← Chapters

အခန်း (၆၈၅-၆၈၇)

Vol. 46 Ch. 685-687

အခန်း (၆၈၅-၆၈၇)

Vol. 46 Ch. 685-687

အပိုင်း ( 685 )

နိယာမအဆင့်တက်ခြင်း

သားရဲတစ်သောင်းဂိုဏ်း၏ အန္တိမ အကြီးအကဲ အတွေးများနေစဥ် အချိန်တွင်၊ ကြယ်တာရာ T-Rex နတ်ဘုရားနှင့် တိကျွမ်းတို့မှာ မိုင်သန်းချီအကွာသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သူတို့သည် လူသူကင်းမဲ့သော နေရာတစ်ခုကို ရှာတွေ့ခဲ့ကာ၊ တံခါးပိတ်ကျင့်ကြံနေကြတော့သည်။

မြေပြန့်တောင်တန်းတစ်ခုအတွင်း၌

ကြယ်တာရာ T-Rex နတ်ဘုရားသည် ချိုင့်ဝှမ်းအတွင်းတွင် တင်ပျဥ်ခွေထိုင်နေလျက်ရှိသည်။

“ ငါအဆင့်တက်၊ မတက်ဆိုတာက ဒီအချိန်ပေါ်မှာ မူတည်နေပြီ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် တိတ်တဆိတ် တွေးတောစဥ်းစားနေခဲ့သည်။

သူ၏ ယခုလက်ရှိ စွမ်းအားက အန္တိမ အထွတ်အထိပ် ပညာရှင်ကို ယှဥ်ပြိုင်ရန် လုံလောက်သော်လည်း၊ သူ၏ နိယာမစွမ်းအားမှာ နဝမအဆင့် အထွတ်အထိပ်တွင်သာ ရှိနေသေးသည်။

အကယ်၍ သားရဲတစ်သောင်းဂိုဏ်း၏ အန္တိမ အကြီးအကဲက ထိုအကြောင်းကို သိရှိသွားကာ၊ သူနှင့် တိုက်ခိုက်ရန် ထွက်လာခဲ့မည်ဆိုပါက၊ ရုပ်ခန္ဓာစွမ်းအားတစ်ခုတည်းကိုသာ မှီခိုနေရသည့် သူသည် ထိုလူ့ကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။

အန္တိမ အထွတ်အထိပ်နယ်ပယ်၌ အတွေးတစ်ခုကပင် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ကို ဖျက်စီးနိုင်သည်၊ အထူးသဖြင့် ပြီးပြည့်စုံသော အန္တိမ နိယာမကို နားလည်နေခဲ့သည့် အန္တိမ အထွတ်အထိပ် ပညာရှင်ဖြစ်သည်။

အစောပိုင်း အချိန်က တိုက်ပွဲကို ဥပမာယူပါလေ

အကယ်၍ ကြယ်တာရာ T-Rex နတ်ဘုရား၏ နိယာမများကသာ အန္တိမ အထွတ်အထိပ်အဆင့်သို့ ရောက်နေခဲ့မည်ဆိုပါက၊ အဆိုပါ အဆင့်မြင့် ပညာရှင်တစ်စုအား သူ၏လက်ကိုပင် လှုပ်စရာ မလိုဘဲ ဖြေရှင်းနိုင်ခဲ့မည် ဖြစ်သည်။

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရား၏ နိယာမမှာ နဝမအဆင့် အထွတ်အထိပ်တွင်သာ ရှိနေခဲ့သည့်အတွက်၊ သူသည် လူနှစ်ယောက်ကို လွှတ်ပေးလိုက်ရပြီး၊ ကျန်ငါးဦးကို သတ်ဖြတ်ရန်အတွက် အတိုင်းအတာတစ်ခုအထိ ကြိုးစားအားထုတ်ခဲ့ရသည်။

“ နိယာမတွေ အဆင့်တက်သွားတာနဲ့ ငါက အန္တိမ အထွတ်အထိပ်ကို တကယ်ရောက်သွားပြီ “

ကြယ်တာရာ T-Rex နတ်ဘုရားမှ လက်ဝေ့ရမ်းရာ တလက်လက်တောက်ပနေသည့် ရတနာနှစ်ခု ပေါ်ထွက်လာခဲ့သည်။

ရတနာစံအိမ်၏ စတုတ္ထထပ်တွင် ရတနာဆယ်ခု ရှာဖွေတွေ့ရှိခဲ့သော်လည်း၊ သုံးခုကသာလျှင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားစေရန် ကူညီပေးနိုင်လေသည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်းတို့အနက်မှ တစ်ခုကို တိကျွမ်းကို ပေးလိုက်သည်။

“ ဒီနှစ်ခုကို အန္တိမ နိယာမအပေါ်မှာ သုံးသင့်လား၊ အဆင့်မြင့် နိယာမအပေါ်မှာ သုံးသင့်လား “

ကြယ်တာရာ T-Rex နတ်ဘုရားသည် အနည်းငယ် တွေဝေတုံ့ဆိုင်းသွားခဲ့သည်။

အန္တိမ နိယာမကို အဆင့်တက်အောင် ပြုလုပ်ရခြင်းက သေချာပေါက် ပိုမိုခက်ခဲနေမည် ဖြစ်သည်။

အခွင့်အလမ်းရှိနေမည်ဆိုလျှင်တောင်မှ ၎င်းသည် အောင်မြင်နိုင်သည့် ရာခိုင်နှုန်းကိုသာ တိုးမြှင့်ပေးခြင်း ဖြစ်ပြီး၊ သေချာပေါက် အောင်မြင်မည်ဟု အာမခံပေးခြင်းမျိုး မဟုတ်ပေ။

ဤရတနာနှစ်ခုသည် သူ့အား တစ်ကြိမ် (သို့) ထို့ထပ်ပို၍ အောင်မြင်သွားစေရန် ကူညီပေးနိုင်သည်။

အကယ်၍ သူကသာ အန္တိမ နိယာမကို ရွေးချယ်လိုက်မည်ဆိုပါက၊ အောင်မြင်မှု ရာခိုင်နှုန်းမှာ သိသိသာသာ လျော့ကျသွားမည် ဖြစ်သည်။

အဆင့်မြင့် နိယာမကို ရွေးချယ်လိုက်ပါက၊ အောင်မြင်မှု ရာခိုင်နှုန်းမှာ သိသိသာသာ မြင့်တက်လာမည် ဖြစ်သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်ခဏခန့် တွေဝေတုံ့ဆိုင်းကာ ဝေခွဲမရ ဖြစ်သွားခဲ့သည်။

သို့သော် မကြာခင် အချိန်မှာပင် သူ၏ အကြည့်များ ခိုင်မာပြတ်သားသွားခဲ့သည်။

သူ့ထံတွင် အချိန်များစွာ မရှိသောကြောင့် အခွင့်အလမ်းအတွက် တိုက်ပွဲဝင်ရန်အလို့ငှာ အန္တိမ နိယာမကိုသာ ရွေးချယ်လိုက်သည်။

ထို့နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိတော့ဘဲ၊ သူ၏လက်ကို မြှောက်လိုက်သည်၊ နတ်စွမ်းအားများ ဖုံးလွှမ်းနေသည့် အထွတ်အထိပ် ရတနာတစ်ခုမှာ သူ့အရှေ့တွင် ပေါ်လာခဲ့ပြီး၊ သူသည် ၎င်းကို ချက်ချင်း သန့်စင်နေတော့သည်။

“ ဇွီ “

သူ၏သန့်စင်မှုအောက်၌၊ အဆိုပါ ရတနာသည် အသားကင်ရာတွင် ကြားရသည့် အသံမျိုးကို ထုတ်လွှတ်လာခဲ့ပြီး၊ ၎င်းနှင့်အတူ ဆွဲဆောင်မှုရှိသော ရနံ့တစ်ခုကပါ အဖော်ပြု လိုက်ပါလာခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားသည် နတ်စွမ်းရည်တစ်ခုကို အသက်သွင်းကာ ပြင်ပကမ္ဘာနှင့် ဤနေရာကို ပိုင်းခြားလိုက်သည်။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သင်းပျံ့သော မွှေးရနံ့တစ်ခုတည်းဖြင့် အထွတ်အထိပ် ပညာရှင် အများအပြားကို ဆွဲ‌ဆောင်မိသွားမည် ဖြစ်သည်။

၎င်းမှာ အထွတ်အထိပ် ပညာရှင်များအတွက်ပင် များစွာအကျိုးရှိသည့် အထွတ်အထိပ်အဆင့် ရတနာတစ်ခု ဖြစ်သောကြောင့်၊ မည်သူကမှ ၎င်းကို လက်လွှတ်ခံလိမ့်မည် မဟုတ်ပေ။

“ စလိုက်ကြတာပေါ့ကွာ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် ရနံ့များကို စုပ်ယူ၍ မျက်လုံးများ မှိတ်ကာ စတင်၍ ကျင့်ကြံနေတော့သည်။

ထို့နောက်၌ ဖျော့တော့သော အဖြူအမည်း ရောင်ခြည်တစ်ခုမှာ သူ့ကို ဝိုင်းရံလှည့်ပတ်လာခဲ့သည်။

အဆိုပါ အဖြူအမည်းရောင်ခြည်သည် အသက်နှင့် မရဏနိယာမ၏ အမှတ်သညှာဖြစ်သည်။

အသက်စွမ်းအားသည် နွေးထွေးသော နေရောင်ခြည်ကဲ့သို့ အားကောင်းပြင်းထန်သည့် အသက်ဓာတ်ကို သယ်ဆောင်ထားခဲ့သည်။

မရဏ စွမ်းအားကမူ ညအမှောင်တွင် တိုက်ခတ်နေသည့် အေးစက်သော လေပြင်းများသဖွယ်၊ အေးစက်မှုနှင့် တိတ်ဆိတ်မှုတို့ကို သယ်ဆောင်ထားခဲ့သည်။

ထိုနှစ်ခု ရောစပ်လိမ်ယှက်နေခြင်းမှာ ပြီးပြည့်စုံသော မျှခြေတစ်ခုဖြစ်သည့် နိယာမများ ပြည့်ဝခြင်း ဖြစ်သည်။

အမှန်တိုင်းပြောရမည်ဆိုပါက ကြယ်တာရာ T-Rex နတ်ဘုရားသည် ပြည့်ဝခြင်း ခေါ်ဆိုသည့် ထိုအရာက ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ပြီး၊ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ အသက်နှင့် မရဏနိယာမကိုယ်တိုင်က မပြီးပြည့်စုံသေးသောကြောင့်ဆိုသည်ကို သိနေခဲ့သည်။

လုံလောက်သော နားလည်မှု မရှိဘူးဆိုပါက၊ ပြည့်ဝခြင်းနှင့် ပြီးပြည့်စုံခြင်းကိုပင် ခွဲခြားနိုင်လိမ့်မည် မဟုတ်ပေ။

အစပိုင်းတွင် ကြယ်တာရာ T-Rex နတ်ဘုရားကိုယ်တိုင်မှာလည်း ၎င်းကို မခွဲခြားနိုင်ခဲ့ပေ။

သို့သော် ယခုတွင်ကား ကြယ်တာရာ T-Rex နတ်ဘုရားသည် အထွတ်အထိပ် ရတနာ၏ ထောက်ပံ့မှုဖြင့် ဉာဏ်အလင်းရသွားခဲ့သည်။

“ ပျောက်နေတဲ့ အပိုင်းတွေကို ပြီးပြည့်စုံအောင် လုပ်ဖို့အတွက် အဲ့တာတွေကို အရင်ဖျက်စီးပြီးတော့မှ၊ ပြန်လည်တည်ဆောက်ရမယ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏တာအိုသစ်သီးကို ရုတ်တရက် ချေမွလိုက်သည်။

ချက်ချင်းဆိုသလိုပင် အသက်နှင့် မရဏ မူလနိယာမ ပြိုကွဲသွားခဲ့သည်။

ပျက်စီးသွားသော နိယာမများသည် အဖြူအမည်း ရေဝဲနှစ်ခုအဖြစ် ပြောင်းလဲသွားကာ၊ သူ့အနားတွင် လည်ပတ်နေခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင်

ကြယ်တာရာ T-Rex နတ်ဘုရား၏ ဘယ်ဘက်အခြမ်းမှာ သိသိသာသာ အိုမင်းရင့်ရော်သွားခဲ့ပြီး၊ ညာဘက်ခြမ်းကမူ လူငယ်အဖြစ်သို့ ချက်ချင်းပြောင်းလဲသွားခဲ့သည်။

ဆန့်ကျင်ဘက်ဖြစ်ရပ်နှစ်ခုမှာ ခန္ဓာကိုယ်တစ်ခုတည်းအပေါ်တွင် တစ်ပြိုင်နက် ဖြစ်ပေါ်လာခဲ့သည်။

သို့သော် အဆိုပါ ဆန့်ကျင်ဘက် တည်ဆောက်မှုပုံစံသည် စကြာဝဠာအတွင်းတွင် ပုန်းကွယ်နေသည့် တာအိုအနှစ်သာရ/တာအိုအမှန်တရားကို ပထမဦးဆုံးအကြိမ်အဖြစ် အလိုအလျောက် ပေါ်ထွက်လာစေခဲ့သည်။

“ ဗွီ “

တောက်ပသော ရွှေရောင် အလင်းတန်းများ ပေါ်ထွက်လာခဲ့သည်၊ ၎င်းတို့မှာ နှစ်ဘီလီယံနှင့်ချီ၍ လည်ပတ်နေခဲ့သည့် တာအိုနိယာမကို သယ်ဆောင်ထားသော ရှေးဦးတာအိုအနှစ်သာရ ဖြစ်သည်။

သို့သော် ဤအချိန်၌ ထိုအလင်းတန်းများမှာ စကြာဝဠာကို ကျော်ဖြတ်လာခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားနှင့် အမှန်တကယ် ချိတ်ဆက်နေခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားမှာ မျက်လုံးများ မှိတ်သွားပြီး၊ သူ၏ အသိစိတ်ကမူ အလင်းတန်း၏ အနက်ရှိုင်းဆုံး နေရာအတွင်းသို့ နစ်မြုပ်သွားခဲ့သည်။

ထိုနေရာ၌ သူသည် အသက်နှင့် မရဏ နိယာမ၏ ရှေးဦးသွေးကြော/အနှစ်သာရကို မြင်တွေ့လိုက်ရသည်။

“ ဆိုတော့ ဒီလိုပေါ့ “

“ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကို ဖြေရှင်းလို့မရဘူး၊ လူတစ်ယောက်ရဲ့ တာအိုအခြေခံအုတ်မြစ်ကို ဖြတ်တောက်လိုက်မှ၊ ဆက်ပြီးတော့ တိုးတက်လာနိုင်မှာ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ အသက်နှင့် မရဏ နိယာမ မျိုးစေ့ကို ရုတ်တရက် ချေမွလိုက်သည်။

အသက်နှင့်မရဏ နိယာမတို့၏ များပြားလွန်းလှသော အပိုင်းအစများမှာ ကြယ်တာရာ T-Rex နတ်ဘုရား၏ ပုံစံများအဖြစ် ပြောင်းလဲသွားကာ၊ အဆုံးမဲ့ လေဟာနယ်အတွင်းတွင် အပြင်းအထန် တိုက်ခိုက်နေကြတော့သည်။

အသက်ကို ကိုယ်စားပြုသည့် ပုံရိပ်သည် အဆက်မပြတ် ပြန်လည်မွေးဖွားနေခဲ့ပြီး၊ မရဏကို ကိုယ်စားပြုသည့် ပုံရိပ်ကမူ ဆက်တိုက်ဖျက်စီးခံနေခဲ့ရသည်။

ပိုမိုများပြားသည့် ဖရိုဖရဲ ပုံရိပ်များမှာ ၎င်းတို့အကြားတွင် ထပ်ခါတလဲလဲ လည်ပတ်နေခဲ့သည်။

များပြားလွန်းလှသော ပုံရိပ်များသည် လေဟာနယ်အတွင်းတွင် ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်နေလျက်ရှိပြီး၊ အစစ်အမှန် ပုံစံပေါ်ထွက်လာမည့် နောက်ဆုံးအခိုက်အတန့်အထိ တိုက်ခိုက်နေခဲ့ကြသည်။

ထို့နောက်မသိလိုက်ခင် အချိန်မှာပင် အဆိုပါ နိယာမ ပုံရိပ်များသည် ချို့ယွင်းချက်ကင်းသော နိယာမ ပုံစံများအဖြစ် ကိုယ့်ကိုကိုယ် ပြုပြင်ကာ၊ ချို့ယွင်းချက်များ ပျောက်ကွယ်သွားစေခဲ့သည်။

………………………………………………………………………………………………………………………………………

အပိုင်း ( 686 )

နိယာမအဆင့်တက်ခြင်း ၂

“ ပြန်သွားပါ “

စကြာဝဠာ၏ အနက်ပိုင်းမှ ခမ်းနားထည်ဝါသော ရှေးဟောင်းအသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

ပြီးပြည့်စုံသော နိယာမပုံစံများသည် အဆုံးမဲ့ ရေဝဲများအဖြစ် ရုတ်တရက် ပြောင်းလဲသွားကာ၊ ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားခဲ့သည်။

ထိုအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရား၏ အရှိန်အဝါမှာ တဟုန်ထိုး မြင့်တက်လာခဲ့သည်။

သူသည် အသက်နှင့် မရဏ တာအို၏ မပြည့်မစုံ ဖြစ်နေသော နိယာမများကို ပြင်ဆင်ခဲ့ပြီးပြီ ဖြစ်သည်။

“ ဘုမ်းးးး “

မိုးကြိုးအတိဒုက္ခ/မိုးကြိုးကပ်ဘေးများ ဆင်းသက်လာခဲ့ပြီး၊ ကပ်ဘေးသုံးထောင်အနက်မှ တစ်ခုချင်းစီတိုင်းသည် သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ချိန်းကြိုးများအဖြစ် ဖွဲ့စည်းလာခဲ့သည်။

၎င်းမှာ ကြယ်တာရာ T-Rex နတ်ဘုရားက မပြည့်မစုံဖြစ်နေသော နိယာမများကို ပြင်ဆင်နေသောကြောင့် ဖြစ်သည်။

သူပြင်ဆင်နေသည့် နိယာမများက ဤကမ္ဘာကြီးနှင့် မသက်ဆိုင်သောကြောင့်၊ ကောင်းကင်ဘုံ၏ တွန်းလှန်ခြင်းကို ခံစားရကာ၊ မိုးကြိုးအတိဒုက္ခ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အတိဒုက္ခကို ကျော်လွှားနိုင်မှသာလျှင် သူ၏နိယာမများသည် ကန့်သတ်ဖိနှိပ်ခြင်းကို မခံရတော့ဘဲ၊ ဤကမ္ဘာကြီးနှင့် ပေါင်းစည်းသွားမည် ဖြစ်သည်။

“ ခွေးပစ်တဲ့တုတ်လောက်ရှိတဲ့ မိုးကြိုးလေးတွေက ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ “

ကြယ်တာရာ T-Rex နတ်ဘုရားသည် မိုးကြိုးအတိဒုက္ခများကို ငေးကြည့်နေခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် အရိပ်တစ်ခုအဖြစ် အသွင်ပြောင်းကာ၊ ကောင်းကင်ထက်သို့ ပြေးတက်သွားခဲ့သည်။

“ ဘုမ်းးး “

မိုးကြိုးကပ်ဘေးများ တစ်ခုပြီးတစ်ခု ဆင်းသက်လာခဲ့သည်၊ သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားသည် တော်ဝင်မျိုးနွယ်စု၏ သန့်စင်ခြင်း အခမ်းအနားကို ခံယူရသည့်အလား ဖြစ်နေခဲ့သည်။

မည်သည့်အဆင့်မြင့် အထွတ်အထိပ် ပညာရှင်ကိုမဆို ချေမှုန်းနိုင်သည့် မိုးကြိုးကပ်ဘေးသည် ကြယ်တာရာ T-Rex နတ်ဘုရားအတွက် ရေချိုးခြင်းသကဲ့သို့သာ ဖြစ်နေခဲ့ပြီး၊ ၎င်းသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် အမာရွတ်လေးတစ်ခုပင် ချန်မထားနိုင်ခဲ့ချေ။

ဆန့်ကျင်ဘက်အနေဖြင့် အဆိုပါ မိုးကြိုးအတိဒုက္ခ၏ ပြင်ဆင်မှုအောက်တွင်၊ သူ၏ရုပ်ခန္ဓာမှာ ပိုမိုတောက်ပကာ၊ အားကောင်းလာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးကြိုးကပ်ဘေးများ ပြီးဆုံးသွားခဲ့သည်။

ကြယ်တာရာ T-Rex နတ်ဘုရားသည် ကောင်းကင်ထက်တွင် မြဲမြံစွာ မတ်တပ်ရပ်နေလျက်ရှိသည်၊ အံ့ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုမှ သူ၏ခန္ဓာကိုယ်အတွင်းမှ ပေါက်ထွက်လာခဲ့ပြီး၊ ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားခဲ့သည်။

အကယ်၍ တစ်ခြားသော အဆင့်မြင့် အထွတ်အထိပ် ပညာရှင်တစ်ဦးကသာ ဤအနီးအနားတွင် ရှိနေမည်ဆိုပါက၊ သူသည် လုံးဝကြောက်ရွံ့တုန်လှုပ်သွားမည် ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ကြယ်တာရာ T-Rex နတ်ဘုရားထုတ်လွှင့်နေသည့် အရှိန်အဝါက အန္တိမ အထွတ်အထိပ်နယ်ပယ်သို့ ရောက်ရှိနေသောကြောင့် ဖြစ်သည်။

ယခင်က ကြယ်တာရာ T-Rex နတ်ဘုရားသည် အန္တိမ အထွတ်အထိပ် ပညာရှင်နှင့် ယှဥ်တိုက်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ခဲ့သော်လည်း၊ နိယာမများက အဆင့်မတက်သေးသောကြောင့် သူ၏ တည်ရှိမှုမှာ နဝမအဆင့်တွင်သာ ရှိနေခဲ့သည်။

သို့သော် ယခုတွင်ကား သူသည် အန္တိမ အထွတ်အထိပ်နယ်ပယ်သို့ အမှန်တကယ် ခြေချနိုင်ခဲ့ပြီ ဖြစ်သည်။

“ တိတိကျကျပြောရမယ်ဆိုရင် ငါက တကယ့် အန္တိမ အထွတ်အထိပ် ပညာရှင် မဟုတ်သေးဘူး “

ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ နယ်ပယ်ခွဲခြားမှုအရ၊ ပြီးပြည့်စုံတဲ့ အန္တိမ နိယာမတစ်ခုကို နားလည်ပြီးတော့ စကြာဝဠာမှာရှိတဲ့ အဆင့်မြင့် နိယာမတွေ အကုန်လုံးကို နားလည်သွားမှ၊ အန္တိမ အထွတ်အထိပ် ပညာရှင်ဖြစ်မှာ “

သူသိရှိသည့် အဆင့်မြင့် နိယာမများမှာ စုစုပေါင်းအနေဖြင့် ကိုးခုမျှသာ ရှိနေသေးသည်။

၎င်းတို့မှာ ဓာတ်ကြီးငါးပါး၊ ဟင်းလင်းပြင်၊ ကံကြမ္မာ၊ ယင်ယန်၊ အသက်၊ မရဏ၊ အချိန်၊ နတ်လက်နက်နှင့် အစီအရင် အဆောင် နိယာမတို့ပင် ဖြစ်သည်။

ယခုတွင်ကား ကြယ်တာရာ T-Rex နတ်ဘုရားမှာ နိယာမရှစ်ခုကိုသာလျှင် နားလည်ထားခဲ့ပြီး၊ ယင်ယန်နိယာမ နားလည်မှု ကင်းမဲ့နေသေးသည်။

ပို၍အရေးကြီးသော အရာမှာ သူသည် အန္တိမ နိယာမကို တစ်ခုသာလျှင် နားလည်ထားခြင်း ဖြစ်ပြီး၊ သူနားလည်ထားသည့် အဆင့်မြင့် နိယာမများမှာလည်း နဝမအဆင့်တွင်သာ ရှိနေသေးသည်။

ထို့ကြောင့် အတိအကျပြောမည်ဆိုပါက ကြယ်တာရာ T-Rex နတ်ဘုရားအား အန္တိမ အထွတ်အထိပ်တစ်ပိုင်း ပညာရှင်ဟုသာ သတ်မှတ်ရမည်ဖြစ်သည်။

သို့သော် ကြယ်တာရာ T-Rex နတ်ဘုရား၏ ယခုလက်ရှိ စွမ်းအားနှင့်ဆိုပါက၊ သူသည် အစစအမှန် အန္တိမ အထွတ်အထိပ်ပညာရှင်ကိုပင် ယှဥ်တိုက်နိုင်ရန် အခွင့်အရေးတစ်ခု ရှိလာခဲ့ပြီ ဖြစ်သည်။

သားရဲတစ်သောင်းဂိုဏ်း၏ အကြီးအကဲကို ဥပမာယူပါလေ။

အကယ်၍ တစ်ဖက်လူကသာ ပြဿနာရှာလာမည်ဆိုပါက၊ သူသည် မည်သည့်အရာကိုမှ ကြောက်လန့်နေရန် လိုတော့မည် မဟုတ်ပေ။

“ ဝှစ် “

ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ အရှိန်အဝါကို လျင်မြန်စွာ ရုတ်သိမ်းလိုက်သည်။

သူသည် ဤအဆင့်ထိုးဖောက်မှုက မပြီးဆုံးသေးဘူးဆိုသည်ကို သိနေခဲ့သည်။

ယခု၌ သူသည် အန္တိမ နိယာမဖြစ်သည့် အသက်နှင့် မရဏ နိယာမကို အဆင့်တက်အောင် လုပ်နိုင်ခဲ့ပြီဖြစ်ပြီး၊ ဤသည်မှာ နားလည်ဆင်ခြင်ရန်အတွက် အကောင်းဆုံးသော အချိန်ဖြစ်သည်။

ဤအခွင့်အလမ်းကို အမိအရ ဖမ်းဆုပ်၍ သူသည် နောက်ထပ်အန္တိမ နိယာမတစ်ခုကို ပြီးပြည့်စုံသွားအောင် ပြုလုပ်နိုင်ပေသည်။

၎င်းကို တွေးမိသွားသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏မူလနေရာဆီသို့ ပြန်သွားတော့သည်။

သူသည် ဒုတိယမြောက် အထွတ်အထိပ်အဆင့် ရတနာကို ထုတ်ယူကာ၊ ထပ်မံ၍ ကျင့်ကြံနေတော့သည်။

…

ကြယ်တာရာ T-Rex နတ်ဘုရားက ကျင့်ကြံရေးတွင် အာရုံစိုက်နေစဥ် အချိန်၌

ကြယ်ပြာဂြိုဟ်

တားမြစ်နယ်မြေတစ်ခု အတွင်းတွင်

ရွှေဖယောင်းသည် တောင်ထိပ်တစ်ခုပေါ်တွင် ရပ်နေခဲ့ပြီး၊ အောက်သို့ ငေးကြည့်ကာ၊ မျက်မှောင်ကြုတ်နေလျက်ရှိသည်၊ သူသည် အတွေးယာဥ်ကြောအတွင်း၌ နစ်မြုပ်နေပုံရသည်။

ထိုစဥ် နားစည်ကွဲအက်သွားစေနိုင်သည့် အော်သံတစ်သံ ပေါ်ထွက်လာခဲ့သည်။

“ ဆရာ “

အဖြူရောင်ဝတ်စုံနှင့် အကြီးအကဲသည် ညိုမဲစွဲကာ၊ မျက်နှာရောင်ရမ်းနေသည့် မြင်းမျက်နှာပိုင်ရှင် ကျင့်ကြံသူနှင့်အတူ ယိုင်နဲ့နဲ့ဖြင့် အရှေ့သို့ ပြေးတက်လာကြသည်။

“ ချန်ခွန်းလား “

ရွှေဖယောင်း၏ အတွေးများ ပြတ်တောက်သွားကာ၊ အသစ်ရောက်လာသူများကို မကျေမနပ်ဖြစ်သွားသည့် အမူအရာဖြင့် စိုက်ကြည့်လာခဲ့သည် “ ဘာလဲ “

အဖြူရောင်ဝတ်စုံနှင့် အကြီးအကဲမှာ ယခင်က ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်တွင် ရှုကျိုးက သင်ခန်းစာပေးခြင်းကို ခံယူခဲ့ရသည့် ချန်ခွန်းပင် ဖြစ်သည်။

ယခု၌ ချန်ချွန်းသည် ကြောက်ကြောက်လန့်လန့်ဖြင့် ရွှေဖယောင်းထံသို့ စောဒကတက်လာခဲ့သည် “ ဆရာ၊ ကျွန်တော်တို့ အနိုင်ကျင့်ခံခဲ့ရတယ်၊ ဆရာက ကျွန်တော်တို့အတွက် ရပ်တည်ပေးမှဖြစ်မယ် “

ရွှေဖယောင်း၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ မေးမြန်းလာခဲ့သည် “ မင်းတို့ကို ဘယ်သူက အနိုင်ကျင့်ခဲ့တာလဲ။ အန္တိမ အထွတ်အထိပ် ပညာရှင်လား “

“ မဟုတ်ပါဘူး “ ချန်ခွန်းသည် ခေါင်းတခါခါဖြင့် ပြန်ပြောလာခဲ့သည် “ အဲ့တာက ကြယ်ပြာဂြိုဟ်ရဲ့ အဆင့်၉ အထွတ်အထိပ် ပညာရှင်ပါ၊ သူတို့က ကျွန်တော်ရဲ့ တပည့်ကို အရိုးတွေ ချိုးခဲ့ပြီးတော့၊ ကြယ်ပြာဂြိုဟ်ကနေ ထွက်သွားဖို့ ကျွန်တော်တို့ကိုတောင် ခြိမ်းခြောက်ခဲ့ပါတယ် “

သူသည် ဖြစ်ပျက်ခဲ့သမျှကို အနည်းငယ် ပုံကြီးချဲ့ကာ ပြန်ပြောလာခဲ့သည်။

မထင်မှတ်ထားစွာဖြင့် ထိုစကားကို ကြားလိုက်ရသောအခါတွင် ရွှေဖယောင်း၏ အမူအရာ တင်းမာသွားကာ၊ အော်ငေါက်လာခဲ့သည် “ အသုံးကိုမကျဘူး။ အဆင့်တူက နယ်ခံသိုင်းပညာရှင်ကိုတောင် မနိုင်ဘူး၊ ဒီနှစ်တွေ တစ်လျှောက်လုံးမှာ မင်းကို ပျိုးထောင်ပေးခဲ့တာတွေက ခွေးတစ်ကောင်လို့ အလဟာသ ဖြစ်သွားအောင်လား “

“ ကျွန်တော် ………. “

ချန်ခွန်းသည် ဆရာဖြစ်သူ ရွှေဖယောင်၏ စကားလုံးများကြောင့် အလွန်တရာ ရှက်ရွံ့သွားခဲ့သည်၊ သို့သော် သူသည် ဆက်လက်၍ သနားခံနေသေးသည် “ ဆရာ၊ ကျွန်တော်တို့အတွက် ရပ်တည်ပေးပါဗျာ၊ နော် “

ရွှေဖယောင်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်၊ သူသည် ဤတပည့်ကို များစွာမနှစ်သက်ပေ။

အဘယ့်ကြောင့်ဆိုသော် သူ၏တပည့်အားလုံးထဲတွင် ချန်ခွန်းမှာ အရည်အချင်းအပြင် ပါရမီပါ မရှိသောကြောင့် ဖြစ်သည်။

ရွှေဖယောင်း သဘောအကျရဆုံး တပည့်ဖြစ်သူမှာ အထွတ်အထိပ်တစ်ပိုင်း ပညာရှင်ဖြစ်သည့် ခရမ်းရောင် ဝတ်စုံနှင့် လူငယ်ပင် ဖြစ်သည်။

ထိုကလေးမှာ သူ၏ဂုဏ်ယူစရာနှင့် ပျော်ရွှင်မှုဖြစ်သည်။

မထင်မှတ်ထားစွာဖြင့် ထိုကလေးသည် ကြယ်ပြာဂြိုဟ် သတ္တဝါတစ်ကောင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

ထိုအကြောင်းကို တွေးမိသည့် အချိန်တိုင်းတွင် ရွှေဖယောင်းမှာ ဒေါသတကြီး ဖြစ်သွားလေ့ရှိသည်။

သူသည် ချန်ခွန်းကို တစ်ချက်ကြည့်ကာ၊ စိတ်မရှည်စွာဖြင့် စကားပြောလာခဲ့သည် “ မင်းရဲ့ ပြ

ဿနာကို နောက်မှဆွေးနွေးမယ်၊ အခုလက်ရှိ အချိန်မှာတော့ အဲ့ပစ္စည်းကို ရှာဖို့က ပိုပြီးတော့ အရေးကြီးတယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ချန်ခွန်း၏ အမူအရာမှာလည်း တလေးတနက် ဖြစ်သွားခဲ့သည်။

သူသည် အလောတကြီး မေးမြန်းလာခဲ့သည် “ ဆရာ၊ အဲ့ပစ္စည်းနဲ့ ပတ်သက်တဲ့ သဲလွန်စတစ်ခုခု တွေ့ရပြီလားဗျ “

သားရဲတစ်သောင်းဂိုဏ်းက ကြယ်ပြာဂြိုဟ်သို့ ဝင်ရောက်လာခဲ့ရသည်မှာ ပြည်သူပြည်သားများကို ဖိနှိပ်ရုံအတွက်သာလျှင် မဟုတ်ဘဲ၊ သူတို့အတွက် အရေးပါသည့် တစ်စုံတစ်ခုကို ရှာဖွေရန် အတွက်ပါ ဖြစ်သည်။

နဝမအဆင့် စစ်သည်တော်ဖြစ်သည့် ချန်ခွန်းကပင် အချက်အလက်အနည်းငယ်မျှသာ သိရှိထားခဲ့သည်။

သို့သော် ၎င်းက သားရဲတစ်သောင်းဂိုဏ်း၏ နှစ်တစ်သောင်းကြာ အစီအစဥ်အတွက် အလွန်တရာ အရေးပါကြောင်းကို သူသိနေခဲ့သည်။

အကယ်၍ သူတို့ကသာ ၎င်းကို ရရှိခဲ့မည်ဆိုပါက၊ သားရဲတစ်သောင်းဂိုဏ်းမှာ အန္တိမနယ်မြေတွင် ပြိုင်ကင်ကင်း အာဏာကို ရရှိလာနိုင်ပြီး၊ အန္တိမနယ်မြေတစ်ခုလုံးကိုပင် စုစည်းနိုင်မည် ဖြစ်သည်။

အတိုချုပ်ပြောရမည်ဆိုပါက ထိုပစ္စည်းမှာ သားရဲတစ်သောင်းဂိုဏ်းအတွက် အလွန်တရာ အရေးကြီးပေသည်။

သို့ရာတွင် ရွှေဖယောင်းမှ ခေါင်းခါပြလာခဲ့သည် “ ဘာမှကို မရသေးဘူး “

သူသည် အရှေ့ဘက်တွင် ရှိနေသည့် မြေပြင်ကျယ်ကို ငေးကြည့်ကာ အတွေးနက်သွားခဲ့သည်။

“ ရက်အတော်ကြာနေပြီ၊ ဒါပင်မဲ့ ဘာသဲလွန်စကိုမှ ရှာမတွေ့သေးဘူး “

“ အဲ့ပစ္စည်းက မူလနယ်မြေထဲမှာ မရှိတာများလား “

အဆင့်မြင့် အထွတ်အထိပ် ပညာရှင်ဖြစ်သည့် ရွှေဖယောင်းသည် ကြယ်ပြာဂြိုဟ်တစ်ခုလုံးကို မိနစ်ပိုင်းအတွင်းမှာပင် စူးစမ်းလေ့လာနိုင်ပေသည်။

မြေပြင်၏ မီတာသောင်းနှင့်ချီသော အနက်တွင် မြှုပ်နှံထားခဲ့သည့် ပစ္စည်းများကိုပင် ချက်ချင်း ရှာဖွေနိုင်သည်။

သို့သော် ယခုတွင်ကား ရက်ပေါင်းများစွာ ကြာရှည်အထိ မည်သည့်အရိပ်အယောင်ကိုမှ ရှာမတွေ့သေးပေ။

“ ဒါပင်မဲ့ ရှေးဟောင်းမှတ်တမ်းတွေအရဆိုရင်တော့၊ အဲ့ပစ္စည်းက မူလနယ်မြေမှာပဲ ရှိသင့်တယ် “

ရွှေဖယောင်းသည် မျက်မှောင်ကြုတ်ကာ၊ အတွေးနက်သွားခဲ့သည် “ တကယ်လို့ ငါတို့က အဲ့တာကို ရှာမတွေ့ဘူးဆိုရင်တော့၊ ဖြစ်နိုင်ခြေတစ်ခုပဲ ရှိတော့တယ်၊ အဲ့တာကို အဆင့်၉ ဒါမှမဟုတ် အဲ့အထက်က ပညာရှင်ရဲ့ ခရမ်းရောင် နန်းတော်က စုပ်ယူသွားပြီ “

အကယ်၍ နဝမအဆင့်အောက်မှ ပညာရှင်တစ်ဦးဦးကသာ ၎င်းကို ယူသွားမည်ဆိုပါက၊ သူသည် ၎င်းကို အလွယ်တကူ ခွဲခြားနိုင်မည် ဖြစ်သည်။

နဝမအဆင့်နှင့် ၎င်း၏အထက်မှ ပညာရှင်များကသာလျှင် နတ်ဝိညာဥ် ထောက်လှမ်းခြင်းကို ကာကွယ်တားဆီးနိုင်ပေသည်။

သို့သော် ထိုကဲ့သို့ အမှန်တကယ် ဖြစ်နေခဲ့မည်ဆိုပါက၊ သူသည် ကြယ်ပြာဂြိုဟ်၏ အဆင့်မြင့် စစ်သည်တော်များကိုပါ ရှာဖွေစစ်ဆေးရတော့မည် ဖြစ်သည်၊ ၎င်းသည် ကြယ်ပြာဂြိုဟ် သိုင်းပညာရှင်တို့၏ ခုခံမှုကို နှိုးဆွပေးသွားနိုင်သည်။

“ ဒေသခံလေးတစ်စုပါပဲ၊ သူတို့က မုန်တိုင်းကြီးတစ်ခုကို မဖန်တီးနိုင်ပါဘူး “

၎င်းကို တွေးမိသွားသောအခါတွင် ရွှေဖယောင်းမှာ စိတ်ပိုင်းဖြတ်လိုက်တော့သည်။

သို့ရာ၌ သူသည် ဤစစ်ဆင်ရေး၏ တာဝန်ခံ မဟုတ်သောကြောင့်၊ အကြီးအကဲမော့မူထံသို့ အရင်ဦးဆုံး အစီရင်ခံရမည် ဖြစ်သည်။

ရွှေဖယောင်းသည် သူ၏ ဆက်သွယ်ရေး ကျောက်စိမ်း တံဆိပ်ပြားကို ထုတ်ယူကာ အကြီးအကဲ မော့မူထံသို့ အသံပို့လွှတ်ရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင်

“ ဗွီ ဗွီ “

ဆက်သွယ်ရေး ကျောက်စိမ်း တံဆိပ်ပြားမှာ အလိုအလျောက် တုန်ခါလာခဲ့သည်။

ရွှေဖယောင်း၏ အမူအရာ ပြောင်းလဲသွားပြီး၊ ဆက်သွယ်မှုကို လက်ခံလိုက်ရာ၊ တစ်ဖက်လူက အကြီးအကဲမော့မူ ဖြစ်နေသည်ကို မြင်တွေ့သွားခဲ့သည်။

“ ဘာကြီး “

“ ဂိုဏ်းကို ပြန်ရမှာလား “

ထိုသတင်းကို ကြားလိုက်ရသောအခါတွင် ရွှေဖယောင်းသည် အလောတကြီး အဆိုပြုလိုက်သည် “ အကြီးအကဲမော့၊ ကျွန်တော်တို့က အဲ့ပစ္စည်းနဲ့ပတ်သက်တဲ့ သဲလွန်စတွေကို ရှာမတွေ့သေးပင်မဲ့၊ ဒီမူလနယ်မြေက အဆင့်၉ စစ်သည်တော်တွေကို စစ်ဆေးနိုင်ပါတယ် ……… “

သူသည် သူ၏အဆိုပြုချက်ကို တင်ပြနေတော့သည်။

သူ၏စကားပြောဆိုမှု ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် တစ်ဖက်ရှိ အကြီးအကဲ မော့မူမှာ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ ထပ်ပြီးတော့ ရှာနေဖို့ မလိုတော့ဘူး၊ ဂိုဏ်းက အဆင့်မြင့် အထွတ်အထိပ် အကြီးအကဲငါးယောက်ကို ဆုံးရှုံးသွားတာကြောင့်၊ ငါတို့ကို ချက်ချင်းပြန်လာဖို့အတွက် အန္တိမ အကြီးအကဲက အမိန့်ပေးထားတယ် “

“ တစ်ခြားဂိုဏ်းတွေကလည်း အဲ့သတင်းကို ရသွားလောက်ပြီ၊ ငါတို့ဂိုဏ်းက ကျဥ်းထဲကြပ်ထဲရောက်နေပြီ “

“ ဒါက နှစ်တစ်သောင်းအတွင်းမှာ တစ်ခါမှ မပေါ်လာခဲ့ဖူးတဲ့ ဖြစ်ရပ်မျိုးပဲ၊ ငါတို့က မြန်မြန်ပြန်မှဖြစ်မယ် “

ထိုစကားကို ကြားလိုက်ရသောအချိန်၌ ရွှေဖယောင်းသည် နေရာမှာပင် မှင်သက်သွားခဲ့သည်။

အဆင့်မြင့် အထွတ်အထိပ် အကြီးအကဲငါးယောက်ကို တစ်ပြိုင်နက် လက်လွှတ်လိုက်ရတာလား

ဘာ …… ဂိုဏ်းမှာ ဘာတွေ ဖြစ်သွားခဲ့တာလဲဟ

သူက အခြေအနေကို အပြည့်အဝ နားမလည်သေးခင် အချိန်မှာပင် အကြီးအကဲမော့မူသည် တုန်လှုပ်ဖွယ်ကောင်းသော သတင်းတစ်ခုကို ထပ်မံ၍ ပြောပြလာခဲ့သည်။

“ အန္တိမ အကြီးအကဲက မူလနယ်မြေရဲ့ သတင်းကို ဖြန့်ပြီးတော့၊ ဒီအကြပ်အတည်းရဲ့ အန္တရာယ်တွေကို လျှော့ချဖို့ ဆုံးဖြတ်ထားတယ် “

………………………………………………………………………………………………………………………………………

အပိုင်း ( 687 )

စကြာဝဠာ ဖန်ဆင်းရှင် နတ်ဘုရား၊ အန္တိမ အထွတ်အထိပ်

ထိုစကားလုံးကို ကြားလိုက်ရသော အချိန်၌ ရွှေဖယောင်းသည် ဤကိစ္စ၏ အတိမ်အနက်ကို အပြည့်အဝ နားလည်သွားခဲ့သည်။

မူလနယ်မြေ ပေါ်ပေါက်မှု လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားရန်အတွက် အစောင့်အကြပ်များ ထူထဲစွာ ချထားခဲ့ခြင်းသည် သားရဲတစ်သောင်းဂိုဏ်းက ဤကိစ္စအား မည်မျှ အလေးထားလဲဆိုသည်ကို မီးမောင်းထိုးပြနေလျက်ရှိသည်။

သို့သော် ယခုတွင်ကား မလုပ်မဖြစ်သော အခြေအနေတစ်ခုကြောင့် အဆိုပါ သတင်းကို ဖော်ထုတ်လိုက်ရတော့မည် ဖြစ်သည်။

ပို၍အရေးကြီးသော အရာမှာ သူတို့၏ဂိုဏ်းက သေခြင်းရှင်ခြင်း အကြပ်အတည်းနှင့် ရင်ဆိုင်နေရခြင်းပင် ဖြစ်သည်။ အကယ်၍ သူတို့ကသာ တစ်ခြားသော ဂိုဏ်းများကို အာရုံလွှဲရန်အတွက် ထိုသတင်းကို မဖွင့်ထုတ်ဘူးဆိုပါက၊ သူတို့၏ဂိုဏ်းမှာ လုံးဝပျက်စီးသွားရလိမ့်မည် ဖြစ်သည်။

၎င်းကို နားလည်သွားခဲ့သည့်နောက်တွင်

ရွှေဖယောင်း၏ အမူအရာမှာ လုံးဝမည်းမှောင်သွားခဲ့သည်။

သူသည် ချန်ခွန်းတို့ အုပ်စုကို ချက်ချင်းဦးဆောင်ကာ၊ အန္တိမနယ်မြေသို့သွားရာ ထွက်ပေါက်ဆီသို့ ဦးတည်သွားတော့သည်။

…

ထိုစဥ် အန္တိမနယ်မြေအတွင်း၌

ယနေ့တွင် သတင်းတစ်ခုမှာ အတောင်ပေါက်၍ ပျံ့နှံ့လာခဲ့သည်။

မူလနယ်မြေ ပေါ်ထွက်လာပြီ

ထိုသတင်းသည် အေးချမ်းတည်ငြိမ်ကာ သဟဇာတဖြစ်နေခဲ့သည့် အန္တိမ နယ်မြေတစ်ခုလုံးကို ရေနက်ပိုင်းဗုံးတစ်လုံးကဲ့သို့ ချက်ချင်းအုံကြွသွားစေခဲ့သည်။

သာမန်ဂိုဏ်းနှင့် မိသားစုများတွင်မူ ပြင်းထန်သော တုံ့ပြန်မှုများ မဖြစ်ပေါ်လာခဲ့ပေ။

သို့သော် ထိပ်တန်းဂိုဏ်းကြီးများနှင့် မိသားစုကြီးများကမူ၊ လုံးဝကသောင်းကနင်း ဖြစ်သွားကြသည်။

အကြောင်းပြချက်ကား အဆိုပါ ထိပ်တန်းဂိုဏ်းကြီးများနှင့် မိသားစုကြီးများသည် သူတို့၏ ဘိုးဘေးများက မူလနယ်မြေမှတစ်ဆင့် ဤနေရာသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်းကို ကောင်းစွာ သိရှိနေသောကြောင့် ဖြစ်သည်။

ထိုနေရာ၌ အလွန်တရာ အရေးကြီးသော အရာများ ပုန်းအောင်းနေလျက်ရှိသည်။

တိမ်တိုက်ကောင်းကင်ဂိုဏ်း

ပိုးဝတ်စုံကို ဝတ်ဆင်ထားသည့် သက်ကြီးပိုင်း လူတစ်ဦးသည် တိမ်တိုက်များအပေါ်တွင် မတ်တပ်ရပ်နေလျက်ရှိသည်။ သူသည် ပုပြတ်ပြတ် အသွင်သဏ္ဍာန်ကို ပိုင်ဆိုင်ထားပြီး၊ တစ်ခေါင်းလုံး ဖြူဖွေးနေခဲ့ကာ၊ သူ၏အရေပြားမှာလည်း ကလေးတစ်ဦး၏ အရေပြားကဲ့သို့ အလွန်တရာ နူးညံ့နေခဲ့သည်။

သူသည် အဝေးသို့ ငေးကြည့်နေရင်းဖြင့် ရေရွတ်ပြောဆိုနေခဲ့သည် “ နှစ်သောင်းနဲ့ချီပြီးတော့ ကြာနေခဲပြီ၊ နောက်ဆုံးတော့ မူလနယ်မြေ ပေါ်ထွက်လာခဲ့ပြီလား “

မူလနယ်မြေ

အန္တိမနယ်မြေအတွင်းရှိ ဂိုဏ်းနှင့် မိသားစုတော်တော်များများအတွက် အလွန်အရေးပါသော နေရာတစ်ခု ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းသောင်းချီအကြာက သူတို့သည် ဤနေရာသို့ ပြောင်းရွှေ့လာခဲ့ပြီး၊ ထိုအချိန်ကဖြစ်ခဲ့သည့် ကိစ္စများကိုမူ လူတော်တော်များများက မေ့လျော့သွားခဲ့ပြီ ဖြစ်သည်။

သို့သော် ထိုခေတ်တစ်ဝက်မှ လူတစ်ဦးအနေဖြင့် သူသည် လူသိနည်းသည့် လျှို့ဝှက်ချက်တစ်ချို့ကို သိနေခဲ့သည်။

ဂိုဏ်းနှင့် မိသားစု တော်တော်များများက အန္တိမ နယ်မြေသို့ ပြောင်းရွှေ့လာခဲ့ရသည့် အကြောင်းအရင်းမှာ ထိုခေတ်က မူလနယ်မြေတွင် ကြောက်မက်ဖွယ်ကောင်းသော ကိစ္စတစ်ခု ဖြစ်ပွားခဲ့ပြီး၊ ၎င်းက ကြီးမားသော အထိကရုဏ်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သောကြောင့် ဖြစ်သည်။

ဂိုဏ်းကြီးနှင့် မိသားစုကြီးများသည် ထိုဖြစ်ရပ်ကို ကျော်လွှားရန်အတွက် အန္တိမနယ်မြေသို့ ပြေးလာကြခြင်း ဖြစ်သည်။

သို့သော် ဤအကြီးအကဲကမူ ရှင်းရှင်းလင်းလင်း နားလည်နေခဲ့သည်။

သူတို့၏ အလျင်စလို ထွက်ခွာမှုနှင့်အတူ အချိန်မှီ မယူဆောင်သွားနိုင်ခဲ့သည့် တန်ဖိုးကြီး ရတနာအများအပြားမှာ မူလနယ်မြေတွင် ကျန်နေခဲ့သည်။

၎င်းတို့အနက် ရတနာတစ်ခုမှာ သူတို့အားလုံးအတွက် အလွန်တရာ အရေးပါနေခဲ့သည်။

ဤနှစ်များတစ်လျှောက်တင် ထိုရတနာများအနက်မှ အများစုကို နောင်လာနောင်သားများက ရှာဖွေတွေ့ရှိသွားနိုင်သော်လည်း၊ ထိုရတနာကိုမူ အထူးနည်းလမ်းတစ်ခုခုရှိမှသာလျှင် ပိုင်ဆိုင်နိုင်လိမ့်မည် ဖြစ်သည်။

“ မူလနယ်မြေ …….. ကျိန်စာသင့်နယ်မြေ။ အဲ့ခေတ်တုန်းက ပစ္စည်းက အဲ့မှာ ရှိသေးလားဆိုတာကို ငါသိချင်မိတယ် “

ထိုအကြီးအကဲသည် မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ၊ အနည်းငယ် သွေးဆောင်ခံလိုက်ရသည်။

သို့သော် မကြာခင် အချိန်မှာပင် သူအတွေးများသွားခဲ့သည် “ သားရဲတစ်သောင်းဂိုဏ်းက အဲ့ကိစ္စကို ဘာလို့ မဖုံးထားရတာလဲ။ သတင်းပေါက်ကြားခွင့်ပြုလိုက်တယ်ပေါ့။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ “

သူသည် မျက်လုံးများ အသာအယာ မှိတ်လိုက်သည်။

သူကဲ့သို့သော အဆင့်၌ ကိစ္စတော်တော်များကို တွေးလိုက်ရုံဖြင့် တွက်ချက်နိုင်ပေသည်။

တစ်ခဏ အကြာတွင် သူသည် မျက်လုံးများ ပြန်ဖွင့်လာခဲ့ကာ၊ ပြုံးနေတော့သည် “ ငါသိပြီ၊ အဆင့်မြင့် အထွတ်အထိပ် ပညာရှင်ငါးယောက်ကို တစ်ပြိုင်နက် ဆုံးရှုံးသွားခဲ့တယ်ဆိုတော့၊ သားရဲတစ်သောင်းဂိုဏ်းရဲ့ ဆုံးရှုံးမှုက တကယ်ကို ကြီးမားခဲ့တာပဲ “

“ ဒီလိုအရေးကြီးတဲ့ အချိန်မှာ အဆင့်မြင့် အထွတ်အထိပ် ပညာရှင်ငါးယောက် ရုတ်တရက် သေသွားရတာက မူလနယ်မြေက လူတစ်ယောက်ကြောင့်လား။ မူလနယ်မြေမှာ အန္တိမ အထွတ်အထိပ် ပညာရှင်တစ်ယောက်ရှိနေတာလား “

ထိုအကြီးအကဲသည် မေးစေ့ကို ပွတ်ကာ တွေးတောစဥ်းစားနေတော့သည်။

တစ်ခဏ အကြာတွင် သူသည် စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်ပြီး၊ တိမ်တိုက်ကောင်းကင်ဂိုဏ်း၏ အကြီးအကဲများဆီသို့ အသံပို့လွှတ်လိုက်သည်။

“ မင်းတို့အားလုံးက အဲ့ရတနာကို ရှာဖို့အတွက် မူလနယ်မြေဆီ ခရီးထွက်သင့်တယ် “

“ ဒါပင်မဲ့ မင်းတို့ရဲ့ တည်နေရာကို ဖုံးကွယ်ပြီးတော့ မူလနယ်မြေရဲ့ ဒေသခံတွေကို မနှောင့်ယှက်မိစေဖို့ သတိရကြ “

…

ကျောက်စိမ်းအပျိုစင်ဂိုဏ်း

ကျက်သရေရှိကာ ရင်သပ်ရှုမောဖွယ်ကောင်းသည့် အမျိုးသမီးတစ်ဦးသည် တောင်ထိပ်ပေါ်တွင် မတ်တပ်ရပ်ကာ၊ မူလနယ်မြေ၏ ဝင်ပေါက်ရှိရာဘက်သို့ ငေးကြည့်နေခဲ့သည်။

တစ်ခဏအကြာတွင်

သူမသည် ကျောက်စိမ်းတံဆိပ်ပြားကို ထုတ်ယူကာ၊ အသံပို့လွှတ်လိုက်သည် “ အကြောင်းကြားစာပို့လိုက်၊ ကျောက်စိမ်းအပျိုစင်ဂိုဏ်းရဲ့ အကြီးအကဲအားလုံး မူလနယ်မြေဆီ သွားဖို့ ပြင်ဆင်ကြတော့ “

“ ငါ့အမိန့်မပါဘဲနဲ့၊ မူလနယ်မြေရဲ့ ဒေသခံတွေကို မနှောင့်ယှက်ဖို့ မှတ်ထားကြ “

…

ထိုကဲ့သို့သော ဖြစ်ရပ်များသည် အန္တိမနယ်မြေ၏ နေရာအနှံ့တွင် ဖြစ်ပွားနေခဲ့သည်။

ထိပ်တန်းဂိုဏ်းကြီးများနှင့် မိသားစုကြီး အကုန်လုံးမှာ အလွန်တရာ သတိထားနေလျက်ရှိသည်။ သားရဲတစ်သောင်းဂိုဏ်း၏ အခြေအနေကို သိရှိခဲ့ရပြီးသည့်နောက်၌၊ သူတို့သည် မူလနယ်မြေမှ အန္တိမ အထွတ်အထိပ် ပညာရှင်က အန္တိမနယ်မြေသို့ ရောက်ရှိနေသည်ဟု သံသယဖြစ်သွားကြသည်။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ဤကဲ့သို့ အရေးကြီးလှသော အခိုက်အတန့်တွင် မည်သည့်အတွက်ကြောင့် သားရဲတစ်သောင်းဂိုဏ်းနှင့် ပဋိပက္ခဖြစ်သွားရမည်နည်း

ထို့ကြောင့် မိသားစုကြီးများနှင့် ဂိုဏ်းကြီးများ၏ ခေါင်းဆောင်များသည် သူတို့ကိုယ်တိုင် မသွားကြသေးဘဲ၊ အကြီးအကဲများနှင့် တပည့်များကိုသာ အရင်ဦးဆုံး ပို့လွှတ်၍ အခြေအနေများကို စုံစမ်းခိုင်းရန် ပြင်ဆင်နေကြသည်။

ထိုစဥ် သူတို့သည် မူလနယ်မြေ၏ ဒေသခံများကို မနှောင့်ယှက်မရဟု ထပ်ခါတလဲလဲ အလေးပေး ပြောကြားနေခဲ့သည်။

၎င်းမှာ မူလနယ်မြေနှင့် ပဋိပက္ခများ ဖြစ်ပွားရမည်ကို ရှောင်ရှားရန်အတွက် ဖြစ်သည်။

အဖွဲ့အစည်းအမျိုးမျိုးက လှုပ်ရှားလာသောကြောင့်၊ အန္တိမနယ်မြေ တစ်ခုလုံးမှာ မကြုံစဖူး ဖြစ်ရပ်ထူးအဖြစ် လှုပ်လှုပ်ရွရွ ဖြစ်နေခဲ့သည်။

…

တစ်ချိန်တည်းမှာပင်

သားရဲတစ်သောင်းဂိုဏ်း

အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် အကြီးအကဲမော့မူသည် ဂိုဏ်းသို့ ပြန်ရောက်လာခဲ့ပြီဖြစ်ပြီး၊ ယခု၌ ရိုးရှင်းသော သစ်သားအိမ်တစ်လုံး အရှေ့တွင် မတ်တပ်ရပ်နေလျက်ရှိသည်။

အဆင့်မြင့် အထွတ်အထိပ် ပညာရှင်တစ်ဦးဖြစ်သော်လည်း၊ ထိုသစ်သားအိမ်၏ အရှေ့တွင် တလေးတစား မတ်တပ်ရပ်နေခဲ့သည်။

“ အန္တိမ အကြီးအကဲ၊ အကြီးအကဲရဲ့ အမိန့်အရ မူလနယ်မြေကို သွားခဲ့တဲ့ အကြီးအကဲတွေနဲ့ တပည့်အားလုံး ပြန်ရောက်လာပါပြီ “ ဟုမော့မူသည် တလေးတစား သတင်းပို့နေခဲ့သည်။

“ အင်း၊ လုပ်တာကောင်းတယ်၊ မင်းသွားလို့ရပြီ “ သစ်သားအိမ်အတွင်းမှ ရှေးဟောင်းအသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

သို့ရာ၌ မော့မူသည် ချက်ချင်း မထွက်သွားခဲ့ဘဲ၊ တစ်ခဏ တွေဝေတုံ့ဆိုင်းနေခဲ့ပြီးမှ၊ သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည် “ အကြီးအကဲ၊ အကြီးအကဲ နည်းနည်းလောက်ကို မူလနယ်မြေမှာ ဘာလို့ မချန်ထားခဲ့ရတာလဲဗျ။ ရက်အတော်ကြာနေခဲ့ပြီးတဲ့နောက်မှ၊ ကျွန်တော်တို့က အဲ့ကအခြေအနေတွေကို ပိုပြီးတော့နားလည်နေကြပါပြီ။ တကယ်လို့ အဲ့ပစ္စည်းကသာ အဲ့မှာ ရှိနေသေးတယ်ဆိုရင်၊ ကျွန်တော်တို့က အဲ့တာကို ရှာတွေ့ဖို့ အခွင့်အရေး အများဆုံးပါပဲ “

သူ၏စကားပြောဆိုမှု ပြီးဆုံးသွားခဲ့သည့်နောက်တွင် လေထုတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

တစ်ခဏအကြာတွင်

ရှေးဟောင်းအသံမှာ ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြန်သည် “ ကောင်းကင်ကံကြမ္မာကို ငါတွက်ချက်ခဲ့ပြီးပြီ။ အဲ့ပစ္စည်းကို တစ်စုံတစ်ယောက်က အသုံးပြုခဲ့ပြီးပြီ “

All Chapters