အခန်း (၁၅-၁၆)
Vol. 2 Ch. 15-16
အခန်း ၁၅: ငါ့ဇနီးက သူတော်စင်မလောင်းလျာ ဖြစ်နေပါ့လား
ဝူဟောက်အတွက် သူ့ဇနီးကို ရှာဖွေရာတွင် ကူညီပေးနိုင်မည့် အဖွဲ့အစည်းတစ်ခု ရှာရန်မှာ မခက်ခဲလှပေ။ မကြာမီပင် ဝူဟောက်က ထိုသို့သော အဖွဲ့အစည်းတစ်ခုကို ရှာတွေ့သွား၏။
လေပြည်ခန်းမ
နာမည်အတိုင်းပင် လေတိုက်ခတ်နိုင်သော နေရာတိုင်းမှ သတင်းများကို သူတို့ စုံစမ်းနိုင်စွမ်း ရှိသည်။
လေပြည်ခန်မသို့ ရောက်သောအခါ ဝူဟောက်၏ မျက်နှာပေါ်တွင် ကြေးနီမျက်နှာဖုံးတစ်ခု ပေါ်လာပြီး သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို မည်သူမျှ မသိနိုင်စေရန် ဖုံးကွယ်ထားလိုက်၏။
လေပြည်ခန်းမအတွင်းသို့ ဝင်ရောက်ပြီးနောက် ဝူဟောက်က လမ်းညွှန်သူ၏ ညွှန်ပြမှုအတိုင်း အခန်းတစ်ခန်းဆီသို့ ရောက်ရှိလာသည်။ မကြာမီပင် အဘိုးအိုတစ်ဦး အပြင်မှ ဝင်လာ၏။
“ဒီကဧည့်သည်က ကျွန်တော်တို့ လေပြည်ခန်းမကို ရောက်လာမှတော့ ကျွန်တော်တို့ရဲ့ စည်းကမ်းကို သိသင့်ပါတယ်... ဒီနေရာကို ဝင်လာရင် မေးမေး၊ မမေးမေး ပိုက်ဆံတော့ ပေးရမှာပဲ...”
အဘိုးအိုက မျက်နှာသေဖြင့် ပြောလိုက်သည်။
ဝူဟောက်က စကားတစ်ခွန်းမှ မဆိုဘဲ အဆင့်အမြင့်ဆုံး ဝိညာဉ်ကျောက်တုံးတစ်တုံးကို စားပွဲပေါ်သို့ တင်လိုက်၏။
“စည်းကမ်းတွေကို ကျွန်တော် နားလည်ပါတယ်...”
အဆင့်အမြင့်ဆုံး ဝိညာဉ်ကျောက်တုံးကို မြင်လိုက်ရသောအခါ အဘိုးအို၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး ပြုံးရွှင်သော မျက်နှာထားဖြင့် ရိုကျိုးစွာ မေးလိုက်သည်။
“ဒီကဧည့်သည်က ဘယ်လို သတင်းမျိုးများ စုံစမ်းချင်လို့လဲခင်ဗျာ...”
“ကျွန်တော် လူတစ်ယောက်ကို ရှာနေတာ... သူ့နာမည်က စုချောင်ရန်ပါ...”
ဝူဟောက်က တဲ့တိုးပင် ပြောလိုက်၏။
ဝူဟောက်၏ စကားကို ကြားသောအခါ အဘိုးအို၏ မျက်ခုံးများမှာ တွန့်ချိုးသွားပြီးမှ ဆက်ပြောသည်။
“ဧည့်သည်တော်... ခင်ဗျားရှာနေတဲ့ စုချောင်ရန်က ကျင့်ကြံသူလား ဒါမှမဟုတ် သာမန်လူလား...”
“ကျင့်ကြံသူပါ...”
ဝူဟောက်က တည်ငြိမ်စွာ ဆို၏။ မကြာမီ အဘိုးအိုက လှည့်ထွက်သွားပြီး ပြန်လာသောအခါ စာရွက်စာတမ်းအထူကြီးတစ်ထပ်ကို ပိုက်၍ ပြန်ဝင်လာသည်။
ဘုန်းခနဲ အသံနှင့်အတူ စာရွက်များကို စားပွဲပေါ် ပုံချလိုက်ပြီးနောက် သူက ဆို၏။
“ဒီမှာ အလယ်ပိုင်းနယ်မြေတစ်ခုလုံးက စုချောင်ရန်လို့ အမည်ရတဲ့သူ အားလုံးရဲ့ အချက်အလက်တွေပါ... စုစုပေါင်း အဆင့်အမြင့်ဆုံး ဝိညာဉ်ကျောက်တုံး ဆယ်တုံး ကျသင့်မှာပါ...”
“ခင်ဗျားအတွက်...”
ဝူဟောက်က ပြောပြီးသည်နှင့် ပြတ်သားစွာပင် အဆင့်အမြင့်ဆုံး ဝိညာဉ်ကျောက်တုံး ဆယ်တုံးကို ပစ်ပေးလိုက်ပြီးနောက် စုချောင်ရန်၏ အချက်အလက်များကို သူဘာသာသူ စတင်လှန်လှော ကြည့်ရှုလိုက်သည်။
သူ့ဇနီး၏ မျက်နှာကို ဝူဟောက်က စွဲစွဲမြဲမြဲ မှတ်မိနေသောကြောင့် စာရွက်များကို လျင်မြန်စွာ လှန်လှောနိုင်ခဲ့သည်။ သို့သော် ပထမဆုံး စာမျက်နှာကို ဖွင့်လိုက်သည့်အခါမှာပင် ဝူဟောက်တစ်ယောက် နေရာတွင်ပင် ကြက်သေသေသွား၏။
ပထမဆုံး စာမျက်နှာမှ အချက်အလက်မှာ ပန်းပေါင်းစုံမြင့်မြတ်နယ်မြေ၏ သူတော်စင်မလောင်းလျာ အချက်အလက်များ ဖြစ်နေပြီး ထိုသူမှာ ဝူဟောက်၏ ဇနီးပင် ဖြစ်နေသည်။
သူ့ဇနီးသည်မှာ ကျော်ကြားလှသော ပန်းပေါင်းစုံမြင့်မြတ်နယ်မြေ၏ သူတော်စင်မလောင်းလျာ ဖြစ်နေလိမ့်မည်ဟု ဝူဟောက် မထင်ထားခဲ့ပေ။ အတော်ပင် စိတ်ဝင်စားစရာ ကောင်းသည်ဟု သူ တွေးလိုက်မိ၏။
ထိုစဉ်က သူ့ဇနီးသည် အဘယ်ကြောင့် မဖြစ်မနေ ထွက်ခွာသွားရသည်ကို ယခုမှပင် သူ သဘောပေါက်သွားသည်။ အကယ်၍ ပန်းပေါင်းစုံမြင့်မြတ်နယ်မြေမှ လူများက သူ့ဇနီးသည် အသက်ရှင်လျက်ရှိသေးပြီး အိမ်ထောင်ပြုကာ ကလေးပင် မွေးဖွားခဲ့ကြောင်း သိရှိသွားပါက သူတော်စင်လောင်းလျာအား စွန်းထင်းစေခဲ့သည့် သူ့ကိုရော သူတို့၏ ချစ်သက်သေလေးကိုပါ လုံးဝ အလွတ်ပေးလိမ့်မည် မဟုတ်ပေ။
ဝူဟောက်က အချက်အလက်များကို ပိတ်လိုက်သည်ကို မြင်သောအခါ ဘေးမှ အဘိုးအိုက စပ်စုစွာ မေးလိုက်သည်။
“တွေ့ပြီလားဗျ...”
“အင်း၊ ကျွန်တော် တွေ့ပြီ...”
ဝူဟောက်က များများစားစား မပြောဘဲ ထပြီး ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး သတင်းပို့ကျောက်တုံးတစ်တုံးကို ချန်ထားခဲ့ကာ ပြောလိုက်၏။
“ဒီသတင်းပို့ကျောက်တုံးကို ခင်ဗျားတို့ လေပြည်ခန်းမရဲ့ သခင်ဆီကို ပေးလိုက်ပါ... ကျုပ် ခင်ဗျားတို့ သခင်ကြီးနဲ့ တွေ့ဆုံဆွေးနွေးချင်လို့...”
လေပြည်ခန်းမပေါ် ဝူဟောက်၏ သဘောထားမှာ သူ၏ လက်အောက်သို့ သိမ်းသွင်းလိုခြင်း ဖြစ်သည်။ သိမ်းသွင်း၍ မရနိုင်လျှင်တောင်မှ အနည်းဆုံးတော့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားသင့်သည်။
နောင်တစ်ချိန်တွင် အသုံးဝင်လာနိုင်သည် မဟုတ်ပါလား။
ဝူဟောက်၏ လျှို့ဝှက်သော အမူအရာကို မြင်၍ အဘိုးအို၏ မျက်နှာအမူအရာမှာ အနည်းငယ် ကြောင်အသွားသော်လည်း သတင်းပို့ကျောက်တုံးကို ယူထားလိုက်၏။
အဘယ်ကြောင့်ဆိုသော် ဝူဟောက်က အဆင့်အမြင့်ဆုံး ဝိညာဉ်ကျောက်တုံးများကို အလွယ်တကူ ထုတ်သုံးနိုင်သည်ကို ကြည့်ခြင်းအားဖြင့် သာမန်လူတစ်ယောက် မဟုတ်သည်မှာ သေချာသည်။ အကယ်၍ ဤကိစ္စကြောင့် နောင်တွင် သခင်ကြီးက သူ့အပေါ် အမျက်ထွက်လာလျှင် မည်သို့ လုပ်မည်နည်း။
တစ်ဖက်တွင်မူ ဝူဟောက်က တည်းခိုခန်းသို့ ပြန်ရောက်သောအခါ ဝူဟုကို ခေါ်ဆောင်၍ ပန်းပေါင်းစုံမြင့်မြတ်နယ်မြေသို့ ချက်ချင်းပင် ထွက်ခွာသွားသည်။
ယခု သူ့ဇနီးကို ရှာတွေ့ပြီ ဖြစ်သောကြောင့် ဝူဟောက်က သူ့ဇနီးကို အန္တရာယ်များနှင့် ထပ်မံ ရင်ဆိုင်စေတော့မည် မဟုတ်ပေ။ ထို့အပြင် ဝူဟောက်က လေပြည်ခန်းမမှ သတင်းများစွာကိုလည်း စုံစမ်းသိရှိခဲ့သည်။
ဥပမာအားဖြင့် လက်ရှိ ပန်းပေါင်းစုံမြင့်မြတ်နယ်မြေတွင် သူတော်စင်သစ်ရွေးချယ်ပွဲ ကျင်းပနေကြောင်း ဖြစ်သည်။ အကယ်၍ စုချောင်ရန်သာ အန္တရာယ်ကြုံတွေ့ခဲ့ပါက လက်ရှိ သူ၏ စွမ်းအားဖြင့် သူမကို ကယ်တင်နိုင်စွမ်း ရှိမည် မဟုတ်ချေ။
ဝူဟောက်၏ ဧကရာဇ်အဆင့် အလယ်အလတ် ကျင့်ကြံမှုဖြင့် မျက်တောင်တစ်ခတ်အတွင်းမှာပင် သူက ပန်းပေါင်းစုံမြင့်မြတ်နယ်မြေ၏ ရှေ့သို့ ရောက်ရှိသွားသည်။
ယေဘုယျအားဖြင့် ပန်းပေါင်းစုံမြင့်မြတ်နယ်မြေကဲ့သို့ အင်အားကြီးသော အဖွဲ့အစည်းများတွင် အစွမ်းထက်သော ရန်သူများ ခိုးဝင်ခြင်းမှ ကာကွယ်ရန် အစီအရင်များနှင့် ကန့်သတ်ချက်များ ရှိကြသည်။
သို့သော် ဝမ်းနည်းစရာမှာ ဝူဟောက်က အလွန်အမင်း အစွမ်းထက်လွန်းသောကြောင့် ကန့်သတ်ချက်များက သူ့အပေါ် လုံးဝ အလုပ်မလုပ်ချေ။
ဆန့်ကျင်ဘက်အနေဖြင့် ဝူဟောက်၏ လှုပ်ရှားမှုများမှာ ရေထဲတွင် ငါးတစ်ကောင်ကဲ့သို့ လွတ်လပ်နေသည်။ သူ၏ ကြောက်မက်ဖွယ် ဧကရာဇ်အဆင့် စိတ်အာရုံကို ပန်းပေါင်းစုံမြင့်မြတ်နယ်မြေအတွင်း ဖြန့်ကျက်၍ ရှာဖွေလိုက်ရာ မကြာမီပင် သူ၏ ဇနီး စုချောင်ရန် ရှိနေသော နေရာကို ရှာတွေ့သွား၏။
တွေ့လိုက်သည်နှင့် ဝူဟောက်က စကားတစ်ခွန်းမှ မဆိုဘဲ စုချောင်ရန် ရှိရာသို့ အလျင်အမြန် သွားရောက်လိုက်သည်။
ထိုအချိန်မှာပင် စုချောင်ရန်မှာလည်း တစ်စုံတစ်ခုကို ခံစားမိလိုက်သကဲ့သို့ သူမ၏ မျက်ခုံးများမှာ အလိုလို တွန့်ချိုးသွား၏။
“ဒီခံစားချက်က ထူးဆန်းလိုက်တာ... ငါ့အတွက် အရမ်းအရေးကြီးတဲ့ အရာတစ်ခုခုနဲ့ တွေ့ရတော့မယ့်အတိုင်းပဲ...”
သို့သော် စုချောင်ရန် တုံ့ပြန်ချိန်မရလိုက်မီ နောက်တစ်စက္ကန့်တွင် အချိန်ကြာမြင့်စွာ မကြားခဲ့ရသော်လည်း အိပ်မက်ထဲတွင် အမြဲ ကြားနေကြ အသံတစ်ခုက သူမ၏ နောက်မှ ထွက်ပေါ်လာသည်။
“မိန်းမ... နောက်လှည့်ကြည့်ပါဦး...”
ထိုစကားကို ကြားသောအခါ စုချောင်ရန်၏ ကိုယ်မှာ တောင့်တင်းသွားပြီးနောက် တဖြည်းဖြည်း နောက်သို့ လှည့်ကြည့်လိုက်ရာ သူမ နေ့ရောညပါ လွမ်းဆွတ်တမ်းတနေရသည့် ပုံရိပ်ကို အမှန်တကယ် တွေ့လိုက်ရသည်။
“ယောက်ျား... ရှင် ဘယ်လိုလုပ် ရောက်လာတာလဲ... မြန်မြန်ထွက်သွား... ဒီနေရာက အန္တရာယ်များတယ်...”
စုချောင်ရန်က ဝူဟောက်ကို မြင်လိုက်ရသောအခါ သူမ အမြင်မှားနေသည်ဟု ထင်လိုက်မိသည်။ သို့သော် မကြာမီမှာပင် မျက်စိမှားခြင်း မဟုတ်ဘဲ သူမ၏ ယောက်ျား အမှန်တကယ် သူမအနားသို့ ရောက်ရှိလာကြောင်း သေချာသွား၏။
သို့သော်လည်း မကြာမီမှာပင် စုချောင်ရန်က တစ်စုံတစ်ခုကို သတိရသွားပြီး သူမ၏ မျက်နှာပေါ်တွင် စိုးရိမ်သောကများ ပြည့်နှက်သွားသည်။ ထို့နောက် ရှေ့သို့ တိုး၍ ဝူဟောက်ကို ထွက်သွားစေရန် တိုက်တွန်းလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဤနေရာမှာ ပန်းပေါင်းစုံမြင့်မြတ်နယ်မြေ ဖြစ်ပြီး ပန်းပေါင်းစုံမြင့်မြတ်နယ်မြေ၏ သူတော်စင်လောင်းလျာတစ်ဦးအနေဖြင့် အပြင်မှ အမျိုးသားတစ်ဦးနှင့် ပေါ့ပေါ့ဆဆ ပတ်သက်ဆက်နွယ်ခွင့် လုံးဝ မရှိသောကြောင့် ဖြစ်သည်။
ထိုသို့ မဟုတ်ပါက သူတော်စင်လောင်းလျာနှင့် ပတ်သက်သော အမျိုးသားတိုင်းကို သတ်ဖြတ်ပစ်ပေလိမ့်မည်။
ဝူဟောက်က ဤနေရာသို့ မည်သို့ ရောက်လာသည်ကို သူမ မသိသော်လည်း နှစ်တစ်ရာ မပြည့်သော အချိန်တိုအတွင်း ဝူဟောက်က ပန်းပေါင်းစုံမြင့်မြတ်နယ်မြေနှင့် ယှဉ်ပြိုင်နိုင်လောက်သော အစွမ်းကို ရရှိလိမ့်မည်ဟု စုချောင်ရန် မယုံကြည်ပေ။
မူလက စုချောင်ရန်က သူမ၏ သူတော်စင်အထွတ်အထိပ်အဆင့် ကျင့်ကြံမှုဖြင့် ဝူဟောက်ကို အလွယ်တကူ ခေါ်ဆောင်သွားနိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် သူမ၏ စွမ်းအားက ဝူဟောက်၏ ကိုယ်ပေါ်သို့ သက်ရောက်သောအခါ ပင်လယ်ထဲသို့ ကျသွားသော နွားရွှံ့ရုပ်ကဲ့သို့ အစအနမကျန် ပျောက်ကွယ်သွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
တစ်ခဏအတွင်းမှာပင် စုချောင်ရန်၏ မျက်နှာတွင် အံ့အားသင့်သော အမူအရာများ ပြည့်နှက်သွားသည်။ သို့သော် သူမ တုံ့ပြန်ချိန် မရလိုက်မီမှာပင် ရှေ့မှ ဝူဟောက်က သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး သူမ၏ နားနားကပ်၍ တိုးညင်းစွာ ပြောလိုက်၏။
“မိန်းမ... ဒီကြားထဲ ကိုယ် မင်းကို လွမ်းနေခဲ့တာ... အရမ်း... အရမ်းကို လွမ်းတယ်...”
ဝူဟောက်၏ ရုတ်တရက် ဖွင့်ဟဝန်ခံမှုကို ကြားသောအခါ စုချောင်ရန်တစ်ယောက်မှာ နေရာတွင်ပင် ကြက်သေသေသွားပြီး သူမ၏ နားရွက်များမှာလည်း နီရဲတက်လာသည်။ သူမက တိုးညင်းစွာ ရေရွတ်လိုက်၏။
“ယောက်ျား... ကျွန်မလည်း ရှင့်ကို လွမ်းနေခဲ့တာပါ...”
ထို့နောက်တွင်တော့ မီးနဲ့ထင်းတို့ တွေ့ကြလေရာ နှစ်ပေါင်းများစွာ ခွဲခွာနေရသည့် အထီးကျန်မှုများမှာ ယနေ့တွင် အားလုံး ပြည့်စုံသွားတော့သည်။
ခဏတာ ခွဲခွာရခြင်းက ညားခါစလင်မယားများထက်ပင် ပိုမို ပြင်းပြစေသည် ဆိုလျှင် ယခု ဝူဟောက်နှင့် စုချောင်ရန်တို့မှာ သာမန်လူတစ်ယောက်၏ ဘဝတစ်သက်တာနီးပါး မတွေ့ခဲ့ရခြင်း ဖြစ်ရာ ဤတိုက်ပွဲ၏ ပြင်းထန်မှုကို အထူးတလည် ပြောရန်မလိုတော့ပေ။
နောက်ဆုံးတွင်တော့ ဝူဟောက်၏ အောင်ပွဲဖြင့် အဆုံးသတ်သွားခဲ့သည်။ ဧကရာဇ်အဆင့်သည် အလွန်ပင် ကြီးမားပြီး အလွန်ပင် အားကောင်းလွန်း၏။
အခန်း ၁၆ - ဒီကိစ္စကို ကျွန်မ ဖြေရှင်းပါရစေ၊ ယောက်ျား
ပြင်းထန်သော တိုက်ပွဲတစ်ခု ပြီးဆုံးသွားပြီးနောက် စုချောင်ရန်က ဝူဟောက်၏ ရင်ခွင်ထဲတွင် လှဲနေရင်း သူ့ကို မကျေမနပ် စိုက်ကြည့်နေသည်။
ဒီလူ... သူမကို နည်းနည်းလေးမှ မညှာပါလား။
ဝူဟောက်မှာမူ အနည်းငယ် ရှက်ရွံ့စွာဖြင့် သူ့နှာခေါင်းကို ပွတ်လိုက်၏။ သူ၏ ဆန္ဒများမှာ အချိန်ကြာမြင့်စွာ မဖြေဖျောက်ခဲ့ရသည် မဟုတ်ပါလား။ ယခု သူ့ဇနီးက သူ့ရှေ့တွင် ရှိနေချိန်တွင် အားအင်ကို မထိန်းချုပ်နိုင်မိခြင်းမှာ သဘာဝကျသည် မဟုတ်လား။
သို့သော် မကြာမီမှာပင် စုချောင်ရန်က တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ သူမ၏ မျက်နှာအမူအရာမှာ အလွန်ပင် တည်ကြည်လေးနက်သွားသည်။
“ယောက်ျား... ရှင် ပန်းပေါင်းစုံမြင့်မြတ်နယ်မြေထဲကို ဘယ်လို ဝင်လာလဲဆိုတာ ကျွန်မ မသိဘူး... ဒါပေမဲ့ အခု မြန်မြန် ထွက်သွားပါ... ပန်းပေါင်းစုံမြင့်မြတ်နယ်မြေရဲ့ အင်အားက ရှင့်စိတ်ကူးထားတာထက် အများကြီး ပိုကြီးမားတယ်... ကျွန်မကို ယုံပါ... ကျွန်မ သူတော်စင်မဖြစ်သွားတဲ့အခါ ရှင့်ရဲ့ တည်ရှိမှုကို ကျွန်မ ကြေညာပါ့မယ်...”
“ဒါတွေအားလုံးက ရှင့်ရဲ့ လုံခြုံရေးအတွက် ပြောတာပါ...”
စုချောင်ရန်၏ အလေးအနက်ထားသော အမူအရာကို မြင်သောအခါ ဝူဟောက်မှာ မရယ်ဘဲ မနေနိုင်ဖြစ်သွားသည်။ သူက စုချောင်ရန်၏ နှာခေါင်းကို အသာအယာ တို့ထိ၍ ဆို၏။
“ဘာမှ မဖြစ်ပါဘူး... ဒီအချိန်အတောအတွင်း မင်းယောက်ျားက အရမ်း အားကောင်းလာပြီ... ပန်းပေါင်းစုံမြင့်မြတ်နယ်မြေလေးတစ်ခုက မင်းယောက်ျားကို မထိခိုက်နိုင်ပါဘူး...”
ဤအချက်နှင့် ပတ်သက်၍ ဝူဟောက်က လိမ်ညာပြောဆိုနေခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ယခု ရွှမ်ထျန်းတိုက်တွင် ဧကရာဇ်အဆင့် ကျင့်ကြံသူ လုံးဝ မရှိသောကြောင့် ဖြစ်သည်။
ပန်းပေါင်းစုံမြင့်မြတ်နယ်မြေတွင် ဧကရာဇ်လက်နက် ရှိနေလျှင်ပင် ဝူဟောက်သာ ထွက်သွားလိုပါက သူတို့ တားဆီးနိုင်မည် မဟုတ်ချေ။
ဝူဟောက်က သူမ၏ နှာခေါင်းကို တို့ထိလိုက်သောအခါ စုချောင်ရန်မှာ အနည်းငယ် ကြောင်အသွားသော်လည်း မကြာမီမှာပင် သတိပြန်ဝင်လာသည်။ သူမက ဝူဟောက် နောက်နေသည်ဟု ထင်မှတ်၍ ဆက်ပြော၏။
“အို... ယောက်ျားရယ်၊ ဘာတွေလုပ်နေတာလဲ... ကျွန်မ ရှင့်ကို နောက်နေတာ မဟုတ်ဘူးနော်... ပန်းပေါင်းစုံမြင့်မြတ်နယ်မြေက တကယ်ကို အားကြီးတာ... ဘာပဲဖြစ်ဖြစ် ရှင့် မြန်မြန်သွားတော့... နောက်ဆယ်နှစ်ပဲ လိုတော့တယ်... ဆယ်နှစ်ကြာရင် ကျွန်မ ပန်းပေါင်းစုံမြင့်မြတ်နယ်မြေရဲ့ သူတော်စင်သစ် ဖြစ်လာလိမ့်မယ်... အဲဒီအခါကျရင် ရှင့်ရဲ့ တည်ရှိမှုကို ကျွန်မ ပေါ်ပေါ်တင်တင် ကြေညာနိုင်ပြီ...”
“ကိုယ် တကယ် နောက်နေတာ မဟုတ်ဘူး... မယုံရင် ကြည့်...”
ယောက်ျားတစ်ယောက်က သူ့ကို မယုံဟု အပြောခံရခြင်းကို အမုန်းဆုံး ဖြစ်သည်။ ဝူဟောက်မှာလည်း ထိုနည်း၎င်းပင်။ စုချောင်ရန်က သူက ပန်းပေါင်းစုံမြင့်မြတ်နယ်မြေကို မယှဉ်နိုင်ဟု ဆိုသောအခါ ဝူဟောက်က ချက်ချင်းပင် မထိန်းနိုင်တော့ဘဲ သူ၏ ကိုယ်ပေါ်မှ အရှိန်အဝါများက ကျယ်ပြောသော သမုဒ္ဒရာကဲ့သို့ စုချောင်ရန်၏ ရှေ့တွင် အကုန်အစင် ပေါ်ထွက်လာ၏။
ဤမြင်ကွင်းကြောင့် စုချောင်ရန် ပြောရန် ကြံရွယ်ထားသည့် စကားများအားလုံးမှာ လည်ချောင်းထဲတွင် တစ်ဆို့သွားပြီး သူမ၏ မျက်နှာတွင် အံ့အားသင့်သော အမူအရာများ ပြည့်နှက်သွားသည်။
သူမ၏ ယောက်ျားက ဤမျှ တိုတောင်းသော နှစ်များအတွင်း ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ တိုးတက်သွားလိမ့်မည်ဟု သူမ အမှန်ပင် မထင်ထားခဲ့ပေ။
သူမ၏ သူတော်စင်အထွတ်အထိပ်အဆင့်ပင်လျှင် အပြည့်အဝ အကျပ်အတည်း ခံစားနေရပြီး သူမ မြင့်မြတ်နယ်မြေအတွင်းတွင် ကြုံတွေ့ခဲ့ဖူးသော ဧကရာဇ်တစ်ပိုင်းအဆင့် ပညာရှင်များထံမှ ခံစားရသည့် အရှိန်အဝါထက်ပင် သူမယောက်ျား၏ အရှိန်အဝါက ပိုမို အားကောင်းနေ၏။
မဖြစ်နိုင်ဘူး... သူအယောက်ျားက ပန်းပေါင်းစုံမြင့်မြတ်နယ်မြေကိုပင် မကြောက်ရွံ့ရလောက်တဲ့ အဆင့်ကို အမှန်တကယ် တက်လှမ်းသွားပြီလား။
အကယ်၍ သူမ ယောက်ျား၏ အရွယ်အစားကို အစောက တိုင်းတာကြည့်ရာတွင် အရင်အတိုင်းပင် ဖြစ်ကြောင်း မသေချာခဲ့ပါက စုချောင်ရန်မှာ သူမရှေ့မှ ယောက်ျားကို အခြားသူတစ်ယောက်က အယောင်ဆောင်ထားသည်ဟုပင် သံသယဝင်မိမည် ဖြစ်သည်။
“ဒါပေမဲ့ ယောက်ျား... ကျွန်မ ရှင့်အနားမှာ အလှပြပန်းအိုးတစ်လုံး မဖြစ်ချင်ဘူး... ဒါကြောင့် ဒီကိစ္စကို ကျွန်မဘာသာကျွန်မ ဖြေရှင်းခွင့်ပေးလို့ ရမလား... ကျွန်မ ပန်းပေါင်းစုံမြင့်မြတ်နယ်မြေရဲ့ သူတော်စင် ဖြစ်လာတဲ့အခါ ရှင့်နဲ့အတူ ပေါ်ပေါ်ထင်ထင် ရှိချင်တယ်... အဲဒီလိုဆိုမှ ကျွန်မက ရှင့်ဘေးမှာ ရပ်တည်ဖို့ ထိုက်တန်မှာ...”
စုချောင်ရန်က ဝူဟောက်ကို ကြည့်၍ လေးနက်တည်ကြည်သော မျက်ဝန်းများဖြင့် ပြောလိုက်၏။
ထိုစကားကို ကြားသောအခါ ဝူဟောက်၏ စိတ်ထဲတွင် အနည်းငယ် ချီတုံချတုံ ဖြစ်သွားသည်။ သို့သော် စုချောင်ရန်၏ ချွဲနွဲ့သော အမူအရာကို မြင်လိုက်ရသောအခါ ဝူဟောက်မှာ သက်ပြင်းတစ်ချက်ချ၍ ပြောလိုက်ရသည်။
“ကောင်းပြီလေ... ဒါက မင်းရဲ့ ရွေးချယ်မှုဆိုရင်တော့ ဒီဆွဲကြိုးကို အချိန်တိုင်း ဆွဲထားရမယ်... ဒီထဲမှာ ကိုယ့်ရဲ့ စွမ်းအင်တွေ ပါတယ်... အသက်သွင်းလိုက်တာနဲ့ ဧကရာဇ်တစ်ပိုင်းအဆင့်တောင်မှ မင်းကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး...”
“အင်း... အင်း... အင်း... ကျွန်မ ယောက်ျားက အကောင်းဆုံးပဲဆိုတာ ကျွန်မ သိပါတယ်...”
စုချောင်ရန်က ဝူဟောက်ကို ကြည့်၍ ချိုမြသော အပြုံးတစ်ခု ပြုံးလိုက်ပြီးနောက် ဝူဟောက်ကို သူမအတွက် ဆွဲကြိုး ဆွဲပေးစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ သူမ၏ ယောက်ျား ပေးသည့် လက်ဆောင်ဖြစ်သောကြောင့် စုချောင်ရန်က လုံးဝ ချွတ်မည် မဟုတ်ပေ။
ချစ်စကားများ ထပ်မံ ပြောဆိုပြီးနောက် ဝူဟောက်မှာ စုချောင်ရန်၏ အခန်းမှ မခွဲချင်ခွဲချင်ဖြင့် ထွက်ခွာလာခဲ့သည်။ သို့သော် ဤအချိန်အတောအတွင်း သူက အလယ်ပိုင်းနယ်မြေ အနီးတွင် နေထိုင်ရပေမည်။
ပန်းပေါင်းစုံမြင့်မြတ်နယ်မြေမှ ထွက်ခွာပြီးနောက် ဝူဟောက်က ဝူရူလုံထံသို့ သတင်းပို့လိုက်ပြီး သူ၏ အမေကို ရှာတွေ့ပြီ ဖြစ်ကြောင်းနှင့် ဆယ်နှစ်အကြာတွင် အိမ်ပြန်လာမည် ဖြစ်ကြောင်း အသိပေးလိုက်သည်။
သတင်းပို့ပြီးနောက် ဝူဟောက်က သူ့လက်ထဲမှ သတင်းပို့ကျောက်တုံးကို ကြည့်၍ မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကိုယ်သူ အလုပ်ရှာပေးရန် ကြံရွယ်လိုက်၏။
“ဒီကမ္ဘာကြီးက ငြီးငွေ့စရာ ကောင်းလွန်းတယ်... ကျင့်ကြံသူတွေက ကျင့်ကြံရုံပဲ လုပ်နိုင်တယ်... သာမန်လူတွေရဲ့ နည်းလမ်းတွေကလည်း အရမ်းကို ရိုးစင်းလွန်းတယ်... TikTok တို့ ဘာတို့ ရှိရင် ကောင်းမှာပဲ...”
ဤသို့ တွေးမိသည်နှင့် ဝူဟောက်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ ဧကရာဇ်အဆင့်သို့ ရောက်ရှိပြီးနောက် သူ၏ ယခင်ဘဝမှ အမှတ်တရများမှာ သူ့ဦးနှောက်ထဲတွင် အလွန်ပင် ရှင်းလင်းပြတ်သားလာခဲ့သည်။
သူက ရွှမ်ထျန်းတိုက်ကြီးတစ်ခုလုံးကို ကမ္ဘာဂြိုဟ်၏ ပုံစံအတိုင်း ပြုပြင်ဖန်တီးနိုင်လောက်သည်။
သို့သော် ရွှမ်ထျန်းတိုက်က ကမ္ဘာဂြိုဟ်ထက် အဆပေါင်းများစွာ ပိုမိုကြီးမားပြီး နဂါးငွေ့တန်းတစ်ခုလုံး၏ အရွယ်အစားခန့် ရှိသည်။ အကယ်၍ သူသာ ရွှမ်ထျန်းတိုက်ကို ကမ္ဘာဂြိုဟ်ပုံစံ ပြုပြင်ပြောင်းလဲလိုပါက ကြီးမားသော အဖိုးအခကို ပေးဆပ်ရမည် ဖြစ်သည်။
ပြောလျှင်ပြောသလိုပင် သူ လုပ်ဆောင်လိုက်သည်။ ယခင်က ဝူဟောက်၏ သိပ္ပံနည်းပညာ စွမ်းရည်မှာ သိပ်မကောင်းလှသော်လည်း ယခု ဝူဟောက်မှာ ဧကရာဇ်တစ်ပါး ဖြစ်နေပြီ ဖြစ်သည်။
အခြေခံသဘောတရားကို သိသည်နှင့် ဖုန်းကဲ့သို့ အရာများကို ထုတ်လုပ်ရန်မှာ ဝူဟောက်အတွက် ပြဿနာ မဟုတ်တော့ပေ။
သူဖုန်းတစ်လုံးကို တီထွင်ရန် ဆယ့်ငါးရက်ခန့် အချိန်ယူခဲ့ရ၏။ ကုဒ်များရိုက်ရန် လိုအပ်သောကြောင့် အချိန်မှာကျပ်ကြာသွားခဲ့ရသည်။
သူ့ရှေ့မှ ဖုန်းကို ကြည့်ရင်း ဝူဟောက်၏ စိတ်ထဲတွင် တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ကျင့်ကြံခြင်းကမ္ဘာက ဘယ်လိုလုပ်ပြီး ဆိုင်ဘာပန့်ခ် စတိုင်ဘက်ကို ပြောင်းလဲသွားရတာလဲ။
သို့သော်လည်း သူ ဂရုမစိုက်တော့ပေ။ အဓိကမှာ သူ အလွန် ပျင်းနေသောကြောင့် ဖြစ်သည်။ ဝူဟောက်က ကျင့်ကြံရခြင်းကို မကြိုက်သောကြောင့် ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲရန် အရာတစ်ခုခုကို တီထွင်လိုက်လျှင် ပိုကောင်းမည် မဟုတ်ပါလား။ အရေးကြီးဆုံးမှာ ငွေရှာရန် ဖြစ်သည်။
ရွှမ်ထျန်းတိုက်၏ အခြေခံမှာ သာမန်လူများ ဖြစ်ပြီး ကျင့်ကြံသူများက သာမန်လူများ၏ ကိစ္စများကို အများအားဖြင့် ဂရုမစိုက်ကြပေ။ ဆိုလိုသည်မှာ သာမန်လူများက ရှေးခေတ်ကဲ့သို့ နေထိုင်နေကြဆဲ ဖြစ်သည်။
အကယ်၍ သူသာ ဖုန်းကို တီထွင်နိုင်ခဲ့ပါက သူ ရှာဖွေနိုင်မည့် ငွေမှာ အလွန်ပင် များပြားလိမ့်မည် ဖြစ်၏။
ကုဒ်များကို တီထွင်ရန် အချိန်အနည်းငယ် ထပ်မံယူပြီးနောက် တစ်လခန့်အကြာတွင် ဖုန်းစနစ် ကုဒ်အပြည့်အစုံကို သူ ရေးသားနိုင်ခဲ့သည်။
ထို့နောက်တွင်တော့ ဖုန်းကို ထုတ်လုပ်ပြီး စနစ်ပရိုဂရမ်ကို ဖုန်းထဲသို့ ထည့်သွင်းရန်သာ လိုတော့သည်။ သို့သော် ဤသည်မှာ ကြီးမားသော စီမံကိန်းတစ်ခု ဖြစ်ပြီး ပြီးမြောက်ရန် အချိန်အတော်ကြာ လိုအပ်ပေလိမ့်မည်။
အဓိကအကြောင်းအရင်းမှာ ရွှမ်ထျန်းတိုက်တွင် ထိုအရာများကို ထုတ်လုပ်ရန်မှာ ဝူဟောက်အတွက်ပင် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေသောကြောင့် ဖြစ်သည်။
” ဝူမျိုးနွယ် အမိန့်ကိုကိုနာခံ… ငါတို့ လီမင်းဆက်အင်ပါယာ လက်အောက်ခံ ဖြစ်လာရင် ဖြစ်လာ၊ မဟုတ်ရင်တော့ မင်းတို့ ဝူမျိုးနွယ်ကုန်သွယ်ရေး မခံနိုင်တဲ့ အကျိုးဆက်ကို ရင်ဆိုင်ရလိမ့်မယ်...”
ထိုအချိန်မှာပင် ဝူရူလုံက ဝူမျိုးနွယ် အပြင်ဘက်တွင် အလုပ်လုပ်နေစဉ် သူ့ရှေ့တွင် မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိသော အနက်ရောင်အဝတ်ဖြင့် တစ်ကိုယ်လုံး ဖုံးအုပ်ထားသည့် ပုံရိပ်တစ်ခု ရပ်နေသည်။ ထိုသူမှာ လီရွှီခွင် စေလွှတ်လိုက်သော လျှို့ဝှက်သူလျှိုပင် ဖြစ်သည်။
သူ့ရှေ့မှ လျှို့ဝှက်သူလျှို၏ နက်ရှိုင်းလှသော စွမ်းအားကို ခံစားမိသောအခါ ဝူရူလုံ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် မဲမှောင်သွားသည်။ ဝူမျိုးနွယ်ကုန်သွယ်ရေးက လူအချို့၏ အာရုံစိုက်မှုကို ခံရမည်ဟု သူ တွေးထင်ထားခဲ့သော်လည်း ဤလူများက ဤမျှ ရဲတင်းစွာ ပေါ်ပေါ်တင်တင် လုယက်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
“ငါက မလုပ်ဘူးလို့ ပြောရင်ရော...”
ဝူရူလုံက အသက်ကို ပြင်းပြင်းရှူ၍ တစ်ဖက်လူကို ကြည့်လိုက်သော သူ့မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှု အနည်းငယ်မျှ မရှိချေ။
သူက အခုမှ ကပ်ဘေးဖြတ်ကျော်ခြင်း အထွတ်အထိပ်အဆင့် တွင်သာ ရှိသေးသော်လည်း မကြာမီ သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်တော့မည် ဖြစ်သည်။ ထို့အပြင် ယခု ဝူမျိုးနွယ်ကုန်သွယ်ရေးတွင် သူတော်စင်ဘုရင်အဆင့် သုံးဦးနှင့် သူ၏ ဖခင်ဖြစ်သူ၏ တစ်ခါမျှ မပြသဖူးသေးသော စွမ်းအားများလည်း ရှိသေး၏။
ထို့ကြောင့် လီမင်းဆက်အင်ပါယာ၏ ဖိနှိပ်မှုကို ရင်ဆိုင်ရချိန်တွင် ဝူရူလုံက လက်နက်ချရန် မရွေးချယ်ခဲ့ပေ။ အကယ်၍ တစ်ဖက်လူက လက်တည့်စမ်း၍ လုယက်လိုပါက စစ်ပွဲ စတင်ကြရုံသာ ရှိသည်။
အကယ်၍ သူ၏ ဖခင်သာ ဤနေရာတွင် ရှိနေပါက ထိုသို့ပင် လုပ်ဆောင်လိမ့်မည်ဟု ဝူရူလုံ၏ စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်၏။