← Chapters

အခန်း (၁၆၆၀-၁၆၆၂)

Vol. 111 Ch. 1660-1662

အခန်း (၁၆၆၀-၁၆၆၂)

Vol. 111 Ch. 1660-1662

အခန်း(၁၆၆၀) ကောင်းကင်နတ်ဆိုး၏ နှလုံးသား

ရှေးဟောင်းလူသားကာလတွင် လူသားများသည် အလွန်ကြွယ်ဝချမ်းသာသော ကာလတစ်ခုအထိ ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ ၎င်းတို့က

အခြားနယ်မြေများကို ကျူးကျော်ဝင်ရောက်ခဲ့ကာ ယင်းတို့ထဲမှ တစ်ခုကို နတ်ဆိုးနယ်မြေဟု

ခေါ်သည်။ ဤနယ်ပယ်သည် တခြားနယ်ပယ်များနှင့် မတူပေ။ ယင်း၌ ဝိညာဉ်စွမ်းအင်မရှိဘဲ နတ်ဆိုးစွမ်းအင်များနှင့် ပြည့်နှက်နေသည်။

ဤနယ်ပယ်ကို နတ်ဆိုးအမျိုးမျိုးက သိမ်းပိုက်ထားသည်။ ၎င်းတို့အားလုံးတွင် အထင်ရှားဆုံးမှာ ကောင်းကင်နတ်ဆိုးများဖြစ်သည်။ ၎င်းတို့သည် နတ်ဆိုးမျိုးစိတ်အားလုံးကို ကိုယ်စားပြုသည်။

နတ်ဆိုးနယ်မြေကို ရှာဖွေတွေ့ရှိချိန်တွင် လူသားများနှင့် နတ်ဆိုးများအကြား ရှည်လျားသောစစ်ပွဲတစ်ခု စတင်ခဲ့သည်။ နှစ်ဖက်စလုံး ရှုပ်ထွေးသွားခဲ့ပြီး ထိုအချိန်မှစ၍ လူသားတို့၏သမိုင်းတစ်လျှောက်လုံးတွင် နတ်ဆိုးများတည်ရှိနေခဲ့သည်။

ယခုရေပန်းစားနေသော နတ်ဆိုးလမ်းကြောင်း၏ မူလအစသည် နတ်ဆိုးများထံမှ ဆင်းသက်လာသည်။ လူသားများနှင့် နတ်ဆိုးများကြားတွင် ကွာခြားချက်များရှိသည်။ အချို့လူများသည် နတ်ဆိုးများ၏ သွေးဆောင်မှုကို မတွန်းလှန်နိုင်ဘဲ လူသားနတ်ဆိုးများဟု လူသိများသော အရာတစ်ခု ဖြစ်လာကာ နတ်ဆိုးများအဖြစ်သို့ ဆန္ဒအလျောက် ပြောင်းလဲသွားကြသည်။

ဤလူသားနတ်ဆိုးများသည် လူသားများအပေါ် နတ်ဆိုးများ၏တိုက်ခိုက်မှုတွင် ရှေ့တန်းမှပါဝင်ခဲ့သည်။ ၎င်းတို့ကို ရူးသွပ်သောခွေးများဟုခေါ်သည်။ နတ်ဆိုးများအားလုံး နတ်ဆိုးနယ်မြေသို့ ဆုတ်ခွာသွားသောအခါ လူသားနတ်ဆိုးများသည် လွတ်လပ်သောလူမျိုးဖြစ်လာရန် အခွင့်အရေးကိုယူ၍ ပြဿနာဖြစ်စေရန် ၎င်းတို့၏ကိုယ်ပိုင်မျိုးနွယ်စုကို တည်ထောင်ခဲ့ကြသည်။

အခြားတစ်ဖက်တွင်မူ လူသားကမ္ဘာသည် နတ်ဆိုးများ၏ လျှို့ဝှက်ချက်များကို ရှာဖွေရန် အန္တရာယ်အရှိဆုံးအချိန်တွင် လူသားများထဲမှ စွမ်းအားကြီး ပုဂ္ဂိုလ်အချို့သည် နတ်ဆိုးလမ်းကြောင်းကို ဆန္ဒအလျောက် လျှောက်လှမ်းခဲ့ကြသည်။ ၎င်းတို့က ဝိညာဉ်စွမ်းအင် ကျင့်ကြံခြင်းကို စွန့်လွှတ်ကာ နတ်ဆိုးစွမ်းအင် ကျင့်ကြံခြင်းကို အထူးပြုခဲ့ကြသည်။ ၎င်းတို့သည် ဝိညာဉ်စွမ်းအင် ကျင့်ကြံခြင်းနှင့် လုံးဝကွဲပြားသော လမ်းကြောင်းကို ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် ဂိုဏ်းဂဏများစွာကို မွေးဖွားပေးခဲ့သည်။

၎င်းတို့သည် လုံးဝကွဲပြားသော နတ်ဆိုးလမ်းကြောင်းနှစ်ခုဖြစ်ပြီး လက်ရှိတွင် အဓိကလမ်းကြောင်းနှစ်ခုဖြစ်သည်။

စစ်မှန်သော နတ်ဆိုးကို မတွေ့ရသည်က နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ရှေးခေတ်စစ်ပွဲအတွင်းတွင် နတ်ဆိုးနယ်မြေနှင့် လူသားကမ္ဘာကြားက ဆက်နွယ်မှုက အဆုံးမဲ့ အာကာသထဲကို နှင်ထုတ်ခံခဲ့ရသည်။ နှစ်ပေါင်းများစွာ တရှကို အဆက်မပြတ် ဝိုင်းရံဦ နှိမ်နင်းခဲ့ရုံသာမက ဤကမ္ဘာတွင် စစ်မှန်သော နတ်ဆိုးများကို မြင်တွေ့ရသည်က ရှားပါးသည်။

ချူးယွင်ဖန်းသည် ဤနတ်ဆိုးက ပိန်ချုံးနေသည်ကို မြင်နိုင်သည်။ နတ်ဆိုး၏ ခန္ဓာကိုယ်ရှိ ကြွက်သားများနှင့် အရေပြားများအားလုံးသည် ပျော့ပျောင်းနေသည်။ သူ၏ အကြေးခွံများ၏ တောက်ပမှုပင် ပျောက်ကွယ်သွားသည်။

ဤသည်က ကောင်းကင်နတ်ဆိုးအိုကြီးတစ်ကောင်ဖြစ်ကြောင်း ရှင်းလှသည်။ ကောင်းကင်နတ်ဆိုးတစ်ကောင်၏ သက်တမ်းက သာမန်လူသား ကျင့်ကြံသူများထက် များစွာ ပိုရှည်သော်လည်း နောက်ဆုံးတွင် ၎င်းတို့

အိုမင်း၍ သေဆုံးသွားကြသည်။

ချူးယွင်ဖန်းသည် ဤလှည့်လည်သွားလာနေသော မသေမျိုးများကို ဤကောင်းကင်နတ်ဆိုးအိုကြီးက ထိန်းချုပ်ထားကြောင်း ချက်ချင်းသဘောပေါက်လိုက်သည်။ ဤမသေမျိုးများသည် ကောင်းကင်နတ်ဆိုးမှ ပေးပို့သော အရေးပေါ်အချက်ပြမှုကို လက်ခံရရှိပြီး ၎င်းကိုကာကွယ်ရန် ဤနေရာသို့ အလျင်အမြန်ပြေးလာခဲ့ကြသည်။

နတ်ဆိုးစွမ်းအင်ရေကန်ပတ်လည်တွင် ထောင်ပေါင်းများစွာသော ပုံရိပ်များရှိသည်။ ဤပုံရိပ်တစ်ခုစီသည် ဒြပ်မဲ့အဆင့် သို့မဟုတ် ထိုထက်မြင့်သောအဆင့် ကျွမ်းကျင်သူများဖြစ်သည်။ ဒြပ်မဲ့အနည်းငယ်ရှိသော်လည်း အများစုမှာ ဒြပ်မဲ့လေ့လာသူအဆင့် အချို့မှာ ဒြပ်မဲ့ပြီးပြည့်စုံအဆင့်၌ပင်ရှိကြသည်။

ဤကျွမ်းကျင်သူများသည် ကောင်းကင်နတ်ဆိုးကို ရူးသွပ်စွာတိုက်ခိုက်နေကြသော်လည်း မရေမတွက်နိုင်သော မသေမျိုးများက သူတို့ကို တားဆီးထားခဲ့သည်။

လူတိုင်းက ကောင်းကင်နတ်ဆိုးကို ဖြုတ်ချချင်ကြသည်။ နတ်ဆိုးများနှင့် လူသားများသည် သေမျိုးရန်သူများဖြစ်ရုံသာမက ကောင်းကင်နတ်ဆိုးတွင် လူသားများ တောင့်တသော အရာတစ်ခုရှိသည်။ ယင်းက ကောင်းကင်နတ်ဆိုး၏ နှလုံးသားဖြစ်သည်။

နတ်ဆိုး၏ နှလုံးသားက ကောင်းကင်နတ်ဆိုး၏ ခန္ဓာကိုယ်ထဲမှ နတ်ဆိုးစွမ်းအားအားလုံး၏ ရင်းမြစ်ဖြစ်သည်။ ယင်းက အလွန်အဖိုးတန်သော ပစ္စည်းတစ်ခုဖြစ်သည်။ သို့သော် ကောင်းကင်နတ်ဆိုးဆိုသည်မှာ အနည်းဆုံး ဒြပ်မဲ့အဆင့်ကို ကျော်လွန်သည့် တည်ရှိမှုတစ်ခုဖြစ်သည်။ ၎င်းတို့က ထိပ်တန်းနတ်ဆိုးများဖြစ်ကာ ဤကောင်းကင်နတ်ဆိုးက အထွတ်အထိပ်ရောက်နေလျှင် ဤလူများအားလုံး ဤမျှရှက်ရွံ့ရဲမည်မဟုတ်ပေ။ သို့သော်

ဤကောင်းကင်နတ်ဆိုးက အသက်ကြီးနေပြီဆိုသည်ကမူ တခြားကိစ္စတစ်ခုဖြစ်သည်။

လူများစွာက သင်းကွဲကြယ်ကိုသတ်ရန်

ဤသို့ရောက်လာစဉ်က ဤမျှကံကောင်းမည်ဟု မမျှော်လင့်ထားကြသဖြင့် အလွန်ပျော်နေကြသည်။ ကောင်းကင်နတ်ဆိုးနှလုံးသားက အလွန်သန့်စင်သော စွမ်းအင်အမတေတစ်ခုဖြစ်သည်။ လူသားများအတွက် စွမ်းအင်၏ အနည်းငယ်ကိုသာ ပြောင်းလဲအသုံးပြုနိုင်လျှင်ပင် ၎င်းတို့၏ ကျင့်ကြံမှုကို နောက်တစ်ဆင့်တက်လှမ်းနိုင်မည်ဖြစ်သည်။ ချူးယွင်ဖန်းက ဤအကြောင်းကို သဘာဝအတိုင်း ရှင်းရှင်းလင်းလင်းပြောထားကာ အခြားသူအများစုထက်ပင် ပိုရှင်းသည်။

သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ မကြာခင်၌ ဖန်ရှီရှင်းနှင့် တခြားသူများကို တွေ့လိုက်ရသည်။ မျှော်လင့်ထားသည့်အတိုင်း ကောင်းကင်နတ်ဆိုးကိုလည်း ၎င်းတို့တွေ့လိုက်ရသည်။ ၎င်းတို့ကို ရူးသွပ်စွာ တိုက်ခိုက်နေသည့် မသေမျိုးများကို

သတ်ဖြတ်နေကြသည်။

၎င်းတို့ အန္တရာယ်များ ဝိုင်းရံခံထားရသော်လည်း ကောင်းကင်နတ်ဆိုးနှလုံးသားကို ရရန် လူတိုင်းက

အန္တရာယ်ကို မကြောက်ဘဲ ၎င်းတို့၏ အစွမ်းကုန် တိုက်ခိုက်ခဲ့ကြသည်။ ဤလူများအားလုံးက ဒြပ်မဲ့လေ့လာသူ အဆင့် သို့မဟုတ် ဒြပ်မဲ့ပြီးပြည့်စုံအဆင့် ကျွမ်းကျင်သူများပင်ဖြစ်ကြသည်။ ကြယ်ကြွေကောင်းကင်၌ပင် ၎င်းတို့ကို မျိုးစေ့တပည့်များအဖြစ် သတ်မှတ်ကြကာ သာမန်အတွင်းစည်းတပည့်များနှင့် လုံးဝကွာခြားသည်။ ၎င်းတို့က အနာဂတ်၏ စစ်မှန်သော တပည့်များ ဖြစ်၍ ၎င်းတို့၏ အဆင့်အတန်းကို အတွင်းစည်းတပည့်များနှင့် တစ်ပြိုင်နက်တည်း ဖော်ပြ၍မရပေ။ စစ်မှန်သော တပည့်များ မရှိသောအခါ ၎င်းတို့သည်

ဒေသတစ်ခုတွင် အရေးပါသော ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ခံရနိုင်သည်။ သို့သော် ၎င်းတို့ကို

ဤနေရာတွင် နေရာတိုင်းလိုလို၌ မြင်တွေ့နိုင်သည်။

ပြီးပြည့်စုံအဆင့်မည်မျှရှိသည်ကို မသိရှိရပေ။ အနည်းဆုံး တစ်ရာခန့်သည် ပြီးပြည့်စုံအဆင့်၌ရှိ၍ ကျန်တစ်ရာခန့်သည် လေ့လာသူအဆင့်များတွင်ရှိသည်။ ဟွမ်ဖုန်း ကဲ့သို့သော သာမန် ဒြပ်မဲ့အဆင့်များ လွန်ရှားပါးသည်။

"ကောင်းကင်နတ်ဆိုးနှလုံးသားအတွက် တိုက်ခိုက်နေတဲ့သူ အရမ်းများတယ်။"

ချူးယွင်ဖန်း၏ မျက်နှာအမူအရာက အေးစက်သွားသည်။ သူလည်း ကောင်းကင်နတ်ဆိုးနှလုံးသားအတွက် တိုက်ခိုက်ချင်သည့်တိုင် ပြိုင်ဘက်အလွန်များနေသည်။ သူ့တွင် နှလုံးသားရှိပါက ဆေးဧကရာဇ်၏ အထူးပြုလုပ်ထားသော ကောင်းကင်နတ်ဆိုးဆေးလုံးကို လုပ်နိုင်လိမ့်မည်ဟု ယုံကြည်သည်။ သူ၏ ကျင့်ကြံမှုအတွက် နောက်ထပ်တိုးတက်ရန် မခက်ခဲပေ။

ယခုအချိန်တွင် ချူးယွင်ဖန်းတွင် အချိန်မရှိတော့ပေ။ သူ၏ကျင့်ကြံမှုကို အရှိန်မြှင့်နိုင်ပါက တွန့်ဆုတ်မည်မဟုတ်ပါ။

"ငါသာ သင့်တော်တဲ့နည်းလမ်းကိုသုံးမယ်ဆိုရင် ကောင်းကင်နတ်ဆိုးနှလုံးသားကို မျှဝေစရာမလိုတော့ဘူး။"

ချူးယွင်ဖန်းတွင် အစွမ်းထက်သော အရည်အချင်းများ များစွာရှိသည်။ သူ့တွင် ဟုတ်အသွင်ပြောင်းခြင်း ဓားအလင်းတံတိုင်း၊ တောင်မြစ်ပန်းချီကား စသည်တို့ ရှိသည်။ တိုက်စစ်နှင့် ခံစစ် နှစ်မျိုးလုံး ရှိသည်။ သို့သော် အချိန်ကန့်သတ်ချက်ရှိ၍ သူ၏ ပစ္စည်းများလည်း အကန့်အသတ်ရှိသည်။ တစ်ယောက်တည်းနှင့် ရင်ဆိုင်ရသောအခါ သူသည် သဘာဝအတိုင်း ပြိုင်ဘက်ကင်းသည်။ သို့သော် ဤမျှ များပြားသော ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရသော အခါ အောင်မြင်ရိ် မဖြစ်နိုင်ပေ။

အဲ့လိုဆိုရင် ငါ ဉာဏ်သုံးမယ်' ချူးယွင်ဖန်း တွေးလိုက်သည်။

လျှပ်တစ်ပြက်အတွင်း သူသည် ကောင်းကင်နတ်ဆိုးရေကန်ထဲကို တန်းဝင်သွားသည်။ ဤပြောင်းလဲမှုကို မည်သူမျှ သတိမထားမိကြပေ။ တစ်ဖက်တွင် ချူးယွင်ဖန်းက သူ့ကိုယ်သူ ကောင်းကောင်းဝှက်ထားလွန်းကာ တစ်ဖက်တွင်မူ ဤနေရာ၌ရှိသည့် နတ်ဆိုးစွမ်းအင်က အလွန်ကြောက်မက်ဖွယ်ကောင်း၍ မည်သူမျှ ဤနေရာတွင် ပုန်းမနေသင့်ပေ။

သာမန် ဒြပ်မဲ့တစ်ဦး၏ အကာအကွယ်စွမ်းအင်ဒိုင်းက ချက်ချင်းပင် လုံးဝပျက်စီးသွားလိမ့်မည်။ ပြီးလျှင် ၎င်းတို့သည် နတ်ဆိုးစွမ်းအင်၏ ကျူးကျော်မှုကို ခံရကာ လူသားနတ်ဆိုးအဖြစ် ပြောင်းလဲသွားမည်လောသို့မဟုတ် သေဆုံးသွားမည်လော မသိနိုင်ပေ။ သို့သော်

ချူးယွင်ဖန်းအတွက်ကမူ ရေထဲက ငါးကဲ့သို့ပင်ဖြစ်သည်

သူသည် ကောင်းကင်ဝါးမျိုခြင်းပညာရပ်ကို ဆက်လက်လည်ပတ်၍ အရည်နတ်ဆိုးစွမ်းအင်ကို အဆက်မပြတ်စုပ်ယူခဲ့သည်။ သူ၏ကျင့်ကြံမှုသည် သာမန်နတ်ဆိုးစွမ်းအင်ကို စုပ်ယူခဲ့စဉ်ကထက် အနည်းဆုံး ဆယ်ဆပိုမိုမြန်ဆန်စွာ ခုန်ပျံကျော်လွှားတိုးတက်ခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ ချူးယွင်ဖန်းသည် ကောင်းကင်နတ်ဆိုးနှင့် ပိုမိုနီးကပ်လာခဲ့သည်။

အခန်း(၁၆၆၁) သင်းကွဲကြယ်ပေါ်လာခြင်း

ချူးယွင်ဖန်းသည် ကောင်းကင်နတ်ဆိုးရေကန်အောက်ခြေတွင် ပုန်းအောင်းလျက် နတ်ဆိုးစွမ်းအင်ကို စုပ်ယူလေ့ကျင့်နေစဉ်တွင်ပင်၊ ကျွမ်းကျင်သူများ ကောင်းကင်တွင် ပေါ်လာသည်။ တရှတစ်ဝှမ်းမှ ကျွမ်းကျင်သူထောင်ပေါင်းများစွာသည် မသေမျိုးများ၏ အဟန့်အတားကို ဖောက်ထွက်ကာ ကောင်းကင်နတ်ဆိုးဆီသို့ ပျံသန်းသွားကြသည်။

ဤအရာသည် တစ်သက်တွင် တစ်ခါသာ ရမည့် အ ခွင့်အရေးတစ်ခုဖြစ်သည်။ အထူးသဖြင့် လူအများစုက ၎င်းတို့၏ ကျင့်ကြံမှု၌ အတားအဆီးမျာ ကြုံတွေ့နေရသော အခါ၌ဖြစ်ကာ ယင်းက ထိုအတားအဆီးကို ဖောက်ထွက်ရန် ၎င်းတို့၏ အခွင့်အရေးဖြစ်ကြောင်း သံသယဖြစ်ရန် မလိုပေ။

ဤကျွမ်းကျင်သူများသည် တစ်ကောင်ပြီးတစ်ကောင်ကို တိုက်ခိုက်ခဲ့ကြသည်။ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေပြီး ၎င်းတို့အားလုံးသည် ကောင်းကင်နတ်ဆိုးပေါ်သို့ ကျရောက်ခဲ့သည်။ ကောင်းကင်နတ်ဆိုးသည် ဤလူသားများကို စိုက်ကြည့်နေစဉ်တွင် မျက်လုံးများ တောက်ပသွားသည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ခြင်းဖြင့် သူသည် ဤတိုက်ခိုက်မှုအားလုံးကို ချေမှုန်းခဲ့သည်။

ကောင်းကင်နတ်ဆိုးက သူ၏ အစွမ်းအစအထွတ်အထိပ်သို့ရောက်နေလျှင်ပင် ဤပုရွက်ဆိတ်ကဲ့သို့ လူသားများကို သူဂရုမစိုက်ပေ။ သို့သော် ကောင်းကင်ဘုံကမူ ခွင့်မလွှတ်နိုင်ပေ။

ကောင်းကင်နတ်ဆိုး၏ သက်တမ်းနှင့်ပင် သူ သေရန်အချိန်ရောက်နေပြီဖြစ်သည်။

ကောင်းကင်နတ်ဆိုးရေကန်က သူ၏ သင်္ချိုင်းမြေဖြစ်မည်ဟု ယူဆထားခဲ့သည်။ ထို့ကြောင့် သူသေတော့မည့်အချိန်၌ သူ့နှလုံးသားကို လိုချင်တပ်မက်သူလူသားတစ်စုက ရောက်လာလိမ့်မည်ဟု မည်သူထင်မည်နည်း။

ထို့ကြောင့် ကောင်းကင်နတ်ဆိုးက အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။

"လူတွေက မိုက်ရိုင်းလိုက်တာ! ငါ အထွတ်အထိပ်အခြေအနေမှာ မရှိရင်တောင် ပုရွက်ဆိတ်တွေ ယှဉ်နိုင်လောက်တဲ့ကောင်မဟုတ်ဘူးကွ"

ကောင်းကင်နတ်ဆိုးက သွေးစွန်းနေသော ပါးစပ်ကြီးကို ဟလိုက်ကာ မရေမတွက်နိုင်သော မီးလျှံများ ထွက်ပေါ်လာစေပြီးနောက် ကမ္ဘာကြီးတစ်ခုလုံးကို လောင်ကျွမ်းသွားစေသည်။ ရှေ့တန်းတွင် ပျံသန်းနေသော ကျွမ်းကျင်သူအချို့မှာ မီးလောင်၍ ချက်ချင်းပင် ပြာကျသွားကြသည်။

"အားလုံးသတိထားကြ။ ဒီကောင်းကင်နတ်ဆိုးက သူ့ရဲ့နောက်ဆုံးထွက်သက်ကို ထိန်းထားဖို့ကြိုးစားနေတာ သိသာတယ် သူ့ကို အောင်မြင်ခွင့်မပေးနိုင်ဘူး။"

တရှမှ ကျွမ်းကျင်သူတစ်ဦးက အော်ဟစ်လိုက်သည်။ သူ့လက်ထဲတွင် မှန်တစ်ချပ်ပေါ်လာသည်။ ပြင်းထန်သောမီးလျှံများအားလုံး မှန်ထဲမှထွက်လာကာ ကောင်းကင်နတ်ဆိုးအပေါ်သို့ ကျရောက်သွားသည်။ သို့သော် ၎င်းသည် ကောင်းကင်နတ်ဆိုး၏ အကာအကွယ်များကို ထိုးဖောက်နိုင်ခြင်းမရှိပေ။

တခြားသူများသည် ၎င်းတို့၏ ရန်သူကြီးနှင့် ရင်ဆိုင်နေရကြောင်း သိကြသည်။ ၎င်းတို့က

မှော်ရတနာအမျိုးမျိုးနှင့် နတ်စွမ်းအားများကို ထုတ်ယူခဲ့ကြကာ ချူးယွင်ဖန်း၏ ရည်မှန်းချက်များကို ကျယ်ပြန့်စေခဲ့သည်။ သို့သော် ဤတိုက်ခိုက်မှုများသည်

ကောင်းကင်နတ်ဆိုးကို ဘာမှ မလုပ်နိုင်ခဲ့ပေ။ သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ ကောင်းကင်နတ်ဆိုးက ဤတိုက်ခိုက်မှုများကို လက်သည်းများနှင့် ချေမှုန်းပစ်လိုက်သည်။

လူတိုင်း၏ တိုက်ခိုက်မှုများသည် အပြည့်အဝ ပြင်းထန်နေသည်။ ဤကောင်းကင်နတ်ဆိုးနှင့် ရင်ဆိုင်ရသောအခါ လူတိုင်း ရူးသွပ်သွားကာ ကောင်းကင်နတ်ဆိုးကို တိုက်ခိုက်လိုက်ကြသည်။

နတ်ဆိုးကလည်း အရူးအမူး တန်ပြန်တိုက်ခိုက်သည်။ စက္ကန့်တိုင်းတွင် တစ်ယောက်ယောက်က ကောင်းကင်မှ ပြုတ်ကျ၍ ကောင်းကင်နတ်ဆိုးရေကန်ဘေးမှ ကျောက်တုံးပေါ်ထိမှတ်သွားသည်။

သို့သော် ကောင်းကင်နတ်ဆိုးက အသက်ကြီးနေပြီဟူသည့်အချက်ကလည်းမှန်သည်။ သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာများ ပိုပို ပေါ်လာကာ သွေးများ အဆက်မပြတ် စီးကျနေသည်။ သူ ကြာကြာ မခံနိုင်ကြောင်း ထင်ရှားသည်။

သူက သေတော့မည့် အခြေအနေတွင် ရှိနေပြီဖြစ်သည်။ ဤမျှ တိုက်ခိုက်ရေး အစွမ်းနှင့် ပေါက်ကွဲထွက်လာသည်က အလျင်စလို လုပ်ရမည့် လုပ်ရပ်ဖြစ်သည်။ ဤတိုက်ပွဲပြီးလျှင် သူ ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူ သေဆုံးသွားလိမ့်မည်။

ကောင်းကင်နတ်ဆိုး၏ တိုက်ခိုက်မှုများသည် ပိုပို၍ ပြင်းထန်လာခဲ့သည်။ သူ့လက်ချက်နှင့် လူများ ပို၍ သေဆုံးသွားကြသော်လည်း နောက်ထပ်လူများစွာက ကောင်းကင်နတ်ဆိုး မကြာခင် သေဆုံးသွားတော့မည် ဆိုသည်နှင့် ၎င်းတို့တောင့်တနေသော

ကောင်းကင်နတ်ဆိုးနှလုံးသားက မကြာခင်တွင် ၎င်းတို့လက်ထဲရောက်လာတော့မည်ကို သိသောကြောင့် စိတ်လှုပ်ရှားနေကြသည်။

အချိန်တိုအတွင်း၌ ကျွမ်းကျင်သူထက်ဝက်ကျော်က အကြီးအကျယ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ ထို့အပြင်၊ ရှေ့သို့အပြေးအလွှားပြေးလွှား၍ တစ်ချိန်တည်း၌ပင် အင်အားအကြီးဆုံးဖြစ်သော ဒြပ်မဲ့ ပြီးပြည့်စုံအဆင့်များသည် လုံးဝပျောက်ကွယ်သွားခဲ့သည်။ ၎င်းတို့က ကောင်းကင်နတ်ဆိုး၏ အဓိကပစ်မှတ်များ ဖြစ်လာသည်။ စက္ကန့်တိုင်းတွင် ကောင်းကင်နတ်ဆိုး၏ လက်ချက်နှင့် တစ်ယောက်ယောက် သေဆုံးရသည်

ထိုစောင့်ကြည့်သူများသည် သေသည်အထိ တိုက်ခိုက်ရန် စီစဉ်နေချိန်တွင်ပင် ဤနှိုင်းယှဉ်၍မရသော ဧရာမကောင်းကင်နတ်ဆိုးသည် ပြိုလဲသွားပြီး ၎င်း၏ ဧရာမခန္ဓာကိုယ်သည် ညှိုးနွမ်းလာသည်။ ဤသည်မှာ ၎င်း၏စွမ်းအားများ လုံးဝကုန်ဆုံးသွားခြင်း၏ လက္ခဏာဖြစ်သည်။ ကောင်းကင်နတ်ဆိုးသည် သူ၏အသက်ဓာတ်ကို လောင်ကျွမ်းစေပြီး တုံ့ပြန်မှုသည် သူ၏အသက်ဓာတ်ကို ချက်ချင်းပင် စုပ်ယူသွားခဲ့သည်။

ကောင်းကင်နတ်ဆိုး၏ ခန္ဓာကိုယ်က ကောင်းကင်နတ်ဆိုးရေကန်ထဲကို ကျသွားသည်။

"ကောင်းကင်နတ်ဆိုးရဲ့နှလုံးသားက ငါ့အပိုင်ပဲ!"

ကောင်းကင်နတ်ဆိုး၏ အလောင်းဘေးနားကို အနီးဆုံးရှိ စောင့်ကြည့်သူတစ်ယောက် အပြေးအလွှားသွားကာ ကောင်းကင်နတ်ဆိုး၏ နှလုံးသားကို ဆွဲကိုင်လိုက်သည်။ သူ့မျက်နှာတွင် မထိန်းချုပ်နိုင်သော ပျော်ရွှင်မှုများ ပြည့်နှက်နေသည် ကောင်းကင်နတ်ဆိုးက ဤမျှ လွယ်လွယ်ကူကူ ကျဆုံးလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။ မည်သည့်လက္ခဏာမျှလည်း မရှိပေ။

ကောင်းကင်နတ်ဆိုးကိုလည်း ရပ်တန့်ရန် မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။

ရုတ်တရက် အဝေးမှ အလင်းရောင်တန်းတစ်ခု ပေါ်လာကာ ကြယ်ရောင်တန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလျက် ထို ဒြပ်မဲ့လေ့လာသူအဆင့်ထံ ကျရောက်သွားသည်။ ထို လေ့လာသူ၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် ကွဲအက်သွားသည်။

"တောင်းပန်ပါတယ်၊ ဒါပေမယ့် နှလုံးသားက ငါ့အပိုင်ပါ။"

အေးစက်စက်အသံတစ်ခုနောက်သို့ ကြည့်လိုက်ကြသောအခါ ယင်စွမ်းအင်အနည်းငယ်ရှိသော အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် ချောမောသောလူတစ်ဦးသည် လူတိုင်းရှေ့သို့ ပြေးဝင်လာသည်။

"သင်းကွဲကြယ် မင်းတကယ်ပေါ်လာရဲလား”

လူအုပ်ထဲက တစ်ယောက်ယောက်က ထိုလူကို ချက်ချင်းမှတ်မိသွားသည်။

ယင်းကား ၎င်းတို့ လိုက်ရှာနေသည့် သင်းကွဲကြယ်ပင်ဖြစ်သည်

ဤအရာကို တွေးမိသောအခါ လူတိုင်း၏ စိတ်ဓာတ်များ တက်ကြွသွားပြီး သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားစွမ်းအားများသည်လည်း အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။

သင်းကွဲကြယ်က တရှတွင် မကြာသေးခင်ကမှ နာမည်ကြီးလာသော်လည်း သူ့နာမည်က အင်ပါယာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။ သူသည် နက္ခတ်နတ်ဆိုးများ၏

စစ်မှန်သော တပည့်တစ်ယောက်ဖြစ်သည်။ သူ၏ ကျင့်ကြံမှုက နားမလည်နိုင်လောက်အောင် မြင့်မားကာ ရှောင်တိမ်းရာ၌လည်း တော်သည်။ လူတိုင်းက သူ့ကိုသတ်ချင်လျှင်ပင် သူ့ကိုအနိုင်ယူနိုင်မည်မဟုတ်ပေ။ သူ့ကိုအနိုင်ယူနိုင်သည့်သူများကလည်း သူ့ကို ရဖျာမတွေ့နိုင်ပေ။

တစ်ချိန်က အခြေအနေကို မသိသောသူများသည် သူ့ကို နက္ခတ်နတ်ဆိုး မျိုးဆက်သစ်လူငယ်များထဲတွင် နံပါတ်တစ်ကျွမ်းကျင်သူဟု ခေါ်ကြသည်။ မုန့်ထျန့်ရန် တိုက်ခိုက်စဉ်က သင်းကွဲကြယ်ကို ဒဏ်ရာရစေခဲ့ကာ ထွက်ပြေးခဲ့ရသည်။

သို့သော်လည်း သင်းကွဲကြယ် အားနည်းခြင်းကြောင့် မဟုတ်ပေ။ မုန့်ထျန့်ရန်သည် ခွန်အားကြီးမားသောကြောင့်ဖြစ်ကြောင်း လူတိုင်းကောင်းစွာသိကြသည်။ သူသည် မွန်မြတ်ခြင်းကျောင်းတော်၏ နံပါတ်တစ်ပါရမီရှင်ဖြစ်သည်။ မွန်မြတ်ခြင်းကျောင်းတော်၏

သမိုင်းတွင် သိုင်းပညာ၌ ဤမျှလောက်ပါရမီရှိသူ မရှိပေ။

သူသည် အနာဂတ်တွင် ဉာဏ်အလင်းရရှိရန် အလားအလာအရှိဆုံးပုဂ္ဂိုလ်အဖြစ် လူသိများသည်။

ယင်းက လူတိုင်းကို စိတ်ဝင်စားစေခဲ့သည်။ သင်းကွဲကြယ်က မုန့်ထျန့်ရန်ဆီမှ မည်သို့ လွတ်မြောက်လာသနည်း။

ကောလာဟလများအရ သင်းကွဲကြယါသည် ဆီကုန်သွားသော မီးခွက်တစ်ခု ဖြစ်သင့်သည်။ သို့သော် ထိုသို့မဟုတ်ဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူသည် စိတ်ဓာတ်တက်ကြွနေပုံရသည်။ လူတိုင်းက သူ့ကို ဝိုင်းရံ၍ ဖျက်ဆီးရန် လာကြသော်လည်း မည်သူမျှ သူ့ကို သေသည်အထိ တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။

သို့သော်လည်း၊ ဒြပ်မဲ့ပြီးပြည့်စုံအဆင့်သည် ထိုကောင်းကင်နတ်ဆိုး၏လက်ချက်ဖြင့် သေဆုံးသွားကြောင်း သိရှိလိုက်ရသောအခါ သူတို့ အံ့အားသင့်သွားကြသည်။ ကျန်သူများမှာ သင်းကွဲကြယ်နှင့် ယှဉ်ပြိုင်နိုင်ဖွယ်မရှိပေ။

လူတိုင်း အန္တရာယ်ထဲ ရောက်နေကြပြီဖြစ်သည်။

အခန်း(၁၆၆၂) သင်းကွဲကြယ်၏ ဒေါသ

သင်းကွဲကြယ်၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာများသည် မျှော်လင့်ထားသလောက် မပြင်းထန်ပေ။ တစ်နည်းအားဖြင့် သူ ဤမျှတိုတောင်းသောအချိန်အတွင်း များစွာ ပြန်ကောင်းလာခဲ့သည်။

လူတိုင်းက မုန့်ထျန့်ရန်၏ လက်ချက်နှင့် သင်းကွဲကြယ် ပြင်းထန်စွာ ဒဏ်ရာရသွားသည်ကို သူတို့ကိုယ်တိုင် မြင်တွေ့ခဲ့ကြရသည်။ သူ အလွန်ဆိုးရွာသော အခြေအနေမှာ ရှိနေကာ လွတ်မြောက်ရန် အသက်တစ်ချောင်းပဲ ကျန်တော့သည်။ မဟုတ်ပါက ဤလူများသည် သူ့ကို ပြဿနာရှာရဲမည်မဟုတ်ပေ။

၎င်းတို့ မူလက မျှော်လင့်ထားတာထက် သူ ပို၍ များသော ခွန်အားများ ရှိနေဦးလိမ့်မည်ဟု မည်သူထင်မည်နည်း။

"မင်းတို့ ငါ့ကို သတ်ချင်နေကြတာလား။ ငါ မင်းတို့အားလုံးကို သတ်ပစ်မယ်!"

သင်းကွဲကြယ်က ရယ်လိုက်ပြီး သူ့မျက်လုံးများတွင် သွေးနီရောင်အလင်းတန်းများ တလက်လက်တောက်ပနေသည်။ သူ့မျက်လုံးများထဲတွင် ဤနေရာရှိ လူတိုင်းက သူ့အစာဖြစ်လာ၍

သူ၏ ပြန်လည်ကောင်းမွန်လာမှုကို အရှိန်မြှင့်ပေးလိမ့်မည်။

မုန့်ထျန့်ဟန်၏ တိုက်ခိုက်မှုက အလွန်အမင်း ထိတ်လန့်စရာကောင်းလွန်းကာ ယခုအချိန်ထိပင် သူ့ဒဏ်ရာများမှ နာကျင်မှုကို ခံစားရဆဲဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင် အများစုကို သူ၏ ဒဏ်ရာများကို ဖိနှိပ်ရန်နှင့်

ပိုဆိုးလာခြင်းမျိုး မဖြစ်ရန်

ကာကွယ်ရန် အသုံးပြုခဲ့သည်။ မဟုတ်ပါက ဤဒြပ်မဲ့ပြီးပြည့်စုံအဆင့်များနှင့် စောင့်ကြည့်သူများက မည်သို့ သူ၏ ပြိုင်ဘက်ဖြစ်နိုင်မည်နည်း။

သူတို့ကို ဆွဲဆောင်ဟန် ထောင်ချောက်ဆင်ရန် မလိုအပ်ပေ။

မှန်သည် ယင်းက အစကတည်းက သူ၏

ထောင်ချောက်ဖြစ်သည်။ သူက တရှထဲသို့ ခိုးဝင်နေခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်ကာ သူ သေဆုံးတော့မည်ဖြစ်သော ကောင်းကင်နတ်ဆိုးကို ရှာဖွေတွေ့ရှိခဲ့သည်မှာ ကြာနှင့်ပြီဖြစ်သည်။ ယခုမူ ဤလူများကို အသုံးပြု၍ တိုက်ပွဲမှ အကျိုးအမြတ်ရနိုင်မည်ဖြစ်သည်။

"ဒီမှာ ငါတို့က လူများတာပဲ ဘာလို့ သူ့ကို ကြောက်ရမှာလဲ။ သူ့ကို သတ်လိုက်ရင် ဆင့်ကဲပြောင်းလဲခြင်းဆေးကို ရလိမ့်မယ်!" တစ်ယောက်ယောက် အော်ပြောလိုက်သည်။

သို့သော် သူ့အသံတိတ်သွားသော အချိန်၌ သူ့ လည်ပင်းညှစ်ခံလိုက်ရသည်။ သူ့လည်ပင်းကို ကြီးမားသန်မာသော လက်ဖဝါးတစ်ခုက ဆွဲထားသည်။ လူတိုင်း၏ အမြင်အာရုံများ မှုန်ဝါးသွားသည်။ ၎င်းတိ့ရှေ့ရှိ သင်းကွဲကြယ် ပျောက်ကွယ်သွားသည်။

သင်းကွဲကြယ်က စကားပြောသူရှေ့တွင် ရပ်နေကာ သူ့ကို မြှောက်လိုက်သည်။ ထိုသူက ရုန်းကန်နေသော်လည်း သူ့ခန္ဓာကိုယ်ထဲက နတ်စွမ်းအားကို စုစည်း၍ မရပေ။

"ဆင့်ကဲပြောင်းလဲမှုဆေးလား။ ကျစ် ကျစ် ငါတောင် နည်းနည်းတော့ သွေးဆောင်ခံရတယ်။ ဆင့်ကဲပြောင်းလဲမှုဆေးနဲ့ လဲဖို့ ငါ့ခေါင်းကို ဖြတ်ပစ်ချင်တယ်ပေါ့" သင်းကွဲကြယ်က အံ့သြတကြီးဖြင့် စုတ်သတ်လိုက်သည်။

ဆင့်ကဲပြောင်းလဲခြင်းဆေးများသည် ဒြပ်မဲ့

များအတွက် အလွန်ဆွဲဆောင်မှုရှိသကဲ့သို့ သူ့အတွက်လည်း အလွန်အသုံးဝင်သည်။

ဘမ်း

သင်းကွဲကြယ်က စကားပြောနေတုန်းတွင် ထိုသူ၏ ဦးခေါင်းကို သူ့ လက်ဖဝါးနှင့် ဆုပ်ကိုင်လိုက်သည်။ ထိုလူ၏

ဦးခေါင်းတစ်ခုလုံး ကြေမွသွားပြီးနောင် အနီနှင့် အဖြူရောင် အရည်များ ပန်းထွက်လာသည်။

အားလုံး ကြောင်အသွားကြသည်။ ယခု

သင်းကွဲကြယ်၏ ကျင့်ကြံမှုက ယခင်ကလောက် မကောင်းတော့သော်လည်း သူက နက္ခတ်နတ်ဆိုးများ၏ တပည့်စစ်တစ်ယောက်ဖြစ်နေဆဲဖြစ်ကြောင်း ၎င်းတို့ သတိရသွားကြသည်။

လူတိုင်း ရန်လို၍ အချင်းချင်းသတ်ဖြတ်နေသည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းလာသည့် စစ်မှန်သော တပည့်များသည် ရက်စက်ကြမ်းကြုတ်မှုနှင့် အခက်အခဲအရ ဂိုဏ်းကြီးဆယ်ဂိုဏ်း၏ စစ်မှန်သော တပည့်များထင်ပင် ပို၍

ကြောက်စရာကောင်းသည်။

သင်းကွဲကြယ်က လျှာသပ်၍

သူ့မျက်နှာပေါ် တင်ကပ်လာသည့် ဦးနှောက်အစိတ်အပိုင်းကို မျိုချလိုက်သည်။ တစ်ချိန်တည်း၌ပင် သူ့ခန္ဓာကိုယ်မှ နတ်ဆိုးစွမ်းအင်လှိုင်းများ ဖြာထွက်လာသည်။ ခဏအတွင်း ထိုသူ ခြောက်ကပ်သွား၏

သင်းကွဲကြယ်၏ ခန္ဓာကိုယ်ပေါ်က အရှိန်အဝါများ အနည်းငယ် ပိုအားကောင်းလာသည်ကို လူတိုင်း ရှင်းရှင်းလင်းလင်း ခံစားမိနိုင်သည်။ သူ၏

ဒဏ်ရာများကို ကုသရန်အတွက် ဤဒြပ်မဲ့လေ့လာသူ၏ အနှစ်သာရကို စုပ်ယူရန် အားကိုးခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားသည်။

လူတိုင်းပြေးချင်ကြသော်လည်း သင်းကွဲကြယ်၏ နတ်စွမ်းအားက

၎င်းတို့အားလုံးပေါ်တွင် ဖုံးလွှမ်းထားသည်။ သူ၏ ကျင့်ကြံမှုအဆင့်က ယာယီကျဆင်းသွားသော်လည်း သူ ယခင်ကအသုံးပြုခဲ့သော နည်းလမ်းများသည် ဤလူများကို တင်ပြသည့်အရာနှင့် နှိုင်းယှဉ်၍မရပေ။

"သူ့ကို ချလိုက်ရအောင်”

သူတို့ အကောင်းဆုံး မကြိုးစားပါက သင်းကွဲကြယ်က တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူသွားမည်ကို လူတိုင်းသိကြသည်။ အဝေးမှ မသေမျိုးအလောင်းများအားလုံး

လာနေကြကာ အပြင်ကို လုံးဝဝိုင်းထားလိုက်ကြပြီဖြစ်သည်။ သူတို့ မြန်မြန်ထွက်ပြေးရန် မဖြစ်နိုင်ပေ။

သင်းကွဲကြယ်အပေါ် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုအမျိုးမျိုး ကျရောက်ခဲ့သော်လည်း သူသည် လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်မှုစတင်ခဲ့သည်။ ပုံမှန်အားဖြင့် ထင်ရှားကျော်ကြားသည်ဟု ယူဆရသော ဤစောင့်ကြည့်သူများသည် သူ့ထံ ရင်ဆိုင်တွေ့သောအခါ ၎င်းတို့က လက်စားချေနိုင်ခြင်း မရှိခဲ့ပေ။ ၎င်းတို့အနက် ထက်ဝက်ကျော်သည် ချက်ချင်းပင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်။

ဤလူများတွင် ဆုတ်ခွာစရာနေရာမရှိတော့ဘဲ ၎င်းတို့အားလုံး၏ အစွမ်းထက်သော ခွန်အားနှင့် ပေါက်ကွဲထွက်လာကြသည်။ သို့သော် သင်းကွဲကြယ်၏ ထိုးနှက်ချက်တစ်ခုပင် မခံနိုင်ကြပေ။ ဤအချိန်၌ သင်းကွဲကြယ်က သူ၏

အလွန်အမင်းကြောက်စရာကောင်းသည့် ခွန်အားကို ပြသခဲ့သည်။

"မင်းငါ့ကိုသတ်လို့မရဘူး! ငါ့အဖေက အကြီးအကဲကွ”

ဖန်ရှီရှင်းက သင်းကွဲကြယ်သည် အခြားသူများကို သတ်၍ သူ့ထံ တည့်တည့်ဝင်တိုက်သည်ကို ထိတ်လန့်တကြား ကြည့်နေသည်။ သို့သော် သူစကားပြောပြီးသည်နှင့် နတ်ဆိုးလက်သည်းတစ်ခုက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်ပြီး သူ့နှလုံးသားကို ချွေမွှလိုက်သည်ကို သတိထားမိခဲ့သည်။

ဖန်ရှီရှင်း၏ ခန္ဓာကိုယ်က ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကာ သွေးများ ခမ်းခြောက်သွားသောကြောင့် ပြန့်ကျဲသွားသည်။

ကျန်ရှိနေသော ထျဲ့ရှုန်းရှီနှင့် ကျန်းယီတို့သည် ထွက်ပြေးလိုကြသော်လည်း နောက်ကျသွားသဖြင့် အသတ်ခံခဲ့ရသည်။

"ငါ့ဆီလာ!" ဟွမ်ဖုန်းက သင်းကွဲကြယ်ကို စိုက်ကြည့်နေသည်။

သင်းကွဲကြယ်က တကယ်ပင် ကြောက်စရာကောင်းသည်။ ဟွမ်ဖုန်းက

ပြင်းထန်သော ဖိနှိပ်မှုကို ခံစားရ၍ လှုပ်ရှားရန်ပင် ခက်ခဲနေသည်။

"တကယ့်ထိပ်တန်းပညာရှင်တစ်ယောက်ရဲ့ပုံစံက ဒါလား" ဟွမ်ဖုန်းက တွေးတောလိုက်သည်။

သူ သေလုမျောပါးဖြစ်နေသည်ဟု ခံစားရသည်မှာ ဤသည်က ပထမဆုံးအကြိမ်ဖြစ်သည်။ သင်းကွဲကြယ်၏ အရှိန်အဝါအောက်တွင် လှုပ်ရှားရန်ပင် ခက်ခဲသွားသည်။ လီချန်းယွမ်နှင့် တွေ့ခဲ့သည့် အချိန်ကနှင့် မတူပေ။

လီချန်းယွမ်က သင်းကွဲကြယ်ထက် ဆယ်ဆပိုကြောက်စရာကောင်းသည်။ သို့သော် လီချန်းယွမ်၏ ပစ်မှတ်က သူမဟုတ်ပေ။ သူ့ကို တွန်းထုတ်လိုက်ခြင်းဖြစ်ကာ အကွာအဝေးက အလွန်ဝေးလွန်းသဖြင့် သူ့ကို မသေစေခဲ့ပေ။

ဟွမ်ဖုန်းက ယခုအခါ ဒြပ်မဲ့အဆင့်အထက်ရှိသူတစ်ဦး မည်မျှကြောက်စရာကောင်းသည်ကို သဘောပေါက်လိုက်ရသည်။ သူသည် ချူးယွင်ဖန်းအကြောင်း ချက်ချင်းတွေးမိသည်။ ချူးယွင်ဖန်း ရင်ဆိုင်ခဲ့ရသောပြိုင်ဘက်မှာ လီချန်းယွမ်ဖြစ်သည်။ ချူးယွင်ဖန်း မည်သို့လုပ်ဆောင်ခဲ့သည်ကို သူမသိပေ။ သူ မသေရုံသာမက လီချန်းယွမ်ကိုလည်း ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့သည်။

လီချန်းယွမ်က ဟန်ဆောင်တတ်လွန်းသည်ဟု သူထင်ခဲ့ခြင်းက ရယ်စရာကောင်းသည်။ ပြန်စဉ်းစားကြည့်ပါက သူ အလွန်ရိုးအလွန်းခဲ့သည်။

ရုတ်တရက် ကောင်းကင်နတ်ဆိုးရေကန်အောက်ခြေမှ ပုံရိပ်တစ်ခု ပျံထွက်လာကာ ဓားအလင်းရောင်တစ်ခု ကောင်းကင်မှ ဖြာကျလာသည်။ သင်းကွဲကြယ်က လက်ကိုမြှောက်ကာ ဓားအလင်းရောင်ကို ချေမွပစ်လိုက်သော်လည်း မကြည့်ပေ။

သူ လှည့်ကြည့်လိုက်သောအခါ လရောင်ဝတ်ရုံဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် ကောင်းကင်နတ်ဆိုး၏ အလောင်းဘေးသို့ လျှောက်လာ၍ အလောင်းကို သိမ်းဆည်းနေသည်ကို တွေ့လိုက်ရသည်။

"မင်းက သေမင်းကို ဆင့်ခေါ်နေတာပဲ!"

သင်းကွဲကြယ်၏ မျက်လုံးများသည် စူးရှသော အလင်းရောင်တစ်ခု လင်းလက်လာသည်။ သူက သူ့ကိုယ်သူ အခြားသူ၏ တိုက်ပွဲမှ အကျိုးအမြတ်ရသည့် တံငါသည်ဟု ထင်ခဲ့သည်။ တံငါသည်၏ နောက်ကွယ်တွင် မုဆိုးတစ်ယောက် ပုန်းအောင်းနေလိမ့်မည်ဟု မည်သူသိနိုင်မည်နည်း။

ဤလူက သူ၏ ကြိုးစားအားထုတ်မှု စီမံကိန်း၏ အသီးအပွင့်များကို ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။

ချက်ချင်းပင်၊ သင်းကွဲကြယ်သည် ဟွမ်ဖုန်းကို ကိုင်တွယ်ရန် စိတ်မဝင်စားတော့ပေ။ သူသည် လရောင်ဝတ်ရုံဝတ်ဆင်ထားသော လူငယ်နောက်သို့ လိုက်တော့သည်။

လရောင်ဝတ်ရုံဝတ်ထားသော လူငယ်သည် လှည့်ကာ အဝေးသို့ ထွက်ပြေးသွားသည်။ သူသည် နဂါးတစ်ကောင်ကဲ့သို့ ပျံဝဲကာ ဖီးနစ်ငှက်ကဲ့သို့ ဆင်းသက်၍ နတ်ဆိုးမြူခိုးများထဲသို့ ပျောက်ကွယ်သွားသည်။

သင်းကွဲကြယ်က သူ့နောက်ကို အနီးကပ် လိုက်လာသည်။

All Chapters