← Chapters

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း ၈၃ - လီထိုက်ပိုင်နှင့် လေဝမ်ယွင်တို့၏ တုန်လှုပ်မှု

"ဒါ တကယ်ပဲလား”

ထိုအချိန်တွင် လီထိုက်ပိုင်သည် ချင်းလျန်မြင့်မြတ်နယ်မြေ၏ အကြီးအကဲများကို စုစည်းပြီးနေပြီ ဖြစ်သည်။

လီထိုက်ပိုင်၏ စကားကို ကြားသောအခါ အကြီးအကဲတစ်ဦးက ရှေ့သို့တိုးလာပြီး လေးစားစွာ ဦးညွှတ်၍ ပြောလိုက်သည်။

"ဟုတ်ပါတယ် သခင်ကြီး... သေချာ စုံစမ်းစစ်ဆေးပြီးတဲ့နောက် ဒီကိစ္စက အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်ပါတယ်"

ထိုစကားကို ကြားပြီးနောက် လီထိုက်ပိုင်သည် သက်ပြင်းချလိုက်ပြီး တီးတိုး ရေရွတ်လိုက်သည်။

"ဒါဆိုရင်တော့ အခြေအနေက ခက်ခဲသွားပြီ”

သက်ဆိုင်ရာ မြင့်မြတ်နယ်မြေများသို့ ပြန်ရောက်လာပြီးနောက်တွင် ၊ မဟာသခင်မြတ်ကြီး လေးပါးသည် သူတို့၏ပူးပေါင်းတိုက်ခိုက်မှုမှာ ဝူဟောက်၏လက်ထဲတွင် ရှုံးနိမ့်ခဲ့ရသည်ကို မထုတ်ဖော်ဘဲ နှုတ်ဆိတ်နေခဲ့ကြသည်။ အကယ်၍ မဟာသခင်မြတ်ကြီး လေးပါး၏ ပူးပေါင်းတိုက်ခိုက်မှုသည် ဝူဟောက်ကို မယှဉ်နိုင်ကြောင်း သတင်းပေါက်ကြားသွားပါက ရွှမ်ထျန်းကမ္ဘာတွင် သူတို့သည် သိက္ခာကျပေတော့မည်။

သူတို့ မျှော်လင့်မထားခဲ့သည့် အရာမှာ လင်းရွှေရိုသည် သူမ၏ သမီးကို ဝူမိသားစုထံသို့ ဘာမပြောညာမပြော ပို့ဆောင်လိုက်ခြင်းပင် ဖြစ်သည်။ လင်းဇီရှင်း၏ ပါရမီကို သူတို့ ကောင်းကောင်း သိထားကြပြီး ၊ မျှော်လင့်မထားသောကိစ္စများ မဖြစ်ခဲ့ပါက သူမသည် မဟာဧကရာဇ် တစ်ဦး ဖြစ်လာနိုင်သည်။

စဉ်းစားကြည့်လျှင် အဓိပ္ပာယ် ရှိပေသည်။ ဝံပုလွေကို ဖမ်းချင်ရင် ကိုယ့်သားသမီးကို စွန့်စားရဲရမည်။ လင်းဇီရှင်းသည် မဟာဧကရာဇ်လောင်း တစ်ဦး ဖြစ်သော်လည်း ၊ ဝူဟောက်မှာမူ စစ်မှန်သော မဟာဧကရာဇ်မင်းတစ်ပါး ဖြစ်သည်။ အကယ်၍ သူတို့သည် ဝူဟောက်ကို ရေမြင့်မြတ်နယ်မြေ၏ ကျောထောက်နောက်ခံအဖြစ် ရယူနိုင်ခဲ့ပါက ရေမြင့်မြတ်နယ်မြေအတွက် ကြီးမားသော အကျိုးကျေးဇူးများ ရှိလာပေတော့မည်။

"ဒါက ပြဿနာပဲ... ငါတို့ ချင်းလျန်မြင့်မြတ်နယ်မြေက သူတော်စင်မလေးကိုလည်း ဝူမိသားစုထဲက တစ်ယောက်ယောက်ကို မြှူဆွယ်ခိုင်းလိုက်ရမလား”

လီထိုက်ပိုင်သည် သက်ပြင်းချလိုက်ရင်း နေရာတွင် ရှိနေကြသည့် အကြီးအကဲများကို ကြည့်ကာ ပြောလိုက်သည်။

"ရေမြင့်မြတ်နယ်မြေက သူတော်စင်မလေးရဲ့ မင်္ဂလာပွဲက ရေမြင့်မြတ်နယ်မြေအတွက် အလွန် အရေးပါတဲ့ ပွဲတစ်ပွဲပဲ... ပြီးတော့ ငါတို့ ချင်းလျန်မြင့်မြတ်နယ်မြေနဲ့ ရေမြင့်မြတ်နယ်မြေက ဆက်ဆံရေး ကောင်းမွန်တာကြောင့် ဂုဏ်ပြုလက်ဆောင်တွေ ပေးပို့ချင်တာ သဘာဝပါပဲ... အဲဒီအချိန်ကျရင် ငါကိုယ်တိုင် လက်ဆောင်တွေ ယူပြီး ရေမြင့်မြတ်နယ်မြေကို သွားမယ်”

"ကောင်းပါပြီ သခင်ကြီး”

ထိုအချိန်တွင် မိုးကြိုးမြင့်မြတ်နယ်မြေ၌ လေဝမ်ယွင်သည်လည်း သက်ပြင်းချကာ ထိုကဲ့သို့ပင် ဆုံးဖြတ်ချက် ချလိုက်သည်။ သူတို့အားလုံးသည် ဝူမိသားစု၏ အင်အားကို သိထားကြပြီး ၊ ရေမြင့်မြတ်နယ်မြေနှင့် ဆက်ဆံရေးကောင်းမွန်အောင် ထိန်းသိမ်းထားခြင်းမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပုံ ရသည်။

လေဝမ်ယွင်သည် နန်းဆောင်မှ ထွက်လာပြီးပြီးချင်း ၊ ရီတောက်သည် လေဝမ်ယွင်၏ ရှေ့သို့ ကမန်းကတန်း ရောက်လာပြီး မယုံကြည်နိုင်သော မျက်နှာထားဖြင့် ပြောလိုက်၏။

"အဖေ... ဒါ မဟုတ်ဘူးလို့ ပြောပေးပါ... ဒါ မဟုတ်ဘူးမလား”

သားဖြစ်သူ လေကျင်းကျန့်ကို ကြည့်ရင်း လေဝမ်ယွင်သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ ထို့နောက် နူးညံ့သော လေသံဖြင့် အလွန် ရက်စက်သော စကားများကို ပြောလိုက်ရသည်။

"သား... လက်ခံလိုက်ပါ... ဒါက အမှန်ပဲ”

"မဖြစ်နိုင်ဘူး... ကျွန်တော် လက်မခံနိုင်ဘူး... ဇီရှင်းနဲ့ ကျွန်တော်က ချစ်နေကြတာလေ... ဘာလို့ လမ်းခွဲရမှာလဲ”

သားဖြစ်သူ၏ စကားကိုနား‌ထောင်ရင်း ၊ လေဝမ်ယွင်သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြန်သည်။

"ငါ မင်းကို အရင် စလှုပ်ရှားဖို့ ပြောခဲ့တယ်လေ... ဒါပေမဲ့ မင်းက အရမ်း အနေအထိုင် ထိန်းလွန်းပြီး လင်းဇီရှင်း နောက်ကို မလိုက်ချင်သလို ဖြစ်နေခဲ့တာ... အခု သူက လက်ထပ်တော့မှာ ဆိုတော့ မင်းလည်း အဲဒီစိတ်ကူးကို စွန့်လွှတ်လိုက်သင့်ပြီ”

"ဟင့်အင်း... လုံးဝ လက်မခံနိုင်ဘူး... ကျွန်တော် အဲဒီကောင်ကို သွားရှာပြီး သေမင်းတမန် စိန်ခေါ်ပွဲ ယှဉ်ပြိုင်မယ်... ဇီရှင်းကလည်း ကျွန်တော့်အပေါ် စိတ်ရှိနေတယ် ဆိုတာ သေချာတယ်”

ထိုသို့ ပြောပြီးနောက် လေကျင်းကျန့်သည် လှည့်ထွက်သွားပြီး တောင်ပိုင်းဒေသသို့ သွား၍ ဝူယီဖန်ကို စိန်ခေါ်ရန် ဟန်ပြင်လိုက်သည်။ သို့သော် လေကျင်းကျန့် လှည့်ထွက်လိုက်သည့် ခဏမှာပင် လေဝမ်ယွင်သည် ရုတ်တရက် လှုပ်ရှားလိုက်ပြီး လေကျင်းကျန့်ကို ဖမ်းဆီးချုပ်နှောင်လိုက်သည်။

ဖခင်ဖြစ်သူ၏ လုပ်ရပ်ကို ကြည့်ရင်း လေကျင်းကျန့်၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ သူ့ကို အမြဲတမ်း အလိုလိုက်ခဲ့သော ဖခင်သည် သူ့ကို ချုပ်နှောင်ထားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

လေဝမ်ယွင်သည် ကူကယ်ရာမဲ့စွာဖြင့် လေးနက်စွာ ပြောဆိုလိုက်၏။

"သား... ရပ်လိုက်တော့... မင်းက ဝူယီဖန်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး... မိုးကြိုးမြင့်မြတ်နယ်မြေကလည်း ဝူမိသားစုရဲ့ ပြိုင်ဘက် မဟုတ်ဘူး... အခု မင်းလုပ်နိုင်တာက လင်းဇီရှင်းကို ဆုတောင်းပေးဖို့ပဲ ရှိတယ်”

"ဟင့်အင်း... ကျွန်တော် ဒီရလဒ်ကို လက်မခံဘူး... ကျွန်တော် လင်းဇီရှင်းကို အရမ်းချစ်တယ်... လင်းဇီရှင်းက အတင်းအကျပ် လက်ထပ်ခိုင်းခံရတာ ဖြစ်ရမယ်... ဒီလိုဖြစ်လာမှာကို ကျွန်တော် လုံးဝ ခွင့်မပြုနိုင်ဘူး... ဖေဖေ... တောင်းပန်ပါတယ်... ကျွန်တော့်ကို လွှတ်ပေးပါ”

လေကျင်းကျန့်၏ မျက်နှာတွင် တောင်းပန်တိုးလျှိုးမှုများဖြင့် ပြည့်နှက်နေသော်လည်း ၊ သို့သော် လေဝမ်ယွင်အနေဖြင့် သားဖြစ်သူသည် ဝူမိသားစုကို ပြစ်မှားမိ၍ မိုးကြိုးမြင့်မြတ်နယ်မြေတစ်ခုလုံး ဒုက္ခရောက်စေမည့် အဖြစ်မျိုးကို ဒီတိုင်း လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။

လေဝမ်ယွင်သည် ပြတ်သားသော အမူအရာဖြင့် မလှမ်းမကမ်းတွင် ရှိနေသော အကြီးအကဲဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"သူတော်စင်ကို ဒီကနေ ခေါ်ထုတ်သွား... ပြီးတော့ မိုးကြိုးမြင့်မြတ်နယ်မြေကနေ ထွက်သွားခွင့် မပေးနဲ”

“ကောင်းပါပြီ သခင်ကြီး..."

မကြာမီ အကြီးအကဲတစ်ဦး ရောက်လာပြီး လေကျင်းကျန့်ကို ခေါ်ဆောင်သွားလေသည်။ သားဖြစ်သူသည် အတင်းအကျပ် ရုန်းကန်နေသည်ကို ကြည့်ရင်း လေဝမ်ယွင်၏ စိတ်ထဲတွင် တီးတိုး ရေရွတ်လိုက်သည်။

'တောင်းပန်ပါတယ် သားရယ်... အဖေ့ကို ခွင့်လွှတ်ပါ ‘

အခြားတစ်ဖက်တွင်မူ နှစ်တစ်သိန်းရင့် မိုးကြိုးပစ် မိုးမခသားကို ရရှိပြီးနောက်တွင် ၊ ဝူယီဖန်သည် တံခါးပိတ်ကျင့်ကြံခဲ့သည်။ သူသည် အဖိုးတန်ဆေးရည်ကို သန့်စင်ရာတွင် ကျွမ်းကျင်လာပြီး လိုအပ်သော ပစ္စည်းများ အားလုံးကို လျင်မြန်စွာ စုစည်းလိုက်သည်။

သူ့ရှေ့တွင် ကြောက်မက်ဖွယ်ရာ စွမ်းအင်များကို ထုတ်လွှတ်နေသည့် ဆေးရည်ကို ကြည့်ရင်း ၊ ဝူယီဖန်သည် အသက်ပြင်းပြင်း ရှုရှိုက်ကာ ပြတ်သားစွာပင် ခုန်ဆင်းလိုက်သည်။

ဆေးရည်ထဲသို့ ဝင်ရောက်လိုက်သည့် ခဏအတွင်း ၊ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းလာပြီး ဖျက်ဆီးလိုက်၊ ပြန်လည် တည်ဆောက်လိုက် လုပ်နေသည်ကို ခံစားလိုက်ရသည်။

ဝူယီဖန်သည် နာကျင်မှုကြောင့် အံကြိတ်ထားပြီး သူ့ကိုယ်သူ စိတ်ဓာတ်ခွန်အား ပေးလိုက်၏။

"ကြိုးစားစမ်း ဝူယီဖန်... မင်းက ဝူမိသားစုရဲ့ အသန်မာဆုံးသူ ဖြစ်လာပြီး ဝူမိသားစုတစ်ခုလုံးကို အထွတ်အထိပ်ဆီ ဦးဆောင်သွားဖို့ ကံပါလာပြီးသားလူပဲ... အခုမှ ဘယ်လိုလုပ် လက်လျှော့လို့ ရမှာလဲ”

ဤယုံကြည်ချက်ကို ဆုပ်ကိုင်ထားရင်း ဝူယီဖန်၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာ အတွင်းရှိ ကိုးခုမြောက် ပိတ်ပင်ထားမှုမှာ ဖြည်းညင်းစွာ ပျော်ဝင်လာနေသည်။ အခြားတစ်ဖက်တွင်မူ ဝူဟောက်၏ ခန္ဓာကိုယ်သည်လည်း လျင်မြန်သော အရှိန်အဟုန်ဖြင့် ပို၍ သန်မာလာသည်။

"လက်ရှိ အခြေအနေအရ ကြည့်မယ်ဆိုရင် ငါ့ရဲ့ ခန္ဓာကိုယ်ကျင့်ကြံမှုက လျှိုထျန်းရွှေအင်မော်တယ်အဆင့်ကို ရောက်သွားလောက်တယ်”

ဝူဟောက် သည် စိတ်ထဲကနေ တွေးလိုက်မိသည်။

“ တော်သေးတယ်.. စနစ်ရဲ့ အဖုံးကောင်းမှုကြောင့် ဒီက သတင်းအချက်အလက်တွေ ပေါက်ကြားသွားမှာကို စိတ်ပူစရာ မလိုဘူ”

တစ်ချိန်တည်းမှာပင် ဝူယီဖန်သည် ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ကိုးခုမြောက် ပိတ်ပင်ထားမှုကို စတင် တိုက်ခိုက်နေစဉ် ဝူဟောက်သည် ဝူယီဖန်၏ အချက်အလက်များကို မပေါက်ကြားစေရန် ပိတ်ပင်တားဆီးထားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သွေးဝိညာဉ်ဂိုဏ်းသည် သူ့ကို မက်မောသော မျက်လုံးများဖြင့် ကြည့်နေဆဲ ဖြစ်ရာ ဝူယီဖန်အတွက် ဝှက်ဖဲ အနည်းငယ် ချန်ထားပေးလိုခဲ့သည်။

ထိုအချိန်တွင် ထျန်းဝူတောင်၌ ရောက်ရှိနေသော ဝူယိတောက်သည်လည်း သူ၏ ဝမ်းကွဲအစ်ကိုမှာ မင်္ဂလာဆောင်တော့မည် ဖြစ်ကြောင်း သိရှိကာ ပြန်သွားတွေ့သင့်၊ မတွေ့သင့် တုံ့ဆိုင်းနေလေသည်။

သို့သော် မကြာမီ သူသည် ခေါင်းခါလိုက်သည်။ မသေမျိုးလမ်းစဉ်သည် ရှည်လျားပြီး အနာဂတ်တွင် ပြန်လည်ဆုံတွေ့ရန် အခွင့်အရေးများ ရှိဦးမည်ဟု တွေးလိုက်၏။

“ငါ့ရဲ့ အရေးအကြီးဆုံး တာဝန်က အခုချိန်မှာ သူတော်စင်ဘုရင်အဆင့်အတွက် အရည်အချင်းပြည့်မီဖို့နဲ့ နောက်ငါးနှစ်ကြာရင် ကျင်းပမယ့် သူတော်စင်လေးပါး ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ပဲ”

ဝူလီသည်လည်း ထိုနည်းလည်းကောင်းပင်။ သန့်စင်ပုလင်း၏ အကူအညီဖြင့် သူ၏ အဆင့်တက်လှမ်းမှု အရှိန်မှာ ဤကာလအတွင်း သိသိသာသာ တိုးတက်လာခဲ့သည်။ ရှောင်ယောင်တောင်ထိပ်သို့ ဝင်ရောက်ပြီး ဆယ်စုနှစ်တစ်ခုကျော် ကာလအတွင်း သူသည် ရွှေအမြုတေအဆင့်မှ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ အခြားသော ပါရမီရှင်များလောက် မမြန်ဆန်သော်လည်း သာမန် ကျင့်ကြံသူများကြားတွင်မူ အတော်လေး ကောင်းမွန်သည်ဟု ယူဆနိုင်သည်။

ဝူလီ: ဖေဖေနဲ့ မေမေ... ဝမ်းကွဲအစ်ကိုရဲ့ မင်္ဂလာပွဲကို ကျွန်တော် ပြန်မလာတော့ဘူး... ကျွန်တော့်ရဲ့ မင်္ဂလာလက်ဆောင်ကို စာရင်းထဲမှာ ထည့်ပေးလိုက်ပါဦး…

ဝူယိတောက်: ကျွန်တော်လည်း အတူတူပဲ...

ခြောက်ရက်တာ အချိန် ကုန်ဆုံးသွားခဲ့ပြီးနောက်တွင် ၊ ဝူယီဖန်၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာ ကိုးခုမြောက် ပိတ်ပင်မှုကို ချိုးဖျက်မည့်အခန်းကဏ္ဍသည် အရေးအကြီးဆုံး အခိုက်အတန့်သို့ ရောက်ရှိလာခဲ့သည်။

အခန်း ၈၄ - ရှေးဟောင်းမြင့်မြတ်ခန္ဓာ ကိုးခုမြောက်အဆင့်

ထိုအချိန်တွင် ဝူယီဖန်သည် သူ၏ ကိုယ်ပိုင်ကမ္ဘာထဲတွင် နစ်မြုပ်နေလေသည်။ အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို သူ မသိပေ။ ဆေးရည်၏ ပြုစုပျိုးထောင်မှုအောက်တွင် သူ၏ ခန္ဓာကိုယ်သည် မယုံနိုင်လောက်အောင် သန်မာလာသည်ကိုတော့ သူ သိထားသည်။

ဘုန်း...။

ကြည်လင်ပြတ်သားသော အသံနှင့်အတူ ဝူယီဖန်သည် သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်ကြည့်လိုက်ရာ သူ့ရှေ့တွင် ရပ်နေသော ဝူဟောက်ကို တွေ့လိုက်ရသည်။

"ဘိုးဘေး..."

"မင်း မြန်မြန်လုပ်လို့ ရမလား... မနက်ဖြန်ဆိုရင် လင်းဇီရှင်းနဲ့ တခြားသူတွေကို မင်း သွားခေါ်ရတော့မယ်”

ဘိုးဘေးဖြစ်သူ၏ ဆူပူသံကို ကြားလိုက်ရမှ ဝူယီဖန်သည် အခြေအနေကို သဘောပေါက်သွားပြီး အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ ထိုအချိန်တွင် သူ၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာ ကိုးခုမြောက် ပိတ်ပင်ထားမှုသည် ပွင့်သွားပြီး ၊ ဝူယီဖန်၏ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော ချီအငွေ့အသက်များ ပေါက်ကွဲထွက်လာခဲ့သည်။

ထိုအခြေအနေကို မြငိလိုက်ရသော ဝူဟောက်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ဝူယီဖန်၏ ကျင့်ကြံခြင်းလိုဏ်ဂူထဲမှ ပျောက်ကွယ်သွားခဲ့သည်။

ဝူဟောက် ချန်ထားခဲ့သော အစီအမံကြောင့် ဝူယီဖန်သည် သူ၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာ ကိုးခုမြောက် ပိတ်ပင်ထားမှုကို ဖြတ်ကျော်စဉ်က ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်ရာ ဖြစ်စဉ်များ သည် နေရာအနှံ့ ပျံ့နှံ့မသွားခဲ့ပေ။ သို့မဟုတ်ပါက ရွှမ်ထျန်းကမ္ဘာတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားနိုင်သည်။

"ဒီစွမ်းအားက ကြောက်စရာ ကောင်းလိုက်တာ... အခုဆိုရင် ငါ့ခန္ဓာကိုယ်တစ်ခုတည်းနဲ့တင် မဟာဧကရာဇ်ကို အနိုင်ယူနိုင်လောက်ပြီ မဟုတ်လား... ဒါပေမဲ့ သွေးဝိညာဉ်ဂိုဏ်းထဲက ကောင်တွေက မဟာဧကရာဇ်အဆင့်ထက် ပိုနိုင်တယ်... ငါ ဒီထက်ပိုပြီး အားကောင်းဖို့လိုသေးတယ်”

ဝူယီဖန်သည် ထိုသို့တွေးလိုက်မိသည်။

"သောက်ကျိုးနည်း..."

ထိုစဉ် သူ့ခန္ဓာကိုယ်အောက်ပိုင်းသည် အေးစက်စက် ဖြစ်နေသည်ကို ခံစားလိုက်ရပြီး ၊ အဝတ်မပါသည်ကို သတိထားမိသွားသည်။

ထိုအကြောင်း တွေးမိသည်နှင့် ဝူယီဖန်သည် သိုလှောင်လက်စွပ်ထဲမှ ဝတ်စုံတစ်စုံကို အလျင်အမြန် ထုတ်၍ လဲလှယ်ဝတ်ဆင်လိုက်သည်။

အဝတ်အစား လဲပြီးနောက် သူ၏ ကျင့်ကြံခြင်းလိုဏ်ဂူထဲမှ ထွက်လာခဲ့သည်။

ထိုအချိန်တွင် ဝူမိသားစု၌ ပျော်ရွှင်ဖွယ် အငွေ့အသက်များဖြင့် အလှဆင်ထားပြီး ဖြစ်သည်။ မနက်ဖြန်သည် ဝူယီဖန်နှင့် လင်းဇီရှင်းတို့၏ မင်္ဂလာပွဲနေ့ ဖြစ်ရုံသာမက ဝူမိသားစုအနေဖြင့် လျှို့ဝှက်အဖွဲ့အစည်းအဖြစ်မှ လူသိရှင်ကြား အဖွဲ့အစည်းအဖြစ်သို့ ပြောင်းလဲမည့်နေ့လည်း ဖြစ်သည်။ ထို့ကြောင့် ခမ်းနားသော ပွဲကြီးပွဲကောင်း ဖြစ်ရန် လိုအပ်ပေသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝူယီဖန်သည် ခေါင်းခါယမ်းရင်း လျစ်လျူရှုလိုက်သည်။

နောက်တစ်နေ့သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ဝူဟောက်၏ ဆုံးဖြတ်ချက်အရ မင်္ဂလာ ယာဉ်တန်းတွင် ဧကရာဇ်တပိုင်း ကနဦးအဆင့်သို့ ရောက်ရှိနေသည့် ကျောက်နဂါးကိုးကောင် ပါဝင်မည် ဖြစ်သည် ။ ဤသည်မှာ အဓိကအားဖြင့် အချိန်အကန့်အသတ်ကြောင့် ဖြစ်ပြီး ရွှမ်ထျန်းကမ္ဘာတွင် နဂါးစစ်များ မရှိသောကြောင့် ယခုလောလောဆယ် အစားထိုးအနေဖြင့် ကျောက်နဂါးများကို အသုံးပြုရခြင်း ဖြစ်သည်။

ကျောက်နဂါးများက ဝူမိသားစု၏ ယာဉ်ကို ဆွဲပေးရန် ဆန္ဒရှိရသည့် အကြောင်းမှာ ဝူဟောက်သည် သူ၏ ကြောက်မက်ဖွယ် ကောင်းသော ပင်ကိုယ်ဆွဲဆောင်မှု (ခွန်အား) ကို ပြသခဲ့ပြီး အနည်းငယ် ခြိမ်းခြောက်လိုက်ခြင်းကြောင့် နောက်ဆုံးတွင် ကျောက်နဂါးများအနေဖြင့် သဘောတူရုံသာ တတ်နိုင်ခဲ့သည်။

အမှန်စင်စစ် ဝူဟောက်တွင် နောက်ထပ် အကြံတစ်ခု ရှိသေးသည်။ ဤကျောက်နဂါးကိုးကောင်ကို နဂါးစစ်များ ဖြစ်လာအောင် လေ့ကျင့်ပေးရန် ဖြစ်သည်။ ထိုသို့ဆိုလျှင် သူတို့၏ ဝူမိသားစုသည် လေးစားဖွယ် ကောင်းသော အင်အားစုတစ်ခု ဖြစ်လာပေလိမ့်မည်။

ဝူဟောက်၏ အဆိုအရ အထက်ဘုံများ၌ပင် နဂါးစစ်များသည် အလွန် စွမ်းအားကြီးမားသော သတ္တဝါများအဖြစ် သတ်မှတ်ခံရပြီး ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တွင်ပင် မွေးဖွားလာကာ အရွယ်ရောက်လျှင် အစစ်အမှန်အင်မော်တယ်အဆင့်သို့ ရောက်ရှိကြသည်။

"ငါ အခွင့်အရေးရှာပြီး အထက်ဘုံကို တက်ကြည့်ရမယ့်ပုံပဲ... ဒါနဲ့ စကားမစပ်... စနစ်... ငါ အထက်ဘုံကို သွားရင် အောက်ကို ပြန်ဆင်းလို့ ရနိုင်မလား”

[ ဒင်း... သင်၏ ကျင့်ကြံမှု လျှိုထျန်းရွှေအင်မော်တယ်အဆင့်သို့ ရောက်ရှိပါက အထက်နှင့် အောက်ဘုံကြား လွတ်လပ်စွာ သွားလာနိုင်ပါသည် ]

ထိုစကားကို ကြားသောအခါ ဝူဟောက်သည် ဆုံးဖြတ်ချက် ချလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် မကြာမီ လျှိုထျန်းရွှေအင်မော်တယ်အဆင့်သို့ တက်လှမ်းတော့မည် ဖြစ်၏။ လျှိုထျန်းရွှေအင်မော်တယ်အဆင့်သို့ ရောက်ရှိပြီးနောက်တွင် သူသည် အပေါ်သို့ တက်ကြည့်ရန် ကြံရွယ်လိုက်သည်။ လျှိုထျန်းရွှေအင်မော်တယ်အဆင့်ကို အဆင့်မြင့် တိုက်ခိုက်ရေး စွမ်းအားအဖြစ် သတ်မှတ်သင့်ပေသည်။

အခြားတစ်ဖက်တွင်မူ ၊ သူ့နောက်ကွယ်ရှိ ဝူမိသားစုသည် ဧကရာဇ်တပိုင်းအဆင့်ရှိသော ကျောက်နဂါးကိုးကောင်ကိုပင် ခေါ်ဆောင်လာနိုင်သော ဝူဟောက်သည် မည်မျှ အင်အားကြီးမားကြောင်း သဘောပေါက်သွားသည်။

မိမိ၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုအပေါ် မှီခိုစရာလိုဘဲ ဤကဲ့သို့ အလိုလိုက်ခံရသော ကလေးတစ်ယောက် ဖြစ်ရခြင်းသည် အတော်လေး ကောင်းသည်ဟု ဝူယီဖန်၏စိတ်ထဲတွင် ပထမဆုံးအကြိမ်အဖြစ် ခံစားလိုက်ရသည်။

သို့သော် ဝူယီဖန်သည် အလျင်အမြန် ခေါင်းခါလိုက်ပြီး ထိုအတွေးကို ဖယ်ထုတ်လိုက်သည်။ သူ ဝူယီဖန်သည် မားမားမတ်မတ် ရပ်တည်နိုင်သော ယောကျ်ားတစ်ယောက် ဖြစ်ချင်သည်။ စစ်မှန်သော ယောက်ျားတစ်ယောက်သည် ကောင်းကင်နှင့် မြေကြီးကြားတွင် မွေးဖွားလာသူ ဖြစ်ရာ ၊ အဘယ်ကြောင့် သူတစ်ပါး၏ လက်အောက်ခံအဖြစ် ဝမ်းနည်းဖွယ်ရာ နေထိုင်ရမည်နည်း။

မကြာမီ ဝူယီဖန်သည် ကျောက်နဂါးကိုးကောင်၏ အပေါ်သို့ ရောက်ရှိလာသည်။ ဝူယီဖန်၏ အမိန့်ပေးမှုနှင့်အတူ ကျောက်နဂါးကိုးကောင်သည် မြောက်ပိုင်းဒေသသို့ တညီတညွတ်တည်း ပျံသန်းသွားကြသည်။ သူတို့၏ ကြောက်မက်ဖွယ် ပုံရိပ်များသည် ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားရာ ၊ ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသော မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဖုန်းများကို ထုတ်ယူကာ ဓာတ်ပုံရိုက်လိုက်ကြပြီး ဆိုရှယ်မီဒီယာပေါ်သို့ တင်လိုက်ကြသည်။

"သောက်ကျိုးနည်း... ဒီနေ့ ငါဘာတွေ့ခဲ့လဲ ခန့်မှန်းကြည့်ကြ... မယုံနိုင်လောက်အောင် စွမ်းအားကြီးတဲ့ နဂါးကိုးကောင်... ပြီးတော့ သူတို့ ခေါင်းပေါ်မှာ လူတစ်ယောက်တောင် ပါသေးတယ်”

"ဒါ ဝူမိသားစုရဲ့ အုတ်မြစ်လား... ဧကရာဇ်နီးပါး ရှိတဲ့ နဂါးကိုတောင် သူတို့က ထိန်းချုပ်နိုင်တာလား”

"ရှူး... ဒီနေ့ကစပြီး ရွှမ်ထျန်းကမ္ဘာက မဟာမြင့်မြတ်နယ်မြေကြီး လေးခုရဲ့ နယ်မြေ မဟုတ်တော့ဘူးလို့ ငါ ခံစားမိတယ်... ဝူမိသားစုရဲ့ အင်အားက မဟာမြင့်မြတ်နယ်မြေကြီး လေးခုထက် အများကြီး သာလွန်ကောင်း သာလွန်လိမ့်မယ်”

အချို့လူများက အလွန် ရဲရင့်သော ခန့်မှန်းချက်များကို ပြုလုပ်ကြသော်လည်း ၊ အခြားသူများက လျင်မြန်စွာ ငြင်းဆိုလိုက်ကြသည်။

"မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး... မဟာမြင့်မြတ်နယ်မြေကြီး လေးခုမှာ ဧကရာဇ်လက်နက်တွေ ရှိတယ်... ဝူမိသားစုက ဘယ်လောက်ပဲ အင်အားကြီးပါစေ... ဝူမိသားစုမှာ ဧကရာဇ်လက်နက် မရှိသရွေ့ မဟာမြင့်မြတ်နယ်မြေကြီး လေးခုရဲ့ ပြိုင်ဘက် ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ဘူး”

မဟာမြင့်မြတ်နယ်မြေကြီး လေးခုသည် ရွှမ်ထျန်းကမ္ဘာတစ်ဝန်းတွင် ကျော်ကြားလာခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်သည်။ ကျင့်ကြံသူများ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲမြဲနေပြီး ဖြစ်ရာ မည်သူကမျှ မဟာမြင့်မြတ်နယ်မြေကြီး လေးခု၏ ပြိုင်ဘက် ဖြစ်လာနိုင်သည်ဟု မယုံကြည်ကြသည်မှာ သဘာဝကျပေသည်။

ဧကရာဇ်တပိုင်းအထွတ်အထိပ်အဆင့်မှ စွမ်းအားရှင်များသည် မဟာမြင့်မြတ်နယ်မြေကြီး လေးခု၏ အာဏာကို စိန်ခေါ်ခဲ့ကြသည့် အချိန်များ ရှိခဲ့ဖူးသော်လည်း ၊ သူတို့အားလုံးသည် သုံးရက်မကြာခင်မှာပင် မဟာမြင့်မြတ်နယ်မြေကြီး လေးခု၏ သခင်မြတ်များ လက်ချက်ဖြင့် သေဆုံးခဲ့ကြရသည်။ ထိုအချိန်မှစ၍ မည်သူမျှ မဟာမြင့်မြတ်နယ်မြေကြီး လေးခု၏ အာဏာကို မစိန်ခေါ်ရဲကြတော့ပေ။

ထိုအချိန်တွင် ရေမြင့်မြတ်နယ်မြေ၌ လင်းဇီရှင်းနှင့် လင်းတုံတို့သည် အရာအားလုံးကို အဆင်သင့် ပြင်ဆင်ထားပြီး ဝူယီဖန် လာခေါ်မည့်အချိန်ကို စောင့်မျှော်နေကြသည်။ လင်းဇီရှင်းသည် မိမိ၏ ကလေးကြောင့်သာ ဝူယီဖန်နှင့် ယာယီ အတူနေခြင်း ဖြစ်သည်ဟု ကျိန်ဆိုထားသည်။

သူမနှင့် ဝူယီဖန်၏ ဆက်ဆံရေးသည် လုံးဝ ဖြူစင်သည်။

လင်းဇီရှင်း၏ ဘေးတွင် ထိုင်နေသော လင်းတုံက သူ၏ဝိုင်းစက်စက် မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"အမေ... ဖေဖေက သားတို့ကို ဘယ်တော့ လာခေါ်မှာလဲ”

“ လောလိုက်တာ.. လာတော့မှာပါ”

လင်းဇီရှင်းက ပြုံးလိုက်ပြီး လင်းတုံ၏ နှာခေါင်းကို တို့ထိကာ ပြောလိုက်သည်။ သို့သော် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ထပ်ပြောလိုက်၏။

"သားလေး... မနက်ဖြန်ကစပြီး သားနာမည်ကို လင်းတုံလို့ မခေါ်ရတော့ဘူး... ဖေဖေ့ရဲ့ မျိုးရိုးနာမည်ကို ယူပြီး ဒီကနေ့ကစလို့ ဝူတုံလို့ ခေါ်ရတော့မယ်”

"ယေး... မနက်ဖြန်ကစပြီး သားနာမည်က ဝူတုံ ဖြစ်သွားပြီ”

လင်းဇီရှင်းသည် ပျော်ရွင်နေသော ဝူတုံကို ကြည့်ရင်း သူမ၏ ရင်ထဲတွင် ပျော်ရွှင်ကြည်နှုးမှု လိုင်းတံပိုးများ ရိုက်ခတ်သွားသည်။

ထိုအချိန်တွင် ယီတောက်သည် လင်းဇီရှင်း၏ အခန်းရှေ့သို့ ရောက်လာပြီး ပြောလိုက်သည်။

"သူတော်စင်မလေး... သမက်တော် ရောက်ခါနီးပြီ... ပြင်ဆင်သင့်တာ ပြင်ဆင်ထားပါ”

"ကောင်းပြီ... ငါသိပြီ”

လင်းဇီရှင်းသည် ခေါင်းညိတ်လိုက်ပြီးနောက် ဝူတုံကို ကြည့်ကာ တီးတိုး ပြောလိုက်သည်။

"ကဲ... အဆင်သင့်ပြင်ထား... သားဖေဖေ သားကို လာခေါ်နေပြီ”

"အင်း”

ဝူတုံကလည်း ခေါင်းညိတ်လိုက်သည်။ ဤအခိုက်အတန့်တွင်၊ သူမတို့နှစ်ဦးသည် အိမ်ပြန်ရန် ‌လာရောက်ခေါ်ဆောင်မည့် ဝူယီဖန်ကို စောင့်မျှော်ရင်း ပျော်ရွှင်မှုထဲတွင် နစ်မြုပ်နေကြသည်။

All Chapters