← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း ၁၁၉ - တာဝန်

“မြေးတို့နှစ်ယောက် ပြောနေတာက... နှစ်ယောက်စလုံး အပြင်ထွက်ချင်တယ် ဟုတ်လား”

သူ့ရှေ့ရှိ ဝူရှန်းနီနှင့် ဝူမိုဝူတို့ကို ကြည့်ရင်း ဝူဟောက်၏ အမူအရာမှာ အံ့သြနေပုံရသည်။

ဝူမိုဝူက ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။

“ဘိုးဘေး... ကျွန်မတို့ ကျင့်ကြံသူတွေက ရဲရဲဝံ့ဝံ့ ရှေ့တိုးသင့်တယ်... အိမ်မှာပဲ နေရင် ကျွန်မရဲ့ တာအိုနှလုံးသားကို မတည်မငြိမ် ဖြစ်စေလိမ့်မယ်... ဒါကြောင့် ကျွန်မ ဝူမိသားစုကနေ ထွက်ခွာပြီး ကျွန်မရဲ့ တာအိုနှလုံးသားကို သွေးတိုးစမ်း လေ့ကျင့်ချင်ပါတယ်”

ဝူမိုဝူ ပြောသည်ကို ကြားသောအခါ ဝူဟောက်သည် ဝူရှန်းနီဘက်သို့ အကြည့် ရွှေ့လိုက်သည်။

ဝူရှန်းနီကလည်း တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်၏။

“ကျွန်တော်က သူ့အစ်ကိုကြီးလေ... ပြီးတော့ ကျွန်တော့်မှာ ညီမလေးကို ကာကွယ်ပေးရမယ့် တာဝန် ရှိတယ်... အကယ်၍ သူ အပြင်မှာ သေသွားရင် ဘယ်လိုလုပ်မလဲ... အဲဒါဆို ကျွန်တော်တို့ ဝူမိသားစုအတွက် အရှက်ရစရာ ဖြစ်မှာပေါ့”

ပထမ စာကြောင်းကို ကြားလိုက်ရချိန်တွင် သူမသည် အနည်းငယ် ခံစားသွားရသော်လည်း ၊ ဒုတိယ စာကြောင်းကို ကြားလိုက်ရချိန်တွင် သူမသည် ဒေါသထွက်သွားပြီး ဝူရှန်းနီကို ကောင်းကောင်း ပညာပေးချင်စိတ် ပေါက်သွားသည်။

အမှန်တကယ်တွင် ဝူရှန်းနီသည် ဤစကားကို တမင်တကာ ပြောလိုက်ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူသည် အပြင်ထွက်ကာ ကစားလိုသည်ဟု ပြောလျှင် ဘိုးဘေးဖြစ်သူက သေချာပေါက် သဘောတူမည် မဟုတ်ချေ။

ဝူရှန်းနီနှင့် ဝူမိုဝူ နှစ်ဦးစလုံးသည် ဤကိစ္စကို ပြောပြရန် ဝူဟောက်ထံသို့ ရောက်ရှိလာရခြင်းမှာ ဖခင်ဖြစ်သူသည် ဤကိစ္စကို လုံးဝ သဘောတူမည် မဟုတ်ကြောင်း သူတို့ နှစ်ဦးစလုံး သိထားသောကြောင့် ဖြစ်သည်။

ဝူရှန်းနီနှင့် ဝူမိုဝူတို့သည် မျိုးဆက်ဟောင်းများ၏ တွေးခေါ်ပုံကို ခန့်မှန်းနိုင်သည် ။ဖခင်ဖြစ်သူသည် ဤသို့ပြောလာနိုင်သည်။

“အော်... အိမ်မှာ နေရတာ အဆင်ပြေပါတယ်... မိသားစုမှာ အရင်းအမြစ်တွေပေါပါတယ်.. ..အပြင်မှာက အရမ်း အန္တရာယ်များတယ်... အိမ်မှာ နေတာ ပိုစိတ်ချရတယ်”

ဝူမိသားစု၏ ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်တွင် အင်မော်တယ် ဧကရာဇ် နယ်ပယ်သို့ ပြန်လည် ရောက်ရှိနိုင်သော်လည်း ဤမျှ မြန်ဆန်လိမ့်မည် မဟုတ်ကြောင်း ဝူရှန်းနီနှင့် ဝူမိုဝူတို့၏ ရင်ထဲတွင် သိနေကြသည်။

ထို့ကြောင့် အထက်ဘုံသို့ တက်လှမ်းရန်နှင့် အင်မော်တယ် ဧကရာဇ် နယ်ပယ်သို့ အမြန်ဆုံး ပြန်လည် ရောက်ရှိရန်အတွက် ဝူရှန်းနီနှင့် ဝူမိုဝူတို့သည် ဝူဟောက်ထံသို့သာ လာနိုင်ကြခြင်း ဖြစ်သည်။

ဝူဟောက် သဘောတူသရွေ့ ဝူချင်လုံသည် ဘာမှ ပြောလိမ့်မည် မဟုတ်ပေ။

ဝူဟောက်သည် သဘာဝကျကျ ငြင်းပယ်မည် မဟုတ်ချေ။ ကံတရား သားတော်များ အားလုံး အပြင်ထွက်သွားဖို့ကို သူက ပို၍ဆန္ဒရှိသည်။ မည်သို့ပင်ဆိုစေကာမူ ကံတရားသားတော်များသည် အသက်အန္တရာယ် ကြုံတွေ့ရမည် မဟုတ်သည့်အပြင် ပိုမို သန်မာသော ပြိုင်ဘက်များနှင့် ရင်ဆိုင်ရသောအခါ ပိုမို သန်မာလာကြမည် ဖြစ်ရာ အပြင်တွင် သူတို့သည် ပိုမို လျင်မြန်စွာ သန်မာလာပေလိမ့်မည်။

ဝူဟောက်အတွက် ဤသည်မှာ ကောင်းသော ကိစ္စပင် ဖြစ်သည်။

“မြေးတို့ အပြင်ထွက်ဖို့ ဆုံးဖြတ်ပြီးပြီ ဆိုတော့... ကိုယ့်လုံခြုံရေးကို ဦးစားပေးရမယ်... လုံးဝ မလိုအပ်ရင် ဝူမိသားစုကပါလို့ မပြောကြနဲ့... နားလည်လား”

ဝူဟောက်၏ အမူအရာမှာ အလွန်တရာ လေးနက်နေပြီး သူတို့ကို မှာကြားလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ၊ ကံတရား၏ သားတော်များသည် မည်ကဲ့သို့သော ရန်သူများကို ရန်စမိမည်ကို မည်သူကများ ကြိုသိနိုင်မည်နည်း။

အထူးသဖြင့် ဝူရှန်းနီနှင့် ဝူမိုဝူတို့ နှစ်ဦးစလုံးသည် အင်မော်တယ် ဧကရာဇ် အဆင့်ရှိ လူကြီးလူကောင်းများ ဖြစ်ကြသည်။ အကယ်၍ သူတို့သည် အင်မော်တယ် ဧကရာဇ် သို့မဟုတ် အင်မော်တယ် အရှင်မြတ် အဆင့်ရှိ လူကြီးလူကောင်းများကို ရန်စကာ သူ့ကို အလုပ်ပေးလာလျှင်ဖြင့် မည်သို့ လုပ်မည်နည်း။

ဝူဟောက်၏ လက်ရှိ ကျင့်ကြံမှုဖြင့် ထိုအရာကို တားဆီးနိုင်မည် မဟုတ်ချေ။

ထိုစကားကို ကြားလိုက်ရချိန်တွင် ဝူရှန်းနီနှင့် ဝူမိုဝူတို့သည် အတိုင်းထက်အလွန် ဝမ်းသာသွားကြပြီး သဘောတူကြောင်း အလျင်အမြန် ခေါင်းညိတ်လိုက်ကြသည်။

“ဘိုးဘေး... စိတ်မပူနဲ့... ကျွန်တော်တို့က ဝူမိသားစုကပါလို့ လုံးဝ မပြောပါဘူး”

ဝူရှန်းနီနှင့် ဝူမိုဝူတို့ သည် ပြိုင်တူ တွေးလိုက်ကြသည်။ ဘိုးဘေးဖြစ်သူသည် သူတို့ကို သိုသိုသိပ်သိပ် နေစေချင်ပုံရပြီး ၊ သို့မဟုတ်ပါက အပြင်တွင် သူ၏ အထောက်အထား ပေါက်ကြားသွားလျှင်ဖြင့် သူတို့၏ သွေးတိုးစမ်း လေ့ကျင့်မှုသည် အဓိပ္ပာယ် ရှိတော့မည် မဟုတ်ချေ။

သူတို့ နှစ်ဦးမှ သဘောတူပြီးနောက် ဝူဟောက်သည် သူတို့၏ ကိုယ်ပေါ်တွင် အကာအကွယ် စွမ်းအား တစ်ခုကို တိတ်တဆိတ် ချန်ထားခဲ့သည်။ ၎င်းသည် သေရေးရှင်ရေး အကျပ်အတည်းနှင့် ကြုံတွေ့ရမှသာ အသက်ဝင်လာမည် ဖြစ်သည်။

“ အဘိုး... သူတို့ကို တကယ်ပဲ ပေးသွားခိုင်းမလို့လား”

သတင်း ကြားပြီးနောက် ဝူချင်လုံသည် ဝူဟောက်ထံ ရောက်လာပြီး စိုးရိမ်ပူပန်မှုနှင့် မလိုလားအပ်သော အမူအရာဖြင့် ပြောလိုက်သည်။

ဝူဟောက်က ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်သည်။

“ဝူယီဖန်၊ ယိတောက်နဲ့ ဝူလီတို့ အားလုံး ဒီလမ်းအတိုင်း လာခဲ့ကြတာပဲ... သူတို့ သန်မာလာချင်ရင် ဝူမိသားစုကနေ ထွက်ခွာရမယ်... ဝူမိသားစုက ဘေးကင်းလုံခြုံတဲ့ ဆိပ်ကမ်း ဖြစ်ပေမဲ့ ဆိပ်ကမ်းမှာပဲ တစ်ချိန်လုံး နေနေတာက ကလေးတစ်ယောက်ရဲ့ ကြီးထွားမှုအတွက် အကျိုးမရှိဘူး”

“ဒါပေမဲ့ အဘိုး... ဟိုကောင်လေး ဝူလီက ကပ်ဘေးဖြတ်ကျော်ခြင်း အဆင့်ကို ခုလေးတင် ချိုးဖျက်ဝင်ရောက်သွားတာ မဟုတ်ဘူးလား”

ဝူချင်လုံ၏ အမူအရာမှာ ထူးဆန်းနေပြီး ခေတ္တမျှ တုံ့ဆိုင်းပြီးနောက် မေးလိုက်သည်။

ဝူဟောက်သည် သက်ပြင်းချလိုက်ပြီးနောက် စိတ်ပျက်သော အမူအရာဖြင့် ဝူချင်လုံကို ကြည့်လိုက်သည်။

“မင်း ဝူလီ အသက် ဘယ်လောက် ရှိပြီလဲ ဆိုတာလည်း မကြည့်ဘူး... သူက အသက် တစ်ရာပဲ ရှိသေးတာကို ကပ်ဘေးဖြတ်ကျော်ခြင်း အဆင့် ရောက်နေပြီ... မင်း အသက် တစ်ရာတုန်းက ကပ်ဘေးတောင် မဖြတ်ကျော်ရသေးဘူး မဟုတ်လား”

ဝူချင်လုံ၏ မျက်လုံးများမှာ တောက်ပသွားပြီး ရုတ်တရက် သဘောပေါက်သွားသည်။ အမှန်ပင် သူသည် အမြင်မှားသွားခဲ့သည်။ ဝူယီဖန်နှင့် ယိတောက်တို့နှင့် နှိုင်းယှဉ်လျှင် ဝူလီသည် အမှန်တကယ်ပင် အနည်းငယ် နိမ့်ကျသော်လည်း အခြားသူများအတွက်မူ ဝူလီသည် ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်နေဆဲပင်။

“အဘိုး... ကျွန်တော် အပေါ်ယံဆန်သွားပါတယ်”

“အင်း... မင်း သိရင် ပြီးတာပဲ... ပြန်တော့... ဝူရှန်းနီနဲ့ ဝူမိုဝူတို့ ဝူမိသားစုထဲမှာပဲ ဆက်နေရင် ဝူယီဖန်နဲ့ ယိတောက်တို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး... သူတို့ကို အပြင်ထွက်ခွင့်ပေးမှသာ ပိုမို တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်မှာ”

ဝူဟောက်သည် ပြောပြီးသည်နှင့် လှည့်ထွက်သွားလေသည်။

ဝူရှန်းနီနှင့် ဝူမိုဝူတို့သည် ပြင်ဆင်မှု အချို့ ပြုလုပ်ပြီးနောက် ဝူမိသားစုမှ ထွက်ခွာခဲ့ကြသည်။ သို့သော် ဝူမိုဝူအနေဖြင့် မည်မျှပင် မနှစ်သက်ပါစေ ဝူရှန်းနီသည် ဝူမိုဝူ၏ ဘေးနားတွင် နေရန် အရှက်မရှိဘဲ အတင်းအကျပ် တောင်းဆိုခဲ့သည်။

“ဟေး... နင် ဝူမိသားစုထဲမှာတုန်းက ငါ့နောက် လိုက်လို့ ရပေမဲ့ ဝူမိသားစုက ထွက်လာတာတောင် လိုက်နေတုန်းပဲလား”

ဝူမိုဝူသည် သူမ၏ ဘေးနားမှ ထွက်ခွာရန် ဝန်လေးနေသော ဝူရှန်းနီကို ကြည့်လိုက်ရာ သူမ၏ ရင်ထဲတွင် ရွံရှာမှု လှိုင်းတံပိုးများ မြင့်တက်လာသည်။ ဝူရှန်းနီသည် သူမဘေးနားတွင် ကပ်နေမည်ဆိုပါက ၊ သူမသည် မည်သို့ လျင်မြန်စွာ သန်မာလာနိုင်မည်နည်း။

သူမသည် ဝူမိသားစုမှ ထွက်ခွာရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အပြင်တွင် လောကဓံကို ရင်‌ဆိုင်ကာ အခြားသူများကို ကျော်တက်ရန်၊ တိတ်တဆိတ် သန်မာလာရန်နှင့် ထို့နောက် ဝူရှန်းနီကို တုန်လှုပ်သွားစေရန် ဖြစ်သည်။

သို့သော် ဝူရှန်းနီသည် သူမဘေးနားတွင် မခွာဘဲကပ်နေမည်ဆိုပါက ၊ သူမသည် အခြားသူများကို ကျော်တက်နိုင်တော့မည် မဟုတ်ချေ။

ထိုစကားကို ကြားပြီးနောက် ဝူရှန်းနီသည် အလွန်တရာ လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“နင်က ငါ့ညီမလေးလေ... အစ်ကိုကြီး တစ်ယောက် အနေနဲ့ ညီမလေးကို ကာကွယ်ပေးတာက မှန်ကန်တဲ့ ကိစ္စပဲ... ပြီးတော့ ငါ့ညီမလေးက ဒီလောက် လှတာ... လူမိုက် တစ်ကောင်ကောင်က ပြန်ပေးဆွဲသွားရင် ဘယ်လိုလုပ်မလဲ... အဲ့တာဆိုရင် ငါတို့ ဝူမိသားစုအတွက် ဆုံးရှုံးမှုပဲ မဟုတ်ဘူးလား”

သို့သော် အမှန်တရားသည် ထိုသို့မဟုတ်။ လိမ်ညာမှုတစ်ခုသာ ဖြစ်သည်။

“ဟဲဟဲဟဲ... ငါ့ညီမလေး ရေ... နင် ဘာတွေးနေလဲ ဆိုတာ ငါ မသိဘူးလို့ တကယ် ထင်နေတာလား... နင့်ဘေးနားမှာ နေပြီး ၊ နင် ဘယ်လို သန်မာလာမလဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်”

ဝူရှန်းနီသည် သူ့ဘာသာ တွေးလိုက်ပြီး အလွန် ကောက်ကျစ်သော အပြုံးတစ်ခုသည် သူ့မျက်နှာပေါ်တွင် ဖုံးဖိမရအောင် ထွက်ပေါ်လာသည်။

ဤသည်က မူလကတည်းက အလွန် စိတ်ထိခိုက်နေသော ဝူမိုဝူကို ချက်ချင်း ရွံရှာသွားစေသည်။ ထို့ကြောင့် သူမသည် တိတ်တဆိတ် ထွက်ပြေးဖို့ အခွင့်အရေး ရှာရန် ဆုံးဖြတ်လိုက်သည်။

သို့သော် ဝူရှန်းနီသည် သူမကို အနီးကပ် စောင့်ကြည့်နေသောကြောင့် ဖြစ်စေ၊ ဝူမိုဝူ၏ စွမ်းဆောင်ရည် အလွန် ညံ့ဖျင်းသောကြောင့် ဖြစ်စေ ဝူမိုဝူသည် နှစ်ဝက်ကျော်သည်အထိ ဝူရှန်းနီကို ဖယ်ရှားပစ်နိုင်ခြင်း မရှိခဲ့ချေ။

ဝူမိသားစုမှ ထွက်ခွာပြီးနောက် သူတို့ နှစ်ဦးသည် အထောက်အထားများကို ပြောင်းလဲလိုက်ကြသည်။ မည်သို့ပင်ဆိုစေကာမူ ၊ လက်ရှိ ဝူမိသားစုသည် ရွှမ်ထျန်းကမ္ဘာတွင် နံပါတ်တစ် မိသားစု အဖြစ် လူသိများနေပြီး ဖြစ်သည်။

အကယ်၍ သူတို့၏ လက်ရှိ နာမည်များဖြင့် အပြင်ထွက် စူးစမ်းလေ့လာပါက ဝူမိသားစုမှ ပါရမီရှင်များ ဖြစ်ကြောင်း လူတိုင်း သိရှိသွားနိုင်ပြီး ၊ တွေ့ဆုံသည့်အခါတိုင်း ရိုသေလေးစားကြမည် ဖြစ်ကာ အနည်းငယ်မျှပင် ပြစ်မှားရဲကြမည် မဟုတ်ချေ။ဤသည်က သူတို့၏ ရည်ရွယ်ချက်နှင့် ဆန့်ကျင်နေသည်။

“ဒီလိုဆိုမှတော့ ဒီနေ့ကစပြီး ငါ့နာမည်က လီကျောင်းယန်”

ဝူရှန်းနီသည် ခဏမျှ စဉ်းစားပြီးနောက် တက်ကြွစွာ ပြောလိုက်သည်။ အကယ်၍ နာမည်က သူ့ပုံရိပ်ကို မထိခိုက်စေပါက သူသည် နက်ရှိုင်းသော အရိုးတည်ဆောက်ပုံ ရှိသည့် အင်မော်တယ် တစ်ပါးနှင့် တူနေပေလိမ့်မည်။

ဝူမိုဝူသည် သူ့ဘေးနားတွင် မရယ်ဘဲ မနေနိုင်တော့ချေ။

“ဟားဟားဟား... ရယ်စရာ ကောင်းလိုက်တာ... ဝူရှန်းနီ... နင် နာမည် ဘယ်လို ရွေးရမလဲ မသိရင် မရွေးနဲ့... အနာဂတ်မှာ နင်က ဝူမိသားစုကပါလို့ သူများတွေ ဖွင့်ချလိုက်ရင် ဝူမိသားစုရဲ့ ဂုဏ်သိက္ခာပဲ ကျဆင်းရမှာ”

ဝူမိုဝူသည် ဘေးနားမှ လှောင်ပြောင်နေသည်ကို မြင်သောအခါ ဝူရှန်းနီ၏ မျက်နှာသည် နီရဲသွားသော်လည်း ဆက်မပြောတော့ချေ။

“ကဲပါ..... ဘယ်လို ရွေးရမလဲဆိုတာ နင် သိရင်လည်း နင်ပဲ ငါ့အတွက် ရွေးပေးလိုက်”

အခန်း ၁၂၀ - မျက်နှာပြောင်းလဲသွားခြင်း

“အမ်... ဒီလိုဆိုရင်တော့ ဒီနေ့ကစပြီး ငါ့နာမည်က လီချင်းမို... ပြီးတော့ နင့်နာမည်က လီရွှမ်ယွီ... ဒီနာမည် နှစ်ခုက ငါတို့ကို ထူးခြားတယ်လို့ မထင်ရစေသလို နားထောင်ရလည်း မဆိုးဘူး”

ဝူမိုဝူသည် ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

ဝူမိုဝူ၏ ပါးစပ်မှ ထွက်လာသော နာမည်ကို အပြစ်ရှာရန် ပြင်ဆင်ထားသော ဝူရှန်းနီသည် နေရာမှာတင် ကြောင်အမ်းသွားသည်။ အမည်မသိ အကြောင်းတစ်ခုခုကြောင့် နာမည်ကို ကြားလိုက်ရချိန်တွင် ဤနာမည်သည် သူနှင့် တစ်နည်းနည်းဖြင့် ဆက်စပ်နေသကဲ့သို့ သူ့ရင်ထဲ၌ အလိုအလျောက် ရင်းနှီးကျွမ်းဝင်မှု ခံစားချက် တစ်ခု ဖြစ်ပေါ်လာသည်။

မကြာမီ ဝူရှန်းနီသည် ဤခံစားချက်ကို ဖိနှိပ်လိုက်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်၏။

“တကယ်တော့ ဒီနာမည် နှစ်ခုက သိပ်လည်း မကောင်းပါဘူး... ဒါပေမဲ့ နင်က ငါ့ညီမလေး ဖြစ်နေလို့ ဒီနာမည်ကို မတတ်သာဘဲ သုံးလိုက်ပါ့မယ်”

“ဝူရှန်းနီ နင်...”

ဝူမိုဝူ၏ မျက်နှာသည် ဒေါသကြောင့် နီရဲသွားပြီး ဝူရှန်းနီထံသို့ တိုးဝင်သွားရာ ၊ ဝူရှန်းနီမှာ ကြောက်လန့်တကြားဖြင့် ထွက်ပြေးရင်း အော်ပြောလိုက်သည်။

“ဝူမိုဝူ... နင်က ငါ့ညီမလေးမို့လို့ ငါ လွှတ်ပေးနေတာနော်... အရှက်မမဲ့နဲ့”

ဝူရှန်းနီသည် ဝူမိုဝူကို တောင်းပန်ပြီးမှသာ ဤကိစ္စမှာ ပြီးဆုံးသွားလေသည်။

ဝူမိုဝူသည် ဆက်လက် တွေးတောမနေတော့သော်လည်း ၊သို့သော် ထိုနာမည်အကြောင်းကို ပြောသည့်အခါတိုင်း ဝူမိုဝူ၏ မျက်လုံးထဲတွင် လွမ်းဆွတ်မှု အရိပ်အယောင် တစ်ခု လက်ခနဲ ဖြစ်သွားသည်။

ဝူရှန်းနီနှင့် သူမအတွက် ဤနာမည် နှစ်ခု ပေးခဲ့သည့်အပေါ် ဝူမိုဝူတွင် ကိုယ်ပိုင် အတ္တအကြောင်းပြချက်များ ရှိနေသည်မှာ ထင်ရှားသည်။

“ဒါတွေက ဘာတွေလဲ”

သူ့ရှေ့တွင် တင်ပျဉ်ခွေ ထိုင်နေကြသော အရိုးစု အများအပြားကို ကြည့်ရင်း ဝူယီဖန်၏ နှလုံးသားမှာ တုန်လှုပ်နေမိသည်။

သူ့ရှေ့တွင် ထိုင်နေကြသော ရာပေါင်းများစွာသော အရိုးစုများထံမှ မသဲမကွဲ ခြိမ်းခြောက်မှု တစ်ခုကို ခံစားလိုက်ရပြီး ၊ ဝူယီဖန်၏ ရင်ထဲ၌ အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်နေခဲ့သည်။

ဆိုလိုသည်မှာ သူ့ရှေ့ရှိ အရိုးစု ရာပေါင်းများစွာ၏ သခင်များသည် အသက်ရှင်စဉ်က အနည်းဆုံး လူသား အင်မော်တယ်များ ဖြစ်ကြသည်။ အရိုးစုများ အားလုံး တစ်ဖက်တည်းသို့ ကြည့်နေကြသည်ကို မြင်သောအခါ ဝူယီဖန်သည်လည်း သူ့အလိုလို လိုက်ကြည့်နေမိသည်။

ရှေ့တွင် ပိုမို စွမ်းအားကြီးမားသော အရိုးစုများ တင်ပျဉ်ခွေ ထိုင်နေကြပြီး ၊ သူတို့၏ အရှိန်အဝါသည် လူသား အင်မော်တယ်များကိုပင် မသိမသာ ကျော်လွန်နေသည်ကို တွေ့လိုက်ရသည်။

“ဒီမှာ ဘာတွေ ဖြစ်ခဲ့တာလဲ... စစ်မှန်အင်မော်တယ်တွေတောင် ကျဆုံးခဲ့ရတာလား”

ဝူယီဖန်၏ အမူအရာမှာ အလွန်အမင်း လေးနက်နေသော်လည်း ယခုအခါ သူသည် နောက်ပြန်လှည့်စရာလမ်းမရှိ ရှေ့ဆက်သွားရန်သာ ရှိသည်။ ထို့ပြင် နောက်ပိုင်းတွင် သူ့အတွက် ကြီးမားသော အကျိုးကျေးဇူးများ ရှိလာမည် ဖြစ်ကြောင်း ဝူယီဖန်၏ ရင်ထဲမှ အသံတစ်သံက သူ့ကို ပြောပြနေသည်။

ဤအချက်ကို တွေးမိပြီးနောက် ဝူယီဖန်သည် ပိုမို နက်ရှိုင်းသော အတွင်းပိုင်း‌ဆီသို့ ပြတ်သားစွာ လျှောက်သွားလိုက်သည်။ သို့သော် လူသား အင်မော်တယ် အရိုးစု အုပ်စုထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ဝူယီဖန်သည် မမြင်ရသော ဖိအားတစ်ခုက သူ့အပေါ်သို့ ကျရောက်လာသည်ကို ခံစားလိုက်ရပြီး အနည်းငယ် ပင်ပန်းမှုကို ခံစားလိုက်ရသည်။

ဤသည်ကို မြင်သောအခါ ဝူယီဖန်သည် သွားကို တင်းတင်းကြိတ်ပြီး ပိုမို နက်ရှိုင်းသော နေရာသို့ လျှောက်သွားရုံသာ ရှိတော့သည်။ သို့သော် မကြာမီတွင် ဝူယီဖန်သည် တစ်စုံတစ်ခုကို သတိထားမိလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများဖြင့် လင်းလက်သွားသည်။

“ဒီဖိအားက ငါ့ရဲ့ ရုပ်ခန္ဓာကို သန်မာစေနိုင်တာပဲ”

လက်ရှိတွင် ဝူယီဖန်၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာသည် ကိုးဆင့်မြောက်အထိ ရောက်ရှိထားပြီး ဖြစ်သော်လည်း အဆင့်တစ်ဆယ်ကို ဖွင့်ရန်အတွက် ပြင်ပ အင်အား သို့မဟုတ် အင်မော်တယ် အဆင့်ရှိ ကောင်းကင်ရတနာများ၏ အကူအညီကို လိုအပ်နေခဲ့သည်။

ရွှမ်ထျန်းကမ္ဘာတွင် အင်မော်တယ် အဆင့်ရှိ ကောင်းကင်ရတနာများ သေချာပေါက် ရှိမည် မဟုတ်ကြောင်း ထင်ရှားပေရာ ၊ ပြင်ပ အင်အားသာလျှင် ဝူယီဖန်၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာကိုယ်ကို နောက်တစ်ဆင့် တက်လှမ်းရန် ကူညီပေးနိုင်မည် ဖြစ်သည်။

ထိုအတိုင်းသာဆိုလျှင်ဖြင့် ၊ သူသည် စောနက လူသား အင်မော်တယ်အဆင့်ရှိ ကြမ်းကြုတ်သည့် သားရဲနှင့် အဘယ့်ကြောင့် မတိုက်ခိုက်ခဲ့သနည်း ။

သူက ငတုံးမှ မဟုတ်တာ... လူသား အင်မော်တယ်အဆင့်ရှိတဲ့ သားရဲကို ထိပ်တိုက်တွေ့ဆုံတာ ဒါ ကိုယ့်သေလမ်းကို ရှာတာပဲ မဟုတ်လား...

ထို့ပြင် ၎င်းသည် ကြမ်းကြုတ်သည့် သားရဲ တစ်ကောင် ဖြစ်ပြီး လှုပ်ရှားမှုတိုင်းတွင် အစွမ်းကုန် ထုတ်သုံးပေလိမ့်မည်။ တစ်ဖက်လူသည် လက်လျှော့လိမ့်မည်ဟု မဟုတ် ။ သူ့အနေဖြင့် တဒင်္ဂ သတိလက်လွတ်ဖြစ်သွားပါက သေဆုံးခြင်းနှင့် ဝိညာဉ်ပင် ပျောက်ကွယ်သွားနိုင်သည်။

ယခု ဤနေရာသည် သူ့ကို ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ အဆင့်တစ်ဆယ်ကို ဖွင့်ရန် ကူညီပေးနိုင်သဖြင့် ဝူယီဖန်သည် အတိုင်းထက်အလွန် ဝမ်းသာသွားသည်။

ဝူဟောက်၏ ပြောကြားချက်အရ ၊ ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ နောက်ထပ် ကန့်သတ်မှုတစ်ခုကို ချိုးဖျက်နိုင်တိုင်း တိုက်ခိုက်ရေး စွမ်းအားသည် ပို၍ မြင့်တတ်လာပြီး ကမ္ဘာမြေကြီး တုန်လှုပ်လောက်အောင် ကြောက်မက်ဖွယ် ကောင်းသည်ကို သူ သိထားသည်။

လက်ရှိ ကိုးဆင့်မြောက် အဆင့်ဖြင့် သူ့ကို လူသား အင်မော်တယ် နယ်ပယ်အောက်တွင် ပြိုင်ဘက်ကင်း ဖြစ်စေသည်။

အဆင့်တစ်ဆယ်သို့ ရောက်ရှိသောအခါ သူသည် စစ်မှန်အင်မော်တယ်များကိုပင် တိုက်ခိုက်နိုင်ပေလိမ့်မည်။ အရေးကြီးဆုံး အရာမှာ ရုပ်ခန္ဓာ ကျင့်ကြံခြင်းသည် ကျင့်ကြံမှု အဆင့်နှင့် မတူညီပေ။

ဆိုလိုသည်မှာ ရှေးဟောင်းမြင့်မြတ်ခန္ဓာသည် အဆင့်တစ်ဆယ်သို့ ရောက်ရှိသွားခဲ့လျှင်ပင် သူ၏ စွမ်းအားကို ထိန်းချုပ်ထားနိုင်သရွေ့ သူသည် ရွှမ်ထျန်းကမ္ဘာတွင် ဆက်နေနိုင်သေးသည်။ သို့မဟုတ်ပါက တဒင်္ဂ သတိလက်လွတ် ဖြစ်သွားရုံဖြင့်ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးအတွက် ကြောက်မက်ဖွယ်ရာ ကပ်ဘေးတစ်ခု ဖြစ်လာနိုင်သည်။

ထို့ကြောင့် ဝူယီဖန်သည် ကြီးမားသော ဖိအားကို ခံနိုင်ရည် ရှိအောင် ကြိုးစားရင်း ရှေ့ဆက်တိုးနေပြီး တစ်ချိန်တည်းမှာပင် သူ၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာကို အဆင့်တစ်ဆယ်သို့ တက်လှမ်းရန်အတွင် အဆိုပါဖိအားကို အသုံးချနေခဲ့သည်။

ဘုန်း!

“နောက်ဆုံးတော့ အဓိပတိ နယ်ပယ်ကို ငါ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီ”

ထျန်းဝူတောင်သို့ ပြန်ရောက်ပြီးနောက် ဝူယိတောက်သည် သူ၏ မျက်လုံးများကို အသာယာ ဖွင့်လိုက်သည်။ သူ၏ အကြည့်သည် ရေကန်အလား တည်ငြိမ်နေသည်။ ဤကိစ္စသည် သူ၏ မျက်လုံးထဲတွင် ဘာမျှ မဟုတ်သည်မှာ ထင်ရှားသည်။

မူလက ဝူယိတောက်သည် သူတော်စင်ဘုရင် အလယ်အလတ်အဆင့်တွင် ရှိနေပြီး ဖြစ်ကာ ဟွမ်သွမ့်မဟာဧကရာဇ်၏ အမွေအနှစ်ကို လက်ခံရရှိခြင်းနှင့် ပေါင်းစပ်လိုက်ချိန်တွင် သူ၏ ဖရိုဖရဲ လမ်းစဉ်အပေါ် နားလည်နိုင်စွမ်းသည် ပိုမို နက်ရှိုင်းလာခဲ့သည်။

ထို့ကြောင့် သူသည် ဤမျှ တိုတောင်းသော အချိန်အတွင်း အဓိပတိ နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခြင်းမှာ အံ့သြစရာ မဟုတ်ပေ။

သိုင်းသူတော်စင် နာ့၏ မျက်လုံးများလည်း ဤမြင်ကွင်းကို မြင်ပြီးနောက် တောက်ပလာသည်။ အကယ်၍ ဤကလေးသာ ဆိုလျှင် အံ့ဖွယ်အမှု တစ်ခုကို အမှန်တကယ် ဖန်တီးနိုင်ကောင်း ဖန်တီးနိုင်ပေလိမ့်မည်။

အဓိပတိ နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် ဝူယိတောက်သည် သိုင်းသူတော်စင် နာ့၏ ရှေ့မှောက်သို့ ရောက်လာသည်။

“ဆရာ... ကျွန်တော် အိမ်ခဏ ပြန်မလို့”

“အိမ်ပြန်မလို့လား... ပြန်လေ... ဒီကိစ္စကို မင်းရဲ့ ဝမ်းကွဲအစ်ကို ကိုင်တွယ်ခိုင်းလိုက်ရင် မဖြစ်နိုင်တာတော့ မဟုတ်ဘူး”

သိုင်းသူတော်စင် နာ့သည် တစ်စုံတစ်ခုကို တွေးမိပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

သို့သော် ဝူယိတောက်က ခေါင်းခါလိုက်သည်။

“ဆရာ... ကျွန်တော့် ဝမ်းကွဲအစ်ကိုက မကြာသေးခင်ကမှ နတ်သင်္ချိုင်းတောင်ကြားကို သွားခဲ့တာ... အချိန်တိုအတွင်း သူ့ကို ဆက်သွယ်လို့ ရမှာ မဟုတ်ဘူးလို့ ကျွန်တော် စိုးရိမ်တယ်... ပြီးတော့ နှစ် ငါးထောင် အတွင်း မဟာဧကရာဇ် နယ်ပယ် အထက်ကို ချိုးဖျက်ဝင်ရောက်ဖို့ ကျွန်တော့်မှာ ယုံကြည်ချက် အပြည့်ရှိတယ်... အဲဒီအချိန်ကျရင် အဲဒီ ကြမ်းကြုတ်တဲ့ သားရဲကို ကျွန်တော် ကိုင်တွယ်ပါ့မယ်”

ဝူယိတောက်သည် ထိုသို့ပြောလာသဖြင့် သိုင်းသူတော်စင် နာ့အနေဖြင့် သဘောတူလိုက်ရုံသာ ရှိတော့သည်။

မကြာမီ ဝူယိတောက်သည် ထျန်းဝူတောင်မှ ထွက်ခွာပြီး ဝူမိသားစုသို့ ပြန်လာခဲ့သည်။ဤတစ်ခေါက် လမ်းခရီးတွင် သူသည် မည်သည့် ချုံခိုတိုက်ခိုက်မှုနှင့်မျှ မကြုံတွေ့ခဲ့ရပေ။ ထို့အပြင် ဝူယိတောက်သည် ဝူယီဖန်၏ ညီ ဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပြီး ဖြစ်သည်။

အကယ်၍ သူတို့သာ ဝူယိတောက်ကို လက်ဖျားနှင့် ထိရဲပါက ဝူယီဖန်သည် လွယ်လင့်တကူ အလွတ်ပေးမည် မဟုတ်ချေ။

ထို့ကြောင့် သူတို့သည် မမိုက်မဲသရွေ့ ဝူယိတောက်ကို တိုက်ခိုက်ရန် သတ္တိ ရှိကြမည် မဟုတ်။

ဝူမိသားစု။

ဝူယိတောက် ပြန်ရောက်လာကြောင်း သိလိုက်ရသောအခါ ဝူရွှမ်ယွမ်တို့ဇနီးမောင်နှံသည် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားကြသည်။ ယခုအခါ ဗီဒီယို ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်ပြီ ဖြစ်သော်လည်း မျက်နှာချင်းဆိုင် တွေ့ဆုံရသလောက် စစ်မှန်မှု မရှိချေ။

မိဘများ၏ များပြားလှသော ဂရုစိုက်မှုကို ခံစားလိုက်ရသဖြင့် ဝူယိတောက်၏ မျက်နှာတွင် ကျေနပ်သော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။ သူသည် မည်သည့် အင်အား နယ်ပယ်သို့ ရောက်ရှိပါစေ မိဘများ၏ ရှေ့မှောက်တွင်မူ သူသည် ကလေးတစ်ယောက်သာ ဖြစ်နေဆဲပင်။

အိမ်တွင် ရက်အနည်းငယ် နေပြီးနောက် ဝူယိတောက်သည် ဝူဟောက်၏ နေရာသို့ ထွက်ခွာလာခဲ့သည်။

ဝူယိတောက်၏ အလည်အပတ် ခရီးအတွက် ဝူဟောက်သည် အံ့သြမနေခဲ့ချေ။ ဝူယိတောက် ပြန်ရောက်လာကတည်းက ၊ သူသည် ၎င်း၏ ရည်ရွယ်ချက်ကို အကြမ်းဖျင်း ခန့်မှန်းမိပြီး ဖြစ်သည်။

“မင်းက အဲဒီ ကြမ်းကြုတ်တဲ့ သားရဲအကြောင်း မေးမလို့လား”

ဝူဟောက်၏ ခြံဝင်းသို့ ရောက်ရှိပြီးနောက် ဝူယိတောက် ဝင်လာသည်နှင့် စတင် စကားပြောလိုက်သည်။

ယင်းက ဝူယိတောက်ကို အနည်းငယ် ကြောင်အမ်းသွားစေသော်လည်း သူသည် အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့... အဲဒီ ကြမ်းကြုတ်တဲ့ သားရဲရဲ့ ဇာစ်မြစ်ကို ပြောပြပေးဖို့ ဘိုးဘေးကို တောင်းဆိုချင်ပါတယ်”

သူသည် အဓိပတိ တစ်ဦး ဖြစ်နေပြီ ဖြစ်သော်လည်း ဝူဟောက်၏ ရှေ့မှောက်တွင်မူ သူသည် လေ့ကျင့်ရန် လိုအပ်နေသေးသည်။ ထို့ပြင် ဘိုးဘေးသည် ထိုကြမ်းကြုတ်သော သားရဲ၏ ဇာစ်မြစ်ကို သိလိမ့်မည်ဟု ဝူယိတောက် ခန့်မှန်းမိသည်။

နှစ် ငါးထောင် အတွင်း ၊ သူသည်ဘမဟာဧကရာဇ် နယ်ပယ် အထက်သို့ ချိုးဖျက်ဝင်ရောက်ရန် ယုံကြည်ချက် အပြည့်ရှိသော်လည်း မသေချာသော တိုက်ပွဲများကို သူ မတိုက်ခိုက်လိုပေ။ ပိတ်လှောင်ခံထားရသော ကြမ်းကြုတ်သည့် သားရဲအကြောင်း အနည်းငယ် ပိုသိထားခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

All Chapters