← Chapters

ခေတ်ပြိုင် သိုင်းလောက ဒဏ္ဍာရီ…..

Vol. 20 Ch. 200

ခေတ်ပြိုင် သိုင်းလောက ဒဏ္ဍာရီ…..

Vol. 20 Ch. 200

"ရပ်လိုက်... ဒီနေရာက ထျန်းရွှမ်တောင်ပဲ... ပြင်ပလူတွေ ဝင်ခွင့် မပြုဘူး..."

ကျယ်လောင်သော အသံတစ်ခုက တောင်များကြားတွင် ပဲ့တင်ထပ်သွားသဖြင့် တောင်ပေါ်သို့ လျှောက်တက်လာနေသော လီရန်နှင့် အခြားသူများက သေချာ ကြည့်လိုက်ရာ တာအိုဝတ်ရုံနှင့် လူငယ်တစ်ယောက် ချောက်ကမ်းပါးပေါ်တွင် ရပ်၍ သူတို့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

လီရန်က "ငါတို့က ချင်းရှောင်ဂိုဏ်းက တပည့်တွေပါ... ထျန်းရွှမ်တောင်ကို ဖြတ်သွားရင်းနဲ့ ရက်အနည်းငယ်လောက် တည်းခိုချင်လို့ပါ... အကယ်၍ ခင်ဗျား တောင်ပေါ် တက်လာရင် ကျေးဇူးပြုပြီး အကြောင်းကြားပေးပါ..."

ချင်းရှောင်ဂိုဏ်းသည် လောကတစ်ခွင်တွင် နာမည်ကြီးပေသည်။ သူတို့ သွားလေရာ နေရာတိုင်းတွင် သူတို့၏ ဇာစ်မြစ်ကို ပြောပြလိုက်သရွေ့ မည်သူကမျှ သူတို့ကို အထင်မသေးရဲကြသဖြင့် မလိုအပ်သော ပဋိပက္ခများစွာကို လျော့နည်းစေသည်။ ဤစကားကို ကြားသောအခါ တာအိုဝတ်ရုံနှင့် လူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

"ဒါဆို မင်းတို့ ဒီနေရာမှာပဲ စောင့်နေကြ... ပြီးတော့ တောင်ပေါ်ကို အတင်း တက်ဖို့ မကြိုးစားနဲ့..."

"သေချာတာပေါ့... စိတ်မပူပါနဲ့..."

လီရန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပြီး တောင်ပေါ်တက်ရန် အလျင်စလို မလုပ်ခဲ့ချေ။ တာအိုဝတ်ရုံနှင့် လူကို အကြောင်းပြန်ပြီးနောက် သူက လှည့်၍ တပည့်များကို အနားယူရန် နေရာတစ်ခု ရှာရန် ပြောလိုက်သည်။ ဤသည်ကို မြင်သောအခါ တာအိုဝတ်ရုံနှင့် လူက တဖက်လှည့်၍ တောင်ပေါ်သို့ တက်သွားသည်။

ကျန်းဖျင်လည်း ထိုင်ရန် နေရာတစ်ခုကို ရှာတွေ့သွားပြီး မော့ကြည့်လိုက်သည်။ ထျန်းရွှမ်တောင်က ကောင်းကင်လောက် မြင့်မားပြီး နှစ်ဖက်စလုံးတွင် အဆုံးအစမရှိ ရှည်လျားကာ ခမ်းနားထည်ဝါပြီး ကျယ်ပြန့်သော တောင်ကိုယ်ထည် ရှိသည်။ တောင်တစ်ဝက်ခန့်တွင် ကျောက်တုံးဖြူကြီး တစ်တုံး ရှိနေ၏။ ပထမအမြင်တွင် တောင်ကြီးက လေထဲတွင် တွဲလောင်းကျနေသကဲ့သို့ ထင်ရသည်။ တောင်ခြေသို့ ရောက်လာလျှင်ပင် ဤကဲ့သို့ ခမ်းနားသော မြင်ကွင်းကြောင့် သင် အံ့အားသင့်နေရဦးမည်ပင်။

ထိုစဉ် ပိုင်နင်းအာက သူ့အနားသို့ လာကာ….

"မင်း လမ်းတစ်လျှောက်လုံး မျက်မှောင်ကြုတ်နေတာပဲ... ဘာကို စိုးရိမ်နေတာလဲ... စီနီယာ အစ်ကိုလီက အဖွဲ့ကို ဦးဆောင်နေပြီး မူလအားဖြည့်နယ်ပယ် စတုတ္ထအလွှာက လူတွေလည်း အများကြီး ပါလာတာကို... သန်းနဲ့ချီတဲ့ ရန်သူ့ စစ်တပ်နဲ့ တွေ့ရင်တောင် ငါတို့ ထွက်ပေါက်ကို တိုက်ခိုက်ပြီး ဖွင့်နိုင်တယ်..."

ကျန်းဖျင်၏ အကြည့်က ထျန်းရွှမ်တောင် အပေါ်တွင်သာ စူးစိုက်နေပြီး…

"ဒါပေမဲ့ ဒီလောကမှာ သန်းနဲ့ချီတဲ့ ရန်သူ့ စစ်တပ်ထက် ပိုကြောက်စရာကောင်းတဲ့ အရာတွေ ရှိတယ်လေ..."

ပိုင်နင်းအာက သူ တကယ်ပဲ သရဲပူးခံနေရသည်ဟုပင် ထင်လိုက်မိသည်။

ဘာလို့ ဒီကောင်လေး အရင်ကထက် ပိုကြောက်တတ်နေရတာလဲ... နောက်တစ်ခါ သူ့ကို ငါ ထပ်ခေါ်လာလို့ မရတော့ဘူး... လမ်းတစ်ဝက်မှာတင် အကြောက်လွန်ပြီး သေသွားမှာ စိုးလို့...

ပိုင်နင်းအာက သူ့ကို ဆက်ဂရုမစိုက်တော့ဘဲ မတ်တတ်ရပ်ကာ လီရန်၏ ဘေးတွင် သွားထိုင်လိုက်သည်။

အချိန်တွေက ဖြည်းညင်းစွာ ကုန်လွန်သွားပြီး အချိန် တစ်နာရီ အပြည့် ကုန်လွန်သွားပြီးနောက်မှသာ တာအိုဝတ်ရုံနှင့် လူက သူတို့၏ မြင်ကွင်းထဲသို့ နောက်ဆုံးတွင် ရောက်လာပြီး သူတို့ကို လက်ဝှေ့ယမ်းပြလိုက်သဖြင့် လီရန်က မတ်တတ်ရပ်ပြီး “

တောင်ပေါ်တက်ကြစို့... ငါ အရင်က ပြောခဲ့တာကို မှတ်ထားနော်... ကံကောင်းခြင်း နိမိတ်ကောင်ကို မြင်ရင်တောင် အလျင်စလို မလှုပ်ရှားကြနဲ့..."

တပည့်များ အားလုံးက တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်ကြသော်လည်း ကျန်းဖျင်ကမူ တိတ်တဆိတ် ထွက်ပြေးချင်ခဲ့သော်လည်း ဂိုဏ်း၏ ပြုစုပျိုးထောင်ပေးမှုကို စိတ်ပျက်အောင် လုပ်သလို ဖြစ်သွားမည်ဟု ခံစားရသဖြင့် ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချကာ တောင်ပေါ်သို့ တက်ရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။

...

နွေရာသီ ရောက်ရှိလာပြီ …..

နေရောင်ခြည်များက သစ်တောထဲသို့ ဖြာကျနေစဉ် လီချင်းချိုးက မသေမျိုးဂူ အဝင်ဝတွင် ရပ်နေပြီး ချူကျင်းကို ကျေနပ်သော အမူအရာဖြင့် ကြည့်နေသည်။

လပေါင်းများစွာ သုတေသန လုပ်ပြီးနောက် တစ္ဆေများကို အစစ်အမှန် အသွင်ဆောင်နိုင်စေသည့် မှော်အတတ် တစ်ခုကို နောက်ဆုံးတွင် ဖန်တီးနိုင်ခဲ့သည်။

ချူကျင်းက ယခုအခါ ဝတ်ရုံနက်၊ မျက်နှာဖုံးနှင့် ဝါးခမောက် တစ်လုံးကို ဆောင်းထားပြီး လက်များကို အဖြူရောင် အဝတ်စဖြင့် ပတ်ထားကာ လည်ပင်းကိုပင် မပေါ်စေရန် ဖုံးကွယ်ထားသည်။

ကောင်းကင်သက်တံဓားကိုလည်း ချူကျင်း၏ ခါးတွင် ချိတ်ဆွဲထာသေးသည်။ ဤအချိန်တွင် ချူကျင်းမှာ လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်ပုံရသဖြင့် လီချင်းချိုးကို ကျေနပ်အားရစွာ ခေါင်းညိတ်သွားစေသည်။

နန်ကုန်းအာနှင့် လင်းချွမ်တို့လည်း ထွက်လာကြပြီး ချူကျင်းကို မနာလိုစွာ ကြည့်နေကြသည်။

တကယ်တမ်းတွင် ချူကျင်းက ကောင်းကင်သက်တံဓားနှင့် တွယ်ကပ်နေခြင်း ဖြစ်သည်။ ကောင်းကင်သက်တံဓား သူ့ထံတွင် ရှိနေသရွေ့ အချိန်ကြာမြင့်စွာ လှုပ်ရှားသွားလာနိုင်ပေသည်။ သို့သော် နန်ကုန်းအာနှင့် လင်းချွမ်တို့ကတော့ ဤသို့ မလုပ်နိုင်ကြချေ။

သူတို့နှစ်ယောက်ကတော့ လီချင်းချိုးနှင့် အချိန်ကြာမြင့်စွာ ခွဲခွာ၍ မရနိုင်ပေ။

"သခင်... အခုကစပြီး ကျွန်တော့်ကို ဘယ်လို ခေါ်သင့်လဲ..."

"ကျင်းသခင်ကြီးလို့ ခေါ်ကြတာပေါ့..."

ဤစကားကို ကြားသောအခါ မျက်နှာဖုံး အနောက်တွင် ပုန်းကွယ်နေသော ချူကျင်း၏ မျက်လုံးများက ဝမ်းသာအားရ တောက်ပသွားသည်။

ကျင်းသခင်ကြီးဟူသော နာမည်က သူ လျှို့ဝှက်ဆန်းကြယ် မြို့စားကြီး ဖြစ်ခဲ့စဉ်က ခံစားချက်မျိုးကို ပြန်လည် ယူဆောင်လာပေးသဖြင့် သူ အတော်လေး စိတ်လှုပ်ရှားသွားသည်။

မကြာမီမှာပင် လူတစ်ယောက်က လင်းရှောင်ခြံဝင်းမှ ပြေးလာခဲ့သည်။ထိုသူမှာ ယွမ်ချီ ဖြစ်သည်။

ယွမ်ချီက ချူကျင်းကို အဝေးမှနေ၍ မြင်လိုက်ရပြီး မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။ ချူကျင်း၏ ဝတ်စားဆင်ယင်မှုက လွန်စွာ လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်မက်ဖွယ် ကောင်းလှသဖြင့် သူ့ကို မသိစိတ်မှပင် မအီမသာ ဖြစ်သွားစေသည်။

ကံကောင်းထောက်မစွာဖြင့် ဂိုဏ်းချုပ်ကလည်း ထိုနေရာတွင် ရှိနေသည်။

"ယွမ်ချီ... ဒီနေ့ကစပြီး မင်း သူနဲ့ အလုပ်တွဲလုပ်ရမယ်... ပြီးတော့ သူ့ကို ဂိုဏ်းနဲ့ ရင်းနှီးအောင် လုပ်ပေးလိုက်..."

ဟု လီချင်းချိုးက ညွှန်ကြားလိုက်တော့ ယွမ်ချီက ချူကျင်းကို မကြည့်ဘဲ မနေနိုင်တော့ချေ။

"ဒီလူကြီးမင်းကို ကျွန်တော် ဘယ်လို ခေါ်ရမလဲ..."

"သူ့ကို ကျင်းသခင်ကြီးလို့ ခေါ်လိုက်ပါ... သူ့ရဲ့ ကိုယ်ရေးအချက်အလက်က ထူးခြားတယ်... ပြီးတော့ ဘယ်သူမှ သူ့ကို မျက်နှာဖုံး ချွတ်ဖို့ အတင်းအကျပ် မလုပ်ရဘူး..."

ဤစကားများက ယွမ်ချီကို ချူကျင်းအပေါ် ပို၍ပင် စပ်စုချင်စိတ် ဖြစ်ပေါ်လာစေသော်လည်း နောက်ထပ် မေးခွန်းများ မမေးရဲတော့ဘဲ ချူကျင်းနှင့်အတူ ချက်ချင်း ထွက်ခွာသွားလေသည်။

ထို့နောက် လီချင်းချိုးက လှည့်၍ ချောက်ကမ်းပါး အစွန်းသို့ လျှောက်သွားကာ အကြောဆန့်လိုက်သည်။ လီရှို့ကျန်းနှင့် လီရှို့မင်တို့ ကြီးပြင်းလာသည်နှင့်အမျှ လီချင်းချိုးက သူတို့အပေါ် စိတ်ဝင်စားမှု လျော့နည်းလာသဖြင့် တပည့်များကို အလှည့်ကျ ကလေး နှစ်ယောက်အား စောင့်ရှောက်စေခဲ့ရာ ယခုအခါ ကလေး နှစ်ယောက်က ကျိယာ၏ ခြံဝင်းတွင် နေထိုင်နေကြသည်။

လီချင်းချိုးက ထိုခြံဝင်းထဲရှိ အခြေအနေကို တစ်ချက် ကြည့်ရှုရန် ဝိညာဉ်အာရုံကို အသုံးပြုနိုင်ပေသည်။

ကျိယာက ကလေးများကို ချစ်မြတ်နိုးပြီး သူ့ အဖော်များကလည်း သူ့ကို ခြံဝင်းထဲတွင် အဖော်ပြုပေးထားကြရာ လေထုထဲတွင် ရယ်မောသံများ ပြည့်နှက်နေသည်။

ကျီယာ ပိုပိုပြီး ပျင်းရိလာကြောင်း လီချင်းချိုး သတိပြုမိသော်လည်း သူ့ကို မဆုံးမခဲ့ချေ။ မည်သို့ပင်ဆိုစေ လူတိုင်းက ကျင့်ကြံခြင်းတွင် ကြိုးစားပမ်းစား လုပ်နိုင်ကြသည် မဟုတ်ချေ။ ကျိယာသာ ကျင့်ကြံခြင်းကို လုံးဝ စွန့်လွှတ်မသွားသရွေ့ အဆင်ပြေပါသည်။

ကျိယာ၏ သန့်စင်ခြင်းတစ်ရာ မိစ္ဆာခန္ဓာကိုယ်နှင့် ထူးချွန်သော ပါရမီတို့ကြောင့် ကြိုးစားပမ်းစား မကျင့်ကြံလျှင်တောင် ကျီယာက မူလအားဖြည့်နယ်ပယ် ပဉ္စမအလွှာသို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဆဋ္ဌမအလွှာနှင့် အလွန် နီးစပ်နေပြီ ဖြစ်သည်။

အမြော်အမြင်ရှိသော တပည့် မည်မျှပင် မမောမပန်း ကျင့်ကြံပါစေ သူတို့က မူလအားဖြည့်နယ်ပယ် တတိယအလွှာကို ဘယ်တော့မှ ကျော်လွန်နိုင်မည် မဟုတ်ချေ။

လူတွေကြားက ကွာခြားချက်တွေကို လီချင်းချိုး တွေးတောနေစဉ်မှာပင် ယွင်ချိုင်က ဓားပျံစီး လာပြီး သူ့ရှေ့ရှိ လေထဲတွင် ရပ်နားလိုက်သည်။

"ဂိုဏ်းချုပ်... ကျွန်မရဲ့ ဝိညာဉ်နုတ်ဓားပျံက အဆင့်သစ် တစ်ခုကို ရောက်သွားပြီ... ဂိုဏ်းချုပ် ကြည့်ချင်လား..." ဟု ယွင်ချိုင်က မျှော်လင့်ချက်များဖြင့် မေးလိုက်တော့ လီချင်းချိုးက ကူကယ်ရာမဲ့စွာဖြင့်…

"မင်းက ပါရမီရှင် တစ်ယောက်ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ တိုးတက်မှု အသေးအမွှားလေး ဖြစ်တိုင်း ငါ့ဆီ လာစရာ မလိုပါဘူး... မင်း မပင်ပန်းဘူးလား..."

သန့်စင်ခြင်းတစ်ထောင်ကံကြမ္မာ ရှိနေသဖြင့် ယွင်ချိုင်သာ ကြိုးစားသရွေ့ ရလဒ်ကောင်းများ ရရှိရန် ဖန်တီးခံထားရသူ ဖြစ်သည်။ ထို့ပြင် သူမက ရွှီနင်းနှင့် ကျောက်ကျိန်းတို့လို ကြိုးစားပမ်းစား ကျင့်ကြံသဖြင့် သူမ၏ ကျင့်ကြံခြင်းအတွက် စိုးရိမ်စရာ မရှိချေ။

ကံမကောင်းစွာဖြင့် ဤကောင်မလေးက ရက်အနည်းငယ် ကြာတိုင်း သူ့ကို လာတွေ့လေ့ရှိပြီး ယွမ်ချီထက်ပင် ပိုမို မကြာခဏ ရောက်လာတတ်သည်။

အချိန် အများကြီး အတူတူ ဖြတ်သန်းပြီးနောက် ယွင်ချိုင်က လီချင်းချိုး ရှေ့တွင် စိမ်းကားနေခြင်း မရှိတော့ချေ။

"ကျွန်မ လမ်းမှားသွားမှာ စိုးလို့ပါ... ဝိညာဉ်နုတ်ဓားပျံက အရမ်း ရှုပ်ထွေးလွန်းတယ်... ဝိညာဉ်နုတ်ဓားပျံကို လေ့ကျင့်တိုင်း ဒီလို ဓားသိုင်းမျိုးကို ဖန်တီးနိုင်ခဲ့တဲ့ ဂိုဏ်းချုပ်က ဘယ်လောက်တောင် အံ့မခန်း ဖြစ်လိုက်မလဲဆိုပြီး ကျွန်မ အံ့သြရတယ်... ကျွန်မ အမြင်အရဆိုရင် စီနီယာရှန်က ဓားနတ်ဘုရား မဟုတ်ဘူး... ဂိုဏ်းချုပ်ကမှ အစစ်အမှန် ဓားနတ်ဘုရားပဲ..."

"အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့... ငါ အဲဒီလောက် မစွမ်းဆောင်နိုင်ပါဘူး..."

လီချင်းချိုးက လေးနက်နေပုံ ပေါ်သော်လည်း သူ၏ နှုတ်ခမ်းထောင့်များက အပြုံးတစ်ခု အဖြစ် ကွေးတက်သွားသည်ကို မတားဆီးနိုင်ခဲ့ချေ။ ယွင်ချိုင်က သူ့ရဲ့ စိတ်နေသဘောထားကို ယေဘုယျအားဖြင့် သိထားပြီး ဤစကားများကို ကြားသောအခါ သူမက လီချင်းချိုးကို နောက်တစ်ကြိမ် အောင်မြင်စွာ မြှောက်ပင့်နိုင်ခဲ့ပြီ ဆိုတာ သိလိုက်ချေပြီ။

ချက်ချင်းပင် သူမက ဝိညာဉ်နုတ်ဓားပျံကို စတင် ပြသတော့သည်။ သူမ၏ ညာဘက် လက်ဖဝါး ပွင့်သွားပြီး ဝိညာဉ်နုတ်ဓားပျံ ဆယ့်နှစ်လက်က ပျံထွက်လာကာ သူမ၏ ပတ်လည်တွင် လှည့်ပတ်နေသဖြင့် လီချင်းချိုး အံ့အားသင့်သွားသည်။

ဝိညာဉ်နုတ်ဓားပျံကို သူမ ဤမျှအထိ ကျွမ်းကျင်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ ဝိညာဉ်နုတ်ဓားပျံ ဆယ့်နှစ်လက်ကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ရန် မဆိုထားနှင့် ဝိညာဉ်နုတ်ဓားပျံ တစ်လက်တည်းကို စုစည်းပြီး ထိန်းချုပ်ရန်ပင် အလွန် ခက်ခဲလှပေသည်။ ဝိညာဉ်နုတ်ဓားပျံကို ဖျက်ဆီး၍ မရနိုင်သလို ဝိညာဉ်များကိုလည်း ဖိနှိပ်ထားနိုင်သည်။

ယွင်ချိုင်၏ ဥပဒေတသောင်းဝိညာဉ်မျက်လုံးကံကြမ္မာ နှင့် ပေါင်းစပ်လိုက်သောအခါ နယ်ပယ်တူတွင် မည်သူက သူမကို အနိုင်ယူနိုင်မည် ဆိုသည်ကို လီချင်းချိုး တွေး၍ပင် မရနိုင်တော့ချေ။

အစွမ်းထက်သော မူလချီစွမ်းအင်များက သမုဒ္ဒရာ လှိုင်းလုံးများကဲ့သို့ ယွင်ချိုင်အပေါ် ရိုက်ခတ်လာပြီး သူမအတွက် အားနည်းချက် တစ်ခု ရှာရန် ခက်ခဲစေသည်။ ကံမကောင်းစွာဖြင့် ကျိယာ၏ တိုက်ခိုက်ရေး ပါရမီက မမြင့်မားချေ။ သူတို့ တိုက်ခိုက်ကြသည်နှင့် ကျိယာ မလှုပ်ရှားနိုင်မီမှာပင် ယွင်ချိုင်၏ ဝိညာဉ်နုတ်ဓားပျံ ထိမှန်ခံရနိုင်ခြေ များပေသည်။ နောက်ထပ် အမွှေးတိုင် တစ်တိုင်စာ အချိန်အတွင်း ယွင်ချိုင်က ဝိညာဉ်နုတ်ဓားပျံကို နည်းလမ်း အမျိုးမျိုးဖြင့် ပြသခဲ့သည်။ သူမ၏ မူလချီစွမ်းအင်က နယ်ပယ်တူရှိ အခြားသူများနှင့် မတူညီကြောင်း လီချင်းချိုး တွေ့ရှိလိုက်ရသည်။

ခက်ခဲတဲ့တာအိုရဲ့ အကျိုးသက်ရောက်မှုက သန့်စင်ခြင်းတစ်ထောင်ကံကြမ္မာနဲ့ တူနေလို့လား... သူမ၏ နေ့စဉ် ဟွမ်ယွမ်ကျမ်းစာကို ကျင့်ကြံခြင်း အရ နားလည်သဘောပေါက်မှုက အခြား တပည့်များထက် များစွာ သာလွန်နေမည်မှာ သေချာသည်။

လီချင်းချိုး၏ မူလချီစွမ်းအင်က အဆက်မပြတ် တိုးလာနေသဖြင့် ဤတိုးလာမှုက ကျင့်ကြံခြင်း အဆင့် တိုးလာခြင်းကြောင့်လား သို့မဟုတ် သန့်စင်ခြင်းတစ်ထောင်၏ အကျိုးသက်ရောက်မှုကြောင့်လား ဆိုသည်ကို သူ မခွဲခြားနိုင်တော့ချေ။

ထို့ပြင် သူ ရည်ညွှန်းနိုင်မည့် ဒုတိယမြောက် ဝိညာဉ်အသိအာရုံအဆင့် ကျင့်ကြံသူ တစ်ယောက်မှလည်း မရှိချေ။ သို့သော် ယွင်ချိုင်ကို ကြည့်ရသည်မှာ သန့်စင်ခြင်းတစ်ထောင်က ကျင့်ကြံခြင်းနည်းစနစ်အတွက်လည်း အကျိုးကျေးဇူးများ ပေးစွမ်းပုံ ရသည်။

လက်ရှိတွင် ယွင်ချိုင်က ကျိယာလောက် မချဲ့ကားသော်လည်း သူမ၏ မူလချီစွမ်းအင်က သာမန် အလွှာလေးခု တပည့် တစ်ယောက်၏ မူလချီစွမ်းအင်ထက် နှစ်ဆ ပိုကြီးမားနေပြီ ဖြစ်သည်။ သူ ယွင်ချိုင်ကို လျှော့တွက်ထားခဲ့ကြောင်း လီချင်းချိုး ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

ဤ သန့်စင်ခြင်းတစ်ထောင်ကံကြမ္မာက တော်တော်လေး လွန်ကဲလွန်းတယ်...

သို့သော် ယွင်ချိုင် မည်မျှပင် လေ့ကျင့်ပါစေ သူမက သန့်စင်ခြင်းတစ်ရာ မိစ္ဆာခန္ဓာကိုယ်၏ အကျိုးသက်ရောက်မှုကို ရရှိနိုင်မည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေသန့်စင်ခြင်းတစ်ထောင်က နားလည်သဘောပေါက်နိုင်စွမ်းကိုသာ တိုးမြှင့်ပေးပြီး နောင်တွင် ရုပ်ခန္ဓာကို မြှင့်တင်ပေးနိုင်သည့် နည်းစနစ် တစ်ခု ပေါ်လာခြင်း မရှိသရွေ့ ကျင့်ကြံခြင်းနည်းစနစ်က ပါရမီအပေါ် မူတည်နေမည် ဖြစ်သည်။

နေပါဦး... သူမကို ကောင်းကင်ကန်းရွှေခန္ဓာကိုယ်ပညာရပ်ကိုရော သင်ပေးသင့်လား... သူမက အရမ်း ပိန်ပါးပြီး အားနည်းလွန်းသဖြင့် အစွမ်းထက်ပြီး ကြမ်းတမ်းသော လှုပ်ရှားမှုများနှင့် မကိုက်ညီဟု လီချင်းချိုးက ယခင်က ထင်ခဲ့သော်လည်း ယခုအခါ ထိုသို့ မဟုတ်နိုင်ကြောင်း ထင်လာမိသည်။

ကောင်းကင်ကန်းရွှေခန္ဓာကိုယ်ပညာရပ်တွင် သူမက အခြား တပည့်များထက် ပိုမို ခရီးရောက်နိုင်ပေသည်။ လီချင်းချိုး တွေးတောနေစဉ် နောက်ကွယ်မှ လူသုံးယောက် ရောက်လာပြသူတို့မှာ ရှောင်ညီအကိုသုံးယောက်ပင် ဖြစ်သည်။

သူတို့ သုံးယောက် ပေါ်လာသည်ကို မြင်သောအခါ ယွင်ချိုင်က ဝိညာဉ်နုတ်ဓားပျံကို သူမ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း သိမ်းဆည်းလိုက်သည်။ သူမက ဝိညာဉ်နုတ်ဓားပျံကို အခြား တပည့်များအား တစ်ခါမှ မပြသခဲ့ဖူးချေ။ သူမ၏ လက်ရှိ အောင်ပွဲများက အခြား မှော်အတတ်များအပေါ် အခြေခံထားခြင်း ဖြစ်သည်။

သူမက လီချင်းချိုး၏ စကားများကို နားထောင်ခဲ့ပြီး ဝိညာဉ်နုတ်ဓားပျံကို သူမ၏ အဆုံးစွန် ကျွမ်းကျင်မှုနှင့် သတ်ဖြတ်ရေး ဝှက်ဖဲအဖြစ် သတ်မှတ်ထားသည်။ချင်းရှောင်ဂိုဏ်း တစ်ခုလုံးကို ကြည့်လိုက်လျှင် သူမကို ပြိုင်ဆိုင်မှု ဖိအား အများဆုံး ခံစားရစေသူမှာ ကျောက်ကျိန်း မဟုတ်သလို အထီးကျန်ဆန်သော ရွှီနင်းလည်း မဟုတ်ဘဲ ထိုညီအကိုသုံးယောက်ပင် ဖြစ်သည်။

နှစ်ဖက်စလုံးက အထွတ်အထိပ် နေရာအတွက် လျှို့ဝှက်စွာ ယှဉ်ပြိုင်နေကြပြီး မည်သူကမျှ အခြား တစ်ဖက်ထက် မနိမ့်ကျချင်ကြချေ။

"ဂိုဏ်းချုပ်... ကျွန်တော်တို့ ညီအစ်ကို သုံးယောက်ကို ထျန်းရွှမ်တောင်ကို သွားခွင့်ပြုပါ..."

ရှောင်ဝူတိက လီချင်းချိုး နောက်သို့ ရောက်လာပြီး လက်အုပ်ချီကာ နှုတ်ဆက်ရင်း ပြောလိုက်သည်။ သူ့စကားများက ဒေါသကို မနည်း ဖုံးကွယ်ထားရသည်။

လီချင်းချိုး သူတို့ကို လှည့်ကြည့်လိုက်​တော့ ရှောင်ဝူချင်းနှင့် ရှောင်ဝူမင်တို့၏ မျက်နှာများမှာလည်း ဒေါသများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

"ထျန်းရွှမ်တောင်က မင်းတို့ကို စော်ကားခဲ့လို့လား..."

"ဟုတ်ပါတယ်... သူတို့က ချင်းရှောင်ဂိုဏ်း တစ်ခုလုံးကိုလည်း ရန်စခဲ့တယ်... စီနီယာ အစ်ကိုလီရန်၊ စီနီယာ အစ်ကို ယန်တုန်းတို့ အားလုံး ထျန်းရွှမ်တောင်မှာ ယန်တောက်ကျုံးရဲ့ လက်ချက်နဲ့ ရှုံးခဲ့ကြတယ်... ဒီသတင်းက သိုင်းလောက တစ်ခွင်လုံး ပျံ့နှံ့သွားပြီ... တချို့က ယန်တောက်ကျုံးမှာ ဂိုဏ်းချုပ်နဲ့ ယှဉ်နိုင်တဲ့ စွမ်းအား ရှိတယ်လို့တောင် ပြောနေကြတယ်... သူ့ကို ခေတ်ပြိုင် သိုင်းလောက ဒဏ္ဍာရီတဲ့လေ... တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ..."

ရှောင်ဝူချင်းက…

"ဒီကိစ္စက အရမ်း ထူးဆန်းတယ်... သတင်းက အရမ်း မြန်မြန် ပျံ့သွားတယ်... ပြီးတော့ တချို့ မှတ်ချက်တွေက ချင်းရှောင်ဂိုဏ်းနဲ့ ထျန်းရွှမ်တောင်ကို ရန်တိုက်ပေးဖို့ ရှင်းရှင်းလင်းလင်း ရည်ရွယ်ထားတယ်... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကိစ္စက ဖြစ်သွားပြီ ဆိုတော့ ဂိုဏ်းရဲ့ မျက်နှာကို ကယ်တင်ဖို့ တစ်ယောက်ယောက်က ယန်တောက်ကျုံးကို အနိုင်ယူရမယ်..."

ဤစကားကို ကြားပြီးနောက် လီချင်းချိုးမှာ အကြံကောင်း မရှိချေ။

"လီရန်ရော ယန်တုန်းရောက အဲဒီလူရဲ့ ပြိုင်ဘက် မဟုတ်ဘူး... မင်းတို့ သုံးယောက် သွားရင်ရော ဘာအသုံးဝင်မှာလဲ…”

လီရန်က မူလအားဖြည့်နယ်ပယ် ပဉ္စမအလွှာမှာ ရှိနေသူပင်.. လီရန် ယန်တောက်ကျုံးကို ရှုံးနိမ့်သွားခြင်းကို လီချင်းချိုး အံ့အားမသင့်ခဲ့ချေ။ သူ့ကို အံ့အားသင့်စေသည်မှာ လီရန်က ဘာကြောင့် ထျန်းရွှမ်တောင်သို့ သွားခဲ့ရသနည်း ဆိုသည်ကိုပင် ဖြစ်သည်။

"ဂိုဏ်းချုပ်... ကျွန်တော်က မူလအားဖြည့်နယ်ပယ် စတုတ္ထအလွှာမှာပဲ ရှိသေးပေမဲ့ ကျွန်တော့်ရဲ့ ကောင်းကင်ကန်းရွှေခန္ဓာကိုယ်ပညာရပ်က ကျွန်တော် အလဟဿ လေ့ကျင့်ထားတာ မဟုတ်ပါဘူး... ရိုးရိုးသားသား ပြောရရင် ကိုယ့်ကိုယ်ကိုယ် လီရန်နဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ကျွန်တော်က စီနီယာ အစ်ကိုတွေကို သေချာပေါက် ရှုံးမယ်လို့ မထင်ဘူး..." ဟု ရှောင်ဝူတိက လေးနက်စွာ ပြောလိုက်သည်။

သူသည် ခန္ဓာကိုယ်ကျင့်ကြံသူကံကြမ္မာကို ပိုင်ဆိုင်ထားသဖြင့် ကောင်းကင်ကန်းရွှေခန္ဓာကိုယ်ပညာရပ် လေ့ကျင့်မှုမှာ အဆင်ပြေချောမွေ့နေပြီး တားဆီး၍ပင် မရနိုင်ချေ။ ထို့ကြောင့် ကိုယ်ပိုင် စွမ်းအားအပေါ် ခိုင်မာသော ယုံကြည်မှု ရှိနေသည်။

ရှောင်ဝူချင်းနှင့် ရှောင်ဝူမင်တို့က သူ့ကို မငြင်းဆိုခဲ့ကြချေ။ သူတို့လည်း အစ်ကိုအကြီးဆုံးကို ယုံကြည်ကြပြီး အစ်ကိုအကြီးဆုံးမှာ လီရန်၊ ကျိယာ၊ ဟန်လန်နှင့် အခြားသူများထက် အစွမ်းအစ မလျော့နည်းကြောင်း သက်သေပြရန် အခွင့်အရေး တစ်ခုသာ လိုအပ်သည်ဟု ခံစားရသည်။

ယွင်ချိုင်က "ကျွန်မလည်း သွားမယ်..."ဟု ဝင်ပြောလိုက်တော့ သူမ စကားပြောသည်ကို မြင်သောအခါ ရှောင်ဝူတိ မျက်မှောင်ကြုတ်သွားပြီး ပါးစပ်ဖွင့်လိုက်သော်လည်း သူမရှေ့တွင် ဘာစကားကြီးစကားကျယ်မှ မပြောရဲခဲ့ချေ။

All Chapters