← Chapters

ဒေါသထွက်သွားသော အစ်ကိုကြီးချန်

Vol. 28 Ch. 278

ဒေါသထွက်သွားသော အစ်ကိုကြီးချန်

Vol. 28 Ch. 278

နောက်ဆုံးတော့ မင်းတို့ရဲ့အကြံအစည်တွေကို အကောင်အထည်ဖော်ပြီပေါ့လေ။

အစ်ကိုကြီးချန် အလွန်ဝမ်းသာသွား၏။

သူစကားပြောရန်ပြင်လိုက်စဉ်မှာပင် အကြီးအကဲယွမ်ကျဲက ပျာပျာသလဲဖြင့် ရှေ့သို့ခုန်ထွက်လာသည်။

"မြို့စားမင်းယွီ... ဒါက ဘာအဓိပ္ပာယ်လဲ"

ယခုခေတ်တွင် အင်မော်တယ်မြို့တော်များမှာ အလွန်အရေးမပါတော့သဖြင့် ၎င်းတို့၏စစ်အင်အားမှာလည်း မမြင့်မားလှပေ။ အင်မော်တယ်မြို့တော်တစ်ခုတွင် ပုံမှန်အားဖြင့် အင်မော်တယ်အရှင်မြတ် တစ်ဦး၊ နှစ်ဦးသာ ရှိတတ်သည်။ တန်ဟွားမြို့တွင် ရုတ်တရက် ဤမျှများပြားသော အင်မော်တယ်အရှင်မြတ်များပေါ်ထွက်လာခြင်းမှာ သိသိသာသာပင် ပုံမှန်မဟုတ်ပေ။

ယွီရွှန်သည် လူအုပ်ကြီးနှင့်ခပ်လှမ်းလှမ်းသို့ ဆုတ်ခွာသွားပြီးဖြစ်သည်။

"မင်းက ငါ့ကို ဘာအဓိပ္ပာယ်လဲလို့မေးတယ် ဟုတ်လား"

"မင်းတို့က ငါ့တူကိုသတ်တယ်၊ ငါ့ရဲ့ အင်မော်တယ်အစောင့်တပ်ဖွဲ့ တစ်ထောင်ကျော်ကို သတ်တယ်။ ဒါကို ငါက ကလဲ့စားမချေသင့်ဘူးလို့ မင်းထင်နေတာလား"

မြို့စားမင်း၏ မျက်နှာတွင် အပြုံးတစ်ခုရှိနေဆဲ ဖြစ်သော်လည်း ၎င်းမှာ ဖော်ရွေခြင်းမရှိတော့ဘဲ နာကျည်းမှုများဖြင့် အေးစက်နေတော့သည်။

"ဒါပေမဲ့ ခင်ဗျားပဲ အစောပိုင်းက ပြည်သူ့အတွက် ဘေးရန်ရှင်းလင်းပေးတာလို့ ပြောခဲ့တာလေ..."

အစကတည်းက လှည့်ကွက်ဟုသံသယရှိခဲ့သော်လည်း သူကိုယ်တိုင် ဝန်ခံလိုက်သည်ကို ကြားရသည့်အခါ အကြီးအကဲယွမ်ကျဲအတွက် လက်ခံရန်ခက်ခဲလှသည်။ ခင်ဗျားရဲ့ သရုပ်ဆောင်ချက်က တကယ်ကို ပီပြင်လွန်းတယ်မဟုတ်လား။

"ငါက ပီပြင်အောင်သရုပ်မဆောင်ရင် မင်းတို့က ငါ့ထောင်ချောက်ထဲကျပါ့မလား"

လင်ဟန်ဟန်က မယုံကြည်နိုင်သော အမူအရာဖြင့်ဆိုလိုက်သည်။

"ငါတို့ကိုလှည့်စားဖို့အတွက်နဲ့ ခင်ဗျားက ကိုယ့်လူတွေကိုတောင် ကိုယ်တိုင်ပြန်သတ်ပြတယ် ဟုတ်လား"

သူတို့မျက်စိရှေ့တွင် အသတ်ခံလိုက်ရသော လူရာဂဏန်းမှာ အမှန်တကယ်ပင်သေဆုံးသွား၏။

မြို့စားမင်းယွီက ပြုံးလျက်ခေါင်းညိတ်ပြသည်။

"မှန်တာပေါ့။ ကြီးမြတ်တဲ့ရည်မှန်းချက် အောင်မြင်ဖို့အတွက် အသေးအမွှားပေးဆပ်မှုလေးတွေတော့ ရှိတာပေါ့"

"သူတို့ရဲ့စတေးမှုက အဓိပ္ပာယ်ရှိပါတယ်။ အနည်းဆုံးတော့ မင်းတို့ကို ဒီကိုခေါ်ဆောင်လာနိုင်ခဲ့သလို ငါ့ရဲ့ကူညီသူတွေရောက်လာတဲ့အထိ အချိန်ဆွဲနိုင်ခဲ့တယ်မဟုတ်လား"

သူက လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။

"မင်းတို့မှာ မေးစရာကျန်သေးလား။ မင်းတို့မသေခင်မှာ အရာအားလုံးကို ရှင်းရှင်းလင်းလင်းသိသွားအောင် ငါပြောပြပေးမှာပါ"

သူ၏ပြုံးနေသောမျက်နှာကိုကြည့်ရင်း လင်ဟန်ဟန်၊ ယွမ်ကျဲနှင့် အခြားသူများမှာ ကျောချမ်းသွား၏။ ဤလူသည် လူသားမှဟုတ်ပါလေစ။ သူသည် စိတ်ဖောက်ပြန်နေသော အရူးတစ်ယောက်ပင်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေသည့် လူသတ်သမားတစ်ဦးနှင့် တူလှသည်။ ဤကဲ့သို့သောလူစားမျိုးက မည်သို့ အင်မော်တယ်ဖြစ်လာသနည်း။

သူတို့၏ယုံကြည်မှုကိုရရှိရန်နှင့် ကျန်းချန်ကိုအချိန်ဆွဲထားရန် မည်သည့်နည်းလမ်းမဆို သုံး၍ရပါလျက်နှင့် အဘယ်ကြောင့် မိမိလူကိုသတ်ပြသည့် အစွန်းရောက်နည်းလမ်းကိုသုံးရသနည်း။ ဤမြို့စားမင်းယွီနှင့် ဆွေမျိုးတော်စပ်ရခြင်းမှာ အသက်အန္တရာယ် အလွန်ကြီးမားပေသည်။

"ခင်ဗျားက ရက်စက်လွန်းတယ်"

"ခင်ဗျား ဘာလိုချင်တာလဲ"

ယွမ်ကျဲ၊ ယွမ်ဝူနှင့် အခြားသူများ၏ စွပ်စွဲမေးမြန်းမှုများကို ယွီရွှန်က ပုခုံးတွန့်ပြလိုက်သည်။

"ငါ အဲဒီဓားကိုလိုချင်တာ"

သူသည် အစ်ကိုကြီးချန်၏ အင်မော်တယ်ဓားကိုညွှန်ပြကာ ပြန်ပြုံးပြလိုက်သည်။

"ဒါပေမဲ့ မင်းတို့ကတော့ လွယ်လွယ်နဲ့ပေးမှာ မဟုတ်ဘူးလေ။ ငါကလည်း ဘယ်သူ့ကိုမှ အတင်းအကျပ်မလုပ်ချင်ဘူး"

"ဒါကြောင့်... မင်းတို့ကိုသေခိုင်းဖို့ပဲ ရှိတော့တယ်"

"မင်း"

သူ၏စကားလုံးများမှာ ယုတ္တိတန်လွန်းလှသဖြင့် အကြီးအကဲယွမ်ကျဲမှာ ခေတ္တမျှဆွံ့အသွား၏။ သူသည် ခြောက်ကပ်ကပ်အသံဖြင့်သာ ခြိမ်းခြောက်နိုင်တော့သည်။

"ငါတို့ဖေးရှန်ဂိုဏ်းက မင်းကိုလာရှာမှာ မကြောက်ဘူးလား"

ယွမ်ဝူနှင့် ယွမ်ဟီတို့သည်လည်း အားတက်သရော ဝင်ရောက်ပြောဆိုကြသည်။

"ဟုတ်တယ်၊ ငါတို့ဂိုဏ်းမှာ အင်မော်တယ်အရှင်မြတ် ၁၉ ပါး ရှိတယ်။ မင်း သေသေချာချာ စဉ်းစားနော်"

ယခုခေတ်တွင် အင်မော်တယ်မြို့တော်များ၏အင်အားသည် ဂိုဏ်းကြီးများကိုမယှဉ်နိုင်ပေ။

"မင်း ငါတို့ကိုတိုက်ခိုက်ရင် မင်းလည်းအသက်ရှင်မှာမဟုတ်ဘူး"

ယွီရွှန်က ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

"ဖေးရှန်ဂိုဏ်းဟုတ်လား"

"ငါ့လက်ထဲမှာ ဒီအင်မော်တယ်ဓားရှိလာရင် အင်မော်တယ်မြို့တော်လေးတစ်ခုကို ငါဘာလို့ဂရုစိုက်နေရမှာလဲ"

"ဒါ့အပြင် မင်းတို့ဂိုဏ်းက ယူမဟာမိတ်ကို ယှဉ်ရဲလို့လား"

ယူမဟာမိတ်...

ထိုစကားလုံးကိုကြားလိုက်ရသည့်အခါ လင်ဟန်ဟန်နှင့် အကြီးအကဲသုံးဦးတို့၏ မျက်နှာများ ချက်ချင်းပျက်သွား၏။ ဤအဖွဲ့အစည်းသည် အလွန်လျှို့ဝှက်ဆန်းကြယ်သော်လည်း ပတ်ဝန်းကျင်နယ်မြေများရှိ လူတိုင်းကသိကြသည်။ သတင်းဆိုးဖြင့်ကျော်ကြားမှုကြောင့် လူတိုင်းကကြောက်ရွံ့ကြ၏။

"ခင်ဗျား... ခင်ဗျားက တကယ်ပဲ ယူမဟာမိတ်ရဲ့ အဖွဲ့ဝင်တစ်ယောက်လား"

"မှန်တာပေါ့"

ယွီရွှန်၏ဘေးရှိ မုတ်ဆိတ်ဖြူအဖိုးအိုကလည်း ပြုံးလျက်ဆိုလိုက်သည်။

"ငါတို့အားလုံးက ယူမဟာမိတ်ကပဲ"

"ဒါတင်မကဘူး... ငါတို့က အင်မော်တယ်ကျင့်ကြံသူတွေမဟုတ်ဘူး၊ မိစ္ဆာကျင့်ကြံသူတွေ"

သူတို့၏ ဗြောင်ကျကျဝန်ခံမှုက လင်ဟန်ဟန်နှင့် အခြားသူများကို လုံးဝစိတ်ပျက်အားငယ်သွားစေသည်။ ဖေးရှန်ဂိုဏ်းမဆိုထားနှင့် ဤနယ်မြေတွင် နံပါတ်တစ်ဂိုဏ်းကြီးပင်လျှင် ယူမဟာမိတ်ကို ဆန့်ကျင်ရန် မဝံ့ရဲကြ။ ဤကြောက်မက်ဖွယ်ကောင်းသော မြေအောက်အဖွဲ့အစည်းကြီးက သူတို့ကို အဘယ်ကြောင့် ပစ်မှတ်ထားခဲ့ပါသနည်း။

အကြီးအကဲသုံးဦးသည် ကျန်းချန်ထံသို့ အကြည့်များကို ဖြည်းညှင်းစွာ လွှဲလိုက်ကြသည်။ အကယ်၍သာ သူသည် ဤမျှဟန်မထုတ်ခဲ့လျှင်၊ လူအများကြီးကို မသတ်ခဲ့လျှင်၊ အဆင့် ၇ အင်မော်တယ်ရတနာကို ထုတ်မပြခဲ့လျှင် ဤမျှအစွမ်းထက်သောရန်သူကို ဖိတ်ခေါ်မိမည်မဟုတ်။

သူတို့၏အမြင်တွင် ဤအရာအားလုံးမှာ ရှောင်လွှဲ၍ရနိုင်သောကိစ္စများသာ။ ယခုကဲ့သို့ဖြစ်ရခြင်းမှာ ကျန်းချန်၏ မှားယွင်းသောဆုံးဖြတ်ချက်များကြောင့်ဖြစ်သည်ဟု ယူဆကြ၏။ ထို့ကြောင့် သူတို့၏စိတ်ထဲတွင် နာကျည်းမှုများရှိလာကြသည်။

"ဘိုးဘေးကြီးကျန်း... အခု ဘာလုပ်ကြမလဲ"

"ခင်ဗျားက အရမ်းတော်တာပဲဆိုတော့ လွတ်လမ်းလေးတစ်ခုလောက်ပြပါဦးလား"

"ဟုတ်သားပဲ... ပြဿနာရှာတဲ့နေရာမှာ တော်သလို၊ ဒါကိုလည်း ဖြေရှင်းနိုင်မှာပေါ့ ဟုတ်တယ်မလား"

သူတို့၏လေသံမှာ လှောင်ပြောင်သရော်မှုများဖြင့် ပြည့်နှက်နေသည်။

သို့သော် အစ်ကိုကြီးချန်ကမူ ထိုအရာများကိုသတိမထားမိသကဲ့သို့ ဂုဏ်ယူစွာဖြင့် ရှေ့သို့တက်လှမ်းလိုက်သည်။

"ဒါကတော့ သေချာတာပေါ့"

"ဟူး... အခုကတော့ ငါ့ရဲ့အသင်းဖော်တွေကိုကယ်တင်ပြီး အခြေအနေကိုပြောင်းပြန်လှန်ရမယ့်အချိန် ရောက်လာပြန်ပြီ"

ဤမျှစိုးရိမ်ရသောအခြေအနေမျိုးမှာပင် လင်ဟန်ဟန်နှင့် အကြီးအကဲ သုံးဦးမှာ ခင်ဗျား ဘယ်ကနေ ဒီယုံကြည်မှုတွေရနေတာလဲဟု မေးချင်စိတ်ပေါက်သွားကြသည်။

စကားပြောပြီးနောက်သူသည် ဟုန်းကျွယ်အင်မော်တယ်ဓားကို ဖြည်းညှင်းစွာဆင့်ခေါ်လိုက်သည်ကို သူတို့မြင်လိုက်ရသည်။ ကျန်းချန်သည် တကယ်သေချင်နေသော်လည်း တိုက်ပွဲကိုတော့အရှုံးမပေးနိုင်ပေ။

အင်မော်တယ်ဓားပေါ်လာသည်နှင့် တစ်ဖက်မှမိစ္ဆာအရှင်မြတ် ၁၀ ပါးစလုံး လေးနက်သွားကြသည်။ ဤဓားကြောင့်သာမဟုတ်လျှင် ဤမျှလူအင်အားသုံးစရာမလိုပေ။

"အရှင်ရဲ့ ယုံကြည်မှုရဲ့အရင်းအမြစ်က ဒီဓားပဲဖြစ်ပုံရတယ်"

ရှေ့ဆုံးမှ မုတ်ဆိတ်ဖြူအဖိုးအိုက အနည်းငယ်ပြုံးလိုက်သည်။

"အဆင့် ၇ အင်မော်တယ်ရတနာကို လေးစားတဲ့အနေနဲ့ ငါတို့က လူအင်အားနဲ့ပဲဖိနှိပ်မှာမဟုတ်ဘူး၊ ခုနစ်စဉ်ကြယ်သွေးအလံကိုပါ အထူးတလည်သုံးစွဲပေးမယ်"

"ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်..."

သူ့စကားဆုံးသည်နှင့် မိစ္ဆာအရှင်မြတ်ခုနစ်ပါး၏ခေါင်းပေါ်တွင် သွေးရောင်အလံငယ်လေးတစ်ခုစီ ပေါ်ထွက်လာ၏။ ထိုခဏမှာပင် မြို့စားမင်းအိမ်တော်တစ်ခုလုံးသည် သွေးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားပြီး အသက်ရှူရန်ပင် ခက်ခဲလာတော့သည်။

"ခုနစ်စဉ်ကြယ်သွေးအလံကိုအသက်သွင်းဖို့ မိစ္ဆာကျင့်ကြံသူခုနစ်ယောက် လိုအပ်ရုံတင်မကဘူး၊ လုံလောက်တဲ့ သွေးစွမ်းအင်လည်း လိုအပ်တယ်"

"ဒီသွေးပင်လယ်ထဲမှာ ငါတို့မိစ္ဆာကျင့်ကြံသူတွေက တိုက်လေ ပိုအစွမ်းထက်လေပဲ"

"မင်းတို့အတွက်ကတော့ မင်းတို့ရဲ့ ခွန်အား၊ နယ်ပယ်၊ လက်နက်တွေအားလုံးကို သွေးညစ်ညမ်းမှုတွေက ရစ်ပတ်နှောင်ဖွဲ့ထားလိမ့်မယ်..."

သူတို့၏ ကြွားဝါသော ရှင်းလင်းချက်ကို အစ်ကိုကြီးချန်က ဒေါသတကြီး ကြားဖြတ်နှောင့်ယှက်လိုက်သည်။

"တော်တော့... တော်တော့... တော်ကြတော့"

"မင်း အခုဘာပြောလိုက်တာလဲ"

"ဒီအစီအရင်ကိုခင်းကျင်းတာက ဒီဓားကိုလေးစားလို့ဟုတ်လား"

လူတိုင်းက ဒီအင်မော်တယ်ဓားကိုပဲကြည့်နေကြပြီး ဓားပိုင်ရှင်ကိုတော့ လုံးဝဥပေက္ခာပြုနေကြတာပဲ...

ဒါက သည်းခံလို့မရတော့ဘူး...

ပြီးတော့ ဘယ်သူက ဒါကို အဆင့် ၇ အင်မော်တယ်ရတနာလို့ ပြောလို့လဲ။ လူတိုင်းက ဘာလို့ ဒီဓားကို အဆင့် ၇ လို့ပဲ သတ်မှတ်နေကြတာလဲ...

ယွီရွှန်နှင့် အဖိုးအိုမှာ ကျန်းချန် အဘယ်ကြောင့် ဤမျှဒေါသတကြီးဖြစ်နေရသနည်းဟု နားမလည်နိုင်ဘဲ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

"မဟုတ်ရင် ဘာဖြစ်ဦးမှာလဲ"

အစ်ကိုကြီးချန်သည် အဓိကအချက်ကို သူတို့ကိုသတိပေးရတော့သည်။

"ဒီဓားကို ဘယ်သူသုံးနေတာလဲဆိုတာ မင်းတို့မေ့သွားကြတာလား"

"မင်းပဲလေ"

"ဒါဆို ဒီတိုက်ပွဲရဲ့ အဓိကသော့ချက်ကဘယ်သူလဲ"

လင်ဟန်ဟန်နှင့် ယွမ်ကျဲတို့က တစ်ခုခု နက်နက်နဲနဲပြောတော့မည်ဟု ထင်ခဲ့ကြသည်။ သို့သော်သူသည် လက်နက်က သူ့ထက်ပိုအာရုံစိုက်ခံနေရသဖြင့် စိတ်ဆိုးနေပုံရ၏။

ဒါက အသက်အန္တရာယ်စိုးရိမ်နေရတဲ့ အချိန်ကြီးလေ...

ဒီလိုထူးဆန်းတဲ့မေးခွန်းကို စဉ်းစားနေရမယ့်အချိန်မဟုတ်...

တစ်ဖက်မှ မိစ္ဆာကျင့်ကြံသူများမှာလည်း သူ့အတွေးကို လိုက်မမီနိုင်ကြ။ ဤလူသည် သူတို့ထက်ပင် ပို၍ ပုံမှန်မဟုတ်ကြောင်း သိလိုက်ရသည်။ ယွီရွှန်သည် မည်သို့ပြန်လည်တုံ့ပြန်ရမည်ကိုမသိဘဲ ပါးစပ်အဟောင်းသားဖြစ်နေ၏။

သို့သော် နောက်ကွယ်မှ မိစ္ဆာအရှင်မြတ်တစ်ဦးက လှောင်ပြောင်လိုက်သည်။

"မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား"

မင်းက ရွှေအင်မော်တယ်တစ်ယောက်ပဲ။ ဒီဓားသာမရှိရင် ငါတို့ထဲကဘယ်သူမဆို မင်းကိုအမှုန့်ခြေပစ်နိုင်တယ်။

၎င်းကိုကြားလိုက်ရသည့်အခါ အေးအေးဆေးဆေးရှိနေသော အစ်ကိုကြီးချန်သည် ဒေါသပေါက်ကွဲသွားတော့သည်။

"မင်းတို့ဘိုးဘေးတွေကို သွားလုပ်လိုက်လေ"

"မျက်စိမပါတဲ့ အမှိုက်ကောင်တွေ... အားလုံး ငါ့အတွက်သေပေးကြစမ်း"

သူ၏ပြင်းထန်လှသောဒေါသများကြားမှ ဆယ်ဆတိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်တော့သည်။

All Chapters