← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း ၉၅ - အားလုံးက လုယက်ကျင့်ကြံသူတွေရဲ့ လက်ချက်ပဲ

ဤအရာများအားလုံးသည် သူတို့ သက်ရှိထင်ရှားရှိစဉ်က အသုံးပြုခဲ့သော နည်းလမ်းများဖြစ်ပြီး ၎င်းတို့၏ ဖြစ်နိုင်ခြေကို သေချာစေလေသည်။

သို့သော်လည်း ဤနည်းလမ်းသည် ချန်လော့ လိုချင်သော အရာ မဟုတ်ပေ။

လက်နက်သန့်စင်ခြင်း အားဖြည့်မှုပဲဖြစ်စေ၊ နတ်ဘုားစွမ်းရည် ထပ်ဆင့်ခြင်းဖြစ်စေ ၎င်းတို့သည် လက်တွေ့မကျဟု သူ ယူဆထားလေသည်။

"အကောင်းဆုံး နည်းလမ်းကတော့ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် မသေမျိုး ကျင့်ကြံသူကို အတုခိုးဖို့ပဲ။"

ချန်လော့ သည် သူနှင့် သင့်လျော်မည့် လမ်းကြောင်းတစ်ခုကို တွေးတောလိုက်လေသည်။ တစ်ခုတည်းကိုသာ သင်ယူခြင်းက အကန့်အသတ် များလွန်းလှ၏။

တိုက်ပွဲဝင်နေစဉ်အတွင်း ပြင်ပ ဦးနှောက် ကို သူ့ကိုယ်စား နတ်ဝိညာဉ် နည်းစနစ်ကို အသုံးပြုခိုင်းခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။

သူ စုဆောင်းထားသော ပြင်မပ ဦးနှောက်များထဲတွင် အုတ်မြစ်တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ နှစ်ဦး ပါဝင်လေသည်။

သူတို့ သက်ရှိထင်ရှားရှိစဉ်က အလေ့အထများကို အားကိုးခြင်းဖြင့် အုတ်မြစ်တည်ဆောက်ခြင်း အဆင့် နတ်ဘုရားစွမ်းရည်ကို အသုံးပြုရန်မှာ သေချာပေါက် ပြဿနာ ရှိမည်မဟုတ်ပေ။

တစ်ခုတည်းသော သတိပြုရမည့်အချက်မှာ အချိန်ကွာဟချက်ပင်။

ပြင်ပ ဦးနှောက်များသည် သေဆုံးသွားသော လူများ၏ ဦးနှောက်များဖြစ်ပြီး ၎င်းတို့ကို ခေါ်ယူအသုံးပြုရန် အချိန်လိုအပ်ပေ၏။ ဤအချိန်သည် မကြာမြင့်သော်လည်း ကျွမ်းကျင်သူများ၏ မျက်လုံးထဲတွင်မူ ခေတ္တမျှကွာဟသွားသော အချိန်တိုလေးကပင် သေရေးရှင်ရေးအတွက် လုံလောက်နေလေသည်။

ထို့ကြောင့် ချန်လော့၏ ပထမဆုံး ပန်းတိုင်မှာ ဤပြဿနာကို ဖြေရှင်းရန်ပင် ဖြစ်လေ၏။

ရှင်းလင်းသော အကြံဉာဏ်တစ်ခု ရရှိသွားသည်နှင့် ပြင်ပ ဦးနှောက်များ အားလုံးမှာ တက်ကြွလာကြပြီး သူ၏ စိတ်သည် အစောပိုင်းက လေခွင်းမသေမျိုးကြိုးကြာ လေထိန်းချုပ်ခြင်း နည်းစနစ်ကို အသုံးပြုခဲ့သည့် မြင်ကွင်းကို ပြန်လည်အမှတ်ရရန် အပြင်းအထန် ကြိုးစားနေလေသည်။

ဤတစ်ကြိမ်၏ အကြီးမားဆုံး အကျိုးအမြတ်မှာ အုတ်မြစ်တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ဦး လှုပ်ရှားနေသည်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရခြင်းပင် ဖြစ်လေသည်။

အုတ်မြစ်တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးနှင့် နှိုင်းယှဉ်ပါက အကြီးမားဆုံး ကွာခြားချက်မှာ ဝိညာဉ်ချီမလုံလောက်ခြင်း ဖြစ်ပြီး ဝိညာဉ်ချီ၏ အရည်အသွေးမှာလည်း မလုံလောက်ပေ။

လေခွင်းမသေမျိုးကြိုးကြာ သည် သူ၏ ခန္ဓာကိုယ်အတွင်း၌ လေထိန်းချုပ်ခြင်း နည်းစနစ်ကို ချက်ချင်း စုစည်းနိုင်ခဲ့ပြီး ထို့နောက် ၎င်းကို ဝိညာဉ်ချီဖြင့် ဖိသိပ်ကာ နတ်ဘုရားစွမ်းရည်ဖြင့် ထပ်ဆင့်ပြီး ထုတ်လွှတ်နိုင်ခဲ့လေသည်။

နောက်ဆုံးထွက်ပေါ်လာသော ကြာပန်းပုံစံ မုန်တိုင်းသည် သူ၏ နည်းစနစ်ကို ပြသလိုက်ခြင်းပင် ဖြစ်လေသည်။

ချန်လော့၏ ဝိညာဉ်ချီသည် ဤအဆင့်သို့ မရောက်နိုင်သကဲ့သို့ နတ်ဝိညာဉ် နည်းစနစ်ကိုလည်း ဖိသိပ်နိုင်ခြင်း မရှိပေ။ သို့သော် သူ့တွင် ကိုယ်ပိုင် နည်းလမ်း ရှိလေသည်။

"အဆောင်တွေ ဆွဲသလိုမျိုးကြိုတင်ပြီး စုစည်းထားလို့ ရတယ်။ ပြီးတော့ နတ်ဘုရားစွမ်းရည်ကို သိုလှောင်ထားလိုက်မယ်။"

သူသည် ပြင်ပဦးနှောက်များကို ထိန်းချုပ်ကာ လေခွင်းမသေမျိုးကြိုးကြာ၏ နည်းစနစ်ကို စတင် အတုခိုးလိုက်လေသည်။ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ဦးနှောက်၏ အကူအညီဖြင့် ဤလုပ်ငန်းစဉ်သည် အလွယ်တကူ ပြီးမြောက်သွားပြီးနောက် ခွဲခြမ်းစိတ်ဖြာခြင်း အပိုင်းသို့ ရောက်ရှိလာခဲ့လေသည်။

လေခွင်းမသေမျိုးကြိုးကြာ၏ လေထိန်းချုပ်ခြင်း နည်းစနစ်ကို ချက်ချင်း စုစည်းသည့် လုပ်ငန်းစဉ်ကို သူက အပိုင်းတစ်ရာ ခွဲခြားလိုက်လေ၏။

ဦးနှောက်တစ်လုံးက အပိုင်းတစ်ပိုင်းကို ထိန်းချုပ်လေသည်။

ဤအတွေးလမ်းကြောင်းအတိုင်း ချန်လော့ သည် နတ်ဝိညာဉ် နည်းစနစ် ကို စတင် အတုခိုးလိုက်လေသည်။ ဆယ့်ငါးမိနစ်ခန့် ကုန်လွန်သွားသောအခါ သူ၏ဝိညာဉ်ချီများ ကုန်ခမ်းသွားပြီး နတ်ဝိညာဉ် နည်းစနစ် အတုခိုးခြင်း၏ ငါးပုံတစ်ပုံ ပြီးမြောက်သွားလေသည်။

သူသည် ပြန်လည်ဖြည့်တင်းပြီး စုပ်ယူရန်အတွက် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထုတ်ယူလိုက်၏။

ထို့နောက် သူ ဆက်လက် အတုခိုးလေသည်။

သာမန်လူတစ်ယောက်အနေဖြင့် ချီသန့်စင်ခြင်း အလယ်အဆင့်စွမ်းအားဖြင့် အုတ်မြစ်တည်ဆောက်ခြင်းအဆင့် မသေမျိုး ကျင့်ကြံသူ၏ နတ်ဘုရားစွမ်းရည်ကို အောင်မြင်စွာ အတုခိုးနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

ပြင်ပ ဦးနှောက်များ၏ အကူအညီဖြင့် ချန်လော့ ၏ အရှိန်အဝါသည် တဖြည်းဖြည်း ပြောင်းလဲလာပြီး တဖြည်းဖြည်းနှင့် လေခွင်းမသေမျိုးကြိုးကြာ နှင့် ဆင်တူသော အရှိန်အဝါ အငွေ့အသက် တစ်ခုကို အမှန်တကယ်ပင် ရရှိလာခဲ့လေသည်။

ဝိညာဉ်ကျောက်တုံး ငါးတုံးကို သုံးစွဲပြီးနောက် ချန်လော့ သည် နတ်ဝိညာဉ် နည်းစနစ်ကို အောင်မြင်စွာ အတုခိုးနိုင်ခဲ့လေသည်။

စစ်မှန်သော အုတ်မြစ်တည်ဆောက်ခြင်း အဆင့် နတ်ဘုရားစွမ်းရည်နှင့် မယှဉ်နိုင်သော်လည်း ၎င်းသည် အသက်ရှင်သန်ရန်အတွက် သူ၏ဝှက်ဖဲတစ်ခုအဖြစ် လုံလောက်ပေသည်။

ဝိညာဉ်ကျောက်တုံးများ သုံးစွဲလိုက်ရသဖြင့် ချန်လော့ သည် အနည်းငယ် နှမြောသွားလေသည်။ တောင်ပေါ်မှ ဆင်းလာစဉ်က သူသည် အရင်းအမြစ်များဝယ်ယူရန် ရည်ရွယ်ကာ ဂျူနီယာညီမဟွမ်ယင်း ထံမှ ဝိညာဉ်ကျောက်တုံး အချို့ကို အထူးတလည် ငှားရမ်းလာခဲ့ခြင်း ဖြစ်လေသည်။

ရလဒ်အနေဖြင့် သူသည် အရင်းအမြစ်များ တစ်ခုမျှစုဆောင်းနိုင်ခဲ့ခြင်း မရှိဘဲ သူ၏ ဝိညာဉ်ကျောက်တုံး အများစုမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်လေသည်။

ရှပ်ခနဲ အသံ

ခေါင်မိုးပေါ်မှ ခြေသံတိုးတိုးလေးတစ်ခု ထွက်ပေါ်လာပြီး သူခိုးတစ်ယောက် ဖြတ်သွားသည့်အလားပင်။

ချန်လော့ သည် သူ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး ပစ္စည်းများကို သိမ်းဆည်းကာ ထလာပြီး တံခါးကို တွန်းဖွင့်၍ အပြင်သို့ ထွက်လာခဲ့လေ၏။

အပြင်ဘက်တွင် လျန်ချမ့် နှင့် အဆိပ်အင်းဆက်တပည့် တို့မှာ ရောက်ရှိနေနှင့်ပြီး ဖြစ်လေသည်။

"သူ့ကို မဖမ်းမိဘူးလား။"

ချန်လော့ က မေးလိုက်လေသည်။

သူတို့၏ စွမ်းအားများဖြင့်ဆိုပါက တကယ်လို့ သူခိုးသာဆိုလျှင် သူတို့လက်မှ လွတ်မြောက်သွားရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

"သာမန် သိုင်းပညာရှင် တစ်ယောက် မဟုတ်ဘူး။"

အဆိပ်အင်းဆက်တပည့် က လက်လှမ်းကာ သူ လွှတ်ထားသော ကူအင်းဆက်ကို ပြန်သိမ်းလိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် လေးနက်နေလေသည်။

သူ၏ ကူအင်းဆက်သည် အစောပိုင်းက ပျောက်ဆုံးနေသော အုတ်ကြွပ်ပြားများဆီမှ ဝိညာဉ်ချီ လှုပ်ခတ်မှုများကို အာရုံခံမိခဲ့လေသည်။

"မင်း အဆင့်တက်သွားတာလား။"

သူ၏ ဘေးတွင်ရှိသော လျန်ချမ့်က ရုတ်တရက် မေးလိုက်လေ၏။

ချန်လော့ အပြင်သို့ ထွက်လာသည့် အခိုက်အတန့်တွင် ကွာခြားမှုတစ်ခုကို သူ ခံစားလိုက်ရလေသည်။

လက်ရှိ ချန်လော့ သည် နေ့ခင်းဘက်က နှင့် ယှဉ်ပါက မတူညီသောလူတစ်ယောက်အလား ဖြစ်နေပြီး သူ့ကိုယ်ပေါ်တွင် ဖော်ပြ၍မရနိုင်သော အရှိန်အဝါတစ်ခု ရှိနေကာ ဂိုဏ်းမှ စီနီယာတစ်ဦးနှင့် အနည်းငယ် တူနေသော်လည်း ကွဲပြားနေလေသည်။

"ကျွန်တော် အသိအမြင်တချို့ ရခဲ့ပေမယ့် အဆင့်ဖောက်ထွက်ဖို့နည်းနည်း လိုပါသေးတယ်။"ချန်လော့ က ပြန်ဖြေလိုက်လေသည်။

"တည်းခိုခန်းထဲက လူတွေအကုန်လုံး ပျောက်သွားပြီ။ ဒီနေရာက ထူးဆန်းတယ်။"

တံခါးဝတွင် ဝူတောက် တောင်ထွတ်မှ နောက်ထပ် တပည့်တစ်ဦးဖြစ်သော ဖန်ရှန်း ဝင်လာလေသည်။

သူသည် တည်းခိုခန်း တစ်ခုလုံးကို စစ်ဆေးခဲ့ပြီး ဖြစ်လေ၏။ သူတို့ တည်းခိုခန်းသို့ ဝင်ရောက်စဉ်က စည်ကားနေခဲ့သော တည်းခိုခန်းမှာ ယခုအခါတွင် ရုတ်တရက် ဟာလာဟင်းလင်း ဖြစ်နေလေသည်။

ဤမြင်ကွင်းက သူတို့ကို မနှစ်မြို့ဖွယ် ကိစ္စရပ်အချို့ကို ပြန်လည်သတိရသွားစေခဲ့လေ၏။

ကျင့်ကြံခြင်း ကမ္ဘာတွင် ဂိုဏ်း အချင်းချင်း အငြင်းပွားမှုများ ရှိရုံသာမက မိစ္ဆာ ကျင့်ကြံသူများ၊ သရဲတစ္ဆေများနှင့် အခြားသူများကို လုယက်တတ်သော လေလွင့်ကျင့်ကြံသူများ လည်း ရှိလေသည်။

သက်တောင့်သက်သာရှိသော ဂိုဏ်းနှင့် ယှဉ်ပါက အပြင်လောကသည်သာ စစ်မှန်သော ကျင့်ကြံခြင်း ကမ္ဘာ ဖြစ်ပေသည်။

ဤသည်မှာလည်း ကျင့်ကြံခြင်း ကမ္ဘာတွင် ဆိုရိုးစကားတစ်ခု ရှိနေရခြင်း၏ အကြောင်းရင်းပင် ဖြစ်လေသည်။

'လေလွင့်ကျင့်ကြံသူတွေ မြင့်တက်လာဖို့က ခက်ခဲပေမယ့်၊ တကယ်လို့ သူတို့သာ အထွတ်အထိပ်ကို ရောက်လာခဲ့ရင် အဆင့်တူကျင့်ကြံသူတွေထဲမှာ အခက်ခဲဆုံး ပြိုင်ဘက်တွေ သေချာပေါက် ဖြစ်လာလိမ့်မယ်။'

သူတို့ ဖြတ်သန်းခဲ့ရသော ပတ်ဝန်းကျင်များမှာ မတူညီကြပေ။ အင်အားကြီးမားသော လေလွင့် ကျင့်ကြံသူများ အားလုံးသည် လူသေအလောင်းပုံများကြားမှ တွယ်တက်လာခဲ့ကြသူများချည်းသာ ဖြစ်ကြလေ၏။

"ဘယ်သူလဲ။"

လျန်ချမ့်က ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်ရန် ရုတ်တရက် ခေါင်းလှည့်လိုက်လေသည်။

"ဟီးဟီးဟီး။"

ထူးဆန်းသော ရယ်သံတစ်ခု ထွက်ပေါ်လာပြီးနောက် အဖြူရောင်ဝတ်ရုံတစ်ခုက ပြတင်းပေါက်ကို ဖြတ်၍ လွင့်မျောသွားလေသည်။ ၎င်းပေါ်ရှိ သရဲမျက်နှာသည် သူတို့ကို လှောင်ပြောင်နေသည့်အလား အဆက်မပြတ် ပြောင်းလဲနေလေသည်။

"လှည့်ကွက်တွေ သုံးနေတာပဲ။"

လျန်ချမ့် ၏ ကိုယ်ပေါ်မှ မီးတောက်မီးလျှံများ ပေါက်ကွဲထွက်လာပြီး ပူပြင်းသော လေစီးကြောင်းများ ပန်းထွက်လာလေသည်။

မစဉ်းစားတော့ဘဲ သူသည် ပြတင်းပေါက်ကို တိုက်ရိုက် ခွဲချလိုက်ပြီး အပြင်သို့ ပြေးထွက်သွားလေသည်။

ရှန်းဟော်တောင်ထွတ် တပည့်များ၏ အားနည်းချက်မှာ လျန်ချမ့်ဖျောက်ဖျက်၍မရနိုင်သော အရာတစ်ခု ဖြစ်ပေသည်။

"နတ်ဘုရားရေကန် မသေမျိုးဂိုဏ်း က တပည့်တွေ၊ မင်းတို့ ဂိုဏ်းက အကြီးအကဲတွေက ငါ့အစ်ကိုကြီးကို သတ်ခဲ့တယ်၊ ဒီနေ့ မင်းတို့ကို သွေးနဲ့ ပြန်ပေးဆပ်ခိုင်းမယ်"

အပြင်ဘက်မှ နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာလေသည်။

နောက်တစ်ခဏတွင် ရုပ်သေးရုပ်တစ်စုက ပြတင်းပေါက်များကို ခွဲဝင်လာပြီး ဓားများကို ကိုင်ဆောင်ကာ ဖန်ရှန်း ဆီသို့ ပြေးဝင်လာကြလေသည်။ ချန်လော့ နှင့် အဆိပ်အင်းဆက်တပည့် တို့သည်လည်း ဝိုင်းရံခံလိုက်ရပြီး ဇာတ်မင်းသား ဝတ်စုံများဝတ်ဆင်ထားသော ရုပ်သေးရုပ် ငါးရုပ်က အကြောက်အလန့်မရှိ အရှေ့သို့ ပြေးဝင်လာကြလေသည်။

ချန်လော့ က လက်ကိုမြှောက်ကာ လက်ဝါးဖြင့် ရိုက်ချလိုက်လေ၏။

မျက်နှာချင်းဆိုင် ပြေးဝင်လာသော ရုပ်သေးရုပ်သည် ဤလက်ဝါးချက်ကြောင့် အပိုင်းပိုင်းအစစ ကွဲကြေသွားပြီး ပြန့်ကျဲနေသော အစိတ်အပိုင်းများက မြေပြင်ပေါ်တွင် ပြန့်ကျဲသွားလေသည်။

ဤရုပ်သေးရုပ်များသည် အပေါ်ယံ ဟန်ပြသက်သက်သာဖြစ်ပြီး ပေါ့ပေါ့ပါးပါး ရိုက်ချက်တစ်ခုဖြင့်ပင် အလွယ်တကူ ကျိုးပဲ့သွားနိုင်လေသည်။

"ဒါက အသေးစား မန္တန်ပဲ။ ကြည့်ရတာ ငါတို့တွေ လုယက်ကျင့်ကြံသူ တစ်ယောက်ရဲ့ ပစ်မှတ်ထားတာကို ခံလိုက်ရပြီထင်တယ်။"

အဆိပ်အင်းဆက်တပည့် က တုံ့ပြန်လိုက်ပြီး ရုပ်သေးရုပ်တစ်ရုပ်ကို လက်တစ်ဖက်တည်းဖြင့် ချေမွပစ်လိုက်လေသည်။ သူ၏ ကိုယ်ပေါ်မှ ကူ အဆိပ် အမြောက်အမြား ထွက်ပေါ်လာလေသည်။

နီးကပ်လာသော ရုပ်သေးရုပ်များသည် ကူအဆိပ်ဖြင့် စားသုံးခံလိုက်ရပြီးနောက် ရွှီခနဲ မြည်ကာ အဖြူရောင် မီးခိုးငွေ့များ ထွက်ပေါ်လာလေသည်။

သူတို့အနည်းငယ်က ရုပ်သေးရုပ်များကို ရှင်းလင်းနေစဉ်အတွင်း အပြင်ဘက်မှ အဝါရောင် အဆောင် အမြောက်အမြား ရုတ်တရက် ပြန့်ကျဲဝင်ရောက်လာလေ၏။

"သတိထား၊ ဒါတွေက အဆိပ်ရှိတယ်။"

ဤအဆောင်များတွင် ဝိညာဉ်ချီ လှုပ်ခတ်မှုများ မရှိသဖြင့်သူတို့သုံးဦးကို လှည့်စားနိုင်မည် မဟုတ်သည်မှာ သဘာဝပင် ဖြစ်လေသည်။ အဆိပ်အင်းဆက်တပည့် က သူတို့ကို သတိထားရန်သာ သတိပေးလိုက်လေသည်။

သို့သော် နောက်တစ်ခဏတွင် ပြန့်ကျဲနေသော အဝါရောင်အဆောင်များထဲမှ တစ်ခုက ရုတ်တရက် လင်းလက်လာလေသည်။

ဝုန်း

ပေါက်ကွဲမှု၏ ဂယက်သည် တည်းခိုခန်း၏ စင်္ကြံကို ချက်ချင်း ပြိုကျသွားစေပြီး သစ်သားစများကို လွင့်စင်သွားစေလေသည်။

"ဒါ မီးမိုးကြိုးကအဆောင် ပဲ။"

အဆိပ်အင်းဆက်တပည့်၏ မျက်နှာမှာ တင်းမာသွားလေသည်။ ချုံခိုတိုက်ခိုက်ခံရမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

အခြားတစ်ဖက်ရှိ ဖန်ရှန်း မှာမူ ပို၍ပင် ဆိုးရွားနေလေ၏။ သူသည် မီးမိုးကြိုး အဆောင် ပေါက်ကွဲမှုနှင့် အနီးဆုံးတွင် ရှိနေပြီး ဤချုံခိုတိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားလေသည်။

"မင်းတို့နှစ်ယောက် သတိထား၊ ငါ အပြင်ထွက်ပြီး သွားကြည့်လိုက်မယ်။"

ချန်လော့၏ အရိပ်က လင်းလက်သွားပြီး တည်းခိုခန်းထဲမှ ချက်ချင်း ပြေးထွက်သွားလေသည်။

အပြင်ဘက်တွင် လျန်ချမ့် သည် အဖြူရောင် သရဲရိပ်နှင့် တိုက်ခိုက်နေဆဲ ဖြစ်လေသည်။ တိုက်ခိုက်မှု ပုံစံမှာ အလွန် ထူးဆန်းလေ၏။

လျန်ချမ့် သည် ကြမ်းတမ်းသော လှုပ်ရှားမှုများဖြင့် တိုက်ခိုက်နေပြီး နေရာအနှံ့ ပျက်စီးမှုများ ဖြစ်ပေါ်စေကာ အဝတ်သရဲမှာ သူ၏ လက်သီးလေပြင်းများကြောင့် လွင့်စင်သွားလေသည်။

ထူးဆန်းသည်မှာ လျန်ချမ့် မည်မျှပင် တိုက်ခိုက်စေကာမူ ၎င်းကို အနည်းငယ်မျှပင် အန္တရာယ် မပေးနိုင်ဘဲနူးညံ့မှုဖြင့် မာကျောမှုကို ကျော်လွှားခြင်း၏ အထွတ်အထိပ်ကို အမှန်တကယ် ပြသနေလေသည်။

'မီတာသုံးရာ အကွာအဝေး တုံ့ဆိုင်းသစ်ပင် (Hesitant Tree) အောက်မှာ။'

'ချီသန့်စင်ခြင်း သတ္တမအဆင့်၊ ဝိညာဉ်ချီက မသန့်စင်ဘဲ ဖရိုဖရဲဖြစ်နေတယ်၊ လေလွင့်ကျင့်ကြံသူ တစ်ယောက် ဖြစ်ဖို့ များတယ်။'

အုတ်မြစ်တည်ဆောက်ခြင်း အဆင့် ဦးနှောက်ထံမှ အချက်အလက်များကို ပြန်လည် ပေးပို့လာလေသည်။ ချန်လော့ ၏ အာရုံစိုက်မှုကို အမှန်တကယ် ဖမ်းစားနိုင်ခဲ့သည်မှာ အလောင်းခြောက်၏ ဦးနှောက်ထံမှ သတင်းစကားပင် ဖြစ်လေသည်။

'သစ်ပင်အောက်မှာ ကျင့်ကြံခြင်းကို တိုးတက်စေနိုင်တဲ့ဝိညာဉ်ပစ္စည်း တစ်ခု ရှိတယ်။'

အခန်းထဲမှ ပျံသန်းထွက်လာပြီးနောက် ချန်လော့ သည် သူ၏ ဝိညာဉ်ချီကို လည်ပတ်စေလိုက်ပြီး ငှက်မွေးတစ်ချောင်းကဲ့သို့ ခေါင်မိုးပေါ်သို့ ရောက်ရှိသွားလေ၏။

ဤရှုထောင့်မှ ရပ်ကြည့်လိုက်ရာ တုံ့ဆိုင်းသစ်ပင် ကို သူ မြင်နေရပြီ ဖြစ်လေသည်။

သစ်ပင်အောက်တွင် ပုန်းအောင်းနေသော လုယက်သူ ကျင့်ကြံသူ သည်လည်း သူ၏ အကြည့်ကို သတိထားမိသွားလေ၏။

သစ်ပင်အောက်ရှိ အရိပ်သည် တွန့်လိမ်သွားပြီး နောက်ဆုံးတွင်အမုန်းတရားများ အပြည့်ရှိနေသော မျက်နှာနှင့် လူငယ် ကျင့်ကြံသူ တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလေသည်။

သူ၏ အစောပိုင်း စကားများအရ သူသည် နတ်ဘုရားရေကန် မသေမျိုးဂိုဏ်း နှင့် သွေးကြွေး ရှိ

နေသည်ကို မြင်တွေ့နိုင်လေသည်။

သို့သော် ၎င်းက သူနှင့် ဘာဆိုင်သနည်း။

နတ်ဘုရားရေကန် မသေမျိုးဂိုဏ်း ကဲ့သို့သော ကျင့်ကြံခြင်း ဂိုဏ်းတစ်ခုတွင် ရန်သူ မရေမတွက်နိုင်အောင် ရှိလေသည်။

၎င်းတို့အားလုံးအတွက် သူက တာဝန်ယူပေးနိုင်မည် မဟုတ်ပေ။

"မီးပွင့်စမ်း"

"နတ်ဝိညာဉ် နည်းစနစ် "

သူတို့နှစ်ဦးသည် အဓိပ္ပာယ်မဲ့သော စကားတစ်ခွန်းမျှမပြောဘဲ ဆုံတွေ့လိုက်ကြပြီး သူတို့၏ နတ်ဘုရားစွမ်းရည်များနှင့် မန္တန်များကို တိုက်ရိုက် အသုံးပြုလိုက်ကြလေသည်။

နှစ်ဖက်စလုံးက သူတို့၏ အပြင်းထန်ဆုံး ဝှက်ဖဲများကို အသက်သွင်းလိုက်ကြပြီး သူတို့နှစ်ဦးစလုံး၏ မျက်နှာပေါ်တွင် အောင်နိုင်သူ၏ အပြုံးများ ပေါ်ပေါက်လာလေသည်။

တစ်ယောက်က သူ၏ ကိုယ်ပိုင် ကျင့်ကြံခြင်းကို ယုံကြည်မှု ရှိနေလေ၏။

အခြားတစ်ယောက်က သူ၏ ကိုယ်ပိုင် နတ်ဘုရားစွမ်းရည်ကို ယုံကြည်မှု ရှိနေလေသည်။

ဝုန်း

မီးတောက်တစ်ခုက ချန်လော့ကို တိုက်ရိုက် ထိမှန်သွားပြီး ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်၏ စွမ်းအားမှာ ချက်ချင်း ပေါက်ကွဲထွက်လာလေသည်။

ခေါင်မိုးပေါ်တွင် ရပ်နေသော ချန်လော့ မှာ ချက်ချင်းပင် အပိုင်းပိုင်းအစစ လွင့်စင်သွားလေ၏။

သို့သော် ချန်လော့ စတင်လိုက်သော တိုက်ခိုက်မှုသည်ပြိုင်ဘက်ကို ညင်သာသော လေညင်းတစ်ခုကဲ့သို့ဖြတ်သန်းသွားပြီး သူ၏ အဝတ်အစားများကိုပင် မလှုပ်ခတ်စေခဲ့ပေ။

"ချီသန့်စင်ခြင်း ပဉ္စမအဆင့်လေးနဲ့ ငါ့ကိုများ လာတိုက်ရဲတယ်ပေါ့၊ မင်းတို့ ဂိုဏ်းက တပည့်တွေအကုန်လုံးက ဖန်လုံအိမ်ထဲက ပန်းပွင့်လေးတွေပဲ။ ငါ့ကိုသာ အဲဒီလို အရင်းအမြစ်တွေ ပေးကြည့်၊ မင်းတို့လိုကောင်မျိုး ဆယ်ယောက်ကို ငါ နိုင်တယ်။"

လုယက်ကျင့်ကြံသူမှာ တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် အောင်မြင်သွားသဖြင့် အောက်ဘက်တွင် အော်ဟစ် ရယ်မောလိုက်လေသည်။

ဤဂိုဏ်း တပည့် လေးဦးကို ချုံခိုတိုက်ခိုက်ရန်အတွက်သူတို့သည် အနောက်ဘက် ချောက်ကမ်းပါး ဈေးတန်း ကတည်းက သူတို့နောက်သို့ လိုက်လာခဲ့ကြခြင်း ဖြစ်လေသည်။

သူတို့သည် လမ်းတစ်လျှောက်လုံး နောက်မှ လိုက်လာခဲ့သော်လည်း ဂိုဏ်း တပည့် လေးဦးအနက် မည်သူကမျှ သူတို့ကို သတိမထားမိခဲ့ပေ။

ဤသည်က သူတို့ကို ပြိုင်ဘက်များအပေါ် ပို၍ပို၍ အထင်သေးလာစေခဲ့လေ၏။

'ဒီလောက် ကောင်းမွန်တဲ့အရင်းအမြစ်တွေ ရှိနေတာတောင် သူတို့ရဲ့နိုးကြားမှုက အရမ်း ညံ့ဖျင်းတာပဲ၊ သူတို့က သူ့ရဲ့မသေမျိုး လမ်းစဉ်အတွက် နင်းခုံတွေ ဖြစ်ဖို့ ထိုက်တန်ပါတယ်။'

လေလွင့်ကျင့်ကြံသူများသည် ခက်ခဲသော ဘဝတစ်ခု ရှိကြလေ၏။ လုံလောက်သော ကျင့်ကြံခြင်း အရင်းအမြစ်များကို စုဆောင်းရန်အတွက် သူ၏ ညီအစ်ကိုများသည် သူတို့၏ တာအိုလမ်းစဉ်ကို စတင်ကတည်းက လုယက်ခြင်းများကို လုပ်ကိုင်လာခဲ့ကြလေသည်။

သို့သော် တစ်ကြိမ်တွင် သူတို့ ကံမကောင်းစွာဖြင့် နတ်ဘုရားရေကန် မသေမျိုးဂိုဏ်း မှ တပည့်များနှင့် ကြုံတွေ့ခဲ့ရလေ၏။ လုယက်ကျင့်ကြံသူ၏ အစ်ကိုကြီးမှာ ထိုတိုက်ပွဲအတွင်း နတ်ဘုရားရေကန် မသေမျိုးဂိုဏ်း တပည့်တစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရလေသည်။

ယနေ့တိုင်အောင် သူ၏ အစ်ကိုကြီး သေခါနီးတွင် ထို နတ်ဘုရားရေကန် မသေမျိုးဂိုဏ်း တပည့်ကို ဆွဲထားကာ သူ့ကိုထွက်ပြေးရန် ပြောခဲ့သည့် မြင်ကွင်းကို သူ မေ့ပစ်၍ မရနိုင်သေးပေ။

ဤမြင်ကွင်းသည် သူ၏ နှလုံးသားမိစ္ဆာတစ်ခု ဖြစ်လာလုနီးပါးပင်။

"ရှောင်ချန်၊ မင်း ဘာလို့ ဒီမှာ ရှိနေသေးတာလဲ။ မြန်မြန် သွားလေ"

ရင်းနှီးနေသော လူရိပ်တစ်ခု သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာလေ၏။

လုယက်ကျင့်ကြံသူ၏ အသိစိတ်မှာ တစ်ခဏမျှ တုန်လှုပ်သွားပြီး သူ ချက်ချင်း ပြန်လည်မမှတ်မိနိုင်ဘဲ ဤလူရိပ်မှာ အနည်းငယ် ရင်းနှီးနေသည်ဟုသာ ခံစားလိုက်ရလေ၏။

"သွား ငါ သိပ်ကြာကြာ တောင့်ခံထားနိုင်တော့မှာ မဟုတ်ဘူး။"

အရှေ့မှ လူရိပ်က ထပ်ပြောလိုက်ပြီး ဤတစ်ကြိမ်တွင် သူ စကားပြောနေစဉ်မှာပင် သွေးများ စတင်အန်ထွက်လာလေသည်။ ဤရင်းနှီးနေသော မြင်ကွင်းက လုယက်ကျင့်ကြံသူအား သူ၏ ရှေ့မှ လူ၏ မည်သူမည်ဝါဖြစ်ကြောင်း ပြန်လည်အမှတ်ရသွားစေခဲ့လေ၏။

"အစ်ကိုကြီး"

လုယက်ကျင့်ကြံသူမှာ တစ်ခဏမျှ တွေဝေသွားပြီး ဘာဖြစ်သွားသည်ကို မသိလိုက်ပေ။

အစ်ကိုကြီး သေသွားပြီ မဟုတ်ဘူးလား။

ဘာလို့ ပြန်ပေါ်လာတာလဲ။

"ငါ မင်းအတွက် လဲလှယ်ပေးခဲ့တဲ့ အသက်ရှင်သန်ခွင့်ကို မင်း ဘာလို့တန်ဖိုးမထားတာလဲ။ မင်း ဘာလို့ လုယက်ကျင့်ကြံသူ ဖြစ်နေတုန်းပဲလဲ"

အစ်ကိုကြီး က လုယက်ကျင့်ကြံသူ ဆီသို့ တစ်လှမ်းချင်း လျှောက်လာလေ၏။

ထိုသို့လျှောက်လာစဉ်အတွင်း သူ၏ ဒဏ်ရာများမှာ အဆက်မပြတ်ဆိုးရွားလာပြီး သူ၏ အသွင်အပြင်မှာ လုယက်ကျင့်ကြံသူ၏ စိတ်ထဲရှိ ပုံရိပ်နှင့် ကွက်တိ ထပ်တူကျသွားလေသည်။

သူ့ နှလုံးသား၏နက်ရှိုင်းသော နေရာတွင် ဖိနှိပ်ထားခဲ့သော မြင်ကွင်းသည် ပြန်လည် ပေါ်ထွက်လာခဲ့လေသည်။

"အစ်ကိုကြီး... ကျွန်တော်..."

လုယက်ကျင့်ကြံသူမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေပြီး သူ ဘာကို ကြောက်ရွံ့နေမှန်းကိုပင် မသိတော့ပေ။ ၎င်းသည် ပင်ကိုယ်အသိစိတ်အရ ကြောက်ရွံ့မှုတစ်ခုသာဖြစ်ပြီး သူ၏ နှလုံးသားထဲရှိ အနက်ရှိုင်းဆုံး ကြောက်ရွံ့မှုကို စွမ်းအားအချို့က နှိုးဆွပေးလိုက်သကဲ့သို့ပင်။

"ငါကတော့ အမုန်းတရားတွေနဲ့ ပြည့်နှက်နေတာပဲ ဒီနှစ်တွေတစ်လျှောက်လုံး ငါ အောက်မှာ ဘယ်လို နေထိုင်ခဲ့ရလဲဆိုတာ မင်း သိလား၊ မင်း သိရဲ့လား"

"ဘာလို့ သေသွားတဲ့သူက မင်း မဖြစ်ခဲ့ရတာလဲ"

အစ်ကိုကြီး၏ နာကျင်ကြေကွဲဖွယ် ဟိန်းဟောက်သံက လုယက်ကျင့်ကြံသူ၏ နားထဲတွင် ပဲ့တင်ထပ်သွားလေသည်။ ထိုသူသည် သူ့အနီးသို့ လျှောက်လာပြီး သူ၏ခေါင်းမှာ ရုတ်တရက် ဖောက်ခနဲ မြည်ကာ ပေါက်ကွဲသွားလေ၏။

အနီနှင့် အဖြူရောင် သွေးများသည် လုယက်သူ ကျင့်ကြံသူ၏ မျက်နှာတစ်ပြင်လုံးသို့ လွင့်စဉ်သွားပြီး နွေးထွေးသော ခံစားချက်က သူ၏ အာရုံကြောများကို လှုံ့ဆော်ပေးလိုက်လေသည်။

"အား အား အား အား"

လုယက်ကျင့်ကြံသူမှာ ရုတ်တရက် သူ၏ ခေါင်းကို ကိုင်ကာ နာကျင်စွာဖြင့် အော်ဟစ်လိုက်လေ၏။

ဒိုင်း

မှန်ကွဲသွားသည့် အသံတစ်ခု ထွက်ပေါ်လာပြီး မြင်ကွင်းမှာ ပျောက်ကွယ်သွားကာ ယခု သတိပြန်ဝင်လာသော လုယက်ကျင့်ကြံသူသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူသည် တုံ့ဆိုင်း သစ်ပင်အောက်တွင် ရပ်နေဆဲဖြစ်ပြီး ခြေတစ်လှမ်းမျှပင် မရွေ့လျားရသေးကြောင်း တွေ့ရှိလိုက်ရလေသည်။

သူ၏ မျက်နှာချင်းဆိုင်တွင် သူ ဖောက်ခွဲပစ်လိုက်သော နတ်ဘုရားရေကန် မသေမျိုးဂိုဏ်း တပည့်မှာ ခေါင်းမိုးပေါ်တွင် ရပ်နေဆဲ ဖြစ်လေသည်။

အထက်အမြင့်တစ်နေရာတွင်

အစိမ်းရောင် ဝတ်ရုံတစ်ခုက ညလေပြင်းထဲတွင် တလူလူ လွင့်ခတ်နေလေ၏။ အနီးအနားရှိ ခေါင်မိုးစွန်းများမှ မီးခိုးငွေ့များ ထွက်ပေါ်နေဆဲ ဖြစ်လေသည်။

သူ၏ မီးပွားတိုက်ခိုက်မှု လွဲချော်သွားခဲ့လေသည်။

"ဘယ်တုန်းက..."

လုယက်ကျင့်ကြံသူသည် သူ၏ လက်ကို ဆန့်ထုတ်လိုက်လေ၏။ တစ်ချိန်တည်းမှာပင် သူ၏ နား၊ နှာခေါင်း၊ ပါးစပ် နှင့် မျက်လုံးများမှ သွေးများ ယိုစိမ့်ထွက်လာလေသည်။

ထို့နောက် ဘုန်းခနဲ မြည်ကာ သူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ၏ ခန္ဓာကိုယ်မှာ နှစ်ကြိမ်ခန့် တုန်ယင်သွားပြီးနောက် သက်ရှင်သည့်လက္ခဏာများ လုံးဝ ပျောက်ကွယ်သွားလေတော့သည်။

ချန်လော့ သည် ခေါင်မိုးပေါ်မှ ပျံသန်းဆင်းသက်လာခဲ့၏။

မြေပြင်ပေါ်ရှိ သေဆုံးနေသော လုယက်ကျင့်ကြံသူကို သူ ကြည့်လိုက်ပြီး နတ်ဝိညာဉ်နည်းစနစ် ၏ အာနိသင်ကို ကျေနပ်သွားလေသည်။

၎င်းသည် ဝိညာဉ်ကျောက်တုံး ငါးတုံး ကုန်ကျခဲ့ရသော နတ်ဘုရားစွမ်းရည် တစ်ခု အမှန်တကယ်ပင် ဖြစ်ပေသည်။

အာနိသင်မှာ မျှော်လင့်ထားသည်ထက် များစွာ ပိုမို အားကောင်းလေ၏။ လေလွင့်ကျင့်ကြံသူ တစ်ဦးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သော်လည်း ၎င်းကို သူ၏ အဆင့်ထက် ကျော်လွန်သော ရန်သူကို သတ်ဖြတ်ခြင်းဟု မှတ်ယူနိုင်ဆဲ ဖြစ်လေသည်။

"ဒီဦးနှောက်ကို ငါ မယူတော့ဘူး။"

ချန်လော့ သည် သေဆုံးသွားသော လုယက်ကျင့်ကြံသူကို ကြည့်လိုက်သော်လည်း သူ၏ ဦးနှောက်ကိုမူ မယူတော့ပေ။

လက်ရှိ သူ၏ အပြင်ဘက် ဦးနှောက်များ အားလုံးကို ဂိုဏ်းထဲတွင် အသစ်ပြောင်းလဲ အစားထိုးထားပြီး ဖြစ်လေ၏။ ၎င်းတို့ထဲမှ အညံ့ဆုံးမှာပင် ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် ပါရမီရှင်များ ဖြစ်ကြလေသည်။

ဤလူများနှင့် နှိုင်းယှဉ်ပါက လုယက်ကျင့်ကြံသူ၏ ဦးနှောက်မှာ အနည်းငယ် လိုအပ်ချက် ရှိနေလေသည်။ သူ့အတွက် ဂိုဏ်း တပည့် တစ်ဦး၏ ဦးနှောက်ကို စွန့်လွှတ်လိုက်ရန် မတန်ပေ။

တုံ့ဆိုင်းသစ်ပင် ဆီသို့ လျှောက်သွားကာ ချန်လော့ သည် လက်လှမ်း၍ မြေကြီးကို တူးလိုက်ရာ အောက်ဘက်တွင် အနက်ရောင်သေတ္တာ တစ်လုံးကို အလျင်အမြန် တွေ့ရှိလိုက်၏။

သေတ္တာပေါ်တွင် အနောက်ဘက် ချောက်ကမ်းပါး ဈေးတန်း၏ အမှတ်အသား ရှိနေဆဲ ဖြစ်လေသည်။

ဤအရာများသည် အဆိုပါ လုယက်ကျင့်ကြံသူများက အနောက်ဘက် ချောက်ကမ်းပါး ဈေးတန်း မှ ခိုးယူလာခဲ့သော ပစ္စည်းများ ဖြစ်လေသည်။

ဈေးတန်းမှာ ကြီးမားလွန်းပြီး အုတ်မြစ်တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများ အကြား တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ပိုက်ကွန်မှ လွတ်မြောက်သွားသော ငါးအချို့ ရှိနေဆဲ ဖြစ်လေသည်။

"ဒါကို ပြန်လည် သိမ်းဆည်းရမိတဲ့ ခိုးရာပါ ပစ္စည်းတွေလို့ သတ်မှတ်လိုက်မယ်။"

ချန်လော့ က သေတ္တာကို ဖွင့်လိုက်ရာ အတွင်း၌ ဝိညာဉ်ဂျင်ဆင်း တစ်ခု ပါရှိလေသည်။ ဤပစ္စည်းမှာ အလွန်ဈေးကြီးပြီး ဈေးတန်း၏ လေလံခန်းမတွင် ဝိညာဉ်ကျောက်တုံး တစ်ထောင်ဖြင့် ရောင်းချနိုင်ကာ ၎င်း၏ အာနိသင်မှာလည်း အလွန် ကောင်းမွန်လေ၏။

ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်ရှိ ကျင့်ကြံသူ တစ်ဦးအတွက်ပင် ၎င်းသည် သိသာထင်ရှားသော မြှင့်တင်မှု အာနိသင် ရှိလေသည်။

"ကံမကောင်းတာက ဝိညာဉ်ပစ္စည်း က လေလွင့်ကျင့်ကြံသူကြောင့် ပျက်စီးသွားပြီလေ။ သေတ္တာ တစ်လုံးပဲ ပြန်ရခဲ့တယ်..."

ချန်လော့သည် အတွင်းရှိ ဝိညာဉ် ဂျင်ဆင်းကို ဆွဲယူကာ တိုက်ရိုက် စားပစ်လိုက်၏။

ဝိညာဉ်ဂျင်ဆင်းကို ဆေးလုံးသန့်စင်ခြင်းတွင် အသုံးပြုပါက သေချာပေါက် ပိုမိုကောင်းမွန်သော အာနိသင် ရှိမည် ဖြစ်ပေသည်။

သို့သော် ချန်လော့ ထိုသို့ လုပ်မည်မဟုတ်ပေ။ ဤပစ္စည်းသည် ခိုးရာပါပစ္စည်းဖြစ်ပြီး ၎င်းကို ဂိုဏ်းသို့ ပြန်ယူသွားပါက သေချာပေါက် ရှာဖွေတွေ့ရှိသွားမည် ဖြစ်ပြီး သူက ၎င်းကို ပြန်လည်လွှဲပြောင်းပေးရမည်ပင် ဖြစ်ပေလိမ့်မည်။

ဂိုဏ်းအတွက် ပြဿနာများ ဖြစ်ပေါ်စေခြင်းကို ရှောင်ရှားရန် သူသည် အနည်းငယ် ဖြုန်းတီးလိုက်ရုံသာရှိပြီး နေရာမှာတင် ဖြေရှင်းပစ်ရမည် ဖြစ်လေသည်။

ဝိညာဉ် ဂျင်ဆင်းသည် သူ၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်နှင့် လျင်မြန်စွာ အရည်ပျော်သွား၏။

ဝိညာဉ်ချီ အမြောက်အမြားသည် သူ၏ သွေးကြောများတစ်လျှောက် ခြေလက်များနှင့် အရိုးများဆီသို့ စီးဆင်းသွားပြီး နောက်ဆုံးတွင် အမှတ်တစ်နေရာ၌ စုဆုံကာ ချန်လော့ ၏ ဒန်ထျန်းအတွင်းသို့ ပေါင်းစပ်သွားလေသည်။

နောက်တစ်ခဏတွင် ချန်လော့၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်ချီများ လှုပ်ခတ်သွားပြီး သူ၏ အကန့်အသတ်သို့ရောက်ရှိနေပြီဖြစ်သော ဝိညာဉ်ချီများသည် တစ်ဖန်ပြန်လည်လှိုင်းထန်လာကာ အဆင့်တက်ခြင်းကို ချက်ချင်းရရှိသွားလေသည်။

သူသည် ချီသန့်စင်ခြင်း ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွားခဲ့လေပြီဖြစ်ပေ၏။

အခန်း ၉၆ - ဂိုဏ်းသို့ ပြန်ခြင်း

ပြင်ပဦးနှောက်၏ အကူအညီဖြင့် ချန်လော့သည် မိမိ၏ နယ်ပယ်သစ်ကို အလျင်အမြန်ပင် တည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့လေသည်။

သူ့နောက်ဘက်ရှိ တိုက်ပွဲနေရာနှစ်ခုမှ အသံများ တဖြည်းဖြည်းတိတ်ဆိတ်သွားခြင်းမှာ ရန်သူများကို ရှင်းလင်းပြီးစီးသွားပြီဖြစ်ကြောင်း ပြသနေ၏။

လေလွင့်ကျင့်ကြံသူများမှာ အင်အားကြီးဂိုဏ်းကြီးများမှ တပည့်များနှင့် ရင်ဆိုင်ရပါက သိသိသာသာ အားနည်းချက်ရှိကြသည်သာ ဖြစ်သည်။

ချန်လော့သည် အဆောက်အဦးအတွင်းသို့ ပြန်လည်ပျံသန်းဝင်ရောက်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ အဆိပ်အင်းဆက်တပည့် နှင့် ဖန်ရှန်းတို့မှာ တိုက်ပွဲအပြီး အကြွင်းအကျန်များကို ရှင်းလင်းနေကြသည်ကို တွေ့ရ၏။

ဖန်ရှန်းသည် မန္တန်ပညာရပ်များကို အသုံးပြုသည့် လူပုလေးကို သတ်ဖြတ်နိုင်ခဲ့သည်။ ထိုသူမှာ အစောပိုင်းက မီးမိုးကြိုးအဆောင်ဖြင့် ချုံခိုတိုက်ခိုက်ခဲ့သူ ဖြစ်ပြီး ဖန်ရှန်း၏ ဓားမန္တန်မှာ လူပုလေး၏ဦးခေါင်းကို တစ်ဖက်သို့ ဖောက်ထွက်သွားခဲ့သဖြင့် သေချာပေါက် အသက်ပျောက်သွားခဲ့ပြီ ဖြစ်သည်။

ရုပ်သေးရုပ်များကို ထိန်းချုပ်ခဲ့သူကိုလည်း ရှာဖွေတွေ့ရှိခဲ့၏။

တည်းခိုခန်း၏ ထောင့်တစ်နေရာတွင် ထိုလုယက်ကျင့်ကြံသူမှာ မျက်လုံးအပြူးသားဖြင့် မိမိလည်ပင်းကို မိမိပြန်လည်ဆုပ်ကိုင်ရင်း သေဆုံးနေ၏။

သူ၏မျက်နှာမှာ မည်းနက်ပြီး ခရမ်းရောင်သန်းနေသည်ကို ကြည့်ခြင်းအားဖြင့် အဆိပ်အင်းဆက်တပည့်၏ ကူအဆိပ်ကြောင့် သေဆုံးသွားခြင်း ဖြစ်နိုင်ပေသည်။

"အကုန်လုံး အဆင်ပြေသွားပြီလား" ချန်လော့က မေးလိုက်သည်။

"ဒီကောင်နှစ်ယောက်ပဲလေ၊ မန္တန်အသေးအဖွဲလောက်ပဲ သိတဲ့ လေလွင့်ကျင့်ကြံသူတွေဆိုတော့ ဘာမှ အန္တရာယ်မရှိပါဘူး။" အဆိပ်အင်းဆက်တပည့်က ရုပ်သေးထိန်းသူ၏ အလောင်းကို လှန်ကြည့်လိုက်ပြီး ရင်ဘတ်အတွင်းမှ သိုလှောင်အိတ်တစ်လုံးနှင့် ဟောင်းနွမ်းနေသော ရှေးဟောင်းစာအုပ်တစ်အုပ်ကို နှိုက်ယူလိုက်သည်။

ဝိညာဉ်ကျောက်တုံးများမှာ သိပ်အများကြီး မရှိဘဲ အခုနှစ်ဆယ်ခန့်သာ ရှိ၏။

ထိုစာအုပ်မှာ ရုပ်သေးပညာရပ်နှင့် ပတ်သက်သည့် အထွေထွေမှတ်တမ်းစာအုပ် ဖြစ်သည်။

သူတို့ကို အစောပိုင်းက ချုံခိုတိုက်ခိုက်ခဲ့သော ရုပ်သေးရုပ်များမှာ ဤပညာရပ်ကို အသုံးပြု၍ သန့်စင်ထားခြင်း ဖြစ်သည်။ လေလွင့်ကျင့်ကြံသူ အများစုမှာ လုံခြုံမှုမရှိဟု ခံစားရလေ့ရှိပြီး သံသယစိတ်လည်းများကြသဖြင့် အခြားသူများကို ယုံကြည်ခဲလှသည်။

ထို့ကြောင့် မိမိတွင်ရှိသမျှ အရာအားလုံးကို ကိုယ်နှင့်မကွာ သယ်ဆောင်လေ့ရှိရာ ဤသည်မှာ သူတို့အဖွဲ့အတွက် အလုပ်ရှုပ်သက်သာစေခဲ့၏။

"ဒီပစ္စည်းတွေက ဈေးတန်းကနေ ခိုးလာတာ ဖြစ်ရမယ်။"

အဆိပ်အင်းဆက်တပည့်က လျှို့ဝှက်ပညာရပ်စာအုပ်ပေါ်မှ အမှတ်အသားကို ကြည့်ကာ အတည်ပြုလိုက်သည်။ အနောက်ဘက်ချောက်ကမ်းပါးဈေးတန်းမှာ သူတို့၏ နတ်ဘုရားရေကန်မသေမျိုးဂိုဏ်း၏ ပိုင်ဆိုင်မှုဖြစ်သဖြင့် ထိုအမှတ်အသားကို သူတို့ ကောင်းစွာ မှတ်မိကြသည်။

"ဒီပစ္စည်းတွေ ရပြီဆိုတော့ ငါတို့မစ်ရှင်က ကျရှုံးတယ်လို့ မသတ်မှတ်နိုင်တော့ဘူး။"

လေလွင့်ကျင့်ကြံသူများကို နှိမ်နင်းရသည့် မစ်ရှင်၏ အဓိကလိုအပ်ချက်မှာ ဈေးတန်းမှ ပျောက်ဆုံးသွားသော ပစ္စည်းများကို ပြန်လည်သိမ်းဆည်းရန် ဖြစ်သည်။ မူလက မစ်ရှင်မှာ အလကားဖြစ်ပြီဟု ထင်ခဲ့ကြသော်လည်း ယခုမူ လုယက်သူများက သူတို့ခြေရင်းသို့ အလိုလိုရောက်လာခဲ့ကြသဖြင့် ထိုအခွင့်အရေးကို လက်လွှတ်မခံနိုင်ပေ။

"ဒီဝိညာဉ်ကျောက်တုံးတွေကိုတော့ ငါတို့ရဲ့ ပင်ပန်းမှုအတွက် လျော်ကြေးအဖြစ် ခွဲယူလိုက်ကြရအောင်။"

အဆိပ်အင်းဆက်တပည့်က ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူကာ သုံးယောက်သား ခွဲယူလိုက်ကြ၏။ ဖန်ရှန်းမှာ ဒဏ်ရာရခဲ့သဖြင့် တစ်တုံး ပိုပေးလိုက်သည်။

ချန်လော့သည် ရုပ်သေးအတတ်စာအုပ်ကို ယူကာ အမြန်လှန်ကြည့်လိုက်ရာ သူ၏ ပြင်ပဦးနှောက်တစ်ခုက ချက်ချင်းတက်ကြွလာပြီး မျက်တောင်တစ်ခတ်အတွင်း ထိုပညာရပ်ကို မှတ်မိသွားလေသည်။

အဆိပ်အင်းဆက်တပည့်နှင့် ဖန်ရှန်းတို့လည်း အလကားရသည့် လျှို့ဝှက်ပညာရပ်ကို လက်လွှတ်မခံဘဲ တစ်ခေါက်စီ ဖတ်ကြည့်ကြ၏။

"ငါသတ်လိုက်တဲ့ အဆောင်ကျင့်ကြံသူဆီမှာတော့ ဘာကောင်းတာမှ မရှိဘူး၊ ဝိညာဉ်စွမ်းအင်မရှိတဲ့ အသုံးမကျတဲ့ စက္ကူနှစ်ရွက်ပဲ ရခဲ့တယ်။"

ဖန်ရှန်းက လူပုလေးဆီမှရခဲ့သော သေတ္တာတစ်လုံးကို ထုတ်ပြသည်။ ထိုသေတ္တာမှာ အလွတ်ဖြစ်နေပြီး ဝိညာဉ်စွမ်းအင်မရှိတော့သည့် အဝါရောင် အဆောင်လက်ဖွဲ့ နှစ်ခုသာ ကျန်တော့၏။

ချန်လော့က သူတို့နှစ်ဦးကို ကြည့်ကာ ဘာမှ ထပ်မပြောတော့ပေ။ ဂိုဏ်းတူညီအစ်ကိုများ ဖြစ်သဖြင့် သင့်တော်သော လူမှုဆက်ဆံရေးကို ထိန်းသိမ်းထားရန် လိုအပ်သည်ကို သူသိသည်။

"မင်းဘက်ကကော ဘယ်လိုလဲ" သူတို့နှစ်ဦးက ချန်လော့ကို ကြည့်ကာ မေးလိုက်၏။

"အပြင်ဘက်ကကောင်ကတော့ မီးမန္တန်တွေ သုံးတဲ့ လေလွင့်ကျင့်ကြံသူပါ။ သူ့ကို ငါသတ်လိုက်ပြီးပြီ၊ အလွတ်ဖြစ်နေတဲ့ သေတ္တာတစ်လုံးပဲ တွေ့တယ်။"

ချန်လော့က ဘာအမူအရာမှ မပြဘဲ သေတ္တာအလွတ်ကို ထုတ်ပြလိုက်သည်။

"ဒီလေလွင့်ကျင့်ကြံသူတွေ တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ"

"ဟုတ်တယ်၊ ငါတို့ နတ်ဘုရားရေကန်မသေမျိုးဂိုဏ်းဆီက ပစ္စည်းတွေကိုတောင် ခိုးရဲပြီး ရတနာတွေကို ဒီတိုင်းဖြုန်းတီးပစ်ကြတာ။"

အဆိပ်အင်းဆက်တပည့် နှင့် ဖန်ရှန်းတို့မှာ ချန်လော့၏ စကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ကြသည်။

တံခါးပွင့်သံနှင့်အတူ အဝတ်အစားအသစ် လဲလှယ်ထားသော လျန်ချမ့်သည် အပြင်မှ ဝင်လာပြီး လက်ထဲတွင် အဖြူရောင်မျက်နှာဖုံးတစ်ခုကို ကိုင်ဆောင်လာ၏။

ထိုမျက်နှာဖုံးမှာ အစောပိုင်းက ပြတင်းပေါက်မှ မြင်ခဲ့ရသည့် သရဲမျက်နှာဖုံးပင် ဖြစ်သည်။

"ညီကို သုံးယောက်၊ အားကြီးတဲ့ ရန်သူကို ငါသတ်လိုက်ပြီ။" လျန်ချမ့်က မျက်နှာဖုံးကို စားပွဲပေါ် တင်လိုက်သည်။

"ဒီကောင်က တော်တော်ခက်ခဲတာ... ဟင် ညီလေးချန်၊ မင်း အဆင့်တက်သွားတာလား"

ချီသန့်စင်ခြင်း ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွားသော ချန်လော့ကို ကြည့်ကာ လျန်ချမ့်မှာ ဆွံ့အသွား၏။

"အခုန တိုက်ပွဲအတွင်းမှာ အသိအမြင်တချို့ရခဲ့လို့ အလိုလိုပဲ အဆင့်တက်သွားတာပါ။" ချန်လော့က ပြန်ဖြေလိုက်သည်။

"မင်း အရင်က ပြောတော့ အဆင့်တက်ဖို့ လိုသေးတယ်ဆို..." လျန်ချမ့်က တိုးတိုးလေး ရေရွတ်လိုက်သော်လည်း စကားကို ဆုံးအောင် မပြောတော့ပေ။

"အပြင်ဘက်က မိစ္ဆာကျင့်ကြံသူက အဘွားကြီးတစ်ယောက်ပဲ။ အသက်ကြီးနေပြီကို ဒီလို သရဲလှည့်ကွက်တွေ သုံးနေသေးတာ၊ ငါကတော့ သူ့ကို အသားပုံဖြစ်အောင် ရိုက်သတ်လိုက်ပြီ။ ဒီပစ္စည်းတစ်ခုပဲ ကျန်ခဲ့တယ်။"

"တခြား ဘာမှ မရဘူးလား" ဖန်ရှန်းက မေးလိုက်သည်။

"မရဘူး" လျန်ချန်က ပြတ်သားစွာ ပြန်ဖြေ၏။

ထိုအခါ ကျန်သုံးယောက်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

'ခင်ဗျား အဲ့ဒီလို မပြောခင် ကိုယ်ပေါ်က အဝတ်အစားသစ်တွေကို အရင် သိမ်းထားပါဦးလား' ဟုသာ စိတ်ထဲမှ ဆိုနေမိကြသည်။

လျန်ချမ့်မှာ တိုက်ခိုက်ပုံ ကြမ်းတမ်းသော်လည်း တုံးအသူတော့ မဟုတ်မှန်း သူတို့ သိလိုက်ကြလေပြီ။

ခဏအကြာတွင် သူတို့ လေးယောက်စလုံးက တစ်ပြိုင်နက်တည်း ဆဲရေးလိုက်ကြ၏။ "ဒီလေလွင့်ကျင့်ကြံသူ အစုတ်ပလုတ်တွေ။"

အနားယူပြီးနောက် အဖွဲ့သားများသည် တည်းခိုခန်း ပတ်ဝန်းကျင်ကို သေသေချာချာ ထပ်မံ ရှာဖွေကြရာ မီးဖိုချောင်အောက်ရှိ မြေအောက်ခန်းတစ်ခုတွင် အလောင်းပေါင်းများစွာကို စုပုံထားသည်ကို တွေ့ရှိခဲ့ကြသည်။

သူတို့မှာ တည်းခိုခန်းမှ သာမန်လူများဖြစ်ကြပြီး လေလွင့်ကျင့်ကြံသူများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

"ဒါ ထျန်းလုတောင်ထွတ် က တပည့်တစ်ယောက်ရဲ့ အမှတ်အသား တိုကင်ပဲ။" ဖန်ရှန်းက အလောင်းပုံကြားမှ ဖုန်တက်နေသော တိုကင်တစ်ခုကို တွေ့ရှိခဲ့၏။

၎င်းမှာ သူတို့ဂိုဏ်းမှ တပည့်တစ်ဦး၏ တိုကင် အမှန်ပင် ဖြစ်သည်။

"ညီကို တစ်ယောက်တော့ သူတို့လက်ချက်နဲ့ တကယ်ပဲ ဒုက္ခရောက်သွားခဲ့တာပဲ။" အားလုံး၏ မျက်နှာထားများမှာ အေးစက်သွားကြသည်။

တာဝန်များကို တစ်ယောက်တည်း သွားလုပ်ခြင်းမှာ အသက်အန္တရာယ် ရှိလှသည်။ သို့သော် ချန်လော့တို့အဖွဲ့မှာ တောင်ထွတ်လေးခုမှ စုစည်းထားသော ယာယီအဖွဲ့ဖြစ်ပြီး အဆိပ်ကျွမ်းကျင်သူ၊ ခုခံသူ စသည်ဖြင့် အချိတ်အဆက်မိလှသဖြင့်သာ လေလွင့်ကျင့်ကြံသူများကို အလွယ်တကူ နှိမ်နင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

"သူတို့ကို မီးရှို့လိုက်ကြရအောင်။" ဖန်ရှန်းက မီးရှို့၍ မြေမြှုပ်ပေးလိုက်လေသည်။

မိုးလင်းသောအခါ သူတို့သည် မြင်းလှည်းဖြင့် မြို့ပြင်သို့ ထွက်ခွာလာခဲ့ကြသည်။ အဝေးဆီတွင် မိုးကြိုးတိမ်တိုက်များ စတင် ကျဆင်းလာသည်ကို တွေ့ရ၏။

"တစ်ယောက်ယောက် ကပ်ဘေးဒုက္ခကို ရင်ဆိုင်နေရတာလား မသိဘူး" ဖန်ရှန်းက မေးလိုက်သည်။

"ဘယ်သူပဲ ဖြစ်ဖြစ် ငါတို့နဲ့ မဆိုင်ပါဘူး။ အရင်ဆုံး ဂိုဏ်းကို ပြန်ကြစို့။ ဒီတာဝန် ပြီးသွားရင် ငါလည်း ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့် ရောက်အောင် ကြိုးစားရမယ်။ အမြန် အဆင့်မတက်ရင် လာမယ့်နှစ်မှာ တောင်ပေါ်က ဆင်းပေးရတော့မှာ။" လျန်ချမ့်က မျက်လုံးမှိတ်၍ ပြောလိုက်၏။

ဂိုဏ်းသို့ ပြန်ရောက်သောအခါ ဂိုဏ်း၏ အစီအရင်ကြီးမှာ ရှိမြဲအတိုင်းပင်။ ပြင်ပလောကနှင့် ယှဉ်လျှင်ဤနေရာမှာ နတ်ဘုံနတ်နန်းသဖွယ် ဖြစ်ပေသည်။

ဂိုဏ်းအပေါက်ဝတွင် သူတို့လေးဦးမှာ အသီးသီး နှုတ်ဆက်ခွဲခွာခဲ့ကြ၏။

ချန်လော့နှင့် ဖန်ရှန်းတို့မှာ ဝူတောက်တောင်ထွတ် သို့ ပြန်လာခဲ့ကြပြီး သူတို့၏ဆရာ မသေမျိုးဆရာသခင် ဝူဝေ ထံသို့ သွားရောက်ခဲ့ကြသည်။

ထိုနေရာတွင် အုတ်မြစ်တည်ဆောက်ခြင်းအတွက် ပြင်ဆင်နေကြသော စီနီယာ အစ်ကို၊ အစ်မ သုံးယောက်ကိုလည်း တွေ့ရ၏။

သူတို့နှစ်ဦး တံခါးခေါက်ရန် ပြင်နေစဉ် အတွင်းမှ အမျိုးသမီးတစ်ဦး ထွက်လာပြီး လမ်းပိတ်ကာ မေးလိုက်၏။ "နင်တို့ နှစ်ယောက်က အနောက်ဘက်ချောက်ကမ်းပါးဈေးတန်း ပူးတွဲတာဝန်မှာ ပါဝင်ခဲ့တဲ့သူတွေလား"

သူမမှာ ရိုးရှင်းသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်မောင်းတွင် ခေါင်းလောင်းလေးများပါသော ငွေရောင်လက်ကောက်များကို ဝတ်ဆင်ထား၏။ သူမမှာ ပါရမီအရှိဆုံးဟု ကျော်ကြားသော စီနီယာအစ်မ ပိုင်ရှီ ပင် ဖြစ်သည်။

"စီနီယာအစ်မ ပိုင်" ဖန်ရှန်းမှာ သူမကို မြင်သည်နှင့် အမြန် ခေါင်းငုံ့လိုက်၏။

"ဟုတ်ကဲ့ပါ၊ ကျွန်တော်နဲ့ ညီလေးချန်တို့ အခုပဲ အနောက်ဘက်ချောက်ကမ်းပါး ဈေးတန်းကနေ ပြန်လာတာပါ။ လမ်းမှာ တချို့ကိစ္စတွေနဲ့ ကြုံခဲ့ရသေးတယ်..."

ဖန်ရှန်း၏ မျက်လုံးများမှာ ဝေဝါးသွားပြီး တာဝန်တစ်ခုလုံးကို အသေးစိတ် ပြန်ပြောပြနေလေသည်။ ဤသည်မှာ ပုံမှန်မဟုတ်သော အခြေအနေဖြစ်၏။

"မင်းပြောချင်တာက အဆိပ်ကိုးပါးတောင်ကြား နဲ့ ယန်ရှီဂိုဏ်းက လူတွေလည်း အဲ့ဒီမှာ ရှိနေတယ်ပေါ့" ပိုင်ရှီက သူမ၏ မျက်လုံးများကို မှေး၍ စဉ်းစားဟန် ပြုလိုက်သည်။

"ဟုတ်ကဲ့ပါ၊ စီနီယာဦးလေး ချန်ဖုန်း လည်း သွားခဲ့ပါတယ်။ စီနီယာအစ်မ အနေနဲ့ သူ့ကို မေးမြန်းပြီး အတည်ပြုနိုင်ပါတယ်။" ဖန်ရှန်းက ပြောလိုက်သည်။

"သိပြီ။ ငါ့မှာ ဘာမှ မေးစရာ မရှိတော့ဘူး။ နင်တို့ ဝင်သွားလို့ရပြီ။" ပိုင်ရှီက ခပ်တိုးတိုး ရယ်မောကာ ထွက်ခွာသွား၏။

'လက်နက် နတ်ဝိညာဉ်နည်းစနစ်'

ချန်လော့သည် သူမ၏ နောက်ကျောကို ကြည့်ကာ တွေးနေမိသည်။ ထိုစီနီယာအစ်မမှာ နတ်ဝိညာဉ်ကို လက်နက်နှင့် ပေါင်းစပ်သည့် လမ်းစဉ်ကို လျှောက်လှမ်းနေသူ ဖြစ်၏။ သို့သော် သူမက အဘယ်ကြောင့် ဈေးတန်းကိစ္စကို စိတ်ဝင်စားနေရသနည်း။

"ငါ့ရဲ့ စီနီယာအစ်မ ပိုင် ဘယ်ရောက်သွားတာလဲ" ဖန်ရှန်းမှာ သတိပြန်ဝင်လာပြီး ကြောင်ကြည့်နေသည်။

သူသည် အစောပိုင်းက အဖြစ်အပျက်ကို လုံးဝ မေ့သွားခဲ့ပြီ ဖြစ်သည်။

"သူမ ထွက်သွားပြီလေ။ သွားကြစို့ ဆရာ့ဆီကို တာဝန် သတင်းပို့ရမယ်။" ချန်လော့က ဘာမှ အများကြီး မပြောတော့ဘဲ ရှေ့သို့ လှမ်းလာခဲ့သည်။

All Chapters