← Chapters

အခန်း (၂၇၀)

Vol. 27 Ch. 270

အခန်း (၂၇၀)

Vol. 27 Ch. 270

ဂူချီရှာသည် ဟူဘီလိုင်းမျိုးနွယ်စုသို့လာရာလမ်းတစ်လျှောက်တွင်ပြုလုပ်ခဲ့သည့် သတ်ဖြတ်မှုများမှတစ်ဆင့် အံ့ဖွယ်နိမိတ်တံခါးကို ယဇ်ပူဇော်ခြင်းဖြင့် ထူးဆန်းသော စွမ်းရည်များကို ရရှိနိုင်ကြောင်းသိရှိခဲ့ရသည်။ သူ၏ အမြင်တွင် ထိုစွမ်းအားများသည် အလွန်တရာ အံ့သြဖွယ် ကောင်းလှသော စွမ်းရည်များပင် ဖြစ်သည်။

အကယ်၍ ယင်းစွမ်းရည်များကို သူသာ ရရှိခဲ့မည် ဆိုပါက များစွာသော အကျိုးကျေးဇူးများကို ရရှိနိုင်ဟု ယူဆထားလေသည်။ ထို့ကြောင့် သူသည် မျိုးနွယ်စု အနည်းငယ်ကို သုတ်သင်ပြီးနောက် အချိန်ဆိုင်းငံ့ခြင်း မရှိဘဲ ဟူဘီလိုင်း မျိုးနွယ်စု တည်ရှိရာ အရပ်မျက်နှာသို့ အပြေးအလွှား လာခဲ့ခြင်းဖြစ်သည်။

သူ၏ ရည်မှန်းချက်သည် ထျန်းခမ်း ထန်ဂါနှင့် အံ့ဖွယ်နိမိတ်တံခါးပင် ဖြစ်သည်။ အကယ်၍ သူသည် ထန်ဂါကို ဖမ်းဆီးနိုင်ခဲ့ပါက အပြင်းအထန် ညှဉ်းပန်းနှိပ်စက်ကာ အံ့ဖွယ်နိမိတ်တံခါး၏ လျှို့ဝှက်ချက်များကို မေးမြန်းရန် ကြံစည်ထားသည်။

ယင်းသို့သော ကိစ္စရပ်များ၌ ဂူချီရှာသည် အလွန်တရာ ထက်မြက်လှကာ သွေးနံ့ရသော ငါးမန်းတစ်ကောင်ကဲ့သို့ပင် အလျင်အမြန် ရောက်ရှိလာလေသည်။ ကံဆိုးလှစွာပင် ကျုံးရှန်သည် ယင်းနေရာ၌ စောင့်ဆိုင်းနေသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ ထိုငါးမန်းကြီးသည် နောက်ဆုံးတွင် ငါးဖမ်းသမားနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

ကျုံးရှန်၏ ခြေလှမ်းများသည် အလွန်တရာ လျင်မြန်လှသည်။ သူ၏ အရှိန်သည် မြက်ခင်းပြင်ကမ္ဘာ၏အကောင်းဆုံးသော မြင်းများထက်ပင် သာလွန်နေကာ ဂူချီရှာ၏ ရှေ့မှောက်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားသည်။

ဂူချီရှာသည် မျှော်စင်အတွင်းသို့ လူသား ကျင့်ကြံသူတစ်ယောက် ဝင်ရောက်လာသည်ကို သိရှိထားခြင်း မရှိသေးချေ။ မျှော်စင်အတွင်းသို့ ဝင်ရောက်လာပြီးနောက်တွင် ပြင်ပကမ္ဘာရှိ မိစ္ဆာများကဲ့သို့ မျှော်စင်တက်လှမ်းသူများ၏ အချက်အလက်ကို ဖော်ပြသော ကျောက်တိုင်ကို ကြည့်ရှုနိုင်ခြင်း မရှိတော့ချေ။

ဂူမုံမျိုးနွယ်စုသည်လည်း လူသားမျိုးနွယ်၏ ခွဲထွက်လာသော အနွယ်တစ်ခု ဖြစ်သဖြင့် ကျုံးရှန်ကို မြင်လိုက်ရသည့် အခါတွင် ဂူချီရှာသည် ဂူမုံမျိုးနွယ်စုမှ ခမ်းတစ်ဦး သာလျှင် ဖြစ်မည်ဟု တွေးထင်လိုက်မိသည်။ သူ၏ အမြင်တွင် ထိုလူသား ရရှိထားသော အံ့ဖွယ် စွမ်းရည်သည် အပြေးမြန်သည့် စွမ်းရည်သာ ဖြစ်ရမည်ဟု ယူဆလိုက်လေသည်။

ထိုသို့တွေးမိသောအခါ ဂူချီရှာ၏ မျက်နှာထက်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်ထွက်လာပြီး သူ၏ လက်မောင်းကို ခါယမ်းလိုက်လျှင် အင်္ကျီလက်အတွင်းမှ မြွေတစ်ကောင်ကဲ့သို့ ကောက်ကွေးနေသည့် အစိမ်းရောင် ဓားမြှောင်တစ်လက် ထွက်ပေါ်လာသည်။ သူသည် မြင်းကို စီးနင်းလျက် ကျုံးရှန်၏ လည်ပင်းကို လှီးဖြတ်ဟန်ပြုလိုက်သည်။

ကျုံးရှန်သည် ထိုအခြေအနေကို မြင်လိုက်ရသဖြင့် ဂူချီရှာ မည်သို့ လုပ်ဆောင်မည်ကို သိရှိလိုက်လေသည်။ သို့သော်လည်းသူသည် တိုးဝင်လာသည့် ဓားမြှောင်ကို ရှောင်တိမ်းခြင်း မရှိဘဲ အေးစက်သော နှာမှုတ်သံတစ်ခုဖြင့်တုန့်ပြန်လိုက်သည်။

''ဟမ့်...''

''ဒီတစ်ခါတော့... ဘယ်လို တိုက်ခိုက်ရေး နည်းစနစ်ကို သုံးရမလဲ...''

''အင်း...ယဲ့ချိုးလက်သီးကို မသုံးတာ တော်တော် ကြာသွားပြီပဲ...''

သူသည် မြေကြီးပေါ်တွင်ခိုင်မာစွာ ခြေကုပ်ယူလိုက်ကာ အရှိန်အဟုန်ဖြင့် ပြေးဝင်လာနေသည့် ဂူချီရှာကို ကြည့်ရင်း မည်သည့် လက်သီးနည်းစနစ်ကို အသုံးပြုရမည်ကို စဉ်းစားနေသည်။

ယဲ့ချိုးလက်သီး ဆိုသည်မှာ နေ့စဉ်မှတ်တမ်းတင်ခြင်းစနစ်မှကျုံးရှန်ရရှိခဲ့သည့် လက်သီး နည်းစနစ်တစ်ခု ဖြစ်ကာ ကိုယ်ခံပညာ ကမ္ဘာတစ်ခုမှ လာခြင်း ဖြစ်သည်။ ထိုလက်သီးသည် ကိုယ်ခံပညာ ပါရမီရှင် ရှောက်ရှားမီ တီထွင်ခဲ့ခြင်း ဖြစ်ပြီးလက်သီး နည်းစနစ်သည် အစပိုင်းတွင် အလွန်တရာ အခြေခံကျသော်လည်း အဆင့်တက်လာသည်နှင့်အမျှ ယင်း၏ စွမ်းအားသည် အဆမတန် တိုးပွားလာသော ထူးခြားချက် ရှိ လေသည်။

ကျုံးရှန်သည် ဤလက်သီး နည်းစနစ်ကို ထျန်းဂိုဏ်းမြင့်မြတ် နယ်မြေရှိ တပည့်များအား အခြေခံအနေဖြင့် လေ့ကျင့်ရန် သင်ကြားပေးခဲ့သည်။

မြင်း၏ ခွာသံများသည် လေကို ခွင်းလျက် မြက်ခင်းပြင်ပေါ်တွင် မြေမှုန့်များကို လွင့်ပျံစေသည်။ သို့သော်ကျုံးရှန်သည် ရှောင်ရှားခြင်းမရှိဘဲ နေရာ၌ပင်ရပ်နေဆဲဖြစ်သည်။ ထိုအခြေအနေသည် ဂူချီရှာအတွက် မူမမှန်သည့် ခံစားချက်ကို ပေးစွမ်းလာ၏။

'သူက ကြောက်လန့်ပြီး ဆွံ့အသွားတာလား...'

'ဒါမှမဟုတ် တစ်ခုခုကို ကြံစည်နေတာလား...'

ဂူချီရှာသည် ဒုတိယ အချက်ကို ပိုမိုတွေးထင်မိသော်လည်း အရာအားလုံးမှာ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ကျုံးရှန်သည် လက်သီး အနေအထားကို ပြင်လိုက်ကာ အချိန်အဆ သင့်သည့် အခိုက်အတန့်တွင် ဂူချီရှာထံသို့ ပြေးဝင်သွားသည်။ သူတို့ နှစ်ဦးကြားရှိ အကွာအဝေးသည် မဝေးလှသဖြင့် မြင်း၏ အရှိန်နှင့် ကျုံးရှန်၏ အရှိန်တို့ ပေါင်းစပ်သွားသည့် အခါတွင် မျက်တောင်တစ်ခတ်အတွင်းပင် တစ်ဦးနှင့်တစ်ဦး ရင်ဆိုင်မိကြလေသည်။

''ယဲ့ချိုးလက်သီး... တစ်ဆယ့်ခြောက်ဆင့်မြောက်... လောကကို အမှုမထားခြင်း...''

တစ်ဆယ့်ခြောက်ဆင့်မြောက်။

ယခင်က ကျုံးကျဲသည် ဆယ်ဆင့်မြောက်အထိသာ ထိုးနှက်နိုင်ခဲ့သည်။ ဆယ်ဆင့်မြောက်၏ စွမ်းအားသည် မူလထက် ၅၁၂ ဆ တိုးပွားနေခြင်း ဖြစ်ကာ တစ်ဆယ့်ခြောက်ဆင့်မြောက်၏ စွမ်းအား တိုးပွားမှုသည် ၅၁၂၏ဆပွားဖြစ်သည်။

၃၂,၇၆၈ ဆ။

ဤသည်မှာ မူလ တီထွင်သူ ရှောင်ရှားမီ၏ အဆင့်ထက် များစွာ ကျော်လွန်နေသည့် ကျုံးရှန်မှ ဖြည့်စွက် ထားသော အဆင့်ပင်ဖြစ်သည်။ ယင်းလက်သီးချက်သည် ခန္ဓာကိုယ်အပေါ်တွင် အလွန်တရာ ကြီးမားသော ဖိအားကို ပေးနိုင်စွမ်းရှိရာ မူလ တီထွင်သူ ဖြစ်သည့် ရှောင်ရှားမီ ကိုယ်တိုင်ပင်လျှင် သူနေထိုင်သော ကမ္ဘာ၏ ကန့်သတ်ချက်များကြောင့် ထိုလက်သီးချက်ကို အသုံးမပြုနိုင်ခဲ့ချေ။ အကယ်၍ အသုံးပြုခဲ့ပါလျှင်လည်း သူ၏ ခန္ဓာကိုယ်မှာ ခဏချင်းအတွင်း ပေါက်ကွဲသွားရပေလိမ့်မည်။

သို့သော် ကျုံးရှန်အတွက်မူ ယင်းသို့သော စိုးရိမ်စရာ မရှိချေ။

သုံးသောင်းကျော်သော စွမ်းအား တိုးပွားမှုသည် မည်သည့် ဝိညာဉ် စွမ်းအားနှင့် တန်ခိုး စွမ်းရည်မျှ အသုံးမပြုရဘဲနှင့်ပင် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေနိုင်သော စွမ်းအား ဖြစ်သည်။ ပြင်းထန်လှသော လက်သီးလေလှိုင်းများသည် ပြင်းအား ၁၈ အဆင့်ရှိသော မုန်တိုင်းကြီးကဲ့သို့ ထွက်ပေါ်လာကာ မျက်စိတစ်မှိတ်အတွင်းပင် ထိုလက်သီးချက်သည် ဂူချီရှာနှင့် သူ၏ မြင်းကို ဝါးမြိုသွား၏။

ကျုံးရှန်၏ လက်သီးချက်သည် ဂူချီရှာ၏ ဦးခေါင်းကို တိုက်ရိုက် ကြေမွသွားကာ လက်သီး၏ အရှိန်အဟုန်သည် ရပ်တန့်သွားခြင်း မရှိဘဲ ဂူချီရှာ၏ နောက်ဘက်ရှိ မြက်ခင်းပြင်ပေါ်တွင် ကြီးမားလှသော ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားစေလေသည်။ ထိုသည်မှာ လက်သီးချက် တစ်ချက်တည်း၏ ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအားပင် ဖြစ်သည်။

ကျုံးရှန်သည် ဂူချီရှာ၏ အလောင်းကို မလိုက်လျှင် ထိုမိစ္ဆာသည် လုံးဝ သေဆုံးသွားခြင်း မရှိသေးဘဲ လည်ပင်းရှိ ပြတ်တောက်နေသော နေရာမှ ပြန်လည် ရှင်သန်ရန် ကြိုးစားနေသည်ကို မြင်တွေ့လိုက်ရသည်။

''အသက်ပြင်းလှချေလား... ဒါက ငါ့အတွက်တော့ အကောင်းဆုံးပဲ...''

ကျုံးရှန်သည် ယင်းကို အမှုမထားချေ။ အကယ်၍ ဤမျှနှင့် သေဆုံးသွားခဲ့ပါက ဂမ္ဘီရအရိပ်မိစ္ဆာ အရှင်သခင်ကြီး၏ အမွေအနှစ်သည် အလွန်တရာ ညံ့ဖျင်းလွန်းရာ ရောက်ပေလိမ့်မည်။ သူသည် လက်ကို ဆန့်ထုတ်လိုက်ကာ လျှို့ဝှက် နည်းစနစ်တစ်ခုကို အသုံးပြု၍ ဂူချီရှာ၏ ဒဏ်ရာများမှတစ်ဆင့် သေးငယ်သော အရိပ်တစ်ခုကို ထုတ်ယူလိုက်သည်။

ထိုအရိပ်အတွင်း၌ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေလေသည်။ အကယ်၍ ပြင်ပကမ္ဘာ၌ ဖြစ်ပါက ထိုအရိပ်ကို ကြည့်ရုံမျှဖြင့် စိတ်ရိုင်းများ ဝင်လာကာ သတ်ဖြတ်ခြင်းစက်တစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ပေသည်။

ဤသည်မှာ ဂမ္ဘီရအရိပ်မိစ္ဆာ အရှင်သခင်ကြီး၏ အမွေအနှစ် စွမ်းအားပင် ဖြစ်သည်။ ထိုအမွေအနှစ်ကို ထုတ်ယူလိုက်ပြီးနောက်တွင်မူ ဂူချီရှာ၏ ခန္ဓာကိုယ်သည် လုံးဝ သေဆုံးသွား၏။

ကျုံးရှန်သည် ထိုအလောင်းကို သူ၏ ကိုယ်တွင်းရှိ ဟင်းလင်းပြင် ကမ္ဘာအတွင်းသို့ သိမ်းဆည်းလိုက်ကာ ဂူချီရှာနှင့်အတူ ပါလာသည့် ဟင်းလင်းပြင် ရတနာများကိုလည်း သိမ်းယူလိုက်လေသည်။ သို့သော်လည်း ဂူချီရှာ၏ ခန္ဓာကိုယ်အတွင်းမှ ဟင်းလင်းပြင် ကမ္ဘာအတွင်း၌ ထည့်ထားသော ရတနာများကိုမူ လက်လွှတ်လိုက်ရလေသည်။

ဂူချီရှာ သေဆုံးသွားသဖြင့် သူ၏ ကိုယ်တွင်းရှိ ဟင်းလင်းပြင် ကမ္ဘာသည်လည်း ဟင်းလင်းပြင်အတွင်း၌ လွင့်မျောသွားခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်လေသည်။

သာမန် သူတော်စင် ကမ္ဘာ များသည် အလွန်သေးငယ်လှကာ ကမ္ဘာငယ် များ အဖြစ်သာ သတ်မှတ်နိုင်သည်။ ယင်းတို့သည် အဆင့်တက်လာမှသာ အနည်းငယ် ပိုမို ကြီးမားသော အလယ်အလတ်ကမ္ဘာများအဖြစ် ပြောင်းလဲနိုင်မည်ဖြစ်သည်။ ရှေးဟောင်း မှတ်တမ်းများအရ မဟာကမ္ဘာကြီးများ၏ အထက်တွင် အကန့်အသတ်မရှိသော ကမ္ဘာ များ ရှိကြောင်း သိရသော်လည်း ယင်းသည် ခန့်မှန်းချက်သာ ဖြစ်၏။

မဟာကမ္ဘာကြီးများသည်ပင်လျှင် အလွန်တရာ ကြီးမားလှသော ဟင်းလင်းပြင် အတိုင်းအတာများ ဖြစ်ကြကာ ဥပမာအားဖြင့် ဟင်းလင်းပြင် မိစ္ဆာများ၏ ကမ္ဘာ၊ စစ်မှန်သောမိစ္ဆာကမ္ဘာ နှင့် ငရဲမဟာကမ္ဘာတို့ပါဝင်သည်။

ဂူချီရှာကို သုတ်သင်ပြီးနောက် ကျုံးရှန်သည် တစ်ဖန် လှုပ်ရှားလိုက်ကာ ပိုင်ကျင်းကျင်း ရှိရာ အရပ်မျက်နှာသို့ ဦးတည်လိုက်သည်။

အရပ်မျက်နှာ မတူညီသဖြင့် အခြားတစ်ဖက်ရှိ ပိုင်ကျင်းကျင်းသည် ဟူဘီလိုင်းမျိုးနွယ်စုနှင့် အလွန်နီးကပ်နေပြီ ဖြစ်သည်။ ဟူဘီလိုင်းမျိုးနွယ်စုမှ စစ်သည် တစ်ရာခန့်သည် သူမကို တားဆီးရန်အတွက် မြင်းများကို စီး၍ ထွက်လာကြသည်။

သို့သော် ပိုင်ကျင်းကျင်းသည် ထိုသူတို့ကို လုံးဝ အမှုမထားဘဲ မျိုးနွယ်စု၏ ဗဟိုချက်ဆီသို့သာ ဦးတည် ပြေးဝင်လာကာ သူမကို တားဆီးသူ မှန်သမျှကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့လေသည်။ ထူးဆန်းသည်မှာ ပိုင်ကျင်းကျင်းသတ်ဖြတ်ခဲ့သည့်အလောင်းများသည် သေဆုံးပြီး မကြာမီပင် ပြန်လည် ထလာကြကာ ဖုတ်ကောင်များ အသွင် ပြောင်းသွားလေသည်။

ထို ဖုတ်‌ကောင်များသည် ဓားချက်များကို မကြောက်ရွံ့သကဲ့သို့ နာကျင်မှုကိုလည်း ခံစားရခြင်း မရှိ တော့ဘဲ သူတို့၏ ခွန်အားများသည်လည်း ယခင်ကထက် ပိုမို သန်မာလာကြလေသည်။

ခဏတာအတွင်း၌ပင် ပိုင်ကျင်းကျင်းသည် ဟူဘီလိုင်းမျိုးနွယ်စု၏ အစွန်အဖျားသို့ ရောက်ရှိလာခဲ့ကာ သူမ၏ အနောက်မှ ဖုတ်ကောင် စစ်သည်များနှင့် မြင်းများ လိုက်ပါလာပြီး သူမကိုတိုက်ခိုက်ရန်တိုးဝင်လာသည့်အခြားသော စစ်သည်များကို တားဆီးလိုက်သည်။

ထိုအချိန်တွင် ကျုံးရှန်လည်း ရောက်ရှိလာသည်။ သူသည် လေထဲသို့အရှိန်အဟုန်ဖြင့် ခုန်တက်လိုက်ပြီး မြင်းစီးစစ်သည်များကို ကျော်တက်လိုက်ကာ ပိုင်ကျင်းကျင်း၏ ရှေ့မှောက်သို့ ရောက်ရှိသွားသည်။

ပိုင်ကျင်းကျင်းသည် အစပိုင်းတွင် အမှုမထားဘဲ ထိုလူကိုပါ သတ်ဖြတ်ရန် ကြံစည်ထားသော်လည်း ကျုံးရှန်၏ မျက်နှာကို မြင်လိုက်ရသည့် အခါတွင် သူမ၏ နှလုံးသားသည် အကြောင်းရင်း မရှိဘဲ တုန်လှုပ်သွားရလေသည်။

မင်ဝမ် ခန္ဓာကိုယ် ပိုင်ရှင်များသည် သေဆုံးနေသော သက်ရှိများကို ထိန်းချုပ်နိုင်ရုံသာမက သေခြင်းတရားနှင့် ပတ်သက်၍လည်း ထက်ရှသော အာရုံခံနိုင်စွမ်း ရှိသည်။ ထို့ကြောင့် သူမသည် ကျုံးရှန်ကို လျှော့တွက်ရန် မဝံ့ရဲတော့ဘဲ ကျုံးရှန်နှင့် ပေအနည်းငယ် အကွာတွင် သူမ၏ မြင်းကို အတင်းအကျပ် ရပ်တန့် စေလိုက်လေသည်။

သူမ၏ ခွန်အားသည် ကြီးမားလွန်းသဖြင့် မြင်း၏ ဇက်ကြိုးကို ဆွဲလိုက်သည့် အခါ မြင်း၏ လည်ပင်းမှာ ကျိုးထွက်သွားလေသည်။ ထို့နောက် မြင်းမြေပေါ်သို့ လဲကျမသွားမီ ပိုင်ကျင်းကျင်းသည် လျင်မြန်စွာ ခုန်ဆင်းလိုက်ကာ ကျုံးရှန်ကို သတိကြီးစွာဖြင့် စိုက်ကြည့်နေလိုက်သည်။

သေဆုံးသွားသော လည်ကျိုးမြင်းသည် စက္ကန့်ပိုင်းအတွင်းပင် ဖုတ်ကောင်မြင်း အဖြစ် ပြန်လည် ထလာသည်။ သူမ၏ နောက်ဘက်ရှိ ဖုတ်ကောင် စစ်သည်များသည်လည်း သူမ၏ ဘေးပတ်လည်တွင် ဝန်းရံလာကြ၏။

Thank For Reading.

All Chapters