အခန်း (၈၁၀-၈၁၁)
Vol. 47 Ch. 810-811
Chapter 810
ကောင်းကင်ဘုရင် ၄ပါး (၅)
“ဟားဟား၊၊ ဒါဆို မင်းက ဘယ်လိုငတုံးကောင်က သူ့ယာဉ်တန်းအမည်ကို ခိုးသုံးရဲလဲဆိုတာကို လာစစ်ဆေးတာပေါ့လေ”
လဲ့ကျန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်၊၊
“စိတ်ဝင်စားဖို့ ကောင်းတယ်၊၊ သူ့အကြောင်း ကြားဖူးတာ ကြာပြီ၊၊ အဲ့ဒီ ယန္တရားစွမ်းအားရှင်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ချင်နေတာ”
Wind Talkerမှ လောင်ဟန်ကလည်း ခေါင်းညိတ်ပြပြီး ကျန်းယွမ်ကို ပြောသည်၊၊
“ကပ္ပတိန်ကျန်း၊၊ မင်းက ကပ္ပတိန်လင်းနဲ့ ပူးပေါင်းနေတာဆိုတော့ သူ့ရဲ့ ယန္တရားစွမ်းအားကို မြင်ဖူးမှာပေါ့၊၊ အဲ့ဒီတော့ ဒီချင်ဖုန်းကို စမ်းသပ်ကြည့်ဖို့ မစီစဉ်ထားဘူးလား”
ကျန်းယွမ်က စဉ်းစားပြီး ပြန်ပြောလိုက်သည်၊၊
“ငါစမ်းသပ်ဖို့ မလိုပါဘူး...”
သံမဏိအတားဆီးအဖွဲ့မှ ရှုယွီဖေးက သူတို့၏ စကားဝိုင်းကို ကြားသောအခါ စိတ်ထဲတွင် ရှုပ်ထွေးသွားသည်၊၊ သူသည် ကျန်းယွမ်ကို မေးချင်သော်လည်း အချိန်မကျသေးဟု ခံစားရသဖြင့် ဘာမှမပြောဘဲ နေလိုက်သည်၊၊
ကြိုတင်သဘောတူညီမှု ရထားသည်ဆိုသော်လည်း ရှူယွီဖေးသည် ချင်ဖုန်းဘက်မှ ရပ်တည်ပေးရန်နှင့် ကောင်းကင်ဘုရင် ၄ ပါးထဲမှ တစ်နေရာကို ရယူကာ ပူးပေါင်းဆောင်ရွက်ရန် ကတိပေးထားခဲ့သည်၊၊
လက်ရှိတွင် မြို့တွင်းရှိ အင်အားကြီး ယာဉ်တန်းများ၏ အခြေအနေမှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ သိရှိနေကြသည်၊၊ လူသားဆင့်ကဲပြောင်းလဲမှု အလင်းတန်း အဆင့်ဇယားဝင်သူများသည် အင်အားကြီးယာဉ်တန်းများ၏ အဓိကလူများ ဖြစ်နေကြသည်၊၊ သို့မဟုတ်ပါကလည်း အလင်းတမန်ဌာနသို့ ဝင်ရောက်သွားကြသည်၊၊ သို့မဟုတ် အာရုဏ်ဦးမြို့တော်မှ ထွက်ခွာသွားကြပြီဖြစ်သည်၊၊ ယခုအချိန်တွင် ထိပ်ဆုံးဆယ်ယောက်ထဲမှ ထက်ဝက်ပင် မြို့ထဲမှာ မရှိတော့ပေ၊၊ အဆင့်သတ်မှတ်ချက်ဇယား၏ ထိပ်ဆုံး ဆယ်ယောက်စာရင်းဝင် ရှုယွီဖေးသည် ကျန်းယွမ်ထက်ပင် အဆင့်မြင့်သူ ဖြစ်သဖြင့် မည်သည့်ဖိအားမှ မရှိပေ၊၊
သို့သော် ယခုအချိန်တွင် သူသည် ထိုနေရာမှ တိုက်ပွဲကို စောင့်ကြည့်နေရုံသာရှိပြီး ဝင်ရန် မလောသေးပေ၊၊ အခြေအနေကို အနည်းငယ် အကဲခတ်လိုသေးသည်၊၊
ဤအင်အားကြီးယာဉ်တန်းများမှာလည်း ဖျော်ဖြေရေးသဘောဖြင့် လာရောက်ကြခြင်းဖြစ်ပြီး ချင်ဖုန်း၏ယာဉ်တန်းနှင့် ဖက်ဒရေးရှင်းတို့အကြား သိသာထင်ရှားသော အကျိုးစီးပွားပတ်သက်မှုများရှိနေခြင်းကြောင့် အချို့ယာဉ်တန်းများမှာ ရန်လိုသောသဘောထားကိုပင် ဆုပ်ကိုင်ထားကြသည်၊၊
ယာဉ်တန်းခေါင်းဆောင်တိုင်းသည် ကိုယ်စီအတွေးများဖြင့် ရှိနေကြစဉ်မှာပင် ရုတ်တရက် ရင်ပြင်ထဲမှ မိုးခြိမ်းသံကဲ့သို့ ဟစ်ကြွေးသံများ ထွက်ပေါ်လာတော့သည်၊၊
“၅၃၀၀… ဒီလူက ဘယ်သူလဲ၊၊ ဘာလို့ လူသားဆင့်ကဲပြောင်းလဲမှု အလင်းတန်းစာရင်းမှာ မတွေ့ဖူးတာလဲ”
“သေစမ်း… ပုန်းကွယ်နေတဲ့ ကျွမ်းကျင်သူပဲ”
“အကန့်သတ်အညွှန်းကိန်းက ၁.၅ ပဲရှိရင်တောင် အမြင့်ဆုံးတန်ဖိုးက ၈၀၀၀ ကို ကျော်နိုင်တာပေါ့ ဟုတ်တယ်မလား”
ထိုအော်ဟစ်သံများက နားနေဆောင်ရှိလူများအပြင် လီကျန်းနှင့် ချင်ဖုန်းတို့၏ အာရုံကိုပါ ချက်ချင်းဖမ်းစားသွားသည်၊၊ ချင်ဖုန်းလည်း မနေနိုင်တော့ဘဲ မတ်တပ်ရပ်လိုက်ကာ လေထဲတွင် ပျံဝဲလျက် လူသစ်စုဆောင်းရေးဧရိယာဘက်သို့ လှမ်းကြည့်လိုက်သည်၊၊
ထိုအချိန်တွင် စုဆောင်းရေးအရာရှိမှာ သူ၏ရှေ့မှ ထက်ရှသော အကြည့်နှင့် ထူးခြားသော အရှိန်အဝါရှိသည့် လူငယ်ကို စိတ်လှုပ်ရှားစွာကြည့်နေမိသည်၊၊ ထိုလူငယ်က အလင်းတန်းစာရင်းတွင် မပါဝင်ကြောင်း အကြိမ်ကြိမ် အတည်ပြုပြီးနောက် သူက စိုးရိမ်တကြီးမေးလိုက်သည်၊၊
“ဒီက လူကြီးမင်းရဲ့... နာမည်လေး သိပါရစေ၊၊ ပြီးတော့ ဘယ်လိုစွမ်းအားအမျိုးစားလဲဆိုတာ မေးလို့ရမလားခင်ဗျာ”
“ငါ့နာမည်က လုရှင်းချန်ပဲ”
လုရှင်းချန်သည် မောက်မာသော အမူအရာဖြင့် လက်တစ်ဖက်ကို နောက်ပစ်ကာ ကျွမ်းကျင်သူတစ်ဦး၏ အသွင်ဖြင့် လက်ညှိုးတစ်ချောင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ရာ—ဝူးခနဲ အသံနှင့်အတူ နီရဲတောက်ပသော မီးတောက်တစ်ခု ကောင်းကင်သို့ ထိုးတက်သွားသည်၊၊
“ကောင်းကင်မီးတောက်စွမ်းရည်”
ဝိုးး
ဤမြင်ကွင်းကြောင့် ပတ်ဝန်းကျင်ရှိ လူသောင်းပေါင်းများစွာမှာ စိတ်လှုပ်ရှားမှုဖြင့် ပေါက်ကွဲသွားကြသည်၊၊ သဘာဝစနစ်မှ မီးစွမ်းအားဆိုသည်မှာ လူပေါင်းများစွာ အိပ်မက်မက်ကြရသည့် ထိပ်တန်းစွမ်းရည်တစ်ခုဖြစ်သည်မှာ ငြင်းစရာမရှိပေ၊၊ ထိုသို့သော ပုဂ္ဂိုလ်ကို မြင်လိုက်ရသဖြင့် လူအများအပြားမှာ ဖုန်းများကိုယ်စီ ထုတ်ကာ ဗီဒီယိုရိုက်၍ ကွန်ရက်ပေါ်သို့ တင်လိုက်ကြသည်၊၊
ခဏချင်းအတွင်းမှာပင် ကောင်းကင်မီးတောက်စွမ်းအားရှင် လုရှင်းချန်၏ အမည်မှာ ကွန်ရက်စာမျက်နှာများပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့သွားလေသည်၊၊
စင်မြင့်ပေါ်တွင် လီကျန်းလည်း စိတ်လှုပ်ရှားစွာဖြင့် နှုတ်ခမ်းကို သပ်ရင်း ရေရွတ်နေသည်၊၊
“မီးစွမ်းအားရှင်ပဲ၊၊ လခွမ်း… တကယ်ကို အားကျစရာပဲ၊၊ ငါ့မှာသာ အဲ့ဒီစွမ်းရည်ရှိရင် စောက်ရမ်းမိုက်မှာ”
“မြန်မြန်... Aဇုန် မှာ နေရာပေးလိုက်ကြ”
ထိုအချိန်တွင် စုဆောင်းရေးအရာရှိ၏ မျက်လုံးများ တောက်ပသွားပြီး အဖွဲ့ဝင်အချို့ကို လုရှင်းချန်အား လေးစားစွာ ဖိတ်ခေါ်ခိုင်းလိုက်သည်၊၊
လုရှင်းချန်သည် လူအများ၏ အာရုံစိုက်မှုကို ခံရခြင်းအား သိသိသာသာပင် သဘောကျနေသည်၊၊ ဤသို့ ကြွားဝါပြသခြင်းမှ ရသော ခံစားချက်က သူ့ကို ကောင်းကင်သို့ပင် ထိလုမတတ်ရှိနေစေသည်၊၊ လင်းရှန်၏ တားမြစ်ချက်သာမရှိပါက သူသည် မီးတောက်များပေါ်တွင် လမ်းလျှောက်ပြပြီး ကောင်းကင်ဘုရင်တစ်ပါးကဲ့သို့ ဆင်းသက်ပြရန်ပင် ပြင်ဆင်ထားပြီး ဖြစ်သည်၊၊
သို့သော် နောက်ပိုင်းတွင် အခွင့်အရေးရှိလာနိုင်သည်ဟု သူတွေးနေမိသည်၊၊ လုရှင်းချန်သည် စင်မြင့်ကို ကြည့်ကာ ယခုကဲ့သို့ ရာသီဥတု၊ အလင်းအမှောင်နှင့် ထောင့်အနားများအောက်တွင် မည်သို့သော နည်းပညာကို သုံး၍ ခမ်းနားထည်ဝါစွာ ရှိိုးထုတ်ရမည်နည်းဟု စိတ်ထဲတွင် ကြံစည်နေသည်၊၊
လုရှင်းချန်ပေါ်လာခြင်းနှင့်အတူ ပြိုင်ဆိုင်လိုသောလေထုမှာ စတင်အရှိန်တက်လာသည်၊၊ အင်အားကြီးယာဉ်တန်း ခေါင်းဆောင်အချို့ပင်လျှင် ဤစုဆောင်းပွဲ၏ ရလဒ်သည် မျှော်လင့်ထားသည်ထက် ပိုကောင်းမွန်နိုင်ကြောင်း သတိပြုမိလာကြသည်၊၊ ရှုယွီဖေးကတော့ အစွမ်းထက်သူများ ပိုများလေလေ ဤအနန္တယာဉ်တန်းကို ဖွဲ့စည်းနိုင်ခြေ ပိုများလေလေဖြစ်သည်ဟု တွေးကာ အနည်းငယ် စိတ်အေးသွားသည်၊၊
စိတ်လှုပ်ရှားနေသော စုဆောင်းရေးအရာရှိက လုရှင်းချန်ကို အတွင်းသို့ ပို့ဆောင်ပေးပြီးသည်နှင့် တန်းစီနေသည့် လူများအကြားမှ ခရမ်းရောင်မျက်နှာဖုံးတပ်ထားသည့် မိန်းကလေးတစ်ဦး လျှောက်လာကာ စာရင်းသွင်းကတ်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်သည်၊၊
“ဟေး၊၊ ငါ စာရင်းသွင်းမယ်”
စုဆောင်းရေးအရာရှိသည် ပိန်ပိန်ပါးပါး မိန်းကလေးကို တစ်ချက်ကြည့်လိုက်ပြီး ဘေးရှိ စိတ်ဝိညာဥ်တန်ဖိုးတိုင်းတာရေးကိရိယာကို ညွှန်ပြလိုက်သည်၊၊
“အမြင့်ဆုံးတန်ဖိုးကို စမ်းသပ်ပါ”
တီ။
စမ်းသပ်မှု ပြီးဆုံးသွားသည်၊၊
ဟင်…
စုဆောင်းရေးအရာရှိလည်း ထိုင်ခုံတွင်ပင် ပြန်မထိုင်ရသေးမီ ပတ်ဝန်းကျင်မှ အံ့အားသင့်သည့် အသံများကြောင့် ထိတ်လန့်သွားသည်၊၊ သူက ခေါင်းကို အမြန်မော့ကြည့်လိုက်ရာ တိုင်းတာရေးကိရိယာပေါ်ရှိ ဂဏန်းမှာ အံ့သြစရာကောင်းလောက်အောင် ၄၈၀၀ ဖြစ်နေသည်ကို တွေ့လိုက်ရသည်၊၊
၄၈၀၀… ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက်ကလား….
“လခွမ်း… ခုနက ၅၃၀၀ တစ်ယောက်၊၊ အခု ချက်ချင်းပဲ ၄၈၀၀ တစ်ယောက် ထပ်ပေါ်လာပြန်ပြီလား”
“ဘာလို့ သူတို့က လူသားဆင့်ကဲပြောင်းလဲမှုအလင်းတန်းစာရင်းမှာ မရှိကြတာလဲ...”
“အာရုဏ်ဦးမြို့တော်မှာ ပုန်းကွယ်နေတဲ့ ကျွမ်းကျင်သူတွေ တကယ်ကို အပြည့်ပဲ”
“ဒီအနန္တယာဉ်တန်းရဲ့ အကျိုးခံစားခွင့်တွေက ကျွမ်းကျင်သူအချို့ကို ဆွဲဆောင်လိုက်တာ ဖြစ်နိုင်တယ်”
ချင်ဖုန်းနှင့် လီကျန်းတို့သည် ၅၃၀၀ ပြီးနောက် ၄၈၀၀ ရှိသည့် ကျွမ်းကျင်သူတစ်ဦးကို ထပ်မံတွေ့လိုက်ရသဖြင့် မျက်လုံးများ ချက်ချင်းပင် တောက်ပသွားကြသည်၊၊ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကျေနပ်အားရစွာ ခေါင်းညိတ်ပြကြသည်၊၊
“ဦးလေး၊၊ ရလဒ်က မျှော်လင့်ထားတာထက် ပိုကောင်းနေတယ်၊၊ ကျွမ်းကျင်သူတွေ ရောက်လာပြီဆိုတော့ ကျွန်တော်တို့အဖွဲ့ ပိုသန်မာလာတော့မှာပဲ”
လီကျန်းက ထိုအချိန်တွင် တီးတိုးပြောလိုက်သည်၊၊
“သိပ်အားမရနဲ့ဦး၊၊ အရေအတွက်က တစ်စိတ်တစ်ပိုင်းပဲ၊၊ ဘယ်နှစ်ယောက် ကျန်ရစ်မလဲဆိုတာကမှ အဓိကပဲ”
နားကြပ်၏ တစ်ဖက်မှ အသံမှာ ဝမ်တုံဖြစ်သည်၊၊ သူသည် လက်ရှိတွင် မြေအောက်ခန်းမတစ်ခုအတွင်းရှိ စောင့်ကြည့်ရေးမျက်နှာပြင်များ အပြည့်ရှိသော နံပါတ်တစ်ခုကို တင်းမာသော မျက်နှာအမူယာဖြင့် ကြည့်နေသည်၊၊
ယခုအချိန်တွင် စောင့်ကြည့်ရေးမျက်နှာပြင် အတော်များများမှာ တန်းစီနေသည့် ခရမ်းရောင်ဆံပင်နှင့် မိန်းကလေးကို ပစ်မှတ်ထားနေကြသည်၊၊ စုဆောင်းရေးအရာရှိက ကြောင်အမ်းနေပြီးနောက် အမြန်ပင် မှတ်တမ်းတင်ရန် လက်ကိုင်ကိရိယာကို ထုတ်လိုက်သည်၊၊
“အစ်မလေး... နာမည်က ဘယ်လိုခေါ်ပါလဲ၊၊ ပြီးတော့... ဘယ်လိုစွမ်းအားအမျိုးစားလဲ”
“ငါ့နာမည်က ချန်စီရွှမ်ပဲ”
မျက်နှာဖုံးတပ်ထားသော ကီကီက မျက်လုံးလေးများ မှေးစင်းကာ ပြုံးပြလိုက်ရာ သူမ၏မျက်လုံးလေးများမှာ လခြမ်းကွေးလေးသဖွယ် ဖြစ်သွားသည်၊၊ ထို့နောက် စုဆောင်းရေးအရာရှိကို ပြောလိုက်သည်၊၊
“ယန္တရားစွမ်းအား”
သူမ စကားပြောပြီးသည်နှင့် လက်နှစ်ဖက်ကို ပိုက်လိုက်ရာ ချင်ဖုန်းကဲ့သို့ပင် လေထဲသို့ ဖြည်းညှင်းစွာ ပျံတက်သွားသည်၊၊ သူမ၏ ဆံပင်များမှာ လေမတိုက်ဘဲ လွင့်နေပြီး တကယ့်ကို ထူးခြားဆန်းကြယ်သည့် နတ်သမီးတစ်ပါးကဲ့သို့ မြင်ကွင်းမျိုး ဖြစ်နေသည်၊၊
သူမ ထိုစကားကို ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်၊၊
လေထဲတွင် ပျံဝဲနေသော ချင်ဖုန်း၏ မျက်နှာပေါ်မှ ယခင်က ဝင့်ကြွားသောအပြုံးများက တဖြည်းဖြည်းနှင့် တောင့်တင်းအေးစက်သွားလေသည်၊၊
Chapter 811
ချင်ဖုန်း ၁
လုရှင်းချန် အရှိန်မထိန်းနိုင်ဘဲ လဲကျလုနီးပါး ဖြစ်သွားရသည်၊၊
လွန်ခဲ့သော စက္ကန့်ပိုင်းက လူတိုင်း၏ အကြည့်များမှာ သူ့ထံ၌သာ ရှိနေခဲ့သော်လည်း ငါးစက္ကန့်အတွင်းမှာပင် သူ၏ မီးနတ်ဘုရားဆင်းသက်လာသည့် ရှိုးသည် အဓိကအာရုံစိုက်မှုအဖြစ်မှ လုယူခြင်းခံလိုက်ရသည်၊၊ အဆိုးဆုံးက သူ၏ စွမ်းအား အထွတ်အထိပ်ကိန်းမှာ ကီကီထက်များစွာ သာလွန်နေသည်မှာ ထင်ရှားနေခြင်းပင်၊၊
ထို့ကြောင့် လုရှင်းချန်မှာ အကြံတစ်ခုရလာပြီး သူ၏ ခြေထောက်အောက်တွင် မီးတောက်များကို လောင်ကျွမ်းစေကာ မီးတောက်ကြာပန်းများပေါ် နင်းလျှောက်နေသည့်အလား ပြုမူလိုက်သည်၊၊
သို့သော်လည်း ဤလုပ်ရပ်က လူအများ၏ အာရုံကို မဆွဲဆောင်နိုင်ခဲ့ဘဲ ပန်းခြံမြေပြင်ရှိ မြက်ခြောက်များကိုသာ မီးလောင်ကျွမ်းစေခဲ့ရာ လုံခြုံရေးဝန်ထမ်းအချို့ အသည်းအသန်ပြေးလာပြီး မီးသတ်ဆေးဘူးများဖြင့် ဝိုင်းဝန်း ပက်ဖြန်းလိုက်ကြလေသည်၊၊
သူ့ကိုယ်ကို ဖုံးလွှမ်းသွားသော ထူထပ်သည့် အဖြူရောင် မီးခိုးများကို ကြည့်ရင်း လုရှင်းချန်မှာ ရှက်လွန်းသဖြင့် သေချင်စိတ်ပင် ပေါက်သွားသည်၊၊
လုရှင်းချန်သည် နားနေဆောင်၏ ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ မကျေမနပ်နေပြီး သူသည် ကယ်တင်ခြင်း မစ်ရှင်ဖြင့် ရောက်နေခြင်းဖြစ်၍ ဤကိစ္စလေးများအပေါ် စိတ်မလှုပ်ရှားသင့်ကြောင်း ကိုယ့်ကိုယ်ကိုယ် ထပ်ခါတလဲလဲ ပြောနေရသည်၊၊
“ယန္တရားစွမ်းအားရှင်လား”
လူသစ်စုဆောင်းရေး ရုံးခန်းတွင် ကီကီ၏ စကားကြောင့် လူတိုင်း ခဏတာ တိတ်ဆိတ်သွားပြီး သူမအား မယုံကြည်နိုင်သည့် အကြည့်များဖြင့် ဝိုင်းကြည့်ကြသည်၊၊ ယာဉ်တန်းစခန်းဘက်တွင်မူ လင်းချင်ယွီ၊လဲ့ကျန်းနှင့် အခြားသူများသည် ရုတ်တရက် ထရပ်လိုက်ကြပြီး အံ့အားသင့်သွားကြသည်၊၊
“ငါ နားကြားမှားတာလား”
လင်းချင်ယွီက သူ၏ နေကာမျက်မှန်ကို ဖြည်းညှင်းစွာ ချွတ်လိုက်ရင်း ပြောလိုက်သည်၊၊
“ဒီမိန်းကလေးက သူကိုယ်သူ... ယန္တရားစွမ်းအားရှင်လို့ ပြောလိုက်တာလား”
“မင်း နားကြားမမှားပါဘူး အဲဒီအတိုင်းပဲ ပြောလိုက်တာ”
လောင်ဟန်က သူ၏ လက်ကိုင်ဖုန်းကို သိမ်းလိုက်ရင်း လေးနက်သော မျက်နှာအမူယာဖြင့် ပြောလိုက်သည်၊၊
“ဒါ... ဘယ်လိုဖြစ်တာလဲ”
စွမ်းအားဝတ်စုံ ဝတ်ဆင်ထားသည့် ဟန်တိုင်ဂီက ခေါင်းကုတ်ရင်း ပြောလိုက်သည်၊၊
“ဘာတွေဖြစ်ကုန်တာလဲ ဒါက ယဉ်ကျေးမှုဖန်တီးနိုင်တဲ့အဆင့် အထူးစွမ်းအားမဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး ဒီလောက်တောင် များနေရတာလဲ”
ကျန်းယွမ်ကမူ တည်ငြိမ်စွာပင် ပြုံးနေသော်လည်း အခြားသူများ၏ မျက်နှာတွင်မူ မယုံကြည်နိုင်မှုများ ပို၍ ထင်ဟပ်လာနေသည်၊၊
ဝူး...
သောင်းနှင့်ချီသော လူများ ရှိနေသည့် ရင်ပြင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်၊၊
“ဒါ တကယ်ကြီးလား”
“ယန္တရားစွမ်းအားရှင် နောက်တစ်ယောက် ထပ်ပေါ်လာတာလား”
“ချင်ဖုန်းလိုမျိုးလား”
“သောက်ကျိုးနည်း...”
လူသစ်စုဆောင်းရေး အရာရှိသည် သူ၏ နားရွက်ကို စိတ်လှုပ်ရှားစွာ ပွတ်သပ်ရင်း ကီကီကို ကြည့်ကာမေးလိုင်သည်၊၊
“မင်းမှာ ဘာစွမ်းအားရှိတယ်လို့ ပြောလိုက်တာလဲ”
“ယန္တရားစွမ်းအား” ကီကီက ထပ်ပြောလိုက်သည်၊၊
“အမ်... အဆင်ပြေမယ်ဆိုရင် မင်းရဲ့ စွမ်းအားကို တစ်ချက်လောက် ပြသပေးဖို့ တောင်းဆိုချင်ပါတယ်”
လူသစ်စုဆောင်းရေးအရာရှိသည် ဤကဲ့သို့ တောင်းဆိုလေ့မရှိသော်လည်း သူ၏ နားကြပ်ထဲမှ လီကျန်း၏ အသံကြောင့် ယခုကဲ့သို့ မေးမြန်းလိုက်ခြင်း ဖြစ်သည်၊၊
“ရတာပေါ့”
ထိုစကားအဆုံးတွင် သူမ၏ ဘေးပတ်ပတ်လည်ရှိ လူတန်းကြီးမှာ အလိုလျောက် နောက်သို့ အနည်းငယ် ဆုတ်သွားကြသည်၊၊ လူတိုင်း၏ မျက်နှာတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး မည်သူမျှ ယန္တရားစွမ်းအားကို မမြင်ဖူးကြပေ၊၊
ကီကီက ချောင်းတစ်ချက် ဟန့်လိုက်ပြီးနောက် လက်ကို မြှောက်ကာ ညွှန်ပြလိုက်သည်၊၊
ဂျစ်...
ရုတ်တရက်ပင် သူမ၏ ဖြန့်ထားသော လက်ဖဝါးထက်တွင် အလင်းမျက်နှာပြင်တစ်ခု ပေါ်လာသည်၊၊ မရေမတွက်နိုင်သော ကုန်ကြမ်းပစ္စည်းများ ပျံထွက်လာပြီး အလိုအလျောက် ပုံဖော်ကာ လျင်မြန်စွာ ပြောင်းလဲသွားကြသည်၊၊ သောင်းနှင့်ချီသော အကြည့်များအောက်တွင် မီးနတ်ဘုရား ဂတ်တလင်သေနတ်တစ်လက်သည် စက္ကူခေါက်သည်ထက်ပင် မြန်သော အရှိန်ဖြင့် ထွက်ပေါ်လာလေသည်၊၊
“ဒါ ရှင့်အတွက် လက်ဆောင်ပါ”
ကီကီက စိတ်အာရုံဖြင့် ပစ္စည်းရွှေ့ပြောင်းသည့် စွမ်းအားကို သုံးကာ တန်ဖိုးမဖြတ်နိုင်သော ထိုဂတ်တလင်သေနတ်ကို လူအုပ်ထဲမှ ဒဏ်ရာရ စစ်ပြန်တစ်ဦးထံ ပေါ့ပါးစွာ ပစ်ပေးလိုက်သည်၊၊ ထိုသူသည် အံ့အားသင့်နေသော မျက်နှာဖြင့် သေနတ်ကို ဖမ်းယူလိုက်ရာ သေနတ်မှာ အသစ်စက်စက်ဖြစ်နေပြီး လက်ထဲတွင် ပူနွေးနေဆဲဖြစ်သည်၊၊
ဘေးမှ ကြည့်နေသူများသာမက ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့် လင်းချင်ယွီနှင့် အခြားယာဉ်တန်းခေါင်းဆောင်များပါ မျက်လုံးများပြူးကျယ်သွားပြီး စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ဖြစ်သွားကြသည်၊၊
သတ္တုရူးသွပ်ခြင်းအဖွဲ့မှ ဟန်တိုင်ဂီသည် တစ်စုံတစ်ယောက်က ဂတ်တလင်သေနတ်တစ်လက်ကို အလွယ်တကူထုတ်လုပ်ပြီး ကြုံရာလူတစ်ဦးကို ပေးလိုက်သည်ကို မြင်သောအခါ လုံးဝ စိတ်ရှုပ်ထွေးသွားပြီး ဆဲဆိုလိုက်လေသည်၊၊
“ဖာ့ခ်... ဒီလို စွမ်းရည်မျိုးသာ ရှိရင် ငါ့ရဲ့ လက်နက်ရောင်းဝယ်ရေး လုပ်ငန်းကို လုံးဝ ပိတ်လိုက်တာမှ ပိုကောင်းဦးမယ်”
စင်မြင့်ထက်တွင်မူ လီကျန်းသည် ဤမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေသည်၊၊ သူ၏ စိတ်အားထက်သန်မှုများက ရုတ်တရက် ပြောင်းလဲသွားပြီး ချင်ဖုန်း၏ မျက်နှာမှာမူ အလွန်လေးနက်သွားသည်၊၊
“သူက ဘယ်က ရောက်လာတာလဲ... ယန္တရားစွမ်းအားရှင်အစစ်နဲ့ တူတယ်”
လီကျန်း၏ လေသံက အနည်းငယ် ထူးဆန်းနေသည်၊၊
“နေဦး... ဒီမိန်းကလေးမှာ ယန္တရားစွမ်းအား တကယ်ရှိနေတာက ငါတို့အတွက် မကောင်းတာတော့ မဟုတ်ဘူး”
နောက်ဆုံးတွင် ချင်ဖုန်းက ဆက်သွယ်ရေးစက်မှတစ်ဆင့် ပြောလိုက်သည်၊၊
“သူမကို အရင်ဆုံးထိန်းထားလိုက်”
“ကပ္ပတိန်ချင်... သူမရဲ့ အဆင့်ကို ခန့်မှန်းနိုင်မလား”
ဝမ်တုံ၏ အသံက ထွက်ပေါ်လာသည်၊၊
“ခန့်မှန်းလို့ မရဘူး... ခဗျားတို့ရဲ့ သတင်းအချက်အလက်တွေထဲမှာ လင်းရှန်ကလွဲလို့ တခြား ယန္တရားစွမ်းအားရှင် မရှိဘူးလို့ ပြောထားတယ် မဟုတ်လား၊၊ ဒါပေမဲ့ ဒါက ကောင်းပါတယ်... ဒါက လူတွေကို ပိုပြီး ဆွဲဆောင်နိုင်လိမ့်မယ်”
လီကျန်းက ထိုစကားကို နားထောင်ရင်း မျက်မှောင်ကြုတ်ကာ သဘောတူသည့် အနေဖြင့် ခေါင်းညိတ်လိုက်သည်၊၊
“မှန်တယ်... ယန္တရားစွမ်းအားဆိုတာ ကုန်ထုတ်စွမ်းအားပဲ၊၊ ဒီမိန်းမက တကယ်ကို အသုံးဝင်မှာပဲ”
“သူမကို အရင်အောင်မြင်ပေးလိုက်ပါ... အဆင့်မြင့် ဧည့်ခံမှုမျိုးနဲ့ ကြိုဆိုလိုက်”
ချင်ဖုန်းက ညွှန်ကြားလိုက်သည်၊၊
ထိုအချိန်တွင် ထပ်မံရရှိလာသော အမိန့်များကြောင့် လူသစ်စုဆောင်းရေးအရာရှိနှင့် အဖွဲ့က ကီကီကို ရိုသေလေးစားစွာဖြင့် အတွင်းသို့ ခေါ်ဆောင်သွားကြသည်၊၊
ရင်ပြင်တစ်ခုလုံးမှာ စိတ်လှုပ်ရှားမှုနှင့် ဆူညံသံများဖြင့် ပြည့်နှက်သွားပြီး အာရုဏ်ဦးမြို့တော်အတွင်းရှိ အွန်လိုင်းလူမှုကွန်ရက်များမှာလည်း ပွက်လောရိုက်သွားသည်၊၊ ဤကဲ့သို့ ရုတ်တရက် ဖန်တီးနိုင်စွမ်းကို မြင်တွေ့လိုက်ရခြင်းမှာ မရေတွက်နိုင်သောအသက်ရှင်ကျန်ရစ်သူများ၏ ကမ္ဘာအမြင်ကို ပြောင်းလဲပစ်လိုက်ခြင်းပင် ဖြစ်သည်၊၊ စက္ကန့်ပိုင်းအတွင်း မီးနတ်ဘုရား ဂတ်တလင်သေနတ်တစ်လက်ကို ချက်ချင်း ထုတ်လုပ်နိုင်သည့် အရှိန်မျိုးဖြင့်ဆိုလျှင် စစ်တပ်တစ်ခုလုံးကို လက်နက်တပ်ဆင်ပေးရန်မှာ အလွန်လွယ်ကူသော ကိစ္စမဟုတ်ပါလော၊၊
ကမ္ဘာပျက်ကပ်အစပိုင်းတွင် ကျည်ဆန်တစ်တောင့်ကိုပင် နှမြောတွန့်တိုစွာ သုံးစွဲနေရပြီး အမှိုက်ပုံများထဲ ပစ္စည်းရှာကာ လက်နက်များတပ်ဆင်နေရသည့် အသက်ရှင်ကျန်ရစ်သူများအတွက်မူ ဤသည်မှာ နတ်ဘုရားများ ဆင်းသက်လာသကဲ့သို့ ခံစားရစေသည်၊၊
ထိုအချိန်တွင် လူအုပ်ကြီးထဲ၌ လင်းရှန်နှင့် ရှီဇီတို့သည် မြေပြင်တွင် ဆောင့်ကြောင့်ထိုင်ကာ ကိရိယာလေးများဖြင့် မြေကြီးခဲများကို ကော်ထုတ်နေကြသည်ကို မည်သူမျှ သတိမထားမိကြပေ၊၊ ထိုဂတ်တလင်သေနတ်သည် လင်းရှန်၏ ထုတ်လုပ်မှုအစီအစဉ်ကို သုံးကာ ထုတ်လုပ်ထားခြင်းဖြစ်ပြီး ယခုအခါ သူ့တွင် ဖန်တီးမှုများကို ထုတ်လွှတ်ရန် အာကာသပျော်ဝင်ခြင်းနှင့် ကြယ်နက်ပန်းပဲဖို စွမ်းရည်များ ရှိနေပြီ ဖြစ်သည်၊၊ ကီကီနှင့် သူ၏ ကြားတွင် ရှိသော နားလည်မှုများအရ ဤသည်မှာ အလွန်လွယ်ကူသော ကိစ္စတစ်ခုသာဖြစ်သည်၊၊
မိုနီကာမှာ လူအုပ်ထဲတွင် ခံစားချက်ကင်းမဲ့စွာ ရပ်နေရင်း သူမ၏ နားကြပ်ကို ဖိကာ သူမ၏ စွမ်းအားမှတစ်ဆင့် ကြားနေရသော စကားဝိုင်းများကို အဖွဲ့ဝင်များထံသို့ တပြိုင်တည်း ပို့ဆောင်ပေးနေသည်၊၊
“တစ်ဖက်က ရှင့်နာမည်ကို ပြောသွားတယ်၊၊ ထင်ရှားတာကတော့ ဒီချင်ဖုန်းက အနန္တမဟာမိတ်အဖွဲ့ဆိုတဲ့ နာမည်ကို တမင်ရည်ရွယ်ပြီး ပေးထားတာပဲ”
မိုနီကာက ပြောလိုက်သည်၊၊
လင်းရှန်လည်း ထိုသတင်းကြောင့် မျက်မှောင် အနည်းငယ် ကြုတ်သွားသည်၊၊
“ဝမ်တုံက သူ့ကို ကပ္ပတိန်လို့ ခေါ်နေတာလား... ကြည့်ရတာ ချင်ဖုန်းက အခြေအနေကို ထိန်းချုပ်ထားတဲ့ ပုံပဲ”
ဤသည်မှာ အံ့အားသင့်စရာပင် ဖြစ်သည်၊၊ ရုတ်တရက် ပေါ်လာသည့် အမည်မသိ လူတစ်ယောက်က အိန်ဂျယ်အဆင့် စွမ်းအားမျိုးရှိနေရုံသာမက ဖက်ဒရေးရှင်း၏ အထောက်အပံ့ကို ရထားသည့် ဝမ်ဟွေ့၏သား လီကျန်းကိုယ်တိုင်က သူ၏ စီစဉ်ညွှန်ကြားမှုများကို လိုက်နာနေခြင်းမှာ အမှန်တကယ်ပင် အံ့ဩစရာ ကောင်းလှသည်၊၊
“မိုနီကာ... ချင်ဖုန်းဘက်ကို ဆက်ပြီး အာရုံစိုက်ထားပေး”