← Chapters

အခန်း (၈၀၂-၈၀၃)

Vol. 47 Ch. 802-803

အခန်း (၈၀၂-၈၀၃)

Vol. 47 Ch. 802-803

Chapter 802

ယန္တာရားဘုရင် ချင်ဖုန်း ၁

လင်းရှန်နှင့် ကျိုးကျင်း၏ အထူးတပ်ဖွဲ့သည် ခပ်လှမ်းလှမ်းရှိ ဆိတ်ငြိမ်သော လမ်းကြားတစ်ခုတွင် လူစုခွဲရပ်နားလိုက်ကြပြီးနောက် အခြေအနေကို အကဲခတ်ရန် မြင့်မားသောအဆောက်အအုံတစ်ခုပေါ်သို့ တက်ခဲ့ကြသည်၊၊ အဓိက စောင့်ကြည့်ရေးဂိတ်အချို့၏ ပတ်ဝန်းကျင်တွင် အဖွဲ့ဝင်များ ဖြန့်ကျက်ကာ အဆက်အသွယ်မပြတ်စေရန် ကျိုးကျင်းက စီစဉ်ပေးခဲ့သည်၊၊ ထိုအချိန်တွင် သူ၏အနီး၌ အဖွဲ့ဝင်သုံးဦးရှိနေသည်၊၊ ၎င်းတို့မှာ လျင်မြန်ဖျတ်လတ်သော အမျိုးသမီးစွမ်းအားရှင် ကင်းထောက် ရှောင်ယန်၊၊ သံမဏိမုဆိုးစွမ်းအားဝတ်စုံကို ဝတ်ဆင်ထားသော အကြီးစားစက်သေနတ်ကိုင် တုံစီလဲ့နှင့် မျက်မှန်တပ်ထားသော တင်းမာသောမျက်နှာဖြင့် သတင်းအချက်အလက် ကျွမ်းကျင်သူ လီစူးတို့ဖြစ်ကြသည်၊၊

“တကယ်ကြီး ငွေကြယ်ပဲ”

လင်းရှန်က မှန်ပြောင်းထုတ်ကာ ငွေရောင်ရထားစက်ခေါင်းကို ကြည့်ရင်း မပြောဘဲမနေနိုင်တော့ပေ။

“သူတို့က ထာဝရစွမ်းအင်သုံး အင်ဂျင်ခေါင်းရဲ့ အစိတ်အပိုင်းတစ်ခုကို ဒီအထိရောက်အောင် မြေမျက်နှာပြင်မရွေးဖြတ်သန်းနိုင်တဲ့ စနစ်နဲ့ ဆွဲလာကြတာပဲ၊၊ တကယ်ကို နည်းဗျူဟာကျကျ စီစဉ်ထားတာပဲ”

“ယာဉ်တန်းကြီး တော်တော်များများလည်း ရောက်နေကြတယ်”

ကျန်းယွမ်က လူပင်လယ်ကြီးဖြစ်နေသော ရင်ပြင်နှင့် ပတ်ဝန်းကျင်လမ်းမများပေါ်ရှိ ကြီးမားလှသော ကမ္ဘာပျက်ကပ်သုံးယာဉ်မျိုးစုံကို လှမ်းကြည့်ကာ ပြောလိုက်သည်၊၊

“ဘုံမဟာမိတ်အဖွဲ့၊ သံမဏိအတားအဆီးအဖွဲ့၊ Wind Speaker အဖွဲ့၊ သတ္တုရူးသွပ်ခြင်းအဖွဲ့၊ မီးခိုးရောင်သိမ်းငှက်အဖွဲ့၊ နောက်ဆုံး အာရုဏ်ဦးစောင့်ကြည့်သူ မဟာမိတ်အဖွဲ့တောင် ဒီကိုရောက်နေတာပဲ”

“ခဗျားက လူတော်တော်များများကို သိတာပဲ”

ကျန်းယွမ်က အဖွဲ့ဝင်တော်တော်များများကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသည်ကို မြင်သောအခါ ကျိုးကျင်းလည်း အံ့အားသင့်သွားသည်၊၊

“မင်းက အာရုဏ်ဦးမြို့တော်မှာ လူသစ်တော့ မဟုတ်လောက်ဘူး”

“အဲဒီလိုတော့လည်း မဟုတ်ပါဘူး၊၊ ဒီမှာရှိနေတာ ကြာပြီဆိုတော့ မြင်ဖူးနေကျ မျက်နှာတွေမို့ပါ၊၊ အရင်က အလုပ်တွဲလုပ်ဖူးတာတွေလည်း ရှိတယ်လေ”

ကျန်းယွမ်က ပြန်ဖြေခဲ့သည်၊၊

နန်ကျင်းက ရှေ့သို့တိုးလာပြီး အံ့သြသော လေသံဖြင့် မေးလိုက်သည်၊၊

“ဒီအဖွဲ့တွေကရော လူသစ်စုဆောင်းပွဲမှာ ပါဝင်ဖို့ ရောက်နေကြတာလား”

ကျန်းယွမ်က ခေါင်းခါပြသည်၊၊

“မဟုတ်လောက်ပါဘူး၊၊ ဒီယာဉ်တန်းတွေ ဒါမှမဟုတ် မဟာမိတ်အဖွဲ့တွေက လူဦးရေသောင်းချီရှိတဲ့ အဖွဲ့အစည်းတွေပဲ၊၊ သူတို့ရဲ့ စနစ်ဖွဲ့စည်းပုံတွေက အရမ်းကို ပြည့်စုံလွန်းတယ်၊၊ အာရုဏ်ဦးစောင့်ကြည့်သူ မဟာမိတ်အဖွဲ့မှာတင် လူဦးရေ တစ်သိန်းနှစ်သောင်းလောက် ရှိတယ်၊၊ မြောက်ဘက်က ဟန်ကျွမ့်ရဲ့ Arctic Wind မဟာမိတ်လေယာဉ်တန်းနဲ့ ပေါင်းစည်းတော့မယ်လို့လည်း သတင်းကြားတယ်၊၊ အဲဒီအင်အားက ဖီးနစ်အဖွဲ့အစည်းနဲ့ ဖက်ဒရေးရှင်းတို့တောင် လျှော့တွက်လို့မရတဲ့ အင်အားမျိုးပဲ”

“ကျန်တဲ့ ယာဉ်တန်းတွေမှာလည်း လူဦးရေ နှစ်သောင်းထက် မနည်းဘူးရှိကြတယ်၊၊ စောစောက ငါတို့သွားခဲ့တဲ့ တာ့လီခရီးသွားအသင်းရဲ့ နယ်မြေတချို့ကို မီးခိုးရောင်သိမ်းငှက်ယာဉ်တန်းက တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားတာပဲ”

“ဟန်ကျွမ့်လား”

လင်းရှန်က ပြန်စဉ်းစားလိုက်သည်၊၊

“ကျုပ် အဲဒီလူကို သိတယ်”

ကျန်းယွမ်က ပြုံးလိုက်သည်၊၊

“မင်း သေချာပေါက်သိမယ့် နောက်တစ်ယောက်လည်း ရှိသေးတယ်၊၊ North Wind မဟာမိတ်အဖွဲ့က ရှန်းယောင်လေ၊၊ သူက စီလန်မြို့တိုက်ပွဲအပြီးမှာ ဟန်ကျွမ့်နဲ့ မဟာမိတ်ဖွဲ့ခဲ့တယ်၊၊ ကျင်းမြစ်မှာ Arctic Wind မဟာမိတ်ယာဉ်တန်းရဲ့ ဒုတိယအဖွဲ့နဲ့ ပေါင်းစည်းပြီးကတည်းက သူတို့ရဲ့ လူဦးရေက နှစ်သိန်းကျော်သွားပြီ၊၊ အခုဆိုရင် သူတို့က ဖီးနစ်အဖွဲ့အစည်းက တရားဝင်ထောက်ခံပေးထားတဲ့ အဓိကမဟာမိတ်အဖွဲ့ကြီးတွေထဲက တစ်ခုဖြစ်နေပြီ”

“ဝိုး၊၊ သေချာပေါက် ရှင့်နားရွက်က မြေကြီးပေါ်မှာ ရှိနေရမယ်”

ထိုအချိန်တွင် ကီကီက ဝင်ပြောလိုက်သည်၊၊

“လူသားမျိုးနွယ်တွေ အကျပ်အတည်းဖြစ်နေတဲ့ ဒီလိုကသောင်းကနင်းကာလမှာ မိတ်ဆွေများလေလေ သတင်းအချက်အလက် ပိုရလေလေပဲ၊၊ အဲဒါမှ အသက်ရှင်သန်ဖို့ အခွင့်အလမ်း ပိုများမယ်”

ကျန်းယွမ်က လင်းရှန်ကို ကြည့်ကာ ရှင်းပြသည်၊၊

“အာရုဏ်ဦးစောင့်ကြည့်သူ မဟာမိတ်အဖွဲ့ရဲ့ လူဦးရေက တစ်သိန်းနှစ်သောင်းရှိတယ်၊၊ သူတို့ခေါင်းဆောင်က မင်းနဲ့ မျိုးရိုးတူတဲ့ လင်းချင်ယွီတဲ့၊၊ သူက ကျွမ်းကျင်သူတွေနဲ့ စစ်ဗျူဟာပညာရှင် ၂၀ ကျော်ပါတဲ့ အဓိကအဖွဲ့ကို ဦးဆောင်နေတဲ့ ကြောက်စရာကောင်းတဲ့ လူတစ်ယောက်ပဲ၊၊ မဟာမိတ်အဖွဲ့တစ်ခုလုံးကို စစ်တပ်ပုံစံနဲ့ စီမံခန့်ခွဲထားပြီး ထောက်ပံ့ရေးနဲ့ အရင်းအမြစ်အဖွဲ့တွေကလည်း အရမ်းကြီးမားတယ်၊၊ သူတို့က လမ်းကြောင်းတွေ၊ ရထားလမ်းတွေ၊ လေကြောင်းလိုင်းတွေအပြင် စိုက်ပျိုးရေးနဲ့ ထုတ်လုပ်ရေးယာဉ်တန်းတွေကတစ်ဆင့် အရင်းအမြစ်တွေကို တစ်စိတ်တစ်ပိုင်း ပြန်လည်အသုံးချနိုင်အောင် လုပ်ဆောင်နေကြတယ်၊၊ ဒါပေမဲ့ ရေအရင်းအမြစ် ပြဿနာကိုတော့ အခုထိ မဖြေရှင်းနိုင်သေးဘူး၊၊ ဒါကိုတော့ သူတို့က စွမ်းအားရှင်တွေရဲ့ စိတ်ဝိညာဉ်လှိုင်းတန်ဖိုးကို အသုံးပြုပြီး ကူးစက်ခံထားရတဲ့ ရေတွေကို အဆင့်အမျိုးမျိုးခွဲခြား သတ်မှတ်ပြီး သန္ဓေပြောင်းနှုန်းကို ထိန်းချုပ်ထားကြတယ်၊၊ အခု ယာဉ်တန်းတော်တော်များများက ဒီပုံစံကို သုံးနေကြတယ်၊၊ ဒါက မူလက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားလို့ ယူဆရတဲ့ လင်းချင်ယွီ ဖော်ထုတ်ခဲ့တဲ့ နည်းလမ်းပဲ”

လင်းရှန်က ထိုအကြောင်းကို ကြားသောအခါ စဉ်းစားပြီး မေးလိုက်သည်၊၊

“ခဗျားပြောချင်တာက စွမ်းအား ပိုကြီးတဲ့သူတွေက သန့်စင်မှုနည်းတဲ့ ရေကို သောက်ပြီး ယာဉ်တန်းထဲက အင်အားနည်းတဲ့သူတွေက စွမ်းအားရှင်တွေ သန့်စင်ပေးထားတဲ့ ရေကို သောက်ကြတာလား”

“အဲဒီလို သဘောပဲ”

“အန္တရာယ်ကို ခွဲဝေယူတာပဲ၊၊ တကယ် ထက်မြက်တာပဲ”

မိုနီကာက လက်ပိုက်ကာ မျက်လုံးများ တောက်ပလျက် ပြောသည်၊၊

“ဒါပေမဲ့ ဒီလို ဟန်ချက်ညီအောင် လုပ်တာကလည်း ကြီးမားတဲ့ အားနည်းချက်တွေ ရှိနိုင်တယ်”

“သေချာတာပေါ့၊၊ ဒါပေမဲ့ လက်ရှိမှာတော့ ဒါက အကောင်းဆုံးဖြေရှင်းချက်ပဲ”

ချီလီက ထောက်ခံသည်၊၊

ကျန်းယွမ်က ရင်ပြင်၏ အရှေ့တောင်ဘက်ရှိ အခြေစိုက်ထရပ်ကားကြီးများ တန်းစီရပ်ထားပြီး အသက်ရှင်ကျန်ရစ်သူများစွာ တန်းစီနေသည့်နေရာကို ဆက်ညွှန်ပြသည်၊၊

“ဘုံမဟာမိတ်အဖွဲ့၊၊ တရားဝင်စာရင်းအရတော့ လူဦးရေ ရှစ်သောင်းလို့ ပြောပေမဲ့ တကယ်တော့ အဲဒီထက် အများကြီးပိုတယ်၊၊ အဖွဲ့ခေါင်းဆောင် လဲ့ကျန်းက အရင်က ထောင်ကျဖူးတဲ့ ထရပ်ကားဒရိုင်ဘာတစ်ယောက်ပဲ၊၊ အဲဒီအဖွဲ့မှာ သက်ကြီးရွယ်အို၊ ကလေးသူငယ်နဲ့ အမျိုးသမီး ၄၀ ရာခိုင်နှုန်းလောက် ပါတယ်။ အများစုက မိသားစုဝင်တွေပဲ၊၊ ဒါတောင်မှ သူတို့အဖွဲ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ကြောက်စရာကောင်းတယ်၊၊ ရှေ့တန်းမှာ ကျွမ်းကျင်သူတွေ အများကြီးရှိတယ်၊၊ တိုက်ပွဲတွေမှာ လူတိုင်းက မတွန့်ဆုတ်ပဲ ရဲရဲတင်းတင်းတိုက်ခိုက်ကြသလို ထောက်ပံ့ရေးကလည်း ခိုင်မာတယ်၊၊ အဖွဲ့တွင်းမှာ စည်းလုံးမှုကို အလေးထားတာကြောင့် အသက်ရှင်ကျန်ရစ်သူတွေကြားမှာ နာမည်ကောင်းရထားတယ်၊၊ ဒါပေမဲ့ ဝင်ဖို့ကတော့ မလွယ်ဘူး”

“အရင်းအမြစ်၊ တိုက်ခိုက်ရေးစွမ်းရည် ဒါမှမဟုတ် ထောက်ပံ့ရေး အစရှိတဲ့ လိုအပ်ချက်တွေထဲက အနည်းဆုံး တစ်ခုတော့ ပြည့်မီဖို့ လိုတာပေါ့”

လင်းရှန်က ဆိုသည်၊၊

ကျန်းယွမ်က ခေါင်းငြိမ့်ပြကာ ဆက်ပြောသည်၊၊

“Wind Speaker အဖွဲ့၊၊ လေဒြပ်စင်စွမ်းအားရှင် ထောက်လှမ်းရေးစစ်သားတစ်ယောက်ဖြစ်တဲ့ လောင်ဟန်က ဦးဆောင်တယ်၊၊ ငါ သူနဲ့ အလုပ်တွဲလုပ်ဖူးတယ်၊၊ သူက တည်ငြိမ်ပြီး ပြတ်သားတဲ့လူပဲ၊၊ သူ့အဖွဲ့က လူ ၉၀၀၀ ကျော်ပဲရှိပြီး သိပ်မကြီးပေမဲ့ အားလုံးက ပေါ့ပေါ့ပါးပါး ခရီးသွားကြတာ၊၊ ယာဉ်ကြီးယာဉ်ကောင်းတွေ သိပ်မပါဘူး၊၊ သူတို့ရဲ့ ရွေ့လျားနိုင်စွမ်းနဲ့ ချီတက်နှုန်းက အရမ်းမြန်တယ်၊၊ စွမ်းအားရှင်တွေနဲ့ တစ်ဦးချင်း တိုက်ခိုက်ရေးစွမ်းရည်ကလည်း မြင့်မားတာကြောင့် လူဦးရေနည်းပေမဲ့ အာရုဏ်ဦးမြို့တော်ရဲ့ ယာဉ်တန်းတွေကြားမှာ သူတို့ရဲ့ ရှင်သန်နိုင်စွမ်းက အရမ်းမြင့်တယ်”

“လူ ၉၀၀၀ ကို နည်းတယ်လို့ ပြောလို့ရတယ်ပေါ့”

လင်းရှန်က စိတ်ထဲတွင် အသံတိတ်ရယ်မောလိုက်သည်၊၊ သူ၏ အနန္တ ရထားကို ပြုပြင်ပြီးနောက်တွင် လူဦးရေ နှစ်ရာပင် မပြည့်သေးဘဲ ပေါင်းစည်းယာဥ်တန်းအပါအဝင်တောင် လူဦးရေ ငါးထောင်ကျော်သာရှိသည်၊၊ သေချာတာကတော့ ကျန်းရှု့ဝေနှင့် ကျန်းယွမ်တို့၏ လေပြင်းမဟာမိတ်အဖွဲ့နှင့် ပေါင်းလိုက်လျှင် သူတို့အဖွဲ့မှာ လူဦးရေ ခြောက်သောင်းကျော်ရှိသဖြင့် အတော်လေး ကြီးမားသော အဖွဲ့ဖြစ်နေပြီဖြစ်သည်၊၊

“ဒါက မတူဘူးလေ၊၊ ဒီမှာရှိတဲ့ ယာဉ်တန်းငယ်လေးတွေက ယာဉ်တန်းကြီးတွေထဲကို အမြန်ပဲ ပေါင်းစည်းသွားကြတယ်၊၊ အရင်းအမြစ်တွေရဖို့အတွက် သွေးပဲစေ့လိုတယ်၊၊ သွေးပဲစေ့ရဖို့အတွက် သန္ဓေပြောင်းသတ္တဝါတွေကို စုပေါင်းတိုက်ခိုက်ကြရတယ်၊၊ အဲဒါက တိုက်ခိုက်ရေးအဖွဲ့ကြီးနဲ့ ပစ်ခတ်မှုစွမ်းအားတွေမပါဘဲ မလုပ်နိုင်ဘူး၊၊ နောက်ပြီး ထုတ်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့ ပစ္စည်းရှာဖွေရေးတွေကိုလည်း လုပ်ရသေးတယ်၊၊ ဒါတွေအားလုံးအတွက် လူအင်အားလိုအပ်တယ်”

ကျန်းယွမ်က ပြောသည်၊၊

“ဒါကြောင့် လူရာဂဏန်း ဒါမှမဟုတ် ထောင်ဂဏန်းရှိတဲ့ ယာဉ်တန်းတွေကို ဒီမှာတော့ အဖွဲ့ငယ်လေးတွေလို့ သတ်မှတ်ကြတာပဲ၊၊ အများစုကတော့ အဖွဲ့ကြီးတွေထဲ မဝင်နိုင်တာကြောင့် ရှင်သန်ဖို့အတွက် အချင်းချင်းစုပေါင်းနေထိုင်ကြရတာပဲ”

“ဒါဆို ယာဉ်တန်းအသေးစားလေးတွေက အင်အားနည်းတဲ့သူတွေ စုဝေးရာနေရာတွေပဲပေါ့ ဟုတ်လား”

“ရွေးချယ်စရာမှမရှိတာ၊၊ လက်တွေ့အမှန်တရားက အရမ်းရက်စက်တယ်၊၊ ဒီယာဉ်တန်းအသေးလေးတွေက အန္တရာယ်ကို ခုခံနိုင်စွမ်းတိုးအောင် အချင်းချင်း စုပေါင်းနေကြရတာပဲ၊၊ ဒီထဲက လူအများစုက အာရုဏ်ဦးမြို့တော်ကနေ မထွက်ခွာနိုင်ကြတာထက် မထွက်ရဲကြတာ”

Chapter 803

ယန္တာရားဘုရင် ချင်ဖုန်း ၂

ကျန်းယွမ်က ရင်ပြင်၏ မြောက်ဘက်ရှိ လက်နက်အပြည့်အစုံတပ်ဆင်ထားပြီး အမိုးပေါ်တွင် သေနတ်များထက် အမြောက်စင်များ ပိုမိုများပြားသော ယာဉ်တန်းတစ်ခုကို ညွှန်ပြလိုက်သည်၊၊

“ဒါက သတ္တုရူးသွပ်ခြင်းအဖွဲ့ပဲ၊၊ ခေါင်းဆောင်က ဟန်တိုင်ဂီ၊၊ သူက မူလ လန်မြို့တော် ယန္တရားလက်နက်စက်ရုံရဲ့ ဒါရိုက်တာဟောင်းပဲ၊၊ အဖွဲ့ဝင် ခုနစ်သောင်းရှိပြီး အများစုက အနောက်တောင်ဒေသက ပြည်သူ့စစ်တွေပဲ၊၊ သူတို့မှာ ခဲယမ်းမီးကျောက်နဲ့ စွမ်းအင်စနစ်တွေ အလုံအလောက်ရှိတယ်၊၊ တိတ်ဆိတ်မြို့တော်၊ အာရုဏ်ဦးမြို့တော်နဲ့ ဖီးနစ်တို့နဲ့ အရောင်းအဝယ်လုပ်နေတယ်၊၊ လူဦးရေထက် သေနတ်အရေအတွက်က ပိုများတယ်လို့ နာမည်ကြီးကြတယ်၊၊ လျှပ်စစ်သံလိုက်အမြောက်တွေနဲ့ စွမ်းအင်မြင့် Arc အမြောက်တွေလို စွမ်းအင်သုံးလက်နက် ၁၀၀ ကျော်တောင် ရှိတယ်”

“ပြီးတော့ ဟိုဘက်က သံမဏိအတားအဆီးအဖွဲ့၊၊ ခေါင်းဆောင်က ရှုယွီဖေး၊၊ သူက အကဲဖြတ်ရခက်တဲ့လူတစ်ယောက်ပဲ၊၊ သူ့ယာဉ်တန်းမှာ အလိုအလျောက်စနစ်သုံး ပစ္စည်းတွေ၊ စက်ရုပ်တွေနဲ့ ဒရုန်းတွေ အများကြီးရှိတယ်၊၊ လူဦးရေကတော့ ၁၂၀၀၀ ပဲရှိပြီး အများစုက အာရုဏ်ဦးမြို့တော်ကို ရောက်လာပြီးမှ တိုးပွားလာတယ်၊၊ အတော်လေး အထင်ကြီးစရာကောင်းတယ်၊၊ ဒီကောင်က မြို့ထဲကနေ အရင်ဆုံးထွက်ပြေးမယ်လို့ ငါထင်ထားတာ၊၊ အခု ဒီမှာရှိနေတာ အံ့သြစရာပဲ”

“ကျန်တဲ့ အလတ်စားနဲ့ အငယ်စား မရင်းနှီးတဲ့ ယာဉ်တန်းတွေလည်း ရှိသေးတယ်၊၊ ငါ အသေးစိတ် မိတ်မဆက်တော့ဘူး၊၊ ဒါပေမဲ့ ဒီကိုလာရောက်တဲ့သူ အရေအတွက်က အွန်လိုင်းပေါ်မှာကြားတာထက် ပိုပြီးတော့ အထင်ကြီးစရာကောင်းနေတယ်”

“သူတို့လည်း သတင်းတွေကြောင့် လှုပ်လှုပ်ရှားရှားဖြစ်ပြီး လွတ်မြောက်ဖို့အတွက် လူတွေကို အမြန်စုဆောင်းနေကြတာ ဖြစ်မှာပါ”

“ငါ့အဖွဲ့က ဒီနယ်မြေကို စစ်ဆေးပြီးပြီ၊၊ ညကင်းလှည့်အဖွဲ့ဝင်တွေ မရှိသလို မြို့စောင့်တပ်ဖွဲ့ဝင်တွေတောင် မတွေ့ရဘူး၊၊ ဒါပေမဲ့ မြို့စွန်ဘက်မှာတော့ အရပ်ဝတ်တွေနဲ့ ကင်းလှည့်နေတဲ့ အလင်းတမန်ဌာနက အဖွဲ့ဝင်တွေကို တွေ့ခဲ့ရတယ်”

ထိုအချိန်တွင် ကျိုးကျင်းက တည်ကြည်သော မျက်နှာထားဖြင့် လမ်းလျှောက်လာသည်၊၊

“ဒီလောက် လူအုပ်ကြီးစုဝေးနေတာတောင် အခြေအနေက နည်းနည်းတော့ ထူးဆန်းနေတယ်၊၊ ငါတို့ထင်တာ မှန်လိမ့်မယ်၊၊ အနန္တရထားမဟာမိတ်အဖွဲ့က ဖက်ဒရေးရှင်း အကြီးပိုင်းတွေနဲ့ တကယ်ပဲ ပတ်သက်မှုရှိနေတာပဲ”

“ခေါင်းဆောင်ကျိုး၊၊ ခင်ဗျားမှာ ဘာအစီအစဉ်ရှိလဲ” လင်းရှန်က မေးလိုက်သည်၊၊

“ကျုပ်က အဖွဲ့တစ်ဖွဲ့ကို ကြယ်မြို့တော် ဂြိုဟ်ပတ်ဘူတာမှာ စောင့်ကြည့်ဖို့ ချထားတယ်၊၊ အခုလောလောဆယ်တော့ ဒီက အခြေအနေကိုပဲ စောင့်ကြည့်ကြတာပေါ့၊၊ နေရာအတော်များများမှာလည်း စောင့်ကြည့်ရေးကိရိယာတွေ တပ်ဆင်ထားတယ်၊၊ ဝမ်တုံ ဒါမှမဟုတ် တခြား ဖက်ဒရေးရှင်းလူတွေကို တွေ့တာနဲ့ ကျုပ်တို့ လှုပ်ရှားမယ်”

လင်းရှန်က ခေါင်းငြိမ့်ပြပြီး ရင်ပြင်ဘက်သို့ လှမ်းကြည့်ကာ ပြောလိုက်သည်၊၊

“ကောင်းပြီ၊၊ စောင့်ကြည့်ကြတာပေါ့”

ရင်ပြင်တစ်ခုလုံးမှာ အမျိုးမျိုးသော ပြင်ပစစ်ဝတ်စုံများနှင့် ယန္တရားခြေလက်တပ်ဆင်ထားသူများဖြင့် စည်ကားနေသည်၊၊ အရပ်ဝတ်နှင့် သာမန်လူအချို့တောင် လက်နက်ကိုယ်စီ ကိုင်ဆောင်ထားကြရာ စစ်တလင်းကြီးတစ်ခုနှင့်ပင် တူနေသည်၊၊ သို့သော် ကမ္ဘာပျက်ကပ်အတွင်း အားလုံးက ထိုသို့သော ခုခံကာကွယ်မှုမျိုးနှင့် ယဉ်ပါးနေကြသော်လည်း စိုးရိမ်စိတ်များကတော့ အပြည့်ရှိနေကြသည်၊၊ တန်းစီနေသော အသက်ရှင်ကျန်ရစ်သူ အများအပြားသည် သူတို့ပိုင်ဆိုင်သမျှ အကုန်သယ်ဆောင်လာကြသည်၊၊

ခဏအတွင်းမှာပင် စပ်စုနေကြသော အသက်ရှင်ကျန်ရစ်သူများ၊ လူစုဆောင်းနေသော ယာဉ်တန်းများ၊ ထူထပ်လှသော လူအုပ်ကြီးနှင့်အတူ ခေါင်းပေါ်တွင် ပျံသန်းနေသော ဒရုန်းများနှင့် လူစီးပျံသန်းရေးကိရိယာများကြောင့် မြင်ကွင်းမှာ ကြီးကျယ်ခမ်းနားသယောင်ရှိသော်လည်း အလွန်ပင် မွန်းကြပ်စရာကောင်းနေသည်၊၊

“ဟေး၊၊ ဒီလောက် လူစုဆောင်းပွဲတွေ အများကြီးရှိတာ ပထမဆုံး မြင်ဖူးတာပဲ၊၊ လူသိရှင်ကြား စိန်ခေါ်တိုက်ခိုက်ပွဲတွေတောင် လုပ်ရဲတယ်ဆိုတော့ ဒီအနန္တမဟာမိတ်အဖွဲ့က တော်တော်လေး အင်အားရှိတာပဲ”

အချို့က စတင်ဆွေးနွေးနေကြသည်၊၊

“ငါကြားတာတော့ နောက်ခံတောင့်တယ်တဲ့၊၊ ဖက်ဒရေးရှင်းအရာရှိကြီးတွေကိုယ်တိုင် ခွင့်ပြုထားတာပဲ၊၊ ကိုယ်လက်အင်္ဂါ မပျက်စီးသရွေ့ ဒါမှမဟုတ် အသက်အန္တရာယ် မရှိသရွေ့ တိုက်ခိုက်ခွင့်ပြုထားတယ်လို့ ကြားတယ်”

“ငါတော့ အဲဒီလိုမထင်ဘူး၊၊ ဖက်ဒရေးရှင်းက အခု သူတို့မျက်ခုံးမွှေးတောင် မီးလောင်နေတာလေ၊၊ ဒါတွေကို ဂရုစိုက်ဖို့ အချိန်ရှိမှာမဟုတ်ဘူး”

“နေပါဦး၊၊ ချင်ဖုန်းဆိုတာ ဘယ်သူလဲ၊၊ အရင်က တစ်ခါမှ မကြားဖူးပါဘူး၊၊ သူက တကယ်ပဲ ယန္တရားစွမ်းအားရှင်လား”

မုတ်ဆိတ်ဗရဗျစ်နှင့် လူတစ်ယောက်က

“ဘယ်သိမှာလဲ၊၊ ငါတို့ယာဉ်တန်းကတော့ အနန္တရထားယာဉ်တန်းက လင်းရှန်အကြောင်းပဲ ကြားဖူးတယ်၊၊ သူက ဂတ်စ်တာဘိုင်ရထားစက်ခေါင်းနဲ့ ကားအစီးပေါင်း ထောင်ချီနဲ့ လူသုံးသောင်းကျော်ကို ဂြိုလ်ပတ်လမ်းကြောင်းအထိ ဆွဲတင်နိုင်ခဲ့တယ်၊၊ တကယ်ကို အထင်ကြီးစရာပဲ”

“ဟုတ်ပါ့၊၊ ဒီချင်ဖုန်းဆိုတဲ့လူက ကပ္ပတိန်လင်းရဲ့ အနန္တရထားအကြောင်းကို မကြားဖူးဘူးလားမသိဘူး၊၊ ယာဉ်တန်းနာမည်ကို တစ်ပုံစံတည်းပေးရဲတယ်ဆိုတော့...”

“ငါကြားတာတော့ ချင်ဖုန်းက လင်းရှန်ရဲ့ တပည့်ဖြစ်နိုင်တယ်တဲ့”

“ပေါက်ကရတွေ၊၊ စွမ်းအားဆိုတာ သင်ပေးလို့ရတာမှမဟုတ်တာ၊၊ မင်း ဝတ္ထုတွေ ဖတ်တာ များသွားပြီထင်တယ်၊၊ ဒါပေမဲ့ ငါ့မှာသာ အဲဒီစွမ်းအားရှိရင် ငါလည်း ယာဉ်တန်းကြီးတစ်ခုထောင်မှာပဲ၊၊ ကိုယ့်ဘာသာကိုယ် စစ်တပ်တစ်ခုစာ လက်နက်တပ်ဆင်ပေးနိုင်တာပဲလေ”

“ဟုတ်တယ်၊၊ လျှပ်စစ်သံလိုက်အမြောက်တွေ၊ ဂတ်တလင်သေနတ်တွေ လုပ်နိုင်တယ်၊၊ လေယာဉ်တွေ၊ တင့်ကားတွေနဲ့ စွမ်းအားဝတ်စုံတွေပါ ထုတ်နိုင်တယ်ဆိုတော့ ဒီစွမ်းအားက တကယ်ကို အံ့သြဖို့ကောင်းတာပဲ”

“အလားအလာအရဆိုရင် လျှပ်စီး၊ မီး၊ ရေ၊ လေစွမ်းအားတွေထက်တောင် ပိုသန်မာမယ့်ပုံပဲ”

“ဒါကြောင့်လည်း လူတွေအများကြီး ဝင်ချင်နေကြတာပေါ့၊၊ သံမဏိအတားအဆီးအဖွဲ့ရဲ့ တစ်ဝက်လောက်တောင် သူတို့နဲ့ မဟာမိတ်ဖွဲ့လိုက်ပြီလို့ ကြားတယ်၊၊ လူပေါင်းတစ်သောင်းကျော်… ဝိုး...”

…

ရင်ပြင်၏ အစွန်အဖျားတွင် ယာဉ်တန်းကြီးအချို့က သူတို့၏ယာဉ်များကို ခဏတာ စုရပ်ထားကြသည်၊၊ လင်းရှန်ကဲ့သို့ပင် အချို့သော ယာဉ်တန်းခေါင်းဆောင်များသည်လည်း လူပင်လယ်ကြီးအလယ်ရှိ မြင့်မားသောအဆောက်အအုံများပေါ်တွင် ရပ်နေကြသည်၊၊

မိုးကာယာယီစခန်းတစ်ခုအတွင်းတွင် ယာဉ်တန်းမဟာမိတ်အဖွဲ့ကြီးများမှ လူပေါင်းဒါဇင်နှင့်ချီ၍ လေးနက်သော မျက်နှာအမူယာများဖြင့် ဤစုဝေးမှုကို ကြည့်ရှုနေကြသည်၊၊ သူတို့သည် တစ်ဦးနှင့်တစ်ဦး အလွန်မရင်းနှီးကြသော်လည်း အများစုမှာ တစ်နည်းမဟုတ်တစ်နည်းဖြင့် အလုပ်တွဲလုပ်ဖူးကြသူများ ဖြစ်သည်၊၊

အသက် ၄၂ နှစ်အရွယ် လင်းချင်ယွီသည် အနက်ရောင် တိုက်ပွဲဝင်ဝတ်စုံနှင့် မာတင်ဘွတ်ဖိနပ်ကို ဝတ်ဆင်ထားသည်၊၊ သူ၏ မျက်နှာမှာ နူးညံ့ပြီး နေကာမျက်မှန်တပ်ထားရာ အန္တရာယ်မရှိသည့် ပုံစံမျိုး ပေါက်နေသည်၊၊ ဤနေရာတွင် ထိုင်မနေပါက သူသည် လူပေါင်းသောင်းချီရှိသော မဟာမိတ်ယာဉ်တန်းကြီး၏ ခေါင်းဆောင်ဖြစ်သည်ဟု မည်သူမျှ ထင်မှတ်ကြမည်မဟုတ်ပေ၊၊

“ရူးသွပ်သူအဆင့် အဖွဲ့ငယ်ခေါင်းဆောင်၊၊ ဗာဂျရာအဆင့် အကန့်အသတ်မဲ့ စုဆောင်းမှု...၊၊ ဒီ ချင်ဖုန်းဆိုတဲ့လူက ရုတ်တရက် ဘယ်ကနေ ပေါ်လာတာလဲ၊၊ သူ့မှာရှိတဲ့ အရင်းအမြစ်တွေကရော တကယ်ပဲ အဆုံးမရှိဘူးလား”

စကားပြောနေသူမှာ သူ၏ဘေးတွင် ထိုင်နေသော သတ္တုရူးသွပ်ခြင်းအဖွဲ့မှ ဟန်တိုင်ဂီဖြစ်သည်၊၊ သူသည် အရပ်ပုပြီး အနည်းငယ်ဝသော်လည်း ပန်ကာများပါသည့် နည်းပညာမြင့် စွမ်းအားဝတ်စုံကို ဝတ်ဆင်ထားရာ ရုပ်ထုတစ်ခုနှင့်ပင် တူနေသည်၊၊ သူသည် အမြဲတမ်း သတိကြီးစွာနေတတ်ပြီး သွားလေရာကို လက်နက်အပြည့်အစုံဖြင့် သွားတတ်သူဖြစ်သည်၊၊

“ယန္တရားစွမ်းအားဆိုတာ ကောင်းကင်ကို ဆန့်ကျင်တဲ့ စွမ်းအားပဲ၊၊ အဲဒါက ထုတ်လုပ်မှုစွမ်းအားပဲလေ၊၊ အခုအချိန်မှာ ခဲယမ်းမီးကျောက်နဲ့ လက်နက်တွေက ရွှေထက်တန်ဖိုးရှိနေတာဆိုတော့ ဒါက အံ့သြစရာတော့ မဟုတ်ပါဘူး”

အသက် ၃၇ နှစ်အရွယ် စူးရှသော မျက်လုံးများရှိသည့် လောင်ဟန်က ရင်ပြင်အလယ်ရှိ ငွေကြယ်ရထားဘက်သို့ ကြည့်ကာ ပြောသည်၊၊

“ငါတို့ယာဉ်တန်းထဲက လူတချို့တောင် စာရင်းသွားသွင်းကြတယ်၊၊ မင်းတို့အဖွဲ့ထဲကလည်း ပါမှာပေါ့”

“သွားချင်သွားပေါ့၊၊ ငါကတော့ ဂရုမစိုက်ဘူး”

ဘုံမဟာမိတ်အဖွဲ့မှ မုတ်ဆိပ်များနှင့် စိတ်မြန်သော လူသန်ကြီး လဲ့ကျန်းက ပြောလိုက်သည်၊၊

“လူအင်အားတိုးချင်လို့သာ ဒီပွဲကို လာကြည့်တာပဲ၊၊ ယန္တရားစွမ်းအားဆိုတာကရော ဘာများ အထူးအဆန်းမို့လို့လဲ”

“မင်းဆီမှာ လူတွေ အလုံအလောက်ရှိနေတာပဲ၊၊ လူအင်အားတိုးချင်ရင် သတ်မှတ်ချက်ကိုသာ လျှော့ချလိုက်၊၊ ဒီနေ့တင် လူနှစ်သိန်းကျော်သွားလိမ့်မယ်”

သံမဏိအတားအဆီးအဖွဲ့မှ ရှုယွီဖေးက အေးစက်စက် လှောင်ပြုံးပြုံးလိုက်သည်၊၊

“ဘာပဲဖြစ်ဖြစ် မင်းက ဘယ်သူ့ကိုမဆို လက်ခံနေတာပဲဥစ္စာ...”

“သောက်ပေါက်ကရတွေ”

လဲ့ကျန်းက ကျယ်လောင်စွာ အော်လိုက်သည်၊၊

“လူဆိုတာ လူပဲ၊၊ ငါ့မှာသာ အရင်းအမြစ်နဲ့ ခဲယမ်းမီးကျောက် အလုံအလောက်ရှိရင် လူတစ်သန်းလာရင်တောင် လက်မခံဘဲ မနေဘူး၊၊ ဒါပေမဲ့ ရှုယွီဖေး၊၊ မင်းက ချင်ဖုန်းနဲ့ ဘယ်နှစ်ခါများ တွေ့ဖူးလို့ အဖွဲ့တစ်ခုလုံးကို ခေါ်ပြီး သူ့ဆီ သွားပူးပေါင်းဖို့ လုပ်နေရတာလဲ”

“ဒါက ရင်းနှီးမြှုပ်နှံမှုပဲ”

ရှုယွီဖေးက ကော်ဖီကို စိတ်အေးလက်အေးဖြင့် သောက်ရင်း အခြားအဖွဲ့ခေါင်းဆောင်များကို လှမ်းကြည့်ကာ ပြောသည်၊၊

“ကပ္ပတိန်လောင် ပြောသလိုပေါ့၊၊ ယန္တရားစွမ်းအားဆိုတာ ထုတ်လုပ်မှုစွမ်းအားပဲ၊၊ ဒီကမ္ဘာမှာ ကျည်ဆန်တွေက ရွှေလိုတန်ဖိုးရှိနေတယ်၊၊ သူတို့မှာ ကိုယ်ပိုင်ထုတ်လုပ်မှုလိုင်းပါတယ်၊၊ ဖီးနစ်နဲ့ ဖက်ဒရေးရှင်းတောင် ပူးပေါင်းဖို့ လုနေကြတာပဲ၊၊ ငါကရော ဘာလို့ မပူးပေါင်းနိုင်ရမှာလဲ”

ထိုစကားကြောင့် အခြားအဖွဲ့ ဆယ်ဖွဲ့ကျော်မှ လူများ၏ မျက်နှာများပြောင်းလဲသွားကြသည်၊၊

All Chapters