အခန်း (၈၁၄-၈၁၅)
Vol. 47 Ch. 814-815
Chapter 814
ချင်ဖုန်း ၄
သူသည် နားနေဆောင်အတွင်း တိုက်ပွဲဝင်ဝတ်စုံအပြည့် ဝတ်ဆင်ထားသည့် ရှီကျန်းကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်၊၊
“မိတ်ဆွေ စိတ်မရှိရင်…”
ဝါး...
ထိုစကားထွက်လာသည်နှင့်တစ်ပြိုင်နက် ကြည့်ရှုနေကြသော သောင်းနှင့်ချီသည့် လူအုပ်ကြီးမှာ ဆူညံပွက်လောရိုက်သွားခဲ့သည်၊၊ ရှုယွီဖေးက ရှီကျန်းကို လူအများရှေ့တွင် တိုက်ရိုက်စိန်ခေါ်လိမ့်မည်ဟု မည်သူမျှ မထင်ထားကြပေ၊၊ ထို့အပြင် ဤကြေညာချက်မှာ သူသည် ချင်ဖုန်းကို အပြည့်အဝထောက်ခံနေသည်ဟု အထင်အရှားပင် ဖော်ပြနေသည်၊၊
ရှီကျန်းသည်လည်း ချင်ဖုန်းနှင့် ပူးပေါင်းရန် ရောက်ရှိနေခြင်း မဟုတ်ကြောင်းကိုလည်း လူအတော်များများလည ယခုမှ နားလည်သွားကြတော့သည်၊၊
ရှုယွီဖေး၏ လှုပ်ရှားမှုကြောင့် မတ်တပ်ရပ်နေပြီးဖြစ်သော ဝူပင်းသည် မျက်မှောင်အနည်းငယ်ကြုတ်သွားကာ ဘာမှမပြောဘဲ ပြန်ထိုင်လိုက်သည်၊၊
အသက်လေးဆယ်ကျော်အရွယ်ရှိပြီး ထက်မြက်သောမျက်လုံးများရှိသည့် ရှီကျန်းက မတ်တပ်ရပ်လိုက်ကာ ပုခုံးတွန့်ရင်း ခပ်ဆတ်ဆတ်ပြောလိုက်သည်၊၊
“ကပ္ပတိန်ရှု... ဒါကတော့ မတရားဘူး၊၊ ငါက ကပ္ပတိန်ချင်ရဲ့ ယန္တရားစွမ်းအားကို လေးစားလွန်းလို့ ရောက်လာတာ မဟုတ်ပါဘူးလို့ ဘာလို့ ထင်နေရတာလဲ”
သူက ဂရုမစိုက်သလို ပြုံးပြလိုက်သော်လည်း ရှုယွီဖေးက စကားပြောလာပြီဖြစ်၍ သက်ပြင်းတစ်ချက်ချလိုက်သည်၊၊
“ကောင်းပြီလေ... ကပ္ပတိန်ရှုက လက်ရည်စမ်းချင်မှတော့ ငါလည်း စမ်းကြည့်ရတာပေါ့၊၊ ဒီလောက် အဆင့်မြင့်တဲ့သူမျိုးနဲ့ မရင်ဆိုင်ဖူးသေးဘူး၊၊ ... အဓိကအချက်ကို လုပ်ကြတာပေါ့”
ထိုသို့ပြောပြီးသည်နှင့် သူ၏မျက်နှာပေါ်မှ အပြုံးသည် ချက်ချင်းပျောက်ကွယ်သွားပြီး လေထဲသို့ ဝုန်းခနဲ ခုန်တက်လိုက်ရာ အရှိန်ပြင်းလွန်းသဖြင့် နားနေဆောင်၏ သတ္တုကြမ်းပြင်မှာပင် ချိုင့်ဝင်သွားခဲ့သည်၊၊
ဤမြင်ကွင်းကို မြင်လိုက်ရသော ပရိသတ်များသည် စိတ်လှုပ်ရှားမှုကြောင့် ပေါက်ကွဲထွက်မတတ် ဖြစ်သွားကြသည်၊၊ ပွဲကြီးပွဲကောင်း စတင်တော့ပေမည်၊၊ ဤလူနှစ်ဦးစလုံးသည် စွမ်းအား ၅၀၀၀ အထက်ရှိကြပြီး ဤအမှောင်ထုဆင့်ကဲပြောင်းလဲမှုအတွင်း လူအများစုထက် ပိုမိုမြန်ဆန်စွာ ဆင့်ကဲပြောင်းလဲထားသူများ ဖြစ်ကြသည်၊၊ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သာမန်လူများထက် များစွာသာလွန်ပြီး B အဆင့်၊ A အဆင့် တိုက်ခိုက်ရေးသမားများ၏ စွမ်းအင်မျိုး ပိုင်ဆိုင်ထားကြသည်၊၊ သူတို့ တစ်ဦးစီသည် လက်နက်တပ်ဆင်ထားသော လေသင်္ဘောတစ်စင်း၏ ပစ်ခတ်အားနှင့် ညီမျှနေပြီး ယခုအခါ တိုက်ရိုက်ရင်ဆိုင်ကြတော့မည်ဖြစ်ရာ အတိုင်းအထက်အလွန် စိတ်လှုပ်ရှားစရာကောင်းနေပေသည်၊၊
ရှီကျန်း စင်ပေါ်သို့ တက်လာသည်ကို မြင်သောအခါ ရှုယွီဖေး ချက်ချင်းပင် လေးနက်သွားသည်၊၊ ရုတ်တရက်ဆိုသလို သူ၏ခန္ဓာကိုယ်ကို အနက်ရောင်မြူခိုးများဖြင့် ဖုံးလွှမ်းသွားပြီး အပြာရောင်အကြေးခွံများနှင့် အရိုးဆူးများပါရှိသည့် လူသားပုံစံ မွန်းစတားအသွင်သို့ ပြောင်းလဲသွားကာ သန္ဓေပြောင်းခန္ဓာကိုယ်ကဲ့သို့ ကြောက်မက်ဖွယ် ဖိအားပေးနိုင်သော အရှိန်အဝါများ ထွက်ပေါ်လာသည်၊၊
“လာစမ်း”
မွန်းစတားအသွင်ပြောင်းလဲပြီးနောက် ရှုယွီဖေး၏ အသံပင် ပြောင်းလဲသွားကာ နက်ရှိုင်းပြီး အက်ကွဲကာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်၊၊
လူအုပ်ထဲတွင် လင်းရှန်သည် ဤမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေမိသည်၊၊ ၎င်းမှာ Bအဆင့် အထူးစွမ်းအားသာဖြစ်သော်လည်း ဤမွန်းစတားအသွင်မှာ ရှီတိယွမ်၏ သားရဲအသွင်ပြောင်းလဲမှုနှင့် မတူပေ၊၊ ၎င်းမှာ မွန်းစတားပုံသဏ္ဌာန် ကိုယ်ပွားခြင်းနှင့် ခန္ဓာကိုယ် တုပခြင်းတို့ ပေါင်းစပ်ထားသည့် လုံးဝဆင့်ကဲပြောင်းလဲထားသော ပုံစံမျိုးဖြစ်ပြီး ယခင်က တွေ့ခဲ့ဖူးသော ပိုးကောင်ခြေထောက်၊ လက်သည်းရှိသည့် စွမ်းအားရှင်များထက် များစွာ ပိုအဆင့်မြင့်သည်၊၊ တကယ်လို့ ထင်ရှားသော လူမျက်နှာသာ မရှိပါက သန္ဓေပြောင်းသတ္တဝါတစ်ကောင်နှင့် ခွဲခြား၍ရနိုင်မည် မဟုတ်ပေ၊၊
“လူသားတွေရဲ့ အထူးစွမ်းအားတွေက သန္ဓေပြောင်းသတ္တဝါတချို့နဲ့ ဆင်တူယိုးမှားဖြစ်နေတာပဲ”
လင်းရှန်က တိုးတိုးလေး ရေရွတ်လိုက်သည်၊၊
“ကြည့်ရတာ အမှောင်ကျူးကျော်မှုရဲ့ စွမ်းအားကြောင့် ဒီလို အပြောင်းအလဲတွေ ဖြစ်လာပုံရတယ်...”
စင်ပေါ်တွင် ရှီကျန်းက သူ၏လည်ပင်းကို ဟိုဘက်ဒီဘက် လှည့်လိုက်ရာ တိုက်ပွဲဝင်ဝတ်စုံ၏ အဆစ်များမှ သတ္တုပွတ်တိုက်သံများ ထွက်ပေါ်လာသည်၊၊ သူက ပြုံးလိုက်ရာ ဖြူဖွေးသော သွားများသည် ကြောက်စရာကောင်းလောက်အောင် ပေါ်လာသည်၊၊
“ကပ္ပတိန်ရှု... ခင်ဗျားရဲ့ မွန်းစတားအသွင်က သန္ဓေပြောင်းသတ္တဝါနဲ့ အရမ်းတူလွန်းနေတယ်၊၊ ငါက မတော်တဆ ထိခိုက်အောင် လုပ်မိရင် စိတ်မကောင်းဖြစ်ရမှာ”
ရှုယွီဖေးက သူ၏ ရွှေရောင်ကိုင်းမျက်မှန်ကို ချွတ်လိုက်ရာ မှန်ဘီလူးများမှ ထူးဆန်းသော ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာသည်၊၊
“လက်ရည်စမ်းရုံပဲ၊၊ ပြီးရင် စင်ပေါ်က ဆင်းကြတာပေါ့၊၊ ဘယ်သူမှ ဒဏ်ရာမရသင့်ဘူး”
“ဟေး”
ရှီကျန်းက မလှမ်းမကမ်းရှိ လီကျန်းနှင့် ချင်ဖုန်းကို တစ်ချက် လှမ်းကြည့်လိုက်ကာ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီးနောက် ရှေ့သို့ တိုးဝင်တိုက်ခိုက်လိုက်သည်၊၊ သူ၏ စစ်ဖိနပ်မှာ ကြမ်းပြင်ကို ချိုင့်ဝင်သွားစေပြီး ရှုယွီဖေး၏ မျက်နှာသို့ ဖြောင့်တန်းသော လက်သီးတစ်ချက်ဖြင့် ထိုးလိုက်ရာ ရှုယွီဖေးက လူသားတစ်ယောက်ထက် သာလွန်သော လျင်မြန်မှုဖြင့် နောက်သို့ လှန်ကာ ရှောင်တိမ်းလိုက်သည်၊၊
ရှုယွီဖေး၏ ခန္ဓာကိုယ်သည် ရုတ်တရက် တွန့်လိမ်သွားပြီး သူ၏ အရေပြားသည် စီးကျနေသော ခရမ်းရင့်ရောင် ဂျယ်လီကဲ့သို့ အရာများအဖြစ် ပြောင်းလဲသွားကာ အင်္ဂါအစိတ်အပိုင်းများ ရှည်ထွက်လာပြီး ကျောရိုးမှာ ကျားသစ်တစ်ကောင်ကဲ့သို့ ကွေးညွတ်သွားသည်၊၊ သူ၏ လက်သည်းများမှာလည်း တစ်ပေခွဲခန့် ရှည်လျားသော အရိုးဓားများအဖြစ်သို့ ပြောင်းလဲသွားပြီး ရှီကျန်း၏ လည်ပင်းကို ပိုင်းဖြတ်ရန် ကြိုးစားလိုက်သည်၊၊ သို့သော် ရှီကျန်းက မရှောင်ဘဲ ခံလိုက်ရာ ဓားသွားများသည် သူ၏ တိုက်ပွဲဝင်ဝတ်စုံနှင့် ထိမိပြီး မီးပွားများ ထွက်ပေါ်လာသည်၊၊
“ခွန်အားက မဆိုးဘူးပဲ”
သူက ကျယ်လောင်စွာ ရယ်မောလိုက်ရာ သူ၏ ညာဘက်လက်မောင်း ကြွက်သားများမှာ ဖောင်းတက်လာပြီး အရေပြားအောက်တွင် စွမ်းအင်စုစည်းမှု ပုံစံများမှာ နီရဲကာ တောက်ပလာသည်၊၊ သူသည် စုပ်ယူထားသော တုံ့ပြန်အားများကို တူနှင့်တူသော တံတောင်ဆစ်ဖြင့် ရိုက်ချက်တစ်ခုအဖြစ် ပြောင်းလဲလိုက်ရာ ရှုယွီဖေး နောက်သို့ သုံးလှမ်းခန့် ဆုတ်သွားရသည်၊၊
ရှုယွီဖေးသည် သာမန်တိုက်ခိုက်မှုများက ရှီကျန်း၏ စွမ်းအင်စုစည်းမှု စွမ်းအားကို မထိခိုက်နိုင်မှန်း သိထားသည်၊၊ သူက လည်ချောင်းထဲမှ အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်ရာ အရိုးဆူးသုံးခုက ရုတ်တရက် ပေါက်ကွဲထွက်လာပြီး သူ၏ခန္ဓာကိုယ်သည် အနက်ရောင်မြူခိုးများထဲသို့ တိုးဝင်သွားကာ အရိုးဓားများဖြင့် ရှီကျန်း၏ နောက်ကျောကို တိုက်ခိုက်လိုက်သည်၊၊ သို့သော် ရှီကျန်းက နောက်ကျောတွင် မျက်စိပါသကဲ့သို့ လှည့်ကာ ပြန်လှည့်ကန်လိုက်ရာ စင်မြင့်၏ လက်တန်းမှ သံချေးများပင် လွင့်စင်သွားသည်၊၊
“မင်းရဲ့ မွန်းစတားအသွင်ပြောင်းစွမ်းအားက လှည့်ကွက်တွေ များသားပဲ”
သူက သွေးစအချို့ကို ထွေးထုတ်လိုက်ပြီး စွမ်းအင်စုစည်းမှု ပုံစံများကို သူ၏ လည်ပင်းအထိ ချဲ့ထွင်ကာ ရှုယွီဖေး၏ တိုက်ခိုက်မှုမှ စွမ်းအင်များကို အပြည့်အဝ စုပ်ယူလိုက်သည်၊၊ ထို့နောက် သူသည် ကြယ်ကြွေတစ်စင်းအလား အမြန်နှုန်းဖြင့် ခုန်တက်လိုက်ပြီး သူ၏ ညာလက်သီးတွင် စုပ်ယူထားသော စွမ်းအင်အားလုံးကို စုစည်းလိုက်သည်၊၊ ပေါက်ကွဲသံကြီးနှင့်အတူ ခရမ်းရောင်တုန်ခါလှိုင်းတစ်ခုသည် ဗဟိုချက်မှ ပွင့်ထွက်လာပြီး လေထုကို ဖိသိပ်ကာ အသံလှိုင်းတိမ်တိုက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ရှုယွီဖေးကို စင်ပေါ်မှ လွင့်ထွက်သွားအောင် တွန်းပို့လိုက်သည်၊၊
လူတိုင်း အံ့အားသင့်သွားရသည်မှာ ရှုယွီဖေး၏ မွန်းစတားခန္ဓာကိုယ်သည် အလွန်ပင် မာကျောနေခြင်းဖြစ်သည်၊၊ ရုတ်တရက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးရောင်မြူခိုးများ ပေါက်ကွဲထွက်လာသည်၊၊ သူက ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သူ၏ခြေထောက်မှာ စင်မြင့်တွင် သံမှိုဖြင့်စွဲထားသကဲ့သို့ မြဲမြံနေသည်၊၊ ထို့နောက် သူက လက်တစ်ဖက်ကို ရှေ့သို့ ဆန့်လိုက်ရာ အပြာရောင်အကြေးခွံများနှင့် အရိုးဆူးများသည် စစ်သည်တော်တစ်ဦး၏ ထက်မြက်သော သုံးခွလှံသဏ္ဌာန်အဖြစ်သို့ ပြောင်းလဲသွားသည်၊၊ စုစည်းထားသော သွေးရောင်မြူခိုးများသည် ရှေ့သို့ တိုးဝင်သွားရာ တုန်ခါလှိုင်းကို ခံနိုင်ရည်ရှိရုံသာမက အသံလှိုင်းတိမ်တိုက်ကိုပါ တိုက်ရိုက်ဖောက်ထွက်သွားသည်၊၊
ရှီကျန်း၏ မျက်နှာလေးနက်သွားသည်၊၊ သူသည် အခြေအနေကို ချက်ချငါး ရိပ်စားမိကာ တိုးဝင်လာသော လှံသွားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကာ သူ၏ သံမဏိစစ်ဖိနပ်များမှ မီးပွားများ ထွက်ပေါ်လာသည်အထိ နောက်သို့ ဆုတ်ပေးလိုက်ရသည်၊၊ နောက်တစ်စက္ကန့်တွင် ရှုယွီဖေးက သူ၏တိုက်ခိုက်မှုကို ရပ်တန့်လိုက်ရာ သူ၏ မွန်းစတားအသွင်က ပျောက်ကွယ်သွားသည်၊၊ ရှီကျန်းက မြှောက်ထားသော သူ၏ညာခြေထောက်ကို ပြန်ချကာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်၊၊
“ဟမ့်... မင်းက ငါ့ကို စိတ်မပျက်စေဘူးပဲ ကပ္ပတိန်ရှု၊၊ မင်းက တကယ်ကို သန်မာတာပဲ”
ရှီကျန်းက သူ၏မျက်နှာကို ပေါ့ပေါ့ပါးပါး ပွတ်လိုက်ပြီး စင်ပေါ်မှ ခုန်ချလိုက်ရာ သူ၏ တိုက်ပွဲဝင်ဝတ်စုံမှာ မြေကြီးနှင့် ထိမိပြီး နက်ရှိုင်းသော ကျင်းကြီးတစ်ခု ဖြစ်သွားသည်၊၊ သူက နောက်လှည့်မကြည့်ဘဲ လက်ဝှေ့ယမ်းကာ အော်ပြောလိုက်သည်၊၊
“အခွင့်ကြုံရင် မင်းကို တစ်ခုခုဝယ်တိုက်မယ်”
“ငါ့ကိုယ်စား ကပ္ပတိန်လင်းကို တောင်းပန်စကားပြောပေးပါဦး”
ရှုယွီဖေးက ပြောလိုက်ပြီး သူ၏အကြည့်မှာ မလှမ်းမကမ်းရှိ ယာဉ်တန်းစခန်းကြီးဘက်သို့ ရောက်ရှိသွားတော့သည်၊၊
Chapter 815
ချင်ဖုန်း ၅
သူသည် အာရုဏ်ဦးစောင့်ကြည့်သူ မဟာမိတ်အဖွဲ့ သို့မဟုတ် အခြားသောယာဉ်တန်းများကို ရန်သူမဖြစ်လိုသော်လည်း ချင်ဖုန်းနှင့် ပူးပေါင်းလိုစိတ်ရှိနေပြီး တစ်ဖက်မှလည်း တာဝန်ပေးအပ်ထားခြင်းကြောင့် ယခုကဲ့သို့ ပြုမူရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ၊၊
အမှန်စင်စစ် အစွန်းရောက်ကိန်းဂဏန်းများအရ တွက်ချက်မည်ဆိုလျှင် ရှုယွီဖေး၏ အမှန်တကယ် တိုက်ခိုက်ရေးစွမ်းရည်မှာ ရှီကျန်းထက် များစွာ သာလွန်နေသည်၊၊ သို့သော် သေရေးရှင်ရေးတိုက်ပွဲမျိုးတွင်မူ စွမ်းအားအညွှန်းကိန်း နှိုင်းယှဉ်ချက်မှာ အဓိပ္ပာယ်သိပ်မရှိလှပေ၊၊ ရှီကျန်းသည် လင်းချင်ယွီက အခြေအနေကို ရှုပ်ထွေးအောင်လုပ်ရန် စေလွှတ်လိုက်ခြင်းသာဖြစ်၍ အသက်နှင့်ရင်းကာ တိုက်ခိုက်မည့်သူ မဟုတ်သည်မှာ သေချာလှသည်၊၊
“ကဲ... နှောင့်ယှက်တဲ့သူ ထွက်သွားပြီ”
လီကျန်းသည် အချိန်တိုလေးနှင့် တိုက်ပွဲကို ကြည့်ရင်း အလွန်ကျေနပ်နေသော အမူအရာပေါ်ပေါက်နေသည်၊၊ သူသည် ပုံမှန်အားဖြင့် မြေအောက်စွမ်းအားရှင်တိုက်ပွဲများကို ဝါသနာပါသူဖြစ်သည်၊၊ သူ၏ စွမ်းအားသည် ရှုယွီဖေးနှင့် ရှီကျန်းတို့လောက် မကောင်းသော်လည်း သူကိုယ်သူ ကျွမ်းကျင်သူတစ်ဦးဟု သတ်မှတ်ထားပြီး အဆင့်တူတိုက်ပွဲများတွင်မူ သန္ဓေပြောင်းသတ္တဝါများထက် ပို၍ သန်မာသည်ဟု ယုံကြည်နေသည်၊၊
သူသည် သန္ဓေပြောင်းသတ္တဝါများနှင့် များစွာတိုက်ခိုက်ဖူးခြင်း မရှိသော်လည်း အခြားသူများနှင့် လက်ရည်စမ်း တိုက်ခိုက်ခြင်းမှတစ်ဆင့် ဤကဲ့သို့ နားလည်ထားခြင်း ဖြစ်သည်၊၊
မည်သို့ပင်ဆိုစေကာမူ သန္ဓေပြောင်းသတ္တဝါများသည် လူသားများလောက် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းမရှိကြပေ၊၊
ချင်ဖုန်းဘက်တွင်မူ ရှီကျန်း ထွက်ခွာသွားသည်ကို ကြည့်ကာ သူ၏ အကြည့်သည် တုန်လှုပ်ခြင်းမရှိပေ၊၊ ကြယ်အရှင်သခင် ၁၂ ယောက်၏ တိုက်ပွဲမှာ တစ်နေကုန်ကြာမြင့်ခဲ့ပြီဖြစ်ရာ အချိန်မှာလည်း မစောတော့သဖြင့် ယခုအခါ သူ၏ ရပ်တည်ချက်ကို ထုတ်ဖော်ပြသရန် အချိန်ရောက်ပြီ ဖြစ်သည်၊၊
ထို့ကြောင့် ချင်ဖုန်းသည် ထူးခြားဆန်းကြယ်သော အရှိန်အဝါများဖြင့် ရင်ပြင်ဗဟိုသို့ တည်ငြိမ်စွာ ပျံသန်းလာပြီး နားနေဆောင်ရှိ အသန်မာဆုံး စွမ်းအားရှင် ၁၆ ဦးကို ဖိတ်ခေါ်လိုက်သည်၊၊
ထိုအချိန်တွင် လုရှင်းချန်၊ ကီကီ၊ ရှုယွီဖေး၊ ဝူပင်းနှင့် အခြားသူ ၁၂ ဦးတို့က ထွက်လာကြပြီး စင်မြင့်ထက်ရှိ ရင်ပြင်သို့ ဆင်းသက်ကာ ချင်ဖုန်း၏ ရှေ့တွင် စုဝေးလိုက်ကြသည်၊၊
“အားလုံးပဲ... ကျုပ်ရဲ့ အနန္တမဟာမိတ်အဖွဲ့နဲ့ ကျုပ် ချင်ဖုန်းကို အသိအမှတ်ပြုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်၊၊ ခင်ဗျားတို့ရဲ့ စွမ်းအားတွေကို ကျုပ်မြင်တွေ့ခဲ့ရပြီးပြီ၊၊ ဒါပေမဲ့ ကျုပ်အလေးအနက်ပြောချင်တာက ကျုပ်အတွက် လိုအပ်တာဟာ စာရွက်ပေါ်က စွမ်းအားအညွှန်းကိန်းတွေ မဟုတ်သလို စင်ပေါ်က အနိုင်အရှုံးတွေလည်း မဟုတ်ဘူး၊၊ အဲဒီအစား တွင်းနက်ကြီးရဲ့ အစွန်းမှာ မီးရှူးတိုင်ကို ထွန်းညှိရဲတဲ့ သတ္တိမျိုးပဲ၊၊ သေမှာ သေချာနေပေမဲ့လည်း S-Class ကို ပြန်တိုက်ခိုက်နိုင်တဲ့ စိတ်ဓာတ်မျိုးနဲ့ ကိုယ့်ရဲ့ ရဲဘော်ရဲဘက်တွေရဲ့ အသက်ကို ပုခုံးပေါ်ထမ်းပြီး ရှေ့ဆက်သွားရဲတဲ့ စိတ်ဓာတ်မျိုးကိုပဲ ကျုပ်လိုချင်တာပါ”
ချင်ဖုန်းက တည်ငြိမ်သော မျက်နှာအမူယာဖြင့် လူတိုင်းကို ကြည့်လိုက်သည်၊၊
“နောက်သုံးရက်နေရင် အနန္တငွေကြယ်က အာရုဏ်ဦးကို ရှာဖွေဖို့ အာရုဏ်ဦးမြို့တော်ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်၊၊ ဒါကြောင့် ဒီအချိန်အတွင်းမှာ အနန္တမဟာမိတ်အဖွဲ့ဟာ အွန်လိုင်းရော လူကိုယ်တိုင်ပါ လူသစ်စုဆောင်းမှုတွေကို ဆက်လုပ်သွားပါဦးမယ်၊၊ ကျုပ်ရဲ့ ရည်မှန်းချက်ကတော့ လူပေါင်း ငါးသိန်းအထိ စုဆောင်းဖို့ပဲ ဖြစ်ပါတယ်”
ပရိသတ်ကြီး ဆူညံသွားသည်၊၊
“ဝါး... လူငါးသိန်းတောင်လား”
“အံ့ဩစရာပဲ”
“ဒီလောက်များတဲ့ ဖျက်စီးခြင်းအဆင့်ရှိသူတွေနဲ့ဆိုရင် လူငါးသိန်း စုဆောင်းဖို့ဆိုတာ တကယ်ဖြစ်နိုင်တယ်လို့ ထင်တယ်”
“ဒါဟာ ဖီးနစ်နဲ့ အာရုဏ်ဦးမြို့တော်ကလွဲရင် အကြီးမားဆုံး အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့ ဖြစ်လာမှာပဲ”
“…”
လူအုပ်ကြီးက အမျိုးမျိုး ဝေဖန်ပြောဆိုနေကြသော်လည်း လင်းရှန်ကတော့ ခန့်မှန်းရခက်သော မျက်နှာအမူယာဖြင့် ကြည့်နေသည်၊၊
“သုံးရက်အတွင်း အာရုဏ်ဦးမြို့တော်ကနေ ထွက်ခွာမယ် ဟုတ်လား... ကြည့်ရတာ ဒါဟာ ဖက်ဒရေးရှင်းရဲ့ ထွက်ပြေးမယ့် အစီအစဉ်ပဲ ဖြစ်ရမယ်” ကျန်းယွမ်၏ အသံကို ပထမဆုံး ကြားလိုက်ရသည်၊၊
“ကျုပ်စိတ်ပူနေတာလည်း ဒီအချိန်ကာလပဲ”
လင်းရှန်က ပြောလိုက်သည်၊၊
“ခေါင်းဆောင်ကျိုး... သုံးရက်အတွင်းဆိုတာ ရှေ့တန်းစီမံကိန်းနဲ့ ဆက်စပ်နေနိုင်မလား”
“ဖြစ်နိုင်ခြေ အရမ်းများတယ်”
ကျိုးကျင်းက လေးနက်သော အသံဖြင့် ပြောလိုက်သည်၊၊
“ဘာတုံ့ဆိုင်းမှုမျိုးမှ မရှိဘဲ လူငါးသိန်း စုဆောင်းနေတာရော၊ အာရုဏ်ဦးမြို့တော်ကနေ ထွက်ခွာဖို့ စီစဉ်နေတာရောဟာ သေချာပေါက် ဖက်ဒရေးရှင်းရဲ့ လှုပ်ရှားမှုပဲ၊၊ ဝမ်မိသားစုက အာရုဏ်ဦးမြို့တော်က အနီရောင်ကမ္ဘာရဲ့ ကိုယ်စားလှယ်တွေဖြစ်တဲ့အတွက် သက်ဆိုင်ရာအချက်အလက်တွေကို သေချာပေါက် သိနေလိမ့်မယ်”
လင်းရှန်က သက်ပြင်းရှည်ကြီးတစ်ချက်ချရင်း ရင်ပြင်ဗဟိုတွင် အဆက်မပြတ် စကားပြောနေသော ချင်ဖုန်းကို ကြည့်ကာ ပြောလိုက်သည်၊၊
“သုံးရက်... အာရုဏ်ဦးမြို့တော်မှာ ရွှေ့ပြောင်းကယ်ဆယ်ရေးအစီအစဉ်မရှိဘူးလား”
“အနည်းဆုံးတော့ ကျွန်မတို့က အချိန်တစ်ခု သိလိုက်ရပြီပဲ”
နန်ကျင်းက လူအုပ်ထဲမှ လင်းရှန်၏ ဘေးသို့ တိုးထွက်လာသည်၊၊
“ဖီးနစ်နဲ့ ကျွန်မတို့တွေ ပြင်ဆင်မှုအချို့ လုပ်လို့ရပြီ”
“ဒီမှာ လူပေါင်း ၆ သန်း ရှိနေတယ်”
လင်းရှန်က မျက်မှောင်ကြုတ်လိုက်သည်၊၊
“မြို့တံခါးတွေကို ခုထိ ထိန်းချုပ်ထားတုန်းပဲ၊၊ ပြီးတော့ တွင်းနက်က ပြောင်းလဲနေတယ်ဆိုတာပဲ ငါတို့ သိထားကြတယ်၊၊နောက်ထပ် ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိသေးဘူး”
သူက ချက်ချင်းပင် ကျိုးကျင်းကို ပြောလိုက်သည်၊၊
“ဖီးနစ်အနေနဲ့ ကြိုတင်ပြီး တစ်ခုခုလုပ်သင့်တယ် မဟုတ်ဘူးလား”
“ငါတို့ လုပ်နေကြပါတယ်၊၊ ဒါပေမဲ့ အဲဒါက ငါတို့ အဓိက အာရုံစိုက်ရမယ့် တာဝန် မဟုတ်ဘူး”
ကျိုးကျင်းက တည်ငြိမ်စွာ ပြောလိုက်သည်၊၊
လင်းရှန်က ရင်ပြင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်၊၊
ချင်ဖုန်းသည် အသစ်စုဆောင်းထားသော အဖွဲ့ကြီး၏ ရှေ့တွင် ရပ်နေသည်၊၊ ရင်ပြင်၏ ရှေ့တွင်အနန္တ ငွေကြယ်နှင့် ပူးပေါင်းထားသော ကြယ်အရှင်သခင် ၁၂ ယောက်နှင့် ကောင်းကင်ဘုရင် ၄ ပါးတို့ အပါအဝင် လူပေါင်း ၈,၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်၊၊ လူတိုင်းက လက်နက်အပြည့်အစုံ တပ်ဆင်ထားသော သန်မာသည့် ရထားကြီးနှင့် ငွေကြယ်၏ ထာဝရအဆင့် နူကလီးယားစွမ်းအင်သုံး စက်ခေါင်းကြီးကို အလွန်တပ်မက်စွာ ကြည့်နေကြပြီး အပြင်ဘက်မှ လူအုပ်ကြီးကတော့ မနာလိုအားကျသော အကြည့်များဖြင့် ကြည့်နေကြသည်၊၊
ချင်ဖုန်းသည် ကျေနပ်အားရစွာဖြင့် သူ၏ ရှေ့ရှိ ကြယ်အရှင်သခင် ၁၂ ယောက်နှင့် ကောင်းကင်ဘုရင် ၄ ပါးတို့ကို ကြည့်လိုက်သည်၊၊ သူ၏ အကြည့်မှာ လက်ပိုက်ထားပြီး ကိုင်တွယ်ရ ခက်ခဲပုံရသော ခရမ်းရောင်ဆံပင်နှင့် မိန်းကလေးထံတွင် နောက်ဆုံး၌ ရပ်တန့်သွားပြီး အနည်းငယ် ပြုံးလိုက်သည်၊၊
“မစ္စချန်... မေးစရာရှိလို့လား”
“စမ်းသပ်ပွဲတွေ အောင်မြင်ပြီးရင် ကျွန်မတို့ကို ရှင်ကိုယ်တိုင်စစ်ဆေးမယ်လို့ ပြောခဲ့တယ် မဟုတ်လား”
ကီကီက အပြစ်ကင်းစင်စွာ ပြောလိုက်သည်၊၊
ထိုစကားကို ကြားလိုက်ရသောအခါ ရှေ့ဆုံးတွင် ရှိနေသော ၁၆ ဦးစလုံး၏ အကြည့်များမှာ ချင်ဖုန်းထံသို့ ကျရောက်သွားကြသည်၊၊
အမှန်စင်စစ် သူတို့အားလုံးသည် ဤအချက်ကို အလွန်ဂရုစိုက်ကြသည်၊၊ ချင်ဖုန်းသည် လူသားဆင့်ကဲပြောင်းလဲမှုအလင်းတန်းစာရင်းတွင် အဆင့် ၃ ယန္တရားစွမ်းအားရှင်ဖြစ်သော်လည်း လူအများအပြားသည် သူ၏ စွမ်းရည်များကို မမြင်ဖူးကြပေ၊၊ ဤနေရာတွင် ရပ်နေသူများမှာ သူတို့ကိုယ်တိုင် ခေါင်းဆောင်များဖြစ်ကြရာ သူတို့၏ အထက်လူကြီးဖြစ်လိုပါက ချင်ဖုန်းသည် သူ၏ ခွန်အားနှင့် ကျွမ်းကျင်မှုကို သက်သေပြရပေလိမ့်မည်၊၊ မဟုတ်ပါက မည်သူမျှ ယုံကြည်မည် မဟုတ်ပေ၊၊
ထို့ကြောင့် ဤအချက်မှာ ယနေ့ လူသစ်စုဆောင်းရေးပွဲ၏ အရေးအကြီးဆုံးအချက်ပင် ဖြစ်သည်၊၊ ပွဲစီစဥ်သူ ချင်ဖုန်းအနေဖြင့် ဤကဲ့သို့ သန်မာသော သူများကို ရဲရဲဝံ့ဝံ့စုဆောင်းနိုင်လောက်သည့် စွမ်းရည် အမှန်တကယ် ရှိ၊ မရှိ ဆိုသည်ကို ယခု သိရတော့မည် ဖြစ်သည်၊၊
ထိုစကားကို ကြားသောအခါ ချင်ဖုန်းက တည်ငြိမ်စွာ ပြုံးလိုက်ပြီး သူ၏ ရှေ့ရှိ လူများကို ကြည့်ကာ ပြောလိုက်သည်၊၊
“ဟုတ်ပါတယ် အဖွဲ့သားတွေအနေနဲ့ ကျုပ်အပေါ် ပိုပြီး နားလည်မှုနဲ့ အသိအမှတ်ပြုမှု ရှိလာအောင် အခုပဲ ခင်ဗျားတို့ အားလုံး ကျုပ်ကို စိန်ခေါ်နိုင်ပါတယ်”
“အားလုံး စိန်ခေါ်လို့ရတယ် ဟုတ်လား... ဘာကို ဆိုလိုတာလဲ”
ကြယ်အရှင်သခင် ၁၂ ယောက်ထဲမှ တစ်ယောက်က မေးလိုက်သည်၊၊
ချင်ဖုန်း၏ ဘေးမှ လီကျန်းက ယုံကြည်မှုအပြည့်ဖြင့် ပြုံးနေသည်၊၊ ချင်ဖုန်းက ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သူ၏ အကြည့်မှာ ထက်မြက်လာပြီး သူ၏ စကားသံမှာ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်လာသည်၊၊
“ကျုပ်ဆိုလိုတာက... အားလုံး အတူတူစိန်ခေါ်လို့ရတယ်လို့ ပြောတာပါ”