← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း ၂၅ - ဝူမျိုးနွယ် ဆက်ခံသူမှ ဘေးအဖွားကို ဂါရဝပြုခြင်း

"ရပ်လိုက် အဲဒီမှာပဲ ရပ်နေ ထပ်မတိုးလာနဲ့ ရှင် ဘယ်သူလဲ”

ဝူယီဖန်သည် သူမထံ ရောက်ခါနီးတွင် စုချောင်ရန်က နောက်ဆုံးတွင် တုံ့ပြန်လိုက်ပြီး သူ့ကို တားလိုက်သည်။

စုချောင်ရန်၏ စကားကို ကြားလိုက်သည်နှင့် ဝူယီဖန်သည် လိမ်လိမ်မာမာပင် ရပ်တန့်လိုက်သည်။ သူ့တွင် ရွေးချယ်စရာ မရှိပေ။ သူ့ရှေ့မှ အမျိုးသမီးမှာ သူ၏ ဘေးအဖွား ဖြစ်နေသည်။ ဘေးအဖွားကို မလေးမစား လုပ်ခဲ့သည်ဟု ဘိုးအဘေးသာ သိသွားခဲ့မည်ဆိုပါက ၊ သူ့ကို သတ်ပစ်မည်ကို စိုးရိမ်မိသည်။

ဝူယီဖန် ရပ်တန့်သွားသည်ကို မြင်သောအခါ စုချောင်ရန်သည် သက်ပြင်းချလိုက်ပြီး ဝူယီဖန်ကို ကြည့်ကာ မေးလိုက်သည်။

"ရှင် ဘယ်သူလဲ ချန်ဖုန်းနဲ့ တခြားလူတွေကို ဘာလို့ တိုက်ခိုက်တာလဲ”

စုချောင်ရန်၏ မေးခွန်းကို ကြားသောအခါ ဝူယီဖန်သည် ခဏမျှ စဉ်းစားကာ ဘိုးအဘေးသည် သူ၏ အထောက်အထား ဖုံးကွယ်ထားရန် မပြောခဲ့ကြောင်း သတိရသွားသည်။

ထိုသို့ တွေးမိပြီးနောက် ဝူယီဖန်သည် ချက်ချင်းပင် ဒူးတစ်ဖက်ထောက်ချလိုက်ပြီး စုချောင်ရန်အား လေးစားစွာ ပြောလိုက်၏။

"ဝူမျိုးနွယ် ဆက်ခံသူ ဝူယီဖန်မှ ဘေးအဖွားကို ဂါရဝပြုပါတယ်"

ဝူယီဖန်၏ ရုတ်တရက် လုပ်ရပ်ကို မြင်လိုက်ရသောအခါ စုချောင်ရန်ခမျာ ကြောင်အမ်းသွားသော်လည်း အသိပြန်ဝင်လာသောအခါ သူမ၏ တုန်လှုပ်မှုမှာ ပို၍သာ တိုးလာလေသည်။

မဟုတ်သေးပါဘူး….

သူတို့တွင် မြစ်တစ်ယောက် ရှိကြောင်း ဝူဟောက် ပြောဖူးသည်ကို သူမ သိထားသော်လည်း သူတို့၏ မြစ်မှာ မဟာသူတော်စင်တောင် မယှဉ်နိုင်သည့်အထိ အစွမ်းထက်သည်ဟု ဝူဟောက် တစ်ခါမျှ မပြောဖူးခဲ့ပေ။

ရုတ်တရက် စုချောင်ရန်မှာ ကိုယ့်ဘဝကို သံသယ ဝင်လာသည်။

မဟုတ်သေးပါဘူး..ဘေးအဖွားရဲ့ ကျင့်ကြံခြင်းအဆင့်က မြစ်ဖြစ်သူထက် နိမ့်ကျနေသတဲ့လား…ဒီသတင်းသာ ပေါက်ကြားသွားရင် ရှက်စရာ မကောင်းလွန်းဘူးလား။

သို့သော် စုချောင်ရန်သည် ဝူယီဖန်၏ အထောက်အထားကို မယုံကြည်သေးပေ။ ခေတ္တမျှ စဉ်းစားပြီးနောက် သူ၏ ဘိုးအဘေးသည် မည်သူဖြစ်ကြောင်း ၊ အဘိုးမှာ မည်သူဖြစ်ကြောင်း စသည်ဖြင့် မေးခွန်းအချို့ကို မေးမြန်းခဲ့သည်။ ထိုအခါမှသာ ဝူယီဖန်သည် သူမ၏ မြစ် အစစ်အမှန် ဖြစ်ကြောင်း စုချောင်ရန် ယုံကြည်သွားတော့သည်။

"ထပါကွယ် “

ဝူယီဖန်သည် သူမ၏ မြစ်ဖြစ်ကြောင်း သိလိုက်ရပြီးနောက် စုချောင်ရန်၏ သဘောထားမှာ သိသိသာသာ ကောင်းမွန်သွားပြီး ဝူယီဖန်ကို အလျင်အမြန် ထူမပေးလိုက်သည်။

ခဏမျှ စဉ်းစားပြီးနောက် စုချောင်ရန်က မေးလိုက်၏။

"မင်းရဲ့ ဘိုးအဘေးက မင်းကို ဝင်ခိုင်းလိုက်တာလား"

"ဟုတ်ကဲ့ ဘေးအဖွား အတွင်းထဲမှာ အန္တရာယ် တစ်ခုခု ကြုံရမှာ စိုးရိမ်လို့ ဝင်ပြီး ကာကွယ်ပေးဖို့ ဘိုးအဘေးက ကျွန်တော့်ကို ပြောလိုက်တာပါ”

ဝူယီဖန်သည် တွန့်ဆုတ်မနေဘဲ ထုတ်ပြောလိုက်သည်။ သူသည် ကျင့်ကြံခြင်းကို နှစ်သက်သော်လည်း ကျား၊ မ ကြားမှ ကိစ္စရပ်များကို နားမလည်သည်ဟု မဆိုလိုပေ။ ဘိုးအဘေးနှင့် ဘေးအဖွားတို့ကြားက ဆက်ဆံရေး တိုးတက်စေမည့် စကားမျိုးကို အဘယ့်ကြောင့် ထုတ်မပြောဘဲ နေရမည်နည်း။

ဝူယီဖန်၏ စကားကို ကြားရသောအခါ စုချောင်ရန်၏ ရင်ထဲတွင် နွေးထွေးသွားသည်။ ဝူဟောက်သည် ဤမျှ စာနာတတ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သို့သော် သူမ၏ မြစ်ရှေ့တွင် စုချောင်ရန်သည် သူမ၏ ခံစားချက်များကို မြိုသိပ်လိုက်ပြီး ချောင်းဟန့်ကာ ပြောလိုက်သည်။

"ကောင်းပြီ အခု ဘေးအဖွား အန္တရာယ် ကင်းသွားပြီ ဆိုတော့ မင်းလုပ်စရာ ရှိတာ သွားလုပ်တော့”

ဝူယီဖန်သည် သူမ၏ မြစ် ဖြစ်သော်လည်း ပထမဆုံး တွေ့ဆုံခြင်း ဖြစ်သလို မတော်တဆ တွေ့ဆုံခြင်းလည်း ဖြစ်သဖြင့် သူနှင့် မည်သို့ ပေါင်းသင်းရမည်ကို စုချောင်ရန် မစဉ်းစားရသေးပေ။ ထို့ကြောင့် ဝူယီဖန်ကို ထွက်သွားခိုင်းခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

ထိုစကားကိုကြားသည်နှင့် ဝူယီဖန်၏ မျက်နှာတွင် မနှစ်မြို့သော အမူအရာ ပေါ်လာပြီး ပြောလိုက်သည်။

"မဖြစ်ဘူး ဘေးအဖွား ၊ ဘိုးအဘေးရဲ့ အမိန့်က ဘေးအဖွားကို အတွင်းထဲမှာ ကာကွယ်ပေးဖို့ပဲ.. ဘေးအဖွား တစ်ခုခု ဖြစ်သွားရင်၊ ဒါမှမဟုတ် ကျွန်တော် တာဝန်ပျက်ကွက်တယ်ဆိုတာ ဘိုးအဘေး သိသွားရင် ကျွန်တော့်ကို ဆူလိမ့်မယ်”

"သူ မလုပ်ရဲပါဘူး ဘေးအဖွား ပြောတာပါလို့သာ ပြောလိုက် မင်း လုပ်စရာ ရှိတာ သွားလုပ်”

"ကောင်းပါပြီ ဘေးအဖွား ဂရုစိုက်ပါ တစ်ခုခု ဖြစ်ရင် ကျွန်တော့်ကို ဆက်သွယ်လိုက်ပါ”

ဝူယီဖန်သည် သူ၏ ဆက်သွယ်ရေး ကျောက်စိမ်းကို စုချောင်ရန်အား ပေးလိုက်ပြီးနောက် လှည့်ထွက်သွားလေသည်။

သူသည် ကျယ်ပြောသော လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ရသည့် အခြား အကြောင်းရင်း တစ်ခု ရှိသေးသည်။ ကျယ်ပြောသော ဧကရာဇ်တပိုင်း၏ အမွေအနှစ်ထဲတွင် ရှေးဟောင်းမြင့်မြတ် ခန္ဓာကိုယ်၏ ကန့်သတ်ချက် ရှစ်လွှာကို ဖယ်ရှားပေးနိုင်မည့် ရှားပါးပြီး တန်ဖိုးရှိသော ပစ္စည်းများ ပါရှိသည်ဟု ဆိုကြသည်။ အကယ်၍ သူသာ ထိုအရာများကို ရရှိခဲ့မည်ဆိုပါက ၊ သူ့ခွန်အားသည် သေချာပေါက် များစွာ တိုးတက်လာမည် ဖြစ်ပြီး လက်စားချေနိုင်ပေတော့မည်။

ဝူယီဖန် ထွက်သွားပြီးနောက် စုချောင်ရန်သည် နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားသည်။

သူမသည် ဝူယီဖန်ကို အကြောင်းမဲ့ ထွက်သွားခိုင်းခြင်း မဟုတ်ပေ။ မူရုံရွှယ် အနေဖြင့် ချန်ဖုန်းနှင့် အခြားနှစ်ဦး အပါအဝင် ရန်သူ သုံးဦးကိုသာ လျှို့ဝှက်နယ်မြေထဲတွင် သူမအတွက် စီစဉ်ထားကြောင်း သိထားသောကြောင့် ဖြစ်သည်။ မဟာသူတော်စင် အထွတ်အထိပ်အဆင့် သုံးဦး နဲ့ပင် အတော်လေး ကြောက်စရာ ကောင်းနေပြီ ဖြစ်သည်။

ဤသည်မှာ မူရုံရွှယ်အတွက် လက်ရှိ အသုံးပြုနိုင်သော အပြင်းထန်ဆုံး နည်းလမ်း ဖြစ်ကောင်း ဖြစ်နိုင်ပြီး အခြား မဟာသူတော်စင် အထွတ်အထိပ်အဆင့်ရှိ ရန်သူများ ရှိမနေလောက်တော့ပေ။ အကယ်၍ အခြား မဟာသူတော်စင် အထွတ်အထိပ်အဆင့်များ ရှိနေဦးမည်ဆိုတောင် သူမကို ကာကွယ်ပေးရန် ခင်ပွန်းသည် ပေးထားသော ဆွဲကြိုးလည်း ရှိနေသေးသည် မဟုတ်လော။

ထိုအချိန်တွင် မူရုံရွှယ်သည် သူမ စေလွှတ်လိုက်သော လူများ အားလုံး သုတ်သင်ခံလိုက်ရသည်ကို မသိရှိသေးပေ။ ယခုအချိန်၌ မူရုံရွှယ်သည် အဆင့်တက်လှမ်းရန် အခွင့်အရေး တစ်ခုကို အာရုံခံမိသဖြင့် လျှို့ဝှက်နယ်မြေထဲတွင် လှည့်လည်ရှာဖွေနေဆဲ ဖြစ်သည်။

ချန်ဖုန်းနှင့် အခြားသူများ သေဆုံးသွားပြီးနောက် စုချောင်ရန်သည် လျှို့ဝှက်နယ်မြေထဲတွင် လျှောက်သွားမနေတော့ဘဲ မဟာသူတော်စင်အဆင့်သို့ တက်လှမ်းရန် ပြင်ဆင်မည့် နေရာတစ်ခုကို ရှာဖွေလိုက်သည်။

သူမသည် သူတော်စင်အဆင့် အထွတ်အထိပ်တွင် ရပ်တန့်နေခဲ့သည်မှာ နှစ်နှစ်ခွဲ ရှိပြီ ဖြစ်ရာ မဟာသူတော်စင်အဆင့်သို့ တက်လှမ်းရန် အချိန်တန်ပြီ ဖြစ်သည်။

နှစ်ဝက်ခန့် လျင်မြန်စွာ ကုန်လွန်သွားပြီး တောင်ပိုင်းဒေသတွင်မူ ဝူရူလုံနှင့် အခြားသူများ၏ ကြိုးပမ်းအားထုတ်မှုကြောင့် လီမင်းဆက်၏ နေရာအနှံ့အပြားတွင် တာဝါတိုင်စခန်းများကို တစ်ခုပြီးတစ်ခု တည်ဆောက်ပြီးစီးခဲ့လေပြီ။

လီရွှီခွင်နှင့် သူ့အဖွဲ့သည် ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်း၏ ကြီးမားသော လှုပ်ရှားမှုကို လျင်မြန်စွာ သိရှိသွားကြသည်။ သူ့လက်အောက်ငယ်သားများ တင်ပြလာသော သတင်းအချက်အလက်များကို ကြည့်ရင်း လီရွှီခွင်မှာ မျက်မှောင်ကြုတ်သွားသည်။ ဝူရူလုံ၏ ရည်ရွယ်ချက်ကို သူ လုံးဝမှ မှန်းဆ၍မရကြောင်း ထင်ရှားသည်။

"မောင်မင်းတို့ ဝူရူလုံရဲ့ ရည်ရွယ်ချက်အမှန်က ဘာဖြစ်မယ် ထင်သလဲ”

လီရွှီခွင်သည် အောက်က ဝန်ကြီးများကို ကြည့်ပြီး ဖြည်းညင်းစွာ မေးလိုက်သည်။

ထိုအချိန်အတွင်း လီမင်းဆက်၏ ဝန်ကြီးများသည်လည်း ဝူကုန်သည်အသင်း၏ ထူးခြားဆန်းပြားမှုကို မျက်မြင်တွေ့ရှိခဲ့ကြရာ လီရွှီခွင်၏ မေးခွန်းကို ကြားသောအခါ သူတို့အားလုံး ခေါင်းငုံ့ပြီး စကားထစ်နေကြကာ မည်သူမျှ မပြောရဲကြပေ။

ဤသည်ကို မြင်သောအခါ လီရွှီခွင်က အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။

" ဒါဘာဖြစ်နေကြတာလဲ ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းကို ငါတို့ လီမင်းဆက်ရဲ့ လက်အောက် ရောက်အောင် လုပ်မယ်လို့ မင်းတို့ပဲ အသံကုန် ဟစ်ခဲ့ကြတာ မဟုတ်လား အခု မေးလိုက်တော့ အားလုံး တိတ်ဆိတ်နေကြပါလား”

လီရွှီခွင်၏ စကားကို ကြားပြီးနောက် သူတို့၏ ခေါင်းကို ပို၍သာ ငုံ့လိုက်ကြသည်။ လီရွှီခွင်သည် ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းနှင့် စီးပွားရေး တိုက်ပွဲကြောင့် မကြာသေးမီက အလွန် ဒေါသထွက်နေခဲ့ရာ သူတို့ ထပြောလိုက်လျှင်ဖြင့် လီရွှီခွင်၏ ရှင်းလင်းခြင်း ခံရမည်ကို ကြောက်မိသည်။

ဝန်ကြီးများသည် မလှုပ်မယှက် ရှိနေသည်ကို မြင်သောအခါ လီရွှီခွင်သည် သူ့မျက်နှာပေါ်တွင် နက်ရှိုင်းသော ပင်ပန်းနွမ်းနယ်မှုများဖြင့် သက်ပြင်းချလိုက်ပြီး လက်ဝှေ့ယမ်းပြကာ ပြောလိုက်သည်။

"ကဲ မင်းတို့အားလုံး သွားလို့ရပြီ”

ညီလာခံမှာ လျင်မြန်စွာ ပြီးဆုံးသွားပြီး ခန်းမဆောင် တစ်ခုလုံးတွင် လီရွှီခွင် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။

ယခုအချိန်၌ လီရွှီခွင်၏ မျက်လုံးများတွင် ယုတ်မာသော အကြံအစည်တို့ဖြင့် ပြည့်နှက်နေ၏။ ဝူရူလုံ ဘာလုပ်နေသည်ကို သူ မသိသော်လည်း ဤအတိုင်း လွှတ်ထားလိုက်ပါက သူ့လီမင်းဆက်ကို အကြီးအကျယ် ထိခိုက်စေနိုင်ကြောင်း သူ သိနေသည်။

ထို့ကြောင့် ဝူရူလုံကို တားဆီးရပေမည်။

ထိုသို့ တွေးမိပြီးနောက် လီရွှီခွင်သည် သူ့ လက်ကို ဝှေ့ယမ်းလိုက်ရာ နောက်တစ်စက္ကန့်တွင် သူ့ရှေ့၌ လူရိပ်ငါးခု ပေါ်လာသည်။ ၎င်းတို့မှာ အခြားမဟုတ်၊ အန်ဇီ (လျှို့ဝှက်သူလျှို) များသာ ဖြစ်ပေသည်။

"မင်းတို့ငါးယောက် ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းက ဒီအချိန်အတွင်း တည်ဆောက်ထားသမျှ အရာအားလုံးကို ဖျက်ဆီးပစ် တစ်ယောက်မှ အရှင်မထားနဲ့”

"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး"

သူတော်စင်ဘုရင် အထွတ်အထိပ်အဆင့်ရှိ သူလျှိုငါးဦးသည် လျင်မြန်စွာ ထွက်ခွာသွားကြသော်လည်း သူတို့ မသိသောအချက်မှာ လီရွှီခွင် လုပ်ဆောင်နိုင်သမျှသည် ဝူရူလုံ၏ မျှော်မှန်းချက် အတွင်း၌ ရှိနေပြီးသား ဖြစ်သည် ဆိုသောအချက်ပင်။

ထို့ကြောင့် ထိုလျှို့ဝှက်သူလျှို ငါးဦးသည် ဝူမျိုးနွယ်တို့ တည်ဆောက်ထားသည်များကို တိတ်တဆိတ် ဖျက်ဆီးရန် ပြင်ဆင်လိုက်သောအခါ သူတို့၏ တစ်ခုတည်းသော ကံကြမ္မာမှာ သေခြင်းတရားသာ ဖြစ်ပေတော့သည်။

အခန်း ၂၆ - မင်း ဒါကို ထင်မထားမိဘူး မဟုတ်လား ငါ့မှာ အကာအကွယ်ပေးထားတဲ့ မန္တာန်အစီရင်တစ်ခု ရှိနေသေးတယ်

"အရှင်မင်းကြီးက ငါတို့ကို ဖျက်ဆီးခိုင်းလိုက်တာ ဒါလား” ကြည့်ရတာ အတော်လေး ပျက်စီးလွယ်မယ့်ပုံပဲ”

သူ့ရှေ့တွင် မီတာတစ်သောင်းခန့် မြင့်မားစွာ တည်ရှိနေသော ဧရာမ တာဝါတိုင်စခန်းကြီးကို ကြည့်ရင်း သူလျှို၏ မျက်နှာထက်၌ အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။

သူတော်စင်ဘုရင်အဆင့် ကျွမ်းကျင်ပညာရှင်တစ်ဦးအတွက် မီတာတစ်သောင်း မဆိုထားနှင့် မီတာ သန်းရာချီ မြင့်မားသော အရာဝတ္ထုကြီး ဖြစ်နေလျှင်ပင် တစ်ခဏအတွင်း ဖျက်ဆီးပစ်နိုင်သည်။

ထိုအရာကို တွေးတောရင်း သူလျှိုသည် လှုပ်ရှားလိုက်သည်။ သူ၏ ရည်ရွယ်ချက်မှာ သူ့ရှေ့မှ တာဝါတိုင်စခန်းကို လျှပ်စီးအလား လျင်မြန်သော အမြန်နှုန်းဖြင့် ဖျက်ဆီးပစ်ရန် ဖြစ်သည်။

သို့သော်လည်း သူ၏ တိုက်ခိုက်မှုက တာဝါတိုင်စခန်းပေါ်သို့ ကျရောက်သွားချိန်တွင် သူ မျှော်လင့်ထားသကဲ့သို့ တာဝါတိုင်စခန်းကြီး တစ်စစီ ပျက်စီးသွားသည့် မြင်ကွင်းမျိုး ဖြစ်မလာခဲ့ချေ။ ထိုအစား တာဝါတိုင်စခန်း၏ မျက်နှာပြင်ပေါ်တွင် မှိန်ဖျော့သော အပြာရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

ထိုအလင်းတန်းကို မြင်လိုက်ရသည်နှင့် ထိုသူလျှိုမှာ သူ ဒုက္ခရောက်ပြီဖြစ်ကြောင်း သိလိုက်သည်။ ထို့နောက် တာဝါတိုင်စခန်းတွင် တပ်ဆင်ထားသော မန္တာန်အစီအရင်တစ်ခုက သူ၏ တိုက်ခိုက်မှုကို စုပ်ယူလိုက်ပြီး ဆယ်ဆမျှသော စွမ်းအားဖြင့် ပြန်လည် ကန်ထွက်လာရာ ထိုနေရာတွင်ပင် သူ့ကို ပွဲချင်းပြီး သေဆုံးသွားစေသည်။

ကျန်ရှိနေသော သူလျှိုလေးဦးမှာလည်း ထိုနည်းအတိုင်းပင် ဖြစ်ပျက်သွားကြ၏။ သူတို့သည် တာဝါတိုင်စခန်းကို တိုက်ခိုက်လိုက်သည်နှင့် တာဝါတိုင်စခန်းအတွင်း တပ်ဆင်ထားသော မန္တာန်အစီအရင်သည် သူတို့၏ တိုက်ခိုက်မှုများကို စုပ်ယူလိုက်ပြီး ဆယ်ဆပြန်လည် တိုက်ခိုက်လိုက်ရာ သူတို့အားလုံး သေဆုံးကုန်ကြသည်။

မန္တာန်အစီအရင် အသက်ဝင်သွားသည့် အခိုက်တန့်တွင် ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်း အတွင်းရှိ ဝူရူလုံက မဲ့ပြုံး ပြုံးလိုက်၏။

"လီရွှီခွင်က ဒီလောက် အရှက်မရှိတဲ့ နည်းလမ်းကို ထပ်ရွေးချယ်မယ်လို့ ငါ ထင်မထားမိဘူး ဒါပေမဲ့ ငါ့တာဝါတိုင်စခန်းမှာ မန္တာန်အစီအရင်တွေ ရှိနေမယ်လို့ သူ တွေးမိမှာ မဟုတ်ဘူး သူတော်စင်ဘုရင် မပြောနဲ့ အာဏာရှင်အဆင့်တောင်မှ ဒါကို မချိုးဖျက်နိုင်ဘူး ဧကရာဇ်တပိုင်းအဆင့်လောက်မှပဲ ချိုးဖျက်နိုင်ဖို့ ဖြစ်နိုင်ချေ ရှိတာ”

ထိုအရာကို တွေးမိရင်း ဝူရူလုံလည်း အံ့ဩနေမိသည်။ ဖခင်ဖြစ်သူမှ ပေးအပ်ခဲ့သော ပစ္စည်းမှာ ဤမျှထိ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု သူ ထင်မထားပေ။ ထို့ပြင် ၎င်း၌ မန္တာန်အစီအရင်တစ်ခုလည်း ပါဝင်နေသေး၏။

မှန်၏။ တာဝါတိုင်စခန်းတွင် တပ်ဆင်ထားသော မန္တာန်အစီအရင်မှာ ဝူဟောက် ပြန်ရောက်လာစဉ်က ဝူရူလုံကို ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ဝူဟောက် ဖန်တီးထားသော သယ်ဆောင်ရလွယ်ကူသည့် မန္တာန်အစီအရင်တစ်ခု ဖြစ်သည်။ ၎င်း၏ သက်ရောက်နိုင်စွမ်းရှိသော ဧရိယာသည် မကျယ်ဝန်းသော်လည်း တာဝါတိုင်စခန်း အသေးစားလေး တစ်ခုကို ကာကွယ်နိုင်သေး၏။

ဝူဟောက်၏ အစီအစဉ်တွင် တောင်ပိုင်းဒေသ တစ်ခုလုံး၌ တာဝါတိုင်စခန်း ၁၀ ခု တည်ဆောက်ရန် ပါရှိသည်။ ဤ တာဝါတိုင်စခန်း ၁၀ ခုသည် တောင်ပိုင်းဒေသရှိ နေရာတိုင်းကို ကွယ်ဝှက်နေသော နေရာကွက်လပ် မရှိစေရဘဲ ၃၆၀ ဒီဂရီ လွှမ်းခြုံထားနိုင်ရန် လုံလောက်ပေသည်။

ရွှမ်ထျန်းကမ္ဘာတွင် ရှာဖွေတွေ့ရှိနိုင်သော ပစ္စည်းအများစုမှာ ယခင်ဘဝ ကမ္ဘာမြေပေါ်ရှိ ပစ္စည်းများထက် များစွာ အဆင့်မြင့်သည့်အတွက် လိုင်းဆွဲအားကို ပို၍ ဖြန့်ကျတ်နိုင်မည်မှာ သေချာသည်။

လက်ရှိတွင် တာဝါတိုင်စခန်း ၅ ခုခန့် တည်ဆောက်ပြီးစီးနေပြီ ဖြစ်ပြီး ဆော့ဖ်ဝဲလ် ရေးဆွဲမှုမှာလည်း ပြီးစီးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ နောက်တစ်ဆင့် အနေဖြင့် ဖုန်းကို ဖြန့်ချိရန် ပြင်ဆင်ရုံသာ ဖြစ်သည်။

ထိုအရာကို တွေးတောမိရင်း ဝူရူလုံသည် နောက်ထပ် ခုနစ်ရက်အကြာတွင် တောင်ပိုင်းဒေသ တစ်ခုလုံး၌ ထုတ်ကုန်သစ် မိတ်ဆက်ပွဲ ပြုလုပ်ရန် သူ့လူများကို အမိန့်ပေးလိုက်သည်။

ယနေ့အချိန်တွင် ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းသည် လီမင်းဆက် အတွင်း၌သာမက တောင်ပိုင်းဒေသ တစ်ခုလုံး၌ပါ ကျော်ကြားသော အင်အားစုတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းနှင့် လီမင်းဆက်တို့အကြား စစ်ပွဲတစ်ခုသာ ဖြစ်ခဲ့သော်လည်း ၎င်းအဖြစ်အပျက်က လီမင်းဆက်နှင့် အရွယ်အစားတူသော တောင်ပိုင်းဒေသရှိ အခြားအင်အားစုများကို ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်း၏ အင်အားအကြောင်း သတိပြုမိသွားစေခဲ့သည်။

ထို့ကြောင့် ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းက နောက်ထပ် ခုနစ်ရက်အကြာတွင် ထုတ်ကုန်သစ် မိတ်ဆက်ပွဲ ကျင်းပမည်ဟု ကြေညာလိုက်ပြီးနောက်တွင် ၊၊ အင်အားစုများစွာက တက်ရောက်ရန် ဆန္ဒရှိကြောင်း ဖော်ပြလာကြသည်။

လီရွှီခွင်သည် သူ၏ သူလျှိုများ သေဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရသည် ။ သူ၏မျက်နှာထားမှာ အလွန်အမင်း မည်းမှောင်နေသည်။ ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်း၏ အခြေစိုက်စခန်းကို အရင်ဆုံး တိုက်ခိုက်ရန် လူလွှတ်လိုက်ခြင်းမှာ သူ၏ အမှားဖြစ်ကြောင်း သိသော်လည်း ၊ သို့သော် သူလျှိုအားလုံး သေဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရချိန်တွင် သူ့ဒေါသကို မထိန်းချုပ်နိုင်တော့ပေ။

"ဟူး.. အမည်မဲ့ လေလွင့်သူကို ရှာဖို့ လွှတ်လိုက်တဲ့ သူလျှိုကရော သူ့ကို တကယ်ပဲ ရှာတွေ့ပါ့မလား”

ထိုအချိန်မှသာ လီရွှီခွင်သည် အမည်မဲ့ လေလွင့်သူကို ရှာဖွေရန် သူလျှိုတစ်ဦး စေလွှတ်ထားကြောင်း သတိရလိုက်မိသည်။ သို့သော် အကြောင်းရင်း တစ်စုံတစ်ရာကြောင့် အမည်မဲ့ လေလွင့်သူမှာ မကြာသေးမီက ပေါ်မလာတော့သလို သူလျှိုမှာလည်း ပျောက်ချင်းမလှ ပျောက်သွားခဲ့လေသည်။

လီရွှီခွင် မသိသည့်အချက်မှာ သူလွှတ်လိုက်‌သော သူလျှိုများသည် အမည်မဲ့ လေလွင့်သူကို ရှာဖွေရန် အလယ်ပိုင်းဒေသ အထိ ရောက်သွားခဲ့ကြခြင်း ဖြစ်သည်။

လီရွှီခွင်သည် မကြာမီတွင် ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းက နောက်ထပ် ခုနစ်ရက်အကြာတွင် ထုတ်ကုန်သစ် မိတ်ဆက်ပွဲ ကျင်းပမည့် သတင်းကို ကြားသိလိုက်ရသဖြင့် သူ၏မျက်နှာထားမှာ ရုတ်ခြည်း တည်ကြည်သွားသည်။ သူသည် အများကြီး စုံစမ်းစစ်ဆေးခဲ့သော်လည်း ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းသည် ဘာကိုကြံစည်နေမှန်း ရှာမတွေ့ခဲ့ပေ။ ယခုအခါ အဖြေကို သိရတော့မည် ဖြစ်ရာ သူ့အနေဖြင့် မည်သို့ စိတ်မလှုပ်ရှားဘဲ နေမည်နည်း။

ဝူရူလုံမှာ ထိုမျှလောက် ကပ်စေးနည်းသူ မဟုတ်သည့်အတွက် ထုတ်ကုန်သစ် မိတ်ဆက်ပွဲ ဖိတ်ကြားလွှာများကို လီမင်းဆက်ထံသို့ ပေးပို့ထားပြီး ဖြစ်သည်။

"ဝူရူလုံ နောက်ထပ် ခုနစ်ရက်နေရင် မင်း ဘာထုတ်ပြမလဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်”

အခြားတစ်ဖက်တွင်မူ မဟာမင်းဆက်ကြီး သုံးခုမှ အရှင်သခင်များသည်လည်း ဖိတ်ကြားလွှာများ ရရှိပြီးနောက် အတော်လေး စိတ်ဝင်စားသွားကြသည်။ ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းသည် သူတို့၏ မင်းဆက်များတွင်လည်း လာရောက် ဖွင့်လှစ်ထားသော်လည်း သူတို့မင်းဆက်အောက်ရှိ လက်အောက်ခံ အင်အားစုများကို အရေးယူဆောင်ရွက်ခြင်း မရှိသည့်အတွက် မဟာမင်းဆက်ကြီး သုံးခုက သိပ်ပြီး အာရုံမစိုက်ခဲ့ကြပေ။

သို့သော်လည်း ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်သစ် မိတ်ဆက်ပွဲ ဖိတ်ကြားလွှာကို ရရှိပြီးနောက် သူတို့သည် စိတ်မဝင်စားဘဲ မနေနိုင်တော့သလို လီရွှီခွင်ကို ဤမျှ ခေါင်းခဲအောင် လုပ်နိုင်သည့် ထိုလူမှာ မည်သူလဲ ဆိုသည်ကိုလည်း သိချင်လာကြသည်။

"အိုး... စိတ်ဝင်စားစရာပဲ မင်းကို ငါ့ဆီလွှတ်လိုက်တာ ဘယ်သူလဲ”

ထိုအချိန်တွင် ဝူဟောက်သည် ဝူဟူနှင့်အတူ လမ်းလျှောက်နေစဉ် မမျှော်လင့်ဘဲ ပတ်ဝန်းကျင် မြင်ကွင်းများမှာ တစ်ခဏချင်း ပြောင်းလဲသွားပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ဝူဟောက်သည် ဖမ်းဆီးခေါ်ဆောင်ခံလိုက်ရသည်။

ဝူဟောက်သည် လှုပ်ရှားလိုက်သည့် လူ၏ အဆင့်ကို အာရုံခံနိုင်ပေသည်။ ထိုသူမှာ သူတော်စင်ဘုရင် အထွတ်အထိပ် အဆင့်မျှသာ ရှိ၏။ ဝူဟောက်သာ ဆန္ဒမရှိပါက တစ်ဖက်လူမှာ သူ့ကို ဖမ်းခေါ်သွားနိုင်မည် မဟုတ်ချေ။

ဝူဟောက်သည် စပ်စုချင်ရုံ သက်သက်ဖြင့် တစ်ဖက်လူ၏ ခေါ်ရာသို့ လိုက်ပါသွားခြင်း ဖြစ်သည်။

ဝူဟောက်ကို ခေါ်ဆောင်သွားသူမှာ ဝူဟောက်၏ တည်နေရာကို အချိန်ကြာမြင့်စွာ ရှာဖွေနေခဲ့သည့် သူလျှိုမှလွဲ၍ အခြားသူ မဟုတ်ပေ။ သူလျှိုသည် ဝူဟောက်ကို မြင်လိုက်ရချိန်တွင် သူ၏မျက်နှာထက်၌ ဝမ်းသာရိပ် အနည်းငယ် ဖြတ်ပြေးသွားသည်။ သူသည် ဝူဟောက်ကို ရှာနေသည်မှာ အတော်ကြာပြီ ဖြစ်ပြီး ယခု နောက်ဆုံးတွင် ရှာတွေ့ပြီ ဖြစ်ရာ မည်သို့ မပျော်ရွှင်ဘဲ နေနိုင်မည်နည်း။

ဝူဟောက်သည် ဒဏ္ဍာရီလာ အမည်မဲ့ ဓားသမား ဖြစ်ကြောင်း သူ သေချာနေရသည့် အကြောင်းရင်းမှာ အမည်မဲ့ ဓားသမား၏ ကယ်တင်ခြင်း ခံခဲ့ရသူများ အားလုံးက သူ့ပခုံးပေါ်တွင် အမြှီးကိုး‌ချောင်း မြေခွေးတစ်ကောင် တင်ထားလေ့ရှိသည်ဟု ပြောဆိုကြသောကြောင့် ဖြစ်သည်။ ဝူဟောက်၏ ပခုံးပေါ်တွင် မြေခွေးတစ်ကောင် တင်ထားသောကြောင့် သူလျှိုသည် သူ့ကို မှတ်မိသွားခြင်း ဖြစ်၏။

"အရှင်... ကျွန်တော်က လီမင်းဆက်ရဲ့ အဖွဲ့ဝင်ပါ လီမင်းဆက် ဧကရာဇ်က အရှင့်ကို စည်းရုံးချင်နေပါတယ် အရှင်သာ လီမင်းဆက်ရဲ့ အဖွဲ့ဝင် ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ဘက်က အရှင့်ကို အာဏာရှင်အဆင့် ရောက်တဲ့အထိ ပြုစုပျိုးထောင်ပေးဖို့ အာမခံပါတယ်”

သူလျှိုက တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်။ ဤအရာအားလုံးမှာ လေလုံးထွားခြင်း သက်သက်သာ ဖြစ်ကြောင်း ဝူဟောက် တွေးလိုက်မိ၏။ သူသာ လီမင်းဆက်သို့ လိုက်ပါသွားရန် သဘောတူလိုက်ပါက လီမင်းဆက်သည် သူ့အား သူတို့အတွက် အလုပ်လုပ်ပေးစေရန် နည်းလမ်းပေါင်း သန်းချီ၍ သုံးလာပေလိမ့်မည်။

ထို့အပြင် လီမင်းဆက် ဆိုသည်မှာ အဘယ်နည်း။ သူတို့သည် မိမိ၏သားကိုတောင် အရင် တိုက်ခိုက်ဝံ့သည်။ ဝူဟောက်၏ စိတ်ထဲတွင် လီမင်းဆက်သည် ပျက်စီးတော့မည့် မင်းဆက်တစ်ခုသာပင်။ အဓိက မေးခွန်းမှာ သူ့သားက ဖျက်ဆီးမလား၊ သို့မဟုတ် သူကိုယ်တိုင် ဖျက်ဆီးမလား ဆိုသည်သာ။

ဇနီးဖြစ်သူသည် သူတော်စင်မ ဖြစ်လာပြီး သူ့ထံသို့ ပြန်ရောက်လာသည့်အချိန်ထိ သားဖြစ်သူသည် လီမင်းဆက်ကို မဖျက်ဆီးရသေးဘူး ဆိုလျှင်ပင် သူကိုယ်တိုင် ဝင်ရောက် ဖြေရှင်းပြီး လီမင်းဆက်ကို ဖျက်ဆီးလိုက်ရင်တောင် နောက်မကျသေးပေ။

ယခု လက်ရှိတွင် အရေးကြီးဆုံးမှာ သူ့ရှေ့မှ ပုန်းကွယ်နေသော ရန်သူကို ရှင်းပစ်ရန် ဖြစ်သည်။

"နေပါဦး ငါ ပြောစရာရှိတယ် ”

ဝူဟောက်က သူ့ရှေ့မှ လူ၏ စကားကို ဖြတ်ပြောလိုက်၏။

သူလျှိုသည် ဝူဟောက်၏ အပြုအမူအပေါ် စိတ်အနှောင့်အယှက် မဖြစ်ဘဲ ယဉ်ကျေးစွာ ပြောလိုက်သည်။

"ပြောပါ”

ဝူဟောက်သည် သူလျှို၏ နားနားသို့ ခေါင်းတိုးကပ်လိုက်ပြီး ပြောလိုက်၏။

"ငါက မင်းတို့ လီမင်းဆက်နဲ့ ရန်ငြိုးရှိတယ်ဆိုတာ မင်း သိလား”

ဝူဟောက်၏ စကားကို ကြားလိုက်ရသည့်အခါ သူလျှို၏ မျက်ဝန်းအိမ်များမှာ ကျဉ်းမြောင်းသွားပြီး ကြက်သေသေ သွားရသည်။

အဘယ်ကြောင့်ဆိုသော် သူသည် ဝူဟောက်၏ လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်ခြင်း ခံလိုက်ရပြီ ဖြစ်သောကြောင့် ဖြစ်သည်။

"ဘာ! ငါ့ရဲ့ တခြား သူလျှိုလည်း ပျောက်သွားပြန်ပြီ”

အလယ်ပိုင်းဒေသတွင် သူလျှိုတစ်ယောက်မှ မကျန်တော့ကြောင်း သိလိုက်ရပြီးနောက် လီရွှီခွင်၏ စိုးရိမ်ပူပန်မှုများမှာ ပို၍ ဆိုးရွားလာခဲ့သည်။

သူသည် အာဏာရှင် အထွတ်အထိပ် အဆင့်ရှိ ကျွမ်းကျင်ပညာရှင် တစ်ဦး ဖြစ်သော်လည်း သူ့တွင် သူတော်စင်ဘုရင် အထွတ်အထိပ် အဆင့်ရှိသော သူလျှိုများစွာ မရှိပေ။ စုစုပေါင်းမှ ဆယ်ဦးသာ ရှိ၏။

ဆယ်နှစ် မပြည့်ခင်မှာပင် သူတို့ထဲမှ ခုနစ်ဦးကို ဆုံးရှုံးလိုက်ရပြီး၊ ယင်းက လီရွှီခွင်ကို သွေးအန်လုမတတ် ဒေါသထွက်စေသည်။

သို့သော် သူ မတတ်နိုင်သော သူတစ်ယောက်ကို သွားရောက် စော်ကားမိထားသည့်အတွက် ဒေါသကို မြိုသိပ်ထားရုံမှတစ်ပါး ရွေးချယ်စရာ မရှိပေ။

ခုနစ်ရက် ကြာပြီးနောက် ဝူမျိုးနွယ် ကုန်သည်ကြီးများအသင်းသည် ထုတ်ကုန်သစ် မိတ်ဆက်ပွဲကို သတ်မှတ်ထားသည့် အချိန်အတိုင်း ကျင်းပလေတော့သည်။

All Chapters