← Chapters

နှင်းမက်မွန်စံအိမ်

Vol. 12 Ch. 113

နှင်းမက်မွန်စံအိမ်

Vol. 12 Ch. 113

လဲ့ဝေ့ယွမ်သည် သူတို့၏ တုံ့ပြန်မှုများကို မြင်ပြီးနောက် ဘာမှမပြောဘဲ တိတ်ဆိတ်စွာဖြင့် သူတို့ကို ဆက်လက် လမ်းပြ ခေါ်ဆောင်သွားလေသည်။

ထိုဓားနယ်မြေမှာ နန်းတော်အဆင့်ကိုပင် သက်ရောက်မှု ရှိစေနိုင်သည် ဖြစ်ရာ၊ တစ်ဦးက နန်းတော်အဆင့်၏ အစောပိုင်းအဆင့်တွင်သာ ရှိသေးပြီး နောက်တစ်ဦးက အမြုတေဖွဲ့စည်းခြင်းအဆင့် တွင်သာ ရှိသေးသော သူတို့နှစ်ဦး ဆိုလျှင်တော့ ပြောစရာပင် မလိုတော့ပေ။

ယန်ချင်းသည် နောက်သို့ လှည့်မကြည့်မိစေရန် လုံလောက်သော သတ္တိများကို စုစည်းပြီးနောက် ထိုစံပြနယ်မြေများ ပေါ်လာကတည်းက သူ၏ စိတ်ထဲတွင် ရှိနေသော မေးခွန်းတစ်ခုကို မေးလိုက်လေသည်။

“ကြီးကြပ်ရေးမှူး လဲ့ဝေ့ယွမ်... အဲဒီ နယ်မြေတွေက ဘယ်သူတွေ ပိုင်တာလဲ။ အထူးသဖြင့် အဲဒီဓားနယ်မြေက ဘယ်သူ့ဟာလဲ”

ယန်ချင်းက အနည်းငယ် တုန်ယင်နေသော လေသံဖြင့် မေးလိုက်သည်။

မော့ယွင်ရုသည်လည်း သူမ၏ အကြောက်တရားများနှင့် ကြုံတွေ့ခဲ့ရမှုများကို အတင်းအဓမ္မ မေ့ပစ်ရန် ကြိုးစားနေစဉ် ယန်ချင်း၏ မေးခွန်းကို ကြားလိုက်ရသောအခါ၊ သူမ ကိုယ်တိုင်လည်း သိချင်နေသဖြင့် အာရုံစိုက်လိုက်လေသည်။

“မင်းတို့ သိချင်တာက သဘာဝကျပါတယ်။”

“ဒီနေရာကို လာလည်ဖူးသူတိုင်းက သူတို့ လာလည်တဲ့ အချိန်အတွင်းမှာ ရောင်ပြန်ဟပ်နေတဲ့ နယ်မြေတွေရဲ့ ပိုင်ရှင်တွေ အကြောင်းကို သိချင်ကြတာချည်းပါပဲ။”

“မင်းတို့ ပထမဆုံး မြင်ခဲ့ရတဲ့ မျက်လုံးနယ်မြေက ကျောင်းအုပ်ကြီးရဲ့ ဟာလေ။”

“ မင်းတို့ အခုလေးတင် ကြုံတွေ့ခဲ့ရတဲ့ ဓားနယ်မြေကတော့ ဒီတစ်ပတ်အတွင်း မင်းတွေ့ခဲ့ရတဲ့ သူတစ်ယောက်ရဲ့ ဟာပဲ” ဟု လဲ့ဝေ့ယွမ်က လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။

တစ်မိနစ်ပင် မကြာလိုက်ဘဲ ယန်ချင်း၏ စိတ်ထဲတွင် နာမည်တစ်ခု ပေါ်လာလေသည်။

“မုန့်ချောင်လား”

ယန်ချင်းက အံ့အားသင့်စွာ မေးလိုက်သည်။

တရားခွင်တွင်တွေ့ခဲ့ရသော ဖော်ရွေပြီး ကြင်နာတတ်သည့် ပုဂ္ဂိုလ်နှင့် ယခု သူကြုံတွေ့ခဲ့ရသော ဝိညာဉ်ကိုပင် တုန်လှုပ်စေနိုင်လောက်သည့် အာဏာရှင်ဆန်သော နယ်မြေတို့ကို လုံးဝ ဆက်စပ်၍ မရနိုင်အောင် ဖြစ်နေလေသည်။

“ဟုတ်တယ်... သူ့ဟာပဲ... မဟုတ်ရင် သူကိုယ်တိုင်က နယ်မြေအဆင့်ရဲ့ သတ္တမမြောက် အဆင့်မှာပဲ ရှိသေးတာကို ဝိညာဥ်ဖွဲစည်းခြင်းအဆင့်တဝက် ကျွမ်းကျင်သူတွေရဲ့ တိုက်ပွဲကို ဘယ်လိုလုပ်ပြီး စောင့်ကြည့်နိုင်မယ်လို့ မင်း ထင်လို့လဲ။”

“ စံပြနယ်မြေကို ပိုင်ဆိုင်တဲ့သူတွေကသာ အဲဒီလို အခြေအနေမျိုးမှာ သူတို့ရဲ့ အသက်အန္တရာယ်ကို ကာကွယ်နိုင်မှာပေါ့” လဲ့ဝေ့ယွမ်က တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

“ဒါဆို စာအုပ်ကရော”

ကမ္ဘာကြီးတစ်ခုလုံး၏ ဗဟုသုတများကို သိုလှောင်ထားသကဲ့သို့ ထင်ရသော ဧရာမစာအုပ်ကြီးကို ပြန်လည် အမှတ်ရရင်း ယန်ချင်းက မေးလိုက်သည်။

၎င်းမှာ အန္တရာယ် အကင်းဆုံးဟု ထင်ရသော်လည်း စာမျက်နှာများ လှန်လိုက်သောအခါ ထွက်ပေါ်လာသည့် ပညာရှိတစ်ဦး၏ အသံကို သူ မမေ့နိုင်သေးပေ။

အကယ်၍သာ စာအုပ်ပွင့်သွားပြီး စာမျက်နှာများ အပြည့်အဝ ပေါ်ထွက်လာပါက မည်သို့ ဖြစ်သွားမည်ကို သူ မတွေးဘဲ မနေနိုင်တော့ပေ။

“အဲဒါက ကျူးလင်းရဲ့ ဟာပဲ” လဲ့ဝေ့ယွမ်က သက်ပြင်းချရင်း ပြောလိုက်သည်။

ထိုနာမည်ကို ကြားလိုက်ရသောအခါ ယန်ချင်းနှင့် မော့ယွင်ရုတို့ နှစ်ဦးလုံး၏ သူငယ်အိမ်များ ကျုံ့ဝင်သွားလေသည်။

ယန်ချင်း၏ တုံ့ပြန်မှုမှာ ပို၍ပင် ပြင်းထန်ပြီး ထိုနာမည်ကို အထစ်ထစ် အငေါ့ငေါ့ဖြင့် ထပ်ခါတလဲလဲ ရေရွတ်နေမိလေသည်။

ထိုအမည်မှာ အကျိုးဆောင်နံရံ၏ ထိပ်တန်းအမည်ဆယ်ခု စာရင်းတွင် ပါဝင်သော အမည်များအနက်မှ တစ်ခု ဖြစ်သည်။

ကျူးလင်းဟူသော အမည်မှာ စတုတ္ထမြောက် နေရာတွင် တည်ငြိမ်စွာ ရပ်တည်နေလေသည်။

သို့သော် ယန်ချင်း၏ ပြင်းထန်သော တုံ့ပြန်မှုမှာ အကျိုးဆောင်မှတ်နံရံကြောင့် မဟုတ်ဘဲ ထိုသူက အဘယ်ကြောင့် ထိုနေရာသို့ ရောက်ရှိနေရသနည်း ဟူသော အကြောင်းရင်းကြောင့် ဖြစ်သည်။

ကျူးလင်းသည် ခရမ်းရောင်အဆင့် ကျင့်စဉ်လေးခုကို ဖန်တီးခဲ့သူ ဖြစ်သည်။

၎င်းမှာ မြင့်မြတ်နယ်မြေများတွင်ပင် နှစ်ပေါင်း ၅၀,၀၀၀ ကျော်အတွင်း တစ်ခါမျှ မဖြစ်ပေါ်ဖူးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။

ခရမ်းရောင်အဆင့် ကျင့်စဉ်တစ်ခုကို ဖန်တီးနိုင်ရန်ထက် သူတော်စင်အဆင့်ရတနာ ၁၀၀ ကို ရှာဖွေရခြင်းက ပို၍ လွယ်ကူသည်ဟု ဆိုစမှတ် ပြုကြလေသည်။

အနီ၊ လိမ္မော်၊ အပြာ၊ ရွှေ၊ နှင့် နောက်ဆုံး ခရမ်းရောင်အထိ အဆင့်မြင့်လာလေလေ ကျင့်စဉ်များ အကြားရှိ ကွာဟချက်က ပိုမို ကြီးမားလာလေလေ ဖြစ်သည်။

ရွှေရောင်အဆင့် ကျင့်စဉ်နှင့် ခရမ်းရောင်အဆင့် ကျင့်စဉ် အကြားရှိ ကွာဟချက်မှာ တစ်ဆင့်တည်းသာ ကွာခြားသော်လည်း ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပေသည်။

ခရမ်းရောင်အဆင့် ကျင့်စဉ်တစ်ခုသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးထက်ပင် မင်းဆက် တစ်ဆက်ကို နှစ်ပေါင်းများစွာတည်တံ့နေစေရန် အာမခံနိုင်စွမ်း ရှိလေသည်။

အဘယ်ကြောင့်ဆိုသော် ထိုကျင့်စဉ်ရှိနေသရွေ့ ထိုကျင့်စဉ်ကို လေ့ကျင့်နိုင်မည့်သူများ ရှိနေသရွေ့ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူများ အမြဲတမ်း ပေါ်ထွက်လာမည်မှာ သေချာသောကြောင့် ဖြစ်သည်။

မြင့်မြတ်နယ်မြေများပင်လျှင် ခရမ်းရောင်အဆင့် ကျင့်စဉ် တစ်ခုအတွက်ဆိုလျှင် သူတို့အချင်းချင်း နောက်ကျောကိုဓားဖြင့်ထိုးရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။

ထို့ကြောင့် တစ်ခုတည်းသော မဟုတ်ဘဲ ခရမ်းရောင်အဆင့် ကျင့်စဉ်လေးခုကို ဖန်တီးခဲ့သူအနေဖြင့် ကျူးလင်း၏ တန်ဖိုးကို လျှော့တွက်၍ မရနိုင်ပေ။

အကျိုးဆောင်မှတ်နံရံပေါ်တွင် ကျူးလင်းထက် သာလွန်နေသော ထိပ်ဆုံးမှ သုံးဦးသည် မည်သည့်အရာများ လုပ်ဆောင်ခဲ့ကြသနည်း ဆိုသည်ကို ယန်ချင်း မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။

“ကြီးကြပ်ရေးမှူး လဲ့ဝေ့ယွမ်... စီနီယာကျူးလင်းနဲ့ ဌာနမှူးကျူးလောင်တို့က ဆွေမျိုးတွေများလား”

ယန်ချင်းက အလျင်အမြန် မေးလိုက်သည်။

သူ၏ စိတ်လှုပ်ရှားမှုများကြောင့် ကျူးလင်း၏ အမည်ကို ကြားလိုက်ရချိန်တွင် ဖြစ်ပေါ်သွားသော လဲ့ဝေ့ယွမ်၏ သိမ်မွေ့သော တုံ့ပြန်မှုကိုပင် သူ သတိမထားမိလိုက်ပေ။

“သူတို့က ညီအစ်ကိုတွေလေ... ဌာနမှူးကျူးလောင်က အစ်ကိုပေါ့” ဟု လဲ့ဝေ့ယွမ်က ပြောလိုက်သည်။

“တကယ်ကြီးလား... ဒါဆို သူလည်း ပါတီပွဲကို လာမှာပေါ့နော်” ယန်ချင်းက မျက်လုံးများ တောက်ပလာရင်း မေးလိုက်သည်။

“မလာဘူး... သူက လောလောဆယ် တခြားကိစ္စတွေနဲ့ အလုပ်ရှုပ်နေတယ်။”

“မင်း သတိထားမိတဲ့အတိုင်းပဲ မင်းအဖွဲ့အစည်းကို ရောက်လာကတည်းက သူက တစ်ခါမှ လူလုံးထွက်မပြဖူးဘူး။”

“သူက အချိန်အကန့်အသတ်မရှိ တံခါးပိတ် ကျင့်ကြံနေတာလေ။ ဘယ်အချိန်ထွက်လာမလည်းဆိုတာ ငါတို့လည်း မသိဘူး”

လဲ့ဝေ့ယွမ်က စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သော်လည်း သူ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားလေသည်။

“အိုးး...”

ယန်ချင်းက စိတ်ပျက်သွားသော မျက်နှာထားဖြင့် ပြောလိုက်ပြီးနောက် ပြန်လည် တက်ကြွလာလေသည်။

ဌာနမှူးကျူးလောင်သည် ခရမ်းရောင်အဆင့် ကျင့်စဉ်တစ်ခုကို မဖန်တီးနိုင်ခဲ့သော်လည်း သူသည်လည်း ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

ရွှေရောင်အဆင့် ကျင့်စဉ်တစ်ခုကို ဖန်တီးနိုင်ခြင်းမှာလည်း သေးငယ်သော အောင်မြင်မှု တစ်ခု မဟုတ်ပေ။

ဤညီအစ်ကိုနှစ်ဦး ပြသခဲ့သော ပါရမီစွမ်းရည်များကို သူ အံ့မခန်းဖြစ်မနေဘဲ မနေနိုင်ပေ။

သူတို့ လမ်းလျှောက်နေစဉ် လဲ့ဝေ့ယွမ်သည် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ရုတ်တရက် ရပ်တန့်သွားလေသည်။

“သူ မြင်ခဲ့ရတဲ့ နယ်မြေတွေရဲ့ ပိုင်ရှင်တွေက ဘယ်သူတွေလဲ ဆိုတာကို မသိချင်တဲ့ သူတစ်ယောက်တော့ ရှိခဲ့ဖူးတယ်။”

“သူ လာလည်တဲ့ အချိန်မှာ စံပြနယ်မြေ ၅ ခုနဲ့ ဆုံတွေ့ခဲ့ရတာ။ အခုအချိန်အထိ အဲဒါက စံချိန်သစ် တစ်ခုပဲ။”

“ရောင်ပြန်ဟပ်မှုကို ဖြစ်စေတဲ့ သူတော်စင်အဆင့်ရတနာက သူပြသမယ့် နယ်မြေတွေနဲ့ ပတ်သက်ပြီး စီစဥ်ထားတာမျိုး မရှိဘူး။”

“တစ်ခါတလေကျရင် နယ်မြေ တစ်ခုတည်းကို တစ်နေကုန် ရောင်ပြန်ဟပ်နေတတ်ပြီး တစ်ခါတလေကျရင်တော့ ဒီနေ့လိုပဲ မိနစ်အနည်းငယ် ကြာတိုင်း ကျပန်း ပြောင်းလဲနေတတ်တယ်။”

“ဒါပေမဲ့ အဲဒီလို ဖြစ်နေတဲ့ကြားက... စံပြနယ်မြေတွေနဲ့ ပတ်သက်လာရင် တစ်နှစ်ကို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက်ပဲ ရောင်ပြန်ဟပ်လေ့ ရှိတယ်။”

“တစ်နေ့တည်းမှာ တစ်ခုထက်ပိုပြီး ပေါ်လာတာမျိုးက ရှားတယ်။”

“မဟူရာတောင်ကြားကို စတင်တည်ထောင်ကတည်းက အခုချိန်အထိ တစ်နေ့တည်းမှာ စံပြနယ်မြေ တစ်ခုထက်ပိုပြီး ပေါ်လာဖူးတဲ့ အကြိမ်အရေအတွက်က ၈ ကြိမ်ပဲ ရှိသေးတယ်။”

“ အခု မင်းတို့ လာလည်တဲ့ အချိန်မှာ ၃ ခု ပေါ်လာတာကို ကြည့်ရရင်၊ အခုက ၉ ကြိမ်မြောက် ဖြစ်သွားပြီ ထင်တယ်”

လဲ့ဝေ့ယွမ်က တွက်ချက်နေရင်း ခေတ္တရပ်ကာ ပြောလိုက်သည်။

“စံပြနယ်မြေ ၅ ခုရဲ့ ရိုက်ခတ်မှုကို ခံခဲ့ရတဲ့ မင်းရဲ့ သူငယ်ချင်းနဲ့ မတူဘဲ မင်းတို့က ၃ ခုတည်းနဲ့ ကြုံခဲ့ရတာက အတော်လေး ကံကောင်းတယ်လို့တောင် ပြောလို့ရတယ်။”

“ပဉ္စမမြောက်နယ်မြေ ရောက်လာတဲ့ အချိန်မှာ မျက်ဖြူလန်သွားပြီး ခန္ဓာကိုယ်ရဲ့အပေါက်တိုင်းကနေ သွေးတွေ ထွက်လာတော့တာပဲ။”

“သူ ဒီကို လာရတဲ့ ကိစ္စကိုတောင် မလုပ်သွားရဘူး... ဟဲဟဲ... သနားစရာ ကလေးလေးပါ”

လဲ့ဝေ့ယွမ်က သူ၏ မျက်လုံးများထဲတွင် သဘောကျနေသော အလင်းတန်းတစ်ခု တောက်ပသွားရင်း တခစ်ခစ် ရယ်မောလိုက်လေသည်။

လဲ့ဝေ့ယွမ် ရယ်မောသည်ကို တွေ့ရခဲသဖြင့် ယန်ချင်းမှာ အံ့အားသင့်သွားလေသည်။

သူ ရယ်မောလေ့ရှိသော တစ်ခုတည်းသော အချိန်များမှာ ယန်ချင်းကို ပြစ်ဒဏ် ချမှတ်နေချိန်များတွင်သာ ဖြစ်သည်။

“အဘိုးကြီးဝေ့ယွမ်က ငါထင်ထားတာထက်ပိုပြီး သူတစ်ပါး ဒုက္ခရောက်တာကို သဘောကျတဲ့သူ ဖြစ်နေမလားပဲ”

ယန်ချင်းက လဲ့ဝေ့ယွမ်ကို သတိကြီးစွာ အကဲခတ်ရင်း တွေးလိုက်သည်။

“ယန်ချင်း... မင်း အခုလေးတင် ငါ့အကြောင်း မကောင်းတာ တစ်ခုခု တွေးလိုက်တာလား”

လဲ့ဝေ့ယွမ်က ယန်ချင်းကို စိုက်ကြည့်ရင်း အေးစက်စွာပြောလိုက်သည်။

“ကြီးကြပ်ရေးမှူး လဲ့ဝေ့ယွမ်... အဲဒီလို စွပ်စွဲခံရလို့ ကျွန်တော် အရမ်း ဝမ်းနည်းရပါတယ်။”

“ကျွန်တော်က ကြီးကြပ်ရေးမှူးရဲ့ ပညာရှိအရှိန်အဝါကို ရိုသေလေးစားလွန်းလို့ မနက်အလုပ်မသွားခင် ကြီးကြပ်ရေးမှူးအတွက် အမွှေးတိုင်တောင် ထွန်းပေးပါသေးတယ်။”

“အဲဒါကြောင့်ပဲ လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ ကျွန်တော့်ရဲ့ အလုပ်တက်ရောက်မှု မှတ်တမ်းက ပျက်ရက်မရှိတာပေါ့”

ယန်ချင်းက သံသယဝင်ခံရသော ဘာသာရေးကိုင်းရှိုင်းသူ တစ်ဦးကဲ့သို့ ဝမ်းနည်းပက်လက် မျက်နှာထားဖြင့် သနားစရာ ကောင်းအောင် ပြောလိုက်သည်။

သေချာသည်မှာ အားလုံးက လိမ်ညာနေခြင်းတော့ မဟုတ်ပေ။

နန်းတော်အဆင့်သို့ သူချိုးဖောက်ဝင်ရောက်နိုင်ခဲ့သော အချိန်နှင့် ပတ်သက်၍ လိမ်ညာခဲ့သော လှည့်ကွက်ကိုသာ လျစ်လျူရှုလိုက်မည် ဆိုပါက သူ၏ အလုပ်တက်ရောက်မှု မှတ်တမ်းမှာ လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း အမှန်တကယ်ပင် ပျက်ရက်မရှိခဲ့ပေ။

အဖွဲ့အစည်း၏ ရာထူးအဆင့်ဆင့်တွင် မြင့်မားလာလေလေ အလုပ်လုပ်ရချိန် နည်းပါးလေလေ ဖြစ်သောကြောင့် ရာထူးတိုးရေး အစီအစဉ်အတွက် သူသည် အချိန်မှန်မှန် ရောက်ရှိခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။

လဲ့ဝေ့ယွမ်၏ ဓာတ်ပုံရှေ့တွင် အမွှေးတိုင် ထွန်းခဲ့သည်မှာလည်း အမှန်ပင် ဖြစ်သော်လည်း ရိုသေလေးစားမှုကြောင့်တော့ မဟုတ်ပေ။

သူသည် မနက်တိုင်း လဲ့ဝေ့ယွမ်၏ဓာတ်ပုံကိုကြည့်၍ ကျိန်ဆဲလေ့ရှိပြီး ၎င်းမှာ သူ့ကို အမြဲတမ်း လန်းဆန်းသွားစေကာ စိတ်ကြည်လင်သွားစေသဖြင့် သူ၏ တစ်နေ့တာ ပုံမှန်လုပ်ရိုးလုပ်စဉ် တစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

“ဒါနဲ့... အဲဒီ ကံဆိုးတဲ့ ဧည့်သည်က ဘယ်သူလဲ” ယန်ချင်းက အလျင်အမြန် မေးလိုက်သည်။

“မင်းရဲ့သူငယ်ချင်း ခန်ဟွေ့လန်လေ”

“သူ... ဟားဟားဟားဟားဟားဟား... အဲဒီမှာ ငါသာ ရှိနေရင် သိပ်ကောင်းမှာပဲ... လိုအပ်တဲ့အချိန်ကျတော့ မော့မော့ရဲ့ မှတ်တမ်းတင် အဆောင်လက်ဖွဲ့တွေက ဘယ်ရောက်နေလဲ မသိဘူး။”

“အဲဒီ ကတိဖျက်တဲ့ကောင် အဲဒီလို ခံရတာ နည်းတောင်နည်းသေးတယ်...”

ယန်ချင်းက မျက်ရည်များပင် ထွက်လာသည်အထိ ဗိုက်ကို ဖက်ကာ အားရပါးရ ရယ်မောရင်း ပြောလိုက်သည်။

“သူ အဲဒီအခြေအနေအထိ ဘယ်လိုရောက်သွားတာလဲ... ကြီးကြပ်ရေးမှူး ကျွန်တော်တို့ကို လုပ်ပေးသလိုမျိုး သူ့ကို လမ်းပြပေးတဲ့ နယ်မြေအဆင့်ကျွမ်းကျင်သူက သူ့ကို အကာအကွယ် မပေးဘူးလား” ယန်ချင်းက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

ခန်ဟွေ့လန်၏ ကံဆိုးမှုများကို ဝမ်းသာအားရ ဖြစ်တတ်သော်လည်း ထိုသူ၏ စွမ်းဆောင်ရည်များကို သူ ကောင်းကောင်း သိလေသည်။

သူတို့သည် အကယ်ဒမီတွင် ရှိစဉ်က ပြိုင်ဘက်များ ဖြစ်ခဲ့ကြပြီး၊ ယန်ချင်းကိုယ်တိုင် အနည်းငယ် အရှုံးပေးရကြောင်း ဝန်ခံရမည့် နယ်ပယ်အနည်းငယ်ပင် ရှိလေသည်။

အဓိကနယ်ပယ်မှာ တိုက်ခိုက်ရေးပင် ဖြစ်သည်။

သူသည် မတူညီသော ဆန္ဒအမျိုးအစား သုံးမျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားပြီး မည်သည့် လက်နက်ကိုမဆို အမိဝမ်းတွင်းကတည်းက ပါလာခဲ့သည့် သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုကဲ့သို့ အသုံးပြုနိုင်သော ဘီလူး တစ်ကောင် ဖြစ်သည်။

တိုက်ခိုက်ရေးတွင် သူ၏ ကျွမ်းကျင်မှုများကြောင့် ကျောင်းမပြီးမီကတည်းကပင် နန်းတော် တရားရုံးများကို ညှိနှိုင်းဆောင်ရွက်ရသော အလှည့်ကျစစ်ဆေးရေးမှူးများ၏ ဒုတိယညွှန်ကြားရေးမှူးကပင် သူ့ကို လာရောက် ကမ်းလှမ်းခဲ့ရလေသည်။

သူ၏ ပါရမီစွမ်းရည်များမှာ တရားသူကြီးတစ်ဦးထက် စစ်ဆေးရေးမှူးတစ်ဦး ဖြစ်ရန် ပိုမို သင့်လျော်သော်လည်း သူတို့က ကြီးမားသော အကျိုးခံစားခွင့်များ ကမ်းလှမ်းခဲ့သည့်တိုင် စစ်ဆေးရေးမှူး အစား တရားသူကြီးတစ်ဦး ဖြစ်ရန် ရွေးချယ်ခဲ့သောကြောင့် သူတို့ အလွန် စိတ်ပျက်ခဲ့ရလေသည်။

ထိုမျှ အရည်အချင်းရှိသူ တစ်ဦးက အဘယ်ကြောင့် ဤမျှ ပြင်းထန်သော တုံ့ပြန်မှုမျိုး ဖြစ်ရသနည်း ဆိုသည်ကို ယန်ချင်း နားမလည်နိုင်အောင် ဖြစ်နေလေသည်။

ဓားနယ်မြေကဲ့သို့သော အာဏာရှင်ဆန်သည့် စံပြနယ်မြေများနှင့် ထပ်မံ ထိတွေ့ခဲ့ရခြင်း မဟုတ်လျှင် မဖြစ်နိုင်ပေ။

အကယ်၍ ယန်ချင်းသာ ဓားနယ်မြေကဲ့သို့သော နယ်မြေလေးခုကို ထပ်မံ ခံစားရမည် ဆိုပါက တတိယမြောက် နယ်မြေအရောက်တွင် သူ သတိလစ်သွားမည် မဟုတ်ကြောင်း သေချာအာမ မခံနိုင်ပေ။

“အဲဒီတုန်းက သူက အမြူတေဖွဲ့စည်းခြင်းအဆင့်ရဲ့ အစောပိုင်း အဆင့်မှာပဲ ရှိသေးတယ်။”

“ပြီးတော့ သူက ဘယ်လို နယ်မြေမျိုးကိုမဆို သူ ခံနိုင်ရည် ရှိတယ်အာချောင်ပြီး အလောင်းအစားတောင် လုပ်ခဲ့သေးတယ်။”

“သူ့ကို လမ်းပြပေးတဲ့ နယ်မြေအဆင့်ကျွမ်းကျင်သူ ကလည်း သူ့အလိုကို လိုက်လျောပေးလိုက်တော့ ကျန်တာကတော့ ငါ ပြောခဲ့တဲ့အတိုင်းပဲပေါ့။”

“သူ သတိမလစ်ဘဲ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဒီမှာ နေထိုင်သူတွေ ကြားထဲမှာ အလောင်းအစားပွဲတောင် လုပ်ခဲ့ကြသေးတယ်။”

“သူက စံပြ နယ်မြေ ၅ ခုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ... ဟဲဟဲ... တကယ်တော့ သူ့ဘက်ကနေ အလောင်းအစား လုပ်ခဲ့တဲ့ တစ်ဦးတည်းသော သူက အိမ်ရှင်ဆုလီချိုးပဲ။”

“သူမက အဲဒီကနေ ပိုက်ဆံ အများကြီး ရလိုက်တယ်” လဲ့ဝေ့ယွမ်က သူ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်ရင်း မနာလိုစွာဖြင့် ပြောလိုက်သည်။

…..

မိနစ်အနည်းငယ်ခန့် လမ်းလျှောက်ပြီးနောက် သူတို့သည် လှပသော လက်ရေးဖြင့် ‘နှင်းမက်မွန် စံအိမ်’ဟု ရေးသားထားသော သစ်သားဆိုင်းဘုတ် တစ်ခုကို တွေ့လိုက်ရလေသည်။

ယန်ချင်းသည် ထိုလက်ရေးထဲတွင် ကျွမ်းကျင်သော စစ်သူကြီး တစ်ဦး၏ တိုက်ပွဲဝင်လိုသော စိတ်ဓာတ်မျိုးကို အာရုံခံမိလိုက်ပြီး ၎င်းမှာ လှပသော လက်ရေး သို့မဟုတ် စံအိမ်၏ အမည်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေလေသည်။

လဲ့ဝေ့ယွမ်က သူတို့ကို ဆိုင်းဘုတ်ကို ကျော်လွန်၍ ရှေ့သို့ ဆက်သွားရန် တိုက်တွန်းလိုက်သည်။

ဆိုင်းဘုတ်ကို ကျော်၍ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက်၊ သူတို့၏ အရှေ့တွင် ကမ္ဘာသစ်တစ်ခု ပွင့်သွားသကဲ့သို့ ဖြစ်သွားလေသည်။

တောင်ငယ်များ၊ မြစ်များဖြင့် ပြည့်နှက်နေသော နှင်းဖုံးနေသည့် ရှုခင်း တစ်ခုက သူတို့၏ အမြင်အာရုံကို ဖုံးလွှမ်းသွားပြီး အလယ်ဗဟိုတွင်တော့ သူ တစ်ခါမှ မမြင်ဖူးလောက်အောင် အကြီးမားဆုံးသော မက်မွန်ပွင့် သစ်ပင်ကြီး တစ်ပင် ရှိလေသည်။

ထိုအပင်ကြီးမှာ ကီလိုမီတာအနည်းငယ်မျှ မြင့်မားပြီး၊ ကျယ်ပြန့်စွာ ဖြာထွက်နေသော သစ်ကိုင်းများနှင့် သူ၏ဦးခေါင်းခန့် အရွယ်အစားရှိသော မက်မွန်ပန်းပွင့်များ ပါရှိလေသည်။

ပန်းပွင့်ဖတ်လေးများက လေနှင့်အတူ ထိုနေရာ တစ်ဝိုက်တွင် လွင့်မျောနေပြီး၊ နှင်းဖုံးနေသော နောက်ခံရှုခင်းနှင့် ပေါင်းစပ်သွားသောအခါ ထိုနေရာကို ရင်သပ်ရှုမောဖွယ် အလှတရားတစ်ခု ဖြစ်ပေါ်နေလေသည်။

ယန်ချင်းနှင့် မော့ယွင်ရုတို့ ရှုခင်းကို အားရပါးရ ငေးမောနေစဉ်မှာပင်၊ သူတို့အနားသို့ လွင့်မျောလာသော ပန်းပွင့်ဖတ်များအနက်မှ တစ်ခုက ရုတ်တရက် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားလေသည်။

“မင်းက ယန်ချင်း ဖြစ်ရမယ်... ငါ့သမီးက မင်းအကြောင်း တချို့ကို ငါ့ကို ပြောပြဖူးတယ်”

ရွှင်လန်းပြီး ဟာသဉာဏ် ရှိသော အသံတစ်ခု ထွက်ပေါ်လာပြီးနောက်၊ ပန်းရောင်ဆံပင်များနှင့် ရဲရင့်သော အသွင်အပြင် ရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး သူတို့၏ အရှေ့တွင် ရုတ်တရက်ပေါ်လာလေသည်။

All Chapters