← Chapters

အခန်း (၁၁၉၅-၁၁၉၆)

Vol. 120 Ch. 1195-1196

အခန်း (၁၁၉၅-၁၁၉၆)

Vol. 120 Ch. 1195-1196

အခန်း (၁၁၉၅) ထိုက်ယီ ကုန်သွယ်ရေးအဖွဲ့

ခြောက်လကြာပြီးနောက် ဖုန်မှုန့်တွေနဲ့အတူ ပင်ပန်းနွမ်းနယ်နေတဲ့ လူငါးယောက်ဟာ သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို နောက်ဆုံးမှာ ရောက်ရှိလာခဲ့ပါတယ်။

ရှေးဟောင်းနယ်မြေ ၊ ရှန်းရွှီဂြိုဟ်

ဖန့်ချန်က တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ဒီဂြိုဟ်မှာ သက်ဆိုင်ရာ ယင်မြို့တော် မရှိတာကို သိလိုက်ပါတယ်။

ဒါကြောင့် ယင်လောကငယ်ကနေတစ်ဆင့် ဒီနေရာကို ကူးပြောင်းလာလို့ မရပါဘူး။

"ဒီရှန်းရွှီဂြိုဟ်ဟာ ဟိုးအရင်တုန်းက နတ်ဘုရားတွေ နားခိုရာနေရာဖြစ်ခဲ့တယ်လို့ ကြားဖူးတယ် ကြာလာတော့ ဈေးတန်းတစ်ခု ဖြစ်လာတာပေါ့"

ယန်ယွမ်ဝူက ပြုံးပြီး လေးယောက်သားကို မိတ်ဆက်ပေးနေပါတယ်

"ဒီရှန်းရွှီဂြိုဟ်မှာ ဝိညာဥ်နတ်ဘုရားဂိုဏ်း ကျင့်ကြံသူတွေလည်းမရှိဘူး၊ ငါတို့ဌာနက ကျင့်ကြံသူတွေလည်း မရှိဘူး ဘာလို့လဲဆိုတာ မင်းတို့ သိလား"

"ယန်မိတ်ဆွေ... ခင်ဗျားကတော့ အတော်လေး ပြင်ဆင်လာပုံပဲ လူကို အကဲမစမ်းပါနဲ့တော့"

"မိတ်ဆွေဖန့် က ရှေးဟောင်းနယ်မြေက ကျင့်ကြံသူဆိုတော့ ရှန်းရွှီဂြိုဟ်အကြောင်း ကြားဖူးမှာပေါ့ "

ယန်ယွမ်ဝူက ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ပါတယ်။

ဖန့်ချန်က ခေါင်းကို အသာခါယမ်းလိုက်တယ်

"ကျုပ်က အပြင်ထွက်တာ နည်းတယ်၊ ဒီနေရာကို မရောက်ဖူးသလို ကြားလည်းမကြားဖူးဘူး"

ယန်ယွမ်ဝူက ဖန့်ချန်လည်း မကြားဖူးဘူးဆိုတာကို သိတော့ ပြုံးပြုံးရွှင်ရွှင်နဲ့ ဆက်ပြီး မိတ်ဆက်ပေးပါတယ်

"ဒီရှန်းရွှီဂြိုဟ်မှာ ဝိညာဥ်နတ်ဘုရားဂိုဏ်းနဲ့ ငါတို့ဌာနကလူတွေ မရှိရတဲ့အကြောင်းရင်းက ရိုးရိုးလေးပါပဲ ဒီဂြိုဟ်ရဲ့ ပိုင်ရှင်က အထက်ဘုံသုံးဘုံ က လာတဲ့ ထိုက်ယီ ကုန်သွယ်ရေးအဖွဲ့ မို့လို့ပဲ"

"ထိုက်ယီ ကုန်သွယ်ရေးအဖွဲ့ "

ချူကျားက သိချင်စိတ်နဲ့ မေးလိုက်တယ်

"ဒီထိုက်ယီ ကုန်သွယ်ရေးအဖွဲ့က လူတွေအားလုံး ထိုက်ယီလမ်းစဉ်ကိုပဲ လျှောက်ကြတာလား ဒါပေမဲ့ ဒီလမ်းစဉ်က အဆုံးအထိ သွားလို့မရဘူး မဟုတ်လား၊ အဆင့် ၆ အထိပဲ ရတာလေ"

"ထိုက်ယီ ကုန်သွယ်ရေးအဖွဲ့မှာ ဟိုးအရင်တုန်းကတော့ အထွတ်ထိပ် ရောက်တဲ့ ထိုက်ယီနတ်ဘုရားတွေ ရှိခဲ့ဖူးတယ် ဒါပေမဲ့ ဒီမသေမျိုးလမ်းစဉ်က အမွေအနှစ် ပြတ်တောက်သွားတာကြောင့် အခုတော့ အမြင့်ဆုံး အဆင့် ၆ အထိပဲ ရှိတော့တာ"

ယန်ယွမ်ဝူက ရယ်ပြီး

"ဒါက အဓိက မဟုတ်ဘူး သူတို့က တခြားမသေမျိုးလမ်းစဉ်တွေကို ပြောင်းလျှောက်နေကြတာ ကြာပြီ ပြီးတော့ သူတို့မှာ ပြီးပြည့်စုံတဲ့ မသေမျိုးလမ်းစဉ် တစ်ခုလည်း ရှိတယ်"

"ဟူး"

ပြီးပြည့်စုံတဲ့ မသေမျိုးလမ်းစဉ်

လူတိုင်း ရင်ထဲမှာ အံ့သြသွားကြပြီး မျက်လုံးတွေ လင်းလက်သွားကြပါတယ်။

လူ့လောက နယ်မြေကိုးခုတင်မကဘူး၊ အရင်က နတ်ဘုရားလောကမှာတောင် ပြီးပြည့်စုံတဲ့ မသေမျိုးလမ်းစဉ်တစ်ခုကို ပိုင်ဆိုင်ထားတဲ့ အင်အားစုဆိုတာ ဘယ်တော့မှ မအားနည်းပါဘူး။

(အထက်ဘုံံကို နတ်ဘုရားလောကလို့ ပြောင်းပါမယ်)

အနည်းဆုံးတော့ အဆင့် ၉ မသေမျိုးတစ်ပါး ရှိနေရပါမယ်။

မဟုတ်ရင် ဒီလမ်းစဉ်ကို ကာကွယ်ထားနိုင်မှာ မဟုတ်ဘူးလေ။

"ကျုပ် ထိုက်ယီ ကုန်သွယ်ရေးအဖွဲ့အကြောင်း မကြားဖူးပေမဲ့ မိတ်ဆွေယန် ရှင်းပြတာကို နားထောင်ပြီးတော့ ဒီမှာ ဘာလို့ ဝိညာဥ်နတ်ဘုရားဂိုဏ်း မရှိတာလဲဆိုတာ သဘောပေါက်သွားပြီ သူတို့လည်း ဒီလို အင်အားစုကို အလွယ်တကူ မရန်စရဲဘူးလေ"

ဌာနမှူး တစ်ယောက်က ပြောလိုက်ပါတယ်

"ဒီအကောင်တွေက ဘေးဒုက္ခကို ရှောင်ပြီး ကံကောင်းတာကို ရှာတဲ့နေရာမှာတော့ လူ့လောက နယ်မြေကိုးခုမှာ ထိပ်တန်းပဲ"

"အဲဒါကြောင့်ပဲ ကျုပ်တို့ ဒီမှာ ဘေးအန္တရာယ် မကြုံနိုင်တာ ဒီနေရာမှာ စည်းမဲ့ကမ်းမဲ့ တိုက်ခိုက်တာဟာ ထိုက်ယီ ကုန်သွယ်ရေးအဖွဲ့ကို မျက်နှာပျက်အောင် လုပ်တာပဲ"

ယန်ယွမ်ဝူက ရယ်မောရင်း

"ဒါကြောင့်သာ ကျုပ် ဒီနတ်ဘုံဆွေးနွေးပွဲကို လာရဲတာ မဟုတ်ရင် ဝိညာဥ်နတ်ဘုရားဂိုဏ်းက ကျုပ်တို့ကို ဘယ်နေရာမှာ စောင့်နေမလဲ ဘယ်သူသိမှာလဲ"

"မိတ်ဆွေယန် က သတိကြီးလွန်းနေတာပါ ဒီမှာ ထိုက်ယီ ကုန်သွယ်ရေးအဖွဲ့က ကျင့်ကြံသူတွေ မရှိရင်တောင်မှ ဝိညာဥ်နတ်ဘုရားဂိုဏ်းက ကျုပ်တို့ကို လုပ်ကြံဖို့ဆိုတာ မလွယ်ပါဘူး ကျုပ်တို့သာ လူမသိအောင် နေရင် ကျုပ်တို့ ဘယ်ကလာလဲ ဘယ်သူသိမှာလဲ"

"အရာရာကို သတိထားတာ အကောင်းဆုံးပါပဲ"

ဖန့်ချန်က ပြောလိုက်ပါတယ်။

ယန်ယွမ်ဝူက ခေါင်းညိတ်တယ်

"ဌာနမှူးဖန့်ရဲ့ အတွေးက အတော်ကောင်းပါတယ်အရာရာကို သတိထားရမယ် ဒီနှစ်တွေမှာ သေဆုံးသွားတဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးဟာ ပေါ့ဆလို့ အသိုက်ဖျက်ခံလိုက်ရတာချည်းပဲ"

လူတိုင်း တိတ်ဆိတ်သွားကြပါတယ်။

ယန်ယွမ်ဝူဟာ ဒီတစ်ခေါက် နတ်ဘုံဆွေးနွေးပွဲကို အတော်လေး အရေးတယူ ရှိပုံရပါတယ်။

ကြိုတင် စုံစမ်းထားရုံတင်မကဘဲ ဒီနေရာမှာ အသိတစ်ယောက်တောင် ရှိနေပါတယ်။

နာရီအနည်းငယ် ကြာပြီးနောက် သူဟာ လူတိုင်းကို ခေါ်ပြီး အဲဒီအသိနဲ့ သွားတွေ့ပါတယ်။

"ချင်းဖုန်း အစ်ကို... ဒီလူတွေက ကျုပ် လမ်းမှာတွေ့တဲ့ မိတ်ဆွေတွေပါ ဒီမှာ နတ်ဘုံဆွေးနွေးပွဲ ရှိတယ်ဆိုလို့ ကံစမ်းဖို့ အတူတူ လာခဲ့ကြတာ"

ယန်ယွမ်ဝူက သူ့အသိနဲ့ တွေ့တော့ ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး နှစ်ဖက်စလုံးကို မိတ်ဆက်ပေးပါတယ်။

သူပြောတဲ့ ချင်းဖုန်းဆိုသူဟာလည်း အဆင့် ၂ လွတ်လပ်သောမသေမျိုး တစ်ယောက်ပါ။

သူက ချူကျားနဲ့ ကျန်တဲ့ ဌာနမှူး နှစ်ယောက်ဟာ အဆင့် ၁ တွေပဲ ဆိုတာကို မြင်တော့ အမူအရာက အနည်းငယ် အေးစက်သွားပါတယ်။

ဖန့်ချန်က အဆင့် ၂ ဆိုတာကို သိလိုက်ရမှ မျက်နှာက အပြုံးက အနည်းငယ် နွေးထွေးလာတာပါ။

လမ်းတစ်လျှောက်မှာ သူက ဖန့်ချန်နဲ့ ယန်ယွမ်ဝူကိုပဲ စကားပြောပြီး ချူကျားတို့ သုံးယောက်ကိုတော့ သိပ်ဂရုမစိုက်ပါဘူး။

သူတို့ သုံးယောက်က စိတ်ထဲမှာ မကျေမနပ် ဖြစ်မိပေမဲ့လည်း တစ်ဖက်လူက သူတို့ရဲ့ တကယ့် အဆင့်အတန်းကို မသိတာကြောင့်ပဲ စိတ်အေးသွားကြပါတယ်။

ယန်ယွမ်ဝူရဲ့ သတိထားတတ်တဲ့ အကျင့်အရ သူတို့ဟာ ဝိညာဉ်သုတ်သင်ရေးဌာနက လူတွေဆိုတာကို ဘယ်သူ့ကိုမှ အသိပေးမှာ မဟုတ်ပါဘူး။

"ဒီတစ်ခေါက် နတ်ဘုံဆွေးနွေးပွဲကို တာ့ဟွမ်မသေမျိုး က ဦးစီးတာ မင်းတို့ အထဲရောက်ရင် နတ်မင်းကို သွားမရန်စမိစေနဲ့ သူက ဒီနေရာက ထိုက်ယီ ကုန်သွယ်ရေးအဖွဲ့ တာဝန်ခံနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေ"

ပန်းတိုင်ကို ရောက်ခါနီးပုံရတာကြောင့် ချင်းဖုန်းက ချူကျားတို့ သုံးယောက်ကို အထူးတလည် သတိပေးလိုက်ပါတယ်။

သူတို့က အဆင့် ၁ တွေမို့လို့ စည်းကမ်းမသိမှာကို စိုးရိမ်နေပုံရပါတယ်။

"ချင်းဖုန်းအစ်ကို စိတ်ချပါ ဒီမိတ်ဆွေတွေက စည်းကမ်းသိတဲ့လူတွေပါ နတ်ဘုံဆွေးနွေးပွဲတွေလည်း အများကြီး တက်ဖူးတယ်၊ ဘာပြဿနာမှ မရှိစေရဘူး"

ယန်ယွမ်ဝူက ပြောလိုက်ပါတယ်။

"ဒါဆိုရင်တော့ ကောင်းတာပေါ့"

ချင်းဖုန်းက ခေါင်းညိတ်ရင်း

"မင်းတို့က ကျုပ်ရဲ့ အဆက်အသွယ်နဲ့ ဝင်ရတာဆိုတော့ ကိစ္စတစ်ခုခု ဖြစ်လာရင် ကျုပ်မှာလည်း တာဝန်ရှိတယ်"

စကားပြောနေရင်းနဲ့ ရှေ့မှာ မြူထူတွေ ရုတ်တရက် အုံ့ဆိုင်းလာပါတယ်။

လူတိုင်းကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ၊ မြူထူတွေ လွန်သွားတဲ့အခါမှာတော့ မသေမျိုးဈေးတန်း တစ်ခု ပေါ်လာပါတယ်။

ဒီနေရာက ကျင့်ကြံသူ အများစုဟာ လွတ်လပ်သောမသေမျိုးတွေနဲ့ ဂိုဏ်းဘိုးဘေးတွေ ဖြစ်ကြပါတယ်။

ဒါပေမဲ့ အဆင့်လတ်နဲ့ အဆင့်မြင့် ကျင့်ကြံသူ တစ်ချို့ကတော့ ဒီနေရာမှာ အောက်ခြေအလုပ်တွေကို လုပ်ကိုင်နေကြတာ တွေ့ရပါတယ်။

မျက်နှာထား တည်တင်းနေတဲ့ လွတ်လပ်သောမသေမျိုး တစ်ယောက်က ချင်းဖုန်းကို မြင်တော့ အနားကို လျှောက်လာပြီး ခေါင်းညိတ်ပြကာ ဖန့်ချန်တို့ကို အကဲခတ်ကြည့်ပါတယ်။

"ချင်းဖုန်းအစ်ကို... ဒီလူတွေက မျက်စိစိမ်းနေပါလား၊ ရှန်းရွှီဂြိုဟ်က မဟုတ်ဘူး ထင်တယ် "

"ရွှီမိတ်ဆွေ... ဒီလူတွေက အပြင်က လာကြတာပါ ဒီမှာ နတ်ဘုံဆွေးနွေးပွဲ ရှိတယ်ဆိုလို့ အဝေးကြီးကနေ လာတက်ကြတာ"

ချင်းဖုန်းက ပြုံးပြီး ခေါင်းညိတ်ပြပါတယ်။

တစ်ဖက်လူက ခဏလောက် စဉ်းစားပြီး ခေါင်းညိတ်လိုက်တယ်၊ ဖန့်ချန်တို့ကို ကြည့်တဲ့ အကြည့်မှာတော့ အနည်းငယ် မာန်တက်နေတဲ့ ပုံစံပါပဲ

"ဒီနတ်ဘုံဆွေးနွေးပွဲက စုစုပေါင်း ၇၂ ရက် ကြာမြင့်မယ် တာ့ဟွမ်မသေမျိုး က ဦးစီးကျင်းပတာ ဒီကာလအတွင်းမှာ မင်းတို့ ပြဿနာမရှာစေနဲ့၊ မဟုတ်ရင်တော့ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်၊ နားလည်လား "

ဖန့်ချန်တို့အားလုံး ခေါင်းညိတ်ပြလိုက်ပါတယ်။

တစ်ဖက်လူကလည်း သိပ်ပြီး အကျပ်မကိုင်ပါဘူး၊ လူတိုင်းကို တံဆိပ်ပြား တစ်ခုစီ ဝေပေးပါတယ်။

"ဒီတံဆိပ်ပြားက တာ့ဟွမ်မသေမျိုး က မင်းတို့ ကိုယ်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ ပေးထားတာခဏတဖြုတ်တော့ မင်းတို့ရဲ့ ပုံသဏ္ဍာန်၊ ရုပ်ရည်နဲ့ အငွေ့အသက်ကို ပြောင်းလဲပေးနိုင်တယ် ပွဲပြီးရင် ပြန်အပ်ရမယ် တစ်ယောက်ကို မသေမျိုးကျောက်တုံး တစ်တုံးစီ အာမခံကြေး ပေးရမယ်"

"ပွဲပြီးရင် မသေမျိုးကျောက်တုံး ပြန်ပေးမှာလား "

ချူကျားက ပေါ့ပေါ့ပါးပါး မေးလိုက်ပါတယ်။

ချင်းဖုန်းက သူမကို ချက်ချင်း မျက်စောင်းထိုးကြည့်ပြီး ယန်ယွမ်ဝူကို ပြောလိုက်တယ်

"ဒီမိန်းကလေးက ဘာလို့ ဒီလောက် စည်းကမ်းမသိတာလဲ "

ချူကျားက ကြောင်သွားပြီးမှ တောင်းပန်တဲ့အမူအရာနဲ့ ပြုံးပြလိုက်ပါတယ်။

စကားထပ်မပြောတော့ဘဲ မသေမျိုးကျောက်တုံးတစ်တုံး ထုတ်ပေးလိုက်တယ်၊ မျက်လုံးထဲမှာတော့ နှမြောနေတဲ့ အရိပ်အယောင်လေး ရှိနေပါတယ်။

ဒါဟာ ဝင်ကြေးကို တခြားနည်းလမ်းနဲ့ တောင်းတာမှန်း သိသာလှပါတယ်။

မသေမျိုးကျောက်တုံးတစ်တုံးရဲ့ ဝင်ကြေးဆိုတာ...

ဖန့်ချန်က ဘာမှမပြောဘဲ မသေမျိုးကျောက်တုံးတစ်တုံး ထုတ်ပေးလိုက်ပြီး တံဆိပ်ပြားကို ယူလိုက်ပါတယ်။

သူ အာရုံစိုက်လိုက်တာနဲ့ သူ့တစ်ကိုယ်လုံးဟာ အငွေ့အသက်တစ်ခုနဲ့ လွှမ်းခြုံသွားပြီး တခြားပုံစံတစ်မျိုးကို ချက်ချင်း ပြောင်းလဲသွားပါတယ်။

ဒီတံဆိပ်ပြားက စိတ်အာရုံ ကို ဖြတ်တောက်နိုင်ပုံရပါတယ်။

ဒါကြောင့် ရုပ်ပြောင်းလိုက်ရင် အဆင့်တူတဲ့သူတွေတောင် တကယ့်ရုပ်ကို မြင်နိုင်ဖို့ ခက်ပါလိမ့်မယ်။

ဒီလိုတံဆိပ်ပြားမျိုးက အတော်လေး ကောင်းမွန်တဲ့ အထောက်အကူပြု ရတနာတစ်ခုပါပဲ။

တစ်ဖက်လူက ဒါတွေကို ဒီအတိုင်း ထုတ်ပေးနိုင်တာကို ကြည့်ရင် တာ့ဟွမ်မသေမျိုးရဲ့ နောက်ခံက ဘယ်လောက်တောင့်တင်းလဲဆိုတာ သိနိုင်ပါတယ်။

ဖန့်ချန် သတိထားမိတာကတော့ ချင်းဖုန်းက မသေမျိုး ကျောက်တုံး ပေးစရာမလိုသလို တစ်ဖက်လူကလည်း မတောင်းပါဘူး။

"နတ်ဘုံဆွေးနွေးပွဲ စတာ ရက်ပိုင်းပဲ ရှိသေးတယ်၊ အခုတော့ လူသိပ်မများသေးဘူး နောက်ရက်တွေကျရင် လူတွေ ပိုများလာလိမ့်မယ် မင်းတို့ တစ်ခုခု ဝယ်ချင်ရင်တော့ လျှောက်ကြည့်ကြပေါ့၊ ပစ္စည်းကောင်းတွေ အများကြီး ရှိမှာပါ"

ချင်းဖုန်းက ရယ်ပြီး ပြောပါတယ်။

"ချင်းဖုန်းမိတ်ဆွေ ကို လမ်းပြပေးလို့ ကျေးဇူးတင်ပါတယ် ကျုပ်တို့လည်း လျှောက်ကြည့်လိုက်ပါဦးမယ်"

ယန်ယွမ်ဝူက လက်အုပ်ချီ နှုတ်ဆက်လိုက်ပါတယ်။

လူတိုင်း လူအုပ်ထဲကို တကွဲတပြားစီ ဝင်သွားကြပြီး လမ်းမှာ ကိုယ့်ရဲ့ ရုပ်ရည်နဲ့ အငွေ့အသက်တွေကို အကြိမ်အနည်းငယ် ပြောင်းလဲလိုက်ကြပါတယ်။

ဖန့်ချန်က ခဏလောက် အခြေအနေကြည့်ပြီး လူအစည်ကားဆုံးနေရာကို လျှောက်သွားလိုက်ပါတယ်။

ခုနကတင် တစ်ယောက်ယောက်က "အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး" လို့ ပြောလိုက်တာကို သူ ကြားလိုက်မိလို့ပါပဲ။

အခန်း (၁၁၉၆) တုရွှမ်

တံဆိပ်ပြားရဲ့ ရုပ်ဖျက်အာနိသင်ဟာ အပေါ်ယံရုပ်ရည်တင်မကဘဲ ကျင့်ကြံခြင်းအငွေ့အသက်ကိုပါ အလွယ်တကူ ဖုံးကွယ်ပေးနိုင်ပါတယ်။

လူတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် ကျင့်ကြံဆင့်ကို အကဲမခတ်နိုင်ကြတာကြောင့် အပူအပင် အတော်လေး နည်းသွားစေပါတယ်။

ဒီနေရာမှာ စုဝေးပြီး စကားပြောနေကြတဲ့ လွတ်လပ်သောမသေမျိုး စုစုပေါင်း ၁၃ ယောက် ရှိပါတယ်။

အဲဒီထဲက တစ်ယောက်က အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ကိုင်ထားပြီး တခြားတစ်ယောက်နဲ့ အခြေအတင် ပြောဆိုနေကြတာပါ၊ ကျန်တဲ့သူတွေကတော့ ဘေးကနေ ကြည့်နေကြပါတယ်။

"ကျုပ်ရဲ့ ဒီအထွတ်ထိပ် ဝိညာဉ်ကျောက်တုံးထဲမှာ ကိန်းအောင်းနေတဲ့ ရှေးဟောင်းဝိညာဉ်စွမ်းအားက တကယ့်ကို ကြမ်းတမ်းခက်ထန်တာ၊ ဓားကျင့်ကြံသူတွေရဲ့ ဓားဆန္ဒထက်တောင် မနိမ့်ကျဘူး ကျုပ် ရှေးဟောင်းကျမ်းစာတွေကို ဖတ်ကြည့်တော့ ဒီရှေးဟောင်းဝိညာဉ်စွမ်းအားရဲ့ အမည်က တုရွှမ် တဲ့"

"ရှေးခေတ်တုန်းက နတ်ဘုရားနယ်မြေတစ်ခုကို စိုးမိုးခဲ့တဲ့ အစွမ်းထက်တဲ့ ထူးဆန်းတဲ့သားရဲကြီးတစ်ကောင် ရှိခဲ့ဖူးတယ် အဲဒီသားရဲနာမည်က တုရွှမ်ပဲဆိုတာ မင်းတို့ ကြားဖူးမှာပေါ့"

"အဲဒီသားရဲက အရွယ်ရောက်လာရင် အဆင့် ၇ မသေမျိုးကိုတောင် ဝါးမြိုနိုင်တာ အဲဒါကိုမှ မင်းရဲ့ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးနဲ့ လဲရမှာကို ကျုပ်က မသေမျိုးကျောက်တုံး တစ်တုံး ထပ်ပေးရဦးမယ် ဟုတ်လား ဒါက ဘယ်လိုကျိုးကြောင်းဆီလျော်မှုမျိုးလဲ "

စကားပြောနေတဲ့သူက အသက် ၁၀ ကျော်အရွယ် လူငယ်လေးတစ်ယောက် ပုံစံပါပဲ။

သူ့မျက်လုံးထဲမှာ ဒေါသရိပ်တွေ လင်းလက်နေပြီး စကားကို အလွန်မြန်မြန် ပြောနေပါတယ်။

ဒါတွေက အရေးမကြီးပါဘူး။

သူ့ရဲ့ ရုပ်ရည်က အတုဖြစ်သလို အသံနေအသံထားနဲ့ အမူအရာတွေကလည်း လုပ်ယူထားတာ ဖြစ်နိုင်ပါတယ်။

သူ့ရဲ့ တစ်ဖက်မှာတော့ အေးအေးလူလူ ရှိနေတဲ့ အဖိုးအိုတစ်ယောက် ရပ်နေပါတယ်။

သူ့လက်ထဲမှာလည်း အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ကိုင်ထားပြီး ပြုံးစစနဲ့ ပြောလိုက်တယ်

"မင်း တုရွှမ်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ကျုပ် ဂရုမစိုက်ဘူး ကျုပ်က အထဲက ရှေးဟောင်းဝိညာဉ်စွမ်းအားကို လေ့လာဆည်းပူးချင်တဲ့သူ မဟုတ်ဘူးလေ ကျုပ်တို့လိုလူတွေအတွက် ဒါက အချိန်ဖြုန်းတာကလွဲလို့ ဘာအကျိုးရှိမှာလဲ"

"မင်း ကျုပ်လက်ထဲက အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးကို လိုချင်ရင်တော့ ပိုက်ဆံ ထပ်ပေးရမယ်၊ ပိုက်ဆံထပ်ပေးရမယ်ဆိုတာ နားလည်လား မဟုတ်ရင် ကျုပ် ဘာဖြစ်လို့ ဒီနတ်ဘုံဆွေးနွေးပွဲကို လာမှာလဲ ဝင်ကြေးတွေ အလကားပေးပြီး တစ်ပြားမှ မမြတ်ဘဲ ပြန်ရမှာလား "

"မင်းဆီကလည်း အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး၊ ကျုပ်ဆီကလည်း အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးပဲလေ ဘာဖြစ်လို့ ကျုပ်က ပိုက်ဆံ ထပ်ပေးရမှာလဲ"

"ဘာလို့လဲဆိုတော့ မင်းက အထဲက ရှေးဟောင်းဝိညာဉ်စွမ်းအားကို လေ့လာချင်နေလို့ပေါ့၊ ပြီးတော့ အဖိုးကြီး ကျုပ်လက်ထဲက ဒီကျောက်တုံးကို မင်း တစ်ခါမှ မလေ့လာဖူးသေးလို့လေ"

"..."

လူငယ်ပုံစံနဲ့လူက ရုတ်တရက် တည်ငြိမ်သွားပြီး ဘာမှမပြောတော့ဘဲ မသေမျိုးကျောက်တုံးတစ်တုံး ထုတ်ပေးကာ အဖိုးကြီးနဲ့ လဲလှယ်လိုက်ပါတယ်။

အဲဒီနောက်မှာတော့ အလျင်အမြန်ပဲ လှည့်ထွက်သွားပါတော့တယ်။

အရောင်းအဝယ် ပြီးသွားတာကို မြင်တော့ အဖိုးကြီးက ပြုံးရွှင်စွာနဲ့ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်

"အားလုံးပဲ ဒီမှာ ဘေးကနေ ကြည့်နေကြတာ အချိန်ဖြုန်းဖို့တော့ မဟုတ်လောက်ဘူး ထင်ပါတယ် အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး လဲချင်လို့ မဟုတ်လား ကျုပ်လက်ထဲက ဒီကျောက်တုံးထဲမှာ ကိန်းအောင်းနေတာက တုရွှမ် စွမ်းအားပဲ ခုနကပဲ မိတ်ဆက်တာကို အားလုံး ကြားပြီးပြီ လဲချင်တဲ့သူ ရှိလား မသေမျိုးကျောက်တုံး တစ်တုံးပဲ ထပ်ပေးရပါမယ်"

"ခင်ဗျားက တကယ့်ကို ပါးနပ်တာပဲ၊ အရင်းမစိုက်ဘဲ အမြတ်ထုတ်နေတာပေါ့"

တစ်ယောက်က မှတ်ချက်ပေးလိုက်ပါတယ်။

"ဒါကတော့ ကျုပ်က လက်မြန်သွားလို့ပါ၊ အားလုံးကလည်း လူကြီးလူကောင်းတွေဆိုတော့ ကြားဖြတ်မနှောင့်ယှက်ကြဘူးလေ မသေမျိုးကျောက်တုံး အနည်းငယ် မြတ်ဖို့ဆိုတာကလည်း အားလုံးရဲ့ မျက်နှာသာပေးမှုကြောင့်ပါပဲ"

အဖိုးကြီးက ပြုံးစိစိနဲ့ ပြောပါတယ်။

အားလုံးကတော့ စိတ်ထဲမှာ မဲ့ရွဲ့နေကြပါတယ်။

ကြားဖြတ်မနှောင့်ယှက်ဘူးဆိုတာက နေရာပြောင်း၊ အချိန်ပြောင်းကြည့်လေ၊ သူတို့ နှောင့်ယှက်မလား မနှောင့်ယှက်ဘူးလားဆိုတာ သိရမှာပေါ့။

ဒါပေမဲ့ ဒီတစ်ခေါက် နတ်ဘုံဆွေးနွေးပွဲကို တာ့ဟွမ်မသေမျိုးက ဦးစီးတာမို့လို့ သူတို့ ပြဿနာ မရှာချင်တာပါ။

အမှားအယွင်းဖြစ်မှာ ကြောက်လို့သာ ဒီလောက်အထိ စည်းကမ်းစောင့်နေကြတာ ဖြစ်ပါတယ်။

"ဒီအထွတ်ထိပ် ဝိညာဉ်ကျောက်တုံးကို ကျုပ်နဲ့ လဲရအောင်"

ဖန့်ချန်က ကျိုးရှန်းတောင် အကြီးအကဲ ပေးထားတဲ့ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးတွေထဲက တစ်တုံးကို ထုတ်လိုက်ပါတယ်။

အထဲက ရှေးဟောင်းဝိညာဉ်စွမ်းအားက မဟာကောင်းကင်ဘုရင် ဆေးကျမ်းအတွက် အသုံးမဝင်တဲ့အရာပါ။

တစ်ချိန်တည်းမှာပဲ သူက မသေမျိုးကျောက်တုံး တစ်တုံးကိုလည်း ထုတ်လိုက်ပါတယ်။

အဖိုးကြီးက မျက်လုံးတွေ လင်းလက်သွားပြီး "ပွင့်လင်းတာပဲ" လို့ ချီးကျူးကာ ဖန့်ချန်နဲ့ အရောင်းအဝယ်ကို ချက်ချင်း အပြီးသတ်လိုက်ပါတယ်။

'တုရွှမ်ကလည်း မဟာကောင်းကင်ဘုရင် ဆေးကျမ်းအတွက် လိုအပ်တဲ့ စွမ်းအားတွေထဲက တစ်ခုပဲ၊ ဒီနေ့တော့ အစကောင်းပြီ'

ဖန့်ချန်က စိတ်ထဲကနေ ရေရွတ်လိုက်ပါတယ်။

ဟန်ရွှေနတ်မီး ၊ နှင်းလေပြည် ၊ တုရွှမ် အခုဆိုရင် သုံးမျိုး ရှိသွားပါပြီ။

တကယ်လို့ မိုးကြိုးစွမ်းအား ကိုပါ ထည့်တွက်ရင် လေးမျိုး ရှိပါပြီ။

ဒါပေမဲ့ သူ့ရဲ့ စိတ်ဝိညာဉ်ခွဲ က အခုလောလောဆယ် ဟန်ရွှေနတ်မီး တစ်ခုတည်းကိုပဲ ပေါင်းစပ်နိုင်ပါသေးတယ်။

ကျန်တဲ့ သုံးမျိုးကိုတော့ တခြား စိတ်ဝိညာဉ်ခွဲ နှစ်ခု ပြည့်စုံသွားမှ၊ သူ့ရဲ့ ပင်မကိုယ်ထည် ပေါင်းစပ်ခြင်းအဆင့် ကို တက်လှမ်းတဲ့အခါမှပဲ ဆက်ပြီး သန့်စင်ရမှာပါ။

အဲဒီအချိန်ကျရင် ကျင့်ကြံဆင့်က အတော်လေး တက်လာမှာ ဖြစ်ပါတယ်။

အဖိုးကြီးက ဖန့်ချန်ပေးတဲ့ ကျောက်တုံးကို ရတော့ ပြန်ပြီး အော်ရောင်းနေပြန်ပါတယ်။

ဖန့်ချန်ကတော့ တခြား အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထုတ်လိုက်ပြီး

"လဲမယ့်သူ ရှိလား "

လူတိုင်းက အနားလာပြီး အကဲခတ်ကြပါတယ်။

အဲဒီထဲက တစ်ယောက်က ရယ်ပြီး ခေါင်းခါလိုက်တယ်

"ဒီလို အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးမျိုး ကျုပ်ဆီမှာလည်း တစ်တုံး ရှိတယ်ဗျ"

"မိတ်ဆွေ... ကျုပ်ဆီက ကျောက်တုံးနဲ့ လဲမလား မသေမျိုးကျောက်တုံး တစ်တုံးပဲ ယူပါမယ်"

တစ်ယောက်က ရုတ်တရက် အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထုတ်ပြပြီး ဖန့်ချန်ကို မျှော်လင့်တကြီး ကြည့်ပါတယ်။

ဒီလူတွေက ဖန့်ချန်ကို ပိုက်ဆံအသုံးကြမ်းတဲ့ လူအ လို့ ထင်နေကြမှန်း ဖန့်ချန် သိပါတယ်။

ဒါပေမဲ့ သူ ဂရုမစိုက်ပါဘူး။

သူ လိုချင်တဲ့ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးသာ ဖြစ်ပါစေ၊ မသေမျိုးကျောက်တုံး တစ်တုံး ပေးရတာက ဘာမှမဟုတ်ပါဘူး။

သူက အဲဒီလူလက်ထဲက ကျောက်တုံးကို ကြည့်လိုက်ပြီးမှ ခေါင်းကို အသာခါလိုက်တယ်

"မင်းရဲ့ ကျောက်တုံးကို ကျုပ် မလဲဘူး"

တစ်ဖက်လူက ကြောင်သွားပြီးမှ မကျေမနပ်နဲ့ ခေါင်းညိတ်ပြကာ တခြားလူတွေနဲ့ ဆက်ပြီး စကားပြောနေပါတယ်။

ဖန့်ချန် သတိထားမိတာကတော့ သူ တုရွှမ်ကို ရလိုက်တာဟာ ကံကောင်းလို့ ဖြစ်ပါလိမ့်မယ်။

ဘာလို့လဲဆိုတော့ ကျန်တဲ့သူတွေ ပြနေတဲ့ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးတွေထဲမှာ မဟာကောင်းကင်ဘုရင် ဆေးကျမ်းအတွက် သုံးလို့ရတာ တစ်တုံးမှ မရှိတော့လို့ပါပဲ။

ဒီမှာ သူလိုချင်တာ မရှိတော့တာကို သိလိုက်ရတဲ့အတွက် သူဟာ မသေမျိုးဈေးတန်းထဲမှာ လျှောက်ကြည့်နေလိုက်ပါတယ်။

လမ်းမှာ သူ့ရဲ့ ရုပ်ရည်၊ ပုံသဏ္ဍာန်နဲ့ အငွေ့အသက်တွေကိုလည်း မကြာခဏ ပြောင်းလဲနေခဲ့ပါတယ်။

ပထမနေ့မှာတော့ တခြား ဘာမှ ထပ်မရတော့ပါဘူး။

ဈေးတန်းထဲမှာ တည်းခိုခန်းတွေ ရှိပြီး ပတ်ဝန်းကျင်က အတော်လေး ကောင်းမွန်ပါတယ်။

ဒါပေမဲ့ တစ်ရက်ကို အလယ်လတ် ဝိညာဉ်ကျောက်တုံး တစ်တုံး ပေးရတာမို့လို့ အတော်လေးတော့ ဈေးကြီးပါတယ်။

နောက်ရက်တွေမှာလည်း ဖန့်ချန်က ဈေးတန်းထဲမှာ လျှောက်သွားရင်း သူ့အတွက် အသုံးဝင်မယ့် အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးတွေကို ရှာဖွေနေပါတယ်။

ချင်းဖုန်း ပြောခဲ့သလိုပါပဲ၊ နေ့တိုင်း လွတ်လပ်သောမသေမျိုး အသစ်တွေ ရောက်လာတတ်ပါတယ်။

ခုနစ်ရက်၊ ရှစ်ရက်လောက် ကြာတဲ့အခါမှာတော့ ဈေးတန်းဟာ သူ ပထမဆုံး ရောက်ခဲ့တဲ့ နေ့ထက် နှစ်ဆလောက် ပိုပြီး စည်ကားလာပါတယ်။

ဖန့်ချန်က တိတ်ဆိတ်တဲ့ နေရာတစ်ခုကို ရှာပြီး သူ လဲလှယ်ချင်တဲ့ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး နှစ်တုံးကို ရှေ့မှာ ချထားလိုက်ပါတယ်။

ကိုယ့်ဘာသာ လိုက်ရှာနေတာထက်စာရင် လူတွေ ကိုယ့်ဆီ လာရှာတာက ပိုကောင်းပါတယ်။

"ဟော... ဒီအထွတ်ထိပ် ဝိညာဉ်ကျောက်တုံးထဲမှာ ကိန်းအောင်းနေတာ မိုးကြိုးစွမ်းအား မဟုတ်လား မိတ်ဆွေ... ဒါကို ရောင်းမလား "

ဖြူဖွေးသွယ်လျတဲ့ ခြေတံရှည်ရှည် တစ်စုံက အရင်ဆုံး မြင်ကွင်းထဲ ဝင်လာပါတယ်။

ဖန့်ချန် မော့ကြည့်လိုက်တော့ ရောက်လာတဲ့သူက အသားဖြူဖြူ၊ ရုပ်လှလှနဲ့ ထူးခြားတဲ့ အငွေ့အသက်ရှိတဲ့ အမျိုးသမီးတစ်ယောက်ပါ။

"ဒီကျောက်တုံး နှစ်တုံးက လဲဖို့ပဲ၊ မရောင်းဘူး"

ဖန့်ချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်ပါတယ်။

"မရောင်းဘူးလား နှမြောစရာပဲ အခုခေတ်မှာ မိုးကြိုး အတတ်ပညာကို သုံးနိုင်တဲ့ တာအိုကျင့်ကြံသူ တစ်ချို့ ရှိပေမဲ့ မိုးကြိုးစွမ်းအား ကိန်းအောင်းနေတဲ့ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးက အတော်လေး ရှားတယ်လေ ဈေးကလည်း အနည်းဆုံး မသေမျိုးကျောက်တုံး ခုနစ်တုံးလောက် ရနိုင်တယ်တကယ်ပဲ မရောင်းဘူးလား "

အမျိုးသမီးက မေးပါတယ်။

"မရောင်းဘူး"

ဖန့်ချန်က ခေါင်းခါပြပါတယ်။

သူက မသေမျိုးကျောက်တုံး မရှားပါဘူး။

ရှိရင်တောင်မှ အခုလောလောဆယ် သူ သုံးလို့မရသေးပါဘူး။

သူ့ရဲ့ ပင်မကိုယ်ထည် ကျင့်ကြံဆင့်အရ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးနဲ့ ကျင့်ကြံတာတောင် အတော်လေး ဇိမ်ကျနေပါပြီ။

မသေမျိုးကျောက်တုံးထဲမှာ ကိန်းအောင်းနေတာက မသေမျိုးစွမ်းအား တွေပါ။

လွတ်လပ်သောမသေမျိုးအဆင့်အောက်က လူတွေ သုံးရင် ဆယ်ပုံကိုးပုံလောက်က အလဟဿ ဖြစ်သွားမှာဖြစ်ပြီး နည်းနည်းလေးပဲ စုပ်ယူနိုင်မှာပါ။

"မိတ်ဆွေ... ဒါဆိုရင် ဒီလိုလုပ်ရအောင် ကျမ တို့ နာမည်တွေ မှတ်ထားကြမယ်လေ နတ်ဘုံဆွေးနွေးပွဲပြီးရင် ကျမ ရှင် နဲ့ ဒီကျောက်တုံးကို လာလဲမယ် ဒီတစ်ခေါက် ကျမ လာတာ နည်းနည်း အလျင်စလို ဖြစ်သွားလို့ ကျမ ဆီက အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး တစ်ချို့ကို အိမ်မှာ ထားခဲ့မိတယ်"

အမျိုးသမီးက ပြုံးပြီး ပြောလိုက်ပါတယ်။

သူမရဲ့ အပြုံးက တကယ့်ကို ကြည့်လို့ကောင်းပါတယ်။

ဖန့်ချန်က သံသယမျက်လုံးနဲ့ ကြည့်လိုက်ပြီး

"ပြီးခဲ့တဲ့ ရက်ပိုင်းကတင် ကျုပ် ခင်ဗျားနဲ့ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံး တစ်တုံး လဲခဲ့သေးတယ်လေ၊ အဲဒီတုန်းက တုရွှမ် စွမ်းအားပါတဲ့ ကျောက်တုံးကို လဲသွားတာ တကယ်လို့ ခင်ဗျားက ဒီပွဲမှာ အမြတ်ထုတ်ချင်တယ်ဆိုရင် ဘာဖြစ်လို့ အထွတ်ထိပ် ဝိညာဉ်ကျောက်တုံးတွေ အကုန်လုံးကို ယူမလာဘဲ ထားခဲ့မှာလဲ "

အမျိုးသမီးက ကြောင်သွားပြီးမှ မျက်နှာမှာ အပြုံးအတုတစ်ခု ဖန်တီးလိုက်တယ်

"မိတ်ဆွေ... ကျမ ကို ဘယ်လိုဖြစ်ပြီး မှတ်မိနေတာလဲ "

တစ်ဖက်လူက စိတ်အာရုံကိုတောင် မသုံးဘဲ သူမရဲ့ အစစ်အမှန်ကို ဘယ်လို မြင်သွားတာလဲ

ဖန့်ချန်က ပြုံးလိုက်ရုံပဲရှိပြီး ဘာမှ ပြန်မပြောပါဘူး။

လွတ်လပ်သောမသေမျိုးတွေတောင်မှ သူတို့ ကိုယ်တိုင် သတိမထားမိတဲ့ အကျင့်ပါနေတဲ့ လှုပ်ရှားမှုလေးတွေ ရှိတတ်ကြတာကိုး။

အမျိုးသမီးက တစ်ဖက်လူက သူမကို သတိထားနေပြီဆိုတာ သိလိုက်ရတော့ ရှက်ကိုးရှက်ကန်းနဲ့ ပြုံးပြီး ထွက်သွားပါတော့တယ်။

သူမဟာ လူအုပ်ထဲရောက်တာနဲ့ ရုပ်ရည်နဲ့ ပုံသဏ္ဍာန်ကို အကြိမ်အနည်းငယ် ထပ်ပြီး ပြောင်းလဲလိုက်ပါသေးတယ်။

ဖန့်ချန်ရဲ့ မျက်လုံးထဲမှာ အေးစက်တဲ့ အရိပ်အယောင်လေး ဖြတ်ပြေးသွားပြီးနောက် သူကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ တခြားလူတွေ လာလဲမှာကို ဆက်စောင့်နေပါတယ်။

နှမြောစရာကောင်းတာကတော့ နောက်ရက်တွေမှာ ဘာမှ ထပ်မလဲနိုင်ခဲ့ပါဘူး။

ဒါပေမဲ့ မထင်မှတ်ထားတဲ့ ရလဒ်တစ်ခုတော့ ရခဲ့ပါတယ်။

ဆေးဖက်ဝင် အပင်တွေ ရောင်းနေတဲ့ လွတ်လပ်သောမသေမျိုး တစ်ယောက်ဆီမှာ "ရွှေဝိညာဉ်ပန်း" ကို တွေ့လိုက်ရတာပါပဲ။

ဒါဟာ ဓားမသေမျိုး အဆင့် ၄ လမ်းစဉ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတစ်ခုပါ။

All Chapters