← Chapters

အခန်း (၁၀၈၁-၁၀၈၂)

Vol. 73 Ch. 1081-1082

အခန်း (၁၀၈၁-၁၀၈၂)

Vol. 73 Ch. 1081-1082

Ch 1081

(အလျင်စလို လိုက်ပါခြင်း)

“အဲ့လိုလား.. ဒါဆို ကျုပ်ကို မြန်မြန် ခေါ်သွားပေးတော့”

လောထျန်း စိတ်မရှည်စွာ ပြောလိုက်လေ၏။

ဟုတ်သည်လေ..သူဘယ်လိုလုပ် စိတ်မလှုပ်ရှား​ပဲ နေမည်နည်း။

သူ့မှာတစ်ခြားနည်းလမ်း မရှိတော့ဘူး၊ သူသာ အစွမ်းကုန်စုပ်ယူလိုက်မိလျှင် ချင်းယွမ်ဒေသကြီးတစ်ခုလုံး မပျက်ဆီးလျှင်တောင်မှ အများကြီး ထိခိုက်သွားလိမ့်မည်။

အခုဆိုလျှင် ချင်းယွမ်ဒေသက အပေါ်ကမ္ဘာမှာရှိတဲ့ သူ၏ အခြေကုတ်စခန်းတစ်ခု ဖြစ်လာခဲ့ပြီ။

သူ၏အခြေကုတ်စခန်းကို ဖျက်ဆီးလိုက်လို့ မဖြစ်ဘူး..

ထို့ကြောင့် နတ်ဘုရားတောအုပ်ကို သွားပြီး ထိပ်သီးနမိတ်ဆိုး ဆယ်ကောင်ကိုပဲ သွားသတ်ချင်သည်။

လောထျန်း၏ မေးခွန်းကိုကြားသည်နှင့် ထျန့်ကျီတောင်သခင်ကြီးက အလျင်စလို ဖြေလာ၏။

“သခင်လောထျန်း၊ အခုတော့ သွားလို့မရသေးပါဘူး”

“ဟမ်၊ မင်းဘာကို ဆိုလိုတာလဲ။ မင်းငါ့ကို လာနောက်နေတာလားကွ”

လောထျန်း၏ မျက်လုံးက လူသတ်အရိပ်အငွေ့များ ဝင်ရောက်လာပြီး ထျန့်ကျီတောင်သခင်ကြီးကို ခပ်စူးစူး ကြည့်လိုက်ပါ၏။

ထျန့်ကျီတောင်သခင်ကြီး၏ ဝိညာဥ်က ချက်ချင်းပဲ ကတုန်ကယင်ဖြစ်လာကာ ဦးညွတ်အရိုအသေပေးရင်း ပြောလိုက်သည်။

“ကျွန်တော်က ဘယ်လိုလုပ် စနောက်ရဲမှာလဲဗျာ၊ ဒီတိုင်း.. နတ်ဘုရားတောအုပ်ထဲကို ဝင်ဖို့က မလွယ်ဘူးလို့ ပြောချင်ရုံပါပဲ”

ထို့နောက်မှာ သူက မခို့တရို့ ခေါင်းမော့ကြည့်လိုက်၏။ လောထျန်းက မတိုက်ခိုက်တာ သေချာမှ သူ၏ သတ္တိတွေကို စုဝေးပြီး ဆက်ရှင်းပြလာခဲ့သည်။

“ဒီလိုပါ.. ဒေသကိုးခုကနေ နတ်ဘုရားတောအုပ်ထဲ ဝင်ချင်ရင် နည်းလမ်းသုံးခုရှိတယ်လို့ ပြောလို့ရတယ်”

“ပထမတစ်နည်းက ကြယ်စင်ကောင်းကင်ပဲ”

လောထျန်း မျက်မှောင်ကြုတ်သွားပြီး

“ကြယ်စင်ကောင်းကင် ဟုတ်လား”

ထျန့်ကျီတောင်သခင်ကြီးက ချက်ချင်း ခေါင်းညိတ်ပြလာသည်။

“ဟုတ်ပါတယ်.. အဲ့ဒီနေရာကလဲ နတ်ဘုရားတောအုပ်နဲ့ ထိစပ်နေတယ်၊ ကြယ်စင်ကောင်းကင်ထဲမှာ နတ်ဘုရားတောအုပ်ထဲကို ဝင်နိုင်မဲ့ ဝင်ပေါက်တွေ အများကြီးရှိတယ်”

“ဒါပေမဲ့ အဲ့ဒီဝင်ပေါက်တွေက အရမ်းကို လျှို့ဝှက်လွန်းလို့ ရှာတွေ့နိုင်ဖို့က ကံတရားအပေါ်ပဲ မူတည်တယ်”

“ပြီး ကံကောင်းလို့ ရှာတွေ့ရင်တောင်မှ မပြည့်စုံတဲ့ ဝင်ပေါက်တွေ ဖြစ်နေတာများတယ်၊ ဝိညာဥ်အခြေအနေကိုပဲ ဖြစ်ဖြစ် ဒါမှမဟုတ် အရမ်းကို ကျင့်ကြံမှုနိမ့်တဲ့ လူပဲ ဖြစ်ဖြစ် ဝင်ခွင့်ရှိတာမျိုးပေါ့”

“ကြယ်စင်ကောင်းကင်ထဲမှာ လုံးဝပြီးပြည့်စုံပြီး စိတ်ကြိုက်အဝင်အထွက် ပြုလို့ရတဲ့ ဝင်ပေါက်က မရှိဘူးမဟုတ်ဘူး၊ ရှိတယ်။ ဒါပေမဲ့ အဲ့ဒီဝင်ပေါက်ကိုကျ ချင်းယွမ်​ဒေသကနေ သွားမရဘူး”

ရှင်းပြချက်ကို နားထောင်နေရင်းမှ လောထျန်းက မျက်မှောင်ကိုတင်းတင်း ကြုတ်ရင်း ခေါင်းညိတ်လိုက်သည်။

“ကျုပ်နားလည်ပြီ၊ ဒါဆိုနောက်ထပ် နည်းလမ်းနှစ်ခုကကော”

ထျန့်ကျီတောင်သခင်ကြီးလည်း အချိန်မဆွဲရဲပဲ ချက်ချင်း ရှင်းပြလိုက်ပါ၏။

“ဒုတိယနည်းလမ်းက နတ်ဘုရားအစွမ်းပဲ၊ ရှေးနတ်ဘုရားတွေက ထူးကဲတဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ခဲ့တော့ မရေမတွက်နိုင်တဲ့ နယ်ပယ်တွေကို သွားလာနိုင်ကြတယ်။ သူတို့ရဲ့အရိုးကို ရှာနိုင်ပြီး ဟင်းလင်းပြင်တံခါးပေါက်တစ်ခု ဖန်တီးနိုင်ရင်လဲ နတ်ဘုရားတောအုပ်ကို သွားလို့ရတယ်”

လောထျန်း ချက်ချင်းပဲ အရှုတ်အထွေးနတ်ဘုရားမြို့တော်အတွင်းက အရိုးတံခါးကို အမှတ်ရလိုက်သည်။

ထိုအရိုးတံခါးကို တစ်ခါက နတ်ဘုရားတောအုပ်ဘက်က ဒေသကိုးခုကို ကျူးကျော်ဖို့ရန်ပင် အသုံးပြုခဲ့သေး၏။

သို့သော် အခုတော့ အရိုးတံခါးက အသုံးပြု၍ မရတော့ပေ။

“ဒါဆို တတိယနည်းလမ်းကရော”

လောထျန်း မေးလိုက်တော့သည်။

“တတိယနည်းလမ်းက တားမြစ်နယ်မြေပဲ”

လောထျန်းက ​အကြည့်တစ်ချက် ပေးလာသောကြောင့် ထျန့်ကျီတောင်သခင်ကြီး ချက်ချင်းပဲ ဆက်ရှင်းပြလိုက်သည်။

“တားမြစ်နယ်မြေဆိုတာက တကယ်တော့ နတ်ဘုရားတောအုပ်ဘက်ကနေ ဒေသကိုးခုကို ကျူးကျော်ဖို့ အကွက်ချထားတဲ့ အစီအစဥ်တစ်ခုပဲ”

“ သူတို့က တားမြစ်နယ်မြေမှာ အမှတ်အသားတွေ ထားခဲ့ကြတယ်၊ အဲ့ဒီအမှတ်အသားတွေနဲ့ အထူးနည်းလမ်းကို အသုံးပြုမယ်ဆိုရင်လဲ နတ်ဘုရားတောအုပ်ထဲ ဝင်လို့ရတယ်”

လောထျန်း၏ မျက်လုံးက ချက်ချင်းပဲ တောက်ပသွားလေကာ

“ဒါဆို ထျန့်ကျီတောင်မှာ အမှတ်အသားတွေ ရှိသေးလား”

ထျန့်ကျီတောင်ကနေ တိုက်ရိုက်သွားလို့ရခဲ့လျှင် သူ့အတွက် အချိန်ကုန် သက်သာပါ၏။

သို့သော် ထိုအချိန်မှာပဲ ထျန့်ကျီတောင်သခင်ကြီးက ခါးသက်စွာ ပြုံးလိုက်လေသည်။

“ ရှိခဲ့တယ်လေ.. ဒါပေမဲ့ အဲ့ဒီအမှတ်အသားက တောင်သခင် သေဆုံးတာနဲ့ အသက်ဝင်တာ၊ အဲ့ဒီတုန်းက အသက်ဝင်တဲ့အချိန်မှာ နမိတ်ဆိုးတစ်ကောင်က အသုံးပြုလိုက်ပြီး.သူ့ရဲ့ လက်တစ်ဖက်ကို စေလွှတ်ခဲ့တယ်။ သူ အချိန်မှီ သုံးလိုက်လို့သာ မဟုတ်ရင် ကျွန်တော်အရင်လက်ဦးမှု ယူပြီး ထွက်ပြေးသွားပြီးပြီဗျ”

ချက်ချင်းပဲ ထျန့်ကျီတောင်သခင်ကြီး၏ မျက်နှာက နောင်တရိပ်သန်းလာလေသည်။

လောထျန်း တစ်ယောက် ပိုမို ရှုံ့မဲ့လာတော့သည်။

“ချီးပဲ၊ ဒါလဲအလုပ်မဖြစ်ဘူး”

သူ သက်ပြင်းချလိုက်သည်.. ထို့နောက် ထျန့်ကျီတောင်သခင်ကြီးကို ရုတ်တရက် မော့ကြည့်ပြီး မေးလိုက်၏။

“အကယ်လို့ ကျုပ်သာ နောက်ထပ် တားမြစ်နယ်မြေတစ်ခု ရှာနိုင်ရင် မင်းကျုပ်ကို နတ်ဘုရားတောအုပ်ထဲ ခေါ်သွားနိုင်မလား”

“အမှတ်အသားက ပြီးပြည့်စုံနေသရွေ့ ခေါ်သွားပေးလို့ရပါတယ်”

လောထျန်း ခေါင်းညိတ်လိုက်တော့သည်။

“ကောင်းပြီ၊ ဒါဆိုအခု ကျုပ်နောက်ကို လိုက်ခဲ့”

လောထျန်းက ပြောပြီးသည်နှင့် စိတ်ဝိညာဥ်အစွမ်းဖြင့် ထျန့်ကျီတောင်သခင်ကြီး၏ဝိညာဥ်ကို အနားဆွဲခေါ်လိုက်သည်။

လောထျန်း၏ လက်ထဲမှ ရုန်းကန်ဖို့ ကြိုးစားသော်လည်း မအောင်မြင်သောကြောင့်

ထျန့်ကျီတောင်သခင်ကြီးခမျာ ကူကယ်ရာမဲ့စွာ လက်လျော့လိုက်လေသည်။

လောထျန်းက ထျန့်ကျီတောင်ပတ်ပတ်လည်မှာ အစီအမံ ချပြီးသည်နှင့် အရှုတ်အထွေးမြို့တော်ထဲ ဝင်လိုက်ပြီး အကုန်လုံးကို ခေါ်လိုက်သည်။

“ဟမ်၊ သခင်လေးက တားမြစ်နယ်မြေကို ရှာဖို့ ချင်းယွမ်ဒေသကနေ ထွက်သွားမလို့လား”

လောထျန်း၏ အကြံကိုနားထောင်ပြီးနောက် အကုန်လုံး တက်ကြွသွားကြသည်။

“သခင်လေး သွားမှတော့ ကျုပ်တို့ကိုလဲ လိုက်ခွင့်ပေးဗျာ”

“ဟုတ်တယ်၊ တားမြစ်နယ်မြေက ကောင်က အရင်က ကျွန်တော်တို့ကို တိုက်ခိုက်ဖူးတယ်။ သေချာပေါက် လက်စားချေရမယ်”.

“မှန်တယ်၊ သခင်လေးကို တစ်ယောက်ထဲ သွားခိုင်းလို့ မဖြစ်ဘူး”

အကုန်လုံး၏ နိုးကြားလာသော စိတ်ဝိညာဥ်များကို ကြည့်နေရင်း လောထျန်း အနည်းငယ် အနေခက်စွာ ပြောလိုက်တော့သည်။

“အကုန်လုံး နားလည်မှုလွဲနေကြပြီ..”

သူ့အနေနှင့် တားမြစ်နယ်မြေကို တိုက်ခိုက်ချင်တာက ကျင့်ကြံမှုတိုးတက်ဖို့ အတွက် သီးသန့်သာ ဖြစ်၏။

တစ်ခြားအရာတွေက သူ့အတွက် အရေးမကြီးဘူး။

ထိုအချိန်မှာပဲ လူအုပ်၏ဘေးဘက်မှ အသံတစ်ခုကို လောထျန်း ရုတ်တရက် ကြားလိုက်ရသည်။

“လောထျန်း၊ မင်းသွားမယ်ဆိုရင် ကျုပ်ကို ခေါ်သွားပေးနိုင်မလား”

အသံကြားလို့ လှည့်ကြည့်လိုက်မှသာ ထိုသူက နဂါးကျောက်တုံးဖြစ်နေမှန်း လောထျန်း တွေ့လိုက်သည်။

“ သခင်ကြီးက ဘာလို့..”

လောထျန်း အံ့သြသွားလေ၏။

ထိုအချိန်မှာပဲ နဂါးကျောက်တုံးက သက်ပြင်းချပြီး ပြောလိုက်သည်။

“ကျုပ် တစ်ခါက အရှုတ်အထွေးမသေမျိုးဧကရာဇ် ဆီကနေ ညွှန်ကြားမှုကြောင့် အပြည့်အဝ အသွင်ပြောင်းနိုင်မဲ့ နည်းလမ်းတစ်ခု ရှာတွေ့ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒါကို အခု မလုပ်နိုင်နေဘူး”

“ဘာလို့ မလုပ်နိုင်တာလဲ”

လောထျန်း စိတ်ဝင်စားသွားသည်။

နဂါးကျောက်တုံးက ကူကယ်ရာမဲ့နေသော ဟန်ပန်ဖြင့် ရှင်းပြလာလေသည်။

“ကျုပ်ရဲ့နဂါးအရိုးက မပြည့်စုံဘူး။ အပြည့်အဝအသွင်ပြောင်းပြီး.လွတ်လပ်မှုကို ရချင်ရင် ကျုပ်မှာအခုရှိနေတဲ့ နဂါးအရိုးနဲ့ မဖြစ်နိုင်ဘူး”

“ ရှိသမျှ အချိန်တွေအကုန်ထုတ်ပြီး စွဲစွဲမြဲမြဲ ကျင့်ကြံရင်တောင်မှ ကျုပ်ရဲ့နဂါးအရိုးက ဘယ်တော့မှ ပြည့်စုံလာမှာမဟုတ်ဘူး”

“အောင်မြင်ချင်ရင် ရှေးဦးကောင်းကင်နဂါးရဲ့ အရိုးကို လိုတယ်။ အဲ့ဒီအထဲမှာရှိတဲ့အစွမ်းကို အားကိုးပြုရင်း ကျုပ်ရဲ့ခန္ဓာကိုယ်ကို ပြုပြင်ပြီးမှ ကျုပ်ဆက်လက် ကျင့်ကြံနိုင်တော့မှာ”

“ပြီးတော့ ကျုပ်သိသလောက်တော့ ရှေးဦးကောင်းကင်နဂါးအရိုးက တားမြစ်နယ်မြေတစ်ခုမှာ ပျောက်ဆုံးသွားခဲ့တာတဲ့။ ကျုပ် အခွင့်အရေးရတုန်း ရှာဖွေချင်မိတယ်”

လောထျန်း ချက်ချင်းပဲ အနောက်မှာရပ်နေသော ထျန့်ကျီတောင်သခင်ကြီးကို လှည့်ကြည့်လိုက်သည်။

ဒါကိုမြင်တော့ ထိုသူက ချက်ချင်းရှင်းပြလာ၏။

“ ထျန့်ကျီတောင်မှာ ရှေးဦးကောင်းကင်နဂါးအရိုးကို တစ်ခါမှ မတွေ့ဖူးပါဘူး”

လောထျန်း ခေါင်းညိတ်လိုက်ပြီး နဂါးကျောက်တုံးရှိရာကို အကြည့်ပြန်ပို့လိုက်သည်။.

“ကောင်းပြီ၊ ဒါဆို သခင်ကြီး ကျုပ်နဲ့လိုက်ခဲ့လိုက်ပါ”

ကောင်းကင်နဂါးက လူသားအသွင်ပြောင်းလိုက်ပြီး လောထျန်းကို အရိုအသေပေးကာ ပြန်လည်ပျောက်ကွယ်သွားသည်။

“သခင်လောထျန်း၊ ကျုပ်ကိုလဲ ခေါ်သွားပါအုံး”

ထိုအချိန်မှာ ခပ်စူးစူးအသံတစ်ခု ထပ်မံ ထွက်ပေါ်လာသည်။

ထိုအသံထွက်လာသည်နှင့် ပတ်ဝန်းကျင်ရှိ မသေမျိုးစွမ်းအင်က ပိုမိုသိပ်သည်းသွားခဲ့သည်။

တစ်ချို့လူငယ်လေးများဆိုလျှင် အနည်းငယ်.တိုးတက်သွားသော ကျင့်ကြံမှုကိုပင် အာရုံခံလိုက်ရ၏။

အကုန်လုံး လှည့်ကြည့်လိုက်ချိန်မှာ သားရဲငယ်တစ်ကောင်က ဖြည်းဖြည်းချင်း လျှောက်လာနေတာကို တွေ့လိုက်ရသည်။

“ဧကရာဇ်ဆေးလုံး လား”

ထိုသားရဲငယ်ကို မြင်သည်နှင့် အကုန်လုံး အံ့အားသင့်သွားကြသည်။

ဒီကောင်လေးသည် လောထျန်းတစ်ယောက် ထျန်းယွမ်ကမ္ဘာမှာတုန်းက ရှာတွေ့ခဲ့သော မပြီးပြည့်စုံသေးသည့် အင်ပါယာဆေးလုံး.ဖြစ်လေ၏။

ဒီကောင်လေးက ထိုအချိန်ကတည်းက လောထျန်းနောက်ကနေ လိုက်လာခဲ့သည်မှာ ပျောင်ပိုင်မြို့ကနေ အရှုတ်အထွေးမြို့တော်အထိပါ တစ်တွဲထဲ ပါလာခဲ့တာပင်။

………

Ch 1082

(ထွက်ခွာခြင်း)

“မင်းလဲ သွားချင်လို့လား”

ဧကရာဇ်ဆေးလုံးကို ကြည့်နေသော လောထျန်းက အနည်းငယ် အံ့သြစွာမေးလိုက်၏။

ဒီသားရဲငယ်က တားမြစ်နယ်မြေကို အနိုင်ယူတဲ့ခရီးစဥ်ကို အပျော်လိုက်ချင်နေတာလား။

ထိုအချိန်မှာပဲ ဧကရာဇ်ဆေးလုံးက ပြောလာသည်။

“သခင်လေးလောထျန်း၊ ကျုပ် နောက်ဆုံးမှာ ကျုပ်ရဲ့လိုအပ်ချက်ကို နားလည်သွားပြီဗျ”

“ဟမ်”

လောထျန်း၏ မျက်နှာက အနည်းငယ် ရှုတ်ထွေးလာပါသည်။

ဧကရာဇ်ဆေးလုံးက တည်ငြိမ်စွာ ဆက်ရှင်း​ပြသည်။

“အဲ့ဒါက အနက်ရောင်ချီပဲ”

ပြောပြီးသည်နှင့် ထိုကောင်လေးက မျက်လုံးပိတ်လိုက်ရာ သူ၏ ခန္ဓာကိုယ်ကနေ အလင်းတစ်ချို့ ဖြာထွက်လာသည်။

ထိုကောင်လေး၏ ပတ်ပတ်လည်က မသေမျိုးစွမ်းအင်က ချက်ချင်း ပြန်လည်သိပ်သည်းသွားလေသည်။

ဘေးမှာရှိနေသော လောမိသားစု အကြီးအကဲတစ်ယောက်က ဝင်းပနေသော မျက်လုံးများနှင့် ပြောလာခဲ့၏။

“ဧကရာဇ်ဆေးလုံးက.. ကြည့်ရတာ ပိုသန်မာလာတာပဲ”

ထိုစကားကြောင့်အကုန်လုံး လှည့်ကြည့်လိုက်သည်။ တကယ်ကို ဧကရာဇ်ဆေးလုံးထံက ပတ်ဝန်းကျင်ကို.ထုတ်လွှတ်နေသာ မသေမျိုးချီစွမ်းအင်များ သိပ်သည်းလာရုံမက၊ သူ၏ ခန္ဓာကိုယ်ကနေ အလိုအလျောက် ခံစားရသော တာအိုအရောင်အဝါသည်ပင် ပိုမိုသန်မာလာ၏။

သို့သော် ထိုကောင်​လေး၏ ခန္ဓာကိုယ်မှ အရသာရှိစွာ ပျံ့နှံ့နေသော မသေမျိုးချီစွမ်းအင်ကြောင့် ပတ်ဝန်းကျင်မှာ ရှိနေတဲ့ သူတွေအားလုံး မထိန်းနိုင်စွာ တံတွေးမြိုချလိုက်ကြသည်။

ဒါကိုမြင်တော့ ထိုကောင်လေး ရင်တုန်သွားပြီး အရောင်အဝါကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်တော့သည်။

“သခင်လေးလောထျန်း၊ ကျုပ်ကို သန့်စင်ပြီးထဲက ကျုပ်က ဧကရာဇ်ဆေးလုံးအစစ် ဖြစ်မလာနိုင်ခဲ့ဘူး.. အမြဲတမ်းကိုယ့်ကိုယ်ကို တစ်ခုခု လိုအပ်နေတယ်လို့ပဲ ခံစားနေခဲ့ရတာ”

“ဒါပေမဲ့ ရှေ့ရက်က သခင်လေးရဲ့ တိုက်ပွဲကြီးအပြီးမှာ အနက်ရောင်ချီတွေ အများကြီး အပြင်ကို လျှံထွက်သေးတယ်ဗျ၊ ဒါနဲ့ကျုပ်လဲ နဲနဲ စုပ်ယူလိုက်မိတာပေါ့”

“အစကတော့ ကျုပ်လဲ လုပ်မိလုပ်ရာ လုပ်ပြီးသွားမှ အနက်ရောင်ချီနဲ့ မကိုက်ညီမှာကို ကြောက်နေမိသေးတယ်၊ ဒါပေမဲ့ လက်တွေ့မှာ အနက်ရောင်ချီက ကျုပ်ရဲ့ခန္ဓာကိုယ်ကို မထိခိုက်စေတဲ့အပြင် ပိုပြီးတောင် တိုးတက်စေသေးတယ်ဗျ”

“အကြောင်းအရင်းကိုတော့ သေချာ မသိရသေးဘူး.. ဒါပေမဲ့ အနက်ရောင်ချီထဲမှာ ကျုပ်နဲ့ကိုက်ညီတဲ့ တစ်ခုခုရှိနေတယ်၊ အနက်ရောင်ချီ နဲနဲသာ ထပ်ရမယ်ဆိုရင် ကျုပ်

ဧကရာဇ်ဆေးလုံးအစစ် ဖြစ်လာမယ်ထင်တယ်”

“အဲ့ဒီအချိန်ကျ အကုန်လုံးသောက်ဖို့ ကျုပ်ကို ရေ လုပ်ခိုင်းလိုက်၊ ဒါဆို အကုန်လုံးလဲ ပိုသန်မာသွားကြမယ်”

ဧကရာဇ်ဆေးလုံး၏ စကားကို အကုန်လုံး အံ့အားသင့်သွားကြသည်။

အနက်ရောင်ချီကို ထိုကဲ့သို့ အသုံးပြုလို့ ရတာလား..

ဒါပေမဲ့ လောထျန်း တစ်ယောက်သာ အနက်ရောင်ချီက ဘယ်လောက်ကောင်းလဲ သိလေသည်။

လောထျန်း အများကြီးမပြောတော့ပဲ ခေါင်းညိတ်ပြလိုက်ပြီး

“ကောင်းပြီ၊ မင်း လိုက်လို့ရတယ်”

ဧကရာဇ်ဆေးလုံး အောင်မြင်စွာ အဆင့်တက်နိုင်လျှင် သူ့အတွက်လည်း ကောင်းသည်။

တစ်ခြားသူတွေလည်း လိုက်ခဲ့ချင်ကြပေမဲ့ လောထျန်းက ငြင်းလိုက်တော့သည်။

“အားလုံးပဲ.. တားမြစ်နယ်မြေက ကစားကွင်း မဟုတ်ဘူး။ မင်းတို့တွေ လိုက်လာလဲ မင်းတို့ရဲ့ ကျင့်ကြံမှုက ကျုပ်အတွက် အကူအညီ အများကြီးမဖြစ်ဘူး၊ အဲ့ဒီအစား ဒီမှာကောင်းကောင်း ကျင့်ကြံနေကြပါ၊ ကျုပ်မကြာခင် ပြန်လာခဲ့မယ်။ အေး.. ကျုပ်ပြန်လာလို့မှ မင်းတို့တွေ မတိုးတက်သေးရင်တော့.. အဲ့ကျ ကျုပ်နဲ့ တွေ့ပြီပဲ”

လောထျန်း ခပ်ဆတ်ဆတ် ပြောလိုက်သည်။

ပြီးသည်နှင့် လောထျန်းက ဧကရာဇ်ဆေးလုံး၊ နဂါးကျောက်တုံးနဲ့ ထျန့်ကျီတောင်သခင်ကြီးကို ခေါ်ပြီး ချက်ချင်း ပျောက်ကွယ်သွားလေသည်။

လောထျန်း ထွက်သွားပြီးတာနဲ့ နေရာတစ်ခုလုံး တိတ်ဆိတ်သွားပြီး အကြာကြီးနေမှသာ လောရုံက လက်သီးကို တင်းတင်းဆုတ်ရင်း အော်ပြောလိုက်သည်။

“ကျုပ် သွား ကျင့်ကြံပြီ”

သူက ပြောပြီးတာနှင့် လှည့်ထွက်သွားလိုက်သည်။

“ကျုပ်လဲသွားပြီ..”

“ငါရော…”

တစ်ယောက်ပြီး တစ်ယောက် ထွက်သွားခဲ့ကြပြီး… ထိုသို့ဖြင့် လောဖန်းနှင့် လူနည်းစုသာ ကျန်ရစ်ခဲ့သည်။

“ဒီလူတွေ ဘာဖြစ်နေကြတာလဲ”

အဖိုးအိုတစ်ဦးက လောဖန်းကို အနည်းငယ် အံ့သြစွာကြည့်လိုက်ရင်း မေးလာ၏။

လောဖန်း သက်ပြင်းသာ ချလိုက်သည်။

“သူတို့ကို နားလည်ပေးလို့ရပါတယ်”

“ဟမ်” ထိုလူကြီး ရှုတ်ထွေးနေဆဲပင်။

ထို့ကြောင့် လောဖန်း ဆက်ရှင်းပြလိုက်သည်။

“လောမိသားစုကို ဒီ နှစ်တွေ တစ်လျှောက်လုံးမှာ ထျန်းအာတစ်ယောက်ထဲ ​ကာကွယ်ပေးခဲ့ရတာ၊ အကုန်လုံးက ထျန်းအာကို ဝန်မပိစေချင်လို့ ပိုသန်မာအောင် ကျင့်ကြံချင်ကြတယ်”

“အခု ထျန်းအာ တားမြစ်နယ်မြေနဲ့ သွားတိုက်ခိုက်တဲ့အချိန် သူတို့ရဲ့ နိမ့်ကျတဲ့ ကျင့်ကြံမှုကြောင့် မကူညီနိုင်ခဲ့ကြဘူး။ အကုန်လုံး စိတ်ထဲခံပြင်းသွားပြီး ဒါမျိုး ဖြစ်သွားကြတာပဲ”

လောဖန်းက ပြုံးလိုက်ပြီးမှ ဆက်ပြောလိုက်သည်။

“ဒါလဲ ကောင်းတာပါပဲ၊ ဒါမျိုးစိတ်တက်ကြွ​နေရင် သူတို့တွေ မြန်မြန် တိုးတက်တာပေါ့၊ မိသားစုက ပိုသန်မာလာရင် ထျန်းအာအတွက် အကူအညီရတယ်”

လောဖန်းသည် ကောင်းကင်ဘုံကို မျှော်ကြည့်လိုက်လေ၏။

သိပ်မကြာခင်ကအထိ သူသည် လောမိသားစုကို အင်အားကြီးအိမ်တော် တစ်ခုဟု ထင်နေခဲ့မိသေးသည်.. အပေါ်ကမ္ဘာကို ရောက်လာသည့်တိုင် သူ့အတွေးက မပြောင်းခဲ့ပေ။

သို့သော် အရှုတ်အထွေးနိုင်ငံတော်ကို သွားခဲ့သည့် ခရီးစဥ်နှင့် ခရီးစဥ်ကအပြန် နမိတ်ဆိုး၏ ကျူးကျော်ခံရမှုအပြီးမှာ သူရုတ်တရက် အမြင်ကျယ်သွားခဲ့ရသည်။

လောမိသားစုက အပေါ်ကမ္ဘာမှာ နံပါတ်တစ် အိမ်တော်တစ်ခုဟု ပြောနိုင်လျှင်တောင်မှ ဒါတွေအားလုံးက လောထျန်းရှိနေလို့သာ ဖြစ်သည်။

လောထျန်းကိုသာ ဖယ်ထားလိုက်လျှင် သူတို့တွေက သာမာန်သူတွေထက် နဲနဲလောက် ပိုသန်မာသွားရုံအပြင် ဘာမှ မထူးခြားသွားဘူး.. သူတို့က အရမ်းအားနည်းလွန်းသေးသည်။

“ကျုပ်လဲ တံခါးပိတ်ကျင့်ကြံတော့မယ်”

လောဖန်း ချက်ချင်း လှည့်ထွက်သွားလေတော့သည်။

ဒီတစ်ခေါက်မှာ အရှုတ်အထွေးမြို့တော်တစ်ခုလုံး တံခါးပိတ် ကျင့်ကြံလိုက်ကြသည်။

ထိုအချိန်.. မိုင်ပေါင်းသိန်းချီ ဝေးကွာသော နေရာ၌ လောထျန်းနှင့် ကျန်တဲ့သူတွေက လေထဲမှာ ခရီးနှင်နေကြဆဲပင်။

သူတို့၏အရှေ့၌ ကောင်းကင်နှင့် ​မြေကြီးကို ပိုင်းခြားထားသော မြူခိုးထုကြီးရှိနေသည်။

“ကမ္ဘာခြားအတားအဆီး”

လောထျန်းက လက်ထဲက မြေပုံကိုကြည့်ပြီး ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။

မြေပုံထဲက ကမ္ဘာခြားအတားအဆီး၏ တည်နေရာက ဒီနေရာပဲ..

“ကျုပ်ကို ကိုင်ထားကြ၊ ကျုပ်ခေါ်သွားမယ်”

လောထျန်း ပြောလိုက်သည်နှင့် ထိုသုံးယောက်လုံးက သူ့ကိုတွယ်ချိတ်လိုက်ကြသည်။

လောထျန်း တိုက်ရိုက်ပဲ ကောင်းကင်ဘုံလှုပ်ရှားမှုသိုင်းကို အသက်သွင်းလိုက်၏။

ဝူး

ချက်ချင်းပဲ လောထျန်း၏ပုံရိပ်က ပျောက်ကွယ်သွားသည်။

ဘိ

နောက်တစ်စက္ကန့်တွင် တစ်ဖက်ကမ္ဘာ၌ ဟင်းလင်းပြင်တံခါးပေါက်တစ်ခု ပွင့်လာခဲ့သည်။

ဘုန်း

ထိုသို့ဖြင့် တောင်တန်းတစ်နေရာ၌ လောထျန်း၏ ပုံရိပ်က ပြန်ပေါ်လာခဲ့လေသည်။

“ဟမ်၊ ငါအောင်မြင်သွားတာလား”

လောထျန်း လှည့်ပတ်ပြီးကြည့်လိုက်သော်လည်း နေရာတစ်ခုလုံးက သူနှင့်ရင်းနီး မနေပေ။

“ဒါဘာနေရာလဲ”

လောထျန်း ရှုတ်ထွေးလာသည်။

ထိုအချိန်မှာပဲ..

“ဟဟ၊ နတ်ဆိုးကောင်၊ မပြေးနဲ့”

အဝေးမှအသံတစ်ခု ကြားလိုက်ရပြီး

ဝုန်း

လေပြင်းတစ်ချက် ဆောင့်တိုက်လို့ အပြီးမှာပဲ ခန္ဓာကိုယ်အကြီးကြီးတစ်ခုက သူ့ရှေ့မှာ ပိတ်ရပ်လာသည်.. ထိုအရာက သားရဲခန္ဓာကိုယ်ကြီး ဖြစ်ပြီး သူ့ဆီအပြေးလာနေသောကြောင့် လောထျန်း ထိတ်လန့်သွားသည်။

နတ်ဆိုးသားရဲ၏ ခန္ဓာကိုယ်က သွေးများစီးကျနေတာများ… မြင်မကောင်းတော့ပေ။

သို့ပေမဲ့ သားရဲ၏ မျက်လုံးက စိတ်ရူးဖောက်သွားသလို ရဲရဲတောက်နေသည်။

“ဟေ့လူ၊ မြန်မြန်ဖယ်လေ”

သားရဲကြီး၏ အနောက်ဘက်က ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

သို့ပေမဲ့ လောထျန်းက ထွက်မပြေးသလို၊ ရှောင်လဲမရှောင်ဘဲ ပြေးလာနေသော သားရဲကောင်ကိုသာ ပြူးကြောင်ကြောင် ကြည့်နေလိုက်သည်။

“သေစမ်း”

ထိုအချိန်မှ သားရဲကောင်က လောထျန်းကို မြင်သွားဟန်ရှိပြီး လောထျန်းကို ဂရုမစိုက်ဘဲ စိတ်ရူးဖောက်ကာ တိုက်ခိုက်ဖို့ ပြင်လိုက်၏။

ဒါကိုမြင်တော့ လောထျန်း မျက်မှောင်ကြုတ်သွားတော့သည်။

ဘာတွေဖြစ်နေတာလဲ..

သူ အခုမှနေရာကူးပြောင်းပြီး ရောက်လာတာကို ဒီကောင်က သူ့ကိုစားချင်နေတာလား။

ဒီကောင် သေချင်နေတာလား။

လောထျန်း၏ မျက်လုံးထဲ ရွှေရောင်အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး လက်တစ်ဖက် ​မြှောက်လိုက်တော့သည်။

ဘုန်း

လောထျန်း၏ ရွှေရောင်လက်ဝါးကြီးက သားရဲကောင်ကို ဖိချကာ ဘေးကိုတွန်းလွှတ်လိုက်၏။

ဘုန်း

သားရဲကောင်၏ ခြေထောက်လေးချောင်းလုံးက ဘေးကို ကားထွက်ပြီး မြေပြင်မှာ ပြားကပ်သွားကာ စက္ကန့်ပိုင်းအတွင်း သေဆုံးသွားလေတော့သည်။

ဝူး ဝူး ဝူး

သားရဲကောင်၏ အနောက်ကို လိုက်နေကြသော လူတွေအားလုံးလည်း ရပ်တန့်သွားပြီး လောထျန်းကို အလွန်မှင်သက်စွာ ကြည့်လိုက်ကြသည်။

“သခင်ကြီးရေ.. မီးတောဝက်ကို တကယ် ဘာနည်းလမ်းနဲ့များ သတ်ပစ်လိုက်တာလဲဟင်”

မျက်နှာချင်းဆိုင် လူအုပ်ထဲက ခေါင်းဆောင် ဖြစ်ဟန်ရသူက လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်ဟန်ပြုရင်း မေးလာခဲ့သည်။

“မီးတောဝက် ဟုတ်လား”

ထိုအချိန်မှသာ သူ၏ မျက်စိရှေ့မှာလဲကျနေသော အကောင်က နှာခေါင်းမှ မီးခိုးငွေ့များထုတ်နေသော မီးတောဝက်မှန်း လောထျန်း သတိထားမိလိုက်သည်။

……

All Chapters