အခန်း (၁၁၅-၁၁၆)
Vol. 12 Ch. 115-116
အခန်း ၁၁၅ - သန့်စင်ယန် တာအိုကျမ်းနှင့် ကောင်းကင်ဝါးမြို တာအိုကျမ်း
“ယောကျ်ား... ဒါက... အင်မော်တယ် ဧကရာဇ် အဆင့် အမွေအနှစ်လား”
ဝူဟောက်သည် စုချောင်ရန်၏ စိတ်ထဲသို့ အင်မော်တယ် ဧကရာဇ် အမွေအနှစ်ကို ထည့်သွင်းပေးလိုက်ပြီးနောက် ၊ သူမ၏ အသက်ရှူသံများမှာ မြန်ဆန်နေခဲ့သည်။ အင်မော်တယ် ဧကရာဇ် အဆင့်ရှိ အမွေအနှစ်ကို ရရှိပြီးနောက် မဟာဧကရာဇ် အထက် နယ်ပယ်အကြောင်းကိုလည်း သူမ သိရှိသွားခဲ့သည်။
ဝူဟောက်က ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်၏။
“မှန်တယ်... ဒါက အင်မော်တယ် ဧကရာဇ် အမွေအနှစ် အစစ်ပဲ”
“ယောကျ်ား... ရှင်က ဘယ်နယ်ပယ်ကို ရောက်နေပြီလဲ ဟင်”
ဝူဟောက်သည် အင်မော်တယ် ဧကရာဇ်အဆင့်ရှိ အမွေအနှစ်ကို ထုတ်ယူလာသဖြင့် စုချောင်ရန်၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ စတင် ဖြစ်ပေါ်လာသည်။ သူမသည် ဝူဟောက်နှင့် မတန်မရာ ဖြစ်နေမည်ကို စိုးရိမ်ပြီး တစ်နေ့နေ့တွင် ဝူဟောက် သူမကို ထားသွားမည်ကို ကြောက်ရွံ့နေမိသည်။
သူမ၏ စိုးရိမ်ပူပန်မှုများကို သိရှိနေသကဲ့သို့ ဝူဟောက်သည် စုချောင်ရန်ကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး နူးညံ့သိမ်မွေ့သည့် လေသံဖြင့် ပြောလိုက်သည်။
“ကိုယ် ပြောပြီးသားပဲ... ကိုယ်က မင်းတို့ထက် နည်းနည်းလေး ပိုသန်မာရုံပါလို့... မင်းအနေနဲ့ ဒီကိစ္စအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေစရာ မလိုဘူး... ကိုယ် မင်းကို ပြောဖူးတယ်လေ... မင်းက ကိုယ့်ရဲ့ တစ်ဦးတည်းသော အချစ်ပဲ... ဒါက ကိုယ် လုပ်ပေးသင့်တဲ့အရာပဲ... ကိုယ်က မင်းနဲ့အတူ ထာဝရ လက်တွဲသွားဖို့တောင် စီစဉ်ထားပြီးသား”
ဝူဟောက်၏ ရင်းနှီးကျွမ်းဝင်သည့် စကားများကို ကြားလိုက်ရချိန်တွင် စုချောင်ရန်၏ မျက်နှာလေးမှာ အနည်းငယ် နီရဲသွားသည်။ သူမသည် ခေါင်းငုံ့ကာ တိုးညှင်းစွာ ပြန်လည် တုံ့ပြန်လိုက်သည်။
အမှန်တကယ်တွင် ဝူဟောက်သည် ထွေထွေထူးထူး တွေးမနေခဲ့ချေ။ သူ၏ အတွေးမှာ အလွန် ရိုးရှင်းသည်။ ရန်သူဟူ၍ မရှိတော့လောက်အောင် သန်မာပြီး စုချောင်ရန်နှင့်အတူ ထာဝရ နေထိုင်သွားရန်နှင့် ဝူမိသားစုကို စွမ်းအားကြီးမားလာစေရန်သာ ဖြစ်သည်။
စုချောင်ရန်ကို အင်မော်တယ် ဧကရာဇ် အဆင့်ရှိ အမွေအနှစ်ကို ပေးပြီးနောက် ဝူဟောက်သည် ဝူမုန့်သယ်၊ ဝူရူလုံနှင့် အခြားသူများကို ရှာဖွေပြီး အင်မော်တယ် ဧကရာဇ်အဆင့်ရှိ အမွေအနှစ်များကို ပေးအပ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ အင်မော်တယ် ဧကရာဇ်အဆင့်ရှိ အမွေအနှစ်များသည် သူတို့ကို လျင်မြန်စွာ သန်မာလာစေရန် ကူညီပေးနိုင်မည်။
အထူးသဖြင့် ဝူရူလုံနှင့် အခြားသူများမှာ သူ၏ မျိုးဆက်သွေးသားများ ဖြစ်ကြသဖြင့် သူတို့ သန်မာလာမှုနှုန်း မြန်ဆန်လေ သူ၏ သန်မာလာမှုနှုန်းလည်း လိုက်ပါ မြန်ဆန်လာလေ ဖြစ်သည်။
ယခင်က လျင်မြန်စွာ အဆင့်တက်ခဲ့သော အတွေ့အကြုံများနှင့် ယဉ်ပါးနေပြီးနောက် ၊ လျှိုထျန်း ရွှေအင်မော်တယ် အဆင့်သို့ ရောက်ရှိလာချိန်တွင် တိုးတတ်နှုန်းနှေးကွေးသွားသဖြင့် ဝူဟောက်မှာ နေသားမကျ ဖြစ်နေသည်။
“အင်မော်တယ် ဧကရာဇ် အမွေအနှစ်နဲ့ အင်မော်တယ် အရှင်မြတ် အထွတ်အထိပ် အမွေအနှစ်ကြားက ကွာခြားချက်က သိပ်မကြီးမားလောက်ဘူး... ယိတောက်ကို တစ်ခုလောက် ပေးသင့်လား”
ဝူဟောက်သည် ဝူယိတောက်ကို သတိရသွားပြီး စိတ်ထဲ၌ တွေးတောလိုက်သော်လည်း မကြာမီ ခေါင်းခါလိုက်သည်။
လောလောဆယ်တွင် အင်မော်တယ် အရှင်မြတ် အထွတ်အထိပ် အမွေအနှစ်သည် ဝူယိတောက်အတွက် အသုံးပြုရန် လုံလောက်နေပြီ ဖြစ်သည်။ ဝူဟောက်သည် မပေးချင်၍ မဟုတ်ဘဲ အကယ်၍ ပေးလိုက်မည်ဆိုပါက ၊ ဖရိုဖရဲ မဟာဧကရာဇ်၏ အမွေအနှစ်သည် ဟာသတစ်ခု ဖြစ်သွားပေလိမ့်မည်။
ဝူရှန်းနီနှင့် ဝူမိုဝူတို့အတွက်မူ ၊ ဝူဟောက်သည် သူတို့ကို ပေးရန် အစီအစဉ် မရှိချေ။ မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ဦးသည် အင်မော်တယ် ဧကရာဇ် ဝင်စားသူများ ဖြစ်ကြပြီး အင်မော်တယ် ဧကရာဇ် အမွေအနှစ်များကို တန်ဖိုးထားကြမည် မဟုတ်ပေ။
ဝူရှန်းနီ၊ ဝူမိုဝူ - “ .....”
သို့သော် ဝူဟောက်သည် ဝူယီဖန်ကို ပေးရန် စီစဉ်လိုက်သော်လည်း ၊ ဝူယီဖန်သည် ရွှမ်ထျန်းကမ္ဘာ အတွင်း၌ မရှိတော့ကြောင်း သိလိုက်ရသည်။ သူ၏ နောက်ဆုံး ခြေရာခံမိသော နေရာသည် အရှေ့ပိုင်းဒေသရှိ နတ်သင်္ချိုင်းတောင်ကြား ရှေ့တွင် ဖြစ်သည်။
“အဲဒီကောင်လေး နတ်သင်္ချိုင်းတောင်ကြားထဲ ဝင်သွားတာလား... ထားလိုက်ပါတော့... သူ့ရဲ့ လက်ရှိ ကျင့်ကြံမှုနဲ့ ကံတရားသားတော် ဆိုတဲ့ ဂုဏ်ပုဒ်အရ သူ ဝင်သွားရင်တောင် အန္တရာယ် ရှိလောက်မှာ မဟုတ်ပါဘူး”
“ငါက မတူဘူးလေ... ကံတရား သားတော်ထက် ငါက စဉ်းစားစရာတွေ အများကြီး ပိုရှိတယ်”
ဝူဟောက်သည် သူ့ဘာသာ တွေးလိုက်ပြီး ဝူယီဖန်ထံ အင်မော်တယ် ဧကရာဇ် အမွေအနှစ် ပေးပို့မည့် အကြံအစည်ကို ဖျက်သိမ်းလိုက်သည်။
ဝူယီဖန် - ဆွံ့အစွာဖြင့်။
“ဒါပေမဲ့ တခြား ကလေးနှစ်ယောက်ကလည်း ကျင့်ကြံခြင်း စတင်တော့မယ်... သူတို့အတွက် ကျင့်စဉ်တွေ ပြင်ဆင်ပေးဖို့ အချိန်တန်ပြီ... အရင် ကျင့်စဉ်က အပြည့်အဝ ကောက်ချက်ချပြီးတာ မဟုတ်သေးဘူး ဆိုတော့ ဒီတစ်ခေါက် ဆက်လုပ်ဖို့ အချိန်ကောင်းပဲ”
စုချောင်ရန်ကို ရှင်းပြပြီးနောက် ဝူဟောက်သည် သူ၏ လိုဏ်ဂူအောင်းအိမ် အတွင်းသို့ ဝင်ရောက်ကာ ဝူရှန်းနီနှင့် ဝူမိုဝူတို့အတွက် သင့်လျော်သော ကျင့်စဉ်များကို စတင် တွက်ချက် ထုတ်ယူလိုက်သည်။
ထိုအချိန်တွင် ဝူရှန်းနီနှင့် ဝူမိုဝူတို့သည် အသက် ခုနစ်နှစ်ကျော် ရှစ်နှစ်နီးပါး ရှိနေကြပြီ ဖြစ်သည်။ သူတို့၏ ထူးကဲသော အရိုးတည်ဆောက်ပုံနှင့် ဝူမိသားစု၏ ကောင်းမွန်သော သွေးမျိုးဆက်ကို ဆက်ခံထားကြသဖြင့် ငယ်ရွယ်သော အရွယ်တွင်ပင် လူကြီးပုံ ပေါက်နေကြသည်။
သူတို့သည် ချောမောသော ကောင်လေးနှင့် လှပသော ကောင်မလေး ပုံစံ ရှိကြသည်။
သို့သော် ယခင်ဘဝက ပြိုင်ဘက်များ ဖြစ်ခဲ့ကြသောကြောင့် ထိုနှစ်ဦးသည် မကြာခဏ ရန်ဖြစ်တတ်ကြသော်လည်း သို့သော် ပြဿနာ အကြီးအကျယ် ဖြစ်အောင် ဘယ်တော့မှ မလုပ်ကြချေ။
ထို့ကြောင့် ဝူချင်လုံနှင့် သူ၏ ဇနီး လုအန်းရန် တို့သည် မောင်နှမ သံယောဇဉ်သည် ဆိုးဆိုးရွားရွား မဟုတ်သဖြင့် သိပ်အာရုံမရှိပေ။
ဝူမိုဝူထက် တစ်မိနစ် စောမွေးသော အစ်ကိုကြီး ဖြစ်ခြင်း၏ ဂုဏ်ပုဒ်ကို အသုံးပြုကာ ဝူရှန်းနီသည် အမြဲတမ်း အနိုင်ကျင့်လေ့ရှိသဖြင့် ဝူမိုဝူမှာ အမြဲဒေါသထွက်နေရသည်။ သို့သော် သူမအနေဖြင့် ဘာမှ မတတ်နိုင်ရှာပေ။
ဂုဏ်သရေရှိ ကောင်းကင်ဝါးမြို နတ်ဆိုးဧကရာဇ် ဖြစ်သော သူမသည် ဤကဲ့သို့ အခြေအနေမျိုးသို့ ကျရောက်လိမ့်မည်ဟု သူမ ထင်မထားခဲ့မိချေ။
အကယ်၍ ဤသတင်း ပေါက်ကြားသွားပါက သူမ အထက်ဘုံသို့ ပြန်ရောက်သောအခါ မည်ကဲ့သို့ မျက်နှာပြရမည်နည်း။
သို့သော် ကိစ္စမရှိပေ။ သူမ ကျင့်ကြံခြင်း စတင်သည်နှင့် မည်သူက ဆရာကြီး အစစ် ဖြစ်ကြောင်းကို ဝူရှန်းနီအား ပြသသွားမည်။
ဝူရှန်းနီတွင်လည်း အလားတူ အတွေးမျိုး ရှိနေသည်။ သူသည် အစ်ကိုကြီး ဖြစ်သည်။ သူ၏ ကျင့်ကြံမှုနှုန်းသည် ညီမဖြစ်သူထက် မည်သို့ နိမ့်ကျနိုင်မည်နည်း။ သူ့ညီမလေးကို ကာကွယ်ရန် အမြန်ဆုံး သန်မာလာရမည်။
ယခင်ဘဝက မိသားစုဟူ၍ မရှိခဲ့သဖြင့် ဝူရှန်းနီသည် ဤဘဝတွင် ခက်ခက်ခဲခဲ ရရှိထားသော မိသားစု သံယောဇဉ်ကို အထူးတလည် တန်ဖိုးထားသည်။
အခြားတစ်ဖက်တွင်မူ ဝူဟောက်၏ မရပ်မနား လုပ်ဆောင်မှုမှတစ်ဆင့် ဝူရှန်းနီနှင့် ဝူမိုဝူတို့အတွက် ကျင့်စဉ်များကို တွက်ချက် ထုတ်ယူနိုင်ခဲ့သည်။
“ဒင်း ၊ ဂုဏ်ယူပါတယ် ပိုင်ရှင်... ကျင့်စဉ်များကို တွက်ချက် ထုတ်ယူနိုင်ခဲ့သည့်အတွက် သန့်စင်ယန် ဧကရာဇ် ကျင့်စဉ် ကို ရရှိလိုက်ပါပြီ...”
“ဒင်း၊ ဂုဏ်ယူပါတယ် ပိုင်ရှင်... ကျင့်စဉ်များကို တွက်ချက် ထုတ်ယူနိုင်ခဲ့သည့်အတွက် ကောင်းကင်ဝါးမြို ကျင့်စဉ် ကို ရရှိလိုက်ပါပြီ...”
“ဟူး... နောက်ဆုံးတော့ ပြီးသွားပြီ... ဒီကျင့်စဉ် နှစ်ခုက အနည်းဆုံး အင်မော်တယ် ဧကရာဇ် နယ်ပယ်အထိ ကျင့်ကြံနိုင်တယ်... နောက်တစ်ဆင့် အနေနဲ့ တုံ့ပြန်မှုကနေ ဘယ်လို ကျင့်စဉ်တွေ ရလာမလဲ ကြည့်ရအောင်”
ခြောက်လခန့် ကြာအောင် တွက်ချက် ထုတ်ယူပြီးနောက်၊ ဝူဟောက်သည် ခေါင်းအနည်းငယ် မူးနောက်လာသဖြင့် စိတ်ပြေလက်ပျောက် ဖြစ်စေရန် ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်သည်။
ကျင့်စဉ်များ တွက်ချက် ထုတ်ယူခြင်းသည် အမှန်တကယ်တွင် ပင်ပန်းသော အလုပ်ဖြစ်ပေသည်။
ကျင့်စဉ်များကို အောင်မြင်စွာ တွက်ချက် ထုတ်ယူပြီးနောက် ဝူဟောက်သည် ဝူကျစ်ချန်၏ ရှေ့မှောက်သို့ နောက်တစ်ကြိမ် ရောက်ရှိလာပြီး ကျင့်စဉ်နှစ်ခုကို မှတ်တမ်းတင်ခိုင်းလိုက်သည်။ ထို့နောက် ချက်ချင်းပင် နောက်ထပ် နှစ်ခုကို ထပ်မံ ထုတ်ယူလိုက်ပြန်သည်။
“ရှေးဘိုးဘေး ဒီလိုလုပ်တာ အကြောင်းရင်း ရှိမှာပဲ... ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ ဒီလို ကြောက်မက်ဖွယ် ကောင်းတဲ့ ကျင့်စဉ် လေးခုကို ထုတ်ပေးနိုင်တာ... ရှေးဘိုးဘေးဆိုတဲ့အတိုင်းပဲ”
ဝူကျစ်ချန်သည် ထွက်ခွာသွားသော ဝူဟောက်ကို ကြည့်ရင်း ၊ သူ၏ ရင်ထဲတွင် လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်နေသည်။
သို့သော် ဝူဟောက်သည် ဝူကျစ်ချန်၏ အတွေးများကို မသိပေ။ ဤအချိန်၌ သူသည် ဝူချင်လုံ၏ နေအိမ်သို့ အပြေးအလွှား သွားရောက်နေသည်။ အကြောင်းမှာ ထိုကလေးနှစ်ယောက်သည် ကျင့်ကြံခြင်း စတင်ပေတော့မည်။
“ဒင်း၊ ဂုဏ်ယူပါတယ် ပိုင်ရှင်... သန့်စင်ယန် ဧကရာဇ် ကျင့်စဉ်ကို ပေးအပ်လိုက်သည့်အတွက် သန့်စင်ယန် ဧကရာဇ် ကျင့်စဉ် အခု တစ်ထောင်ကို ပိုင်ရှင် ထံသို့ ပြန်လည် ပေးအပ်လိုက်ပါပြီ... ပေါင်းစပ်လိုပါသလား”
“ဒင်း၊ ဂုဏ်ယူပါတယ် ပိုင်ရှင်... ကောင်းကင်ဝါးမြို ကျင့်စဉ်ကို ပေးအပ်လိုက်သည့်အတွက် ကောင်းကင်ဝါးမြို ကျင့်စဉ် အခု တစ်ထောင်ကို ပိုင်ရှင် ထံသို့ ပြန်လည် ပေးအပ်လိုက်ပါပြီ... ပေါင်းစပ်လိုပါသလား”
ပေါင်းစပ်ပြီးနောက် ဝူဟောက်သည် ပိုမိုမြင့်မားသော အဆင့်ရှိသည့် ကျင့်စဉ်နှစ်ခု ဖြစ်သော သန့်စင်ယန် တာအိုကျမ်း နှင့် ကောင်းကင်ဝါးမြို တာအိုကျမ်း တို့ကို ရရှိလိုက်သည်။ ‘တာအို’ ဟူသော စကားလုံး တစ်လုံးတည်း ပေါင်းထည့်လိုက်ရုံဖြင့် ၊ ၎င်းသည် ယခင်ကထက် ပို၍ စွမ်းအားကြီးမားသော အရာတစ်ခု ဖြစ်လာပေလိမ့်မည်။
ဤကျင့်စဉ် နှစ်ခုသည် ဝူရှန်းနီနှင့် ဝူမိုဝူတို့ကို အနည်းဆုံး အင်မော်တယ် ဧကရာဇ် နယ်ပယ်အထက်သို့ ချိုးဖျက်ဝင်ရောက်နိုင်ပြီး ခရီးဝေး သွားနိုင်ရန် ကူညီပေးနိုင်လိမ့်မည်ဟု ဝူဟောက် ခန့်မှန်းထားသည်။
ဝူဟောက်သည် ဝူချင်လုံ၏ နေရာသို့ ရောက်ရှိသောအခါ ဝူချင်လုံသည် ဝူရှန်းနီနှင့် ဝူမိုဝူတို့ကို ကျင့်ကြံခြင်းတွင် လမ်းညွှန်ပေးနေသည်။ သို့သော် ဝူရှန်းနီနှင့် ဝူမိုဝူတို့၏ ပုံစံမှာ စိတ်မရှည် ဖြစ်နေကြသည်။ သူတို့၌ ကိုယ်ပိုင် ကျင့်စဉ်များ ရှိကြသဖြင့် ဝူမိသားစု၏ ကျင့်စဉ်များကို သဘာဝကျကျ အထင်မကြီးကြပေ။
သူတို့၌ ကျင့်စဉ်များ ရှိကြောင်း မည်သို့ ပြောရမည်ကို စဉ်းစားနေကြစဉ်မှာပင် ဝူဟောက် ရောက်ရှိလာသည်။
“ချင်လုံ... ဒီကလေးနှစ်ယောက်ကို လမ်းညွှန်ဖို့ ငါ့ကို လွှဲပေးလိုက်”
အခန်း ၁၁၆ - မျက်နှာအမူအရာ ပြောင်းလဲသွားခြင်း
ဝူဟောက်မှ ဝင်ပြောလာသဖြင့် ဝူချင်လုံသည် နှစ်ခါမစဉ်းစားဘဲ သဘောတူလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ၊ ဝူဟောက်၏ လမ်းညွှန်မှုအောက်တွင် ဝူယီဖန်နှင့် ဝူယိတောက်တို့သည် ဝူမိသားစု အတွင်း၌ ကျော်ကြားသော ပါရမီရှင်များ ဖြစ်လာခဲ့ကြပြီး သူတို့၏ တိုက်ခိုက်ရေး စွမ်းအားသည် မျိုးဆက်ဟောင်းများထက် လုံးဝ သာလွန်သည်။
ထို့ကြောင့်ပင် ဝူချန်ကွန်းနှင့် ဝူရွှမ်ယွမ်တို့သည် သူတို့၏ ရှေ့မှောက်၌ အချိန်အကြာကြီး မောက်မာနိုင်ခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ ရှေးဘိုးဘေးသာ လာရောက်ပြီး သူ၏ မျိုးဆက်နှစ်ဦးကို လမ်းညွှန်ပေးနိုင်မည်ဆိုပါက ၊ ဝူယီဖန်နှင့် ဝူယိတောက်တို့ကို လုံးဝ ချေမှုန်းနိုင်သည့် အဆင့်သို့ ရောက်ရှိရန် မမျှော်လင့်သော်လည်း အနည်းဆုံးတော့ နီးကပ်သည့် အဆင့်သို့ ရောက်ရှိနိုင်ပေလိမ့်မည်။
ဝူရှန်းနီနှင့် ဝူမိုဝူတို့ကို ဝူဟောက်ထံ အပ်နှံပြီးနောက် ဝူချင်လုံသည် အခြားကိစ္စများ ရှိသဖြင့် ထွက်ခွာသွားလေသည်။
အခြားတစ်ဖက်တွင်မူ ဝူရှန်းနီနှင့် ဝူမိုဝူတို့သည် ဝူဟောက်မှ ကျင့်စဉ်များ သင်ကြားပေးပြီးနောက် ယခင်ဘဝကကျင့်ကြံခဲ့သော ကျင့်စဉ်များကို လျှို့ဝှက်စွာဖြင့် အထူးပြု လေ့ကျင့်ရန် စီစဉ်ထားကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့၏ နည်းလမ်းများဖြင့် ဝူမိသားစုဝင်များ မသိရှိအောင် ကာကွယ်ရန်အတွက် နည်းလမ်းများစွာ ရှိပေသည်။
“ကဲ... ကလေးတို့... ဘိုးဘေး မြေးတို့ကို အရမ်း စွမ်းအားကြီးတဲ့ ကျင့်စဉ်တစ်ခု သင်ပေးမယ်... သေချာ နားထောင်ကြနော်...”
ဝူဟောက်သည် ဝူရှန်းနီနှင့် ဝူမိုဝူတို့ကို ကြည့်ကာ ကြင်နာစွာ ပြုံးလိုက်ပြီး သက်ကြီးဝါကြီး တစ်ဦး၏ ဖော်ရွေသော လေသံဖြင့် ပြောလိုက်သည်။
ဝူရှန်းနီနှင့် ဝူမိုဝူတို့သည် အတွင်းစိတ်ထဲ၌ မလှုပ်မယှက် ရှိနေကြပြီး ၊ ဝူမိသားစုသည် အင်မော်တယ်အဆင့်ရှိ ကျင့်စဉ်ကို ထုတ်ပေးနိုင်လိမ့်မည်ဟု မယုံကြည်ကြသော်လည်း သူတို့သည် ပျော်ရွှင်သော အမူအရာဖြင့် ဟန်ဆောင်ကာ ပြောလိုက်သည်။
“ရေး... ကျင့်စဉ် အသစ်တဲ့”
သို့သော် သန့်စင်ယန် တာအိုကျမ်းနှင့် ကောင်းကင်ဝါးမြို တာအိုကျမ်း တို့ကို လက်ခံရရှိပြီးနောက် ဝူရှန်းနီနှင့် ဝူမိုဝူတို့သည် နေရာမှာတင် တောင့်ခဲသွားကြပြီး သူတို့၏ နှလုံးသားများသည်ပင် တုန်လှုပ်သွားကြသည်။
သူတို့၏ ထိုးထွင်းသိမြင်သော မျက်လုံးများဖြင့် ဝူဟောက် သင်ပေးသော ကျင့်စဉ်များသည် သူတို့၏ ယခင်က ကျင့်စဉ်များထက် များစွာ သာလွန်ကြောင်း သဘာဝကျကျ ပြောနိုင်သည်။ ယခင်ဘဝက သူတို့၏ ခွန်အားဖြင့်ပင် ဤမျှ ကြောက်မက်ဖွယ် ကောင်းသော ကျင့်စဉ်များကို ရရှိနိုင်ခဲ့ကြမည် မဟုတ်ပေ။
“ဒီကျင့်စဉ်ရဲ့ အကူအညီနဲ့ဆိုရင် ငါ အင်မော်တယ် ဧကရာဇ် နယ်ပယ်ကို အမြန်ဆုံး ပြန်လည် ရောက်ရှိနိုင်ပြီး အထက်ဘုံဆီ ပြန်လည် တက်လှမ်းနိုင်မှာ သေချာတယ်”
ဝူရှန်းနီနှင့် ဝူမိုဝူတို့သည် စိတ်ထဲကနေ တိတ်တိတ်လေး တွေးလိုက်ကြသည်။
ဝူဟောက်သည် သူတို့ကို ပြုံး၍ ကြည့်နေသည်။
“ဘယ်လိုလဲ... ဘိုးဘေး ပေးတဲ့ ကျင့်စဉ်ကို လက်ခံနိုင်ရဲ့လား”
ဤအခိုက်အတန့်တွင် ဝူရှန်းနီနှင့် ဝူမိုဝူ နှစ်ဦးစလုံးသည် ပြိုင်တူ တိတ်ဆိတ်သွားကြသည်။ သူတို့နှစ်ဦးစလုံး ဝူဟောက်ကို ထိုးဖောက် မမြင်နိုင်ချေ။
ဝူဟောက်သည် သေချာပေါက် မရိုးရှင်းနိုင်ပေ။သူသည် ဧကရာဇ် ကျင့်စဉ်များထက် ပို၍ ကြောက်မက်ဖွယ် ကောင်းသည်။ ဝူဟောက်သည် သိုဝှက်စွာဖြင့် နေထိုင်နေသော စွမ်းအားရှင် တစ်ဦး ဖြစ်နေနိုင်သလော။
ဤဖြစ်နိုင်ခြေကို တွေးမိပြီး ဝူရှန်းနီနှင့် ဝူမိုဝူတို့၏ အသက်ရှူသံများမှာ မြန်ဆန်လာခဲ့သည်။ အကယ်၍ ဝူဟောက်သည် ဖုံးကွယ်နေသော စွမ်းအားရှင်တစ်ဦး ဖြစ်ပါက ၊ သူတို့ နှစ်ဦးသည် ဝင်စားသူများ ဖြစ်ကြောင်း ရှာဖွေတွေ့ရှိထားပြီး ဖြစ်နိုင်သလော။
သို့သော် ဝူဟောက်သည် သူတို့ကို ဖွင့်ချခြင်း မရှိသည်ကို မြင်ပြီးနောက် ၊ ဝူရှန်းနီနှင့် ဝူမိုဝူတို့သည် သူတို့၏ စိတ်ထဲမှ မူမမှန်မှုများကို ဖိနှိပ်ထားလိုက်သည်။ သို့မဟုတ် သူတို့သည် ဝင်စားသူများဖြစ်သည်ကို မတွေ့ရှိသေးခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ ထို့ပြင် ဤသည်မှာ သူတို့အတွက် မကောင်းသော အရာ ဖြစ်ချင်မှ ဖြစ်မည်။
“ ဘိုးဘေး... ဘိုးဘေးက ဘယ်နယ်ပယ်ကို ရောက်နေပြီလဲ ဟင်”
ဝူမိုဝူသည် ဝူဟောက်၏ ဘေးနားသို့ ရောက်လာပြီး ပါးစပ်လေး စူကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
ဝူဟောက်က ပြုံးလိုက်ပြီး ဝူမိုဝူ၏ ခေါင်းလေးကို ပုတ်ကာ တိုးညှင်းစွာ ပြောလိုက်၏။
“ဘိုးဘေးလား... ဘိုးဘေးက မြေးတို့ထက် နည်းနည်းလေး ပိုသန်မာရုံပါ... မြေးတို့ ပိုပြီး ကြိုးစားရင် ဘိုးဘေးကို သိပ်မကြာခင် မီလာမှာပါ”
“ထင်ထားတဲ့အတိုင်းပဲ... သူက အင်မော်တယ် ဧကရာဇ် နယ်ပယ်အထက်က စွမ်းအားရှင် တစ်ယောက် ဖြစ်နေတာလား”
ဝူဟောက်၏ အဖြေကို ကြားသောအခါ ဝူရှန်းနီနှင့် ဝူမိုဝူတို့ အတွေးများစွာဖြင့် လေးနက်သွားကြသည်။
ဝူဟောက်သည် ထိုနောက်ပိုင်းတွင် များများစားစား မပြောတော့ချေ။ မည်သို့ပင်ဖြစ်စေ ဝူရှန်းနီနှင့် ဝူမိုဝူတို့သည် အင်မော်တယ် ဧကရာဇ်အဆင့်ရှိ ဝင်စားသူများ ဖြစ်ကြောင်း သူ သိသော်လည်း ၊ သူ့တွင် စိတ်ဖတ်နိုင်သော စွမ်းရည် မရှိသဖြင့် သူတို့၏ အတွင်းစိတ် အကြံအစည်များကို မသိရှိနိုင်ပေ။
ချက်ချင်းဆိုသလိုပင် ဝူဟောက်၏ တိုက်တွန်းမှုဖြင့် ဝူရှန်းနီနှင့် ဝူမိုဝူတို့သည် ဝူဟောက် ပေးသော ကျင့်စဉ်များကို စတင် ကျင့်ကြံကြလေသည်။
သူတို့ နှစ်ဦးစလုံးသည် မူလကတည်းက ထူးကဲသော ပါရမီများ ရှိကြသည့်အပြင် အင်မော်တယ် ဧကရာဇ် တစ်ပါး၏ ထိုးထွင်းသိမြင်မှုများ ပါရှိနေသဖြင့် စက္ကန့်အနည်းငယ် အတွင်းမှာပင် ချီစွမ်းအင်ကို ခန္ဓာကိုယ်ထဲသို့ အောင်မြင်စွာ သွင်းယူနိုင်ခဲ့ပြီး ၊ ချီစုစည်းမှု ကနဦးအဆင့်၊ ထို့နောက် အလယ်အလတ်အဆင့်၊ နှောင်းပိုင်းအဆင့်နှင့် အထွတ်အထိပ် အဆင့်တို့ကို အောင်မြင်စွာ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ကြသည်။ ထို့နောက် သူတို့သည် ချီစုစည်းမှု အထွတ်အထိပ် အဆင့်တွင် ရပ်တန့်လိုက်ကြသည်။
ယခင်ဘဝက သူတို့ နှစ်ဦးစလုံးသည် အစောပိုင်း အဆင့်များတွင် အခြေခံအုတ်မြစ် တည်ငြိမ်မှုကို ထည့်မတွက်ဘဲ လျင်မြန်စွာ ချိုးဖျက်ဝင်ရောက်ခဲ့ကြသဖြင့် အင်မော်တယ် ဧကရာဇ် နယ်ပယ်သို့ ရောက်ရှိပြီးနောက် ရှေ့ဆက်မတက်နိုင်ဘဲ သောင်တင်ခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့် ဤဘဝတွင် ပြန်လည် စတင်နိုင်ပြီ ဖြစ်ရာ သူတို့သည် အခြေခံအုတ်မြစ်ကို ဂရုတစိုက် သွန်းလုပ်ရမည် ဖြစ်ပြီး အင်မော်တယ် ဧကရာဇ် နယ်ပယ်အထက် စွမ်းအားရှင်များ သေချာပေါက် ဖြစ်လာရမည်။
သို့သော် ချီစုစည်းမှု အထွတ်အထိပ် အဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် ဝူရှန်းနီနှင့် ဝူမိုဝူတို့သည် တစ်ယောက်ကိုတစ်ယောက် အလွန် လေးနက်သော အမူအရာဖြင့် ကြည့်လိုက်ကြသည်။ ကျင့်ကြံခြင်း စတင်ပြီးနောက် သူတို့ကြားမှ ကွာဟချက်သည် ကြီးမားလာမည် ဖြစ်ပြီး မည်သူက ဆရာကြီး ဖြစ်ကြောင်းကို တစ်ဖက်လူအား သိမြင်စေရမည်ဟု ကြွေးကြော်ထားကြသည်။
သို့သော် နှစ်ဖက်စလုံးသည် နှောင့်နှေးခြင်းမရှိ လျင်မြန်စွာ ချိုးဖျက်ဝင်ရောက်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြချေ။
“အစ်ကိုကြီးလည်း ဒီလောက် မြန်မြန် ချိုးဖျက်ဝင်ရောက်နိုင်လိမ့်မယ်လို့ မထင်ထားဘူး... ညီမလေးရဲ့ အမြင်အာရုံကို တကယ်ကို ကျယ်ပြန့်စေတာပဲ”
ဝူမိုဝူက အံကြိတ်၍ ပြောလိုက်သော်လည်း ဝူရှန်းနီက ကျေနပ်သော အမူအရာဖြင့် လက်ကာပြလိုက်ပြီး ပြောလိုက်၏။
“ဒါ အခြေခံ လုပ်ဆောင်ချက်ပါ... အံ့ဩစရာမရှိဘူး.. ပြီးတော့ ငါက အစ်ကိုကြီးလေ... ငါ့ညီမလေးရဲ့ ဖိနှိပ်တာ ခံရရင် မင်းကို ငါ ဘယ်လိုလုပ်ပြီး ကာကွယ်ပေးနိုင်မလဲ”
“ဒီလိုဆိုမှတော့ ငါတို့ ပြိုင်ကြမလား”
ဝူမိုဝူမှာ သည်းမခံနိုင်တော့ပေ။ နေရာယူပြီးနောက် ဝူရှန်းနီကို တိုက်ခိုက်လိုက်သည်။
ဝူရှန်းနီကလည်း အလျှော့မပေးဘဲ ထိုနည်းတူ တုံ့ပြန်လိုက်ရာ သူတို့ နှစ်ဦးသည် စတင် တိုက်ခိုက်ကြလေတော့သည်။
သို့သော် လှုပ်ရှားလိုက်သည်နှင့် ကွာဟချက်ကို တစ်ဖက်လူအား ချက်ချင်း ပြသနိုင်မည်ဟု ထင်မှတ်ခဲ့သော်လည်း စိတ်ကူးအတိုင်း ဖြစ်မလာခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ ၊ သူတို့သည် အင်မော်တယ် ဧကရာဇ် အဆင့်ရှိ တိုက်ခိုက်ရေး အတွေ့အကြုံ ရှိသည်။ သူတို့သည် တူညီသော နယ်ပယ်ရှိ ပြိုင်ဘက်များကို လုံးဝ ချေမှုန်းနိုင်သင့်သော်လည်း သရေကျလိမ့်မည်ဟု မထင်ထားခဲ့ချေ။
“ကြိုးစားကြ... မြေးတို့ ပိုပြီး ကြိုးစားမှ ဘိုးဘေးက ပိုပြီး သန်မာလာနိုင်မှာ”
ဝူရှန်းနီနှင့် ဝူမိုဝူတို့သည် ဝီရိယရှိစွာ လေ့ကျင့်နေကြသည်ကို မြင်ပြီးနောက် ဝူဟောက်သည် ကျေနပ်သွားပြီး တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။
သူ၏ ရည်ရွယ်ချက်မှာ ဝူရှန်းနီနှင့် ဝူမိုဝူတို့ကို ကျင့်စဉ်များ ပေးရန် ဖြစ်သည်။ ကျန်တာ သူတို့ဘာသာ စီမံကြလိမ့်မည်။
ဝူယီဖန်၏ မျိုးဆက် ဖြစ်သော ဝူတုံသည်လည်း ကျင့်ကြံခြင်း စတင်ပြီးနောက် အလွန် ကြောက်မက်ဖွယ် ကောင်းသော ပါရမီကို ပြသခဲ့သည်။ အသက် တစ်ဆယ့်ရှစ်နှစ် အရွယ် ငယ်ရွယ်စဉ်မှာပင် ဟင်းလင်းပြင်သန့်စင်ခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤသည်က အသက် တစ်ဆယ့်ရှစ်နှစ် အရွယ်တွင် ဝိညာဉ်ပင်လယ်အဆင့်၌သာ ရှိခဲ့သော ဝူရူလုံကို အလွန် ရှက်ရွံ့စေခဲ့သည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် သူသည် ယခုအခါ မဟာသူတော်စင် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဖရိုဖရဲလျှို့ဝှက်နယ်မြေမှ ထွက်လာပြီးနောက် သူသည် မဟာသူတော်စင် နှောင်းပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။
“ငါ့ရဲ့ လက်ရှိ ကျင့်ကြံမှုက လုံလောက်အောင် စိတ်မချရသေးဘူး... မဟာသူတော်စင် အထွတ်အထိပ် အဆင့်ကို ချိုးဖျက်ဝင်ရောက်ပြီးမှပဲ လက်စားချေဖို့ လီမျိုးနွယ် မင်းဆက်ဆီ သွားတော့မယ်”
ဝူရူလုံသည် စိတ်ထဲတွင် တွေးလိုက်သည်။ သူ့တွင် ဧကရာဇ် ဓား၏ မြှင့်တင်မှု ရှိသော်လည်း လက်ရှိ ကျင့်ကြံမှုဖြင့် ဧကရာဇ်ဓား၏ စစ်မှန်သော စွမ်းအားကို သူသည် ထုတ်ဖော်မပြသနိုင်သေးပေ။
အဓိပတိ အဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီး ဧကရာဇ် ဓား၏ အကူအညီ ရယူမှသာ လီမျိုးနွယ် မင်းဆက်ကိုလက်စားချေရန် သွားရောက်ဖို့ ယုံကြည်ချက် ရှိလာပေလိမ့်မည်။
အခြားတစ်ဖက်ရှိ နတ်သင်္ချိုင်းတောင်ကြားတွင်၊
ဝူယီဖန်သည် နတ်သင်္ချိုင်းတောင်ကြားထဲသို့ ဝင်ရောက်လာသည်နှင့် ကြမ်းကြုတ်သော သားရဲများစွာသည် သူ၏ အရှိန်အဝါကို အာရုံခံမိကြပြီး သူ့ထံသို့ ပြေးဝင်လာကြသည်။
“ဒီ နတ်သင်္ချိုင်းတောင်ကြားက ဘယ်လောက်တောင် ကြီးတာလဲ... ငါ ဒီလောက် အဝေးကြီး လျှောက်လာတာတောင် အစွန်းကို မရောက်သေးဘူးလား”
မဟာဧကရာဇ် အဆင့်ရှိ ကြမ်းကြုတ်သော သားရဲ တစ်ကောင်ကို သတ်ဖြတ်ပြီးနောက် ဝူယီဖန်သည် မနေနိုင်မထိုင်နိုင် ညည်းတွားလိုက်မိသည်။
သူ၏ လက်ရှိ ကျင့်ကြံမှုဖြင့် ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးကို သုံးရက်အတွင်း ဖြတ်ကျော်နိုင်သော်လည်း နတ်သင်္ချိုင်းတောင်ကြားတွင် ဆယ့်ငါးရက်တိတိ ခရီးဆက်ပြီးနောက် အစွန်းကိုပင် မမြင်ရသေးချေ။ သို့သော် ကြမ်းကြုတ်သော သားရဲ အတော်များများနှင့် သူ ကြုံတွေ့ခဲ့ရသည်။
ဆယ့်ငါးရက် အတွင်းမှာပင် ဝူယီဖန်သည် ကြမ်းကြုတ်သော သားရဲ ဆယ်ကောင်၏ တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရသည်။ အစပိုင်းတွင် ၎င်းတို့သည် ဧကရာဇ်တပိုင်း အဆင့်၌သာ ရှိကြသော်လည်း သတ္တမမြောက် အကောင်မှစ၍ မဟာဧကရာဇ် အဆင့်ရှိ ကြမ်းကြုတ်သော သားရဲများ ဖြစ်လာခဲ့သည်။
သို့သော် ကိုးဆင့်မြောက် ရှေးဟောင်းမြင့်မြတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ အဖြစ် ၊ ဝူယီဖန်၏ ရှေ့မှောက်တွင် ၎င်းတို့သည် ဘာမျှ မဟုတ်ပေ။