← Chapters

အခန်း (၄၀၃-၄၀၄)

Vol. 41 Ch. 403-404

အခန်း (၄၀၃-၄၀၄)

Vol. 41 Ch. 403-404

အခန်း (၄၀၃) မင်းတစ်ယောက်တည်းကိုသာ... ချစ်တယ်

ဤအချိန်တွင် မိုဟန်ကျီသည် အွန်လိုင်း၌ မည်သို့ပင် ပွက်လောရိုက်နေစေကာမူ ဂရုစိုက်အားခြင်း မရှိတော့ဘဲ မင်ယွဲ့၏ အိမ်သို့ အပြေးအလွှား ရောက်ရှိလာခဲ့သည်။

အိမ်ထဲတွင်မူ မင်ယွဲ့နှင့် ယွမ်ပေါ့တို့သည် ဆိုဖာပေါ်တွင် ထိုင်ကာ တီဗီကြည့်ရင်း အာလူးကြော် စားနေကြသည်။

ယွမ်ပေါ့က အာလူးကြော် အစအနများကို နေရာအနှံ့ ဖိတ်စင်အောင် လုပ်နေသဖြင့် မင်ယွဲ့က စိတ်မရှည်ဟန်ဖြင့် သူမကိုယ်တိုင် တစ်ခုစားလိုက်၊ ယွမ်ပေါ့ကို တစ်ခု ခွံ့လိုက်ဖြင့် အလုပ်ရှုပ်နေ၏။

"ငါ့အလှည့်... ယွဲ့ယွဲ့၊ ငါ့အလှည့်ရောက်ပြီ၊ အား—"

တံခါးဝမှ အသံကြားလိုက်ရသဖြင့် မင်ယွဲ့သည် ဘာဖြစ်သည်ကို ကြည့်ရန် ထရန်ပြင်လိုက်သည်။ သို့သော် ယွမ်ပေါ့မှာမူ သူမလက်ထဲမှ အာလူးကြော်ကိုသာ စိုက်ကြည့်ရင်း အားမလိုအားမရ ပါးစပ်ဟနေတော့သည်။

မင်ယွဲ့သည် ထိုအတောမသတ်နိုင်သော အစားမက်မှုကို ကြည့်ကာ ခေါင်းခါယမ်းမိ၏။

ဤလောက် အစားကြီးဖို့ ဘယ်လိုများ မွေးဖွားလာသနည်း။ သူမသည် လက်ထဲမှ အာလူးကြော်ကို ယွမ်ပေါ့၏ ပါးစပ်ထဲသို့ အမြန်ထိုးထည့်ပေးလိုက်သည်။

မိုဟန်ကျီ အိမ်ထဲဝင်လာချိန်တွင် ဤမြင်ကွင်းကို အတိုင်းသား မြင်လိုက်ရပြီး သူတို့နှစ်ဦးစလုံးက သူ့ကို လှမ်းကြည့်လိုက်ကြသည်။

သူ ပြင်ပမှ သယ်ဆောင်လာသော အအေးဓာတ်များသည် အိမ်ထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ပျောက်ကွယ်သွားတော့သည်။

ဆိုဖာပေါ်မှ လူကြီးတစ်ယောက်နှင့် ကလေးငယ်တစ်ဦး (တိရစ္ဆာန်လေး) တို့၏ ပုံစံမှာ သူ့အပြန်ကို စောင့်ကြိုနေသော ဇနီးနှင့် သားသမီးကဲ့သို့ပင်။ ထိုနွေးထွေးသော လေထုက သူ၏ ပင်ပန်းနွမ်းနယ်မှု အားလုံးကို ချက်ချင်းပင် လွင့် စင်သွားစေသည်။

မင်ယွဲ့သည် သူ ဤအချိန်တွင် ပြန်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမ မတ်တပ်မရပ်နိုင်မီမှာပင် မိုဟန်ကျီက ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာပြီး မင်ယွဲ့နှင့် ယွမ်ပေါ့ကို ရင်ခွင်ထဲသို့ သိမ်းကျုံးဖက်လိုက်တော့သည်။

"ယွဲ့ယွဲ့... ယွမ်ပေါ့... ကိုယ် ပြန်ရောက်ပြီ"

ဤအခိုက်အတန့်တွင် သူသည် ဇနီးနှင့် သားသမီးထံ သတင်းပို့နေသော ခင်ပွန်းတစ်ဦးနှင့် အလားသဏ္ဌာန် တူနေတော့သည်။

"သိပြီလေ"

မင်ယွဲ့က ညင်သာစွာ ပြုံးလျက် သူ့ကို ပြန်လည် ဖက်တွယ်လိုက်သည်။

ယွမ်ပေါ့ကမူ မိုဟန်ကျီ၏ အပြုအမူကို နားမလည်နိုင်ဘဲ သူတို့နှစ်ဦး၏ ရင်ခွင်ထဲမှ ရုန်းထွက်ရန် ကြိုးစားနေသည်။ မိုဟန်ကျီသည် ယွမ်ပေါ့၏ လှုပ်ရှားမှုကို သတိပြုမိသွားမှသာ နှမြောတသဟန်ဖြင့် သူတို့ကို ပြန်လွှတ်ပေးလိုက်တော့သည်။

"ကိုယ့်ကို သတိရရဲ့လား"

မိုဟန်ကျီသည် မင်ယွဲ့၏ လက်ကလေးကို ဆုပ်ကိုင်ကာ ငုံ့ကိုင်းလိုက်ပြီး သူ၏ ပါးလွှာသော နှုတ်ခမ်းများဖြင့် သူမ၏ ဖြူစင်သော လက်ချောင်းထိပ်လေးများကို နမ်းရှိုက်လိုက် သည်။

"ဟိုဟာလေ..."

မင်ယွဲ့က သူ့ကို ထူးဆန်းသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။

"ကိုယ်တို့ ဘာတွေများ မလုပ်ဖူးလို့လဲ၊ ဘာလို့ ရှက်နေတာလဲ"

မိုဟန်ကျီက တိုးတိုးလေး ရယ်မောလိုက်ပြီး "ကိုယ် မင်းကို အရမ်းသတိရနေတာ"

"ကျွန်မလည်း သတိရပါတယ်"

မင်ယွဲ့သည် စိတ်ခံစားမှုကို တုံ့ပြန်ရာတွင် ကျွမ်းကျင်သူပီပီ သူ့ကို ချက်ချင်းပင် အဖြေပေးလိုက်သည်။

"ခုနက ယွမ်ပေါ့ကို အာလူးကြော် ကျွေးနေတာ၊ သူက ကျွန်မလက်ကို လျက်လိုက်လို့ လက်တောင် မဆေးရသေးဘူးလို့ ပြောမလို့ပဲ... ဒါပေမဲ့ ရှင့် ဘာသာ ရှင် နမ်းလိုက်တာနော်"

မိုဟန်ကျီ၏ မျက်နှာမှာ တောင့်တင်းသွားတော့သည်။ သူမသာ ဘာမှမပြောလျှင် အကောင်းသား၊ ပြောလိုက်မှသာ တစ်မျိုးကြီး ခံစားသွားရသည်။

[ဒီခင်ပွန်းက ငါ့ကို ရွံနေတာလား၊ ဟွန်း... ငါက စနစ်ပဲ၊ ငါ့မှာ ဘယ်က တံတွေးရှိမှာလဲ၊ ဒါက ဇီဝကမ္မဆိုင်ရာ အတုယူမှုသက်သက်ပါ...]

ယွမ်ပေါ့သည် မင်ယွဲ့နှင့် မိုဟန်ကျီကို ဒေါသတကြီး စိုက်ကြည့်ကာ နည်းပညာဆိုင်ရာ အခေါ်အဝေါ်များကို တတွတ်တွတ် ရွတ်ဆိုနေတော့သည်။ ဤလူသားနှစ်ယောက်မှာ တကယ့်ကို အဆင့်မရှိဟု တွေးရင်း သူ၏ အာလူးကြော်ထုတ်ကို ဆွဲကာ အခန်းထဲသို့ ဒေါသတကြီး ဝင်သွားတော့သည်။

စကားမစပ်၊ မိုဟန်ကျီ ဤနေရာတွင် စတင်တည်းခိုကတည်းက မင်ယွဲ့သည် ယွမ်ပေါ့ကို မိုဟန်ကျီ ယခင်က နေခဲ့သော အခန်း၌ ပြောင်းရွှေ့ နေထိုင်စေခဲ့ခြင်း ဖြစ်သည်။

"လက်သွားဆေးရအောင်"

မိုဟန်ကျီသည် ယွမ်ပေါ့ ပြောသမျှကို နားမလည်သဖြင့် မင်ယွဲ့ကို ကလေးတစ်ယောက် ချီသကဲ့သို့ မျက်နှာချင်းဆိုင် ပွေ့ချီလိုက်သည်။

"အာ—"

ရုတ်တရက် အချီခံလိုက်ရသဖြင့် မင်ယွဲ့၏ ပါးစပ်မှ အာမေဍိတ်သံလေး ထွက်ပေါ်လာသည်။

သူမသည် မိုဟန်ကျီ၏ သွယ်လျသော်လည်း အားအင်ပြည့်ဝသော ခါးထက်သို့ သူမ၏ ခြေထောက်များဖြင့် အလိုအလျောက် ပတ် တွယ်လိုက်မိသည်။

မိုဟန်ကျီသည် အလွန် တည်ငြိမ်လှပြီး မင်ယွဲ့ကို မြဲမြံစွာ ပွေ့ပိုက်ထားရာ သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ်မျှ ယိမ်းယိုင်ခြင်း မရှိပေ။ လက်ဆေးကန်မှာ မာကျောနေမည် စိုးသဖြင့် သူသည် စောင်တစ်ထည်ကို ခံလိုက်ပြီးမှ မင်ယွဲ့ကို တင်ပေးလိုက်သည်။

မင်ယွဲ့က မိုဟန်ကျီဘက်သို့ အနည်းငယ် လှည့်ကြည့်လိုက်သည်။ မိုဟန်ကျီသည် ရေဘုံဘိုင်ခေါင်းကို ဖွင့်လိုက်ရာ ရေများက တသွင်သွင် စီးကျလာသည်။

သူသည် မင်ယွဲ့၏ လက်ကလေးကို ဆုပ်ကိုင်ကာ လက်ဆေးရည်ကို ညှစ်ထုတ်လိုက်ပြီးနောက် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုကို ကိုင်တွယ်နေသကဲ့သို့ အလွန်ပင် ဂရုတစိုက် ဆေးကြောပေးနေတော့သည်။

မင်ယွဲ့ကမူ ထိုဂရုစိုက်မှုကို သာယာစွာ ခံယူရင်း လက်ဆေးကန်ပေါ်တွင် ထိုင်ကာ ခြေထောက်လေးများကို လွှဲယမ်းနေမိသည်။

လက်ဆေးပြီးနောက် မိုဟန်ကျီသည် ဘာမှ ထွေထွေထူးထူး မလုပ်ဘဲ မင်ယွဲ့ကို ပွေ့ချီကာ ဆိုဖာပေါ်တွင် တီဗီကြည့်နေလိုက်သည်။ သူသည် ချစ်သူနှင့် နီးကပ်စွာ ရှိနေရခြင်း၊ သူမ၏ နှလုံးခုန်သံနှင့် အသက်ရှူသံများကို ခံစားနေရခြင်းကို အလွန်ပင် မြတ်နိုးလှသည်။

"ဒီနေ့လည်း အလုပ်က စောစော ပြန်လာပြန်ပြီ၊ အဘိုးမို ဆူမှာကို မကြောက်ဘူးလား"

မင်ယွဲ့က ခေါင်းကို အနည်းငယ် စောင်းကာ သူမကို နောက်ကွယ်မှ ဖက်ထားသော အမျိုးသားကို လှမ်းကြည့်လိုက်သည်။

"ကြောက်တာပေါ့၊ အဲဒါကြောင့် ယွဲ့ယွဲ့က ကိုယ့်ကို ကာကွယ်ပေးရမယ်လေ"

မိုဟန်ကျီသည် မင်ယွဲ့ကို ပိုမို တင်းကျပ်စွာ ဖက်လိုက်ပြီး သူ၏ မျက်ဝန်းများတွင် အပြုံးများ ပြည့်နှက်နေသည်။

"ရှင်က ကျွန်မရဲ့ တစ်ဦးတည်းသော အတိုင်ပင်ခံ (သစ္စာရှိနောက်လိုက်) ဆို၊ ရှင်ကပဲ ကျွန်မကို ကာကွယ်ရမှာ မဟုတ်ဘူးလား"

မင်ယွဲ့သည် သူ Weibo တွင် ရေးခဲ့သော စကားများကို ပြန်လည် အမှတ်ရလိုက်မိရာ ရင်ထဲ၌ နွေးထွေးသွားပြီး ပြုံးလိုက်မိသည်။

"ဒါဆို ကိုယ်ကပဲ မင်းကို ကာကွယ်မှာပေါ့”

ဟု မိုဟန်ကျီက မဆိုင်းမတွပင် ပြန်ဖြေလိုက်သည်။

"ဒါနဲ့... ရှင်က တကယ်ပဲ ကြောက်တာလား၊ မကြောက်တာလား"

မင်ယွဲ့က ရယ်ချင်ပတ်ချင် ပုံစံဖြင့် မေးလိုက်၏။

"မင်း ကိုယ့်ကို လိုအပ်တဲ့အချိန်မှာ ကိုယ် မကြောက်ဘူး၊ ဒါပေမဲ့ မင်း ကိုယ့်ကို မလိုအပ်တော့မှာကိုတော့ ကိုယ် တကယ် ကြောက်တယ်"

မင်ယွဲ့သည် သဘောကျစွာ ရယ်မောလိုက်ပြီး

"စကားတွေကလည်း အရမ်း တတ်နေတာပဲနော်"

"ကိုယ့်ကို ခွေးပေါက်လေးလိုရော၊ ဝံပုလွေလိုရော သဘောထားလို့ ရပါတယ်၊ မင်း ကြိုက်တဲ့ပုံစံ ပြောင်းပေးနိုင်တယ်"

"မင်း ကိုယ့်ကို 'ဇနီး' လို့ ခေါ်မလား၊ 'ခင်ပွန်း' လို့ ခေါ်မလား၊ ကြိုက်သလို ခေါ်လို့ရတယ်"

"ကိုယ်က အေးစက်တဲ့ အာဏာရှင် ဥက္ကဋ္ဌကြီးလည်း ဖြစ်နိုင်သလို၊ နူးညံ့ပြီး အားကိုးထိုက်တဲ့ ခင်ပွန်းလည်း ဖြစ်နိုင်တယ်၊ မင်းရဲ့ ဘဝမှာ မင်းသားရော၊ ဒုတိယမင်းသားရော ကိုယ် တစ်ယောက်တည်းပဲ ဖြစ်ရမယ်"

......

အမှန်တကယ်တွင် သူသည် အွန်လိုင်းမှ သူစိမ်းများ၏ မှတ်ချက်များကို ကြည့်ကာ အမှန် တကယ်ပင် သဝန်တိုနေခဲ့ခြင်း ဖြစ်သည်။

ထိုစကားများမှာ ရင်ထဲမှ လာသောကြောင့် အလွန်ပင် ထိမိလှသည်။ အမျိုးသားဖြစ်သူ၏ ပါးလွှာသော နှုတ်ခမ်းများမှ ထွက်ပေါ်လာသော စကားလုံးများမှာ ချိုမြိန်လှသော အချစ်ကဗျာများကဲ့သို့ မင်ယွဲ့၏ နှလုံးသားကို တုန်ယင်စေခဲ့သည်။

သူမသည် ထိုအမျိုးသား၏ ပြင်းပြသော စိတ် ဆန္ဒများကို ခံစားလိုက်ရသည်။

သူမ၏ နှလုံးသားကလည်း သူ့ကို ပြန်လည် တုံ့ပြန်ရန်၊ ကတိပေးရန်နှင့် သူ့ကို ချစ်ကြောင်း ပြောရန် အော်ဟစ်နေတော့သည်။

မိုဟန်ကျီ၏ သဝန်တိုမှုလေးများနှင့် တိုက်ရိုက်ဆန်သော အချစ်ဝန်ခံချက်များကို ကြားလိုက်ရသည့်အခါ မင်ယွဲ့သည် လှည့်ထိုင် လိုက်ပြီး သူ့ကို မျက်နှာချင်းဆိုင်ကာ ဖက် တွယ်လိုက်သည်။

ရှက်ရွံ့ခြင်း မရှိဘဲ သူမသည် သူ၏ အတိုင်းအဆမဲ့သော အချစ်ကို ရင်ဆိုင်ကာ စိတ်အားထက်သန်စွာ တုံ့ပြန်လိုက်၏။

"ကောင်းပါပြီ... သဘောတူတယ်၊ ကျွန်မရဲ့ အနာဂတ်က ရှင့်အပိုင်ပဲ၊ ရှင် တစ်ယောက်တည်းပဲ... ချစ်တယ်"

မိုဟန်ကျီသည် ရင်ထဲမှ ပြင်းပြသော စိတ်ဆန္ဒများကို ထပ်မံ မထိန်းချုပ်နိုင်တော့ဘဲ မင်ယွဲ့၏ လည်ကုပ်ကို ဆုပ်ကိုင်ကာ နမ်းရှိုက်လိုက် တော့သည်။

စိတ်ချင်း တူညီနေကြသော သူနှစ်ဦးသည် ခန္ဓာကိုယ်ချင်း ထိတွေ့မှုမှတစ်ဆင့် သူတို့၏ အတိုင်းအဆမဲ့သော ချစ်ခြင်းမေတ္တာများကို ဖလှယ်နေကြသည်။

ဟော်မုန်းများ၏ လှုံ့ဆော်မှုအောက်တွင် မင်ယွဲ့သည် ထိုအနမ်းများကြောင့် ခေါင်းများပင် မူးနောက်သွားရသည်။ အစပိုင်းတွင် အပြန်အလှန် ဖြစ်နေသော်လည်း နောက်ဆုံးတွင် သူမဘက်မှ အရှုံးပေးကာ အလိုက်သင့် လိုက်ပါနေမိတော့သည်။

ဆိုဖာမှာ ကျဉ်းမြောင်းလွန်းသဖြင့် သူတို့နှစ်ဦး၏ လှုပ်ရှားမှုများမှာ ဆူညံနေတော့သည်။ မင်ယွဲ့သည် ဆိုဖာပေါ်မှ ပြုတ်ကျမည် စိုးသဖြင့် သူ၏ လည်ပင်းကို တင်းတင်းကျပ်ကျပ် ဖက်ထားမိသည်။

မိုဟန်ကျီကလည်း သူမကို လွှတ်မပေးရန် တစ်ဖက်က လည်ကုပ်ကို ဆုပ်ကိုင်ထားပြီး ကျန်တစ်ဖက်ကမူ သူမ၏ နူးညံ့သော ခါးလေးကို ဖက်တွယ်ကာ မလဲကျအောင် ထိန်းထားပေးသည်။

အတော်ကြာမှသာ သူတို့နှစ်ဦး အနမ်းများကို ရပ်တန့်လိုက်ကြသည်။ မင်ယွဲ့သည် သူ၏ လှုပ်ရှားနေသော လည်သီးလေးကို ကြည့်ကာ မနေနိုင်ဘဲ ထပ်မံ နမ်းလိုက်မိပြန်သည်။

အမျိုးသားဖြစ်သူ၏ လည်ချောင်းမှာ တင်းကျပ်သွားသော်လည်း သူက အလိုက်သင့် ပင် ငြိမ်နေပေးခဲ့သည်။

သူ၏ အလိုလိုက်မှုကို ခံစားလိုက်ရသည့်အခါ မင်ယွဲ့သည် ပိုမို ရဲတင်းလာခဲ့သည်။ သူမသည် မိုဟန်ကျီ၏ အင်္ကျီရင်ဘတ်မှ ကြယ်သီးနှစ်လုံးကို ဖြုတ်လိုက်ပြီး သူ၏ ဆွဲဆောင်မှုရှိသော ညှပ်ရိုးထက်တွင် အနမ်းအမှတ်အသားများကို ချန်ထားရစ်ခဲ့သည်။

မိုဟန်ကျီသည် ထိတွေ့ခံရသော နေရာမှတစ်ဆင့် ပူလောင်မှုများ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်ဟု ခံစားလိုက်ရသည်။

သူ ထပ်မံ မအောင့်ထားနိုင်တော့ဘဲ မင်ယွဲ့ကို ဆိုဖာပေါ်သို့ ဖိချလိုက်ပြီး သူမ၏ ခေါင်းပေါ်တွင် သူ၏လက်များကို ထောက်လိုက်သည်။

လှုပ်ရှားမှုမှာ မြန်ဆန်လွန်းသဖြင့် မင်ယွဲ့မှာ ဘာဖြစ်သွားမှန်းပင် မသိလိုက်ဘဲ ဆိုဖာပေါ်သို့ ရောက်ရှိသွားတော့သည်။

သူမ၏ အောက်ရှိ အမျိုးသားတွင်မူ နက်မှောင်သော ဆံနွယ်များ ဖရိုဖရဲ ဖြစ်နေပြီး မျက်နှာမှာ ရှက်သွေးဖြာနေသည်။ မင်ယွဲ့၏ အံ့အားသင့်နေသော အကြည့်များအကြား မိုဟန်ကျီသည် သူမ၏ ခြေထောက်နှစ်ဖက်ကြားတွင် ဒူးထောက်နေရာယူလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို ဖိချလိုက်တော့သည်။

မင်ယွဲ့၏ အကြည့်များမှာ ထိုအမျိုးသား၏ မျက်နှာထက်သို့ အလိုအလျောက် ကျရောက်သွားသည်။

ထူထဲသော မျက်တောင်များ၊ စင်းလုံးချောသော နှာတံ၊ ပါးလွှာသော နှုတ်ခမ်းနီနီ... ထို့နောက် တွင်မူ သူမ ဘာကိုမျှ မစဉ်းစားနိုင်တော့ပေ။

အကြောင်းမှာ ထိုအမျိုးသားက သူမကို ထပ်မံ နမ်းရှိုက်လိုက်ပြီဖြစ်ရာ သူမ၏ အာရုံများအားလုံး ပျောက်ဆုံးသွားခဲ့ရလေပြီ။

အခန်း (၄၀၄) ကျွန်တော်က ဘယ်လိုလုပ် ဝံ့ရဲပါ့မလဲ

မင်ယွဲ့သည် အမောတကော အသက်ရှူနေစဉ်မှာပင် သန်မာသော ကြွက်သားများဖြင့် ဖွဲ့စည်းထားသည့် ထိုအမျိုးသားသည် သူမအပေါ်မှ ဖယ်ခွာလိုက်ပြီးနောက် မင်းသမီးလေးတစ်ပါးကဲ့သို့ ပွေ့ချီကာ အိပ်ခန်းထဲသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။

ဧည့်ခန်းထဲတွင်မူ ကော်ဇောပေါ်၌ အထီးကျန်စွာ ပြန့်ကျဲနေသော နက်မှောင်သည့် ဝတ်စုံတစ်စုံသာ ကျန်ရစ်ခဲ့သည်။

ကောင်းကင်ယံ၌ လခြမ်းကွေးလေးသည် ချိတ်တစ်ခုကဲ့သို့ ဆွဲချိတ်ထားပြီး မရေမတွက်နိုင်သော ကြယ်တာရာများက မှိတ်တုတ်မှိတ်တုတ် တောက်ပနေကြသည်။

အခန်းအတွင်းမှ လှုပ်ရှားသံများမှာ မိုးသောက်ယံတိုင်အောင်ပင် ငြိမ်သက်ခြင်း မရှိခဲ့ပေ။

"ရှူး..."

နူးညံ့သော အိပ်ရာထက်၌ လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာပြီးနောက် နာကျင်မှုကြောင့် တိုးညှင်းသော အသံလေး ထွက်ပေါ်လာသည်။

နက်မှောင်သော ဆံနွယ်များကြားမှ လှပနုနယ်သော မျက်နှာလေး တစ်ခု ပေါ်ထွက်လာ၏။

"သူတို့က တကယ့်ကို အငမ်းမရပဲ၊ ဘယ်တော့မှ မတင်းတိမ်နိုင်ကြဘူး"

မင်ယွဲ့သည် သက်ပြင်းကိုသာ ခပ်ဖွဖွ ချမိတော့သည်။

ကာမဂုဏ်ကို နှစ်ပေါင်းများစွာ ရှောင်ကြဉ်လာခဲ့သည့် အမျိုးသားတစ်ဦး အမှားကျူးလွန်မိသည့်အခါ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူမ တွေးတောနေမိသည်။

အခန်းတွင်း၌ တိတ်ဆိတ်နေသည်ကို ထောက်ဆလျှင် ထိုအမျိုးသားမှာ အလုပ်သို့ သွားပြီဖြစ်ကြောင်း ခန့်မှန်းရပေမည်။

ကုတင်ဘေး စားပွဲပေါ်မှ ဖုန်းသည် ရုတ်တရက် မြည်လာခဲ့သည်။

"ရှင် ကျွန်မကို စောင့်ကြည့်နေတာလား"

မင်ယွဲ့သည် လိုက်ကာကို ဆွဲဖွင့်လိုက်ရာ အပြင်ဘက်မှ နေရောင်ခြည်သည် အခန်းတွင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး မှောင်မိုက်မှုများကို ဖြိုခွင်းလိုက်သည်။

"မင်းကို စက္ကန့်တိုင်း စောင့်ကြည့်နေချင်တာပေါ့၊ ဒါပေမဲ့ ကျွန်တော် ဘယ်လိုလုပ် ဝံ့ရဲပါ့မလဲ"

ရုံးခန်းအတွင်း၌ မိုဟန်ကျီသည် သူ၏ လည်စည်းကို ဆွဲဖြေလိုက်ရာ စနစ်တကျ ရှိလှသော ပုံစံမှ အနည်းငယ် ဖရိုဖရဲဖြစ်သော်လည်း ဆွဲဆောင်မှုရှိသော ပုံစံသို့ ပြောင်းလဲသွားသည်။

သူ၏ လည်သီးထက်မှ နီမြန်းနေသော အနမ်းအမှတ်အသားမှာ အထင်အရှား ပေါ်လွင်နေ၏။

"ဒါကိုပဲ စိတ်ချင်း ဆက်သွယ်နေတာလို့ ခေါ်တာပေါ့"

ဟု မင်ယွဲ့က ပြုံးလျက် ဆိုသည်။

"မီးဖိုချောင်မှာ မှိုနဲ့ အသားနု ဆန်ပြုတ် လုပ်ထားပြီး အပူပေးထားတယ်၊ သောက်ဖို့ မမေ့နဲ့ဦးနော်"

ညင်သာသော အသံသည် နှလုံးသားထဲအထိ နွေးထွေးမှုကို ပေးစွမ်းနိုင်ရာ မင်ယွဲ့ပင် စိတ်လှုပ်ရှားသွားရသည်။

သူတို့နှစ်ဦး ခဏတာ စကားပြောပြီးနောက် ဖုန်းချလိုက်ကြသည်။ မိုဟန်ကျီက အလုပ်ကို ဆက်လုပ်နေပြီး မင်ယွဲ့ကမူ ရေချိုးသန့်စင်ကာ ထွက်လာသည့်အခါ ဧည့်ခန်းမှာ သပ်ရပ်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူမသည် ချစ်ခြင်းမေတ္တာများဖြင့် ချက်ပြုတ်ထားသော ဆန်ပြုတ်ကို သောက်ရင်း ဖုန်းကြည့်နေမိသည်။

အနည်းငယ် ပျင်းရိလာသဖြင့် တစ်စုံတစ်ခုကို သတိရကာ ယွမ်ပေါ့ကို ပိတ်လှောင်ထားရာမှ လွှတ်ပေးလိုက်သည်။ ယွမ်ပေါ့သည် အခါအားလျော်စွာ ပိတ်လှောင်ခံရခြင်းကို အသားကျနေပြီ ဖြစ်သည်။

ဆန်ပြုတ်နံ့ကို ရလိုက်သည်နှင့် ဆူဖြိုးသော ကလေးငယ်တစ်ဦးနှင့် တူသည့် ယွမ်ပေါ့သည် လျှပ်စီးကဲ့သို့ ပြေးထွက်လာတော့သည်။

မင်ယွဲ့က ပန်းကန်လုံးအကြီးကြီးဖြင့် တစ်လုံး ခပ်ပေးလိုက်ရာ ယွမ်ပေါ့သည် သူ၏ ရင်ဖုံးလေးကို ပတ်ကာ အားရပါးရ စားသောက်နေတော့သည်။ မင်ယွဲ့က ထိုပုံစံကို ဓာတ်ပုံရိုက်ကာ မိုဟန်ကျီထံ ပို့လိုက်၏။

"ဒေါက်... ဒေါက်..."

"ဝင်ခဲ့ပါ"

မိုဟန်ကျီသည် ဖုန်းကို စားပွဲပေါ်၌ မှောက်ထားလိုက်ပြီး ဝင်လာသူကို ကြည့်လိုက်သည်။

"မိုကော... အခုတလော ဘာတွေ အလုပ်ရှုပ်နေတာလဲ၊ အပြင်ထွက်ပြီး အပျော်အပါးလေး ဘာလေး မလုပ်တော့ဘူးလား"

ကျန်ကျွင်းသည် တံခါးကို တွန်းဖွင့်ကာ ဝင်လာပြီး ဆိုဖာပေါ်သို့ ပစ်လှဲလိုက်သည်။ မိုဟန်ကျီက ဘာမှမပြောဘဲ သူ့ကို စိုက်ကြည့်နေသည်။

"အဲဒီ အကြည့်က ဘာလဲ၊ မင်းရဲ့ ညီအစ်ကို လာတွေ့တာကို ဝမ်းသာနေတာ မဟုတ်လား၊ ဖက် ချင်လို့လား... လာလေ"

ကျန်ကျွင်းက မတ်တပ်ရပ်ကာ လက်မောင်းများကို ဆန့်တန်းလိုက်သည်။

"ထွက်သွားစမ်း"

မိုဟန်ကျီက အေးစက်စွာ ကြည့်လိုက်၏။

"တကယ်ကို ပျင်းစရာကောင်းတဲ့ လူပဲ"

ကျန်ကျွင်းသည် အရိုးမရှိသကဲ့သို့ ဆိုဖာပေါ်၌ ပြန်လည် ပျော့ခွေသွားတော့သည်။

"ဒါဆို မင်းက ဘာလို့ ငါ့ကို ဒီလို လာကြည့်နေတာလဲ"

မိုဟန်ကျီသည် ခေါင်းငုံ့ကာ စာရွက်စာတမ်းများကို စစ်ဆေးနေရင်း

"မင်း တံခါးခေါက်ပြီး ဝင်လာတာကို ငါ အံ့သြနေတာ"

"ငါက တံခါးမခေါက်တတ်တဲ့ လူလို့ မင်း ထင်နေတာလား"

"မင်းက အဲဒီလိုလူပဲလေ"

စကားပြောနေစဉ်အတွင်း အရှေ့ဘက်အိုင် ဂေဟစနစ် စီမံကိန်း၏ တိုးတက်မှု အခြေအနေများကို တင်ပြရန် ကျန်းရိ ရောက်ရှိလာခဲ့သည်။

ကျန်ကျွင်းသည် ကျန်းရိကို မြင်လိုက်သည်နှင့် မှတ်မိသွားကာ ဤကောင်လေးမှာ လုပ်ငန်းရှင် အထက်တန်းလွှာ တစ်ဦး၏ အငွေ့အအုံများ ပေါက်ဖွားနေပြီဖြစ်ကြောင်း သတိပြုမိလိုက် သည်။

မိုဟန်ကျီသည် ကျန်းရိကို နှစ်ရက်ခန့် အနားယူရန် ခွင့်ပေးလိုက်သည်။ ကျန်းရိ ထွက်သွားသည်နှင့် ကျန်ကျွင်းသည် မိုဟန်ကျီအနားသို့ တိုးကပ်သွားပြန်သည်။

"မနေ့က မင်းနဲ့ မင်ယွဲ့လေးတို့ အွန်လိုင်းမှာ တော်တော်လေး ဟိုးဟိုးကျော်သွားတယ်နော်"

မိုဟန်ကျီက သူ့ကို လျစ်လျူရှုထားသည်။

"အို... အေးစက်ပြီး ရက်စက်လှပါတယ်ဆိုတဲ့ ငါ့ရဲ့ မိုကောက ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး '၂၄ နာရီလုံး အဆင်သင့်ပဲ' တဲ့... 'မင်းရဲ့ သစ္စာရှိနောက်လိုက်' တဲ့... ဟားဟား"

ကျန်ကျွင်းသည် မိုဟန်ကျီ၏ စားပွဲကို မှီကာ သွားများ ပေါ်လွင်အောင် ရယ်မောနေတော့သည်။

"လူပျိုကြီးတွေက ငါ့ကို စကားလာပြောဖို့ မထိုက်တန်ဘူး၊ ထွက်သွားတော့"

မိုဟန်ကျီ၏ နားထင်မှ သွေးကြောများမှာ ဒေါသကြောင့် ထောင်ထွက်နေပြီ ဖြစ်သည်။

"ကဲပါ... အပိုတွေ မပြောတော့ဘူး၊ မင်း အားတဲ့အချိန်ကျရင် မင်းရဲ့ ဇနီးလောင်းကို ငါတို့ ညီအစ်ကိုတွေနဲ့ တရားဝင် မိတ်ဆက်ပေးဦးလေ"

မိုဟန်ကျီသည် ကျန်ကျွင်းကို ကြည့်လိုက်သည်။

မင်ယွဲ့နှင့် သူတို့ ဆုံဖူးသော်လည်း ယခုအခါ အွန်လိုင်းတွင် တရားဝင် ကြေညာထားပြီးဖြစ်ရာ ပိုမို စနစ်တကျရှိသော တွေ့ဆုံမှုမျိုး လိုအပ်သည်ဟု သူ လက်ခံလိုက်သည်။

"ကောင်းပြီ... ယွဲ့ယွဲ့နဲ့ တိုင်ပင်ပြီး အချိန်ညှိလိုက်မယ်"

"ဒါဆို ငါ သွားပြီ"

ကျန်ကျွင်းသည် ထွက်သွားခါနီး တံခါးဝမှ ခေါင်းပြူကာ

"နှုတ်ဆက်ပါတယ်... ကျွန်ုပ်၏ အနှိုင်းမဲ့ သစ္စာရှိ ဝန်ကြီးမင်းကြီး"

ဟု အော်ကာ ပြေးထွက်သွားတော့သည်။

မိုဟန်ကျီသည် လက်ထဲမှ စာရွက်စာတမ်းကို လွှင့်ပစ်ရန် ပြင်လိုက်သော်လည်း ထိုလူမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

စင်စစ်တွင် ကျန်ကျွင်းသည် မိုဟန်ကျီ၏ ဒေါသကို ကြောက်သော်လည်း စနောက်ချင်သည့် စိတ်ကိုမူ မထိန်းနိုင်ရှာပေ။

မိုဟန်ကျီက တွေ့ဆုံပွဲအကြောင်း ပြောပြသည့်အခါ မင်ယွဲ့ကလည်း လိုလိုလားလားပင် သဘောတူလိုက်သည်။

သူတို့နှစ်ဦး လက်တွဲသွားကြမည်ဆိုပါက လူမှုပတ်ဝန်းကျင်နှင့် မိတ်ဆွေအပေါင်းအသင်းများမှာလည်း သဘာဝအတိုင်း ထိတွေ့ဆက်ဆံရမည် မဟုတ်ပါလား။

နှစ်ကုန်ပိုင်းသို့ ရောက်ရှိလာပြီဖြစ်ရာ လေပြည်များထဲ၌ပင် စိမ့်ဝင်နေသော အအေးဓာတ်များ ပါရှိနေသည်။

မင်ယွဲ့သည် အစိမ်းရင့်ရောင် သိုးမွေးကုတ်အင်္ကျီကို ဝတ်ဆင်ကာ မိုဟန်ကျီ၏ လက်ကို ဆုပ်ကိုင် လျက် အပြင်သို့ ထွက်ခွာရန် ပြင်ဆင်လိုက် တော့သည်။

All Chapters