← Chapters

အခန်း (၈၁၂-၈၁၃)

Vol. 47 Ch. 812-813

အခန်း (၈၁၂-၈၁၃)

Vol. 47 Ch. 812-813

Chapter 812

ချင်ဖုန်း ၂

လင်းရှန်၏ စကင်ဖတ်မှုမှာ နယ်ပယ်တော်တော်များများကို လွှမ်းခြုံထားနိုင်သော်လည်း ချင်ဖုန်းသည် စင်မြင့်ထက်တွင် အလွန်ဝေးကွာသော နေရာ၌ ရှိနေသဖြင့် သူ၏ ယန္တရားနှလုံးသား အာရုံခံနိုင်စွမ်းပြင်ပသို့ ရောက်ရှိနေသည်၊၊ ထို့ကြောင့် သူသည် မြေတူးစက်ကိုသာ ဆက်လက်ထိန်းချုပ်ထားပြီး အတွင်းပိုင်းသို့ ဝင်ရောက်ရန် ပင့်ကူစက်ရုပ်များကို အဆက်မပြတ် ထုတ်လွှတ်နေသည်၊၊

မကြာမီမှာပင် ပင့်ကူစက်ရုပ်များ၏ စကင်ဖတ်မှုကြောင့် ကျယ်ပြန့်သော မြေအောက်ကွန်ရက်ကြီးတစ်ခု ပုံပေါ်လာသည်၊၊ သို့သော်လည်း စက်ရုပ်လေးများသည် သေးငယ်လွန်းသဖြင့် ဧရိယာတစ်ခုလုံးကို လွှမ်းခြုံနိုင်ရန် ခဲယဉ်းနေသည်၊၊

လင်းရှန်သည် လူသစ်စုဆောင်းရေးပွဲ ပြီးဆုံးသွားပါက မြေအောက်သို့ တိတ်တဆိတ် ဝင်ရောက်စူးစမ်းရန် အဆင်ပြေမည့် အဝင်အထွက်လမ်းတစ်ခုကို ရှာဖွေရန် စီစဉ်ထားသည်၊၊ ထိုမှတဆင့် အနီရောင်ကမ္ဘာ၏ သုတေသနအခြေစိုက်စခန်းကို တိုက်ရိုက်ရှာဖွေနိုင်ရန် သူ မျှော်လင့်ထားခြင်းဖြစ်သည်၊၊

“ပြဿနာမရှိပါဘူး”

မိုနီကာက အနည်းငယ် ပြုံးရင်း ပြောလိုက်သည်၊၊

“ကြည့်ရတာ ဒီအနန္တယာဥ်တန်း လူသစ်စုဆောင်းရေးပွဲက ဝမ်မိသားစုက သူတို့ကိုယ်တိုင်နဲ့ ဖက်ဒရေးရှင်းအတွက် အရန်တပ်ဖွဲ့တွေ စုဆောင်းနေတဲ့ နည်းလမ်းပဲ၊၊ အတော်လေးကို ထက်မြက်တဲ့ လုပ်ရပ်ပဲ”

“အရန်တပ်ဖွဲ့တွေက ဒါကို သဘောတူမှာ မဟုတ်ဘူး”

ထိုအချိန်တွင် ရင်ပြင်၏ တစ်ဖက်ရှိ ခေါင်မိုးပေါ်၌ ရပ်နေသော ချီလီက စိတ်ဝင်စားစွာဖြင့် ဝင်ပြောလိုက်သည်၊၊

“ဖက်ဒရေးရှင်းထဲက တချို့လူတွေက ထွက်ပြေးဖို့ ကြံနေကြတာလို့ ငါထင်တယ်၊၊ ဝမ်မိသားစုက ဦးဆောင်ပြီးတော့ လစ်ထွက်သွားချင်နေတာပဲ၊၊ ဒါမှမဟုတ်ရင်တော့ ဒီလူတွေကို စုဆောင်းပြီး အာရုဏ်ဦးမြို့တော်မှာနေရင်း ဖက်ဒရေးရှင်းအတွက် တိုက်ပွဲဝင်ခိုင်းဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ကိစ္စပဲ”

“အတိအကျပဲ”

ကျိုးကျင်း၏အသံက ဆက်သွယ်ရေးစက်မှ ထွက်ပေါ်လာသည်၊၊

“သူတို့ရဲ့ လုပ်ရပ်တွေကို ကြည့်ရင် ဖက်ဒရေးရှင်းရဲ့ အထက်တန်းကောင်စီဝင်တွေ ခြိမ်းခြောက်ခံနေရပြီဆိုတာ သိသာတယ်၊၊ ဒါကြောင့်လည်း သူတို့တွေ ဂယောင်ခြောက်ခြားဖြစ်နေကြတာပဲ”

“နောက်ထပ် ငါတို့ ဘာလုပ်ကြမလဲ”

စခန်းတွင် ထိုင်နေသော ကျန်းယွမ်က မေးလိုက်သည်၊၊

“ဝမ်မိသားစုကို အောင်မြင်ခွင့်ပေးလို့ မရဘူး၊၊ မီးတောက်... ကီကီ... ခဏနေရင် ချင်ဖုန်းကို တိုက်ရိုက် စိန်ခေါ်လိုက်၊၊ သူ့ရဲ့ ယန္တရားစွမ်းအားက ဘယ်အဆင့်အထိရှိလဲဆိုတာ ငါ ကြည့်ချင်တယ်၊၊ အဲဒါပြီးမှ သူတို့ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ဆုံးဖြတ်မယ်”

လင်းရှန်က ပြောလိုက်သည်၊၊

“ကပ္ပတိန်လင်း... ချင်ဖုန်းက အိန်ဂျယ်အဆင့် စွမ်းအားရှင်ဖြစ်သလို ဖက်ဒရေးရှင်းကလည်း သူ့ကို တိတ်တဆိတ် ထောက်ပံ့ပေးထားတာဆိုတော့ သူ့ကို ဖြုတ်ချဖို့က သိပ်တော့ မလွယ်လောက်ဘူးနော်”

ကျန်းယွမ်က လေးနက်စွာ ပြောလိုက်သည်၊၊

“သူ့ကို ဖြုတ်ချဖို့ မလိုပါဘူး၊၊ ရှီကျန်းက လင်းချင်ယွီရဲ့လူ၊ ကီကီနဲ့ မီးတောက်က ငါ့လူတွေဆိုတော့ ဝူပင်းတစ်ယောက်ပဲ ကျန်တော့တယ်၊၊ တကယ်လို့ နောက်ပိုင်းမှာ ဘယ်သူမှ စိန်မခေါ်ဘူးဆိုရင် သူ့ရဲ့ ကောင်းကင်ဘုရင် ၄ ပါးထဲက သုံးယောက်က သူ့ကို ပြန်ကစားပေးလိမ့်မယ်”

လင်းရှန်က မြေပြင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်ရင်း မြေကြီးကို လက်ချောင်းဖြင့် ယက်ကာ ရယ်မောလိုက်သည်၊၊

“ဘာလွဲချော်မှုမှ မရှိရင် သူ့ရဲ့ လူသစ်စုဆောင်းရေးအစီအစဉ်က ပျက်သွားဖို့ များတယ်၊၊ သူတို့ အခြေအနေကို မထိန်းချုပ်နိုင်တော့တဲ့အခါ ငါတို့ လီကျန်းနောက်ကို လိုက်ပြီး ဝမ်မိသားစုနဲ့ အနီရောင်ကမ္ဘာကို ခြေရာခံလို့ရမယ်၊၊ ငွေကြယ်ကိုတောင် ရယူနိုင်ကောင်း ရယူနိုင်လိမ့်မယ်၊၊ ခေါင်းဆောင်ကျိုးရော... ဘယ်လိုထင်လဲ”

“အစီအစဉ်ကောင်းတယ်၊၊၊ ငါ သဘောကျတယ်”

ကျိုးကျင်းက ပွင့်လင်းသူဖြစ်သဖြင့် လင်းရှန်၏ အစီအစဉ်ကို ကြားသည်နှင့် ချက်ချင်း သဘောတူလိုက်သည်၊၊

“ငါ လီစူးကို ကြယ်မြို့တော် မြေအောက်မူလစစ်ဗျူဟာမြေပုံကို အထက်လူကြီးတွေဆီကနေ ရအောင်ယူခိုင်းထားတယ်၊၊ အာရုဏ်ဦးမြို့တော်က အပြောင်းအလဲတွေ ရှိနိုင်ပေမဲ့ အခြေခံဖွဲ့စည်းပုံကတော့ မှားမှာမဟုတ်ဘူး၊၊ ဒါက အသုံးဝင်လိမ့်မယ်လို့ ငါယုံကြည်တယ်”

“ကောင်းပြီ”

လင်းရှန်က ခေါင်းညိတ်လိုက်ပြီး ဆက်သွယ်ရေးစက်မှတဆင့် ညွှန်ကြားလိုက်သည်၊၊

“မီးတောက်... ကီကီ... ကြားလား၊၊ မင်းတို့ရဲ့ အလုပ်က ထိပ်ဆုံး ၄ နေရာကို ရအောင်ယူဖို့ပဲ”

“စိတ်ချပါ အစ်ကိုလင်း... ဒါက ငါ့အတွက် ပြဿနာမဟုတ်ပါဘူး”

လုရှင်းချန်က ဦးဆောင်သူစာရင်းတွင် ပထမနေရာ၌ ရှိနေသော သူ့နာမည်ကိုကြည့်ကာ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်၊၊

“ဒါပဲလား... အင်း... ကိစ္စမရှိပါဘူး”

ကီကီကလည်း ပြောလိုက်သည်၊၊

“ရှစ်… ငါတို့လည်း အစောကြီးကတည်းက သွားပြီး ပျော်လိုက်ရမှာ”

ချီလီ၏ ပေါ့ပါးသော အသံ ထွက်ပေါ်လာသည်၊၊

“ကပ္ပတိန်နန်... မိုနီကာနဲ့ ကျန်းယွမ်... မင်းတို့ လူတွေ ပိုခေါ်လာခဲ့ကြ၊၊ အဲဒီအခါကျရင် ချင်ဖုန်းတစ်ယောက် စိတ်တိုပြီး ပေါက်ကွဲသွားနိုင်တယ်”

ကျန်းယွမ်က ရယ်မောလိုက်သည်၊၊

“ငါတော့ မရဘူး၊၊ အာရုဏ်ဦးမြို့တော်မှာ ငါ့ကို သိတဲ့သူတွေ အများကြီးပဲ၊၊ ငါတို့ အများကြီးထုတ်ပြတာလည်း မကောင်းဘူး၊၊ တကယ်တော့ ကောင်းကင်ဘုရင် ၄ ပါး နေရာကို ရယူထားနိုင်သရွေ့ ပွဲက ပြီးသွားပါပြီ၊၊ ဒီလူသစ်တွေကိုလည်း သူတို့ ထိန်းထားနိုင်မှာ မဟုတ်ဘူး”

“သဘောတူတယ်”

လင်းရှန်သည် မြေကြီးကို ဆက်လက်တူးဆွနေရင်း သူ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်၊၊

“ကျုပ်စီစဉ်ထားတာလည်း အဲဒီအတိုင်းပဲ”

“ဟေး သူငယ်ချင်း... မင်း ဒီမှာ ဘာတွေ ခိုးကြောင်ခိုးဝှက်လုပ်နေတာလဲ”

လူအုပ်ထဲမှ လူတစ်ယောက်က လင်းရှန်နှင့် ရှီဇီတို့ မြေကြီးကို ခိုးတူးနေသည်ကို တွေ့သဖြင့် မနေနိုင်ဘဲ မေးလိုက်သည်၊၊

“အောက်မှာ ပစ္စည်းကောင်းတွေ ရှိလို့ပါ”

လင်းရှန်က ပြန်ဖြေလိုက်သည်၊၊

“ဘာပစ္စည်းကောင်းလဲ”

ထိုလူ၏ မျက်လုံးများ တောက်ပသွားပြီး လောဘတကြီးဖြင့် ငုံ့ကြည့်လိုက်သည်၊၊

ခွပ်...

လင်းရှန်က သူ၏ လက်သီးကို မြှောက်ကာ ထိုလူ၏ မျက်နှာကို ရုတ်တရက် ထိုးလိုက်ရာ ထိုသူသည် မျက်စိများ ပြာဝေသွားပြီး သတိလစ်ကာ လဲကျသွားသည်၊၊

“ပွဲကိုပဲ အေးဆေးကြည့်စမ်းပါ၊၊ နေရာတကာ မပါနဲ့ဟ၊၊ ဒီလက်သီးက မင်းကို ကမ္ဘာပျက်ကပ်ရဲ့ ပထမဆုံးစည်းကမ်းကို သင်ပေးလိုက်တာပဲ... အဲဒါက သူများကိစ္စ ဝင်မပါဖို့ပဲ”

လင်းရှန်က သူ့တွင် အပြစ်မရှိသလို ရေရွတ်လိုက်သည်၊၊

ဘေးမှ ရှီဇီသည် လင်းရှန်၏ လျင်မြန်သော အပြုအမူကြောင့် ရယ်မောလုနီးပါးဖြစ်သွားသောကြောင့် ပါးစပ်ကို အုပ်ထားရလေသည်၊၊

လုရှင်းချန်နှင့် ကီကီတို့ စာရင်းသွင်းလိုက်ခြင်းက ရင်ပြင်တစ်ခုလုံး၏ အခြေအနေကို အရှိန်အဟုန်မြှင့်တင်ပေးလိုက်သလို ဖြစ်သွားပြီး အဖွဲ့ခေါင်းဆောင်များစွာကို ပို၍ဆွဲဆောင်နိုင်ခဲ့ရာ ဤလူသစ်စုဆောင်းရေးပွဲသညာ မျှော်လင့်ထားသည်ထက် ပိုမို စည်ကားလာခဲ့သည်၊၊

ချင်ဖုန်း၏ မျက်လုံးများက ကျွမ်းကျင်သူများ စုဝေးနေသည့် နားနေဆောင်ဘက်သို့ အေးစက်စွာ ဝေ့ဝဲကြည့်လိုက်ပြီး အထူးသဖြင့် ကီကီကို ကြည့်ကာ သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်၊၊

ပြင်းထန်သော စိန်ခေါ်မှုများမှာ ဆက်လက်ဖြစ်ပွားနေသော်လည်း အများစုမှာ အောက်ခြေ ၁၆ ဆင့်အတွင်း ဝင်နိုင်ရန်သာ ကြိုးစားနေကြခြင်း ဖြစ်သည်၊၊ လုရှင်းချန်၊ ကီကီ၊ ဝူပင်းနှင့် ရှီကျန်းတို့သည် ကောင်းကင်ဘုရင် ၄ ပါး နေရာတွင် စိန်ခေါ်သူမရှိဘဲ ဆက်ရှိနေသည်၊၊ ဤသို့သော အခြေအနေမျိုးတွင် သူတို့နှင့် အဆင့်အတန်းတူညီသော စွမ်းအားရှိသူများသာ ကောင်းကင်ဘုရင် နေရာကို ရည်မှန်းကာ လှုပ်ရှားလာလိမ့်မည် ဖြစ်သည်၊၊

အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ လူသစ်စုဆောင်းရေး အောင်မြင်သူ အရေအတွက်မှာ တစ်သောင်းကျော်သွားပြီး ချင်ဖုန်း၏ အဖွဲ့မှာ ကြောက်ခမန်းလိလိ ကြီးမားလာသည်၊၊ အမှန်စင်စစ် ဤလူအများစုမှာ အနည်းဆုံး ဗာဂျရာအဆင့်ရှိသူများဖြစ်ကြပြီး ရူးသွပ်သူအဆင့်များလည်း ဒါဇင်နှင့်ချီကာ ပါဝင်သည်၊၊ ဖျက်စီးခြင်းအဆင့်ရှိသော နားနေဆောင်မှာလည်း ပြည့်နှက်နေပြီး အချို့က ရှုံးနိမ့်ကာ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားကြသည်၊၊

ဒါကလည်း မတတ်နိုင်ပေ၊၊ ချင်ဖုန်း ကမ်းလှမ်းထားသော ဆုလာဘ်များမှာ အမှန်တကယ် ဆွဲဆောင်မှု ရှိလှသည်၊၊ ထို့အပြင် သူ၏ အိန်ဂျယ်အဆင့် ယန္တရားစွမ်းအားနှင့် ငွေကြယ်တို့၏ ဆွဲဆောင်မှုကြောင့် အဖွဲ့ကြီးများထဲမှ လူအများအပြားမှာပင် ဘက်ပြောင်းရန် စဉ်းစားလာကြသည်၊၊ အဆင့်သတ်မှတ်ချက်စာရင်းတွင် မပါဝင်သေးသော်လည်း အမှန်တကယ် သန်မာကာ အရင်းအမြစ်ကြွယ်ဝသော ဖုံးကွယ်နေခဲ့သည့် ကျွမ်းကျင်သူအများအပြားလည်း တစ်ဦးပြီးတစ်ဦး တန်းစီ စောင့်ဆိုင်းနေကြသည်၊၊

မကြာမီမှာပင် ထိပ်ဆုံး ၁၆ ဦး စာရင်း၏ အနိမ့်ဆုံး စွမ်းအားသည် ၃၀၀၀ ကျော်သွားသည်၊၊ ဤလူများထဲတွင် သူတို့၏ အထွတ်အထိပ်ကန့်သတ်ချက်နှင့် စွမ်းအားဖွံ့ဖြိုးမှု အဆင့်များကို မသိနိုင်သော်လည်း အောက်ခြေတွင် ရှိနေသူများမှလွဲ၍ ကျန်ရှိသူများသည် တည်ငြိမ်စွာ ထိုင်နေကြပြီး အခြားသူကို အရင်စ၍ စိန်ခေါ်ရန် ဝန်လေးနေကြသည်၊၊

Chapter 813

ချင်ဖုန်း ၃

ဟိုလိုဂရပ်ဖစ် ဖန်သားပြင်ပေါ်ရှိ လက်ရှိ ထိပ်ဆုံးလေးနေရာမှာ ရမှတ် ၅၃၀၀ ဖြင့် လုရှင်းချန်၊ ၅၀၀၀ ဖြင့် ရှီကျန်း၊ ၄၈၀၀ ဖြင့် ချန်ဆီရွှမ် (ကီကီ) နှင့် နတ်ဆိုးအသွင်ပြောင်းလဲခြင်းစွမ်းအားပိုင်ရှင် ဝူပင်းတို့က ၄၈၀၀ ဖြင့် အသီးသီးရပ်တည်နေကြသည်၊၊ ပဉ္စမနေရာတွင်မူ စွမ်းအားအညွှန်းကိန်း ၄၀၀၀ ရှိသူတစ်ဦး ရှိနေသော်လည်း သူသည် အတော်အတန် သန်မာသော်ငြား ကီကီနှင့် ဝူပင်းတို့ကို စိန်ခေါ်ရန် ရည်ရွယ်ချက်မရှိသည်မှာ သိသာလှသည်၊၊

စင်မြင့်ထက်ရှိ လီကျန်းသည် ကောင်းကင်ဘုရင် ၄ ပါး၏ အဆင့်သတ်မှတ်ချက်ကို မည်သူမျှ စိန်မခေါ်ရဲကြသည်ကို သတိပြုမိသွားရာ သူက စဉ်းစားဟန်ဖြင့် ဆက်သွယ်ရေးစက်မှတစ်ဆင့် ပြောလိုက်သည်၊၊

“ကပ္ပတိန်ချင်... စွမ်းအား ၄၀၀၀ ကျော်ရှိတဲ့ ကျွန်တော်တို့ကို စောင့်ကြည့်နေတဲ့ လူအချို့က ခုထိ ဝေခွဲမရဖြစ်နေတုန်းပဲ၊၊ သူတို့ကို ဒီအတိုင်း လက်လွတ်ခံလိုက်ရရင်တော့ နှမြောစရာပဲ”

“အဲဒီ ရှုဆိုတဲ့လူကို ထွက်လာခိုင်းပြီး အဖွဲ့ကြီးတွေ ပေါင်းစည်းဖို့ အရှိန်ရအောင် စိန်ခေါ်ခိုင်းလိုက်”

ချင်ဖုန်းက ပြောလိုက်သည်၊၊

လီကျန်းက ခေါင်းညိတ်ပြပြီးနောက် အဖွဲ့ကြီးများ စုဝေးရာ စခန်းဘက်သို့ ကြည့်လိုက်သည်၊၊ ရှုယွီဖေးလည်း လီကျန်း၏ အကြည့်ကို သတိပြုမိသွားပြီး ခဏမျှ ရှုပ်ထွေးသွားသည်၊၊

“ကပ္ပတိန်ရှု... မင်း မတက်ဘူးလား”

သူ့ကို အမြဲတမ်း ရန်စတတ်သော လဲ့ကျန်းက မီးလောင်ရာ လေပင့်လိုက်သည်၊၊

“ကောင်းကင်ဘုရင် ၄ ပါးထဲက တစ်နေရာရရင် အဖွဲ့တစ်ခုလုံးကို ပေါင်းစည်းခွင့်ရမှာလေ၊၊ မင်းပဲ ဒါက ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ ပြောခဲ့တာ မဟုတ်လား”

“မင်းအပူမပါဘူး”

ရှုယွီဖေးက အေးစက်စွာ တုံ့ပြန်လိုက်သည်၊၊

“မင်းလည်း လူအများကြီးလွှတ်ထားတာပဲ၊၊ သူတို့ကိုပဲ ဂရုစိုက်ကြည့်နေတာ ပိုကောင်းလိမ့်မယ်”

သို့သော် လဲ့ကျန်းက ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်သည်၊၊

“ငါကတော့ ဂရုမစိုက်ဘူး၊၊ သူတို့လာတာပဲဖြစ်ဖြစ်၊ သွားတာပဲဖြစ်ဖြစ် ငါ့အတွက် အရေးမကြီးဘူး၊၊ လူတိုင်းက အသက်ရှင်ဖို့ ကြိုးစားနေကြတာပဲ၊၊ ငါ့အဖွဲ့ထဲမှာ ရှိနေသရွေ့တော့ အလုပ်ကို ကြိုးကြိုးစားစားလုပ်ပေးရင် ငါ ဘာမှမပြောဘူး”

ရှုယွီဖေးက ထရပ်လိုက်ပြီး လင်းချင်ယွီကို ကြည့်ကာ ပြောလိုက်သည်၊၊

“ကပ္ပတိန်လင်း... မင်းရဲ့ လူက ကောင်းကင်ဘုရင်နေရာတစ်ခုကို ယူထားတယ်၊၊ ချင်ဖုန်းကတော့ ငါ့ကိုသုံးပြီး သူ့ကို တွန်းထုတ်ခိုင်းမှာ သေချာတယ်၊၊ မင်းတို့နဲ့ ရန်သူမဖြစ်ချင်ဘူးဆိုတာကိုတော့ ကြိုပြောထားပါရစေ”

လင်းချင်ယွီက ပြုံးလိုက်သည်၊၊

“ကပ္ပတိန်ရှု... အားနာစရာမလိုပါဘူး၊၊ ငါက ဒီလိုဖက်ဒရေးရှင်းအပေါ် မှီခိုနေတဲ့ လူသစ်စုဆောင်းရေးပွဲကို မကျေနပ်လို့ စီစဉ်ထားတာပဲ ရှိတာပါ၊၊ ဒါပေမဲ့ ရှီကျန်းက ပါးစပ်သရမ်းသလို လက်ဆလည်း ကြမ်းတယ်၊၊ မင်း သူ့ကို စိန်ခေါ်ဖို့ ရည်ရွယ်ထားရင်တော့ ပြင်ဆင်ထားတာ အကောင်းဆုံးပဲ၊၊ နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာ ရသွားရင် မကောင်းဘူးလေ”

ထိုစကားကို ကြားပြီးနောက် ရှုယွီဖေးက ဘာမှ ထပ်မပြောတော့ဘဲ ရင်ပြင်ဗဟိုသို့ တိုက်ရိုက်လျှောက်လှမ်းသွားလိုက်သည်၊၊

“ဒီလူကတော့ သူများမျက်ခုံးမွှေးပေါ် စင်္ကြံလျှောက်ဖို့ ကြိုးစားရင်းနဲ့ပဲ ဒုက္ခရောက်မှာ သေချာတယ်”

သတ္တုရူးသွပ်ခြင်းအဖွဲ့မှ ဟန်တိုင်ဂီက ဝေဖန်လိုက်သည်၊၊

“ငါလည်း အဲဒီလိုပဲထင်တယ်...”

လောင်ဟန်က ထောက်ခံသည်၊၊

“ငါကတော့ သူ့ရဲ့ ဘက်မလိုက်ဘဲ အခြေအနေကြည့်ပြီး နေတတ်တဲ့ ပုံစံကို တကယ် မျက်မုန်းကျိုးတယ်၊၊ ဒီလိုလူမျိုးက ဘယ်လိုလုပ် အဖွဲ့ကြီးတစ်ခုကို ဦးဆောင်နေတာလဲဆိုတာကို နားမလည်နိုင်ဘူး”

လဲ့ကျန်းက မထီမဲ့မြင်ပြောလိုက်သည်၊၊

ကျန်းယွမ်ကမူ ရှုယွီဖေးကို လှောင်ပြောင်ခြင်း မပြုဘဲ ပြောလိုက်သည်၊၊

“ကမ္ဘာပျက်ကပ်ထဲမှာ ရွေးချယ်စရာမရှိတာမျိုးတွေ ကြုံရတတ်ပါတယ်၊၊ လူပေါင်း တစ်သောင်းကျော်ရဲ့ အသက်ကို တာဝန်ယူထားရတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူး၊၊ ချင်ဖုန်းက ဒီလောက်ကောင်းတဲ့ အကျိုးခံစားခွင့်တွေ ကမ်းလှမ်းထားတော့ အဖွဲ့တွေအများကြီးက ဝင်ချင်ပေမဲ့ ဝင်ပေါက်မရှိကြဘူး၊၊ ကပ္ပတိန်ရှုရဲ့ ဆုံးဖြတ်ချက်က နားလည်ပေးလို့ ရပါတယ်”

လင်းချင်ယွီက ခေါင်းညိတ်လိုက်သည်၊၊

“အဲဒါကိုတော့ ကျုပ်လည်း သဘောတူတယ်”

ထို့နောက် သူက ကျန်းယွမ်ကို ကြည့်လိုက်သည်၊၊

“ကပ္ပတိန်ကျန်း... ခင်ဗျားတို့ရဲ့ ကပ္ပတိန်လင်းကရော ဒီအနန္တမဟာမိတ်အဖွဲ့ လူသစ်စုဆောင်းရေးပွဲကို သိလား၊၊ သူ့ရဲ့ သဘောထားကရော ဘယ်လိုရှိလဲဆိုတာ သိချင်မိတယ်”

“ကပ္ပတိန်လင်းလား... သူကတော့...”

ကျန်းယွမ်က လူစည်ကားနေသော ရင်ပြင်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး အဓိပ္ပာယ်အပြည့်ဖြင့် ပြောလိုက်သည်၊၊

“အပြည့်အဝ ထောက်ခံတယ်”

လင်းချင်ယွီနှင့် အခြားသူများ အနည်းငယ် ဇဝေဇဝါဖြစ်သွားကြသည်၊၊

“ကြည့်ရတာ ငါတို့ရဲ့ ကြယ်အရှင်သခင် ၁၂ ပါးနဲ့ ကောင်းကင်ဘုရင် ၄ ပါးတွေ ထွက်ပေါ်လာပြီ ထင်တယ်၊၊ ဒီနေ့အတွက် အချိန်လည်း သိပ်မကျန်တော့ဘူး၊၊ တကယ်လို့ တခြားကျွမ်းကျင်သူတွေ ထပ်ပြီး ထွက်မလာတော့ဘူးဆိုရင် ကျွန်တော်တို့ရဲ့ ကပ္ပတိန်ချင်ကိုယ်တိုင် ကောင်းကင်ဘုရင် ၄ ပါးကို စမ်းသပ်စစ်ဆေးပြီး အနန္တမဟာမိတ်အဖွဲ့ကို တရားဝင်တည်ထောင်တော့မှာ ဖြစ်ပါတယ်”

စင်မြင့်ထက်တွင် လီကျန်းက ရှုယွီဖေး ထွက်လာသည်ကို မြင်သောအခါ ချက်ချင်းပင် ပွဲကို အရှိန်မြှင့်လိုက်သည်၊၊

မျှော်လင့်ထားသည့်အတိုင်းပင် သူ၏ စကားအဆုံးတွင် လူသစ်စုဆောင်းရေးနယ်မြေတစ်ခုလုံး ဆူညံသွားလေသည်၊၊

“၅၁၀၀ ပါလား၊၊ ဒါ လူသားဆင့်ကဲပြောင်းလဲမှုအလင်းတန်းစာရင်းမှာ အဆင့် ၆ ရှိတဲ့ ရှုယွီဖေး မဟုတ်လား၊၊ သူလည်း ဘာလို့ ဒီကိုရောက်နေတာလဲ”

“ဖာ့ခ်... သံမဏိအတားအဆီးအဖွဲ့မှာ လူပေါင်း တစ်သောင်းကျော် ရှိတာလေ၊၊ သူတို့အားလုံး အနန္တမဟာမိတ်အဖွဲ့ထဲ ဝင်ဖို့ ကြံနေကြတာလား”

“ဖြစ်နိုင်တယ်၊၊ ကောင်းကင်ဘုရင်နေရာရရင် အဖွဲ့တွေကို တိုက်ရိုက်ပေါင်းစည်းလို့ရတာပဲ၊၊ သူ့ရဲ့ စွမ်းအားနဲ့ဆိုရင်တော့ သေချာပေါက်ရမှာပဲ”

“ဝါး... ပိုစိတ်ဝင်စားဖို့ ကောင်းလာပြီ၊၊ အခုတော့ ယန္တရားစွမ်းအားရှင် ချန်ဆီရွှမ်နဲ့ ဝူပင်းတို့အတွက်တော့ အခက်တွေ့ပြီ၊၊ နှစ်ယောက်လုံးက ၄၈၀၀ ဆိုတော့ သူတို့ အချင်းချင်း ယှဉ်ပြိုင်ရတော့မယ့် ပုံပဲ”

“ဒါကတော့ တကယ်ကို ပြိုင်ဆိုင်မှု ပြင်းထန်သွားပြီ...”

ထိုအချိန်တွင် ရှုယွီဖေး ဝင်ရောက်လာခြင်းကြောင့် အဆင့်သတ်မှတ်ချက်များ ချက်ချင်း ပြောင်းလဲသွားသည်၊၊ နားနေဆောင်တွင် ထိုင်နေသော ဝူပင်းသည် မကျေမနပ်ဖြစ်နေသော မျက်နှာဖြင့် မလှမ်းမကမ်းရှိ ကီကီကို အကဲခတ်ကြည့်လိုက်ပြီးနောက် ဖြည်းညှင်းစွာ ထရပ်လိုက်သည်၊၊

မူလက ချင်ဖုန်းကို စိန်ခေါ်ရန် အသင့်ပြင်ထားသော ကီကီလည်း အခြေအနေ ပြောင်းလဲသွားသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်သွားသည်၊၊

“ဒီလူက ဘာလို့ အခုမှ ထွက်လာတာလဲ၊၊ မတတ်နိုင်ဘူး... ဝူပင်းကတော့ ကျွန်မကို သေချာပေါက် စိန်ခေါ်တော့မှာပဲ”

ကီကီက ဆက်သွယ်ရေးစက်မှတစ်ဆင့် လင်းရှန်ကို တီးတိုးပြောလိုက်သည်၊၊

“လင်းရှန်… ကျွန်မ အမြန်ဆုံး အနိုင်ယူလိုက်ရမလား”

လင်းရှန်က စဉ်းစားနေစဉ်မှာပင် ကျန်းယွမ်၏ အသံ ထွက်ပေါ်လာသည်၊၊

“ကီကီ... စိတ်မပူနဲ့၊၊ ရှုယွီဖေးက ရှီကျန်းကို စိန်ခေါ်ဖို့ လာတာပဲ၊၊ ချင်ဖုန်းက သူ့ကို အာရုဏ်ဦး စောင့်ကြည့်သူမဟာမိတ်အဖွဲ့ဝင်မှန်း သိထားတော့ ရှုယွီဖေးကို သုံးပြီး ဖယ်ထုတ်ချင်နေတာပဲ”

“သူက အတော်လေးပါးနပ်တာပဲ”

လင်းရှန်က မှတ်ချက်ပေးလိုက်သည်၊၊

“ရှီကျန်း ရှုံးသွားရင် သူက ကီကီတို့ဆီ ထပ်ပြီး စိန်ခေါ်လာမှာ မဟုတ်ဘူး၊၊ ဒါကြောင့် အစီအစဉ်ကတော့ မပြောင်းလဲဘူး”

“ဒါဆိုရင်တော့ တော်သေးတာပေါ့”

ကီကီလည်း ထိုစကားကို ကြားမှ သက်ပြင်းချနိုင်သွားသည်၊၊

ထိုအချိန်တွင် စစ်ဝတ်စုံ ဝတ်ဆင်ထားသော ရှုယွီဖေးသည် နားနေဆောင်သို့ မဝင်ဘဲ စင်မြင့်ထက်သို့ တိုက်ရိုက်ခုန်တက်လိုက်ပြီး ဦးဆောင်သူစာရင်းကို ကြည့်ကာ ပြောလိုက်သည်၊၊

“ငါက သံမဏိအတားအဆီးအဖွဲ့က ရှုယွီဖေးပဲ၊၊ ဒီမှာ ရှိနေတဲ့ လူတော်တော်များများက ငါ့ကို သိကြမှာပါ၊၊ ငါက အဖွဲ့ဝင် ၁၂,၃၆၂ ယောက်ကို ကိုယ်စားပြုပြီး ဒီအနန္တမဟာမိတ်အဖွဲ့ လူသစ်စုဆောင်းရေးပွဲကို လာတာဖြစ်တယ်၊၊ ရည်ရွယ်ချက်ကတော့ ကပ္ပတိန်ချင်နဲ့ လက်တွဲပြီး အဖွဲ့သားတွေကို ဘေးကင်းလုံခြုံတဲ့ ဘဝတွေ ရအောင် ဦးဆောင်ပေးဖို့ပါ၊၊ ငါက ဒီမှာ အဆင့်တွေကို ထိုင်စောင့်မနေချင်ဘူး၊၊ ဒါကြောင့် ငါရဲ့ ရပ်တည်ချက်ကို ပြသဖို့ ထွက်လာတာပဲ၊၊ ငါက ကောင်းကင်ဘုရင်နေရာတစ်ခုကို လိုချင်တယ်၊၊ တကယ်လို့ အဲဒီနေရာမရဘူးဆိုရင် ငါ့အတွက်ရော၊ ငါ့အဖွဲ့အတွက်ရော ဘာမှအဓိပ္ပာယ်မရှိဘူး၊၊ ဒီစာရင်းထဲက မိတ်ဆွေအချို့က တကယ်ဝင်ချင်တဲ့ စိတ်မရှိဘူးဆိုတာ ငါသိထားတယ်၊၊ ဒါပေမဲ့ ငါကတော့ အဖွဲ့တွေ ပေါင်းစည်းဖို့ကို အလေးအနက်ထားတာကြောင့်... “

All Chapters