← Chapters

အခန်း (၁၆၅၁-၁၆၅၃)

Vol. 111 Ch. 1651-1653

အခန်း (၁၆၅၁-၁၆၅၃)

Vol. 111 Ch. 1651-1653

အခန်း(၁၆၅၁) အထိကရုန်းစတင်ခြင်း

ဒြပ်မဲ့အဆင့်သို့ ဝင်ရောက်သွားသည်နှင့် ချူးယွင်ဖန်း၏ တစ်ကိုယ်လုံး လုံးဝကွဲပြားသွားသည်။ ပတ်ဝန်းကျင်သည် ကမ္ဘာမြေကြီးကို တုန်လှုပ်စေသော အပြောင်းအလဲများ ဖြစ်ပျက်သွားသည်ကို သူ ခံစားနိုင်သည်။ ထိုအချိန်၌ပင် သူ စည်းမျဥ်းတစ်ခုကို အမှန်တကယ်နားလည်သွားသည်။

တောင်မဟုတ်သော တောင်ကို ကြည့်ခြင်းနှင့် ရေမဟုတ်သောရေကို ကြည့်ခြင်းတို့က မည်သို့ဆိုလိုသည်ကို နားလည်သွားသည်။ ထို့အပြင် သူသည် လက်ရှိ ထိုအဆင့်၌ ရှိရုံသာ ရှိသေးသည်။

ချူးယွင်ဖန်းက ကမ္ဘာကြီး မည်မျှ အံ့သြဖွယ်ကောင်းလာသည်ကို ခံစားမိနိုင်သည်။ သူ၏ ကမ္ဘာကြီးအပေါ် အမြင်များ ပြောင်းလဲသွားသည်။ ယခင်က မမြင်နိုင်၊ မခံစားနိုင်သောအအရာများကို သူမြင်နိုင်လာသည်။ စကားလုံးများထက်ပင် နက်နဲကာ စကားလုံးများထက်ပင် အံ့သြဖွယ်ကောင်းသည်။ အရာဝတ္ထုများ၏ မျက်နှာပြင်ကို မြင်ရခြင်မှ အနှစ်သာရကို မြင်ရခြင်းအထိပင်ဖြစ်သည်။

သူ၏ ခွန်အားက ကမ္ဘာမြေကြီးကို တုန်လှုပ်စေလောက်အောင် ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။ သူထိန်းချုပ်နိုင်သည့စွမ်းအားက ပို၍ပင် အားကောင်းလာကာ သူ၏ ခွန်အားသည်လည်း မူလ အခြေံထက် အဆပေါင်းများစွာ တိုးလာ၍ သူ၏ တိုက်ပွဲစွမ်းရည်က ဒြပ်မဲ့လေ့လာသူအဆင့်ကို အရှိန်အဟုန်နှင့် ဝင်ရောက်လာခဲ့သည်။

နောက်ဆုံးတွင် သူ သီးသန့်ကျင့်ကြံမှုမှ ထွက်လာဲ့သည်။ ဤအဆင့်သို့ တက်လှမ်းရန် လဝက်ကျော်ကြာခဲ့သည်ကို သူသဘောပေါက်ခဲ့သည်။ မှန်သည်။

လဝက်အတွင်း၌ပင် ဤသို့သော အကျိုးသက်ရောက်မှုကို ရရှိနိုင်ခဲ့ခြင်းက အံ့သြဖွယ်ဖြစ်သည်။ ကြယ်ကြွေကောင်းကင်ဆေးလုံးက အမှန်ပင် အံ့သဩစရာကောင်းလှသည်။ သို့သော် ကံမကောင်းစွာဖြင့် သူ၏ လက်ရှိအခြေအနေနှင့် တစ်ခုသာရနိုင်ခဲ့သည်။

ဤသို့ အဆင့်ဖြတ်ကျော်ပြီးနောက် ချူးယွင်ဖန်းသည် ချက်ချင်းပင် သီးသန့်လေ့ကျင့်ရာမှ ထွက်လာကာ ခြံဝင်းတစ်ဝိုက်တွင် လုံခြုံရေးအတွက် တပ်ဆင်ထားသော အစီအစဥ်များ ပျက်စီးမှုမရှိကြောင်း စစ်ဆေးခဲ့သည်။

ထိုအခါမှသာ သူ စိတ်သက်သာရာရသွားသည်။

ထို့နောက် လရောင်(အရောင်) ဝတ်ရုံကိုဝတ်ဆင်ထားသည့် ချူးယွင်ဖန်းစည် သီးသန့်လေ့ကျင့်မှုမှ ထွက်လာခဲ့သည်။ သူသည် ယွီယွင်ယောင်ထံ သွားရောက်လည်ပတ်လိုခဲ့သည်။

သူမ၏ အကြံပြုချက်ကြောင့် သူသည် ကြယ်ကြွေကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်ခဲ့သည်။ မဟုတ်ပါက သူ့ကဲ့သို့သော နောက်ခံမရှင်းသောလူတစ်ဦးက မျိုးစေ့တပည့်ဖြစ်လာနိုင်မည်မဟုတ်ပေ။ သူသည် ရွေးချယ်ခံရခြင်းမှ ကျိန်းသေ ဖယ်ထုတ်ခံရမည်ဖြစ်သည်။ ထို့ကြောင့် ချူးယွင်ဖန်းသည် သူမကို ကိုယ်တိုင်ကျေးဇူးတင်လိုခဲ့သည်။

ချူးယွင်ဖန်းသည် အနောက်ခရိုင်ကို လျင်မြန်စွာ ဖြတ်ကျော်ပြီး အရှေ့ခရိုင်သို့ ရောက်ရှိလာခဲ့သည်။ အနောက်ခရိုင်ရှိ အိမ်များနှင့် မတူဘဲ အရှေ့ခရိုင်တွင် တောင်ထိပ်များ ရှိသည်။ ဤတောင်များ၏ အောက်ခြေတွင် အဆုံးမဲ့ ဝိညာဉ်စွမ်းအင်များဖြင့် ရစ်ပတ်နေသည်။ ၎င်းတို့သည် နတ်ဘုရားများ၏ နေထိုင်ရာများကဲ့သို့ မသေနိုင်သော မြူခိုးများ ရစ်ပတ်နေသကဲ့သို့ ထင်ရသည်။

ချူးယွင်ဖန်း၏ ခြံဝင်းရှိ ဝိညာဉ်စုဆောင်းသည့်ပုံစံနှင့် နှိုင်းယှဉ်ပါက ဤတောင်များသည် တောင်ထိပ်တစ်ခုလုံးကို ဝိညာဉ်စွမ်းအင်များ စုဆောင်းရန်အတွက် အစုအဝေးတစ်ခုအဖြစ် အသုံးပြုခဲ့ကြသည်။ အကျိုးသက်ရောက်မှုမှာ အနည်းဆုံး ဆယ်ဆခန့် ပိုကောင်းသည်။ ၎င်းသည် လုံးဝတူညီသောအဆင့်တွင် မရှိနေပေ။

ရုတ်တရက် အဝေးမှ အော်သံတစ်ခု ထွက်ပေါ်လာသည်။ အဝေးမှ စစ်မြင်းများပေါ်တွင် ထိုင်နေသော လူတစ်စု ပျံသန်းလာသည်။ ၎င်းတို့စီးသော မြင်းတစ်ကောင်ချင်းစီက အံ့ဖွယ်ကောင်းလှသည်ဖြစ်ရာ ၎င်းတို့က သုံးမီတာကျော် မြင့်၍ နဂါးနှင့် ကျားများကဲ့သို့ လှပသည်။

မြင်း၏ ခွါလေးဘက်က လေထဲကို မြောက်တက်သွားကာ မြေပြင်ပေါ်တွင် နင်းနေသကဲ့သို့ လေပေါ်၌ နင်းလိုက်သည်။ ၎င်းတို့၏ အမြန်နှုန်းက မိုးကြိုးကဲ့သို့ အလွန်မြန်ဆန်သည်။

ယင်းမတိုင်မီက ချူးယွင်ဖန်းမသိသော်လည်း စာအုပ်ကိုဖတ်ပြီးနောက် ဤမြင်းများအကြောင်း သူသိသွားသည်။ ဤမြင်းများကို မြင်းနဂါးဟုခေါ်သည်။ ရေနဂါးနှင့် မြင်းတစ်ကောင်၏ မျိုးဆက်ဟုပြောကြသည်။

နှစ်ပေါင်းများစွာ ယဉ်ပါးအောင်လုပ်ပြီးနောက် ဤမြင်းနဂါးများသည် ထောင်နှင့်ချီ၍ရှိလာသည်။ တရှ တပ်မတော်၏ စံပြစစ်မြင်းများပင် ဤ မြင်းနဂါးများဖြစ်ကြသည်။

ဤမြင်းနဂါး အုပ်သုပေါ်တွင် လူငယ်အုပ်စုတစ်စုရှိသည်။ ၎င်းတို့သည် လရောင်ဝတ်ရုံများကို ဝတ်ဆင်ထား၍ ပျံသန်းနေတဲ့ ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ တပည့်ဖြစ်လာသည်။

"ဘေးဖယ်လိုက်"

ဤလူများသည် ချူးယွင်ဖန်းကို သတ်လိုသကဲ့သို့ အရှိန်မလျှော့ဘဲ ရှေ့သို့ တဟုန်ထိုးပြေးဝင်သွားကြသည်။ ချူးယွင်ဖန်းသည် ချက်ချင်းပင် ၎င်းတို့ရှေ့မှ ဖြတ်သွားကာ အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိပေ။ သို့သော် ထိုသူရဲကောင်းများ ဖြတ်သွားပြီးနောက် သူတို့ လှည့်ကြည့်လိုက်ကြသည်။

"မင်းဘယ်ကလာတာလဲ။ အရှေ့ခရိုင်မှာ ဘယ်လိုလုပ်ပြီး ပြေးရဲတာလဲ။ သေချင်နေတာလားကွ" အဖွဲ့ခေါင်းဆောင်က မာနထောင်လွှားစွာ ပြောလိုက်သည်။

ချူးယွင်ဖန်း၏ မျက်လုံးများသည် ထက်မြက်သော အလင်းရောင်ဖြင့် လက်သွားသည်။ ဤလူများသည် ပတ်ပတ်လည်တွင် ပြေးလွှားနေသူများမှာ ၎င်းတို့ဖြစ်ကြောင်း ထင်ရှားသော်လည်း ယခုအခါ ချူးယွင်ဖန်းကို အပြစ်တင်နေကြသည်။

"ကျွန်တော်က ချူးယွင်ဖန်းပါ။ ကြယ်ကြွေကောင်းကင်ဂိုဏ်းကို လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ဝင်ခဲ့တာပါ။ ဒီနေ့ ဆရာတူအစ်မ ယီယွမ်ယောင်ကို သွားတွေ့ဖို့ ရောက်လာတာပါ" ချူးယွင်ဖန်းက စိတ်ရှည်ရှည်ဖြင့် ပြောလိုက်သည်။

"ယီယွမ်ယောင်ဟုတ်လား"

ဤနာမည်ကိုကြားသောအခါ ဤလူများသည် ဤကိစ္စကို ဤအတိုင်းထားလိုက်ရန် ရည်ရွယ်ချက်မရှိကြပေ။ ၎င်းတို့၏ မျက်နှာများတွင် ခက်ထန်သော အမူအရာများ ပေါ်လာကြသည်။

"ဒါဆို မင်းက ဆရာတူအစ်မယီရဲ့လူပဲ” မင်းစည်းမျဉ်းတွေကို မသိတာ အံ့သြစရာမရှိပါဘူး။ သူက မင်းကို ဂိုဏ်းရဲ့စည်းမျဉ်းတွေကို မသင်ပေးတဲ့အတွက် ငါတို့ မင်းကို သင်ပေးမယ်" ခေါင်းဆောင်က လှောင်ပြောင်ရင်း ပြောလိုက်သည်။

"စည်းမျဉ်းတွေကို သင်ပေးမယ်ဟုတ်လား မင်းလို အမှိုက်ကောင်ကလား"

ဤလူများတွင် ရည်ရွယ်ချက်ကောင်းမရှိကြောင်း ချူးယွင်ဖန်း မည်သို့ နားမလည်ဘဲ နေနိုင်လိမ့်မည်နည်း။ ၎င်းတို့တွင် ယီယွမ်ယောင်အပေါ် မကျေနပ်ချက်များ ရှိနေခဲ့ပုံရသည်။ သူက ၎င်းတို့ကို လှောင်ရယ်လိုက်သည်။

ချူးယွင်ဖန်း၏ စကားများကို ကြားသောအခါ သူတို့၏ မျက်နှာများပေါ်တွင် ဒေါသများ ဖြတ်ပြေးသွားသည်။

"သူ့ကို သတ်လိုက်။ တစ်ခုခုဖြစ်ရင် အစ်ကိုဝမ် ဖြေရှင်းပေးလိမ့်မယ်"

ဤလူများသည် ချက်ချင်းအော်ဟစ်ပြီး ၎င်းတို့၏မြင်းများကို စီး၍ ချူးယွင်ဖန်းဆီသို့ တစ်ဟုန်ထိုးသွားကြသည်။

၎င်းတို့ ချီတက်လာသောအခါ ၎င်းတို့လက်အောက်မှ မြင်းနဂါးများသည် ရေနဂါးများ အသွင်ဆောင်နေသည်။ လူဆယ်ယောက်ကျော် ချီတက်လာသောအချိန်တွင် စစ်တပ်တစ်တပ်၏ ကြောက်စရာကောင်းသော အရှိန်အဝါကို သယ်ဆောင်လာကြသည်။

ချူးယွင်ဖန်း၏ မျက်လုံးများ ထက်မြက်စွာ တောက်ပသွားသည်။ ဤလူများသည် ယခင်လူများထက် ပိုမိုလွှမ်းမိုးနိုင်ကြကာ လူ့အသက်ကို မြက်ပင်ကဲ့သို့ ဆက်ဆံလေ့ရှိကြသည်။ ၎င်းတို့က တွန့်ဆုတ်ခြင်းမရှိဘဲ လူများကို သတ်ကြသည်။ သူကိုယ်တိုင်က ဆုံးဖြတ်ချက်ချတတ်ကြကာ ရက်စက်ကြမ်းကြုတ်သော်လည်း လူ့အသက်ကို ဤကဲ့သို့ ဘယ်သောအခါမှ အထင်သေးခြင်း မရှိပေ။

"မင်းက သေမင်းကို ဖိတ်ခေါ်နေတာပဲကွ”

ချူးယွင်ဖန်းက လတ်တလောတွင် ထင်ရှားကျော်ကြားချင်ခြင်းမျိုး မဟုတ်သော်လည်း သူ့ဒေါသကို မျိုချ၍ နောက်ဆုတ်သွားမည် မဟုတ်ပေ။

သူ့နောက်မှ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ဓားကို ခရမ်းရောင်လျှပ်စီးကြောင်းများနှင့် ပတ်နွယ်ထားသည်။

ဝှစ်

ဝှစ်

ဓားအလင်းရောင်က ကောင်းကင်ကို ဖြတ်သန်းသွားသည်နှင့် ချက်ချင်းပင် ထိုလူများအားလုံး နာကျင်စွာ အော်ဟစ်လိုက်ကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များနှင့် မြင်းများသည် ချူးယွင်ဖန်း၏ ဓားအလင်းရောင်ဖြင့် ထိုးဖောက်ခံရပြီး ကောင်းကင်မှ ပြုတ်ကျလာသည်။

အားလုံး၍ မျက်လုံးများ ပြူးကျယ်သွားသည်။ ဤတပည့်သစ် ချူးယွင်ဖန်းက ဤမျှထိ သန်မာနေသည်ကို သူတို့ မယုံနိုင်ပေ။

ချူးယွင်ဖန်းက ထိုလူများကို သတ်ရန် ပြင်နေစဉ်၌ ဒေါသတကြီး အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"မင်းလုပ်ရဲလား!"

၎င်းသည် ယှဉ်နိုင်စရာမရှိအောင် ကျယ်လောင်သော ဟိန်းသံတစ်ခုဖြစ်သည်။ ဖိနှိပ်မှုပြင်းလှသည့် အင်အားတစ်ခု လွှမ်းမိုးသွားသည်။ ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် မုန်တိုင်းတစ်ခုကဲ့သို့ ချူးယွင်ဖန်းအား ကမ္ဘာကြီးက သူ့ကို အရပ်မျက်နှာအားလုံးမှ ငြင်းပယ်နေသကဲ့သို့ ခံစားရစေသည်။ ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် သူ ကြေမွသွားတော့ပေမည်။

ထို့နောက် ချူးယွင်ဖန်းရှေ့တွင် လရောင်ဝတ်ရုံကိုဝတ်ထားသော လူတစ်ယောက် ဆင်းသက်လာသည်။ သို့သော် သူ၏ဝတ်ရုံ၏အနားများကို ရွှေရောင်အနားသတ်များဖြင့် ဆေးခြယ်ထားသဖြင့် အလွန်ရှေးကျကာ လျှို့ဝှက်ဆန်းကြယ်သည်။

ထိုလူက အသက်သုံးဆယ်ကျော်အရွယ်ရှိကာ မျက်နှာက အေးစက်၍ ခပ်ပါးပါးနှုတ်ခမ်းများနှင့်

ထက်မြက်သောမျက်လုံးများက ကြောက်မက်ဖွယ်အတိပြီး၏။

အခန်း(၁၆၅၂) ဝမ်ယိဖန်

ထိုလူ၏မျက်လုံးများက ချူးယွင်ဖန်းကို စိုက်ကြည့်နေသည်။ သာမန်လူများအတွက် ဤလူသည် လူများကို ဝါးမျိုရန် ရွေးချယ်သော သားရဲတစ်ကောင်ကဲ့သို့ဖြစ်၏။ ချူးယွင်ဖန်း၏ နတ်စွမ်းအားများပင် လည်ပတ်လာကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်အားလုံး ထောင်လာသည်။

ယင်းက ဒြပ်မဲ့အဆင့်ကို

ကျော်လွန်နေသည့် တည်ရှိမှုတစ်ခုဖြစ်သည်။ စစ်မှန်သော တပည့်တစ်ယောက်ဖြစ်သည်။

ဤလူသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ စစ်မှန်သော တပည့်တစ်ယောက်ဖြစ်ကြောင်း သံသယဖြစ်စရာ မလိုပေ။ ချူးယွင်ဖန်းက လျှို့ဝှက်စွာနေချင်၍ စစ်မှန်သော တပည့်တစ်ယောက်ကို ရန်မစမိချင်သော်လည်း တစ်ဖက်လူက သူ့ကို အနိုင်ကျင့်ရန် ရွေးချယ်ခဲ့သည်။ သူ့တွင် ရွေးချယ်စရာ မရှိပေ။

ချူးယွင်ဖန်းက ပြဿနာမရှာသော်လည်း တစ်ဖက်လူက တပည့်စစ်တစ်ဦးဖြစ်နေမည့် ပြဿနာကိုမူ ဘယ်သောအခါကမျှ မကြောက်ခဲ့ဖူးပေ။ သူ့တွင် လျှို့ဝှက်ချက်များ များစွာရှိသည်။ သူတကယ်ပေါက်ကွဲသွားပါက တစ်ဖက်လူကို သင်ခန်းစာတစ်ခု ပေးနိုင်သည်။

ထိုလူသည် ချူးယွင်ဖန်း၏ တည်ငြိမ်သော အမူအရာကို မြင်လိုက်ရသည်။ ချူးယွင်ဖန်းသည် အလွန်အမင်း ကြောက်ရွံ့နေသော သာမန်လူတစ်ယောက်နှင့် မတူပေ။

"ကြယ်ကြွေကောင်းကင်ဂိုဏ်းမှာ လူတွေကို သတ်ရဲလား။ မင်းက သေမင်းကို ဖိတ်ခေါ်နေတာပဲကွ။ မင်း ဒြပ်မဲ့အဆင့် အတွင်းစည်း

တပည့်တစ်ယောက်အနေနဲ့ မင်းလိုချင်တာ ဘာမဆို လုပ်နိုင်တယ်လို့ တကယ်ထင်နေတာလား။" ထိုလူက ချူးယွင်ဖန်းကို အေးစက်စွာ ကြည့်လိုက်သည်။

ချူးယွင်ဖန်းက ဤလူသည် မကောင်းသောရည်ရွယ်ချက်ဖြင့် လာကြောင်း ခံစားမိသဖြင့် သူ၏ စွမ်းအားအားလုံးကို စုဆောင်းလျက် အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။ သူ့ရှေ့ကလူသည် အလွန်အစွမ်းထက်သော်လည်း ချူးယွင်ဖန်းက လက်နက်ချရန် မဖြစ်နိုင်ပေ။

"မင်းရဲ့ နတ်စွမ်းအားကို ငါ့ရှေ့မှာ ဘယ်လိုပြရဲတာလဲကွ”

ထိုလူက အေးစက်စက် နှာခေါင်းရှုံ့၍ တိုက်ခိုက်လိုက်သည်။

ချူးယွင်ဖန်း၏ ဆံပင်များ အနည်းငယ်ထောင်သွားကာ အလွန်အန္တရာယ်များသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ကိုယ်သူ ကာကွယ်ရန် သူ့ရှေ့တွင် စွမ်းအင်ဒိုင်းတစ်ခု အလျင်အမြန် ဖွဲ့စည်းလိုက်သည်။ သို့သော် ချက်ချင်းပင် စွမ်းအင်ဒိုင်းသည် ခုတ်ပိုင်းခံလိုက်ရကာ ဓားအလင်းရောင်က သူ့အပေါ်သို့ ကျရောက်လာသည်။

ဘမ်း

ချူးယွင်ဖန်းက လေထဲသို့ လွင့်စင်သွားပြီး သူ့လက်မောင်းတွင် ကြီးမားသော ဒဏ်ရာတစ်ခု ပေါ်လာကာ သွေးများ ပန်းထွက်လာသည်။

"ဟမ်"

ချူးယွင်ဖန်းကို တစ်ချက်တည်းနှင့် မသတ်နိုင်ခဲ့ကြောင်း သဘောပေါက်သွားသောအခါ ထိုသူက မျက်မှောင်ကြုတ်လိုက်သည်။ သူက သာမန်တိုက်ခိုက်မှုတစ်ခုသာ ပြုလုပ်ခဲ့သော်လည်း သာမန် ဒြပ်မဲ့အဆင့်ရှိသူ တစ်ယောက်အနေနှင့် သူ၏ တိုက်ခိုက်မှုကို

တားဆီးနိုင်ခြင်းမရှိသင့်ဘဲ သေဆုံးသွားနိုင်သည်။ သို့သော် ချူးယွင်ဖန်း၏ လက်မောင်းသာ ဒဏ်ရာရရှိခဲ့သည်။

ချူးယွင်ဖန်း၏ မျက်လုံးများသည် စူးရှသော အလင်းရောင်ဖြင့် လက်သွားသည်။ သူသည် သူ့ခန္ဓာကိုယ်ရှိ ဟုတ် သွေးမျိုးဆက်ကို အသက်ဝင်စေပြီး ဟုတ်အဖြစ်သို့ ပြောင်းလဲရန် လုပ်နေတော့သည်။ ထို့နောက် သူသည် မိစ္ဆာအောင်နိုင်သူကိုအသုံးပြု၍ ဤလူကို တိုက်ခိုက်မည်ဖြစ်သည်။

သူ့တွင် အနိုင်ရရန် အခွင့်အရေးရှိသည်။

"ဝမ်ယိဖန် နင် ငါ့ လူတွေကို ထိရဲလား။ ငါ့ကို ဖိအားမပေးနဲ့!"

အဝေးတစ်နေရာမှ ကြည်လင်၍ အေးစက်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက်

ချက်ချင်းပင် ယီယွင်ယောင်က အလင်းတန်းတစ်ခုနှင့် ရောက်လာသည် သူမက ချူးယွမ်ဖန်ရှေ့တွင် ရပ်လျက် ဝမ်ယိဖန်ဆိုသူကို ကာလိုက်သည်။

ချူးယွင်ဖန်းက ယခု ဤလူသည် မည်သူမည်ဝါဖြစ်ကြောင်း သိလိုက်ပြီဲဖြစ်သည်ခ

"ကမ္ဘာ" ကို ဖတ်နေစဉ်တွင် သူသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ စစ်မှန်သော တပည့်များ၏ မှတ်တမ်းများကို မြင်တွေ့ခဲ့ရသည်။ အရေအတွက် မများသောကြောင့် ၎င်းတို့အားလုံးကို စာအုပ်ထဲတွင် မှတ်တမ်းတင်ထားနိုင်သည်။

မှတ်တမ်းများသည် အသေးစိတ်မကျခြင်းသာ ဖြစ်သည်။ အဆုံးစွန်အားဖြင့် ၎င်းသည် ကြီးမားသော တားမြစ်ချက်တစ်ခုဖြစ်သော်လည်း အခြေခံအချက်အလက်အချို့ကို သူသိသည်။

ဝမ်ယိဖန်က ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ စစ်မှန်သော တပည့်တစ်ယောက်ဖြစ်ကာ သူ၏ ခွန်အားက မယုံနိုင်လောက်အောင် ကြီးမား၍ ငယ်စဉ်ကတည်းက အလွန်အစွမ်းထက်သော ကျင့်ကြံမှုကို ပိုင်ဆိုင်ထားသည်။ သို့သော် သူသည်

စိတ်မြန်လက်မြန်နှင့် အလွန်သတ်ဖြတ်လိုစိတ် ပြင်းထန်သည်။

"ဒါဆို ဒါက မင်းရဲ့လူပေါ့ ညီမယီ ဒီလူက ငါ့တပည့်တစ်ယောက်ကို သတ်ခဲ့တာ။ သူက ဂိုဏ်းစည်းမျဉ်းတွေကို ချိုးဖောက်လို့ သေဒဏ်ပေးသင့်တယ်။"

ဝမ်ယိဖန်သည် ယီယွင်ယောင် ပေါ်လာသည်ကို မြင်သောအခါ သူ့အမူအရာကို ချက်ချင်းထိန်းကာ သူမကို စိုက်ကြည့်လိုက်သည်။ ချူးယွင်ဖန်းကိုပင် မကြည့်ပေ။ သူ့အမြင်တွင် ချူးယွင်ဖန်းက သူထင်ထားသည်ထက် အနည်းငယ်ပို၍ ထက်မြက်သော အတွင်းစည်းတပည့်တစ်ဦးသာ ဖြစ်သည်။ သူက ဘာမှမဟုတ်ပေ။ သူတကယ်ကြောက်သည်မှာ ယီယွင်ယောင်ပင်ဖြစ်သည်။

"ဝမ်ယိဖန်၊ နင်ငါ့ကိုပြောစရာမလိုပါဘူး။ ငါဂိုဏ်းရဲ့စည်းမျဉ်းတွေကို နင့်ထက်ပိုသိတယ်၊ နင့်ရဲ့တပည့်တိုင်းက နင့်လိုပဲ မာနကြီးပြီး အာဏာရှင်ဆန်တယ်ဆိုတာလည်း ငါသိတယ်"

ယီယွင်ယောင်က အေးစက်စက်ပြုံး၍ ပြောလိုက်သည်။

"တကယ်စဉ်းစားကြည့်ရင် တပည့်တစ်ယောက်ကို တိုက်ခိုက်တာက သေဒဏ်ပဲလေ။ ချူးယွင်ဖန်းက သူ့ကိုယ်သူကာကွယ်တာ ဘာမှားလို့လဲ"

"ဒါက မင်းငါ့ကို မလေးမစားလုပ်ဖို့ ကြံစည်နေတာလား ညီမယီ အတွင်းစည်း အဆင့်နိမ့် တပည့်တစ်ယောက်အတွက်လား"

ဝမ်ယီဖန်က ယီယွင်ယောင်ကို စိုက်ကြည့်လျက် အသံက ပိုပို၍ အေးစက်လာသည်။

ယီယွင်ယောင်က ဂရုမစိုက်ဟန်ဖြင့် မျက်နှာလွှဲလိုက်သည်။

"ဒီရန်ပွဲကို ငါဖြေရှင်းပေးမယ်။ နင်မကျေနပ်ရင် အခု ငါတို့ တိုက်ခိုက်ပြီး ဒီကိစ္စကို အဆုံးသတ်လို့ရတယ်"

ဝမ်ယိဖန်က ယီယွင်ယောင်ကို အေးစက်စွာ စိုက်ကြည့်ကာ ပြုံးလိုက်သည်။

"မင်းပြောနေမှတော့ ဒီတစ်ခါ ငါမင်းကို လွှတ်ပေးမယ်။ နောင်တစ်ချိန်မှာ သူ ဘေးအန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ရရင် ငါတာဝန်မယူဘူး"

ဝမ်ယိဖန်၏ စကားများသည် ခြိမ်းခြောက်မှုများ ပြည့်နှက်နေသည်။ ချူးယွင်ဖန်း သတ်လိုက်သော တပည့်များကို သူ ဂရုမစိုက်ပေ။ သူ တကယ်မုန်းသည်က ယီယွင်ယောင်က သူ့ကို အလေးအနက် မထားခြင်းပင်ဖြစ်သည်။

သူ့စကားထဲက ခြိမ်းခြောက်မှုက နေ့ခင်းကဲ့သို့ ရှင်းနေသည်။ ယီယွင်ယောင်က ချူးယွင်ဖန်း၏ ကျန်ဘဝတစ်လျှောက်လုံးကို စောင့်ကြည့်ပေးနိုင်လိမ့်မည်လော။

ဝမ်ယိဖန်က အတွင်းစည်း တပည့်လေးတစ်ယောက်ကို သတ်ချင်ပါက သူ့စကားတစ်လုံးသာလိုသည်။

"မင်း အဲ့တာကို စိတ်ပူစရာမလိုဘူး။ ဒီလိုနေ့မျိုး ဘယ်တော့မှ ရောက်လာမှာမဟုတ်ဘူး” ချူးယွင်ဖန်းက ပြောသည်၊

"အင်း… ဆရာတူအစ်ကိုဝမ် မင်းသတိထားသင့်တယ်။ မင်းအပေါ် ကပ်ဘေးတစ်ခု မကျရောက်အောင် ဂရုစိုက်ပါ"

"မင်းလောက် မာနကြီးတဲ့ အတွင်းစည်းတပည့်ကို ငါတစ်ခါမှ မတွေ့ဖူးဘူး"

ဝမ်ယိဖန်က ခက်ထန်စွာ ပြောလိုက်သည်။ ချူးယွင်ဖန်း မည်သည်ကို ဆိုလိုကြောင်း သိသောကြောင့် သူ့မျက်လုံးများတွင် ပြင်းထန်သော အလင်းရောင်များ တောက်ပလာသည်။

"မင်းရဲ့ လက်အောက်ငယ်သားတွေက အရည်အချင်းရှိသားပဲ ညီမယီ အချိန်တန်ရင် ဘယ်သူက ဒုက္ခရောက်မလဲဆိုတာ ငါမြင်ချင်သေးတယ်"

ဝမ်ယိဖန်က စကားဆုံးသည်နှင့် ထွက်သွားလိုက်သည်။

"ကျွန်တော် ခင်ဗျားကို ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်၊ စီနီယာယီ"

ချူးယွင်ဖန်းက လက်နှစ်ဖက်ကို ရိုသေစွာ လက်ဟန်ပြု၍ ပြောလိုက်သည်။

"တောင်းပန်စရာမလိုပါဘူး။ အဲ့တပည့်တွေက ရှင့်ကိုတိုက်ခိုက်ခဲ့တာ ရှင့်ကြောင့်မဟုတ်ဘဲ ကျွန်မ ကြောင့်ပါ။ ကျွန်မနဲ့ ဝမ်ယိဖန်ကြားမှာ မကျေနပ်ချက်တွေရှိလို့

သူ့ဒေါသကို ထုတ်ဖော်ဖို့ ကူညီပေးချင်ကြတယ်။ သူတို့က ပျားအုံကို ကန်မိမယ်လို့ ဘယ်သူထင်မှာလဲ”

"အတွင်းစည်းတပည့်တွေက စစ်မှန်တဲ့တပည့်တွေနဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူး။ ခင်ဗျားရဲ့အဆင့်အတန်းနဲ့ဆိုရင် သူတို့ကို ပေါ့ပေါ့တန်တန်သတ်ဖို့ မဖြစ်နိုင်ဘူး။ အခု ဒီကိစ္စက တပည့်စစ်နှစ်ယောက်နဲ့ ပတ်သက်နေတော့ ကျွန်တော်တို့ ဒီကိစ္စကို နိဂုံးချုပ်နိုင်ပြီပေါ့"

အခန်း(၁၆၅၃) ဂုဏ်ထူးဆောင်ခန်းမ

“ကျွန်မမရှိရှင် ရှင် ဒီကိစ္စကို လွယ်လွယ်နဲ့ ကျော်လွှားနိုင်မှာမဟုတ်ဘူး”

ယီယွင်ယောင်က ချူးယွင်ဖန်းကို လှမ်းကြည့်၍ ပြောလိုက်သည်။

"လောကကြီးက မတရားဘူးလို့ မင်းထင်လား"

ချူးယွင်ဖန်း ခေါင်းခါလိုက်သည်။

သူသည် ဖန်လုံအိမ်ထဲတွင် ပေါက်ရောက်သော ပန်းတစ်ပွင့် မဟုတ်ပေ။ ဤလောကတွင် သူ၏ ခွန်အားမှာ မကြီးမားလှသော်လည်း သူကြုံတွေ့ခဲ့ရသော သတ်ဖြတ်မှုများနှင့် ကြုံတွေ့ခဲ့ရသော အရာများသည် ယီယွင်ယောင် ကြုံတွေ့ခဲ့ရသော အရာများ၏ ဆယ်ပုံတစ်ပုံပင် မရှိကြောင်း သူ ရဲရင့်စွာ ပြောရဲသည်။

ချူးယွင်ဖန်း၏ လက်မောင်းမှ တဖြည်းဖြည်းချင်းပျောက်ကင်းလာနေသော ဒဏ်ရာက ယီယွင်ယောင်၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ ဝမ်ယိဖန်၏ ခွန်အားနှင့်

ချူးယွင်ဖန်း ဤမျှ မြန်မြန် လွတ်မြောက်ရန် မဖြစ်နိုင်ပေ။ ဝမ်ယိဖန်က ဒြပ်မဲ့အဆင့်ကို ကျော်ဖြတ်ပြီးသွားပြီးဖြစ်သည်။ ချူးယွင်ဖန်းက ဓားနှင့် အထိုးခံခဲ့ရသော်လည်း မသေခဲ့ပေ။ ထို့ကြောင့် ယီယွင်ယောင်က သိချင်စိတ်အလွန်ပြင်းပျလာသည်။

‘ချူးယွင်ဖန်းတွင် လျှို့ဝှက်ချက်တစ်ခု၊ကြီးကြီးမားမားတော့ရှိရမယ်’

"ကျွန်တော်က ကလေးမဟုတ်ဘူး။ တရားမျှတမှုက ကျွန်တော့်အတွက် အရေးမကြီးဘူး" ချူးယွင်ဖန်းက ပြောသည်။

“အနှေးနဲ့အမြန် ကျွန်တော် သူ့ဆီ ပြန်သွားပါမယ်”

ဝမ်ယိဖန်က အလွန်ဩဇာကြီးမားသော်လည်း ချူးယွင်ဖန်းက စိတ်ဓာတ်မကျခဲ့ပေ။ သူ့တွင် ဆေးဧကရာဇ်ထံမှ ကြီးမားသော အမွေအနှစ်နှစ်ခု ရထားရာ ယင်းက မကြုံစဖူး ကြီးကျယ်ခမ်းနားသည်ဟု ပြောနိုင်သည်။ ယခု သူလိုအပ်သည်က အချိန်ပင်ဖြစ်သည်။

ယီယွင်ယောင်က ထိုစကားများကို ကြားသောအခါ စိတ်အနှောက်အယှက် မဖြစ်သည့်အပြင် ပြုံးပြလိုက်သည်။

"ဟုတ်တယ်။ ဒီလို အကြံဥာဏ်မျိုးနဲ့ဆိုရင် ရှင့်မှာ ကောင်းမွန်တဲ့ အနာဂတ်တစ်ခု ရှိမှာ သေချာတယ်။ ဒါပေမယ့် ဒါက မလုံလောက်သေးဘူး။ တကယ်တော့ မလုံလောက်သေးဘူး"

"ရှင်က မိုးကြိုးခရမ်းနယ်မြေက လာပြီး တရှနဲ့ ကြယ်ကြွေကောင်းကင်ဂိုဏ်းအကြောင်း လုံလုံလောက်လောက် မသိသေးဘူးလား။ ဒါက ခွန်အားကြီးသူက အားနည်းသူကို အမြတ်ထုတ်တဲ့ စနစ်ပဲ။ ဝမ်ယိဖန်က ရှင့်ကိုထိရဲတာ ကျွန်မကြောင့်ပဲမဟုတ်ဘူး ရှင်က မျိုးစေ့တပည့်တစ်ယောက်မို့လို့”

"သူက ကျွန်တော် မျိုးစေ့တပည့်ဆိုတာ သိလား" ချူးယွင်ဖန်းက အံ့အားသင့်စွာ မေးလိုက်သည်။

"ဖြစ်ပျက်ခဲ့တာတွေက မတော်တဆမှုလို့ မင်းထင်နေတာလား။ ကျွန်မက ရှင့်ကို ပထမဆုံး အကြံပြုတဲ့သူမို့ ရှင့်အကြောင်း ဂိုဏ်းတစ်ခုလုံး သိသွားမှာ ကျွန်မ စိုးရိမ်တယ်" ယီယွမ်ယောင်က ပြောသည်။

"ကျွန်မနဲ့ ဝမ်ယိဖန်နဲ့ ရန်စရှိခဲ့တာ နှစ်ပေါင်းများစွာကြာပြီ။ အခုချိန်ထိ သူ့ကို နားမလည်သေးဘူးဆိုရင် ဒါ ဟာသတစ်ခုဖြစ်နေလိမ့်မယ်"

"သူက ရှင့်ကို သတ်ချင်တာ ကြွားဖို့သက်သက်ပဲ” ယီယွမ်ယောင်က ဆက်ပြောသည်။

“ရှင်သာ သာမန်အတွင်းစည်းတပည့်တစ်ယောက်ဆို ရှင့်ကို သတ်တာက သူ့နာမည်အောက်က တပည့်တွေကို သတ်တာနဲ့ ထူးမခြားနားပဲ”

ချူးယွင်ဖန်း၏ မျက်နှာအမူအရာက တည်ကြည်နေသည်။ တရှသည် အလွန်ကြွယ်ဝချမ်းသာသော်လည်း သတ်ဖြတ်မှုအရေအတွက်မှာ အလွန်ရှားပါးသည်။

"သူထင်တာက ကျွန်မ ရှင့်ကို ထာဝရကာကွယ်ပေးလို့မရဘူးပေါ့။ ရှင့်ကို သတ်ဖို့ သူ အခွင့်အရေး ထပ်ရှာလိမ့်မယ်” ယီယွမ်ယောင်က သက်ပြင်းချလိုက်သည်။

"ဒါပေမယ့် သူပြောတာမှန်တယ်။ ကျွန်မ ရှင့်ကို ထာဝရကာကွယ်ပေးလို့မရဘူး။ ရှင် ကိုယ်တိုင်ရပ်တည်ပြီး ရှင့် အရည်အချင်းကို သက်သေပြရလိမ့်မယ်။ ရှင် ပိုကောင်းအောင်လုပ်ဆောင်လေ၊ အထက်လူကြီးတွေဆီက အာရုံစိုက်မှုပိုရလေဖြစ်ပြီး သူ ရှင့်ကို တိုက်ခိုက်ရဲတော့မှာမဟုတ်ဘူး။"

"ကျွန်တော် နားလည်ပါတယ်" ချူးယွင်ဖန်းကပြောသည် ။

ထင်ရှားသည့်ငှက်ကို သတ်ပစ်မည်ဟု ပြောကြသော်လည်း တစ်ချိန်တည်း၌ပင် ထင်ရှားသော ငှက်ကိုလည်း

အခြားသူများ၏ အာရုံစိုက်မှုများ အများဆုံးရရှိမည်ဖြစ်သည်။ တပည့်စစ်များသည် အလွန် အစွမ်းဖက်သော်လည်း ဂိုဏ်း၏ အနာဂတ်ကြယ်ပွင့်ကို ပေါ့ပေါ့တန်တန်သတ်နိုင်သည့် အနေအထားတွင် မရှိသေးပေ။ ယင်းက ဥပဒေနှင့် မညီပေ။

"ကြယ်ကြွေကောင်းကင်ဂိုဏ်းက အရမ်းကြီးပေမယ့် ကျွန်မတို့အရင်းအမြစ်တွေက အကန့်အသတ်ရှိတယ်။ ဒီအရင်းအမြစ်တွေက အလကားမဟုတ်လို့ ရှင်သာ မတိုက်ခိုက်ဘူးဆိုရင် ရနိုင်မှာမဟုတ်ဘူး" ဟယီယွမ်ယောင်က ပြောသည်။

"ကျွန်တော် နားလည်ပါပြီ။ လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ စီနီယာယီ" ချူးယွင်ဖန်းက လေးစားစွာပြောလိုက်သည်။

မှန်သည်။ သူ ဤမူများကို နားလည်သည်။ မည်သို့ပင်ဖြစ်စေကာမူ ယခင်က ဤသို့သော ကိစ္စမျိုးကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရဖူးသည်။

"ကောင်းပြီ၊ စကားများတာတွေ ရပ်လိုက်တော့။ ကျွန်မ တစ်ယောက်တည်း ပြန်တော့မယ်။ ရှင်လည်း ပြန်သွားသင့်တယ်၊ သတိထား။ ဝမ်ယိဖန်ကို အခွင့်အရေး မပေးနဲ့" ယီယွင်ယောင်က ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် သူမသည် အလင်းတန်းတစ်ခုပေါ်သို့ ခြေချလိုက်ပြီး ပျောက်ကွယ်သွားသည်။

ချူးယွင်ဖန်းက ထိုနေရာ၌ ခဏရပ်နေပြီးမှ ဓားအလင်းပေါ် တက်ကာ ထွက်သွားခဲ့သည်။

ယနေ့ အဖြစ်အပျက်များသည် သူ့ကို ကြယ်ကြွေကောင်းကင်ဂိုဏ်းက ငြိမ်းချမ်းသော နေရာမဟုတ်ကြောင်း နားလည်စေခဲ့သည်။ ဆန့်ကျင်ဘက်အနေနှင့် လူများအကြာ ပြိုင်ဆိုင်မှုများသည် ‌နေရာတိုင်းတွင်ရှိနေသည်။ သူသည် အမြန်ဆုံး တပည့်စစ်တစ်ယောက်ဖြစ်လာရပေမည်။ သို့သော် တပည့်စစ်တစ်‌ယောက်ဖြစ်လာရန် အဓိကအချက်က ဒြပ်မဲ့အဆင့်သို့ရောက်ရန်ဖြစ်သည်။

ယနေ့ဖြစ်ရပ်ကို သူ မှတ်မိနေမည်ဟု ကတိပြုလိုက်သည်။ နောက်ဆုံးတွင် ဝမ်ယိဖန်ကို ဤအတွက် ပြန်ပေးစပ်ခိုင်းမည်ဖြစ်သည်။

ယီယွင်ယောင်ကို နှုတ်ဆက်ပြီးနောက် ချူးယွမ်ဖန်သည် သူ့အိမ်သို့ ပြန်သွားကာ သီးသန့်ကျင့်ကြံခဲ့သည်။ ဤအချိန်အတောအတွင်း အပြင်ဘက်မှ နတ်ဘုရားအငွေ့အသက်တချို့က သူ့ကို စောင့်ကြည့်နေသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားမိသော်လည်း ၎င်းတို့သည် သူ့အိမ်ထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိပေ။

သုံးရက်အကြာတွင် သူသည် သီးသန့်ကျင့်ကြံမှုမှ တရားဝင်ထွက်လာပြီး အနောက်ခရိုင်ရှိ ဂုဏ်ထူးဆောင်ခန်းမသို့ တန်းသွားခဲ့သည်။

ဂုဏ်ထူးဆောင်ခန်းမသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အထူးဌာနတစ်ခုဖြစ်သည်။ အဖွဲ့ဝင်များအား မစ်ရှင်များထုတ်ပေးရာတွင် အထူးပြုသည်။ ဤမစ်ရှင်အချို့ကို ဂိုဏ်းမှထုတ်ပေးပြီး အချို့ကို ဂိုဏ်း၏တပည့်များကထုတ်ပေးကာ အချို့ကို အခြားဂိုဏ်းငယ်များနှင့် မိသားစုများမှ ထုတ်ပေးသည်။ ၎င်းတို့ထဲတွင် အမြင့်ဆုံးပြန်ရနှုန်းနှင့် စိတ်ဝင်စားဖွယ်အကောင်းဆုံးမစ်ရှင်မှာ ဧကရာဇ်နန်းတော်မှဖြစ်သည်။ တရှ၏ ဧကရာဇ်နန်းတော်သည် အမြဲတမ်းရက်ရော၍ ၎င်းတို့ထုတ်ပေးသော မစ်ရှင်များပြီးမြောက်ပြီးနောက် ရမည့်ဆုလာဘ်ပမာဏသည်လည်း အလွန် များပြားသည်။

အမြင့်ဆုံးအဆင့်ရှိ တပည့်စစ်များသည် မိမိကိုယ်ကိုယ် ပြုပြင်ပြောင်းလဲရန်အတွက် မစ်ရှင်အမျိုးမျိုးကို လုပ်ဆောင်လေ့ရှိကြသည်။ ထို့အပြင်၊ မစ်ရှင်များပြီးမြောက်ပြီးနောက် ရက်ရောသောဆုလာဘ်များမှ ကံကောင်းမှုများစွာ ကြုံတွေ့ခဲ့ကြရသည်။ ထို့ကြောင့် ဂုဏ်ထူးဆောင်ခန်းမသည် ဂိုဏ်းအတွင်း အလွန်အစွမ်းထက်သော အဖွဲ့တစ်ခုဖြစ်သည်။ လူများစွာသည် ၎င်းတို့၏ဆန္ဒအတိုင်း လုပ်ဆောင်ကြရသည်။

သို့သော်လည်း ဂုဏ်ထူးဆောင်ခန်းမသည် များသောအားဖြင့် ကြားနေရပ်တည်ချက်ကို ခံယူ၍ ဂိုဏ်းအတွင်း အငြင်းပွားမှုအမျိုးမျိုးတွင် ပါဝင်ပတ်သက်ခြင်း မရှိပေ။ မဟုတ်ပါက မည်သူမျှ ဤမျှကြီးမားသော အကျိုးကျေးဇူးကို ဂုဏ်ထူးဆောင်ခန်းမက ထိန်းချုပ်ခွင့်ပြုမည်မဟုတ်ပေ။

ဂုဏ်ထူးဆောင်ခန်းမက အမြဲတစေ လူစည်ကားကာ ဆူညံနေသည်။

မရေမတွက်နိုင်အောင် များပြားလှသော အတွင်းစည်းတပည့်များကို မစ်ရှင်များ ပေးအပ်ရန်

သို့မဟုတ် မစ်ရှင်လက်ခံရန် အပြေးအလွှား ဝင်ထွက်နေကြသည်။ ဂုဏ်ထူးဆောင်ခန်းမ၏ ဝန်ထမ်းများသည်လည်း အလုပ်များနေကြသည်။

ချူးယွင်ဖန်း၏ ကျင့်ကြံမှုအတွက် မရေမတွက်နိုင်သော အရင်းအမြစ်များ လိုအပ်သည်။ သတ်မှတ်ထားသော အမိန့်အရ ဂိုဏ်းက ကျင့်ကြံမှုအရင်းအမြစ်အချို့ကို ဖြန့်ဝေပေးသည်အထိ စောင့်ဆိုင်းရုံဖြင့် မလုံလောက်ပေ။ မစ်ရှင်များ ပြီးမြောက်ခြင်းဖြင့်သာ သူ၏ကျင့်ကြံမှုကို အချိန်တိုအတွင်း တိုးမြှင့်ရန် အရင်းအမြစ်များကို ရရှိနိုင်မည်ဖြစ်သည်။

ချူးယွင်ဖန်းသည် ဝမ်ယိဖန်ကို သတိထားသော်လည်း စိတ်ထဲမထားခဲ့ပေ။ သူ့တွင် လှည့်ကွက်များစွာရှိကာ မိုးကြိုးခရမ်းဓားနယ်မြေ၏ အလင်းဓားအဆောင်ရှိသည်။ ဝမ်ယိဖန်ကို သတ်ရန် မဖြစ်နိုင်ဟု မဆိုနိုင်ပေ။ သူတကယ်ကြောက်သည်မှာ လီချန်ယွမ်ဖြစ်သည်။ လီချန်ယွမ်နှင့် နှိုင်းယှဉ်ပါက ဝမ်ယီဖန်ကို ထည့်ပြောရန်ပင် မတန်ပေ။

"မတွေ့တာကြာပြီနော် အစ်ကိုချူး။"

ချူးယွင်ဖန်းသည် မင်္ဂလာခန်းမသို့ ရောက်ခါစတွင် ရင်းနှီးသော မျက်နှာတစ်ခုနှင့် ဆုံတွေ့ခဲ့သည်။ သူ ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ ဟွမ်ဖုန်းက သူ့ဆီသို့လျှောက်လာသည်ကို မြင်လိုက်ရသည်။

All Chapters