← Chapters

အခန်း (၆၈၂-၆၈၄)

Vol. 46 Ch. 682-684

အခန်း (၆၈၂-၆၈၄)

Vol. 46 Ch. 682-684

အပိုင်း ( 682 )

ပကတိ အထွတ်အထိပ် ပညာရှင်များကို လမ်းဘေးခွေးများကဲ့သို့ သတ်ဖြတ်ခြင်း ၂

“ အထွတ်အထိပ်အဆင့် ရတနာဆယ်ခုလုံး အခိုးခံလိုက်ရတာလား “

“ အဲ့ဒီသူခိုးက တကယ်ကို ရဲတင်းလွန်းတာပဲ၊ ငါတို့ဂိုဏ်းထဲ ဝင်လာပြီးတော့ ရတနာတွေ ခိုးရဲနေတယ်ပေါ့ “

“ နှစ်အတော်ကြာ တံခါးပိတ်ကျင့်ကြံနေတဲ့ အကြီးအကဲတွေကတောင် ထွက်လာရပြီ။ အဲ့ဒီသူခိုးက ဘာကောင်ကြီးပဲဖြစ်နေပါစေ၊ ဒီနေ့မှာတော့ သေချာပေါက် ဇာတ်သိမ်းပြီပဲ “

လူများ အပူတပြင်း ဆွေးနွေးနေကြသည့် အချိန်၌

ရတနာ စံအိမ်အရှေ့ဘက်တွင် ရှိနေသည့် အစောင့်ဖြစ်သူ ကျားဖြူသားရဲမှာ ထိုသတင်းကို ကြားသိသွားကာ၊ မျက်နှာဖြူဖျော့သွားခဲ့သည်။

“ အထွတ်အထိပ် ရတနာဆယ်ခု အခိုးခံလိုက်ရတာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “

“ အကြီးအကဲကျင်းနဲ့ ခုနက လူငယ်လေးက ရုပ်ဖျက်ထားကြတာများလား “

…

ထိုအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရားနှင့် တိကျွမ်းတို့မှာ ကီလိုမီတာ တစ်သန်းကျော်အကွာသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

အရေးကြီးသော အခိုက်အတန့်တွင် သူတို့သည် ကြယ်ပြာဂြိုဟ်ဘက်သို့ မဦးတည်သွားခဲ့ပေ။

သူတို့၏ လုပ်ရပ်က ရန်သူများကို ဆွဲဆောင်သွားပြီး၊ တိုက်ပွဲတစ်ခု မလွဲမသွေ ဖြစ်ပေါ်လာမည်ဆိုသည်ကို သိနေသောကြောင့်၊ သူတို့သည် ရန်သူများကို ဤအန္တိမနယ်မြေ အတွင်းတွင်သာ ရင်ဆိုင်ရန် ဆုံးဖြတ်ထားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် မိုင်တစ်သန်းနီးပါးအထိ ခရီးတွင်လာခဲ့ပြီ ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားဘေးနားတွင် ရှိနေသည့် တိကျွမ်းမှာလည်း တိတ်တဆိတ် အံ့အားသင့်နေလျက်ရှိသည် “ ဒီလူ့ရဲ့ ရုပ်ခန္ဓာက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ၊ ငါတောင် သူ့ရဲ့ အမြန်နှုန်းကို လိုက်မှီဖို့အတွက် ခက်ခက်ခဲခဲ ကြိုးစားနေရတယ် “

သို့သော် သူသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ တကယ့်အမြန်နှုန်းက ယခုထပ် များစွာသာလွန်သည်ဆိုသည်ကို သတိပြုမိနေခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားက သူ၏အမြန်နှုန်းကို ထိန်းချုပ်ထားရသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ တိကျွမ်းက သူ့အား အမှီမလိုက်နိုင်မည်ကို စိုးရိမ်နေသောကြောင့် ဖြစ်သည်။

“ ဘုမ်းး “

ထိုအချိန်၌ သူတို့အနောက်တွင် ရှိနေသည့် ဟင်းလင်းပြင်ထံမှ ပေါက်ကွဲသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

ထို့နောက်တွင် ကြီးမားသော ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့ပြီး၊ ၎င်းထံမှ ဧရာမ လက်ကြီးတစ်ဖက် တိုးထွက်လာခဲ့သည်။

အဆိုပါ ဧရာမလက်ကြီးသည် ကောင်းကင်ပြင်နှင့် နေလုံးတို့ကိုပင် ဖုံးကွယ်ထားပြီး၊ ကမ္ဘာဖျက် ဖိအားတစ်ခုကို သယ်ဆောင်ထားခဲ့သည်၊ သို့သော် ၎င်းသည် ကြယ်တာရာ T-Rex နတ်ဘုရားနှင့် တိကျွမ်းတို့ကို မဖမ်းဆုပ်လာခဲ့ဘဲ၊ သူတို့၏ အရှေ့တွင် ရှိနေသည့် ဟင်းလင်းပြင်ထံသို့သာ တိုက်ရိုက်တိုးဝင်သွားခဲ့သည်။

၎င်းမှာ သူတို့၏ ပြေးပေါက်ကို ဖြတ်တောက်ရန် ကြံရွယ်လိုက်ခြင်း ဖြစ်သည်။

လက်တစ်ဖက်သည် မိုင်သိန်းချီအကွာသို့ ချက်ချင်းထိုးဖောက် ဝင်ရောက်လာခဲ့သည်။

၎င်းမှာ အဆင့်မြင့် အထွတ်အထိပ် ပညာရှင်၏ တိုက်ကွက်ဖြစ်သည်။

“ ချိုးဖျက် “

တိကျွမ်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်၊ မိုးကြိုးအလင်းတန်းတစ်ခုသည် ဓားအလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ အရှေ့သို့ ပြေးတက်သွားတော့သည်။

ကျယ်လောင်သော မြည်ဟီးသံကြီးနှင့်အတူ ၎င်းသည် လေထုထဲတွင် ရှိနေသည့် ဧရာမလက်ကြီးကို နှစ်ပိုင်းပိုင်းသွားခဲ့သည်။

ထို့နောက်၌ ချက်ချင်းဆိုသလိုပင် သူတို့၏ ပုံရိပ်များမှာ အရှေ့သို့ ပြေးတက်သွားခဲ့သည်။

သို့သော် ဧရာမလက်ကြီး၏ စွမ်းအင်အကြွင်းအကျန်များကို ကျော်ဖြတ်လာခဲ့ပြီးနောက်၌၊ သူတို့သည် သူတို့၏ အရှေ့ဘက်တွင် ပုံရိပ်များစွာ ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။

စုစုပေါင်း ပုံရိပ်ခုနစ်ခု ရှိနေခဲ့ပြီး၊ အကုန်လုံးမှာ အနက်ရောင်ဝတ်စုံများကိုသာ ဝတ်ဆင်ထားကြသည်။

အဆိုပါ ပုံရိပ်တစ်ခုချင်းစီတိုင်းသည် အဆင့်မြင့် အထွတ်အထိပ် အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။

“ ရွှေဖယောင်းလား “

ဦးဆောင်လာသည့် ငွေရောင်ဆံသားနှင့် လူအိုကြီး၏ အရှိန်အဝါသည် တိကျွမ်းနှင့် ယှဥ်နေနိုင်ပြီး၊ အံ့ဩတကြီးဖြစ်နေသော အမူအရာဖြင့် သူ့ကို ကြည့်လာခဲ့သည်။

ဤအချိန်နှင့် တိကျွမ်းနှင့် ကြယ်တာရာ T-Rex နတ်ဘုရားတို့မှာ ရွှေဖယောင်းနှင့် ချန်ခွန်းအဖြစ် အသီးအသီး ရုပ်ဖျက်ထားစဲပင် ဖြစ်သည်။

တစ်ခဏအကြာတွင် ထိုလူကြီးမှ အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည် “ မင်းတို့ရုပ်ဖျက်ထားတာက တကယ်ကို ကောင်းတယ်၊ ဒါပင်မဲ့ မင်းတို့ရဲ့ သရုပ်မှန်ကို ဖော်ထုတ်ပြီးတော့ ငါတို့ဂိုဏ်းရဲ့ ရတနာတွေကို ပြန်ပေးဖို့ အကြံပေးလိုက်မယ်၊ အဲ့လိုဆိုရင် ငါက မင်းတို့ရဲ့အလောင်းတွေကို အကောင်းအတိုင်း ချန်ထားပေးနိုင်တယ် “

တိကျွမ်းနှင့် ကြယ်တာရာ T-Rex နတ်ဘုရားသည် အကြည့်များ ဖလှယ်လိုက်ကြသည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် တိကျွမ်းထံသို့ အသံပို့လွှတ်လိုက်သည် “ ကျွန်တော်တို့က သားရဲတစ်သောင်းဂိုဏ်းနဲ့ တော်တော်ဝေးဝေးကို ရောက်လာပြီ၊ ဂိုဏ်းကာကွယ်ရေး အစီအရင်က ဒီနေရာအထိတော့ ရောက်မလာနိုင်ဘူး “

တိကျွမ်းမှာလည်း လေသံတိုးတိုးလေးဖြင့် ပြန်ပြောလာခဲ့သည် “ ငါက အများဆုံးအနေနဲ့ သုံးယောက်အထိပဲ ကိုင်တွယ်နိုင်မယ် “

ကြယ်တာရာ T-Rex နတ်ဘုရားမှ ပြန်ပြောလိုက်သည် “ ဒါဆိုရင်လည်း ကျန်တဲ့လေးယောက်ကို ကျွန်တော် ရှင်းမယ် “

“ တိုက် “

ထိုစကားပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ တိကျွမ်း၏ ပုံရိပ်သည် သူ၏မူလနေရာမှ ပျောက်ကွယ်သွားပြီး၊ ငွေရောင်ဆံသား လူအိုကြီးနှင့် တစ်ခြားလူနှစ်ယောက်ဆီသို့ ပြေးဝင်သွားတော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် အဆိုပါ လူအိုကြီးမှ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ အချည်းနှီး ရုန်းကန်နေတာပဲ “

အဆင့်မြင့် အထွတ်အထိပ် ပညာရှင်ခုနစ်ဦးအတွက် အဆင့်တူ ပြိုင်ဘက်တစ်ဦးကို ကိုင်တွယ်ရခြင်းမှာ အလွန်တရာ လွယ်ကူသော အလုပ်ဖြစ်သည်။

ချန်ခွန်းအဖြစ် ရုပ်ဖျက်ထားသူကမူ နဝမအဆင့် အထွတ်အထိပ်တွင်သာ ရှိနေသောကြောင့် တွေးလိုက်ရုံဖြင့် အလွယ်တကူ ဖြေရှင်းနိုင်ပေသည်။

သို့သော် ငွေရောင်ဆံသားပိုင်ရှင် လူအိုကြီးက ၎င်းကို တွေးတောစဥ်းစားနေသည့် အချိန်၌

“ အားးး “

နာကျင်မှုအပြည့်ဖြင့် အော်ဟစ်လိုက်သည့် အသံတစ်ခုသည် မလှမ်းမကမ်းမှ ပေါ်ထွက်လာခဲ့သည်။

ငွေရောင်ဆံသား လူအိုကြီးမှ ခေါင်းလှည့်ကြည့်လိုက်ရာ၊ အနက်ရောင် ဝတ်စုံနှင့် အကြီးအကဲများအနက်မှ တစ်ဦးက ချန်ခွန်း၏ တစ်ချက်တည်းသော လက်သီးထိုးချက်ကြောင့် ကိုယ်တစ်ခြမ်းပျက်စီးသွားသည်ကို မြင်တွေ့လိုက်ရသည်။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “

ငွေရောင်ဆံသား လူအိုကြီး၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

ထိုအချိန်၌ တိကျွမ်းသည် သူ့ထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည် “ ငါနဲ့ တိုက်နေတဲ့အချိန်မှာ အာရုံလွင့်ရဲတယ်ပေါ့။ သေ “

နိယာမတို့၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် လက်သီးတစ်လုံးအဖြစ် အသွင်ပြောင်းကာ၊ ငွေရောင်ဆံသား လူအိုကြီးထံသို့ ပြေးဝင်လာခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ငွေရောင်ဆံသား အကြီးအကဲသည် တိကျွမ်းနှင့် ပြင်းပြင်းထန်ထန် ထိပ်တိုက်ရင်ဆိုင်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။

“ အဲ့လူကို မြန်မြန်နှိမ်နင်းလိုက် “

ငွေရောင်ဆံသား လူအိုကြီးသည် တစ်ခြား အကြီးအကဲနှစ်ဦးကို အော်ပြောလိုက်သည် “ အဲ့ဒီချန်ခွန်းက ထူးဆန်းတယ်၊ သူ့ရဲ့ ရုပ်ခန္ဓာက အဆင့်မြင့် အထွတ်အထိပ်နယ်ပယ်ကို ရောက်နေတာ ဖြစ်နိုင်တယ် “

တစ်ခြားအကြီးအကဲနှစ်ဦး၏ အမူအရာများမှာလည်း အေးစက်သွားခဲ့သည်။

ရုပ်ခန္ဓာက အဆင့်မြင့် အထွတ်အထိပ်နယ်ပယ်သို့ ရောက်ရှိခြင်း၊ ၎င်းမှာ နိယာမကို အဆင့်မြင့် အထွတ်အထိပ်သို့ ရောက်ရှိသွားစေခြင်းထပ် များစွာခက်ခဲနေခဲ့သည်။

အန္တိမနယ်မြေတွင်ဖြစ်စေ၊ ကြယ်ပြာဂြိုဟ်တွင်ဖြစ်စေ၊ ရုပ်ခန္ဓာကို ထိုအဆင့်အထိ ရောက်သွားစေရန် ကူညီပေးနိုင်သည့် ရတနာများမှာ အလွန်တရာ နည်းပါးနေခဲ့သည်။

ဆန့်ကျင်ဘက်အနေနှင့် နိယာမများကို အဆင့်တက်သွားစေနိုင်သည့် ရတနာများကမူ ပေါများကြွယ်ဝသည်ဟု ယူဆနေနိုင်သည်။

ထိုကဲ့သို့ ဖြစ်ရခြင်းမှာ တာအိုနိယာမက လုံလုံလောက်လောက် ပေါများကြွယ်ဝနေသရွေ့၊ သန့်စင်သော နိယာမစွမ်းအင် မွေးဖွားနိုင်သောကြောင့် ဖြစ်သည်။

ရုပ်ခန္ဓာက နဝမအဆင့်သို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက်၊ ၎င်းသည် မျက်နှာကျက်ပေါ်သို့ ရောက်ရှိသွားသည့်အလား ဖြစ်သွားမည်ဖြစ်ပြီး၊ ထို့နောက် ရှေ့တက်တိုးရမည့် ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းမှာ ကောင်းကင်ဘုံကို ဆန့်ကျင်ရသကဲ့သို့ ဖြစ်နေမည် ဖြစ်သည်။

ထို့ကြောင့် ဤကမ္ဘာအတွင်းရှိ ရတနာများထဲတွင် ရုပ်ခန္ဓာဖြင့် ပကတိ အထွတ်အထိပ်သို့ ရောက်သွားစေနိုင်သည့် ရတနာမှာ အမှန်တကယ် မတည်ရှိပေ။

သိုင်းပညာရှင်များသည် နိယာမတို့၏ စွမ်းအားများကို မှီခို၍သာ သူတို့၏ ရုပ်ခန္ဓာကို သန်မာအားကောင်းသွားစေနိုင်သည်၊ သို့သော် အကန့်အသတ်သို့ ရောက်ရှိသွားသောအခါတွင်၊ အဆိုပါ ဖြစ်စဥ်မှာ အလွန်တရာ နှေးကွေးသွားပြီး၊ တစ်ခါတစ်ရံ၌ အနည်းငယ်မျှ တိုးတက်လာရန်အတွက် နှစ်ပေါင်းထောင်နှင့်ချီ၍ အချိန်ယူရလေ့ရှိသောကြောင့် ဖြစ်သည်။

ထို့ကြောင့်ပင် သူတို့သည် ချန်ခွန်းက ရုပ်ခန္ဓာဖြင့် အဆင့်မြင့် အထွတ်အထိပ်သို့ ရောက်နေသည်ဟု ကြားလိုက်ရသောအခါတွင် အလွန်တရာ လေးနက်သွားခြင်း ဖြစ်သည်။

ထို့နောက်စက္ကန့်ပိုင်းမျှအကြာတွင် ငွေရောင်ဆံသား လူအိုကြီး ဦးဆောင်သည့် လူသုံးဦးမှာ သူတို့၏ အင်အားကို အကုန်အစင် ထုတ်သုံးကာ၊ တိကျွမ်းကို ဖိနှိပ်ရန် ကြိုးပမ်းလာခဲ့သည်။

“ ဘုမ်းး ဝုန်းး ဘုမ်းး “

ကောင်းကင်ဘုံ ပြိုကွဲသွားပြီး၊ ကမ္ဘာမြေ ကွဲအက်သွားကာ၊ သူတို့၏ ထိတွေ့တိုက်ခိုက်မှုမှာ မိုင်သိန်းချီပတ်လည်ရှိ မြေပြင်ကို ချက်ချင်းပျက်စီးသွားစေခဲ့သည်။

အန္တိမနယ်မြေတွင် ထိုကဲ့သို့သော တိုက်ပွဲမျိုး ဖြစ်ပေါ်လာသည်မှာ အလွန်တရာ ရှားပါးလွန်းနေခဲ့သည်။

အထူးသဖြင့် အဆင့်မြင့် အထွတ်အထိပ် ပညာရှင်တို့၏ တိုက်ပွဲဖြစ်ပြီး၊ တိုက်ပွဲကထိုကဲ့သို့ ပြင်းထန်သွားသည်မှာ ဤနှစ်များတစ်လျှောက်တွင် တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ရဖူးချေ။

၎င်းမှာ တိကျွမ်းက ကြောက်မက်ဖွယ်ကောင်းသည့် ခွန်အားကို ပိုင်ဆိုင်ထားပြီး၊ ပြီးပြည့်စုံသော နိယာမ တစ်ဒါဇင်ကျော်ကို နားလည်ထားသောကြောင့် ဖြစ်သည်။

သို့သော် ထိုကဲ့သို့ဆိုလျှင်တောင်မှ အဆင့်တူ ပညာရှင်သုံးဦးကို ရင်ဆိုင်ရသောအခါတွင် သူသည် အောက်စည်းသို့ တဖြည်းဖြည်း ရောက်ရှိလာခဲ့သည်။

“ ဖူးးး “

ငွေရောင်ဆံသား လူအိုကြီး၏ လက်သီးထိုးချက်သည် တိကျွမ်း၏ ရင်ဘတ်ကို ထိမှန်သွားကာ၊ သူ့ကို သွေးအန်ကာ နောက်ဆုတ်သွားစေခဲ့သည်။

“ ကောင်းတယ် “

တိကျွမ်းသည် ကောင်းကင်ထက်သို့ မော့ကြည့်ကာ၊ ဟိန်းဟောက်လာခဲ့သည်၊ သူသည် အချိန်အတော်ကြာအထိ ဤကဲ့သို့ စိတ်ကျေနပ်ဖွယ်ကောင်းလောက်သည်အထိ မတိုက်ခိုက်ခဲ့ရပေ။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကြောက်မက်ဖွယ်ကောင်းသော နိယာမ စွမ်းအင်လှိုင်းတစ်ခု ပေါက်ထွက်လာခဲ့သည်။

ငွေရောင်ဆံသား လူအိုကြီးမှာ မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည် “ အန္တိမနိယာမလား “

သို့သော် သူသည် လျင်မြန်စွာ သက်ပြင်းချနေတော့သည် “ အဲ့တာက အဆင့်၉မှာပဲ ရှိနေသေးတာ တော်တော်ကံကောင်းတယ် “

မည်သို့ပင်ဆိုစေကာမူ သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲများမှာ အလွန်တရာ အံ့ဩတုန်လှုပ်သွားကြသည်။

သူတို့ကပင် အန္တိမ နိယာမကို နားမလည်ထားပေ။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ သူတို့သည် အန္တိမ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အန္တိမ နိယာမကို နားလည်ရာတွင် ကြုံတွေ့ရမည့် အခက်အခဲမှာ ရုပ်ခန္ဓာဖြင့် အဆင့်မြင့် အထွတ်အထိပ်သို့ အဆင့်ထိုးရောက်ရာတွင် ရင်ဆိုင်ရသည့် အခက်အခဲထပ် မည်သို့မျှ လျော့နည်းမနေခဲ့ပေ။

“ ထပ်ပြီးတော့ မလျှိုထားနဲ့တော့၊ ရှိတာအကုန်ထုတ်သုံးတော့ “

ငွေရောင်ဆံသား လူအိုကြီးသည် တစ်ခြားသော အကြီးအကဲများကို အော်ပြောကာ၊ တိုက်ပွဲအတွင်းသို့ ခုန်ဝင်သွားတော့သည်။

တစ်ချိန်တည်းမှာပင် တစ်ခြားတစ်ဖက်ရှိ တိုက်ပွဲမြေပြင်၌

ကြယ်တာရာ T-Rex နတ်ဘုရားသည် လျှပ်စီးတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ၊ ကျန်ရှိနေသည့် အကြီးအကဲသုံးဦးထံသို့ ပြေးတက်လာခဲ့သည်။

ပထမဦးဆုံး အကြီးအကဲကို အလွယ်တကူ ချေမှုန်းခဲ့ပြီးသည့်နောက်တွင်၊ ကျန်ရှိနေသည့် သုံးဦးသည် သူ့အနားမှ မြန်မြန်ဆန်ဆန် ဆုတ်ခွာသွားကြသည်။

ပြည့်ဝအဆင့် အဆင့်မြင့် နိယာမတို့၏ စွမ်းအားသည် တောင်ကြီးများအဖြစ် အသွင်ပြောင်းကာ၊ ကြယ်တာရာ T-Rex နတ်ဘုရားထံသို့ ဆင်းသက်လာခဲ့သည်။

“ ဝရုန်းးးး “

အဆိုပါ တောင်ကြီးများသည် အဆုံးမဲ့ စွမ်းအားတို့ဖြင့် ပေါက်ထွက်လာခဲ့သောကြောင့်၊ ကမ္ဘာတစ်ခုလုံး လှုပ်ခါသွားခဲ့သည်၊ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် အလင်းတန်းသည် နေမင်းကိုပင် မှောင်ကျသွားစေခဲ့သည်။

၎င်းမှာ အံ့ဖွယ်ကောင်းသော အဖျက်စွမ်းအားကို သယ်ဆောင်ထားသည့်၊ အဆင့်မြင့် အထွတ်အထိပ် ပညာရှင်သုံးဦး၏ ပေါင်းစည်းတိုက်ကွက်ဖြစ်သည်။

“ ကလေးကွက်တွေ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်၊ သူသည် မည်သို့မျှ မရှောင်ရှားဘဲ၊ ကောင်းကင်ထက်သို့ ခုန်တက်လာခဲ့ကာ၊ အဆင့်မြင့် နိယာမတို့ဖြင့် ဖွဲ့စည်းထားသည့် တောင်ကြီးများကို တိုက်ရိုက်ဖျက်စီးလိုက်သည်။

သူ့အပေါ်သို့ ကျရောက်လာသည့် စွမ်းအားများမှာ အစအနပင် မကျန်ဲခဲ့ပေ။

“ သေ “

သူသည် အော်ဟစ်ကြုံးဝါးကာ အကြီးအကဲတစ်ဦး၏ လည်ပင်းကို ဖမ်းချုပ်လိုက်သည်။

ခရက်

လည်ပင်းရိုး ကျိုးသွားခဲ့သည်။

ထို့နောက်တွင် သူ့လက်မှ ပေါ်ထွက်လာသည့် အဖျက်စွမ်းအားမှာ ထိုအကြီးအကဲ၏ ဦးခေါင်းကို ချက်ချင်းပေါက်ကွဲသွားစေခဲ့သည်။

တစ်ပြိုင်နက်ဆိုသလိုပင် အဆင့်မြင့် နိယာမတို့ဖြင့် ကာကွယ်ထားသည့် ခရမ်းရောင် နန်းတော်မှာလည်း ချက်ချင်းပေါက်ကွဲသွားခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှင့် ရင်ဆိုင်ရသောအချိန်၌၊ အဆင့်မြင့် နိယာမများကပင် မည်သို့မျှ မခုခံနိုင်ခဲ့ပေ။

“ မဟုတ်ဘူးးးး “

လေဟာနယ်အတွင်း၌ ဝမ်းခေါင်းသံဖြင့် အော်ဟစ်လိုက်သည့် ကြက်သီးထဖွယ်ကောင်းသော အော်သံတစ်သံ ပေါ်ထွက်လာခဲ့သည်။

ထို့နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုအကြီးအကဲ၏ ရှေးဦးဝိညာဥ်ကို ချေမှုန်းသွားခဲ့သည်။

ထိုအရာအားလုံးမှာ မီလီစက္ကန့်၏ အပုံတစ်သောင်းပုံတစ်ပုံအတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

ဒုတိယမြောက် အကြီးအကဲကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီးသည့်နောက်၌၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် ကျန်ရှိနေသည့် အကြီးအကဲနှစ်ဦးကို ဆက်လက်၍ သတ်ဖြတ်ရန် ကြိုးပမ်းလာခဲ့သည်။

အဆင့်မြင့် အထွတ်အထိပ်နယ်ပယ်တွင် ရှိနေကြသော်လည်း၊ ထိုလူနှစ်ဦး၏ မျက်နှာများပေါ်တွင် အကြောက်တရားများ ထင်ဟပ်နေလျက်ရှိသည်။

အဆင့်မြင့် အထွတ်အထိပ် ပညာရှင်များကို လမ်းဘေးခွေးများသဖွယ် သတ်ဖြတ်ခြင်း

အဲ့လူက ဘယ်သူလဲ

…………………………………………………………………………………………………………………………………….

အပိုင်း ( 683 )

တိုက်ပွဲ အဆုံးသတ်၊ ကြွယ်ဝသော အကျိုးအမြတ်များ

“ကိုးရောင်ခြယ် ချီလင် “

“ ရွှေဦးချို ဖယောင်းနဂါး “

အကြီးအကဲနှစ်ဦးသည် ကျယ်လောင်စွာ အော်ဟစ်လာကြသည်၊ ထို့နောက်တွင် သူတို့သည် သူတို့၏ကိုယ်ပိုင် သားရဲအစေခံများကို လွှတ်ပေးလာကြသည်။

ထို့နောက်၌ ကြီးမားသော ဧရာမပုံရိပ်ကြီးနှစ်ခု ပေါ်ထွက်လာခဲ့သည်၊ သူတို့၏ အရိုင်းဆန်ကာ၊ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါများမှာ ဆူနာမီကဲ့သို့ ပျံ့လွင့်လာခဲ့သည်။

အရှိန်အဝါများက အားကောင်းကြီးမားနေခဲ့သော်လည်း၊ ၎င်းတို့မှာ အလယ်အလတ် အထွတ်အထိပ် နယ်ပယ်တွင်သာ ရှိနေခဲ့သည်။

ပုံမှန်အားဖြင့် သားရဲတစ်သောင်းဂိမ်း၏ ကျင့်ကြံသူအများစုသည် အစွမ်းထက်သားရဲများနှင့် စာချုပ်ချုပ်လေ့ရှိပြီး၊ သူတို့နှင့်အတူတကွ ကြီးပျင်းလာစေရန်အတွက် အဆိုပါ သားရဲများကို သူတို့၏ သွေးအဆီအနှစ်ဖြင့် ပျိုးထောင်ကြကာ၊ စစ်မြေပြင်(သို့)တိုက်ပွဲတွင် အကူအဖြစ် အသုံးပြုကြသည်။

သို့ရာ၌ အဆင့်မြင့် အထွတ်အထိပ် နယ်ပယ်တွင်မူ အဆင့်တူ သားရဲများကို စာချုပ်ချုပ်နိုင်ရန်အတွက် အလွန်တရာ ခက်ခဲလာခဲ့သည်။

အဆင့်မြင့် အထွတ်အထိပ်သို့ ရောက်ရှိရန်အတွက် ကြီးမားသော အခွင့်အလမ်းနှင့် ကံတရားတို့ကို လိုအပ်ပြီး၊ ထိုအဆင့်သားရဲများကို အစေခံအဖြစ် သိမ်းသွင်းရန်မှာ ကောင်းကင်ဘုံပေါ်သို့ တက်လှမ်းရသည့်အလား ခက်ခဲနေခဲ့သည်။

သို့သော် သားရဲကိုယ်တိုင်က ဆန္ဒအလျောက် အညံ့ခံလိုစိတ်ရှိပါက၊ ဇာတ်လမ်းမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမည် ဖြစ်သည်။

ဤအချိန်၌ သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲနှစ်ဦးသည် သူတို့၏ အစေခံသားရဲများကို လွှတ်ပေးလိုက်သည်၊ သူတို့သည် ထိုအစေခံများက ကြယ်တာရာ T-Rex နတ်ဘုရားကို တားဆီးပေးရန် မျှော်လင့်ထားဘဲ၊ အနည်းငယ် နှောင့်နှေးသွားစေရန်သာ မျှော်မှန်းထားခဲ့သည်။

ထို့နောက်တွင် သူတို့သည် သူတို့၏ဂိုဏ်းရှိရာဘက်သို့ ချက်ချင်း ပြေးထွက်သွားတော့သည်။

အဆင့်မြင့် ပညာရှင်များကို အလွယ်တကူ သတ်ဖြတ်နေသည့် ကြယ်တာရာ T-Rex နတ်ဘုရားကို ဖမ်းဆီးရခြင်းမှာ သူတို့ လုပ်နိုင်စွမ်းထပ် ကျော်လွန်နေခဲ့သည်။

“ ဟမ့် “

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားမှ အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည်။

သူသည် ကိုးရောင်ခြည် ချီလင်နှင့် ရွှေဦးချို ဖယောင်းနဂါးတို့ကို အလွယ်တကူ ချေမှုန်းလိုက်သည်။

ထို့နောက်တွင် သူသည် ထွက်ပြေးသွားသော အကြီးအကဲ နှစ်ဦးနောက်သို့ မလိုက်သွားဘဲ၊ နောက်ထပ်တိုက်ပွဲမြေပြင်ဆီသို့သာ ခုန်ကူးသွားခဲ့သည်။

ထိုအချိန်၌ တိကျွမ်းသည် ငွေရောင်ဆံသား လူအိုကြီးနှင့် တစ်ခြားအကြီးအကဲ နှစ်ဦးဖြင့် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲနေခဲ့သည်။

အဆင့်တူ ပြိုင်ဘက်သုံးယောက်နှင့် ရင်ဆိုင်နေရသောအခါတွင် သူသည် သူ့အကန့်အသတ်သို့ ရောက်ရှိသည်အထိ အချိန်အတော်ကြာ တိုက်ခိုက်နေခဲ့သည်။

နိယာမ အများအပြားကို နားလည်ထားခြင်းသာ မရှိဘူးဆိုပါက၊ သူကျဆုံးသွားခဲ့သည်မှာ အချိန်အတော်ကြာနေခဲ့ပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ၊ ယခုလက်ရှိ အချိန်တွင် တိကျွမ်းမှာ အားကုန်လုနီးပါး ဖြစ်နေခဲ့သည်။

“ ခင်ဗျားကို ကူဖို့ ကျုပ်လာပြီ “

ထိုအခိုက်အတန့်တွင် သူ၏အနောက်ဘက်မှ အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

ထို့နောက်၌ ချက်ချင်းဆိုသလိုပင် လက်ကြီးတစ်ဖက်မှာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ၊ သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲတစ်ဦးကို ဖမ်းဆုပ်လာခဲ့သည်။

ထိုအကြီးအကဲ၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး၊ သေခြင်းရှင်ခြင်း အကြပ်အတည်း ရောက်ရှိလာသည်ကို ခံစားသွားခဲ့ရသည်။ သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ သူ၏ အသက်နှင့် ချည်နှောင်ထားသော မှော်ရတနာတစ်ခုကို ထုတ်ယူလိုက်သည်။

“ ဒင် “

ရွှေရောင် ခေါင်းလောင်းကြီးတစ်လုံး ပေါ်ထွက်လာခဲ့ပြီး၊ အသံလှိုင်းများနှင့်အတူ ပျံ့လွင့် မည်ဟီးလာခဲ့သည်။

ထို့နောက်၌ ကမ္ဘာကြီးတစ်ခုလုံး၏ အချိန်နှင့် ဟင်းလင်းပြင်တို့မှာ ရပ်တန့်သွားသည့်အလား ဖြစ်သွားခဲ့သည်။

၎င်းမှာ သားရဲတစ်သောင်းဂိုဏ်း၏ ရှားပါးသော အထွတ်အထိပ် ရတနာ၊ အစမဲ့ ဖရိုဖရဲ ခေါင်းလောင်းပင် ဖြစ်သည်။

အဆင့်မြင့် အထွတ်အထိပ် ပညာရှင်တစ်ဦးက အသက် အန္တရာယ်ရင်ဆိုင်ရခြင်းမှာ အန္တိမနယ်မြေအတွင်းမှာပင် အလွန်တရာ ရှားပါးလွန်းနေခဲ့သည်။

“ ဟမ့် “

သို့ရာတွင် ထို့နောက် စက္ကန့်ပိုင်းမျှအကြာ၌ အေးစက်စက် အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရား၏ လက်တစ်ဖက် ဆင်းသက်လာခဲ့ပြီး၊ အစမဲ့ ဖရိုဖရဲ ခေါင်းဆောင်း၏ ချုပ်နှောင်မှုကို ချိုးဖျက်ကာ၊ ထိုအကြီးအကဲကို ဖမ်းဆုပ်လာခဲ့သည်။

“ ဘာကြီး။ မကောင်းတော့ ….. “

သူ၏မျက်ဝန်းများ ကျဥ်းမြောင်းသွားပြီး၊ စကားကိုပင် ပြီးဆုံးအောင် မပြောနိုင်ခဲ့ပေ။

ချက်ချင်းဆိုသလိုပင်

ဘုမ်းးး ဝုန်းးး

ဦးခေါင်းတစ်လုံး ပေါက်ကွဲသွားခဲ့သည်။

“ တတိယမြောက် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုအကြီးအကဲ၏ ရှေးဦးဝိညာဥ်ကို ချေမွလိုက်ပြီး၊ သူ၏အကြည့်မှာ ကျန်ရှိနေသည့် လူနှစ်ဦးထံသို့ ကျရောက်သွားခဲ့သည်။

ငွေရောင်ဆံသားနှင့် လူအိုကြီးသည် ကြောက်လန့်တကြား ဖြစ်သွားကာ၊ နောက်သို့ လျင်မြန်စွာ ပျံထွက်သွားတော့သည်။

ငွေရောင်ဆံသား လူအိုကြီး ထွက်ပြေးသွားသည်ကို မြင်လိုက်ရသောအခါတွင် နောက်ဆုံး အကြီးအကဲမှာလည်း အလောတကြီး ထွက်ပြေးသွားတော့သည်။

“ အခုမှ ထွက်ပြေးဖို့ ကြိုးစားနေတာလား။ နောက်ကျသွားပြီ “

ကြယ်တာရာ T-Rex နတ်ဘုရားမှ အေးစက်စွာ လှောင်ပြောင်လိုက်သည်၊ သူသည် လူနှစ်ဦးကို လွှတ်ပေးခဲ့ပြီးပြီဖြစ်သောကြောင့်၊ ဤလူများကို ထပ်လွှတ်ပေးမည် မဟုတ်ပေ။

ရှေ့သို့ ခြေလှမ်းလိုက်ရာ၊ သူ၏ပုံရိပ်မှာ အံ့ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် နတ်အလင်းတန်းတစ်ခုကဲ့သို့ ပြေးထွက်သွားကာ၊ ထိုအကြီးအကဲနောက်သို့ ချက်ချင်းလိုက်သွားခဲ့သည်။

လက်သီးတစ်လုံး ပျံသန်းလာခဲ့သည်။

အဆိုပါ လက်သီးထိုးချက်သည် ဥက္ကာပျံတစ်လုံးကဲ့သို့ အဆိုပါ အကြီးအကဲကို ထိမှန်သွားခဲ့သည်။

“ ငါက သားရဲတစ်သောင်းဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပါ၊ ငါ့ကို ချမ်းသာပေးပါ၊ ငါဘာမဆို လုပ်နိုင်ပါတယ် “

ထိုအကြီးအကဲမှ ကျယ်‌လောင်စွာ အော်ဟစ်လာခဲ့သည်။

သို့ရာတွင် ကြယ်တာရာ T-Rex နတ်ဘုရားကမူ ၎င်းကို လုံးဝလျစ်လျူရှုထားခဲ့သည်။

သူသည် ကြယ်ပြာဂြိုဟ်၏ ပြည်သူပြည်သားများကို ခွေးများ၊ ဝက်များသဖွယ် ဆက်ဆံခဲ့သည့် အဆိုပါ သားရဲတစ်သောင်းဂိုဏ်း၏ ကျင့်ကြံသူများကို မည်သို့မျှ မနှစ်သက်ပေ။

ထိုအချိန်က နိမ့်ပါးလွန်းသော သူ၏စွမ်းအားကို ၎င်းတို့ကို မခုခံနိုင်ခဲ့ပေ။

သို့သော် ယခုတွင်ကား လုံလုံလောက်လောက် သန်မာအားကောင်းနေပြီဖြစ်သောကြောင့်၊ ထိုလူစုကို မည်ကဲ့သို့ အလွတ်ပေးနိုင်မည်နည်း။

“‌ သေ “

ကြောက်မက်ဖွယ်ရာ စွမ်းအားကိုသယ်ဆောင်ထားသည့် ကြယ်တာရာ T-Rex နတ်ဘုရား၏ လက်သီးတစ်လုံး ပျံသန်းလာခဲ့သည်။

ထိုအကြီးအကဲက သူ၏မှော်ရတနာသော်လည်းကောင်း၊ အစေခံသော်လည်းကောင်း၊ မည်သည့်အရာကိုပင် ဆင့်ခေါ်ခဲ့ပါစေ၊ အရာအားလုံးမှာ အချည်းနှီးသာ ဖြစ်နေခဲ့ပြီး ချက်ချင်း သတ်ဖြတ်ခံလိုက်ရသည်။

“ စတုတ္ထမြောက် “

ကြယ်တာရာ T-Rex နတ်ဘုရား၏ အကြည့်သည် ငွေရောင်ဆံသားနှင့် လူအိုကြီးထံသို့ ရောက်ရှိသွားခဲ့သည်။

သူသည် အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် မိုင်သောင်းချီအကွာသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ့ကို လွှတ်ပေးမည် မဟုတ်ပေ။ ခြေတစ်လှမ်းလှမ်းလိုက်ရာ

“ ဝုန်းးး “

ဟင်းလင်းပြင်သည် ဖန်သားကဲ့သို့ ကွဲအက်ပျက်စီးသွားခဲ့သည်၊ ကြယ်တာရာ T-Rex နတ်ဘုရား၏ ခြေလှမ်းသည် အချိန်နင့် ဟင်းလင်းပြင်ကို ကျော်တက်သွားသည့်အလား ဖြစ်နေခဲ့ကာ၊ ငွေရောင်ဆံသား လူအိုကြီး၏ အရှေ့သို့ မျက်စိတစ်မှိတ်အတွင်းမှာပင် ရောက်ရှိလာခဲ့သည်။

ငွေရောင်ဆံသား လူအိုကြီး၏ မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည် “ ဒီလူ့ရဲ့ ရုပ်ခန္ဓာက ……… အန္တိမအဆင့်ကို ရောက်နေတာလား “

သူသည် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းကို လူတစ်ဦးထံတွင်သာ မြင်တွေ့ခဲ့ဖူးသည်။

၎င်းမှာ သားရဲတစ်သောင်းဂိုဏ်း၏ အန္တိမ အကြီးအကဲပင် ဖြစ်သည်။

“ သူက အန္တိမနယ်ပယ်ကို ရောက်နေပြီဆိုတာ သေချာပါတယ်၊ ဘာလို့ အဆင့်၉ ပညာရှင်အဖြစ် ရုပ်ဖျက်ထားရတာလဲ “

ငွေရောင်ဆံသား လူအိုကြီးမှာ အလွန်တရာ တုန်လှုပ်သွားခဲ့သည်။

သို့သော် ယခုလက်ရှိ အချိန်မှာ ၎င်းတို့ကို တွေးတောစဥ်းစားနေရမည့် အချိန်မဟုတ်ပေ။

ကြယ်တာရာ T-Rex နတ်ဘုရား၏ လက်သီးထိုးချက်ကို မြင်လိုက်ရသောအခါတွင် သူသည် မှော်ရတနာများကို တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်သည်။

ဟုန်မန်ဒိုင်း

တောက်ပသော အင်မော်တယ် ကိုးခု

ထိုက်ရှူးရတနာ

အဆုံးမဲ့ အလင်းတန်းများ ထုတ်လွှတ်နေသည့် မှော်ရတနာများ ပေါ်ထွက်လာခဲ့ပြီး၊ ကမ္ဘာတစ်ခုလုံးကို လှုပ်ခါ‌သွားစေသည့် လှိုင်းလုံးများ ဖြာထွက်လာခဲ့သည်၊ ၎င်းတို့အားလုံးမှာ အထွတ်အထိပ်အဆင့် ရတနာများ ဖြစ်နေခဲ့သည်။

အဆိုပါ ရတနာ တစ်ခုချင်းစီတိုင်းသည် အလယ်အလတ် အထွတ်အထိပ်(သို့) အဆင့်မြင့် အထွတ်အထိပ် ပညာရှင်တစ်ဦး၏ တိုက်ကွက်ကိုပင် အလွယ်တကူ ခုခံနိုင်ကြသည်။

သို့သော် အန္တိမအဆင့် ပညာရှင်ဟု သံသယဝင်နေရသည့် လူတစ်ဦးနှင့် ရင်ဆိုင်နေရသော အချိန်၌၊ ငွေရောင်ဆံသား လူအိုကြီးမှာ မည်သို့မျှ မပေါ့ဆဝံ့ပေ။

သူသည် စည်းတံဆိပ်များကို လျင်မြန်စွာ ရေးဆွဲကာ၊ အနောက်သို့ အဆောင်တစ်ခု ပစ်လွှတ်လာခဲ့သည်။

………………………………………………………………………………………………………………………………………

အပိုင်း ( 684 )

တိုက်ပွဲ အဆုံးသတ်၊ ကြွယ်ဝသော အကျိုးအမြတ်များ ၂

ဝုန်းဟူသောအသံနှင့်အတူ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ မှိုပုံသဏ္ဍာန် မီးခိုးမှိုင်းတစ်ခု ပျံ့လွင့်လာခဲ့ကာ၊ မိုင်သိန်းနှင့်ချီသော ဧရိယာကို ချက်ချင်းဖုံးလွှမ်းသွားခဲ့သည်။

၎င်းမှာ ငွေရောင်ဆံသား လူအိုကြီး တန်ဖိုးအရှိဆုံး ရတနာဖြစ်သည့် ပျက်သုဥ်းခြင်းဖြစ်သည်။

၎င်းမှာ လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုတွင် သူတန်ဖိုးကြီးကြီးမားမား ပေးချေခဲ့ပြီးမှ ရရှိခဲ့သည့် အဆောင်တစ်ခုဖြစ်သည်၊ ၎င်းအား တစ်ကြိမ်သာလျှင် အသုံးပြုနိုင်ပြီး၊ ၎င်းကို အသက်သွင်းလိုက်သည့် အချိန်၌ အန္တိမ အထွတ်အထိပ် ပညာရှင်ကပင် ကြီးမားသော ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ငွေရောင်ဆံသား လူအိုကြီးသည် သူ၏ရတနာ အကုန်လုံးကို ဆက်တိုက်ပစ်ပေါက်ကာ၊ သူ့အနောက်ဘက်တွင် ကမ္ဘာမြေလှုပ်ရမ်းသွားစေသည့် ပေါက်ကွဲမှုများကို အဆက်မပြတ် ဖြစ်ပေါ်စေခဲ့သည်။

အဖျက်စွမ်းအင်လှိုင်းတစ်ခုသည် မိုင်သောင်းနှင့်ချီသော ဧရိယာတစ်ဝိုက်ကို ဖုံးလွှမ်းလာခဲ့သည်။

ထိုကဲ့သို့သော လှိုင်းလုံးအောက်၌ အဆင့်မြင့် အထွတ်အထိပ် ပညာရှင်တစ်ဦးကပင် သေဆုံးသွားရမည် ဖြစ်သည်။

သို့သော် ငွေရောင်ဆံသား လူအိုကြီးမှာ မည်သို့မျှ လေးဖင့်မနေရဲဘဲ၊ သူ့ဂိုဏ်းရှိရာဘက်သို့သာ ပြေးထွက်သွားခဲ့သည်။

“ ဒီလိုပေါက်ကွဲမှုမျိုး အောက်မှာဆိုရင် အန္တိမ အထွတ်အထိပ်ကတောင် အရေခွံအနွှာခံရမှာပဲ “

“ ဒါပင်မဲ့ အန္တိမ အထွတ်အထိပ် ပညာရှင်ရဲ့ အသက်စွမ်းအားက တော်တော်ကြီးကို ခိုင်မာတယ်၊ အသက်ရှူကြိမ် တစ်ကြိမ်စာလောက်ပဲ ကျန်နေခဲ့မယ်ဆိုရင်တောင်မှ၊ အဲ့တာက ငါယှဥ်နိုင်တဲ့အရာ မဟုတ်ဘူး “

“ ဒါပင်မဲ့ အဲ့ဒီအချိန်နည်းနည်းလေး ငါဂိုဏ်းကို ပြန်ရောက်သွားစေဖို့ လုံလောက်တယ် “

၎င်းကို တွေးမိသွားသောအခါတွင် ငွေရောင်ဆံသား လူအိုကြီးမှာ အလွန်တရာ စိတ်ညစ်သွားခဲ့သည်။

သူသည် ဤတိုက်ပွဲတွင် ဆုံးရှုံးမှု ကြီးမားခဲ့သည်။

အထူးသဖြင့် အန္တိမ အထွတ်အထိပ်၏ စွမ်းအားကို ထုတ်လွှတ်ခဲ့ပြီးသည့်နောက်တွင် ဖြစ်သည်၊ ၎င်းမှာ သူ၏အသက်ကယ်ပစ္စည်းဖြစ်ပြီး၊ ၎င်းကို အသုံးပြုလိုက်ခြင်းက နောက်အနာဂတ်တွင် သူ၏ တိုက်ခိုက်ရေး စွမ်းအားက သိသိသာသာ လျော့ကျသွားတော့မည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။

သို့သော် ထိုမျှလောက် အကုန်အကျများခဲ့သည့် ထွက်ပြေးမှု(သို့) အန္တိမ အထွတ်အထိပ် ပညာရှင်ထံမှ လွတ်မြောက်လာခြင်း ဂိုဏ်းအတွင်းရှိ သူ၏ဂုဏ်သိက္ခာကို သိသိသာသာ မြင့်တက်သွားစေမည် ဖြစ်သည်။

“ ခရက် “

ထိုစဥ် သူသည် ဧရာမ လက်ကြီးတစ်ဖက်က သူ့ဆီသို့ ပြေးဝင်လာသည်ကို မြင်တွေ့သွားခဲ့သည်။

“ သူက ဒဏ်ရာမရသွားဘူးလားဟ “

ငွေရောင်ဆံသား လူအိုကြီးသည် သူ့နောက်တွင် ရှိနေသည့် ချန်ခွမ်းကို မယုံကြည်နိုင်ဖြစ်နေသော အမူအရာမျိုးဖြင့် ကြည့်နေတော့သည်။

သူသည် ကြယ်တာရာ T-Rex နတ်ဘုရားက ပြင်းထန်သော တိုက်ခိုက်မှုများအောက်မှ မည်ကဲ့သို့ မထိမခိုက် လွတ်မြောက်လာခဲ့လဲဆိုသည်ကို နားမလည်နိုင် ဖြစ်သွားခဲ့သည်။

အန္တိမ အထွတ်အထိပ်အဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင်၊ ကြယ်တာရာ T-Rex နတ်ဘုရား၏ အင်မော်တယ်စွမ်းရည်က ကြောက်ခမမ်းလိလိ တိုးတက်လာသည်ကို သူမသိပေ။

ယခုတွင် အပိုင်းပိုင်း အစစဖြစ်သွားခြင်း(သို့)ဆဲလ်တစ်ခုသာ ကျန်ရှိတော့မည်ဆိုလျှင်တောင်မှ၊ ကြယ်တာရာ T-Rex နတ်ဘုရားမှာ ချက်ချင်း ပြနလည်ရှင်သန်လာမည် ဖြစ်သည်။

“ သေ “

ကြယ်တာရာ T-Rex နတ်ဘုရား၏ လက်သည် ငွေရောင်ဆံသား လူအိုကြိးအပေါ်သို့ ကျရောက်လာခဲ့သည်။

ထိုလက်ဝါးသည် ကောင်းကင်ကိုပင် မည်းမှောင်သွားစေကာ၊ ရှောင်တိမ်း၍ မရသလောက်နီးပါး ဖြစ်နေခဲ့သည်။

သို့သော် ထိုအချိန်တွင်

“ ဗွီ “

သားရဲတစ်သောင်းဂိုဏ်းဘက်မှ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုသည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှ အကြာတွင် တောက်လောင်နေသည့် နေမင်းသဖွယ် ဖြစ်နေသော ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့ပြီး မိုင်တစ်သန်းကျော်သော ဧရိယာကို လင်းထိန်သွားစေခဲ့သည်။

ထိုပုံရိပ်၏ စွမ်းအင်ဖြာထွက်မှုအောက်တွင် မိုင်တစ်သန်း ဧရိယာအတွင်းရှိ နိယာမတို့၏ လည်ပတ်မှုများမှာ ရပ်တန့်သည့်အလား ဖြစ်သွားခဲ့သည်။

“ အန္တိမ အထွတ်အထိပ် “

ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

အောက်ဘက်ရှိ ငွေရောင်ဆံသား လူအိုကြီးမှာ အသက်ကယ်ပိုက်တစ်ခုကို ဆုပ်ကိုင်လိုက်ရသကဲ့ အော်ပြောလာခဲ့သည် “ အန္တိမ အကြီးအကဲ၊ ကျွန်တော့်ကို ကယ်ပါဦး “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ထိုပုံရိပ်သည် ကြယ်တာရာ T-Rex နတ်ဘုရားကို လှည့်ကြည့်လာခဲ့သည်။

“ မိတ်ဆွေ၊ ငါ့ကို မျက်နှာသာပေးတဲ့အနေနဲ့ သူ့ကို ချမ်းသာပေးလိုက်ပါ “

ခမ်းနားသော အသံတစ်သံ ပျံ့လွင့်လာခဲ့သည်။

ထိုပညာရှင်သည် ကြယ်တာရာ T-Rex နတ်ဘုရားကို မိတ်ဆွေဟု ခေါ်ဝေါ်သုံးစွဲခဲ့သည်။

သို့သော် ၎င်းမှာ ပုံမှန်သာဖြစ်သည်၊ ကြယ်တာရာ T-Rex နတ်ဘုရား ပြသခဲ့သည့် စွမ်းအားမှာ အဆင့်မြင့် အထွတ်အထိပ်နယ်ပယ်ကို ကျော်လွန်နေခဲ့သည်။

အန္တိမ အထွတ်အထိပ် ပညာရှင်ကသာလျှင် သူနှင့် ရင်ဘောင်တန်းရန် အဆင့်မှီသည်။

“ ချမ်းသာပေးရမှာလား။ သေချာတာပေါ့ “ ဟု ကြယ်တာရာ T-Rex နတ်ဘုရားမှ ပြန်ပြောလိုက်သည်။

အောက်ဘက်တွင် ရှိနေသည့် ငွေရောင်ဆံသားနှင့် အကြီးအကဲမှာ ပျော်ရွှင်ဝမ်းမြောက်သွားခဲ့သည်။

သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကြယ်တာရာ T-Rex နတ်ဘုရားမှ စကားထပ်ပြောလာခဲ့သည် “ မင်းတို့ဂိုဏ်းက ရတနာအားလုံးကို လက်လွှဲပေးမယ်ဆိုရင်၊ သူ့ကို ချမ်းသာပေးမယ် “

ထိုစကားကိုကြားလိုက်ရသောအခါတွင် ငွေရောင်ဆံသား လူအိုကြီးမှာ သေချင်စော်နံသွားခဲ့သည်။

မိုင်တစ်သန်းအကွာရှိ ပုံရိပ်မှာလည်း တိတ်ဆိတ်ငြိမ်သက်သွားကာ၊ မည်သို့မျှ မတုံ့ပြန်လာတော့ပေ။

မည်သို့မျှ မတုံ့ပြန်လာသည်ကို မြင်လိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာ လုံးဝညှာတာမနေတော့ပေ။

“ ခရက် “

ငွေရောင်ဆံသား လူအိုကြီး၏ ဦးခေါင်း ပွင့်ထွက်လာခဲ့ပြီး၊ ခရမ်းရောင် နန်းတော်၏ ရှေးဦးဝိညာဥ် ပေါ်ထွက်လာခဲ့သည်။

“ ငါတောင်းပန်ပါတယ်၊ ငါ့ကို ချမ်းသာပေးပါ “

ထိုအချိန်၌ ငွေရောင်ဆံသား လူအိုကြီးမှာ လုံးဝကြောက်ရွံ့သွားပြီး၊ သူ၏ရှေးဦးဝိညာဥ်မှာ အဆက်မပြတ် တောင်းပန်လာခဲ့သည်။

သို့ရာတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ အမူအရာကမူ အလွန်တရာ တည်ငြိမ်နေခဲ့သည်၊ သူ၏ လက်ကို အသာအယာ ဆုပ်ခဲလိုက်ရာ၊ ခရမ်းရောင် နန်းတော် ချက်ချင်းပြိုကွဲသွားပြီး၊ ရှေးဦးဝိညာဥ်ပင် လုံးဝပျောက်ကွယ်သွားခဲ့သည်။

ကမ္ဘာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ဧရာမ ပုံရိပ်ကြီးသည် ကြယ်တာရာ T-Rex နတ်ဘုရားကို တိတ်တဆိတ် အကဲခတ်နေခဲ့သည်၊ သို့သော် မည်သည့်စကားမှ မပြောလာခဲ့ဘဲ၊ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။

ထိုပုံရိပ် ပျောက်ကွယ်သွားသည့် အချိန်တွင် ကမ္ဘာတစ်ခုလုံးမှာ ပြန်လည်လည်ပတ်လာခဲ့သည်။

၎င်းမှာ သားရဲတစ်သောင်းဂိုဏ်း၏ အန္တိမ အထွတ်အထိပ် ပညာရှင်က ဤကိစ္စကို ဆက်လက်၍ ဖြေရှင်းလိုစိတ်(သို့) ကြယ်တာရာ T-Rex နတ်ဘုရားနှင့် တိုက်ခိုက်လိုစိတ် မရှိဘူးဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

တိုက်ပွဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

…

တစ်ခဏ အကြာတွင် တိကျွမ်း ပျံသန်းလာခဲ့သည်။

သူသည် တအံ့တဩ ဖြစ်နေသည့် အမူအရာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်လာခဲ့သည်။

“ မင်းရဲ့ ရုပ်ခန္ဓာက အန္တိမ အထွတ်အထိပ်ကို တကယ်ကြီး ရောက်နေတာလားဟ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ့ကို ဖျတ်ခနဲ ကြည့်လိုက်သည် “ ခင်ဗျားကို ကျွန်တော်ပြောခဲ့ပြီးပြီ မဟုတ်ဘူးလား “

တိကျွမ်းသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားက ယခင်က ထိုကဲ့သို့ ပြောခဲ့ဖူးသော်လည်း၊ ၎င်းကို ကြားသိရခြင်းနှင့် ကိုယ်တိုင်မြင်တွေ့ရခြင်းတို့မှာ လုံးဝမတူညီကွဲပြားသည့် ကိစ္စရပ်များ ဖြစ်သည်။

အထူးသဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားက အဆင့်မြင့် အထွတ်အထိပ် ပညာရှင်ကို လမ်းဘေးခွေးသဖွယ် သတ်ဖြတ်ခဲ့သည်ကို မြင်တွေ့ခဲ့ရပြီးသည့်နောက်တွင် ဖြစ်ပြီး၊ တိကျွမ်းမှာ ပို၍ အံ့ဩတုန်လှုပ်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ယခုလက်ရှိ ကြယ်တာရာ T-Rex နတ်ဘုရားက သူ့ကို တိုက်ခိုက်ချင်သည်ဆိုပါက စက္ကန့်ပိုင်းမျှသာ အချိန်ယူရမည် ဖြစ်သောကြောင့် ဖြစ်သည်။

၎င်းကို တွေးမိသွားသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်နေသည့် တိကျွမ်း၏ အကြည့်မှာ အနည်းငယ် ထူးဆန်းသွားခဲ့သည်။

သို့သော် တစ်ခဏ အကြာ၌ သူသည် သားရဲတစ်သောင်းဂိုဏ်းရှိရာဘက်သို့ လှည့်ကြည့်ကာ၊ လေးလေးနက်နက် စကားပြောလာခဲ့သည် “ သားရဲတစ်သောင်းဂိုဏ်း အဲ့ဒီအန္တိမ အကြီးအကဲက မင်းကို မှတ်ထားလောက်တယ် “

“ ကိစ္စမရှိပါဘူး “

ကြယ်တာရာ T-Rex နတ်ဘုရားသည် မည်သို့မျှ ဂရုမစိုက်ဘဲ၊ ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည် “ တကယ်လို့ သူလာရဲမယ်ဆိုရင်လည်း၊ လာပါစေပေါ့ “

ယခုတွင် သူသည် သူ၏ကိုယ်ပိုင်စွမ်းအားကို နားလည်နေခဲ့ပြီ ဖြစ်သည်။

အဆင့်မြင့် အထွတ်အထိပ်သည် သူ့အတွက် ပုရွက်ဆိတ်များသာ ဖြစ်နေမည်ဖြစ်ပြီး၊ အန္တိမ အထွတ်အထိပ်နှင့် ပညာရှင်ကသာလျှင် သူနှင့်တိုက်ခိုက်ရန် အဆင့်မှီသည်။

ထိုကဲ့သို့ ဖြစ်ရခြင်းမှာ ယခုလက်ရှိ ကြယ်တာရာ T-Rex နတ်ဘုရား၏ ရုပ်ခန္ဓာက တေရသမအဆင့်သို့ ရောက်ရှိနေပြီး၊ ထိုကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ ခွန်အားမျိုးမှာ အန္တိမနယ်မြေမှာပင် ပြိုင်ဘက်ကင်းနေနိုင်သောကြောင့် ဖြစ်သည်။

အန္တိမ အထွတ်အထိပ် ပညာရှင်တိုင်းမှာ သူတို့၏ ရုပ်ခန္ဓာများကို အန္တိမ အထွတ်အထိပ်သို့ အဆင့်မမြှင့်တင်နိုင်ကြပေ။

“ ဒါပင်မဲ့ သားရဲတစ်သောင်းဂိုဏ်းရဲ့ အန္တိမ အကြီးအကဲက ငါ့ကို အတော်လေး အန္တရာယ်ရှိတဲ့ ခံစားချက်တစ်ခုကို ပေးနေခဲ့တယ်၊ သူ့ရဲ့ ရုပ်ခန္ဓာက ငါ့လိုပဲ အန္တိမ အထွတ်အထိပ်အဆင့်ကို ရောက်နေတာ ဖြစ်နိုင်တယ် “

၎င်းကို တွေးမိသွားသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာ မမှန်းဆဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည် “ အဲ့ဒီအန္တိမ အကြီးအကဲရဲ့ အသွင်အပြင်က တော်တော်လေးကို ရှေးကျနေတယ်၊ သူက ရှေးခေတ်က ပညာရှင်တစ်ယောက် ဖြစ်နေမလားပဲ “

အကယ်၍ ထိုကဲ့သို့သာ ဖြစ်နေမည်ဆိုပါက၊ အမှန်ပင် ကြောက်မက်ဖွယ်ကောင်းသွားလိမ့်မည် ဖြစ်သည်။

ရှေးခေတ်မှ ယနေ့ခေတ်အထိ ရှင်သန်နေထိုင်ရန်အတွက် နှစ်ပေါင်းသောင်းနှင့်ချီ၍ ကျော်ဖြတ်လာရမည် ဖြစ်သည်။

ထို့ထပ်ပို၍ ရှေးကျနေမည်ဆိုပါက နှစ်ပေါင်းသိန်းနှင့်ချီသွားနိုင်ပေသည်။

နှစ်ပေါင်းသောင်းနှင့်ချီ၍ ရှင်သန်နေထိုင်ခြင်းသည် သူ့အား နတ်ဆိုးကဲ့သို့ ပါးနပ်သည့်စိတ်၊ ပေါများသော နတ်စွမ်းရည်များနှင့် မှန်းဆ၍ မရနိုင်သော ရတနာတို့ဖြင့် ပြည့်နှက်နေသည့် သက်ကြီးမွန်းစတားတစ်ဦး ဖြစ်သွားစေမည် ဖြစ်သည်။

သို့သော် ထိုလူကသာ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်နေမည်ဆိုပါက၊ ကြယ်တာရာ T-Rex နတ်ဘုရားမှာ ဤကိစ္စကို များများစားစား တွေးပူနေရန် လိုအပ်မည် မဟုတ်ပေ။

အဘယ့်ကြောင့်ဆိုသော် အထွတ်အထိပ် ပညာရှင်တစ်ဦးကပင် အများဆုံးအနေဖြင့် နှစ်သောင်းဂဏန်းမျှသာ ရှင်သန်နိုင်သောကြောင့် ဖြစ်သည်။

အကယ်၍ သူကသာ ရှေးခေတ်မှ ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေမည်ဆိုပါက၊ သူ၏ ဘဝနေဝင်ချိန်မှာ နီးကပ်နေဖို့များပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားကဲ့သို့ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးနှင့် တိုက်ပွဲကြီးတစ်ခု ဆင်နွှဲချင်လိမ့်မည် မဟုတ်ပေ။

ထိုကဲ့သို့ ပြုလုပ်ခြင်းမှာ သေဆုံးခြင်းကို အရှိန်မြှင့်တင်ပေးသကဲ့သို့သာ ဖြစ်သွားမည် ဖြစ်သည်။

“ ဘာပဲဖြစ်ဖြစ်ပါလေ၊ ငါ့ရဲ့ နိယာမ ကျင့်ကြံရေးက ပြီးပြည့်စုံသွားတာနဲ့၊ ငါက အန္တိမ အထွတ်အထိပ် ပညာရှင်ကိုတောင် နောင်အနာဂတ်မှာ သေချာပေါက် သတ်လာနိုင်မှာ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ဘေးတစ်ဖက်တွင် ရှိနေသည့် တိကျွမ်းကို ငေးကြည့်ကာ၊ စကားပြောလိုက်သည် “ အထွတ်အထိပ်ကို သွားနိုင်မဲ့ အခွင့်အလမ်းသုံးခုရှိတယ်၊ ခင်ဗျားက တစ်ခုယူပြီးတော့ အန္တိမ အထွတ်အထိပ်ကို တက်ဖို့ ကြိုးစားကြည့်လိုက်၊ ကျန်တဲ့နှစ်ခုကတော့ ကျွန်တော့်ဟာပဲ “

တိကျွမ်းမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ပြဿနာ မရှိဘူး “

ဤတိုက်ပွဲသည် ကြယ်တာရာ T-Rex နတ်ဘုရားအပေါ်တွင်သာ အပြည့်အဝ မူတည်နေခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားက အဆင့်တက်ရာတွင် ကူညီပေးနိုင်သည့် ရတနာသုံးခုလုံးကို ယူသွားမည်ဆိုလျှင်တောင်မှ၊ သူမည်သို့မျှ ခံစားရလိမ့်မည် မဟုတ်ပေ။

“ အဆင့်တက်ဖို့ နေရာရှာကြတာပေါ့ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ၊ စကားပြောလာခဲ့သည်။

တိကျွမ်းမှ ခေါင်းငြိမ့်ပြလိုက်သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူတို့နှစ်စဦးလုံးမှာ အလင်းတန်းများအဖြစ် အသွင်ပြောင်းကာ အဝေးသို့ ပျံသန်းသွားတော့သည်။

…

ထိုစဥ် သားရဲတစ်သောင်းဂိုဏ်းအတွင်း၌

သားရဲတစ်သောင်းဂိုဏ်းတစ်ခုလုံးမှာ ကြောက်မက်ဖွယ်ကောင်းလောက်သည်အထိ ငြိမ်သက်နေခဲ့သည်။

၎င်းမှာ ယခုလေးတင် ဖြစ်ပွားခဲ့သော ကိစ္စကြောင့်ဖြစ်ပြီး၊ သားရဲတစ်သောင်းဂိုဏ်း၏ တပည့်တော်တော်များများမှာ ၎င်းကို မြင်တွေ့ခဲ့ရသည်။

အပြင်ထွက်သွားသည့် သားရဲတစ်သောင်းဂိုဏ်း၏ အဆင့်မြင့် အထွတ်အထိပ် ပညာရှင်ခုနစ်ဦးအနက် ငါးဦးမှာ ရုတ်တရက် သေဆုံးသွားခဲ့သည်။

နှစ်ဦးသာလျှင် ရှင်သန်လွတ်မြောက်လာခဲ့သည်၊ သို့သော် သူတို့မှာလည်း ဒဏ်ရာအပြင်းအထန် ရရှိနေခဲ့သည်။

ဤတိုက်ပွဲတွင် သားရဲတစ်သောင်းဂိုဏ်း၏ ဆုံးရှုံးမှုမှာ အလွန်တရာ ကြီးမားနေခဲ့သည်။

အကယ်၍ အင်အားကြီးရန်သူတစ်ဦးဦးကသာ ကျူးကျော်လာခဲ့မည်ဆိုပါက၊ သားရဲတစ်သောင်းဂိုဏ်းမှာ ……….

သားရဲတစ်သောင်းဂိုဏ်း၏ လေထုအတွင်းတွင် စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

သားရဲတစ်သောင်းဂိုဏ်း၏ အနက်ရှိုင်းဆုံး နေရာ၌

အလွန်တရာ အိုမင်းရင့်ရော်နေပြီဖြစ်သည့် ဆံဖြူအကြီးအကဲတစ်ဦး တင်ပျဥ်ခွေ ထိုင်နေလျက်ရှိသည်။

သူ၏အကြည့်မှာ အလွန်တရာ မှုန်ဝါးနေခဲ့သည်၊ သို့သော် ဤအချိန်၌ သူသည် အဝေးသို့ စိုက်ကြည့်နေခဲ့သည်။

အချိန်အတော် ကုန်ဆုံးသွားခဲ့ပြီးသည့်နောက်တွင် သူသည် အသာအယာ သက်ပြင်းချနေတော့သည် “ ငါအိုနေပြီပဲ၊ တစ်ခြားလူတွေနဲ့တောင် ထိပ်တိုက်မရင်ဆိုင်ရဲတော့ဘူး ……. ဒါပင်မဲ့ အန္တိမနယ်မြေထဲမှာ အန္တိမ အထွတ်အထိပ် လူစိမ်းပညာရှင်တစ်ယောက်က ဘယ်လိုလုပ် ရောက်နေရတာလဲ။ သူက အဆင့်၉ ပညာရှင်အဖြစ် ဘာလို့ ရုပ်ဖျက်ပြီးတော့၊ ငါ့ဂိုဏ်းက ရတနာတွေကို ခိုးသွားရတာလဲ “

“ အဲ့လူက ဘယ်သူလဲ “

All Chapters