← Chapters

အခန်း (၇၉-၈၁)

Vol. 6 Ch. 79-81

အခန်း (၇၉-၈၁)

Vol. 6 Ch. 79-81

အခန်း (၇၉)

‘ရနံ့လေးက မွှေးလိုက်တာ’

မိုချီရှန် ဝေ့ဝဲကြည့်လိုက်မိရာ ပြတင်းပေါက် အပြင်ဘက်တွင် ပွင့်ဖတ်များဖြင့် ဝေဆာနေသည့် တံတိုင်းမွှေး တစ်ပင်အား လျင်မြန်စွာ တွေ့လိုက်ရသည်။ သင်းပျံ့လှသော ရနံ့လေးသည် ထိုနေရာမှ လွင့်ပျံ့လာခြင်း ဖြစ်ပေမည်။

မကြာမီ နီယန်မှ အိုင်အိုဒင်းနှင့် ဂွမ်းစများအား ယူဆောင်လာခဲ့သည်။

မိုချီရှန်သည် ကုလားထိုင်မှ ထတော့မည့် ဆဲဆဲတွင် နီယန်မှ သူ၏ လုပ်ရပ်အား ကြိုသိနေသကဲ့သို့ တခစ်ခစ် ရယ်ရင်းဖြင့် ပြောလိုက်လေသည်။

"ရှင် ထိုင်နေလို့ ရပါတယ် ကျန်တာ ကျွန်မ လုပ်လိုက်မယ်"

"ကောင်းပါပြီ"

မိုချီရှန်သည် သူ၏ နားရွက်များ နွေးခနဲ ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရကာ ခေါင်းညိတ် ပြလိုက်လေသည်။ နီယန်မှ ဒူးထောက်ကာ ထိုင်ချလိုက်ပြီးနောက် သူ၏ သတ္တုကြယ်သီးအား ဖြုတ်လိုက်လေသည်။ ပြင်းထန်လွန်းလှသည့် ကိုက်ရာပေါ်သို့ အိုင်အိုဒင်း လိမ်းပေးနေသည့် သူမ၏ လှုပ်ရှားမှုများမှာမူ နူးညံ့သိမ်မွေ့လှပေသည်။

မိုချီရှန်မှာမူ ထိုအထိအတွေ့အား ခံစားမိလိုက်သည်နှင့် တစ်ပြိုင်နက် တောင့်တင်းသွားခဲ့ကာ မလှုပ်ရဲတော့ပေ။ သူမ၏ ထွက်သက် ဝင်သက် နွေးနွေးလေးများသည် သူ၏ ရင်ဘတ်ပေါ်သို့ ကျရောက်နေသည်အား ရှင်းလင်းစွာ ခံစားနေရလေသည်။

ထူးဆန်းလှသော ခံစားမှုတစ်ခုပင် ဖြစ်ချေသည်။

ယားကျိကျိ ဖြစ်သနေသကဲ့သို့ပင်....

အချိန် မကြာခင်မှာပင် နီယန်သည် အိုင်အိုဒင်း လိမ်းပေးပြီးသွား၍ မတ်တတ် ရပ်လိုက်လေသည်။ သူမသည် လေသံ အေးအေးလေးဖြင့် ပြောလိုက်သည်။

"မစ္စတာမို ပြီးသွားပါပြီ နောက် ရက်အနည်းငယ် အတွင်း ရေချိုးတဲ့အခါ ရေမထိအောင် သတိထားလိုက်ပါ ဒါမှ ပိုးမဝင်မှာ အချိန်ရရင် ဆေးရုံ သွားပြသင့်တယ် ဆေးကုသစရိတ်ကို ကျွန်မ ရှင်းပေးပါ့မယ် လိုအပ်ရင် ကျွန်မကို အချိန်မရွေး လာရှာလို့ ရပါတယ်"

"ကောင်းပြီလေ ကိုယ် သွားပြလိုက်ပါ့မယ်"

ကုလားထိုင်မှ ထရပ်လိုက်ချိန်တွင် မိုချီရှန်၏ လည်ချောင်းမှာ နှစ်ချက်မျှ လှုပ်ရှားသွားပြီးနောက် သူ၏ အသံသည် ယခင်ကထက် သိသိသာသာ အက်ရှနေခဲ့သည်။ နီယန်သည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။

"မစ္စတာမို ရှင် လည်ချောင်း နာနေတာလား"

မိုချီရှန်၏ မျက်နှာထားသည် တည်ငြိမ်နေဆဲပင် ဖြစ်သည်။ သို့သော် သူသည် လက်သီးဆုပ်လျှက် ပါးစပ်နားကာ လိုက်ကာ အနည်းငယ် ချောင်းဟန့်ပြလိုက်လျှက် ပြန်ဖြေလေသည်။

"ရပါတယ် ဒီမှာ ထိုင်နေတာ ကြာသွားလို့ပါ"

ဘဝအတွေ့အကြုံ သိပ်မများသေးသော နီယန်သည် အထူးတလည် လေးလေးနက်နက် မတွေးမိပေ။ သူမ ဆက်ပြောလိုက်လေသည်။

"ကျွန်မဆီမှာ လည်ချောင်းနာ သက်သာစေတဲ့ တိုင်းရင်းဆေးတချို့ ရှိတယ် နည်းနည်းတော့ ခါးတယ် သောက်မလား"

ဆေးလုံးတွေလား....

ဒါက ဆေးနဲ့ ကုလို့ပျောက်မည့်အရာ မဟုတ်...

မိုချီရှန်သည် ခေါင်းအနည်းငယ် ခါလိုက်ပြီးနောက် သူ၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မပေါ်လွင်စေခဲ့ပေ။

"ကျေးဇူးပါပဲ မသောက်တော့ပါဘူး မိုးချုပ်နေပြီ ကိုယ် ပြန်လိုက်တော့မယ်"

"ကောင်းပါပြီ"

ကာယကံရှင် ဖြစ်သူမှ ငြင်းလိုက်သည်အား မြင်ချိန်တွင် နီယန် မှ ဆက်လက် မတိုက်တွန်းတော့ချေ။

"ဒါဆို ကျွန်မ လိုက်ပို့ပေးပါ့မယ်"

အခြေအနေအရ မိုချီရှန်အား ညစာစားရန် နေပါဦး ဟု ပြောရန်လည်း မသင့်တော်လှပေ။

ထိုသည်အား ကြားလိုက်ရသောအခါ မိုချီရှန်သည် အနည်းငယ် စိတ်ပျက်သွားမိလေမသည်။ နီယန်မှ သူ့အား နောက်ထပ် ခဏလောက် နေရန်နှင့် ညစာ တူတူစားဖို့ တိုက်တွန်းလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

သူ မမျှော်လင့်ထားခဲ့တာသည်မှာ...

မိုချီရှန် မချင့်မရဲ သဘောတူလိုက်လေသည်။ သူတစ်ပါးဆီမှ အလကားထိုင်စားကာ လတ်လျားလတ်လျား နေတတ်သည့် အကျင့်မျိုး သူထံတွင် မရှိပေ။

တံခါးဝသို့ ရောက်သောအခါ နီယန်သည် တစ်စုံတစ်ခုအား ရုတ်တရက် သတိရသွားသကဲ့သို့ မိုချီရှန်အား ပြောလိုက်သည်။

"မစ္စတာမို ဒီမှာ ခဏ စောင့်ပါဦး"

သူ ပြန်မပြောနိုင်ခင်မှာပင် နီယန်မှာမူ အိမ်ထဲသို့ ပြေးဝင်သွားပြီး ဖြစ်သည်။ သို့သော် သူမ လျင်မြန်စွာ ပြန်ထွက်လာခဲ့သည်။ သူမ၏ လက်ထဲတွင် ဆီစိမ် စက္ကူအိတ် တစ်ခု ပါလာခဲ့သည်။ သူမသည် အိတ်အား မိုချီရှန်၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်လေသည်။

"မစ္စတာမို ဒီလောက် အကြာကြီးဆိုတော့ ဗိုက်ဆာနေလောက်ပြီ ဒါ ကျွန်မ ကိုယ်တိုင် လုပ်ထားတဲ့ ပေါင်မုန့်ပါ အဆာပြေ စားသွားလိုက်နော်"

မိုချီရှန်မှ ငြင်းဆန်ရန် ရည်ရွယ် ထားသော်လည်း သူမလေးမှ ကိုယ်တိုင် လုပ်ထားသည်ဟု ကြားလိုက်ရသောအခါ လက်ခံလိုက်မိသည်။

"ကောင်းပြီ ကျေးဇူးပါပဲ"

ခဏတာမျှ တိတ်ဆိတ်သွား ပြီးနောက် မိုချီရှန် ဆက်ပြောလိုက်လေသည်။

"ကိုယ်တို့က သူငယ်ချင်းတွေ ဖြစ်နေပြီဆိုတော့ မစ္စတာမို လို့ ခေါ်တာက သိပ်ပြီး ကိန်းကြီးခန်းကြီး ဆန်လွန်းပါတယ် ပြီးတော့ ခုနကပဲ ကလေးတွေကို ကိုယ်က မင်းအစ်ကိုပါဆိုပြီး မိတ်ဆက် ပေးလိုက်တယ် မဟုတ်လား ကိုယ်က မင်းထက် နှစ်အနည်းငယ် ပိုကြီးတာ ဆိုတော့လည်း ကိုက်ညီမှု ရှိပါတယ် မင်း စိတ်မရှိရင် ကိုယ့်ကို 'အစ်ကို' လို့ ခေါ်လို့ရပါတယ်"

နီယန်သည်လည်း တုံ့ဆိုင်းမနေဘဲ ချက်ချင်း ပြောလိုက်လေသည်။

"ကောင်းပါပြီ အစ်ကိုမို"

မိုချီရှန်မှ အနည်းငယ် ပြုံးလိုက်မိသည်။

"ကိုယ် သွားတော့မယ် မင်း လိုက်ပို့စရာ မလိုတော့ပါဘူး ဒီနေရာကို ကိုယ် တော်တော်လေး ကျွမ်းကျင်ပါတယ်"

"ဟုတ်ကဲ့"

နီယန် ခေါင်းညိတ်လိုက်လေသည်။

"လမ်းမှာ ဂရုစိုက်သွားပါနော်”

"အင်း"

မိုချီရှန်မှ နီယန်အား လက်ပြလိုက်လေသည်။

"ပြန်ဝင်တော့ မိုးချုပ်နေပြီ မင်းကို စိတ်မပူစေချင်ဘူး"

နီယန်သည် မိုချီရှန်အား ပြန်လက်ပြလိုက်ကာ လှည့်ထွက်လာခဲ့သည်။ သူမ၏ သွယ်လျသော ပုံရိပ်လေးသည် ည အမှောင်ထုထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

မိုချီရှန်သည် သူမ၏ ထွက်ခွာသွားသည့် ကျောပြင်အား ကြည့်ရင်းဖြင့် မျက်လုံးများအား အနည်းငယ် မှေးစင်းလိုက်လေသည်။ ဤနေရာအား လာခဲ့ရသည့် သူ၏ ခရီးစဉ်သည် အလဟဿ မဖြစ်ခဲ့ပုံ ရလေသည်။

ခဏအကြာမှ အမှောင်ထုထဲမှ အကြည့်အား ခွာလိုက်ပြီးနောက် ဖြည်းညှင်းစွာ ပြန်လျှောက်လာခဲ့သည်။ ထိုနေ့တွင် မိုချီရှန်၏ စိတ်အခြေအနေသည် အလွန် ကောင်းမွန်နေခဲ့ကာ မြစ်ကမ်းဘေး ရောက်သည်အထိ နှုတ်ခမ်းများသည် အပြုံးတစ်ခုအား ဖော်ဆောင်ထားခဲ့သည်။

ထိုညတွင် လမင်းကြီးသည် လှပနေကာ မြစ်ပြင်ပေါ်သို့ ငွေရောင် အလင်းတန်းများ ဖြန့်ကျက်လျှက် ဂယက်ထနေသည့် ပုံရိပ်များကို ဖော်ဆောင်ပေးနေခဲ့သည်။

မြစ်ကမ်းဘေးသို့ ရောက်သည်နှင့် သူ၏ ဘယ်ဘက်ပခုံး ရိုက်ပုတ် ခံလိုက်ရကာ မကျေမနပ် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"မင်း ဒီလောက်ကြာအောင် ဘယ်တွေ သွားနေတာလဲ မင်းကြောင့် ငါ ဒီမှာ စောင့်နေရတာ ဘယ်လောက်တောင် ကြာပြီလဲ ဆိုတာ သိရဲ့လားကွ ဟေ "

မိုချီရှန်၏ မျက်နှာပေါ်တွင် လက်လျော့ထား လိုက်ရသည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူ လှည့်ကြည့်လိုက် ပြီးနောက် အဘိုးအို၏ ပခုံးအား ပုတ်လျှက် ပြောလိုက်လေသည်။

"တောင်းပန်ပါတယ် မွေးသဖခင်ကြီး ခင်ဗျာ အကြာကြီး စောင့်ခိုင်းမိသွားလို့ ရွှေစိတ်တော် မညှိုးလိုက်ပါနဲ့ ခင်ဗျာ"

မိုဖူဟိုင်သည် ရီချင်နေသည့် တိုင် တည်တင်းနေသည့် မျက်နှာထားပုံစံဖြင့် ဟန်ဆောင်ကာ မေး လိုက်လေသည်။

"ငါ့ကို အမှန်အတိုင်း ပြောစမ်း ဒီလောက်ကြာအောင် ဘယ်တွေ သွားပြီး သဝေထိုးနေတာလဲ ဘယ်ကနေ အပြစ်ကင်းစင်တဲ့ မိန်းကလေးတွေကို သွားပြီး ရွှတ်နောက်နောက် လုပ်လာပြန်ပြီလဲ ပြောစမ်း ဟေ့ကောင်"

အခန်း (၈၀)

"အဖေရာ အဖေက ကျွန်တော့် အဖေအရင်းတော့ ဟုတ်တယ်မလား"

မိုချီရှန်မှ လက်လျော့လိုက်သည့် လေသံဖြင့် ပြောလိုက်လေသည်။

"အဖေ့စိတ်ထဲမှာ ကျွန်တော့် ပုံရိပ်က အဲဒီ လောက်တောင် ဆိုးတယ်လို့ သတ်မှတ် ထားတာလား"

မိုဖူဟိုင်သည် မိုချီရှန်၏ ခေါင်းအား တန်းပြီး ရိုက်ချလိုက်လေတော့သည်။

"မင်းလိုကောင်က တစ်နေ့ကုန် ပုံမကျ ပန်းမကျ လျှောက်ပတ်ပြီး သွားနေတာကိုးကွ မမေ့နဲ့ မင်းက စေ့စပ်ထားပြီးသား လူတစ်ယောက် လူဆိုတာ ဘဝမှာ တည်ကြည်လေးနက်မှု ရှိရတယ်"

အဖေရင်း တစ်ယောက် သည်သာ ထိုစကားမျိုး ပြောနိုင်လေသည်။ မိုချီရှန်သည် နဖူးအား စိတ်ပျက်လက်ပျက်ဖြင့် ပွတ်သပ်လိုက်ရင်းဖြင့် ထိုစကားများအား နီယန်မှမ မကြားခဲ့ရသည့်အတွက် ကျေးဇူးတင် လိုက်မိလေသည်။

‘မကြားလို့ တော်သေးပေါ့ မဟုတ်ရင် မြစ်ဝါမြစ်ထဲ ခုန်ချရင်တောင် သူ့ပုံရိပ်က ဆေးလို့တောင် စင်ကြယ်တော့မှာ မဟုတ်ဘူး’

"အဖေ ကျောက် မိသားစုက မိန်းကလေး ကျောက် ဆိုတာ ဘယ်လို ပုံစံလဲတောင် ကျွန်တော် မသိဘဲနဲ့ ဘယ်လိုလုပ် လက်ထပ်ရမှာလဲဗျာ အခုခေတ်က လွတ်လပ်စွာ အိမ်ထောင်ပြုခြင်း ဆိုတာကို ဦးစားပေးကြတယ်ဗျ သူ့ဘက်ကတောင် ကျွန်တော့်ကို အဖက်လုပ်မှာ မဟုတ်လောက်ဘူး"

မည်သို့ပင် ဆိုစေကာမူ တခြားလူများ အမြင်တွင် သူသည် အသုံးမကျသည့် လူ တစ်ယောက်စာ ဖြစ်နေဆဲ ဖြစ်ပေသည်။ တစ်ချိန်ကဆိုလျှင် သူသည် သူတို့၏ အသိုင်းအဝိုင်း အတွင်း၌ ဟာသ တစ်ခုတောင် ဖြစ်ခဲ့သေးသည် မဟုတ်ပါလော။ မည်သို့သော သူဌေးသမီးမှ သူ့အား နှစ်ခါ ပြန်ကြည့်မည်နည်း။

သူ သိရသလောက်ဆိုလျှင် ကျောက်မိသားစုမှ မိန်းကလေး ကျောက်သည် သူ့အား အထင်သေးနေခဲ့သည်မှာ တစ်ရက်နှစ်ရက် မကတော့ချေ။ မိုဖူဟိုင် မှ မျက်မှောင်ကြုတ် လိုက်ပြီးနောက် ပြောလိုက်လေသည်။

"မင်းဦးလေးကျောက်နဲ့ သူ့မိသားစုက ကတိတည်တဲ့ လူတွေ ကတိဖျက်မယ့် လူစားမျိုးတွေ မဟုတ်ဘူးကွ ဘာပဲဖြစ်ဖြစ် မင်း အပြောအဆို အနေအထိုင် အမြဲ ဆင်ခြင်ရမယ် မိန်းကလေး ကျောက် စိတ်ဆိုးအောင် ဘာမှ မလုပ်ရဘူး"

"အဖေ မိုးချုပ်နေပြီ ပြန်ကြရအောင်”

မိုချီရှန်မှ စကားလမ်းကြောင်း လွှဲလိုက်တေ့ာသည်။

"သွားစို့"

မိုဖူဟိုင်သည် သူ၏ ငါးမျှားပစ္စည်းများအား သိမ်းဆည်း လိုက်လေသည်။

"ပြန်ကြမယ်"

"ကျွန်တော် သယ်ပေးမယ် အဖေ ရှေ့က သွား ခြေလှမ်း သတိထားနော်"

မိုချီရှန်သည် မိုဖူဟိုင်၏ လက်ထဲမှ ငါးမျှား ပစ္စည်းများအား ယူဆောင် လိုက်လေသည်။ မိုဖူဟိုင်မှ လက်အား နောက်ပစ်လျှက် ရှေ့မှ ဦးဆောင်သွားခဲ့သည်။

ကားသည် သိပ်မဝေးလှသော နေရာတွင် ရပ်ထားခဲ့ခြင်း ဖြစ်သည်။ သူတို့ လာနေသည်အား မြင်သောအခါ ယာဉ်မောင်းသည် အပြေးအလွှား လာရောက်ပြီးနောက် မိုချီရှန်၏ လက်ထဲမှ ပစ္စည်းများအား ကူသယ်ကာ လေးစားသမှုဖြင့် ပြောလိုက်လေသည်။

"သခင်ကြီး ဆဌမသခင်လေး"

"အဖေ ဖြည်းဖြည်း တက်"

မိုချီရှန်သည် မိုဖူဟိုင်အား ကားပေါ်သို့ တက်ရန် တွဲပေးလိုက်သည်။ သို့သော် မိုဖူဟိုင်မ မိုချီရှန်၏ လက်အား တန်းပြီး ပုတ်ထုတ်လိုက်တော့သည်။

"ဖယ်စမ်း ငါ အဲဒီလောက် မအိုသေးဘူး မင်း လာတွဲပေးစရာ မလိုဘူး"

သခင်ကြီးမို သည် ငယ်စဉ်အချိန်တွင် သိုင်းပညာရှင် တစ်ယောက် ဖြစ်ခဲ့ပြီး မာကျော ခက်ထန်သည့် ပုံစံရှိကာ သူလုပ်သမျှ ကိစ္စတိုင်း အတွက် အကူအညီပေးခြင်းအား ငြင်းပယ်လေ့ရှိပေသည်။

သူ့ဘဝ၏ တစ်ခုတည်းသော နောင်တမှာ မိုချီရှန်အား ထူးချွန်သော စစ်သူကြီးတစ်ဦး ဖြစ်လာစေရန် အတွက် မလေ့ကျင့် ပေးနိုင်ခဲ့ခြင်းပင် ဖြစ်ပေသည်။

ယခုအချိန်တွင် စစ်သူကြီး ဖြစ်ရန် မပြောနှင့် လုံးဝကို ပျက်စီးနေသည့် ကလေကချေ ကောင်ဆိုးလေး တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

ကံကောင်းသည်မှာ မိုမိသားစု၏ ပိုင်ဆိုင်မှုသည် ခိုင်မာ တောင့်တင်း သဖြင့် ထို ဖြုန်းတီးတတ်သော သားဆိုးအား ပြဿနာမရှိဘဲ ထောက်ပံ့ ထားနိုင်ခြင်း ဖြစ်ပေသည်။ မဟုတ်လျှင် မူ သူ အသက် ၁၀၀ ပြည့်ပြီး သေသွားခဲ့လျှက်တောင် မျက်လုံး ကောင်းစွာ မှိတ်နိုင်လိမ့်မည် မဟုတ်ချေ။

ကားပေါ် ရောက်သည်နှင့် မိုဖူဟိုင်နှင့် မိုချီရှန်တို့ နောက်ခန်းတွင် ထိုင်လိုက်ကြသည်။ မိုချီရှန်မှ ပြုံး၍ မေးလိုက်လေသည်။

"ဒီနေ့ အခြေအနေ ဘယ်လိုလဲ အဖေ"

အနားယူပြီးချိန် ကတည်းမှ စ၍ သခင်ကြီးမို သည် ငါးမျှားခြင်းအား စွဲလမ်းလာခဲ့သည်။ စားမကုန်အောင် ငါးများ အများအပြား မိပါမူ သူများအား ပေးပစ်တတ်သည် သို့မဟုတ် ပြန်လွှတ်ပေးလေ့ ရှိလေသည်။

"မဆိုးပါဘူး"

မိုဖူဟိုင်သည် သားရေ ထိုင်ခုံပေါ်တွင် ကျေနပ် အားရစွာဖြင့် မှီထိုင်နေရင်း ရုတ်တရက် လေထဲမှ အနံ့တစ်ခုအား ရရှိလိုက်ကာ မတ်မတ် ပြန်ထိုင်လိုက်လေသည်။

"ဘာနံ့လဲ မွှေးလိုက်တာ"

မိုချီရှန်သည် အနည်းငယ် ပြုံးလိုက်ပြီးနောက် ဘေးမှ ဆီစိမ် စက္ကူအိတ်အား ထုတ်ယူလိုက်လေသည်။

"အဖေ ပြောတာ ဒါကို ထင်တယ်"

"ဘာကြီးလဲ"

မိုဖူဟိုင် မှ နားမလည်စွာ မေးလိုက်လေသည်။

"စားစရာလား"

မိုချီရှန်မှ ခေါင်းညိတ် ပြလိုက်ပြီးနောက် ဆီစိမ်စက္ကူအား ဖွင့်လိုက်သည်နှင့် ရနံ့သည် ပိုမို၍ ပြင်းထန်လာခဲ့သည်။ မိုဖူဟိုင်သည် ကလေးလေး တစ်ယောက်ကဲ့သို့ မျက်လုံး အဝိုင်းသားဖြင့် ကြည့်ရင်း ပြောလိုက်လေသည်။

"ပေါင်မုန့်ပဲ"

ပြောရင်းဆိုရင်း သူသည် ပေါင်မုန့် တစ်ဖဲ့အား လှမ်းယူလိုက်ကာ ပါးစပ်ထဲ ထည့်လိုက်လေသည်။ အနည်းငယ် ဝါးပြီးနောက် မိုဖူဟိုင်သည် ဝါးနေသည်အား ရပ်လိုက်ကာ မိုချီရှန်အား စိုက်ကြည့်လိုက်လေသည်။

ရုတ်တရက် အကြည့်ခံရသဖြင့် မိုချီရှန် တစ်ယောက် အနည်းငယ် စိတ်လှုပ်ရှားမိ သွားခဲ့သည်။ ပေါင်မုန့်မှာ တစ်ခုခု မှားနေပြီ ထင်ပြီးနောက် တခြား ပေါင်မုန့်တစ်ဖဲ့အား အမြန် ယူစား ကြည့်လိုက်လေသည်။

ပေါင်မုန့်သည် နူးညံ့ကာ ချိုမြိန်လျှက် ပါးစပ် အတွင်းတွင် အရည်ပျော်သွားခဲ့ကာ သိမ်မွေ့လှသော နို့အရသာလေး ရနေခဲ့လေသည်။ အရသာ ရှိလှပေသည်။ မိုချီရှန်၏ မျက်လုံးများတွင် အံ့သြမှုတို့ ပြည့်နှက်သွားခြ့သည်။

ထိုမျှလောက် ရိုးရှင်းလှသော ပေါင်မုန့် တစ်လုံးသည် ဤမျှလောက် အရသာ ရှိလိမ့်မယ်လို့ သူ မထင်ထားခဲ့မိပေ။

"ဘာဖြစ်လို့လဲ အဖေ"

မိုချီရှန်မှ မိုဖူဟိုင်အား စူးစမ်းသလို ကြည့်လိုက်လေသည်။

"ပေါင်မုန့်က ကောင်းပါတယ်"

မိုဖူဟိုင်သည် မိုချီရှန်အား ဆက်၍ စိုက်ကြည့်နေပြီးမှ ပြောလိုက်လေသည်။

"ငါ့ကို ပြောစမ်း ဒီပေါင်မုန့် ဘယ်က ရတာလဲ"

မိုချီရှန်သည် ဂရုမစိုက်သလို မေးလိုက်လေသည်။

"တစ်ယောက်ယောက် ပေးလိုက်တာလေ ဘာဖြစ်လို့လဲ အဖေ မကြိုက်လို့လား"

မိုဖူဟိုင်၏ မျက်လုံးသည် အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။

"ဒီပေါင်မုန့်က ဟိုကောင်မလေး နီယန် ဆီကလား"

မိုချီရှန်သည် အံ့သြတကြီး ပြောလိုက်မိသည်။

"အဖေလည်း သူ့ကို သိတာလား"

သူ၏ အဖေအရင်း ဖြစ်သူပင်လျှင် သူမအား သိနေလိမ့်မယ်ဟု သူ မထင်ထားခဲ့ချေ။ ရေစက်သည် လူများအားဆုံစည်းစေခဲ့ခြင်း ဖြစ်ပေမည်။

သွေးသည် ရေထက် ပစ်လှပေသည်။

မိုဖူဟိုင်မှ မျက်နှာထား တင်းလိုက်ပြီးနောက် လေးနက်လှသော လေသံဖြင့် ပြောလိုက်လေသည်။

"မိုချီရှန် ငါ မင်းကို သတိပေးလိုက်မယ်နော် မင်း အပြင်မှာ ရှုပ်ပွေနေတာကို ငါ မထိန်းချုပ်နိုင်ဘူး ဒါပေမယ့် နီယန်က မိန်းကလေးကောင်းလေး တစ်ယောက် မင်း သူ့ကို နာကျင်အောင် လုပ်ခွင့်မရှိဘူး မဟုတ်ရင် ငါ မင်း ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်"

မိုဖူဟိုင်သည် ထိုစကားများအား အမှန်တကယ် လေးလေးနက်နက် ပြောဆိုနေခြင်း ဖြစ်ကာ သူ၏ မျက်လုံးနှင့် မျက်ခုံးများတွင် နောက်ပြောင်မှု အရိပ်အယောင် တစ်စက်မှ မရှိချေ။

အခန်း ၈၁

ကားအတွင်းရှိ လေထုမှာ ရုတ်ခြည်းပင် လေးလံ သွားခဲ့တော့သည်။ မိုချီရှန်မှ ရယ်မောလိုက်ရင်း ပြောလိုက်လေသည်။

"အဖေကလည်းဗျာ ဘယ်လိုတွေ တွေးနေတာလဲ နီယန်နဲ့ သားက အဖေ ထင်နေသလိုမျိုး မဟုတ်ပါဘူး ပြီးတော့ သားက အဲဒီလိုလူမျိုးမှ မဟုတ်တာ"

တကယ်တမ်းတွင် သူသည် နီယန်အား အနိုင်ကျင့် ချင်ခဲ့သော်လည်း ထိုမိန်းကလေးမှ သူ့အား အခွင့်အရေး တစ်ကြိမ် တစ်ခါမျှ မပေးခဲ့ခြင်းသာ ဖြစ်ပေသည်။

"တည်တည် ငြိမ်ငြိမ်နေစမ်း ဘာကိစ္စ အဲ့ဒီလောက် ပေါ့ပျက်ပျက် ရယ်နေရတာလဲ"

မိုဖူဟိုင်မှ မျက်မှောင်ကြုတ်လျက် ဆက်ပြောလိုက်လေသည်။

"ဘယ်လိုပဲဖြစ်ဖြစ် အခုဒီနေရာမှာပဲ မင်းကို ငါ သတိပေးထား လိုက်မယ် အဲ့ဒီ ကောင်မလေးကို မင်း ထိခိုက်အောင် အနိုင်ကျင့် ရဲတယ်ဆိုရင်တော့ မင်းကို ငါ ကိုယ်တိုင် သတ်ပစ်မယ်လို့ ကျိန်ဆိုတယ် ကြားလား ဟေ့ကောင်"

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ဟုတ်ပါပြီဗျာ"

မိုချီရှန်မှ နောက်ပြောင်သည့် လေသံဖြင့် တုံ့ပြန် ပြောဆိုလိုက်သည်။

"စိတ်ချပါ သားမှာ လူတစ်ရာစာလောက် သတ္တိတွေ ရှိနေရင်တောင် သူ့ကို သွားစရဲမှာ မဟုတ်ပါဘူး ဒါနဲ့ နေပါဦး အဖေက သူ့ကို ဘယ်လိုလုပ် သိနေတာလဲ"

အကယ်၍သာ ဤနေရာတွင် နီယန် ရှိနေခဲ့မည်ဆိုလျှင် ယန်ကွေ့ပေါင် အတက် ရောဂါ ထစဉ်တွင် သူမဘက်မှ ဝင်ရောက် ပြောဆိုပေးခဲ့သော အဘိုးအိုမှာ မိုဖူဟိုင် ပင် ဖြစ်ကြောင်း ချက်ချင်း ရိပ်မိသွားမည် အမှန်ပင် ဖြစ်သည်။

မိုဖူဟိုင်သည် ဤနေရာသို့ ငါး လာမျှားလေ့ရှိကာ နီယန်သည်လည်း မြစ်ကမ်းဘေးသို့ ငါး ဖမ်းသည့် မြုံးများအား မကြာခဏ လာချလေ့ ရှိပေသည်။ ထို့ကြောင့် အကြိမ်ကြိမ် ဆုံတွေ့ ပြီးနောက်တွင် ထိုအဘိုးအိုနှင့် ကောင်မလေးတို့မှာ အချင်းချင်း ရင်းနှီး ကျွမ်းဝင် လာကြကာ တစ်ဦးနှင့် တစ်ဦး ခင်မင် ရင်းနှီးမှု ရရှိသွားကြခြင်း ဖြစ်သည်။

သို့သော် နီယန်မှာ မိုဖူဟိုင်၏ အစစ်အမှန် နောက်ခံ မည်သို့ ရှိသည်အား မသိခဲ့ချေ။ ထို့အပြင် ပြီးခဲ့သည့် တစ်လတာ ကာလအတွင်း သူ၏ မိသားစုဝင် တစ်ဦး တစ်ယောက် နှင့်မျှ မဆုံတွေ့ခဲ့ရသောကြောင့် သူ့အား တစ်ကိုယ်တည်း နေထိုင်သည့် အဘိုးအို တစ်ဦး ဟုသာ ထင်မှတ်ထားခဲ့ခြင်းလည်း ဖြစ်ပေသည်။ သို့ဖြစ်၍ သူမသည် သူ့အတွက် ပေါင်မုန့်များအား မကြာခဏ ယူလာ ပေးလေ့ ရှိပေသည်။

အသက်အရွယ် ကွာဟမှု ကြီးမား လင့်ကစား ထိုသူ နှစ်ဦး ကြားတွင် ထူးခြား လှသော မိတ်ဆွေ သံယောဇဉ် တစ်ခု ဖြစ်တည် လာခဲ့ကြလေတော့သည်။

"ငါတို့ ဘယ်လို သိလဲဆိုတာ အရေးမကြီးဘူး"

မိုဖူဟိုင်မှ မိုချီရှန်၏ ခေါင်းအား ခေါက်ချလိုက်ရင်း သတိထပ် ပေးလိုက်လေသည်။

"အရေးကြီးတာက မင်း သူ့ကို ဒုက္ခမပေးဖို့ပဲ"

"စိတ်မပူပါနဲ့ သူ့ကို ဒုက္ခမပေးပါဘူးလို့ သားကတိပေးပါတယ်"

မိုချီရှန်မှ လက်သုံးချောင်း ထောင်ပြလိုက်ကာ ကျိန်ဆိုပြ လိုက်ရလေတော့သည်။

"သား ကျိန်ရဲပါတယ်ဗျာ"

မိုဖူဟိုင်မှ သူ့အား မထီမဲ့မြင် အကြည့် တစ်ချက်ဖြင့် စိုက်ကြည့် လိုက်ပြီးနောက် ‘လူဆိုးကောင်’ ဟု ခေါ်လိုက်သည်။ ၎င်းနောက် မိုဖူဟိုင်မှ ထပ်မံ ပြောဆိုလိုက်သည်။

"တကယ်တော့ ယန်ယန်က မိန်းကလေးကောင်း တစ်ယောက်ပါ ဒါပေမဲ့ မင်းက ကျောက် မိသားစုက မိန်းကလေးနဲ့ စေ့စပ် ထားပြီးသားနော် မင်း ဖောက်ပြန်လို့ မရဘူး"

ကျောက် မိသားစု....

မိုချီရှန်မှ မျက်လုံးများအား မှေးစင်းလိုက်လေသည်။ ကြည့်ရသည်မှာ ကျောက် မိသားစုအား ခါးသီးလှသည့် အမှန်တရား၏ အရသာအား မြည်းစမ်းခိုင်းရန် အတွက် အချိန်တန်လာခဲ့လေပြီ။

သို့မှသာ ထိုလူများ၏ စစ်မှန်သော အသွင်အပြင်အား သူ၏ဖခင် မြင်တွေ့လာနိုင်လိမ့်မည် ဖြစ်သည်။

**

နီ မိသားစုအိမ်တွင်မူ....

မိုချီရှန်အား ပြန်လွှတ် လိုက်ပြီးနောက် နီယန်သည် မီးဖိုချောင် အတွင်း၌ ညစာ ပြင်ဆင်ရန် စတင် လိုက်လေသည်။ အဓိက အစားအစာမှာ ထမင်းဖြူ ဖြစ်ပေသည်။

ဟင်းလျာများ အတွက်မူ တစ်ပတ်စာ မီနူးအား သူမ ကြိုတင် စီစဉ်ထားပြီး ဖြစ်သည်။ တနင်္လာနေ့အတွက် မီနူး အင်္ဂါနေ့အတွက် မီနူး စသည်ဖြင့် အားလုံးကို အစီအစဉ် ဆွဲထားပြီးဖြစ်လေသည်။

ထိုဟင်းလျာများမှာ အလှအပအား အထောက်အကူ ပြုရုံသာမက အရသာရှိပြီး အာဟာရလည်း ပြည့်ဝသည့် အတွက်ကြောင့် အလှအပ ထိန်းသိမ်းခြင်းနှင့် အစာအိမ်အား အာဟာရ ဖြည့်တင်းပေးခြင်း ဟူသော ရည်ရွယ်ချက် နှစ်ရပ်စလုံးအား ဖြည့်ဆည်း ပေးနိုင်လေသည်။

နီယန်သည် မီနူးစာရွက်အား ထုတ်ယူလိုက်လေသည်။ ယနေ့အတွက် မီနူးတွင် အောက်ပါတို့ ပါဝင်လေသည်...

၁။ ပဲတောင့်ရှည်နှင့် ငရုတ်ပွ ဝက်သားကြော်

ပဲတောင့်ရှည်တွင် ကျောက်ကပ်နှင့် သရက်ရွက်အား အားဖြည့် ပေးနိုင်သည့် အစွမ်းသတ္တိများ ပါဝင်လေသည်။ "ဆေးဖက်ဝင် အပင်များ ကျမ်း" တွင် ပဲတောင့်ရှည်သည် ခန္ဓာကိုယ် အလယ်ပိုင်းရှိ ချီ စွမ်းအင်အား ပြန်လည် ဖြည့်တင်းပေးကာ ကျောက်ကပ် ကျန်းမာရေးကိုလည်း တိုးတက်စေပြီး ခွန်အားကိုလည်း ပြန်လည် ရရှိစေသည်ဟု ဖော်ပြထားလေသည်။

ကျောက်ကပ်ကို အားဖြည့်ပေးခြင်းမှာ အိုမင်းရင့်ရော်မှုအား နှောင့်နှေး စေရန်အတွက် အဓိက သော့ချက်ပင် ဖြစ်လေသည်။

၂။ ဟွမ်ကျင်း(ပိုလီဂိုနေးတမ်) ကညွတ်နှင့် ငါးရှဉ့်သားလွှာကြော်

ဟွမ်ကျင်း(ပိုလီဂိုနေးတမ်) သည် ခန္ဓာကိုယ်၏ ချို့တဲ့မှုများအား ပြန်လည် ဖြည့်တင်းပေးနိုင်ကာ အဆီအနှစ်နှင့် ခြင်ဆီများကို ပြည့်ဝ စေနိုင်လေသည်။

ငါးရှဉ့်တွင် ကယ်လ်ဆီယမ် သံဓာတ် ဖော့စဖရပ်စ် ဂျယ်လတင်နှင့် အခြားသော အာဟာရ ဓာတ်များ ကြွယ်ဝစွာ ပါဝင်လေသည်။ ဟွမ်ကျင်း(ပိုလီဂိုနေးတမ်) နှင့် ပေါင်းစပ် လိုက်သောအခါ ရင်သား ဖွံ့ဖြိုးကြီးထွားမှုအား အထောက်အကူ ပြုနိုင်ပေသည်။

ဤဟင်းလျာသည် ရင်သား ကြီးထွား လာစေရန် အတွက် အလွန် သိသာ ထင်ရှားသည့် အကျိုးသက်ရောက်မှု ရှိလေသည်။

၃။ ကြွက်နားရွက်မှိုနှင့် သခွားသီးသုပ်

သခွားသီးသည် အပူငြိမ်း စေရန် အတွက် အလွန် ကောင်းမွန်သော ဟင်းသီးဟင်းရွက် ဖြစ်ကာ အသားအရေ ဖြူဝင်း စေသည့် အာနိသင်ရှိလေသည်။ ကြွက်နားရွက်မှိုတွင် ကယ်လ်ဆီယမ် ပါဝင်မှု မြင့်မားပြီး ဖိအား ကျဆင်းစေခြင်းနှင့် အဆိပ်အတောက် ဖယ်ရှားပေးခြင်း စသည့် အာနိသင်များ ပါရှိသည်။

၄။ ရှီဟူ (ခ) သစ်ခွမြစ် ငါးခေါင်းဟင်းချို

ရှီဟူ (ခ) သစ်ခွမြစ်တွင် အကျိအချွဲများ အမြောက်အမြား ပါဝင်ပြီး အာဟာရ ဖြည့်တင်းပေးကာ ခွန်အားဖြစ်စေလေသည်။ ထို့ပြင် အဆီပြန်ခြင်းမရှိဘဲ အသားအရေအား စိုပြည်စေသည်။ ငါးခေါင်းတွင် ပရိုတင်း အမိုင်နိုအက်ဆစ် အမျိုးမျိုး အဆီဓာတ် ဗီတာမင် B2 နှင့် အခြားသော ဓာတ်များ ကြွယ်ဝစွာ ပါဝင်လေသည်။ ရှီဟူ (ခ) သစ်ခွမြစ်နှင့် ပေါင်းစပ်လိုက်သောအခါ အသားအရေအား တောက်ပစေပြီး ကျုံ့ဆန့် နိုင်စွမ်းကိုလည်း ထိန်းသိမ်းပေးလေသည်။

(** ပိုလီဂိုနေးတမ် အား မြန်မာလို တိုက်ရိုက် ခေါ်ဝေါ်သည့် အသုံးအနှုန်း မရှိချေ။ ထို အပင်နှင့် ပတ်သက်၍ တရုတ် တိုင်းရင်းဆေး အခေါ်အဝေါ်တွင် အာရှုဒေသများတွင် တရုတ်တိုင်းရင်းဆေး အမည် ဖြစ်သည့် ဟွမ်ကျင်း ဆိုသော နာမည်ဖြင့် လူသိများလေသည်။ အပင်၏ မြေအောက် အမြစ်အား ကိုယ်ခန္ဓာ အားဖြည့်ဆေး အဆုတ်နှင့် ကျောက်ကပ် အားကောင်းစေသည့် ဆေးများဖော်စပ်ရာတွင် အများဆုံး အသုံးပြုလေ့ ရှိသည့် ဆေးဖက်ဝင်ပင် တစ်မျိုး ဖြစ်သည်။ **)

(** သစ်ခွမြစ်(ခ) ရှီဟူ ဆိုသည့် အပင်သည် မြန်မာတွင် သစ်ခွမျိုးနွယ်ဝင် အပင် တစ်မျိုး ဖြစ်သည်။ သစ်ခွ မျိုးရင်းများတွင် အကြီးမားဆုံးသော မျိုး တစ်ခု ဖြစ်ကာ မြန်မာနိုင်ငံတွင် ပေါက်ရောက်လေ့ ရှိသည့် မောက်တင် မောက်လုံး ငွေပွင့် စသည့် သစ်ခွ အလှစိုက်ပင် အများစုသည် သစ်ခွမြစ် ၏ မျိုးနွယ်စုများ ဖြစ်ကြသည်။

အထူးသဖြင့် တရုတ် တိုင်းရင်းဆေးပညာတွင် ‘ရှီဟူ’ ဟု ခေါ်ကာ အလွန် တန်ဖိုးကြီးမားလှသည့် ဆေးဖက်ဝင် အပင် အဖြစ် အသုံးပြုကြသည်။ မြန်မာလိုဆိုလျှင် သစ်ခွမြစ် (ခ) သစ်ခွပင်ခြောက် (ခ) သစ်ခွဆေး ဟု လူသိများလေသည်။

သစ်ခွမြစ်သည် ခန္ဓာကိုယ် အပူငြိမ်းစေခြင်း (ယင်ဓာတ်အား အားဖြည့်ပေးခြင်း) အစာအိမ် နှင့် အဆုတ်ကို အားကောင်းစေခြင်း နှင့် မျက်စိအားကောင်းစေကာ ကိုယ်ခံအားကို မြှင့်တင်ပေးခြင်း စသည့် အကျိုးကျေးဇူးများ ရှိပေသည်။ **)

လူ သုံးယောက် အတွက် ဟင်းသုံးပွဲနှင့် ဟင်းချို တစ်ပွဲမှာ အနေတော်ပင် ဖြစ်လေသည်။ ထို့အပြင် ဤ ဟင်းသုံးပွဲနှင့် ဟင်းချိုတစ်ပွဲတို့ ပေါင်းစပ် လိုက်သောအခါ အသားအရေ ဖြူဝင်းခြင်း ရင်သားဖွံ့ဖြိုးခြင်း အိုမင်းရင့်ရော်မှုအား နှောင့်နှေးစေခြင်းနှင့် အပူငြိမ်းစေခြင်း စသည့် အာနိသင်များကို ရရှိစေရာ ခေတ်သစ် အနာဂတ်တွင် ရှိသည့် ရေပူစမ်း တွင် ကုသမှုများထက်ပင် များစွာ ပိုမိုထိရောက်မှု ရှိလှပေသည်။

မီနူးအား ကြည့်ရှု ပြီးနောက် နီယန်သည် အင်္ကျီလက်အား ခေါက်တင်လိုက်ကာ ဟင်းလျာများအား စတင် ပြင်ဆင် ချက်ပြုတ်လေတော့သည်။

ဝယ်ယူထားသည့် ကြွက်နားရွက်မှိုနှင့် ဝက်သား မှလွဲ၍ ကျန်ရှိနေသည့် ဟင်းသီး ဟင်းရွက်များ အားလုံးမှာ ရွာသားများမှ လက်ဆောင် ပေးထားခြင်း ဖြစ်ကာ အချို့ကိုမူ နီချွေ့ဟွာ ကိုယ်တိုင် စိုက်ပျိုးထားခြင်း ဖြစ်ပေသည်။

ငါးများကိုမူ နီယန် ကိုယ်တိုင် ဖမ်းဆီးထားခြင်း ဖြစ်ကာ သစ်ခွမြစ်နှင့် ဟွမ်ကျင်းတို့အား တောင်ပေါ်မှ တူးယူလာခဲ့ခြင်း ဖြစ်လေသည်။ သို့ဖြစ်၍ ဟင်း တစ်နပ်စာ အတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ တစ်ယွမ်ခွဲပင် မပြည့်ချေ။

အဓိက အချက်မှာ ဤသို့သော ပေါင်းစပ်မှုများသည် လူတစ်ဦး၏ အကောင်းဆုံး အစိတ်အပိုင်းများအား ဖော်ထုတ်ပေးနိုင်ပြီး ၎င်းအား အပြင်ဘက်တွင် မည်မျှပင် ငွေကြေး အမြောက်အမြား ပေးစေကာမူ ဝယ်ယူ၍ မရနိုင်ခြင်းပင် ဖြစ်ပေသည်။

မီးဖိုချောင်အတွင်း၌ တစ်နာရီကျော်မျှ အချိန်ကုန် လွန်ပြီးနောက် လှပ သေသပ်စွာ ပြင်ဆင်ထားသည့် ဟင်းသုံးပွဲနှင့် ဟင်းချိုတစ်ပွဲအား စားပွဲပေါ်သို့ ယူဆောင်လာခဲ့တော့သည်။

နီချန်ကွေ့သည် အိမ်ထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် မွှေးကြိုင်လှသည့် ဟင်းလျာများ၏ ရနံ့မှ သူမအား ဆီးကြိုနေလေသည်။ သူမ၏ မကောင်းလှသည့် စိတ်အခြေအနေမှာ ချက်ချင်းပင် လန်းဆန်းသွားခဲ့တော့သည်။

နွေရာသီသည် ပုံမှန်အားဖြင့် အစားအသောက် ပျက်တတ်သော ကာလဖြစ်သော်လည်း နီချန်ကွေ့၏ ခံတွင်းတွေ့မှုမှာ တစ်နေ့တခြား ပိုမို၍ ကောင်းမွန် လာခဲ့သည်။

နီချန်ကွေ့သည် ချက်ချင်းပင် အိတ်အား ချထားလိုက် ပြီးနောက် မစားသောက်မီ လက်ဆေးရန် ခြံဝင်းအတွင်းသို့ ထွက်ခွာသွားလေတော့သည်။

နီယန်မှာမူ ရေတွင်းထဲမှ တစ်စုံတစ်ရာအား ဆွဲတင်နေခဲ့သည်။ သူမသည် ရေတွင်းအဖုံးအား ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အေးမြလှသော လေပြေများ ပန်းထွက်လာကာ သူမအား ချက်ချင်းပင် လန်းဆန်း သွားစေခဲ့တော့သည်။

All Chapters