← Chapters

အခန်း (၃၈၁-၃၈၂)

Vol. 39 Ch. 381-382

အခန်း (၃၈၁-၃၈၂)

Vol. 39 Ch. 381-382

အခန်း ၃၈၁ ကျွန်မ မထိုက်တန်ပါဘူး

“—မစ္စတာမိုက ဒီလို မွေးနေ့ပွဲ အကြီးအကျယ် လုပ်ရတာမျိုးကို မနှစ်သက်ဘူး မဟုတ်လား ဒီနှစ်ကျမှ ဘာလို့ ငါတို့ကို ဖိတ်တာလဲ”

“ဘယ်သူဂရုစိုက်မှာလဲ ပွဲလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ငါတို့အတွက် ဘာမှမထူးခြားပါဘူး”

“ရှင်းယောင်လုပ်ငန်းစုက AI ပရောဂျက်ကို အနိုင်ရသွားတယ်လို့ ကြားတယ် မင်းသာ အဲ့ဒါကို စိတ်ဝင်စားရင် အကျိုးအမြတ်ခွဲဝေဖို့ မိတ်ဖက်ရှာနိုင်မလားဆိုတာ သွားကြည့်တာ ပိုကောင်းမယ်”

“ထိန်ဖေးနည်းပညာက ဘာကြောင့် ပြိုင်ပွဲကနေ နုတ်ထွက်သွားတာလဲဆိုတာ ငါတော့ နားမလည် နိုင်ဘူး”

......

မင်ယွဲ့နှင့် မိုဟန်ကျီတို့သည် ဒုတိယထပ်တွင် ရပ်နေကြသည်။

မင်ယွဲ့သည် လက်ရန်းကို မှီကာ အောက်ထပ်သို့ ငုံ့ကြည့်နေရင်း အခြေအနေအရပ်ရပ်ကို အပေါ်စီးမှ ခြုံငုံကြည့်ရှုနေသကဲ့သို့ ခံစားချက်မျိုး ရရှိနေ၏။

မိုဟန်ကျီကမူ သူမ၏ နောက်ကွယ်တွင် သူမအား ကာကွယ်ပေးမည့် သူရဲကောင်းတစ်ဦးကဲ့သို့ ရပ်တန့်နေသည်။

နောက်ဆုံးတွင် တစ်စုံတစ်ယောက်က သူတို့နှစ်ဦးကို သတိထားမိသွားပြီး အပေါ်သို့ မော့ကြည့် လိုက်ကြသည်။

“အစ်မ၊ ဟိုမှာကြည့် ဒီနေ့လာရတာ တန်ပါတယ်လို့ ကျွန်မပြောသားပဲ မြန်မြန်... ကျွန်မကို အားပေးစကား နည်းနည်းလောက် ပြောပါဦး”

သူမသည် ဖုန်းကို အမြန်ထုတ်ကာ ထိုမြင်ကွင်းကို ရိုက်ကူးထားချင်လှသည်။ ထိုပုံရိပ်မှာ အမှန်တကယ်ပင် ရင်သပ်ရှုမောဖွယ် အလှတရား ဖြစ်နေသောကြောင့်ပင်။

“ငါမြင်ပါတယ် ကျေးဇူးပြုပြီး စိတ်ကိုအေးအေးထားပြီး ငါ့လက်ကို လွှတ်ပေးပါဦးမလား နင်ဆွဲထားတာ နာလွန်းလို့ ငါ့လက်တောင် ညိုမွဲနေပြီ”

“တောင်းပန်ပါတယ်”

သူမသည် စိတ်လှုပ်ရှားလွန်းသဖြင့် သူငယ်ချင်းဖြစ်သူ၏ လက်ကို မတော်တဆ အားပြင်းပြင်းဖြင့် ဆွဲမိသွားကြောင်း သတိထားမိသွားသည်။

သူမ၏ ဖခင်ဖြစ်သူက သူမအား အရည်အချင်းရှိသော လူငယ်များနှင့် ဆုံတွေ့စေရန် မစ္စတာမို၏ မွေးနေ့ပွဲသို့ တက်ရောက်ခိုင်းခြင်း ဖြစ်သည်။

အစပိုင်းတွင် သူမ အလွန်တွန့်ဆုတ်နေခဲ့သော်လည်း မိုဟန်ကျီ၏ ရင်သပ်ရှုမောဖွယ် ခန့်ညားမှုကို မြင်တွေ့လိုက်ရပြီးနောက်တွင်မူ သူမ၏ စိတ်များ ချက်ချင်းပင် ငြိမ်သက်သွားတော့သည်။

ထားလိုက်ပါတော့၊ ဒေါသမထွက်ပါနဲ့တော့။

ဒေါသတွေထွက်ပြီး သေသွားရင်တောင် ဘယ်သူမှ ကိုယ့်နေရာကို အစားထိုးနိုင်မှာ မဟုတ်ဘူး။ ခန့်ညားတဲ့ အမျိုးသားတွေနဲ့ လှပတဲ့ အမျိုးသမီးတွေကို လာကြည့်တယ်လို့ပဲ သဘောထားလိုက်တော့မယ်။

ချန်ယောင်လည်း ရောက်ရှိလာသည်။ ယခင်အတိုင်း အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ သူမ၏ ဘေး၌ ခန့်ညားသော အမျိုးသားတစ်ဦး ပါဝင်လာသည်။

ဒုတိယထပ်ရှိ တောက်ပသော မင်ယွဲ ကို မြင်လိုက်ရသောအခါ သူမသည် ဝိုင်ဖန်ခွက်ကို အပေါ်သို့ မြှောက်ပြလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် သူမ၏ နီရဲသော နှုတ်ခမ်းကို ထိကာ မင်ယွဲ့ထံသို့ လေထဲမှတစ်ဆင့် အနမ်းတစ်ခု ပေးပို့လိုက်သည်။

မင်ယွဲ့သည် အကျယ်ကြီး ရယ်မောလိုက်ပြီး လက်နှစ်ဖက်ဖြင့် နှလုံးသားပုံစံလေး လုပ်ပြလိုက်သည်။

“ယွဲ့ယွဲ့၊ သူ့ကို မကြည့်ပါနဲ့၊ ကျွန်တော့်ကိုပဲ ကြည့်ပါ”

မိုဟန်ကျီက မင်ယွဲ့၏ ပုခုံးကို ဖက်လိုက်ပြီး ချန်ယောင်ကို အေးစက်စွာ စိုက်ကြည့်လိုက် သည်။

ချန်ယောင်က ပို၍ပင် အားရပါးရ ရယ်မောလိုက်သည်။ မိုဟန်ကျီ၏ မျက်နှာက ပို၍ ညိုမှောင်လေလေ၊ သူမ၏ အပြုံးက ပို၍ တောက်ပလေလေပင်။

“သူ့ကိုတွေ့ရတာနဲ့ပဲ မင်း အဲ့ဒီလောက် တော်တော်ပျော်နေတာလား”

ချန်ယောင်၏ အပြုံးသည် ဘေးရှိ အမျိုးသား၏ စကားကြောင့် ရပ်တန့်သွားသည်။

“ရှင် ဘာကို ဆိုလိုတာလဲ”

“မင်း မိုဟန်ကျီကို မြင်လို့ ရယ်နေတာ မဟုတ်ဘူးလား သူ့ကို လေထဲကနေ အနမ်းတောင် ပေးလိုက်သေးတယ်”

ထိုအမျိုးသားက စကားပြောလေလေ၊ သူ၏ မျက်နှာက ပို၍ တင်းမာလာလေလေပင်။

“အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောပါနဲ့ ကျွန်မနဲ့ မိုဟန်ကျီက ရှင့်စကားက ဘာတွေလဲ အဲ့ဒါက ဟိုးအရင်က ကိစ္စတွေပါ ကျွန်မက ယွဲ့ယွဲ့ကို နှုတ်ဆက်နေတာ”

စုယောင် စကားမရှိ ဖြစ်သွားရသည်။

“ရှင်က နိုင်ငံခြားမှာ ပညာသင်ရင်းနဲ့များ အရူးဖြစ်သွားတာလား ယန်ကျင်းတက္ကသိုလ်မှာ စာသင်တာက နိုင်ငံရဲ့ နောက်မျိုးဆက်တွေကို ဖျက်ဆီးရာ မကျပေဘူးလား”

စုယောင်၏ ဘေးရှိ အမျိုးသားမှာ စုကျဲ့ဖြစ်ပြီး သူမ၏ ငယ်သူငယ်ချင်းဟု ဆိုနိုင်သည်။

တက်ကြွဖြတ်လတ်ပြီး စိတ်လိုက်မာန်ပါ လုပ်တတ်သော စုယောင်နှင့် မတူဘဲ သူသည် ငယ်စဉ်ကတည်းက ယဉ်ကျေးသိမ်မွေ့သူဖြစ်ပြီး ဒဿနိကဗေဒကိုပင် အဓိကထား သင်ယူခဲ့သူ ဖြစ်သည်။

သူသည် နိုင်ငံခြားတွင် ဒေါက်တာဘွဲ့ ရရှိထားပြီးဖြစ်ကာ ယန်ကျင်းတက္ကသိုလ်က စာပြရန် ဖိတ်ကြားခြင်း ခံထားရသူဖြစ်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ စုကျဲ့၏ မျက်နှာအမူအရာ ပြေလျော့သွားပြီး အပေါ်ထပ်သို့ မော့ကြည့်လိုက်သည်။ အမှန်ပင် မိုဟန်ကျီ၏ ဘေးတွင် အမျိုးသမီးတစ်ဦး ရှိနေသည်။

“ယွဲ့ယွဲ့နဲ့ မိုဟန်ကျီက ဘာပတ်သက်တာလဲ”

စုယောင်သည် ယခင်က မိုဟန်ကျီနောက်သို့ တကောက်ကောက် လိုက်ခဲ့ဖူးပြီး သူ မည်မျှပင် ဖျောင်းဖျစေကာမူ သူမ စိတ်ပြောင်းခြင်း မရှိခဲ့ပေ။

ယခုတွင်မူ မိုဟန်ကျီသည် အခြားမိန်းကလေးတစ်ဦးနှင့် ရင်းနှီးနေသည်ကို မြင်သော်လည်း သူမတွင် မည်သည့် ခံစားချက်မျှ ရှိမနေတော့ပေ။

“ရှင့်ဆီမှာ 2G ပဲ ရှိတာလား တရုတ်ပြည်ကို ပြန်လာတော့ အင်တာနက် မသုံးဘူးလား ယွဲ့ယွဲ့က မိုဟန်ကျီရဲ့ ရည်းစားလေ”

စုကျဲ့သည် စိတ်ကြည်လင်သွားသည်။

ယောင်ယောင်သည် မိုဟန်ကျီ၏ ရည်းစားနှင့် အဆင်ပြေပြေ ဆက်ဆံနိုင်သည်ဆိုကတည်းက သူမသည် မိုဟန်ကျီကို စိတ်မဝင်စားတော့သည်မှာ သေချာလှသည်။

“ငါ အခုမှ ပြန်ရောက်တာဆိုတော့ ဘာမှ မသိသေးဘူး မင်းကပဲ ငါ့ကို လမ်းပြပေးရမှာပေါ့”

“ကောင်းပါပြီ၊ ကျွန်မ ရှင့်ကို ကာကွယ်ပေးပါ့မယ်”

အစ်မကြီးတစ်ဦးကဲ့သို့ပင် ချန်ယောင်သည် သူမ၏ ဖန်ခွက်ကို မြှောက်ကာ စုကျဲ့၏ ဖန်ခွက် နှင့် တိုက်လိုက်သည်။

“အယ်လ်ကိုဟော လျှော့သောက်ပြီး ဖျော်ရည်ပဲ သောက်ပါလား”

“အင်းပါ၊ အင်းပါ၊ စကားများမနေနဲ့တော့”

စုကျဲ့သည် နှုတ်ခမ်းကို စေ့လိုက်ပြီး သူ၏ ဖန်ခွက်ကို ဖျော်ရည်ဖြင့် လဲလှယ်လိုက်သည်။

မျက်စိအမြင် စူးရှသော မင်ယွဲ့သည် အောက်ထပ်မှ လူနှစ်ဦး၏ အပြန်အလှန် ဆက်ဆံမှုကို ကြည့်ကာ နားလည်သဘောပေါက်စွာ ပြုံးလိုက်သည်။

ထိုအမျိုးသားသည် ချန်ယောင်ကို သိသိသာသာ ချစ်မြတ်နိုးနေသည်။

“အနီးဆုံးက အဝေးဆုံး”

ဟု ပြောကြသည့်အတိုင်းပင်၊ ချစ်သူဖြစ်လုနီးပါးပင် ဖြစ်နေသော်လည်း တစ်ဦးနှင့်တစ်ဦး မသိကျိုးကျွံ ပြုနေကြသည်။

ချန်ယောင်သည်လည်း စုကျဲ့အပေါ် သံယောဇဉ် မရှိဟု မဆိုနိုင်ပေ။ သူမ၏ ဆက်ဆံပုံမှာ အခြားသူများနှင့် သိသိသာသာ ကွဲပြားနေသောကြောင့်ပင်။

“ကဲ၊ သွားကြစို့”

မိုမိခင်သည် အဘွားလီကို တွဲကူရန် အပေါ်သို့ တက်လာပြီး မင်ယွဲ့နှင့် မိုဟန်ကျီတို့ကမူ သူတို့နောက်မှ ဘေးချင်းယှဉ်ကာ လိုက်ပါလာကြသည်။

မိုမိသားစုဝင်များ အောက်သို့ ဆင်းလာသည်ကို လူတိုင်းက စောင့်ကြည့်နေကြသည်။

“အဲ့ဒါ မစ္စတာမိုရဲ့ ရည်းစားဖြစ်ရမယ်၊ အင်တာနက်ပေါ်က ဓာတ်ပုံတွေထဲကထက်တောင် ပိုလှသေးတယ်”

“လှရုံတင်မကဘူး၊ ထူးချွန်တဲ့သူလည်း ဖြစ် တယ် မင်း ဟယ်အဘိုးကြီးရဲ့ မွေးနေ့ပွဲကို မတက်ခဲ့ဘူးထင်တယ်၊ ငါပြောပြမယ်...”

တရားဝင် ကြေညာပြီးနောက်တွင် မင်ယွဲ့၏ ဓာတ်ပုံများစွာ အင်တာနက်ပေါ်၌ ပျံ့နှံ့ခဲ့ပြီး အများစုမှာ ပီကင်းတက္ကသိုလ်မှ ဘွဲ့နှင်းသဘင် ဓာတ်ပုံများ ဖြစ်သည်။

ယခုပွဲမှာ သူမအနေဖြင့် မိုဟန်ကျီနှင့်အတူ လူအများရှေ့သို့ ပထမဆုံးအကြိမ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မစ္စတာဟယ်၏ မွေးနေ့ပွဲ တက်ရောက်ခဲ့ဖူးသူများကမူ မင်ယွဲ့သည် ရုပ်ရည်လှပရုံသာမကဘဲ အရည်အချင်းနှင့် ရုပ်ရည် ပြည့်စုံသူတစ်ဦးဖြစ်ကြောင်း အခြားသူများကို လိုက်လံ ရှင်းပြနေကြတော့သည်။

ဝေကွမ်လည်း ရောက်ရှိလာသည်။ ဝေမိသားစုသည် ဖိတ်စာ မရရှိခဲ့သော်လည်း သူမသည် အခြားတစ်စုံတစ်ယောက်ထံမှတစ်ဆင့် ရအောင် ယူခဲ့ခြင်းဖြစ်သည်။

မင်ယွဲ့နှင့် မိုဟန်ကျီတို့ အလွန်ရင်းနှီးနေသည်ကို မြင်လိုက်ရသောအခါ သူမသည် လက်သီးကို တင်းတင်းဆုပ်ထားမိသည်။

သူမ၏ လက်ဖဝါးမှ သွေးများ ထွက်လာပြီး လက်သည်းများကြောင့် နာကျင်မှု ခံစားရသည့်တိုင်အောင် တင်းတင်းဆုပ်ထားရာမှ နောက်ဆုံးတွင်မှ ပြန်လွှတ်လိုက်ရသည်။

ဝေမိသားစုနှင့် မိုမိသားစုတို့မှာ မသင့်မြတ်ကြကြောင်း လူတိုင်း သိထားကြသဖြင့် ဝေကွမ် ရောက်ရှိနေသော်လည်း မည်သူမျှ သူမအနားသို့ မကပ်ရဲကြပေ။

ဝေကွမ်သည် လူအများကြားတွင် အထီးကျန်နေရသည်။ စည်ကားသိုက်မြိုက်လှသော ဤမွေးနေ့ပွဲ၌ သူမတစ်ဦးတည်းသာ တိတ်ဆိတ်မှုများဖြင့် ဝန်းရံခြင်း ခံထားရသည်။

ယနေ့သည် မိုဟန်ကျီ၏ နေ့တစ်နေ့ဖြစ်ပြီး သူသည် မင်ယွဲ့နှင့်အတူ လူတိုင်း၏ မွေးနေ့ဆုတောင်းစကားများအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဥက္ကဋ္ဌမိုသည် ယနေ့တွင် စိတ်ကြည်လင်နေကြောင်း လူတိုင်း ခံစားမိကြသည်။ သိသိသာသာ မဟုတ်သော်လည်း သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ရှိနေသည်။

“မစ္စတာမို၊ ဒီဝတ်စုံကို ဘယ်ဒီဇိုင်နာဆရာကြီးဆီမှာ ချုပ်ထားတာလဲ တကယ်ကို ကြည့်ကောင်းလွန်းတယ်”

တစ်စုံတစ်ယောက်က မိုဟန်ကျီ၏ ထူးခြားသော ဝတ်စုံကို သတိထားမိသွားပြီး မေးမြန်းလိုက် သည်။

“ဒီ ‘M’ က အမှတ်တံဆိပ်လား၊ ဒါမှမဟုတ် အဲ့ဒီဆရာကြီးရဲ့ ကုဒ်နာမည်လား”

မိုဟန်ကျီသည် သူ၏ ကော်လာပေါ်တွင် ချည်ထိုးထားသော ‘M’ အက္ခရာလေးကို ငုံ့ကြည့်လိုက် သည်။

“အဲ့ဒါကိုတော့ ဒါကို ဖန်တီးတဲ့သူကိုပဲ မေးကြည့်ရမယ်”

သူသည် စကားပြောပြီးနောက် ဘေးရှိ မိန်းကလေးအား သူမ လန့်သွားမည်ကို စိုးရိမ်သည့်အလား “ယွဲ့ယွဲ့” ဟု ညင်သာသော အသံဖြင့် ခေါ်လိုက်သည်။

မေးခွန်းမေးသူမှာ မှင်တက်သွားရသည်။ ဒါက ဘာကို ဆိုလိုတာလဲ။

“ဒီမှာရှိတဲ့ M က မိုဟန်ကျီ နာမည်ရဲ့ ပထမဆုံး အက္ခရာပါ”

မင်ယွဲ့က ရှင်းပြလိုက်သည်။ ဤဝတ်စုံကို သူမကိုယ်တိုင် ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း သွယ်ဝိုက်၍ ဝန်ခံလိုက်ခြင်းပင်။

“ဒီလို အခြေအနေမျိုးမှာ ကျွန်တော်တော့ တစ်ခုခု ဆဲလိုက်ချင်ပြီ”

“အံ့ဩဖို့ကောင်းလိုက်တာ၊ ကျွန်တော် ဆက်ပြီး မထိန်းနိုင်တော့ဘူး၊ ဒီထက် ကောင်းတဲ့ စကားလုံးလည်း မစဉ်းစားမိတော့ဘူး”

“ကဲပါ၊ ငါက မင်းထက် ပိုပြီး ယဉ်ကျေးပါတယ်၊ ပြီးတော့ ပိုပြီးလည်း အံ့ဩစရာ ကောင်းနေတယ်”

“ဟားဟား၊ တရုတ်စာနဲ့ အင်္ဂလိပ်စာ ပေါင်းစပ် လိုက်တာက တကယ်ကို ထူးခြားတာပဲ”

“ငါ့အတွက် အင်္ကျီချုပ်ပေးမယ့် ရည်းစားမျိုး ဘယ်တော့မှ ရမှာလဲ”

“မင်းမှာ အရင်ဆုံး မစ္စတာမိုလို ရုပ်ရည်ရှိဖို့ လိုတယ်၊ ပြီးတော့ မစ္စတာမိုလို ငွေကြေးဓနလည်း ရှိရဦးမယ်”

“ထားလိုက်ပါတော့၊ ကျွန်တော် မထိုက်တန်ပါဘူး”

......

ဤနေရာရှိ လေထုသည် ပျော်ရွှင်ချမ်းမြေ့စရာ ကောင်းနေပြီး မင်ယွဲ့သည် မရေမတွက်နိုင်သော ချီးမွမ်းစကားများကို လက်ခံရရှိခဲ့သည်။

ဝေကွမ်သည် ထိုစကားများကို ကြားရလေလေ၊ ပို၍ စိတ်မသက်မသာ ဖြစ်လာလေလေပင်။

ဝေကွမ်၏ အကြည့်များသည် အခြားသူများနှင့် မတူကြောင်း ချန်ယောင် သတိထားမိလိုက်သည်။ သူမသည် မင်ယွဲ့ကို အငြိုးအတေးကြီးစွာဖြင့် စိုက်ကြည့်နေပြီး သူမ၏ အာရုံအားလုံးကို မင်ယွဲ့ထံသို့သာ ပုံဖော်ထားသည်။

ပွဲလမ်းသဘင် တစ်ဝက်ခန့်တွင် တေးဂီတသံမှာ ရုတ်တရက် ကပွဲသီချင်းအဖြစ် ပြောင်းလဲသွားသည်။

မိုဟန်ကျီသည် မင်ယွဲ့၏ ရှေ့သို့ ရောက်လာပြီး ဒူးကို အနည်းငယ် ညွှတ်ကာ လက်တစ်ဖက်ကို နောက်သို့ ပို့ထားပြီး ကျန်လက်တစ်ဖက်ကို မင်ယွဲ့ထံသို့ ကမ်းပေးလိုက်သည်။

“လှပတဲ့ အမျိုးသမီးလေးခင်ဗျာ၊ ကျွန်တော်နဲ့အတူ ကပြဖို့ ခွင့်ပြုနိုင်မလား”

မင်ယွဲ့သည် ဝမ်းသာအားရ လက်ခံလိုက်ပြီး သူမ၏ လက်ကလေးကို သူ၏ ကျယ်ပြန့်သော လက်ဖဝါးထဲသို့ ထည့်လိုက်ရာ သူတို့နှစ်ဦး၏ ကိုယ်အပူချိန်မှာ တစ်ခဏအတွင်း ပေါင်းစည်းသွားတော့သည်။

သူမ၏ မျက်လုံးလေးများ ဝင်းလဲ့နေသည်ကို ကြည့်ပြီး မိုကတော်က

“အို... မစ္စတာမိုရေ၊ ကျွန်မတို့သားလေးက နောက်ဆုံးတော့ လူလားမြောက်သွားပြီပဲ သူ အခုဆို မိန်းကလေးတွေကို ဘယ်လို ပရောပရည် လုပ်ရမလဲဆိုတာ သိနေပြီ”

ဟု ရေရွတ်လိုက်သည်။

ငါ့သားလေးက တစ်ယောက်တည်း အိုမင်းသွားလိမ့်မယ်လို့ ငါ အမြဲတွေးခဲ့တာ၊ ဒါပေမဲ့ ဒီလို မြင်ကွင်းမျိုးကို မြင်ရလိမ့်မယ်လို့ ငါ တစ်ခါမှ မမျှော်လင့်ခဲ့မိဘူး။

အခန်း (၃၈၂) လွဲချော်သွားသော အခွင့်အရေး

ယွဲ့ယွဲ့နှင့် ရှိနေချိန်တွင်မှ မိမိ၏သားဖြစ်သူထံ၌ တစ်ခါမျှ မမြင်ဖူးသော အခြားတစ်ဖက်ခြမ်းကို မြင်တွေ့ရသည်မှာ အမှန်ပင် ဖြစ်သည်။

“ဟန်ကျီက ကျွန်တော့်အတိုင်းပဲလေ၊ မိန်းကလေးတွေကြားမှာ ရေပန်းစားတာပေါ့”

မစ္စတာမိုက သူ၏စကားကို အတည်ပြုသည့်အလား ခေါင်းကို တဆတ်ဆတ်ညိတ်ကာ ပြောလိုက်သည်။ သို့သော် သူ၏ဘေးရှိ မိုကတော်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကိုမူ သူ သတိမထားမိလိုက်ချေ။

“ဟင်... ရှင်က မိန်းကလေးတွေကြားမှာ ရေပန်းစားတယ် ဟုတ်လား ပြောပါဦး... ဘယ် မိန်းကလေးတွေက ရှင့်ကို သဘောကျတာလဲ ကျွန်မ ဘာလို့ တစ်ယောက်မှ မသိရတာလဲ”

မစ္စတာမိုနှင့် မိုကတော်တို့မှာ တက္ကသိုလ်ကျောင်းနေဖက်များ ဖြစ်ကြပြီး ကိုယ်တိုင် မေတ္တာမျှခဲ့ကြသူများ ဖြစ်သည်။

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကိုယ်က ဒီတိုင်း စကားအဖြစ် ပြောလိုက်တာပါ”

မိုကတော်သည် မိုဖခင်၏ နောက်ကျောဘက်သို့ လက်လှမ်းလိုက်ပြီး အချက်ပိုင်ပိုင်နေရာတစ်ခုကို ရှာကာ ဆွဲလိမ်လိုက်တော့သည်။

မစ္စတာမိုမှာ နာကျင်လွန်းသဖြင့် အော်ဟစ်မိတော့မဆဲဆဲ ဖြစ်သွားသော်လည်း သူ၏ မာနကြောင့် တင်းခံထားလိုက်ရသည်။

ဤနေရာတွင် လူပေါင်းများစွာ ရှိနေသည် မဟုတ်ပါလား။ မနက်ဖြန် သတင်းစာမျက်နှာထက်၌ သူ၏ပုံရိပ်များ တက်လာမည်ကိုလည်း သူ မလိုလားပေ။

#တုန်လှုပ်ဖွယ်ရာ!! ရှင်းယောင်လုပ်ငန်းစု၏ ဥက္ကဋ္ဌဟောင်းသည် သားဖြစ်သူ၏ မွေးနေ့ပွဲတွင် မလျော်ကန်သော အပြုအမူများ ပြုလုပ်ခဲ့သည်။

ဤသည်မှာ လူ့ဂုဏ်သိက္ခာ ပျက်ယွင်းမှုလော သို့မဟုတ် ကိုယ်ကျင့်တရား ကျဆင်းမှုလော#

သူ အပြည့်အဝ အလျှော့ပေး နာခံလိုက်သည့် အခါမှသာ မိုမိခင်က လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။

“မိန်းမရယ်... မင်းကလည်း ကိုယ့်အကြောင်း သိသားနဲ့ ကိုယ်က တခြားသူတွေဆီက ရည်စားစာတောင် တစ်ခါမှ လက်မခံခဲ့ဖူးပါဘူး ကိုယ်က မင်းတစ်ယောက်တည်းကိုပဲ ချစ်တာပါ မင်းက ကိုယ့်ရဲ့ ပထမဆုံး အချစ်စစ်ပါ”

မစ္စတာမိုက မိုကတော်၏ ပုခုံးကို ဖက်ကာ ညင် ညင်သာသာ ချော့မော့လိုက်သည်။

“တကယ်လား အဲ့ဒါက ကျွန်မအတွက် ဂုဏ်ယူစရာကြီးပဲပေါ့”

မိုကတော်၏ စကားကို အမှန်ဟု ထင်လိုက်လျှင် ဘေးဒုက္ခနှင့် ကြုံရပေလိမ့်မည်။ သူမသည် သိသိသာသာပင် ရဲ့ရဲ့ကြီး ရဲ့ပဲ့နေခြင်း ဖြစ်သည်။

မစ္စတာမိုသည် သူ၏ ဇနီးအကြောင်းကို ကောင်းစွာ သိရှိထားသည်။ သူမ ဤသို့ ရဲ့ပဲ့ပြောဆိုနေခြင်းမှာ ဒေါသထွက်နေသည်ဟု အဓိပ္ပာယ်ရသဖြင့် သူ ဆက်လက်၍ ချော့မော့ရပြန်သည်။

“မင်းနဲ့ လက်ထပ်ရတာက ကိုယ့်အတွက် ဂုဏ်ယူစရာပါ၊ ပြီးတော့ ကိုယ့်ဘဝရဲ့ အကံအကောင်းဆုံး အရာလည်း ဖြစ်ပါတယ်”

သူက ထိုသို့ ပြောလိုက်သောအခါ မိုကတော်မှာ ဘာဆက်ပြောနိုင်တော့မည်နည်း။ ဒေါသပင် ဆက်ထွက်၍ မရတော့ချေ။

မိုဟန်ကျီနှင့် မင်ယွဲ့တို့သည် ကပွဲကြမ်းပြင်ပေါ်တွင် ကပြနေဆဲ ဖြစ်သည်။ မင်ယွဲ့ ဝတ်ဆင်ထားသော စကတ်ရှည်ကြီးမှာ သူမ လှည့်ပတ်ကပြလိုက်တိုင်း ကားထွက်သွားရာ အလွန်ပင် လှပတင့်တယ်လှသည်။

“—မင်ယွဲ့ရဲ့ လည်ပင်းမှာ ဆွဲထားတဲ့ ဆွဲကြိုးက ပြီးခဲ့တဲ့အကြိမ် ချန်မင် လေလံပွဲမှာ တင်ခဲ့တဲ့ ပစ္စည်း မဟုတ်လား အဲ့ဒါက ယွမ် သန်း ၁၉၀ နဲ့ ရောင်းထွက်သွားတာလေ”

မိုဟန်ကျီက မင်ယွဲ့ကို ပေးခဲ့သော ကျောက်စိမ်းဆွဲကြိုးမှာ ယခုအခါ မင်ယွဲ့၏ ဖြူဝင်းသော လည်တိုင်ထက်တွင် တည်ရှိနေသည်။ ပုခုံးဟိုက်ဝတ်စုံသည် သူမ၏ ညှပ်ရိုးလှလှလေးများကို အပြည့်အဝ ပေါ်လွင်စေသည်။

စိမ်းမြသော ကျောက်စိမ်းသီးလေးမှာ သူမ၏ ညှပ်ရိုးအလယ်တွင် တောက်ပနေပြီး သူမ၏ အသားအရေကို ပို၍ ဖြူစင်နုနယ်စေသည်။

“အဝတ်က လူ၊ အုန်းခွံက စေတီ”

ဟု ဆိုလေ့ရှိကြသော်လည်း မင်ယွဲ့ကမူ အဝတ်အစားက သူမကို ပံ့ပိုးပေးခြင်း မဟုတ်ဘဲ သူမကသာ ထိုအဝတ်အစားနှင့် တန်ဖိုးကြီး လက်ဝတ်ရတနာများကို ပို၍ တင့်တယ်စေကြောင်း သက်သေပြနေသည်။

ယွမ် သန်း ၁၉၀ တန် ဆွဲကြိုးနှင့် သူမ၏ အလှတရားမှာ တစ်ခုနှင့်တစ်ခု အပြန်အလှန် ပံ့ပိုးပေးနေသကဲ့သို့ပင်။

“နေဦး... အဲ့ဒီဆွဲကြိုးကို ကျန်းမိသားစုရဲ့ သခင်လေး ဝယ်သွားတာလို့ ငါ ကြားထားတာ”

“မင်း သေချာလို့လား”

“သေချာသလောက် ရှိပါတယ် သခင်လေးကျန်းနဲ့ မင်ယွဲ့တို့က ဆက်ဆံရေး အရမ်းကောင်းတယ်လို့ ဆိုကြတယ် အွန်လိုင်းမှာ ဝေဖန်မှုတွေ အများကြီးရှိနေတုန်းက သခင်လေးကျန်းက မင်ယွဲ့ဘက်က ရပ်တည်ပေးခဲ့သလို၊ မင်ယွဲ့က သူ့ရဲ့ ညီမလေးပါလို့ လူသိရှင်ကြား ပြောခဲ့သေးတာလေ”

လူအများက မင်ယွဲ့ကို ပြုံးစစဖြင့် ကြည့်လိုက်ကြသည်။

သူမက အမှန်တကယ် ထူးချွန်သည် မထူးချွန်သည်ကို မသိရသော်လည်း၊ အမျိုးသားများစွာကို သူမထံ စွဲလန်းလာအောင် ဆွဲဆောင်နိုင်ခြင်းမှာ သူမ၏ စွမ်းဆောင်ရည် တစ်ခုပင် ဖြစ်သည်။

မိုဟန်ကျီ၏ မျက်နှာကို ထောက်ထားသဖြင့်သာ သူတို့ ပွင့်ပွင့်လင်းလင်း မပြောရဲကြခြင်း ဖြစ်သည်။

ကျန်းယီမှာမူ ယနေ့တွင် အရှေ့အိုင် ဂေဟစနစ် ပရောဂျက်အတွက် အခြားမြို့တစ်မြို့သို့ ခရီးထွက်သွားရသည်။

၎င်းမှာ မိုဟန်ကျီက တမင်သက်သက် လုပ်ကြံခြင်း မဟုတ်ပေ။ ယခုအခါ သူတို့နှစ်ဦးမှာ ဆက်ဆံရေး ပြေလည်နေကြပြီး သဟဇာတဖြစ်စွာ နေထိုင်နိုင်ကြပြီ ဖြစ်သည်။

ဝေကွမ်သည် ထိုစကားများကို ကြားသောအခါ သူမ၏ မျက်လုံးများ လှုပ်ရှားသွားပြီး တစ်ခုခုကို ကြံစည်နေဟန် ရှိသည်။

“ယွဲ့ယွဲ့၊ နင်ဆွဲထားတဲ့ ဆွဲကြိုးက သိပ်လှတာပဲ မစ္စတာမို ပေးတာလား”

ကပွဲအဆုံးသတ်ချိန်တွင် မင်ယွဲ့သည် မိုဟန်ကျီ၏ ရင်ခွင်ထဲ၌ အဆုံးသတ် ကိုယ်ဟန်ဖြင့် ရှိနေသည်။

ဝေကွမ်က ချက်ချင်းပင် အနားသို့ ရောက်လာပြီး မေးလိုက်သည်။ သူမ၏ မျက်လုံးထဲ၌ မနာလိုမှုများ ရှိနေသော်လည်း မျက်နှာတွင်မူ အပြုံးတစ်ခုကို ဆင်မြန်းထားသည်။

မိမိ ချစ်မြတ်နိုးရသော အမျိုးသမီးက အခြားသူတစ်ယောက် ပေးထားသည့် ဆွဲကြိုးကို ဝတ်ဆင်ထားသည်ကို မစ္စတာမို မည်သို့မျှ သည်းခံနိုင်မည် မဟုတ်ပေ။ သူတို့နှစ်ဦး စိတ်ဝမ်းကွဲသွားပြီး သူမအတွက် အခွင့်အရေး ရလာမည်ကို သူမ မျှော်လင့်နေမိသည်။

မင်ယွဲ့သည် ထိုအမျိုးသမီး၏ အဓိပ္ပာယ်မရှိသော အပြုအမူကို နားမလည်နိုင်သလို၊ လှောင်ပြောင်လိုသော အကြည့်ဖြင့်လည်း ပြန်လည်ကြည့်ရှုလိုက်သည်။

“ပထမဆုံးအနေနဲ့၊ ရှင့်ကို ကျွန်မ ကောင်းကောင်း မသိဘူး၊ ဒါကြောင့် ကျွန်မကို ယွဲ့ယွဲ့လို့ မခေါ်ပါနဲ့ ဒုတိယအနေနဲ့၊ ဟန်ကျီက ကျန်းယီကို ဒါဝယ် ခိုင်းလိုက်တာပါ တတိယအနေနဲ့၊ ရှင့်မေးခွန်းကို ကျွန်မ ဖြေစရာ မလိုဘူး ရှင့်ကိုယ်ရှင် ကမ္ဘာ့အလယ်ဗဟိုလို့ ထင်နေတာလား ရှင်က မျှော့တစ်ကောင်လို အရမ်း စိတ်အနှောင့်အယှက် ပေးလွန်းလို့သာ ကျွန်မ ဖြေလိုက်တာ”

မင်ယွဲ့၏ အပြုံးများ ပျောက်ကွယ်သွားပြီး တည်ငြိမ်သော မျက်နှာထား ဖြစ်သွားသည်။ ဤပုံစံမှာ မိုဟန်ကျီနှင့် အလွန်တူလှသည်။ အတူရှိနေချိန် ကြာလာသည်နှင့်အမျှ သူတို့နှစ်ဦးမှာ အရှိန်အဝါချင်းပင် တူညီလာကြသည်။

မိုဟန်ကျီက ဘေးရှိ ဝန်ထမ်းကို အချက်ပြလိုက်ရာ လုံခြုံရေးများ ချက်ချင်း ရောက်လာပြီး သူမအား ခေါ်ဆောင်သွားတော့သည်။

မင်ယွဲ့သည် ဘေးတွင် ရပ်နေပြီး ထပ်မံ ဝင် ရောက် စွက်ဖက်ခြင်း မပြုတော့ချေ။

ဝေကွမ်မှာ ငိုတော့မလို ဖြစ်နေသည်။ မိုဟန်ကျီကို မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် ကြည့်လိုက်သော်လည်း သူ၏ အေးစက်တည်ငြိမ်သော အမူအရာကြောင့် သာမန်လူတစ်ဦးဆိုလျှင်ပင် ကြောက်ရွံ့သွားပေလိမ့်မည်။

“မစ္စတာမို၊ ကျွန်မ ဘာမှ အမှားမလုပ်ခဲ့ဘူးလို့ ယုံကြည်ပါတယ် ကျွန်မအပေါ် ဒီလို ဆက်ဆံတာက လွန်လွန်းတယ်လို့ မထင်ဘူးလား”

သူမက မရေမရာ စကားအနည်းငယ် ပြောခဲ့ရုံမျှသာ ဖြစ်ပြီး အမှန်တကယ်တွင် စိုးရိမ်စရာ မရှိပေ။

သို့သော် အေးစက်ရက်စက်သော မိုဟန်ကျီ၏ ရှေ့တွင် သူမ ဘာလုပ်နိုင်မည်နည်း။

“ဒီဆွဲကြိုးကို ကျွန်တော် ဝယ်တာ မဟုတ်ဘူးလို့ မင်း ထင်နေတာလား၊ ပြီးတော့ ကျွန်တော်နဲ့ ယွဲ့ယွဲ့ ရန်ဖြစ်မှာကို စောင့်နေတာလား မင်း ငါတို့ရဲ့ ဆက်ဆံရေးကို မဖျက်ဆီးသင့်ဘူး”

မိုဟန်ကျီ၏ စကားလုံးများသည် သူမ၏ နှလုံးသားကို ထိုးစိုက်လိုက်သော မြားအေးအေးများကဲ့သို့ပင်။

“မစ္စဝေ၊ မင်းရဲ့ မိသားစုက အရမ်း အေးချမ်းနေတယ်လို့ ခံစားနေရလား”

မထွက်ခွာမီတွင် ဝေကွမ်သည် သူမ အနှစ်သက်ဆုံးသော အသံရှင်ထံမှ ခြိမ်းခြောက်မှု အပြည့်ပါသော စကားကို ကြားလိုက်ရသည်။

ဝေမိသားစုမှာ မအေးချမ်းနိုင်ပေ။ အကြောင်းမှာ မိုမိသားစုက သူတို့၏ လုပ်ငန်းအတော်များများကို ဖြတ်တောက်မည်ဟု ခြိမ်းခြောက်ထားသောကြောင့်ပင်။

မိုဟန်ကျီက ရှင်းရှင်းလင်းလင်း သိနေပြီး သူကိုယ်တိုင်လည်း အပြစ်ရှိနေသော်လည်း ယခုအခါ သူမကို အေးချမ်းလားဟု ခပ်အေးအေး မေးနေပြန်သည်။

ဟားဟား... ဤသည်မှာ နောက်တစ်ကြိမ် သူတို့ရှေ့တွင် ထပ်ပေါ်လာပါက သူမ၏ မိသားစုကို လွှတ်ထားမည် မဟုတ်ကြောင်း သတိပေးလိုက် ခြင်းလော။

ဝေကွမ်သည် စည်ကားနေသော ကမ္ဘာနှင့် ဝေးရာတွင် အထီးကျန်စွာ ရပ်နေမိသည်။

စကားတစ်ခွန်းက ထိုလူကို ဘာကြောင့် ဤမျှအထိ ဒေါသထွက်စေခဲ့သည်ကို သူမ နားမလည် နိုင်ချေ။

“အခုချက်ချင်း ပြန်လာခဲ့”

ဖုန်းထဲမှ ဒေါသတကြီး အော်ဟစ်သံက ဝေကွမ်ကို သတိပြန်ဝင်လာစေသည်။မွေးနေ့ပွဲ၏ ပျော်ရွှင်စရာများက ဆက်လက် ရှိနေဆဲ ဖြစ်သည်။

ကပွဲကြမ်းပြင်၏ အလယ်ဗဟိုကို ယနေ့၏ အဓိကဇာတ်ဆောင်များဖြစ်သော မိုဟန်ကျီနှင့် မင်ယွဲ့တို့အတွက် သီးသန့် ချန်ထားပေးသည်။

မိုဟန်ကျီ ပြန်လည် ထွက်ပေါ်လာသောအခါ သူ၏ လက်တစ်ဖက်တွင် ပန်းစည်းကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်တွင် သေတ္တာလေးကို ကိုင်ကာ ဒူးတစ်ဖက် ထောက်လိုက်သည်။

“ယွဲ့ယွဲ့... မင်းက ကျွန်တော် ပထမဆုံး ချဉ်းကပ်ခဲ့တဲ့သူ၊ ကျွန်တော် ပထမဆုံး မျက်နှာသာ ပေးခဲ့တဲ့သူ၊ ပြီးတော့ ကျွန်တော် ပထမဆုံး ချစ်ခဲ့တဲ့သူပါ ဒါကြောင့် ကျွန်တော့်ရဲ့ တောင်းဆိုမှုကို လက်ခံပေးနိုင်မလား”

မင်ယွဲ့သည် သူမကိုယ်တိုင် ချုပ်ပေးထားသော ဝတ်စုံကို ဝတ်ဆင်ကာ ဒူးထောက်၍ အဖြေကို စိုးရိမ်တကြီး စောင့်မျှော်နေသော အမျိုးသားကို ကြည့်လိုက်သည်။

ပတ်ဝန်းကျင်မှ လူများမှာ တိတ်ဆိတ်သွားကြပြီး တေးဂီတသံပင် ရပ်တန့်သွားသည်။လူတိုင်းက မင်ယွဲ့၏ အဖြေကို စောင့်စားနေကြသည်။

မိုမိခင်မှာလည်း သူကိုယ်တိုင် ရည်စားစကား ပြောနေရသည့်အလား ရင်ခုန်နေမိသည်။

“ကျွန်မ ရှင့်ကို ကတိပေးပြီးသား မဟုတ်လား”

မင်ယွဲ့သည် ဤအခြေအနေကြောင့် အံ့အားသင့်သွားသော်လည်း သူမသည် သူ၏ အချစ်ကို လက်ခံခဲ့ပြီး သူ၏ ရည်းစား ဖြစ်လာခဲ့ပြီးသား ဖြစ်သည်။

“မင်ယွဲ့... ကျေးဇူးပြုပြီး နောက်တစ်ကြိမ်လောက် ပြန်ပြောပေးနိုင်မလား”

သူတို့နှစ်ဦး ချစ်နေကြသည်ကို တစ်ကမ္ဘာလုံး သိစေချင်သောကြောင့်ပင်။

“ကျွန်မ အကြိမ်ကြိမ် ပြောပြီးပါပြီ၊ အဲ့ဒါက ကျွန်မ ကိုယ်တိုင် အလိုရှိလို့ပါ”

မင်ယွဲ့သည် တွန့်ဆုတ်မနေဘဲ သူ၏ လက်ထဲမှ ပန်းစည်းကို တိုက်ရိုက် လက်ခံလိုက်သည်။

အာခ်အိန်ဂျယ် ဂေဘရီရယ်လ် ပန်းစည်းမှာ ယနေ့ မင်ယွဲ့ ဝတ်ဆင်ထားသော ဝတ်စုံ၊ ရင်ထိုးတို့နှင့် အလွန်ပင် လိုက်ဖက်လှသည်။

မိုဟန်ကျီသည် ချက်ချင်း ထမလာသေးဘဲ သူ၏ အိတ်ကပ်ထဲမှ သေတ္တာငယ်လေးကို ထုတ် လိုက်သည်။

လူတိုင်းက ထိုသေတ္တာထဲတွင် ဘာရှိမည်ကို ရင်တထိတ်ထိတ်ဖြင့် ခန့်မှန်းနေကြသည်။

ဒါက အခုချက်ချင်း လက်ထပ်ခွင့် တောင်းလိုက်တာလား။

သေတ္တာလေးကို ဖွင့်လိုက်သောအခါ အမှန်ပင် လက်စွပ်တစ်ကွင်း ရှိနေသည်။

မင်ယွဲ့သည် မိုဟန်ကျီကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။ သူမ ယခုပင် လက်ထပ်ခွင့်ကို လက်ခံရမည်လော။ သူမ ခဏမျှ တွန့်ဆုတ်သွားသော်လည်း ထိုအမျိုးသား၏ ချစ်မြတ်နိုးသော မျက်လုံးများကို မြင်လိုက်ရသောအခါ သူမ ဆုံးဖြတ်ချက် ချလိုက်သည်။ လက်ခံလိုက်ခြင်းမှာလည်း မဖြစ်နိုင်သည့် အရာမှ မဟုတ်ဘဲ။

“မင်း အခုချက်ချင်း လက်မထပ်ချင်သေးဘူးဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် ပိုင်ဆိုင်ထားကြပြီဆိုတာကို ကြေညာချင်တာပါ ပိုင်ရှင်ရှိပြီးသားဖြစ်တဲ့ ဒီလက်စွပ်လေးကို ဝတ်ထားပေးဖို့ စိတ်မရှိဘူး မဟုတ်လား”

သူသည် မင်ယွဲ့ကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေမိသည်။ သူ လွဲချော်သွားသော အခွင့်အရေးကြီးကိုမူ သူ သတိမထားမိလိုက် ချေ။

All Chapters