← Chapters

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း ၉၃ - အင်မော်တယ်ဓားနှင့် ဧကရာဇ်သုံးချောင်းထောက်အိုး လက်ဆောင်

“ယောကျ်ား... ကျွန်မကို ဒီလောက် ကြောက်စရာကောင်းတဲ့ လက်နက်ကို တကယ်ကြီး ပေးမလို့လား”

ဝူဟောက်သည် သိုလှောင်လက်စွပ်ထဲမှ အင်မော်တယ်ဓားကို ထုတ်ယူလိုက်သဖြင့် စုချောင်ရန်၏ အသက်ရှူသံများမှာ မြန်ဆန်လာခဲ့သည်။

ပန်းတစ်သောင်းမြင့်မြတ်နယ်မြေ၏ သူတော်စင်မဟောင်း တစ်ဦးအနေဖြင့် စုချောင်ရန်သည် သူမ၏ရှေ့မှ အင်မော်တယ်ဓားသည် အနည်းဆုံး ဧကရာဇ်အဆင့် လက်နက်၊ သို့မဟုတ် ဧကရာဇ်အဆင့်ထက် ပိုမို စွမ်းအားကြီးသော လက်နက်တစ်ခု ဖြစ်ကြောင်း ချက်ချင်းပင် အာရုံခံမိသည်။

ဝူဟောက်သည် ဖြည်းညင်းစွာ ခေါင်းခါလိုက်ပြီး သူ၏ လေသံမှာ တည်ငြိမ်နေသည်။

“မင်းက ကိုယ့်မိန်းမလေ... ဒီဓားက ယာယီသုံးဖို့ပဲ... မင်း ပိုသန်မာလာတဲ့အခါ ပိုကောင်းတာနဲ့ အစားထိုးပေးမယ်”

ယခုအချိန်တွင် စုချောင်ရန်အား ပိုမိုကောင်းမွန်သော လက်နက်တစ်ခုကို ပေးလိုက်မည်ဆိုပါက ၊ သူမ၏ ကျင့်ကြံမှုအဆင့်အရ ၎င်း၏ စစ်မှန်သော စွမ်းအားကို ထုတ်ဖော်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် အင်မော်တယ်ဓား ဆိုလျှင် လုံလောက်ပြီ ဖြစ်သည်။

ထို့အပြင် စုချောင်ရန်၏ လက်ထဲရှိ အင်မော်တယ်ဓားသည် လက်ရှိတွင် တံဆိပ်ခတ်နှိပ်ထားသော အခြေအနေ၌ ရှိနေသည်။ စုချောင်ရန်၏ ကျင့်ကြံမှုအဆင့်ဖြင့် သူမသည် ဧကရာဇ်အဆင့် လက်နက်တစ်ခု၏ စွမ်းအားကိုသာ ထုတ်ဖော်နိုင်မည် ဖြစ်သည်။ သို့ဆိုတောင် သူမသည် သူတော်စင်လေးပါး ပြိုင်ပွဲ၌ အပြတ်အသတ် အသာစီး ရရှိနိုင်သည်။

“ငါ့မိန်းမက သူတော်စင်လေးပါး ပြိုင်ပွဲမှာ အဆင့်နိမ့်နေလို့ ဘယ်ဖြစ်မလဲ.. အနည်းဆုံးတော့ ထိပ်တန်း အဆင့် ရရမှာပေါ့”

ဝူဟောက်သည် စိတ်ထဲမှ တွေးလိုက်မိသည်။

ဤတစ်ကြိမ်တွင် ဝူယီဖန်နှင့် အခြားသူများလည်း ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ရာ ၊ မိမိ၏ဇနီးသည် ချန်ပီယံဖြစ်လာလိမ့်မည်ဟု သူကိုယ်တိုင်ပင် မယုံကြည်ပေ။ သို့သော် စုချောင်ရန်သည် ဘေးအဘွား ဖြစ်သည်ဟူသော အဆင့်အတန်းကြောင့် ဝူယီဖန်နှင့် အခြားသူများက အလျှော့ပေးခဲ့မည်ဆိုပါက အအခြေအနေသည် ပြောင်းလဲသွားနိုင်သည်။

ထို့အပြင် ယခုတစ်ကြိမ်တွင် ထိပ်ဆုံး အယောက် ၁၀၀ အတွက် ဆုလာဘ်မှာ ဖရိုဖရဲ လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်ခွင့် ရရှိမည်ဖြစ်ပြီး ၊ ထိုနေရာတွင် ဟွမ့်သွမ် ဧကရာဇ်၏ အမွေအနှစ် ရှိသည်ဟု ဆိုကြသည်။

ဝူဟောက်၏ ခန့်မှန်းချက်အရ ၊ ကံတရား၏သားတော်အဖြစ် ဝူယိတောက်သည် သူ၏ ဖရိုဖရဲ ခန္ဓာကိုယ် ပေါင်းစပ်လိုက်လျှင်ဖြင့် သူသည် ယခုတစ်ကြိမ်၌ ဟွမ့်သွမ် ဧကရာဇ်၏ အမွေအနှစ်ကို ရရှိရန် အလားအလာ အလွန် များသည်။

ထိုအချိန်တွင် ဝူရူလုံမှာ ဝူဟောက်သည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည်ကို သိရှိပြီးနောက် ဝူဟောက်၏ အနားသို့ စိတ်လှုပ်ရှားစွာဖြင့် ပြေးဝင်လာခဲ့သည်။

“ အဖေ”

ဝူရူလုံသည် စိတ်လှုပ်ရှားနေပုံ ရသဖြင့် ဝူဟောက်ပင်လျှင် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာသည်။ မည်သည့်အကြောင်းအရာက ဝူရူလုံကို ဤမျှ ပျော်ရွှင်စေသနည်း။

နောက်တစ်စက္ကန့်တွင် ဝူဟောက်သည်လည်း ဝမ်းသာသွားသည်။ အကြောင်းမှာ ဝူရူလုံသည် ဧကရာဇ်သုံးချောင်းထောက်အိုးကို သန့်စင်ရန် လိုအပ်သော ပစ္စည်းများ အားလုံးကို စုဆောင်းနိုင်ခဲ့သောကြောင့် ဖြစ်သည်။

“ အဖေ... ဒါဆိုရင် ဧကရာဇ်သုံးချောင်းထောက်အိုးကို ဘယ်တော့လောက် သွန်းလုပ်ဖို့ စီစဉ်ထားလဲ”

ဝူရူလုံက မေးမြန်းလိုက်သည်။ ဝူဟောက်သည် ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခြင်း မရှိတော့သဖြင့် ယခုအခါ ဝူရူလုံသည် ဝူမိသားစု၏ ခေါင်းဆောင် ဖြစ်နေပြီ ဖြစ်သည်။ ဝူမိသားစုအတွက် ထူးချွန်သော အကျိုးပြုမှုများကို မှတ်တမ်းတင်မည့် ဧကရာဇ်သုံးချောင်းထောက်အိုး သွန်းလုပ်ခြင်းသည် မိသားစုဝင်များကို များစွာ တွန်းအား ပေးနိုင်မည်ဖြစ်ကြောင်း သူသည် ထပ်လောင်း ပြောကြားလိုက်သည်။

ထို့အပြင် နှစ်တစ်ရာလျှင် တစ်ကြိမ် ဝူမိသားစုဝင်များကို ယှဉ်ပြိုင်စေပြီး အတော်ဆုံးသူကို ရွေးချယ်ကာ မိသားစု၏ သုံးချောင်းထောက်အိုးပေါ်တွင် အမည်ရေးထိုးပေးရန် ဝူဟောက်က အကြံပြုခဲ့သည်။ ဤသတင်းသည် ဝူမိသားစုဝင်များကို များစွာ စိတ်ဓာတ်တက်ကြွစေလိမ့်မည်။

ထို့အပြင် ဧကရာဇ် သုံးချောင်းထောက်အိုးသည် ဝူမိသားစု၏ ကံတရားကို ဖိနှိပ်ထိန်းသိမ်းပေးနိုင်သော စွမ်းအားလည်း ရှိသည်။ ကံတရား ဆိုသည်မှာ ဝူမိသားစုကို ကာလကြာရှည်စွာ ဖွံ့ဖြိုးတိုးတက်စေသော အကျိုးကျေးဇူး ဖြစ်ရာ ဝူရူလုံအတွက် ကောင်းမွန်သော ကိစ္စရပ်ပင် ဖြစ်သည်။

ထိုစကားကို ကြားသောအခါ ဝူဟောက်သည် ပြုံးကာ ပြောလိုက်လေသည်။

“အခုပဲ လုပ်လိုက်ကြတာပေါ့”

ပြောရင်းဆိုရင်း ဝူဟောက်သည် သူ့သိုလှောင်လက်စွပ် အတွင်းမှ ရှားပါးသော လက်နက်သွန်းလုပ်ရေး ပစ္စည်းအများအပြားကို ထုတ်ဖော်လိုက်သည်။ ပစ္စည်းများသည် ဖြည်းညင်းစွာ ပျံသန်းထွက်ပေါ်လာပြီး ၊ တစ်ချိန်တည်းမှာပင် ဝူဟောက်၏ လက်ဖဝါးမှ ဧကရာဇ်မီးတောက်များ ထွက်ပေါ်လာကာ ပစ္စည်းများကို အရည်ဖျော်၍ ပေါင်းစပ်လိုက်သည်။

ထို့နောက် ဝူဟောက်၏ ဝိညာဉ်အာရုံ ထိန်းချုပ်မှုအောက်တွင် ၎င်းတို့သည် ဝူဟောက် ပုံဖော်ထားသည့်အတိုင်း တဖြည်းဖြည်း ပြောင်းလဲလာသည်။

သုံးမိနစ် မပြည့်မီ၊ နှစ်မိနစ်ခွဲခန့် အကြာတွင် သုံးမီတာခန့် အရွယ်အစားရှိသော သုံးချောင်းထောက်အိုးကြီး တစ်လုံးသည် သူတို့သုံးဦး၏ ရှေ့တွင် ပေါ်လာသည်။ ခမ်းနားထည်ဝါသော အသွင်အပြင်ဖြင့် ဖိအားအနည်းငယ်ကို ထုတ်လွှတ်နေသည်မှာ ဝူရူလုံနှင့် အခြားသူများကို စိတ်လှုပ်ရှားစေသည်။

ဝူမိသားစု၏ ကံတရားကို ဖိနှိပ်ထိန်းသိမ်းနိုင်သည့်အပြင် ဤသုံးချောင်းထောက်အိုးကြီး၏ အတွင်းဘက်ရှိ နေရာလွတ်သည် အကန့်အသတ်မရှိ ကျယ်ဝန်းပြီး သက်ရှိသတ္တဝါများကို စုပ်ယူကာ သန့်စင်ပေးနိုင်စွမ်း ရှိသည်။ ၎င်း၏ မာကျောမှုမှာလည်း ယုံနိုင်စရာမရှိသော အဆင့်သို့ ရောက်ရှိနေသည်။

အကယ်၍ ဝူရူလုံ၏ ဧကရာဇ်ဓားဖြင့် သုံးချောင်းထောက်အိုးကြီးကို ခုတ်ပိုင်းလိုက်လျှင်ပင် သုံးချောင်းထောက်အိုးကို ထိခိုက်ပျက်စီးမည် မဟုတ်ဘဲ ပြန်ကန်ထွက်လာသော အားက ဝူရူလုံကို ပြန်လည် ထိခိုက်စေပေလိမ့်မည်။

“ အဖေ... ရပြီလား”

ဝူရူလုံသည် လက်လှမ်းလိုက်ပြီး ဧကရာဇ်သုံးချောင်းထောက်အိုးကြီးကို ယူဆောင်ကာ မျိုးနွယ်စု၏ ကံတရားကို ဖိနှိပ်ထိန်းသိမ်းရန် ဝူမိသားစု ရင်ပြင်တွင် သွားရောက် ထားရှိရန် ရည်ရွယ်လိုက်သော်လည်း ဝူဟောက်က ခေါင်းခါလိုက်သည်။

“နေဦး... ပြီးမြောက်အောင် လုပ်ရမယ့် လုပ်ထုံးလုပ်နည်း တချို့ ရှိသေးတယ်”

နောက်တစ်စက္ကန့်တွင် ဝူဟောက်သည် ပျောက်ကွယ်သွားပြီး ဝူယီဖန်၏ အိမ်တွင် ပြန်လည် ပေါ်ထွက်လာသည်။ ထိုအချိန်တွင် ဝူတုံသည် ဝူယီဖန်၏ လမ်းညွှန်မှုအောက်တွင် ကျင့်ကြံနေပြီ ဖြစ်သည်။

“ဘိုးဘေး... ဘာကိစ္စ ရှိလို့လဲ”

ဝူဟောက် ရောက်လာသည်ကို မြင်သောအခါ ဝူယီဖန်သည် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် ဝူဟောက်၏ လက်ထဲမှ ဧကရာဇ်သုံးချောင်းထောက်အိုးကြီးကို မြင်လိုက်ရသောအခါ သူ၏ အသက်ရှူသံများမှာ မြန်ဆန်လာပြီး ဝူဟောက် စကားမပြောမချင်း အရေးတကြီး မေးခွန်းထုတ်လိုသော မျက်လုံးများဖြင့် ကြည့်နေမိသည်။

“ဟုတ်တယ်... မင်းပဲ ဘိုးဘေးကို သုံးချောင်းထောက်အိုးတစ်လုံး လိုချင်တယ်လို့ ပြောခဲ့တယ်လေ... ဒါကြောင့် ဘိုးဘေးက မင်းအတွက် ယူလာပေးတာ”

ထိုသို့ ပြောပြီးနောက် ဝူဟောက်သည် သုံးချောင်းထောက်အိုးကို ဝူယီဖန်ထံ တိုက်ရိုက် ပေးလိုက်သည်။ ဝူယီဖန်သည် ဝူဟောက်ထံမှ ဧကရာဇ်သုံးချောင်းထောက်အိုးကြီးကို လက်ခံရရှိပြီးနောက်တွင် ဤအရာအားလုံးသည် အိမ်မက်တစ်ခုလို ခံစားလိုက်ရသည်။

မည်သို့ပင်ဆိုစေကာမူ ၊ ဝူယီဖန်၏ အယူအဆအရ ဧကရာဇ်လက်နက်များသည် အလွန် ရှားပါးပြီး ရရှိရန် ခက်ခဲသည်။ ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးတွင် လေးခုသာ ရှိသည် မဟုတ်လော။

“ကျေးဇူးတင်ပါတယ် ဘိုးဘေး”

ဝူယီဖန်သည် ခံစားသွားရသော မျက်နှာထားဖြင့် ပြောလိုက်သော်လည်း ဝူဟောက်သည် လက်ဝှေ့ယမ်းကာ ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည်။

“မင်း အထက်ဘုံကို ရောက်တဲ့အခါ ဒီထက် ပိုကောင်းတာ ပေးဦးမယ်”

“ဟုတ်ကဲ့ပါ ဘိုးဘေး”

ဝူဟောက်ကို ဘယ်တော့မှ စိတ်ပျက်အောင် မလုပ်ဘဲ ကောင်းကောင်း ကျင့်ကြံရမည် ဟူ၍ ဝူယီဖန်သည် မိမိကိုယ်မိမိ တိတ်တဆိတ် သစ္စာဆိုလိုက်သည်။

[ ဒင်း... ဂုဏ်ယူပါတယ် ... သင်သည် ဧကရာဇ်သုံးချောင်းထောက်အိုးတစ်လုံး လက်ဆောင်ပေးခဲ့ပြီး ဧကရာဇ်သုံးချောင်းထောက်အိုး တစ်သန်းကို ပြန်လည် ရရှိခဲ့ပါသည်... ပေါင်းစပ်လိုပါသလား ]

“ပေါင်းစပ်မယ်”

ဝူဟောက်သည် တုံ့ဆိုင်းခြင်း မရှိဘဲ “ပေါင်းစပ်မည်” ကို နှိပ်လိုက်သည်။

[ ဒင်း... ပေါင်းစပ်မှု အောင်မြင်ပါသည်... သင်သည် အင်မော်တယ်သုံးချောင်းထောက်အိုး ၁၀,၀၀၀ ကို ရရှိခဲ့ပါသည် ]

[ အင်မော်တယ် သုံးချောင်းထောက်အိုး - ကံတရားကို ဖိနှိပ်ခြင်း၊ ရန်သူများကို တိုက်ခိုက်ခြင်း၊ ပစ္စည်းများ သန့်စင်ခြင်း နှင့် တိုက်ခိုက်မှုများကို ခုခံခြင်းတို့အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည် ]

အင်မော်တယ်သုံးချောင်းထောက်အိုးသည် ဧကရာဇ်သုံးချောင်းထောက်အိုးထက် လုပ်ဆောင်ချက်ပိုင်းဆိုင်ရာ သိသာထင်ရှားသော အဆင့်မြှင့်တင်မှု မရှိသော်လည်း ၊ သို့သော် ၎င်း၏ အကျိုးသက်ရောက်မှုများမှာ နှစ်ဆ ပို၍ စွမ်းအားကြီးမားသည်။ စာရေးသူ အနေဖြင့် ဆန်းသစ်ပြီး ထူးခြားသော လုပ်ဆောင်ချက်များစွာကို စဉ်းစား၍ မရနိုင်သောကြောင့် ဖြစ်နိုင်သည်။

“ကောင်းပြီ... မင်း ကျင့်ကြံခြင်းကို အာရုံစိုက်လို့ ရပြီ... ဘိုးဘေး မနှောင့်ယှက်တော့ဘူး... သွားတော့မယ်”

ဝူယီဖန်၏ အနားမှ ထွက်ခွာပြီးနောက် ဝူဟောက်သည် စုချောင်ရန်၏ ဘေးနားသို့ ပြန်ရောက်လာသည်။

ဝူဟောက် ကိုင်ဆောင်ထားသည်မှာ ယခင်က ဧကရာဇ်သုံးချောင်းထောက်အိုး မဟုတ်ဘဲ ပိုမို ကြောက်မက်ဖွယ်ကောင်းသော အင်မော်တယ်သုံးချောင်းထောက်အိုး ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် စုချောင်ရန်နှင့် အခြားသူများ၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားကြသည်။

ဝူဟောက် ကိုင်ဆောင်ထားသော အရာသည် သူစောစောက ပေးခဲ့သော ဓားနှင့် အဆင့်တူညီကြောင်း စုချောင်ရန် အာရုံခံမိခဲ့သည်။ တစ်နည်းအားဖြင့် ဝူဟောက်သည် ဧကရာဇ်သုံးချောင်းထောက်အိုးကို အဆင့်မြှင့်ခဲ့လေသလော။

“ အဖေ... ဘယ်လိုဖြစ်ခဲ့တာလဲ”

ဝူရူလုံသည် ဝူဟောက်ကို မေးခွန်းထုတ်လိုသော အကြည့်ဖြင့် ကြည့်လိုက်သော်လည်း ဝူဟောက်သည် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ဘာမှ မဟုတ်ပါဘူး...ဧကရာဇ်သုံးချောင်းထောက်အိုးကို အဆင့်မြှင့်လိုက်ရုံပါ... ယူသွားပြီး ကိစ္စတွေကို အမြန်ဆုံး အခြေကျအောင် လုပ်လိုက်... ငါ ဝင်မပါတော့ဘူး”

ဝူဟောက်ထံမှ အပြုသဘောဆောင်သော အဖြေကို ရရှိပြီးနောက် ဝူရူလုံသည် ဝူဟောက်၏ အနားသို့ မျက်နှာလိုမျက်နှာရ အမူအရာဖြင့် ကပ်သွားပြီး ကလေးဆန်စွာ ပြောလိုက်သည်။

“ အဖေ... ဟိုလေ... သားရဲ့ ဧကရာဇ်ဓားကိုရော အဆင့်မြှင့်ပေးရင် မကောင်းဘူးလား”

ဝူရူလုံသည် ကလေးဆိုးကြီးသဖွယ် လုပ်နေသည်ကို မြင်သောအခါ ဝူဟောက်သည် မနေနိုင်တော့ဘဲ လက်သီးဖြင့် ထိုးလိုက်ရာ ဝူရူလုံခမျာ လွင့်ထွက်သွားလေသည်။

ဝူရူလုံသည် အော်ဟစ်လျက် လွင့်ထွက်သွားသည်ကို မြင်လိုက်ရသဖြင့် စုချောင်ရန်သည် စိုးရိမ်တကြီး ပြောလိုက်သည်။

“ယောကျ်ား... ဒါ နည်းနည်း မသင့်တော်ဘူး မဟုတ်လား”

“စိတ်မပူနဲ့... ကိုယ် အားမထည့်ထားပါဘူး ဒီတိုင်း ကန်ထုတ်လိုက်ရုံပဲ... လူကဖြင့် ဒီလောက် အသက်ကြီးနေပြီကို ကလေးလို လုပ်နေသေးတယ်”

ဝူဟောက်သည် လက်ဝှေ့ယမ်းကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

စုချောင်ရန်မှာ သူမ၏ စိုးရိမ်ပူပန်မှုများကို မျိုသိပ်လိုက်ရုံမှတစ်ပါး မတတ်နိုင်တော့ပေ။ အမှန်တကယ်ပင် ဝူရူလုံသည် ချစ်စရာကောင်းအောင် လုပ်ပြနေသည်ကို မြင်လိုက်ရသဖြင့် ဝူဟောက်သာမက သူမပင်လျှင် သားဖြစ်သူကို ပစ်မကန်မိအောင် မနည်းထိန်းထားခဲ့ရသည်။

ဝူရူလုံ : ဒါဆို... အရွယ်ရောက်တဲ့ ဒီသားကြီးကို ပစ်ထားရက်ပြီပေါ့

အခန်း ၉၄ - ဝူမိသားစု၏ ကျင့်ကြံခြင်း

“ဒါပေမဲ့... ပြီးခဲ့တဲ့တစ်ခေါက် အထက်ဘုံကို သွားတုန်းက အင်မော်တယ်မီးတောက် ယူဖို့ မေ့သွားတယ်... ငါ့အမှားပဲ... နောက်တစ်ခါ အထက်ဘုံကို သွားရင် ယူခဲ့ရမယ်”

ဝူဟောက်သည် စိတ်ထဲတွင် တွေးလိုက်မိသည်။

လက်ရှိ အခြေအနေအရ ၊ သူသည် အင်မော်တယ်အရှင်မြတ် အဆင့်သို့ မရောက်မချင်း အထက်ဘုံသို့ သွားနိုင်မည် မဟုတ်ပေ။ သို့မဟုတ်ပါက အင်မော်တယ်ဧကရာဇ်နှင့် တွေ့ကြုံရလျှင် ထွက်ပြေးရန် အခွင့်အရေးပင် ရှိမည် မဟုတ်ပေ။

အခြားတစ်ဖက်တွင်မူ ၊ ဝူရူလုံသည် ဝူဟောက်၏ လက်သီးစာ မိပြီးနောက် တောင်အနည်းငယ်ကို ဝင်တိုက်မိပြီးမှ နောက်ဆုံးတွင် ရပ်တန့်သွားသည်။

ရပ်တန့်သွားပြီးနောက် ဝူရူလုံသည် နာကျင်နေသော တင်ပါးကို ပွတ်သပ်ရင်း မျက်လုံးထဲတွင် နာကြည်းမှုများဖြင့် ပြည့်နှက်နေသည်။

“မပေးချင်ရင်လည်း မပေးနဲ့ပေါ့... ဘာလို့ အကြမ်းဖက်ရတာလဲ”

ညည်းညူလိုက်သော်လည်း ဝူရူလုံသည် ဘာမှ ဆက်မပြောတော့ပေ။ မြေပြင်မှ ကုန်းရုန်းထလာပြီးနောက် အင်မော်တယ်သုံးချောင်းထောက်အိုးနှင့် ပတ်သတ်သော ကိစ္စများကို ရှင်းပြရန်နှင့် ဝူမိသားစု၏ နောက်လာမည့် မူဝါဒများကို ညွှန်ကြားရန် ပြင်ဆင်လေသည်။

မကြာမီ ဝူရူလုံ၏ သတင်းစကားကို ရရှိပြီးနောက် ဝူချန်ကွန်း အပါအဝင် ဝူမိသားစု၏ လက်ရှိ အဆင့်မြင့် အဖွဲ့ဝင်များသည် ဝူမိသားစု၏ ဘိုးဘွားပိုင် ခန်းမဆောင်သို့ ရောက်ရှိလာကြသည်။

ဝူရူလုံ၏ အနည်းငယ် ရှုပ်ပွနေသော ပုံစံကို မြင်သောအခါ ဝူချန်ကွန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ အဖေ... ဘာဖြစ်လို့လဲ”

“ဘာမှ မဟုတ်ပါဘူး”

ဝူရူလုံသည် ချောင်းဟန့်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

ထို့နောက် အင်မော်တယ်သုံးချောင်းထောက်အိုးကို ထုတ်ယူပြလိုက်သည်။

“ငါတို့ ဝူမိသားစုက အခုဆိုရင် ရွှမ်ထျန်းကမ္ဘာမှာ အင်အားကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုလို့ သတ်မှတ်လို့ ရနေပြီ... ဒါကြောင့် သဘာဝကျစွာပဲ ငါတို့ ဝူမိသားစုရဲ့ ကံတရားကို ဖိနှိပ်ထိန်းသိမ်းပေးမယ့် အရာတစ်ခု လိုအပ်တယ်... ဒီ အင်မော်တယ် သုံးချောင်းထောက်အိုးကြီးကို မင်းတို့ ဘိုးဘေးကိုယ်တိုင် သွန်းလုပ်ခဲ့တာ... ဒီနေ့ကစပြီး ဒါကို ငါတို့ ဝူမိသားစုရဲ့ ကံတရားကို ဖိနှိပ်ထိန်းသိမ်းဖို့ ဝူမိသားစု ရင်ပြင်မှာ ထားရှိမယ်”

“ဒါ့အပြင် မင်းတို့ ဘိုးဘေးနဲ့ ငါ တိုင်ပင်ပြီးပြီ.. ဝူမိသားစုအတွက် ထူးချွန်တဲ့ အကျိုးပြုမှုတွေ လုပ်ခဲ့တဲ့ မိသားစုဝင်ရဲ့ နာမည်ကို အင်မော်တယ် သုံးချောင်းထောက်အိုးပေါ်မှာ ရေးထိုးပေးဖို့ ဆုံးဖြတ်ထားတယ်”

“နောက်ပြီး ငါတို့ ဝူမိသားစုက အဖွဲ့ဝင်တွေအတွက် နှစ်တစ်ရာမှာ ပြိုင်ပွဲတစ်ကြိမ် ကျင်းပမယ်... အသက် တစ်ရာအောက် အဖွဲ့ဝင်တွေပဲ ပါဝင်ခွင့် ရှိမယ်... ပထမရတဲ့ သုံးယောက်က သူတို့နာမည်ကို အင်မော်တယ်သုံးချောင်းထောက်အိုးပေါ်မှာ နာမည်ရေးထိုးခွင့် ရကြလိမ့်မယ်”

ထိုစကားကို ကြားသောအခါ ဝူချန်ကွန်းနှင့် အခြားသူများ၏ အသက်ရှူသံများသည် မြန်ဆန်လာခဲ့သည်။ အကယ်၍ သူတို့သည် ဤအင်မော်တယ် သုံးချောင်းထောက်အိုးပေါ်တွင် နာမည်ရေးထိုးခွင့် ရခဲ့မည်ဆိုပါက ၊ ယခုအချိန်မှစ၍ ဝူမိသားစု၏ မျိုးဆက်သစ် လူငယ်များ၏ နှလုံးသားထဲတွင် ကြီးကျယ်ခမ်းနားသော ပုံရိပ်ကို ချန်ထားခဲ့နိုင်ပေလိမ့်မည်။

ထိုအတွေးဖြင့် ဝူချန်ကွန်းနှင့် အခြားသူများသည် တုံ့ဆိုင်းခြင်း မရှိဘဲ ခေါင်းညိတ် သဘောတူလိုက်ကြသည်။ လူတိုင်း သဘောတူ ခေါင်းညိတ်သည်ကို မြင်သောအခါ ဝူရူလုံသည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ထပ်ပြောလိုက်သည်။

“ပထမဆုံး ဝူမိသားစု အဖွဲ့သားတွေအတွက် ပြိုင်ပွဲကို သူတော်စင်လေးပါး ပြိုင်ပွဲ ပြီးဆုံးပြီးနောက် ကျင်းပမယ်... ဒီသတင်းစကားကို ဖြန့်လိုက်”

“ဟုတ်ကဲ့... သဘောပေါက်ပါပြီ အဖေ”

ထိုစကားကို ကြားသောအခါ ဝူချန်ကွန်းနှင့် အခြားသူများသည် ဝူမိသားစု အတွင်း သတင်းဖြန့်ရန် အလျင်အမြန် ထွက်ခွာသွားကြသည်။

ဤသတင်း ထွက်ပေါ်လာပြီး တစ်နာရီ အတွင်းမှာပင် ဝူမိသားစုရှိ အဖွဲ့ဝင်သားတိုင်း စိတ်အားထက်သန်လာကြပြီး အင်မော်တယ်သုံးချောင်းထောက်အိုးပေါ်တွင် မိမိတို့၏ နာမည်ကို ရေးထိုးရန် စိတ်ကူးရှိနေကြသည်။

ဝူချန်ကွန်းနှင့် အခြားသူများသည် ယခုအချိန်တွင် အသက် တစ်ရာ မပြည့်သေးသော်လည်း ၊ သို့သော် သူတော်စင်လေးပါး ပြိုင်ပွဲအပြီး အချိန်ကာလတွင် သူတို့သည် အသက် တစ်ရာ ပြည့်သွားပေတော့မည်။

ဤကိစ္စကို သတိရမိသွားပြီး ဝူချန်ကွန်းနှင့် အခြားသူများသည် မိသားစုပြိုင်ပွဲကို သူတော်စင်လေးပါး ပြိုင်ပွဲ မတိုင်မီ ပြောင်းရွှေ့ကျင်းပပေးရန် ဝူရူလုံထံ တုံ့ဆိုင်းခြင်း မရှိ သွားရောက် တောင်းဆိုခဲ့ကြသော်လည်း ဝူရူလုံက ပယ်ချလိုက်သည်။

“ငါ့ဝူမိသားစု ချဲ့ထွင်မှုမှာ ပါဝင်ကူညီခဲ့သူတွေ အနေနဲ့ မင်းတို့က အင်မော်တယ်သုံးချောင်းထောက်အိုးပေါ်မှာ နာမည်ရေးထိုးဖို့ ထိုက်တန်ပြီးသားပါ... ဒါကြောင့် မိသားစုပြိုင်ပွဲမှာ ဝင်ပြိုင်စရာ မလိုဘူး”

တိုက်ပွဲ၏ စိတ်လှုပ်ရှားမှုကို မခံစားနိုင်သော်လည်း ၊ သို့သော် နာမည်ကျန်ရစ်ခဲ့မည် ဖြစ်သောကြောင့် ကျေနပ်သွားကြပြီး နောက်ထပ် ဘာမှ မတောင်းဆိုကြတော့ပေ။

ထိုအချိန်တွင် ဝူရူလုံသည် စတင် လှုပ်ရှားလိုက်သည်။ သူသည် ဝူမိသားစု၏ အထက်ကောင်းကင်သို့ တိုက်ရိုက် ပျံသန်းသွားပြီး လက်သင်္ကေတများ ပြုလုပ်လိုက်သည်။ လှုပ်ရှားမှုများ ပြုလုပ်ပြီးနောက် အင်မော်တယ်သုံးချောင်းထောက်အိုးသည် ဝူရူလုံ၏ ထိန်းချုပ်မှုအောက်တွင် လျင်မြန်စွာ ကြီးထွားလာသည်။

နာရီအနည်းငယ် အတွင်းမှာပင် ၊ ၎င်းသည် လက်သီးဆုပ် အရွယ်အစားမှ မီတာတစ်ရာ အရွယ်အစားသို့ ကြီးထွားလာပြီးနောက် ဝူမိသားစု ရင်ပြင်တွင် ကျဆင်းသွားလေသည်။

“အတိုင်းအဆမဲ့ နက်နဲခြင်း... ပြောင်းလဲခြင်းဆိုင်ရာ မှော်အတတ်... ဒီအင်မော်တယ်သုံးချောင်းထောက်အိုးကြီးနဲ့ ငါ့ဝူမိသားစုရဲ့ ကံတရားကို ဖိနှိပ်ထိန်းသိမ်းမယ်... စတင်စေ”

ဝူရူလုံ စကားဆုံးသွားသည့် အခိုက်အတန့်တွင် ၊ နက်နဲသော စွမ်းအားတစ်ခုက အင်မော်တယ်သုံးချောင်းထောက်အိုးမှ ထွက်ပေါ်လာပြီး ဝူမိသားစုထံသို့ ပျံ့နှံ့သွားသည်။ သူတို့အနေဖြင့် မျက်မြင်ကိုယ်တွေ့ မမြင်နိုင်သော်လည်း ဝူမိသားစုဝင်များသည် တစ်စုံတစ်ခုက သူတို့ကို လွှမ်းခြုံထားသည်ကို ခံစားမိသည်။

၎င်းမှာ ကံတရား ပင် ဖြစ်သည်။ မမြင်နိုင်၊ မထိတွေ့နိုင်သော်လည်း အမှန်တကယ်ပင် တည်ရှိနေသည်။

ကံတရားကို ဖိနှိပ်ထိန်းသိမ်းပေးမည့် အင်မော်တယ် သုံးချောင်းထောက်အိုးကြီး မရှိခဲ့ပါက ၊ ဝူမိသားစုသည် အလွန်မြင့်မားသော နေရာအထိ ရောက်ရှိနိုင်မည် မဟုတ်ပေ။ သို့မဟုတ် အဆင့်တစ်ခုတွင် ကန့်သတ်ခံရပေလိမ့်မည်။

ယခုအခါ အင်မော်တယ် သုံးချောင်းထောက်အိုးသည် ဝူမိသားစု၏ ကံတရားကို ဖိနှိပ်ထိန်းသိမ်းပေးလိုက်ပြီ ဖြစ်ရာ ၊ ဝူမိသားစုသည် အထွတ်အထိပ်သို့ တတ်လှမ်းရောက်ရှိနိုင်ပေတော့မည်။

အရာအားလုံး ပြီးဆုံးသွားပြီးနောက် ဝူရူလုံသည် ကျေနပ်သော အမူအရာကို ပြသလိုက်ပြီး မလှမ်းမကမ်းရှိ ဝူဟောက်ကို ကြည့်လိုက်သည်။

ဝူဟောက်သည် ထိုနေရာ၌ ဖြစ်ပျက်နေသမျှကို စောင့်ကြည့်နေခဲ့သည်။ ဝူမိသားစု၏ လက်ရှိ အခြေအနေအရ ကံတရားကို ဖိနှိပ်ထိန်းသိမ်းရန် အင်မော်တယ်သုံးချောင်းထောက်အိုးဖြင့် လုံလောက်သော်လည်း အထက်ဘုံသို့ တက်လှမ်းပြီးပါက အင်မော်တယ်သုံးချောင်းထောက်အိုးသည် ဝူမိသားစု၏ ကံတရားကို ဖိနှိပ်ထိန်းသိမ်းရန် လုံလောက်တော့မည် မဟုတ်ပေ။

သို့ဆိုတောင် ဤအင်မော်တယ်သုံးချောင်းထောက်အိုး တစ်ခုတည်းဖြင့် ဝူဟောက်မှလွဲ၍ ကျန်ရှိသော ဝူမိသားစုဝင်များ အင်မော်တယ်ဘုရင် အဆင့်သို့ ရောက်သည်အထိ အသုံးပြုရန် လုံလောက်သည်။ နောက်ပိုင်းတွင် ဝူမိသားစု၏ ကံတရားကို ဖိနှိပ်ထိန်းသိမ်းရန် ပိုမို စွမ်းအားကြီးသော အင်မော်တယ်လက်နက် လိုအပ်ပေလိမ့်မည်။

သို့သော် ၎င်းသည် နောက်ပိုင်းကိစ္စသာ ဖြစ်ပြီး လက်ရှိ အရေးအကြီးဆုံး ကိစ္စမှာ သူတော်စင်လေးပါး ပြိုင်ပွဲပင် ဖြစ်သည်။

သူတော်စင်လေးပါး ပြိုင်ပွဲအတွက် စာရင်းပေးသွင်းရမည့် ကာလသို့ အလျင်အမြန် ရောက်ရှိလာသည်။ မထွက်ခွာမီ ဝူဟောက်သည် စုချောင်ရန်နှင့် အခြားသူများကို စုရုံးလိုက်သည်။

“ဒီတစ်ကြိမ် သူတော်စင်လေးပါး ပြိုင်ပွဲမှာ မင်းတို့ကို အနိုင်ရဖို့ မမျှော်လင့်ဘူး...ဒါပေမဲ့ ဖရိုဖရဲ လျှို့ဝှက်နယ်မြေထဲ ဝင်ခွင့်ရဖို့ အရည်အချင်း ပြည့်မီအောင် လုပ်ကြဖို့ပဲ တောင်းဆိုချင်တယ်... ယုံကြည်မှု ရှိကြလား”

ဝူဟောက်၏ မျက်နှာထားမှာ လေးနက်နေသည်။ ဖရိုဖရဲ လျှို့ဝှက်နယ်မြေ အတွင်း၌ အခွင့်အလမ်းများစွာ ရှိကြောင်း သူသိထားသည်။ အကယ်၍ စုချောင်ရန်နှင့် အခြားသူများသာ ရရှိနိုင်ပါက သူတို့အတွက် များစွာ အကျိုးရှိပေလိမ့်မည်။

ထိုစဉ် ဝူချန်ကွန်းက တုံ့ဆိုင်းခြင်း မရှိ ပြောလိုက်သည်။

“ဘိုးဘိုး... စိတ်မပူနဲ့... ကျွန်တော် ထိပ်ဆုံး ၁၀၀ ထဲ ဝင်‌စေရမယ် “

“အင်း... မင်းကတော့ မေ့လိုက်... ငါ မပြောခဲ့ဘူးလို့သာ သဘောထားလိုက်... မင်း အကောင်းဆုံး ကြိုးစားသရွေ့ လုံလောက်ပြီ”

ဝူချန်ကွန်း၏ ကျင့်ကြံမှုအဆင့်မှာ သူတော်စင် အထွတ်အထိပ် အဆင့်သာ ရှိသေးကြောင်း အာရုံခံမိပြီးနောက် ဝူဟောက်သည် နှုတ်ဆိတ်သွားပြီး လေးနက်စွာ ပြောလိုက်သည်။

ထိခိုက်မှုက သိပ်မကြီးမားသော်လည်း စော်ကားမှုမှာ အလွန် ပြင်းထန်သည်။ ဝူချန်ကွန်းမှာ နက်ရှိုင်းစွာ နာကျင်သွားရသည်။

ဝူဟောက်၏ အာရုံခံနိုင်စွမ်းအရ ယခုတစ်ကြိမ် သူတော်စင်လေးပါး ပြိုင်ပွဲ၌ ပါဝင်မည့်သူ အားလုံးသည် ရွှမ်ထျန်းကမ္ဘာ၏ ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည်။ ထို့ကြောင့် သူတော်စင် အဆင့်များကို ထူးခြားသည်ဟု မသတ်မှတ်နိုင်ပေ။ မဟာသူတော်စင်များစွာ ရှိပြီး သူတော်စင်ဘုရင် အတော်များများလည်း သေချာပေါက် ရှိပေသည်။

“ကဲ... သွားရမယ့်အချိန် ရောက်ပြီ... သွားကြစို့”

ထိုအချိန်တွင် ဝူရူလုံသည် အခြေအနေကို ဖြေလျော့ရန် ဝင်ရောက် စွက်ဖက်လိုက်သည်။

ယခု သူတော်စင်လေးပါး ပြိုင်ပွဲအတွက် ဝူမိသားစု၏ နေရာ ငါးနေရာကို ဝူချန်ကွန်း၊ ဝူယီဖန်၊ ဝူရူလုံ၊ စုချောင်ရန် နှင့် ဝူချီထျန်း တို့က ရယူထားကြသည်။

ဝူဟောက်သည် ဖရိုဖရဲ လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ရန် လိုအပ်ချက်များနှင့် ကိုက်ညီသော်လည်း ဝင်ရောက်ရန် ရည်ရွယ်ချက် မရှိပေ။ မည်သို့ပင်ဆိုစေကာမူ ၊ သူ၏ လက်ရှိ အင်အားဖြင့် ဟွမ့်သွမ် ဧကရာဇ်၏ အမွေအနှစ်မှာ အသုံးမဝင်ချေ။

အခြားတစ်ဖက်ရှိ ကျန့်ထျန်းဂိုဏ်း အတွင်း၌ ဝူလီသည် ဆရာဖြစ်သူကို တုံ့ဆိုင်းစွာ ကြည့်ရင်း မေးလိုက်သည်။

“ဆရာ... ကျွန်တော် တကယ်ပဲ စီနီယာအစ်ကိုတို့နဲ့အတူ သူတော်စင်လေးပါး ပြိုင်ပွဲကို သွားရမှာလား”

All Chapters