အခန်း (၁၁၉၉-၁၂၀၀)
Vol. 120 Ch. 1199-1200
အခန်း (၁၁၉၉) အသားနဲ့ဝိညာဉ် မသေမျိုးမိစ္ဆာ
တာ့ဟွမ်မသေမျိုးက ခါးသီးစွာ ပြုံးရင်း ခေါင်းခါလိုက်ပါတယ်၊ သူ့မျက်နှာက အလွန်ပင် ရိုးသားပုံရနေပြီး
"မိတ်ဆွေနှစ်ယောက် နားလည်မှုလွဲနေတာ ဖြစ်ပါလိမ့်မယ်၊ ကျုပ်က ဝိညာဥ်နတ်ဘုရားဂိုဏ်းနဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး"
"ဟုတ်လို့လား"
ဆူယာသခင်မက မျက်မှောင်ကြုတ်လိုက်ပြီး
"ကျမ သိထားသလောက်တော့ တာ့ဟွမ်မသေမျိုး လျှောက်လှမ်းနေတဲ့ မသေမျိုးလမ်းစဉ်က အသားနဲ့ဝိညာဉ် မသေမျိုးမိစ္ဆာ မဟုတ်လား "
"ဒီလမ်းစဉ်က လူ့လောကနယ်မြေကိုးခုမှာ အတော်လေး ရှားပါးတယ် အင်အားကြီးအဖွဲ့အစည်း အများစုမှာတောင် အဆင့် ၄ အထိပဲ လမ်းစဉ်ရှိကြတာအဆင့် ၅ လမ်းစဉ်ကို ပိုင်ဆိုင်ထားတာကတော့ ဝိညာဥ်နတ်ဘုရားဂိုဏ်းကလွဲလို့ တခြားဘယ်သူမှ မရှိပါဘူး"
အသားနဲ့ဝိညာဉ် မသေမျိုးမိစ္ဆာ
ဖန့်ချန်ရဲ့ စိတ်ထဲ လှုပ်ရှားသွားပါတယ်၊ တာ့ဟွမ်မသေမျိုးရဲ့ အငွေ့အသက်က ဘာလို့ ထူးဆန်းနေရတာလဲဆိုတာ သူ အခုမှ သဘောပေါက်သွားပါတော့တယ်။
ခုနက တာ့ဟွမ်မသေမျိုးကို စတွေ့ကတည်းက ဒီလူ့ခန္ဓာကိုယ်ထဲမှာ တစ်ခုခု ကိန်းအောင်းနေသလို သူ ခံစားခဲ့ရတာပါ။
တကယ်လို့ အသားနဲ့ဝိညာဉ် မသေမျိုးမိစ္ဆာ လမ်းစဉ်ကို လျှောက်ထားတာဆိုရင်တော့ ဒါက နားလည်ပေးလို့ ရပါတယ်။
သူ ဒီလမ်းစဉ်အကြောင်းကို ချန်လင်တိန် ဆီကနေ ကြားဖူးပါတယ်။
ဒီလမ်းစဉ်က မိစ္ဆာမျိုးနွယ် တွေရဲ့ လမ်းစဉ်ဖြစ်ပေမဲ့ လူသားတွေလည်း လျှောက်လှမ်းလို့ ရပါတယ်။
ဒါပေမဲ့ လမ်းစဉ်က မပြည့်စုံတာကြောင့် မိစ္ဆာမျိုးနွယ်တွေတောင် ဒီလမ်းကို သိပ်မရွေးကြဘဲ လူသားကျင့်ကြံသူတွေ လျှောက်လေ့ရှိတဲ့ လမ်းစဉ်တွေကိုပဲ ပိုပြီး ရွေးချယ်တတ်ကြပါတယ်။
ဥပမာ လွတ်လပ်သောမသေမျိုး လမ်းစဉ်မျိုးပေါ့။
ဘာလို့လဲဆိုတော့ အသားနဲ့ဝိညာဉ် မသေမျိုးမိစ္ဆာ လမ်းစဉ်ကို ဝိညာဥ်နတ်ဘုရားဂိုဏ်းကပဲ ထိန်းချုပ်ထားပြီး အမြင့်ဆုံး အဆင့် ၅ အထိပဲ ရှိတာကြောင့်ပါ။
တကယ်လို့ မတတ်သာတဲ့ အခြေအနေမျိုး မဟုတ်ရင် ဘယ်ကျင့်ကြံသူကမှ ကိုယ့်ရဲ့ အနာဂတ်ကို အဆင့် ၅ မှာတင် ရပ်တန့်မသွားစေချင်ကြပါဘူး။
တိုက်ခိုက်ရေးစွမ်းရည် သက်သက်ကိုပဲ ကြည့်မယ်ဆိုရင်တော့ အသားနဲ့ဝိညာဉ် မသေမျိုးမိစ္ဆာ က အလယ်အလတ်အဆင့်ထက် ပိုသာတယ်လို့ ပြောလို့ရပါတယ်။
ဒီလမ်းစဉ်ကို လျှောက်လှမ်းရင် ခန္ဓာကိုယ်ရဲ့ အသားနဲ့ဝိညာဉ်တွေက အကြီးအကျယ် ပြောင်းလဲသွားမှာပါ။
တာ့ဟွမ်မသေမျိုးရဲ့ အငွေ့အသက်က ထူးဆန်းနေရတာဟာ ဒီအိုမင်းနေတဲ့ ခန္ဓာကိုယ်ထဲမှာ တကယ့်တော့ သက်စောင့်သွေး တွေက သက်တံလိုမျိုး အရှိန်အဟုန်ပြင်းစွာ ကိန်းအောင်းနေလို့ပါပဲ။
သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုစွမ်းအားဟာ အဆင့်တူ ဓားကျင့်ကြံသူတွေထက် မနိမ့်ကျတဲ့အပြင် တစ်ဆင့်တောင် ပိုသာနေနိုင်ပါသေးတယ်။
ဓားကျင့်ကြံသူတွေရဲ့ ဓားခန္ဓာ ဆိုတာက ဒီလမ်းစဉ်ရဲ့ အနှစ်သာရ မဟုတ်ပါဘူး၊ ဓားကျင့်ကြံသူတွေရဲ့ အနှစ်သာရက အမြဲတမ်း ဓားဆန္ဒ နဲ့ ဓားနယ်မြေ ပဲ ဖြစ်ပါတယ်။
"ဟူး... ကျုပ် အဆင့် ၄ ရောက်ပြီးကတည်းက ဘယ်သူနဲ့မှ လက်ဖျားမထိခဲ့ဖူးပါဘူး အဆင့် ၅ အသားနဲ့ဝိညာဉ် မသေမျိုးမိစ္ဆာ ဆိုတဲ့ ခန့်မှန်းချက်ကို မိတ်ဆွေနှစ်ယောက်က ဘယ်လိုများ အတည်ပြုလိုက်တာလဲ "
တာ့ဟွမ်မသေမျိုးက သက်ပြင်းချလိုက်ပါတယ်။
သူ အဆင့် ၄ ကို တက်လှမ်းခဲ့တာရော၊ အဆင့် ၅ ကို တက်လှမ်းခဲ့တာရောက အတော်လေး ချောမွေ့ခဲ့သလို သူ့နဲ့ အင်အားချင်း မျှတဲ့ ရန်သူမျိုးနဲ့လည်း မတွေ့ခဲ့ဖူးပါဘူး။
သူ တိုက်ခိုက်ခဲ့သမျှဟာ မိုးကြိုးအရှိန်အဟုန်နဲ့ ချေမှုန်းခဲ့တာချည်းပဲမို့လို့ အသက်ရှင်ကျန်ရစ်သူ မရှိခဲ့ပါဘူး။
အသက်ရှင်ကျန်ခဲ့ရင်တောင်မှ တစ်ဖက်လူက သူလျှောက်လှမ်းတဲ့ မသေမျိုးလမ်းစဉ်ကို ခွဲခြားသိမြင်ဖို့ အလွန်ခက်ခဲပါတယ်။
ဒါကြောင့် အခုအချိန်ထိ သူ့နောက်ကွယ်က ဆွေမျိုးသားချင်းတွေတောင် သူ ဘယ်လမ်းစဉ်ကို လျှောက်နေလဲဆိုတာ မသိကြပါဘူး။
ဒါက ကျင့်ကြံသူတစ်ယောက်အတွက် ကိုယ်ရေးကိုယ်တာကိစ္စ ဖြစ်သလို အလွန်လည်း စည်းကမ်းကြီးတဲ့ ကိစ္စမို့လို့ ဘယ်သူမှလည်း လာမမေးရဲကြပါဘူး။
ဒါပေမဲ့ ဒီရှေ့က မသေမျိုးလောကငယ်က ရောက်လာတဲ့ လူနှစ်ယောက်ကတော့ သူဟာ အဆင့် ၅ အသားနဲ့ဝိညာဉ် မသေမျိုးမိစ္ဆာမှန်း သိနေကြပါတယ်။
ဒါကို ကြည့်ရင် တစ်ဖက်လူက ကြိုတင်ပြင်ဆင်ပြီး လာတာတင်မကဘဲ အဲဒီပြင်ဆင်မှုက သူထင်ထားတာထက်တောင် ပိုပြီး စုံလင်နေတာ သိသာပါတယ်။
ဆူယာသခင်မက ပြုံးလိုက်ပြီး သူမရဲ့ ဝတ်ရုံလက်စကို အသာလှန်လိုက်တော့ နုနယ်ဖြူစင်တဲ့ လက်ချောင်းလေးတွေ ပေါ်လာပါတယ်။
သူမက ရှေ့က လက်ဖက်ရည်ခွက်ထဲကို လက်ချောင်းလေး နှစ်လိုက်ပြီး စားပွဲပေါ်မှာ စာလုံးတစ်လုံး ရေးလိုက်ပါတယ်
"ကျန်း"
တာ့ဟွမ်မသေမျိုးက ဒီစာလုံးကို မြင်တော့ တိတ်ဆိတ်သွားပါတော့တယ်။
ဖန့်ချန်လည်း အနားကို လာပြီး တစ်ချက် ကြည့်လိုက်ပါတယ်။
'ကျန်း'
ပုဂ္ဂိုလ်ကြီး တစ်ယောက်လား
တာ့ဟွမ်မသေမျိုးနဲ့ ပတ်သက်နေတာလား
"တာ့ဟွမ်မသေမျိုး အဆင့် ၅ ကို တက်လှမ်းနိုင်ခဲ့တာဟာ ဒီလူကြီးက ကြိုးပမ်းပေးခဲ့လို့ မဟုတ်လား"
ဆူယာသခင်မက ပြုံးပြီး
"အခုတော့ တာ့ဟွမ်မသေမျိုးအနေနဲ့ ကျမတို့နဲ့ ပွင့်ပွင့်လင်းလင်း စကားပြောဖို့ ဆန္ဒရှိပြီလား"
စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာတော့ တာ့ဟွမ်မသေမျိုးက ရုတ်တရက် ရယ်မောလိုက်ပြီး လက်အုပ်ချီကာ
"မိတ်ဆွေနှစ်ယောက်ကို ရယ်စရာ ဖြစ်သွားစေပါပြီ၊ ဒီကိစ္စကို သိနေမှတော့ အားလုံးက သူငယ်ချင်းတွေပါပဲ ကျုပ်လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ်"
သူက ခဏရပ်ပြီး
"ကျုပ်က ဝိညာဥ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူ မှန်ပါတယ်၊ ဒါပေမဲ့ ဂိုဏ်းရဲ့ ကိစ္စရပ်တွေကိုတော့ ကျုပ် မစီမံပါဘူး"
"တာ့ဟွမ်မသေမျိုးက ဝိညာဥ်နတ်ဘုရားဂိုဏ်းရဲ့ စည်းကမ်းထိန်းသိမ်းရေး ကျင့်ကြံသူ တစ်ယောက်ပဲလေ၊ ဂိုဏ်းကိစ္စတွေကို စီမံမှာ မဟုတ်တာ သေချာပါတယ် အရှင် စီမံရမှာက ဝိညာဥ်နတ်ဘုရားဂိုဏ်းထဲက လုပ်ဖော်ကိုင်ဖက်တွေကိုပဲ မဟုတ်လား "
ဆူယာသခင်မက ပြုံးပြီး
"ဒီအချက်မှာတော့ ဝိညာဥ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူ အတော်များများက အရှင့်ကို မမီနိုင်ကြပါဘူး"
"ဆူယာသခင်မ... မိတ်ဆွေနှစ်ယောက် ဒီနေ့ ရောက်လာတာဟာ ဘယ်သူ့အတွက်များ ကြားဝင်စေ့စပ်ပေးဖို့လဲ ကျုပ် မှတ်မိသလောက်တော့ ဒီရက်ပိုင်းအတွင်း ရှေးဟောင်းနယ်မြေ မှာ အပြစ်လုပ်လို့ အဖမ်းခံထားရတာ တစ်ယောက်ပဲ ရှိတယ်"
တာ့ဟွမ်မသေမျိုးက စဉ်းစားရင်း မေးလိုက်ပါတယ်။
'ဥပဒေစိုးမိုးရေး ကျင့်ကြံသူ' တဲ့လား
ဖန့်ချန်ရဲ့ မျက်နှာရိပ် လှုပ်ရှားသွားပါတယ်။ ဒီနှစ်ယောက်က စုန့်ကျစ်လီအတွက် ကြားဝင်စေ့စပ်ပေးဖို့ လာတာလား
မဖြစ်နိုင်လောက်ပါဘူး။
စုန့်ကျစ်လီ လုပ်နိုင်တဲ့ အလုပ်ကို ရွှီချန်းရှန်း ကလည်း လုပ်နိုင်တာပဲလေ၊ ဘာလို့ တကူးတက လာနေရမှာလဲ။
"ကျုပ် သိပါတယ်၊ စုန့်ကျစ်လီက သူ့လက်ထဲက ဟန်ရွှေနတ်မီးလျှံ ကို အစောင့်အရှောက် မကောင်းလို့ အခိုးခံလိုက်ရတယ်၊ အဲဒါကြောင့် သူ အဖမ်းခံထားရတာ မဟုတ်လား"
ကျိထျန်းတုက ပြောပါတယ်။
တာ့ဟွမ်မသေမျိုးက သူ့ကို တစ်ချက်ကြည့်ပြီး အသာအယာ ခေါင်းခါလိုက်တယ်
"ဒီကိစ္စက အဓိက အကြောင်းရင်း မဟုတ်ပါဘူး ကျုပ်တို့မှာ ရန်သူတွေ အများကြီး ရှိတယ်၊ ရန်သူက အိမ်ပေါက်ဝအထိ လာရှာတာက ထူးဆန်းတဲ့ ကိစ္စမဟုတ်ဘူး ရှုံးရင် နောက်မှ ပြန်တိုက်ရုံပဲ"
"တကယ်လို့ ဒီလောက် အကြောင်းပြချက်လေးနဲ့တင် ဖမ်းရမယ်ဆိုရင် ဒီဂိုဏ်းထဲမှာ ဖမ်းရမယ့်လူတွေ အများကြီး ဖြစ်သွားမှာပေါ့၊ ဘယ်လိုလုပ် အကုန်ဖမ်းနိုင်မှာလဲ အဓိကက စုန့်ကျစ်လီက ဟန်ရွှေနတ်မီးလျှံ ပျောက်သွားတာကို အထက်ကို အစီရင်မခံဘဲ ထိန်ချန်ထားတာပါ ဒါက ဝိညာဥ်နတ်ဘုရားဂိုဏ်းရဲ့ စည်းကမ်းကို ဖောက်ဖျက်တာပဲ"
"တကယ်လို့ သူသာ အစီရင်ခံခဲ့ရင် ဘယ်လို အကျိုးဆက်မျိုး ကြုံရမှာလဲ "
ကျိထျန်းတုက အနည်းငယ် အံ့သြသွားပါတယ်။
တာ့ဟွမ်မသေမျိုးက ခဏစဉ်းစားလိုက်ပါတယ်။
ဒီနှစ်ယောက်က စုန့်ကျစ်လီနဲ့ ဘယ်လို ပတ်သက်နေလဲ မသိတာကြောင့် စကားကို ဝိုက်ပြောလိုက်တယ် ။
"ခဏတဖြုတ် အဖမ်းခံရပြီး အစစ်ဆေးခံရမှာပေါ့၊ အခြေအနေ ရှင်းလင်းသွားရင်တော့ ပြန်လွှတ်ပေးမှာပါ"
"ဒီလိုဆိုရင်တော့ စုန့်အစ်ကို့ရဲ့ ကိစ္စက ကျုပ်တို့နဲ့ ပတ်သက်နေနိုင်တယ်၊ ကျုပ်တို့ကြောင့် စုန့်အစ်ကို ဒုက္ခရောက်ရတာ ဖြစ်မှာပါ"
ကျိထျန်းတုက သက်ပြင်းချလိုက်ပါတယ်။
တာ့ဟွမ်မသေမျိုးက သူတို့နှစ်ယောက်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်
"ဒါက ဘာကို ဆိုလိုတာလဲ"
"စုန့်အစ်ကိုက ကျုပ်တို့ရဲ့ အကူအညီသေးသေးလေးတစ်ခုကို ကူညီပေးဖို့အတွက်နဲ့ ဒီကိစ္စကို အစီရင်မခံဘဲ ခဏဆိုင်းငံ့ထားတာ ဖြစ်ရမယ် သူ့စိတ်ထဲမှာ ဝိညာဥ်နတ်ဘုရားဂိုဏ်းရဲ့ အကျိုးစီးပွားကို ထိခိုက်စေချင်တဲ့ ဆန္ဒ မရှိပါဘူး"
ကျိထျန်းတုက ပြောပါတယ်။
"ဒီကိစ္စနဲ့ ပတ်သက်လို့... မိတ်ဆွေနှစ်ယောက် ကျုပ်ကို ကူညီခိုင်းချင်တဲ့ အကူအညီက ဘာများလဲ ကျုပ်ဘက်ကလည်း ပွင့်ပွင့်လင်းလင်း ပြောပြီးပြီဆိုတော့ မိတ်ဆွေတို့လည်း တိုက်ရိုက်ပဲ ပြောပါတော့"
တာ့ဟွမ်မသေမျိုးရဲ့ မျက်လုံးတွေ လှုပ်ရှားသွားပါတယ်။
ဆူယာသခင်မက အရင်က စုန့်ကျစ်လီကို ပြောခဲ့တဲ့ စကားတွေအတိုင်း တာ့ဟွမ်မသေမျိုးကို တစ်ခါ ထပ်ပြောပြလိုက်ပါတယ်။
"ထူးခြားသူ တစ်ယောက်ကို လုပ်ကြံဖို့..."
တာ့ဟွမ်မသေမျိုးရဲ့ အမူအရာက ထူးဆန်းသွားပါတယ်
"ခင်ဗျားတို့က ထိုက်ယီကုန်သွယ်ရေးအဖွဲ့ သိမှာကို ကြောက်နေပြီးတော့... ဝိညာဥ်နတ်ဘုရားဂိုဏ်း သိမှာကိုကျတော့ မကြောက်ဘူးလား "
ထူးခြားသူ တစ်ယောက်ကို လုပ်ကြံတယ်ဆိုတာ နောက်ကွယ်မှာ ပြောမထွက်နိုင်တဲ့ လျှို့ဝှက်ချက်တွေ ရှိနေမှာ အသေအချာပါပဲ။
သာမန် 'ထူးခြားသူ' တွေက လူ့လောကနယ်မြေကိုးခုမှာ တစ်ခါတစ်ရံ လှုပ်ရှားတတ်ကြပေမဲ့ သူတို့လုပ်တဲ့ ကိစ္စတွေက အင်အားကြီးအဖွဲ့အစည်းတွေကို ထိခိုက်တာ အလွန်ရှားပါတယ်။
ပြီးတော့ သူတို့ရဲ့ အဆင့်အတန်းက ထူးခြားတာကြောင့် အင်အားကြီးအဖွဲ့တွေက ဒီထူးခြားသူတွေနဲ့ သိပ်ပြီး မပတ်သက်ချင်ကြဘဲ ကိစ္စအတော်များများကို မျက်စိမှိတ် လွှတ်ထားပေးတတ်ကြပါတယ်။
တာ့ဟွမ်မသေမျိုးရဲ့ ဦးနှောက်က စတင် အလုပ်လုပ်လာပြီး တစ်ဖက်လူက ထူးခြားသူတစ်ယောက်ကို လုပ်ကြံချင်ရတဲ့ အကြောင်းရင်းကို တိုးတိုးတိတ်တိတ် ခန့်မှန်းနေပါတယ်။
"ကျမတို့က ဝိညာဥ်နတ်ဘုရားဂိုဏ်းနဲ့ ဆက်ဆံရေး အတော်လေး ကောင်းပါတယ် အဲဒါကြောင့် အရှင့်ဂိုဏ်းက သိသွားရင်တောင် ကျမတို့အတွက် ဘာမှ အနှောင့်အယှက် မဖြစ်ပါဘူး ဒါ့အပြင် တာ့ဟွမ်မသေမျိုးကလည်း အခြေအနေကို နားလည်တဲ့သူပဲလေ၊ ကျမတို့က ဒီကိစ္စကို လူအများကြီး မသိစေချင်တာမို့ တာ့ဟွမ်မသေမျိုးအနေနဲ့လည်း ဟိုဟိုဒီဒီ လျှောက်ပြောနေမှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်"
ဆူယာသခင်မက ရယ်မောရင်း ပြောပါတယ်။
"ခင်ဗျားတို့က အဲဒီထူးခြားသူကို အတင်းအကျပ် ထွက်လာအောင် လုပ်ချင်တာပေါ့ တကယ်လို့ သူက သူ့ရဲ့ မွေးရပ်မြေအပေါ် သံယောဇဉ်ကြီးတယ်ဆိုရင် ခင်ဗျားတို့ရဲ့ နည်းလမ်းက သူ့ကို တကယ်ပဲ ထွက်လာအောင် ဖိအားပေးနိုင်ပါတယ် ဒါပေမဲ့... ဒါက ဝိညာဉ်သုတ်သင်ရေးဌာန ဘက်ကနေ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ရှိလာစေလိမ့်မယ်၊ အဲဒီအချက်ကိုတော့ ကျုပ် ထည့်စဉ်းစားရလိမ့်မယ်"
တာ့ဟွမ်မသေမျိုးက စဉ်းစားရင်း
"တကယ်လို့ အဲဒီစိုးရိမ်စရာသာ မရှိဘူးဆိုရင်တော့ ဒါက လက်တစ်ဖျစ်စာ အလုပ်လေးပါပဲ"
"တာ့ဟွမ်မသေမျိုး စိတ်မပူပါနဲ့၊ ဝိညာဉ်သုတ်သင်ရေးဌာနဘက်က ကျမတို့ကို မျက်နှာသာပေးဖို့ သဘောတူထားပြီးသားပါ ဝိညာဥ်နတ်ဘုရားဂိုဏ်းကသာ သူတို့ရဲ့ အခြေအနေတစ်ခုကို သဘောတူမယ်ဆိုရင် သူတို့ ဒီကိစ္စမှာ ဝင်မပါတော့ပါဘူး"
ကျိထျန်းတုက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်ပါတယ်။
ဘာလို့လဲဆိုတော့ ဒီကိစ္စက သူကိုယ်တိုင် သွားရောက်ဆွေးနွေးပြီး ရလာတဲ့ ရလဒ်ဖြစ်လို့ပါ။
"ဘာအခြေအနေလဲ "
"နောင်နှစ် ၁၀၀ အတွင်းမှာ ဖန်တီးရှင်ဂြိုဟ် ပေါ်က ဝိညာဥ်နတ်ဘုရားဂိုဏ်းရဲ့ လုပ်ငန်းဆောင်တာ အားလုံးကို ၅၀ ရာခိုင်နှုန်း လျှော့ချပေးရမယ်"
"စုန့်ကျစ်လီက သဘောတူလိုက်တာလား "
တာ့ဟွမ်မသေမျိုးက မျက်မှောင်ကြုတ်လိုက်ပါတယ်။
မသေမျိုးလောကငယ်ရဲ့ မျက်နှာသာပေးမှုကို ရဖို့အတွက် ဝိညာဥ်နတ်ဘုရားဂိုဏ်းရဲ့ အကျိုးစီးပွားကို လဲလှယ်လိုက်တာလား
ဒီလူနှစ်ယောက်ဟာ စုန့်ကျစ်လီအတွက် နောက်ထပ် အားနည်းချက်တစ်ခုကို သူတို့ကိုယ်တိုင် တာ့ဟွမ်မသေမျိုးရဲ့ လက်ထဲကို ထည့်ပေးလိုက်မှန်း သတိမထားမိကြသေးပုံပါပဲ။
"ကျမတို့ စုန့်ကျစ်လီကို ကတိပေးထားတဲ့ အကျိုးအမြတ်ကတော့ အဆင့် ၄ တက်လှမ်းနိုင်မယ့် နတ်ဆေးဖက်ဝင်အပင် ပါပဲ အခု တာ့ဟွမ်မသေမျိုးသာ ကျမတို့ကို ကူညီမယ်ဆိုရင်..."
"ကျမတို့ တာ့ဟွမ်မသေမျိုးကိုလည်း အဲဒီအတိုင်းပဲ ပေးပါ့မယ်၊ အဆင့် ၄ ကို တက်လှမ်းနိုင်စေမယ့် နတ်ဆေးဖက်ဝင်အပင် တစ်ပင်ပေါ့"
ဆူယာသခင်မက ပြောလိုက်ပါတယ်။
အခန်း (၁၂၀၀) စေတနာအပြည့်
ဖန့်ချန် သဘောပေါက်သွားပါပြီ။
ဆူယာသခင်မနဲ့ ကျိထျန်းတုတို့ရဲ့ နောက်ကွယ်က ကျိထျန်းကျွင်းဆိုသူဟာ ရွှီချန်းရှန်းကို လုံးဝမယုံကြည်တာပါ။
အကြောင်းရင်းကတော့ စုန့်ကျစ်လီကို ရွှီချန်းရှန်းကိုယ်တိုင် ပြဿနာရှာပြီး တွင်းထဲတွန်းပို့ခဲ့တာနဲ့ ပတ်သက်နေမှာ အသေအချာပါပဲ။
ဒီကိစ္စက အပေါ်ယံကြည့်ရုံနဲ့တင် အတွင်းရေးကို သိနိုင်ပါတယ်။
သိသာတာကတော့ စုန့်ကျစ်လီရဲ့ သောင်းတာအိုမျှော်စင်ထဲမှာ ရွှီချန်းရှန်းရဲ့ သူလျှိုရှိနေပြီး ဟန်ရွှေနတ်မီးလျှံ ပျောက်ဆုံးတဲ့အကြောင်းပြချက်နဲ့ စုန့်ကျစ်လီကို စည်းကမ်းထိန်းသိမ်းရေး ကျင့်ကြံသူတွေလက်ထဲ တိုက်ရိုက်အပ်လိုက်တာပါ။
သူတို့က တစ်ဖက်မှာ ရွှီချန်းရှန်းနဲ့ ဆက်သွယ်ပြီး စုန့်ကျစ်လီရဲ့ အလုပ်တွေကို လွှဲယူခိုင်းထားသလို၊ နောက်တစ်ဖက်မှာလည်း အဆင့် ၅ အသားနဲ့ဝိညာဉ် မသေမျိုးမိစ္ဆာ တစ်ယောက်ကို အဆင့် ၄ နတ်ဆေးဖက်ဝင်အပင် ပေးမယ်လို့ ကတိပေးထားပါတယ်။
သူတို့မှာ နတ်ဆေးဖက်ဝင်အပင် နှစ်ပင်တောင် ရှိနေတာလား
မဖြစ်နိုင်ပါဘူး။
သူတို့က နတ်ဆေးဖက်ဝင်အပင်ကို ရွှီချန်းရှန်းကို တကယ်ပေးဖို့ ရည်ရွယ်ထားတာ မဟုတ်ဘဲ၊ ပိုပြီး အစွမ်းထက်တဲ့ အကူအညီကို ရဖို့အတွက် အသုံးချလိုက်တာလို့ပဲ ပြောရမှာပါ။
ဝိညာဥ်နတ်ဘုရားဂိုဏ်းရဲ့ စည်းကမ်းထိန်းသိမ်းရေး ကျင့်ကြံသူတစ်ယောက် ပါဝင်လာတာဟာ ဒီကိစ္စကို ပိုပြီး အောင်မြင်စေမှာ သိသာပါတယ်။
စည်းကမ်းထိန်းသိမ်းရေး ကျင့်ကြံသူတွေရဲ့ ဂိုဏ်းတွင်း လုပ်ပိုင်ခွင့်ကိုလည်း သူတို့ မျက်မြင်တွေ့ခဲ့ပြီးပြီ မဟုတ်လား။
စုန့်ကျစ်လီလို အဆင့် ၃ လွတ်လပ်သောမသေမျိုး တစ်ယောက်တောင်မှ ပြောရုံနဲ့ အဖမ်းခံလိုက်ရတာပဲလေ။
အခြေအနေအရ နည်းလမ်းကို ချက်ချင်း ပြောင်းလဲလိုက်တာကို ကြည့်ရင် အဲဒီ ကျိထျန်းကျွင်း ဆိုသူဟာ ဒီကိစ္စကို တကယ့်ကို အရေးတကြီး သဘောထားနေတာ သိသာပါတယ်။
တကယ်လို့ ဒီနေ့ ဒီနေရာမှာ တိုက်တိုက်ဆိုင်ဆိုင် မတွေ့ခဲ့ဘူးဆိုရင် ဘာဖြစ်မလဲ
ဖန့်ချန် စဉ်းစားကြည့်ပါတယ်။
ဘာမှ ထူးထူးခြားခြား ဖြစ်လာမှာ မဟုတ်ပါဘူး။
တာ့ဟွမ်မသေမျိုးက သဘောတူလိုက်ရင်တောင်မှ နောက်ဆုံးကျရင် ရွှီချန်းရှန်းနဲ့ ညှိနှိုင်းပြီး ရွှီချန်းရှန်းကိုပဲ အလုပ်ခိုင်းမှာပါ။
ဘာပဲဖြစ်ဖြစ် စည်းကမ်းထိန်းသိမ်းရေး ကျင့်ကြံသူဆိုတာ လက်တွေ့အလုပ်တွေကို လုပ်လေ့မရှိပါဘူး။
အဲဒီအချိန်ကျရင်လည်း သူဟာ ဆူယာသခင်မတို့ရဲ့ အကြံအစည်ကို သိမှာပါပဲ၊ စောသိတာနဲ့ နောက်ကျမှ သိတာပဲ ကွာပါလိမ့်မယ်။
"အဆင့် ၄ နတ်ဆေးဖက်ဝင်အပင်..."
တာ့ဟွမ်မသေမျိုးက စုန့်ကျစ်လီရဲ့ ရွေးချယ်မှုကို အခုမှ နားလည်သွားပါတော့တယ်။
သူ့နေရာမှာ ဆိုရင်လည်း ဒီလို အချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ် အစစ်ဆေးခံဖို့ အပ်မှာ မဟုတ်ပါဘူး။
အဆင့် ၄ နတ်ဆေးဖက်ဝင်အပင်ကို သူကိုယ်တိုင် သုံးလို့မရပေမဲ့ သူ့ရဲ့ ဆွေမျိုးသားချင်းတွေအတွက်တော့ အသုံးဝင်မှာပါ။
မိသားစုထဲမှာ အဆင့် ၄ မသေမျိုး တစ်ယောက် ထပ်တိုးလာတာဟာ ဘယ်လမ်းစဉ်ပဲဖြစ်ဖြစ် အလွန်ကြီးကျယ်တဲ့ ကိစ္စပဲ မဟုတ်လား။
"ကျုပ်ကို ခဏလောက် စဉ်းစားခွင့် ပေးမလား"
တာ့ဟွမ်မသေမျိုးက စဉ်းစားရင်း ပြောပါတယ်။
"ဒါဆိုလည်း အရှင် ကောင်းကောင်း စဉ်းစားကြည့်ပါဦး ကျမနဲ့ ထျန်းတုက တခြားမိတ်ဆွေတွေဆီ သွားတွေ့လိုက်ဦးမယ်"
ဆူယာသခင်မက ခေါင်းညိတ်ပြပြီး ဆက်ပြီး တိုက်တွန်းမနေတော့ဘဲ ကျိထျန်းတုကို ခေါ်ပြီး ထွက်သွားဖို့ ပြင်ပါတယ်။
တာ့ဟွမ်မသေမျိုးရဲ့ မျက်နှာရိပ်က အနည်းငယ် ပြောင်းလဲသွားပြီး ပြုံးရွှင်စွာနဲ့ ထလိုက်ပြီး
တခြားမိတ်ဆွေတွေဆီ သွားမနေပါနဲ့တော့၊ ဒီကိစ္စကို ကျုပ် လက်ခံလိုက်ပါပြီ"
"တာ့ဟွမ်မသေမျိုး ထပ်မစဉ်းစားတော့ဘူးလားထူးခြားသူတစ်ယောက်ကို လုပ်ကြံတာက ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာသလို ဖြစ်နေနိုင်တယ်နော်"
ဆူယာသခင်မက အံ့သြဟန်နဲ့ မေးပါတယ်။
တာ့ဟွမ်မသေမျိုးက ခေါင်းခါပြလိုက်တယ်
"ဘာဒုက္ခရှိမှာလဲ၊ ဒီကိစ္စမှာ ကျုပ်ကိုယ်တိုင် ထွက်လုပ်စရာ မလိုဘူး ကျုပ်က အချက်အချို့ ညွှန်ကြားပေးလိုက်ရုံနဲ့ လက်အောက်ငယ်သားတွေက အကုန်လုပ်ပေးသွားမှာပါ အဲဒီထူးခြားသူက တကယ့် အကြောင်းရင်းကိုတောင် သိမှာ မဟုတ်ပါဘူး"
"ဒါ့အပြင် မိတ်ဆွေနှစ်ယောက်က အဆင့် ၄ နတ်ဆေးဖက်ဝင်အပင် တစ်ပင်ကိုတောင် အခကြေးငွေအဖြစ် ပေးထားတာပဲ ဒီလောက် စေတနာ အပြည့်ရှိနေတာကို ကျုပ်က ထပ်ပြီး တွန့်ဆုတ်နေမယ်ဆိုရင် မိတ်ဆွေတို့နဲ့ မိတ်ဆွေတို့နောက်ကွယ်က ပုဂ္ဂိုလ်ကို စော်ကားရာ ရောက်သွားမှာပေါ့"
သူက ခဏရပ်ပြီး စဉ်းစားဟန်နဲ့
"ဒီကိစ္စက နှုတ်ကတိပဲလား ဒါမှမဟုတ်..."
"တာ့ဟွမ်မသေမျိုး... ဒါက မသေမျိုးပဋိညာဉ် လေ အထက်ဘုံသုံးဘုံက ကြယ်နန်းတော် ကနေ လာတာပါ။ အဆင့် ၆ အောက်က ကတိကဝတ်တွေကို အကုန် အာမခံချက် ပေးနိုင်တယ်။ ဒါရှိနေရင်တော့ အရှင်က ကတိဖျက်မှာကို ကျမတို့ မကြောက်သလို၊ ကျမတို့ ကတိမတည်မှာကိုလည်း အရှင် မစိုးရိမ်ရတော့ဘူးပေါ့"
ဆူယာသခင်မက ဘာ သားရေနဲ့ လုပ်ထားမှန်း မသိတဲ့ ပဋိညာဉ်စာချုပ် တစ်စောင်ကို ထုတ်ပြလိုက်ပါတယ်။
'မသေမျိုးပဋိညာဉ်'
ဖန့်ချန် စိတ်ဝင်စားသွားပြီး အနားကို ကပ်ကြည့်လိုက်ပါတယ်။
ဒီပဋိညာဉ်စာချုပ်ပေါ်မှာ ဒီကိစ္စနဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တွေ အပြည့်အစုံ ရေးထားတာကို တွေ့ရပါတယ်။
သူ အရင်က မြင်ဖူးတဲ့ စာချုပ်စာတမ်းတွေနဲ့ အတော်လေး ဆင်တူပါတယ်။
ဒါ့အပြင် အပေါ်မှာ ထူးခြားတဲ့ တံဆိပ်တစ်ခု ရှိနေပြီး အဲဒါက ငွေဖြူရောင် ကြယ်ပွင့်တစ်ပွင့် ဖြစ်ပါတယ်။
ဒါဟာ ဆူယာသခင်မ ပြောတဲ့ ကြယ်နန်းတော်ရဲ့ အမှတ်အသား ဖြစ်ပါလိမ့်မယ်။
"ဟင်း... ဒီမသေမျိုးပဋိညာဉ်က... ကြယ်နန်းတော်က ရှေးဟောင်းမသေမျိုး တစ်ယောက်ရဲ့ လက်ရာ ဖြစ်ရမယ်"
တာ့ဟွမ်မသေမျိုးက ခေါင်းညိတ်ရင်း စိတ်လှုပ်ရှားစွာ ပြောပါတယ်
"ဒီစာချုပ် တစ်စောင်တည်းတင် အနည်းဆုံး မသေမျိုးကျောက်တုံး ၂၀ လောက် တန်ဖိုးရှိတယ်။ မိတ်ဆွေတို့ရဲ့ စေတနာကို ကျုပ် မြင်လိုက်ရပါပြီ"
ဘာမှ မလုပ်ရသေးခင်မှာတင် တစ်ဖက်လူက မသေမျိုးကျောက်တုံး ၂၀ ကို ရင်းနှီးလိုက်တာပါ။
ဒီလောက် စေတနာရှိနေမှတော့ ယုံကြည်ဖို့ လုံလောက်သွားပါပြီ။ အလုပ်ပြီးရင်လည်း အဆင့် ၄ နတ်ဆေးဖက်ဝင်အပင် ရလိမ့်မယ်လို့ သူ ယုံကြည်သွားပါတယ်။
တာ့ဟွမ်မသေမျိုးက စာချုပ်ပေါ်က စည်းကမ်းချက်တွေကို သေချာဖတ်ပြီး အမှားအယွင်း မရှိတော့မှ ဆူယာသခင်မနဲ့အတူ သူ့ရဲ့ သက်စောင့်သွေး ကို ပဋိညာဉ်ပေါ်မှာ ချမှတ်လိုက်ပါတော့တယ်။
တကယ်လို့ နှစ်ဖက်လုံးက ကတိအတိုင်း မလုပ်ရင် ဒီမသေမျိုးပဋိညာဉ်ဟာ သူတို့အတွက် အသက်အန္တရာယ် ပေးနိုင်တဲ့ အဆောင်လက်ဖွဲ့ ဖြစ်လာပါလိမ့်မယ်။
သူတို့နှစ်ယောက်ရဲ့ ကျင့်ကြံဆင့်က ဒီပဋိညာဉ်ကို ဖန်တီးခဲ့သူထက် မသာမချင်းပေါ့။
"ကျမတို့ရဲ့ စေတနာကို တာ့ဟွမ်မသေမျိုး တကယ် မမြင်ရသေးပါဘူး"
ကျိထျန်းတုက ရုတ်တရက် ရယ်မောရင်း ပြောလိုက်ပါတယ်။
တာ့ဟွမ်မသေမျိုးရဲ့ မျက်နှာရိပ် လှုပ်ရှားသွားပြီး
"ဒါက ဘာကို ဆိုလိုတာလဲ"
"နတ်ဘုံဆွေးနွေးပွဲထဲကို ဝိညာဉ်သုတ်သင်ရေးဌာနက ဌာနမှူး အချို့ ရောက်နေတယ် သူတို့ကို ဒီမှာတင် အမြဲတမ်း ထားရစ်ခဲ့ဖို့ တာ့ဟွမ်မသေမျိုး စိတ်ဝင်စားသလား "
ကျိထျန်းတုက ပြောပါတယ်။
"တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ လူ့လောကနယ်မြေကိုးခုမှာ ကျမတို့အတွက် အလုပ်လုပ်ပေးနေတဲ့ ကျင့်ကြံသူတွေ အများကြီး ရှိပါတယ် ဒီကိုလာတော့ ဝိညာဉ်သုတ်သင်ရေးဌာနက ဌာနမှူးတွေလည်း နတ်ဘုံဆွေးနွေးပွဲကို လာတယ်လို့ ကြားခဲ့ရတယ် သူတို့က လမ်းပြပေးဖို့ ကျမတို့လူကိုပဲ လာရှာခဲ့ကြတာကိုး"
ဆူယာသခင်မက ပြုံးပြီး
"ဒါပေမဲ့ ကျမတို့က ဝိညာဥ်နတ်ဘုရားဂိုဏ်းနဲ့ ဝိညာဉ်သုတ်သင်ရေးဌာန ကြားက ကိစ္စတွေမှာ ဝင်မပါချင်ပါဘူး ဒီသတင်းကိုတော့ တာ့ဟွမ်မသေမျိုးကို သူငယ်ချင်းအနေနဲ့ အသိပေးတာပါ ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကတော့ တာ့ဟွမ်မသေမျိုးရဲ့ ဆုံးဖြတ်ချက်ပဲပေါ့"
"တာ့ဟွမ်မသေမျိုး တကယ်ပဲ လက်စဖျောက်ချင်တယ် ဆိုရင်တော့ ကိုယ့်ရဲ့ အဆင့်အတန်းကို အနည်းငယ် ဖုံးကွယ်ထားဖို့ သတိပေးပါရစေ"
ကျိထျန်းတုက သတိပေးပါတယ်။
တာ့ဟွမ်မသေမျိုးက ရယ်မောလိုက်ပါတယ်။
သူ့ကို တခြားသူက သတိပေးစရာ မလိုပါဘူး။
သူဟာ နှစ်ပေါင်းများစွာ အလုပ်လုပ်လာတာ အမြဲတမ်း သတိကြီးသူပါ။
ဒီလူနှစ်ယောက်သာ သူ့ရဲ့ အထက်လူကြီးကို သိမနေဘူးဆိုရင် သူဟာ ဝိညာဥ်နတ်ဘုရားဂိုဏ်းကလူမှန်း ဘယ်သူမှ သိမှာ မဟုတ်ပါဘူး။
"မိတ်ဆွေတို့ရဲ့ စေတနာကို ကျုပ် တကယ်ပဲ ခံစားမိပါတယ်။ ကျုပ် လက်အောက်ငယ်သားတွေကို စားသောက်ပွဲ ပြင်ခိုင်းလိုက်မယ်၊ ဒီမှာ ရက်အနည်းငယ်လောက် တည်းခိုသွားပါဦးလား "
တာ့ဟွမ်မသေမျိုးက လက်အုပ်ချီ နှုတ်ဆက်ရင်း မေးပါတယ်။
"မလိုတော့ပါဘူး၊ ကျမတို့မှာ အချိန်သိပ်မရှိဘူး၊ ဒီကိစ္စကို အမြန်ဆုံး ပြန်ပြီး အစီရင်ခံရဦးမှာမို့လို့ပါ"
ဆူယာသခင်မက တိုးတိုးလေး ပြောလိုက်ပါတယ်။
ဖန့်ချန်ဟာ နတ်ဘုံဆွေးနွေးပွဲကနေ ထွက်လာခဲ့ပြီးပြီဖြစ်သလို တံဆိပ်ပြားကနေတစ်ဆင့် ယန်ယွမ်ဝူ၊ ချူကျားတို့နဲ့ ဆက်သွယ်လိုက်ပါတယ်။
ဆူယာသခင်မနဲ့ ကျိထျန်းတုတို့ ပြောနေတဲ့ သူတို့အတွက် အလုပ်လုပ်ပေးနေတဲ့သူဆိုတာ ချင်းဖုန်း ဖြစ်ဖို့ များပါတယ်။
ဒါမှမဟုတ် ယန်ယွမ်ဝူတို့ထဲက တစ်ယောက်ယောက်လည်း ဖြစ်နေနိုင်ပါတယ်။
ဒါပေမဲ့ အခုလောလောဆယ် ဖန့်ချန်မှာ အထောက်အထား မရှိသေးတာကြောင့် သံသယတစ်ခုတည်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပစ်မထားနိုင်ပါဘူး။
တံဆိပ်ပြားတွေ ပူထူလာတာနဲ့အမျှ တစ်ချိန်တည်းမှာပဲ လေးယောက်လုံး နတ်ဘုံဆွေးနွေးပွဲကနေ ထွက်လာပြီး ဖန့်ချန်ရှေ့မှာ ပေါ်လာကြပါတယ်။
ယန်ယွမ်ဝူက မျက်မှောင်ကြုတ်ပြီး တိုးတိုးလေး မေးတယ်
"ဖန့်ဌာနမှူး... ဘာကိစ္စ ဒီလောက် အရေးကြီးနေတာလဲ နတ်ဘုံဆွေးနွေးပွဲက မပြီးသေးဘူးလေ၊ ကျုပ်တို့ မသေမျိုးကျောက်တုံး တစ်တုံးတောင် ပေးထားရတာ အဆုံးထိ မစောင့်ရင် နှမြောစရာကြီး"
"ဟုတ်ပါရဲ့၊ ပြန်ဝင်ရင် နောက်ထပ် တစ်တုံး ထပ်ပေးရဦးမှာ။ အခုထိ ကျမ လိုချင်တဲ့ ပစ္စည်းလည်း မဝယ်ရသေးဘူး၊ ဟူး..."
ဌာနမှူး တစ်ယောက်က ညည်းတွားပါတယ်။
"ကျုပ် ခုနက မသေမျိုးလောကငယ်က ကျိထျန်းတုကို တွေ့ခဲ့တယ်၊ ခင်ဗျားတို့ မြင်လိုက်ကြလား "
ဖန့်ချန်က မေးပါတယ်။
"တွေ့ပါတယ်"
ချူကျားက ခေါင်းညိတ်ပြပါတယ်။
ယန်ယွမ်ဝူတို့အဖွဲ့လည်း သိသိသာသာကို မြင်လိုက်ပုံရပါတယ်။
"ဒါဆိုရင် ကျုပ်တို့ သွားရင်းနဲ့ပဲ စကားပြောကြတာပေါ့"
ဖန့်ချန်က အရင်ဆုံး ဓားပျံစီးပြီး အဝေးကို အရှိန်နဲ့ ထွက်ခွာသွားပါတယ်။
ကျန်တဲ့သူတွေကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။
သဘာဝအရ သတိကြီးတဲ့ သူတို့တွေဟာ တစ်ခုခု မှားနေပြီဆိုတာ သိလိုက်တာကြောင့် စကားအများကြီး မပြောတော့ဘဲ နောက်ကနေ အမြန်လိုက်သွားကြပါတယ်။
"တာ့ဟွမ်မသေမျိုးက ဝိညာဥ်နတ်ဘုရားဂိုဏ်းရဲ့ စည်းကမ်းထိန်းသိမ်းရေး ကျင့်ကြံသူပဲ ကျိထျန်းတုက ဝိညာဉ်သုတ်သင်ရေးဌာနက ဌာနမှူးအချို့ နတ်ဘုံဆွေးနွေးပွဲကို ရောက်နေတယ်လို့ သူ့ကို ပြောလိုက်ပြီ တာ့ဟွမ်မသေမျိုး ဘာလုပ်မလဲဆိုတာ မသိပေမဲ့ အခုလောလောဆယ် ရှန်းရွှီဂြိုဟ်ကနေ ထွက်သွားတာကတော့ အမှန်ကန်ဆုံးပဲ"
"ဘာ"
"ဒီလိုကိစ္စမျိုး ရှိတာလား"
"ဒါဆို ကျုပ်တို့အပြင် တခြားလုပ်ဖော်ကိုင်ဖက်တွေလည်း ဒီမှာ ရှိနေသေးတာလား "
အားလုံးက အံ့သြသွားကြပါတယ်။
ယန်ယွမ်ဝူ တစ်ယောက်ပဲ တစ်ခုခုကို စဉ်းစားမိသွားပြီး မျက်နှာ ပျက်သွားကာ
"ချင်းဖုန်းလား"
ဖန့်ချန်က သူ့ကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်တယ်
"သူက မသေမျိုးလောကငယ်အတွက် အလုပ်လုပ်ပေးနေတာ ဖြစ်နိုင်တယ်"