← Chapters

အခန်း (၁၀၇၇-၁၀၇၈)

Vol. 73 Ch. 1077-1078

အခန်း (၁၀၇၇-၁၀၇၈)

Vol. 73 Ch. 1077-1078

Ch 1077

(တာအိုနတ်ဘုရားဆယ့်နှစ်ပါး)

မူလဝိညာဥ် တစ်ယောက် ပြောပြီးသွားမှ ကိုယ်ပြောလိုက်သောစကားကို ကိုယ် ပြန်အံ့သြသွားသည်။

တာအိုနတ်ဘုရားဆယ့်နှစ်ပါး..

သူတို့က ဘယ်လိုလူတွေမလို့လဲ။

မူလဝိညာဥ်နယ်မြေ၏ အကြီးအကဲအို​ကြီးတွေတောင်မှ ထို ဒဏ္ဍာရီလာပုဂ္ဂိုလ်တွေကို လေးစားစွာ မော်ကြည့်ရသည်မလား..

သူ့အရှေ့က လောထျန်းက ထိုဒဏ္ဍာရီလာအဆင့်နှင့် နီးစပ်နေသူပေါ့..

လောထျန်းက ဆယ့်သုံးယောက်မြောက် တာအိုနတ်ဘုရား ​ဖြစ်လာနိုင်ချေရှိသည်..

ဒါဆိုသူက ဒဏ္ဍာရီလာ နတ်ဘုရားတစ်ပါး၏ ဘေးမှာ ရပ်နေမိတာပဲ။

“အိုးအဲ့လောက်တောင် အင်အားကြီးတာလား”

လောထျန်း အနည်းငယ် အံ့သြသွားပြီး သူ့လက်ထဲက တာအိုအစွမ်းကို ငုံ့ကြည့်လိုက်ပါသည်။

ထိုအချိန်မှာ မူလဝိညာဥ်က တည်ငြိမ်စွာပြောလာခဲ့သည်။

“အမှန်ပဲ.. ဒါပေမဲ့ သခင်လေးလောထျန်းက ဒီအဆင့်မြင့်တာအိုအစွမ်းကို သုံးလိုက်နိုင်တာပဲ ရှိသေးတာ၊ မကျွမ်းကျင်သေးဘူး”

“လုံးဝကျွမ်းကျင်ချင်ရင် ခန္ဓာကိုယ်ထဲ ထည့်ပြီး သန့်စင်ဖို့လိုတယ်၊ သခင်လေးလောထျန်း.. မြန်မြန် သန့်စင်လိုက်ပါ။ အလင်းပျောက်မသွားခင် သန့်စင်ဖို့ လိုအပ်တယ်”

လောထျန်း ခေါင်းညိတ်လိုက်သည်။

“ကျုပ် နားလည်ပြီ”

သူ ချက်ချင်းပဲ ကြာပန်းပုံထိုင်ကာ စတင် သန့်စင်လိုက်သည်။

ထိုမြင်ကွင်းကို ကြည့်နေရင်း မူလဝိညာဥ်၏ နှလုံးသားက စိတ်လှုပ်ရှားစွာ ခုန်ပေါက်လာလေ၏။

“လောထျန်းက ဆရာကြီးဆိုတာ သိထားပေမဲ့ ဒီလောက်ကြီးလို့ ထင်မထားမိဘူး… ဆယ့်သုံးယောက်မြောက် တာအိုနတ်ဘုရား တဲ့လားကွာ”

သူ စိတ်ထဲမှ သက်ပြင်းချလိုက်တော့သည်။

သို့သော် နောက်တစ်စက္ကန့်မှာပဲ တစ်စုံတစ်ခုကို တွေးမိသွားပြီး အလွန်မဖြစ်နိုင်သလို ခံစားလိုက်ရလေ၏။

“မဟုတ်ဘူး၊ ငါမှားသွားတယ်”

“မှတ်တမ်းအရဆိုရင် ဒီလိုအဆင့်ရှိတဲ့ တာအိုအစွမ်းကို ကျင့်ကြံနိုင်ဖို့အတွက်နဲ့ တာအိုနတ်ဘုရားဆယ့်နှစ်ပါးလုံးက နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြိုးစားကြရတယ်”

“ သူတို့ထဲက အကျွမ်းကျင်ဆုံး သူတောင်မှ နှစ်တစ်သိန်း အချိန်ယူခဲ့ရတယ်”

“ဒီလောထျန်းက အစကနေ အဆုံးထိ မိနစ်ပိုင်းလေးပဲ အချိန်ယူခဲ့ရတယ်”

“ဒါဆိုသူက တာအိုနတ်ဘုရားဆယ့်နှစ်ပါးနဲ့ အဆင့်တူတဲ့သူမဟုတ်ပဲ.. တာအိုနတ်ဘုရားဆယ့်နှစ်ပါးထက် အဆင့်မြင့်တဲ့ သူပေါ့”

“ဘယ်လိုပဲပြောပြော ဒီပုံစံကြီးပဲ ဖြစ်နေတာဟ”

ထိုအတွေးကြောင့် သူ တောင့်တင်းစွာ လောထျန်းကို လှည့်ကြည့်လိုက်ပါတော့သည်။

ထို​နေရာတွင် လောထျန်းက ကြာပန်းပုံထိုင်ကာ ကျင့်ကြံနေလေ၏။

သို့သော်..

ဝှစ်

လောထျန်း စတင် အသက်ရှုလိုက်ချိန်မှာပဲ ရွှေရောင်တာအိုအလင်းက သူ၏ ခန္ဓာကိုယ်အတွင်း စုပ်ယူခံလို​က်ရသည်။

ဘုန်း

လောထျန်း၏ ခန္ဓာကိုယ်အတွင်းပိုင်းက တစ်စုံတစ်ခု ပွင့်သွားဟန်ပဲ။

လောထျန်း၏ အရောင်အဝါက မပြောင်းလဲသွားပေမဲ့ အရင်နဲ့ မတူတော့ဘူးလို့ သူခံစားလိုက်ရသည်။

“ဟမ်.. ဟုတ်ပြီ၊ ပြီးသွားပြီ”

လောထျန်း မတ်တပ်ရပ်ကာ ပြောလိုက်သည်။

“ဘာ၊ ပြီးသွားပြီလား”

မူလဝိညာဥ် ထိတ်လန့်စွာ မေးလိုက်တော့၏။

ဒါကြီးက အရမ်းမြန်လွန်း​နေတာ မဟုတ်ဘူးလား။

သူ့တုန်းကဆိုလျှင် အကြိမ်တိုင်းမှာ နှစ်ထောင်ပေါင်းများစွာ အချိန်ယူခဲ့ရသည်လေ…

ဒါပေမဲ့ လောထျန်းကတော့ ခေါက်ဆွဲပြုတ်စားသလိုမျိုး တစ်လုပ်ထဲနဲ့ မြိုချသွားလေ၏။

ဒီအမြန်နှုန်းက…

ဒါကြီးက မလွန်လွန်းဘူးလား။

လောထျန်းက သန့်စင်ပြီးသွားသည်နှင့် ခေါင်းငုံ့ကာ သူ့လက်ဖဝါးကို ကြည့်လိုက်သည်။

ထို့နောက်မှာ ခပ်ဖွဖွ လက်ခုတ်တီးကြည့်လိုက်သည်။

ဘုန်း

ချက်ချင်းပဲ ကောင်းကင်ဘုံလက်ဝါးသိုင်း အသက်ဝင်လာ၏။

အလွန်ကြောက်ဖို့ကောင်းသော လက်ဝါးတစ်ခု ထွက်ပေါ်လာခဲ့သည်။

“အိုး တကယ် မတူတော့ဘူးပဲ”

ထိုလက်ဝါးကို မြင်သည်နှင့် ထူးခြားသော ပြောင်းလဲမှုများကို လောထျန်း သတိထားမိလိုက်သည်။

လက်ဝါးအောက်မှာ ကောင်းကင်နှင့်​မြေကြီး၏ စည်းမျဥ်းများ သက်ရောက်နေပုံက သူ၏ လက်ဝါးကိုယ်တိုင်ကပင် ကောင်းကင်နှင့်မြေကြီး ဖြစ်သွားသလို ခံစားရသည်။

သူ၏ လက်ဖဝါး သွားနိုင်တဲ့အကွာအဝေး အတွင်းမှာရှိနေသ၍ ဘယ်အရာကမှ သူ့ကို အနိုင်ယူနိုင်တော့မည် မထင်ပေ။

ထိုလက်ဝါးကို မြင်သည်နှင့် မူလဝိညာဥ်၏ မျက်ခုံးက မထိန်းနိုင်စွာ တွန့်လိမ်လာသည်။

“ဒါ..ဒီစည်းမျဥ်းက ကျုပ်တစ်ချက်လေး ကြည့်လိုက်မိတာကို ဝိညာဥ်ကွဲကြေတော့မလို ခံစားလိုက်ရတယ်”

“ဒါက တာအိုနတ်ဘုရားအဆင့်ရှိတဲ့ တာအိုအစွမ်းလား” သူ တွေးလိုက်သည်။

ခဏလောက်နေပြီးနောက်မှာ သူ လောထျန်းကို တုန်ယင်စွာ ပြောလိုက်တော့၏။

“သခင်လေးလောထျန်း၊ ဂုဏ်ပြုပါတယ်.. မင်းရဲ့ နတ်ဘုရားအစွမ်း ပြီးမြောက်သွားပါပြီ”

လောထျန်း ခေါင်းညိတ်လိုက်ပြီးမှ မူလဝိညာဥ်ကို ကြည့်ကာ ပြောလိုက်လေသည်။

“မင်း အရင်က ပြောခဲ့တာအရဆိုရင် တာအိုအစွမ်းကို ကျင့်ကြံပြီးရင် ဖန်တီးထားပြီးတဲ့ မူလအဆင့်မသေမျိုးအစီအမံထဲ ပေါင်းထည့်လိုက်တာနဲ့ တာအိုအစီအမံ ဖြစ်လာမှာမလား”

မူလဝိညာဥ် တည်ငြိမ်စွာ ဖြေပေးလိုက်၏။

“အတိအကျပဲ”

“ပြီးတော့ မင်းရဲ့ တာအိုအစီအမံက သာမာန် တာအိုအစီအမံထက် အများကြီး ပိုသန််မာလိမ့်မယ်”

လောထျန်း အနည်းငယ် အံ့သြသွားပြီး ခဏလောက်နေမှ သဘောပေါက်သွားသည်။

“အဲ့ဒါက ကျုပ်ဖန်တီးထားတဲ့မတူညီတဲ့ တာအိုအစွမ်းကြောင့်လား”

မူလဝိညာဥ် ခေါင်းညိတ်ပြလိုက်ကာ

“ ဟုတ်တယ်.. သခင်လေးလောထျန်းရဲ့ တာအိုနတ်ဘုရားအဆင့်ရှိတဲ့ တာအိုအစွမ်းကြောင့်ပဲ”

“မူလအဆင့်မသေမျိုးအစီအမံထဲကို သခင်လေးလောထျန်းရဲ့ တာအိုအစွမ်းတစ်မျှင်ပဲ ပေါင်းထည့်ရင်တောင်မှ သာမာန် အဆင့်ငါးတာအိုအစီအမံကို နှိုင်းယှဥ်နိုင်တယ်။ အဲ့ဒါက တာအိုနတ်ဘုရားအဆင့်ရဲ့ ထူးခြားမှုပဲ”

လောထျန်း၏ မျက်လုံးများ တောက်ပသွားတော့သည်။

“ ရွှေရောင်တာအိုအစွမ်း တစ်မျှင်က အဆင့်ငါးတာအိုအစီအမံနဲ့ ညီမျှတယ်ဆိုရင် ရွှေရောင်တာအိုအစွမ်းငါးမျှင် ထည့်လိုက်ရင် ဘာဖြစ်သွားမလဲ”.

လောထျန်းက မူလဝိညာဥ်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပါ၏။

ထိုမေးခွန်းကြောင့် မူလဝိညာဥ် ခဏတာ မှင်သက်သွားသည်။

“ ရွှေရောင်တာအိုအစွမ်းငါးမျှင် ဟုတ်လား။ အဲ့ဒါမဖြစ်နိုင်ဘူး”

သူ ခေါင်းယမ်းလိုက်တော့သည်။

ဒါကိုမြင်တော့ လောထျန်း ချက်ချင်းပဲ မေးခွန်းထုတ်လိုက်၏။

“ဘာလို့မဖြစ်နိုင်တာလဲဗျ။ တာအိုအစွမ်းတွေ အချင်းချင်း ကန်ပြန်ကြမှာမလို့လား”

မူလဝိညာဥ် အံ့သြသွားပြီးမှ ချက်ချင်း ခေါင်းယမ်းကာ ရှင်းပြလာခဲ့သည်။

“အဲ့ဒါက ကန်ပြန်တာနဲ့ မဆိုင်ဘူး.. တာအိုနတ်ဘုရားဆယ့်နှစ်ပါးလုံးမှာ တောင်မှ တစ်ယောက်ကို ရွှေရောင်တာအိုအစွမ်း တစ်ခုစီပဲ ပိုင်ဆိုင်တယ်။ ပြီးတော့ သူတို့ရဲ့ ခေတ်က တစ်ယောက်နဲ့တစ်ယောက် မတူကြတော့ သူတို့ပူးပေါင်းပြီး တာအိုအစီအမံ ဖန်တီးခဲ့တာလဲမရှိဘူး.. ဒီတော့ ပြောရရင် သခင်လေးပြောတဲ့ကိစ္စက သမိုင်းကြောင်းမှာ တစ်ခါမှ မဖြစ်ဖူးတဲ့အရာပဲ”

လောထျန်း ထိုမှသာ စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်၏။

“အော် အဲ့လိုလား၊ ကောင်းတာပေါ့”

“ဗျာ..၊ ဘာလို့ကောင်းတာလဲ”

မူလဝိညာဥ် ရှုတ်ထွေးလာတော့သည်။

ထိုအချိန်မှာပဲ လောထျန်းက အသက်ပြင်းပြင်းရှုပြီး ရှင်းပြလိုက်သည်။

“ဒီလိုဆို ကျုပ်ဘာသာ တာအိုအစွမ်းကို ထပ်ကျင့်ပြီး စမ်းကြည့်လိုက်ရင် အောင်မြင်မလားဆိုတာ သိနိုင်ပြီမလား”

“ဟမ်.. ထပ်ကျင့်မယ်”

မူလဝိညာဥ် တစ်ယောက် နားမလည်နိုင်သောကြောင့် ပိုမို အံ့သြလာတော့သည်။

ထပ်ကျင့်မယ်ဆိုတာ ဘာကိုဆိုလိုတာလဲ..

တစ်ခုကို ဖန်တီးနိုင်တာတောင်မှ တော်တော် ကြီးကျယ်သော ကိစ္စ ဖြစ်နေပြီမဟုတ်ဘူးလား။

လောထျန်းက တကယ်ကြီး ထပ်ဖန်တီးချင်နေတာလား။

ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..

ထိုအချိန်မှာ လောထျန်းကတော့ ပြောပြီးသည်နှင့် စတင်အကောင်ထည်ဖော်ကာ နောက်ထပ် တာအိုအစွမ်းတစ်မျိုးကို ဖန်တီးနိုင်ဖို့ ကျင့်ကြံနေလေပြီ။

ဘုန်း

သူ လှုပ်ရှားလိုက်သည်နှင့် တာအိုအစွမ်းတစ်ခု ထွက်ပေါ်လာသော်လည်း အရင်အတိုင်းပင် ဖြစ်သည်။

လောထျန်းက တစ်ချက်သာကြည့်ပြီး ပျောက်ကွယ်စေလိုက်ကာ ဆက်လက် ကျင့်ကြံသည်။

ဘုန်း ဘုန်း ဘုန်း ဘုန်း

အတွေ့အကြုံများလာသောကြောင့် လောထျန်း ကျင့်သားရလာခဲ့ပြီး တာအိုအစွမ်း ထုတ်ဖော်ရာတွင် အနည်းငယ် ကျွမ်းကျင်လာသည်။

အသက်ဆယ့်နှစ်ခါ ရှုစာ အချိန်အတွင်းမှာပဲ တာအိုအစွမ်းတစ်ထောင်ကျော် ထုတ်ဖော်ခဲ့သည်။

သို့သော် အကုန်လုံးက တူညီသောအစွမ်းများ ဖြစ်နေသည့်အတွက် ပေါ်လာလာချင်းပဲ ပြန်လည် ပျောက်ကွယ်ခံလိုက်ရသည်။

ထို​မြင်ကွင်းကို ကြည့်နေရင်းမှ မူလဝိညာဥ်၏ နှလုံးသားက တစ်နည်းနည်းနှင့် ထုံထိုင်းလာသလို ဖြစ်လာလေ၏။

အချိန်အကြာကြီး တွန့်ဆုတ်နေပြီးနောက် သူ မနေနိုင်စွာဖြင့် လောထျန်းကို.နားချဖို့ ကြိုးစားလိုက်သည်။

“သခင်လေးလောထျန်း၊ မင်း လက်လျော့သင့်တယ်လို့ ကျုပ်ထင်တယ်။ ရှေးကတည်းက တာအိုနတ်ဘုရားအဆင့် တာအိုအစွမ်းကို ဘယ်သူကမှ နှစ်မျိုးမဖန်တီးနိုင်ခဲ့သေးဘူး။ ဘယ်လိုပဲ ကြည့်ကြည့် ဒါက မဖြစ်နိုင်…”

သို့သော် သူ၏ စကားမဆုံးခင်မှာပဲ…

ဘုန်း

ကျယ်လောင်သော အသံတစ်ချက်အပြီးတွင် အလွန်အင်အားကြီးသော အရောင်အဝါများနှင့် ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာသည်။

“ဝိုး၊ နောက်ဆုံးတော့ ရပြီ”

လောထျန်း အံ့သြတကြီး အော်ဟစ်လိုက်သည်။

“ဘာ”

မျက်စိရှေ့က မြင်ကွင်းက မူလဝိညာဥ်ကို တိုက်ရိုက်ပဲ မှင်သက်စေလေ၏။

ရွှေရောင်တာအိုအစွမ်း…

တာအိုနတ်ဘုရားအစွမ်း..က ထပ်မံ ထွက်ပေါ်လာခဲ့သည်။

သူ၏ မျက်လုံးနှစ်ဖက်ကို အကြိမ်ကြိမ် ပွတ်သတ်လိုက်ပြီး ဤရွှေရောင်တာအိုအစွမ်းက လောထျန်း အစောပိုင်းတွင်ဖန်တီးခဲ့သော ရွှေရောင်တာအိုအစွမ်းနှင့် တူညီသေးလားဟု စစ်ဆေးလိုက်ပါသေး၏။

ရလဒ်အနေနှင့် သူ၏ နှလုံးသားတစ်ခုလုံးပဲ ထိတ်လန့်မှုကြောင့် တလှုပ်လှုပ် ဖြစ်လာရသည်။

လောထျန်းက တာအိုနတ်ဘုရားအစွမ်း နောက်တစ်မျှင်ကို တကယ်ကြီး ဖန်တီးနိုင်ခဲ့တာပဲ။

……..

Ch 1078

(တာအိုအစွမ်း ပြီးပြည့်စုံခြင်း)

ဒုတိယမြောက် ရွှေရောင်အလင်းကို ကြည့်ပြီးသည်နှင့် လောထျန်း နှစ်ကြိမ်မြောက် မစဥ်းစား​ပဲ ခန္ဓာကိုယ်ထဲစုပ်ယူကာ သန့်စင်လိုက်သည်။

ဘုန်း

လောထျန်း၏ ခန္ဓာကိုယ်က ထုတ်နေသော စည်းမျဥ်းအစွမ်းက နောက်တစ်ဆင့်ပိုမို သန်မာလာ၏။

သို့သော် လောထျန်းက ထိုမျှနှင့် မရပ်တန့်သေးပေ။

“ဒါက နဲနဲပျော်ဖို့ကောင်းသားပဲ၊ ထီထိုးနေသလို ခံစားရတယ်။ ငါထပ်စမ်းကြည့်လိုက်ပါအုံးမယ်လေ”

လောထျန်း ခပ်တိုးတိုး ရေရွတ်ပြီးသည်နှင့် လှုပ်ရှားလိုက်သည်။

သူ၏ လက်နှစ်ဖက်က တတိယမြောက် ရွှေရောင်အလင်းအတွက် ကြိုးစားနေခဲ့သည်။

ဒီတစ်ခေါက်မှာ သူ၏ အမြန်နှုန်းကလည်း တိုးတက်လာ၏။

ဘေးကကြည့်နေသော မူလဝိညာဥ်ဆိုလျှင် အရိပ်များကို ကြည့်နေရသလိုပဲ ခံစားနေရတော့သည်။

ဒီအချိန်မှာ မူလဝိညာဥ် အသံတစ်ချက်တောင် မထွက်နိုင်တော့ပေ။

ဒါကဘာတွေလဲ..

တာအိုအစွမ်းကော ဟုတ်သေးရဲ့လား။

ဘယ်သူကများ တစ်နေရာထဲမှာ နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံပြီး၊ အာရုံစူးစိုက်ကာ.ကျင့်ကြံဖို့မလိုအပ်ပဲ အခုလို ရုတ်တရက် အလင်းပွင့်ပြီး တာအိုအစွမ်းကို တတ်မြောက်ဖူးလို့လဲ။

ဒါပေမဲ့ ဒီလောထျန်းက မီးတောက်နေသော ဘီးလုံးတစ်လုံးလို အရှိန်အပြည့်ဖြင့် လည်နေပြီး တစ်ခုပြီးတစ်ခု ရယူနေသည်။

ဒါကြီးက တဆိတ် လွန်လွန်းသည်မထင်ဘူးလား။

သူ အတွေးလွန်နေစဥ်မှာပဲ..

ဘုန်း

နောက်ထပ် ရွှေရောင်အလင်းတစ်ခု ထပ်မံ ပေါ်ပေါက်လာပြန်၏။

“ဘာ”

သူ၏ မျက်လုံးက မထိန်းနိုင်အောင် ပြူးကျယ်သွားသည်။

လောထျန်း၏ လက်ထဲမှာပဲ တတိယမြောက်ရွှေရောင် တာအိုအလင်းက ပေါ်လာပြန်လေ၏။

ဒီအရှိန်က မြန်လွန်းနေတာ မဟု​တ်ဘူးလား။

လောထျန်း ဒုတိယမြောက်တာအိုအလင်းကို ထုတ်ဖော်ချိန်တွင် ကြားထဲ၌ များစွာသော ကျရှုံးမှုများ ရှိခဲ့သည်။

သို့သော် တတိယမြောက်ရွှေရောင် အလင်းမှာတော့ သူ၏ ကျရှုံးမှုက အကြိမ်ငါးရာဝန်းကျင်သာရှိတော့၏။

မဟုတ်သေးပေ.. ထိုအရာများကို ကျရှုံးမှုဟု သတ်မှတ်၍ မရနိုင်ပါချေ။

လောထျန်း ဖျောက်ပစ်ခဲ့သော တာအိုအလင်းတိုင်းက သာမာန်သူများအတွက် အောင်မြင်မှုများ.ဖြစ်လေ၏။

လောထျန်းလို မဟာဘီလူးမျိုးကပဲ ထိုအရာတွေကို ကျရှုံးမှုအဖြစ် သတ်မှတ်မှာပင်။

တဖက်က လောထျန်းကတော့ တတိယမြောက်ရွှေရောင်အလင်းကို သန့်စင်ပြီးသည်နှင့် ထပ်မံစတင်လိုက်ပြန်သည်။

ထိုမြင်ကွင်းကြောင့် မူလဝိညာဥ် လုံးဝ ထုံထိုင်းလာတော့၏။

သူ့အနေနှင့် ဒီတစ်ခေါက် လောထျန်း အချိန််လောက်ယူရမလဲပဲ သိချင်မိတော့သည်။

တကယ်ကို လောထျန်းက အကြိမ်သုံးရာလောက် ကျရှုံးပြီးနောက်မှာ လေးခုမြောက်ရွှေရောင်အလင်းကို ဖော်ထုတ်လိုက်၏။

ငါးခုမြောက်ရွှေရောင်အလင်းအတွက်တော့ ကျရှုံးချိန် အကြိမ်တစ်ရာဝန်းကျင်သာ ရှိလေတော့သည်။

ခြောက်ခုမြောက်တွင် အကြိမ်ငါးဆယ်လောက်သာ ကျရှုံးပြီး တိုက်ရိုက် အောင်မြင်သွားခဲ့သည်။

ထိုမြင်ကွင်းက ထုံထိုင်းနေပြီးသား မူလဝိညာဥ်၏ နှလုံးသားကို ထပ်မံ ကြောက်ရွံ့လာစေ၏။

“ဒီကောင်က ဆက်တိုးတက်နေသေးတာလားဟ.. ပြီးတော့ အရှိန်ကလဲ ပိုမြန်လာတယ်”

လောထျန်း၏ ကြောက်စရာ ပါရမီက အံ့မခန်းပင်။

ဘီလူးတစ်ကောင်လို သန်မာပြီးသား လူတစ်ယောက်​က ဘီလူးလိုအရှိန်ဖြင့် တိုးတက်နေလေသည်။

ဒီလောကမှာ အခုလို ကြောက်စရာလူသားတစ်ယောက် ဘယ်လိုလုပ် ရှိနေရတာလဲ။

ဘုန်း

သူ အတွေးလွန်နေစဥ်မှာပဲ လောထျန်းက ဆယ်ကြိမ်ကျရှုံးပြီး၍ ခုနှစ်ခု​မြောက် ရွှေရောင်အလင်းကို ဖော်ထုတ်လိုက်သည်။

“ဟမ်း…ကြည့်ရတာ ငါသော့ချက်ကို ရှာတွေ့သွားပြီပဲ”

လောထျန်း ခပ်တိုးတိုး ရေရွတ်ပြီးသည်နှင့် ထိုအလင်းကို ပုံမှန်လိုသန့်စင်လိုက်ပြီး ဆက်လက်ကျင့်ကြံနေလိုက်၏။

ထို့နောက်မှာတော့ လောထျန်းက ငါးကြိမ်ကနေ သုံးကြိမ်အတွင်း ကျရှုံးမှု​ကို ကြုံတွေ့ပြီး နောက်ထပ်ရွှေရောင်အလင်းကို ဖွင့်လှစ်ပေမည်။

ထိုထက်လျှင်မြန်အောင်လုပ်ဖို့တော့ မလွယ်ကူတော့ပေ။

သို့သော် သူ့အတွက် ဒီအရှိန်နှုန်းက လုံလောက်နေပြီ ဖြစ်သည်။

ဘုန်း

လောထျန်း ၁၀၈ ခုမြောက် ရွှေရောင်အလင်းကို ဖော်ထုတ်ပြီးနောက်မှာ သူ၏ ခန္ဓာကိုယ်ကနေပါ အလင်းများ ထွက်ပေါ်လာခဲ့သည်။

“ဟမ်”

သူ၏ ခန္ဓာကိုယ်အတွင်းမှာ တစ်စုံတစ်ခုက အခြေကုတ်ယူပြီး ကျယ်ပြန့်လာသလိုခံစားလိုက်ရ၍ လောထျန်း အနည်းငယ် အံ့သြသွားခဲ့သည်။

“ဘာဖြစ်နေတာလဲ”

သူဆက်လက် ကျင့်ဖို့ရန်အတွက် အနည်းငယ်တွန့်ဆုတ်သွားသည်။ ထို့ကြောင့် မျက်လုံးမှိတ်လိုက်ပြီး ခန္ဓာကိုယ်အတွင်း စစ်ဆေးလိုက်သည်။

ပြောင်းလဲသွားသော သူ၏ အသိစိတ်ပင်လယ်ကို ကြည့်နေရင်း သူ မှင်သက်သွားလေ၏။

သူ ဖန်တီးထားသော ​ရွှေရောင်တာအိုအလင်း ၁၀၈ ခုက သူ၏ အသိစိတ်ပင်လယ်ကို တဖြည်းဖြည်းမနေရင်း ပိုမြင့်သောနေရာကို သယ်ဆောင်ပေးနေသည်။

အသိစိတ်ပင်လယ် အခြေကျသွားသည်နှင့် ထိုအလင်း ၁၀၈ခုဆီကို အဆုံးမရှိသောစွမ်းအင်များ ဝင်ရောက်လာရင်း ပြန်လည်အားဖြည့်ပေးလိုက်ကြသည်။

လောထျန်း မှင်သက်နေရာမှ ချက်ချင်း သဘောပေါက်လိုက်သည်။

ထိုအလင်း ၁၀၈ ခုက သူဖန်တီးခဲ့သော တာအိုနတ်ဘုရားအစွမ်း ၁၀၈ ခုဆိုတာ သိသွားပေမဲ့ ထိုအလင်းတွေက အဘယ်ကြောင့် သူ၏ အသိစိတ်ပင်လယ်နှင့် အချင်းချင်း.ထောက်ပံ့နေကြမှန်း နားမလည်နိုင်ခဲ့ပေ။

ထိုသို့ဖြင့် သူ၏ နဂိုတည်းက အဆုံးမရှိအောင် ပေါကြွယ်ဝပြီးသား စိတ်ဝိညာဥ်စွမ်းအင်ကလည်း ဖြည်းညင်းစွာ တိုးလာသည်။

သူ၏ ထိန်းကျောင်းမှုမရှိဘဲနှင့်တောင်မှ စိတ်ဝိညာဥ်စွမ်းအင်များက နည်းနည်းချင်း တိုးလာ​နေသည်။

“ဟမ်.. ကြည့်ရတာ ကိစ္စကောင်းပဲ”

လောထျန်း ခေါင်းညိတ်လိုက်သည်။

ထို့နောက်မှာ သူ၏အကြည့်က တာအိုအလင်း ၁၀၈ ခုအပေါ် ကျရော​က်သွားသည်။.

“ဒီတာအိုအစွမ်းကကြည့်ရတာ ပြီးပြည့်စုံသွားပြီ.. ထပ်လေ့ကျင့်ဖို့ နေရာ မရှိတော့တဲ့ပုံပဲ”

လောထျန်း ချက်ချင်းပဲ မျက်​မှောင်ကြုတ်သွားလေ၏။

သူသည် ထိုခံစားချက်ကို ကြိုက်နှစ်သက်ပြီး အကြိမ်တစ်ထောင်လောက် ထပ်စမ်းဖို့ စဥ်းစားထားခဲ့သည်လေ..

သို့သော် အခုလို အဆုံးသတ်သွားပြီတဲ့လား။

အနည်းငယ်ရုပ်ဆိုးသွားသော မျက်နှာနှင့် သူ မျက်လုံး ပြန်ဖွင့်လိုက်ကာ မူလဝိညာဥ်ကို ကြည့်လိုက်သည်။

“ဟမ်..သခင်လေးလောထျန်း၊ ဘာဖြစ်လို့လဲဗျ”

လောထျန်း၏ ရုပ်ကြီးကိုမြင်သည်နှင့် မူလဝိညာဥ် လန့်သွားပြီး တောင့်တင်းစွာ မေးလာလေ၏။

မျက်စိရှေ့ကမြင်ကွင်းများစွာကြောင့် အခုချိန်မှာ လောထျန်းက သူ့အတွက် နတ်ဘုရားတစ်ပါးလိုမျိုး ခံစားရစေသည်။

“ကျုပ်မေးအုံးမယ်.. လူတစ်ယောက်က အများဆုံး တာအိုအစွမ်း ဘယ်လောက်ကို ပေါင်းနိုင်လဲ”

မူလဝိညာဥ်က ခဏမျှ မှင်သက်သွားပြီးမှ ချက်ချင်း ရှင်းပြလိုက်၏။

“ဒါက.. ကျုပ်လဲမသိပါဘူး။ ရှေးအချိန်ထဲကနေ အခုထိ တာအိုနတ်ဘုရားအစွမ်းကို တစ်ခုထက်ပိုပြီး ကျင့်ကြံနိုင်တဲ့သူကို ကျုပ်မမြင်ဖူးသေးပါဘူး။ ဒါပေမဲ့ တစ်ခါက ကျုပ်တို့ မူလဝိညာဥ်ရဲ့ ဘိုးဘေးတစ်ယောက်ကတော့ သာမာန်တာအိုအစွမ်းကို ၃၆၀၀၀ အထိ ကျင့်ကြံနိုင်ခဲ့ဖူးတယ်”

“လူသားမျိုးနွယ်နဲ့ တစ်ခြားမျိုးနွယ်တွေမှာ အဲ့ဒီထက် ပိုများအောင် ကျင့်ကြံနိုင်ဖူးတဲ့သူ ရှိတယ်လို့လဲ ကောလဟာလတစ်ချို့ ရှိပါတယ်။ ဒါပေမဲ့ တစ်ခါမှမမြင်ဖူးပါဘူး”

လောထျန်း ခပ်တင်းတင်း မျက်မှောင်ကြုတ်သွားလေသည်။

“၃၀၀၀၀ ကျော်တောင်လား… အဲ့ဒါဘယ်လိုလုပ် ဖြစ်နိုင်တာလဲ။ ကျုပ် အခု ကျင့်တာ ၁၀၈ ခုပဲ ရှိသေးတယ်၊ ထပ်ကျင့်လို့ မရတော့ဘူး။ တာအိုအစွမ်းနဲ့ပတ်သတ်တဲ့ ကျုပ်အရည်အချင်း​က အရမ်းနိမ့်ကျနေလို့ များလား”

လောထျန်း တစ်ယောက် အမှန်တရားကို.လက်မခံချင်သေးပေ။

သို့သော် တစ်ဖက်က မူလဝိညာဥ် ခဗျာ လောထျန်း၏ မေးခွန်းကိုနားထောင်ရင်း ဘာပြန်ပြောရမယ် မသိတော့ပေ။

အားနည်းတယ်..

လောထျန်းက အားနည်းသေးတယ်တဲ့လား..

လောထျန်းက အားနည်းတယ်ဆိုရင်၊ ကျန်တဲ့သူတွေက ဘာတွေလဲဟင်..

သူတို့က အမှိုက်ကောင်တွေများလား..

သို့သော်ထိုစကားလုံးများကို ထုတ်မ​ပြောရဲသောကြောင့် အချိန်အကြာကြီး စဥ်းစားလိုက်ပြီးမှ ပြန်ဖြေပေးလိုက်ပါသည်။

“အဲ့ဒါက တာအိုနတ်ဘုရားအစွမ်းကြောင့် ဖြစ်ပါလိမ့်မယ်”

“အဲ့လိုလား”

“တာအိုနတ်ဘုရားအစွမ်း တစ်ခုက သာမာန်တာအိုအစွမ်းနဲ့ ညီမျှတယ်.. အခု သခင်လေးလောထျန်းက ၁၀၈ ခုတောင် ဖန်တီးထားပြီးပြီဆိုတော့ အဲ့ဒါက တစ်ခြားသူတွေရဲ့ တာအိုအစွမ်း တစ်သိန်းနဲ့ ညီသွားပြီမဟုတ်ဘူးလား”

သူသည် အစက သာမာန်ရှင်းပြချင်ပါသေး၏။

သို့သော် ကိုယ့်စကားကိုယ် ပြန်ကြားနေရင်း အလွန်မဖြစ်နိုင်သော စကားတွေ ပြောနေရသလိုပင် ခံစားလာရ၏။

လောထျန်းကို ရှင်းပြဖို့ရန် တစ်ခြားအကြောင်းအရင်းလဲ သူ ရှာမတွေ့တော့ပါချေ။

ထိုအချိန်မှသာ လောထျန်းက ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။

“ကျုပ် နားလည်ပြီ”

ထို့နောက်မှာ အနောက်မှာရှိနေသော အရှုတ်အထွေးမြို့တော်၏ အပေါ်တည့်တည့်အပေါ်ကို သွားလိုက်သည်။

“တာအိုအစွမ်းကို ရပြီဆိုတော့ တာအိုအစီအမံကို ဖန်တီးတာပေါ့လေ၊ တာအိုအစွမ်းကိုသုံးပြီး တာအိုအစီအမံကို ဖန်တီးတဲ့အချိန်မှာ တစ်ခြားလိုအပ်ချက်တွေ ရှိသေးလား”

လောထျန်း၏ မေးခွန်းကို ကြားသည်နှင့် မူလဝိညာဥ် ချက်ချင်း ရှင်းပြလိုက်၏။

“သခင်လေးလောထျန်း၊ အခက်ခဲဆုံးအပိုင်းက ပထမဆုံးတာအိုအစွမ်းကို ထုတ်ဖော်ပြီး ဒုတိယအနေနဲ့ သန့်စင်ရတာပါ၊ အဲ့ဒီနှစ်ဆင့်ပြီးသွားရင် ကျန်တာက လွယ်သွားပြီ”

“သခင်လေးလောထျန်းမှာသာ သန့်စင်ပြီးသား တာအိုအစွမ်းရှိနေရင် အဲ့ဒါကို မူလအဆင့်မသေမျိုးအစီအမံမှာ အချိန်မရွေး ပေါင်းလိုက်လို့ရပြီဗျ”

……

All Chapters