အခန်း (၆၈၈-၆၉၀)
Vol. 46 Ch. 688-690
အပိုင်း ( 688 )
စကြာဝဠာ ဖန်ဆင်းရှင် နတ်ဘုရား၊ အန္တိမ အထွတ်အထိပ် ၂
ထိုစကားကို ကြားလိုက်ရသော အခါတွင် မော့မူမှာ အလွန်တရာ အံ့အားသင့်သွားခဲ့သည် “ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲ့ပစ္စည်းကို အန္တိမနယ်မြေက ဂိုဏ်းတွေကပဲ အသက်သွင်းနိုင်တာလေ။ မူလနယ်မြေရဲ့ ရှေးခေတ် အမွေအနှစ် ပြတ်တောက်သွားတာက တော်တော်ကြီးကို ကြာနေခဲ့ပြီ။ တစ်ယောက်ယောက်က အဲ့တာကို အသက်သွင်းဖို့ဆိုတာက လုံးဝမဖြစ်သင့်ဘူး “
“ ဂျောက် “
ထိုအချိန်တွင် သစ်သားအိမ်၏ တံခါးမှာ ရုတ်တရက် ပွင့်ဟလာခဲ့သည်။
ရိုးရှင်းသော အဝတ်အစားများကို ဝင်ဆင်ထားသည့် ဆံဖြူ အကြီးအကဲတစ်ဦးသည် အိမ်အတွင်းမှ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့သည်။
ထိုလူသည် သားရဲတစ်သောင်းဂိုဏ်း၏ အန္တိမ အကြီးအကဲပင် ဖြစ်သည်။
သူ၏အသွင်အပြင်ကို မြင်လိုက်ရသောအခါတွင် မော့မူမှာ လုံးဝအံ့ဩတကြီး ဖြစ်သွားခဲ့သည် “ အကြီးအကဲ၊ ခင်ဗျားက ……. “
သူ၏အမြင်တွင် အန္တိမ အကြီးအကဲမှာ ဤမျှလောက် အိုမင်းမနေသင့်ပေ။
အန္တိမ အကြီးအကဲမှ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ ကောင်းကင်ဘုံ ကံကြမ္မာကို တွက်ချက်ဖို့ ကြိုးစားခဲ့တာကြောင့် တန်ပြန်သက်ရောက်မှု ခံလိုက်ရတာပဲ။ အဲ့ပစ္စည်းနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လူတွေရဲ့ နောက်ခံက တော်တော်ကြီးကို အင်အားတောင့်လွန်းတယ်။ အဲ့တာကြောင့် ငါတို့သားရဲတစ်သောင်းဂိုဏ်းက ဒီကိစ္စမှာ ဘေးထွက်နေသင့်တယ် “
မော့မူမှာ အလွန်တရာ အံ့ဩတုန်လှုပ်သွားခဲ့သည်။
သူသိထားရသလောက်အရဆိုပါက၊ အန္တိမ အကြီးအကြက အန္တိမ အထွတ်အထိပ်သို့ ရောက်ရှိသည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပြီဖြစ်ပြီး၊ အန္တိမတစ်ပိုင်းအဆင့်နှင့်ပင် ခြေတစ်လှမ်းမျှသာ လိုတော့သည်။
ထိုကဲ့သို့သော တည်ရှိမှုကိုပင် ပြင်းထန်သော တန်ပြန်သက်ရောက်မှု ခံစားစေခဲ့ရသည်မှာ မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်သနည်း
သူ၏တည်ငြိမ်မှုကို ပြန်မရသေးခင် အချိန်မှာပင်၊ အန္တိမ အကြီးအကဲမှ စကားဆက်ပြောလာခဲ့သည် “ မမေ့နဲ့၊ မူလနယ်မြေက လူတွေရဲ့ ပြောစကားအရဆိုရင် အမှောင်နယ်မြေက ရက်ပိုင်းအတွင်းမှာပဲ ဆင်းသက်လာတော့မှာ “
“ တကယ်လို့ အဲ့အဆင့်မှာရှိတဲ့ အမှောင်နယ်မြေ ပညာရှင်ကသာ အမှန်တကယ် နယ်ကျော်လာခဲ့မယ်ဆိုရင်၊ ငါတို့လို လူတွေကတောင် ခက်ခက်ခဲခဲ ခုခံနေရမှာ သေချာတယ် “
“ အဲ့တာကြောင့်ပဲ မင်းတို့အားလုံးကို စောစောစီးစီး ပြန်ခေါ်လိုက်ရတာပဲ၊ ပြီးတော့ အမှောင်နယ်မြေရဲ့ အားကို တစ်ခြား ဂိုဏ်းတွေနဲ့ မိသားစုတွေကို စမ်းသပ်ခွင့်ပေးလိုက်တာပေါ့ “
သူသည် ထိုစကားကို ပြောနေရင်းဖြင့် ပြုံးစိစိ ဖြစ်သွားခဲ့သည်။
ယခုတစ်ကြိမ်၌ သားရဲတစ်သောင်းဂိုဏ်းသည် အဆင့်မြင့် အထွတ်အထိပ် ပညာရှင်ငါးဦးကို တစ်ပြိုင်နက် လက်လွှတ်ခဲ့ရပြီး၊ အဆိုပါ ထိုးနှက်ချက်မှာ သူတို့အတွက် အတော်လေး ပြင်းထန်နေခဲ့သည်။
သို့သော် တစ်ခြားအဖွဲ့များကမူ အကောင်းအတိုင်း ကျန်ရှိနေသေးသည်။
အကယ်၍ ဤအတိုင်းဆက်သွားနေမည်ဆိုပါက၊ သားရဲတစ်သောင်းဂိုဏ်း၏ အခြေအနေမှာ ပို၍အန္တရာယ်များလာလိမ့်မည် ဖြစ်သည်။
သို့ရာတွင် သူတို့သည် အမှောင်နယ်မြေ ဆင်းသက်လာတော့မည်ဆိုသည့် သတင်းကိုတော့ လုံးဝ သတင်းအမှောင်ချထားခဲ့သည်။
ထိုပညာရှင်များကို အမှောင်နယ်မြေမှ ပညာရှင်များနှင့် ထိပ်တိုက်တွေ့ဆုံပေးလိုက်ခြင်းဖြင့် သားရဲတစ်သောင်းဂိုဏ်းမှာ အကျိုးအမြတ်ရသွားမည် ဖြစ်သည်။
မော့မူသည် အပြည့်အဝ နားလည်သွားခဲ့ပြီး၊ တလေးတစား ပြန်ပြောလာခဲ့သည် “ အကြီးအကဲရဲ့ အမြင်ကတော့ တကယ်ကို ပြိုင်ဘက်ကင်းပါတယ် “
သို့သော် အမှောင်နယ်မြေအကြောင်း စကားဆက်မိသွားသောအခါတွင် သူသည် စိုးရိမ်တကြီး ဖြစ်သွားခဲ့သည် “ ဒါပင်မဲ့ တကယ်လို့ အမှောင်နယ်မြေက မူလနယ်မြေရဲ့ ဝင်ပေါက်ကနေ တစ်ဆင့် အန္တိမနယ်မြေထဲကို ဝင်လာမယ်ဆိုရင်၊ အဲ့တာက ကပ်ဘေးကို ဖိတ်ခေါ်လိုက်သလို မဖြစ်သွားဘူးလားဗျ “
အန္တိမ အကြီးအကဲသည် ၎င်းကို မည်သို့မျှ ဂရုစိုက်ပုံမရဘဲ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ စိတ်ပူဖို့ မလိုပါဘူး။ တစ်ခြားဂိုဏ်းက ပညာရှင်တွေက မူလနယ်မြေထဲကို ဝင်သွားတာနဲ့၊ မူလနယ်မြေရဲ့ ဝင်ပေါက်ကို ဖျောက်ဖို့အတွက် ငါလှုပ်ရှားလိုက်မယ် “
“ ဝင်ပေါက်ပျောက်သွားတာနဲ့၊ အန္တိမနယ်မြေနဲ့ မူလနယ်မြေက လုံးဝကို မတူညီတဲ့ ကမ္ဘာနှစ်ခု ဖြစ်သွားလိမ့်မယ်။ အမှောင်နယ်မြေရဲ့ အဲ့အဆင့်က ပညာရှင်ကတောင် နယ်မြေကျော်ဖြတ်လာပြီးတော့၊ ဒီနေရာကို ရှာနိုင်မှာ မဟုတ်ဘူး “
အန္တိမနယ်မြေနှင့် မူလနယ်မြေအကြားရှိ ကွာခြားချက်မှာ မူလနယ်မြေနှင့် အမှောင်နယ်မြေအကြားရှိ ကွာခြားချက်နှင့် တူညီနေလျက်ရှိသည်။
သုံးခုစလုံးမှာ ဟင်းလင်းပြင်-အချိန် ကွာခြားသည့် လုံးဝမတူညီကွဲပြားသော ကမ္ဘာများ ဖြစ်သည်။
တိကျသေချာသော ကိုဩဒိနိတ်များ မရှိဘူးဆိုပါက၊ ကမ္ဘာ/နယ်မြေ ဖြတ်ကျော်ရန်အတွက် နှစ်သန်းနှင့်ချီ၍ အချိန်ယူရမည် ဖြစ်သည်။
အမှောင်နယ်မြေကို ဥပမာ ယူပါလေ၊ သူသည် မူလနယ်မြေသို့ ဆင်းသက်နိုင်မည့် လမ်းကြောင်းတစ်ခုကို တည်ဆောက်ရန်အတွက် နှစ်သောင်းနှင့်ချီ၍ ပြင်ဆင်ခဲ့ရသည်။
မူလနယ်မြေနှင့် အန္တိမနယ်မြေအကြားတွင်လည်း ထိုကဲ့သို့သာ ဖြစ်နေမည်ဖြစ်သည်။
နှစ်သောင်းနှင့်ချီ၍ ပြောင်းလဲနေခဲ့ပြီးသည့်နောက်၌ ချို့ယွင်းချက်တစ်ချို့ ပေါ်လာမည် ဖြစ်သည်။
ယခင်က ကြယ်တာရာ T-Rex နတ်ဘုရားက ကမ္ဘာ အကာအရံကို ရှာတွေ့ခဲ့သည်မှာ သူ၏ ဟင်းလင်းပြင် စွမ်းအားကို အာရုံခံနိုင်စွမ်းက စူးရှထက်မြက်လွန်းသောကြောင့် မဟုတ်ဘဲ၊ အဆိုပါ ချို့ယွင်းချက်များကြောင့်ပင် ဖြစ်သည်။
သို့သော် သားရဲတစ်သောင်းဂိုဏ်း၏ အန္တိမ အကြီးအကဲကသာ ၎င်းကို ကိုင်တွယ်မည်ဆိုပါက၊ အဆိုပါ ချို့ယွင်းချက်များမှာ ချက်ချင်း ပျောက်ကွယ်သွားမည် ဖြစ်သည်။
ထိုအချိန်၌ အန္တိမနယ်မြေအတွင်းသို့ မည်သူကမှ ဝင်လာနိုင်တော့မည် မဟုတ်ပေ။
…
အပြင်ကမ္ဘာက ပွက်လောရိုက် ဆူညံနေသော်လည်း
မြေပြန့်တောင်တန်းတွင် ပုန်းကွယ်နေသည့် ကြယ်တာရာ T-Rex နတ်ဘုရားကမူ နိယာမကို နားလည်ဆင်ခြင်ခြင်းဖြစ်စဥ်တွင်သာ နစ်မြှုပ်နေခဲ့သည်။
ထိုအချိန်၌
“ ဗွီ “
ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်အတွင်းမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်လှိုင်းတစ်ခု ပေါက်ထွက်လာခဲ့သည်။
အဆိုပါ လှိုင်းမှာ အလွန်တရာ နက်နဲရှုပ်ထွေးကာ၊ ပြိုင်ဘက်ကင်း တာအိုစည်းချက်တို့ဖြင့် ရောစပ်နေလျက်ရှိသည်။
အကယ်၍ အဆင့်မြင့် အထွတ်အထိပ် ပညာရှင်တစ်ဦးဦးကသာ ဤနေရာတွင် ရှိနေမည်ဆိုပါက၊ သူသည် ဤစွမ်းအင်လှိုင်းကို အာရုံခံမိသွားကာ မေ့မြောသွားမည် ဖြစ်သည်။
“ အဆင့်တက်သွားပြီ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် မျက်လုံးများ ရုတ်တရက် ဖွင့်ဟလာခဲ့သည်၊ သူ၏ ကြီးမားသော မျက်လုံးကြီးများမှာ ဖရိုဖရဲအရောင်ကဲ့သို့ ပြောင်းလဲသွားပုံရကာ၊ အလွန်တရာ ထူးဆန်းနေခဲ့သည်။
သူ၏ အကြေးခွံများနှင့် အမွှေးအမျှင်တို့မှာလည်း တသွင်သွင် စီးဆင်းနေသည့် ကြယ်မြစ်တစ်စင်းကဲ့သို့ အသွင်ပြောင်းသွားပုံရပြီး၊ အကြေးခွံများ အကြားတွင် မွေးဖွားခြင်းနှင့် ပျက်စီးခြင်းကို ကိုယ်စားပြုနေသည့် အလင်းစက်များ တလက်လက် တောက်ပနေခဲ့သည်။
“ဖန်တီးခြင်း နိယာမက ပြီးပြည့်စုံသွားပြီ “
အဆိုပါ အန္တိမ နိယာမမှာ မပြည့်မစုံ ဖြစ်မနေတော့ဘဲ၊ ပြီးပြည့်စုံသည့် အဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။
ဤအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရား၏ လှုပ်ရှားမှုတိုင်းနှင့် အသက်ရှူမှုတိုင်းတွင် တာအိုစည်းချက်/စွမ်းအင် အရင်းအမြစ် ပါရှိနေခဲ့သည်။
သူ၏သွေးတစ်စက်ချင်းစီတိုင်းသည် ရှုပ်ထွေးကာ ကွဲပြားသော ဂေဟစနစ်များအဖြစ် ပြောင်းလဲတိုးတက်သွားနိုင်ပေသည်။
( အပင်နဲ့ သတ္တဝါတွေ ပါဝင်တဲ့ စနစ်တစ်ခုပါ )
“ ဒါက ပြီးပြည့်စုံသွားတဲ့ ဖန်တီးခြင်း နိယာမပေါ့ “
ကြယ်တာရာ T-Rex နတ်ဘုရားမှ သူ၏လက်ကို ဆန့်တန်းလိုက်ရာ၊ သူ၏လက်ဝါးအတွင်းတွင် ဖရိုဖရဲ အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည်။
အဆိုပါ အလင်းတန်းသည် ယခင်က မပြည့်စုံဖြစ်နေခဲ့သည့် ဖန်တီးခြင်း နိယာမနှင့် မည်သို့မျှ ကွာခြားမနေသည့်ပုံပင်။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကမူ ထိုနှစ်ခုကြားရှိ ကွာခြားချက်က ကမ္ဘာတစ်ခုအလား ဖြစ်နေသည်ကို ကောင်းစွာသိရှိနေခဲ့သည်။
“ သွား “
ကြယ်တာရာ T-Rex နတ်ဘုရားမှ လက်ညှိုးညွှန်လိုက်ရာ၊ ထိုအလင်းတန်းမှာ အပေါ်ဘက်သို့ မျောလွင့်သွားခဲ့သည်။
ဗွီ ဗွီ ဗွီ
ထို့နောက် စက္ကန့်ပိုင်းမျှအကြာ၌ ထိုဖရိုဖရဲ အလင်းတန်းအတွင်းတွင် အံ့ဖွယ်ကောင်းသော ဆင့်ကဲပြောင်းလဲမှုတစ်ခု စတင်၍ ပေါ်ပေါက်လာခဲ့သည်။
ကောင်းကင်ဘုံနှင့် ကမ္ဘာမြေမွေးဖွားလာခဲ့ပြီး၊ များပြားလွန်းလှသော အသက်ဓာတ်များသည် အပင်မှတစ်ဆင့် တိရစ္ဆာန်များအထိ တဖြည်းဖြည်း ဆင့်ကဲပြောင်းလဲလာခဲ့ပြီး၊ အဆုံးတွင် အာရုံခံစားနိုင်သော သက်ရှိသတ္တဝါများ ဖြစ်သွားခဲ့သည်။
တစ်ခဏ အကြာ၌ ပထမဦးဆုံး သက်ရှိတစ်ဦးသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေ စွမ်းအင်ကို စုပ်ယူကာ၊ ကျင့်ကြံရေး လမ်းကြောင်းကို စတင်၍ လျှောက်လှမ်းလာခဲ့သည်။
သူသည် တာအိုလမ်းကြောင်းပေါ်ရှိ လက်နက်နိယာမကို ရွေးချယ်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် အရာအားလုံး လျင်မြန်စွာ ဆင့်ကဲပြောင်းလဲလာခဲ့သည်။
ယဥ်ကျေးမှု ထွန်းကားလာခဲ့ပြီး၊ အင်ပါယာ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့ကာ၊ ကျဆုံးသွားခဲ့သည်။
ကြယ်ရောင်စုံ ကောင်းကင်ပြင်မှာ ဆင့်ကဲတိုးတက်လာခဲ့ပြီး၊ စကြာဝဠာ အဖွဲ့အစည်းများမှာလည်း တိုးတက်ပြောင်းလဲလာခဲ့သည်။
၎င်းတို့အားလုံးမှာ သေးငယ်သော ဖရိုဖရဲ အလင်းတန်းအတွင်းတွင် ဖြစ်ပွားခဲ့သော အရာများ ဖြစ်သည်။
ဂျုံစေ့တစ်စေ့အတွင်းရှိ ကမ္ဘာတစ်ခု၊ မြက်ပင်တစ်ပင် အတွင်းရှိ သုခဘုံတစ်ခု၊ သေးငယ်ပုံရသည့် အဆိုပါ ဖရိုဖရဲ အလင်းတန်းသည် ကျယ်ပြောလှသော စကြာဝဠာတစ်ခုကို မွေးဖွားပေးခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုအလင်းတန်းအထက်တွင် မတ်တပ်ရပ်နေခဲ့ပြီး၊ အထဲတွင် ဖြစ်ပွားနေသည့် ယဥ်ကျေးမှုများ ထွန်းကားခြင်းနှင့် ပျက်စီးခြင်းဖြစ်စဥ်တိုင်းကို မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့သည်။
ဖရိုဖရဲ အလင်းတန်းအတွင်းရှိ ကမ္ဘာမှာ နှစ်ပေါင်းဘီလီယံ(သို့) ထရီလီယံနှင့်ချီ၍ ဖြတ်သန်းလာခဲ့ပြီးပြီဖြစ်သော်လည်း၊ ကြယ်တာရာ T-Rex နတ်ဘုရားအတွက်မူ မျက်စိတစ်မှိတ်စာမျှသာ ကြာရှည်နေခဲ့သည်။
၎င်းမှာ သူဖန်တီးထားသော ကမ္ဘာတစ်ခုဖြစ်ပြီး၊ ထိုနေရာ၏ ဟင်းလင်းပြင်-အချိန်မှာ သူ့အပေါ်သို့ မည်သို့မျှ သက်ရောက်မနေခဲ့ဘဲ၊ သူသည် တွေးလိုက်ရုံဖြင့် များပြားလွန်းလှသော သတ္တဝါတို့၏ သေခြင်းရှင်ခြင်း ဖြစ်စဥ်များကို နားလည်နေနိုင်သည်။
“ ဒါက ဖန်ဆင်းသူ နတ်ဘုရားရဲ့ အမြင့်အာရုံလား “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုခံစားချက်အတွင်းတွင် နစ်မြုပ်နေခဲ့သည်။
ထိုအချိန်၌ သူသည် ဖရိုဖရဲ အလင်းတန်း ကမ္ဘာအတွက် နတ်ဘုရားတစ်ပါး ဖြစ်နေခဲ့ပြီး၊ သူ၏အတွေးများကို လှုပ်ရှားလိုက်ရုံဖြင့် များပြားလွန်းလှသော သတ္တဝါတို့၏ ကံကြမ္မာများကို ပြန်လည်ပြင်ဆင် ရေးသားနိုင်ပေသည်။
သို့သော် ထိုကဲ့သို့ ပြုလုပ်ရန် မလိုအပ်ပေ၊ အဘယ့်ကြောင့်ဆိုသော် သူသည် ဖရိုဖရဲ အလင်းတန်း ကမ္ဘာအတွက် အရာအားလုံးကို သိမြင်ကာ၊ အရာအားလုံးကို ချယ်လှယ်နိုင်သည့် တည်ရှိမှုတစ်ခုဖြစ်ပြီး၊ သူတစ်ကြိမ်မျှ တွေးတောစဥ်းစားလိုက်သည်နှင့် အရာအားလုံး၏ ကံကြမ္မာများကို ကြိုတင်သတ်မှတ်ထားပြီးသား ဖြစ်သောကြောင့် ဖြစ်သည်။
သို့သော် ၎င်းသည် ထိုကမ္ဘာအတွင်းရှိ လူများက အတုအယောင်များဟု ဆိုလိုမနေပေ။
ထိုကမ္ဘာအတွင်းရှိ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းထံတွင် သူတို့၏ ကိုယ်ပိုင် အသိစိတ်၊ အသက်၊ မျိုးရိုးဗီဇနှင့် ဝိညာဥ်များ ရှိနေကြသည်။
ကြယ်တာရာ T-Rex နတ်ဘုရားက သူတို့အားလုံးကို ဖန်ဆင်းထားခြင်းဖြစ်သောကြောင့် အရာအားလုံးကို အလွယ်တကူ လွှမ်းမိုးချယ်လှယ်နေနိုင်ခြင်းသာလျှင် ဖြစ်သည်။
ရုတ်တရက်ဆိုသလိုပင် ကြယ်တာရာ T-Rex နတ်ဘုရားမှာ ကြောက်လန့်တကြား ဖြစ်သွားခဲ့သည်။
“ ငါနေနေတဲ့ ကမ္ဘာကြီးမှာရော ဖန်ဆင်းသူ နတ်ဘုရားရှိနေတာများလား။ သူက ဒီစကြာဝဌာရဲ့ အရာအားလုံးကို စောင့်ကြည့်နေတာလား “
၎င်းကို တွေးမိသွားသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာ ချက်ချင်း စိတ်ရှုပ်ထွေးသွားခဲ့သည်။
အစပိုင်းတွင် သူသည် ထိုကဲ့သို့သော ကိစ္စများကို မယုံကြည်ခဲ့ပေ။
သို့သော် အန္တိမ နိယာမဖြစ်သည့် ဖန်တီးခြင်း နိယာမက ပြီးပြည့်စုံသည့် အဆင့်သို့ ရောက်ရှိသွားသောအခါတွင်မူ၊ သူသည် တစ်ချို့သော မဖြစ်နိုင်သည့် အရာများက အမှန်တကယ် ဖြစ်နေနိုင်သည်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
သူဖန်တီးထားသည့် ကမ္ဘာအတွင်းတွင်လည်း ဖန်တီးခြင်း နိယာမ၊ အသက်နှင့် မရဏ နိယာမ၊ ဟင်းလင်းပြင်-အချိန် နိယာမ … စသည်ဖြင့် အရာအားလုံး ရှိနေခဲ့ပြီး၊ ထိုကမ္ဘာသူကမ္ဘာသားတို့မှာလည်း ၎င်းတို့ကို နားလည်ဆင်ခြင်နေနိုင်သည်။
တစ်ခဏလေးအတွင်းမှာပင် ထိုကမ္ဘာအတွင်းရှိ တစ်စုံတစ်ဦးမှာလည်း သူကဲ့သို့ပင် ဖန်ဆင်းသူ နတ်ဘုရားရှိ၊ မရှိဆိုသည်ကို တွေးတောစဥ်းစားနေခဲ့သည်။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုဖရိုဖရဲ ကမ္ဘာအတွင်းမှ လူများက မည်မျှပင် တွေးတောစဥ်းစားနေကြပါစေ၊ အဖြစ်မှန်အား မသိနိုင်ဘူးဆိုသည်ကို ကောင်းစွာ သိရှိနေခဲ့သည်။
အဲ့တာဆိုရင် အဲ့သဘောတရားက ငါ့အတွက်ရော အတူတူပဲ ဖြစ်နေမှာမဟုတ်ဘူးလားဟ
ကြယ်တာရာ T-Rex နတ်ဘုရားသည် ပိုတွေးလေလေ၊ ပို၍ကြောက်စိတ်ဝင်လာရလေလေ ဖြစ်နေသည့်အတွက် တွေးတောစဥ်းစားနေခြင်းကို ရပ်တန့်လိုက်သည်။
“ အခုတော့ ငါ့ရဲ့ အသက်နဲ့ မရဏ နိယာမနဲ့ ဖန်တီးခြင်း နိယာမနှစ်ခုစလုံးက ပြီးပြည့်စုံသွားပြီ “
“ တကယ်လို့ ဖန်တီးခြင်း နိယာမကို သုံးလိုက်မယ်ဆိုရင်၊သာမန် အန္တိမ အထွတ်အထိပ် ပညာရှင်တွေကတောင် ငါ့ကို ယှဥ်နိုင်တော့မှာ မဟုတ်ဘူး “
သူသည် ချက်ချင်းမတ်တပ်ထရပ်ကာ၊ ကျယ်ပြန့်သော မြေပြင်ကို ငေးကြည့်နေတော့သည်။
ဖန်တီးခြင်း နိယာမမှာ အသက်နှင့် မရဏ နိယာမထပ် အဆင့်ပိုမြင့်သည့် အန္တိမ နိယာမတစ်ခု ဖြစ်သည်။
သူဖန်ဆင်းထားသည့် ကမ္ဘာအတွင်းတွင် သူသည် နတ်ဘုရားကဲ့သို့သော တည်ရှိမှုတစ်ခုဖြစ်နေမည် ဖြစ်ပြီး၊ အန္တိမ အထွတ်အထိပ် ပညာရှင်ကိုပင် လျင်မြန်စွာ ချေမှုန်းနိုင်မည် ဖြစ်သည်။
“ အခုဆိုရင် ငါက ဒီအန္တိမ နယ်မြေတစ်ခုလုံးမှာ လွတ်လွတ်လပ်လပ် လျှောက်သွားနိုင်စွမ်း ရှိနေပြီ “
တွေးတောစဥ်းစားနေစဥ် အချိန်တွင် သူသည် အနီးအနားမှ မြင့်တက်လာနေသည့် အစွမ်းထက် အရှိန်အဝါတစ်ခုကို ရုတ်တရက် အာရုံခံမိသွားခဲ့သည်။
သူသည် ထိုဘက်သို့ လှည့်ကြည့်ကာ ပြုံးနေတော့သည် “ တိကျွမ်းလား။ သူကရော အန္တိမ အထွတ်အထိပ်ကို ရောက်သွားပြီလား “
…………………………………………………………………………………………………………………………………
အပိုင်း ( 689 )
တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေနိုင်သော လျှို့ဝှက်ချက်၊ ကောင်းကင်တာအို ဖြစ်လာခြင်း
“ တာအိုရောင်းရင်း တိကျွမ်း “
ကြယ်တာရာ T-Rex နတ်ဘုရားမှ ခြေတစ်လှမ်းလှမ်းလိုက်ရာ၊ တိကျွမ်းတံခါးပိတ် ကျင့်ကြံရာ နေရာဆီသို့ ရောက်သွားခဲ့သည်။
သူသည် အရှေ့သို့ ငေးကြည့်လိုက်သည်။
မျက်လုံးများမှာ နတ်အလင်းတန်းတို့ဖြင့် တောက်ပနေပြီး၊ နဂါးတစ်ကောင်၏ ကျက်သရေနှင့် ကျားတစ်ကောင်၏ အားမာန်မျိုးဖြင့် လျှောက်လှမ်းလာနေသည့် ခမ်းနားထည်ဝါသော အမျိုးသားတစ်ဦး ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်ကိုသာ မြင်တွေ့လိုက်ရသည်။
သူထွက်လာသည့် အချိန်တွင် ကောင်ကင်ဘုံနှင့် ကမ္ဘာမြေတို့၏ တာအိုများမှာ သူ့ထံသို့ စုစည်းရောက်ရှိလာခဲ့ပြီး၊ သူ၏ခြေရင်းတွင် ဝပ်တွားခစားနေသည့်အလား ဖြစ်သွားခဲ့သည်။
ထိုလူ့ထံမှ အံ့ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပျံ့လွင့်လာခဲ့သည်။
သူသည် တိကျွမ်းမှတစ်ပါး တစ်ခြားလူ မဟုတ်ပေ။
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ့ကို ပြုံးပြကာ စကားပြောလိုက်သည် “ အဆင့်တက်သွားတဲ့အတွက် ဂုဏ်ယူပါတယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် တိကျွမ်း၏ အဆင့်ထိုးဖောက်မှုကြောင့် မည်သို့မျှ မအံ့ဩသွားခဲ့ပေ။
ဤကိစ္စမတိုင်ခင် အချိန်ကတည်းက တိကျွမ်းနားလည်ထားသည့် နိယာမအများစုမှာ ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ကာ၊ အန္တိမ နိယာမတစ်ခုတည်းကသာလျှင် အဆင့်မတက်သေးခြင်းဖြစ်သည်။
ယခု၌ အဆိုပါ နိယာမကပါ အဆင့်တက်သွားခဲ့ပြီဖြစ်သောကြောင့် သူသည် အန္တိမ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
တိကျွမ်းသည် ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်ကာ အပြုံးဖြင့် ပြန်ပြောလာခဲ့သည် “ မင်းရဲ့ နိယာမတွေလည်း အဆင့်တက်သွားတဲ့ပုံပဲ၊ ဂုဏ်ယူပါတယ် “
အန္တိမ အထွတ်အထိပ်အဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် အရာအားလုံးပေါ်တွင် ရှိနေသည့် လူတစ်ဦး၏ အမြင်မှာ လုံးဝကွဲပြားသွားခဲ့ပြီ ဖြစ်သည်။
တစ်ချက်မျှ ငေးကြည့်ရုံဖြင့်၊ အရာအားလုံး၏ မူလဇစ်မြစ်/အနှစ်သာရကို မြင်တွေ့နေနိုင်ပြီ ဖြစ်သည်။
ထို့ကြောင့် တိကျွမ်းသည် ကြယ်တာရာ T-Rex နတ်ဘုရားကို တစ်ချက်မျှ ကြည့်ရုံဖြင့်၊ တစ်ဖက်လူ၏ ခွန်အားနှင့် အဆင့်ကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။
“ ငါ့ရဲ့အခုလက်ရှိ အမြင်အာရုံနဲ့တောင် သူ့ကို သေချာမမြင်ရသေးဘူးပဲ “
တိကျွမ်းသည် မျက်ဝန်းများ ကျဥ်းမြောင်းသွားပြီး၊ မလေးစားဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည် “ အဲ့နေ့က သားရဲတစ်သောင်းဂိုဏ်းရဲ့ အန္တိမ အကြီးအကဲ မလှုပ်ရှားရဲခဲ့တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ။ သူကလည်း ဒီလူ့ရဲ့ စွမ်းအားကို တွေးပူနေတာ ဖြစ်နိုင်လောက်တယ် “
သူသည် ယခုလက်ရှိ ကြယ်တာရာ T-Rex နတ်ဘုရားက ယခင်ကထပ် အဆပေါင်းများစွာ ပိုမိုသန်မာအားကောင်းနေပြီဆိုသည်ကို သိနေခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် သူနားလည်ထားသည့် အန္တိမ နိယာမကြောင့်၊ ကမ္ဘာကြီးအပေါ်တွင် ရှိနေသည့် သူ၏နားလည်မှုမှာ ပိုမိုနက်ရှိုင်းနေခဲ့ပြီး၊ တစ်ချက်မျှ ကြည့်ရုံဖြင့်၊ ကြယ်တာရာ T-Rex နတ်ဘုရားထံတွင် သူတစ်ဦးတည်းနှင့်သာ သက်ဆိုင်ပုံရသည့် အရှိန်အဝါတစ်ခု ရှိကြောင်းကို အာရုံခံမိနေသောကြောင့် ဖြစ်သည်။
“ တာအိုရောင်းရင်း၊ လက်ရည်ယှဥ်ကြရင်ကော ဘယ်လိုလဲ။ ငါတို့ထဲမှာ ဘယ်သူက ပိုစွမ်းလဲဆိုတာကို ငါသိချင်တယ် “
တိကျွမ်းမှ အဆိုပြုလာခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားမှ ခေါင်းငြိမ့်ပြလိုက်သည်၊ သူသည်လည်း သူနှင့် တစ်ခြားသော အန္တိမ အထွတ်အထိပ် ပညာရှင်များကြားတွင် ရှိနေသည့် ကွာဟချက်ကို မြင်တွေ့ချင်နေခဲ့သည်။
ခြေတစ်လှမ်းလှမ်းလိုက်ရာ သူသည် ကောင်းကင်ထက်သို့ ရောက်ရှိသွားခဲ့သည်။
တိကျွမ်းကမူ မိုင်တစ်ရာအကွာတွင် ရပ်နေခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်ကာ လေသံတိုးတိုးလေးဖြင့် အော်ပြောလာခဲ့သည် “ သတိထား “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာ၌ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခုမှာ သူ၏ခန္ဓာကိုယ်အတွင်းမှ ပေါက်ထွက်လာခဲ့သည်။
အကယ်၍ သာမန်လူတစ်ဦးဦးကသာ အဆိုပါ အရှိန်အဝါကို အာရုံခံမိသွားမည်ဆိုပါက၊ သူသည် မည်သည့်သက်ရောက်မှုကိုမှ မခံယူရဘဲ၊ လေပြည်လေညင်းတစ်ခု တိုက်ခတ်သွားသည်ဟုသာ ခံစားလိုက်ရမည် ဖြစ်သည်။
သို့သော် အဆင့်မြင့် အထွတ်အထိပ် ပညာရှင်တစ်ဦးဦး ဖြစ်နေမည်ဆိုပါက၊ သူသည် ချက်ချင်း ဒူးထောက်ကျသွားမည် ဖြစ်သည်။
ပြီးပြည့်စုံသော မူလနိယာမစွမ်းအားမှာ သာမန်လူများအပေါ်တွင် မည်သည့်အကျိုးသက်ရောက်မှုမှ မရှိဘဲ၊ အထွတ်အထိပ်အဆင့်မှ ပညာရှင်များအတွက်မူ ကမ္ဘာတစ်ခုလုံး ချေမွခံလိုက်ရသည့်အလား ခံစားသွားရစေမည် ဖြစ်သည်။
“ သွား “
တိကျွမ်းမှ သူ၏လက်ကို မြှောက်၍ ညွှန်ပြလာခဲ့ရာ၊ အန္တိမ နိယာမစွမ်းအား စွမ်းအားဖြင့် ဖွဲ့စည်းထားသည့် ဧရာမ အဖြူရောင် လက်ကြီးတစ်ဖက်မှာ ကြယ်တာရာ T-Rex နတ်ဘုရားအပေါ်သို့ ကျဆင်းလာခဲ့သည်။
“ ကြောင်းကျိုးဆက်စပ်မှု နိယာမလား “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အဆိုပါ အဖြူရောင် လက်ကြီးကို ကြည့်ကာ၊ ၎င်း၏ ဇစ်မြစ်ကို ချက်ချင်းသိရှိသွားခဲ့သည်။
အန္တိမ နိယာမများအနက်မှ တစ်ခုဖြစ်သည့် ကြောင်းကျိုးဆက်စပ်မှု နိယာမမှာလည်း အလွန်တရာ အစွမ်းထက်လှသည်။
ယခုတွင် ၎င်းမှာ ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်၊ ထို့ကြောင့် ၎င်းသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ ကြောင်းကျိုးဆက်စပ်မှုကို နှောင့်ယှက်ကာ၊ အကြောင်းနှင့် အကျိုးကိုပင် ပြောင်းပြန်လှန်သွားစေနိုင်ပေသည်။
၎င်းမှာ ထိုလက်ကြီးသည် မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို ရောင်ပြန်ဟပ်သွားစေကာ၊ ရန်သူများ၏ ကိုယ်ပိုင်တိုက်ကွက်အား သူတို့ကျဆုံးသွားရသည့် အကြောင်းတရားအဖြစ် ပြောင်းလဲပေးနိုင်သည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
၎င်းမှာ အဆိုပါ နိယာမ၏ စွမ်းအားကို ကြီးမားသွားစေသည့် နက်ရှိုင်းသော အနှစ်သာရများ ပါဝင်သည့် အပေါ်ယံ နားလည်မှုမျှသာ ဖြစ်သည်။
အကယ်၍ အဆင့်မြင့် အထွတ်အထိပ် ပညာရှင်တစ်ဦးဦကသာ ဤနေရာတွင် ရှိနေမည်ဆိုပါက၊ သူသည် မည်သို့မျှ ပြန်မတိုက်ဘဲ၊ ကြောက်မက်ဖွယ်ကောင်းသည့် အဖြူရောင် လက်ကြီးတစ်ဖက်က သူ့အား ဖုန်မှုန့်များအဖြစ် ပြောင်းလဲပေးသည်ကို စောင့်ကြည့်နေရန်သာ တတ်နိုင်မည် ဖြစ်သည်။
“ ချိုးဖျက် “
ကြယ်တာရာ T-Rex နတ်ဘုရားမှ လက်ညှိုးညွှန်လာခဲ့ရာ၊ အဖြူအနက် အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့သည်။
အဆိုပါ အဖြူအနက် အလင်းတန်းသည် အလွန်တရာ ရှုပ်ထွေးနေခဲ့ပြီး၊ တစ်ဝက်မှာ ယိုယွင်းပျက်စီးမှု ပါဝင်နေပြီး၊ ကျန်တစ်ဝက်တွင် အဆုံးမဲ့ အသက်စွမ်းအားများ ပါရှိနေခဲ့သည်။ ဆန့်ကျင်ဘက် အရာနှစ်ခုက ပေါင်းစည်းသွားသည့် အချိန်တွင်၊ ၎င်းတို့သည် အန္တိမ နိယာမတစ်ခုအဖြစ် ဖွဲ့စည်းသွားခဲ့သည်။
အသက်နှင့် မရဏ နိယာမ
အသက်နှင့် မရဏသည် အရာအားလုံး၏ သံသရာကို ကိုယ်စားပြုပြီး၊ ၎င်းတို့၏ မြင့်တက်ခြင်းနှင့် ကျဆုံးခြင်းတို့ကို အစိုးရသည်။
ယခင်က နဝမအဆင့်နယ်ပယ်တွင် ရှိနေခဲ့စဥ် အချိန်က၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် အဆိုပါ နိယာမကို အားကိုး၍ အထွတ်အထိပ် ပညာရှင်များကို တိုက်ခိုက်နိုင်ခဲ့သည်။
ယခုတွင် အဆိုပါ နိယာမမှာ ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သောကြောင့်၊ ၎င်း၏စွမ်းအားမှာလည်း ယခင်ကထပ် ပိုမိုသာလွန်နေပြီ ဖြစ်သည်။
သူသည် အတွေးတစ်ခုတည်းဖြင့် ကမ္ဘာတစ်ခုလုံးကို ပျက်စီးခြင်း ဖြစ်စဥ်အတွင်းသို့ ကျဆင်းသွားစေနိုင်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အဖြူအနက် အလင်းတန်းက ဧရာမ အဖြူရောင်လက်ကြီးကို ဖုံးလွှမ်းသွားခဲ့သည်။
“ ဗွီ “
အရာအားလုံး၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို အစိုးရသည့် အသက်နှင့် မရဏ နိယာမသည် ပြိုင်ဘက်၏ နတ်စွမ်းရည်များကိုလည်း ချက်ချင်း ဝါးမြိုနိုင်ပေသည်။
ဧရာမ အဖြူရောင် လက်ကြီးမှာ သိသာထင်ရှားသော အမြန်နှုန်းဖြင့် ညှိုးနွမ်းသွားခဲ့သည်။
သို့သော် ကြောင်းကျိုးဆက်စပ်မှု နိယာမ၏ လွှမ်းမိုးမှုအောက်၌ အဖြူအနက် အလင်းတန်းမှာလည်း လျင်မြန်စွာ မှိန်ဖျော့သွားခဲ့သည်။
တစ်ခဏခန့်အကြာအထိ သူမသာကိုယ်မသာ ဖြစ်နေခဲ့သည်။
“ တာအိုရောင်းရင်း တိကျွမ်းကတော့ မျှော်လင့်ထားခဲ့တဲ့အတိုင်းပါပဲ၊ ဒီကြောင်းကျိုးဆက်စပ်မှု နိယာမရဲ့စွမ်းအားက ငါ့အတွက်တောင် ဖြေရှင်းရခက်နေခဲ့တယ် “
ကြယ်တာရာ T-Rex နတ်ဘုရားမှ အသာအယာ ပြုံးပြလိုက်သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ပုံရိပ်မှာ ရုတ်တရက် ရှေ့တက်လာခဲ့သည်။
မိုင်တစ်ရာဆိုသည်မှာ အထွတ်အထိပ် ပညာရှင်များအတွက် အသက်ရှူကြိမ် တစ်ကြိမ်ပင် သုံးစရာမလိုအပ်သော အကွာအဝေးတစ်ခု ဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် တိကျွမ်းထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
တိကျွမ်း၏ မျက်လုံးများ ကျဥ်းမြောင်းသွားကာ၊ သူ၏လက်ကို လျင်မြန်စွာ လှုပ်ရှား၍ ကြောင်းကျိုးဆက်စပ်မှု နိယာမ စွမ်းအင်ဒိုင်းများကို သူ့အရှေ့တွင် ဖွဲ့စည်းလိုက်သည်။
“ ဘုမ်း ဝုန်း ဘုမ်းး “
မည်သည့်အဆင့်မြင့် အထွတ်အထိပ် ပညာရှင်ကိုမဆို စိန်ခေါ်နိုင်သည့် ကြောင်းကျိုးဆက်စပ်မှု နိယာမစွမ်းအင်ဒိုင်းများသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ လက်သီးထိုးချက်အောက်တွင် ချက်ချင်းပြိုကွဲသွားခဲ့သည်။
“ ဘမ်းးးး “
မျက်စိတစ်မှိတ်အတွင်းမှာပင် ကြယ်တာရာ T-Rex နတ်ဘုရား၏ လက်သီးမှာ တိကျွမ်း၏ ရင်ဘတ်ပေါ်သို့ ကျရောက်လာခဲ့သည်။
ဘုမ်းးး
တိကျွမ်းသည် အမြှောက်ဆံတစ်ခုကဲ့သို့ လွင့်ထွက်သွားခဲ့ပြီး၊ သူလွင့်ထွက်သွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသည့် ဟင်းလင်းပြင်မှာလည်း ဖန်ကဲ့သို့ ကွဲအက်သွားခဲ့သည်။
တိကျွမ်းသည် ကီလိုမီတာ သိန်းချီအကွာသို့ ရောက်ရှိသွားမှသာလျှင် သူ့ကိုယ်သူ ပြန်လည်တည့်မတ်နိုင်ခဲ့သည်။
“ မင်းနိုင်တယ် “
တိကျွမ်းသည် ကူရာကယ်ရာမဲ့နေသော အမူအရာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်နေခဲ့သည်။
သူသည် အန္တိမ အထွတ်အထိပ်သို့ ရောက်လာခဲ့သည့် အချိန်မှာပင် ကြယ်တာရာ T-Rex နတ်ဘုရားကို ရှုံးနိမ့်နေဦးမည်ဟု မထင်မှတ်ထားခဲ့ပေ။
“ မင်းက ငါ့ကို အလျှော့ပေးခဲ့တာပါ “
ကြယ်တာရာ T-Rex နတ်ဘုရားမှာ အသာအယာ ပြုံးနေတော့သည်။
သူ၏ရုပ်ခန္ဓာက အန္တိမ အထွတ်အထိပ်သို့ ရောက်ရှိနေသည်မှာ အချိန်အတော်ကြာနေခဲ့ပြီ ဖြစ်ပြီး၊ သူ၏ နိယာမများ အဆင့်တက်သွားခဲ့သည့်နောက်တွင် သူ၏ ရုပ်ခန္ဓာမှာလည်း ပိုမိုတိုးတက် အားကောင်းလာခဲ့သည်။
…………………………………………………………………………………………………………………………………………
အပိုင်း ( 690 )
တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေနိုင်သော လျှို့ဝှက်ချက်၊ ကောင်းကင်တာအို ဖြစ်လာခြင်း ၂
ဆန့်ကျင်ဘက်အနေဖြင့် တိကျွမ်း၏ ရုပ်ခန္ဓာကမူ အဆင့်မြင့် အထွတ်အထိပ် နယ်ပယ်တွင်သာ ရှိနေသေးသည်။
ထို့အပြင် သူသည် ဖန်တီးခြင်း နိယာမကိုပင် အသုံးမပြုရသေးပေ။
၎င်းကို အသုံးပြုလိုက်မည်ဆိုပါက၊ တိုက်ပွဲမှာ ပွဲမစရသေးခင် အချိန်မှာပင် ပြီးဆုံးသွားခဲ့မည် ဖြစ်သည်။
“ ငါ့ရဲ့ နိယာမ အဆင့်တက်မှုကြောင့်၊ အန္တိမ အထွတ်အထိပ် ပညာရှင်အများစုက ငါ့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ဤတိုက်ပွဲမှတစ်ဆင့် သူ၏ကိုယ်ပိုင်ခွန်အားကို ပိုမိုယုံကြည်သွားခဲ့သည်။
အန္တိမ အထွတ်အထိပ် နယ်ပယ်၌ ထူးခြားသော ပညာရှင်ကို မရင်ဆိုင်ရသေးသရွေ့၊ သူ့ကို မည်သူကမှ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။
ကြယ်တာရာ T-Rex နတ်ဘုရားသည် တွေးတွေးဆဆဖြင့် ရေရွတ်ပြောဆိုနေခဲ့သည် “ ဒါပင်မဲ့ အန္တိမ အထွတ်အထိပ်က အကန့်အသတ်ကို ရောက်နေတဲ့ပုံပဲ။ အဲ့တာရဲ့ အထက်မှာရှိတဲ့ အန္တိမနယ်ပယ်ကို ဘယ်လိုသွားရမလဲ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် တိကျွမ်းသည် မယုံကြည်နိုင်ဖြစ်သော အမူအရာဖြင့် သူ့ကို စိုက်ကြည့်လာခဲ့သည်။
မင်းက အခုမှ အဆင့်တက်ထားတာလေ၊ နောက်တစ်ဆင့်ကို သွားချင်နေပြီလားဟ
တစ်ခဏအကြာတွင် သူသည် ခေါင်းတခါခါဖြင့် စကားစပြောလာခဲ့သည် “ အန္တိမနယ်ပယ်ကို ပေါင်းစပ်ဒြပ်စင် နယ်ပယ်လို့လည်း ခေါ်တယ်။ အရင်တုန်းကတော့ အဲ့အဆင့်ကို ရောက်ဖို့အတွက် တစ်ခါမှ မတွေးခဲ့ဖူးပင်မဲ့၊ အခုတော့ အဲ့အဆင့်နဲ့ ပတ်သက်ပြီး၊ အခြေအနေတစ်ချို့ကို သိလာရပြီ “
ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ တောက်ပသွားကာ၊ စကားပြန်ပြောလာခဲ့သည် “ ဘာလို့ငါ့ကို မပြောပြရတာလဲဟ “
တိကျွမ်းမှ စကားထပ်ပြောလာခဲ့သည် “ ပေါင်းစပ်ဒြပ်စင်နယ်ပယ်ဆိုတာက ဒြပ်စင် ညီညွတ်ပေါင်းစည်းသွားတာကို ဆိုလိုတာပဲ။ မင်းနားလည်ထားခဲ့တဲ့ နိယာမတွေ အကုန်လုံးကို နိယာမ တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီးတော့၊ မင်းအတွက် ထူးခြားတဲ့ တာအိုတစ်ခုကို ဖန်တီးရတာ “
“ ဖန်တီးခြင်း လမ်းကြောင်းလား “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုစကားကို ကြားကာ၊ တအံ့တဩ ဖြစ်သွားခဲ့သည်။
“ အဲ့တာက သုညကနေ တစ်ဖြစ်အောင် ဖန်တီးရတာမလား “
“ အင်း၊ အမှန်ပဲ “
တိကျွမ်းသည် ခေါင်းငြိမ့်ပြကာ စကားထပ်ပြောလာခဲ့သည် “ ကမ္ဘာဦးအစတုန်းက သတ္ထု၊ သစ်သား၊ ရေ၊ မီး၊ မြေ၊ လေနဲ့ မိုးကြိုးတို့လို အခြေခံ တာအိုတွေပဲ ရှိခဲ့တယ်လို့ ပြောကြတယ် “
“ အဲ့တာတွေကပဲ ကမ္ဘာကြီးရဲ့ အခြေခံ ပစ္စည်းတွေကို ဖန်တီးပြီးတော့ အဲ့တာရဲ့ လည်ပတ်မှုကို ထိန်းညှိပေးတယ် “
“ ဒါပင်မဲ့ အဲ့အချိန်တုန်းကတော့ ငါ့ရဲ့ ကြောင်းကျိုးဆက်စပ်မှု နိယာမနဲ့ မင်းရဲ့ အသက်နဲ့ မရဏ နိယာမလိုဟာတွေ မရှိခဲ့ဘူး “
ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း အံ့ဩတကြီး ဖြစ်သွားခဲ့သည် “ နောက်မှပေါ်လာတဲ့ နိယာမတွေက အန္တိမနယ်ပယ်လူတွေ ဖန်တီးခဲ့တာလို့ ပြောနေတာလား “
“ အဲ့လိုပဲ ဖြစ်ဖို့များတယ် “ တိကျွမ်းမှ ခေါင်းငြိမ့်ပြလာခဲ့သည်။
“ သူပြောတာ မှန်တယ် “
ကြယ်တာရာ T-Rex နတ်ဘုရား တအံ့တဩ ဖြစ်နေသည့် အချိန်တွင် အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့သည့် ရွှေရောင်မီးလျှံ၏ အသံ ပေါ်ထွက်လာခဲ့သည်။
ရွှေရောင်မီးလျှံမှ စကားဆက်ပြောလာခဲ့သည် “ အန္တိမနယ်ပယ်ကို အဆင့်တက်ခဲ့တုန်းက ဆရာက ဟင်းလင်းပြင်-အချိန် နိယာမကို ဖန်တီးခဲ့တယ်၊ အဲ့တာကပဲ ဒီကမ္ဘာကြီးမှာ ဟင်းလင်းပြင်-အချိန် နိယာမကို ပေါ်ထွက်လာစေခဲ့တယ် “
“ အန္တိမ အဆင့်ကို ရောက်ဖို့အတွက် လူတစ်ယောက်က ပြီးပြည့်စုံတဲ့ တာအိုတစ်ခုကို သေချာပေါက် ဖန်တီးရမယ် “
“ ငါ့ဆရာပြောခဲ့တာကတော့ အခုလက်ရှိ ကြောင်းကျိုးဆက်စပ်မှုလမ်းကြောင်း၊ အသက်နဲ့ မရဏလမ်းကြောင်း၊ ဖျက်စီးခြင်း လမ်းကြောင်းတွေက အန္တိမအဆင့် ပညာရှင်တွေ ဖန်တီးခဲ့တာတဲ့။ ဘာလို့လဲဆိုတော့ အဲ့အဆင့်ကို ရောက်သွားရင်၊ ဖန်တီးခြင်း အရိပ်အယောင်တွေကို မြင်နိုင်လာလို့ပဲ “
ထိုစကားများကို ကြားလိုက်ရသည့်နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာ ပို၍ အံ့ဩတကြီး ဖြစ်သွားခဲ့သည် “ အဲ့တာဆိုရင် ဒီကမ္ဘာကြီးထဲမှာ အန္တိမအဆင့် ပညာရှင်တွေ အများကြီး ပေါ်လာခဲ့တာပေါ့။ သူတို့က ဘယ်ကို ရောက်သွားတာလဲ “
“ ဆရာကလည်း အဲ့ကိစ္စကိုပဲ ဇဝေဇဝါ ဖြစ်နေခဲ့တာ။ အန္တိမ ပညာရှင်တွေက တော်တော်ကြီးကို အစွမ်းထက်ကြတယ်လေ၊ တစ်ယောက်ချင်းစီတိုင်းကလည်း သူတို့ခေတ်ရဲ့ ပါရမီရှင်တွေချည်းပဲ။ ယုတ္တိရှိရှိ ပြောရမယ်ဆိုရင်၊ သူတို့ရဲ့ ခြေရာလက်ရာတွေကို ရှာတွေ့ခဲ့သင့်တယ်၊ ဒါပင်မဲ့ ဆရာက စကြာဝဠာတစ်ခုလုံးမှာ ရှာခဲ့ပြီးပြီ၊ ဒါပင်မဲ့ သူက ဘာကိုမှ ရှာမတွေ့ခဲ့ဘူး “
“ နောက်တော့ ဆရာက အဲ့ဒီပညာရှင်တွေက အသွင်ပြောင်းသွားတယ်ဆိုတဲ့ ယူဆချက်တစ်ခုကို ခန့်မှန်းနိုင်ခဲ့တယ် “
“ အသွင်ပြောင်းသွားတာလား “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
ရွှေရောင်မီးလျှံမှ ရှင်းပြလာခဲ့သည် “ အန္တိမနယ်မြေကို ရောက်လာခဲ့ပြီးနောက်မှာ ရှေ့ကို ဆက်သွားဖို့အတွက် သူတို့က တာအိုနဲ့ အပြည့်အဝ ပေါင်းစပ်သွားပြီးတော့၊ ထာဝရ တည်တံ့သွားတာမျိုးပဲ “
“ အဲ့တာကြောင့် သူတို့က စကြာဝဠာရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာပြီးတော့၊ သက်ရှိအားလုံးကို လျစ်လျူရှုထားတဲ့ ကောင်းကင်တာအို ဖြစ်သွားကြတယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူမ၏ဆိုလိုရင်းကို နားလည်သွားခဲ့သည်။
ကောင်းကင် တာအိုအဖြစ် အသွင်ပြောင်းခြင်း
အဲ့တာဆို သူတို့က အသက်ရှင်နေသေးတာလား။ ကောင်းကင်ထိန်းချုပ်တာ ခံရတဲ့ ရုပ်သေးရုပ်တွေ ဖြစ်သွားတာလား
ရွှေရောင်မီးလျှံမှာ စကားဆက်ပြောလာခဲ့သည် “ အသွင်ပြောင်းတာကို အထင်မသေးနဲ့။ အဲ့ခြေလှမ်းကို လှမ်းဖို့အတွက် သတ္တိ အကြီးကြီး လိုအပ်တယ်။ စကြာဝဠာတစ်ခုလုံးမှာ အန္တိမ ပညာရှင်တွေက သေးငယ်နေပုံရပင်မဲ့၊ ကျယ်ပြောတဲ့ စကြာဝဠာဆန္ဒနဲ့ ပေါင်းစပ်ဖို့အတွက်က အန္တိမ ပညာရှင်တွေတောင် လုံးဝလွယ်ကူမနေဘူး “
“ ဒါပင်မဲ့ အောင်မြင်သွားတာနဲ့၊ သူတို့က ဒီကမ္ဘာလောကကို ကျော်လွန်သွားပြီးတော့၊ စကြာဝဠာအပြင်ဘက်က အုပ်စိုးသူတွေ ဖြစ်လာကြတယ်။ သူတို့က ဒီစကြာဝဠာကြီးရဲ့ သက်ရှိတွေတောင် မဟုတ်ကြတော့ဘူး “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာ ယခင်က ဖရိုဖရဲကမ္ဘာကို ဖန်တီးခဲ့သည့် အချိန်က မြင်ကွင်းများကို ရုတ်တရက် အမှတ်ရသွားခဲ့သည်။
ဒီစကြာဝဠာကို ကျော်လွန်တာလား၊ သူတို့က အန္တိမ အဆင့်ကို ကျော်လွန်သွားတာများလား
ဒီစကြာဝဠာကြီးရဲ့ သက်ရှိတွေ မဟုတ်တော့ဘဲ၊ ဖန်ဆင်းရှင် နတ်ဘုရားလို အဆင့်မျိုးကို ရောက်သွားကြတာလား
ဒါပင်မဲ့ အဲ့လို ဖြစ်နိုင်ခြေမျိုးက ရှိကောရှိရဲ့လားဟ
အကယ်၍ သူဖန်တီးခဲ့သည့် သတ္တဝါများကသာ သူ့ဖရိုဖရဲ ကမ္ဘာ၏ အမြင့်ဆုံး အဆင့်ကို ကျော်လွန်ပြီး၊ သူနှင့် အဆင့်တူသော အနေအထားမျိုးအထိ ရောက်ရှိလာမည်ဆိုပါက၊ သူသည် ၎င်းကို သည်းခံနေမည် မဟုတ်ပေ။
၎င်းတို့မှာ သူ၏ဖန်တီးမှုများ ဖြစ်ပြီး၊ သူနှင့် အဆင့်တူလာခြင်းမှာ သူတည်ဆောက်ထားခဲ့သည့် စကြာဝဠာ စည်းမျဥ်းကို ဖောက်ဖျက်ခြင်းပင် ဖြစ်သည်။
“ တော်ပါပြီလေ၊ အခုချိန်က အဲ့ကိစ္စတွေကို စဥ်းစားဖို့အတွက် စောလွန်းနေပါသေးတယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ဦးခေါင်းကို ခါရမ်းနေတော့သည်၊ သူသည် အန္တိမနယ်ပယ်သို့ပင် မရောက်သေးချေ။
ရွှေရောင်မီးလျှံ ပြောခဲ့သည့် အသွင်ပြောင်းခြင်းဆိုသည်မှာ လူတစ်ဦး၏ နိယာမစွမ်းအားနှင့် ရုပ်ခန္ဓာ၊ နှစ်ခုစလုံးက ဤစကြာဝဠာ၏ အကန့်အသတ်သို့ ရောက်ရှိသည်အထိ ကျွမ်းကျင်၊ အားကောင်းနေမှသာလျှင် ပြုလုပ်နိုင်သော အရာဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရား၏ ယခုလက်ရှိ ရည်မှန်းချက်မှာ သူ၏နိယာမ အားလုံးကို ပေါင်းစည်းကာ၊ သူတစ်ဦးတည်းနှင့်သာ သက်ဆိုင်သည့် တာအိုတစ်ခုကို ဖန်တီးရန် ဖြစ်သည်။
ထိုလမ်းကြောင်းအား မည်ကဲ့သို့ လျှောက်လှမ်းသင့်လဲဆိုသည်ကိုမူ သူရော၊ တိကျွမ်းပါ မသိကြပေ။
ထိုအချိန်တွင် ရွှေရောင်မီးလျှံမှာ စကားထပ်ပြောလာခဲ့ပြန်သည် “ ဒီကမ္ဘာကြီးရဲ့ အန္တိမနယ်ပယ် လမ်းကြောင်းက ပိတ်ဆို့ခံထားရတယ်။ အမှောင်နယ်မြေဆီမှာတော့ အဖြေတစ်ခု ရှိနေမယ်လို့ထင်တယ် “
“ အမှောင်နယ်မြေလား “ ကြယ်တာရာ T-Rex နတ်ဘုရား အတွေးနက်သွားခဲ့သည်။
သူနှင့် ရွှေရောင်မီးလျှံကြားရှိ စကားဝိုင်းမှာ အလွန်တရာ ရှည်လျားနေပုံရသော်လည်း၊ ၎င်းမှာ မျက်စိတစ်မှိတ်အတွင်းတွင်သာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုစဥ် တိကျွမ်းသည် သူ့ကို ကြည့်ကာ မေးမြန်းလာခဲ့သည် “ မင်းဘာလုပ်ဖို့ စီစဥ်ထားလဲ။ အခွင့်အလမ်းတွေအတွက် ဆက်လုဦးမှာလား “
“ အရင်ဦးဆုံး စုံစမ်းကြတာပေါ့ကွာ “
ကြယ်တာရာ T-Rex နတ်ဘုရားမှ အသာအယာ ပြုံးပြလိုက်သည်၊ ထို့နောက်တွင် အားကောင်းသော စိတ်စွမ်းအင်လှိုင်းတစ်ခုမှာ ရေစီးကဲ့သို့ ပေါက်ထွက်လာခဲ့ပြီး၊ ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားခဲ့သည်။
ယခင်က သူသည် အန္တိမ အထွတ်အထိပ်သို့ အမှန်တကယ် မရောက်ရှိသေးသောကြောင့်၊ သတိကြီးကြီး ထားခဲ့ရကာ၊ စိတ်စွမ်းအားကိုပင် ပေါ့ပေါ့ဆဆ မသုံးရဲခဲ့ပေ။
သို့သော် ယခုတွင်ကား သူ၏အန္တိမ နိယာမနှစ်ခုစလုံးက ပြီးပြည့်စုံသွားခဲ့ပြီ ဖြစ်သည်။
သူ၏ ရုပ်ခန္ဓာနှင့် နတ်စွမ်းအား နှစ်ခုစလုံးမှာ အန္တိမ အထွတ်အထိပ်၏ စံနှုန်းများဖြင့် ကိုက်ညီနေခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် သူသည် မည်သူ့ကိုမှ ဂရုစိုက်နေရန် မလိုတော့ပေ။ သူ၏ ယခုလက်ရှိ စွမ်းအားနှင့်သာဆိုပါက၊ အန္တိမနယ်မြေတစ်ခုလုံးကိုပင် ဇောက်ထိုးမိုးမျှော်လုပ်နေနိုင်ပြီ ဖြစ်သည်။
“ ဟမ်။ ဒီအန္တိမနယ်မြေက ငါထင်ထားတာထပ် ပိုကြီးနေတာပဲ “
ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်စွမ်းအားလှိုင်းသည် တစ်စက္ကန့်လျှင် ကီလိုမီတာ သန်းဂဏန်းဆိုသည့် အမြန်နှုန်းဖြင့် ရွေ့လျားနေခဲ့သည်။
ထိုစိတ်စွမ်းအားသည် မိသားစုကြီးများနှင့် ဂိုဏ်းကြီးများကိုပါ ကျော်ဖြတ်သွားခဲ့သည်။
၎င်းတို့သည် အဆိုပါ နတ်စွမ်းအားကို ခံစားလိုက်ရသောအခါတွင် အရင်ဦးဆုံး ဒေါသထွက်သွားကြသည်၊ သို့သော် ၎င်းက အန္တိမ အထွတ်အထိပ် ပညာရှင်၏ စိတ်စွမ်းအားဖြစ်ကြောင်းကို လျင်မြန်စွာ သိရှိသွားကာ၊ ချက်ချင်းကြောက်ရွံ့သွားကြသည်။
အန္တိမနယ်မြေအတွင်းမှာပင် ဂိုဏ်းတိုင်း၊ မိသားစုတိုင်းက အန္တိမ အထွတ်အထိပ်အဆင့် ပညာရှင်ကို မပိုင်ဆိုင်ထားကြပေ။
ရှေးခေတ်ကတည်းက အဆင့်ဆင့် လက်ဆင့်ကမ်းကာ အမွေဆက်ခံလာကြသည့် ထိပ်တန်းမိသားစုကြီးများနှင့် ဂိုဏ်းကြီးများကသာလျှင်၊ ထိုကဲ့သို့သော တည်ရှိမှုမျိုးကို ပိုင်ဆိုင်ထားကြသည်။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကမူ ထိုကဲ့သို့သော မိသားစုကြီးများနှင့် ရင်ဆိုင်ရသည့် အချိန်မှာပင်၊ စိတ်စွမ်းအားကို အသုံးပြုကာ နေရာတိုင်းကို ရှာဖွေစူးစမ်းခဲ့သည်။
“ ဘုမ်း “
“ ဘုမ်း “
“ ဘုမ်း “
ယနေ့၌ အန္တိမနယ်မြေ၏ နေရာတိုင်းလိုလိုတွင် ကောင်းကင်ထက်သို့ ထောင်တက်လာကြသည့် အစွမ်းထက် အရှိန်အဝါများစွာ ရှိနေခဲ့ပြီး၊ ၎င်းတို့အားလုံးမှာ အန္တိမ အထွတ်အထိပ် ပညာရှင်များသာ ဖြစ်နေခဲ့သည်။
သူတို့သည် ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်စွမ်းအားကို ခံစားမိသွားကာ၊ ခြိမ်းခြောက်ရန်နှင့် ခုခံရန်အလို့ငှာ သူတို့၏ အရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြခြင်း ဖြစ်သည်။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကမူ မည်သို့မျှ မရပ်တန့်ခဲ့ဘဲ၊ သူ၏ စိတ်စွမ်းအားလှိုင်းကို ဆက်လက်၍ ပျံ့လွင့်စေခဲ့သည်။
ဤအန္တိမနယ်မြေသည် သူမျှော်မှန်းထားသည်ထပ် ပိုမိုကြီးမားနေခဲ့ပြီး၊ ယခုလက်ရှိ ကြယ်ပြာဂြိုဟ်ထပ်ပင် အဆပေါင်းများစွာ ပိုမိုကြီးမားနေခဲ့သည်။
ယခုလက်ရှိ ကြယ်တာရာ T-Rex နတ်ဘုရားအတွက်မူ အန္တိမနယ်မြေကဲ့သို့ ကမ္ဘာတစ်ခု ဖန်တီးရခြင်းမှာ ထမင်းစား၊ ရေသောက်ရသကဲ့သို့ လွယ်ကူနေပြီ ဖြစ်သည်။
“ ဟမ် “
ထိုအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်စွမ်းအားသည် မူလနယ်မြေ ဝင်ပေါက်ဆီသို့ ရောက်ရှိသွားခဲ့သည်။
“ သေချင်နေတာပဲ “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာ၌ ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုစိတ်တစ်ခု ဖြစ်တည်လာခဲ့သည်။
“ ဘာဖြစ်တာလဲ “
သူ၏ အမူအရာကို မြင်တွေ့လိုက်ရသောအခါတွင် ဘေးတစ်ဖက်ရှိ တိကျွမ်းမှာလည်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို အာရုံမိသွားခဲ့ကာ၊ အလျင်စလို မေးမြန်းလာခဲ့သည်။
“ ကြယ်ပြာဂြိုဟ် ဝင်ပေါက်မှာရှိတဲ့ အက်ကွဲကြောင်းက ပြန်ကောင်းသွားပြီ “
ထို့နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ထိုနေရာဆီသို့ ဦးတည်သွားတော့သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် တိကျွမ်း၏ အမူအရာမှာလည်း ပြောင်းလဲသွားခဲ့သည်။ အက်ကွဲကြောင်းက ပြန်ကောင်းသွားပြီလား၊ ငါတို့က ပြန်လို့မရတော့ဘူးလား
သူတို့သည် အဆင့်ထိုးဖောက်ရန်အတွက် ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်ပြီး၊ ထို့နောက်တွင် အမှောင်နယ်မြေဆိုသည့် အကြပ်အတည်းကို ဖြေရှင်းရန်အတွက် ကြယ်ပြာဂြိုဟ်သို့ ပြန်ကြမည် ဖြစ်သည်။
အကယ်၍ ဤနေရာတွင် ပိတ်မိနေမည်ဆိုပါက၊ ရလဒ်မှာ တွေးဝံ့စရာပင် မရှိပေ။