← Chapters

တကိုယ်တော်ဓားသမား

Vol. 20 Ch. 195

တကိုယ်တော်ဓားသမား

Vol. 20 Ch. 195

"မင်းကိုယ်တိုင် လူတွေကို ရှာဖွေဖို့ သင်ယူရမယ်... ငါ့ဆီ အမြဲတမ်း လာပြီး လူမတောင်းနဲ့လေ...ယွင်ချိုင်က ငါ ပြုစုပျိုးထောင်နေတဲ့ တပည့် တစ်ယောက်ပဲ... ငါ သူ့ကို လွှတ်ပေးလို့ မရဘူး... အဲဒီလို လုပ်လိုက်ရင် ယွင်ချိုင်ရဲ့ ခံစားချက်တွေကို ထိခိုက်စေလိမ့်မယ်..."

ယနေ့ခေတ်တွင် ချင်းရှောင်ဂိုဏ်း၌ တပည့်များစွာ ရှိနေပြီး ကောင်းမွန်သော ပါရမီ ရှိသည့် တပည့်များစွာကို ရှာမတွေ့သေးချေ။ ပါရမီ သို့မဟုတ် နားလည်သဘောပေါက်နိုင်စွမ်း နှစ်ခုအနက် တစ်ခုက အထူးကောင်းမွန်သော အဆင့်သို့ ရောက်ရှိမှသာ လီချင်းချိုးက ထူးခြားစွာ ရာထူးတိုးပေးမည် ဖြစ်သည်။

တကယ်တမ်းတွင် ကောင်းမွန်သော ပါရမီအဆင့်ကို ရရှိပါက လူအများကြားတွင် လျင်မြန်စွာ ထင်ပေါ်လာနိုင်ပေသည်။

လီစစ်ကျင်းက နာကြည်းစွာဖြင့်…

"ကျွန်မမှာ ဘယ်လိုလုပ် အချိန်ရှိမှာလဲ... ကျင့်ကြံခြင်းခန်းမက အရမ်း အလုပ်ရှုပ်နေတာ... ပြီးတော့ ကျွန်မက အဆောင်အင်းတွေနဲ့ ဝိညာဉ်အပင်တွေကိုလည်း လေ့လာရသေးတယ်... ကျွန်မရဲ့ ကိုယ်ပိုင် ကျင့်ကြံခြင်းတောင် နှောင့်နှေးနေပြီ..."

ဤစကားကို ကြားပြီးနောက် လီချင်းချိုးက အကြံပေးလိုက်သည်။

"လုပ်ပိုင်ခွင့်တွေကို လွှဲအပ်ဖို့ အချိန်တန်ပြီ... မင်းလည်း တပည့်တွေကို အများကြီး ပြုစုပျိုးထောင်ထားပြီးပြီပဲ... သူတို့ကို ယုံကြည်ဖို့ ကြိုးစားပြီး မင်းရဲ့ ကိုယ်ပိုင် ကျင့်ကြံခြင်းကို ပိုအာရုံစိုက်သင့်တယ်...အဆောင်အင်းတွေပဲ ဖြစ်ဖြစ်၊ ဝိညာဉ်အပင်တွေပဲ ဖြစ်ဖြစ် သုတေသန အတွက် သီးသန့် လုပ်ဆောင်ပေးမယ့် တပည့်တွေ ရှိနေပြီလေ... ကျင့်ကြံခြင်းခန်းမက မင်း မရှိဘဲ လည်ပတ်လို့ မရတဲ့ အဆင့်မှာ မရှိတော့ဘူး…”

"အဲဒါတော့ ဟုတ်တယ်... ကျွန်မတို့ ကျင့်ကြံခြင်းမှာ တကယ် အာရုံစိုက်ဖို့ လိုနေပြီ..."

တပည့်သစ်များက ဤရက်ပိုင်းအတွင်း အရှိန်အဟုန် ရလာနေသဖြင့် သူမကို ဖိအားပေးနေသည်။ လီချင်းချိုးက မထွက်ခွာမီ ဂျူနီယာ ညီမ နှစ်ယောက်၏ ကျင့်ကြံခြင်း တိုးတက်မှု အကြောင်းကို မေးမြန်းခဲ့သည်။

လီချင်းချိုး ထွက်သွားပြီးနောက် လီစစ်ကျင်းက လီတုန်းယွဲ့ကို ကြည့်ပြီး မေးလိုက်သည်။

"အစ်မ ... ယွင်ချိုင်ကို ဘယ်လို ထင်လဲ..."

"ငါ ဘယ်လို မြင်ရမှာလဲ... ငါ သူ့ကို အားကျလေးစားတာတော့သေချာတယ်... ဂိုဏ်း ကြီးပွားတိုးတက်နိုင်ဖို့ သူ့လို အမြော်အမြင်ရှိတဲ့ သူတွေ ပိုပိုများလာဖို့ ငါ မျှော်လင့်ပါတယ်..."

"ပိုပို များလာဖို့လား...အစ်မ မနာလို မဖြစ်ဘူးလား..."

"နင် ဘာ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ... နင် ပိုပိုပြီး ဆိုးလာတယ်နော်... အရိုက်ခံချင်နေတာလား..."

ဤစကားကို ကြားသောအခါ လီတုန်းယွဲ့၏ လှပသော မျက်နှာလေး ချက်ချင်း နီရဲသွားပြီး သူမက လီစစ်ကျင်းကို ရိုက်ရန် လက်မြှောက်လိုက်သော်လည်း လီစစ်ကျင်းက ရှောင်တိမ်းပြီး ထွက်ပြေးသွားသည်။ သူမကလည်း နောက်မဆုတ်ဘဲ ချက်ချင်း လိုက်ဖမ်းလေတော့သည်။

…….

အောက်တိုဘာလလယ်တွင် ရှောင်ညီနောင်သုံးဖော် ပြန်ရောက်လာပြီး သူတို့၏ တာဝန်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကာ စစ်သည် ခြောက်သောင်း ပါဝင်သော စစ်တပ်ကို မောင်းထုတ်နိုင်ခဲ့ကြောင်း အစီရင်ခံခဲ့သည်။

ထိုအကြောင်းကို ပြောသည့်အခါ သူတို့ သုံးယောက်စလုံး အလွန် စိတ်လှုပ်ရှားနေကြသည်။ သူတို့က ဂိုဏ်းထဲရှိ တပည့်များနှင့်သာ ပုံမှန် စမ်းသပ်တိုက်ခိုက်နိုင်ကြပြီး သူတို့၏ စွမ်းအားက သိုင်းလောကတွင် မည်သည့် အဆင့်၌ ရှိနေသနည်း ဆိုသည်ကို မသိခဲ့ကြချေ။

ဤတစ်ကြိမ်တွင်တော့ သူတို့ နောက်ဆုံး၌ သိသွားခဲ့ပြီ။ စစ်သည် ခြောက်သောင်းက သူတို့ကို လုံးဝ မတားဆီးနိုင်ခဲ့ချေ။

ရှောင်ဝူတိက ဗိုလ်ချုပ်ကို လက်တစ်ဖက်တည်းဖြင့် လည်ပင်းမှ ကိုင်မြှောက်ခဲ့သည်ကို ပြန်တွေးမိပြီး စိတ်လှုပ်ရှားမှု လှိုင်းလုံးတစ်ခုကို ခံစားလိုက်ရသည်။ မသေမျိုးလမ်းစဉ် ကျင့်ကြံခြင်းနှင့် လောကီ သိုင်းပညာကြားရှိ ကွာဟချက်မှာ သူ စိတ်ကူးထားသည်ထက် များစွာ ကြီးမားလှသဖြင့် သူတို့တွေ လီချင်းချိုးကို ကျေးဇူးတင်နေကြခြင်း ဖြစ်သည်။

အကယ်၍ လီချင်းချိုးကသာ သူတို့ကို ကိုယ်တိုင် မသင်ပေးခဲ့ဘဲ အရင်းအမြစ်များ အများအပြား မပေးခဲ့လျှင် သူတို့ ယနေ့ ရရှိထားသော စွမ်းအားမျိုး ရရှိလာမည် မဟုတ်ချေ။

အပြန်လမ်းတွင် ညီအစ်ကို သုံးယောက်သား တစ်ကြိမ်မက ရင်းနှီးပွင့်လင်းစွာ စကားပြောဖြစ်ခဲ့ကြပြီး အားလုံးက လီချင်းချိုး၏ သဘောထား ကြီးမြတ်မှုကို အားကျလေးစားကြောင်း ဖော်ပြခဲ့ကြသည်။

ဂိုဏ်းနှင့် ဤမျှ ကြီးမားသော ပဋိပက္ခ ရှိနေသည့် ဖခင်ဖြစ်သူကို သူတို့ အနေဖြင့် ယုံကြည်ရန် ခက်ခဲပေလိမ့်မည်။ လီချင်းချိုးက သူတို့ သီးသန့် ဘာတွေ ပြောကြသနည်း ဆိုသည်ကို မသိသော်လည်း သူတို့၏ သစ္စာရှိမှု တိုးလာခြင်းကို ကြည့်၍ သူ လူမရွေးမှားခဲ့ကြောင်း သိနိုင်ပေသည်။

သုံးယောက်သား၏ အစီရင်ခံစာများကို နားထောင်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။

ဤတိုက်ပွဲတွင် ရှောင်ဝူတိနှင့်ရှောင်ဝူမင်တို့က တိုက်ခိုက်ရေးကို တာဝန်ယူပြီး ရှောင်ဝူချင်းကတော့ ဗျူဟာရေးဆွဲခဲ့သည်။ သူတို့ ကောင်းကောင်း လုပ်နိုင်ခဲ့ပြီး သွေးထွက်သံယိုမှု တစ်စုံတစ်ရာ မဖြစ်စေခဲ့ချေ။

လီချင်းချိုးက ချင်းရှောင်ဂိုဏ်းကို သွေးဆာနေသော မိစ္ဆာဂိုဏ်းတစ်ခု မဖြစ်စေချင်ဘဲ ထိုစစ်တပ်ကို မောင်းထုတ်ရုံသာ လိုချင်ခဲ့ခြင်း ဖြစ်၏။

"ပြန်သွားပြီး သေချာ ကျင့်ကြံကြ... နောင်ကျရင် မင်းတို့အတွက် တာဝန်တွေ အများကြီး ရှိလာဦးမယ်... ပြီးတော့ မင်းတို့ရဲ့ စွမ်းဆောင်ရည်ကို ငါ မျှော်လင့်နေမယ်..."

ညီအကိုသုံးယောက်က ချက်ချင်းပင် အရိုအသေပေး၍ ထွက်ခွာသွားကြရင်း စကားပြောရင်း ရယ်မောနေကြသည်။ လီချင်းချိုးမှာ ညီအစ်ကို သုံးယောက် အကြားရှိ နက်ရှိုင်းသော သံယောဇဉ်ကို ကြည့်၍ ကျေနပ်နေမိသည်။

သူတို့ သုံးယောက် ဒီအတိုင်း ဆက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်…

လီချင်းချိုး မတ်တတ်ရပ်၍ အကြောဆန့်လိုက်ပြီး ဓားဂိုဏ်းသို့ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

လတ်တလော ဓားဂိုဏ်းသို့ ပါရမီရှင် တစ်ယောက် ရောက်လာသည်ဟု ကြားရသည်။

သူက ယုံကြည်မှုတွေ ပြည့်နှက်နေပြီး ဟန်လန်တောင် သူ့ကို မထိန်းချုပ်နိုင်ဘူးတဲ့...

ဒါဟာလည်း သူ့ကို နှိမ်နင်းဖို့ စွမ်းအား မရှိတာ မဟုတ်ဘဲ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကြောင့်ပင်။

အဲဒီ ပါရမီရှင်ရဲ့ စွမ်းအားက မလုံလောက်သေးပေမဲ့ သူ့ရဲ့ ပါရမီကို အားကိုးပြီး မာနထောင်လွှားပြီးဗိုလ်ကျနေတယ်... သူ့ကို ပြုပြင်ပေးဖို့ လိုတယ်...

လီချင်းချိုးက ထိုသူ၏ ကိုယ်ရေးအချက်အလက် မျက်နှာပြင်ကိုလည်း ပြန်လည် သုံးသပ်ကြည့်တော့ ပါရမီက အထူးကောင်းမွန်သော အဆင့်တွင် ရှိပြီး ထပ်မံ ပြုပြင်ပေးရန် ထိုက်တန်ပေသည်။

ပါရမီရှင်တွေက နည်းနည်း မာနကြီးတတ်တာ အဆင်ပြေပါတယ်... ပြုပြင်ပေးလို့ ရတာပဲ...

ချင်းရှောင်ဂိုဏ်းက ယခုအခါ ကမ္ဘာတစ်လွှား နာမည်ကြီးနေပြီ ဖြစ်ရာ တပည့် အရေအတွက် ပိုမို များပြားလာပြီး ပါရမီရှင်များ ပေါ်ထွက်လာနိုင်ခြေလည်း ပိုများလာသည်။သို့သော် ချင်းရှောင်ဂိုဏ်း ပိုမို အားကောင်းလာသည်နှင့်အမျှ ပါရမီရှင် အဖြစ် သတ်မှတ်ခြင်း၏ ကန့်သတ်ချက်ကလည်း မြင့်တက်လာသည်။

လီချင်းချိုး ဓားဂိုဏ်းသို့ ရောက်လာသောအခါ ဂိုဏ်းတစ်ခုလုံး ဆူညံသွားပြီး အကြောက်အလန့် မရှိသော တကိုယ်တော်ဓားသမားခင်မျာ ရှက်ရွံ့ပြီး ဣန္ဒြေကြီးသူ တစ်ယောက် ဖြစ်သွားသည်ကို တပည့်များက အံ့အားသင့်စွာ တွေ့လိုက်ရသည်။

တကိုယ်တော်ဓားသမား(ကျန်းတု) ဆိုသူမှာ ယခုနှစ်တွင် အသက် ဆယ့်လေးနှစ်သာ ရှိသေးသော ထိုပါရမီရှင်၏ အမည် ဖြစ်သည်။

သူက လောကီ ဓားသိုင်းများကို တစ်ခါ မြင်ရုံဖြင့် ကျွမ်းကျင်ပိုင်နိုင်နိုင်သဖြင့် ထိုပါရမီကို ရှန်ယွဲ့ပင် ချီးကျူးခဲ့သေးသည်။

ထူးချွန်လှသော ပါရမီဖြင့် သူက အခြားသူများနှင့် ဆက်ဆံရာတွင် မာနထောင်လွှားပြီး ရက်စက်ကြမ်းကြုတ်သည်။ တပည့်များနှင့် မကြာခဏ ပဋိပက္ခ ဖြစ်လေ့ရှိပြီး ဟန်လန်ကိုပင် ပြန်ခံပြောလေ့ရှိသည်။

ဤသို့ဖြင့် တကိုယ်တော်ဓားသမား ပါရမီရှင်ဟူသော အမည်က အဝေးထိ ပျံ့နှံ့သွားခဲ့သည်။ သူသည် အစစ်အမှန် တိုက်ပွဲကို မကြုံတွေ့ဖူးသေးသော်လည်း မည်သူကမျှ သူ့ရဲ့ ပါရမီကို သံသယ မဝင်ကြချေ။

လီချင်းချိုး ကိုယ်တိုင် လာရောက် တွေ့ဆုံရခြင်း၏ အကြောင်းရင်းမှာ ထိုသူ၏ မြင့်မားလှသော ပါရမီနှင့် အထူး ကံကြမ္မာကြောင့်သာမက လီချင်းချိုးအပေါ် လွန်စွာ မြင့်မားသော သစ္စာရှိမှုကြောင့်လည်း ဖြစ်ပြီး တစ်ခါမှ မဆုံဖူးသော်လည်း ၉၅ ရာခိုင်နှုန်းအထိ ရောက်ရှိနေသောကြောင့်ပင်။

လီချင်းချိုးနှင့် စကားပြောသောအခါ ကျန်းတု ဆက်မထိန်းထားနိုင်တော့ဘဲ လီချင်းချိုး ရှေ့တွင် ဒူးထောက်ကာ ငိုကြွေးတော့သည်။

တကယ်တမ်းတွင် ကျန်းတုကလည်း လီချင်းချိုး ကယ်တင်ခဲ့သူများထဲမှ တယောက်ဖြစ်နေသည်။

ထိုစဉ်က ကျန်းတုနှင့်သူ့ရဲ့ မိဘများကို မိစ္ဆာဂိုဏ်းက အကျဉ်းချထားခဲ့သည်။သူသည် ထိုအချိန်က ငယ်သေးသဖြင့် ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်မည်ကို မိဘများက စိုးရိမ်ခဲ့ကြသည်။ထို့ကြောင့် သူတို့က ဤနှစ်အထိ စောင့်ဆိုင်းပြီးမှ သူ့ကို တောင်ပေါ်သို့ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

ဤသို့သော အတိတ်က အတွေ့အကြုံကို သိထားသဖြင့် လီချင်းချိုး အနေဖြင့် သူ့ကို ဆုံးမရသည်မှာ ပိုမို လွယ်ကူသွားသည်။

"စစ်မှန်တဲ့ သန်မာသူဆိုတာ အားနည်းသူကို ကာကွယ်ပေးနိုင်တဲ့ သူပဲ... အကယ်၍ မင်းက မင်းထက် အားနည်းပြီး ပါရမီနည်းတဲ့ သူတွေနဲ့ ကောင်းကောင်း အဆင်ပြေအောင် နေနိုင်မယ်ဆိုရင် မင်းမှာ ကြီးမားတဲ့ ခွန်အား ရှိရုံတင်မကဘူး... ခိုင်မာတဲ့ နှလုံးသား တစ်ခုလည်း ရှိတယ် ဆိုတာ သက်သေပြနိုင်မှာပေါ့..."

ဤစကားများက ကျန်းတုကို နက်နက်ရှိုင်းရှိုင်း လှုပ်ခတ်သွားစေခဲ့ပြီး ဓားဂိုဏ်း တပည့်များ ရှေ့တွင် အပြုအမူများကို နောင်တွင် သေချာပေါက် ပြောင်းလဲမည် ဖြစ်ကြောင်း လီချင်းချိုးကို ကတိပေးခဲ့သည်။

ဤဇာတ်လမ်းက နောက်ပိုင်းတွင် ဂိုဏ်းတစ်ခွင်သို့ ပျံ့နှံ့သွားပြီး နာမည်ကြီး ပုံပြင်တစ်ပုဒ် ဖြစ်လာကာ တပည့်များစွာကို သူရဲကောင်းဆန်သော လုပ်ရပ်များ လုပ်ဆောင်ရန် အရေးကြီးကြောင်း အမှန်တကယ် နားလည်သဘောပေါက်သွားစေခဲ့သည်။

သူတို့က အကူအညီ လိုအပ်နေသူများကို ဝင်ရောက် ကူညီပေးခဲ့ကြရာ တစ်စုံတစ်ယောက်၏ အသက်ကိုပင် ကယ်တင်နိုင်ခဲ့ပေသည်။ တကယ်တမ်းတွင် ဤကဲ့သို့သော ဇာတ်လမ်းမျိုးက ချင်းရှောင်ဂိုဏ်း အတွင်း၌ အထူးအဆန်း မဟုတ်သော်လည်း ကျန်းတု၏ ပါရမီရှင် ကိုယ်ပိုင်လက္ခဏာက ဤဇာတ်လမ်းကို ပိုမို ဒဏ္ဍာရီဆန်သွားစေခဲ့သည်။

ယွင်ချိုင်နှင့် ကျန်းတုတို့မှာလည်း အလားတူပင် ဖြစ်သည်။ လီချင်းချိုး၏ အကူအညီသာ မရှိခဲ့လျှင် လောကကြီးက ပြိုင်ဘက်ကင်း ပါရမီရှင် နှစ်ယောက်ကို ဆုံးရှုံးသွားပေလိမ့်မည်။

အတွေ့အကြုံရှိသော တပည့်များစွာမှာ သူတို့ ကယ်တင်ခဲ့သော လူများထဲတွင် သူတို့၏ ကျေးဇူးကို လာဆပ်မည့် ပါရမီရှင်များ ပါဝင်ကောင်း ပါဝင်နိုင်သည်ဟု စတင် စိတ်ကူးယဉ်လာကြသည်။

ချင်းရှောင်ဂိုဏ်း တည်ထောင်ခဲ့သည်မှာ ဆယ့်သုံးနှစ် ရှိပြီ ဖြစ်သည်။

တပည့်များက တပည့်များ စတင် လက်ခံလာကြပြီး အမွေအနှစ်များ ဆက်လက် တည်ရှိလာခဲ့ပြီ။ တပည့် ပိုများလာသည်နှင့်အမျှ သိုင်းလောက၏ မွန်မြတ်သော စိတ်ဓာတ်ကို စတင် လိုက်စားလာကြပြီး လီချင်းချိုးကို သူတို့၏ ဘဝ ရည်မှန်းချက် အဖြစ် သတ်မှတ်လာကြသည်။ လီချင်းချိုးက တပည့် အများစုနှင့် ပိုမို ဝေးကွာလာနေသော်လည်း သူတို့၏ နှလုံးသားထဲတွင် သူ့ရဲ့ အဆင့်အတန်းက ပိုပိုပြီး မြင့်မားလာနေပြီး သူ့လုပ်ရပ်များကို လူသိများနေဆဲပင်။

ချီမျိုးနွယ် မိစ္ဆာများကို သတ်ဖြတ်ခဲ့သည့် သတင်းက ယခုမှသာ ၎င်း၏ ဩဇာလွှမ်းမိုးမှု အထွတ်အထိပ်သို့ ရောက်ရှိလာခြင်း ဖြစ်ပေသည်။

……………..

ညနေခင်းတွင်….

လီချင်းချိုးက လင်းရှောင်ခြံဝင်းတွင် ထိုင်၍ လ္ဘက်ရည်သောက်ရင်း ရွှယ်ကျင်းနှင့် ကျန့်ယွင်​ချောင်​တို့၏ အစီအစဉ်များကို နားထောင်နေသည်။

လီစစ်ဖုန်း တောင်အောက်ဆင်းသွားပြီးနောက် အတွေ့ကြုံရှာဖွေရေးခန်းမကို ရွှယ်ကျင်းနှင့် ကျန့်ယွင်ချောင်တို့က တာဝန်ယူခဲ့ရသည်။ သို့သော် သူတို့က အချိန်အများစုတွင် ယခင် စည်းမျဉ်းများအတိုင်းသာ လည်ပတ်ခဲ့ကြပြီး ယနေ့မှသာ အပြုသဘောဆောင်သော အကြံဉာဏ်များကို ရှားရှားပါးပါး တင်ပြလာခဲ့ကြသည်။

"တာဝန် အဆင့်သတ်မှတ်ချက်ဇယားနဲ့ အကျွမ်းတဝင်ရှိမှု အဆင့် သတ်မှတ်ချက် ဇယားကို စတင်လိုက်တာနဲ့ အဲဒါတွေက ပါရမီရှင်တွေအတွက် ပံ့ပိုးပေးရုံတင်မကဘူး... တပည့်တွေအတွက် အရှိန်အဟုန် တည်ဆောက်ပေးတာက သူတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ လှုံ့ဆော်ပေးနိုင်တယ်..." ဟု ကျန့်ယွင်ချောင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ယခုဆို အတွေ့အကြုံရှာဖွေရေးခန်းမက တာဝန်များကို ပိုမို လက်ခံရရှိနေပြီး လောကအနှံ့မှ တောင်းဆိုမှုများ ဝင်ရောက်လာနေသည်။ ချင်းရှောင်ဂိုဏ်း တပည့်များ၏ တည်ရှိမှုက ယခုအခါ ပြည်နယ်ကိုးခုတစ်ခွင်သို့ ပျံ့နှံ့နေပြီ ဖြစ်သည်။

လီချင်းချိုးက တစ်ခဏမျှ စဉ်းစားပြီးနောက် …

"အကြံကောင်း တစ်ခုပါပဲ... ဒါပေမဲ့ ပုန်းကွယ်နေတဲ့ အန္တရာယ်တွေတော့ ရှိလိမ့်မယ်... ငါ့ရဲ့ အကြံပြုချက်ကတော့ လစဉ်နဲ့ နှစ်စဉ် အဆင့် သတ်မှတ်ချက်တွေကိုပဲ ထုတ်ပြန်ပေးလိုက်.. အလုံးစုံ အဆင့် သတ်မှတ်ချက်နဲ့ ပတ်သက်လို့တော့ မင်းတို့ မှတ်တမ်းတင်ထားရုံပဲ လုပ်ပြီး ထုတ်ပြန်မကြေညာတာ ကောင်းမယ်..."

လူတွေ ရှိတဲ့ နေရာမှာ ဂိုဏ်းဂဏတွေ ရှိတာပဲ... ချင်းရှောင်ဂိုဏ်းက ကိုယ်ပိုင် ဂိုဏ်းတစ်ခု ဖြစ်လာခဲ့ပြီ... တပည့် သောင်းချီကြားမှာ ဘယ်လို ထင်ပေါ်အောင် လုပ်မလဲ ဆိုတာက တပည့်များစွာ လိုက်စားတဲ့ ရည်မှန်းချက် တစ်ခု ဖြစ်လာခဲ့ပြီ...

တပည့်များ နာမည်ကျော်ကြားမှုကို လိုက်စားခြင်းကို လီချင်းချိုး စိတ်မဆိုးသော်လည်း မည်သူကမျှ ဤအဆင့် သတ်မှတ်ချက်ကို ရရှိရန် မည်သည့် နည်းလမ်းကိုမဆို အသုံးပြုလာမည်ကို သူ မလိုလားချေ။

"ဂိုဏ်းချုပ် ပြောတာ မှန်ပါတယ်... အဲဒါကို တကယ် ထိန်းချုပ်ဖို့ လိုတယ်... ဂိုဏ်းချုပ်မှာ အမြော်အမြင်ရှိတဲ့ အမြင် ရှိတာပဲ... ကျွန်တော်တို့ ဂိုဏ်းချုပ်ဆီကနေ သင်ယူစရာတွေ အများကြီး ရှိပါသေးတယ်..."

ကျန့်ယွင်ချောင်၏ မျက်လုံးများ တောက်ပသွားပြီး အားကျလေးစားစွာ ပြောလိုက်သည်။

ရွှယ်ကျင်းက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်က..

ဘယ်လောက်တောင် မျက်နှာပြောင်တိုက်နိုင်တာလဲ...

သူတို့တွေ လစဉ်နှင့် နှစ်စဉ် အဆင့် သတ်မှတ်ချက်များ အကြောင်းကို အရင်က တွေးခဲ့ဖူးသော်လည်း ကျန့်ယွင်ချောင်က သူ မတွေးခဲ့မိသလို ဟန်ဆောင်လိမ့်မည်ဟု ရွှယ်ကျင်း မမျှော်လင့်ထားခဲ့ချေ။

ကျန့်ယွင်ချောင်၏ မြှောက်ပင့်မှုကို လီချင်းချိုးက အလွန် သက်သောင့်သက်သာ ရှိသည်ဟု ခံစားရသည်။

ဘာပဲဖြစ်ဖြစ် စကားကောင်းလေးတွေ ကြားရတာကို ဘယ်သူက မကြိုက်ဘဲ နေမှာလဲ..

သူက သူတို့ နှစ်ယောက်ကို အားပေးစကား ပြောကြားခဲ့ပြီး အတွေ့အကြုံရှာဖွေရေးခန်းမ အရမ်း မပျင်းရိစေရန် အသံတချို့ ရှိဖို့ တကယ် လိုအပ်သဖြင့် ရှေ့ဆက်လုပ်ဆောင်ရန် ပြောလိုက်သည်။ အတန်ကြာ စကားပြောပြီးနောက် ရွှယ်ကျင်းတို့ထွက်ခွာသွားကြသည်။

ထို့နောက် မိစ္ဆာနှိမ်နင်းရေးခန်းမမှ ချန်ချန်ဟိုင် ထပ်မံ ရောက်ရှိလာသဖြင့် လီချင်းချိုး မနားရသေးချေ။

သူက ပင်လယ်ထဲတွင် ပုန်းအောင်းနေသော မိစ္ဆာသားရဲ သေချာပေါက် ရှိရမည်ဖြစ်ပြီး အနာဂတ် ပင်လယ် ရှာဖွေရေးများကို ပိုမို လွယ်ကူစေရန် ချင်းရှောင်ဂိုဏ်း အနေဖြင့် မိစ္ဆာသားရဲ၏ အကူအညီ လိုအပ်သည်ဟု ယုံကြည်ကာ ယွမ်ထျဲဆိပ်ကမ်းမြို့တွင် ခန်းမခွဲ တစ်ခု တည်ထောင်ချင်နေသည်။ လီချင်းချိုးကလည်း သဘောတူလိုက်ပြီး ဝိညာဉ်ထိန်းချုပ်ရေးခန်းမသို့ အရင် အစီရင်ခံရန်၊ ထို့နောက် လက်မှုခန်းမသို့ သွား၍ တည်ဆောက်ရေး အစီအစဉ်များကို အပြီးသတ်ရန်နှင့် နောက်ဆုံးတွင် ရန်ပုံငွေ တောင်းခံရန် ဘဏ္ဍာရေးခန်းမသို့ သွားရန် ညွှန်ကြားလိုက်သည်။

ချန်ချန်ဟိုင် ထွက်သွားချိန်တွင် မှောင်နေပြီ ဖြစ်သဖြင့် လီချင်းချိုး မတ်တတ်ရပ်၍ အကြောဆန့်လိုက်သည်။ထိုစဉ် ချူကျင်း ပေါ်လာပြီး ရယ်မောလိုက်ကာ…

"သခင်... ချင်းရှောင်ဂိုဏ်းက ပိုပိုပြီး အစွမ်းထက်လာနေပြီ... သခင်က လောကကြီးရဲ့ ကံကြမ္မာကို ဆုံးဖြတ်နိုင်တယ်လို့ ခံစားရတယ်..."

လီချင်းချိုးက မသေမျိုးဂူဆီသို့ လျှောက်သွားရင်း သူ့ကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။

"မင်း ငါ့အတွက် အလုပ်လုပ်ပေးချင်လား..."

ထိုအခါ ချူကျင်း မှင်သက်သွားပြီး အံ့အားသင့်စွာဖြင့်…

"ကျွန်တော်က တစ္ဆေ တစ်ကောင် ဖြစ်နေပြီလေ... သခင့်အတွက် ဘယ်လို အလုပ်လုပ်ပေးနိုင်မှာလဲ..."

"အရင်ကလိုပဲ မျက်နှာဖုံး တပ်လိုက်... မင်းရဲ့ ဝိညာဉ်ကို လုံးဝ ဖုံးကွယ်ထားဖို့ပဲ လိုတယ်... မင်း တစ်ယောက်တည်း လှုပ်ရှားနိုင်တဲ့ စွမ်းရည်ကို ငါ ဖန်တီးပေးမယ်... ဘာပဲဖြစ်ဖြစ် မင်းရဲ့ လှုပ်ရှားမှု နယ်ပယ်က ချင်းရှောင်ဂိုဏ်း အတွင်းမှာပဲ ရှိတာ..." ဟု လီချင်းချိုးက ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း ချူကျင်း၏ ရင်ခုန်သံများ မြန်ဆန်လာသည်။

သူက တစ္ဆေ တစ်ကောင် ဖြစ်နေပြီ ဆိုသော်လည်း ဤခံစားချက်များ ရှိနေဆဲပင်။

"အကယ်၍ သခင်ကသာ ကျွန်တော့်ကို အခွင့်အရေး ပေးမယ်ဆိုရင် ကျွန်တော် သေချာပေါက် ဆန္ဒရှိပါတယ်..."

ရိုးရိုးသားသား ပြောရလျှင် ချင်းရှောင်ဂိုဏ်း၏ စီမံခန့်ခွဲမှုအပေါ် အမြင်များ ရှိနေသည်မှာ ကြာပြီ ဖြစ်သော်လည်း ထုတ်ပြောရန် သူက အရေးပါသူ တစ်ယောက် မဟုတ်ခဲ့ချေ။

လီချင်းချိုးက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး…

"မင်း ပရမ်းပတာ လျှောက်လုပ်ရင်တော့ မင်းကို လေထဲမှာ ပျောက်ကွယ်သွားအောင် ငါ လုပ်ပစ်မယ်..."

"ကျွန်တော် ဘယ်လိုလုပ် မဆင်မခြင် လှုပ်ရှားမှာလဲ... အရင်က နန်းတော်မှာ ကျွန်တော် လုပ်ခဲ့တာက ကျောက်ကျိကို လျှို့ဝှက် ကြံစည်ဖို့ပါ..."

"ဒါဆို ကောင်းတာပေါ့..."

…….

တောက်ပသော လမင်းနှင့် ရှားပါးသော ကြယ်များအောက်တွင် ကြီးမားသော ခန်းမကြီး တစ်ခုထဲ၌ လီစစ်ဖုန်းနှင့် ဖေမြောင်တို့က တစ်ဖက်တွင် ထိုင်နေကြပြီး ဗိုလ်ချုပ်များနှင့် ဗျူဟာမှူးများက အောက်တွင် ထိုင်နေကြ၏။

သူ့ မျက်နှာချင်းဆိုင်တွင် အခြား ပဒေသရာဇ်မင်း တစ်ပါး၏ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိ တစ်ဦး ထိုင်နေပြီး သူက ခေါင်းဆောင် နေရာတွင် ထိုင်ကာ လီစစ်ဖုန်းနှင့် စကားပြောရင်း ရယ်မောနေသည်။

ကျူရှန်းဟု အမည်ရသော ဤပဒေသရာဇ်မင်းမှာ အသက် လေးဆယ် အရွယ်ခန့် ရှိပုံရပြီး ကြင်နာတတ်သော မျက်နှာထား ရှိကာ ရက်ရောပြီး ရိုးသားကာ ဧည့်ဝတ်ကျေပွန်သော အသွင်ကို ပေးစွမ်းနေသည်။

သူတို့ နှစ်ယောက်မှာ အလွန် သာယာသော စကားဝိုင်း တစ်ခု ရှိခဲ့ကြပြီး လေထုထဲတွင် ရယ်မောသံများ ပြည့်နှက်နေသည်။

ဝိုင်တစ်အိုး သောက်ပြီးနောက် လီစစ်ဖုန်းက ကျူရှန်းကို ကြည့်ကာ …

"သခင်ကြီးကျူ... လောကမှာ အင်အားအကြီးဆုံး မိသားစု သုံးခုက ချိုက်၊ လျို နဲ့ ဖေ့ တို့ပဲ... ဒီမိသားစု သုံးခုက ခိုင်မာတဲ့ အုပ်စိုးရှင် တစ်ယောက်ရဲ့ ရည်မှန်းချက် မျိုး မရှိတော့ဘဲ သူတို့ရဲ့ ကိုယ်ပိုင် တိုင်းပြည်တွေကို တည်ထောင်ချင်နေကြတယ်... ဒါက ကောင်းတဲ့ ကိစ္စ မဟုတ်ဘူး...တာ့လီ မင်းဆက်က နောက်ဆုံးတော့ ပြည်နယ်ကိုးခုမြေကို စည်းလုံးနိုင်ခဲ့ပြီ... ပြည်နယ် ကိုးခုကို ကိုယ့်လူတွေနဲ့ ကိုယ် အုပ်ချုပ်တဲ့ စစ်မက်ဖြစ်ပွားနေတဲ့ ခေတ်ကို ဘယ်လိုလုပ် ပြန်သွားလို့ ရမှာလဲ... အကယ်၍ အဲဒီလို ဖြစ်သွားရင် လောကကြီးက အမြဲတမ်း စစ်မက် ဖြစ်ပွားနေမှာ ဖြစ်ပြီး ပြည်သူတွေ ဘယ်တော့မှ ငြိမ်းချမ်းရမှာ မဟုတ်ဘူး..."

All Chapters