← Chapters

အခန်း (၁၀၈၅-၁၀၈၆)

Vol. 73 Ch. 1085-1086

အခန်း (၁၀၈၅-၁၀၈၆)

Vol. 73 Ch. 1085-1086

Ch 1085

(ကျိလန်ဖယ်ထုတ်ခြင်းပွဲ)

“အဲ့ဒီတုန်းက ကယ်တင်ရှင်က တစ်ခြားဒေသကလာတဲ့ လူသားမျိုးနွယ် မသေမျိုးဘုရင်ပဲ.. သူက နေမင်းကိုးသွယ်မသေမျိုးဘုရင်ရဲ့ ရက်စက်တဲ့နည်းလမ်းတွေကို.မြင်ပြီး တားဖို့ကြိုးစားခဲ့တယ်”

ဝေ့လင်ယွီ၏ မျက်လုံးထဲမှာ အလင်းတစ်ချို့ ဖြတ်ပြေးသွားသလို ကျန်တဲ့သူတွေလည်း မျှော်လင့်ချက်များ ပြန်ဝင်လာကြသည့်အတွက် ဝမ်းနည်းမှုတို့ လွင့်စင်သွားခဲ့သည်။

“သူက ကျွန်မ မြင်ဖူးသမျှထဲမှာ အသန်မာဆုံး လူသားပဲ၊ ဝူရန်စီရင်စုတစ်ခုလုံး ပျက်ဆီးခါနီး အချိန်မှာ သူကအရှေ့ကနေ ကာကွယ်ပေးခဲ့တယ်.. မိစ္ဆာနတ်ဘုရားနန်းတော်ရဲ့ မိစ္ဆာနတ်ဘုရားကတောင်မှ သူ့ကို မတိုက်နိုင်ဘူး”

လောထျန်း ခပ်ဖွဖွ ခေါင်းညိတ်လိုက်ကာ

“နောက်ဘယ်လို ဆက်ဖြစ်သွားလဲ”

ဝေ့လင်ယွီ သက်ပြင်းချလိုက်ကာ ဆက်ပြော၏။

“နောက်တော့ ဒီကိစ္စကို နေမင်းကိုးသွယ်မသေမျိုးဘုရင် ကြားသွားတယ်။ သူချက်ချင်း ရောက်လာပြီး တိုက်ကွက်တစ်ခုထဲနဲ့ ကျွန်မတို့ရဲ့ မသေမျိုးဘုရင်ကို အပြင်းအထန်ထိခိုက်အောင် လုပ်ပစ်ခဲ့တယ်”

ဝေ့လင်ယွီ၏ မျက်နှာထက်မှာ ခါးသီးနာကျင်မှုတို့ တဖန်ပြန်လည် ဝင်ရောက်လာခဲ့သည်။

လောထျန်း ခပ်ဖြည်းဖြည်း ခေါင်းညိတ်လိုက်ပါ၏။

မသေမျိုးဘုရင်တစ်ယောက်နှင့် ဆယ်ဘွဲ့ရမသေမျိုးဘုရင်တစ်ယောက်၏ ကွာခြားချက်ကို သူ ကောင်းကောင်းသိပါသည်။ သာမာန်မသေမျိုး ဘုရင်တစ်ယောက်က ဆယ်ဘွဲ့ရမသေမျိုးဘုရင်တစ်ယောက် အရှေ့မှာ အခွင့်အရေးတစ်ခုတောင် ရမှာ မဟုတ်ဘူး။

ဝေ့လင်ယွီက ဆက်ပြောလိုက်၏။

“ဒါပေမဲ့ နေမင်းကိုးသွယ်မသေမျိုးဘုရင်က ကျွန်မတို့မသေမျိုးဘုရင်ရဲ့ နောက်ခံကို သတိထားလို့ဖြစ်မယ်ထင်တယ်.. မိစ္ဆာနတ်ဘုရားနန်းတော်ကို စမ်းသပ်ပွဲ ရပ်ဖို့ အမိန့်ပေးလိုက်ပြီးတော့ အနာဂတ်မှာ ဝူရန်စီရင်စုကို ထပ်မတိုက်ဖို့ ပြောခဲ့တယ်”

“ ဒါပေမဲ့ ရလဒ်အနေနဲ့ အရှက်ကွဲသွားပါပြီဆိုပြီး မိစ္ဆာနတ်ဘုရားနန်းတော်က ကျွန်မတို့ ဝူရန်စီရင်စုကို အမုန်းကြီး မုန်းသွားတာပေါ့ရှင်”

“နေမင်းကိုးသွယ်မသေမျိုးဘုရင်ရဲ့ အမိန့်ရှိနေတော့ သူတို့က ကျွန်မတို့ကို တိုက်ရိုက် မတိုက်ခိုက်ရဲပေမဲ့ နောက်ကွယ်ကနေ တောက်လျှောက်လှုပ်ရှား နေကြတယ်”

“ ဒီသုံးနှစ်အတွင်း သူတို့တွေက ပိုင်ရှင်မဲ့ သားရဲကောင်တွေ လွှတ်ပေးပြီး သတ်ခိုင်းတယ်.. ဒါမှမဟုတ် အပြင်ထွက်မိတဲ့ သူတွေဆိုလဲ ကျင့်ကြံသူဖြစ်ဖြစ်၊ သာမာန်လူသားဖြစ်ဖြစ် ရတဲ့သူကို သတ်ပစ်ကြတာပဲ”

“သားရဲကောင်တွေကြောင့် စီရင်စုက တော်တော် အထိနာလာတော့ ကျွန်မတို့တွေ အုပ်စုခွဲပြီး အဲ့ဒီပိုင်ရှင်မဲ့သားရဲတွေကို သတ်ဖို့ကြိုးစားကြတယ်.. ဒီနေ့ မထင်မှတ်ပဲ ဒီလိုဖြစ်သွားခဲ့တာပဲ”

ဝေ့လင်ယွီက သက်ပြင်းချလိုက်ပြီး ဆက်ပြောလေသည်။

“ဒီမီးတောဝက်ကလဲ ဆင်ခြေတစ်ခုပဲ၊ သခင်လေး ဒီကောင့်ကိုမသတ်လိုက်ရင်တောင်မှ သူတို့တွေ နောက်ထပ်အကြောင်းအရင်းရှာပြီး ဝူရန်စီရင်စုကို သတ်ကြအုံးမှာ၊ သခင်လေး မြန်မြန်သွားပါတော့.. ဒါဆို သခင်လေး လွတ်မြောက်နိုင်တယ်”

သူမက လောထျန်းကိုထွက်သွားဖို့ရန် အတွက် လက်တစ်ဖက်ယမ်းကာ အချက်ပြလိုက်သည်။

လောထျန်းတစ်ယောက် ထိုစကားကြောင့် မျက်မှောင်တင်းတင်း ကြုတ်နေလေ၏။

အရှေ့ကလူတွေသာ သူ့ကိုအစောကလို အပြစ်တင်ခဲ့ကြလျှင် သူတကယ် ထွက်သွားမှာဖြစ်သည်။

သို့ပေမဲ့ ဝေ့လင်ယွီကြောင့် သူအနည်းငယ် တွန့်ဆုတ်သွားသည်။

“ကျုပ်မသွားဘူး” လောထျန်း ပေါ့ပါးစွာ ပြောလိုက်တော့၏။

“ဟမ်” ဝေ့လင်ယွီ ထိုစကားကြောင့် အံ့သြသွားသည်။

မသွားဘူးဟုတ်လား..

အဲ့ဒါဘာကိုဆိုလိုတာလဲ..

သူမက လောထျန်းကို အံ့သြတကြီးကြည့်လိုက်ပြီး ပြောလာ၏။

“သခင်လေး ရှင်ဘာပြောနေလဲဆိုတာကို သိရဲ့လား၊ အခုမသွားရင် ရှင် ဝူရန်စီရင်စုမှာ သေဆုံးသွားလိမ့်မယ်နော်”

လောထျန်းက လက်တစ်ဖက်သာ ယမ်းပြလိုက်သည်။

“ဘယ်လိုဆိုဆို၊ ဒီကိစ္စက ကျုပ်ကြောင့် စခဲ့တာဖြစ်လို့ အကုန်လုံးနဲ့ အတူ ရင်ဆိုင်ပေးမယ်”

ထိုစကားကြောင့် ပတ်ဝန်းကျင်ကသူတွေ၏ အကြည့်ပင် အနည်းငယ် ကွဲပြားသွားခဲ့သည်။

မုန်းတီးမှုမှတစ်ဆင့် လေးစားမှုအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲသွားကြ​​လေသည်။

အကုန်လုံး၏ အမြင်မှာတော့ လောထျန်းက ဘယ်လိုနေနေ သေမှာပဲ။

အထူးသဖြင့် သူက မိစ္ဆာနတ်ဘုရားနန်းတော်၏ ကျွမ်းကျင်ဂိုဏ်းသားတစ်ယောက်ပိုင်သော ကိုယ်ပွားနှင့်သားရဲကို ဖျက်ဆီးခဲ့သူပင်။

မိစ္ဆာနတ်ဘုရားနန်းတော်ဆီမှာ အဖမ်းခံရလျှင် လောထျန်းကို သေလောက်အောင် နှိပ်စက်ကြလိမ့်မည်။

ဒါကိုတောင်မှ လောထျန်းက သူတို့နှင့်အတူ ရင်ဆိုင်ဖို့ရွေးချယ်ခဲ့လေ၏။

“သခင်လေးလောထျန်း၊ ကျွန်တော် အစောပိုင်းက မျက်ကန်းဖြစ်သွားပြီး အပြစ်တင်ပြောဆိုခဲ့မိပါတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါဗျ”

အစောပိုင်းက စွပ်စွဲခဲ့သူက ချက်ချင်းပဲ တောင်းပန်သည့်အနေဖြင့် ကိုယ့်ပါးကိုယ် ချလိုက်လေ၏။

“ဟုတ်တယ်၊ ကျွန်တော်တို့လဲ တောင်းပန်ပါတယ်”

ထိုသို့ဖြင့် တစ်ယောက်ပြီးတစ်ယောက် တောင်းပန်စကားဆိုလိုက်ကြသည်။

ဒါကိုမြင်တော့ လောထျန်း ခပ်ဖွဖွ ပြုံးလိုက်လေသည်။

သူ့မျက်စိရှေ့က သူတွေက အနည်းငယ် မျက်စိပသာဒ ဖြစ်စရာကောင်းလာသလို ခံစားလိုက်ရသည်။

“အားလုံး စိတ်မပူကြပါနဲ့၊ မိစ္ဆာနတ်ဘုရားနန်းတော်က ဘာမှ မလုပ်လောက်ဘူး”

လောထျန်း ခပ်ပြုံးပြုံး နှစ်သိမ့်လိုက်သည်။

သို့သော် လူတစ်ယောက်က ခေါင်းယမ်းရင်း ဝင်ပြောလာ၏။

“သခင်လေးက ချင်းယွမ်ဒေသက လာတာမလို့ ဒီမိစ္ဆာတွေရဲ့ ရက်စက်တဲ့ဗီဇကို မသိသေးတာပါ။ ဒီကောင်တွေက ကျုပ်တို့ကို အလွတ်ပေးမှာ မဟုတ်ဘူးဗျ”

လောထျန်း ဘာမှပြန်မပြောခဲ့ပေ။

ထိုအချိန်မှာပဲ..

ဘိ

ဝေ့လင်ယွီ၏ အသံလွှင့်အဆောင်ကျောက်ပြားက ရုတ်တရက် အလင်းထုတ်ပေးလာ၏။

“ဟမ်”

ဝေ့လင်ယွီ လန့်သွားပြီး ကျောက်ပြားကို ချက်ချင်း အသက်သွင်းလို​က်သည်။

နောက်တစ်စက္ကန့်မှာ အကုန်လုံး၏ မျက်လုံးရှေ့ကို ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

“သခင်မဝေ့၊ မကောင်းတာဖြစ်သွားတယ်”

ထိုပုံရိပ်၏မျက်နှာက ကြောက်ရွံ့မှုတို့ အပြည့် ဖုံးလွှမ်းနေလေ၏။

“ဘာမကောင်းတာဖြစ်သွားတာလဲ” ဝေ့လင်ယွီ မျက်မှောင်ကြုတ်လိုက်သည်။

“မိစ္ဆာနတ်ဘုရားနန်းတော်.. သူတို့ဘက်က ကျုပ်တို့ကိုသတ်ဖို့ အမိန့်ပြန်ချက်ထုတ်လိုက်ပြီ။ ပြီး နယ်စပ်တွေကိုလဲ အကုန်ပိတ်ထားကြတာ.. ကျုပ်တို့တစ်ယောက်မှ မလွတ်မြောက်နိုင်တော့ဘူး”

“ဘာ၊ ဒီလောက်မြန်တယ်လား”

ဝေ့လင်ယွီ ချက်ချင်း သတိကပ်သွားလေသည်။

ဒီဘက်မှာ ကိုယ်ပွားသေဆုံးသွားတာမှ မကြာသေးဘူး.. တစ်ဖက်က အမိန့်ပြန်တမ်းနှင့် စီရင်စုတစ်ခုလုံးကို ပိတ်ဆို့ပြီးနေပြီ။

ကြည့်ရတာ မိစ္ဆာနတ်ဘုရားနန်းတော်က ဝူရန်စီရင်စုကို ဖျက်ဆီးဖို့ အစီအစဥ်ဆွဲထားတာ ကြာနေပြီဖြစ်ပုံရသည်။

“ဒါဆို နေမင်းကိုးသွယ်မသေမျိုးဘုရင်ကကော.. ကျွန်မတို့ကို မတိုက်ခိုက်ဖို့ သူအမိန့်ထုတ်ထားတယ် မဟုတ်ဘူးလား”

ထိုသူက ခါးသက်စွာပြုံးလိုက်တော့၏။

“ကျုပ်တို့ လှမ်းပြီးသတင်းပို့ပြီးပါပြီ”

“အဲ့တော့ သူတို့တွေဘာပြန်ပြောသလဲ”

ဝေ့လင်ယွီ၏ မျက်လုံးထဲမှာ မျှော်လင့်ချက်တစ်ချို့ ရှိနေဆဲပင်။

“အဲ့ဒီလူတွေပြန်ပြောတာက.. ဒီတစ်ခေါက် မိစ္ဆာနတ်ဘုရားနန်းတော်က လက်စားချေဖို့လာတာဖြစ်ပြီး စမ်းသပ်ပွဲ အတွက် မဟုတ်တာမလို့ စည်းမျဥ်းနဲ့ ကိုက်ညီပါတယ်တဲ့”

“ဘာ”

အကုန်လုံးဆူညံပွက်လော ရိုက်ကုန်ကြသည်။

သူတို့တွေစိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားကြသော်လည်း တကယ် ကြားလိုက်ရချိန်မှာ ထိုသတင်းက အကုန်လုံးအတွက် မသက်သာခဲ့ပေ။

ဝူရန်စီရင်စုက တကယ်အဆုံးသတ်တော့မှာလား။

ထို့အပြင် နယ်စပ်ကိုပါ ပိတ်ထားသည့်အတွက် သူတို့က တစ်ယောက်ကိုမှ အလွတ်မပေးပဲ အကုန်လုံးကို သတ်ပစ်ဖို့ လုပ်ထားပုံပင်။

တစ်ဖက်လူက ဆက်ပြောလာခဲ့သည်။

“ဒါပေမဲ့ မိစ္ဆာနတ်ဘုရားနန်းတော်က မသေမျိုးဘုရင်ကို စိတ်ပူလို့ အကြံတစ်ခု လုပ်ထားတဲ့ပုံပါပဲ”

“ဘာအကြံလဲ”

ဝေ့လင်ယွီ ချက်ချင်းမေးလိုက်သည်။

“ သူတို့က ပြောတယ်။ ဒါက လက်စားချေတာဖြစ်တဲ့အတွက် ကျိလန်ဒေသရဲ့စည်းမျဥ်းအတိုင်း ဆောင်ရွက်ရမယ်၊ ဒါကြောင့် ကျိလန်ဖယ်ထုတ်ခြင်းပွဲကို ကျင်းပပါမယ်တဲ့၊ ကျုပ်တို့နိုင်ရင် ကျုပ်တို့ကိုရှင်သန်ခွင့်ပေးမယ်။ ရှုံးရင် အကုန်လုံးကို ဖျက်ဆီးပစ်မယ်လို့ ပြောသွားတယ်”

အကုန်လုံးထပ်မံ ဆူညံသွားကြပြန်သည်။

“ချီးပဲ.. ကျိလန်ဖယ်ထုတ်ခြင်း ဟုတ်လား။ ဒါလုံးဝ မတရားဘူး”

“ သူတို့က ကျုပ်တို့ကို ဖျက်ဆီးဖို့အတွက် ဒီလိုလှည့်ကွက်တွေပါ သုံးနေကြတယ်”

“ဝူရန်စီရင်စုက သေချာပေါက် ပျက်ဆီးပြီပဲ”

အကုန်လုံး ငိုးကြွေးလိုက်ကြသည်.. ဝေ့လင်ယွီ၏ မျက်နှာပင် စိတ်ပျက်ညိုးငယ်နေလေ၏။

လောထျန်းတစ်ယောက်သာ ရှုတ်ထွေးစွာ မေးခွန်းထုတ်လိုက်သည်။

“ကျိလန်ဖယ်ထုတ်ခြင်းဆိုတာ ဘာလဲ”

သူက အခုမှ ကျိလန်ဒေသကို စရောက်ဖူးတာဖြစ်တော့ ဘာကိုမှ နားမလည်သေးပေ။

တစ်ဖက်က ဝေ့လင်ယွီက ခါးသီးသော အပြုံးတစ်ခုနှင့် ရှင်းပြပေးလိုက်ပါသည်။

“ကျိလန်ဖယ်ထုတ်ခြင်းပွဲ ဆိုတာက နှစ်ဖက်လုံးကနေ လူကိုးယောက်ဆီ လွှတ်ရမယ်။ အဲ့လူတွေ တစ်ယောက်ချင်းတိုက်ခိုက် ကြရမှာ၊ တစ်ဖက်က လူအကုန်ကုန်သွားတဲ့အထိ…”

…….

Ch 1086

(သခင်ကျို့ကုန်း)

“ပွဲအဆုံးသတ်သွားတဲ့အချိန်မှာ လူကုန်သွားတဲ့ဘက်က ရှုံးတဲ့ဘက်အဖြစ် သတ်မှတ်ခံလိုက်ရပြီး အနိုင်ရတဲ့သူရဲ့ စကားကိုလိုက်နာရမယ်.. ဒါက သူတို့တွေ အသုံးများတဲ့နည်းလမ်းတစ်ခုပဲ၊ အခုလဲ အဲ့ဒီနည်းလမ်းကြီးကို အသုံးပြုလာပြန်ပြီ”

ဝေ့လင်ယွီ၏ မျက်နှာကို အလွန်စိတ်ဆင်းရဲ နေဟန်ပဲ။

အသံလွှင့်အဆောင်ကျောက်ပြား တစ်ဖက်က လူက လောထျန်းကို တစ်ချက်ကြည့်လိုက်ပြီး ဝေ့လင်ယွီကို လှမ်းပြောလိုက်သည်။

“ဒေါ်လေးဝေ့၊ စီရင်စုအရှင်က ဒေါ်လေးကို ချက်ချင်း.လာခဲ့ခိုင်းလိုက်တယ်”

ဝေ့လင်ယွီ အသက်ပြင်းပြင်းရှုပြီး ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ၊ ကျွန်မအခု လာပြီ”

ထိုပုံရိပ်က ခေါင်းညိတ်ပြပြီးသည်နှင့် ပျောက်ကွယ်သွားသည်။

ဝေ့လင်ယွီက ချက်ချင်းပဲ အနောက်လှည့်ကာ ပြောလိုက်၏။

“အားလုံးပဲ၊ ကျိလန်ဖယ်ထုတ်ခြင်းပွဲမှာ ပါဖို့အတွက် ကျွန်မအခု ပြိုင်ပွဲကွင်းပြင်ကို သွားတော့မယ်။ အကုန်လုံးလဲ ပြန်သင့်ပြီ.. အိမ်ပြန်ပြီး မိသားစုနဲ့ တွေ့တာဖြစ်ဖြစ်၊ လွတ်မြောက်ဖို့ ကြိုးစားတာဖြစ်ဖြစ်၊ ဒါမှမဟုတ် ပုန်းခိုဖို့လုပ်တာဖြစ်ဖြစ်၊ အကုန်လုံး သဘောရှိသလို ဆောင်ရွက်ကြပါ”

သူမ၏ စကားဆုံးသည်နှင့် ဘေးမှာရှိနေသော လူအိုကြီးက ချက်ချင်း ထပြောလိုက်သည်။

“ကျုပ် အတူလိုက်ခဲ့မယ်”

“ကျုပ်ကောပဲ..”

“ကျုပ်တို့က အဖွဲ့သားတွေပဲ၊ ဒေါ်လေးဝေ့ကို တစ်ယောက်ထဲ မလွှတ်နိုင်ဘူး”

တစ်ယောက်ချင်းဆီ၏ ပြောစကားတွေကို.နားထောင်ရင်း ဝေ့လင်ယွီ၏ မျက်နှာက ပျက်သထက်ပျက်လာကာ နောက်ဆုံးမှာ ခပ်ဆတ်ဆတ် အော်ဟစ်လိုက်တော့သည်။

“အဓိပ္ပါယ်မရှိတာ”

ထိုမှသာ အကုန်လုံးပါးစပ်ပိတ်သွားလေ၏။

ဝေ့လင်ယွီ ထိုမှ ဆက်ပြောလိုက်သည်။

“ခင်ဗျားတို့ရဲ့သန်မာမှုနဲ့ လိုက်လာရင်လဲ အကူအညီမဖြစ်ဘူး။ နောက်ဆုံးအနေနဲ့ မိသားစုကို မတွေ့ပဲနဲ့ သေဆုံးချင်ကြလို့လား။ ကျွန်မပြောသလိုလုပ်ပါ.. ရှင်တို့ အသက်ရှင်ရင် ရှင်မှာပါ”

အစောက အဘိုးအိုက သက်ပြင်းတစ်ချက် ချလိုက်ပြီး ဝင်ပြောလိုက်သည်။

“ ဒါဆိုမင်းကကော.. မင်း သေမှာလေ”

ဝေ့လင်ယွီ၏ မျက်နှာက တွန့်လိမ်သွားပြီး အံကြိတ်ကာပြောလိုက်၏။

“ကျွန်မက ဝူရန်စီရင်စုရဲ့ ထိပ်သီးဆယ်ယောက်ထဲက တစ်ယောက်ပဲ။ ကျွန်မ သွားမှဖြစ်မယ်.. ကျွန်မ သေရမယ် ဆိုရင်တောင်မှ အဲ့မိစ္ဆာကောင်တွေကို ကျွန်မတို့လူသားမျိုးနွယ်တွေက ငကြောက်တွေမဟုတ်မှန်း ပြပေးခဲ့မှာ”

သူမ၏ သူရဲကောင်းဆန်သော စကားကြောင့် လောထျန်း မနေနိုင်စွာဖြင့် သူမကိုနောက်တစ်ကြိမ် ထပ်ကြည့်မိသွားသည်။

သူမက သေရမှာသိရက်နှင့်တောင်မှ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ခဲ့သည်။ သူမ၏ မွန်မြတ်သောစိတ်ထားက လေးစားဖွယ်ပင်။

ထိုအချိန်မှာပဲ ဝေ့လင်ယွီက အကုန်လုံးကို လှည့်ကြည့်လိုက်သည်။

“ကောင်းပြီ..သွားကြတော့။ ဒါအမိန့်ပဲ”

အကုန်လုံး လက်သီးကိုတင်းနေအောင် ဆုတ်လိုက်ကြပါသည်။

အကြာကြီးနေပြီးနောက်မှ အဖိုးအိုက အရင်ဆုံး လက်နှစ်ဖက်ယှက် အရိုအသေပေးလိုက်ကာ

“အမိန့်အတိုင်း လိုက်နာပါ့မယ်”

ကျန်တဲ့သူတွေလည်း အချင်းချင်း အကြည့်ဖလှယ်ပြီးနောက် အကုန်လုံး.ထွက်သွားလိုက်ကြသည်။

ထိုမှသာ ဝေ့လင်ယွီ အနည်းငယ် စိတ်သက်သာသွားပြီး လော့ထျန်းဘက်ကို လှည့်ကြည့်လိုက်သည်။

“သခင်လေးလောထျန်း၊ ကျွန်မအရင်က ပြောခဲ့သလိုပဲ.. ဂရုစိုက်ပါရှင့်”

သူမက ပြောပြီးသည်နှင့် ထွက်သွားဖို့ ပြင်လိုက်သည်။

သို့သော်ထိုအချိန်မှာပဲ လောထျန်း ပြောလိုက်၏။

“နေပါအုံး”

“ဟမ်၊ သခင်လေး ပြောစရာရှိသေးလို့လား”

“အဲ့ဒီ.. ကျိလန်ဖယ်ထုတ်ခြင်းပွဲဆိုလား.. အဲ့ကို ကျုပ်လဲ အတူလိုက်မယ်”

“ဟမ်..” ဝေ့လင်ယွီ ထိတ်လန့်မှုကြောင့် မျက်မှောင်ကုတ်မိသွား၏။

“သခင်လေး ကျွန်မပြောခဲ့တာတွေကို သေချာ မကြားလိုက်ဘူးလား”

လောထျန်း တည်ငြိမ်စွာ ဖြေပေးလိုက်သည်။

“ကြားတယ်လေ”

“ဒါဆိုဘာလို့…”

ဝေ့လင်ယွီ၏ ရှုတ်ထွေးနေပုံကြောင့် လောထျန်း ပြုံးသွားကာ ပြောလိုက်သည်။

“ ဒီမှာအကြောင်းအရင်း နှစ်ခုရှိတယ်.. ပထမတစ်ခုက ဒီကိစ္စက သူတို့ဘက်က ဉာဏ်ဆင်မှုဆိုပေမဲ့ ကျုပ်ကလဲ ပတ်သတ်ခဲ့မိတဲ့သူပဲ”

ထို့နောက်မှာသူက မြေပြင်ပေါ်မှာလဲနေသော မီးတောဝက်အလောင်းကို ငုံ့ကြည့်လိုက်ပြီး

“ဒုတိယအနေနဲ့ မင်းရဲ့စိတ်ဓာတ်ကို လေးစားတဲ့အတွက် အခုလိုသွားသေမှာကို မကြည့်နိုင်ဘူး”

လောထျန်းက ထို့နောက်မှာ ဝေ့လင်ယွီကို ကြည့်လိုက်သည်။

သူမက ကျင့်ကြံဆင့်မမြင့်သော်လည်း သတ္တိရှိလေ၏။

ထိုအချက်ကပဲ သမိုင်းတစ်လျှောက်မှာ ထျန်းယွမ်ကမ္ဘာကို စောင့်ရှောက်ပေးခဲ့သော သန်မာသည့်ပုဂ္ဂိုလ်များကို ပြန်အမှတ်ရစေမိသည်။

ဒီလိုမျိုးလေးစားစရာ ပုဂ္ဂိုလ်တွေ သွားသေမှာကို သူ ကြည့်မနေနိုင်ဘူး။

သို့သော် သူ့မှာတတိယအကြောင်းအရင်း.ရှိပါသေး၏။

မိစ္ဆာနတ်ဘုရားနန်းတော်ဆိုသည့် နာမည်ကို သူအရမ်းရင်းနီးနေသည့်အတွက် ကိုယ်တိုင် သွားကြည့်ချင်လာလို့ပင်။

ဝေ့လင်ယွီတစ်ယောက် လောထျန်း၏ စကားကြောင့် မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်၏။

“ဒါကအန္တရာယ်များလွန်းတယ်”

လောထျန်း ပြုံးလိုက်လေကာ

“ရတယ်.. ပြီးကျုပ်ကမင်းရဲ့ အဖွဲ့သားမဟုတ်ဘူး။ မင်း ကျုပ်ကို အမိန့်ပေးလို့မရဘူး”

ဝေ့လင်ယွီ အစက အံ့သြသွားသော်လည်း.နောက်တော့ ခါးသက်စွာ ပြုံးလိုက်ကာ ဆက်ပြောလာ၏။

“ကောင်းပါပြီ.. သခင်လေးက စိတ်ပါနေမှတော့ လိုက်ခဲ့နိုင်ပါတယ်”

သူမကပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။

“ခဏလေး” လောထျန်း အော်လိုက်ပြန်သည်။

ဝေ့လင်ယွီ၏ မေးခွန်းတစ်ချို့နှင့် လှည့်ကြည့်လာသော မျက်နှာရှေ့မှာပဲ လောထျန်းက ​​မြေပြင်ပေါ်က မီးတောဝက် အလောင်းကို ပုခုံးထမ်းတင်လိုက်ပြီး မေးဆတ်ပြလိုက်သည်။

“သွားစို့”

ထိုမြင်ကွင်းကြောင့် ဝေ့လင်ယွီ ဆွံ့အသွားသည်။

ဒီလိုအချိန်မှာ လောထျန်းက မီးတောဝက်ကို စဥ်းစားနေတာလား။

သို့သော် သူမ အချိန်မဖြုန်းချင်တော့၍ ဘာမှ မမေးတော့ဘဲ ကောင်းကင်ပေါ် တိုက်ရိုက် ခုန်တက်လိုက်ကာ ကွင်း​ပြင်ရှိရာကို ပျံသန်းသွားလိုက်သည်။

ထိုအချိန်တွင် ပြိုင်ပွဲကွင်းပြင်၏ထိပ်၌ များစွာသော မိစ္ဆာမျိုးနွယ်ဝင်တွေ ဟိုတစ်စု ဒီတစ်စု စုဝေးနေခဲ့ပြီပင်။

ခေါင်းဆောင် မိစ္ဆာကောင်က အဖြူရောင်ဝတ်စုံဝတ်ထားပြီး သူ၏ အနီရောင်ဆံပင်ရှည်ကြီးကို ဖြန့်ချထားသည်။

သူက လေတစ်ဝက်မှာ ဇိမ်ခံစွာမတ်တပ်ရပ်နေရင်း လက်တစ်ဖက်က ဂုတ်ပိုးကို နှိပ်နှယ်လိုက်သည်။ ကျန်တစ်ဖက်က သွေးချင်းချင်းတောက်နေသော လူသားခေါင်းပြတ်တစ်လုံးကို အပေါ်ပစ်လိုက်၊ ဖမ်းလိုက်ဖြင့် ဆော့ကစားနေ၏။

သူ၏ အရှေ့မှာ လူသားဆယ်ယောက်ကျော်က ဒူးထောက်လျက်ရှိနေပြီး ထိုလူတွေအရှေ့မှာ ခေါင်းမပါတော့သော အလောင်းတစ်ခု လှဲနေသည်။

“ဟီးဟီး၊ မင်းတို့လူသားတွေရဲ့ အသန်မာဆုံး ဆယ်ယောက်က ဒါတဲ့လား.. ငါက နှုတ်ဆက်မလို့ကို သူ့ရဲ့ခေါင်းကြီး ပြုတ်ကျလာတယ်လေ၊ ငါအဲ့လောက် အားမသုံးခဲ့ပါဘူး.. ကျွတ်ကျွတ် ပျော့လိုက်တာကွာ”

ထိုမိစ္ဆာကောင်က မျက်လုံးများကျဥ်းမြှောင်းပြီး မြေပြင်ပေါ်က လူအုပ်ကိုကြည့်ရင်း ခပ်ပြုံးပြုံးပြောလိုက်သည်။

အနောက်က မိစ္ဆာသားများထံမှ ကျယ်လောင်သော လှောင်ရယ်သံများ ထွက်ပေါ်လာသည်။

ထိုအသံတွေကြောင့် မြေပြင်ပေါ်က လူသားတွေ ဒေါသထွက်လာသည်..

ဒီကောင်တွေကသူတို့ကို သက်သက် အနိုင်ကျင့်နေတာပဲ။

သို့ပေမဲ့ သူတို့အနေနဲ့ သည်းခံရုံအပြင် ဘာမှ မတတ်နိုင်ဘူး။

“သခင်ကျို့ကုန်း၊ ဒါကျွန်တော်တို့အမှားပါ။ ကျွန်တော်တို့ ဝူရန်စီရင်စုက မိစ္ဆာနတ်ဘုရားနန်းတော်ကို အရှုံးပေးပါတယ်။ ကျွန်တော်တို့ဘက်က လူတွေပို့ပေးပါ့မယ်၊ ဒါပေမဲ့ ဝူရန်စီရင်စုတစ်ခုလုံးကို မသတ်ပစ်လို့ရမလား သခင်ကျို့ကုန်း၊ ကျွန်တော်တို့ကို ရှင်သန်ဖို့ အခွင့်အရေးလေး ပေးပါအုံး”

မြေပြင်ပေါ်က ခေါင်းဆောင်လူသားက ပြောပြီးသည်နှင့် အကြိမ်ကြိမ် ဦးတိုက်လိုက်သည်။

ဒီအခြေအနေရောက်နေလျှင်တောင်မှ သူ၏ မျိုးနွယ်စုဝင်တွေကို ရှင်သန်စေချင်ပါသည်.. သူ သေရမည်ဆိုလျှင်တောင်မှပေါ့။

သို့သော်..

ဝှစ်

သခင်ကျို့ကုန်းက လက်ထဲကခေါင်းကို ဦးတိုက်နေသော လူရှေ့ပစ်လိုက်သည်။

“ဟမ်” ထိုလူ ကြောက်လန့်သွားပြီး လက်တစ်ဖက်နှင့် အလျင်စလို ကာလိုက်ပါသော်လည်း..

ဘန်း

သူ၏လက်နှင့်ဦးခေါင်းနှင့် ထိလိုက်တဲ့အခါမှာပဲ ထိုသူ၏ လက်တစ်ချောင်းလုံး အပိုင်းပိုင်း ဖြစ်သွားသည်။

သို့တိုင်အောင် ဦးခေါင်း၏အရှိန်က မကျသေးဘဲ လက်မှတစ်ဆင့်လက်မောင်းကို ရိုက်ခတ်လိုက်ကာ

ဘန်း

ထိုသူ၏ ခန္ဓာကိုယ်တစ်ခြမ်းလုံးကို မြူခိုးအဖြစ် ပျောက်ကွယ်စေလိုက်သည်။

“အားးး” အလွန်ကျယ်လောင်သော အော်ဟစ်သံကြီးနှင့်အတူ ထိုသူ၏ ခန္ဓာကိုယ်က အရှိန်ကြောင့် မိုင်ပေါင်းများစွာ လွင့်ပျံသွားသည်။

မြေပြင်ပေါ် ပြန်ကျချိန်တွင် သူ၏ ခန္ဓာကိုယ်တစ်ခြမ်းက ပျက်ဆီးသွားခဲ့ချေပြီ..

သူကြောက်လန့်စွာဖြင့် ဒဏ်ရာကိုကုသဖို့ရန် အစွမ်းသုံးလိုက်ပါသော်လည်း ထိုတိုက်ခိုက်မှုက သူ၏အခြေခံကိုပါ ထိခိုက်စေသည့်အတွက် ကုသနိုင်စွမ်းကလည်း ပြင်းထန်စွာ ဆုတ်ယုတ်သွားခဲ့သည်။

……..

All Chapters