← Chapters

အခန်း (၄၁၃-၄၁၄)

Vol. 42 Ch. 413-414

အခန်း (၄၁၃-၄၁၄)

Vol. 42 Ch. 413-414

အခန်း (၄၁၃) မိန်းမ... ကိုယ် မင်းတစ်ယောက်တည်းကိုပဲ ချစ်တာ

"ကျွန်မက မစ္စတာမိုရဲ့ အတွင်းရေးမှူးပါ မစ္စတာမိုက သူ့ရုံးခန်းထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်လာတာမျိုး အမုန်းဆုံးပဲ အခုချက်ချင်း ထွက်သွားလိုက်ပါ"

လှပသော မျက်နှာလေးသည် ဒေါသကြောင့် ပုံပျက်ပန်းပျက် ဖြစ်သွားရသည်။

အမှန်ပင် ရုပ်ရည်သည် စိတ်နှလုံး၏ ရောင်ပြန်ဟပ်မှုသာ ဖြစ်ပေတော့သည်။

"ဒါဆိုရင်လည်း... နင်ကရော ဘာလို့ တံခါးမခေါက်ဘဲ ဝင်လာတာလဲ"

"အဲဒါက... အဲဒါကတော့..."

ထိုအခါမှသာ ထိုအမျိုးသမီးသည် မင်ယွဲ့၏ စကားနောက်သို့ ပါသွားပြီး မိမိအမှားကို မိမိဝန်ခံမိလိုက်မှန်း သိသွားတော့သည်။

"အခုချက်ချင်း ထွက်သွားစမ်း"

သူမသည် ရန်လိုသော အမူအရာဖြင့် ရှေ့သို့ တိုးလာပြီး မင်ယွဲ့ကို ဆွဲလားရမ်းလား လုပ်ရန် ကြိုးစားတော့သည်။

မစ္စတာမိုသည် ချမ်းသာကြွယ်ဝကာ အာဏာရှိရုံမျှမက ရုပ်ရည်မှာလည်း ပြစ်မျိုးမှဲ့မထင် ခန့်ညားလှသဖြင့် သူ့အနားသို့ ချဉ်းကပ်လိုသူများမှာ မြစ်ရေပြင်ထက်ရှိ ဗေဒါပင်များကဲ့သို့ပင်။

မင်ယွဲ့၏ ထူးကဲသော အလှတရားကို မြင်လိုက်ရသည့်အခါ ထိုအမျိုးသမီးသည် သူမအား ရည်မှန်းချက်ကြီးကြီးဖြင့် ချဉ်းကပ်လာသော မိန်းမပျိုများထဲမှ တစ်ဦးဟုသာ သတ်မှတ်လိုက်ပုံရသည်။

သို့သော်လည်း တစ်ချက်နှစ်ချက် ဆွဲရုံမျှဖြင့်ပင် ထိုအမျိုးသမီးသည် စားပွဲပေါ်တွင် မှောက်

လျက်သား အဖိခံလိုက်ရလေသည်။

မည်မျှပင် မိတ်ကပ်များ လိမ်းခြယ်ထားစေကာမူ ယခုကဲ့သို့သော အနေအထားမျိုးတွင်မူ မည်သို့မျှ ကြည့်ကောင်းနေမည် မဟုတ်ပေ။

ထိုစဉ် ရုံးခန်းအပြင်ဘက်မှ အသံများကို ကြားလိုက်ရသဖြင့် အစည်းအဝေး ပြီးဆုံးသွားပြီဖြစ်ကြောင်း မင်ယွဲ့ သိလိုက်သည်။

"အခုချက်ချင်း လွှတ်စမ်း၊ မဟုတ်ရင် မစ္စတာမိုက နင့်ကို လွှတ်ထားမှာ မဟုတ်ဘူး"

အသံများကို ကြားလိုက်ရသည်နှင့် ထိုအမျိုးသမီးမှာ ပို၍ပင် ရုန်းကန်လာတော့သည်။

ဤမိန်းကလေးကို တစ်ခွန်းတည်းနှင့် ဖော်ပြရလျှင်မူ သူမသည်

“အာဏာရှင် ဥက္ကဋ္ဌကြီးနှင့် စင်ဒရဲလား"

ပုံပြင်များကို ဖတ်လွန်း၍ ဦးနှောက်ထဲတွင် အချစ်များသာ ပြည့်နှက်နေပြီး ရုန်းမထွက် နိုင်တော့သော သူတစ်ဦးသာ ဖြစ်သည်။

အချစ်ကို အသုံးချ၍ လူမှုအဆင့်အတန်းတစ်ခုဆီသို့ ခုန်တက်ရန် စိတ်ကူးယဉ်နေသော မိန်းမတစ်ဦးပင်။

မိုဟန်ကျီ တံခါးတွန်းဖွင့်၍ ဝင်လာသည့်အခါ တွေ့လိုက်ရသည့် မြင်ကွင်းက ဤသို့ဖြစ် နေသည်။

"မစ္စတာမို... ကယ်ပါဦး အရူးတစ်ယောက်က ရုံးခန်းထဲကို အတင်းဝင်လာလို့ပါ"

ခုနကတင် ဟိန်းဟောက်နေသော အမျိုးသမီးသည် မိုဟန်ကျီကို မြင်သည်နှင့် ချက်ချင်းပင် နူးညံ့သိမ်မွေ့သွားကာ သနားစဖွယ် ငိုရှိုက်ပြနေတော့သည်။

မင်ယွဲ့သည် မသိလိုက်ဘဲ လက်ကို ဖြေလျှော့ပေးမိသွားသည်။

ဤမိန်းကလေး၏ သရုပ်ဆောင်ချက်မှာ အလွန်ပင် ကောင်းမွန်လှသဖြင့် ဖျော်ဖြေရေးလောကထဲသို့ မဝင်ခဲ့သည်မှာ နှမြောစရာပင် ကောင်းလှသည်။

မိုဟန်ကျီသည် မင်ယွဲ့ကို လှမ်းခေါ်ရန် ပြင်လိုက်သော်လည်း ကြားဖြတ်နှောင့်ယှက်ခံလိုက်ရသဖြင့် မျက်မှောင်ကြုတ်ကာ မင်ယွဲ့ ဖိထားသည့်သူကို ကြည့်လိုက်သည်။

သူ ထိုသူကို မှတ်မိသည်။ သူမသည် အတွင်းရေးမှူးအသစ်ဖြစ်သော်လည်း အမြဲတမ်း လက်ကြောမတင်းဘဲ အမှားအယွင်းများနေကာ တောင်းပန်လိုက်၊ နောက်တစ်ကြိမ် ထပ်မှားလိုက်နှင့် ဖြစ်နေသူဖြစ်သည်။

ရှင်းယောင်းလုပ်ငန်းစုသည် ဤသို့သော ဝန်ထမ်းမျိုးကို မလိုအပ်သကဲ့သို့ သူသည်လည်း ဤသို့သော အတွင်းရေးမှူးမျိုးကို မလိုအပ်ပေ။

မင်ယွဲ့ကို ကြည့်လိုက်သည့်အခါတွင်မူ သူ၏ အကြည့်များက ချက်ချင်းပင် နူးညံ့ပျော့ပျောင်းသွားပြီး ထိုနေရာသို့ အပြေးတစ်ပိုင်း လှမ်းလာခဲ့သည်။

ထိုအမျိုးသမီးမှာမူ မိုဟန်ကျီက သူမအား ကယ်တင်ရန် လာသည်ဟု ထင်မှတ်ကာ ဝမ်းသာအားရ ဖြစ်နေလေသည်။

သူကယ်တင်ပြီးလျှင် မည်သို့ ကျေးဇူးပြန်ဆပ်ရမလဲဟုပင် စိတ်ကူးယဉ်နေတော့သည်။ ထမင်းဖိတ်ကျွေးရမလား၊ ဒါမှမဟုတ် အချစ်တွေ အပြည့်ပါတဲ့ ထမင်းဘူးလေး ပြင်ပေးရမလားပေါ့။

သူမ စိတ်ကူးယဉ်နေစဉ်မှာပင် မင်ယွဲ့က လက်ကို လွှတ်ပေးလိုက်ပြီး မိုဟန်ကျီက သူမအား ဆွဲယူကာ ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ဖက်လိုက် သည်။

"လာမှာဆိုရင်လည်း ကိုယ့်ကို ဘာလို့ ကြိုမပြောတာလဲ"

Master နှင့် တွေ့လိုက်ရသော သားရဲတစ်ကောင်ကဲ့သို့ပင် သူ၏ မာန်မာနများမှာ ချက်ချင်းပင် အရည်ပျော်ကျသွားပြီး သစ္စာရှိသော အိမ်မွေးခွေးလေးတစ်ကောင်ကဲ့သို့ ဖြစ်သွားရသည်။

"ရှင် အလုပ်တွေ ကြိုးစားနေသလားလို့ လာကြည့်တာပါ၊ ဒါပေမဲ့ ရှင့်ဘေးမှာ အလှလေးတစ်ယောက် ရှိနေမယ်လို့တော့ မထင်ထားဘူး"

မင်ယွဲ့သည် မှင်တက်ကာ ကြည့်နေသော အမျိုးသမီးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

ထိုအမျိုးသမီး စားပွဲပေါ်တွင် သေသေချာချာ တင်ထားသော ကိတ်မုန့်ဘူးလေးကိုလည်း သူမ သတိပြုမိလိုက်သည်။

"နင်... နင်တို့... မစ္စတာမိုမှာ ရည်းစားရှိပြီးသားလေ၊ နင်က တကယ် ရှက်ဖို့ကောင်းတဲ့သူပဲ"

ထိုအမျိုးသမီးသည် မိမိကိုယ်မိမိ ခုခံရန် အကြောင်းပြချက် မရှိတော့သဖြင့် မစ္စတာမို၏ ရည်းစားဘက်မှ မတ်တပ်ရပ်ကာ အော်ဟစ် လိုက်ခြင်းဖြစ်သည်။

"မောင်... ရှင့်ရည်းစားကိုပဲ ချစ်တာလား၊ ဒါမှမဟုတ် ကျွန်မကိုပဲ ချစ်တာလား"

မင်ယွဲ့သည် မျက်ဝန်းများတွင် အပြုံးရိပ်များဖြင့် ခြေဖျားလေးထောက်ကာ မိုဟန်ကျီကို နမ်းလိုက်သည်။

"တော်ပါတော့ မိန်းမရယ် ကိုယ် မင်းတစ်ယောက်တည်းကိုပဲ ချစ်တာပါ"

မိုဟန်ကျီ၏ စကားကြောင့် မင်ယွဲ့၏ အဆင့်အတန်းမှာ ထင်ရှားသွားခဲ့ပြီး ထိုအမျိုးသမီးမှာမူ တကယ်ပင် မသိ၍လား သို့မဟုတ် သိလျက်နှင့် ဟန်ဆောင်နေသည်လား မသိရဘဲ ကြောက်လန့်တကြား နောက်သို့ ဆုတ်သွားလေသည်။

"မစ္စတာမို... ကျွန်မ သွားပါတော့မယ်"

သူမသည် ကတုန်ကရင်ဖြင့် ထွက်ခွာရန် ပြင် လိုက်သည်။

"နေဦး... နင့်ပစ္စည်းတွေ ယူသွားဦးလေ"

မင်ယွဲ့ ညွှန်ပြလိုက်သည့်အခါမှသာ မိုဟန်ကျီသည် စားပွဲပေါ်မှ ကိတ်မုန့်ဘူးကို သတိထားမိတော့သည်။

"မစ္စတာမိုက စတော်ဘယ်ရီကိတ် ကြိုက်တယ်လို့ ကြားလို့ပါ၊ ဒါလေးကို စားကြည့်ပါဦး"

ချမ်းသာတဲ့သူတွေမှာ သစ္စာရှိတယ်ဆိုတာ မရှိပါဘူး။ ရည်းစားဆိုတာ ဇနီးမှ မဟုတ်တာ။ ငါက ငါ့အချစ်ကိုပဲ ရှာဖွေနေတာလေ။ ထိုအမျိုးသမီးသည် မျက်ရည်များကြားမှ မိမိကိုယ်မိမိ အားပေးနေဆဲဖြစ်သည်။

"ယူသွားလိုက်"

နောက်ကွယ်မှ ထွက်ပေါ်လာသော အေးစက်စက် အသံနှစ်ခွန်းကြောင့် သူမ၏ မျက်ဝန်းမှ မျက်ရည်များမှာ တားမရဆီးမရ ကျဆင်းလာတော့သည်။

သူမသည် ရိုးသားသော မိသားစုမှ လာသည့်ပုံစံ၊ လူမှုပတ်ဝန်းကျင်ထဲသို့ စတင်ဝင်ရောက်လာကာစ အပြစ်ကင်းစင်သော ပုံစံရှိလှသည်။

သာမန်လူတစ်ဦးဆိုလျှင် ယခုကဲ့သို့ သနားစဖွယ် အလှလေးကို ဤမျှ အေးစက်စွာ ဆက်ဆံနိုင်မည် မဟုတ်သော်လည်း မိုဟန်ကျီမှာမူ သာမန်လူတစ်ဦး မဟုတ်ပေ။

သူသည် မျက်ရည်စက်လက်ဖြင့် ကြည့်နေသော ထိုသူကို ကြည့်ကာ စိတ်အနှောင့်အယှက်သာ ဖြစ်မိသည်။

အတွင်းရေးမှူးရုံးတွင် လူများစွာ ရှိသဖြင့် သူမ၏ အမည်ကိုပင် သူ မမှတ်မိပေ။

သို့သော်လည်း ဆက်၍ မှတ်မိနေရန်လည်း မလိုတော့ပေ။ ရှင်းယောင်းလုပ်ငန်းစုသည် အကြံအစည်ရှိပြီး ငိုယိုခြင်းဖြင့် အရာရာကို ဖြေရှင်းတတ်သော ဝန်ထမ်းမျိုးကို မလိုအပ်ပေ။

ထိုအမျိုးသမီးသည် နောက်ဆုံးအကြိမ်အဖြစ် မတ်တပ်ရပ်ကာ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေပုံရသည်။ ဥက္ကဋ္ဌမိုသည် သူမ၏ ကြံ့ခိုင်သော ပုံစံလေးကို မြင်လျှင် စိတ်လှုပ်ရှားသွားလိမ့်မည်ဟု သူမ ယုံကြည်နေဆဲဖြစ်သည်။

မင်ယွဲ့သည် မိုဟန်ကျီကို လွှတ်ပေးလိုက်ပြီး ဘေးသို့တိုးကာ ပြိုင်ပွဲတစ်ခုကို ကြည့်သကဲ့သို့ ကြည့်နေလိုက်သည်။

"ကိုယ်က စတော်ဘယ်ရီကိတ် မကြိုက်ဘူး၊ ဒါပေမဲ့ ကိုယ့်အဖော်ကတော့ ကြိုက်တယ် ကိုယ့်လက်ထောက်လင်က အားလုံးကို တာဝန် ယူထားတာလေ မင်းကတော့ အကန့်အသတ်ကို ကျော်လွန်သွားပြီ"

ဤစကားများသည် ထိုအမျိုးသမီး၏ နှလုံးသားကို ဓားဖြင့် မွှန်းလိုက်သကဲ့သို့ပင်။

သူမ၏ ခြေထောက်များမှာ ခဲဆွဲထားသကဲ့သို့ လေးလံသွားပြီး ခုနကကဲ့သို့ ကိတ်မုန့်ဘူးလေးကို ဂရုတစိုက် မကိုင်နိုင်တော့ပေ။

နောက်ဆုံးတွင် ကိတ်မုန့်ဘူးမှာ အမှိုက်ပုံးထဲသို့ ရောက်သွားခဲ့ရပြီး ထိုအမျိုးသမီးမှာလည်း သူမ၏ အလုပ်ခုံသို့ပင် ပြန်မရောက်လိုက်ဘဲ အတွင်းရေးမှူးချုပ်၏ ခေါ်ဆောင်ခြင်းကို ခံလိုက်ရကာ အလုပ်မှ ထွက်သွားရတော့သည်။

"ဘာဖြစ်တာလဲ သူတို့ ဘာလို့ ချက်ချင်း ထွက်သွားကြတာလဲ"

"သူက ဒီအလုပ်နဲ့ မသင့်တော်ပါဘူး အလုပ်က နည်းနည်းပဲ လုပ်ပြီး တို့တွေက အမြဲ လိုက်သိမ်းပေးနေရတာ ပြီးရင် သူကပဲ အမြဲ အနစ်နာခံနေရသလို လုပ်ပြနေတာ၊ ငါတော့ တော်တော် စိတ်ကုန်နေပြီ"

"— ဌာနမှူးက သူ့ကို တော်တော်သဘောကျတာ မဟုတ်လား သူ့နောက်မှာ အမြဲ တကောက် ကောက် လိုက်နေတာလေ"

"ဌာနမှူး သဘောကျလို့ ဘာလုပ်မှာလဲ ဒီတစ်ခါတော့ လက်ထောက်လင် ကိုယ်တိုင် ပြောလိုက်တာလေ လက်ထောက်လင်ဆိုတာ ဥက္ကဋ္ဌမိုရဲ့ ပြောရေးဆိုခွင့်ရှိသူလေ"

အတွင်းရေးမှူးရုံးတွင် လူများစွာ ရှိသော်လည်း မိုဟန်ကျီကမူ အားလုံးကို မသိပေ။

အလုပ်လွှဲပြောင်းခြင်း ကိစ္စများကို လက်ထောက်လင်နှင့် အတွင်းရေးမှူးချုပ်တို့ကသာ အဓိက ကိုင်တွယ်ကြသည်။

"ဒီနေ့ ဥက္ကဋ္ဌကတော်ကြီး ရောက်လာတာလေ၊ အဲဒီမိန်းကလေး ဥက္ကဋ္ဌရုံးခန်းထဲကနေ ငိုပြီး ထွက်လာတာ ငါ မြင်လိုက်တယ်၊ နားလည်ပြီလား"

"အား... သူက ဥက္ကဋ္ဌကတော်ကို သွားစော်ကားတာကိုး ကတော်က စိတ်ထား ဘယ်လောက်

ကောင်းလဲဆိုတာ နင်တို့ သိလား"

......

မင်ယွဲ့နှင့် မိုဟန်ကျီတို့ အပြင်သို့ ထွက်လာသည့်အခါတွင်မူ အားလုံး တိတ်ဆိတ်သွားကြသည်။ သူတို့ ထွက်သွားပြီးမှသာ ပတ်ဝန်းကျင်က ပြန်လည်သက်ဝင်လှုပ်ရှားလာတော့သည်။

မင်ယွဲ့: "နောက်ရက်အနည်းငယ်ကြာရင် ငါ အိမ်ပြန်တော့မယ်"

ဝန်ထမ်းများက အလုပ်တိုးတက်မှုများကို အစီရင်ခံနေသော်လည်း မိမိ၏ ဇာတိရွာလေးသို့ ပြန်လည်ကြည့်ရှုရန် အချိန်တန်ပြီဖြစ်သည်။

"ကောင်းပါပြီ... အမြန်ဆုံး ပြန်လာခဲ့နော်"

မိုဟန်ကျီသည် သူမနှင့် တစ်ရက်မျှပင် မခွဲလိုပေ။

"မုန်ရှု့က မင်းကို ကျေးဇူးတင်တယ်လို့ ပြောခိုင်းလိုက်တယ်၊ ပြီးတော့ မနက်ဖြန် ညစာ ဖိတ်ကျွေးချင်လို့တဲ့ အချိန်ရရဲ့လား"

သူ့ရဲ့ ကုန်ပစ္စည်းတွေ ဖောက်သည်လက်ထဲကို အချိန်မီ ရောက်သွားတာက မင်ယွဲ့ကြောင့်ပင် ဖြစ်သည်။

"ရတာပေါ့"

မင်ယွဲ့သည် အေးအေးလူလူပင် ခေါင်းငြိမ့်ပြလိုက်သည်။

ကျန်ကျွင်းသည် ကိုယ်ပိုင်အစီအစဉ်ဖြင့် လျှောက်လည်နေပြီး ဝေရှုယွဲ့တွင်လည်း အလုပ်ကိစ္စများ ရှိနေသဖြင့် ဤညစာစားပွဲတွင် သူတို့ သုံးဦးသာ ရှိကြသည်။

"တကယ် ကျေးဇူးတင်ပါတယ် ယွဲ့ယွဲ့ရယ် ပြီးခဲ့တဲ့အကြိမ်က ငါ မင်းကို လက်ဆောင် မပေးလိုက်ရဘူး၊ ဒီတစ်ခါတော့ အကြွေးဆပ်ပါရစေ"

မုန်ရှု့က သေတ္တာလေးတစ်လုံးကို ကမ်းပေးလိုက်သည်။ မင်ယွဲ့လည်း မငြင်းတော့ပေ။

သူတို့အားလုံးသည် ပြည့်စုံသူများဖြစ်သဖြင့် တစ်ဦး၏ စေတနာကို တစ်ဦးက ငြင်းပယ်နေရန် မလိုပေ။

"ဖွင့်ကြည့်ပါဦး၊ မင်း ကြိုက်မလားတော့ မသိဘူး တို့တွေက မိန်းကလေးတွေ ဘာကြိုက်တတ်လဲဆိုတာ သိပ်မသိလို့"

မုန်ရှု့က လက်ဖက်ရည် ငှဲ့ပေးရင်း ပြောလိုက်သည်။ မင်ယွဲ့ ဖွင့်ကြည့်လိုက်သည့်အခါတွင်မူ ကျောက်စိမ်းတုံးလေးတစ်တုံးကို တွေ့လိုက်ရသည်။

"လာဘ်လာဘ၊ ရာထူးဂုဏ်ရှိန်နဲ့ အသက်ရှည် ခြင်း”

မင်ယွဲ့သည် အံ့အားသင့်ကာ ဝမ်းသာသွားသည်။

သူမ ဝယ်ထားသော ကုန်ကြမ်းများမှာ ကုန်ချောဖြစ်သွားပြီဖြစ်၍ ယခုကဲ့သို့ ကျောက်စိမ်းတုံးများကို သူမ လိုအပ်နေချိန်ဖြစ်သည်။

"ဟန်ကျီဆီကနေ မင်း ကျောက်စိမ်းထွင်းထုတာကို စိတ်ဝင်စားတယ်လို့ ကြားထားလို့ ဒီလိုမျိုးလေးတွေ ကြိုက်မယ်လို့ ထင်နေတာ"

မုန်ရှု့သည် မင်ယွဲ့၏ အကြိုက်ကို သိရှိရန် အတော်ပင် ကြိုးစားထားပုံရသည်။

"ကျေးဇူးတင်ပါတယ်၊ ကျွန်မ တကယ် သဘောကျပါတယ်"

သူတို့ သုံးဦးသည် ရင်းရင်းနှီးနှီး ညစာစားခဲ့ကြပြီး အိမ်ရှင်ရော ဧည့်သည်ပါ စိတ်ချမ်းမြေ့ခဲ့ကြသည်။

"နောက်အပတ်မှာ နာမည်ကျော်တွေ တက် ရောက်မယ့် ဂါလာညစာစားပွဲ တစ်ခုရှိတယ်၊ မင်း စိတ်ဝင်စားလား"

မုန်ရှု့က ရုတ်တရက် မေးလိုက်သည်။

သူတို့ကဲ့သို့ အဆင့်အတန်းမျိုးရှိသူများအတွက် ဤကဲ့သို့သော ပွဲမျိုးကို တက်ရောက်ခြင်း သို့မဟုတ် မတက်ရောက်ခြင်းမှာ သူတို့၏ ဆန္ဒသာဖြစ်သည်။

"ယွဲ့ယွဲ့ သွားချင်လား"

မိုဟန်ကျီကိုယ်တိုင်ကမူ သွားလိုစိတ် မရှိသော်လည်း မင်ယွဲ့ သွားချင်လျှင်မူ သူ လိုက်ပို့ပေးရန် အဆင်သင့်ပင်။

"ဘာပွဲလဲဟင်"

မင်ယွဲ့ အနည်းငယ် စိတ်ဝင်စားသွားသည်။

"နာမည်ကျော်တွေ စုဝေးတဲ့ပွဲလို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ စီးပွားရေးသမားတွေ အချင်းချင်း အဆက်အသွယ်ရှာဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှာဖွေဖို့ လုပ်ကြတာပါ"

မုန်ရှု့က နားလည်လွယ်အောင် ရှင်းပြလိုက်သည်။

"ကျွန်မ မသွားတော့ဘူး"

မင်ယွဲ့သည် ချက်ချင်းပင် စိတ်ဝင်စားမှု လျော့ကျသွားလေသည်။

——

မင်ယွဲ့ လီအောက်ရွာ သို့ ပြန်ရောက်သည့်အခါ ရွာကလေးမှာ အလွန်ပင် စည်ကားဖွံ့ဖြိုးနေသည်ကို တွေ့ရသည်။

ဆောင်းရာသီ ဖြစ်သဖြင့် အချို့အပင်များမှာ အပြည့်အဝ မကြီးထွားသေးသော်လည်း ကျယ်ပြန့်လာသော လမ်းများ၊ အသစ်စက်စက် တံတားကြီး၊ ကြည်လင်နေသော ရေပြင်နှင့် အသုံးဝင်သော ရေဆေးခုံများ...

မင်ယွဲ့သည် တစ်ခုချင်းစီကို ကြည့်ရင်း ရင်ထဲတွင် ကြည်နူးမှုများ ပြည့်နှက်လာသည်။

တီဗီသတင်းများထဲတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေသည်ကို မြင်ကတည်းက သူမ အလွန်ပင် စိတ်အားထက်သန်ခဲ့ရသည်။

သို့သော် မူဝါဒများကို လက်တွေ့အကောင်အထည်ဖော်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။ ယခုအခါ မိမိ၏ စွမ်းဆောင်မှုဖြင့်ပင် ဤမျှ ဖြစ်မြောက်လာသည်ကို မြင်ရသည်မှာ အဘယ်ကြောင့် မပျော်ရွှင်ဘဲ နေပါမည်နည်း။

"ယွဲ့ယွဲ့... ပြန်ရောက်လာပြီလား"

ရွာထဲတွင် အမြဲ လမ်းလျှောက်နေတတ်သော ရွာလူကြီးက မင်ယွဲ့ကို အရင်ဆုံး မြင်လိုက်ခြင်းဖြစ်သည်။ သူ၏ အော်ဟစ်လိုက်သံကြောင့် ရွာသူရွာသားများ အားလုံး စုရုံးရောက်ရှိလာကြသည်။

"ယွဲ့ယွဲ့လေး... ပြန်ရောက်လာပြီပဲ"

"ဒီနေ့ အန်တီ့အိမ်မှာ ညစာ လာစားပါလား၊ အန်တီ ကြက်တစ်ကောင် သတ်ပေးမယ်လေ"

အားလုံးက ရိုးသားဖြူစင်သော အပြုံးများဖြင့် ရင်းနှီးနွေးထွေးစွာ ကြိုဆိုကြသည်။

"အားလုံးကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ တော်ပါပြီနော်"

မင်ယွဲ့က အားလုံး၏ စေတနာကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။ ထို့နောက် ရွာလူကြီးသည် သူမ၏ အိမ်သို့ လိုက်လာခဲ့သည်။

"ယွဲ့ယွဲ့... ဒီတစ်ခါ အိမ်မှာ ဘယ်လောက်ကြာကြာ နေမှာလဲ"

"သုံးရက်ပါ"

မင်ယွဲ့သည် လက်ဖက်ခြောက်အချို့ကို ထုတ်ယူကာ ရွာလူကြီးအတွက် လက်ဖက်ရည် တစ်ခွက် ဖျော်ပေးလိုက်သည်။

"လက်ဖက်ရည်က တကယ် ကောင်းတာပဲ"

ရွာလူကြီးက မြိန်ရှက်စွာ တစ်ငုံသောက်လိုက်ရင်း ချီးကျူးလိုက်သည်။

"ဘကြီး... ကြိုက်ရင် အိမ်ကို နည်းနည်း ယူသွားလိုက်လေ"

"ဒါမျိုးကို ငါ ဘယ်လို ယူနိုင်ပါ့မလဲ ဒီလက်ဖက်ရည်က တော်တော်စျေးကြီးမှာ ဟိုဘက်ရွာက အချမ်းသာဆုံး အဘိုးကြီးအိမ်မှာ သောက်ခဲ့ရတဲ့ လက်ဖက်ရည်တောင် ဒီလောက် မမွှေးဘူး"

ရွာလူကြီးက လက်ကာပြကာ ငြင်းဆိုနေတော့သည်။

အခန်း (၄၁၄) စက်ရုံတည်ဆောက်ခြင်း

"အိမ်မှာ လက်ဖက်ခြောက်တွေ အများကြီး ရှိပါသေးတယ် ဘကြီးရဲ့ အားမနာပါနဲ့ ကျွန်မတို့ မိသားစုကို အမြဲစောင့်ရှောက်ပေးလို့လည်း ကျေးဇူးတင်ပါတယ်"

မင်ယွဲ့က ယဉ်ကျေးပျူငှာစွာ ဆိုလိုက်သော်လည်း ရွာလူကြီးကမူ မိမိအနေဖြင့် မင်ယွဲ့တို့မိသားစုကို ဘာတစ်ခုမျှ ထိထိရောက်ရောက် မကူညီနိုင်ခဲ့ကြောင်း ကောင်းကောင်းကြီး သိရှိနေသည်။

မင်ယွဲ့က သူတို့အပေါ် စေတနာထားသည်မှာ မှန်သော်လည်း သူမတို့မိသားစု ရွာတွင်အခြေချနေထိုင်စဉ်က ပိုမိုစောင့်ရှောက်ပေးနိုင်ခဲ့လျှင် ပိုကောင်းမည်ဟု သူတွေးတောမိသည်။

"ကောင်းပါပြီ... ဒါဆိုရင်တော့ ဘကြီး အားမနာတော့ဘူး နောက်နောင် တစ်ခုခုအကူအညီလိုရင်လည်း ပြောနော်၊ ဘကြီး တတ်နိုင်သလောက် သေချာပေါက် ကူညီပေးပါ့မယ်"

သူတို့နှစ်ဦး၏ စကားဝိုင်းမှာ အလွန်ပင် ပြေပြစ်ချောမွေ့လှသည်။

ရွာလူကြီးသည် မင်ယွဲ့ကို အလွန်သဘောကျမိသည်။ ပညာတတ်ဘွဲ့ရ လူငယ်အချို့တွင် တွေ့ရတတ်သည့် ထောင်လွှားသောအမူအရာမျိုး သူမထံတွင် အစအနပင် မရှိဘဲ အလွန်ပင် ရိုသေကိုင်းရှိုင်းလှပေသည်။

"ဘကြီး... ကျွန်မတို့ စက်ရုံဘက်ကို ခဏလောက် သွားကြည့်ကြမလား"

မင်ယွဲ့သည် ရွာတွင် လက်မှုပညာသုံး ကုန်ထုတ် စက်ရုံတစ်ခုကို တည်ထောင်ခဲ့သည်။

သူမသည် ပတ်ဝန်းကျင်ဒေသများမှ ဝါးများကို ဝယ်ယူစုဆောင်းပြီး ရွာသူရွာသားများက ထိုဝါးများဖြင့် ခြင်းတောင်းများ၊ စကာများနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို ပြုလုပ်ကြရမည်ဖြစ်သည်။

သူမသည် အလုပ်ချိန်ကို တင်းကျပ်စွာ သတ်မှတ်ထားခြင်း မရှိပေ။ ရွာသူရွာသားများအနေဖြင့် မိမိတို့အိမ်သို့ ပစ္စည်းများယူဆောင်ကာ အားလပ်ချိန်တွင် လုပ်ကိုင်နိုင်ခွင့် ပေးထားသည်။

"ဘကြီး... စက်ရုံအတွက် အလုပ်သမားခေါ်တဲ့အခါ လူရွေးချယ်ရေးအပိုင်းကို ကူညီပေးပါဦးနော်"

မင်ယွဲ့၏ စကားအရ လီအောက်ရွာသားများကိုသာ ဦးစားပေး ခန့်အပ်သွားမည်ဖြစ်ကြောင်း ရွာလူကြီး နားလည်လိုက်သဖြင့် မျက်နှာတွင် အပြုံးပန်းများ ဝေဆာသွားတော့သည်။

ရွာရှိ အမျိုးသားများသည် ဤကဲ့သို့သော လက်မှုလုပ်ငန်းများတွင် ကျွမ်းကျင်ကြသူများဖြစ်ရာ အားလပ်ချိန်တွင် လုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်ငွေကို ဖြည့်တင်းနိုင်မည်ဖြစ်သည်။

"လက်ရာကောင်းတဲ့သူတွေကိုတော့ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်မှာပါ သူတို့အတွက် သီးသန့်လေ့ကျင့်ရေးအစီအစဉ်တွေလည်း ထားရှိပေးမှာဖြစ်ပါတယ်"

ရွာသားများကို ကူညီရင်းနှင့်ပင် စီးပွားရေးအရ အမြတ်အစွန်းရရှိရန်မှာလည်း သဘာဝကျသောကိစ္စဖြစ်ကြောင်း မင်ယွဲ့ ဆိုလိုက်သည်။

သာမန်လက်မှုပစ္စည်းနှင့် အဆင့်မြင့် အနုပညာလက်ရာမြောက် လက်မှုထုတ်ကုန်များကြားတွင် ကွာခြားချက်ရှိနေဆဲပင် ဖြစ်သည်။

"နောက်ပြီးတော့ တစ်ချိန်ကျရင် မြို့ထဲမှာ ကစားစရာစက်ရုံတစ်ခုလည်း ဖွင့်ဖို့ ရှိပါတယ်"

သူမသည် မြို့ကြီးပြကြီးများမှ ကျွမ်းကျင်သော ကစားစရာဒီဇိုင်နာများကို ငှားရမ်းပြီး ရွာသူရွာသားများကို အလုပ်အကိုင် ပေးအပ်ရန် ရည်မှန်းထားသည်။

စက်ရုံနှစ်ခုလုံးသည် လီအောက်ရွာသားများကိုသာ အဓိက ဦးစားပေး ခန့်အပ်သွားမည် ဖြစ်သည်။

ဤအစီအစဉ်သည် ကျေးလက်ဒေသတွင် ကျန်ရစ်ခဲ့သော အမျိုးသား၊ အမျိုးသမီးများ၏ အလုပ်အကိုင်အခွင့်အလမ်း ပြဿနာကို ဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး လူနေမှုဘဝကိုလည်း သိသိသာသာ မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

မင်ယွဲ့၏ စီမံကိန်းများကို နားထောင်ရင်း ရွာလူကြီးသည် တောက်ပသော အနာဂတ်မြင်ကွင်းကို မျက်ဝါးထင်ထင် မြင်တွေ့နေရတော့သည်။

ပြီးခဲ့သည့် မြို့နယ်အဆင့် အစည်းအဝေးတွင်ပင် သူသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် မျက်နှာပွင့်လန်းခဲ့ရသေးသည်။

အပြင်သို့ ရောက်ဖူးသူတိုင်း လီအောက်ရွာ၏ ကြီးမားသော ပြောင်းလဲမှုများကို သိရှိနေကြပြီဖြစ်သည်။

ထို့နောက် ရွာလူကြီးသည် မင်ယွဲ့ကို ကျောင်းသို့ လိုက်လံပြသသည်။ အချိန်ပိုဆင်း၍ လုပ်ဆောင်ခဲ့ကြသဖြင့် အဆောက်အအုံ၏ အပြင်ဘက်ပိုင်းမှာ ပြီးစီးနေပြီဖြစ်ကာ အတွင်းပိုင်း အလှဆင်ရန်သာ လိုတော့သည်။

"ဘကြီး... ကျွန်မတို့ ဆရာ၊ ဆရာမတွေ စခေါ်နေပါပြီ"

တည်ဆောက်ဆဲကျောင်းကြီးကို ကြည့်ရင်း မင်ယွဲ့သည် ငယ်စဉ်က ဖုန်ထူသော မြေကွင်းပြင်တွင် ကြိုးခုန်ကစားခဲ့သည့် မိမိကိုယ်မိမိ ပြန်လည်မြင်ယောင်မိသည်။

လီအောက်ရွာသည် သူမ၏ အမှတ်တရများဖြင့် ပြည့်နှက်နေသည်။ လူတို့သည် မိမိ၏ ဇာတိချက်မြေကို ခွဲခွာရန် အဘယ်ကြောင့် ခက်ခဲကြသည်ကို သူမ နားလည်နိုင်ပြီဖြစ်သည်။

မိမိကို မွေးဖွားသန့်စင်ပေးခဲ့သော ဤမြေဆီလွှာထက်တွင် ငယ်စဉ်ဘဝ၏ ခြေရာလက်ရာများမှာ နှံ့စပ်စွာ တည်ရှိနေဆဲပင်။

"အရင်က ဆရာကြီးတွေက အကုန်အနားယူတော့မှာ တကယ်လို့သာ တို့ရွာကျောင်းက အဆင့်မမြှင့်နိုင်ရင် နောင်ကျရင် သူငယ်တန်းကနေ လေးတန်းအထိပဲ ရှိတော့မှာ ငါးတန်းဆိုရင် ကလေးတွေက မြို့ကျောင်းမှာ သွားတက်ပြီး အဆောင်နေကြရတော့မှာလေ"

"အဲဒါက ကလေးတွေအတွက် သိပ်ငယ်လွန်းသေးတယ်"

အရွယ်မတိုင်မီ အဆောင်နေထိုင်ရခြင်းသည် ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် မကောင်းလှပေ။

"ဟုတ်တယ်၊ ဒါပေမဲ့ ဘာမှလုပ်လို့မရဘူးလေဆရာအသစ်တွေကလည်း မလာချင်ကြဘူး၊ အဟောင်းတွေကလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ကုန်ကြပြီ ကလေးဦးရေကလည်း နည်းလာတော့ ကျောင်းက ပျက်လုပျက် ခင် ဖြစ်နေတာ"

ရွာလူကြီး၏ ရိုးသားစွာ ပြောပြချက်များက ရင်နာစရာ ကောင်းလှသည်။

"ဒါပေမဲ့ အခုတော့ အခြေအနေတွေ ကောင်းလာ ပြီပဲဥစ္စာ"

မင်ယွဲ့က ပြန်လည်နှစ်သိမ့်လိုက်သည်။

"ဟုတ်ပါရဲ့... ကျေးဇူးတင်လိုက်တာ ယွဲ့ယွဲ့ရယ်"

သူသည် မင်ယွဲ့ကို ကျေးဇူးတင်စကား မည်မျှပြောခဲ့ပြီးပြီလဲဆိုသည်ကိုပင် မမှတ်မိတော့ပေ။

"ဆရာ၊ ဆရာမခေါ်တဲ့အခါ ပုံမှန်လစာအပြင် ကျွန်မတို့ လီအောက်ရွာကနေ တစ်လကို ၂၀၀၀ ယွမ် အပိုဆောင်း ထောက်ပံ့ပေးသွားမှာပါ"

လျှောက်ထားသူ နည်းပါးရခြင်း၏ အကြောင်းရင်းတစ်ခုမှာ လစာနည်းပါးခြင်းကြောင့်လည်း ပါဝင်သည်။

အားလုံးက မြို့ပေါ်တွင် အစိုးရဝန်ထမ်းစာမေးပွဲ အောင်မြင်ရန် ရုန်းကန်နေကြခြင်း ဖြစ်သည်။

ခရိုင်အဆင့် စာမေးပွဲမအောင်မြင်သူများပင်လျှင် ကျေးလက်ပညာရေးကို ခြေကုပ်စခန်းတစ်ခုအဖြစ်သာ အသုံးချလိုကြသည်။

မင်ယွဲ့သည် ဆရာ၊ ဆရာမများကို ဤနေရာတွင်ပင် မြဲမြံစေလိုသဖြင့် ငွေကြေးတိုက်ရိုက် ထောက်ပံ့ခြင်းမှာ အထိရောက်ဆုံး နည်းလမ်းတစ်ခုပင် ဖြစ်သည်။

ထို့အပြင် ယခုအခါ ဒေသခံ တက္ကသိုလ်ကျောင်းသားများလည်း ပေါများလာပြီဖြစ်ရာ လုံလောက်သော အခွင့်အရေးများ ပေးအပ်နိုင်လျှင် သူတို့အား ဆွဲဆောင်နိုင်လိမ့်မည်ဟု သူမ ယုံကြည်သည်။

ကျောင်းတည်ဆောက်မှုမှာ ယန်ကျင်းတက္ကသိုလ် ရှိ အဆောက်အအုံများကို ပုံစံတူယူ၍ ခေတ်မီစက်ကိရိယာများ ထည့်သွင်းထားသည်။

မူလက နှစ်အနည်းငယ်ပင် ခံတော့မည်မဟုတ်သော ဟောင်းနွမ်းစုတ်ပြတ်နေသည့် ကျောင်းလေးမှာ ယခုအခါ မြေပြင်မှ ထိုးထွက်လာသည့် သုံးထပ်စာသင်ဆောင်ကြီး၊ ပလတ်စတစ်ပြေးလမ်းကြီးနှင့် ဘောလုံးကွင်းတို့ဖြင့် ခမ်းနားထည်ဝါစွာ ပေါ်ထွက်လာတော့မည် ဖြစ်သည်။

ထို့အပြင် ဘတ်စကက်ဘောကွင်းနှင့် စာကြည့်တိုက်တို့လည်း ပါဝင်သေးသည်။

အကျယ်အဝန်းအားဖြင့် မကြီးမားလှသော်လည်း ပတ်ဝန်းကျင်ရှိ မူလတန်းကျောင်းများနှင့် ယှဉ်လျှင် အလွန်ပင် ပြည့်စုံလွန်းလှသည်။

"ဟိုဘက်ရွာက မိဘတွေတောင် သူတို့ကလေးတွေကို ဒီမှာ လာထားလို့ရမလားဆိုပြီး လာမေးနေကြပြီ"

ရွာလူကြီး၏ မျက်ဝန်းများတွင် ရွာ၏ တိုးတက်မှုအတွက် ကြည်နူးရိပ်များ ပြည့်လျှံနေသည်။

"ကျွန်မတို့ရွာက ကလေးတွေကို ဦးစားပေးပါမယ် နေရာပိုမှသာ တခြားသူတွေကို ခွင့်ပြုမှာပါ"

"မန်နေဂျာချုပ် မင်"

"မင်္ဂလာပါ မစ္စတာမင်”

မင်ယွဲ့နှင့် ရွာလူကြီးတို့ လမ်းလျှောက်နေစဉ် ကုမ္ပဏီမှ တာဝန်ပေးချက်အရ ရောက်ရှိနေသော ဝန်ထမ်းများနှင့် တိုးလေသည်။

"မင်္ဂလာပါ... ဒီမှာနေရတာ အဆင်ပြေကြရဲ့လား"

မင်ယွဲ့က ဂရုတစိုက် မေးမြန်းလိုက်သည်။

ဤသူများသည် မင်ယွဲ့ စေလွှတ်လိုက်သူများ ဖြစ်ကြောင်း ရွာလူကြီး သိထားသည်။

ယခုအခါ ဝန်ထမ်းများက မင်ယွဲ့အပေါ် ထားရှိသည့် ရိုသေလေးစားမှုကို ကိုယ်တိုင်မြင်တွေ့လိုက်ရသဖြင့် မင်ယွဲ့သည် ယန်ကျင်းမြို့တွင် အမှန်တကယ်ပင် ဩဇာအာဏာကြီးမားသူဖြစ်ကြောင်း သူ ပိုမိုခံစားလိုက်ရသည်။

"အဆင်ပြေပါတယ် မစ္စတာမင်၊ ရွာသူရွာသားတွေကလည်း အလွန်ဖော်ရွေကြပါတယ်"

သူတို့မှာ လုပ်ဖော်ကိုင်ဖက် အများအပြား ရှိနေသဖြင့် ပျင်းရိစရာ မရှိပေ။

ပိတ်ရက်များတွင် ခရိုင်မြို့ထဲသို့ ကားမောင်းသွားကာ ကာရာအိုကေဆိုခြင်း၊ ဟော့ပေါ့စားခြင်းများ ပြုလုပ်နိုင်ကြသည်။

လစာမှာလည်း မနည်းလှသည့်အပြင် ဤနေရာရှိ ကုန်ကျစရိတ်မှာ ပေကျင်းထက် များစွာသက်သာလှသဖြင့် လီအောက်ရွာသည် ငွေစုရန် အလွန်ကောင်းသော နေရာဖြစ်သည်ဟုပင် သူတို့ တွေးတောနေကြသည်။

"အသားကျသွားအောင် နေကြပါ၊ လိုအပ်တာရှိရင် ကျွန်မဆီ တိုက်ရိုက်ဆက်သွယ်လို့ ရပါတယ်"

မင်ယွဲ့သည် အကျိုးအကြောင်းမသိသော သူတစ်ဦး မဟုတ်ပေ။

မိမိတွင် ငွေရှိရုံမျှဖြင့် အလုပ်သမားများကို ခေါင်းပုံဖြတ်မည့်သူ မဟုတ်သည်မှာ အသေအချာပင်။

"သူတို့အားလုံးက မင်းရဲ့ကုမ္ပဏီကပဲလား" ဟု ရွာလူကြီးက မေးသည်။

"ဟုတ်ကဲ့... ယန်ကျင်းကုမ္ပဏီကနေ စေလွှတ် လိုက်တာပါ"

"ယွဲ့ယွဲ့ရယ်... မင်းကတော့ တကယ့်ကို အံ့ဩစရာပဲ"

ရွာလူကြီးသည် သူမကို ချီးမွမ်းရန် စကားလုံးများစွာ စဉ်းစားသော်လည်း အဆုံးတွင်

"တကယ့်ကို အံ့ဩစရာပဲ"

ဟူသော စကားကိုသာ ထပ်တလဲလဲ ဆိုနေတော့သည်။

မင်ယွဲ့သည် အလုပ်တွင် လျင်မြန်သွက်လက်သူဖြစ်ရာ 'ပန်ဒါထုတ်ကုန်များ' အမည်ရှိ ဝါးလက်မှုစက်ရုံကို ချက်ချင်းပင် မှတ်ပုံတင်ဖွင့်လှစ် လိုက်သည်။

စက်ရုံ၏ အမှတ်တံဆိပ်မှာ ရွှေဒင်္ဂါးပုံစံဖြစ်ပြီး စက်ရုံမန်နေဂျာအဖြစ် သူမ၏ ဦးလေးဖြစ်သူကို ခန့်အပ်လိုက်သည်။

ဦးလေးမင်မှာ ကျွမ်းကျင်မှုရှိပြီး စိတ်ရှည်သည်းခံတတ်သူဖြစ်ရာ ဤတာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်လိမ့်မည်ဟု သူမ ယုံကြည်လေသည်။

All Chapters