အခန်း (၆၇၆-၆၇၈)
Vol. 46 Ch. 676-678
အပိုင်း ( 676 )
အရူးအမူး တိုးတက်ခြင်း ၂
သို့ရာ၌ ကြိုးပမ်းကြည့်ခဲ့ပြီးသည့်နောက်တွင် ၎င်းတို့နှစ်ခုကို ပေါင်းစပ်ရခြင်းက အလွန်ခက်ခဲနေသည်ကို သူသိရှိသွားခဲ့သည်။
အကယ်၍ သူကသာ ၎င်းတို့ကို အတင်းအကြပ် ပေါင်းစည်းလိုက်မည်ဆိုပါက၊ ၎င်းသည် စွမ်းအားပြင်း ဗုံးတစ်လုံးကို ဖန်တီးလိုက်ကာ၊ အရာအားလုံးကို ဖျက်စီးလိုက်သကဲ့သို့ ဖြစ်သွားမည် ဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုကဲ့သို့ ကျရှုံးသွားရခြင်းမှာ နိယာမတို့၏ မပြည့်စုံမှုကြောင့် ဖြစ်နိုင်ပြီး၊ နိယာမများကို ပြီးပြည့်စုံအောင် ပြုလုပ်ပြီးမှသာလျှင် ထပ်မံ၍ ကြိုးစားကြည့်မည်ဟု ဆုံးဖြတ်လိုက်သည်။
“ ပြီးတော့ လဝက်ကြာ ကြိုးစားခဲ့ပြီးတဲ့နောက်မှာ၊ ငါ့ရဲ့ ရုပ်ခန္ဓာကလည်း မျှော်လင့်ထားတဲ့ စံနှုန်းကို ရောက်သွားပြီ “
ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ တလက်လက် တောက်ပနေခဲ့သည် “ အခုကတော့ အန္တိမ နယ်မြေကို သွားဖို့ အချိန်ကျပြီ “
သူသည် ကျောက်စိမ်းတံဆိပ်ပြားကို အသုံးပြုကာ တိကျွမ်းကို ဆက်သွယ်လိုက်သည်။
တစ်ခဏအကြာတွင်
ကောင်းကင်ထက်တွင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ တိကျွမ်း၏ ပုံရိပ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
“ အခုသွားလို့ရပြီလား “
တိကျွမ်းသည် အောက်ဘက်တွင် ရှိနေသည့် ကြယ်တာရာ T-Rex နတ်ဘုရားကို ကူရာကယ်ရာမဲ့နေသော အမူအရာမျိုးဖြင့် ငုံ့ကြည့်လာခဲ့သည်။
ရက်ပိုင်းအတွင်းတွင် ထွက်ခွာရန် စီစဥ်ထားခဲ့သော်လည်း၊ လဝက်အထိ ကြာသွားခဲ့ရသည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် သားရဲတစ်သောင်းဂိုဏ်းဘက်မှ အချိန် မကန့်သတ်ထားခဲ့ပေ။
ဤအချိန်၌ တိကျွမ်းသည် ထူးဆန်းသော အမူအရာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်လာခဲ့သည် “ မင်းရုပ်ခန္ဓာရဲ့ နယ်ပယ်ကို တည်ငြိမ်အောင် လုပ်ပြီးသွားပြီလား ”
“ ဟမ် “
“ မင်းရဲ့ ရုပ်ခန္ဓာက …….. “
ရုတ်တရက်ဆိုသလိုပင် တိကျွမ်း၏ အမူအရာမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် သူ၏အမြင်အာရုံဖြင့်ပင် ကြယ်တာရာ T-Rex နတ်ဘုရား ရုပ်ခန္ဓာ၏ အဆင့်ကို မမြင်နိုင်တော့သောကြောင့် ဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားကမူ အပြုံးဖြင့် ပြန်ပြောလိုက်သည် “ ကျွန်တော့်ရဲ့ ရုပ်ခန္ဓာက အထွတ်အထိပ်ကို ရောက်နေပြီလေ၊ နိယာမ တိုးတက်မှုတွေကပဲ ကျွန်တော့်ကို ရှေ့ဆက်သွားစေနိုင်တော့မှာ “
“ ငါသိပြီ “
တိကျွမ်းမှ အသာအယာ ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားက သူ၏ အဆင့်နိမ့် အထွတ်အထိပ် ရုပ်ခန္ဓာနယ်ပယ်အား တည်ငြိမ်အောင် ပြုလုပ်လိုက်သည်ဟုသာ ထင်သွားခဲ့သည်။
ပိုမြင့်သော အဆင့်များအတွက်မူ …….. မည်သို့မျှ ဖြစ်နိုင်မည် မဟုတ်ပေ။
ကြယ်တာရာ T-Rex နတ်ဘုရား၏ နိယာမ စွမ်းအားက နဝမအဆင့် အထွတ်အထိပ်တွင်သာ ရှိနေစဲဖြစ်ပြီး၊ ရုပ်ခန္ဓာဖြင့် အဆင့်နိမ့် အထွတ်အထိပ်သို့ ရောက်ရှိသွားခြင်းကပင် သမိုင်းကြောင်း၏ မကြုံစဖူး ဖြစ်ရပ်ထူးတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။
“ ဒါဆိုရင်လည်း သွားကြတာပေါ့ “
ထိုစကားကို ပြောလာခဲ့ပြီးသည့်နောက်တွင် တိကျွမ်းသည် ကြယ်တာရာ T-Rex နတ်ဘုရားကို ခေါ်၍ ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ လျင်မြန်စွာ ပျံသန်းသွားတော့သည်။
…
အထွတ်အထိပ် ပညာရှင်၏ အမြန်နှုန်းနှင့် ဟင်းလင်းပြင် အက်ကွဲကြောင်း ပေါင်းစပ်မှုကြောင့်၊ သူတို့သည် ကီလိုမီတာ သန်းချီအကွာသို့ ချက်ချင်းရောက်ရှိလာခဲ့သည်။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားသည် မထွက်သွားခင် အချိန်တွင် သူ၏ စိတ်စွမ်းအားကို ထုတ်လွှင့်ကာ ကြယ်ပြာဂြိုဟ်တစ်ခုလုံးကို တစ်ချက်မျှ ကြည့်ရှုစစ်ဆေးလိုက်သည်။
တစ်ခဏအကြာတွင် သူ၏အမူအရာမှာ အနည်းငယ် မည်းမှောင်သွားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ကြယ်ပြာဂြိုဟ်၏ အရေးပါသော နေရာအများစုကို သားရဲတစ်သောင်းဂိုဏ်းက သိမ်းပိုက်ထားသည်ကို သူမြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ကြယ်ပြာဂြိုဟ်၏ ဒေသခံကများကမူ ဝေးလံခေါင်သီသော နေရာများဆီသို့ မောင်းထုတ်ခံရခြင်း(သို့) သားရဲတစ်သောင်းဂိုဏ်း၏ ဖိနှိပ်မှုအောက်တွင် ရှင်သန်ရခြင်းတို့ကို ကြုံတွေ့ခံစားနေခဲ့ရသည်။
ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်နှင့် တော်ဝင်သိုင်းပညာ တက္ကသိုလ်ကဲ့သို့သော အထင်ကရ နေရာများကပင် သားရဲတစ်သောင်းဂိုဏ်း၏ သိမ်းပိုက်ခြင်းကို ခံနေကြရသည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် တိကျွမ်းကို ကြည့်ကာ အလောတကြီး စကားပြောလိုက်သည် “ စီနီယာ၊ ခဏလောက် စောင့်ပေးပါဦး။ ကိစ္စတစ်ချို့ သွားရှင်းဖို့ လိုနေလို့ပါ၊ မြန်မြန်ပြန်လာခဲ့ပါ့မယ် “
“ ကောင်းပြီလေ “
တိကျွမ်းသည် များများစားစား မမေးမြန်းလာခဲ့ပေ။
ကြယ်တာရာ T-Rex နတ်ဘုရားသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ၊ အက်ကွဲကြောင်းအတွင်းသို့ ဝင်ရောက်ပြီး လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
…
ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်
တစ်ချိန်က တရုတ်ပြည် ကျောင်းသားကျောင်းသူတို့၏ မြင့်မြတ်နယ်မြေ ဖြစ်ခဲ့ဖူးသော ဤနေရာသည် ယခုတွင် အစွမ်းထက် သားရဲတစ်သောင်းဂိုဏ်း၏ သိမ်းပိုက်ခြင်းကို ခံနေခဲ့ရသည်။
သားရဲတစ်သောင်းဂိုဏ်းသည် ကျောင်းသားကျောင်းသူ အကုန်လုံးကို အပြည့်အဝ မောင်းမထုတ်ခဲ့ပေ။
အဆိုပါ ကျောင်းသားကျောင်းသူများသည် ဒုတိယတန်းစား နိုင်ငံသားများအဖြစ် ပြောင်းလဲသွားခဲ့ပြီး၊ ကျင့်ကြံရေး အရင်းအမြစ်များ ကန့်သတ်ခံရကာ၊ သင်ကြားရေးနေရာနှင့် အဆာင်များတွင် စုပြုံနေထိုင်ကြရသည်။
တစ်ချို့နေရာများတွင်မူ ကျောင်းသူကျောင်းသားများသည် သားရဲတစ်သောင်းဂိုဏ်းမှ ပညာရှင်တို့၏ အခိုင်းအစေများအဖြစ် အတင်းအကြပ် တာဝန်ပေးခံနေခဲ့ရသည်။
ယခုလက်ရှိ အချိန်တွင်
သင်ကြားရေး အဆောက်အဦးတစ်ခုကို အသွင်ပြောင်းထားသည့် နန်းတော်တစ်ခုအတွင်း၌
သားရဲတစ်သောင်းဂိုဏ်း၏ ကျင့်ကြံသူတစ်ဦးသည် ခရမ်းရောင် ဝတ်စုံများကို ဝတ်ဆင်ထားကာ၊ ကျောက်စိမ်းနဂါး ထိုင်ခုံပေါ်တွင် ထိုင်နေလျက်ရှိသည်။
ထိုလူသည် မြင်းမျက်နှာကဲ့သို့ ရိုးရှင်းသော ပုံစံကိုသာ ပိုင်ဆိုင်ထားခဲ့သည်၊ သို့သော် သူ့အနောက်တွင်မူ ချောမောလှပသည့် ကျောင်းသူတစ်ချို့ ရှိနေခဲ့ကာ၊ သူ၏ ပခုံးများနှင့် ကျောကို နှိပ်နယ်ပေးနေကြသည်။
ထိုစဥ် အပြင်ဘက်မှ အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
“ လျူချင်းယွမ်က တွေ့ခွင့်တောင်းနေပါတယ် “
“ ဝင်လာခဲ့ “ မြင်းမျက်နှာပိုင်ရှင် ကျင့်ကြံသူမှ ပျင်းရိစွာ ပြောဆိုလာခဲ့သည်။
လျူချင်းယွမ်သည် အပြင်ဘက်မှတစ်ဆင့် ခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး၊ အလုပ်အကျွေးပြုရန် အတင်းအကြပ် စေခိုင်းခံထားရသည့် ကျောင်းသူများကို ကြည့်ကာ၊ သူ၏မျက်လုံးများထဲတွင် ဒေါသ အရိပ်အငွေ့များ ဖြတ်သန်းသွားခဲ့သည်။
သို့သော် သူသည် သူ၏ ဒေါသများကို ဖိနှိပ်လိုက်ပြီး၊ နဂါးထိုင်ခုံပေါ်တွင် ထိုင်နေသည့် မြင်းမျက်နှာပိုင်ရှင် ကျင့်ကြံသူကို အရိုအသေပြုကာ စကားပြောလာခဲ့သည်။
“ စီနီယာ၊ ကျင့်ကြံရေး အရင်းအမြစ်တွေ ထပ်ပေးလို့ ရမလား။ ကျောင်းသူကျောင်းသားတွေဆီမှာ ရှိတာတွေ ကုန်သွားပါပြီ “
လျူချင်းယွမ်မှ လေသံတိုးတိုးလေးဖြင့် ပြောဆိုလာခဲ့သည် “ အခုလက်ရှိ အချိန်မှာ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ရဲ့ ကျောင်းသူကျောင်းသား ၇၀%က ကျင့်ကြံရေး အရင်းအမြစ် ပြတ်လပ်တာနဲ့ ရင်ဆိုင်နေရပါတယ် “
မြင်းမျက်နှာပိုင်ရှင် ကျင့်ကြံသူသည် သူ့ကို မထီမဲ့မြင့်ပြုစွာ ကြည့်၍၊ အေးစက်စွာ ပြောဆိုလာခဲ့သည် “ အဲ့တာက မင်းရဲ့ ပြဿနာလေ၊ ငါနဲ့ဘာဆိုင်လို့တုန်း “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လျူချင်းယွမ်သည် လက်သီးတဆုပ်ဆုပ် ဖြစ်သွားခဲ့သည်။
မင်းနဲ့ ဘာဆိုင်လို့လဲ ဟုတ်လား
တကယ်လို့ မင်းတို့ဂိုဏ်းကသာ ကျောင်းရဲ့ အရင်းအမြစ်တွေကို အတင်းအကြပ် သိမ်းယူသွားပြီးတော့ လေ့ကျင့်ရေး နေရာတွေကို ကျူးကျော်မလာဘူးဆိုရင်၊ ဘယ်လိုလုပ် ဒီလိုအခြေအနေမျိုးတွေအထိ ဖြစ်သွားရမှာလဲ
ယခုတွင် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၏ ကျင့်ကြံရေး အရင်းအမြစ် အကုန်လုံးမှာ သားရဲတစ်သောင်းဂိုဏ်းမှ ကျင့်ကြံသူများ၏ ထိန်းချုပ်မှုအောက်သို့ လုံးဝရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ကျောင်းသူကျောင်းသားများကို ဖြန့်ဝေပေးသည့် အရင်းအမြစ် ပမာဏသည် သားရဲတစ်သောင်းဂိုဏ်းအပေါ်တွင် အပြည့်အဝ မှီခိုနေခဲ့ရသည်။
“ စီနီယာ၊ ကျေးဇူးပြုပြီးတော့၊ ကျွန်တော့်ကို မျက်နှာသာ နည်းနည်းလောက် ပေးပါဦးဗျာ “
လျူချင်းယွမ်သည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ၊ အလွန်တရာ နှိမ့်ချထားသော စိတ်သဘောထားဖြင့် စကားထပ်ပြောလာခဲ့သည်။
သူသည် ယခုလက်ရှိ အချိန်တွင် သားရဲတစ်သောင်းဂိုဏ်းက ကြယ်ပြာဂြိုဟ်တစ်ခုလုံးအား သိမ်းပိုက်ထားသည်ဆိုသည်ကို သိနေခဲ့သည်။
မည်သည့်အတွက်ကြောင့် ထိုကဲ့သို့သော အခြေအနေမျိုး ပေါ်ပေါက်လာရလဲဆိုသည်ကို သူမသိသော်လည်း၊ ၎င်းက ကြယ်ပြာဂြိုဟ်၏ အဆင့်မြင့် ပညာရှင်အကြားရှိ ဆွေးနွေးမှုများထံမှ ပေါ်ထွက်လာသည့် အကောင်းဆုံး ရလဒ်ဖြစ်သည်ကို သိနေခဲ့သည်။
အနည်းဆုံးအနေဖြင့် သားရဲတစ်သောင်းဂိုဏ်းသည် အဆင်အခြင်မဲ့ သတ်ဖြတ်မှုများကို မပြုလုပ်လာသေးပေ။
တစ်စုံတစ်ဦး၏ အရိပ်အာဝသအောက်တွင် နေနေရခြင်းကြောင့်၊ ဦးညွှတ်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိပေ။
မထင်မှတ်ထားစွာဖြင့် မြင်းမျက်နှာပိုင်ရှင် ကျင့်ကြံသူသည် သူ့ကို မည်သို့မျှ မျက်နှာသာ မပေးခဲ့ပေ။
“ အဲ့တာက ငါ့ကိစ္စ မဟုတ်ဘူးလို့ ငါမင်းကို ပြောခဲ့ပြီးပြီလေ။ ထွက်သွားတော့ “
သူသည် သူ၏လက်ကို ဝေ့ရမ်းကာ၊ လျူချင်းယွမ်ကို လျစ်လျူရှုနေတော့သည်။
သူသည် သူ့နောက်တွင် ရှိနေသည့် မိန်းမပျိုလေးတစ်ဦးကို လှည့်ကြည့်ကာ၊ စကားပြောလိုက်သည် “ အချစ်လေး၊ ဒီည ငါ့အခန်းထဲမှာ လာပြုစုမယ်ဆိုရင်ကော ဘယ်လိုလဲ “
“ နင် ……. “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကျန်းလန်၏ ခန္ဓာကိုယ်လေးမှာ ပြင်းပြင်းထန်ထန် လှုပ်ခါသွားပြီး၊ အံကြိတ်ကာ စကားပြန်ပြောလိုက်သည် “ ငါ့ဘိုးဘေးက အဆင့်၉ ပညာရှင်ပဲ “
မြင်းမျက်နှာပိုင်ရှင် ကျင့်ကြံသူသည် တဟားဟား ရယ်မောကာ စကားထပ်ပြောလာခဲ့သည် “ အဆင့်၉ ပညာရှင်ရဲ့ မျိုးဆက်ဖြစ်နေတာကြောင့်ပဲ၊ မင်းက ငါ့ဆီ လာခဲ့သင့်တာပေါ့ “
စကားပြောဆိုနေရင်းဖြင့် သူသည် မေးစေ့ကို ကိုင်ကာ ပြောဆိုလာခဲ့သည် “ ဒီလိုဆွဲဆောင်မှုရှိတဲ့ ရနံ့မျိုးက အဆင့်၉ ပညာရှင်ရဲ့ မျိုးဆက်ပဲ။ ငါက ဒါကို ပထမဦးဆုံးအကြိမ်အဖြစ် မြည်းစမ်းကြည့်ဖူးတာပဲ “
ထိုမြင်ကွင်းကို မြင်တွေ့နေခဲ့ရသည့် လျူချင်းယွမ်သည် သူ၏ ဒေါသများကို ခက်ခက်ခဲခဲ ဖိနှိပ်နေခဲ့ရသည်။
ထိုအချိန်တွင် အေးစက်စက် အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
“ အသက်ရှူကြိမ်တစ်ကြိမ်အတွင်းမှာ သူမကို လွှတ်ပေးလိုက် “
“ အဲ့လိုမှမဟုတ်ရင် သေလိုက် “
အေးစက်စက် အသံနှင့်အတူ ပုံရိပ်တစ်ခုသည် နန်းတော်၏ အထက်တွင် ပေါ်ထွက်လာခဲ့သည်။
“ ဟမ် “
မြင်းမျက်နှာပိုင်ရှင် ကျင့်ကြံသူသည် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ၊ မကျေမနပ် ဖြစ်သွားခဲ့သည် “ ဉာဏ်တိမ်နေတဲ့ ဘယ်ကောင်စုတ်လေးက ငါ့မြေပေါ်မှာ ရဲရဲတင်းတင်း ပြုမူနေရဲရတာလဲ “
“ ဝှစ် “
ထို့နောက်တွင် သူ၏အရှိန်အဝါ ရုတ်တရက် ပေါက်ထွက်လာခဲ့သည်။
သူသည် သတ္တမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦး ဖြစ်သည်။
ကြီးမားသော ဖိအားတစ်ခုသည် ဒီရေလှိုင်းကဲ့သို့ မြင့်တက်လာခဲ့သည်။
သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင်
“ ဘုမ်းးးး “
ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခုသည် ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့သည်။
မြင်းမျက်နှာပိုင်ရှင် ကျင့်ကြံသူ၏ အရှိန်အဝါမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သူသည် ကြောက်လန့်တကြား ဖြစ်သွားကာ၊ သူ၏နဂါးထိုင်ခုံပေါ်မှ အလိုအလျောက် ပြုတ်ကျလာခဲ့သည်။
အသစ်ရောက်ရှိလာသူ၏ ပုံရိပ်ကို မမြင်တွေ့ရသေးခင် အချိန်မှာပင် ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခုသည် သူ့ကို တိုက်ရိုက်ဖိနှိပ်လာခဲ့သည်။
ထိုကဲ့သို့သော ဖိအားမျိုးအောက်၌ သူသည် မည်သို့မျှ မခုခံနိုင်ခဲ့ဘဲ၊ ချက်ချင်း ဒူးထောက်ကျသွားကာ၊ သူ၏အရိုးအားလုံး ချေမွခံလိုက်ရသည်။
ထိုအချိန်မှသာလျှင် အသစ်ရောက်ရှိလာသူသည် မြင်းမျက်နှာပိုင်ရှင် ကျင့်ကြံသူ၏အရှေ့သို့ ဆင်းသက်လာခဲ့သည်။
“ ရှုကျိုး “
ကျန်းလန်သည် မျက်ရည်များ ဝဲသွားခဲ့ပြီး၊ အရှေ့သို့ ပစ်လာခဲ့ကာ၊ သူမကိုယ်သူမ ရှုကျိုး၏ ရင်ခွင်ကြားသို့ ပစ်သွင်းလိုက်သည်။
“ ဘာမှမဖြစ်ပါဘူး၊ အဆင်ပြေသွားပါပြီ “
ရှုကျိုးသည် ထိုကောင်မလေး၏ နူးညံ့သော ကျောပြင်ကို အသာအယာ ပုတ်ပေးနေတော့သည်၊ သို့သော် သူ၏အကြည့်ကမူ ပိုမိုအေးစက်လာခဲ့သည်။
ထိုစဥ် မလှမ်းမကမ်းတွင် ရှိနေသည့် လျူချင်းယွမ်မှာလည်း ဝမ်းမသာနိုင်ဘဲ၊ အရှေ့သို့ ပြေးတက်လာခဲ့ကာ၊ အလောတကြီး စကားပြောလာခဲ့သည် “ ရှုကျိုး၊ ဒီနေရာကနေ ထွက်သွားတော့၊ တတ်နိုင်သမျှ မြန်မြန်ပြေးတော့ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုး၏ ရင်ခွင်ထဲတွင် ရှိနေသည့် ကျန်းလန်မှာလည်း သဘောပေါက်နားလည်သွားခဲ့ကာ၊ ချက်ချင်းစကားပြောလာခဲ့သည် “ ရှုကျိုး၊ နင်သွားမှဖြစ်မယ်၊ သူတို့ဆီမှာ အဆင့်၉ ပညာရှင်တစ်ယောက် ရှိတယ် “
“ သွားဖို့လား။ မင်းက ထွက်ပြေးနိုင်ပါ့မလား “
သူမ၏ စကားပြောဆိုမှု ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက်၊ ကောင်းကင်ထက်မှ အေးစက်စက် နှာခေါင်းရှုံ့သံတစ်ခု ပဲ့တင်ထပ် ပျံ့လွင့်လာခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင်
ဝရုန်းး
ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခု ဆင်းသက်လာခဲ့ပြီး၊ ကျောက်စိမ်းနန်းတော်တစ်ခုလုံးကို ချက်ချင်း ပြိုကျသွားစေခဲ့သည်။
ရှုကျိုးမှ သူ၏လက်ကို ဝေ့ရမ်းရာ၊ မမြင်တွေ့ရသော အကာအရံတစ်ခုသည် လျူချင်းယွမ်၊ ကျန်းလန်နှင့် တစ်ခြားလူများကို ဖုံးလွှမ်းသွားခဲ့သည်။
ကောင်းကင်ထက်၌ အဖြူရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ဦးသည် လက်နောက်ပစ်ထားသော အမူအရာဖြင့် မတ်တပ်ရပ်နေပြီး၊ မျက်လုံးများ တလက်လက် တောက်ပနေခဲ့သည်။
ထိုလူကို မြင်လိုက်ရသောအခါတွင် ကျန်းလန်၏ မျက်နှာလှလှလေးမှာ ကြောက်မက်ဖွယ်ကောင်းလောက်သည်အထိ ဖြူဖျော့သွားခဲ့သည်။
ယခုလက်ရှိ အချိန်၌ ကြယ်ပြာဂြိုဟ်၏ နဝမ အဆင့် ပညာရှင်များမှာ အစီအရင်ဖျက်စီးခြင်း ကိစ္စနှင့် အလုပ်များနေလျက်ရှိပြီး၊ သားရဲတစ်သောင်းဂိုဏ်း၏ လူများကို မည်သူကမှ မတားဆီးနိုင်ကြပေ။
ထို့ကြောင့်ပင် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်နှင့် တော်ဝင်သိုင်းပညာ တက္ကသိုလ်တို့၏ ကျောင်းအုပ်များကပင် သားရဲတစ်သောင်းဂိုဏ်း၏ အရှေ့တွင် ခေါင်းငုံ့နေခဲ့ရသည်။
၎င်းသည် မြင်းမျက်နှာပိုင်ရှင် ကျင့်ကြံသူက ဤမျှရဲတင်းစွာ ပြုမူနေရဲရသည့် အကြောင်းအရင်းများအနက်မှ တစ်ခု ဖြစ်သည်။
ကြယ်ပြာဂြိုဟ်၌ သူသည် သတ်ဖြတ်မှတစ်ပါး အရာအားလုံးကို လုပ်နိုင်လုနီးပါး ဖြစ်နေခဲ့သည်။
သို့ရာတွင် ရှုကျိုးကမူ အလွန်တရာ အေးဆေးတည်ငြိမ်နေခဲ့သည်။
သူသည် လေထဲတွင် ရပ်နေသည့် အဖြူရောင်ဝတ်စုံနှင့် လူအိုကြီးကို ကြည့်ကာ အေးစက်စွာ ပြောဆိုလိုက်သည်။
“ မင်းက ငါ့အထက်မှာ ရပ်နေဖို့ တန်လို့လား “
“ အောက်ဆင်းလာခဲ့စမ်း “
ထို့နောက်တွင် အစွမ်းထက် အရှိန်အဝါတစ်ခု ရုတ်တရက် ပေါက်ထွက်လာခဲ့သည်။
နဝမအဆင့် အထွတ်အထိပ်
………………………………………………………………………………………………………………………………………..
အပိုင်း ( 677 )
ကတိစကားနှင့် နှုတ်ဆက်ခြင်း
ဘုမ်းးး
ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခုသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတစ်ခုလုံးကို ရုတ်တရက် လွှမ်းခြုံသွားခဲ့သည်။
ထိုအရှိန်အဝါ၏ အောက်၌ ယခင်က တန်ခိုးထွားနေခဲ့သည့် အဖြူရောင်ဝတ်စုံနှင့် လူအိုကြီးမှာ ရုတ်တရက် ကတုန်ကရင် ဖြစ်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူသည် မမြင်တွေ့ရသော လက်တစ်ဖက်၏ ဆွဲချခြင်းကို ခံလိုက်ရသည့်အလား မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့ကာ၊ ဒူးထောက်လုနီးပါး ခါးကိုင်းသွားခဲ့သည်။
“ ဒါ၊ ဒါက ………. “
ထိုအရှိန်အဝါကို ခံစားလိုက်ရသောအခါ၌ လျူချင်းယွမ်၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်ဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။
ထိုအရှိန်အဝါ၊ ထိုဖိအားတို့ကို၊ သူသည် အစွမ်းထက် တည်ရှိမှုတစ်ခုထံတွင်သာ မြင်တွေ့ခဲ့ဖူးသည်။
နဝမအဆင့် အထွတ်အထိပ် ပညာရှင် ….
ရှုကျိုးက နဝမအဆင့် အထွတ်အထိပ်ကိုတောင် ရောက်နေပြီလား
လွန်ခဲ့တဲ့ လပိုင်းလောက်ကမှ သူက သတ္တမအဆင့်ကို ရောက်လာခဲ့တာလေ၊ ဟုတ်တယ်မလား
ကျန်းလန်မှာလည်း သူမ၏ ပါးစပ်ကို လက်နှစ်ဖက်စလုံးဖြင့် ဖုံးအုပ်ကာ၊ တအံ့တဩ ဖြစ်သွားခဲ့သည်။
ရှုကျိုးက အစောပိုင်း နဝမအဆင့်မှ နဝမအဆင့် အထွတ်အထိပ်သို့ လဝက်အတွင်း ရောက်လာခဲ့သည်ဆိုသည်ကိုတော့ သူတို့ မသိကြပေ။
၎င်းတို့အားလုံးမှာ ဒြပ်စင်ပေါင်းစည်းခြင်းနှင့် ကိုယ်ပွား၏ ထောက်ပံ့မှုတို့ကြောင့်ပင် ဖြစ်သည်။
ထိုအချိန်၌ မြေပြင်ပေါ်တွင် ဒူးထောက်ကျလုနီးပါးဖြစ်နေသည့် အဖြူရောင်ဝတ်စုံနှင့် လူအိုကြီးမှာလည်း အံ့ဩတကြီး ဖြစ်နေလျက်ရှိသည်။
သူသည် နဝမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးက ဤနေရာတွင် ပေါ်လာလိမ့်မည်ဟု မည်သို့မျှ မထင်မှတ်ထားခဲ့ပေ။
သို့ရာ၌ သူသည် မည်သို့မျှ ကြောက်ရွံ့မသွားဘဲ၊ လေသံတိုးတိုးလေးဖြင့် စကားပြောလာခဲ့သည် “ ငါက သားရဲတစ်သောင်းဂိုဏ်းက အကြီးအကဲ ရွှေဖယောင်းရဲ့ တပည့်တစ်ယောက်ပဲ၊ တကယ်လို့ မင်းငါ့ကို ထိရဲမယ်ဆိုရင်၊ အကြီးအကဲ ရွှေဖယောင်းက မင်းကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး “
“ ရွှေဖယောင်းလား “
ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်၊ ကြည့်ရတာတော့ တွေ့ဖို့အတွက် ကံပါလာခဲ့တဲ့ပုံပဲ။
သူသည် ရွှေရောင်ဆံသား လူအိုကြီးက လွန်ခဲ့သော လဝက်ခန့်က လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စုတွင် သူနှင့် ပဋိပက္ခဖြစ်ခဲ့သည့် ရွှေဖယောင်းဆိုသည်ကို မှတ်မိနေခဲ့သည်။
ယခုတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ ရုပ်ခန္ဓာ အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပြီး၊ အကယ်၍ သူကသာ ရွှေဖယောင်းနှင့် ထပ်တွေ့ရမည်ဆိုပါက၊ သူသည် သူက ထိခိုက်ဒဏ်ရာရရှိခြင်း မရှိဘဲ၊ ကျော်ဖြတ်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိနေခဲ့သည်။
သို့ရာ၌ အန္တိမနယ်မြေသို့သွားတော့မည့် အကြောင်းကို စဥ်းစားလိုက်သောအခါတွင်၊ ပြဿနာမရှာခြင်းကသာလျှင် အကောင်းဆုံးဖြစ်နေလိမ့်မည် ဖြစ်သည်။
ရှုကျိုးသည် အဖြူရောင်ဝတ်စုံနှင့် အကြီးအကဲကို ကြည့်ကာ အေးစက်စွာ ပြောဆိုလာခဲ့သည် “ ဒီကျောင်းရဲ့ ငါ့ရဲ့ ကာကွယ်မှုအောက်မှာ ရှိတယ်၊ တစ်ခြားနေရာကိုသွား၊ ငါဘာမှပြောနေမှာ မဟုတ်ဘူး၊ ဒါပင်မဲ့ ဒီနေရာက မင်းကို မကြိုဆိုဘူး “
ထိုကဲ့သို့ ပြောလိုက်ပြီးသည့်နောက်တွင် သူ၏ လက်ကို ဝေ့ရမ်းကာ၊ အမှိုက်များကဲ့သို့ အဖြူရောင်ဝတ်စုံ အကြီးအကဲနှင့် မြင်းမျက်နှာပိုင်ရှင် ကျင့်ကြံသူတို့ကို အပြင်ဘက်သို့ မောင်းထုတ်လိုက်သည်။
“ ဟမ့် “
အဖြူရောင်ဝတ်စုံနှင့် အကြီးအကဲသည် မြေပြင်ပေါ်မှ ထရပ်လာခဲ့သော်လည်း၊ ပြဿနာထပ်မရှာလာတော့ပေ။ မြင်းမျက်နှာပိုင်ရှင် ကျင့်ကြံသူကို ဆွဲခေါ်ကာ၊ အရှက်တကွဲအကျိုးနည်း ထွက်ခွာသွားခဲ့သည်။
သူသည် ရွှေဖယောင်းကို အလွယ်တကူ ခေါ်ဆောင်၍ မရပေ၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်ထံတွင် အရေးကြီးတာဝန်များ ရှိနေမည်ဆိုသည်ကို ကောင်းစွာသိရှိနေခဲ့သည်။
သူသည် အစောပိုင်း နဝမအဆင့် ပညာရှင်တစ်ဦးသာဖြစ်ပြီး၊ ရွှေဖယောင်း၏ အရေးပါသော တပည့်တစ်ဦးဟု အသတ်မှတ်မခံထားရပေ။
ထို့ကြောင့် ယခုလက်ရှိ အချိန်၌ သူသည် ဒေါသများကို မျိုချုထားရုံသာ တတ်နိုင်ပေသည်။
…
ခန်းမအတွင်း၌
လျူချင်းယွမ်သည် အလောတကြီး ပြေးလာကာ၊ မေးမြန်းလာခဲ့သည် “ ရှုကျိုး၊ မင်းက အဆင့်၉ အထွတ်အထိပ်ကို ရောက်နေတာလား “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ အဆင့်တက်ခါစလေးပဲ ရှိသေးတာပါဗျာ “
“ ဟူးး “
လျူချင်းယွမ်သည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ၊ အံ့ဩတကြီး ပြောဆိုလာခဲ့သည် “ မင်းက လူတွေကို အမြဲအံ့ဩသွားအောင် လုပ်နိုင်တာပဲ “
“ ကံကောင်းသွားလို့ပါဗျာ “
ရှုကျိုးသည် အသာအယာ ပြုံးပြလိုက်ပြီး၊ ကျန်းလန်ကို လှည့်ကြည့်လိုက်သည် “ နင်အဆင်ပြေရဲ့လား “
“ အင်း၊ ငါအဆင်ပြေပါတယ် “
ကျန်းလန်၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားခဲ့သည်၊ သူမသည် ရှုကျိုး၏ လက်မောင်းများကြားတွင် ရှိနေသေးသည်။
ရှုကျိုးသည် ၎င်းကို သဘောပေါက်သွားပြီး၊ သူမကို လွှတ်ပေးကာ၊ နှစ်သိမ့်ပေးလိုက်သည် “ မကြောက်ပါနဲ့၊ ငါဒီမှာရှိနေရင်၊ အဲ့ကောင်တွေ ထပ်လာရဲမှာ မဟုတ်ဘူး “
“ အင်း “
ကျန်းလန်မှ ခေါင်းငြိမ့်ပြလာခဲ့သည်။
ရှုကျိုးသည် လျူချင်းယွမ်ကို ပြန်လှည့်ကြည့်ကာ မေးမြန်းလိုက်သည် “ ကျွန်တော့်အစ်မကို အဆင်ပြေရဲ့လား “
လျူချင်းယွမ်မှ ပြန်ပြောလာခဲ့သည် “ စိတ်ချထားလိုက်၊ သူမကို ကောင်းကောင်းကြီး ကာကွယ်ပေးထားတယ်၊ အခုသူမက ငါတို့ဌာနမှာ ရှိတယ် “
ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်ပြလိုက်ပြီး၊ ထို့နောက်တွင် သူ၏ စိတ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
ယခုတွင် သူ၏ စိတ်ဝိညာဥ်စွမ်းအားမှာ ကျောင်း၏ နေရာပေါင်းစုံဆီသို့ ပျံ့လွင့်သွားခဲ့သည်။
သိပ်မကြာခင် အချိန်မှာပင် လီရို့ရှီ၏ တည်နေရာကို ရှာတွေ့သွားခဲ့သည်။
“ သူမကို သွားကြည့်လိုက်ဦးမယ်နော် “
ထိုစကားကို ပြောကာ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ရှုကျိုး၏ ပုံရိပ်မှာ ခန်းမအတွင်းမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ကျန်းလန်သည် သူ့နောက်သို့ လိုက်သွားကာ၊ အထီးကျန်ဆန်မှုတို့ဖြင့် ပြည့်နှက်နေသည့် လှပသော မျက်လုံးလေးများနှင့် ပျောက်ကွယ်သွားသူကို ငေးကြည့်နေခဲ့သည်။
သူမသည် တင်းကြပ်စွာ ဆုပ်ခဲထားသော သူမ၏လက်ကို အသာအယာ ဖြေလျော့လိုက်သည်၊ နူးညံ့သော အဖြူရောင် လက်ကလေးသည် ငြိမ်းချမ်းရေး အဆောင်/လက်ပတ်တစ်ခုကို ဆုပ်ကိုင်ထားလျက်ရှိသည်။
သူမသည် ရှုကျိုးကို ပေးရန်အတွက် ၎င်းကို ပြင်းဆင်ထားခဲ့သော်လည်း၊ သူမ စကားမပြောနိုင်ခင် အချိန်မှာပင် ရှုကျိုးမှာ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
အနောက်တွင် ရှိနေသည့် လျူချင်းယွမ်သည် ခန်းမတံခါးဝတွင် ရပ်နေသည့် ကျန်းလျန်ကို လွမ်းဆွတ်တမ်းတနေသော အမူအရာဖြင့် ငေးကြည့်ကာ၊ သူ၏ဦးခေါင်းကို အသာအယာ ခါရမ်းနေတော့သည်။
သူသည် တိတ်တဆိတ် သက်ပြင်းချနေခဲ့သည် “ ကောင်မလေး၊ သူ့လိုလူတစ်ယောက်က၊ ဘယ်လိုလုပ် မင်းမှီခိုအားထားရမဲ့ လူတစ်ယောက် ဖြစ်လာနိုင်မှာလဲ “
“ ဒါပင်မဲ့ သူမက သူ့ကို မျက်စိကျနေပြီဆိုတော့၊ ဒီကလေးမက တစ်ခြားလူတွေကို ထပ်စဥ်းစားနေတော့မှာ မဟုတ်ဘူး “
…
အစစ်အမှန် သိုင်းပညာဌာန
အံ့ဖွယ်ကောင်းလောက်အောင် လှပသော မိန်းမပျိုလေးတစ်ဦးသည် ကြမ်းပြင်ပေါ်တွင် တင်ပျဥ်ခွေထိုင်နေလျက်ရှိသည်။
သူမသည် သူမ၏ကျင့်ကြံမှုကို ဖြည်းဖြည်းချင်း ရုတ်သိမ်းပြီး၊ ပြတင်းပေါက်ဘက်သို့ လှည့်ကြည့်လိုက်ရာ၊ သူမ၏ လှပသော မျက်လုံးလေးများမှာ အနည်းငယ် ငေးငိုင်သွားခဲ့သည်။
“ ရို့ရှီ “
သူမ၏ဘေးတစ်ဖက်မှ စနောက်ကျီစယ်နေသည့် အသံတစ်သံ ပေါ်ထွက်လာခဲ့သည် “ နင့်မောင်အကြောင်း ထပ်စဥ်းစားနေပြန်ပြီလား “
လီရို့ရှီသည် သူမ၏ဦးခေါင်းလေးကို လှည့်ကာ၊ သူမ၏ အချစ်ဆုံး သူငယ်ချင်းဖြစ်သည့် ရှားစီယုကို ကြည့်၍ အပြုံးဖြင့် ခေါင်းခါပြလိုက်သည် “ ငါက သူ့ကို ဘာလို့ လွမ်းနေရမှာလဲ၊ အဆင့်၄ကို ဘယ်အချိန်မှ ရောက်မလဲဆိုတာကို တွေးနေတာပါ “
ရှားစီယုမှ စကားထပ်ပြောလာခဲ့သည် “ နေပါ၊ နင့်ရဲ့ စွမ်းရည်နဲ့ဆိုရင် အဆင့်၄ကို ရောက်ဖို့က …….. “
သူမ၏ စကားတစ်ဝက်အရောက်မှာပင်၊ သူမသည် လီရို့ရှီက ရုတ်တရက် ထရပ်ကာ၊ ပြတင်းပေါက်ဆီသို့ ပြေးထွက်သွားသည်ကို မြင်တွေ့လိုက်ရသည်။
ရှားစီယုသည် ပြတင်းပေါက်ရှိရာဘက်သို့ အလိုအလျောက် လှည့်ကြည့်မိသွားခဲ့သည်။
မလှမ်းမကမ်းရှိ ကောင်းကင်ယံတွင် ရင်းနှီးနေသော ပုံရိပ်တစ်ခု မတ်တပ်ရပ်နေသည်ကို သူမ မြင်တွေ့သွားခဲ့သည်။
“ ပြောတော့ မလွမ်းဘူးဆို “
ရှားစီယုသည် ထိုပုံရိပ်ဆီသို့ ပြေးသွားနေသည့် လီရို့ရှီကို ငေးကြည့်ကာ၊ ပြုံးစိစိ ဖြစ်သွားခဲ့သည်။
ကောင်းကင်ထက်၌
ရှုကျိုးသည် သူ့ဆီသို့ ပြေးလာနေသည့် လီရို့ရှီကို မြင်တွေ့သွားကာ၊ ရယ်မောမိသွားခဲ့သည် “ အခုတော့ ပျံနေနိုင်ပြီပေါ့ “
လီရို့ရှီသည် သူ့ဆီသို့ ပျံသန်းလာခဲ့ပြီး၊ မျက်စောင်းထိုးကာ ပြန်ပြောလာခဲ့သည် “ အခုငါက အဆင့်၃ကို ရောက်နေပြီလေ၊ သေချာပေါက် ပျံနိုင်တာပေါ့ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုးမှ လက်မထောင်ပြလိုက်သည် “ တကယ်ကို အထင်ကြီးဖို့ကောင်းတာပဲ “
အကယ်၍ တစ်ခြားလူများက ထိုစကားကို ကြားသွားမည်ဆိုပါက၊ ၎င်းက လှောင်ပြောင်နေခြင်းဖြစ်သည်ဟုပင် ထင်သွားနိုင်ပေသည်။
သို့သော် လီရို့ရှီကမူ သူမ၏ နှုတ်ခမ်းလေးများကို ကိုက်ကာ၊ အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ နင့်လောက်တော့ အထင်ကြီးဖို့ မကောင်းပါဘူး၊ အခုဆိုရင် နင်က အဆင့်၉ကိုတောင် ရောက်လုနီးပါး ဖြစ်နေလောက်ပြီလေ၊ ဟုတ်တယ်မလား။ ဘာလို့ ဒီနေ့ ပြန်လာခဲ့တာလဲ “
သူမသည် ရှုကျိုးက မကြာခဏ ခရီးထွက်လေ့ရှိပြီး၊ ပြန်လာခြင်းက ရှားပါးသည်ဆိုသည်ကို သိနေခဲ့သည်။
လီရို့ရှီသည် ၎င်းကို ကောင်းစွာနားလည်နေခဲ့သည်၊ ရှုကျိုး၏ ယခုလက်ရှိအဆင့်အရ၊ ကျောင်းသည် သူ့ကို အကူအညီ များများစားစား မပေးနိုင်တော့ဘဲ၊ ဤနေရာတွင် ဆက်နေခြင်းက မည်သို့မျှ တိုးတက်လာတော့မည် မဟုတ်ပေ။
………………………………………………………………………………………………………………………………………….
အပိုင်း ( 678 )
ကတိစကားနှင့် နှုတ်ဆက်ခြင်း ၂
ရှုကျိုးမှ ပြန်ပြောလိုက်သည် “ နင့်ကိုတွေ့ဖို့အတွက် ပြန်လာခဲ့တာ။ သားရဲတစ်သောင်းဂိုဏ်းက ကျောင်းမှာ အခြေချနေတယ်လို့ ငါကြားခဲ့ရတယ်။ သူတို့က နင့်ကို ဘာမှ မလုပ်ဘူးမလား “
လီရို့ရှီသည် သူမ၏ဦးခေါင်းကို ခါရမ်းပြကာ ပြန်ပြောလာခဲ့သည် “ ငါအဆင်ပြေပါတယ်၊ ဒါပင်မဲ့ ဒီသားရဲတစ်သောင်းဂိုဏ်းဆိုတာက ဘာကြီးလဲ “
ရှုကျိုးမှ သူမကို ရှင်းပြပေးနေတော့သည် “ သားရဲတစ်သောင်းဂိုဏ်းက ကြယ်ပြာဂြိုဟ်ရဲ့ ရှေးခေတ်ကာလက ရှေးဟောင်းဂိုဏ်းတစ်ခုပဲ၊ သူတို့ရဲ့ အခြေခံအုတ်မြစ်က နက်ရှိုင်းတယ်။ နင်သူတို့နဲ့ ပေါ့ပေါ့တန်တန် မဆက်ဆံသင့်ဘူး “
“ ရှေးဟောင်းဂိုဏ်းလား “
လီရို့ရှီသည် အနည်းငယ် အံ့အားသင့်သွားပုံရပြီး၊ ချက်ချင်းခေါင်းငြိမ့်ပြလာခဲ့သည် “ ငါနားလည်ပါတယ်။ လွန်ခဲ့တဲ့ ခြောက်လအတွင်းမှာ နင့်ကို ထွက်တွေ့တာကလွဲပြီးတော့ ကျန်တဲ့အချိန်တွေကို အခန်းထဲမှာပဲ အများဆုံးနေနေခဲ့တာပါ “
စကားပြောနေရင်းဖြင့် သူမ၏ မျက်လုံးလေးများထဲတွင် မျှော်လင့်မှု အရိပ်အငွေ့များ ထင်ဟပ်လာခဲ့သည် “ ဒီတစ်ခေါက်တော့ ကြာကြာနေပေးလို့ရလား “
သို့ရာတွင် ရှုကျိုးသည် သူမကို ခေါင်းခါပြလာခဲ့သည် “ ငါက ခရီးရှည်တစ်ခု ထွက်တော့မလို့၊ မကြာခင်အချိန်မှာ ထွက်သွားတော့မှာ။ ဒီတစ်ခေါက် နင့်ကို လာတွေ့တာက နှုတ်ဆက်တာဆိုလည်း ဟုတ်တယ် “
သူသည် အန္တိမနယ်မြေသို့ သွားတော့မည်ဖြစ်ပြီး၊ ဤခရီးစဥ်သည် လျှို့ဝှက်ဆန်းကြယ်မှုတို့ဖြင့် ပြည့်နှက်နေလျက်ရှိသည်။
၎င်းမှာ လုံးဝမရင်းနှီးသည့် နယ်မြေတစ်ခုဖြစ်ပြီး၊ ရှေးခေတ်ကြယ်ပြာဂြိုဟ်မှ ဆင်းသက်လာသည့် နယ်မြေတစ်ခုဖြစ်သော်လည်း၊ ၎င်း၏ သဘောထားမှာ အမှောင်နယ်မြေနှင့် များစွာကွာခြားမနေခဲ့ပေ။
ထိုစကားကို ကြားလိုက်ရသောအချိန်၌ လီရို့ရှီ၏ လှပသော မျက်လုံးလေးများထဲတွင် ဝမ်းနည်းမှု အရိပ်အငွေ့များ စွန်းထင်းလာခဲ့သည်။
သို့သော် တစ်ခဏအကြာတွင် သူမသည် အပြုံးဖြင့် စကားထပ်ပြောလာခဲ့သည် “ ကောင်းပြီလေ၊ ဒါဆိုရင်လည်း ဘေးရန်ကင်းရှင်းပြီးတော့ အောင်မြင်ပါစေလို့ ငါဆုတောင်းပေးပါတယ် “
သူမသည် သူမက သူမ၏ စိတ်ခံစားချက်များကို ကောင်းစွာဖုံးကွယ်ထားနိုင်သည်ဟု ထင်နေခဲ့သည်။
သို့သော် နဝမအဆင့် အထွတ်အထိပ်တွင် ရောက်ရှိနေသည့် ရှုကျိုးကမူ အဆိုပါ အသေးစိတ်အချက်အလက်လေးများကို ကောင်းစွာသတိပြုမိနေခဲ့သည်။
ရှုကျိုးမှ အပြုံးဖြင့် စကားပြန်ပြောလိုက်သည် “ အခုလက်ရှိ ကိစ္စတွေကို ရှင်းပြီးတာနဲ့၊ နင့်ကိုလာပြီးတော့ အဖော်ပြုပေးမယ် “
“ အိုကေ “
လီရို့ရှီ၏ မျက်နှာသည် အနည်းငယ် နီရဲသွားခဲ့သည်။
“ အချိန်ကပ်နေပြီ၊ ဒီတစ်ခါတော့ ဒီလောက်ပဲတော့၊ ငါသွားရတော့မယ် “
ရှုကျိုးသည် စကားပြောဆိုရင်းဖြင့် လီရို့ရှီကို ကြည့်နေခဲ့သည်။
သူမခေါင်းငြိမ့်ပြလာသည်ကို မြင်လိုက်ရသောအခါတွင် သူသည် ကောင်းကင်ထက်သို့ လှည့်ထွက်သွားတော့သည်။
သူမသည် ထိုပုံရိပ်ကို ကြည့်ရှုနေရင်းဖြင့် ရှင်းပြ၍ မရသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်၊ သူမသည် သူခရီးထွက်မည့် နေရာက ရိုးရှင်းမနေဘူးဆိုသည်ကို အာရုံရသွားပုံရသည်။
သူမထံတွင် အနာဂတ်ကို မှန်းဆနိုင်သည့် စွမ်းရည်တစ်ခု ရှိနေခဲ့သည်။
သို့သော် သူမသည် ဤတစ်ကြိမ် ခွဲခွာခဲ့ရပြီးသည့်နောက်တွင် မည်သည့်အချိန်မှ ပြန်ဆုံရမလဲဆိုသည်ကို မသိပေ။
သူမသည် အရှေ့သို့ ပြေးထွက်သွားကာ၊ ကျယ်လောင်စွာ အော်ပြောလိုက်သည် “ ရှုကျိုး။ နင်ဘေးကင်းကင်းနဲ့ ပြန်လာရမယ်နော် “
“ ငါနင့်ကိုစောင့်နေမယ် “
မိန်းမပျိုလေး၏ အဖြူရောင် ဝတ်စုံသည် လေထုအတွင်းတွင် ယိမ်းနွဲ့နေခဲ့ပြီး၊ ၎င်းကို သူမ၏ ကြည်လင်သော အော်ဟစ်သံနှင့် ပုလဲလုံးကဲ့သို့သော မျက်ရည်စက်လေးများက အဖော်ပြုပေးနေခဲ့သည်။
သို့သော် နဝမအဆင့် အထွတ်အထိပ် ပညာရှင်၏ အမြန်နှုန်းက မည်မျှမြန်ဆန်ပါသနည်း
ရှုကျိုးသည် မိုင်သိန်းချီအကွာသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ထိုစကားကို မကြားခဲ့ရပေ။
…
“ ဒီခရီးစဥ်မှာတော့ အဆင့်တက်ကို တက်ရမယ် “
အဆုံးမဲ့ ရှုပ်ထွေးနေသည့် လေဟာနယ်အတွင်း၌
ရှုကျိုးသည် လက်သီးဆုပ်ကာ အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေခဲ့သည်။
သူသည် အမှောင်နယ်မြေနှင့် ပတ်သက်သည့် ကိစ္စအား လီရို့ရှီကို မပြောပြခဲ့ပေ။
ကျောင်းသူကျောင်းသား အများစုသည် ထိုကိစ္စနှင့် ပတ်သက်ပြီး မည်သည့်အရာကိုမှ မသိထားကြပေ၊ သတ္တမအဆင့် ပညာရှင်တစ်ချို့ကပင် ထိုကိစ္စကို သတိမပြုမိကြပေ။
အဌမအဆင့်နှင့် ၎င်း၏ အထက်မှ ပညာရှင်များကသာလျှင် ထိုကိစ္စကို သိရရန် အရည်အချင်း ပြည့်မှီပေသည်။
ထိုကိစ္စမျိုး ပျံ့နှံ့သွားသည်နှင့်တစ်ပြိုင်နက် မငြိမ်မသက်မှုများကို ဖြစ်ပေါ်လာစေမည် ဖြစ်သည်။
ထိုကဲ့သို့ လေးလံလွန်းလှသော ဝန်ထုပ်ဝန်ပိုးများကို နဝမအဆင့်နှင့် ၎င်း၏အထက်မှ ပညာရှင်များက ထမ်းပိုးထားခဲ့ရသည်။
“ ဟူးးး “
ရှုကျိုး၏ ပုံရိပ်သည် ကြယ်တာရာ T-Rex နတ်ဘုရား၏ ပုံရိပ်အဖြစ် အသွင်ပြောင်းသွားခဲ့သည်။
သူသည် ရှေ့တစ်လှမ်းတိုးလိုက်သည်။
“ ခရက် “
ကြီးမားသော ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် ကီလိုမီတာ သန်းချီအကွာရှိ တိကျွမ်းထံသို့ ရောက်ရှိသွားခဲ့သည်။
“ ကိစ္စတွေ ရှင်းပြီးပြီလား “
တိကျွမ်းသည် တွေးတွေးဆဆဖြစ်နေသော အမူအရာဖြင့် သူ့ကို ကြည့်လာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် ခေါင်းငြိမ့်ပြကာ ပြန်ဖြေလိုက်သည် “ သွားကြတာပေါ့ “
“ အင်း “
တိကျွမ်းသည် စကားထပ်မပြောလာတော့ဘဲ၊ ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ပျောက်ကွယ်သွားတော့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း နောက်မှ အနီးကပ်လိုက်သွားခဲ့သည်။
…
တစ်ခဏအကြာ
အန္တိမနယ်မြေ၏ ဝင်ပေါက်၌
သားရဲတစ်သောင်းဂိုဏ်းသည် ကျိုးပဲ့ပျက်စီးနေသော ဤဟင်းလင်းပြင် အကာအရံတွင် လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားပြီး၊ တပ်ဖွဲ့တစ်ဖွဲ့မှ ၎င်းကို စောင့်ကြပ်နေလျက်ရှိသည်။
ဤနေရာရှိ စစ်သားတစ်ဦးချင်းစီတိုင်းမှာ နဝမအဆင့် ပညာရှင်များ ဖြစ်နေခဲ့သည်။
သူတို့ကို ဦးဆောင်နေသည့် အပြာရောင် ဝတ်စုံနှင့် သက်လတ်ပိုင်းလူတစ်ဦးကမူ အထွတ်အထိပ် ပညာရှင် ဖြစ်နေခဲ့သည်။
ဤကဲ့သို့သော တပ်ဖွဲ့က စောင့်ကြပ်နေသောကြောင့် သေးငယ်သော ဖုန်မှုန့်တစ်မှုန့်ကပင် အန္တိမနယ်မြေအတွင်းသို့ ဝင်ရောက်နိုင်မည် မဟုတ်ပေ။
ဤအချိန်၌ ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပွင့်ထွက်လာခဲ့သည်။
စောင့်ကြပ်နေသည့် စစ်သားအားလုံး၏ မျက်နှာထားများ တင်းမာသွားခဲ့ပြီး၊ သူတို့၏ အရှိန်အဝါများကို နှိုးဆွကာ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်လာကြသည်။
သို့သော် ရောက်ရှိလာသူကို မြင်လိုက်ရသောအခါတွင် သူတို့၏ အရှိန်အဝါများ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ရောက်ရှိလာသူမှာ တိကျွမ်းနှင့် ကြယ်တာရာ T-Rex နတ်ဘုရားပင် ဖြစ်သည်။
အပြာရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းလူသည် တိကျွမ်းကို ကြည့်ကာ စကားပြောလာခဲ့သည် “ ဆိုတော့ အန္တိမနယ်မြေကို ဝင်မဲ့လူတွေက မင်းတို့တွေပေါ့ “
တိကျွမ်းမှ ခေါင်းငြိမ့်ပြလိုက်သည်။
အပြာရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းလူမှ စကားထပ်ပြောလာခဲ့သည် “ မင်းတို့နှစ်ယောက်က အန္တိမနယ်မြေထဲကို ဝင်နိုင်တယ်လို့ အကြီးအကဲမော့မူက ငါ့ကို အသိပေးထားတယ်၊ ဒါပင်မဲ့ သားရဲတစ်သောင်းဂိုဏ်းရဲ့ ပိုင်နက်ထဲမှာပဲ နေပြီးတော့ နတ်ဝိညာဥ်စွမ်းအားကို ပေါ့ပေါ့ပါးပါး မထုတ်လွှတ်ဖို့ ငါမင်းတို့ကို သတိပေးလိုက်မယ်။ မြန်မြန်ပြန်ထွက်လာလေလေ၊ ပိုကောင်းလေလေပဲ “
“ နားလည်ပြီ “
တိကျွမ်းမှ ခေါင်းငြိမ့်ပြလိုက်သည်။
“ သူတို့ကို သွားခွင့်ပေးလိုက် “
အပြာရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းလူသည် မည်သည့်စကားမှ ထပ်မပြောလာတော့ဘဲ၊ သူ၏လက်ကို ဝေ့ရမ်းကာ၊ သူတို့ကို ဖြတ်သွားခွင့်ပြုရန် သူ၏လူများကို ညွှန်ကြားလိုက်သည်။
တပ်သားများ ဘေးဖယ်သွားသည်နှင့်တစ်ပြိုင်နက် တိကျွမ်းနှင့် ကြယ်တာရာ T-Rex နတ်ဘုရားတို့သည် ဟင်းလင်းပြင် အကာအရံအတွင်းသို့ ဝင်ရောက်သွားတော့သည်။
သူတို့ထွက်သွားသည့်နောက်တွင်
အပြာရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းလူသည် ဟင်းလင်းပြင် အကာအရံကို ငေးကြည့်နေရင်းဖြင့်၊ သူ၏ ဦးခေါင်းကို ခါရမ်းနေတော့သည် “ ဝန်ထုပ်ဝန်ပိုးဖြစ်တဲ့ အဆင့်၉ တစ်ယောက်ကို ခေါ်လာတယ်၊ တကယ်လို့ တစ်ယောက်ယောက်က အန္တရာယ်ပြုဖို့၊ ရည်ရွယ်လာမယ်ဆိုရင်၊ မင်းတို့က ဘယ်လိုမျိုး ထွက်ပြေးကြမလဲဆိုတာကို ငါသိချင်သွားပြီ “
သားရဲတစ်သောင်းဂိုဏ်းအတွင်းမှာပင် သဟဇာတဖြစ်မှု ရှိမနေခဲ့ပေ။
အကြီးအကဲမော့မူဘက်မှ လူများသည် ကြယ်ပြာဂြိုဟ်အပေါ်တွင် ရှိနေသည့် ရန်လိုသည့် သဘောထားများကို မထောက်ခံကြပေ။
သို့သော် တစ်ခြားသော အကြီးအကဲများကမူ ကြယ်ပြာဂြိုဟ်ကို တိုက်ရိုက်ဖယ်ရှားလိုက်သင့်သည်ဟု ယုံကြည်နေကြသည်။
သူတို့သားရဲတစ်သောင်းဂိုဏ်းမှာလည်း ကြယ်ပြာဂြိုဟ်မှ ပြောင်းရွှေ့လာကြခြင်းဖြစ်သော်လည်း၊ ယနေ့ခေတ် ကြယ်ပြာဂြိုဟ်နှင့် သားရဲတစ်သောင်းဂိုဏ်းကြားတွင် သွေးမျိုးဆက်သော်လည်းကောင်း၊ အမွေအနှစ်သော်လည်းကောင်း၊ မည်သည့်တော်စပ်မှုမျိုးမှ ရှိမနေခဲ့ပေ။
ထို့ကြောင့် သားရဲတစ်သောင်းဂိုဏ်းမှ အစွမ်းထက် ပညာရှင်များအတွက်မူ ကြယ်ပြာဂြိုဟ်မှာ တိုင်းတစ်ပါး နယ်မြေတစ်ခုနှင့် မည်သို့မျှ ကွာခြားမနေခဲ့ပေ။
ဂိုဏ်းဂဏများ ကွဲပြားနေခြင်းမှာ မတူညီသော ရည်ရွယ်ချက်များ ရှိနေတတ်သည်။
တိုက်ရိုက်သတ်ဖြတ်ခြင်းသည် ကိစ္စများကို လွယ်ကူချောမွေ့သွားစေနိုင်သည်။
“ မင်းတို့တွေ ကံကောင်းပါစေ “
အပြာရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းလူသည် သူ၏ဦးခေါင်းကို အသာအယာ ခါရမ်းကာ၊ ထပ်မံ၍ တွေးတောမနေတော့ပေ။ သူသည် တိကျွမ်းနှင့် ကြယ်တာရာ T-Rex နတ်ဘုရားတို့က ဤစစ်ဆင်ရေးမှ အကောင်းအတိုင်း ပြန်လာရန် မဖြစ်နိုင်ဘူးဟု ထင်နေပုံရသည်။
…
ဟင်းလင်းပြင်-အချိန် လှိုဏ်ခေါင်းကဲ့သို့သော လမ်းကြောင်းတစ်ခုကို ကျော်ဖြတ်လာခဲ့ပြီးသည့်နောက်၌
ကြယ်တာရာ T-Rex နတ်ဘုရား၏ အမြင်အာရုံမှာ ရုတ်တရက် ပွင့်ဟလာခဲ့သည်။
ဆင်းသက်လာသည်နှင့်တစ်ပြိုင်နက် သူသည် အလွန်တရာ သိပ်သည်းသော နိယာမ အရှိန်အဝါကို ချက်ချင်း ခံစားမိသွားခဲ့သည်။
“ ဒီလိုတာအို နိယာမမျိုးက၊ ကြယ်ပြာဂြိုဟ်ထပ်တောင် ပိုပြီးတော့ သိပ်သည်းတာပဲ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည် “ ဒီနေရာမှာ ကျင့်ကြံတာက လူတစ်ယောက်ရဲ့ တိုးတက်မှုဖြစ်စဥ်ကို ကြယ်ပြာဂြိုဟ်တုန်းကထပ် ပိုပြီးတော့ မြန်သွားစေမှာပဲ “
သူ့ဘေးနားတွင် ရှိနေသည့် တိကျွမ်းမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ဒါက အန္တိမနယ်မြေ ဖြစ်သင့်တယ် “
ကြယ်တာရာ T-Rex နတ်ဘုရားမှ မေးမြန်းလိုက်သည် “ စီနီယာ၊ ဒီအန္တိမနယ်မြေရဲ့ အစွမ်းအထက်ဆုံး အဆင့်ကို သိလား။ ဒီမှာ အန္တိမ ပညာရှင်တစ်ယောက်ရှိလား “
“ ငါလည်း သေချာမသိဘူး၊ ဒါပင်မဲ့ သားရဲတစ်သောင်းဂိုဏ်းမှာတော့ အဲ့လိုတည်ရှိမှုမျိုး လုံးဝမရှိဘူး “ ဟုတိကျွမ်းမှ ပြန်ပြောလာခဲ့သည်။
“ အို့ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အနည်းငယ် အံ့ဩသွားခဲ့သည်။
တိကျွမ်းမှ စကားထပ်ပြောလာခဲ့သည် “ တကယ်လို့ အန္တိမပညာရှင်သာ ရှိနေမယ်ဆိုရင်၊ သူတို့က ငါတို့နဲ့ ညှိနှိုင်းနေမှာ မဟုတ်ဘူး။ အဲ့လိုပညာရှင်မျိုးက နယ်မြေဖိနှိပ်မှု ဒါမှမဟုတ် အထူး အခြေအနေမျိုး မရှိဘူးဆိုရင်၊ လက်တောင်လှုပ်စရာမလိုဘဲ ကြယ်ပြာဂြိုဟ်တစ်ခုလုံးကို အပြတ်ရှင်းနိုင်တယ် “
ထိုစကားကိုကြားလိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာ ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။
တိကျွမ်းပြောသည့်အတိုင်းပင် အန္တိမအဆင့် တည်ရှိမှုသည် အတွေးတစ်ခုတည်းဖြင့် ကိစ္စတော်တော်များများကို ပြောင်းလဲသွားစေနိုင်သည်။
တိကျွမ်းမှ စကားကို ထပ်ဖြည့်ပြောလာခဲ့သည် “ ဒါပင်မဲ့ သားရဲတစ်သောင်းဂိုဏ်းမှာ အန္တိမ အထွတ်အထိပ် ပညာရှင်တစ်ယောက်တော့ ရှိနေဖို့များတယ်။ ငါနဲ့ ယှဥ်နိုင်တဲ့ လူအိုကြီးမော့မူကတောင် အကြီးအကဲတစ်ယောက်ယောက်သာသာပဲ “
“ အဲ့ဒီပညာရှင်တွေ ဘာလို့ မပေါ်လာရလဲဆိုတာကတော့ ဒီနေရာက တစ်ခြား အင်အားစုတွေကြောင့်ပဲ ဖြစ်ရမယ် “
ထို့နောက်တွင် သူသည် ခေါင်းတခါခါဖြင့် သက်ပြင်းချနေတော့သည် “ အန္တိမနယ်ပယ်နဲ့ အန္တိမ အထွတ်အထိပ်ဆိုတာက မင်းရောငါရော စော်ကားလို့ မရတဲ့ အရာတစ်ခုပဲ “
“ ဒီခရီးစဥ်မှာတော့ သတိကြီးကြီးထားပြီးတော့ အဆင့်တက်နိုင်မဲ့ အခွင့်အလမ်းကို ရှာမှဖြစ်မယ် “
ထိုစကားကို ပြောခဲ့ပြီးသည့်နောက်တွင် တိကျွမ်းသည် မြေပုံတစ်ခုကို ထုတ်ယူလိုက်သည်။
အဆိုပါ မြေပုံသည် မော့မူထံမှ ရရှိထားသည့်၊ သာမန်မြေပုံတစ်ခုသာလျှင် ဖြစ်သည်။ သူသည် သူ၏ အသိစိတ်ကို အခြေခံကာ ယူဆချက်/မှန်းဆချက်များကိုသာ ကောက်ချက်ချနိုင်ပေသည်။
တိကျွမ်းက မြေပုံကို လေ့လာနေစဥ်အချိန်တွင်
ကြယ်တာရာ T-Rex နတ်ဘုရားသည် ခေါင်းခါပြကာ စကားပြောလိုက်သည် “ ဒီအန္တိမနယ်မြေက လူလုပ်ထားတဲ့ဟာဖြစ်တာကြောင့်၊ သဘာဝရတနာတွေ ရှိနေမှာ မဟုတ်ဘူး။ နှစ်သောင်းနဲ့ချီကြာခဲ့ပြီးတဲ့နောက်မှာတော့ ရှားပါးတဲ့ ရတနာတစ်ချို့တော့ အလိုလို ပေါ်လာမှာ သေချာတယ်၊ ဒါပင်မဲ့ အဲ့လိုဟာတွေကို ဒီက အင်အားစုတွေ သိမ်းပြီးသွားတာ ကြာနေလောက်ပြီ “
တိကျွမ်းသည် ထိုစကားကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ဂရုတစိုက် ဆင်ခြင်သုံးသပ်ခဲ့ပြီးသည့်နောက်၌ ၎င်းက မှန်ကန်သည်ဆိုသည်ကို သူနားလည်သွားခဲ့သည်။
သူသည် ခေါင်းငြိမ့်ပြကာ စကားပြန်ပြောလာခဲ့သည် “ ငါတို့က အခွင့်အလမ်းတွေအတွက် ဘယ်နေရာကို သွားသင့်တယ်လို့ မင်းထင်လဲ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ စကားလုံးတစ်လုံးကိုသာ ပြန်ပြောလာခဲ့သည်။
“ ခိုးယူတာ “