← Chapters

အခန်း (၂၄၁)

Vol. 25 Ch. 241

အခန်း (၂၄၁)

Vol. 25 Ch. 241

အခန်း။ ၂၄၁

သို့သော် သူသံသယဝင်နေရန် အချိန်များစွာ မရလိုက်ပေ။

ရွှီရန်၏ ကိုယ်ဟန်သည် သားရဲတိုက်ခိုက်ရေးကွင်းအတွင်း၌ ဘာဒဏ်ရာဒဏ်ချက်မျှမရှိဘဲ ဘေးကင်းလုံခြုံစွာ ပြန်ပေါ်လာသည်။

သူ၏မျက်နှာတွင် အပြုံးတစ်ခု ဆင်မြန်းထားလျက် "ကိုယ့်ရဲ့ကိုယ်ပိုင်တိုက်ကွက်နဲ့ ကိုယ်ပြန်အုတ်ခံရတာ တကယ့်ကို ထူးဆန်းတဲ့ အတွေ့အကြုံပဲ။ ဒါပေမဲ့ အနည်းဆုံးတော့ အထူးပေါက်ကွဲအားပါသော ဓားချက်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ငါအခု သိသွားပြီ။ တကယ်လို့ နောင်တစ်ချိန်မှာ ရန်ငြိုးဖွဲ့နတ်ဘုရားဘက်က ငါ့ရဲ့ပုံတူမှန်ရိပ်ကို သုံးလာခဲ့ရင်တောင် ငါ့ကို လုံးဝ ထိခိုက်အောင်လုပ်နိုင်မှာ မဟုတ်တော့ဘူး" ဟု ပြောလိုက်သည်။

ရွှီရန်သည် ကျေနပ်အားရစွာဖြင့် ခေါင်းငြိမ့်လိုက်၏။

မိမိကိုယ်ကိုယ်နှင့် ပြန်လည်တိုက်ခိုက်ရခြင်းမှာ သူ၏ဝှက်ဖဲအချို့ကို ထုတ်ပြလိုက်ရသလို ဖြစ်သော်လည်း ရရှိလိုက်သော အကျိုးကျေးဇူးက ပို၍ကြီးမားလှသည်။

သူ၏အင်အားကို တစ်ဟုန်ထိုး တိုးတက်လာအောင် ကြီးမားသောအရင်းအနှီးများ စိုက်ထုတ်ပေးခဲ့သည့် ယာယီအဖွဲ့ကိုလည်း ကျေးဇူးတင်ရပေမည်။

တကယ့် သူငယ်ချင်းကောင်းများပင်။

ရွှီရန်သည် အလွန်ပင် ကျေနပ်နေတော့သည်။

သူသည် ခန္ဓာကိုယ်ကို အညောင်းဆန့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် နွေးထွေးသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ယာယီအဖွဲ့ဘက်သို့ လှည့်ကြည့်ကာ "ကောင်းလိုက်တာ။ အရင်းအနှီးတွေ အများကြီး ကုန်သွားလား တကယ်လို့ မင်းတို့ရဲ့ အခြေခံစွမ်းအားကို မထိခိုက်ဘူးဆိုရင် နောက်တစ်ခါ ထပ်လုပ်ပေးကြဦးပေါ့။ ကိုယ့်ကိုကိုယ်နဲ့ တိုက်ခိုက်ရတာက ရလဒ်တွေ အများကြီး ထွက်တာပဲ"

ချင်ယီဟောက် : "..."

ချီမုန့်လီ : "..."

ဟူတိ : "..."

နဉ်ရှ : "..."

ကွမ်းရှင်း : "..."

အခြေခံစွမ်းအားကို မထိခိုက်စေသည်မှာ မှန်သော်လည်း သိက္ခာကိုမူ တော်တော်လေး ထိခိုက်သွားစေသည်။

ရွှီရန်နှင့် တိုက်ခိုက်ခဲ့သည့် အဖွဲ့သားအားလုံးမှာ ဆွံ့အလျက် ဘာစကားမျှ မပြောနိုင်တော့ချေ။

သူတို့၏ စီနီယာများမှာမူ သက်ပြင်းတစ်ချက် ချလိုက်မိကြသည်။

ဤကဲ့သို့သော ပါရမီရှင်တစ်ယောက်သာ အမှားအယွင်းဖြစ်ပြီး ကျရှုံးသွားခဲ့လျှင် ဖြစ်ပေါ်လာမည့် ဆုံးရှုံးမှုမှာ ကောင်းကင်ဘုံ အထွတ်အထိပ် နန်းဆောင်ကိုပင် ဒေါသထွက်စေနိုင်သည်။

သို့သော်လည်း သူ၏ ရှင်သန်ခြင်းဝှက်ဖဲမှာ တကယ့်ကို ကြောက်စရာကောင်းလှသည်။

ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်အောင် အခုတ်ခံလိုက်ရသော်လည်း ဘာဒဏ်ရာမှမရှိဘဲ နောက်တစ်ကြိမ် ပြန်လည်ရှင်သန်လာနိုင်သည်။

ဒါက ကောင်းကင်ဘုံချီးမြှင့်သော နတ်ဘုရားအတတ်ပညာများလား။

ဒါပေမဲ့ အဲ့ဒါက ဘယ်လို နတ်ဘုရားအတတ်ပညာမျိုးလဲ။

သူ့ရဲ့ တကယ့်အစွမ်းက ဘာလဲ။ ကိုယ်ဖျောက်အတတ်လား ဒါမှမဟုတ် စက္ကူရုပ်စစ်တပ်လား။ သူ့ရဲ့ ကိုယ်ခန္ဓာခွန်အားနဲ့ ဆရာသခင်အဆင့် နည်းဗျူဟာတွေကလည်း မယုံနိုင်စရာပဲ။ ဒါတင်လားဆိုတော့လည်း မဟုတ်ပြန်ဘူး... ပြန်လည်ရှင်သန်ခြင်း အစွမ်းတွေ၊ အဲဒီဆန်းကြယ်တဲ့ ဓားသိုင်းပညာတွေကရော...

နေပါဦး... အခုနောက်ဆုံးသုံးလိုက်တဲ့ အဆောင်အတတ်က ကောင်းကင်ဘုံအထွတ်အထိပ်နန်းဆောင်ရဲ့ လုပ်ငန်းစဉ်ကိုပါ ပြောင်းလဲပစ်နိုင်တာလား။ သူက... သူက တကယ့်ကို ဘယ်လိုလူမျိုးလဲ။

ပြည်နယ်အသီးသီးမှ ကျောင်းအုပ်ကြီးများနှင့် နည်းပြများသည် ရွှီရန်ကို ရှုပ်ထွေးသော အမူအရာများဖြင့် ကြည့်နေကြတော့သည်။

သူ၏ အစွမ်းတစ်ခုချင်းစီမှာ ကောင်းကင်ဘုံချီးမြှင့်သော နတ်ဘုရားအတတ်ပညာနှင့် တူလွန်းလှသည်။

တစ်ခုချင်းစီမှာ ရွှေရောင်အဆင့် နတ်ဘုရားအတတ်ပညာများကိုပင် ကျော်လွန်နေသယောင်ရှိသည်။

သူ၏လက်ထဲတွင်မူ အခြေခံအကျဆုံး ဆရာသခင်အဆင့် နည်းစနစ်များပင်လျှင် နတ်ဘုရားအဆင့် စွမ်းရည်များကဲ့သို့ ဖြစ်နေတော့သည်။

နားလည်သဘောပေါက်မှု ပါရမီအရိုးအဆစ်က ဒီလောက်တောင် ကြောက်စရာကောင်းတာလား။

ဤကဲ့သို့သော အနှိုင်းမဲ့ ထူးဆန်းသည့်ပါရမီရှင်တစ်ယောက် မည်သို့ပေါ်ပေါက်လာသည်ကို သူတို့ လုံးဝ နားမလည်နိုင်တော့ချေ။

ချန်ချီဆိုသည့် ထိုလူအိုကြီးသည် ယခုတစ်ကြိမ်တွင် တကယ့်ရတနာတစ်ပါးကို ကောက်ရခဲ့သည်။

ဒီကံကောင်းမှုကတော့ တကယ်ကို မနာလိုစရာပဲ။

လူတိုင်း၏ မျက်လုံးများသည် ရွှီရန်ဆီသို့ စူးစိုက်ကျရောက်နေကြသည်။

အချို့သော မိန်းကလေးငယ်များ၏ မျက်ဝန်းများတွင်မူ ကြယ်ကလေးများ တလက်လက်တောက်ပလာကြတော့၏။

သူတို့ကဲ့သို့သော အရွယ်တွင် နတ်ဘုရားတစ်ပါးကဲ့သို့သော ရုပ်ရည်နှင့် အနှိုင်းမဲ့စွမ်းအားရှိသော ရွှီရန်ကို မြင်တွေ့လိုက်ရခြင်းမှာ ယန်ကော်ကို မြင်တွေ့လိုက်ရသော ကော်ရှန်းကဲ့သို့ပင် ရင်သပ်ရှုမောဖွယ် ဖြစ်နေတော့သည်။

သူတို့၏ ရင်ခုန်သံများမှာလည်း တဒိတ်ဒိတ်ခုန်နေတော့သည်။

ဤသည်မှာ တိုက်ပွဲ၏ အရှိန်အဝါကြောင့် တုန်လှုပ်သွားခြင်းလား သို့မဟုတ် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကြည်ညိုသွားခြင်းလား ဆိုသည်ကိုမူ သူတို့ကိုယ်တိုင်ပင် မသိကြချေ။ မည်သို့ပင်ဆိုစေကာမူ ကြည့်ရှုသူအားလုံး၏ မျက်ဝန်းများတွင် အားကျခြင်းနှင့် ရိုသေလေးစားခြင်း အရိပ်အယောင်များဖြင့် ပြည့်နှက်နေတော့သည်။

ရွှီရန်သည် လေဟာနယ်နံရံတစ်ခုပေါ်တွင် သက်သောင့်သက်သာ လမ်းလျှောက်လာရင်း အလွန်ပင် ခန့်ညားထည်ဝါသော ဟန်ပန်ဖြင့် ကျောင်းအုပ်ကြီး၏ အနားသို့ ချဉ်းကပ်သွားလိုက်သည်။

ကျောင်းအုပ်ကြီးမှာ ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေပြီး ရွှီရန်၏ ပုခုံးကို ပုတ်လိုက်ကာ "ကောင်လေး... မင်းက ဒီလောက်အထိ သန်မာမယ်လို့ ငါမထင်ထားဘူး ဟားဟား... မင်းမှာ ဖုံးကွယ်ထားတဲ့ အကွက်တွေ အများကြီး ကျန်သေးတယ်ဆိုတာ ငါသိတာပေါ့" ဟု အော်ဟစ်ကာ ရယ်မောလိုက်သည်။

ရွှီရန်က ခပ်မှိန်မှိန်လေး ပြုံးပြလိုက်၏။

ကျားမလေးမှာလည်း သူ့အနားတွင် ပတ်ချာလည်ဝိုင်းနေပြီး "အစ်ကိုရွှီ... ညီမလေးကို တိုက်ခိုက်ရေး နည်းစနစ်တွေ သင်ပေးပါဦး" ဟု ပြောလာသည်။

ရွှီရန်က ခေါင်းညိတ်လိုက်ပြီး "မင်းလည်း အသက်ရှစ်နှစ် ပြည့်လာတာ အတော်ကြာပြီဆိုတော့... နောက်ရက်ကျရင် မင်းအတွက် သီးသန့်သင်တန်းတစ်ခု ငါစီစဉ်ပေးမယ်"

ကျားမလေး၏ တိုက်ခိုက်ရေး ပါရမီကို သူ အသိအမှတ်ပြုထားသည်။ အကယ်၍သာ ကျားမလေးကို သူနှင့် အပြန်အလှန် လေ့ကျင့်နိုင်သည့်အထိ သင်ကြားပေးနိုင်ခဲ့လျှင် သူမသည် သူ့အတွက် အကောင်းဆုံး လေ့ကျင့်ဖော်တစ်ယောက် ဖြစ်လာပေလိမ့်မည်။

ထိုသို့တွေးတောရင်း ရွှီရန်က ကျားမလေးကို ပြုံးပြလိုက်သည်။

ကျားမလေးမှာမူ အလွန်အမင်း ပျော်ရွှင်သွားပြီး ဘေးနားတွင် ခုန်ပေါက်နေတော့၏။ ခုနက အစ်ကိုရွှီ တိုက်ခိုက်နေသည့် ပုံစံမှာ တကယ့်ကို ခန့်ညားလွန်းသည်။ အထူးသဖြင့် ပြိုင်ဘက်ကို နံရံတွင် ကပ်သွားစေသည့် ဆက်တိုက်လက်သီးချက်များကို သူမ တကယ်ကို သင်ယူချင်နေမိသည်။

ကျားမလေး၏ ကလေးဆန်သော ရိုးသားမှုကို မြင်ရသည့်အခါ ရွှီရန်မှာ ပြုံးလျက် ခေါင်းခါလိုက်မိသည်။

"ဩော်... ဒါနဲ့ ကျောင်းအုပ်ကြီး အဆောင်တွေအားလုံးကို ရေးဆွဲပြီးပါပြီ။ တစ်ယောက်ကို အသေးစား နှစ်ဆတိုး ရတနာအဆောင် နှစ်စောင်စီနဲ့ အသေးစား ချီစွမ်းအင်လှည့်ပတ် ရတနာအဆောင် တစ်စောင်စီ ရပါလိမ့်မယ်။ အဲဒါတွေက ကျင့်ကြံမှုအရှိန်ကို အများကြီး မြှင့်တင်ပေးနိုင်ပါလိမ့်မယ်"

ရွှီရန်က အဆောင်အထပ်လိုက်ကို ထုတ်ယူလိုက်သည်ကို ကြည့်ပြီး ကျောင်းအုပ်ကြီးမှာ အံ့အားသင့်သွားရသည်။

"ချီစွမ်းအင်လှည့်ပတ် ရတနာအဆောင် ဟုတ်လား အသစ်လား"

"ဟုတ်ကဲ့ အသစ်ဖော်ထုတ်ထားတာပါ။ ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူပြီး ခန္ဓာကိုယ်ထဲကို ပေါင်းထည့်ပေးနိုင်သလို သွေးစွမ်းအင်အဖြစ်လည်း ပြောင်းလဲပေးနိုင်ပါတယ်"

ကျောင်းအုပ်ကြီးမှာ အလွန်အမင်း တုန်လှုပ်သွားရသည်။

"ဒီလိုမျိုးတောင် ဖြစ်နိုင်လို့လား ဒါပေမဲ့ ကောင်းကင်နဲ့ မြေကြီးကြားက ဝိညာဉ်စွမ်းအင်တွေမှာ ညစ်ညမ်းမှုတွေ ပါနေနိုင်တာပဲ မဟုတ်လား..."

ရွှီရန်၏ မျက်ဝန်းများတွင် ယုံကြည်ချက်များ ပြည့်နှက်နေသည်။

"မပူပါနဲ့ ဒီအဆောင်မှာ လုပ်ဆောင်ချက် သုံးခု ပါဝင်ပါတယ်။ ပထမတစ်ခုက ဝိညာဉ်စွမ်းအင် စုစည်းခြင်းဖြစ်ပြီး ဒုတိယတစ်ခုကတော့ သန့်စင်ခြင်းပဲ။ ဒါကြောင့် ခန္ဓာကိုယ်ထဲကို ရောက်သွားမယ့် ဝိညာဉ်စွမ်းအင်တွေမှာ ဘာညစ်ညမ်းမှုမှ ပါမှာမဟုတ်ပါဘူး"

ထိုစကားကို ကြားလိုက်ရသည့်အခါတွင်မူ ကျောင်းအုပ်ကြီးသည် ရွှီရန်ကို အလွန်အမင်း လေးစားသွားသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်ပြီး "ကောင်းတယ် တကယ့်ကို ကောင်းတယ်။ အခုချက်ချင်းပဲ ဝေပေးလိုက်မယ်"

ကျောင်းအုပ်ကြီးသည် အဆောင်များကို ကိုင်ကာ ထရပ်လိုက်ပြီး အသံချဲ့စက်ကို ဆွဲယူလိုက်သည်။

"ပြည်နယ်အသီးသီးက ကျောင်းအုပ်တွေ အဆောင်လာယူကြပါ။ တစ်ယောက်ကို အသေးစား နှစ်ဆတိုး ရတနာအဆောင် နှစ်စောင်နဲ့ အသေးစား ချီစွမ်းအင်လှည့်ပတ် ရတနာအဆောင် တစ်စောင်စီ ရပါလိမ့်မယ်။ ကျောဘက်မှာ ကပ်ထားကြပါ။ အဝတ်အစားပေါ်ကနေ မကပ်တာက အကောင်းဆုံးပါပဲ"

"ဒီအသေးစား နှစ်ဆတိုး ရတနာအဆောင်ရဲ့ စွမ်းဆောင်ရည်က ၅၀ ရာခိုင်နှုန်း တိုးတက်စေမှာပါ။ တကယ်လို့ မူလ သွေးစွမ်းအင် တိုးတက်မှုနှုန်းက တစ်နေ့ကို အမှတ် ၁၀၀ ဆိုရင်၊ ပထမအဆောင်က တစ်နေ့ကို ၁၅၀ အထိ တိုးပေးမှာဖြစ်ပြီး ဒုတိယအဆောင်ကတော့ ၂၂၅ အထိ တိုးပေးမှာ ဖြစ်ပါတယ်။ စုစုပေါင်း တိုးတက်မှုနှုန်းက ၁၀၀ ရာခိုင်နှုန်းတင် မကတော့ဘူးဆိုတာ သတိထားပါ..."

အခြားကျောင်းအုပ်ကြီးများနှင့် နည်းပြများသည် ထိုစကားကို ကြားသောအခါ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားကြတော့သည်။

"တစ်ခုခုတော့ မှားနေပြီ။ ငါတို့ ဒီကိုလာတုန်းက တစ်စောင်ပဲ ကပ်ရမယ်လို့ ပြောထားတာ မဟုတ်လား။ အခုက ဘာဖြစ်တာလဲ"

"ဒါက နောက်ထပ် တိုးတက်မှုတစ်ခု ထပ်ဖြစ်သွားတာများလား"

ကျင်းပြည်နယ် ကျောင်းအုပ်ကြီးက ပြုံးရွှင်စွာဖြင့် "မင်းတို့ ထင်တာ မှန်တယ်။ ရွှီရန်လို ပါရမီရှင်တစ်ယောက်ရဲ့ တိုးတက်မှုနှုန်းက ဒီလောက်အထိ မြန်တာပေါ့။ အပြင်မှာ လက်တွေ့သွားရောက် လေ့ကျင့်ပြီးတဲ့နောက်မှာတော့ အဆောင်တွေကို တစ်ခုထက်မက ထပ်ဆင့်ပြီး သုံးလို့ရသွားပြီလေ"

သူသည် အလွန်ပင် ဂုဏ်ယူနေသည့်အတွက် အသံမှာလည်း သိသိသာသာ ကျယ်လောင်နေတော့သည်။

"ဘေးထွက်ဆိုးကျိုးတွေကော ဘယ်လိုရှိလဲ အစားတွေ အငမ်းမရ စားရမှာလား ဆဲလ်တွေကိုရော ထိခိုက်စေမှာလား"

ကျောင်းအုပ်ကြီးက ခေါင်းခါလိုက်ပြီး "မရှိပါဘူး အသေးစား ချီစွမ်းအင်လှည့်ပတ် ရတနာအဆောင်က ဘေးထွက်ဆိုးကျိုး အားလုံးကို ဖြေရှင်းပေးပါတယ်။ သူက ဝိညာဉ်စွမ်းအင်ကို သန့်စင်စုစည်းပြီး ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်ထဲကို ထည့်ပေးတာမို့ ထမင်းတစ်နပ် စားတာနဲ့တူတူပါပဲ"

"ဒါပေမဲ့ ညဘက် အဆာပြေစားဖို့ကတော့ လိုဦးမှာပေါ့လေ"

ကျောင်းအုပ်ကြီးသည် ရွှီရန်ကို ကြည့်နေရင်း မျက်လုံးများမှာ အရောင်တောက်နေတော့သည်။ ဤကောင်လေးမှာ တကယ့်ကို အံ့ဩစရာ ကောင်းလှသည်။ ထောင့်ပေါင်းစုံမှ ကြည့်လျှင်ပင် အပြစ်ပြောစရာမရှိသည့် ပါရမီရှင်ပင်။

အဆောင်အတတ်၊ ဓားသိုင်း၊ ခန္ဓာကိုယ်ခွန်အား၊ ကိုယ်ဖျောက်အတတ်... သူ မလုပ်နိုင်တာ ဘာရှိသေးလဲ။

ကျောင်းအုပ်ကြီးများမှာ အဆောင်များကို အသီးသီး ယူသွားကြလေတော့သည်။

"ကဲ... ဒီတစ်ခါတော့ ဗီလာဇုန်ကို ငါတို့ ကျင်းပြည်နယ်ကပဲ ပိုင်ဆိုင်သွားပြီ။ ကျန်တဲ့သူတွေကတော့ သတ်မှတ်ထားတဲ့ အဆောင်တွေမှာပဲ နေရာယူကြပါ။ ခဏကြာရင်တော့ နေရာပြန်ချထားဖို့အတွက် ပြိုင်ပွဲအသစ်တစ်ခု ထပ်ရှိပါလိမ့်မယ်"

All Chapters