← Chapters

အခန်း (၁၆၅၇-၁၆၅၉)

Vol. 111 Ch. 1657-1659

အခန်း (၁၆၅၇-၁၆၅၉)

Vol. 111 Ch. 1657-1659

အခန်း(၁၆၅၇) အဖွဲ့ထဲမှ ခွဲထွက်ခြင်း

"ဘယ်လို သိပ်သည်းတဲ့ နတ်ဆိုးစွမ်းအင်မျိုးလဲ။"

ချူးယွင်ဖန်းသည် နတ်ဆိုးစွမ်းအင်က အလွန်သိပ်သည်းသည်ကို တွေ့ရှိသောအခါ အံ့အားသင့်သွားသည်။ ၎င်းသည် တူညီသောအဆင့်ရှိ ဝိညာဉ်စွမ်းအင်ထက် အနည်းဆုံး ဆယ်ဆပို၍ သိပ်သည်းသည်။ သို့သော် သူချက်ချင်းနားလည်လိုက်သည်။ ၎င်းသည် မရေမတွက်နိုင်သောလူများသည် ပြင်ပကမ္ဘာတွင် ဝိညာဉ်စွမ်းအင်ကို တစ်ပြိုင်နက်တည်း စုပ်ယူနေသောကြောင့်ဖြစ်သည်။ သို့သော် ဤနေရာတွင် နတ်ဆိုးစွမ်းအင်ကို မည်သူမျှ ကြာမြင့်စွာ စုပ်ယူခဲ့ခြင်း မရှိသောကြောင့် ၎င်းသည် ပိုမိုသိပ်သည်းခြင်းသည် ပုံမှန်ဖြစ်သည်။

လုံးဝ မှောင်မိုက်နေသော်လည်း ၎င်းတို့၏ စွမ်းအင်အကာအကွယ်များမှ ထုတ်လွှတ်သော အလင်းရောင်ကြောင့် ပတ်ဝန်းကျင်တချို့ကို မြင်နိုင်ခဲ့သည်။

၎င်းတို့သည် တောင်တန်းတစ်ခု၌ ဆင်းသက်ခဲ့ကြသည်။ နတ်ဆိုးစွမ်းအင်၏ လွှမ်းမိုးမှုအောက်မှာ ဤနေရာသည် နတ်ဆိုးနယ်မြေတစ်ခုကဲ့သို့ပင်ဖြစ်သည်။ တရှ၏ အခြားနေရာမျာသည် ပတ်ဝန်းကျင်နှင့် လုံးဝကွာခြားသည်။

ရုတ်တရက် အနက်ရောင်အရိပ်တစ်ခု ဖြတ်ပြေးသွားသည်။ မည်သူမျှ မမြင်လိုက်မီတွင်ပင် ထိုအရိပ်သည် လူအုပ်စုဆီသို့ ခုန်တက်သွားသည်။ ချွန်ထက်သော ခြေသည်းတစ်ခုက လူတိုင်းကို ဝှေ့ယမ်းကာ တိုက်ခိုက်လိုက်သည်။

"မင်းက သေမင်းကိုအော်ခေါ်နေတာပဲ!" ဖန်ရှီရှင်းက အော်ပြောလိုက်သည်။

သူ့ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအားများ တစ်ဟုန်ထိုးတက်လာပြီးနောက် ချက်ချင်းပင် အလင်းတန်းများအားလုံးက ကောင်းကင်ကို ပြည့်သွားသည်။ ထိုအချိန်မှသာ လူတိုင်းက ယင်းက မည်သည့်အရာဖြစ်သည်ကို နောက်ဆုံးမြင်လိုက်ကြရသည်။ ယင်းက ခြောက်သွေ့နေသော အလောင်းတစ်လောင်းပင်ဖြစ်သည်။

အကြောက်ဆုံးအရာက ဤအလောင်းသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ လရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ဤအလောင်းက အသက်ရှိစဥ်က ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်သည်။

၎င်း၏ ချွန်ထက်သော ခြေသည်းများက ဖန်ရှီရှင်းပေါ်သို့ ကျရောက်ကာ

သူ၏ စွမ်းအင်ဒိုင်းကို ဆွဲဖြဲလိုက်သည်။ ကံကောင်းထောက်မစွာပင်၊ လူတိုင်းက ဤအချိန်တွင် တုံ့ပြန်၍ အလောင်းကို အလျင်အမြန် တိုက်ခိုက်လိုက်ကြသည်။

ဘမ်း

ခြောက်သွေ့နေ‌သော အလောင်းက ပေါက်ကွဲသွားသည်။

လူတိုင်း သက်ပြင်းချကာ စိတ်သက်သာရာရသွားကြသည်။

"ဒါက ကြယ်ကြွေကောင်းကင်ဂိုဏ်းရဲ့တပည့်တစ်ယောက်ပဲ။ ဒီလူက သင်းကွဲကြယ်ကို

လိုက်ရှာဖို့ ဒီကိုရောက်လာပြီး အသတ်ခံလိုက်ရပုံရတယ်။ နတ်ဆိုးစွမ်းအင်ရဲ့ အာနိသင်ကြောင့် အင်မော်တယ်အဖြစ် ပြောင်းလဲသွားခဲ့တယ်" ဟွမ်လင်အာက ပြောသည်။

"ဟုတ်တယ်၊ အဲ့လို အရမ်းဖြစ်နိုင်တယ်။ သင်းကွဲကြယ်ကို အမဲလိုက်ဖို့ သူတို့ ဒီမှာ မရှိတာလည်း ဖြစ်နိုင်တယ်။ နှစ်တွေတစ်လျှောက် မရေမတွက်နိုင်တဲ့ လူတွေ ဒီမှာ သေဆုံးခဲ့ကြတယ်" ကျန်းယီက ဖြတ်ပြောသည်။

လူတိုင်းက ကြောက်စရာကောင်းသော ဖြစ်နိုင်ခြေတစ်ခုကို တွေးလိုက်ကြသည်။ နက္ခတ်နတ်ဆိုးက သက်ရှိသတ္တဝါများအတွက် မသင့်တော်ဟု ၎င်းတို့ ထင်၍ သင်းကွဲကြယ်မှတပါး အခြားအန္တရာယ်မရှိဟု ယူဆလိုက်ကြသည်။ ဤတောင်တန်းကို ၎င်းတို့ လျှော့တွက်ခဲ့မိကြောင်း ၎င်းတို့ ယခု သဘောပေါက်သွာကြသည်။ သေဆုံးသွားသော အလောင်းများကပင် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

"အရမ်းကောင်းတယ်!" ဖန်ရှီရှင်းက ပြုံး၍ ချူးယွင်ဖန်းကို လက်ညှိုးထိုးပြလိုက်သည်။

"မင်း၊ သွားပြီး အဲဒီဒေသကို စုံစမ်းထောက်လှမ်းလိုက်။"

"ဘာလို့လဲ" ချူးယွင်ဖန်းက မေးလိုက်သည်။

"ငါတို့က မင်းထက် ပိုအစွမ်းထက်တယ်။ မင်း မသွားဘူးဆိုရင် အခုချက်ချင်း ဒီမှာ သေနိုင်တယ်" ဖန်ရှီရှင်းက လှောင်ရယ်လိုက်သည်။

ဖန်ရှီရှင်းက စိတ်ပြောင်း၍ ချူးယွင်ဖန်းကို အမြောက်ဆန်အဖြစ် ထားရန် စီစဉ်ထားသောကြောင့် ဝန်ထုပ်ဝန်ပိုးဟု ထင်မြင်သူတစ်ဦးကို ခေါ်ဆောင်လာကြောင်း ချူးယွင်ဖန်း သဘောပေါက်လိုက်သည်။

ထျဲ့ရှီရှုန်းနှင့် ကျန်းယီတို့သည် ချူးယွင်ဖန်းကို ဝိုင်းထားခဲ့ကြသည်။ သူမပူးပေါင်းပါက သတ်ပစ်မည်ဟု ထင်ခဲ့ကြသည်။

"ခင်ဗျားတို့ အရမ်းလွန်တာပဲ။ အစ်ကိုချူးကို ကျွန်တော်တို့နဲ့လိုက်ခဲ့ဖို့ ကျွန်တော်ဖိတ်ခဲ့တာ။

ဒါပြီးရင် ကိုယ့်စီတ်နဲ့ကိုယ် ဘယ်လိုနေရမှာလဲ။" ဟွမ်ဖုန်းက ပြောသည်။

"ပါးစပ်ပိတ်ထား။ မင်းမှာ ဒီမှာ စကားပြောခွင့်မရှိဘူး။ ဟွမ်လင်အာ မရှိရင် ငါလည်း မင်းကို ခေါ်လာမှာ မဟုတ်ဘူး။ မင်း ငါ့စကား နားထောင်ရမယ်၊ မဟုတ်ရင် ငါ မင်းကိုလည်း သတ်ပစ်မယ်" ဖန်ရှီရှင်းက လှောင်ပြောင်လိုက်သည်။ သူ့မျက်နှာအမူအရာက ယှဉ်နိုင်စရာမရှိအောင် အေးစက်နေသည်။

ဟွမ်လင်အာ၏ အာမခံချက်မရှိပါက သူ ဟွမ်ဖုန်းကို ခေါ်လာမည်မဟုတ်ပေ။

"ကောင်းပြီ၊ ငါလုပ်မယ်" ချူးယွင်ဖန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

သူ့မျက်လုံးများတွင် ထက်မြက်သော သတ်ဖြတ်လိုသည့် အရိပ်အယောင်များ တောက်ပနေသည်ကို မည်သူမျှ သတိမထားမိကြပေ။

"ဟုတ်တယ်။ မင်းသာ နာခံပြီး ရှေ့ကို စူးစမ်းမယ်ဆိုရင် မင်းသေမှာ မဟုတ်ဘူး။ ငါ သင်းကွဲကြယ်ကို သတ်ပြီးရင် မင်းကို ရက်ရက်ရောရော လျော်ကြေးပေးမယ်။" ဖန်ရှီရှင်းက အေးစက်စက် ရယ်လိုက်သည်။

သူ့ဖခင်က ကြယ်ကြွေကောင်းကင်၏ အုပ်ချုပ်သူ လူတန်းစာဖြစ်သော အကြီးအကဲတစ်ဦးဖြစ်သဖြင့်

သူ ဤသို့သော တုတ်ကိုလှမ်း၍ မုန်လာဥနီပေးသော နည်းလမ်းကို အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ရပြီး အတန်ငယ်လည်း ရင်းနှီးသည်။

ချူးယွင်ဖန်းက စကားတစ်ခွန်းမှ မပြောဘဲ အဖွဲ့ရှေ့သို့ လျှောက်သွားသည်။ ဟွမ်ဖုန်းက တစ်ခုခုပြောချင်သော်လည်း ဟွမ်လင်အာက တားလိုက်သည်။ အဖွဲ့သားများသည် ဤကသိကအောက်ဖြစ်နေသော ပတ်ဝန်းကျင်တွင် ရှေ့သို့ဆက်သွားကြသည်။ ရုတ်တရက် ချူးယွင်ဖန်း၏ပုံရိပ် တောက်ပလာပြီး နတ်ဆိုးစွမ်းအင်ထဲသို့ ပျောက်ကွယ်သွားသည်။

"လုပ်စမ်း သူထွက်ပြေးဖို့ ကြိုးစားနေတယ်"

ဖန်ရှီရှင်းက ချက်ချင်းတိုက်ခိုက်လိုက်သည်။ ချူးယွင်ဖန်း ထွက်ပြေးနိုင်ခြေကို သူကာကွယ်နေသောကြောင့် သူသည် မသက်ညှာပေးဘဲ ဓားအလင်းကို ဝှေ့ယမ်းလိုက်သည်။ သို့သော် သတ္တုတိုက်မိသံသာ ကြားရသည်။ ချူးယွင်ဖန်းသည် နတ်ဆိုးစွမ်းအင်ထဲသို့ ပျောက်ကွယ်သွားသည်အထိ အနည်းငယ်မျှပင် မလှုပ်မယှက်နေခဲ့သည်။

"သေစမ်း! သူ ထွက်ပြေးသွားပြီ!" ဖန်ရှီရှင်းက အံကြိတ်လိုက်သည်။

ချူးယွင်ဖန်းသည် သူ့ထံမှ ထွက်ပြေးရဲကာ အောင်မြင်ခဲ့ခြင်းက ဖန်ရှီရှင်းအတွက် ကြီးမားသော အရှက်ရစရာဖြစ်သည်။

"အဆင်ပြေပါတယ်။ နက္ခတ်နတ်ဆိုးနယ်မြေက အန္တရာယ်တွေနဲ့ ပြည့်နေတာ။ သူက ငါတို့ကို နာနာခံခံနဲ့ ထောက်လှမ်းပေးခဲ့ရင်တော် အသက်ရှင်ဖို့ အခွင့်အရေး ရှိကောင်းရှိနိုင်တယ်။ အခု သူ့ကို စောင့်ကြိုနေတာက သေခြင်းတရားပဲ။" ထျဲ့ရှီရှုန်းက လှောင်ပြောင်လိုက်သည်။

"ငါတို့ အများကြီး စုဝေးနေတာနဲ့ ငါတို့ ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်ဘူး။ သူ့ကို ဒြပ်မဲ့အဆင့် အသစ်တစ်ယောက်က ဒီမှာ ဘယ်လောက်ကြာကြာ ခံနိုင်မှာလဲ။ မကြာခင်မှာ သူ မြေပြင်ပေါ်က အလောင်းတွေထဲက တစ်ကောင် ဖြစ်လာမှာကို ငါ စိုးရိမ်တယ်။"

"ဟုတ်တယ်။ သူသာ လိမ္မာပါးနပ်ရင် ငါတို့နဲ့ နာခံမှုရှိရှိ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာ သိရမှာ။ သူ ထွက်ပြေးသွားပြီလို့ ထင်နေပေမယ့် သေမင်းဆီပဲ ထွက်ပြေးသွားခဲ့တာပဲ" ကျန်းယီက ခေါင်းညိတ်ပြလိုက်သည်။

ဖန်ရှီရှင်း၏ မျက်နှာတွင် မာန အနည်းငယ်ပေါ်နေသည်။

"သူ့ကို မေ့လိုက်တော့။ သင်းကွဲကြယ်ကို အမြန်ဆုံးရှာရမယ်။ ချူးယွင်ဖန်းအတွက်ကတော့ သူသေသွားပြီ။ သူက ဘယ်လိုမျိုးစေ့ပါရမီရှင်လဲ။ အသက်ရှင်နိုင်တဲ့သူတွေကိုပဲ ပါရမီရှင်လို့ ခေါ်လို့ရတယ်။ တစ်ဝက်လောက်မှာ သေဆုံးသွားတဲ့သူတွေအားလုံးက အရူးတွေပဲ။"

လူအုပ်ကြားထဲ၌ ဟွမ်ဖုန်းတစ်ဦးတည်းသာ စိတ်ဓာတ်ကျနေပုံရသည်။ သူ့ကိုယ်သူ အသုံးချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် ဤလူများကြားတွင် သူ့၌ စကားပြောနိုင်ခွင့်ပင်မရှိပေ။

ဖန်ရှီရှင်းနှင့် ကျန်သော နှစ်ယောက်၏ ပြောစကားက မှန်ကန်သည်ကို သူသိသည်။ နတ်ဆိုးစွမ်းအင်များ နေရာတိုင်း၌ရှိနေကာ အလောင်းများလည်း ပျံ့ကျဲနေသဖြင့် ချူးယွင်ဖန်းတစ်ယောက်တည်းမဟုတ်လျှင်ပင် သေလုမတက်ဖြစ်သည်။

ချူးယွင်ဖန်းသည် သူ၏အရည်အချင်းကို မပြသနိုင်မီ ဤနေရာတွင် သေဆုံးရမည်ကို သူ အနည်းငယ် နောင်တရမိသည်။ သို့သော် ဤသည်မှာ တရှအတွက် ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်သည်။ နေ့တိုင်းတွင် မရေမတွက်နိုင်သော ပါရမီရှင်များ မွေးဖွားလာပြီး မရေမတွက်နိုင်သော ပါရမီရှင်များ သေဆုံးကြသည်။

"မြန်မြန်သွားပြီး သင်းကွဲကြယ်ကိုရှာကြရအောင်။ သူ့ခေါင်းနဲ့ ဆင့်ကဲပြောင်းလဲခြင်းဆေးကို ငါလိုချင်တယ်" ဖန်ရှီရှင်းက ပြောလိုက်သည်။

အခန်း(၁၆၅၈) အမှောင်ထဲတွင် သတ်ဖြတ်ခြင်း

လူတိုင်းက ရှေ့ဆက်သွားနေကြသည်။ အမှောင်ထဲမှ မျက်လုံးတစ်စုံက ၎င်းတို့ကို စိုက်ကြည့်နေသည်ကို မည်သူမျှ သတိမထားမိကြပေ။ ဤလူသည် ချူးယွင်ဖန်းပင်ဖြစ်သည်။

အဖွဲ့ထွက်သွားသည်ကိုကြည့်လျက် သူက လှောင်ရယ်လိုက်ကာ တောင်မြစ်ပန်းချီကားထဲမှ ထွက်လာခဲ့သည်။ ဖန်ရှီရှင်း၏ ဓားက တောင်မြစ်ပန်းချီကားထဲသို့ ထိမှန်ခဲ့သော်လည်း သူ့ကို မထိခဲ့ပေ။

"ဟမ်!" ချူးယွင်ဖန်းက အေးစက်စွာ ဟစ်အော်လိုက်သည်။

ဤလူများအားလုံးက သူ့ကို သေပြီဟု ကျိန်းသေ ထင်နေကြသည်။

သူ့အတွက် ဤပတ်ဝန်းကျင်က ဝိဉာဥ်စွမ်းအင်များနှင့်ပြည့်နေသည့်

အလယ်ပိုင်းလွင်ပြင်နှင့် မည်သို့မျှ မကွာခြားသည်ကို ၎င်းတို့ မသိကြပေ။ သူသည် ကောင်းကင်ဝါးမျိုခြင်းပညာရပ်ကို အသုံးပြု၍ သူ့အတွက် အသုံးပြုရန် သန့်စင်နိုင်သည်။

နတ်ဆိုးစွမ်းအင်ဖြစ်စေ၊ ဝိညာဉ်စွမ်းအင်ဖြစ်စေ အားလုံးက အတူတူပင်ဖြစ်သည်။

သူသည် မည်သည့်ပတ်ဝန်းကျင်၌မဆို ရေထဲမှ ငါးတစ်ကောင်ကဲ့သို့ပင်ဖြစ်၏။

သို့သော် ချူးယွင်ဖန်းက ဖန်ရှီရှင်း၏ အဖွဲ့နောက်သို့ မလိုက်နိုင်ခင်၌ အခြားအဖွဲ့တစ်ဖွဲ့က ရုတ်တရက် နတ်ဆိုးစွမ်းအင်ကို ဖြတ်ကျော် ဝင်ရောက်လာခဲ့သည်။ သူအနီးကပ်ကြည့်လိုက်သောအခါ လရောင်ဝတ်ရုံများဝတ်ထားသည့် တပည့်တစ်စုရှိနေသည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်၌ ချူးယွင်ဖန်းသည် သူရှိနေသည့်နေရာမှ ပျောက်ကွယ်သွားပြီး တောင်မြစ်ပန်းချီကားထဲသို့ ဝင်ရောက်သွားသည်။ ၎င်းသည် ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း သူမြင်နိုင်သည်။ အဖွဲ့၏ခေါင်းဆောင်မှာ မျက်နှာလေးထောင့်လူတစ်ဦးဖြစ်သည်။

သူ လျှောက်သွားပြီးနောက် ဇဝေဇဝါဖြင့် ကျယ်လောင်စွာ မေးမြန်းလိုက်သည်။

"ဒါကို သေချာလား။ ချူးယွင်ဖန်း ပျောက်သွားတဲ့နေရာက ဒါပဲလား"

"ဟုတ်တယ်။ စီနီယာဝမ် ကျွန်တော်တို့ကို ပေးထားတဲ့ ခြေရာခံအဆောင်က ချူးယွင်ဖန်းရဲ့ တည်နေရာကို ခြေရာခံနိုင်ရမယ်" အခြားတပည့်တစ်ဦးက ဖြေသည်။

"အာ၊ သူတို့ ငါတို့အတွက် ‌ရောက်လာတာပဲ”

၎င်းတို့ပြောနေသည့် စီနီယာဝမ်က မည်သူဖြစ်ကြောင်း ချူးယွင်ဖန်း ခန့်မှန်းရန် စဥ်းစားရာမလိုပေ။ ဝမ်ယိဖန်မှတပါး အခြားမည်သူမျှ မရှိပေ။ ယီယွင်ယောင်က သူ့ကို ထာဝရကာကွယ်ပေး၍ မရဟု ပြောခဲ့ဖူးသည်။ ချူးယွင်ဖန်းက ကြယ်ကြွေကောင်းကင်မှ ထွက်သွားသည်နှင့် သူသည် ဝမ်ယိဖန်၏ ပစ်မှတ်ဖြစ်လာမည်မှာ သေချာသည်။

သူဂိုဏ်းကနေ ဘယ်သောအခါမှ မထွက်သွားပါက ဝမ်ယိဖန်က သူ့ကို ဖယ်ရှားရန် နည်းလမ်းများ စဥ်းစားလိမ့်မည်။ ဝမ်ယိဖန်ကို ကိုင်တွယ်ဖြေရှင်းရန် သူ၏ အစွမ်းကို အမြန်ဆုံးမြှင့်တင်ရမည်။

ဝမ်ယိဖန်၏ လက်ပါးစေများပြောစကားအရ ဝမ်ယိဖန်က သူ့အပေါ်တွင် တစ်ခုခု ချန်ထားခဲ့ခြင်းဖြစ်နိုင်သည်။ မဟုတ်ပါက ဤလူများသည် ခြေရာခံကိရိယာကိုသုံး၍ ဤနေရာအထိ ခြေရာခံနိုင်မည်လော။

ချူးယွင်ဖန်းသည် သူ၏ နတ်စွမ်းအင်ကို ဖြန့်ကျက်ပြီး သူ့ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းကို စစ်ဆေးလိုက်သည်။ ခဏအကြာတွင် သူသည် ဝမ်ယိဖန်၏ နတ်စွမ်းအင် အပိုင်းအစတစ်ခုကို သူ့အဝတ်အစားများတွင် ကပ်ထားသည်ကို တွေ့လိုက်ရသည်။ နတ်စွမ်းအင်အပိုင်းအစသည် အလွန်သေးငယ်သောကြောင့် ချူးယွင်ဖန်းသည် ဘီးသေးသေးလေးဖြင့် မကြည့်ပါက လွတ်သွားလိမ့်မည်။

ချူးယွင်ဖန်း မျက်လုံးများကို ကျဥ်းလိုက်သည်။ ဤအဓိကတပည့်များထဲမှ မည်သူမျှ ရိုးရှင်းသူများ မဟုတ်ပေ။ အော်ဟစ်သတ်ဖြတ်နေပုံရသော ဝမ်ယိဖန်ကဲ့သို့ အရာအားလုံးကို လုပ်ဆောင်ရာတွင် ဂရုတစိုက်ရှိကြသည်။

ဝမ်ယိဖန်က ဤနတ်စွမ်းအင်ကို မည်သည့်အချိန်၌ သူ့ကိုယ်ပေါ်တွင် ချန်ဲ့ကြောင်း သူပင် သတိမထားမိပေ။ ယင်းက သေးငယ်လွန်းသောကြောင့် အသိစိတ်တစ်ခုပင် မဖွဲ့စည်းနိုင်သော်လည်း ခြေရာခံရာတွင် အသုံးပြုရန်မူ လုံလောက်သည်။

သို့သော်လည်း ဤလူများသည် ထိုနတ်စွမ်းအင်ကို မခံစားနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။ တောင်မြစ်ပန်းချီကားထဲသို့ ဝင်ရောက်ခဲ့သော ချူးယွင်ဖန်းသည် ဤအတိုင်းအတာတွင် မရှိတော့သောကြောင့် ၎င်းတို့က သဘာဝအတိုင်း နတ်စွမ်းအင်ကို မခံစားနိုင်ကြပေ။

"သူ အဝေးကြီး မသွားသင့်ဘူး။ သူ့ခေါင်းကိုယူပြီး စီနီယာဝမ်ဆီက ဆုလာဘ်ကို ယူရမယ်" =တစ်ယောက်ယောက်က ပြောလိုက်သည်။

"ငါတို့မှာ အချိန်ရှိရင် သင်းကွဲကြယ်ကိုတောင် ခြေရာခံမိနိုင်တယ်။ အခုအချိန်မှာ လူတိုင်းက သူ့ကို ရှာနေကြပုံရတယ်" အခြားတပည့်တစ်ဦးက ပြောလိုက်သည်။

ဆင့်ကဲပြောင်းလဲမှုဆေးအကြောင်း စဉ်းစားမိသောအခါ လူတိုင်း၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။ ၎င်းတို့အတွက် ယင်းက ဒဏ္ဍာရီလာ နတ်ဆေးလုံးကဲ့သို့ဖြစ်သည်။ လူတိုင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ၎င်းတို့အတွက် ဆင့်ကဲပြောင်းလဲမှုဆေးလုံးက ဒဏ္ဍာရီလာနတ်ဆေးလုံးကဲ့သို့ဖြစ်သည်။

ဤဆေးလုံးမရှိပါက ၎င်းတို့ဘဝတွင် တပည့်စစ်များ ဖြစ်လာရန် မဖြစ်နိုင်ပေ။ သို့သော် ဆင့်ကဲပြောင်းလဲမှုဆေးလုံး၏ အကူအညီနှင့် ၎င်းတို့သည် စစ်မှန်သော တပည့်များဖြစ်လာနိုင်သည်။

စစ်မှန်သောတပည့်များနှင့် အတွင်းစည်းတပည့်များသည် လုံးဝကွဲပြားသည်။ တစ်ခုမှာ အုပ်ချုပ်သူလူတန်းစားဖြစ်၍ နောက်တစ်ခုမှာ အုပ်ချုပ်ခံလူတန်းစားဖြစ်သည်။ အတွင်းစည်း တပည့်များသည် ကြယ်ကြွေ ကောင်းကင်ဂိုဏ်း၏ အရန်အင်အားသာဖြစ်၍ စစ်မှန်သောတပည့်များမှာမူ ဂိုဏ်း၏ ကျောရိုးဖြစ်သည်။ ၎င်းတို့သည် မျိုးဆက်သစ်များ၏ အကြီးအကဲများကဲ့သို့ ကြီးမားသောအာဏာရှိကြသည်။

ရုတ်တရက် ၎င်းတို့၏ အနာဂတ်ကို စိတ်ကူးယဉ်နေစဉ်၌ ကောင်းကင်တွင် ဓားအလင်းရောင်တစ်ခု ပေါ်လာသည်။

ဝှစ်!

တပည့်တစ်ဦးသည် ရုတ်တရက် ဓားဖြင့် ထက်ခြမ်းခွဲခံရသည်။

"ဘာ"

မျက်နှာလေးထောင့်နှင့် ခေါင်းဆောင်က အံ့အားသင့်စွာ ခုန်ပျံလိုက်သည့်တိုင်း လူတိုင်း ချက်ချင်းပင် တောင့်တင်းသွားပြီး ၎င်းတို့၏ နတ်စွမ်းအင်များ ပျောက်ကွယ်သွားကြသည်။ အားလုံးက နတ်ဆိုးစွမ်းအင်ကြောင့် လျင်မြန်စွာ ပျက်စီးသွားသော်လည်း မည်သူ့ကိုမျှ မခံစားနိုင်ကြပေ။ သူတို့ မပြင်ဆင်ထားဟု ပြောခြင်းသည် မှန်ကန်မည်မဟုတ်ပေ။

၎င်းတို့၏ နတ်စွမ်းအင်များသည် ပတ်ဝန်းကျင်အခြေအနေကို အဆက်မပြတ် စစ်ဆေးနေခဲ့သည်။ သူတို့၏အမြင်တွင် အန္တရာယ်မရှိသော်လည်း အန္တရာယ်သည် သူတို့ရှေ့တွင် ရှိနေသည်။

ယင်းက ၎င်းတို့၏ ဘေး၌ ရှိနေသောကြောင့် သူတို့ကို အံ့အားသင့်စေခဲ့သည်။

၎င်းတို့ အလွန်အမင်း သတိရှိနေချိန်၌ ကောင်းကင်မှ နောက်ထပ်ဓားအလင်းတန်းတစ်ခု ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။ ယင်းက လျှပ်စီးကဲ့သို့ မြန်ဆန်ကာ နောက်ထပ်တပည့်တစ်ယောက်ကို နှစ်ခြမ်းကွဲသွားစေသည်။ လူတိုင်း အံ့အားသင့်သွားကြသည်။ ၎င်းတို့၏ နတ်စွမ်းအားကို အသုံးပြု၍

၎င်းတို့၏ စွမ်းအင်ဒိုင်းများကို တပ်ဆင်လိုက်ကြသည်။

အဆုံးမဲ့မှောင်မိုက်မှုထဲတွင် အင်အားကြီးသော ရန်သူတစ်ယောက်က ၎င်းတို့ကို စောင့်ကြည့်နေသည်။ နေရောင်ခြည် များစွာရှိသော ပြင်ပကမ္ဘာတွင် ၎င်းတို့ရှိနေပါက ဤမျှလွယ်လွယ်နှင့် ချုံခိုတိုက်ခိုက်ခံရမည်မဟုတ်ပေ။ သို့သော် ၎င်းနေရာတွင်မူ

ကွဲပြားသည်။ နတ်ဆိုးစွမ်းအင်က ၎င်းတို့၍ မြင်ကွင်းကို ပိတ်ဆို့ထားရုံသာမက ၎င်းတို့၏ နတ်စွမ်းအင်များကိုလည်း ပိတ်ဆို့ထားကာ မျက်စိကန်းစေခဲ့သည်။

"သတ္တိရှိရင် ထွက်လာခဲ့! ဘယ်လိုလူမျိုးက ခိုးဝင်နေတာလဲ"

တပည့်တစ်ယောက်က အော်ပြောလိုက်သည်။ သို့သော် သူ့စကားဆုံးသည်နှင့် ဓားအလင်းတစ်ခုက လေထဲမှ ပေါ်လာကာ သူ့လည်ချောင်းကို ထိုးဖောက်သွားသည်။

"ဟိုမှာ"

ခေါင်းဆောင်က အော်လျက် ဓားအလင်းဆီသို့ တိုက်ခိုက်လိုက်သော်လည်း

ထိုနေရာတွင် မည်သူမျှ မရှိပေ။

လူတိုင်း ကြောက်ရွံ့ထိတ်လန့်နေကြသည်။ ရန်သူကို မြင်နိုင်မည်ဆိုပါက မည်မျှပင် အင်အားကြီးစေကာမူ ဤမျှကြောက်မည်မဟုတ်ပေ။ သို့သော် ဤရန်ငူက မမြင်နိုင်၊ မထိနိုင်သည့် ရန်သူဖြစ်သည်။ နက္ခတ်နတ်ဆိုး

အကြောင်း ဒဏ္ဍာရီများများစွာကို ၎င်းတို့၏ ဆံပင်များ ကျွတ်ထွက်ကုန်သကဲ့သို့ ခံစားလိုက်ရသည်။

ဝှစ်!

ဝှစ်!

ဝှစ်!

ဓားအလင်းရောင်သည် ကောင်းကင်ယံတွင် အဆက်မပြတ်တောက်ပနေကာ ဤလူများကို စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်ခဲ့ကြသည်။ လေးထောင့်မျက်နှာရှိသော ခေါင်းဆောင်ပင် ခြွင်းချက်မဟုတ်ခဲ့ပေ။ ဓားအလင်းရောင်ကြောင့် သေဆုံးခြင်းမပြုမီ သူ၏ ဒြပ်မဲ့အဆင့် ကျင့်ကြံမှုကို ပြသရန် အခွင့်အရေးပင် မရှိခဲ့ပေ။

အခန်း(၁၆၅၉) နတ်ဆိုး

မှောင်မိုက်ထဲက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုက ခဏတာအတွင်း ပြီးဆုံးသွားခဲ့သည်။ ချူးယွင်ဖန်းကို သတ်ရန် လာသူများအားလုံးက သူ့လက်ချက်နှင့် သေဆုံးသွားခဲ့ကြသည်။ ၎င်းတို့ သေဆုံးသည်အထိ ၎င်းတို့ကို သတ်သူက ၎င်းတို့၏ ပစ်မှတ် ချူးယွင်ဖန်းဖြစ်ကြောင်း မသိခဲ့ကြပေ။

ချူးယွင်ဖန်းသည် တောင်မြစ်ပန်းချီကားတွင် ပုန်းအောင်းနေသည်။ သူတိုက်ခိုက်သောအခါ သူသည် ပြေးလွှားနေသော ဒရယ်တစ်ကောင်ကဲ့သို့ ထင်ရ၏။ ဤလူများသည် ထိတ်လန့်တုန်လှုပ်သွားပြီး ဓားအလင်း၏ရင်းမြစ်သို့ တိုက်ခိုက်ရန် ကြိုးစားကြသည်။ သို့သော် ၎င်းတို့သည် လီချန်ယွမ် မဟုတ်ပေ။ တောင်မြစ်ပန်းချီကားတွင် ချူးယွင်ဖန်းကို မည်သို့ခံစားမိနိုင်မည်နည်း။ သူ့ကို မည်သို့ တစ်ခုခုလုပ်နိုင်မည်နည်း။

၎င်းတို့အားလုံး ချူးယွင်ဖန်း၏ လက်ချက်နှင့် သေဆုံးသွားကြသည်။ ဤနေရာက အန္တရာယ်များသော်လည်း ချူးယွင်ဖန်းအတွက်မူ ရေထဲကငါးကဲ့သို့ပင်ဖြစ်သည်။

သူတို့အားလုံးကို သတ်ပြီးနောက် ချူးယွင်ဖန်းသည် လေထဲတွင် ပြန်ပေါ်လာသည်။ ခံစားချက်ကင်းမဲ့သော အမူအရာနှင့် ဤလူများ၏ အလောင်းများကို တောင်မြစ်ပန်းချီကားထဲသို့ထည့်နေသည်။

ဤနေရာတွင် နတ်ဆိုးစွမ်းအင်၏ သိပ်သည်းဆကို ထည့်သွင်းစဉ်းစားလျှင် ဤအလောင်းများကို မကိုင်တွယ်ပါက ၎င်းတို့သည် မသေမျိုးများအဖြစ် ပြောင်းလဲသွားရန် အချိန်မကြာပေ။ ချူးယွင်ဖန်းက ဗြဟ္မာသစ်ပင်ကို သွန်းလောင်းရန် အသုံးပြုခြင်းသည် ကောင်းမွန်သော နောက်ဆုံးအသုံးပြုမှုဟု ယူဆရသည်။

"ဝမ်ယိဖန် တစ်နေ့ကျရင် ငါမင်းရဲ့ခေါင်းကို ဖြတ်ပစ်မယ်။" ချူးယွင်ဖန်း၏ မျက်နှာအမူအရာက အေးစက်သွားသည်။

တခြားသူတွေများအတွက် ဝမ်ယိဖန်သည် မြင့်မြတ်၍ စွမ်းအားကြီးသော တပည့်တစ်ယောက်ဖြစ်ကာ သာမန်လူများပင် စိတ်ကူး၍ မရနိုင်သော တည်ရှိမှုတစ်ခုဖြစ်သည်။ သို့သော် ချူးယွင်ဖန်းအတွက်မူ သူသည် သူ၏ အဆုံးမဲ့ သိုင်းလမ်းကြောင်းတွင် အတားအဆီးလေးတစ်ခုသာ ဖြစ်သည်။

ဝမ်ယိဖန်နှင့်ပင် ကိုင်တွယ်၍ မရပါက မည်သို့ ဉာဏ်အလင်းရရှိမည်နည်း။

ချူးယွင်ဖန်းက ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်သည်။ ထိုအဖြစ်အပျက်သည် ခဏတာမျှသာဖြစ်သော်လည်း သူသည် ဟွမ်ဖန်းနှင့် အခြားသူများကို ခြေရာခံမိတော့မည့်နှယ် ဖြစ်နေသည်။ ထို့ကြောင့် ဖန်ရှီရှင်းကို ခြေရာခံခြင်းကို ခဏတာ စွန့်လွှတ်ရန် ဖိအားပေးခံခဲ့ရသည်။

ဖန်ရီရှင်းသည် သူ့ကို အမြောက်စာကျွေးရန် ဤနေရာသို့ လာရန် လှည့်စားခဲ့သည်။ သူသာ နည်းနည်းအားနည်းနေခဲ့ပါက တကယ်ကိုပင် အမြောက်စာဖြစ်သွားခဲ့နိုင်သည်။

ချူးယွင်ဖန်းသည် အလျင်စလိုမလုပ်ခဲ့ပေ။ ရေထဲမှငါးကဲ့သို့ သူသည် နတ်ဆိုးစွမ်းအင်ကို စုပ်ယူ၍ ၎င်း၏ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် အလယ်အလတ်အဆင့်သို့ အရှိန်အဟုန်ဖြင့် တိုးတက်သွားသည်။ သူသည် အဆင့်မြင့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူ၏အုတ်မြစ်သည် အလွန်ခိုင်မာသည်။ ၎င်းသည် အခြားသူများထက် ပိုမိုခိုင်မာသည်။ သူ၏အုတ်မြစ် မတည်မငြိမ်ဖြစ်မည်ကို စိုးရိမ်စရာမလိုသောကြောင့် ဆက်လက်အဆင့်တက်နိုင်သည်။

လမ်းတစ်လျှောက်တွင် သူသည် ထိုဒေသကို ကင်းထောက်ခဲ့ကာ တစ်ခါတစ်ရံတွင် လူသေအချို့နှင့် ကြုံတွေ့ခဲ့ရသည်။ ဤသူများသည် ဤနေရာတွင် သေဆုံးသွားသော ကျွမ်းကျင်သူများဖြစ်သည်။ ၎င်းတို့က အလွန်အစွမ်းထက်သူများ မဟုတ်သည့်အပြင် ချူးယွင်ဖန်းနှင့်လည်း မယှဉ်နိုင်ပေ။ သူသည် ၎င်းတို့ကို တစ်ယောက်ပြီးတစ်ယောက် အလွယ်တကူ သတ်ပစ်ခဲ့သည်။

နက္ခတ်နတ်ဆိုးနယ်မြေ၏ အလယ်ဗဟိုကို သူပိုနီးကပ်လာလေလေ ချူးယွင်ဖန်းက အလွန်အမင်းအန္တရာယ်ကို ပိုခံစားရလေလေဖြစ်သည်။ နက္ခတ်နတ်ဆိုးနယ်မြေ၏

အလယ်ဗဟိုမှ ထွက်လာသည့် ခပ်တိုးတိုး ဟိန်းသံများကို သူကြားနေရသည်။ ကြောက်စရာကောင်းသော သားရဲတစ်ကောင်၏ ဟိန်းသံဟု ထင်ရသည်။

တစ်ခါတစ်ရံ ချူးယွင်ဖန်းသည် မြေပြင်တုန်ခါမှုကိုပင် ခံစားမိနိုင်သည်။ ၎င်းသည် ဖြတ်သွားသော သတ္တဝါကြီးများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဤအကြောင်းကို စဉ်းစားရင်း သူသည် ပင့်သက်ရှိုက်လိုက်မိသည်။ "ကမ္ဘာ" တွင် နက္ခတ်နတ်ဆိုးနယ်မြေ၏ မှတ်တမ်းများသည် မရှင်းလင်းဘဲ အများစုမှာ အတိုချုံးဖော်ပြချက်များသာ ဖြစ်သည်။ ၎င်းကိုယ်တိုင်က ထူးဆန်းသည်။ "ကမ္ဘာ" သည် ဤနေရာအကြောင်း အကြမ်းဖျင်း မိတ်ဆက်ရုံသာ ပေးခဲ့သော်လည်း အခြေအနေမှာ အလွန်ထူးဆန်းနေဆဲပင်ဖြစ်သည်။ ရှင်းမပြနိုင်သော ဤနေရာတွင် သေဆုံးသွားသော ဤပညာရှင်များသည် နတ်ဆိုးစွမ်းအင်၏ ငှါးယူ၍ ခုခံကာ သေဆုံးသွားခြင်း မဟုတ်ပါလား။

ယင်းက ဤမျှရိုးရှင်းသော ကိစ္စမဟုတ်ပေ။

"တောင်တန်းအလယ်ဗဟိုမှာ ဒဏ္ဍာရီလာ နတ်ဆိုးတစ်ကောင် တကယ်ရှိလား"

ချူးယွင်ဖန်းက နက္ခတ်နတ်ဆိုးနယ်မြေနှင့် ပတ်သက်သော ဒဏ္ဍာရီများစွာကို စဉ်းစားမိသည်။ တစ်စုံတစ်ယောက်သည် ဤနေရာတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခုကို မြင်ဖူးသည်။ တစ်ချက်ကြည့်လိုက်ရုံသာဖြစ်သော်လည်း ၎င်းတို့ကို လုံးဝကြောက်ရွံ့စေခဲ့သည်။

ချူးယွင်ဖန်းက ပိုသတိထားရန် ဆုံးဖြတ်လိုက်သည်။ သို့သော်

ထိုသို့ဖြစ်လျှင်ပင် ဤလူသေများသည် သူ့ကို မည်သို့မျှ မထိခိုက်စေနိုင်ပေ။

မကြာခင်၌ သူ ထူးဆန်းသော အရာတစ်ခုကို သဘောပေါက်သွားသည်။ ၎င်းတို့က တစ်ခုခုက ခေါ်လိုက်သကဲ့သို့ တူညီသော ဦးတည်ရာကို ရွေ့လျားနေပုံရသည်။

"ဒီလူသေတွေ နတ်ဆိုးစွမ်းအင်ကြောင့်သာ မဟုတ်ဘဲ ဉာဏ်ရည်အဆင့်တစ်ခုခုရှိလို့ ဒါမှမဟုတ် တစ်ယောက်ယောက်က သူတို့ကို နောက်ကွယ်ကနေ ထိန်းချုပ်ထားလို့ မွေးဖွားလာခဲ့ရင် အရာအားလုံးက အဓိပ္ပာယ်ရှိတယ်"

ချူးယွင်ဖန်းက ယင်းက အရာအားလုံးကို ရှင်းပြနိုင်မည်ဟု ခံစားမိသည်။ သူယခင်က မြင်တွေ့ခဲ့ရသော ကျိုးကြောင်းမဆီလျော်သည့် အရာအားလုံးကို ရှင်းပြနိုင်သည်။

"ဒါပေမယ့် အဲဒီလိုဆိုရင် ဘာလို့ ဒီလူသေတွေအားလုံး တစ်နေရာတည်းကို ဦးတည်နေကြတာလဲ"

သူက တစ်နေရာရာကို ပျံသန်းသွားသည့် နတ်ဆိုးအရိပ်များကို ရှင်းရှင်းလင်းလင်း ခံစားမိနိုင်သည်။

'သူတို့ တိုက်ခိုက်ဖို့ ဒါမှမဟုတ် ကာကွယ်ဖို့ အပြေးအလွှားသွားရမယ့် တစ်ခုခု ရှေ့မှာ မရှိရင်ပေါ့။ တစ်ယောက်ယောက်က ဒီလူသေတွေကို နောက်ကနေ ထိန်းချုပ်နေတယ်ဆိုရင် သူတို့က အဲဒီလူဆီ သွားကြလိမ့်မယ်။'

ချူးယွင်ဖန်း၏ မျက်လုံးများသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ တောက်ပသွားသည်။ တစ်စုံတစ်ခုကို နားလည်သွားသည့်နှယ် ခံစားလိုက်ရသည်။ သူ့ခြေထောက်များတွင် ကိုယ်ပိုင်စိတ်ရှိသကဲ့သို့ ၎င်းတို့သည် လူသေများဆီ အပြေးအလွှားသွားပြီး သူတို့နောက်သို့ နီးကပ်စွာ လိုက်သွားကြသည်။

မကြာခင်၌ပင် ရှေ့၌ ဧရာမရေကန်ကြီးတစ်ခု ပေါ်လာသည်။ တိတိကျကျပြောရလျှင် ရေကန်မဟုတ်သည့် ရေကန်တစ်ခုဖြစ်သည်။ အနက်ရောင်အရည်တစ်မျိုးနှင့် ပြည့်နှက်နေကာ ငွေ့ရည်ဖွဲ့ထားသည့် နတ်ဆိုးစွမ်းအင်လည်း ပါဝင်နေသည်။ နက္ခတ်နတ်ဆိုး၌ရှိသော

နတ်ဆိုးစွမ်းအင်က အလွန်သိပ်သည်းသော်လည်း ဤရေကန်ထဲမှ နတ်ဆိုးစွမ်းအင်ကမူ ဆယ်ဆထက်မက သိပ်သည်းဆများသည်။ ပျစ်ချွဲသော အရည်အဖြစ်ပင် ပြောင်းလဲသွားပြီဖြစ်သည်။

အရည်နတ်ဆိုးစွမ်းအင်သည် ရေကန်ကို ပြည့်စေကာ ဆူပွက်နေသောရေကဲ့သို့ တဟုန်ထိုးတက်လာသည်။

ရေကန်အလယ်၌ ဧရာမနတ်ဆိုးကြီးတစ်ကောင်ထိုင်နေသည်။ မျက်နှာက အစိမ်းရောင်ဖြစ်ကာ ချွန်ထက်သောသွားများကလည်းကြီးမားသည်။ အတောင်များသည်လည်း ဖြန့်ကျက်ထားလျက် မည်းနက်နေသည့် ကြေးခွံများနှင့် ဖုံးလွှမ်းနေသည် မျက်လုံးများသည် အနီရောင်ဖြစ်ပကာ မီတာ ၃၀ ကျော်မြင့်သော ပုံပေါ်သည်။

တစ်နည်းအားဖြင့်ပြောရလျှင် အလွန်ကြီးမားသည်။

"ဒါက နတ်ဆိုးတစ်ကောင်ပဲ”

ချူးယွင်ဖန်းသည် ဤနတ်ဆိုးကိုမြင်သောအခါ အံ့အားသင့်သွားသည်။ သူသည် "ကမ္ဘာ" မှ ထိုကဲ့သို့သောနတ်ဆိုးများအကြောင်း ဖတ်ဖူးသည်။ ဤတောင်ပံပါနတ်ဆိုးသည် ကောင်းကင်ဘုံတွင်နေထိုင်သည်ဟု ဆိုကြသော ဒဏ္ဍာရီလာကောင်းကင်နတ်ဆိုးဖြစ်ပြီး လူသားတို့၏ ရန်သူဖြစ်သည်။

ဤသတ္တဝါများသည် တစ်ချိန်က လူ့လောကသို့ ကျူးကျော်ဝင်ရောက်ခဲ့သော်လည်း ၎င်းတို့သည် ရှုံးနိမ့်ပြီး လူ့လောကမှ ဆုတ်ခွာရန် အတင်းအကျပ် ဖိအားပေးခံခဲ့ရသည်။ ဤခေတ်တွင် ဤကဲ့သို့သော နတ်ဆိုးများကို မြင်တွေ့ရခဲသည်။

ဤကောင်းကင်နတ်ဆိုးများသည် ကောင်းကင်မှ မဟုတ်ပေ။ ၎င်းတို့သည် အမှန်တကယ်တွင် အခြားအတိုင်းအတာတစ်ခုရှိ နတ်ဆိုးနယ်မြေ နတ်ဆိုးစွမ်းအင်များဖြင့် လုံးဝဖွဲ့စည်းထားသော ကမ္ဘာမှ ဖြစ်သည်။

All Chapters