← Chapters

အခန်း (၁၁၈၁-၁၁၈၂)

Vol. 119 Ch. 1181-1182

အခန်း (၁၁၈၁-၁၁၈၂)

Vol. 119 Ch. 1181-1182

အခန်း (၁၁၈၁) တာအိုဂိုဏ်းပွဲတော်

ယွီရွှီဂြိုဟ်ကနေ ထွက်ခွာပြီးနောက် ဖန့်ချန်ဟာ ဖူယွမ်ကျူး၊ ချူကျားတို့နဲ့ အတူမသွားဘဲ ယင်လောကငယ် ရှန်းကျင်းမြို့ဆီ အရင်သွားလိုက်ပါတယ်။

အဲဒီနောက် ရှန်ထူချန်း အပါအဝင် ဌာနအသီးသီးက ဌာနမှူး တွေကို ဆင့်ခေါ်လိုက်ပါတယ်။

"စီရင်စုနယ်မြေ ၄ ခုဘက်က အစီအစဉ်တွေ ဘယ်လိုရှိလဲ "

ဖန့်ချန်ရဲ့ အကြည့်က ဌာနမှူးတစ်ယောက်ချင်းစီရဲ့ မျက်နှာကို ဝေ့ကြည့်ပြီးနောက် နောက်ဆုံးမှာတော့ စစ်သူကြီး ရှောင်းလန် ဆီမှာ ရပ်တန့်သွားပါတယ်။

လူတိုင်းရဲ့ စိတ်အာရုံတွေ နိုးကြားသွားကြပါတယ်။

ဒီနှစ်တွေအတွင်း သူတို့ရဲ့ အာရုံစိုက်မှုက မြေဝက်ဝံဂြိုဟ်ပေါ်မှာပဲ ရှိနေခဲ့တာပါ။

ဒါပေမဲ့ ဝိညာဉ်နတ်ဘုရားဂိုဏ်းက တဖြည်းဖြည်း ဆုတ်ခွာသွားတာနဲ့အမျှ သူတို့ရဲ့ အင်အားအများစုကို ဖန်တီးရှင်ဂြိုဟ်၊ အထူးသဖြင့် စီရင်စုနယ်မြေ ၄ ခု ဆီကို ပြောင်းလဲ အာရုံစိုက်ခဲ့ကြပါတယ်။

"သခင်လေး မှာကြားထားတဲ့အတိုင်းပါပဲ၊ ဝိညာဉ်သုတ်သင်ရေးဌာနနဲ့ ယင်ချောင်စီဌာနတို့ ပူးပေါင်းပြီး ချောင်ဖုန်းနယ်မြေမှာရှိတဲ့ ဝိညာဉ်နတ်ဘုရားဂိုဏ်း ကျင့်ကြံသူ ဖြစ်နိုင်ခြေရှိသူအားလုံးကို စာရင်းပြုစုထားပြီးပါပြီ"

"နေ့တိုင်း လူလွှတ်ပြီး စောင့်ကြည့်နေတာပါ အဲဒီထဲက ကိုးပုံတစ်ပုံကတော့ ဝိညာဉ်နတ်ဘုရားဂိုဏ်းကလူတွေ ဖြစ်တာ သေချာသွားပါပြီ ကျန်တဲ့လူတွေကတော့ အခုထိ အရိပ်အယောင် မပြသေးပါဘူး"

ရှောင်းလန်က ခပ်တိုးတိုး ဆိုပါတယ်

"ဒီအတောအတွင်းမှာ ကျုပ်တို့လူတွေက ဘာမှ ထူးထူးခြားခြား လှုပ်ရှားတာမျိုး မလုပ်ခဲ့လို့ သူတို့ဘက်ကလည်း ရိပ်မိတာမျိုး မရှိပါဘူး"

"လုံယွမ်၊ မင်ဟု နဲ့ စစ်ဝေနယ်မြေတွေကရော "

"ကျုပ်တို့မှာ လူအင်အား မလောက်ငှတာကြောင့် အဲဒီသုံးနေရာကိုတော့ အကြမ်းဖျင်းပဲ စစ်ဆေးထားနိုင်ပါသေးတယ်၊ ရလဒ်ကတော့ သိပ်မထွက်သေးပါဘူး"

"မစိုးရိမ်ပါနဲ့၊ စုန့်ကျစ်လီက ချောင်ဖုန်းနယ်မြေမှာ အခြေစိုက်တယ်ဆိုကတည်းက ဒီနေရာက ဝိညာဉ်နတ်ဘုရားဂိုဏ်းအတွက် အရေးအကြီးဆုံးနေရာ ဖြစ်နေလို့ပဲ"

ဖန့်ချန်က ပြုံးလိုက်တယ်

"အမိန့်ပေးလိုက်တော့၊ အားလုံး အသင့်ပြင်ထားကြ၊ ပိုက်ကွန်သိမ်းဖို့ အချိန်တန်ပြီ"

လူတိုင်း အံ့သြသွားကြပါတယ်၊ ပိုက်ကွန်သိမ်းတော့မယ် ဟုတ်လား

စုန့်ကျစ်လီရဲ့ အစွမ်းက လျှော့တွက်လို့ မရသလို၊ သူ့နောက်မှာလည်း အဆင့် ၃ ဓားကျင့်ကြံသူ နှစ်ယောက် ရှိနေပါသေးတယ်။

ယင်လောကငယ်ရဲ့ အင်အားနဲ့ ပိုက်ကွန်သိမ်းဖို့ဆိုရင် အနည်းဆုံး အဆင့် ၃ နတ်ဘုရားဝိညာဥ် လေးယောက်လောက် လိုအပ်မှာပါ။

အခု သူတို့သိထားတာက ယင်စိန့်ဂိုဏ်းက ယွီထင်ကျဲ တစ်ယောက်ပဲ အဆင့် ၃ ရှိတာပါ။

"စုန်ကျစ်လီက အခုလောလောဆယ် ကိုယ့်ကိုယ်ကိုယ်တောင် မနည်း ကာကွယ်နေရတာ လီဝူဝမ့်နဲ့ တခြား ဓားဌာနခွဲ ဌာနမှူးက ဝင်ပါချင်မှ ပါမှာပါဒါပေမဲ့ သူတို့ ဝင်ပါလာခဲ့ရင်လည်း ငါ့ဘက်က အသင့်ပြင်ထားပြီးသားပါ မင်းတို့ ပိုက်ကွန်သိမ်းရမယ့် ပစ်မှတ်က အဆင့် ၁ လွတ်လပ်သောမသေမျိုးတွေနဲ့ သူတို့အောက်က ကျင့်ကြံသူတွေပဲ ကျန်တဲ့လူတွေကိုတော့ ဂရုစိုက်နေစရာ မလိုဘူး"

ဖန့်ချန်က ပြောပါတယ်။

လူတိုင်း နားလည်သွားကြပါတယ်။

ကြည့်ရတာ လီဝူဝမ့်နဲ့ ကျန်တဲ့ အဆင့် ၃ ဓားကျင့်ကြံသူအတွက်တော့ သခင်လေးမှာ ကိုင်တွယ်မယ့် နည်းလမ်း ရှိပုံရပါတယ်။

အခု ပိုက်ကွန်သိမ်းတာက စုန့်ကျစ်လီ ဒုက္ခရောက်နေတဲ့ အချိန်နဲ့လည်း ကွက်တိပါပဲ။

ဒါဟာ ဖန်တီးရှင်ဂြိုဟ်ပေါ်က ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကို တစ်ခါတည်းနဲ့ အပြတ်အသတ် ခြေမှုန်းပစ်နိုင်မယ့် အခွင့်အရေးပါပဲ။

"ဌာနမှူး ရှောင်း ဒီတစ်ခေါက် စစ်ဆင်ရေးကို ခင်ဗျားကပဲ အုပ်ချုပ်ပါ ရှန်ထူတို့က ခင်ဗျားကို ကူညီပေးလိမ့်မယ်"

ဖန့်ချန်က ဆိုပါတယ်။

ရှောင်းလန်က စကားအများကြီး မပြောဘဲ ခေါင်းပဲ ငြိမ့် လိုက်ပါတယ်။

သူ့ရဲ့ မျက်လုံးတွေထဲမှာ အေးစက်တဲ့ အလင်းတန်းတွေ ဖြတ်ပြေးနေပြီး၊ သူ့ရဲ့ အသက်ရှူစွမ်းအင်ကလည်း သာမန် နတ်ဘုရားဝိညာဥ် တွေနဲ့ မတူဘဲ ထူးခြားနေပါတယ်။

ကြည့်ရတာ သူက ရှုကျင်းထော် လျှောက်ခဲ့တဲ့ သိုင်းပညာရှင် လမ်းစဉ်ကို လိုက်နေပုံရပါတယ်။

ဌာနမှူးတွေ အားလုံး ထွက်သွားပြီးနောက်မှာတော့ ဖန့်ချန်က ရှုကျင်းထော် ကိုပဲ ချန်ထားခဲ့ပါတယ်။

"မင်းရဲ့ ပန်းသုံးပွင့် ထိပ်ဆုံးမှာ ဆုံစည်းခြင်း က ဘယ်လို အခြေအနေရှိလဲ "

ဖန့်ချန်က ရှုကျင်းထော် ရဲ့ ခေါင်းပေါ်က ချိုသုံးချောင်းကို လှည့်ပတ်ကြည့်ရင်း မေးလိုက်ပါတယ်။

"သခင်လေး... ဒီနှစ်တွေအတွင်းမှာ ကျုပ်က အဲဒီဘက်က စွမ်းအင် တွေကို စုပ်ယူရင်းနဲ့ အခြေခံ သိုင်းပညာရှင် လမ်းစဉ်တစ်ခုကို ဖန်တီးနေခဲ့တာပါ"

ရှုကျင်းထော်က ပြုံးပြီး ပြောတယ်

"သိုင်းနတ်ဘုရားဌာနက ဝိညာဉ်တော်တော်များများလည်း အခြေခံ ရနေပါပြီ ဒီ ပန်းသုံးပွင့် ထိပ်မှာဆုံစည်းခြင်း ဆိုတာက ဒီလမ်းစဉ်ရဲ့ ကြားကာလ အဆင့်တစ်ခု ဖြစ်နိုင်ပါတယ် ကျုပ် ခံစားမိတာတော့ အဲဒီ အဖူးအပွင့်တွေ ပွင့်လာတဲ့အခါ ကျုပ် နောက်ထပ် နယ်ပယ်သစ်တစ်ခုကို တက်လှမ်းနိုင်လိမ့်မယ်"

"ကျုပ် ဒီကိစ္စကို သိပ်ပြီး ဂရုမစိုက်ဖြစ်ခဲ့ဘူး၊ ပြောပြပါဦး"

ဖန့်ချန်က ဆိုပါတယ်။

"ကျုပ်က ဒီလမ်းစဉ်ရဲ့ ပထမဆုံးအဆင့်ကို ကောင်းကင်တံခါးဖွင့် ခြင်း လို့ အမည်ပေးထားပါတယ် ဒီအဆင့်ကို ရောက်တဲ့သူက ဟင်လင်းပြင်ထဲက စွမ်းအင်နဲ့ ဆက်သွယ်နိုင်ပြီး အချိန်တိုအတွင်းမှာ တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို တစ်ချက်တည်းနဲ့ သတ်နိုင်တဲ့ စွမ်းအင်မျိုးကို ထုတ်ဖော်နိုင်ပါတယ်"

"တာအိုပေါင်းစပ်ခြင်း ကျင့်ကြံသူကို တစ်ချက်တည်းနဲ့ သတ်နိုင်တယ် ဟုတ်လား "

ဖန့်ချန်ရဲ့ မျက်နှာက အနည်းငယ် ထူးဆန်းသွားပါတယ်။

ဒီ ပကတိစွမ်းအင် ဆိုတာက ဝိညာဉ်စွမ်းအင် ဒါမှမဟုတ် မသေမျိုးစွမ်းအင်တွေနဲ့ မတူပေမဲ့ တိုက်ခိုက်နိုင်စွမ်းကို ကြည့်ရင်တော့ ဝိညာဉ်စွမ်းအင်ရဲ့ ဘောင်ကို ကျော်လွန်နေပါပြီ။

"ဒုတိယအဆင့်ကတော့ ရွှေကိုယ်ထည် ဖန်တီးခြင်း ပါ ဒီအဆင့်မှာတော့ သာမန်လူသား ခန္ဓာကိုယ်နဲ့ ပကတိစွမ်းအင်ကို စုပ်ယူပြီး တစ်သားတည်း ဖြစ်အောင် လုပ်နိုင်ပါတယ် ဒါပေမဲ့ ဒီအဆင့်ကို ရောက်တဲ့အခါ ကျုပ်ရဲ့ သက်တမ်းက ပကတိစွမ်းအင်ရဲ့ တိုက်စားမှုကို ခံရပြီး လျော့နည်းသွားတာကို သိသိသာသာ ခံစားရပါတယ် ဒါကြောင့် သိုင်းပညာရှင် လမ်းစဉ်ကို လိုက်တဲ့ သာမန်လူတွေဟာ အသက်တိုကြတာ ဖြစ်နိုင်ပါတယ် ဒီအဆင့်ရဲ့ အစွမ်းကတော့ အဆင့် ၁ လွတ်လပ်သောမသေမျိုးတွေကိုတောင် ဒဏ်ရာရစေနိုင်ပါတယ်"

ဆိုလိုတာက အဆင့် ၁ လွတ်လပ်သောမသေမျိုးကို ဒဏ်ရာရစေပြီး၊ တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူကို သတ်နိုင်တယ်ပေါ့

ဖန့်ချန် စဉ်းစားနေပါတယ်။

"ရွှေကိုယ်ထည် ပြီးရင်တော့ ဟင်းလင်းပြင်ကို ဖောက်ထွက်ခြင်း ပါ ဒီအဆင့်ကို ရောက်ရင်တော့ သာမန်လူသား ခန္ဓာကိုယ်နဲ့ ပကတိစွမ်းအင်တွေရဲ့ ကမ္ဘာထဲကို ဝင်ရောက်နိုင်ပြီး ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်နိုင်မှာပါ ကျုပ် ကွယ်လွန်ခါနီးအချိန်မှာ ဒီအဆင့်ကို ရောက်ခဲ့တာ ဖြစ်နိုင်ပါတယ်"

ဖန့်ချန်က ရှုကျင်းထော် ရဲ့ နဖူးကို ကြည့်ပြီး

"ဒါဆိုရင် အခု မင်းရဲ့ အဆင့်က မင်း မသေခင်ကထက်တောင် ပိုမြင့်နေပြီပေါ့ "

ရှုကျင်းထော်က ခေါင်းခါလိုက်တယ်

"အခု ကျုပ်က ဝိညာဉ်ခန္ဓာကိုယ် ဖြစ်နေလို့ ကျုပ်တွက်ဆထားတဲ့ လမ်းစဉ်နဲ့ နည်းနည်းတော့ ကွဲပြားနေပါတယ် ကျုပ်အခု ရောက်နေတာက ရွှေကိုယ်ထည်အဆင့် ပါပဲ ခေါင်းပေါ်က ဒီချိုသုံးချောင်းကလည်း ရွှေကိုယ်ထည်အဆင့်နဲ့ ဆိုင်နိုင်ပါတယ်"

"ဒါတောင် မဆိုးပါဘူး၊ မင်းက မရှိသေးတဲ့ လမ်းစဉ်သစ်ကို ကိုယ်တိုင် ရှာဖွေနေတာလေ ဒီအခြေအနေအထိ ရောက်တာကိုက မလွယ်လှပါဘူး"

ဖန့်ချန်က သက်ပြင်းချရင်း ဆိုတယ်

"ယုံအန်မြို့မှာတုန်းက လူတိုင်းက မင်းကို မသေမျိုးလမ်းစဉ်ကို စွန့်ပြီး သာမန်လူတွေရဲ့ လမ်းကို လိုက်တယ်ဆိုပြီး လှောင်ပြောင်ခဲ့ကြတာ မင်း တကယ်ပဲ ဒီလမ်းစဉ်မှာ ဘယ်သူနဲ့မှ မနှိုင်းယှဉ်နိုင်တဲ့ အစွမ်းတွေကို ပိုင်ဆိုင်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြဘူး"

ရှင်းကျင်ထော်က မာန်မာန မထောင်လွှားဘဲ ခေါင်းခါလိုက်တယ်

"တကယ်တော့ ဒီလမ်းစဉ်က မသေမျိုးလမ်းစဉ်ကို မယှဉ်နိုင်သေးပါဘူး ပထမဆုံး နတ်ဘုရား ဖြစ်လာတဲ့သူက ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ ဆိုတာကိုပဲ ကျုပ် တွေးမိနေပါတယ်"

ရှုကျင်းထော် ရဲ့ စကားကြောင့် ဖန့်ချန်လည်း နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်းအမျိုးမျိုးကို တွေးမိသွားပါတယ်။

"အခု သိုင်းနတ်ဘုရားဌာနမှာ ကောင်းကင်တံခါးဖွင့်ထားတဲ့သူ ၈ ယောက် ရှိနေပါပြီ သူတို့ ရွှေကိုယ်ထည်အဆင့်ကို ရောက်တဲ့အခါ ကျုပ်ခေါင်းပေါ်က ဒီချိုတွေက ကျုပ်တစ်ယောက်တည်း ဖြစ်တာလား၊ ဒါမှမဟုတ် ဒီလမ်းစဉ်ရဲ့ ထူးခြားတဲ့ ပုံရိပ်လားဆိုတာ သိရမှာပါ"

"ကျုပ် မမှားဘူးဆိုရင် ရှောင်းလန်လည်း ကောင်းကင်တံခါး ဖွင့်ထားပြီးပြီ မဟုတ်လား "

ဖန့်ချန်က မေးပါတယ်။

ရှုကျင်းထော်က ပြုံးပြီး ခေါင်းညိတ်တယ်

"ရှောင်းလန်က သိုင်းပညာမှာ ပါရမီ အရမ်းပါပါတယ် နောင်တစ်ချိန် ရွှေကိုယ်ထည်၊ ဟင်းလင်းပြင်ဖောက်ထွက်ခြင်း အဆင့်တွေကို ရောက်ဖို့က သူ့အတွက် မခဲယဉ်းပါဘူး"

"အခုတစ်ခေါက် စစ်ဆင်ရေးမှာ မင်းရဲ့ တပည့်တွေကိုပါ ခေါ်သွားပြီး လူ့လောကကို တစ်ခေါက်လောက် ပြန်လည် ပတ်ကြည့်ကြတာပေါ့"

ဖန့်ချန်က ရှုကျင်းထော် ရဲ့ ပုခုံးကို ပုတ်ပြီး အပြင်ကို ထွက်လာခဲ့ပါတယ်။

ကျုံးကျိုးနယ်မြေ ဒီနေ့မှာတော့ ကျင့်ကြံသူ တော်တော်များများဟာ တာအို ဂိုဏ်းဝင် ကျင့်ကြံသူတွေရဲ့ ထူးခြားတဲ့ လှုပ်ရှားမှုတွေကို သတိထားမိလိုက်ကြပါတယ်။

တာအိုဝတ်စုံ ဝတ်ထားတဲ့ ကျင့်ကြံသူတွေဟာ တစ်ယောက်တည်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ ကောင်းကင်ယံကို ဖြတ်သန်း ပျံသန်းနေကြတာပါ။

"ရတနာ တစ်ခုခု ပေါ်လာလို့လား"

ကျင့်ကြံသူတစ်ယောက်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။

"ရတနာ မဟုတ်ပါဘူး ကြားတာတော့ ကျုံးကျိုးက တာအိုဂိုဏ်းဝင်တွေ အကုန်လုံး တက်ရောက်ရမယ့် တာအိုဂိုဏ်းပွဲတော် တစ်ခု ကျင်းပမှာတဲ့"

"တာအိုဂိုဏ်းဝင်မှန်သမျှ တက်ရမယ် ဒါက အရမ်း အာဏာပြရာ မကျဘူးလား ဂိုဏ်းကြီး သုံးဂိုဏ်းက ကျင်းပတာလား "

"မင်း သတင်းတွေ နောက်ကျနေပြီပဲ အခု ဂိုဏ်းကြီး သုံးဂိုဏ်းဆိုတာ မရှိတော့ဘူး တာအိုနန်းတော် သုံးခုပဲ ရှိတော့တယ် ဒီတစ်ခေါက် ပွဲတော်ကိုတော့ တာအိုသုံးထောင်ဂိုဏ်း မှာ ကျင်းပမှာတဲ့"

အခန်း (၁၁၈၂) တာအိုလမ်းစဉ်ဌာန

ဒီဆယ်နှစ်အတွင်း ကျုံးကျိုးနယ်မြေမှာ ဘယ်အရာက အပြောင်းလဲဆုံးလဲလို့ မေးရင်၊ နာမည်ကျော် အင်အားကြီးပုဂ္ဂိုလ်တွေ အကြောင်းမဲ့ မိသားစုလိုက် မျိုးပြုတ်သွားတာလည်း မဟုတ်သလို၊ ဂိုဏ်းတစ်ခုခုက ရန်သူနဲ့တွေ့ပြီး တစ်ညတွင်းချင်း လူသူဆိတ်သုန်းသွားတာလည်း မဟုတ်ပါဘူး။

မြောက်ဘက်နယ်မြေက နဂါးစားဘုရင် ကျုံးကျိုးကို ဘက်ပြောင်းခိုလှုံလာတာလည်း မဟုတ်ဘဲ၊ ကျုံးကျိုး တာအိုဂိုဏ်းရဲ့ အခြေအနေတွေ အလှည့်အပြောင်း ဖြစ်သွားတာနဲ့ အဲဒီနောက်ကွယ်က အဓိကအကြောင်းရင်းဖြစ်တဲ့ "ဖန့်ဂိုဏ်းချုပ်" ပဲ ဖြစ်ပါတယ်။

မြောက်ကောင်းကင်တံခါးမှာ တောင်တန်းကို စစ်တုရင်စေ့ ရုပ်အဖြစ် ဖန်ဆင်းခဲ့ပြီး၊ နောက်ဆုံးမှာတော့ ကစားပွဲကို မှောက်ခုံလှန်ကာ ဂိုဏ်းချုပ် အဆင့် ကို ဓားနဲ့ ခုတ်ခဲ့တဲ့ ဖန့်ဂိုဏ်းချုပ်...။

မသေမျိုးဘုရင် တွေအပါအဝင် လူအများစုဟာ အဲဒီဓားချက်ရဲ့ တန်ဖိုးကို မသိကြသလို၊ လီဝူဝမ့်ရဲ့ တကယ့်အစွမ်းကိုလည်း မသိကြပါဘူး။

ဒါပေမဲ့ သူတို့ အတည်ပြုနိုင်တာတစ်ခုကတော့ ဒီဟင်လင်းပြင်ထာဝရဓားဂိုဏ်း ရဲ့ ဓားဦးဆောင်သူ တောရိုင်းကျောင်း ရဲ့ တပည့်၊ တာအိုသုံးထောင်ဂိုဏ်း ရဲ့ ဘိုးဘေးဟာ ဂိုဏ်းချုပ်ရာထူးမှာ အခိုင်အမာ ထိုင်နေပြီဆိုတာပါပဲ။

အရင်က ဖန့်ချန်နဲ့ ခဏတာ ထိတွေ့ဖူးတဲ့ ကျင့်ကြံသူတွေဟာ အခုပြန်စဉ်းစားကြည့်တဲ့အခါမှ

"သြော်... ဒါကြောင့်ကိုး" ဆိုတဲ့ အသိမျိုး ဝင်လာကြပါတယ်။

ဧရာမ သင်္ဘောကြီးတစ်စင်းဟာ အခုအချိန်မှာ တာအိုသုံးထောင်ဂိုဏ်းဆီကို အရှိန်အဟုန်နဲ့ ခရီးနှင်နေပါတယ်။

သင်္ဘောပေါ်မှာ ရပ်နေသူတွေကတော့ မဟာချဲ့ထွင်းဂိုဏ်း က ကျင့်ကြံသူတွေပါ။

ကျီးလျန် ဟာ တာအိုဂိုဏ်းရဲ့ တာအိုသားတော် ဖြစ်သလို၊ ကိုးဆက်မြောက်ဘုရင် ရဲ့ နဝမ မင်းသားလည်း ဖြစ်တာကြောင့် ဒီနှစ်တွေအတွင်း တာအိုဂိုဏ်းထဲမှာရော အပြင်လောကမှာပါ အရှိန်အဝါကြီးခဲ့ပြီး လူတိုင်းက သူ့ကို မိတ်ဖွဲ့ချင်ကြတာပါ။

ဒါပေမဲ့ အခုတော့ သူဟာ သင်္ဘောရဲ့ ထောင့်တစ်နေရာမှာ တစ်ယောက်တည်း အထီးကျန်စွာ ရပ်နေရပြီး၊ သူ့အနီးဆုံးလူကတောင် ပေ ၃၀ ကျော်လောက် ဝေးကွာနေပါတယ်။

သူဟာ ဟင်းလင်းပြင်ကြီးနဲ့ သူ့ဘေးကနေ အရှိန်နဲ့ ကျန်ရစ်ခဲ့တဲ့ တောင်တန်းတွေကို မျက်နှာသေနဲ့ ကြည့်နေပေမဲ့ နားထဲမှာတော့ တိုးတိုးတိတ်တိတ် ပြောဆိုသံတွေကို ရံဖန်ရံခါ ကြားနေရပါတယ်

"ငါတို့ရဲ့ တာအိုသားတော်က အရင်တုန်းက... ဖန့်ဂိုဏ်းချုပ်နဲ့ ရန်ငြိုးနည်းနည်း ရှိခဲ့ပုံပဲ "

"ဒီတစ်ခေါက် ဘိုးဘေးက သူ့ကို အထူးမှာကြားပြီး ခေါ်လာတာဆိုတော့၊ ဖြစ်နိုင်တာက..."

"ဖန့်ဂိုဏ်းချုပ်လို ပုဂ္ဂိုလ်မျိုးက အဲဒီလောက်အထိတော့ မလုပ်လောက်ပါဘူး..."

"လူကြီးတွေလေ အသက်ပိုကြီးလေ စိတ်က ပိုထူးဆန်းလေပဲ တာအိုသုံးထောင်ဂိုဏ်း ရှေ့မှာ လက်ဖက်ရည်သောက်ပြီး ထိုင်စောင့်နေကြတဲ့လူတွေကို မမြင်ဘူးလား "

"ဟုတ်သားပဲ၊ သူတို့ အဲဒီမှာ နေတာ နှစ်အတော်ကြာနေပြီ..."

"ဖန့်ချန်..."

ကျီးလျန်က မသိစိတ်နဲ့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိပြီးမှ ပြန်ဖြေလျှော့လိုက်ပါတယ်။

အိုယန်ရွှမ်ကျိ ပြောခဲ့တဲ့စကားတွေနဲ့ သူ့ဖခင်ဆီက လာတဲ့ သတင်းစကားတွေကို သူ ပြန်သတိရသွားလို့ပါ

"ဒီတစ်ခေါက် တာအိုဂိုဏ်းပွဲတော်မှာ မင်းနဲ့ ဖန့်ဂိုဏ်းချုပ်ကြားက ရန်ငြိုးကို အပြတ်ရှင်းရမယ် "

"ဟဲဟဲ..."

ကျီးလျန်ရဲ့ မျက်လုံးထဲမှာ မိမိကိုယ်ကို လှောင်ပြောင်တဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားပါတယ်။

သူ့ရဲ့ အဆင့်အတန်းနဲ့ တစ်နေ့မှာ ဒီလိုအခြေအနေမျိုး ရောက်လိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ပါဘူး။

ဒါတွေအားလုံးက အဲဒီတစ်ခေါက် ယင်လောကထဲကို သွားခဲ့ရာကနေ စခဲ့တာလို့ ထင်ရပါတယ်။

အဲဒီတုန်းက သူက ရှင်းရှန်း ကို ပျောက်ဆုံးစေခဲ့သလို၊ သူ့ရဲ့ ကံကြမ္မာကောင်းတွေကိုလည်း ဆုံးရှုံးခဲ့ရတာပါ။

တာအိုသုံးထောင်ဂိုဏ်းမှာတော့ လီတောက်ယဲ့ က ဂိုဏ်းချုပ် ဖြစ်နေပါပြီ။

သူ့ရဲ့ ကျင့်ကြံမှုက မမြင့်ပေမဲ့ အခုတော့ အဆင့်အတန်းက ထူးကဲနေတာကြောင့် သူကိုယ်တိုင် ထွက်ပြီး ဧည့်ခံနှုတ်ဆက်တဲ့အခါ တာအိုကျင့်ကြံသူတွေဟာ ဂုဏ်ယူမဆုံး ဖြစ်နေကြပါတယ်။

လီတောက်ယဲ့ ရဲ့ နောက်ကွယ်မှာ ရှိနေတာက ဖန့်ဂိုဏ်းချုပ်ဆိုတာ သူတို့ သိကြပါတယ်။

ဒီတစ်ခေါက် ကျုံးကျိုးနယ်မြေမှာရှိတဲ့ အလယ်ပိုင်းသုံးဆင့် ကျင့်ကြံသူတွေ အခြေစိုက်တဲ့ တာအိုဂိုဏ်းတိုင်းကို ဒီနေရာကို ဖိတ်ကြားထားတာပါ။

တာအိုသုံးထောင်ဂိုဏ်းရဲ့ ပတ်ဝန်းကျင်မှာ ယာယီနေထိုင်ဖို့ ဂူဗိမာန်တွေ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပါတယ်။

ကြယ်စင်တာအိုနန်းတော် ၊ မဟာချဲ့ထွင်းတာအိုနန်းတော် နဲ့ မွေးရာပါတာအို နန်းတော် တို့လို အရင်ရောက်နှင့်နေတဲ့ ဂိုဏ်းတွေဆိုရင် ဒီမှာ စောင့်နေရတာ ကြာနေပါပြီ။

လူပေါင်းစုံရဲ့ ၉၉ ရာခိုင်နှုန်း ရောက်လာတဲ့အခါမှသာ တာအိုသုံးထောင်ဂိုဏ်းထဲကို ဝင်ခွင့်ရကြပါတယ်။

ပွဲတော်က ၆ လတိတိ ကြာမြင့်ခဲ့ပါတယ်။

ဒီ ၆ လအတွင်းမှာ လုံကျွင်း ၊ ကူရှီးမသေမျိုးဘုရင် နဲ့ အိုယန်ရွှမ်ကျိ တို့က ဦးဆောင်ပြီး ပွဲတော်ရဲ့ အကြောင်းအရာတွေကို အသီးသီး တင်ပြခဲ့ကြပါတယ်။

ဆွေးနွေးချက်တွေထဲမှာ အခုလက်ရှိ တာအိုဂိုဏ်းရဲ့ ရှင်သန်ရပ်တည်မှု ပတ်ဝန်းကျင်၊ နောင်တစ်ချိန် တာအိုကျင့်ကြံသူတွေ လျှောက်လှမ်းရမယ့် လမ်းစဉ်နဲ့ အခုရှိနေတဲ့ တာအိုဂိုဏ်းတွေကြားက အပြန်အလှန် ဆက်နွယ်မှုတွေ ပါဝင်ပါတယ်။

နောက်ဆုံးမှာတော့ လုံကျွင်းက အရင်းအမြစ်တွေကို စုစည်းဖို့နဲ့ တာအိုဂိုဏ်းရဲ့ အနာဂတ် ကောင်းမွန်ဖို့အတွက် တာအိုသုံးထောင်ဂိုဏ်းကို ဗဟိုချက်ထားပြီး တာအိုလမ်းစဉ်ဌာန တစ်ခု တည်ထောင်ဖို့ အဆိုပြုလိုက်ပါတယ်။

တာအိုလမ်းစဉ်ဌာနဟာ တာအိုဂိုဏ်းရဲ့ နောင်အနာဂတ် လမ်းစဉ်ကြီးတွေကို ရေးဆွဲဖို့၊ အရင်းအမြစ်တွေကို စီမံခန့်ခွဲဖို့နဲ့ ကျုံးကျိုး တာအိုဂိုဏ်းတွေကို ပိုမိုစည်းလုံးညီညွတ်လာအောင် တာဝန်ယူရမှာ ဖြစ်ပါတယ်။

အဲဒီ တာအိုလမ်းစဉ်ဌာန ရဲ့ ဌာနချုပ်မှူးအဖြစ် ဖန့်ဂိုဏ်းချုပ်က တာဝန်ယူမှာဖြစ်ပြီး၊ သူ့အောက်မှာ ခရမ်းရောင်တံဆိပ် ဆရာ ၃၆ ယောက်နဲ့ ရွှေရောင်တံဆိပ် ဆရာ ၇၂ ယောက် ထားရှိမှာပါ။

တာအိုလမ်းစဉ်ဌာနဟာ ၁၀ နှစ်တစ်ကြိမ် အစည်းအဝေး ကျင်းပမှာဖြစ်ပြီး အဲဒီ ဆရာ တွေဟာ စကားပြောဆိုခွင့်နဲ့ အကြံပြုချက် တင်ပြခွင့်တွေ ရှိမှာ ဖြစ်ပါတယ်။

လုံကျွင်း ရဲ့ အဆိုပြုချက်ကို ဘယ်သူက ကန့်ကွက်ရဲမှာလဲ။

အင်အားနည်းနေတဲ့ တာအိုဂိုဏ်းတွေအတွက်ဆိုရင်တော့ ဒါဟာ သတင်းကောင်းပါပဲ။

၃၆ ယောက်သော ခရမ်းရောင်တံဆိပ်ဆရာ နဲ့ ၇၂ ယောက်သော ရွှေရောင်တံဆိပ်ဆရာက ရာထူးတွေရဲ့ တန်ဖိုးကိုလည်း သူတို့ သိကြပါတယ်။

ဂိုဏ်းချုပ်တွေ အားလုံးက တွက်ချက်နေကြပါတယ်။

တကယ်လို့ သူတို့သာ အဲဒီနေရာ တစ်နေရာ ရခဲ့ရင် သူတို့ဂိုဏ်းအတွက် ဘယ်လောက်တောင် အကျိုးရှိလိုက်မလဲ။

နောက်ဆုံး ရရှိတဲ့ နိဂုံးကတော့... ရေရှည်အတွက် ကြည့်ရင် အကျိုးကျေးဇူးက မှန်းဆလို့မရနိုင်အောင်ပါပဲ။

ဒါ့အပြင် ဒီ တာအိုလမ်းစဉ်ဌာန သာ တကယ် တည်ထောင်လိုက်ရင် နောင်တစ်ချိန်မှာ ကျုံးကျိုး တာအိုဂိုဏ်းတွေဟာ တာအိုသုံးထောင်ဂိုဏ်းကို အဓိကထားပြီး ကျစ်ကျစ်လစ်လစ် စည်းလုံးသွားကြမှာပါ။

ဒါဟာ တကယ့်ကို ကြောက်စရာကောင်းတဲ့ အင်အားစုကြီးတစ်ခု ဖြစ်လာမှာဖြစ်သလို၊ သူတို့အတွက် ဂိုဏ်းချုပ်အဆင့်ရှိတဲ့ ကျောထောက်နောက်ခံ တစ်ယောက်လည်း ပိုလာမှာပါ။

"တာအိုလမ်းစဉ်ဌာန..."

လူအုပ်ထဲမှာ ကျီးလျန်ကတော့ ထိုင်ခွင့်မရပါဘူး။

သာမန်တပည့်တွေလိုပဲ ၆ လပတ်လုံး မတ်တတ်ရပ်နေခဲ့ရတာပါ။

ဒီ ၆ လအတွင်းမှာ သူ့စိတ်တွေက မငြိမ်မသက် ဖြစ်နေခဲ့ပါတယ်။

ဟိုလူ က အချိန်မရွေး သူ့ကို ဖမ်းဖို့ လူလွှတ်လိုက်မလားလို့ တွေးနေခဲ့ပြီး ပြောရမယ့် စကားတွေကိုတောင် ပြင်ဆင်ထားခဲ့တာပါ။

ဒါပေမဲ့ ရက်တွေ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပေမဲ့၊ ဟိုလူကတော့ တောင်ကြီးတစ်လုံးလို ငြိမ်သက်စွာနဲ့ စင်မြင့်ထက်မှာ ထိုင်ပြီး အသီးသီး ဆွေးနွေးနေတာတွေကို နားထောင်နေခဲ့ပါတယ်။

သူ့ဘက်ကို အကြည့်တစ်ချက်တောင် မရောက်လာခဲ့ပါဘူး။

လုံကျွင်း က တာအိုလမ်းစဉ်ဌာန တည်ထောင်ဖို့ အဆိုပြုတာကို ကြားလိုက်တဲ့အခါ ကျီးလျန်ဟာ ဒီတစ်ခေါက် တာအိုဂိုဏ်းပွဲတော်ရဲ့ အဓိက ရည်ရွယ်ချက်ကို နားလည်သွားပါတယ်။

"တာအိုလမ်းစဉ်ဌာန ဖွင့်လိုက်ပြီဆိုရင်၊ ဒီနေ့ကစပြီး ကျုံးကျိုး တာအိုဂိုဏ်းတွေဟာ တာအိုသုံးထောင်ဂိုဏ်းရဲ့ အမိန့်ကိုပဲ နားထောင်ရတော့မယ်... သူ့ရဲ့ အမိန့်ကိုပဲ နားထောင်ရတော့မယ် "

ကျီးလျန်က အဝေးက ပုံရိပ်ကို လှမ်းကြည့်လိုက်ပါတယ်။

အလင်းပြန်နေတာကြောင့် တစ်ဖက်လူရဲ့ မျက်နှာကို သေချာမမြင်ရတော့ဘဲ ခပ်ဝါးဝါး ပုံသဏ္ဌာန်ကိုပဲ မြင်ရပါတော့တယ်။

"အားလုံးမှာ ကန့်ကွက်စရာ မရှိဘူးဆိုရင်နောက်တစ်ခုကတော့ ခရမ်းရောင်တံဆိပ်ဆရာ နဲ့ ရွှေရောင်တံဆိပ်ဆရာ ရွေးချယ်ဖို့ပါပဲ "

ဖန့်ချန်ရဲ့ အသံဟာ တစ်လုံးချင်းစီ လူတိုင်းရဲ့ နားထဲကို တိတိကျကျ ရောက်ရှိလာပါတယ်။

"ရွှေရောင်တံဆိပ်ဆရာ ကိုတော့ နယ်မြေအလိုက် ခွဲခြားမယ် ကျင့်ကြံမှုနဲ့ မျိုးရိုးကို မကြည့်ဘူး နယ်မြေတစ်ခုချင်းစီကနေ ဆရာကြီးတစ်ယောက်စီ ကိုယ်တိုင် ရွေးချယ်ကြပါ ဒါပေမဲ့ ခရမ်းရောင်တံဆိပ်ဆရာ ကိုတော့ ကျုပ်ကိုယ်တိုင်ပဲ နာမည်တပ်ပြီး ခန့်အပ်မှာပါ "

ဖန့်ချန်က ဆိုပါတယ်။

အဆင့်မြင့်ကျင့်ကြံသူတွေ ရှိတဲ့ ဂိုဏ်းတွေကတော့ အံ့သြမနေကြပါဘူး။

ခရမ်းရောင်တံဆိပ်ဆရာ ရာထူးတွေကိုတော့ တာအိုသုံးထောင်ဂိုဏ်းကပဲ တိုက်ရိုက်ခန့်မှာဆိုတာ သူတို့ ကြိုတွက်ထားပြီးသားပါ။

ဒါပေမဲ့ အလယ်အလတ်အဆင့် ကျင့်ကြံသူတွေပဲရှိတဲ့ တာအိုဂိုဏ်းတွေကတော့ ရွှေရောင်တံဆိပ်ဆရာကို ကိုယ်တိုင်ရွေးရမယ်ဆိုတာ ကြားတော့ အတိုင်းထက်အလွန် ဝမ်းသာသွားကြပါတယ်။

အရင်ကတော့ သူတို့က ဒီရာထူးကို တာအိုပေါင်းစပ်ခြင်းအဆင့် သမားတွေပဲ ရမယ်လို့ ထင်ထားတာပါ။

အခုတော့ နယ်မြေအလိုက် ရွေးချယ်မှာဆိုတော့ စိတ်ဝိညာဥ်ထွက်ခွာခြင်းအဆင့် နဲ့ ဝိညာဉ်ခွဲဖြာခြင်းအဆင့် သမားတွေတောင် ရွှေရောင်တံဆိပ်ဆရာ ဖြစ်ခွင့် ရှိသွားပါပြီ။

နောင်တစ်ချိန်မှာ စကားပြောဆိုခွင့် အပြည့်အဝ မရရင်တောင်၊ အစည်းအဝေး တက်ရောက်ခွင့်ရတာနဲ့တင် အကျိုးကျေးဇူးက အများကြီးပဲလေ

"ဟမ်း... ဟမ်း"

လုံကျွင်းက ချောင်းနှစ်ချက် ဟန့်လိုက်ပါတယ်။

လူတိုင်း ငြိမ်သွားတဲ့အခါ သူက အသံကျယ်ကျယ်နဲ့ ပြောလိုက်တယ်

"အဲဒီမတိုင်ခင်မှာ အားလုံး သိထားစေချင်တဲ့ ကိစ္စတစ်ခု ရှိပါတယ် "

လူတိုင်း နားစွင့်လိုက်ကြပါတယ်။

"ကျုပ်တို့ တာအိုဂိုဏ်းရဲ့ အခုလက်ရှိ ရည်ရွယ်ချက်ကတော့ ဝိညာဥ်နတ်ဘုရားဂိုဏ်း နဲ့ အသေအလဲ တိုက်ခိုက်ဖို့ပါပဲ ဒါကြောင့် ဝိညာဥ်နတ်ဘုရားဂိုဏ်းနဲ့ ပတ်သက်မှုရှိတဲ့ မိတ်ဆွေတွေရှိရင် အခုပဲ ထွက်လာခဲ့ကြပါ "

ရုတ်တရက် တစ်လောကလုံး တိတ်ဆိတ်သွားပါတယ်။

အိုယန်ရွှမ်ကျိက အဲဒီတိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပါတယ်။

သူက တာအိုကျင့်ကြံသူ တစ်ယောက်ချင်းစီကို အေးစက်စက် အကြည့်တွေနဲ့ ဝေ့ကြည့်လိုက်တယ်

"ကိုယ်တိုင် ထွက်မလာချင်ဘူးဆိုရင်တော့ ကျုပ်ကိုယ်တိုင်ပဲ နာမည်ခေါ်ရတော့မှာပါ "

ပွဲက ဆက်ပြီး တိတ်ဆိတ်နေဆဲပါပဲ။

လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း ဘာမှမသိသလို ဟန်ဆောင်နေကြပါတယ်။

"ကောင်းပြီ... ချန်းရှန်းတာအိုဂိုဏ်းက တျောင်ဝူ "

အိုယန်ရွှမ်ကျိ က လက်နဲ့ အသာအယာ ညွှန်ပြလိုက်ပါတယ်။

တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဟာ တုန်လှုပ်သွားပြီး အိုယန်ရွှမ်ကျိ ကို မယုံနိုင်သလို ကြည့်ကာ အော်ပြောလိုက်တယ်

"ကျုပ်က ဝိညာဥ်နတ်ဘုရားဂိုဏ်း ကျင့်ကြံသူ မဟုတ်ပါဘူး "

သူက ခေတ္တရပ်ပြီး ဘေးက ကျင့်ကြံသူတွေကို ကြည့်ကာ ဒေါသတကြီး ပြောလိုက်တယ်

"ခင်ဗျားတို့ အခုထိ မမြင်ကြသေးဘူးလား ဘာ တာအိုဂိုဏ်းပွဲတော်လဲ ဘာတာအိုလမ်းစဉ်ဌာနလဲ ဒါဟာ တာအိုသုံးထောင်ဂိုဏ်းနဲ့ အဲဒီ ဟန်ဆောင်ကောင်းတဲ့လူက ကျုပ်တို့ကို တဖြည်းဖြည်းနဲ့ ဝါးမြိုပစ်ဖို့ ကြံစည်နေတာပဲ "

သူ့ရဲ့ အသံဟာ နာကျည်းမှုတွေ၊ မကျေနပ်မှုတွေနဲ့ ပြည့်နှက်နေပါတော့တယ်။

All Chapters