← Chapters

အသန်မာဆုံး ခန္ဓာကိုယ်….

Vol. 20 Ch. 192

အသန်မာဆုံး ခန္ဓာကိုယ်….

Vol. 20 Ch. 192

"အဲဒီလောက်တောင် အံ့မခန်း ဖြစ်နေတာလား... သူ့နာမည် ဘယ်လိုခေါ်လဲ..."

ရှောင်ဝူချင်း ဤမျှ ချဲ့ကားပြောဆိုနေသည်ကို မြင်သောအခါ လီချင်းချိုးက ရယ်မောလိုက်ပြီး မမေးဘဲ မနေနိုင်တော့ချေ။ ဂိုဏ်းတွင် တပည့်များ ပိုမို များပြားလာသော်လည်း လီချင်းချိုးက မည်သည့်အရာမျှ မလွတ်ဟင်းစေရန် တပည့်အသစ်များအတွက် စနစ်ကို စစ်ဆေးရန် နေ့စဉ် အချိန်ယူနေဆဲပင်။

အမည်ခံ တပည့်များကိုလည်း မှတ်ပုံတင်ထားမည် ဖြစ်ပြီး တာအိုလမ်းစဉ်စနစ်တွင် ပေါ်လာမည် ဖြစ်သော်လည်း လွန်စွာ ထူးချွန်သော ပါရမီ ရှိသူ သို့မဟုတ် သူ့အာရုံကို ဖမ်းစားနိုင်သော အထူး ကံကြမ္မာ ရှိသူ တစ်ဦးတစ်ယောက်ကိုမျှ လီချင်းချိုး မတွေ့ရှိခဲ့ရချေ။ သေချာသည်မှာ အထူး ကံကြမ္မာ မရှိခြင်းက ပါရမီ မရှိဟု ဆိုလိုခြင်း မဟုတ်ပေ။ မင်ကွမ်းနှင့် ဝူရှင်းယွဲ့တို့ကို ဥပမာပေးရလျှင် သူတို့၌ အထူး ကံကြမ္မာများ မရှိကြသော်လည်း ဂိုဏ်းအပေါ် သူတို့၏ ပံ့ပိုးကူညီမှုများက အထူး ကံကြမ္မာများ ရှိကြသော တပည့် ပါရမီရှင် အများစုထက် သာလွန်ပေသည်။

လီချင်းချိုးဘက်က ယုံကြည်ရန် ကြိုးစားလိုစိတ် ရှိသည်ကို မြင်သောအခါ ရှောင်ဝူချင်းက ချက်ချင်း ပြုံးလိုက်ပြီး …

"သူ့နာမည်က ဟယ်ကျင်းရှုပါ...သူက ဒီနှစ်မှာ အသက် ဆယ့်ခြောက်နှစ် ရှိပြီ... ဟွမ်ယွမ်ကျမ်းစာကို မကျင့်ကြံရသေးပါဘူး... သူက သားရဲတိရစ္ဆာန်တွေရဲ့ ရုပ်ခန္ဓာကို လေ့လာရတာ သဘောကျပြီး ခန္ဓာကိုယ်ကျင့်ကြံခြင်း တာအိုအပေါ် သူ့ရဲ့ ကိုယ်ပိုင် နားလည်သဘောပေါက်မှု ရှိနေတယ်ဆိုတာ ကျွန်တော် တွေ့ရှိခဲ့ရတယ်..."

"အိုး... မင်းရဲ့ နားလည်သဘောပေါက်မှုက ဘာလဲ... ငါ့ကို ပြောပြပါဦး..."

လီချင်းချိုးက မေးလိုက်တော့ ရှောင်ဝူချင်းက သူ့ဇာတ်လမ်းကို အစကနေ စတင် ပြောပြရန် ရွေးချယ်လိုက်သည်။

သူ ဟယ်ကျင်းရှု နေထိုင်သည့် ခြံဝင်းကို တိုက်ဆိုင်စွာ ဖြတ်သွားစဉ် ဟယ်ကျင်းရှုနှင့် ပထမဆုံး စတင် တွေ့ဆုံခဲ့သည်။ ဟယ်ကျင်းရှုက ယုန်တစ်ကောင်ကို ဖြတ်တောက်နေသည်ကို သူ မြင်တွေ့ခဲ့ပြီး ထူးဆန်းသည်ဟု သူ ခံစားရသဖြင့် စောင့်ကြည့်ရန် ခြံဝင်းနံရံ အပြင်ဘက်တွင် ရပ်နေလိုက်သည်။

ဟယ်ကျင်းရှုက ယုန်၏ ရှေ့ခြေတစ်ဖက်ကို ခွေးပေါက်လေး တစ်ကောင်ဆီ ပြောင်းရွှေ့တပ်ဆင်နေသည်ကို တွေ့လိုက်ရသဖြင့် သူ လန့်ဖြန့်သွားတော့သည်။ ဤကိစ္စ တစ်ခုလုံးက အဓိပ္ပာယ်မဲ့လွန်းသည်ဟု သူ ထင်သဖြင့် ဟယ်ကျင်းရှုကို တားဆီးရန် အထဲသို့ ခုန်ဝင်သွားခဲ့သည်။ သူ့ခွေးလေးမှာ အဆိပ်ရှိသော အင်းဆက် တစ်ကောင်အကိုက်ခံရသဖြင့် ရှေ့ခြေတစ်ဖက် ဒဏ်ရာရသွားကြောင်း ဟယ်ကျင်းရှုက ပြောခဲ့သည်။ သူက ဂိုဏ်းတွင်းရှိ တိရစ္ဆာန်ကိုပေးသောသမားတော် တစ်ယောက်ထံ ကုသမှု ခံယူခဲ့ပြီး ခွေးလေး၏ အသက်ကို ကယ်တင်ရန် အကိုက်ခံရသော ရှေ့ခြေကို ဖြတ်ပစ်ခဲ့ရသည်။ ဤဖြစ်ရပ်က ဟယ်ကျင်းရှုကို နှလုံးသားကိုကွဲကြေသွားစေခဲ့သည်။ ခွေးလေး ခြေသုံးချောင်းဖြင့် လမ်းလျှောက်နေသည်ကို မြင်ရတိုင်း အပြစ်ရှိသလို ခံစားရသဖြင့် ယုန်ခြေထောက် အစားထိုး တပ်ဆင်ရန် အကြံရလာခဲ့ခြင်း ဖြစ်သည်။ သူ ရှာတွေ့ခဲ့သော ယုန်များမှာ မွေးမြူရေး အသားစား ယုန်များ ဖြစ်ပြီး မည်သို့ပင်ဖြစ်စေ သေရမည့် ယုန်များ ဖြစ်ရာ သူ့ကိုယ်ပိုင် ငွေဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ရှောင်ဝူချင်းက အစပိုင်းတွင် သူ ရူးနေသည်ဟု ထင်ခဲ့သော်လည်း ခွေးလေးမှာ ယုန်ခြေထောက်ကို အသုံးပြု၍ တကယ် လှုပ်ရှားနိုင်ကြောင်း တွေ့ရှိရသောအခါ များစွာ အံ့အားသင့်သွားခဲ့သည်။ နောက်ပိုင်းတွင် ဟယ်ကျင်းရှုထံ မကြာခဏ သွားရောက် လည်ပတ်ခဲ့ပြီး သူတို့ နှစ်ယောက်မှာ ပိုမို နက်ရှိုင်းသော စကားဝိုင်းများ ရှိလာခဲ့သည်။

သူက ဟယ်ကျင်းရှုအတွက် ဆေးပညာ စာအုပ်များစွာ ယူလာပေးခဲ့ပြီး ဟယ်ကျင်းရှုမှာ အလွန် လျင်မြန်စွာ သင်ယူနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။

ဒါတင်မကသေးဘဲ ဟယ်ကျင်းရှုက ဆေးဖော်စပ်ခြင်းကိုလည်း လေ့လာနေသေးသည်။ဟယ်ကျင်းရှူက ကိုယ်ပိုင် လုပ်အားခများ အားလုံးနှင့် လစဉ် လစာကို ဆေးဖော်စပ်ခြင်း လမ်းညွှန်စာအုပ်များ လဲလှယ်ရန် အသုံးပြုခဲ့သည်။ သူ့စကားအရဆို သူသည် တောင်ပေါ်သို့ မတက်မီက သိုင်းပညာ ပါရမီရှင် တစ်ယောက် မဟုတ်ကြောင်း သိထားသဖြင့် အချိန်နှင့် အရင်းအမြစ်များကို အလဟဿ မဖြုန်းတီးချင်ခဲ့ချေ။

"ဂိုဏ်းချုပ်... ဟယ်ကျင်းရှုရဲ့ ဆေးပညာ ပါရမီက ဂိုဏ်းမှာ ရှားပါးပြီး သူက သူ့ရဲ့ ပါရမီကို လူသားတွေအတွက်ကြိုးစားအားထုတ်မှုနဲ့ ပြောင်းလဲဖို့ အာရုံစိုက်နေတာပါ... သူက အသန်မာဆုံး ခန္ဓာကိုယ်ကို ဖွံ့ဖြိုးတိုးတက်စေချင်တယ်... ဒါက စိတ်ကူးယဉ် အိပ်မက်တစ်ခုလို ထင်ရပေမဲ့ သူနဲ့ အချိန် အများကြီး ကုန်ဆုံးပြီးတဲ့နောက်ပိုင်း သူ တကယ် လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်မိတယ်..."

ရှောင်ဝူချင်းတယောက် စကားပြောရင်း ပိုပို၍ စိတ်လှုပ်ရှားလာသဖြင့် လီချင်းချိုး၏ မျက်နှာအမူအရာ အနည်းငယ် ထူးဆန်းသွားသည်။

ဟယ်ကျင်းရှုက လူတွေရဲ့ စိတ်နှလုံးကို လှုပ်ခတ်နိုင်တဲ့ နေရာမှာ တော်တော်လေး ကျွမ်းကျင်ပုံရတယ်... ရှောင်ဝူချင်းကို ဒီအခြေအနေ ရောက်အောင် သူ လှည့်စားနိုင်ခဲ့တာပဲ...

ဟယ်ကျင်းရှု၏ ကိုယ်ရေးအချက်အလက် မျက်နှာပြင်ကို သူ မြင်ဖူးခဲ့သည်ကို မှတ်မိသွားချေပြီ။ ဟယ်ကျင်းရှု၏ ပါရမီက အမှန်တကယ်ပင် ညံ့ဖျင်းပြီး အထူး ကံကြမ္မာ မရှိသော်လည်း ကံကြမ္မာ စာရင်း တစ်ခုတော့ ရှိနေသည်။ သူ ချက်ချင်းပင် စတင် ရှာဖွေကြည့်ရှုလိုက်ပြီး မကြာမီမှာပင် ဟယ်ကျင်းရှုကို တွေ့ခဲ့သည်။

[ အမည် - ဟယ်ကျင်းရှု ]

[ ကျား/မ - ကျား ]

[ အသက် - ၁၆ ]

[ သစ္စာရှိမှု (ခေါင်းဆောင်/ဂိုဏ်း) - ၉၀/၇၆ (အများဆုံး ၁၀၀) ]

[ ကျင့်ကြံခြင်း ပါရမီ - လွန်စွာ နိမ့်ကျ ]

[ နားလည်သဘောပေါက်နိုင်စွမ်း - ကောင်းမွန် ]

[ ကံကြမ္မာ - စပ်စုလိုစိတ်၊ ဇွဲလုံ့လ ]

[ စပ်စုလိုစိတ် - အရာအားလုံးကို စပ်စုလိုစိတ် အပြည့်ရှိပြီး အရာသစ်များကို လေ့လာ စောင့်ကြည့်ရသည်ကို နှစ်သက်သည် ]

[ ဇွဲလုံ့လ - ကိစ္စ တစ်ခုကို ဆုံးဖြတ်ပြီးတာနဲ့ အဲဒါကို သေချာပေါက် လုပ်ဆောင်မှာဖြစ်ပြီး ဘယ်တော့မှ အရှုံးမပေးဘူး ]

...

သူ မှတ်မိနေသည်မှာ အံ့သြစရာ မဟုတ်ပေ။ ဟယ်ကျင်းရှု၏ ပါရမီက အရမ်း ညံ့ဖျင်းလွန်းသော်လည်း နားလည်သဘောပေါက်နိုင်စွမ်းကတော့ ပါရမီရှင် တစ်ယောက်ဟု ခေါ်ဆိုထိုက်ပေသည်။ သို့သော် ထိုကဲ့သို့သော အခြေအနေမျိုးက သူ့အတွက် ဟယ်ကျင်းရှုကို အထူး ပြုစုပျိုးထောင်ပေးရန် မလုံလောက်ချေ။

သို့သော်လည်း ၉၀ ရာခိုင်နှုန်းသော သစ္စာရှိမှုနှုန်းကတော့ ယုံကြည်စိတ်ချရစေသည်။

လီချင်းချိုးက တစ်ခဏမျှ စဉ်းစားလိုက်ပြီး ….

"ဟယ်ကျင်းရှုရဲ့ အကြံအစည်က အနည်းငယ် အဓိပ္ပာယ်မဲ့နေပေမဲ့ သူ့မှာ ဆေးပညာနဲ့ ဆေးဖော်စပ်ခြင်းမှာ ထူးခြားတဲ့ နားလည်သဘောပေါက်နိုင်စွမ်း ရှိနေတဲ့အတွက် တကယ် ပြုစုပျိုးထောင်ပေးဖို့ ထိုက်တန်ပါတယ်... ဒါပေမဲ့ သူ တစ်ခုခု မအောင်မြင်ခင်မှာတော့ သူ့ကို သာမန် အဆင့်ထက် ကျော်လွန်ပြီး ငါ ရာထူးတိုးပေးလို့ မရဘူး... မင်းရဲ့ အရင်းအမြစ်တွေကို သုံးပြီး သူ့ကို ပြုစုပျိုးထောင်ပေးသင့်တယ်..."

ထိုအခါ ရှောင်ဝူချင်းက ပြုံးလိုက်ပြီး လီချင်းချိုးကို ကမန်းကတန်း ကျေးဇူးတင်လိုက်သည်။ လီချင်းချိုးက ဘာမှ ကတိမပေးခဲ့သော်လည်း ရှောင်ဝူချင်းကတော့ လီချင်းချိုးစိတ်ထဲတွင် ဟယ်ကျင်းရှုကို မှတ်မိနေနိုင်သရွေ့ လုံလောက်ပြီဟု ခံစားရသည်။

"မသန်စွမ်းမှုဆိုတာ တစ်ခုတည်းသော ဖြစ်ရပ် မဟုတ်ဘူး... တပည့် အများအပြားက လေ့ကျင့်နေစဉ်အတွင်း ဒဏ်ရာရတတ်ပြီး အပြည့်အဝ နာလန်ထူဖို့ ခက်ခဲကြတယ်... အကယ်၍ ဟယ်ကျင်းရှုသာ နောင်ကျရင် အောင်မြင်သွားမယ်ဆိုရင် သူက တပည့် အများကြီးကို ကယ်တင်နိုင်လိမ့်မယ်... အကယ်၍ သူက ပါရမီကို မြှင့်တင်ဖို့ လေ့လာသင်ယူရတဲ့ နည်းလမ်း တစ်ခုကိုပါ သုတေသန လုပ်နိုင်မယ် ဆိုရင် ဂိုဏ်းအတွက် အကျိုးရှိမှာပါ..." ဟု ရှောင်ဝူချင်းက ထပ်ပြောလိုက်တော့ လီချင်းချိုးက ခေါင်းညိတ်လိုက်သည်။

သူလည်း ဤအချက်ကို သဘောတူသည်။သို့သော်လည်း ဟယ်ကျင်းရှု၏ကြိုးစားမှုက အသီးအပွင့်များ ရရှိလာမည်လား ဆိုသည်ကို မသေချာသေးချေ။

အကြံဉာဏ်က အံ့သြဖွယ်ကောင်းသည်ဟုသာ ပြောနိုင်ပေသည်။ ရှောင်ဝူချင်းက ဟယ်ကျင်းရှုကို တကယ်ပဲ အထင်ကြီးနေပြီး အဆက်မပြတ် ချီးမွမ်းနေခဲ့သည်။ နောက်ဆုံးတွင် လီချင်းချိုး နားပူလာသဖြင့် သူ့ကို နှင်ထုတ်လိုက်တော့သည်။

ရှောင်ဝူချင်း ထွက်သွားပြီးနောက် လီချင်းချိုး တစ်ဖန် စိတ်လှုပ်ရှားလာပြန်သည်။

လီချင်းချိုးက ရှောင်ဝူဟွေ့ သေဆုံးသည့် ကိစ္စကို ​ရှောင်ညီနောင်သုံးဖော်ထံမှ ဖုံးကွယ်မထားခဲ့သလို သင်္ဂြိုဟ်ရန်အတွက် ရှောင်ဝူဟွေ့၏ ခေါင်းကို ညီအစ်ကို သုံးယောက်ထံသို့ပင် ပေးအပ်ခဲ့သည်။

ဤကိစ္စက သူတို့၏ သစ္စာရှိမှုကို ထိခိုက်စေလိမ့်မည်ဟု ထင်ခဲ့သော်လည်း ထိုသို့ မဖြစ်ခဲ့ချေ။ ကံမကောင်းစွာဖြင့် ရှောင်ဝူဟွေ့ သေဆုံးသွားသည်မှာ ခုနစ်ရက်ကျော်သွားပြီ ဖြစ်သဖြင့် လီချင်းချိုးက သူ့ ဝိညာဉ်ကို ခေါ်ယူ၍ မရနိုင်တော့ချေ။ မဟုတ်လျှင် ညီငယ်သုံးယောက်က သူ့ကို နောက်ဆုံးအကြိမ် မြင်တွေ့ခွင့် ရနိုင်ပေမည်။

ရှောင်ဝူဟွေ့က ချင်းရှောင်ဂိုဏ်းကို ရန်စခဲ့ပြီး လီချင်းချိုးက ညီငယ်သုံးယောက်ကို ကြိုတင် အသိပေးထားခဲ့သော်လည်း ရလဒ်ကတော့ ညီငယ်သုံးယောက်အတွက် အနည်းငယ် ရက်စက်သည်ဟု ခံစားရသေးသဖြင့် ၎င်းကို ပြန်လည် ကုစားချင်ခဲ့သည်။

ဤနှစ်မှ စတင်၍ ရှောင်ဝူချင်း အပြင် လီချင်းချိုးက ရှောင်ဝူတိနှင့် ရှောင်ဝူမင်တို့ကိုလည်း လျင်မြန်စွာ ကြီးထွားလာစေရန် ကူညီပေးမည့် မတူညီသော တာဝန်များကို ပေးအပ်သွားမည် ဖြစ်သည်။

အတန်ကြာ ထိုင်စဉ်းစားပြီးနောက် ဖြည်းညင်းစွာ ထ၍ မသေမျိုးဂူသို့ ပြန်သွားခဲ့လေသည်။

...

ထိုက်ခွန်းတောင်တန်းကို ဖုံးလွှမ်းနေသော ဆောင်းနှင်းများ လုံးဝ အရည်ပျော်သွားပြီး အရာအားလုံးက ပြန်လည် မွေးဖွားလာကြပြီ……

ချင်းရှောင်တောင်ခြေရှိ တောင်တံခါးရှေ့တွင် ရှန်ယွဲ့ တစ်ယောက်တည်း ထိုင်နေပြီး လက်ထဲတွင် သစ်သားဓား တစ်လက်ကို ကိုင်ကာ မျက်မှောင်ကြုတ်နေသည်။

တောင်တံခါး၏ အခြားတစ်ဖက်တွင် တပည့် ငါးယောက် ယှဉ်လျက် ရပ်နေကြပြီး ရှန်ယွဲ့ကို စပ်စုချင်စိတ်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

ရှန်ယွဲ့မှာ တောင်တံခါးတွင် ကင်းစောင့်ရန် အပြစ်ပေးခံရသဖြင့် အတော်လေး ဂယက်ရိုက်သွားစေခဲ့သည်။

ပထမလတွင် တပည့်များက ဓားနတ်ဘုရား၏ အမူအရာကို အားကျလေးစား၍ မကြာခဏ လာရောက်လေ့ရှိကြသဖြင့် တောင်တံခါးမှာ မငြိမ်းချမ်းတော့ချေ။

ယခုတိုင်အောင် တပည့်များက သူ့ကို လာကြည့်ရန် တောင်အောက်သို့ နေ့စဉ် အထူး ခရီးစဉ်များ လာနေကြဆဲပင်။

တပည့် ငါးယောက်က ရှန်ယွဲ့တယောက် သစ်သားဓားကို သုံးရက်ကြာအောင် အစာမစား၊ ရေမသောက်၊ မအိပ်ဘဲ သရဲပူးနေသကဲ့သို့ စိုက်ကြည့်နေသည်ကို သတိပြုမိကြသည်။ ၎င်းက သူတို့ကို စိုးရိမ်ပူပန်စေပြီး ဂိုဏ်းကို အသိပေးသင့်၊ မသင့် တုံ့ဆိုင်းနေကြသည်။

ရှန်ယွဲ့က ဓားနတ်ဘုရား တစ်ပါး ဖြစ်ပြီး သူ့လုပ်ရပ်များက သာမန်လူများနှင့် သေချာပေါက် ကွာခြားပေမည်။

အကယ်၍ သူတို့သာ ဂိုဏ်းကို အလွယ်တကူ သွားနှောင့်ယှက်ပါက သူတို့ကိုယ်သူတို့ လူရယ်စရာ ဖြစ်သွားစေနိုင်သည်။ ရှန်ယွဲ့နှင့် တွေ့ရသည်မှာ အဆင်ပြေပုံရသော်လည်း တပည့်များကတော့ စောင့်ကြည့်နေရုံသာ တတ်နိုင်ရှာသည်။

ထိုစဉ် လူတစ်ယောက်က တောင်အောက်သို့ ဆင်းလာသည်။ ထိုသူမှာ ရွှီနင်းပင်ဖြစ်သည်။

ရွှီနင်းက သပ်ရပ်သော အပြာရောင် ဝတ်ရုံကို လဲလှယ်ဝတ်ဆင်ထားပြီး ဝါးခမောက် တစ်လုံးကို ဆောင်းကာ အထုပ်တစ်ထုပ်ကို သယ်ဆောင်လာသဖြင့် သာမာန်သိုင်းသမားတယောက်နှင့် တူနေသည်။

ကင်းစောင့်နေသော တပည့် ငါးယောက်က အလုပ်လုပ်လာသည်မှာ တစ်နှစ်ပင် မပြည့်သေးသဖြင့် ရွှီနင်းကို မသိကြချေ။ သို့သော် ရွှီနင်း၏ အေးစက်ပြီး လှပသော အသွင်အပြင်နှင့် ထူးချွန်လှသော စိတ်နေသဘောထားက သူတို့၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။

တပည့် ငါးယောက်က သူမကို တစ်ချက်သာ ကြည့်လိုက်ပြီးနောက် အကြည့်လွှဲသွားကြသည်။ ချင်းရှောင်တောင်တွင် အသွင်အပြင်နှင့် စိတ်နေသဘောထား ထူးချွန်သော အမျိုးသမီး တပည့်များ အများအပြား ရှိနေသဖြင့် သူတို့တွေ အလွန်ဆုံး အနေဖြင့် တစ်ခဏမျှသာ အားကျလေးစားနိုင်ကြသည်။ ဒီလိုအမျိုးသမီးတွေကို စိုက်ကြည့်နေခြင်းက စော်ကားရာ ရောက်ပေလိမ့်မည်။

ရွှီနင်းက တောင်တံခါးကို ဖြတ်လျှောက်သွားပြီး ရပ်တန့်ကာ ရှန်ယွဲ့ဘက်သို့ လှည့်ကြည့်ပြီး…

"အကယ်၍ ရှင်က ဓားကို နားလည်ဖို့ပဲ အာရုံစိုက်နေမယ်ဆိုရင် ကျွန်မကို ဘယ်တော့မှ မှီမှာ မဟုတ်ဘူး..."

ဤစကားကို ကြားသောအခါ ရှန်ယွဲ့၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူမကို မော့ကြည့်လိုက်သည်။ တပည့် ငါးယောက်မှာလည်း မှင်သက်သွားကြသည်။

ဘယ်လိုတောင်

စကားကြီးစကားကျယ် ပြောလိုက်တာလဲ... ဒီမိန်းမက ဘယ်သူလဲ... နေပါဦး... ဂိုဏ်းထဲမှာ ရှန်ယွဲ့ကို ဒီစကားမျိုး ပြောဖို့ အရည်အချင်း ပြည့်မီတဲ့ အမျိုးသမီး တပည့်ဆိုလို့ တစ်ယောက်ပဲ ရှိတာ...

သူတို့က ချက်ချင်းပင် ခေါင်းငုံ့၍ ရွှီနင်းကို အရိုအသေပေးလိုက်ကြသော်လည်း ရွှီနင်းက သူတို့ကို လျစ်လျူရှုထားပြီး ရှန်ယွဲ့ကိုသာ စိုက်ကြည့်နေသည်။

ရှန်ယွဲ့က သူမကို ပြန်ကြည့်လိုက်ပြီး…

"ဘာလဲ... မင်းကငါ့ကို အနိုင်ယူနိုင်မယ်လို့ လုံးဝ သေချာနေတာလား..."

ရွှီနင်းက ….

"အဋ္ဌမအဆင့် ရောက်ပြီးနောက်မှာ ဝိညာဉ်အာရုံကို ရရှိလိမ့်မယ်... ရှင့်ရဲ့ နယ်ပယ် မြင့်လေလေ အဲဒါက ရှင့်ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းကို တိုးတက်ဖို့ ပိုကူညီပေးလေလေပဲ... ကျင့်ကြံခြင်းဆိုတာ အခြေခံအုတ်မြစ်ပဲ... ရှင့်ရဲ့ အခြေခံအုတ်မြစ် ခိုင်မာသွားတာနဲ့ ရှင့်ရဲ့ ကျင့်ကြံခြင်းက ပိုလွယ်ကူလာလိမ့်မယ်... မမေ့ပါနဲ့ ဆရာအတိဒုက္ခ ဖြတ်ကျော်တဲ့ အခြေအနေမှာ ဒီလောက် ပြင်းထန်တဲ့ မိုးကြိုးတွေကို ခံရတာ ရှင်ရောခံနိုင်ရည်ရှိပါ့မလား..."

ထိုသို့ပြောပြီးနောက် ရွှီနင်း ချက်ချင်းထွက်သွားတော့သည်။

ရှန်ယွဲ့ကတော့ မျက်မှောင်ကြုတ်နေလေသည်။

ရွှီနင်း၏ စကားများက အဓိပ္ပာယ်ရှိသည်ဟု သူ အမှန်တကယ် ခံစားလိုက်ရသည်။ လီချင်းချိုး၏ ကျယ်ပြန့်လှသော မူလချီစွမ်းအင်က ကျင့်ကြံခြင်းကို ပိုမို တန်ဖိုးထားကြောင်း သက်သေပြရန် လုံလောက်ပေသည်။

ရှန်ယွဲ့သည် အစပိုင်းကတော့ ကြိုးစားပမ်းစား ကျင့်ကြံနေခဲ့ပြီး မူလအားဖြည့်နယ်ပယ် ပဉ္စမအလွှာသို့ ရောက်ရှိပြီးနောက် လုံလောက်ပြီဟု ခံစားရသဖြင့် ချီစွမ်းအင် စုပ်ယူခြင်းကို ရပ်တန့်ကာ ဓားသိုင်းပညာ နားလည်ခြင်းဘက်သို့ ပြောင်းလဲသွားခဲ့သည်။ သူက ဓားကျင့်ကြံသူ တာအိုကို ဖွံ့ဖြိုးတိုးတက်စေခဲ့သော်လည်း ဓားဝိညာဉ်က လီချင်းချိုးကိုလိုက်မှီရန် မလုံလောက်ခဲ့ချေ။

သူက ရွှီနင်း၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ပြီး …

"ဘယ်သွားမလို့လဲ..."

"လေ့ကျင့်ဖို့ တောင်အောက်ကို နှစ်နှစ် ဆင်းမလို့..." ရွှီနင်းက ခေါင်းမလှည့်ဘဲ ပြန်ဖြေလိုက်ရာ ဤစကားကို ကြားသောအခါ ရှန်ယွဲ့၏ မျက်လုံးများ တောက်ပသွားသည်။ တောင်အောက်သို့ လေ့ကျင့်ရန် သွားခြင်းက ကျင့်ကြံခြင်းကို သေချာပေါက် နှောင့်နှေးစေလိမ့်မည်။ ဤနှစ်နှစ်က သူ့အတွက် အခွင့်အရေးပင်။

ထိုသို့တွေးပြီးနောက် ရှန်ယွဲ့ ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး သစ်သားဓားကို ဓားအိမ်ထဲ ထည့်လိုက်လေသည်။

နောက်ပိုင်းတွင် ကျင့်ကြံခြင်း အပေါ် အချိန်ကို အာရုံစိုက်ရန် သူ ဆုံးဖြတ်လိုက်ပြီး။

သူသည် အသက်ကြီးပြီ ဖြစ်သော်လည်း ကျင့်ကြံခြင်း အမြန်နှုန်းအပေါ် သူ အလွန် ယုံကြည်မှု ရှိပြီး ဂိုဏ်းတွင်းရှိ ပါရမီရှင်ဆိုသူများက သူ့ကို ယှဉ်နိုင်မည် မဟုတ်ဟု ခံစားရသည်။

အခြားတစ်ဖက်တွင်….

ကျန်းယွီချွန်းက လီချင်းချိုး၏ မသေမျိုးဂူသို့ လာရောက် လည်ပတ်ခဲ့ပြီး…

"ရွှီနင်းက ဘာလို့ တောင်အောက် ဆင်းသွားတာလဲ..." ဟု မမေးဘဲ မနေနိုင်တော့ချေ။

ရွှီနင်း၏ ကျင့်ကြံခြင်း အဆင့်မှာ ဂိုဏ်းချုပ်ပြီးလျှင် ဒုတိယ နေရာတွင် ရှိနေသဖြင့် ဂိုဏ်းထဲတွင် နေခြင်းက ပို၍ အသုံးဝင်လိမ့်မည်ဟု တွေးမိသည်။ အဘယ်ကြောင့်ဆိုသော် လီချင်းချိုးက ရံဖန်ရံခါ တောင်အောက်သို့ ဆင်းရသောကြောင့်ပင်။

လီချင်းချိုးက ကျောက်ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး….

"ငါ သူ့ကို ထျန်းရှန်းဝိညာဉ်ရေကန်ဆီ လွှတ်လိုက်တာ... သူက မူလအားဖြည့်နယ်ပယ် နဝမအလွှာကို အဆင့်ကျော်လွန်ဖို့ ပြင်ဆင်နေတာ..."

ကိုးလွှာ...

ကျန်းယွီချွန်း အံ့အားသင့်စွာဖြင့် လျှာသပ်လိုက်မိသည်။ ရွှီနင်း၏ ကျင့်ကြံခြင်း အဆင့် အကြောင်းကို ကြားရတိုင်း သူ မအံ့သြဘဲ မနေနိုင်ချေ။

ရွှီနင်းက ပါရမီပါလို့ မဟုတ်ဘဲ သူက ကြိုးစားပမ်းစား အလုပ်လုပ်လို့ပါပဲ... သူ့ရဲ့ သနားစရာကောင်းတဲ့ တတိယ ဂျူနီယာ ညီငယ်လေးက ရွှီနင်းကို ဘယ်လိုလုပ် မှီနိုင်မှာလဲ...

ကျန်းယွီချွန်းက စားပွဲတွင်ဝင်ထိုင်လိုက်ပြီး…

"ဂိုဏ်းထဲက လင်းထျန်းဂိုဏ်းရဲ့ သူလျှိုတွေကို ရှာတွေ့ပြီ... ခြောက်ယောက် ရှိတယ်... သူတို့က ရှောင်ညီနောင်သုံးဖော် အစ်ကိုကြီးအတွက် အလုပ်လုပ်ပေးနေတယ် ဆိုတာကို ထုတ်ဖော်ပြောပြခဲ့တဲ့ လူတွေပဲ... ဒါပေမဲ့ ဂိုဏ်းထဲမှာ ဒီထက် ပိုနက်နဲတဲ့ သူလျှိုတွေ ပုန်းနေသေးတယ်လို့ ကျွန်တော် ထင်တယ်..."

ရွှယ်ကျင်း ရှောင်ဝူဟွေ့၏ ခေါင်းကို ယူဆောင်၍ ပြန်လာကတည်းက ကျန်းယွီချွန်း ဤကိစ္စကို စုံစမ်းစစ်ဆေးနေခဲ့ပြီး ရလဒ်များက အတော်လေး ကောင်းမွန်နေသည်။

လီချင်းချိုးက …

"ဖြည်းဖြည်းချင်းပဲ စုံစမ်းပါ... သူတို့ နောက်ဆုံးတော့ သူတို့ဘာသာ ပေါ်လာကြမှာပါ..."

"အစ်ကိုကြီး... ကျွန်တော့် လူတွေက မူမမှန်တဲ့ တခြားအရာ တစ်ခုကို ရှာတွေ့ခဲ့တယ်..."

"အဲဒါ ဘာလဲ..."

"ဒါက ထျန်းရွှမ်တောင်နဲ့ ပတ်သက်နေတယ်... ထျန်းရွှမ်တောင်နဲ့ ဖုန်းရှားတောင်တို့က လောကမှာ သန့်ရှင်းတဲ့ တောင်နှစ်လုံး အဖြစ် လူသိများတယ်... ဖုန်းရှားတောင်က ဝိညာဉ်ချိတ်ပိတ်ခြင်း လျှို့ဝှက်ပညာရပ်ကို ကျွမ်းကျင်တယ်... ထျန်းရွှမ်တောင်မှာလည်း အလားတူ လျှို့ဝှက်ပညာရပ်မျိုး ရှိမယ်လို့ ကျွန်တော် ခန့်မှန်းမိလို့ စုံစမ်းဖို့ လူလွှတ်လိုက်တယ်... ရလဒ်ကတော့ ထျန်းရွှမ်တောင်က သူတို့ရဲ့ တံခါးတွေကို ပိတ်ထားပြီး ဧည့်သည် ဘယ်သူ့ကိုမှ လက်မခံဘူးဆိုတာကို ကျွန်တော် သိလိုက်ရတယ်... ကျွန်တော့် လူတွေ ခိုးဝင်လို့ မရခဲ့ဘူး... သူ့ရဲ့ သူလျှိုတွေက ဂိုဏ်းက မဟုတ်ဘူး... သူက တပည့် တစ်ယောက် မဟုတ်ဘဲ ကျန်းဟူက လူတစ်ယောက်ပါ... သူက ညစ်ပတ်တဲ့ အလုပ်တွေ လုပ်လို့လေ... အကယ်၍ တစ်ခုခု မှားယွင်းသွားရင် သူက တာဝန်ယူမှုတွေကို အလွယ်တကူ ရှောင်လွှဲနိုင်ပြီး ချင်းရှောင်ဂိုဏ်းရဲ့ ပတ်သက်မှုကနေ ရှောင်ရှားနိုင်တယ်..."

ထိုအခါ လီချင်းချိုးက မျက်လုံး မဖွင့်ဘဲ ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။

"ရပါတယ်... မင်းရဲ့ လူတွေကို ဆုတ်ခွာခိုင်းလိုက်ပါ...ဒီကိစ္စကို စုံစမ်းဖို့ တခြား တစ်ယောက်ယောက်ကို ငါ လွှတ်လိုက်မယ်..."

ထျန်းရွှမ်တောင်နှင့် ချင်းရှောင်ဂိုဏ်းတို့ ကြားတွင် ရန်ငြိုး မရှိသော်လည်း သူတို့ကို လုံးဝ လျစ်လျူရှုထား၍ မရနိုင်ချေ။ သတင်းအချက်အလက် တချို့ကိုတော့ ရယူရပေမည်။

All Chapters