အခန်း (၇၉၈-၇၉၉)
Vol. 47 Ch. 798-799
Chapter 798
လခြမ်းကွေးစစ်ဆင်ရေး ၁
“ဒီနေရာမှာ စောင့်ကြည့်ရေးကင်မရာတွေ မရှိသလောက်ပဲ၊၊ ဘာလို့လဲဆိုတော့ တခြားနေရာတွေထက် လုံခြုံရေးအခွန်ပိုပေးထားတဲ့ ယာဉ်တန်းကြီးအချို့က ဒီနေရာကို ထိန်းချုပ်ထားလို့ပဲ”
ကျန်းယွမ်က ရှင်းပြသည်။
“အာရုဏ်ဦးမြို့တော်မှာ အိမ်ရာပိုင်ဆိုင်မှုစနစ် မရှိတော့ဘူး၊၊ နေထိုင်စရာနေရာအားလုံးကို လူဦးရေထိန်းချုပ်ရေးဗျူရိုက နယ်မြေအလိုက် ခွဲဝေပေးတယ်၊၊ ဒါကြောင့် နေစရာကို ကိုယ်တိုင်ပဲ ရှာရတယ်”
“ဒါဆို နေစရာမရှိတဲ့သူတွေက ကားပေါ်မှာပဲ နေကြရတာလား” ကီကီက မေးသည်၊၊
“အဓိကအားဖြင့်တော့ ဟုတ်တယ်၊၊ နေလို့ရတဲ့ အဆောက်အအုံ အများစုကိုတော့ အစောဆုံးရောက်လာတဲ့ ယာဉ်တန်းတွေက နေရာဦးထားကြတယ်၊၊ အချို့လူစုလူဝေးတွေကလည်း ကြားထဲမှာ ညှပ်နေကြပေမဲ့ ကားစခန်းတွေနဲ့တော့ သိပ်မထူးခြားလှဘူး၊၊ ဒီနယ်မြေကတော့ တခြားနေရာနဲ့မတူဘူး၊၊ ဒီက ယာဉ်တန်းကြီးတွေနဲ့ မပူးပေါင်းဘဲ သာမန်ယာဉ်တန်းတွေ ဝင်လို့မရဘူး၊၊ ဖက်ဒရေးရှင်းကလည်း ထူးဆန်းတဲ့ သတ္တဝါတွေ တိုက်ခိုက်တာ ဒါမှမဟုတ် ပစ်ခတ်မှုကြီးကြီးမားမား ဖြစ်တာမျိုးမှလွဲရင် ဒီရပ်ကွက်ထဲကို ဝင်မစွက်ဖက်ဘူး”
“ယာဉ်တန်းကြီးတွေက အခွန်နဲ့ ဝင်ကြေး ပိုပေးထားတာကိုး” ချီလီက ပြောသည်၊၊
“ဟုတ်တယ်”
နေရာတစ်ခုသို့ ချဉ်းကပ်လာသောအခါ လင်းရှန်၏ ဆက်သွယ်ရေးစက်ဆီသို့ သတင်းစကားတစ်ခု ရောက်လာသည်၊၊ သူစိမ်းတစ်ယောက်၏ အချက်ပြမှုက သူတို့ကို မြေအောက်ကုန်သွယ်ရေး အဆောက်အအုံဟောင်းတစ်ခုဆီသို့ လမ်းညွှန်ပေးလိုက်သည်၊၊ ကွန်ကရစ်အပျက်အစီးများကြားတွင် နီယွန်မီးရောင်များနှင့် အရိပ်များကြား တိုးဝှေ့ရှင်သန်နေသော မြေအောက်မြို့တော်လေးတစ်ခုအတွင်းသို့ သူတို့ ဝင်ရောက်သွားကြသည်၊၊
ကျန်းယွမ်က လင်းရှန်ကို ဤအောက်တွင် မှောင်ခိုဈေးကွက်လေးတစ်ခု ရှိကြောင်း ပြောပြသည်၊၊ ရောင်စုံနီယွန်မီးများ တောက်ပနေပြီး လိင်ပိုင်းဆိုင်ရာ ပိုစတာများနှင့် အင်္ဂါအစိတ်အပိုင်း ပြုပြင်သည့် ကြော်ငြာများက နံရံအနှံ့တွင် ရှိနေသည်၊၊ အဆောက်အအုံများကြားရှိ ကျဉ်းမြောင်းသော နေရာလွတ်များက အလွန်ပင် စိတ်ညစ်ညူးဖွယ်ကောင်းလှသည်၊၊
မကြာမီ ကားသည် အဆောက်အအုံတစ်ခုအတွင်း၌ ရပ်တန့်သွားသည်၊၊ ကားနောက်ဘက်ရှိ သံတံခါးကြီးက ဖြည်းဖြည်းချင်း ပိတ်သွားပြီး မီးရောင်များ လင်းထိန်လာသည်၊၊ ထိုအခါ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသော လူတစ်စုက သူတို့ကို ဝိုင်းထားကာ ဓာတ်မီးများဖြင့် ထိုးကြည့်နေသည်ကို မြင်လိုက်ရသည်၊၊
“အတည်ပြုပါ” တစ်ယောက်က ပြောလိုက်သည်၊၊
လင်းရှန်သည် ဖီးနစ်တံဆိပ်ကို ထုတ်ယူကာ ခလုတ်ကို နှိပ်လိုက်သည်၊၊ မကြာမီ ဆက်သွယ်မှု ရရှိသွားသည်၊၊
ထိုခဏတွင် လူအုပ်ကြီးက လက်နက်များကို အောက်ချလိုက်ကြသည်၊၊ လင်းရှန်နှင့် အခြားသူများ ကားပေါ်မှ ဆင်းလာကြသောအခါ လူအုပ်က လမ်းဖယ်ပေးလိုက်သည်၊၊ လမ်းကြောင်း၏ အနက်ရှိုင်းဆုံးနေရာမှ စက်ရုပ်ခြေသံကဲ့သို့ အသံအနည်းငယ် ထွက်ပေါ်လာပြီးနောက် ခြေလက်အားလုံးကို ယန္တရားအစိတ်အပိုင်းများဖြင့် အစားထိုးထားသော အရပ်ရှည်ရှည် အမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်၊၊
ချူယန်၊၊
ဤသည်မှာ လင်းရှန်နှင့် ချူယန်တို့ ပထမဆုံးအကြိမ် အပြင်မှာတွေ့ဆုံခြင်း ဖြစ်သည်၊၊ အိပ်မက်ထဲတွင်မူ သူသည် ချူယန်၏ ပုံရိပ်အစစ်အမှန်ကို ဘယ်သောအခါမှ သဲသဲကွဲကွဲမမြင်ခဲ့ရဖူးပေ၊၊ ယခု သူမကို လူကိုယ်တိုင် မြင်တွေ့လိုက်ရသောအခါ သူမ၏ အသက်ရှူသံကိုသာ မကြားရပါက လင်းရှန်အနေဖြင့် သူမကို ရှင်းဂျီကဲ့သို့ စက်ရုပ်တစ်ရုပ်ဟု ထင်မိပေလိမ့်မည်၊၊
ချူယန်၏ အသံမှာ အေးစက်သည်၊၊ သူမက လင်းရှန်ကို ကြည့်ကာ ပြောလိုက်သည်၊၊
“ဟယ်လို လင်းရှန်၊၊ နင်က အရင်ထက် ပိုပြီး တက်ကြွနေပုံရတယ်”
“ငါ အရင်ကထက် ပိုပြီး နိုးကြားလာလို့ ဖြစ်မှာပါ”
လင်းရှန်က ပြုံးလျက် ပြန်ဖြေလိုက်သည်၊၊
လင်းရှန်သည် ချူယန်နှင့်အတူ အခြားလူများနောက်မှ လိုက်ပါကာ အဆောက်အအုံထဲသို့ ဝင်ခဲ့သည်၊၊ မြေအောက်မှောင်ခိုဈေးကွက်အတွင်း၌ လက်နက်ကိရိယာ အပြည့်အစုံ တပ်ဆင်ထားသော လျှို့ဝှက်စစ်ဆင်ရေးစခန်းတစ်ခု ရှိနေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားမည်မဟုတ်ပေ၊၊ လမ်းလျှောက်နေစဉ်အတွင်း လမ်းကြောင်းတွင် လူတစ်စု ကြိုစောင့်နေသည်ကို သူ မြင်လိုက်ရသည်၊၊
အရှေ့ဆုံးမှ ဦးဆောင်လာသူမှာ အသက်လေးဆယ်ဝန်းကျင် အမျိုးသားတစ်ဦး ဖြစ်သည်၊၊ အင်္ကျီနှင့် ဂျင်းဘောင်းဘီကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပြီး ရင်ဘတ်တွင် NAUF နှင့် ဖီးနစ်၏ တံဆိပ်များကို တပ်ဆင်ထားသည်၊၊ သူသည် ပိန်ပိန်ပါးပါးနှင့် တည်ငြိမ်သောအသွင် ရှိသည်၊၊
လင်းရှန်ကို မြင်သောအခါ သူသည် လင်းရှန်နှင့် နောက်ကလိုက်ပါလာသော အဖွဲ့ဝင်များကို အကဲခတ်လိုက်ပြီးနောက် လင်းရှန်ထံသို့ လက်ကမ်းလိုက်သည်၊၊
“ငါက ရှုကျန်းယွဲ့ ပါ၊ မြောက်အမေရိက ပေါင်းစည်းတပ်ဦး(NAUF) ရဲ့ စစ်ဦးစီးချုပ်ပါ၊၊ ဒီလခြမ်းကွေး စစ်ဆင်ရေးကို ငါဦးဆောင်နေတာပဲ”
“တွေ့ရတာ ဝမ်းသာပါတယ် ဗိုလ်ချုပ်ရှု”
“အစည်းအဝေး စတင်ဖို့ မင်းတို့ ရောက်လာမှာကို စောင့်နေတာပဲ၊၊ မင်းနဲ့ မင်းရဲ့အဖွဲ့က ငါတို့ကို ကူညီဖို့ ဆန္ဒရှိတဲ့အတွက် ဝမ်းသာပါတယ်”
ရှုကျန်းယွဲ့က လင်းရှန်၏ နောက်က ကီကီတို့အဖွဲ့ကို ကြည့်ကာ ပြောသည်၊၊
ထို့နောက် ရှုကျန်းယွဲ့နှင့် ချူယန်တို့သည် လင်းရှန်တို့အဖွဲ့ကို ခန်းမထဲသို့ ခေါ်ဆောင်သွားသည်၊၊ ထိုနေရာတွင် မြောက်အမေရိက ပူးပေါင်းတပ်ဦး အဖွဲ့အပြင် ဖီးနစ်၏ ညလမ်းလျှောက်သူအဖွဲ့အစည်းမှ စစ်ဆင်ရေးအဖွဲ့ လေးဖွဲ့လည်း ရှိနေသည်၊၊ အဖွဲ့ခေါင်းဆောင်မှာ ချီနိုဟု အမည်ရပြီး မျက်နှာဖြူဖြူနှင့် စူးရှသော မျက်လုံးများရှိသည့် လူငယ်တစ်ဦး ဖြစ်သည်၊၊ သူသည် လင်းရှန်ကို မြင်သည်နှင့် ချက်ချင်းလာရောက်ကာ လက်ဆွဲနှုတ်ဆက်ပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်၊၊
ထို့အပြင် သံမဏိအစောင့်တပ်ရင်း ၈၃ မှ အထူးစစ်ဆင်ရေးအဖွဲ့တစ်ခုလည်း ရှိနေသည်၊၊ အဖွဲ့ခေါင်းဆောင်မှာ ကျိုးကျင်းဖြစ်ပြီး အေးစက်သော မျက်နှာထားရှိကာ ခြောက်ပေသုံးလက်မခန့် အရပ်နှင့် ကြံ့ခိုင်တောင့်တင်းသော စစ်သားပီသသူတစ်ဦး ဖြစ်သည်၊၊
“ကပ္ပတိန်လင်းရောက်လာပြီဆိုတော့ အခုပဲ စလိုက်ကြရအောင်”
ချီနိုသည် စကားအပိုပြောလေ့ရှိသူ မဟုတ်ပေ၊၊ သူသည် ကုလားထိုင်တစ်လုံးကို ဆွဲယူကာ ထိုင်လိုက်ပြီးနောက် စီးကရက်တစ်ဗူးကို ထုတ်လိုက်သည်၊၊ လင်းရှန်က အံ့အားသင့်သလို ကြည့်လိုက်သည်ကို စိုးရိမ်သည်ဟု ထင်မှတ်ကာ ချီနိုသည် ထိုင်နေရာမှထ၍ အခန်းတံခါးဝရှိ လေစုပ်ပန်ကာကို သွားဖွင့်ပေးလိုက်သည်၊၊
“မော်ဖင်းနဲ့ အရက်တွေနဲ့ ယှဉ်ရင် ကမ္ဘာပျက်ကပ်ထဲမှာ စီးကရက်က ပိုပြီး တန်ဖိုးရှိတယ်၊၊ ဆုံးဖြတ်ချက်ကို မထိခိုက်စေဘဲ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်သလို စိတ်ဓာတ်သန်မာမှုကိုလည်း ထိန်းထားပေးနိုင်တယ်”
“ကပ္ပတိန်လင်း ကျုပ်က သံမဏိအစောင့်တပ်ရင်း ၈၃ရဲ့ အထူးစစ်ဆင်ရေးအဖွဲ့ခေါင်းဆောင် ကျိုးကျင်းပါ”
လင်းရှန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကျိုးကျင်းက လင်းရှန်ကို အကဲခတ်လျက် တိုက်ရိုက်ပင် ပြောလိုက်သည်။
“ကျုပ်တို့ကို ယုံကြည်လို့ရပါတယ်”
ကြီးကျယ်ခမ်းနားမနေဘဲ အဖွဲ့များမှာ ခန်းမထဲတွင် စိတ်အေးလက်အေး နေရာယူလိုက်ကြသည်၊၊ လင်းရှန်၏ အဖွဲ့မှာ အစွန်ဆုံးတွင် ထိုင်လိုက်သည်၊၊ စီးကရက်ကို မီးညှိပြီးနောက် ချီနိုက လင်းရှန်ကို ကြည့်လိုက်သည်။
“ဆိပ်ကမ်းနဲ့ စီလန်မြို့အကြောင်း ကျုပ်ကြားပြီးသားပါ၊၊ တကယ်ကို အံ့ဩဖို့ကောင်းတယ်”
လင်းရှန်သည် လူအပြည့်ရှိနေသော အခန်းကိုကြည့်ကာ အနည်းငယ် စိတ်ရှုပ်ထွေးသွားကာ မေးလိုက်သည်၊၊
“ဒီစစ်ဆင်ရေးတစ်ခုတည်းအတွက် ဒီလောက်အဖွဲ့တွေအများကြီး သုံးမှာလား”
“ဟုတ်တယ်၊၊ ဒါက အားလုံးကို အမြစ်ဖြတ် ချေမှုန်းမယ့် စစ်ဆင်ရေးမျိုးမို့လို့ စစ်ဆင်ရေးအဆင့်ဆင့်အတွက် အဖွဲ့ငါးဖွဲ့အထိ ပြင်ဆင်ထားတာပဲ”
“အဖွဲ့ငါးဖွဲ့တောင်လား”
လင်းရှန်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
“ကျုပ်အဖွဲ့အပါအဝင်လား”
“မဟုတ်ဘူး”
ချီနိုက ခေါင်းခါပြကာ စီးကရက်ငွေ့များကို မှုတ်ထုတ်လိုက်ရင်း
“ခဗျားက တော်တော်လေး ထူးခြားတယ်၊၊ တပ်မှူးယဲ့က ခဗျားအတွက် ပံ့ပိုးကူညီမှုတွေ စီစဉ်ပေးထားတယ်၊၊ ဒါကြောင့် ခဗျားကို ကာကွယ်ပေးဖို့ ကျုပ်ရဲ့အဖွဲ့ခွဲတစ်ခုက ဒီမှာရှိနေတာပါ”
လင်းရှန်သည် ထိုစကားကို ကြားသောအခါ အနည်းငယ် အံ့အားသင့်သွားသည်၊၊ အမှန်အတိုင်းပြောရလျှင် သူ၏ အတွေးမှာ ရိုးရှင်းလွန်းနေခဲ့သည်၊၊
ဤစစ်ဆင်ရေးကို သူ့တစ်ယောက်တည်း လှုပ်ရှားရမည်ဟု သူထင်ခဲ့သော်လည်း အခန်းထဲရှိ စစ်ဆင်ရေးအဖွဲ့များကို မြင်လိုက်ရသောအခါ လင်းရှန် စိတ်ထဲ တစ်မျိုး ခံစားလိုက်ရသည်၊၊ ‘အမြစ်ဖြတ် ချေမှုန်းမယ့် စစ်ဆင်ရေး’ ဆိုသည်မှာ ရက်စက်လွန်းသော စကားလုံးပင် ဖြစ်သည်၊၊ ဖီးနစ်၏ စီစဉ်မှုမှာ အလွန်ပင် စေ့စပ်သေချာလှပြီး လင်းရှန်ကို တစ်ကိုယ်တည်း စွန့်စားခိုင်းမည် မဟုတ်ပေ၊၊
ထိုအချိန်တွင် စစ်ဆင်ရေးအစည်းအဝေးကို ဦးဆောင်နေသော ရှုကျန်းယွဲ့က လင်းရှန်တို့ဘက်သို့ အချက်ပြလိုက်ပြီး စားပွဲကို လက်ချောင်းဖြင့် ခေါက်လိုက်သည်၊၊ အစည်းအဝေးခန်းမအတွင်း ချက်ချင်း ငြိမ်သက်သွားသည်၊၊
“ပထမဆုံး ကပ္ပတိန်လင်းကို စစ်ဆင်ရေးရဲ့ နောက်ခံအကြောင်းအရာလေး အကျဉ်းချုပ် ရှင်းပြပါရစေ”
ဟိုလိုဂရပ်ဖစ်မျက်နှာပြင်ပွင့်လာပြီးနောက် အနီရောင်ကမ္ဘာနှင့် ပတ်သက်သော အချက်အလက်များစွာ ပေါ်လာသည်၊၊ အလယ်တွင် ဂျူးလိယပ်လစ်တ်၏ ပုံရိပ်က မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်၊၊
Chapter 799
လခြမ်းကွေးစစ်ဆင်ရေး ၂
“အခု ငါတို့ ရရှိထားတဲ့ ထောက်လှမ်းရေးသတင်းတွေအရ အနီရောင်ကမ္ဘာ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဂျူးလိစ်ယပ်လစ်က လင်းလုံအုပ်စုနဲ့ အာရုဏ်ဦးမြို့တော်က ဝမ်ဟွေ့တို့နဲ့ လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ပူးပေါင်းနေခဲ့တယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပြီ၊၊ အသေးစိတ်အချက်အလက်တွေကိုတော့ ချန်ထားခဲ့ပါ့မယ်၊၊ ဒါပေမဲ့ လက်ရှိမှာ ပြင်းထန်တဲ့ ပြဿနာတစ်ခု ရှိနေတယ်”
ရှုကျန်းယွဲ့က မျက်နှာပြင်ကို ချိန်ညှိလိုက်ရာ လူသားပုံသဏ္ဌာန်ရှိသော ကြီးမားသည့် ထူးဆန်းသော သတ္တဝါတစ်ကောင် ပေါ်လာသည်၊၊ ယင်းနှင့်အတူ အမှောင်တိုက်စားခြင်းဆဲလ်များဆိုင်ရာ အချက်အလက်များလည်း ပါဝင်သည်၊၊
“၁၄ ကောင်မြောက် S-Class မွန်းစတား မြူမီးခိုးက လွန်ခဲ့တဲ့ နှစ်ပတ်က ပထမတံတိုင်းရဲ့ B2-B3 ဇုန်တွေကို ကျူးကျော်ခဲ့တယ်၊၊ အဲဒီတုန်းက လူပေါင်း သုံးသောင်းကျော် သေဆုံးပြီး မြို့စောင့်တပ်သား နှစ်ထောင်ကျော် အသက်ပေးခဲ့ရတယ်၊၊ ဒီ SClass အဆင့် သတ္တဝါရဲ့ အလောင်းကို အဲဒီအချိန်က ‘အက်ကိုး’ လို့ခေါ်တဲ့ ယာဉ်တန်းကြီးတစ်ခုက သိမ်းဆည်းသွားခဲ့တယ်၊၊ စုံစမ်းကြည့်လိုက်တော့ ဒီအဖွဲ့အစည်းဟာ တကယ်တော့ အနီရောင်ကမ္ဘာက အသွင်ပြောင်းထားတဲ့အဖွဲ့ ဖြစ်နေတယ်၊၊ ငါတို့ရဲ့ အထူးစစ်ဆင်ရေးအဖွဲ့ဟာ အာခီစိုင်းသဲကန္တာရက နက္ခတာယာကြည့်စခန်းမှာ ရှိတဲ့ ဂျူးလိစ်ယပ်ရဲ့ ကိုယ်ပွားဆီကနေ သတင်းအချက်အလက်အချို့ကို ကြားဖြတ်ရယူနိုင်ခဲ့တယ်၊၊ အနီရောင်ကမ္ဘာက အဲဒီ S-Class အလောင်းကနေ အမှောင်တိုက်စားခြင်းဆဲလ် (အမ်ဘရာ-ဆဲလ်)အရှင်ကို အောင်အောင်မြင်မြင် ထုတ်ယူနိုင်ခဲ့ပြီး တွင်းနက် နံပါတ် ၅ မှာရှိတဲ့ အဖြူရောင်မြို့တော် အခြေစိုက်စခန်းကို ပို့ပြီး မျိုးပွားပျိုးထောင်တာ အောင်မြင်သွားပြီဆိုတာကို ငါတို့ သိလိုက်ရတယ်”
“ဒီဆဲလ်တွေကတစ်ဆင့် အမှောင်သတ္တဝါတွေက အမှောင်ကျူးကျော်မှုကို ဘယ်လိုပြောင်းလဲပစ်လဲဆိုတဲ့ အခြေခံသဘောတရားအချို့ကို သိရှိခဲ့ပြီး ကာကွယ်နိုင်မှုနှုန်း ၁၈ ရာခိုင်နှုန်းအထိ ရရှိခဲ့တယ်၊၊ ဒါပေမဲ့ ဒီဆဲလ်တွေကို အပြည့်အဝ အသက်မသွင်းရသေးတဲ့အတွက် အချက်အလက်အပြည့်အစုံကိုတော့ မရနိုင်သေးဘူး၊၊ ငါတို့ရဲ့ သုတေသနဓာတ်ခွဲခန်းတွေ ပူးပေါင်းဆွေးနွေးချက်အရ ဒီဆဲလ်တွေကို အသက်သွင်းပြီး သူတို့ရဲ့ ဇီဝစွမ်းအင်တုံ့ပြန်မှုတွေကိုသာ ထိန်းချုပ်နိုင်မယ်ဆိုရင် အမှောင်ကျူးကျော်မှုကို ကာကွယ်စစ်ထုတ်နိုင်မယ့် တကယ့်အစီအစဉ်အစစ်အမှန်ကို ရရှိနိုင်မှာ ဖြစ်တယ်”
ရှုကျန်းယွဲ့က ဆက်ပြောသည်၊၊
“ဒါပေမဲ့ ပြဿနာက လူသားတွေမှာ ဒီအမှောင်သတ္တဝါ ဆဲလ်တွေကို အသက်သွင်းနိုင်မယ့် နည်းလမ်းမရှိဘူး၊၊ တစ်ခုကလွဲလို့ပေါ့”
“မှိုမျှင်ကွန်ရက်လား” လင်းရှန်က မေးလိုက်သည်၊၊
“မှန်တယ်”
“မှိုမျှင်ဆိုတာက အခြေခံအားဖြင့် အမှောင်သတ္တဝါ အမျိုးအစားပဲ၊၊ အနီရောင်ကမ္ဘာက အရင်က သုတေသနအခြေစိုက်စခန်း အများအပြားတည်ထောင်ပြီး အရှင်လတ်လတ် လေ့လာမှုတွေ လုပ်ခဲ့ပေမဲ့ S-Class နဲ့ ချိတ်ဆက်ဖို့တော့ မလုပ်နိုင်ခဲ့ဘူး၊၊ ဒါကြောင့် ဒါဟာ တကယ်ကို အန္တရာယ်ရှိတဲ့ အချက်ပြမှုပဲ၊၊ လူသားတွေရဲ့ အတွေးအခေါ်တွေကို တွင်းနက်နဲ့ ချိတ်ဆက်တော့မယ်ဆိုတာကို ပြနေတာပဲ၊၊ ဒါဟာ ကျုပ်တို့အတွက် ကပ်ဘေးအဆင့် ဘေးဒုက္ခကို ဦးတည်သွားစေနိုင်တယ်၊၊ ဒါ့အပြင် အနီရောင်ကမ္ဘာက...”
“စတင်နေပြီလို့ ထင်တာပဲ”
ထိုစကားကို ကြားသောအခါ လင်းရှန်နှင့် အဖွဲ့သားများ မျက်နှာပျက်သွားကြသည်၊၊
ကီကီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်၊၊
“ဒီနေ့မနက်က တိုက်ခိုက်မှုဟာ အဲဒါနဲ့ ပတ်သက်နေနိုင်တယ်လို့ ဆိုလိုတာလား”
“အဲဒါထက်တောင် ပိုသေးတယ်”
ရှုကျန့်ယွဲ့က လက်ချောင်းဖြင့် ထပ်မံနှိပ်လိုက်ရာ ဟိုလိုဂရပ်ဖစ်ပုံရိပ်မှာ ဒေသန္တရမြေပုံအဖြစ် ပြောင်းလဲသွားသည်၊၊ အာရုဏ်ဦးမြို့တော်၏ အနောက်ဘက်ရှိ စတားအဗ္ဗစ် နံပါတ် ၅၊ အနောက်တောင်ဘက်ရှိ တွင်းနက် နံပါတ် ၇ နှင့် အရှေ့တောင်ဘက်ရှိ တွင်းနက် နံပါတ် ၈ တို့သည် ပုံမှန်မဟုတ်သော ဘဲဥပုံစံ ချဲ့ထွင်လာသည့် အနေအထားကို ပြနေသည်၊၊ အာရုဏ်ဦးမြို့တော်ဘက်သို့ ဦးတည်လာသော အမှောင်ဒီရေများသည် ကြီးမားသော ဆွဲငင်အားတစ်ခုခု၏ ဖိအားကြောင့် ပုံသဏ္ဌာန်များ ပျက်ယွင်းလာနေသည်၊၊
“မနေ့ညကနေ အခုအထိ လွန်ခဲ့တဲ့ ၁၆ နာရီအတွင်းမှာ တွင်းနက်အစွန်းပိုင်းတွေက တစ်ပြိုင်နက်တည်းလိုလို ပုံမှန်မဟုတ်ဘဲ ချဲ့ထွင်လာတာကို တွေ့ရတယ်၊၊ ယွမ်လန်၊ လုံကျန်း၊ လုလင်၊ ထျန်းဝေနဲ့ ရှန်းလီမြို့ ဘက်တွေမှာလည်း ပုံမှန်မဟုတ်တဲ့ မွန်းစတာဒီရေတွေကို မြင်တွေ့နေရတယ်၊၊ ဒါကြောင့် ဒါဟာ အနီရောင်ကမ္ဘာရဲ့ လက်ရှိလုပ်ဆောင်ချက်တွေနဲ့ ဆက်စပ်နေတယ်လို့ ကျုပ်တို့ တစ်ညီတစ်ညွတ်တည်း ယူဆတယ်”
“လောလောဆယ် အဲဒီဘက်တွေက ကျန်ရှိနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေဟာ အာရုဏ်ဦးမြို့တော်ဆီကို အလုံးအရင်းနဲ့ ထွက်ပြေးခိုလှုံလာနေကြတယ်၊၊ ငါတို့ဆီမှာ တိကျတဲ့ အရေအတွက်တော့ မရှိသေးဘူး၊၊ ဒါဟာ ငါတို့အတွက် အန္တရာယ်ရှိတဲ့ အချက်ပြတစ်ခုပဲ”
လင်းရှန်၏ မျက်နှာမည်းမှောင်သွားသည်။
“အကယ်၍ သူတို့က စလုပ်နေပြီဆိုရင် ကျူပ်တို့ရဲ့ လခြမ်းကွေးစစ်ဆင်ရေးက ဘာလုပ်ရမှာလဲ”
သူ့ဘေးတွင် ထိုင်နေသော ချူယန်က တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“သတင်းအချက်အလက်ကို ကြားဖြတ်ယူရမယ်”
“ဘာကို ဆိုလိုတာလဲ”
ရှုကျန်းယွဲ့က လင်းရှန်ဘက်သို့ ကြည့်ကာ ပြောလိုက်သည်။
“အာရုဏ်ဦးမြို့တော်က ရှေ့တန်းစီမံကိန်းအတွက် ပြင်ဆင်နေတာဆိုတော့ အမှတ် ၁၄ ဇီဝမျိုးစပ်သတ္တဝါရဲ့ အစိတ်အပိုင်းတွေကို သုံးမှာကတော့ သေချာသလောက်ရှိတယ်၊၊ ဒီအမှောင်တိုက်စားခြင်း ဆဲလ်တွေကို အသက်သွင်းလိုက်တာက လက်ရှိလူသားတွေရဲ့ သတင်းအချက်အလက် အမြောက်အမြားကို အမှောင်ကမ္ဘာဆီ ပေါက်ကြားသွားစေနိုင်တယ်၊၊ ဒါပေမဲ့ တစ်ဖက်မှာလည်း ဒီချိတ်ဆက်မှုကတစ်ဆင့် အမှတ် ၁၄ ဇီဝမျိုးသတ္တဝါဆီကနေ အမှောင်ကမ္ဘာရဲ့ သတင်းအချက်အလက်အချို့ကို ငါတို့ ပြန်ရနိုင်မယ့် အခွင့်အရေးလည်း ရှိနေတယ်၊၊ ဒီစစ်ဆင်ရေးမှာ ပါဝင်တဲ့သူတိုင်းက လက်ရှိအခြေအနေကို နားလည်ကြမှာပါ၊၊ ခေါင်းဆောင်ကျိုးပြောသလိုပဲ အရင်က လူသားနဲ့ အမှောင်ထုရဲ့ ဆက်ဆံရေးက တူတူပုန်းတမ်းကစားနေသလိုပဲ၊၊ ဒါပေမဲ့ အမှောင်ထုက လူသားတွေရဲ့ အကြောင်းကို သိသွားပြီဆိုရင် ငါတို့ဘက်ကလည်း သတင်းအချက်အလက် တန်းတူညီမျှမှုရှိအောင် လုပ်ရမယ်၊၊ ဒီဘေးဒုက္ခက ဘယ်လောက်ပဲ ဆိုးရွားလာပါစေ… လူသားမျိုးနွယ်ဟာ ရှင်သန်ခွင့်နဲ့ ဦးဆောင်နိုင်ခွင့်ကို ရအောင်ယူရမယ်၊၊ နောက်ထပ် တိုက်ပွဲဝင်ရည်မှန်းချက်ကတော့ ရှင်းပါတယ်၊၊ အာရုဏ်ဦးမြို့တော်မှာ ရှေ့တန်းစီမံကိန်း မစတင်ခင် မြူမီးခိုးမွန်းစတားရဲ့ မှိုမျှင်စနစ်ကတစ်ဆင့် ချိတ်ဆက်ထားတဲ့ အမှောင်ကမ္ဘာရဲ့ သတင်းအချက်အလက်တွေကို ကြားဖြတ်ရယူဖို့ပဲ၊၊ ဒီသတင်းအချက်အလက်တွေက လူသားယဉ်ကျေးမှု ဆက်လက်ရှင်သန်ဖို့အတွက် အလွန်အရေးကြီးတယ်”
“လောလောဆယ် အာရုဏ်ဦးမြို့တော်ရဲ့ ဆက်သွယ်ရေးလိုင်းတွေအားလုံး ပြတ်တောက်နေတယ်၊၊ မြို့အနှံ့မှာရှိတဲ့ အင်အားကြီး စစ်တပ်တွေကလည်း အမှတ် ၂ တံတိုင်းဆီ ပြန်သွားကြပြီ၊၊ ကြယ်ဆိပ်ကမ်းက လွှတ်တင်ရေးတာဝန်ကို သွားပြီး အကာအကွယ်ပေးတာဖြစ်နိုင်တယ်၊၊ S-Class သတ္တဝါရဲ့ ဦးနှောက်ဆဲလ်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကို ဒီလိုအခွင့်အရေးမျိုး နောက်ထပ်ရမှာ မဟုတ်တော့ဘူး၊၊ အခု ငါတို့မှာ အားသာချက် နှစ်ခုရှိတယ်၊၊ ပထမတစ်ခုက ချူယန်တို့အဖွဲ့ရဲ့ စိတ်စွမ်းအားပဲ၊၊ ပစ်မှတ်ကို အတည်ပြုနိုင်တာနဲ့ သတင်းအချက်အလက်တွေကို ချက်ချင်း ကြားဖြတ်ယူနိုင်တယ်၊၊ ဒုတိယတစ်ခုကတော့ လင်းရှန်ရဲ့ ယန္တရားစွမ်းအား၊၊ သူက ဦးနှောက်-ကွန်ပျူတာစနစ်ရဲ့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့စနစ်ကို တိုက်ရိုက်ထိန်းချုပ်နိုင်တယ်၊၊ အာရုဏ်ဦးမြို့တော်ရဲ့ လက်နက်စနစ် ဗဟိုချက်ကိုလည်း ငါတို့ ထိန်းချုပ်နိုင်အောင် သူက ကူညီပေးနိုင်လိမ့်မယ်၊၊ ဒါမှ အနီရောင်ကမ္ဘာ ဒါမှမဟုတ် ပုန်ကန်သူတွေက လက်နက်တွေကို အလွဲသုံးစား မလုပ်နိုင်မှာ…”
“အခု အခက်ခဲဆုံးအချက်က ရှေ့တန်းစီမံကိန်း စတင်မယ့်အချိန်နဲ့ ချူကျောက်နန်ရဲ့ နောက်ဆက်တွဲ လှုပ်ရှားမှုတွေကို ငါတို့ မသိရသေးတာပဲ၊၊ လောလောဆယ် ငါတို့ရဲ့ ထောက်လှမ်းရေးအဖွဲ့က သိထားတာကတော့ ကျိုးမင်ယွမ်၊ ဝမ်ဟွေ့နဲ့ တခြားဖက်ဒရေးရှင်း အဆင့်မြင့်အရာရှိတွေက လျှို့ဝှက်လှုပ်ရှားနေပြီး ရှေ့တန်းစီမံကိန်း ပြီးတာနဲ့ အနီရောင်ကမ္ဘာနဲ့ ပူးပေါင်းပြီး အတွင်းမြို့တော်ကို လက်နက်အားကိုးနဲ့ ထိန်းချုပ်ဖို့ ပြင်နေကြတယ်၊၊ မြို့စောင့်တပ်ရဲ့ အချို့အစိတ်အပိုင်းတွေကလည်း နယ်မြေအလိုက် ခြိမ်းခြောက်မှုတွေကြောင့် အကျပ်ကိုင်ခံထားရတယ်၊၊ ဒါကြောင့် ဒီအစည်းအဝေးမှာ ငါတို့လုပ်ရမယ့် တာဝန်တွေက ပထမတစ်ခုက အာရုဏ်ဦးမြို့တော်ထဲမှာ ရှိနေတဲ့ အနီရောင်ကမ္ဘာရဲ့ လှုပ်ရှားမှုတွေကို ရှာဖွေဖို့၊ ဒုတိယကတော့ မြူမီးခိုးသတ္တဝါဆက်သွယ်ရေးကို ရှာဖွေဖို့ပဲ”
သံမဏိအစောင့်တပ်ရင်း ၈၃ အထူးစစ်ဆင်ရေးအဖွဲ့ခေါင်းဆောင်ကျိုးကျန်းက မေးလိုက်သည်။ “ဒီမြူမီးခိုးက ကြယ်မြို့တော် မြေအောက်ထဲမှာပဲ ရှိနေနိုင်မလား၊၊ ဘာပဲဖြစ်ဖြစ် ရှေ့ပြေးစီမံကိန်း လွှတ်တင်တာနဲ့ ချိတ်ဆက်ရမှာဆိုတော့”
“ဖြစ်နိုင်တယ်၊၊ ဒါပေမဲ့ မြေအောက်မြို့တော်ထဲမှာ ရှိနေတဲ့ ငါတို့ရဲ့ လျှို့ဝှက်အေးဂျင့်တွေဆီက ဘာထူးခြားမှုတဲ့ သတင်းမှမရသေးဘူး၊၊ ဒါကြောင့် မြူမီးခိုးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ကိုပဲ သုံးပြီး လုပ်ဆောင်နေတာလည်း ဖြစ်နိုင်တယ်၊၊ အဲဒါက ပိုပြီးတော့လည်း ထိရောက်တယ်လေ”
ရှုကျန်းယွဲ့က ပြောသည်၊၊
“ကျုပ်ထင်တာကတော့ ဘယ်သူက ဒီမှိုမျှင်စနစ်ကို သုံးပြီး S-Class သတ္တဝါနဲ့ ချိတ်ဆက်နေလဲဆိုတာကို အရင်ဆုံး အတည်ပြုသင့်တယ်”
ညလမ်းလျှောက်သူအဖွဲ့အစည်း၏ ခေါင်းဆောင် ချီနိုက မေးသည်၊၊