← Chapters

အခန်း (၁၁၈၉-၁၁၉၀)

Vol. 119 Ch. 1189-1190

အခန်း (၁၁၈၉-၁၁၉၀)

Vol. 119 Ch. 1189-1190

အခန်း (၁၁၈၉) ဝူကျန့်တယ်

မသေမျိုးကျောက်တုံး ဆိုတာ ဘယ်လောက်တောင် အဖိုးတန်သလဲ ဝိညာဉ်သုတ်သင်ရေးဌာနက အဆင့် ၃ လွတ်လပ်သောမသေမျိုးတစ်ယောက်ကို ပေးတဲ့ တစ်နှစ်စာလစာဟာ မသေမျိုးကျောက်တုံး တစ်တုံးပဲ ရှိပါတယ်။

အဆင့် ၂ ဆိုရင် ငါးနှစ်မှ တစ်တုံး၊ အဆင့် ၁ ဆိုရင် ဆယ်နှစ်မှ တစ်တုံး ရတာပါ။

မသေမျိုးကျောက်တုံး ၁၀၀ ဆိုတာ အဆင့် ၁ လွတ်လပ်သောမသေမျိုးတစ်ယောက်အတွက် လစာချည်းပဲ စုမယ်ဆိုရင် နှစ်ပေါင်းတစ်ထောင် ကြာပါလိမ့်မယ်။

ဒါပေမဲ့ ဒီမသေမျိုးကျောက်တုံး ၁၀၀ ကို သုံးပြီး မသေမျိုးလမ်းစဉ်တစ်ခု ကို လဲလှယ်နိုင်မယ်ဆိုရင်၊ အဲဒါက လမ်းစဉ်တစ်ခုလုံး မဟုတ်ဘဲ အဆင့်တစ်ခုစာပဲ ဖြစ်နေပါစေဦး၊ လူ့လောက ၉ နယ်မြေက အင်အားစုကြီးတွေအတွက်တော့ ဒါဟာ အလွန်တန်တဲ့ အရောင်းအဝယ်တစ်ခုပါပဲ။

သူတို့အတွက်ကတော့ မသေမျိုးလမ်းစဉ်တစ်ခု ရလာခဲ့ရင် ပြိုင်ဆိုင်မှုတွေကို ထည့်တွက်ရမှာဖြစ်လို့ လျှို့ဝှက်ထားကြမှာဖြစ်ပြီး မိမိလူယုံတွေအတွက်ပဲ သုံးစွဲကြမှာပါ။

ဖန့်ချန်ကတော့ သူတို့နဲ့ မတူပါဘူး။

သူ့မှာ အဲဒီလို စိုးရိမ်စရာမရှိသလို လျှို့ဝှက်ထားဖို့လည်း စိတ်မကူးထားပါဘူး။

ဒီလမ်းစဉ်က ပိုက်ဆံပြန်ရှာလို့ ရပါတယ်။

အခု မသေမျိုးကျောက်တုံး ၁၀၀ သုံးလိုက်ပေမဲ့ နည်းနည်းလောက် ပြန်စီစဉ်လိုက်ရင် အနည်းဆုံး ဆယ်ဆကနေ အဆတစ်ရာအထိ အမြတ်ပြန်ထွက်နိုင်ပါတယ်။

ရက်အနည်းငယ် ကြာပြီးနောက်မှာတော့ မသေမျိုးကျောက်တုံး ၁၀၀ လုံးကို မှန်လေး က စုပ်ယူသွားပါပြီ။

ဒီတစ်ခေါက်မှာတော့ အရင်ကနဲ့မတူဘဲ ကျောက်တုံး ၁၀၀ ရဲ့ ကြီးမားတဲ့ စွမ်းအားတွေကြောင့် မှန်လေးဆီမှာ ထူးခြားတဲ့ ပြောင်းလဲမှုတစ်ခုခု ဖြစ်လာလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။

ဒါပေမဲ့ ပင်လယ်ထဲကို ကျောက်ခဲတစ်လုံး ပစ်ချလိုက်သလိုပဲ၊ ရေပွက်ကလေး နည်းနည်းထပြီး လှိုင်းတွန့်ကလေး ခဏပေါ်လာရုံကလွဲလို့ ဘာမှ ဖြစ်မလာပါဘူး။

"ညိုကီ ငါ အဆင်သင့်ဖြစ်ပြီ၊ စာမျက်နှာ ၁၀၇ ကို လှန်လိုက်တော့"

မှန်လေး ရဲ့ အသံဟာ အရင်ကထက် ပိုပြီး ခန့်ညားတည်ကြည်လာပါတယ်။

ဖန့်ချန် စာမျက်နှာ ၁၀၇ ကို လှန်လိုက်တဲ့အခါ စုတ်ချက်တွေ ပြောင်းလဲသွားပြီး ပန်းချီကားတစ်ချပ်နဲ့ စာသားအချို့ ပေါ်လာပါတယ်။

ပန်းချီကားထဲမှာ ပထမဆုံး မြင်ရတာက တောင်ကုန်းတစ်ခုလို ကျောက်တုံးကြီးတစ်ခုဖြစ်ပြီး၊ အဲဒီကျောက်တုံးပေါ်မှာ အလွန်ရိုးရှင်းပုံရတဲ့ ပန်းတစ်ပွင့် ပွင့်နေပါတယ်။

စာသားတွေကို ဖတ်ကြည့်ပြီးမှ ဖန့်ချန် ဒီအရာကို နားလည်သွားပါတယ်။

ဒီပန်းရဲ့ နာမည်က ရွှေဝိညာဉ်ပန်း ဖြစ်ပြီး ဓားကျင့်ကြံသူတွေ အဆင့် ၃ ကနေ အဆင့် ၄ ကို တက်လှမ်းဖို့အတွက် အဓိကကျတဲ့ နတ်ဆေးပင် ပဲ ဖြစ်ပါတယ်။

သူက နီရဲဝိညာဉ်ရွှေ ပေါ်မှာပဲ ပွင့်တာဖြစ်ပြီး၊ နီရဲဝိညာဉ်ရွှေ ဆိုတာကတော့ လူ့လောက ၉ နယ်မြေမှာတောင် တွေ့ရခဲတဲ့ အလွန်အဖိုးတန်တဲ့ ဝိညာဉ်သတ္တုတစ်မျိုး ဖြစ်ပါတယ်။

တွေ့ရရင်တောင် ပမာဏက သိပ်မများပါဘူး။

ဒါပေမဲ့ ပုံထဲမှာ ပြထားသလိုမျိုး တောင်ကုန်းတစ်ခုလောက် ကြီးမားတဲ့ နီရဲဝိညာဉ်ရွှေ ဖြစ်မှသာ ရွှေဝိညာဉ်ပန်း ကို ဖြစ်တည်စေနိုင်တာပါ။

ဒီလို နတ်ဆေးပင်မျိုးဟာ တည်ရှိနေမှန်း သိရင်တောင်မှ ရရှိဖို့ တကယ့်ကို ခက်ခဲပါတယ်။

လူ့လောက ၉ နယ်မြေက အင်အားစုကြီးတွေကပဲ ထိန်းချုပ်ထားကြမှာပါ။

ဒါပေမဲ့ အချက်တစ်ခု ရှိပါတယ်။

အဲဒီအင်အားစုတွေက ရွှေဝိညာဉ်ပန်း ဟာ နတ်ဆေးပင်တစ်မျိုး ဖြစ်မှန်း သိထားဖို့ လိုတာပါ။

လက်တွေ့မှာတော့ သူတို့ဟာ ရွှေဝိညာဉ်ပန်းက နတ်ဆေးပင် ဖြစ်မှန်း လုံးဝမသိကြသလို၊ ဓားမသေမျိုးလမ်းစဉ်အတွက် မရှိမဖြစ် လိုအပ်တဲ့အရာ ဖြစ်မှန်းလည်း မသိကြပါဘူး။

ဒီလို အခြေအနေမျိုးမှာ ဖန့်ချန်အနေနဲ့ ယင်လောကက နေ့ကင်းလှည့်သူ၊ ညကင်းလှည့်သူတွေကို အနှံ့အပြားမှာ စုံစမ်းခိုင်းလိုက်ရင် ရွှေဝိညာဉ်ပန်းရဲ့ သတင်းကို ရဖို့ အခွင့်အရေး အများကြီး ရှိပါတယ်။

အခု စိုးရိမ်ရတာကတော့ အဲဒီလူတွေက ရွှေဝိညာဉ်ပန်းကို တွေ့ခဲ့ရင်တောင် သူ့ရဲ့ အသုံးဝင်ပုံကို မသိတာကြောင့် သေချာ မသိမ်းဆည်းဘဲ ပျက်စီးသွားမှာကိုပါပဲ။

အဲဒါဆိုရင်တော့ နှမြောစရာ အရမ်းကောင်းမှာပါ။

"မှန်လေး... ငါနဲ့ အနီးဆုံးမှာရှိတဲ့ ရွှေဝိညာဉ်ပန်းက ဘယ်လောက်ဝေးသလဲ "

ဖန့်ချန်က ပေါ့ပေါ့ပါးပါးပဲ မေးလိုက်ပါတယ်။

"မင်းသာ တိကျတဲ့ တည်နေရာကို သိချင်တယ်ဆိုရင် နောက်ထပ် မသေမျိုးကျောက်တုံး ၁၀၀ လောက် ထပ်လိုဦးမယ်"

မှန်လေး က လိမ္မာပါးနပ်စွာနဲ့ အဖြေရှောင်လိုက်ပါတယ်။

"ဒါဆိုရင်တော့ ရပါတယ်၊ ငါ့လူတွေကို အရင် ရှာခိုင်းလိုက်ဦးမယ် တကယ်လို့ ရှာမတွေ့တော့မှ မင်းဆီက သတင်းဝယ်ဖို့ စဉ်းစားတာပေါ့"

ဖန့်ချန်က ပြုံးလိုက်ပါတယ်။

ခဏအကြာမှာ

"ဒါနဲ့... ရွှေဝိညာဉ်ပန်းက တခြား ဘာအသုံးဝင်သေးလဲ "

"ဒီသတင်းကတော့ လျှို့ဝှက်ချက် မဟုတ်ပါဘူး ကံကြမ္မာနဲ့လည်း သိပ်မပတ်သက်ဘူး သူ့ရဲ့ တခြား အသုံးဝင်ပုံကတော့ ရတနာတွေကို သန့်စင်တာ ပဲ"

"ရတနာ သန့်စင်တာ "

"ရွှေဝိညာဉ်ပန်းက နီရဲဝိညာဉ်ရွှေကနေ ဖြစ်တည်လာတာဆိုတော့ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ နီရဲဝိညာဉ်ရွှေရဲ့ ဝိညာဉ်အရှိန်အဝါတွေ အများကြီး ရှိနေတယ် အဲဒါကို ဝိညာဉ်လက်နက်တွေ ထဲမှာ ထည့်ပြီး သန့်စင်လိုက်ရင် လက်နက်ရဲ့ အရည်အသွေးကို နည်းနည်း တိုးတက်စေသလို ပြုပြင်တဲ့နေရာမှာလည်း အကျိုးရှိစေတယ်"

"ဒါဆိုရင်တော့ ရွှေဝိညာဉ်ပန်းက ဈေးကွက်ထဲမှာ လည်ပတ်နေနိုင်သေးတာပေါ့၊ ဒါ သတင်းကောင်းပဲ"

ဖန့်ချန်က ကျိုးထျန်ကျန့်ကို သိမ်းလိုက်ပြီး တုယွန်းရွှီကို ခေါ်ကာ ယင်လောကက နေ့ကင်းလှည့်၊ ညကင်းလှည့်သူတွေကို ရွှေဝိညာဉ်ပန်း သတင်း စုံစမ်းခိုင်းဖို့ ပြင်ဆင်လိုက်ပါတယ်။

ဒီသတင်းကို ရှန်ထူချန်းတို့ဆီကိုလည်း ပေးပြီး သူတို့ကိုလည်း သတိထားကြည့်ခိုင်းရပါမယ်။

"ရွှီချန်ရှီး က နောက်ခံ မသေးဘူး၊ ပြီးတော့ ဝိညာဥ်နတ်ဘုရားဂိုဏ်းသားလည်း ဖြစ်နေတော့ သူ့ကိုလည်း စုံစမ်းခိုင်းလို့ ရတယ် ချန်လင်းတိန် ဘက်ကိုလည်း အကြောင်းကြားထားရမယ်"

"ဟွမ်ချင်းကျွဲ... အဲဒီဘက်ကိုတော့ ထားလိုက်ပါတော့ ရုတ်တရက်ကြီး ရွှေဝိညာဉ်ပန်းကို ရှာခိုင်းရင် ဒါက ဘာကောင်းတဲ့ အရာလဲဆိုပြီး သူတို့ ထင်နေဦးမယ်"

ရုတ်တရက် ဖန့်ချန်ရဲ့ အမူအရာ ပြောင်းသွားပါတယ်။

လက်ဖဝါးကို ဖြန့်ကြည့်လိုက်တဲ့အခါ ဟွမ်ချင်းကျွဲ ပေးထားတဲ့ တံဆိပ်ပြားက အလင်းဖြူတွေ ထွက်လာပြီး နွေးလာတာကို တွေ့လိုက်ရပါတယ်။

ဖန့်ချန် စိတ်ကို စုစည်းလိုက်ပြီး တာအိုသုံးထောင်ဂိုဏ်း ထဲကနေ လေဟာနယ်ထဲကို ခြေတစ်လှမ်း လှမ်းလိုက်ပါတယ်။

အဲဒီမှာ လက်နှစ်ဖက်ကို နောက်ပစ်ပြီး ပတ်ဝန်းကျင် ရှုခင်းတွေကို ကြည့်နေတဲ့ လူလတ်ပိုင်း တစ်ယောက်ကို တွေ့လိုက်ရပါတယ်။

"မိတ်ဆွေက ဘယ်သူလဲ "

ဖန့်ချန်က လက်အုပ်ချီ မေးလိုက်ပါတယ်။

ဒီလူက အဆင့် ၄ လွတ်လပ်သောမသေမျိုး တစ်ယောက်ပါ။

လူလတ်ပိုင်းက ဖော်ရွေတဲ့ အပြုံးနဲ့ တံဆိပ်ပြားကို ထုတ်ပြလိုက်ပြီး

"ကျုပ်က ရှေးဟောင်းနယ်မြေ ၊ ခရမ်းစိမ်းဂြိုဟ် ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ ဌာနမှူး ဝူကျန့်တယ် ပါ"

"ဖန်တီးရှင်ဂြိုဟ် ဝိညာဉ်သုတ်သင်ရေးဌာန ဌာနမှူး ဖန့်ချန်၊ အထက်လူကြီးကို ဂါရဝပြုပါတယ်"

ဖန့်ချန်က လက်အုပ်ချီ ဂါရဝပြုလိုက်ပါတယ်။

ဝူကျန့်တယ်က တံဆိပ်ပြားကို ပြန်သိမ်းလိုက်ပြီး သူ့ရဲ့ အပြုံးကတော့ ဖော်ရွေပျူငှာနေဆဲပါပဲ

"ဖန့်ညီလေး... အားမနာပါနဲ့၊ ကျုပ်ကို အစ်ကိုဝူ လို့ပဲ ခေါ်ပါ ပြောရမယ်ဆိုရင် ကျုပ်က အထက်လူကြီးဆိုပေမဲ့ တာဝန်မကျေခဲ့ပါဘူး အဓိကကတော့ အလုပ်တွေက များနေတော့ ဖန်တီးရှင်ဂြိုဟ်ဘက်ကို လှည့်မကြည့်နိုင်ခဲ့ဘူး အဲဒါကြောင့် ဖန်တီးရှင်ဂြိုဟ်က ဝိညာဉ်သုတ်သင်ရေးဌာနက ဒုက္ခရောက်ပြီး ဝိညာဥ်နတ်ဘုရားဂိုဏ်းရဲ့ ဖိနှိပ်တာကို ခံခဲ့ရတာ"

'ဖိနှိပ်ခံရရုံတင် ဘယ်ကမလဲ၊ တစ်ဌာနလုံးတောင် ပျောက်ကွယ်သွားတာ'

လို့ ဖန့်ချန် စိတ်ထဲက တွေးလိုက်ပါတယ်။

ဖန့်ချန်က ပြုံးပြပြီး

"ဒါ အစ်ကိုဝူရဲ့ အပြစ်မဟုတ်ပါဘူး၊ စိတ်ထဲ မထားပါနဲ့ ဝိညာဉ်သုတ်သင်ရေးဌာနနဲ့ ဝိညာဥ်နတ်ဘုရားဂိုဏ်း တိုက်ပွဲဆိုတာ နိုင်တာရှိသလို ရှုံးတာလည်း ရှိတာပဲ၊ ဒါက သဘာဝပါ"

"ဟူးးး ကျုပ် ဖန်တီးရှင်ဂြိုဟ်ရဲ့ ကိစ္စတွေကို ကိုင်တွယ်ဖို့ အချိန်မရခဲ့ဘူး အခုတော့ ဟွမ်မိသားစုဝင်တွေရဲ့ အကူအညီနဲ့ ဖန်တီးရှင်ဂြိုဟ်အတွက် တာဝန်ကျေတဲ့ ဌာနမှူးသစ်တစ်ယောက် ရှာပေးနိုင်ခဲ့လို့ ကျုပ် ရင်ထဲမှာတော့ အားနာမိတယ်"

ဝူကျန့်တယ်က သက်ပြင်းချလိုက်တယ်

"ဖန့်ညီလေး ရာထူးလက်ခံပြီးတာကို ကျုပ် သိသိချင်း အားတဲ့အချိန်မှာ ဒီကို အပြေးလာခဲ့တာ လာကြည့်လိုက်တော့ ဖန့်ညီလေးက ဝိညာဉ်သုတ်သင်ရေးဌာန ကျင့်ကြံသူတွေကို ခေါ်ပြီး ဝိညာဥ်နတ်ဘုရားဂိုဏ်းကို အပြတ်အသတ် နှိမ်နင်းနေတာကို တွေ့ရတယ် ဒါဟာ ဖန်တီးရှင်ဂြိုဟ် ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ မကြုံစဖူး အောင်ပွဲကြီးပဲ ကျုပ် ပိုပြီးတော့တောင် အားနာသွားရတယ်"

"အစ်ကိုဝူ... ကျုပ်ကတော့ အခွင့်ကောင်း ရလိုက်လို့ပါ သောင်းတာအိုမျှော်စင် က အဲဒီလူ ပြဿနာတက်သွားပြီး ဝိညာဥ်နတ်ဘုရားဂိုဏ်းရဲ့ စည်းကမ်းထိန်းသိမ်းရေး ကျင့်ကြံသူတွေ ဖမ်းသွားတာနဲ့ ကြုံလို့ ကျုပ်က အခွင့်အရေး ယူလိုက်တာပါ အဲဒီလိုသာ မဟုတ်ရင် ဖန်တီးရှင်ဂြိုဟ်ရဲ့ အခြေအနေက ဒီလောက်လွယ်လွယ်နဲ့ ပွင့်လာမှာ မဟုတ်ဘူး"

ဖန့်ချန်က ဆိုပါတယ်။

"ဒါကတော့ ဒါပေါ့၊ ဒါပေမဲ့ ဖန့်ညီလေးရဲ့ စွမ်းဆောင်ရည်ကိုတော့ အစ်ကို မြင်သာပါတယ် ဖန့်ညီလေးနဲ့ ဟွမ်မိသားစုကြားက ပတ်သက်မှုကိုတင် ဌာနထဲက တခြား လုပ်ဖော်ကိုင်ဖက်တွေ ဘယ်လိုမှ မမှီနိုင်ဘူး"

ဝူကျန့်တယ်က ရယ်မောလိုက်ပြီး မသေမျိုးကျောက်တုံး ၁၀ တုံးကို ထုတ်ကာ ဖန့်ချန်ဆီ ကမ်းပေးလိုက်တယ်

"ဖန့်ညီလေး ရာထူးယူတာ ၃ နှစ်ကျော်ပဲ ရှိသေးတော့ မူလလစာက ၃ တုံးပဲ ရသင့်တာပါ ဒီထက် ပိုပေးတာကတော့ အစ်ကို့အနေနဲ့ ဖန့်ညီလေး ဖန်တီးရှင်ဂြိုဟ်ရဲ့ ကိစ္စတွေကို ကိုင်တွယ်တဲ့နေရာမှာ အထောက်အကူဖြစ်အောင် ပေးတာပါ နောင်ကျရင် ဖန်တီးရှင်ဂြိုဟ်ကို ဖန့်ညီလေးပဲ သေချာ ဂရုစိုက်ပေးပါဦး အစ်ကိုလည်း ခရမ်းစိမ်းဂြိုဟ်မှာ ဝိညာဥ်နတ်ဘုရားဂိုဏ်းကို အပြည့်အဝ ရင်ဆိုင်နိုင်တာပေါ့"

"ဒါကတော့... အားနာစရာကြီးပဲ..."

ဖန့်ချန်က မသေမျိုးကျောက်တုံး ၁၀ တုံးကို လှမ်းယူလိုက်ပြီး အားနာသလိုနဲ့ ပြုံးပြလိုက်ပါတယ်။

ဝူကျန့်တယ်က ဖန့်ချန် ကျောက်တုံးတွေကို သိမ်းလိုက်တာကို မြင်တော့ အပြုံးမပျက်ဘဲ

"ဖန့်ညီလေး ကြိုးစားပါဦး၊ အစ်ကို ပြန်ရတော့မယ် အကြာကြီး ခွဲနေလို့ မဖြစ်ဘူး၊ ဝိညာဥ်နတ်ဘုရားဂိုဏ်းက အခွင့်ကောင်းယူပြီး ဝင်လာမှာ စိုးလို့"

"ဒါဆို ညီလေး လိုက်ပို့ပေးရမလား "

"မလိုပါဘူး၊ မလိုပါဘူး"

ဝူကျန့်တယ်ဟာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး ကောင်းကင်ယံမှာ ပျောက်ကွယ်သွားပါတော့တယ်။

ဖန့်ချန်က သူ ထွက်သွားတဲ့ ဘက်ကို ကြည့်ရင်း စိတ်ထဲကနေ ရေရွတ်လိုက်တယ်

"ကြည့်ရတာ သူက ဟွမ်ချင်းကျွဲကို ကြောက်နေပုံပဲ၊ ဒီနေ့ လာတာက တမင်တကာ လာမျက်နှာချိုသွေးတာပဲ ဒါပေမဲ့ သူက တစ်ခုခုကို ဖုံးကွယ်ထားလို့ စိုးရိမ်နေသလိုမျိုးပဲ ငါ့ကို မသေမျိုးကျောက်တုံးတွေ ပေးပြီး ဖန်တီးရှင်ဂြိုဟ်ဆိုတဲ့ နေရာလေးမှာပဲ အေးအေးဆေးဆေး နေခိုင်းပြီး သူ့နယ်မြေဘက်ကို ခြေမကျော်လာဖို့ ပြောချင်တာလား "

မျက်နှာချိုသွေးတာလား ဒါမှမဟုတ် သတိပေးတာလား ဖြစ်နိုင်တာကတော့ နှစ်ခုလုံးပဲ ဖြစ်မှာပါ။

အခန်း (၁၁၉၀) ရာစုနှစ် ကတိကဝတ်

ကောင်းကင်ဓားဌာန

လီဝူဝမ့်က ဖန့်ချန်ကို မျက်နှာသေနဲ့ ကြည့်နေပါတယ်။

အရင်တစ်ခေါက်နဲ့မတူတာက ဒီတစ်ခေါက်မှာ လီချန်စန်းလည်း ရှိနေတာပါ။

လီဝူဝမ့်နဲ့ ဖန့်ချန်တို့ ပူးပေါင်းဆောင်ရွက်နေတဲ့ကိစ္စကို လီချန်စန်းက ရိပ်မိထားပြီးသားပါ။

ဒီနေ့မှာတော့ ဖန့်ချန်က ကောင်းကင်ဓားဌာနထဲကို ဘာမထီတဲ့ပုံစံနဲ့ လမ်းလျှောက်ဝင်လာတာကို မြင်တော့မှ ဒီကိစ္စကို အတည်ပြုနိုင်သွားပါတယ်။

"ချန်စန်း... ငါတို့ မတွေ့ရတာ တော်တော်ကြာပြီနော်"

ဖန့်ချန်က သက်ပြင်းချရင်း ပြောလိုက်ပါတယ်။

'ချန်စန်း' ဟုတ်လား

ဒါက ဘယ်လို အခေါ်အဝေါ်ကြီးလဲ

လီချန်စန်းရဲ့ မျက်နှာကြွက်သားတွေ တုန်ခါသွားပါတယ်။ သူ စကားမပြောရသေးခင်မှာပဲ လီဝူဝမ့်က အေးစက်စက်နဲ့ ဝင်ပြောပါတယ်

"မျိုးဆက်အရဆိုရင် လီချန်စန်းက ငါ့ရဲ့ မွေးစားသားပဲ၊ သူက မင်းရဲ့ တူတော်မောင် ဖြစ်တာ မှန်ပါတယ်"

လီချန်စန်းကတော့ ခေါင်းငုံ့ပြီး ဘာမှမပြောပါဘူး။

ဒီနေ့ ဘာလို့ ဒီကို လာခဲ့မိလဲဆိုတာကိုတောင် နောင်တရနေမိပါတယ်။

"မင်းက လူကြီးပဲ၊ အငြိုးအတေးတွေ သိပ်မထားပါနဲ့ မင်းနဲ့သူ့ကြားက ပဋိပက္ခတွေကလည်း ရပ်တည်ချက်မတူလို့ မတတ်သာလို့ ဖြစ်ခဲ့တာတွေပါ"

လီဝူဝမ့်က တည်ငြိမ်စွာ ဆက်ပြောတယ်

"တကယ်ပြောရရင် ချန်စန်းက အရင်က မင်းကို တော်တော်အထင်ကြီးခဲ့တာ၊ မင်းကို ကောင်းကင်ဓားဌာနထဲ ဝင်စေချင်ခဲ့တာပါ ဒါကြောင့် သူ့ကို စိတ်မဆိုးပါနဲ့တော့"

"ရပါတယ်... ခင်ဗျားမျက်နှာကို ထောက်ထားပေးပါ့မယ်"

ဖန့်ချန်က ပြုံးပြီး

"ကျုပ် ဒီနေ့လာတာက နောက်ထပ် လမ်းစဉ်အတွက် သတင်းရပြီဆိုတာ ပြောဖို့ပဲ"

"တကယ်လား "

လီဝူဝမ့်ရဲ့ အမူအရာ ပြောင်းသွားတယ်

"ဘယ်လို နတ်ဆေးပင်မျိုးလဲ "

"အဲဒါတော့ ပြောပြလို့ မရဘူး"

ဖန့်ချန်က ခေါင်းကို အသာခါပြလိုက်ပါတယ်။

လီဝူဝမ့်ရဲ့ မျက်နှာ အနည်းငယ် ပျက်သွားပြီး ဖန့်ချန်ကို အကဲခတ်ကာ တည်ငြိမ်စွာ မေးလိုက်တယ်

"မင်း ကတိဖျက်မလို့လား "

"ကတိမဖျက်တဲ့အပြင် အဲဒီနတ်ဆေးပင်ကိုပါ ကျုပ်ကိုယ်တိုင် ရှာပေးဦးမှာပါ ခင်ဗျားကိုယ်တိုင် လိုက်ရှာစရာ မလိုဘူး ပြီးတော့ ခင်ဗျားရဲ့ ဆက်ဆံရေးနဲ့ လူအင်အားအရဆိုရင် အဲဒီနတ်ဆေးပင်က ဘာလဲဆိုတာ သိရင်တောင် ခင်ဗျား ရဖို့ အခွင့်အရေး မရှိသလောက်ပဲ"

ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။

လီဝူဝမ့် ရုတ်တရက် တိတ်ဆိတ်သွားပါတယ်။

လီချန်စန်းကတော့ စကားအနည်းငယ်ပဲ ကြားရပေမဲ့ အရင်က သူသိထားတဲ့ အချက်အလက်တွေနဲ့ ခုနက စကားလုံးတွေကို ပေါင်းစပ်ကြည့်လိုက်တဲ့အခါ သူ့နှလုံးသားကို တုန်လှုပ်သွားစေတဲ့ ရလဒ်တစ်ခုကို ရလိုက်ပါတယ်။

နောက်ထပ်လမ်းစဉ်... နတ်ဆေးပင်...

ကောင်းကင်ဓားဌာနက ဘာကြောင့် ဝိညာဥ်နတ်ဘုရားဂိုဏ်းနဲ့ မပူးပေါင်းတော့ဘဲ ဝိညာဉ်သုတ်သင်ရေးဌာနဘက်ကို ကူးပြောင်းသွားလဲဆိုတာ သူ အခုမှ နားလည်သွားပါတယ်။

ဝိညာဉ်သုတ်သင်ရေးဌာနဘက်က ပေးတဲ့ အကျိုးအမြတ်က လီဝူဝမ့်ကို အဆင့် ၄ တက်လှမ်းအောင် ကူညီပေးဖို့လား

လီချန်စန်းကတော့ ဓားမသေမျိုးလမ်းစဉ် ပြတ်တောက်သွားတာကို မသိတာကြောင့် အဲဒီအတွက်တော့ မအံ့သြပါဘူး။

ဒါပေမဲ့ လီဝူဝမ့် အဆင့် ၄ တက်နိုင်မယ်ဆိုတဲ့ သတင်းကြောင့်တော့ အလွန် ဝမ်းသာသွားပါတယ်။

လီဝူဝမ့် ပိုအစွမ်းထက်လာလေ၊ ကောင်းကင်ဓားဌာနရဲ့ အခြေခံက ပိုခိုင်မာလာလေဖြစ်ပြီး ဖန်တီးရှင်ဂြိုဟ်ပေါ်မှာ ဓားကျင့်ကြံသူတွေရဲ့ အခြေအနေက အရင်လို ပြန်မဖြစ်နိုင်တော့ပါဘူး။

"မင်းပြောတာက... ငါ့အတွက် အဆင့်တက်ဖို့ လိုအပ်တဲ့ နတ်ဆေးပင်ကို တိုက်ရိုက် ရှာပေးမယ်လို့ ဆိုလိုတာလား "

လီဝူဝမ့်က အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ ဖြည်းဖြည်းချင်း မေးလိုက်ပါတယ်။

"မင်း ငါ့ကို အာလူးကျွေးနေတာ လို့ ငါ ဘာလို့ ခံစားနေရတာလဲ ဒီနှစ်တွေမှာ ကောင်းကင်ဓားဌာနက မင်းခိုင်းသမျှ အကုန် လုပ်ပေးခဲ့တယ် ဒါပေမဲ့ အခုထိ ဘာအကျိုးအမြတ်မှ မမြင်ရသေးဘဲ ထပ်စောင့်ဦးလို့ ပြောနေပြန်ပြီ တကယ်လို့ မင်းက အဲဒီနတ်ဆေးပင်ကို နှစ်တစ်ရာလောက်ကြာမှ ရှာမတွေ့ရင်၊ ဒါမှမဟုတ် နှစ်ငါးရာလောက် ကြာသွားရင် ငါ စောင့်နိုင်မယ် ထင်နေလား "

"ခင်ဗျားက ကျုပ် လိမ်နေတယ်လို့ ထင်လို့လား"

ဖန့်ချန်က ပြုံးလိုက်ပါတယ်။

လီဝူဝမ့်က စဉ်းစားကြည့်ပြီး ခေါင်းခါပြတယ်

"မင်းက စီနီယာယွန်းဟယ် ရဲ့ တပည့်ပဲ မင်း ငါ့ကို လိမ်ရင် သူ့ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမှာ မင်းရဲ့ စရိုက်အရတော့ ဒါမျိုး လုပ်မှာ မဟုတ်ဘူး ဒါပေမဲ့ ငါက တကယ် မစောင့်နိုင်ဘူး ငါတို့ အချိန်တစ်ခု သတ်မှတ်ဖို့ လိုတယ်"

"တကယ်လို့ အဲဒီအချိန်အတွင်းမှာ ငါ ရသင့်တာကို မရဘူးဆိုရင် မင်းနဲ့ မပူးပေါင်းတော့ဘဲ ငါ့နည်းငါ့ဟန်နဲ့ပဲ ငါ လုပ်တော့မယ်"

"နှစ်တစ်ရာ ထားလိုက်ပါတော့ အဆင့် ၄ ကို တက်လှမ်းဖို့ဆိုတာ ကလေးကစားစရာ မဟုတ်ဘူး တကယ်လို့ ခင်ဗျားက ၃၀၊ ၅၀ လောက်ပဲ ပေးမယ်ဆိုရင်တော့ ဆက်မပြောပါနဲ့တော့"

ဖန့်ချန်က ရယ်ပြီး ပြောလိုက်ပါတယ်။

"ကောင်းပြီ၊ နှစ်တစ်ရာပဲ"

လီဝူဝမ့်က ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်ပါတယ်။

ဒီရလဒ်ဟာ သူ ထင်ထားတာထက် ပိုကောင်းပါတယ်။

တစ်ဖက်လူရဲ့ ရိုးသားမှုကိုလည်း သူ မြင်နိုင်ပါတယ်။

မဟုတ်ရင် တစ်ဖက်လူက နှစ် ၂၀၀၊ ၃၀၀ လို့ ပြောရင်တောင် သူ လက်ခံမှာပါ။

"ဒါဆို ဒီကိစ္စက ပြီးပြီပေါ့ ခင်ဗျား ကျုပ်နဲ့အတူ ကျိုးရှန့်တောင် သန့်စင်ရာနယ်မြေ ကို တစ်ခေါက် လိုက်ခဲ့ပေးပါဦး"

ဖန့်ချန်က ဆိုပါတယ်။

"ကျိုးရှန့် သန့်စင်ရာနယ်မြေကို ဘာသွားလုပ်မှာလဲကျိုးရှန့်က လူတွေက ဝိညာဥ်နတ်ဘုရားဂိုဏ်းနဲ့ ဘာမှမပတ်သက်ဘူးလေ"

လီဝူဝမ့် မျက်မှောင်ကြုတ်သွားပါတယ်။

"အဲဒီကလူဆီမှာ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး တွေ ရှိတယ် သူ ရောင်းမလားလို့ သွားမေးမလို့ပါ ကျုပ် တစ်ယောက်တည်း သွားရင်တော့ မျက်နှာက သိပ်မကြီးဘူး၊ ခင်ဗျားပါ ပါရင်တော့ လောက်လောက်လားလား ဖြစ်သွားမှာပါ"

ဖန့်ချန်က ပြောပါတယ်။

အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး သွားဝယ်မလို့

လီဝူဝမ့် ကြောင်သွားပြီး ထူးဆန်းတဲ့ အမူအရာနဲ့

"အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးထဲက ဝိညာဉ်စွမ်းအားကို ဆင်ခြင်သုံးသပ်နေလို့ ဘာအသုံးဝင်မှာလဲ တစ်ခုတည်းကိုပဲ အာရုံစိုက် ကျင့်ကြံတာက ပိုကောင်းပါတယ် မင်းကလည်း ဓားကျင့်ကြံသူ လမ်းစဉ်ကို လျှောက်နေတာပဲ၊ မင်းအတွက် ဒါက ပိုတောင် အသုံးမဝင်သေးတယ်"

"ကျုပ်ကိစ္စ ကိုထားလိုက်ပါ"

...

...

ကျူယွင်ချန်း ဟာ အရင်က ဓားသခင်္ျိုင်း လှေကားထစ်ရဲ့ ဓားနန်းတော် က နန်းတော်သခင် ဖြစ်ပါတယ်။

နောက်ပိုင်း ကောင်းကင်ဓားဌာန ပေါ်ပေါက်လာတော့မှ ကျိုးရှန့် သန့်စင်ရာနယ်မြေက သူ့ကို ပြန်ခေါ်သွားတာပါ။

ဒီနန်းတော်သခင် ရာထူးကိုလည်း တခြားလူကို ပေးလိုက်ရပါတယ်။

မကြာခင်မှာပဲ ကျူယွင်ချန်းဟာ ကျိုးရှန့်နဲ့ အေးအေးဆေးဆေး လမ်းခွဲပြီး ကောင်းကင်ဓားဌာနထဲ ဝင်လာခဲ့တာပါ။

ကျိုးရှန့်တောင် သန့်စင်ရာနယ်မြေဘက်ကလည်း ဒါကို နားလည်ပေးခဲ့လို့ ပဋိပက္ခ သိပ်မရှိပါဘူး။

ဒါပေမဲ့ သန့်စင်ရာနယ်မြေထဲက ဓားကျင့်ကြံသူ ၁၀ ယောက်မှာ ၈ ယောက်၊ ၉ ယောက်လောက်ကတော့ ကျူယွင်ချန်းနဲ့အတူ ပါသွားကြပါတယ်။

ကျန်ခဲ့တဲ့သူတွေကတော့ အကြောင်းအမျိုးမျိုးကြောင့် ထွက်လို့မရတဲ့သူတွေ၊ ဒါမှမဟုတ် မထွက်ချင်တဲ့သူတွေပါ။

ကျင့်ကြံသူတိုင်းက ဓားကျင့်ကြံသူတွေအပေါ် ရန်လိုနေတာမျိုး မဟုတ်ပါဘူး၊ ဓားကျင့်ကြံသူတွေအပေါ် ဖော်ရွေတဲ့သူတွေလည်း ရှိပါတယ်။

"ယွင်ချန်း... မင်းရဲ့သား ကျူခေါ့ရှိုး က ကျိုးရှန့် တောင် သန့်စင်ရာနယ်မြေမှာ ကျင့်ကြံနေတုန်းပဲ မဟုတ်လား မင်းကိစ္စကြောင့် သူ့အပေါ် သက်ရောက်မှု မရှိဘူးလား "

လီဝူဝမ့်က လှေ ပေါ်မှာ ရပ်ပြီး လေဟာနယ်ကို ဖြတ်ကျော်ကြည့်လိုက်တဲ့အခါ ကောင်းကင်နဲ့ မြေကြီးကို ဆက်သွယ်ထားတဲ့ တိုင်ကြီးတွေလို တောင်ကိုးလုံးကို ခပ်ရေးရေး မြင်လိုက်ရပါတယ်။

ကျူယွင်ချန်းက ဖန့်ချန်ကို တစ်ချက် ခိုးကြည့်ပြီးမှ တိုးတိုးလေး ဖြေပါတယ်

"ကျိုးရှန့်ဘက်က ကျုပ်ရဲ့ ရွေးချယ်မှုကို နားလည်ပေးပါတယ် ခေါ့ရှိုးကလည်း ဓားကျင့်ကြံသူ မဟုတ်တော့ ကျိုးရှန့်ထဲမှာ သူ့အပေါ် သက်ရောက်မှု မရှိပါဘူး ပြီးတော့ ကျုပ် အထင်ကတော့ ကျိုးရှန့်တောင် သန့်စင်ရာနယ်မြေကလည်း ကျုပ်တို့ဌာနနဲ့ ရန်သူမဖြစ်ချင်ဘူး ထင်တယ် အဲဒါကြောင့် ခေါ့ရှိုးက အထူးအခွင့်အရေးတောင် ရနေဦးမှာပါ"

ဒီလိုပြောပြီးမှ သူက ဖန့်ချန်ဘက် လှည့်ပြီး လက်အုပ်ချီလိုက်တယ်

"ဖန့်စီနီယာ ... ကျုပ်သားက အရင်က အသိတရား မရှိခဲ့လို့ ဓားသခင်္ျိုင်း လှေကားထစ်မှာ ပြဿနာရှာခဲ့တာကို..."

"ရပါတယ်၊ ကလေးပဲဥစ္စာ၊ ကျုပ် စိတ်ထဲမထားပါဘူး"

ဖန့်ချန်က ပြုံးလိုက်ပါတယ်။

ကျူယွင်ချန်း ချက်ချင်း စိတ်သက်သာရာ ရသွားပါတယ်။

မသေမျိုးလှေဟာ အလွန်မြန်တဲ့ အရှိန်နဲ့ လေဟာနယ်ကို ဖြတ်ကျော်ပြီး နတ်ဘုရားတွေ နေထိုင်ရာ နယ်မြေလို လှပတဲ့ ကျိုးရှန့် တောင် သန့်စင်ရာနယ်မြေ ကို ရောက်လာပါတယ်။

တောင်ကိုးလုံးဟာ သီးခြားကမ္ဘာတစ်ခုလို ကြီးမားလှပြီး မြူခိုးတွေ ဝိုင်းရံနေပါတယ်။

အခု မသေမျိုးလှေ ရောက်နေတဲ့ အမြင့်က တောင်ရဲ့ ခါးလယ်လောက်တောင် မရှိသေးပါဘူး။

အထက်ကို မော့ကြည့်လိုက်ရင်တော့ အနက်ရောင် လေဟာနယ်ကြီးကို မြင်ရပြီး ဒီနေရာက ကောင်းကင်ဟာ ပြင်ပလောကနဲ့ မတူသလိုပါပဲ။

"မင်း ကျိုးရှန့်တောင် ရဲ့ နောက်ခံအကြောင်း ကြားဖူးလား"

လီဝူဝမ့်က ပြုံးပြီး ပြောပြပါတယ်

"လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက သတင်းတွေ ရှိခဲ့တယ် ဒီတောင်ကိုးလုံးဟာ အထက်ဘုံလောက ကနေ လူ့လောကထဲကို ပြုတ်ကျလာတာတဲ့ အမှန်တရားကို မသိတဲ့ သာမန်လူတွေက မသေမျိုးဖြစ်ချင်လို့ တောင်ပေါ်တက်ရင်းနဲ့ ကျိုးရှန့်တောင်ထဲကနေ အထက်ဘုံလောကရဲ့ ရတနာတွေ အများကြီး ရခဲ့ကြတယ် "

"အဲဒီ သာမန်လူတွေဟာ နောက်ပိုင်းမှာ ထိပ်တန်းကျင့်ကြံသူကြီးတွေ ဖြစ်လာပြီး တဖြည်းဖြည်းနဲ့ ကျိုးရှန့် တောင် သန့်စင်ရာနယ်မြေဆိုတဲ့ နာမည် ကျော်ကြားလာတာပဲ "

သူက ရှေ့က တောင်ကိုးလုံးကို ကြည့်ပြီး သက်ပြင်းချတယ်

"အခုအချိန်မှာတော့ ကျိုးရှန့်တောင် ထဲမှာ ဘာရတနာမှ ကျန်ချင်မှ ကျန်တော့မှာပါ ဒါပေမဲ့ ဒီတောင်ကိုးလုံးရဲ့ အတွင်းထဲမှာတော့ မသေမျိုးသတ္တုတွင်းတွေ သေချာပေါက် ရှိနေလိမ့်မယ် ဖန်တီးရှင်ဂြိုဟ်ပေါ်မှာ ဒီထက်ကောင်းတဲ့ ကျင့်ကြံစရာ နေရာ ရှာလို့ မရတော့ဘူး"

အဲဒီအချိန်မှာပဲ ကြီးမားတဲ့ ကြိုးကြာငှက် တစ်ကောင် ပျံသန်းလာပြီး လူစကား ပြောလိုက်ပါတယ်

"လူကြီးမင်းတို့... ဘိုးဘေး က ဖိတ်ကြားထားပါတယ် ကျေးဇူးပြုပြီး ဂျူနီယာရဲ့ နောက်ကို လိုက်ခဲ့ပေးပါ"

ဝံပိုငှက်က ပြောပြီးတာနဲ့ ကျိုးရှန့်တောင် ရဲ့ အတွင်းပိုင်းကို ဦးတည်ပြီး ပျံသန်းသွားပါတယ်။

"ဒီအသံက..."

ဖန့်ချန်ရဲ့ အမူအရာ ပြောင်းသွားပါတယ်။

အရင်က သူ နတ်မိစ္ဆာပင်လယ်မှာ ရှိနေတုန်းက ကြိုးကြာငှက်ကြီးတစ်ကောင်က သူ့ကို သိုင်းဝိညာဥ်နယ်မြေ ဆီ ပို့ပေးခဲ့တာပါ။

အဲဒီအချိန်မှာ သူ ကျင့်ကြံဆင့်တွေ ပျောက်ကွယ်နေလို့ ရှေးဦးနတ်ဘုရား မျက်လုံးလည်း ဖွင့်လို့မရဘဲ ဘာမှ မမြင်ခဲ့ရပါဘူး။

ဒါပေမဲ့ သူ နားမထိုင်းခဲ့ပါဘူး။

ဒီကြိုးကြာငှက်ကြီးက အဲဒီတုန်းက တစ်ကောင်ပဲ

All Chapters