အခန်း (၁၀၈၉-၁၀၉၀)
Vol. 73 Ch. 1089-1090
Ch 1089
(လျို့ဝှက်သိုင်း)
ပြင်းထန်စွာ ဒဏ်ရာရသွားသော ချူဖုန်းကို ကြည့်လိုက်ပြီး လဲ့ထျန်၏မျက်နှာက ပူဆွေးသွားတော့သည်။
“မိစ္ဆာနတ်ဘုရားနန်းတော် မင်းတို့တွေ အရှက်မရှိဘူးလား”
သို့သော် တစ်ဖက်က ကျို့ကုန်းက ရယ်ရယ်မောမောပင် တုံ့ပြန်လာပါ၏။
“ငါတို့က ဘယ်လိုလုပ် အရှက်မရှိတာဖြစ်မှာလဲ။ မသေမျိုးပစ္စည်းတွေကို အသုံးပြုလို့ မရဘူးလို့ ပြောထားလို့လား။ ငါက သူတို့တွေတိုက်နေရင်းမှ သတိရပြီး ပစ်ပေးလိုက်တာလေ.. ဒီလိုဖြစ်သွားတာတော့ ငါလဲမတတ်နိုင်ဘူး”
“မင်း”
လဲ့ထျန် ဒေါသထွက်လွန်း၍ ရင်မှာတစ်ဆို့လာပြီး ဘာမှဆက်မပြောနိုင်တော့ပေ။
ဒီကောင်က ပန်းနုသွေးနေတာပဲ။
တစ်ဖက်ကမိစ္ဆာဂိုဏ်းသားတွေကလည်း ပျော်ရွှင်စွာ ထောက်ခံကြသည်။
“အေးလေ၊ ဒါဘယ်လိုလုပ် ငါတို့အမှား ဖြစ်မှာလဲ”
“ဟဟ.. ဒါကိုများ ထိပ်သီးဆယ်ယောက်တဲ့၊ ငါတို့ဘက်က အငယ်လေးကတောင် မင်းတို့ကို အေးဆေးသတ်လို့ရတယ်”
“အမှိုက်က အမှိုက်ပါပဲ”
လဲ့ထျန်၏ မျက်လုံးထဲမှာ အေးစက်သော အလင်းတစ်ချို့ ဖြတ်ပြေးသွားပြီး ဆုံးဖြတ်ချက်ချလိုက်သည့်နှယ် ရှေ့တိုးလိုက်သည်။
“ကောင်းပြီ၊ ကျုပ်ရှေ့ထွက်မယ်.. မင်းတို့ဘက်က ဘယ်သူလာမှာလဲ”
“သခင်လဲ့ထျန်၊ ဒဏ်ရာတွေကအခုထိ…”
ဝူရန်စီရင်စုက သူတွေက တုန်ယင်စွာ ဆိုလိုက်ကြသည်။
လဲ့ထျန်၏ ခန္ဓာကိုယ်တစ်ပိုင်းက ပြန်မကောင်းသေးသောကြောင့် သွေးတွေ စိမ့်ထွက်နေဆဲပင်။
ဒါကိုလဲ့ထျန်က တိုက်ခိုက်ဖို့ လုပ်နေလေသည်..
သူတိုက်ခိုက်တာနဲ့ သေချာပေါက် သေဆုံးသွားလိမ့်မည်။
လဲ့ထျန်လဲ သူ့အခြေအနေကို နားမလည်ပဲ ရှိမလား..
သို့ပေမဲ့ သူ သေဖို့ရန် စိတ်ပိုင်းဖြတ်ပြီးသွားပြီ။
ကျို့ကုန်းက လဲ့ထျန်ကို မျက်လုံးများကျဥ်းမြှောင်းစွာ ကြည့်လိုက်ကာ ပြုံးလိုက်၏။
“အိုး..မင်းက ရှေ့ထွက်ရဲတယ်လား။ ကောင်းပြီလေ၊ ငါအခွင့်အရေးပေးမယ်”
ပြီးသည်နှင့် ကျို့ကုန်း၏ အကြည့်က အနောက်က မိစ္ဆာအုပ်ဆီ ရောက်သွားသည်။
“သခင် ဖန်းကျန့်၊ မင်းရဲ့သားရဲကို လူသားတွေဘက်က သတ်လိုက်လို့ ဒီနေ့အခြေအနေ ဖြစ်လာခဲ့ရတာဆိုတော့ ငါမင်းကို လက်စားချေဖို့ အခွင့်အရေးပေးမယ်”
ကျို့ကုန်းက အပြုံးတစ်ခုနှင့် ဆိုသည်။
သခင်ဖန်းကျန့်၏ မျက်လုံးက ချက်ချင်း တောက်ပသွားပြီး.လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။
“ ကျေးဇူးပါ သခင်ကျို့ကုန်း”
ထို့နောက်မှာ သူက လဲ့ထျန်ရှိရာကို ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။
ဘုန်း
သူ ခြေလှမ်းစလိုက်သည်နှင့် ခန္ဓာကိုယ်ကနေ အရောင်အဝါကိုပါ အပြည့်ဖော်ထုတ်လိုက်သည်။
“ဘာ”
ဝူရန်စီရင်စုက သူတိုင်းရဲ့ မျက်နှာက ဖြူလျော့သွားကာ ခြေလှမ်းများစွာ အနောက်ဆုတ်သွားလေ၏။
“မသေမျိုးသခင်ကြီးလား.. သူက မသေမျိုးသခင်ကြီးလား” လူတစ်ယောက်က တုန်ယင်စွာ ဆိုလိုက်သည်။
အရင်နှစ်ယောက်နှင့်မတူဘဲ အခု မိစ္ဆာဂိုဏ်းဘက်က တကယ့်ဆရာကြီးကို စေလွှတ်လာခဲ့သည်။
လဲ့ထျန်က ရွှေရောင် မသေမျိုးနယ်ပယ်သာ ရှိသေးသည်.. သူ၏ ကျင့်ကြံမှုက ထိပ်ဆုံးရောက်နေရင်တောင်မှ မသေမျိုးသခင်ကြီးကို အနိုင်မယူနိုင်ဘူး။
ထို့အပြင် သူက အပြင်းအထန်ဒဏ်ရာ ရထားခဲ့ပြီး အခုထိ သေချာမကောင်းသေးပေ။
မိစ္ဆာဂိုဏ်းဘက်က လှည့်စားမှု မလုပ်လာရင်တောင် သူ အနိုင်မရနိုင်ဘူး။
“ဟဟ ဝူရန်စီရင်စုရဲ့ နံပါတ်တစ်ကောင်ပေါ့လေ.. မင်းတို့ စီရင်စုထဲမှာ ငနာတစ်ကောင်ရှိတယ်။ အဲ့ကောင်က ငါ့သားရဲကို သတ်လိုက်တဲ့အပြင် ငါ့ကိုယ်ပွားကိုပါ ဖျက်ဆီးခဲ့သေးတယ်။ အဲ့ကောင်ကိုရှာပေးရင်.. ငါမင်းကို မြန်မြန် သတ်ပေးမယ်”
ဖန်းကျန့်က မျက်လုံးများကျဥ်းမြှောင်းလိုက်လေ၏။
လဲ့ထျန် အနည်းငယ် အံ့အားသင့်သွားကာ ချက်ချင်းခေါင်းယမ်းလိုက်တော့သည်။
“မင်း ဘယ်သူ့ကိုပြောနေလဲ ကျုပ်မသိဘူး။ ကျုပ်သိရင်တောင် ပြောမပြဘူး”
ဖန်းကျန့် ရုတ်တရက် အေးစက်စွာ ရယ်မောလိုက်တော့သည်။
“ပြောတာ မပြောတာက မင်းဆုံးဖြတ်ရမဲ့ ကိစ္စမဟုတ်ဘူး”
သူကပြောပြီးသည်နှင့် ကျို့ကုန်းဘက်ကို လှည့်ကာ လေးစားစွာ တင်ပြလိုက်၏။
“သခင်ကျို့ကုန်း၊ ကျုပ်ဒီတစ်ခေါက် တိုက်ပွဲကို နည်းနည်းကြာအောင် တိုက်ဖို့စီစဥ်ထားတယ်။ အဆင်ပြေမလား”
ကျို့ကုန်းက တစ်ချက်ကြည့်လိုက်ပြီး ဖန်းကျန့်၏ ဆိုလိုရင်းကို သဘောပေါက်သွားလေကာ.ပုံမှန်လိုမျိုး ခေါင်းညိတ်လိုက်သည်။
“ရတာပေါ့”
ခွင့်ပြုချက်ရသည့်အတွက် ဖန်းကျန့် အပျော်လွန်သွားသည်။
သူ စိတ်လှုပ်ရှားစွာ လဲ့ထျန်ကို လှည့်ကြည့်လိုက်ပြီး
“ဟေ့ကောင်၊ ငါဒီနေ့မင်းကို စိတ်ပျက်မှုရဲ့ အရသာကို မြည်းစမ်းခိုင်းမယ်”
စကားသံဆုံးသည်နှင့် ဖန်းကျန့်၏ပုံရိပ်က ပျောက်ကွယ်သွားကာ လဲ့ထျန်ရှိရာ တဟုန်ထိုး ပြေးသွားလေသည်။
ဖန်းကျန့် ၏ လှုပ်ရှားမှုက လဲ့ထျန် အပါအဝင် ဝူရန်စီရင်စုက သူတိုင်းကို ဧရာမသားရဲကြီးတစ်ကောင်ကို ရင်ဆိုင်ရသလိုမျိုး ခံစားရစေသည်။
ဖန်းကျန့် ထုတ်လွှတ်နေသော ကြောက်မက်ဖွယ် ဖိအားက သူတို့ကို အသက်ရှုဖို့ပင် မေ့စေ၏။
“ သေစမ်း၊ လေပြင်းကောင်းကင်လက်ဝါး”
လဲ့ထျန် အရင်ဆုံး သတိဝင်လာခဲ့ပြီး သူက အချိန်မဆွဲရဲစွာ လက်ဝါးတစ်ခုကို အသက်သွင်းလိုက်သည်။
ဝူး
ချက်ချင်းပဲ အရိပ်လက်ဝါးတစ်ခု ထင်ဟပ်လာပြီး ဖန်းကျန့်ကို ဖိလိုက်သည်။
သို့သော် သူတို့ကြားက ကွာခြားချက်က အလွန်ကြီးမားလေသည်။ လက်ဝါးကို ရင်ဆိုင်နေရသည့်တိုင် ဖန်းကျန့်က အေးစက်စွာပြုံးလိုက်ပြီး မတုန်လှုပ်ခဲ့ဘူး။
ထိုအချိန်မှာပဲ လဲ့ထျန်ကလဲ အေးစက်စက် ပြုံးလိုက်သည်။
“အမှိုက်မိစ္ဆာနတ်ဘုရားနန်းတော် ကျုပ်သေရမယ်ဆိုရင်တောင် မင်းတို့ကိုပါ အပါခေါ်သွားမယ်”
ဖျစ်
ထိုဒေါသတကြီး အော်ဟစ်သံအပြီးမှာ လဲ့ထျန်၏ ခန္ဓာကိုယ်က နီရဲလာသည်။
ချက်ချင်းပဲ သူ၏ ခန္ဓာကိုယ်က နေလုံးတစ်လုံးလို အသွင်ပြောင်းသွားကာ အစွမ်းတွေဆက်တိုက် မြင့်တက်လာခဲ့သည်။
“ဟမ်၊ ဒီကောင်ဘာလုပ်နေတာလဲ။ သူကိုယ့်ကိုယ်ကို ဖျက်ဆီးမလို့လား”
ထိုမြင်ကွင်းကြောင့် မိစ္ဆာတစ်ကောင်က အံ့သြတကြီး ပြောလာခဲ့သည်။
သို့သော် တစ်ခြားမိစ္ဆာတွေ၏ လှောင်ပြောင်တာကိုပဲ ခံလိုက်ရလေ၏။
“မင်းကငါ့ကို ရယ်သေအောင် လုပ်နေတာလား။ ရွှေရောင်မသေမျိုးတစ်ကောင်ရဲ့ ကိုယ့်ကိုယ်ကို ဖျက်ဆီးတာက သခင်ဖန်းကျန့်ရဲ့ အကာအကွယ် အရောင်အဝါကိုတောင် ထိုးဖောက်နိုင်မှာ မဟုတ်ဘူး”
ကွာခြားချက်က ကြီးမားလွန်းသောကြောင့် လဲ့ထျန် ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်လိုက်လျှင်တောင် အကျိုးရှိမည် မဟုတ်ပေ။
ထိုအချိန်မှာပဲ ကျို့ကုန်းက တစ်စုံတစ်ခုကို တွေးမိသွားခဲ့ပြီး အံ့သြစွာ ပြောလာခဲ့သည်။
“နေအုံး..ဒါက ကိုယ့်ကိုယ်ကို ဖျက်ဆီးတာ မဟုတ်ဘူး။ ဒါက လျို့ဝှက်နေမင်းသိုင်းပညာပဲ”
ကျန်တဲ့မိစ္ဆာတွေလည်း အံ့သြသွားကြလေသည်။
“လျို့ဝှက်နေမင်းသိုင်းပညာ ဟုတ်လား။ ဘာလို့ အဲ့ဒီနာမည်ကို ရင်းနီးနေတာလဲ”
“ငါမှတ်မိပြီ.. အဲ့ဒီလျို့ဝှက်နေမင်းသိုင်းပညာကို လူသားမျိုးနွယ်ရဲ့ စောက်ရူးတစ်ကောင် ဖန်တီးခဲ့တာပဲ။ အဲ့ဒီကောင်က ဒီသိုင်းကို သုံးပြီး မိစ္ဆာမျိုးနွယ်ရဲ့ မသေမျိုးဘုရင်တစ်ယောက်ကို အတူသေစေဖို့ ကြိုးစားခဲ့သေးတယ်လေ”
“အာ..ငါလဲ မှတ်မိပြီ။ ဒါပေမဲ့ အဲ့ဒါက ပျောက်ကွယ်သွားပြီ မဟုတ်ဘူးလား။.ဒီကောင်က ဘယ်လိုလုပ် သုံးတတ်နေတာလဲ”
“ ချီးပဲ၊ ဒါကသာ တကယ် လျို့ဝှက်နေမင်းသိုင်းပညာဆိုရင် သခင်ဖန်းကျန့် ပိတ်နိုင်မှာ မဟုတ်တော့ဘူး”
“သခင်ဖန်းကျန့်၊ သတိထား”
မိစ္ဆာတစ်အုပ်က အော်ဟစ်ကာ သတိပေးလိုက်ကြသည်.. ကျို့ကုန်း၏ မျက်နှာပင် အေးစက်လာပြီး အချိန်မှီ ဝင်တားဖို့ ကြိုးစားလိုက်သည်။
ထိုအချိန်မှာပဲ လဲ့ထျန်က စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် ပြုံးလိုက်လေကာ
“ကျုပ်နဲ့အတူ သေလိုက်ကြ”
သူ့အနောက်က ဝူရန်စီရင်စုရဲ့သူတွေလည်း ဒေါသအရိပ်အယောင် တစ်ချို့ ရှိနေတာကလွဲရင် တည်ငြိမ်နေသော မျက်နှာထားဖြင့် ရပ်နေခဲ့ကြသည်။
လဲ့ထျန် ဘာလုပ်မလဲဆိုတာ သူတို့ သိပြီးကြလေပြီ.. ဒီလိုစိတ်ပျက်စရာ အခြေအနေမှာ ဒါကသူတို့လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာပဲ။
“သခင်လဲ့ထျန်၊ ခင်ဗျားရဲ့သေဆုံးမှုက ထိုက်တန်ခဲ့ပါတယ်” အနောက်ကလူတစ်ယောက်က တုန်ယင်စွာ ဆိုလိုက်သည်။
ဒါပေမဲ့..
“အရိပ်လက်သည်း”
ဖန်းကျန့်က ရုတ်တရက် လဲ့ထျန်၏ ခေါင်းပေါ် လက်တစ်ဖက်တင်လိုက်ပြီး အပြင်ဘက်ကို ငြင်သာစွာ ဆွဲထုတ်လိုက်သည်။
ဝှစ်
နောက်တစ်စက္ကန့်မှာ လဲ့ထျန်နှင့် တစ်ပုံစံတည်းတူသော ပုံရိပ်က လဲ့ထျန်၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာ၏။
ဝှစ်
ဝိညာဥ်ထွက်လာပြီးနောက် လဲ့ထျန်၏ ခန္ဓာကိုယ်မှ အရောင်အဝါတွေလည်း သိသာစွာ လျော့ကျသွားလေသည်။
အချိန်အကြာကြီးနေတဲ့အထိ စိတ်ရူးဖောက်သွားသလိုမျိုး သူက ထိုနေရာမှာ ကြောင်စီစီကြီး ရပ်နေခဲ့သည်။
“ဘာ” ထိုမြင်ကွင်းက ဝူရန်စီရင်စုက သူတွေကို အလွန်မှင်သက်စေခဲ့သည်။
သူတို့၏ မျက်စိရှေ့မှာပဲ ဖန်းကျန့်က လဲ့ထျန်၏ဝိညာဥ်ကို ခပ်ပြုံးပြုံးလေး ဆွဲထုတ်သွားလိုက်တာမလား။
“ခစ်ခစ်.. ငါ့ကို မပြင်ဆင်ထားဘူး ထင်နေလားကွ။ မင်းငါ့ကိုတိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ထဲက ဒီလောက်ရိုးရှင်းမှာ မဟုတ်ဘူးဆိုတာ ငါမှန်းဆထားပြီးသားပဲ”
ဖန်းကျန့်က အေးစက်စွာ ပြောလိုက်သည်။
….
Ch 1090
(ဝိညာဥ်ရှာသိုင်း)
“ငါအစက မင်း ကိုယ့်ကိုယ်ကို ဖောက်ခွဲတော့မယ် ထင်သွားတာ.. ဒါကြောင့် မင်းရဲ့ဝိညာဥ်ကို ဆွဲထုတ်ဖို့ ပြင်ထားခဲ့တာလေ”
“ဒါပေမဲ့ မထင်ထားဘူး.. မင်းက တကယ်ကြီး လျို့ဝှက်နေမင်းသိုင်းပညာကို သင်ထားတာပဲ.. ခစ်ခစ် မကောင်းတဲ့လူသားတွေ၊ မကောင်းတဲ့သိုင်းကို လေ့ကျင့်ရဲတယ်ပေါ့။ မင်းတို့က သေသင့်တဲ့ အပြစ်သားတွေပဲ”
ဖန်းကျန့်၏ ခပ်ပြုံးပြုံးနှင့် ပြောနေသော စကားတွေကို နားထောင်နေရင်း လဲ့ထျန်ဝိညာဥ် ထိတ်လန့်သွားသည်။
လျို့ဝှက်နေမင်းသိုင်းပညာကို အသက်သွင်းနိုင်ဖို့အတွက် သူ၏ ခန္ဓာကိုယ်ဆီ ပြန်သွားဖို့ အသည်းအသန် ကြိုးစားပါတော့၏။ သို့သော် အလွန်အင်အားကြီးသော စွမ်းအားတစ်ခုက သူ့ဝိညာဥ်ကို ပိတ်နှောင်ထားလေရာ.. တစ်လက်မတောင် မရွေ့နိုင်ခဲ့ပေ။
သူ အသေအလဲ ကြိုးစားတာတောင်မှ ဘာမှ မလုပ်နိုင်ခဲ့ဘူး။ ချက်ချင်းပဲ သူ၏ နှလုံးသားက ကြောက်ရွံ့လာတော့သည်။
သူကိုယ့်ကိုယ်ကို စတေးပြီး အကုန်လုံးကို ဖျက်ဆီးပစ်ဖို့ကြိုးစားခဲ့သည်.. ဒါပေမဲ့ နောက်ဆုံးမှာ အကုန်သဲထဲရေသွန် ဖြစ်သွားရတာလား။
မိစ္ဆာနတ်ဘုရားနန်းတော်နဲ့ ယှဥ်လိုက်ရင် သူတို့က တကယ်အားနည်းနေသေးတာပဲ။
စိတ်ပျက်ဖို့ကောင်းလိုက်တာ..
ထိုမြင်ကွင်းကို ကျို့ကုန်းတစ်ယောက် ပျော်ရွှင်နေသော မျက်နှာဖြင့် အဝေးကနေ စိတ်ဝင်တစားကြည့်နေလေသည်။
လဲ့ထျန် ဝိညာဥ်ကို ကိုင်ထားသော ဖန်းကျန့်က မျက်နှာကိုမဲ့လိုက်ပြီး
“ကောင်းပြီ..ကဲ ငါ့မေးခွန်းကိုဖြေတော့။ ငါ့ရဲ့ကိုယ်ပွားကို ဖျက်ဆီးခဲ့တာ ဘယ်ကောင်လဲ၊ သူဘယ်မှာလဲ”
သူ၏ကိုယ်ပွားကို ဖျက်ဆီးခံလိုက်ရခြင်းက ဖန်းကျန့်အတွက် ကြီးမားသော အရှက်စရာတစ်ခုပင်။
သူ့လိုမျိုး အင်အားကြီး ဂိုဏ်းသားတစ်ယောက်က လူသားတစ်ယောက် လက်ချက်ကြောင့် အားနည်းသွားခဲ့ရသည်..
ထိုသတင်းက ဂိုဏ်းမှာရှိနေသော သူ့ဂုဏ်သတင်းကို ထိခိုက်စေပြီး လှောင်ပြောင်ခံခဲ့ရ၏။
ထိုကြောင့် လက်စားချေဖို့ရန် ထိုကောင်လေးကို သူရှာတွေ့မှဖြစ်မည်.. ပြီးလျှင် အရက်စက်ဆုံးနည်းလမ်းဖြင့် သေတဲ့အထိ နှိပ်စက်ပြီး သူ့၏နှလုံးသားထဲက အမုန်းတရားကို ချေဖျက်မည်။
သို့သော် လဲ့ထျန်က အေးစက်စွာ ပြန်ဖြေလိုက်ပါသည်။
“ကျုပ်ပြောပြီးပြီ..ကျုပ် မသိဘူးလို့။ ကျုပ်သိရင်တောင် ပြောပြမှာမဟုတ်ဘူး”
လဲ့ထျန်က တကယ်ငြင်းဆိုလိုက်သည့်အတွက် ဖျန်းကျန့်၏ မျက်လုံးထဲ အအေးဓာတ်တစ်ချို့ ဖြတ်ပြေးသွားသည်။
“မင်းရဲ့ပါးစပ်ကိုဟဖို့ တော်တော်ခက်တာပဲ.. ဒါပေမဲ့ မင်းဘယ်လောက်ခံနိုင်မလဲ ငါသိချင်မိတယ်”
သူက ပြောပြီးသည်နှင့် လက်တစ်ချောင်း ဆန့်ထုတ်လိုက်သည်။
ဝှစ်
လက်ချောင်းထိပ်မှာ အနက်ရောင်ချီတစ်ချို့ ဝန်းရံလာခဲ့သည်။
“ဟမ်၊ဒါက..”
ထိုအနက်ရောင်ချီကို ကြည့်နေရင်း လဲ့ထျန် မျက်နှာပျက်လာတော့သည်။
ဖန်းကျန့်က ခပ်ဖွဖွ ပြုံးလိုက်လေကာ
“ဝိညာဥ်အဆိပ်ကို မင်းမှတ်မိသေးပုံပဲ။ ကောင်းတယ်၊ ဒါဆိုငါမင်းကို အခွင့်အရေးတစ်ခုပေးမယ်။ အဲ့ကောင်.ဘယ်မလဲ ပြောလိုက်။ ဒါဆို မင်းကို.အေးဆေးသေခွင့်ပေးမယ်”
လဲ့ထျန်က ရိုးရှင်းစွာ မျက်လုံးမှိတ်ချလိုက်ပြီး ဘာစကားမှ မပြောတော့ပေ။
ဖန်းကျန့်ကလည်း သည်းခံနိုင်စွမ်း ကုန်သွားသည့်အတွက် အေးစက်စွာ နှာမှုတ်လိုက်ပြီး လက်ချောင်းကို ဆန့်ထုတ်လိုက်တော့သည်။
ဝှစ်
ထိုလက်ချောင်းက လဲ့ထျန်ဝိညာဥ်ကို ထိတွေ့လိုက်သည်နှင့် လဲ့ထျန် မနေနိုင်စွာ တုန်ယင်လာခဲ့သည်။
“အားးး”
လဲ့ထျန် ဝိညာဥ်ဆီကနေ မခံစားနိုင်သော အော်သံကျယ်ကြီးပါ ထွက်ပေါ်လာလေ၏။
ထိုအသံက ကျယ်လွန်းလို့ မိစ္ဆာဂိုဏ်းသားတစ်ချို့ပင် ဆံပင်တွေ ထောင်ထသွားသလို ခံစားလိုက်ရသည်။
ဖန်းကျန့်က အေးစက်စွာကြည့်နေရင်းမှ ပြောလာခဲ့သည်။
“ဝိညာဥ်အဆိပ်ရဲ့နာကျင်မှုက မင်းရဲ့ခန္ဓာကိုယ်ကို အကြိမ်တစ်ထောင် အပိုင်းပိုင်းလုပ်ခံရတာထက် ပိုဆိုးတယ်။ ပြီးတော့ မင်းရဲ့ စိတ်ဝိညာဥ်အစွမ်းနဲ့ဆိုရင် နဲနဲတောင် တောင့်ခံနိုင်မှာမဟုတ်ဘူး.. သေလောက်အောင်.နာလိမ့်မယ်။ ဘယ်လိုလဲ ငါအခွင့်အရေးနောက်တစ်ခု ပေးရမလား။ အဲ့ကောင်ကဘယ်သူလဲ ပြောစမ်း”
လဲ့ထျန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ကျုပ်..မသိဘူး”
သူ၏အသံက တော်တော်လေး အားနည်းနေပြီပင်။
သို့သော် ဖန်းကျန့်၏ မျက်နှာက ပိုအေးစက်သွားတော့သည်။
“ထင်တဲ့အတိုင်း မင်းက မလွယ်ဘူးပဲ.. ဒီလိုဆိုမှတော့ ခံစားလိုက်စမ်း”
ပြောပြီးသည်နှင့် သူက ဝိညာဥ်အဆိပ်ကို ပြန်အသက်သွင်းလိုက်ပြီး လဲ့ထျန်၏ ဝိညာဥ်ကို တိုက်စားလိုက်သည်။
“အားးး” လဲ့ထျန်၏ အော်ဟစ်သံကြီး ထပ်မံ ထွက်ပေါ်လာသည်။
ဒါကိုကြားတော့ ဝူရန်စီရင်စုက သူတွေ မနေနိုင်တော့ပေ။
“သခင်လဲ့ထျန်” သူတို့တွေ ပြိုင်တူအော်ဟစ်ရင်း ကယ်တင်ဖို့ အပြေးသွားလိုက်ကြသည်။
သို့သော်ဖန်းကျန့်က အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး လက်ဖမိုးနှင့် နောက်ပြန်ခါလိုက်သည်။
ဘုန်း
ချက်ချင်းပဲ ဝူရန်စီရင်စုက လူတစ်အုပ်လုံး နောက်ကို လွင့်ပျံသွားတော့သည်။
မြေပြင်ပေါ် ပြန်ထိသည်နှင့် အကုန်လုံး နာကျင်စွာ အော်ဟစ်လိုက်ကြ၏။
“ငါ့ခန္ဓာကိုယ်.. ဘာတွေဖြစ်ကုန်တာလဲ”.
“ငါကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ဘူးလား”
“အား..ငါ့ရဲ့ဝိညာဥ်.. ငါ့ရဲ့ဝိညာဥ် ထိခိုက်သွားပြီ”
ဖန်းကျန့်က အေးစက်စွာမျက်နှာကို မဲ့လိုက်ပြီးမှ ပြောလိုက်၏။
“အမှိုက်ကောင်တွေ.. မင်းတို့ကများ ငါ့လက်ထဲကလူကို လုချင်တာလား။ ငါက မိစ္ဆာနတ်ဘုရားနန်းတော်ရဲ့ မသေမျိုးသခင်ကြီးတွေထဲမှာ ဝိညာဥ်သိုင်း အတော်ဆုံးသူပဲ။ ငါမင်းတို့ရဲ့ ဝိညာဥ်တွေကို အဆိပ်ခတ်ပြီးသွားပြီ.. ဒီကောင့်ကို ရှင်းပြီးရင် မင်းတို့အလှည့်ပဲ”
အကုန်လုံး၏ နှလုံးသားတစ်ခုလုံး အေးစက်သွားလေတော့သည်။
ဖန်းကျန့်၏ နည်းလမ်းတွေက ရက်စက်လှသည်.. သူတို့ကို.ကိုယ့်ကိုယ်ကို သတ်သေခွင့်ပင် မပေးခဲ့ချေ။ ဖန်းကျန့်၏ တဖြည်းဖြည်းချင်း နှိပ်စက်တာတွေကို ခံပြီးမှ သူတို့တွေ သေနိုင်တော့မည်..
ထိုအချိန်မှာ ဖန်းကျန့်က လဲ့ထျန်ကို ဆက်တိုက်ခိုက်သည်… သူ တစ်ကြိမ် တိုက်ခိုက်တိုင်း လဲ့ထျန်ဆီမှ ကျယ်လောင်သော အော်သံကြီးပါ ထွက်ပေါ်လာ၏။
သေလောက်အောင် အားနည်းလာသည့်တိုင်အောင် လဲ့ထျန်က ပါးစပ်ဟဖို့ ငြင်းဆန်နေဆဲပင်။
အဆုံးမှာ ဖန်းကျန့် စိတ်မရှည်တော့ပေ.. မျက်လုံးများကျဥ်းမြှောင်းလိုက်ပြီး လဲ့ထျန်ကို ပြောလိုက်လေ၏။
“မင်းကတကယ် ခေါင်းကြောမာတာပဲ။ ဒါပေမဲ့ မင်းမပြောရင်တောင် ဘာဖြစ်သလဲ၊ ငါ့မှာ နည်းလမ်းတွေ အများကြီးရှိတယ်”
“ ဥပမာပြောရရင်.. ဝိညာဥ်ရှာသိုင်းပညာ” သူ အေးစက်စွာ ပြောလိုက်တော့သည်။
ချက်ချင်းဆိုသလို ဖန်းကျန့်၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဥ်စွမ်းအင်တွေ လျှံထွက်လာပြီး လဲ့ထျန်ဝိညာဥ်ကို ဝန်းရံလိုက်ကာ ဖောက်ထွင်းဖို့ ကြိုးစားတော့သည်။
“မင်း..ရပ်လိုက်”
လဲ့ထျန် ဒေါသတကြီးအော်ဟစ်သော်လည်း သူဘာမှ မတတ်နိုင်ခဲ့ပေ။
ထိုအချိန်မှာ ဖန်းကျန့်က ရုတ်တရက် ပြောလိုက်သည်။
“အိုး..ဝူရန်စီရင်စုမှာ ရှေးဟောင်းဂူတစ်ခု ရှိတယ်ပေါ့.. မင်းက လျို့ဝှက်နေမင်းသိုင်းပညာကို အဲ့က သင်ခဲ့တာပဲ”
“မင်း..”
လဲ့ထျန် အံ့သြတကြီးအော်ဟစ်လိုက်ပြီး ထိုအကြောင်းကို မတွေးတော့ဖို့ ကြိုးစားလိုက်သည်။
သို့သော် ဖန်းကျန့်၏ တိုက်ခိုက်မှုကို သူဘယ်လိုမှ မတားသေးဘူး။
“အိုး မင်းက ကျိလန်ဒေသကထွက်ပြီး တစ်ခြားဒေသက လူသားမျိုးနွယ်တွေကို အကူအညီတောင်းဖို့တောင် ကြိုးစားခဲ့ တယ်ပေါ့လေ”
ဖန်းကျန့်က အပြုံးတစ်ခုနှင့် အဖက်မလုပ်စွာ ဆက်ပြောလိုက်သည်။
“မင်းတွေးတာ ရိုးရှင်းလွန်းနေတယ်.. ကျိလန်ဒေသက အရင်ထဲက မိစ္ဆာမျိုးနွယ်ရဲ့ အပိုင်ပဲ။ ငါတို့ရဲ့ ရှေးဦးမြေ..မင်းတို့ လူသားမျိုးနွယ်တွေရဲ့ ဆယ်ဘွဲ့ရ မသေမျိုးဘုရင်တွေက သန်မာတာမှန်ပေမဲ့ သူတို့က တစ်ခြားဒေသကြီးရှစ်ခုမှာပဲ”
“ ဒါပေမဲ့ သူတို့တွေ လှုပ်ရှားရဲရင်တောင်မှ ငါတို့မိစ္ဆာမျိုးနွယ်ရဲ့ အမွေအနှစ်တွေက ဒီမှာရှိနေတဲ့အတွက် သူတို့အကုန် သေကြရလိမ့်မယ်”
“သူတို့ လာရဲမယ်ထင်နေလား။ ပြီး ကျိလန်ဒေသမှာ တားမြစ်နယ်မြေရှိတယ်.. သူတို့လာလို့ တားမြစ်နယ်မြေနဲ့ ခြိမ်းခြောက်လိုက်ရင် သူတို့ဘာလုပ်ရဲမှာလဲ”
ဖန်းကျန့် အေးစက်စွာ ပြောလိုက်သည်။
လဲ့ထျန်ဝိညာဥ်ခဗျာ ကြမ်းတမ်းစွာ တုန်ယင်သွားလေ၏။
ဒီလျို့ဝှက်ချက်တွေကို သူပထမဆုံး ကြားဖူးတာပင်။
ကျိလန်ဒေသမှာ မိစ္ဆာမျိုးနွယ်တွေက ဒါကိုအခြေကုတ်ယူပြီး အခုလို မောက်မောက်မာမာ.ပြုမူနေကြတာပါလား..
သူတို့က တစ်ခြားဆယ်ဘွဲ့ရမသေမျိုး ဘုရင်တွေကို ကျိလန်ဒေသထဲခြေချဖို့ပင် ခွင့်မပြုကြဘူး။
ထိုအတွေးကြောင့် လဲ့ထျန်၏နှလုံးသားက မွန်းကျပ်သွားတော့သည်။
တစ်ဖက်က ဖန်းကျန့်က လဲ့ထျန်၏ ဝိညာဥ်ကို ဆက်လက်ရှာဖွေနေသော်လည်း အချိန်အကြာကြီးနေပြီးနောက် သူ မျက်မှောင်ကြုတ်လာတော့၏။
“ဘာလဲ..ဘာလို့ အဲ့ကောင်နဲ့ ပတ်သတ်ပြီး တစ်ခုတောင် မရှိရတာလဲ။ မင်းတကယ် သူ့ကို မသိဘူးလား”
သူ အံ့သြသွားတော့သည်။
လဲ့ထျန်၏မှတ်ဉာဏ်ထဲကနေ ထိုကောင်လေး၏ ပုံရိပ်ကို သူလုံးဝ ရှာမတွေ့ခဲ့ဘူး။
ထို့ကြောင့်တစ်ချိန်ထဲမှာ သူ ဒေါသထွက်လာတော့၏။
……..