဲ့ မိတ်ဖွဲ့ဖို့ ဒီဆေးပင်ကို သုံးမယ်ဆိုတဲ့ အစီအစဉ်ကို ပြောင်းရတော့မှာပါ။

ဟွမ်ချင်းကျွဲကို ယင်လောကထဲ ခေါ်လာပြီး ဘွဲ့နှင်းအပ်ဖို့ အခွင့်အရေး မရှိဘူးဆိုရင် နတ်ဆေးပင်နဲ့ မိတ်ဖွဲ့ပြီး သူ့ရဲ့ အဆက်အသွယ်တွေကို သုံးကာ မြေဝက်ဝံဂြိုဟ်အတွက် အချိန်ဆွဲပေးဖို့ သူ စဉ်းစားခဲ့တာပါ။

အခုတော့ ဆေးပင်ကို သယ်သွားလို့ မရတော့တဲ့အတွက် ရွေးချယ်စရာ နည်းလမ်းနှစ်ခုထဲက တစ်ခုပဲ ကျန်ပါတော့တယ်။

ဒါကို တွေးမိတာနဲ့ ဖန့်ချန်ဟာ ဆုံးဖြတ်ချက်ချလိုက်ပြီး အချိန်မဆွဲတော့ပါဘူး။

"နတ်ဆေးပင်ကို ငါ့အတွက် ခဏကိုင်ထားပေးဦး ငါ ခဏသွားပြီး ပြန်လာခဲ့မယ်"

ဖန့်ချန်က ဆေးပင်ကို ချီထျန်းရန်ဆီ ပေးလိုက်ပြီး တစ်ခဏချင်းမှာပဲ ဝမ်ချွမ်းမြစ် ထဲ ငုပ်လျှိုးပျောက်ကွယ်သွားပါတယ်။

ချီထျန်းရန်က လက်ထဲက နတ်ဆေးပင်ကို ကြည့်ပြီး အနည်းငယ် အားကျတဲ့ အရိပ်အယောင် ပြသွားပါတယ်။

သူက ယင်လောက နတ်ဘုရားဝိညာဥ်ဖြစ်နေတော့ နတ်ဆေးပင်ကို စားလို့ မရပါဘူး။

'ကြည့်ရတာ ဒီနတ်ဆေးပင်က ယွီထင်ကျဲ ဒါမှမဟုတ် ရွှီချန်ရှီး လက်ထဲပဲ ရောက်တော့မှာပဲ...'

ချီထျန်းရန်က တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် ရုတ်တရက် တစ်နေရာကို လှမ်းကြည့်လိုက်ပါတယ်။

အသက်ရှူစွမ်းအင် မြောက်မြားစွာ ဒီဘက်ကို လာနေတာကို သူ ခံစားမိလိုက်လို့ပါ။

နတ်ဆေးပင်ဟာ အရိပ်ထဲမှာ ပုန်းကွယ်ခြင်း ကနေ ထွက်လာတာနဲ့ ကရင်ရန်ဂိုဏ်းက အဆင့် ၄ ဘိုးဘိုးကြီးဟာ တည်နေရာကို ချက်ချင်း ရှာတွေ့သွားတာပါပဲ။

ဖန်တီးရှင်ဂြိုဟ်၊ ယင်စိန့်ဂိုဏ်း ...

ယွီထင်ကျဲဟာ မျက်နှာ အနည်းငယ် ဖြူဖျော့နေပြီး ဂူထဲမှာ အသက်ရှူစွမ်းအင် ပြန်ထိန်းညှိနေတုန်းမှာပဲ သူ့ရှေ့မှာ လူရိပ်တစ်ခု ရုတ်တရက် ပေါ်လာတာကြောင့် လန့်သွားပြီး အသက်ရှူတောင် မှားမတတ် ဖြစ်သွားပါတယ်။

"အသံမထွက်နဲ့"

ဖန့်ချန်က အများကြီး ရှင်းမပြဘဲ ယွီထင်ကျဲကို နယ်နိမိတ်ဗူးသီးထဲ ထည့်လိုက်ကာ ယင်လောကကတစ်ဆင့် မီးလိပ်ခွံဂြိုဟ်ကို ပြန်လာပါတယ်။

သွားလိုက်ပြန်လိုက် အချိန်က နာရီဝက် တောင် မကြာပါဘူး။

အဲဒီ နာရီဝက်အတွင်းမှာတင် ကရင်ရန်ဂိုဏ်း ဘိုးဘိုးကြီးက ဒီဝန်းကျင်နယ်မြေ တစ်ခုလုံးကို ဝိုင်းထားလိုက်ပါပြီ။

သူတို့က ချက်ချင်း ရှေ့တိုးမလာကြပါဘူး။

နတ်ဆေးပင်ကို ခိုးသွားတဲ့သူက အကြပ်အတည်းတွေ့ရင် ဆေးပင်ကို ဖျက်ဆီးပစ်မှာ စိုးရိမ်ပုံရပြီး၊ ဒီနေရာမှာတင် ဝိုင်းထားပြီး အပိုင်ဖမ်းဖို့ ကြံစည်နေတာပါ။

ချီထျန်းရန်က နတ်ဆေးပင်ကို ကိုင်ထားတာကြောင့် သိသာတဲ့ ပစ်မှတ်ကြီး ဖြစ်နေပါတယ်။

မိုင်ပေါင်း ထောင်ချီအတွင်းမှာရှိတဲ့ နေရာအသီးသီးမှာ လွတ်လပ်သောမသေမျိုးတွေက စောင့်ကြည့်နေကြပြီး သူတို့ရဲ့ မျက်လုံးတွေက ချီထျန်းရန် လက်ထဲက ဆေးပင်ပေါ်မှာ လောဘတကြီး ကျရောက်နေကြပါတယ်။

"အရင်က လူနှစ်ယောက် မဟုတ်ဘူးလား "

"ကြည့်ရတာ အဲဒီလူနှစ်ယောက်ကို ဒီလူက လုပ်ကြံပြီး ဆေးပင်ကို လုယူထားတာ ဖြစ်မယ်"

"ဖြစ်နိုင်တယ်၊ အဲဒီနှစ်ယောက်က ကရင်ရန်ဘိုးဘိုးကြောင့် ဒဏ်ရာရထားတာ ဆိုတော့ တစ်ယောက်ယောက်က အခွင့်ကောင်းယူလိုက်တာ ဓမ္မတာပါပဲ"

"ဒါပေမဲ့... ဒီလူ့ရဲ့ အသက်ရှူစွမ်းအင်က... အရမ်းနိမ့်တာပဲ၊ အဆင့် ၁ ပဲ ရှိတာလား..."

အားလုံးရဲ့ အကြည့်တွေက ကရင်ရန်ဘိုးဘိုးဆီကို ကျရောက်သွားပါတယ်။

ဘယ်သူမှ ဝူးဝူးဝါးဝါး မလှုပ်ရှားရဲကြပါဘူး၊ နတ်ဆေးပင်က အရမ်း အဖိုးတန်တာကိုး။

ဆေးပင်ကို ဘယ်သူမှ မစားရသေးသရွေ့တော့ ဒီနေ့အပြီးမှာ ဒီဆေးပင်က သူတို့လက်ထဲ ပြန်ရောက်မှာ အသေအချာပါပဲ။

"မိတ်ဆွေ... နာမည် ဘယ်လိုခေါ်သလဲ"

ကရင်ရန်ဘိုးဘိုးက လှမ်းပြီး မေးလိုက်ပါတယ်။

လေသံကတော့ တော်တော်လေး ယဉ်ကျေးနေပါတယ်။

ချီထျန်းရန်က ခဏစဉ်းစားပြီးနောက် တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေလိုက်တယ်

"ကျုပ်က ရှန်ထူချန်း ပါ"

"ဪ... မိတ်ဆွေရှန်ထူကို ကြားဖူးနားဝ ရှိပါတယ် မိတ်ဆွေရှန်ထူရဲ့ လက်ထဲက ပစ္စည်းက နတ်ဆေးပင် ဂါလံမျိုးစေ့နတ်ပင် မဟုတ်လား "

ကရင်ရန်ဘိုးဘိုးက ပြုံးပြီး ဆိုပါတယ်

"မကြာသေးခင်ကမှ ကျုပ်ရဲ့ ကရင်ရန်ဂိုဏ်းက နှစ်ပေါင်းများစွာ ပြုစုလာတဲ့ နတ်ဆေးပင်က ရင့်မှည့်သွားတာကို လူယုတ်မာတွေ ခိုးသွားလို့ပါ အဲဒါ ကျုပ်ကြည့်ရတာ..."

"ဒါက ခင်ဗျားတို့ ကရင်ရန်ဂိုဏ်းက ဆေးပင် မဟုတ်ပါဘူး"

ချီထျန်းရန်က ခေါင်းခါလိုက်ပြီး ဆေးပင်ကို ဝတ်စုံလက်အင်္ကျီနဲ့ ကွယ်ထားကာ လူတွေကို သတိကြီးစွာ ကြည့်ပြီး ပြောလိုက်တယ်

"ခင်ဗျားတို့ အထင်လွဲနေတာ ဖြစ်မယ် တခြားနေရာမှာ သွားရှာကြရင် ပိုကောင်းမယ် ထင်တယ်"

ကရင်ရန်ဘိုးဘိုးရဲ့ မျက်နှာက ချက်ချင်း ပျက်သွားပါတယ်။

ဒီလူက သူ့ကိုရော ဒီက လွတ်လပ်သောမသေမျိုးတွေကိုရော လူအ တွေလို့ ထင်နေတာလား....

ခွေးမသား.....ငါတို့ဥာဏ်ရည်ကို စော်ကားနေတာလား....

"ခုနက ကိစ္စကို ကျုပ်လည်း ကြားပါတယ် ဒီနေရာမှာ နတ်ဆေးပင် ရုတ်တရက် ပေါ်လာတာဖြစ်ပြီး ကရင်ရန်ဂိုဏ်းက စိုက်ထားတာ မဟုတ်ဘူးဆိုတာလေ"

"ဒီလို ပစ္စည်းမျိုးကို သာမန်ဂိုဏ်းတွေက ဘယ်မှာ စိုက်နိုင်မှာလဲ မျိုးစေ့ရှာမတွေ့နိုင်သလို ရှာတွေ့ရင်တောင် ကာကွယ်ထားနိုင်မှာ မဟုတ်ဘူး ဒါကြောင့် ဒီဆေးပင်က ကရင်ရန်ဂိုဏ်းက ပျောက်သွားတာ မဟုတ်တာ သေချာပါတယ်"

ချီထျန်းရန်က ပြောပါတယ်။

"အဲဒါကို မင်း ဂရုစိုက်နေစရာ မလိုပါဘူး မင်းလက်ထဲက ဆေးပင်ကို ငါ့ဆီ အပ်လိုက်ပါ အဲဒီအခါကျရင် မင်းက ကရင်ရန်ဂိုဏ်းရဲ့ အထူးဧည့်သည်တော် ဖြစ်လာလိမ့်မယ်၊ ဘယ်လိုလဲ "

ကရင်ရန်ဘိုးဘိုးက ပြုံးလျက် ဆိုပါတယ်။

ချီထျန်းရန် စကားပြန်ပြောဖို့ ပြင်တုန်းမှာပဲ သူ့ဘေးမှာ လူရိပ်တစ်ခု ထပ်ပေါ်လာပါတယ်။

"နတ်ဆေးပင်ကို ပေးလိုက်"

အခန်း (၁၁၇၄) အခြေအနေများ ပြောင်းလဲသွားခြင်း

ချီထျန်းရန်က နတ်ဆေးပင်ကို ဖန့်ချန်ထံ ချက်ချင်းကမ်းပေးလိုက်ပြီး၊ ဖန့်ချန်ကလည်း ယွီထင်ကျဲထံ တစ်ဆင့်ပြန်ပေးလိုက်ပါတယ်။

"ဂါလံမျိုးစေ့နတ်ပင်... မဟာလောကမသေမျိုးလမ်းစဉ်ရဲ့ အဆင့် ၄ နတ်ဆေးပင်ပဲ၊ ဒါကို စားလိုက်တော့"

ယွီထင်ကျဲ မှင်သက်သွားပြီးနောက် နတ်ဆေးပင်ကို ချက်ချင်း မျိုချလိုက်ပါတယ်။

နောက်တစ်စက္ကန့်မှာပဲ သူဟာ ဖန့်ချန်ရဲ့ နယ်နိမိတ်ဗူးသီး ထဲကို ပြန်လည်သိမ်းဆည်းခြင်း ခံလိုက်ရပြီး ဖန့်ချန်နဲ့အတူ ပျောက်ကွယ်သွားပါတယ်။

သူတို့နှစ်ယောက်နဲ့အတူ ချီထျန်းရန်ပါ တစ်ပါတည်း ပျောက်ကွယ်သွားခဲ့ပါပြီ။

အရာအားလုံးဟာ လျှပ်စီးလက်သလို မြန်ဆန်လွန်းလှတာကြောင့် ကရင်ရန်ဂိုဏ်းဘိုးဘိုးကြီးတောင် တုံ့ပြန်ချိန်မရလိုက်ပါဘူး။

သူ သတိပြန်ဝင်လာတဲ့အချိန်မှာတော့ သူ့ရှေ့မှာ ဘာမှမရှိတော့ဘဲ ဟာလာဟင်းလင်း ဖြစ်ကျန်ရစ်ခဲ့ပါတယ်။

"ခုနက... နတ်ဆေးပင်ကို တစ်ယောက်ယောက် စားသွားတာလား "

"အဲဒီလူကို ငါမှတ်မိတယ်၊ သူကပဲ နတ်ဆေးပင်ကို လုသွားတာ"

"စားလိုက်တဲ့ နတ်ဆေးပင်က... ဗိုက်ကို ခွဲထုတ်ရင်တောင်... ပြန်ရမှာ မဟုတ်တော့ဘူး..."

လွတ်လပ်သောမသေမျိုးတွေဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း မျက်နှာတွေ အလွန်ပျက်သွားကြပါတယ်။

သူတို့အားလုံး ကရင်ရန်ဘိုးဘိုးကို လှမ်းကြည့်လိုက်ကြတဲ့အခါမှာတော့ တစ်ဖက်လူရဲ့ အမူအရာက တည်ငြိမ်နေဆဲဖြစ်တာကို တွေ့ရတော့ စိတ်ထဲမှာ သံသယတွေ ပိုဝင်လာပါတယ်။

"ကရင်ရန်ဘိုးဘိုး... ခင်ဗျားက ဒီလူနဲ့ မပူးပေါင်းထားဘူးလို့ ပြောဦးမလား သူက ခင်ဗျားမျက်စိရှေ့မှာတင် ဆေးပင်ကို စားသွားတာနော်"

"ဒီဆေးပင်က မီးလိပ်ခွံဂြိုဟ်မှာ ပေါ်လာတာဖြစ်တဲ့အတွက် ငါတို့ဂိုဏ်းပေါင်းစုံမှာ ဝေစုရှိသင့်တယ် အခု ငါတို့ ဆုံးရှုံးသွားတဲ့ ဝေစုကို ခင်ဗျားတို့ ကရင်ရန်ဂိုဏ်းက ပြန်ပေးမှာလား "

အဆင့် ၃ လွတ်လပ်သောမသေမျိုးတစ်ယောက်က ပြင်းပြင်းထန်ထန် မေးခွန်းထုတ်ပါတယ်။

သူ့ရဲ့နောက်ကွယ်မှာလည်း အဆင့် ၄ လွတ်လပ်သောမသေမျိုး ရှိနေတာကြောင့် ကရင်ရန်ဘိုးဘိုးကို သာမန်လူတွေလို ကြောက်ရွံ့ခြင်း မရှိပါဘူး။

ကရင်ရန်ဘိုးဘိုးက ပြုံးလိုက်ပြီး အဲဒီအဆင့် ၃ ကျင့်ကြံသူကို ကြည့်ပါတယ်။

အားလုံးက သူ တစ်ခုခု ရှင်းပြလိမ့်မယ်လို့ ထင်နေချိန်မှာပဲ သူက လက်ဦးမှုယူ လှုပ်ရှားလိုက်ပါတယ်။

ချက်ချင်းဆိုသလို လေထုက ပြောင်းလဲသွားပါတယ်။

ကရင်ရန်ဘိုးဘိုးဟာ မိုးကြိုးအဟုန်နဲ့ လူအများကြီးရှေ့မှာတင် စော်ကားမော်ကားပြောတဲ့ အဆင့် ၃ ကျင့်ကြံသူကို နှိမ်နင်းလိုက်ပါတယ်။

သူဟာ ခွေးသေတစ်ကောင်လို ဖြစ်သွားတဲ့ အဆင့် ၃ ကျင့်ကြံသူကို သူ့ရှေ့ကို ဆွဲမလိုက်ပြီး ပြုံးလျက် မေးပါတယ်

"မင်း ခုနက ဘာပြောလိုက်တာလဲ "

"ငါပြောတာက... ခင်ဗျား ကျုပ်တို့ကို လျော်ကြေးပေးရမယ် မဟာလောကမသေမျိုးလမ်းစဉ်ရဲ့ အဆင့် ၄ နတ်ဆေးပင်ဆိုတာ ဒီနေ့ ဒီနေရာမှာ ရှိနေတဲ့ အဆင့် ၃ တွေ အားလုံးအတွက် အဆင့် ၄ တက်လှမ်းနိုင်ဖို့ မျှော်လင့်ချက်ပဲ"

တစ်ဖက်လူက အားအင်ချည့်နဲ့နေပေမဲ့ အရှုံးမပေးဘဲ မျက်လုံးထဲမှာ ဒေါသတွေ ပြည့်နေပါတယ်

"ခင်ဗျားက အဆင့် ၄ ဖြစ်နေပြီဆိုတော့ ဒီဆေးပင်က ခင်ဗျားအတွက် အသုံးမဝင်ဘူး ဒါကြောင့် ဂရုမစိုက်တာ မဟုတ်လား"

"ဒါပေမဲ့ ဒီမှာရှိနေတဲ့ အဆင့် ၃ တွေကို မေးကြည့်လိုက်ဦး၊ ဂါလံမျိုးစေ့နတ်ပင် က ကျုပ်တို့အတွက် ဘယ်လောက် အရေးကြီးသလဲဆိုတာ"

"အရင်က ကတိကဝတ်တွေ ရှိထားပြီးသားကို အခု နတ်ဆေးပင်က တခြားလူလက်ထဲ ပါသွားပြီဆိုတော့ ခင်ဗျားတို့ ကရင်ရန်ဂိုဏ်းကို သံသယဝင်တာ မှားလို့လား"

"ဘာပဲဖြစ်ဖြစ် ကျုပ်ရဲ့ သက်တမ်းက ကုန်ခါနီးနေပြီ သတ်ချင်ရင် သတ်လိုက်တော့ ကျုပ်ကို သတ်လိုက်ရင်တော့ နောင်မှာ မီးလိပ်ခွံဂြိုဟ်ပေါ်မှာ ကရင်ရန်ဂိုဏ်း ခြေကုပ်ယူလို့ ရဦးမလားဆိုတာ ကြည့်ရသေးတာပေါ့ "

ကရင်ရန်ဂိုဏ်း ကျင့်ကြံသူတွေက ဒေါသထွက်သွားကြပေမဲ့ ဒီနေရာမှာရှိတဲ့ အဆင့် ၃ လွတ်လပ်သောမသေမျိုးတွေရဲ့ အကြည့်တွေက သွေးအေးလာတာကို သတိပြုမိလိုက်ပါတယ်။

သူတို့ရဲ့ အကြည့်တွေထဲမှာ ဒေါသတွေအပြင် လူသတ်ငွေ့တွေပါ ရောယှက်နေပါတယ်။

ကရင်ရန်ဘိုးဘိုး ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ခပ်ဖွဖွ ရယ်မောလိုက်ပါတယ်။

ပြီးနောက် ရှေ့က အဆင့် ၃ ကျင့်ကြံသူရဲ့ ဝတ်စုံကို သေချာပြန်ပြင်ပေးရင်း ပြောလိုက်တယ်

"ငါပြောပြီးပြီလေ၊ ကရင်ရန်ဂိုဏ်းက ဖြောင့်မတ်တယ် ကတိကဝတ်တွေ ပေးထားပြီးရင် နောက်ကွယ်ကနေ လက်ဝါးကြီးအုပ်ဖို့ ဘယ်တော့မှ မလုပ်ဘူး ခုနက လူတွေကို ငါမသိပါဘူး"

"ဒါပေမဲ့ နောက်ပိုင်းရက်တွေမှာ ကရင်ရန်ဂိုဏ်းက သူတို့ကို အသေအလဲ လိုက်ရှာမယ် သူတို့ကို ဖမ်းမိပြီး မင်းတို့ရှေ့မှာ တောင်းပန်ခိုင်းတဲ့အထိ လုပ်ပေးမယ်"

"မင်းတို့ရဲ့ ဆုံးရှုံးမှုအတွက်တော့ ကရင်ရန်ဂိုဏ်းက တစ်စိတ်တစ်ပိုင်း တာဝန်ယူပါ့မယ် ဒါပေမဲ့ ဒါကတော့ ငါနဲ့ မင်းတို့နောက်ကွယ်က ဘိုးဘေးကြီးတွေ ဆွေးနွေးရမယ့် ကိစ္စပဲ"

ကရင်ရန်ဘိုးဘိုးက အခြေအနေကို လျှော့ပေးလိုက်တာကြောင့် လူတွေရဲ့ မျက်နှာတွေ အနည်းငယ် ပြေလျော့သွားပါတယ်။

ငါ့မျက်စိရှေ့မှာတင် နတ်ဆေးပင်ကို စားသွားတယ်၊ ပြီးတော့ အစအနမကျန် ပျောက်သွားတာလား မဆိုးဘူးပဲ၊ ဒါကြောင့်လည်း ငါ့ခေါင်းပေါ် တက်နင်းရဲတာကိုး။

"ကရင်ရန်ဂိုဏ်းသားတွေ နားထောင်စမ်း၊ ရှာကြ၊ အမြစ်ပြတ်အောင် ရှာစမ်း မီးလိပ်ခွံဂြိုဟ်ပေါ်မှာ ဘယ်လို ထူးဆန်းတဲ့ ပညာရှင်တွေ ပုန်းနေသလဲဆိုတာ ငါသိချင်တယ်"

"ဟုတ်ကဲ့"

...

...

ယင်စိန့်ဂိုဏ်း မှာတော့ ဖန့်ချန်ဟာ ယွီထင်ကျဲကို ချထားပေးပြီးနောက် ပြန်လည်ထွက်ခွာသွားပါပြီ။

ယွီထင်ကျဲ တစ်ယောက်တည်းသာ ဂူထဲမှာ ကြောင်တောင်တောင်နဲ့ ကျန်ရစ်ခဲ့ပါတယ်။

ပထမတော့ သူနဲ့ တန့်ယင်တောင်သခင်တို့ ပူးပေါင်းပြီး အသက်နဲ့လဲကာ နတ်ဆေးပင်ကို လုခဲ့ရတယ်။

ပြီးတော့ ယင်စိန့်ဂိုဏ်းကို ပြန်လာပြီး ဒဏ်ရာကုနေတယ်။

ဒါပေမဲ့ မျက်စိတစ်မှိတ်အတွင်းမှာပဲ နတ်ဆေးပင်က သူ့ဗိုက်ထဲ ရောက်သွားပြီ။

အရာအားလုံးက တကယ့်ကို အလှည့်အပြောင်းတွေနဲ့ ပြည့်နေပါတယ်။

ဒီတစ်ခါ နတ်ဆေးပင်ဟာ နောက်ဆုံးမှာတော့ သူ့ရဲ့ လက်ဝယ်ကို ရောက်ရှိလာပြီး အဆင့် ၄ တက်လှမ်းဖို့ အခွင့်အရေး ဖြစ်လာလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပါဘူး။

"ဂါလံမျိုးစေ့နတ်ပင်... မဟာလောကမသေမျိုးလမ်းစဉ်..."

ယွီထင်ကျဲက တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် ဂိုဏ်းစောင့် အကာကွယ်အစီရင်ကို ချက်ချင်း ဖွင့်လိုက်ပါတယ်။

မမြင်နိုင်တဲ့ လှိုင်းလုံးတစ်ခုက သူ့ဂူကို ဗဟိုပြုပြီး အရပ်မျက်နှာ အနှံ့အပြားကို ပျံ့နှံ့သွားကာ တစ်ဂိုဏ်းလုံးကို လွှမ်းခြုံသွားပါတော့တယ်။

နောက်တစ်ဆင့်ကတော့ နတ်ဆေးပင်ကို ချေဖျက်ဖို့ပါပဲ။

မဟာလောကမသေမျိုးလမ်းစဉ်ရဲ့ ရှေ့ဆက်လမ်းက ကောင်းမကောင်း မသေချာပေမဲ့ အခုလို အဆင့် ၄ တက်လှမ်းနိုင်ဖို့ ဆိုတာကတော့ ထောင်စုနှစ်မှာ တစ်ခါရခဲတဲ့ အခွင့်အရေးမို့ သူ ဘယ်တော့မှ အလဟဿ အဖြစ်မခံပါဘူး။

နတ်ဆေးပင် စားပြီးပါလျက်နဲ့မှ အဆင့် ၄ မတက်နိုင်ဘူးဆိုရင်တော့ သူဟာ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ပြီး ဝိညာဉ်နတ်ဘုရားလမ်းကိုပဲ အာရုံစိုက် လျှောက်လှမ်းပါတော့မယ်။

ယင်စိန့်ဂိုဏ်းရဲ့ ဧည့်ခန်းမဆောင်မှာတော့ နယဲ့ချန်ခုန်း တို့ အဆင့် ၂ လွတ်လပ်သောမသေမျိုးတွေဟာ ဧည့်သည်တွေနဲ့ တွေ့ဆုံနေပါတယ်။

ဂိုဏ်းစောင့် အစီရင်ကြီး ရုတ်တရက် ပွင့်လာတာကို မြင်တော့ အားလုံးရဲ့ မျက်နှာမှာ အံ့အားသင့်မှုတွေ ဖြစ်ပေါ်ကုန်ပါတယ်။

"အဖေ... ဂိုဏ်းချုပ်က အစီရင်ကို ဖွင့်လိုက်တာပါ"

နယဲ့ယွမ်ချန် က ဧည့်ခန်းထဲကို အပြေးအလွှား ဝင်လာပါတယ်။

အဆင့် ၂ လွတ်လပ်သောမသေမျိုး အနည်းငယ်ဟာ ဒီနေ့ရဲ့ ဧည့်သည်တွေပါ။

သူတို့ဟာ ချောင်ဖုန်းဒေသမှာတော့ ကျော်ကြားတဲ့ သူတွေ ဖြစ်ပါတယ်။

နာမည်ကြီးတာ ကြာပြီဖြစ်သလို အဆင့် ၂ ကျင့်ကြံမှုမှာလည်း နယဲ့ချန်ခုန်း နဲ့ စူးကျဲ တို့ထက်တောင် ဝါရင့်သူတွေပါ။

"ရန်သူ လာတိုက်တာလား "

နယဲ့ချန်ခုန်းက စိတ်လှုပ်ရှားသွားပြီး လွတ်လပ်သောမသေမျိုးရဲ့ အာရုံခံစိတ် ကို ယင်စိန့်ဂိုဏ်း ပတ်ဝန်းကျင်ဆီ လှိုင်းလုံးကြီးလို ဖြန့်ကြက်လိုက်ပါတယ်။

ခဏအကြာမှာတော့ သူက ထူးဆန်းတဲ့ အမူအရာနဲ့ ခေါင်းခါလိုက်တယ်

"ငါ အထင်မှားတာပဲ၊ ငါတို့ဂိုဏ်းကို လာတိုက်တဲ့သူ မရှိပါဘူး"

"မိတ်ဆွေနယဲ့... မိတ်ဆွေစူး... ဒါဆိုရင်... ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်ကြရအောင် ယင်စိန့်ဂိုဏ်းမှာ ကိုယ်ရေးကိုယ်တာကိစ္စတွေ ရှိနေပုံရတော့ ငါတို့ နောက်တစ်ခေါက်မှပဲ လာခဲ့ပါတော့မယ်"

အဆင့် ၂ လွတ်လပ်သောမသေမျိုး တစ်ချို့က အိုးတိုးအန်တန်း ဖြစ်သွားပြီး ပြန်ဖို့ ပြင်ကြပါတယ်။

နယဲ့ချန်ခုန်းကတော့ ရယ်မောရင်း

"မိတ်ဆွေတို့ အလောတကြီး မပြန်ပါနဲ့ဦး ဂိုဏ်းစောင့် အစီရင်ကြီး ပွင့်သွားပြီဆိုတော့ အခုက အဝင်ရော အထွက်ပါ ပိတ်ထားတာပါ ခဏလောက် ထပ်စောင့်လိုက်ကြပါဦး"

လွတ်လပ်သောမသေမျိုး အနည်းငယ်ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း မျက်နှာကို အတင်းပြုံးကာ ပြန်ထိုင်လိုက်ကြရပါတယ်။

"ခုနက ငါတို့ ဘယ်နားအထိ ရောက်သွားလဲ ဪ... မိတ်ဆွေတို့ရဲ့ သက်တမ်းအကြောင်းပေါ့ ငါသိသလောက်ဆိုရင် မိတ်ဆွေတို့ရဲ့ သက်တမ်းက ကုန်ခါနီးနေပြီ ကိုယ့်အတွက် နောက်ဆုတ်လမ်း တစ်ခုခု ရှာဖို့ မစဉ်းစားထားဘူးလား "

နယဲ့ချန်ခုန်းက မေးပါတယ်။

"ငါတို့ ဒီနေ့ လာတာကလည်း မိတ်ဆွေနယဲ့ အဲဒီကိစ္စကို စကားစခဲ့လို့ပါ ဒါပေမဲ့ ခုနကနေ အခုအထိ မိတ်ဆွေနယဲ့ က တည့်တည့်မပြောဘဲ ဝေ့လည်ကြောင်ပတ် လုပ်နေတာဆိုတော့ ငါတို့က ဘယ်လို ပြန်ဖြေရမှာလဲ "

အဆင့် ၂ တစ်ယောက်က မျက်နှာသိသိသာသာ ပျက်သွားပါတယ်။

ယင်စိန့်ဂိုဏ်းရဲ့ ဂုဏ်သတင်းအရ သူတို့ကို ဒုက္ခပေးမှာ မဟုတ်ဘူးလို့ ထင်ခဲ့ပေမဲ့ အခုတော့ ဂိုဏ်းကို ရုတ်တရက် ပိတ်လိုက်ပြီး အဝင်အထွက် မရအောင် လုပ်လိုက်တာက သူတို့ကို ရည်ရွယ်ပြီး လုပ်တာလို့ ထင်နေတာပါ။

"ဒါဆိုရင်လည်း ငါ တည့်တည့်ပဲ ပြောပါ့မယ် မိတ်ဆွေတို့ နတ်ဘုရားဝိညာဥ်လမ်းစဥ် အကြောင်း ကြားဖူးသလား "

နျဲ့ချန်ခုန်းက ပြုံးလျက် ဆိုပါတယ်။

နတ်ဘုရားဝိညာဥ်လမ်းစဥ်

လူအနည်းငယ်ရဲ့ စိတ်တွေ လှုပ်ရှားသွားပြီး

"သေချာလေး ရှင်းပြပေးပါဦး"

...

...

သိုင်းဝိညာဥ်နယ်မြေ၊ ယွီရွှီဂြိုဟ်။

ဖုန်မှုန့်တွေ ကြားမှာ ခရီးနှင်လာတဲ့ လူ ၃ ယောက်ဟာ ချိန်းဆိုထားတဲ့ အချိန်မတိုင်ခင် ရက်အနည်းငယ်အလိုမှာပဲ ပန်းတိုင်ကို ရောက်လာခဲ့ပါတယ်။

"ဒီ ယွီရွှီဂြိုဟ်က သိုင်းဝိညာဥ်နယ်မြေထဲမှာတော့ တော်တော်လေး နာမည်ကြီးတယ် ဒီက ဝိညာဉ်သုတ်သင်ရေးဌာန ဌာနမှူးရဲ့ ကျင့်ကြံမှုက ငါတို့ထက် အများကြီး သာတယ် အဆင့် ၄ ကိုယ်ခန္ဓာစွန့်မသေမျိုး တစ်ပါးလို့ ကြားဖူးတယ်"

ဖူယွမ်ကျူးက တိုးတိုးလေး ရေရွတ်ပါတယ်။

"ကျမ ကြားတာတော့ ဒီလူ့ရဲ့ အစွမ်းက မသေးဘူးတဲ့ ဝိညာဉ်သုတ်သင်ရေးဌာနက ဒီနေရာမှာ ဝိညာဥ်နတ်ဘုရားဂိုဏ်းနဲ့ အရှုံးအနိုင် မပေါ်ဘဲ တိုက်နေတာတဲ့"

ချူကျားရဲ့ မျက်နှာမှာ စိတ်ဝင်စားတဲ့ အရိပ်အယောင်တွေ ပေါ်လာတယ်

"ဒီတစ်ခါတော့ ဒီလူနဲ့ ကိုယ်တိုင်တွေ့ရတော့မယ်"

စကားပြောနေတုန်းမှာပဲ သူတို့ ၃ ယောက်ရဲ့ နောက်က အစီရင်ကနေ အလင်းတန်းတစ်ခု ထပ်ထွက်လာပြီး လူရိပ်အနည်းငယ် ထွက်လာပါတယ်။

သူတို့က ဖူယွမ်ကျူးနဲ့ ချူကျားကို မြင်လိုက်တာနဲ့ မျက်နှာမှာ နွေးထွေးတဲ့ အပြုံးတွေနဲ့ နှုတ်ဆက်ကြပါတော့တယ်။

All Chapters